မောင်းဆုံဘေးကသားသတ်မိစ္ဆာ

* မောင်းဆုံဘေးကသားသတ်မိစ္ဆာ*📖📖📖

**************************************

ရေးသားသူ —–ရဲဝင်းထွန်း

ကျေးငှက်များရဲ့အသံနဲ့အတူ အမေ့ရဲ့နှိုးသံကြောင့်လည်း ကျုပ်အိပ်ယာနိုးလာခဲ့တာပေါ့ နေကလည်းအတော်တောင်မြင့်နေပြီဗျ ကျုပ်ကလည်းမျက်နှာသစ်ပြီတော့လည်းအမေပြင်ပေးထားတဲ့မနက်စာကိုစားနေလိုက်တယ် အဖေကတော့ လွယ်အိပ်ထည်းကိုလည်း ဘာတွေထည့်မှန်းမသိထည့်နေတာဗျ

“အဖေ့ဘာတွေထည့်ပြီးဘယ်ကိုသွားမလို့လည်းဗျ” ကျုပ်မေးလိုက်တော့လည်းအဖေကလွယ်အိပ်ကိုသေချာစစ်ပြီးတော့လည်း   “ဒီနေ့လယ်နတ်တင်ရမယ်လေကွာ သူများလယ်တွေအကုန်လယ်နတ်တင်ပြီးပြီကွအဖေတို့ပဲကျန်တော့တာ”  ခဗျားတို့သိအောင်ပြောပြရအုံးမယ်ဗျ လယ်သမားတွေတောင်သူဉီးကြီးတွေ အများစုကတော့ လယ်နတ်တင်ကြတယ်

ကိုယ်ပိုင်တဲ့လယ်မှာလည်းနတ်တစ်ပါးကစောင့်တယ်လို့ယုံကြည်ပြီးတော့လည်း နှစ်စဉ်တိုင်း လယ်နတ်တင်ကြရတယ် တိုက်ဆိုင်မှုလား အမှန်တကယ်လားတော့မသိပေမယ့် လယ်နတ်တင်ပူဇော်မူပြုကြတဲ့လယ်တွေကလည်းအထွက်ကောင်းကြတယ် ငှက်တွေရန်နဲ့တခြားသတ္တဝါတွေရဲ့ဖျက်စီးမူကိုလည်းအနည်းငယ်ပဲခံရတာဗျ  လယ်နတ်တင်ဖို့လိုအပ်တာလည်း ဒီလိုရှိတယ်ဗျ ကွမ်းရွက် ၉ရွက် ကွမ်းစားဆေးဝါးအစုံ ကောက်ညှင်းဆန် နို့ဆိီတစ်ဗူး ကြက်ကြော်စတာတွေပေါ့ဗျာ တစ်ချို့ဆိုရင်တော့ အရက်တွေပါ ပါသေးတာဗျ လယ်နတ်တင်ပုံတင်နည်းကလည်း နေရာဒေသအလိုက်ကွဲတယ်ဗျ

  “အကုိသာလှရေ” ခြံရှေ့ကခေါ်သ​ံကြားတော့လည်း ကျုပ်ကခြံဝကိုကြည့်လိုက်မိတယ် “ရေခဲနဲ့အရီးပုရီပါလားဝင်လာခဲ့လေဗျာ” ခြံပြင်မှာကတော့ ရေခဲနဲ့အရီးပုရီနဲ့ဗျ လက်ထည်းမှာလည်း ခြင်းတစ်ခုကိုဆွဲလာတာပေါ့ဗျာ ခြင်းကလည်းကြိမ်လေးတွေနဲ့လုပ်ထားပြီးတော့လည်းတော်တော်လှတာဗျ “အရီးတိ​ု့ပါလားဘာကိစ္စရှိလို့လည်းဗျ လက်ထည်မှာလည်းပစ္စည်းပစ္စယာတွေနဲ့ဘယ်ကပြန်လာတာလည်းဗျ”  အရီးပုရီကလည်း လက်ထည်းကခြင်းလေးကိုကွပ်ပြစ်ပေါ်တင်ပြီးတော့လည်း “ကျေးဇူးတင်ကြောင်းလာပြောတာပါ ငါ့တူရယ် ငါ့တူနဲဉီးကြီးမောင်သာမကယ်ရင်အရီးသားလေးကိုခုချိန်ထပ်မြင်ရမှာမဟုတ်တော့ဘူး”     “အရီးပုရီကလည်းဗျာ မပြောကောင်းတာတွေပြောနေပြန်ပါပီ ပီးတော့လည်းကျေးဇူးတင်စရာမလိုပါဘူးဗျာ ကျုပ်ကူညီတာကနည်းနည်းဗျ ဉီးကြီးမောင်ကသာအဓိက”

  “ဒိိလိုလည်းဘယ်ဟုတ်ပါ့မလည်းသာလှရယ် အရီးပုရီကလည်းသားလေးဇောနဲ့ကျေးဇူးတင်စကားတောင်အဲ့ညကမပြောလိုက်ရဘူး ဘယ်လိုမှတော့စိတ်ထည်းမထားပါနဲ့ငါ့တူရယ်ဒိပစ္စည်းလေးတွေကိုတော့လက်ခံပေးပါ” အရီးပုရီကလည်းပြောရင်းနဲ့ဘေးမှာချထားတဲ့ခြင်းကိုဆွဲယူနေတာဗျ ကျုပ်ကလည်းစကားပြန်ပြောနေရတာနဲ့ ထမင်းစားနေတဲ့လက်ကတောင်ခြောက်နေပြီဗျ  “မဟုတ်တာအရီးပုရီရယ်ကျုပ်ဒါတွေမယူပါရစေနဲ့ဗျာ ကျုပ်ကဘာမှဟုတ်တာလည်းမဟုတ်ဘူးရေခဲလေးပြန်ကောင်းသွားရင်ပဲဝမ်းသာပါတယ်ဗျာ” ကျုပ်ပြောလို်က်တော့လည်းရေခဲကထိုင်နေရာကထပြီးတော့လည်းလက်ဆဲွဲခြင်းကိုယူ ကျုပ်ရှေ့ကစားပွဲပေါ်ကိုတင်လို်က်တယ် ပြီးတော့လည်းမြေကြီးမှာ ထို်င်ပြီးတော့လည်းလက်အုပ်ချီတာပေါ့  အဖေကလည်းဘေးကနေ အားလုံးကိုကြည့်နေတာဗျ

ကျုပ်ကလည်းခြေကာကာလက်ကာကာနဲ့ထလိုက်ရင်း “မကန်တော့ပါနဲ့ကွာ…အကိုသာလှကိုကျေးဇူးတကယ်တင်တယ်ဆိုစာကိုကြိုးစားပြီးလိမ်လိမ်မာမာနေကြားလား”     “ငါ့သားရယ်ရေခဲကကန်တော့ချင်တဲ့ကိစ္စကိုမငြင်းပါနဲ့ကွာ စိတ်မကောင်းဖြစ်နေပ့မယ်” အဖေကလည်းကျုပ်ကိုပြောတာပေါ့  ကျုပ်ကလည်းရှက်တော့ရှက်နေတာဗျ ရေခဲကလည်း၁၀တန်းရောက်နေပြီဖြစ်ပြီးကျုပ်နဲလည်းအသက်အရွယ်အရမ်းကြီးမကွာဘူးဗျ ဒါကြောင့်လည်းကျုပ်ကတော့ကန်တော့မခံချင်ပါဘူးဗျာ ဒါပေမယ့်လည်း အဖေကအတင်းပြောနေတော့လည်း ကန်တော့ခံပီးတော့လည်းတတ်သလောက်မှတ်သလောက်လေးတွေဆုပေးရတာပေါ့ “ဒါနဲ့ရေခဲ မင်းတို့ဉီးကြီးမောင်ကိုကောကန်တော့ပီးပီလားဉီးကြီး​မောင်ကိုမကန်တော့ပဲငါ့ကိုလာကန်တော့ရင်တော့ တောင်လှန်ပြီးရေပက်သလိုဖြစ်နေတော့မှာပဲ”   ကျုပ်ကလည်းစိုးရိမ်ကြီးစွာမေးလိုက်တာပေါ့

  “ကန်တော့ခဲ့ပြီးပါပီဗျာဉီးကြီးမောင်ကိုအရင်ကန်တော့ပြီးမှအကိုသာလှဆီကိုလာတာ”    “အေးပါကွာ ဒါနဲ့မင်းခေါင်းကဒဏ္ရာကကောအရှင်းပကတိပြောက်ပီလား”    “ဘယ်ကပြောက်ရမလည်းဗျာ အနာရွတ်တော့ကျန်သေးတယ်ဒီမှာကြည့်ဗျ”  ရေခဲကလည်းကျုပ်ပြောရင်းသူ့နောက်စေ့ကိုလည်းပြတာပေါ့ဟုတ်ပါ့ဗျာ အမာရွတ်ကြီးကျန်နေခဲ့တာဗျ နောက်​စေ့နားမှာဖြစ်ပြီးတော့လည်း နောက်စေ့ကိုမရိုက်မိတာကံကောင်းတယ်လို့ဆိုရမယ်ဗျ အရီးပုရီနဲ့ရေခဲကလည်း အဖေနဲ့ခနစကားပြောပီးတော့လည်း ပြန်သွားကြတာပေါ့ ကျုပ်ကလည်းထမင်းဆက်မစားနိုင်ဘုးလေ ရင်ထည်းမှာလည်းတစ်မျိုးကြီးခံစားနေရတယ် ကျုပ်လည်း ခြင်းတောင်းထည်းကပစ္စည်းတွေကိုထုတ်ကြည့်တော့လည်း ချည်ချောသားပုဆိုးတစ်ထည် မျက်နှာသုတ်ပဝါတစ်ခု အိမ်ကျီတစ်ထည်နဲ့ ငွေ၁၀၀၀ကိုလည်းတွေ့ရတယ် ဒါတွေလိုချင်လို့ကူညီတာမဟုတ်ဘူးဆိုတာကိုသိပေမယ့်လည်း

ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာပေါ့ဗျာ ကျုပ်ကလည်းငွေတစ်ထောင်ကိုတော့အမေ့ကိုအပ်ပြီး ပုဆိူးနဲ့အိမ်ကျီကိုလည်းသေတ္တာထည်းမှာသိမ်းလိုက်တယ် အဖေကလယ်ထည်းကိုဆင်းသွားတော့လည်းကျုပ်ကလိုက်ရတာပေါ့ လယ်ထည်းကိုရောက်တော့လည်းခပ်ကြီးကြီးအရွက်တွေကိုခူးပြီးတော့လည်း မြေမှာခင်း ထိုအပေါ်ကိုလည်း လိုအပ်သည်များကိုတင်တာပေါ့ ပြီးတော့လည်း လယ်စောင့်နတ်ကိုပင့်ပြီးတော့လယ်နတ်တင်တာပေါ့ ထိုနေ့တော့အလုပ်မလုပ်ရတာကြောင့်လယ်နတ်တင်ပြီး ပြန်လာခဲ့ကြတယ်

ကျုပ်ကလည်းနေ့လည် စာ စားပြီးတော့လည်း ဖိုးတုတ်အိမ်ကိုထွက်လာခဲ့တယ်  “ဟောသာလှပါလား မလာစဖူးအလာထူးပါလားဘာကိစ္စရှိလို့လည်း”  ကျုပ်ကိုမြင်တော့လည်းဖိုးတုတ်ကတော့ ပြောလိုက်ပါတယ်  “ဘာကိစ္စမှမရှိပါဘူးကွာမင်အိမ်ကိုမရောက်ဖြစ်တာနဲ့လာခဲ့တာ ဒါနဲ့အရီးလေးတို့နေကောင်းလား”   “ကောင်းပါတယ်ကွာ..အမေကတော့ဟိုဘက်ရွာခနသွားတယ်ကွ”    “အော်အေးအေး”    “ဒါနဲ့သာလှအရီးမြအခြေနေကောဘယ်လိုလည်းကွသက်သာရဲ့လား”    “မသက်သာပါဘူးကွာဗိုက်ကိုလည်းဖိထားနေရတယ်ပြောတယ်ကွ”   “ဒါဆိုလည်းမင်းနဲ့ငါအရီးမြအိမ်ကိုသွားကြမယ်လေလုပ်စရာရှိတာလေးတွေသွားလုပ်ပေးကြတာပေါ့”  “ကောင်းသားပဲကွသွားကြမယ်လေ” ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြအိမ်ကိုထွက်လာခဲ့တာပေါ့ အရီးမြအိမ်ထည်းကိုရောက်တော့လည်း အိပ်ယာပေါ်မှာလှဲနေတဲ့အရီးမြကိုတွေ့ရတာပေါ့  “အရီးမြသက်သာရဲ့လားဗျ” ကျုပ်မေးလိုက်တော့လည်းအရီးမြကတော့  “မကောင်းပါဘူးကွယ် ဗိုက်ထည်းကအောင့်နေတာကမသက်သာဘူး ကျွတ်…..ကျွတ်..ကျွတ်”  အရီးမြကလည်းပြောရင်းစုပ်သတ်တာပေါ့ ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြအခြေနေကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတာပေါ့   “အရီးမြထမင်းကောစားပြီးပြီလား”    “စားပြီးပါပီကွယ်တစ်အိမ်ကျော်ကမိဝိုင်းလာပို့ပေးတယ်လေ”    “ဒါဆိုလည်းကျုပ်တို့လုပ်စရာရှိတာလေးတွေလုပ်လိုက်အုံးမယ်နော်”  ကျုပ်ကလည်းဖိုးတုတ်ကိုခေါ်ပြီး အိမ်အပြင်ထွက်ခဲ့တာပေါ့  “ဖိုးတုတ် အရီးမြကိုမြိုင်ကလေးဆေးရုံကိုပို့မယ်ကွာ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကခေါင်းခါရင်း  “မဖြစ်လောက်ဘူးကွအရီးမြကလှုပ်ရင်တောင်အောင့်နေတာလေငါတို့ကလည်းမြိုင်ကလေးကိုသွားမဲ့ကားလမ်းအထိလှည်းနဲ့လိုက်ပို့ရမှာမလားလှည်းဘယ်စီးနိုင်ပ့မလည်းကွာ”   “ဒီအတွက်မပူနဲ့ကွငါ့မှာအကြံရှိတယ်”    “ဟေဘာအကြံလည်းကွပြောစမ်းပါအုံး”   “စောင်တွေကိုလှည်းပေါ်မှာခပ်ထူထူခင်းလိုက်မယ်ကွာအရီးမြရဲ့ဘေးမှာလည်းစောင်ထူထူတွေနဲ့ကာထားပြီးလှည်းကိုလည်းဖြေးဖြေးမောင်းရင်ရနိုင်ပါတယ်ကွ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်မျက်လုံးတွေကအရောင်လက်သွားတာပေါ့  “မင်းပြောမှငါစဉ်းစားမိတယ်သာလှရယ်မင်းအကြံကောင်းတယ်ကွဒါဆိုလည်းမနက်ဖြန်မနက်မင်းလှည်းပြင်ထားသေသေချာချာတော့လုပ်နော်”   “စိတ်ချပါကွာငါလည်းခုမှစဉ်းစားမိတာကွ အရီးမြကိုလည်းမြန်မြန်သက်သာစေချင်ပီ”    “အေးပါကွာဒါဆိုလည်းမင်းခုကတည်းကလိုအပ်တာတွေပြင်ဆင်ထားအုံး”  ​ကျုပ်နဲ့ဖိုးတုတ်ကလည်းဆိုင်ရာအိမ်အသီးသီးကိုပြန်ခဲ့ကြတာပေါ့ အိမ်ရောက်တော့လည်း “အမေ့စောင်တွေဘယ်မှာသိမ်းထားတာလည်းဗျ”   “ဟဲ့သာလှရယ်နင်ကစောင်တွေဘာလုပ်မလို့လည်း”    “လုပ်စရာရှိလို့ပါအမေရယ်ဘယ်မှာထားလည်းပြောပြပါဗျာ”  အမေကလည်းကျုပ်ကိုထူးဆန်းစွာကြည့်ပီးတော့လည်း  “အိမ်ထဲခန်းထည်းကထုပ်တန်းပေါ်မှာတင်ထားတယ်လေအဲ့အထည်းမှာလိုချင်တာသာရှာယူ”  ကျုပ်ကလည်းအိမ်ပေါ်ကိုပြေးတက်ပြီးအိမ်ထဲခန်းထည်ကိုဝင်လာခဲ့တာပေါ့ ထုပ်တန်းပေါ်မှာကလည်း အိပ်ဖြူဖြူကြီးတွေကိုလည်းးတွေ့ရတာပေါ့ ကျုပ်တို့ဆီမှာတင်မက နေရာတိုင်းလိုလိုကလည်းခုလိုစောင်တွေကိုအိပ်ထည်းထည့်ပီးသိမ်းလေ့ရှိတယ် နွေရာသီရောက်ရင်လည်းစောင်ခြုံဖို့နေနေသာသာအဝတ်တောင်မကပ်နိုင်တာကြောင့်လည်းစောင်တွေကိုသိမ်းထားတာပေါ့ မိုးရာသီရောက်ရင်တော့တစ်ထည်နှစ်ထည်လောက်ပြန်ထုတ်တာပေါ့ ကျုပ်ကလည်း ထူပေ့ဆိုတဲ့စောင်ကြီး၅ထည်လောက်ကိုထုတ်လိုက်တယ် ပြီးတော့လည်းသေသေချာချာထပ်ထားတာပေါ့   “သာလှနင်ဘာတွေအရူးထနေတာလည်းသာလှရယ်မိုးတွင်းဆိုပေမယ့်အရမ်းအေးတာမဟုတ်ပါဘူးဟဲ့အ့လောက်ကြီးထုတ်စရာလိုလို့လား”  ကျုပ်ကလည်းသက်ပြင်းကိုတစ်ချက်ချပြီးအမေ့အနားကိုကပ်သွားပြီးတော့လည်း အရီးမြကိုဆေးရုံပို့မယ့်အစီအစဉ်ကိုပြောပြလိုက်တော့မှ အမေကလည်း ခေါင်းကိုတဆက်ဆက်ငြိမ့်တာပေါ့ “စောစောကပြောပါတော့လားသယလှရယ်ငါကနင်အရူးထတယ်ထင်နေတာ”   “မရူးပါဘူးအမေရယ်အရီးမြကိူမနက်ဆေးရုံပို့ဖို့ခုထည်းကကြိုတင်ပြင်ဆင်ထားတာ” ကျုပ်ကလည်းသေချာထပ်ထားတဲ့စောင်တွေကိုလည်းသေချာခေါက်ထားတာပေါ့ မနက်ရောက်တော့လည်း ဖိုးတုတ်ကတော့ကျုပ်အိမ်ကိုရောက်လာတာဗျ   “ဟငါ့ကောင်ရစောလှချည်လားခုချိန်ဆိုအရီးမြတောင်နိုးသေးမယ်မထင်ဘူးနော်”  ၆နာရီလောက်ပဲရှိသေးချိန်ရောက်လာတဲ့ဖိူးတုတ်ကိုလည်းကျုပ်ကပြောလိုက်ပါတယ် “မနိုးသေးလည်းနိုးတဲ့အထိစောင့်နေမှာပေါ့ကွာ အရီးမြအတွက်မိူလို့လားမသိဘူးကွလူကလည်းသွက်လက်နေတာ”   “ကောင်းပါတယ်ကွာ အရီးမြသက်သာသွားရင်လည်းကောင်းတာပေါ့ကွာ”  ကျုပ်နဲ့ဖိုးတုတ်စကားပြောနေရင်းနဲ့၇နာရီလည်းထိုးခဲ့တယ်ဗျ အဖေကလည်း ခုနေ့မှအိပ်ယာထနောက်ကျနေတာဗျ ပုံမှန်ဆို၆နာရီလောက်နိုးပေမယ့်ခုနေ့မှ ၇နာရီလောက်မှနိုးလာတယ်လေ  “ဟဖိုးတုတ်ရောက်နေတာပါလား”   “ဟုတ်တယ်ဉီးလေးသောင်းတင်ရဲ့မနည်းကြာပြီရောက်နေတာ”   “အော်အေးအေးကွယ်သူငယ်ချင်းတွေစကားပြောကြအုံးဉီးလေးမျက်နှာသစ်လိုက်အုံးမယ်”   “ဟူတ်ကဲ့ဉီးလေး” အဖေကလည်းမျက်နှာသစ်တဲ့နေရာကိုထွက်သွားတာပေါ့  “ကဲသာလှ အရီးမြကိုသွားခေါ်ကြရအောင်”   “အေးသွားကြမယ်လေ”  ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြအိမ်ကိုသွား အရီးမြကိုလည်းဆေးရုံပို့မယ့်အကြောင်းပြောတာပေါ့ အရီးမြကပထမတော့ငြင်းနေပေမယ့် သေချာပြောလို်က်တော့လည်းလက်ခံပါတယ် ကျုပ်နဲ့ဖိုးတုတ်ကလည်းအရီးမြကိုတစ်​ယောက်တစ်လှည့်ချီပြီးတော့လည်းအိမ်ကိုချိီလာတာပေါ့

အမေကသိနှင့်ပြီးဖြစ်လို့လည်းမထူးဆန်းပေမယ့် အဖေကတော့ကျုပ်တို့ဘာတွေရှုပ်အုံးမလည်းဆိုတဲ့အကြည့်နဲ့ကြည့်နေတာပေါ့ “သာလှ..ရော့လမ်းမှာသူံးဖို့နဲ့ အရီးမြအတွက်ဆေးဖိုးဝါးခ ဒါနဲ့အရီးမြကိုသေချာခေါ်နော်လှည်းကိုဖြေဖြေးမောင်း” အမေကလည်းငွေ၅၀၀၀ကုိကျုပ်လက်ထည်းထည့်ရင်းပြောတာပေါ့ အရီးမြကလည်းကျုပ်တို့နဲ့သွေးမတော်သားမစပ်ပေမယ့်လည်း ကျုပ်တို့ကိုတော့တော်တော်ချစ်တာဗျ အမေတိ​ု့ကိုလည်းသွန်သင်စရာရှိတာသွန်သင်ပြီး တစ်ခုခုဆိုလည်းဆွေးနွေးပေးတာဗျ အရီးမြအကြံပေးလို့အောင်မြင်ခဲ့တဲ့ ကိစ္စတွေကလည်းမနည်းဘူးဗျ ခုလည်းအရီးမြနေမကောင်းဘူးဆိူတော့လည်းလူအားနဲ့တစ်မျိူးငွေအားနဲတစ်မျိူးကူညီပေးတာပေါ့ “နေကြပါအုံးဟခုကဘယ်တွေသွားကြမှာလည်း”  အဖေကလည်းနားမလည်ဟန်နဲ့မေးတာပေါ့ “အရီးမြကိူဆေးရုံပို့မလို့လေအဖေရဲ့အဖေပါလိုက်ခဲ့ပါလား”   “ဟေ ငါလိုက်လို့မရဘူးကွ သူကြီးလွန်းတင်ခေါ်ထားတယ်ကွမင်းတို့သွားလိုက်ကြနော်”  အဖေကလည်းလိုက်ချင်ပေမယ့်ဘကြီးလွန်းတင်ခေါ်ထားတော့လည်း မလိုက်ရဘူးပေါ့ဗျာ ကျုပ်ကလည်းအိမ်ပေါ်ကစောင်ခေါက်ထုပ်ကြီးကိုဖြန့်ပြီးလှည်းပေါ်တင်တာပေါ့ ထပ်ပြီးသေချာအောင်လို့လည်းစောင်နောက်ထက်နှစ်ထည်လောက်ထပ်ခင်းလိုက်တယ်

အရီးမြကိုလည်းလှည်းပေါ်တင်ပြီးတော့ မြိုင်ကလေးကားလမ်းဆီကိုမောင်းလာတာပေါ့ လမ်းကလည်းမိုးရွာထားတော့ရွံ့ထည်းနည်းနည်းနစ်လိုက် ချုိင့်ပခွက်တွေထည်းကျလိုက်နဲ့ပေါ့ စောင်တွေထူထူခင်းပြီးတော့လည်း ဖိုးတုတ်ကဘေးကထိန်းထားတာ​ကြောင့်လည်း အဆင်ပြေတယ်လို့ဆိုရမယ်ဗျ ကျုပ်နဲ့ဖိုးတုတ်ကတော့ တော်တော်ခံရတာပေါ့ ကျုပ်တို့တစ်နာရီလောက်လှည်းမောင်းပြီးတော့လည်းကားလမ်းကိုရောက်လာခဲ့တယ် မြိုင်က​လေးကိုသွားမဲ့ကားစောင့်ပြီးတော့လည်းရတာနဲ့စီးလာခဲ့တာပေါ့ လူကလည်းသိပ်မများတာကြောင့်လည်း တော်သေးတာပေါ့ ကျုပ်တို့မြိုင်ကလေးကိုရောက်ပြီးတော့လည်း အရီးမြကို ဆေးပြတာပေါ့ ကျုပ်မှာကလည်းငွေ၅၀၀၀ပါသလိုဖိုးတုတ်ကလည်းငွေမနည်းများများပါတယ်လေ  ဆရာဝန်များကလည်း ကျုပ်တို့ကိုအပြင်ထွက်ခိုင်းပြီးတော့လည်း စစ်ဆေးနေကြတာပေါ့ အတော်ကြာတော့လည်း ပြန်ထွက်လာကြတယ် “လူနာက အူယောင်နေတာပါဗျလူနာကလည်းအိမ်ပြန်ချင်တယ်လို့ပြောနေတာပြောင့် အိမ်ပြန်ချင်ရင်လည်းပြန်လို့ရပါတယ် ကျုပ်တို့ဆေးတွေပေးလိုက်ပါ့မယ်ကျုပ်ကတော့ဆေးရုံမှာနေစေချင်တယ်     ဒါကလည်းလူနာအတွက်ပါအိမ်ပြန်နေတာထက်ဆေးရုံမှာနေတာကပိုကောင်းပါတယ်လူနာရှင်များကကောဘယ်လိုဆုံးဖြတ်ချင်ပါသလဲ”  ကျုပ်နဲ့ဖိုးတုတ်ကတော့ဆရာဝန်စကားကိုကြားတော့လည်းခေါင်းချင်းဆိုင်လိုက်ကြတယ်

“မင်းဘယ်လိုသဘောရလည်းသာလှ”   “ငါကတော့ဆေးရုံမှာပဲနေခိုင်းမယ်ကွာရောဂါအရှင်းပြောက်တော့မှပဲရွာပြန်ကြတာပေါ့အရီးမြကအိမ်နဲ့ခွဲပြီးခရီးဝေးဝေးမထွက်ဖူးလို့သူ့အိမ်ကိုလွမ်းနေတာကွ”  ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကခေါင်းညိတ်ရင်းဆရာဝန်ဘက်ကိုပြန်လှည့်တာပေါ့   “ဒီမှာပဲထားပါ့မယ်ဆရာလူနာရောဂါကောင်းမှပြန်ပါ​ေတာ့မယ်”  ဆရာဝန်ကလည်း ခေါင်းညိတ်ပြီးဆေးရုံအောက်ကိုဆင်းသွားတာပေါ့ ကျုပ်တို့ကလည်းဒီလိုဆိုရင် မြိုင်ကလေးမှာဆက်နေရအုံးမယ်မလား  “သာလှငါတို့အခန်းလေးတစ်ခန်းတော့ငှားကြမယ်လေအသိမိတ်ဆွေအိမ်မှမရှိတာ”   “ငှားတာကဟုတ်ပါပြီပိုက်ဆံကလောက်ပ့မလား”   “လောက်နိုင်ပါတယ်ကွာစျေးနည်းတဲ့အထည်းကငှားကြတာပေါ့”    “အေးကွာဒါဆိုလည်းမြို့ထည်းသွားပြီးစုံစမ်းကြည့်ကြမယ်လေကွာ”   “အရီးမြကိုဘယ်လိုလုပ်မလည်းကွ”    “လူနာစောင့်ဆရာဝန်လက်ထောက်လေးတွေရှိပါတယ်ကွာအကြာကြီးမှမဟုတ်တာခနလေးပဲကို”   “အေးကွာဒါဆိုလည်း သွားကြတာပေါ့”    ကျုပ်နဲ့ဖိုးတုတ်ကလည်း ၅ခါလောက်တောင်မရောက်ဖူးတဲ့မြိုင်ကလေးမြို့ထည်းကိုလည်းအိမ်ခန်းအငှားလို်က်ရှာရတာပေါ့ ဒီတိုင်းရှာနေရင်တော့ တွေ့ဖို့အခွင့်နည်းတာကြောင့်လည်း မေးပါများစကားရဆိုတဲ့ပေါက်ကျိုင်းစဆိုအတိုင်း ငါးပိသည်အဒေါ်ကြီးကိုမေးကြည့်တာပေါ့ “အဒေါ်အဒေါ် ဒိအနီးနားမှာလေ အိမ်ခန်းအငှားလေးဘာလေးမရှိဘူးလား”    “အိမ်ခန်းငှားကတော့ရှိတယ်ကွဲ့ဒီလမ်းလေးအတိုင်းသွား လမ်း၄ခွစုံတစ်ခုကိုရောက်ရင်ညာကိုကွေ့လိုက်အ့တာဆိုအိမ်ခန်းငှားတစ်ခုတွေ့ရလိမ့်မယ်”   “ကျေးဇူးတင်ပါတယ်အဒေါ်”  ကျုပ်တို့ကလည်းငါးပိသည်အဒေါ်ကြီးကိုကျေးဇူးတင်ကြောင်းပြောပြီးထွက်လာခဲ့ကြတာပေါ​့ ခနမျှလမ်းလျှောက်ပြီးတော့လည်းလမ်း၄ခွစုံကိုရောက်လာခဲ့ပီးတော့ အဒေါ်ကြီးပြောသလိုညာကိုကွေ့လိုက်တာပေါ့ ခတ်လတ်လတ်အိမ်တစ်အိမ်ရှေ့မှာတော့ အိမ်ခန်းငှားမည်ဟုရေးထားတဲ့ဆိုင်းဘုတ်တစ်ခုကိုလည်းတွေ့ရတာပေါ့  “ငါ့မောင်တို့ကအိမ်ငှားချင်လို့လား” ရုတ်တရက်နောက်ကထွက်လာတဲ့အသံကြောင့်လည်းလန့်သွားတာပေါ့ နောက်ကိုကြည့်လိုက်တော့လည်း အသက်၄၀အရွယ်ခပ်ဝဝအမျိုးသမီးတစ်ဉီးကိုမြင်ရတယ် “ဟုတ်တယ်အမရဲ့ကျုပ်တို့အိမ်ခန်းငှားချင်လို့လိုက်ရှာနေကြတာပါ”   “ဒါဆိုလည်းအမရဲ့အိမ်မှာငှားပါလားစျေးသက်သာပါစေမယ်ကွယ်ဒီအိမ်ကစျေးကြီးတယ်ကွဲ့”  “အမရဲ့အိမ်ကဘယ်နေရာမှာလည်းဗျ”     “အမနောက်ကိုလိုက်ခဲ့”   ကျုပ်နဲ့ဖိုးတုတ်ကလည်းထိုမိန်းမနဲအတူ လို်က်သွားပြီးတော့လည်း ခုနကအိမ်လောက်မကောင်းပေမယ့်အနေတော်သစ်သားအိမ်လေးတစ်လုံးကိုမြင်ရတာပေါ့ အိမ်ရဲ့ဘေးမှာလည်းတခြားအိမ်တွေမရှိဘဲ တစ်အိမ်ထည်းကွဲနေတာဗျ “ဒါအမရဲ့အိမ်ပဲငါ့မောင်တို့အဆင်ပြေလားနေရမှာအတွက်”    “ပြေပါတယ်ဗျာဒါနဲ့ဘယ်လောက်ပေးရမလည်းဗျ”    “၁၀၀၀ပဲပေးပါငါ့မောင်ရယ် သူများအိမ်တွေဆို၂၀၀၀လောက်ယူတာကွဲ့”   “ကဲပါကျုပ်တို့ပေးပါ့မယ်”  ကျုပ်ကလည်းငွေတစ်ထောင်ကိုထုတ်ပြီးပေးမယ်လုပ်တော့လည်းဖိုးတုတ်ကလက်ကိုတားပြီးသူ့ငွေတစ်ထောင်ကိုထုတ်ပေးတာပေါ့ ထိုမိန်းမကလည်းအိတ်ထည်းမှာထည့်ထားတဲ့သော့တွေထည်းကဆေးနီနဲ့သုတ်ထားတဲသော့ကိုလည်းကျုပ်တို့ကိုပေးတာပေါ့ ကျုပ်တို့ကလည်းခြံတံခါးကိုဖွင့်ပြီးအိမ်ရဲ့အခြေနေကိုလည်းကြည့်တာပေါ့ ဖုန်များတက်နေတာကလွဲလို့လည်းသိပ်ပြောစရာတော့မရှိလှပါဘူး ကျုပ်တို့ရွာမှာကတော့ဘယ်အိမ်တက်အိပ်အိပ်ဖြစ်တယ်ဆိုပေမယ့်လည်းမြို့မှာကတော့ ပိုက်ဆံပေးရတာပေါ့ ဆေးရုံမှာနေဖို့ကလည်းအခန်းလွတိမရှိတာကြောင့်လည်းအိမ်ငှားရတာပေါ့ “ဖိုးတုတ်အရီးမြဆီကိုပြန်ကြရအောင်လေကွာအရီးမြမျှော်နေလောက်ပြီ”  ကျုပ်နဲ့ဖိုးတုတ်ကလည်း အရီးမြဆီကိုပြန်လာခဲ့တာပေါ့ အရီးမြကိုလည်းနိုပ်ပေးပြီးတော့လည်း လိုအပ်တာများလုပ်ပေးတာပေါ့ အရိိးမြရဲ့မျက်ထောင့်များကလည်းမျက်ရည်တွေစီးကျနေတာပေါ့ သားအရင်းတွေလိုပြုစုနေတဲ့ကျုပ်နဲ့ဖိုးတုတ်ကိုကြည့်ပြီးတော့လည်း ပီတိဖြစ်ခြင်းနဲ့အတူ သားသမီးတွေသာရှိသေးရင်ဆိုတဲ့အတွေးလည်းဝင်လာပြီးတော့

မျက်ရည်ကျတာလို့လည်းကျုပ်သိလိုက်ပါတယ် ညနေရောက်တော့လည်း ငှားထားတဲ့အိမ်ကိုပြန်လာခဲ့တာပေါ့ ဖုန်တွေကိုခါခပ်ပြီးတော့လည်း ပါလာတဲ့စောင်တွေကိုခင်းပြီးတော့လည်း ညအတွက်အိပ်စက်ဖို့ပြင်ဆင်ရတာပေါ့ ညကိုလည်းရောက်လာခဲ့ပြီ ရွာမှာတုန်းကလို ခွေးအူသံတွေကလည်းမကြားရ အိပ်ယာပြောင်းရွေ့အိပ်ရသည်ဆို၍လားကြောင့်မသိ ဖိုးတုတ်နဲ့ကျုပ်ကတော့အိပ်မပျော်ကြဘုးလေ  ညကလည်း၉နာရီကျော်လောက်ရောက်လာပြီဗျ ကျုပ်တု့ိကလည်းအိပ်မရတာကြောင့်လည်းစကားပြောနေကြတယ် တစ်မြို့လုံးကလည်းမီးရောင်ဟူ၍မတွေ့ရတော့ဘူးလေ အားလုံးကမှောင်မဲလျှက်ရှိတယ်  ရုတ်တရက်အိမ်ခြေရင်းဘက်က ထွက်ပေါ်လာတဲ့မောင်း​​ေထာင်းသံကြောင့်လည်း ကျုပ်တို့ကတော့စကားပြောနေခြင်းကိုရပ်လိုက်တယ် “သာလှအိမ်​ခြေ ရင်းကမောင်းကိုဘယ်သူထောင်းနေတာလည်းမသိဘူးကွတစ်ဒုတ်ဒုတ်နဲ့”   “ဘယ်ကမောင်းလည်းကွငါမမြင်မိပါလား”  “မင်းကတော့လုပ်တော့မယ်နေ့လည်ကအိမ်ကိုကြည့်တုန်းကတောင်ငါမြင်လိုက်သေးတယ်”   “အေးကွကန်းတယ်ပဲပြောပြောငါတော့မမြင်မိလိုက်ဘူးကွ”    “ဒါတွေထားကွဘယ်သူထောင်းနေတာလည်းသွားကြည့်ရအောင်”   “အေးကွာသွားကြမယ်” ကျုပ်နဲဖိုးတုတ်ကလည်းသိလိုစိတ်ပြင်းပြလာတာကြောင့်လှေကားကတစ်ဖြည်းဖြည်းဆင်းရင်းမောင်းဆုံဘက်ကိုထွကိလာတာပေါ့ မောင်းစုံကြီးကလည်းတကယ်ရှိတယ်ဗျ နေ့လည်ကကျုပ်မျက်စိရှန်းလို့မမြင်တာဖြစ်မယ်ဟုလည်းတွေးလိုက်တယ် မောင်းစုံရဲ့ဘေးမှာကလည်း ဗလခပ်တောင့်တောင့် ဆံပင်များခပ်ရှည်ရှည်နဲ့ အပေါ်ပိုင်းဗလာ အောက်ပိုင်းမှာတော့ ရှမ်းဘောင်းဘီရှည်ကိုဝတ်ထားတဲ့ ယောက်ျားကြီးတစ်ယောက်ကတော့မောင်းကိုတစ်ချက်ချင်းထောင်းနေတာဗျ မောင်းသံကလည်းတိတ်ဆိတ်နေတဲ့အချိန်မှာမိုလို့ အတိုင်းသားကြားနေရတာပေါ့ “ဟေ့လူဒါခဗျားပို်င်တဲ့မောင်းမိုလု့ိလာထောင်းနေရတာလား”  ဖိုးတုတ်ကလည်းထိုသူကိုမေးလိုက်တော့  “ဟုတ်တယ်ငါပို်င်တာ” ထိုသူကလည်း အက်ကွဲကွဲခြောက်ကပ်ကပ်အသံနဲ့တိုတိုတုပ်တုပ်ပြန်ပြောလိုက်တာဗျ  “ဒါဆိုလည်းနေ့ခင်းနေ့လည်မှထောင်းလေဗျာညဘက်ကြီးထောင်းရသလားဗျ ပြီးတော့လည်းခဗျားမောင်းကြီးကိုကိုယ့်အိမ်မှာကိုယ်ထောင်းပါဗျာ” ဖိုးတုတ်ကလည်းအေးဆေးစွာပြောတာပေါ့ ကိုယ့်ရွာကိုယ့်ဒေသမဟုတ်၍လားတော့မပြောနိုင်ဘူးလေ  “ငါ့အိမ်မှာပဲငါထောင်းနေတာကွမင်းတို့ကသာငါ့အိမ်ကိုလာတဲ့ကောင်တွေ” ထိုသူကတော့အက်ကွဲကွဲအသံကြီးနဲ့ပြောလို်က်တော့လည်းကျုပ်ကအနားကိုကပ်သွားတာပေါ့ဖိုးတုတ်ကလည်းကျုပ်နောက်ကလိုက်လာခဲ့တယ် ကျုပ်တို့ငှားထားတဲ့အိမ်ကိုလည်းလာရောက်မောင်းထောင်းနေပြီးတော့လည်း သူ့အိမ်လို့လည်းပြောတာကြောင့်နည်းနည်းတော့စိတ်တိုသွားမိတယ် ကျုပ်ကလည်းထိုသူကိုသေချာပြောပြမယ်ပေါ့ မရရင်လည်းအကြမ်းနည်းနဲ့ဖြေရှင်းဖို့တွေးထားတာပေါ့ ကျုပ်တို့အနားရောက်တော့လည်းပုပ်အဲ့အဲ့အနံ့တစ်ခုကိုရတာပေါ့ ကျုပ်ကလည်းနှာခေါင်းကိုပိတ်ထားရတယ် “ကဲမင်းတို့ငါဘာထောင်းနေတယိထင်လည်း” ကျုပ်တို့ကလည်းထိုသူရဲ့ကျောဘက်မှာပဲရှိသေးတာဗျ  “ဘယ်သိမလည်းဗျာ မောင်းနဲ့ထောင်းနေတာဆိုတော့စပါးပေါ့”  “မဟုတ်ဘူးလာကြည့်ကြ” ကျုပ်တို့ကလည်းမောင်းဆုံအနားကိုတိုးကပ်ပြီးတော့လည်းမောင်းဆုံထည်းကိုကြည့်လိုက်တယ် လရောင်ဖွေးဖွေးအောက်မှာလည်း ကျုပ်မြင်လိူက်ရတာကသွေးပျက်စရာရှိလှတယ် ခွေးများကြောင်များကိုလည်းမောင်းစုံထည်းထည့်ကြီးထောင်းထုထားတာဗျ   “ဟားဟားဟားမင်းတို့ကိုလည်းအမှုန့်ကြိတ်ပြစ်ရမယ်ကွလာလေရော့”  ထိုသူကလည်းပြောပြီးတာနဲ့လက်ထည်းမှာလည်းသစ်သားတင်းပုတ်ကြီးပေါ်လာတာဗျ လရောင်ရဲ့အောက်မှာကလည်းထိုသူရဲ့မျက်နှာကိုသေချာမြင်လိုက််ရတယ် “ဟာ”  ဖုိးတုတ်ရဲ့အာမေဋိတ်သံကလည်းပေါ်လာတယ်လေ ထိုသူရဲ့မျက်နှာကတော့ မျက်လူံးများကအပြင်ကိုထွက်နေပြိး ချိုင့်ဝင်နေတဲ့ပါးများနဲ့အတူ နှာခေါင်းကြီးကလည်းပြက်လျှက်ရှိတယိ လက်ထည်းကတင်းပုတ်နဲ့လည်း ဖိုးတုတ်ကိုထုတာကြောင့် အံသြ တုန်လှုပ်ပြီးတော့သတိမကပ်ဘဲရှိနေတဲ့ ဖိုးတုတ်လက်ကိုလည်းမြန်မြန်ဆွဲလိုက်ရတယ်

ကျုပ်ဆွဲလိုက်တော့မှဖိုးတုတ်ကလည်းသတိဝင်လာတယ်လေမျက်နှာမှာလည်းချွေးသီးချွေးပေါက်တွေစို့နေတာဗျ ထိုသူကြီးထုလိုက်တဲ့နေရာကလည်းမြေကြီးတွေဖွားခနဲတက်လာတာဗျ “ဟားဟားဟားဟား” ထိုလူကြီးကလည်းရီလိုက်ကျုပ်တို့ကိုလိုက်ထုလိုက်နဲ့ကျုပ်တို့ကလည်းခြံဝိုင်းထည်းမှာပတ်ပြေးနေကြရတယ်   “ရပ်စမ်း” အသံတစ်ခုကလည်းခြံအပြင်ကပေါ်ထွက်လာတယ်လေ ကျုပ်တို့ကလည်းကျုပ်တို့အကြောင်းနဲ့မို့ထိုသူကိုလှည့်မကြည့်နိုင်ဘူးပေါ့ဗျာ ထိုအမည်မသိသူအော်လိုက်တော့လည်းထိုကောင်ကြီးကကြိုးနဲ့တုပ်လိုက်သလိုငြိမ်ကျသွားတယ်  “မင်းဘာလို့လူတွေကိုရန်ပြုနေရတာလည်းတိရိစ္ဆာန်တွေကိုသတ်တာအားမရသေးလို့လား”   “ကျုပ်ဘာသာကျုပ်ဘာပဲလုပ်လုပ်ခဗျားအပူပါလား”   “ရာရာစစငါ့ကိုများပြန်ပြောနေရဲတယ်ပေါ့ ကဲယက္ခနဲ့သက်ခဒီကောင့်အာခေါင်ကိုဆွဲခွာလိုက်စမ်းကွာ” ယက္ခနဲ့သက္ခဆိုတဲ့အသံကြားတော့မှလည်း ကျုပ်ကအသံကြားရာဘက်ကိုကြည့်လိုက်တယ် အဖြူရောင်အခိုးငွေ့တွေကလူပုံစံပေါ်နေပြီး​တော့လည်းရု​ပ်ကိုကြည့်လု့ိမရဘူးဗျ ကျုပ်ကတော့ဉီးကြီးမောင်ထင်ပြီးဝမ်းသာအားရကြည့်လိုက်မိတာပေါ့ ေမြကြီးတစ်ခုလုံးကလည်းတုန်ခါလာပြီးတော့လည်း တင်းပုတ်များကို်င်ထားတဲ့ဘီလူးကြီးနှစ်ကောင်ကလည်းပေါ်ထွက်လာတယ် ကျုပ်တို့ကို ရန်ပြုနေတဲ့ခပ်ထွားထွားလူ့ဘီလူးကြီးရဲ့ပါးစပ်ကိုလည်းဆွဲခွာတာဗျ ပါးစပ်ကြီးကလည်းအတော်ကြီးပြဲသွားတာဗျ ထိုသူကြီးကလည်းမပီမပြင်နဲ့စကားတွေပြောနေသေးတာဗျ ခနကြာတော့မှလည်းငြိမ်သွားတယ်လေ အမဲရောင်အငွေ့တွေအဖြစ်ပြောင်းလဲပီးတော့လည်းမောင်းဆုံထည်းကိုဝင်သွားတယ်ဗျ ယက္ခနဲ့သက္ခဆိုတဲ့ဉီးကြီးမောင်ရဲ့ဘီလူးကြီးတွေနဲ့နာမည်ဆင်တူတဲ့ဘီလူးတွေကလည်းပြောက်သွားတာဗျ အဖြူရောင်အငွေ့တွေနဲ့လူပုံစံကလည်းတစ်ဖြည်းဖြည်းပြောက်ကွယ်သွားတယ်ကျုပ်နဲ့ဖိုးတုတ်ကလည်း ရင်တွေတဒုန်းဒုန်းနဲ့ခုန်နေတုန်းဗျ အဲ့အိမ်မှာဆက်ပြီးတော့လည်းမအိပ်ရဲတော့တာနဲ့  လူသွားလူလာနေရာလေးမှာလည်းကျုပ်နဲ့ဖိုးတုတ်အိပ်လိုက်ကြတာပေါ့ မနက်ရောက်တော့လည်း ထိုအိမ်အကြောင်းစုံစမ်းလိုက်တော့လည်း လွန်ခဲ့တဲ့တစ်နှစ်လောက်က ထိုအိမ်မှာတော့ခန္ဓာကု်ယ်တောင်တောင့်ဖြောင့်ဖြောင့်နဲ့ လူတစ်ယောက်နေပြီးတော့လည်း တိရိစ္ဆာန်လေးတွေကိုငြင်းဆဲပီးသတ်ရတာလည်းငယ်စဉ်ကတည်းကဝါသနာထုံသူတစ်ယောက်ဖြစ်တယ် အစမှာတော့ သူ့အိမ်ထည်းဝင်လာတဲ့အကောင်လေးတွေကိုဖမ်းပြီးခြေတွေလက်တွေဖြက်ပြီးလွှတ်ပေးတယ်လေ ဒီလောက်နဲ့ရက်စက်တာမဝသေးလို့လည်းမောင်းစုံတစ်ခုကိုဝယ်ပြီးတော့လည်း ခြံထည်းဝင်လာတဲ့အကောင်တွေကိုဖမ်း​ပြီးမောင်းဆုံထည်းထည့်ထောင်းပြစ်တယ် ပတ်ဝန်းကျင် ကလည်း ပြောပေမယ့်မရဘူးတဲ့လေ ဒါကြောင့်လည်းအနီးနားကအိမ်တွေကပြောင်းရွေ့သွားကြတယ် တနေ့တော့ဘယ်လိူအကြောင်းကြောင့်မှန်းမသိထိုသူကတော့မောင်းဆုံထည်းမှာအထောင်းခံထားရပြီးသေနေတာမြင်ရတယ် ဒီအကြောင်းတွေကိုကြားပြီးတော့လည်း ကျုပ်တို့ကိုငွေတစ်ထောင်အတွက်နဲ့ သေလမ်းပို့ခဲ့တယ် မိန်းမကိုလည်း အလွန်ဒေါသဖြစ်မိတယ် နောက်နေ့ကစပြီးလည်း ဆေးရုံရဲ့လူနာစောင့်တဲနေရာမှာပဲအိပ်ကြတယိလေ ထိုအိမ်ကိုလည်းအတော်ကြောက်သွားပြီ ဘယ်ကမှန်းမသိ ကယ်တင်ရှင်ကိုလည်းတအားကျေးဇူးတင်နေမိတယ် အရီးမြကလည်း တစ်ပတ်မျှကြာပြီးတော့ပြန်ကောင်းခဲ့တာကြောင့်ရွာကိုပြန်လာခဲ့တာပေါ့ အပြန်မှာတော့ စောင်တွေလည်းမပါလာတော့ဘူးလေ ကျုပ်တို့စောင်တွေကတော့ ကျုပ်တို့နောက်ထက်မသွားတော့မယ့် အိမ်ကြီးဆီမှာကျန်ခဲ့တာပေါ့ ရွာကိုရောက်ပြီးတစ်ပတ်လောက်ကြာတော့လည်း ကယ်တင်ရှင်ကိုသိခဲ့ရတယ် ဒါတွေနောက်မှပြောတော့မယ်ဗျ ဒီနေ့တော့ဒီလောက်ပဲဗျာ (လိုအပ်တဲ့လိုက်လျောညီထွေတဲ့ပုံတွေကမရှိလို့ရှိတာလေးနဲ့ပဲတင်ပေးရတာပါအဆင်ပြေကြလားcmမှာဝင်မန့်ပေးခဲ့ပါအုံးနော်စာဖတ်သူအားလုံးအားအထူးလေးစားလျှက်ပါဗျ)