Unicode Version
”မျက်လုံးပြူးသရဲမ” (စ/ဆုံး)
————————
ကျော်မိုးက ဦးပိန်တံတားအနီးမှာနေတယ်။
ဦးပိန်တံတားဆိုတာက မန္တလေး၊ အမရပူရ
တောင်သမန်အင်းက ဦးပိန်တံတားတော့ မဟုတ်ဘူး။
ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မြောက်ဘက်
အထွက်မှာရှိတဲ့ တံတားပါ။
ဟိုးတုန်းက ဦးပိန်ဆိုတဲ့ လူတစ်ယောက်
ဒီတံတားအနီးမှာ စားသောက်ဆိုင် လာဖွင့်ဖူးတယ်
ဒါကြောင့် ဦးပိန်တံတားလို့ အမည်တွင်သွားတာ။
ခုတော့ ဦးပိန် ဆုံးသွားတာလည်း ကြာပြီ၊ သူမိသားစု
တွေလည်း ပြောင်းသွားကြပြီ။ နှောင်းလူတွေက
ဦးပိန်တံတားအမည်ကိုတောင် မသိကြတော့ဘူး။
ကညွတ်ကွင်းအနောက်ဘက်၊ မြင်ပင်ရွာသွားတဲ့
မြေသားလမ်းပေါ်မှာရှိလို့ မြပင်တံတားလို့ပဲ
ခေါ်ကြတယ်။ ဒါကြောင့် ကျော်မိုး၊ မြပင်တံတား
အနီးမှာ နေတယ်လို့ ပြောမှ ခုလူတွေ သိကြမယ်
ထင်တယ်။
ကျော်မိုးအမေက စျေးထဲမှာ ကြက်သားရောင်းတယ်။
ကျော်မိုးက သူ့အမေရောင်းဖို့”ကြက်ကောက်”ပေးရတယ်။
ကြက်ကောက်တယ်ဆိုတာ ကြက်လိုက်ဝယ်ရတာကို
ပြောတာပါ။ ကညွတ်ကွင်းက ‘မြို့’ဖြစ်လာတာ
မကြာသေးဘူး၊ ဒီဘက်ခေတ်မှ အရင်ကဆို
ကျေးရွာအုပ်စုတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုက်နယ်
အဆင့်ရွာကြီးပဲ။
ပြောချင်တာက မြို့ကြီးပြကြီးတွေလို အသားတိုး
ကြက်မွေးမြူရေးခြံတွေ မရှိဘူး။ ဥစားကြက်မွေးတဲ့သူ
ရေတွက်ကြည့်ရင်တောင် လက်တစ်ဖက်တည်းနဲ့
လုံလောက်တယ်။
ဒါကြောင့် ကညွတ်ကွင်းစျေးထဲက ကြက်သား
ရောင်းသူတွေဟာ အိမ်တွေမှာ ဝါသနာအရ
မွေးထားတတ်တဲ့ အိမ်ကြက်ကိုပဲ အားပြု
ရောင်းကြရတယ်
ကြက်တွေဝယ်ပြီး အိမ်မှာခြံထဲထည့်လှောင်၊
ဆောင်းနဲ့အုပ်လှောင် ထားတတ်ကြတယ်
ကြက်ရောင်းသူတွေက ပတ်ဝန်းကျင်ရွာတွေက
လာကြတာ။ အိမ်မှာ မွေးထားတဲ့ကြက်လေးတွေ
ဖမ်းတာ၊ ကြက်ကောက်သူတွေ ဆီရောင်း၊
ရတဲ့ပိုက်ဆံလေးနဲ့ လိုတာလေးတွေဝယ်ကြတယ်
ကျော်မိုးက ဒီလိုလာရောင်းတဲ့သူတွေ ဆီက
ကြက်ကောက်တာ။ သူ ကြက်ကောက် ကြက်ဝယ်တဲ့
နေရာက အရှေ့ဘက် မြို့ဝင်လမ်းပေါ်က ငနုဆန်းချောင်း
တံတားထိပ်မှာ…မြို့နဲ့ဆို တစ်မိုင်ကျော်ကျော်လောက်
ဝေးသေးတယ်။
ရွာတွေက လူတွေဟာ မြို့ကို စောစောလာလေ့ရှိတာကြောင့်
ကျော်မိုးကလည်း သူကြက်ကောက်တဲ့နေရာကို
စောနိုင်သမျှ စောအောင် သွားရတယ်။
အမြဲတမ်း မနက်စောစော(၃)နာရီနဲ့ (၄)နာရီကြား၊
မှောင်နေသေးတဲ့အချိန်၊ အရုဏ်ရောင်နီတောင်
မသမ်းသေးတဲ့အချိန်မှာ ကျော်မိုးအိမ်ကနေ
ထွက်လာလေ့ရှိတယ်။
အဲဒီနေ့ကလည်း သူ့ထုံးစံအတိုင်း မနက်(၃)နာရီ
ထိုးတာနဲ့ သူ့စက်ဘီးကိုဆွဲပြီး ထွက်လာခဲ့တာပဲ
ဖြစ်ပါတယ်။
သူ့အိမ်က မြို့ရဲ့ မြောက်ဘက်အစွန်ဆိုတော့၊
သူ့လမ်းကြောင်းက မြို့ထဲကို ရန်ကုန်၊ မန္တလေး
ကတ္တရာလမ်းမကြီးအတိုင်း ပြန်လာရတယ်။
လမ်းမီးတိုင်တွေ အနီးတစ်ဝိုက်မှာ မှိန်ဖျော့ဖျော့
အလင်းရောင်ရှိပေမယ့် ညကတော့ မှောင်မည်း
တိတ်ဆိတ်နေတုန်းပဲ။ သူ့ဘေးကနေ အဝေးပြေး
ကုန်တင်ကားကြီးတစ်စင်း ရန်ကုန်ဘက်မောင်း
သွားတယ်။ ကားအင်ဂျင်စက်သံကြောင့်
တစ်ခဏ ဆူညံသွားပေမယ့် ချက်ချင်းဆိုသလို
ပြန်ပြီး တိတ်ဆိတ်သွားတယ်။
သစ်တောဂိတ်လမ်းကွေ့ရောက်တော့
ကျော်မိုးက စက်ဘီးကို အရှေ့ဘက်
ဆေးရုံလမ်းထဲ ချိုးကွေ့လိုက်တယ်
ရထားလမ်းကုန်းကျော်ကို ဖြတ်ကျော်ပြီး
ဆက်နင်းတယ်။ ဒီဆေးရုံလမ်းက ရှေ့တည့်တည့် သုံးဖာလုံလောက်မှာ ဆေးရုံဝင်းထဲ ဝင်သွားတယ်။
ဆေးရုံရှေ့မှာပဲ တောင်ဘက်ကို တစ်လမ်း၊ မြောက်ဘက်
ကို တစ်လမ်းဖြာထွက်သွားတယ်။
မြောက်ဘက်သွားတဲ့လမ်းက ကွင်းရှေ့သုသာန်
သွားလမ်းဖြစ်ပြီး၊ တောင်ဘက်သွားလမ်းက
ဆေးရုံအုတ်တံတိုင်းအတိုင်း အရှေ့ဘက်
ချိုးကွေ့ပြီး မိဿလင်လမ်းမကြီးနဲ့ သွားပေါင်းတယ်
ကျော်မိုးသွားမယ့်လမ်းက တောင်ဘက်ချိုးကွေ့တဲ့လမ်း။
အဲဒီကနေ မိဿလင်လမ်းအတိုင်း အရှေ့ဘက်
ထောင်တက်သွားပြီး ငနုဆန်ချောင်းတံတားထိပ်
ရောက်တာနဲ့ သူကြက်ကောက်တဲ့နေရာကို
ရောက်ပြီ။
ကျော်မိုးက သူ့စက်ဘီးကို ရထားလမ်းကုန်းကျော်ပေါ်က
ဆင်းပြီး ဆေးရုံလမ်းအတိုင်း စီးလာတယ်…
အဲဒီအချိန်မှာပဲ ဟိုးရှေ့ခပ်လှမ်းလှမ်း၊ ဆေးရုံဝင်ပေါက်အဝ
လောက်မှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို
လှမ်းတွေ့လိုက်တယ်။
ထင်ထင်ရှားရှား မဟုတ်ပေမယ့် ဆေးရုံဝင်းထဲက
လျှပ်စစ်မီးရောင်တွေ နောက်ခံထားတာကြောင့်
အမျိုးသမီးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကိုတော့
ပေါ်ပေါ်လွင်လွင် မြင်နေရတယ်
အမျိုးသမီးတစ်ယောက်ရဲ့ သဘာဝခန္ဓာကိုယ်
ကောက်ကြောင်းနဲ့ ရှည်လျား ဖြန့်ချထားတဲ့
ဆံနွယ်ပုံရိပ်ကို သိသိသာသာ တွေ့နေရတယ်
“ဆေးရုံထဲက ထွက်လာတဲ့ လူနာစောင့်
အမျိုးသမီးတစ်ယောက်များလား…”
ကျော်မိုး စက်ဘီးစီးရင်း တွေးလာတယ်။
တွေးရင်း အကဲခတ်ကြည့်လာတယ်။
သူ့စက်ဘီးက အမျိုးသမီးနဲ့ တဖြည်းဖြည်း
ပိုပိုပြီး နီးကပ်လာတယ်။ စက်ဘီးမှာပါတဲ့
ရှေ့မီးလုံးကြောင့် အမျိုးသမီးကို ပိုပြီး
ထင်ထင်ရှားရှား မြင်လာရတယ်။
အဲဒီအချိန်မှာ ကျော်မိုးဟာ အမျိုးသမီးရဲ့
ထူးခြားချက်ကို သတိပြုမိလိုက်တယ်။
ဟုတ်တယ်၊ ထူးခြားတယ်။ အမျိုးသမီးရဲ့
မျက်လုံးနှစ်လုံးဟာ သိသိသာသာ ပြူးကျယ်နေတယ်။
ဝိုင်းစက်နေတယ်။ ပြီးတော့ စိမ်းဖန့်ဖန့် အရောင်
တောက်နေတယ်လို့လည်း ကျော်မိုးစိတ်ထဲက
ထင်နေတယ်။
သူက အရှိန်မပျက် စက်ဘီးကို နင်းလာတယ်။
တဖြည်းဖြည်းအမျိုးသမီးနဲ့ ပိုပြီး နီးလာတယ်။
နီးလာလေလေ အမျိုးသမီးရဲ့ မျက်လုံးနှစ်လုံး
ဟာ ပိုပြီး ကြီးလာနေတယ်…
“ဘာဖြစ်တာလဲဟ၊ ငါအမြင်မှားနေတာလား။
တကယ်ဖြစ်နေတာလား…”
ကျော်မိုးစိတ်တွေ ဒွိဟဖြစ်နေတယ်။
မသင်္ကာစိတ်တွေကြောင့် မအီမလည်ကြီး
ခံစားနေရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း နီးလာတယ်။
ပိုပြီး ပိုပြီး နီးလာတယ်…
သူ သတိပြုပြီး ကြည့်လာတဲ့ အမျိုးသမီးရဲ့မျက်လုံးတွေ
ကလည်း ပိုပြီး ကြီးလာနေတယ်။ သူ အမျိုးသမီးနဲ့
လက်တစ်ကမ်းလောက်အထိကို နီးနီးကပ်ကပ်
ရောက်လာတယ်။ ကျော်မိုးတစ်ကိုယ်လုံး
တုန်သွားတယ်
ကြက်သီးမွေးညင်းတွေ တဖျန်းဖျန်း ထသွားတယ်။
ခေါင်းနပန်းတွေ ကြီးသွားတယ်။ ဘာကြောင့်လည်း
ဆိုတော့ …အမျိုးသမီးရဲ့ စိမ်းဖန့်ဖန့်အရောင်
တောက်နေတဲ့ မျက်လုံးနှစ်လုံးက …
လက်ဖက်ရည်ပန်းကန်လောက်ကြီး အပြင်ကို
ပြူးထွက်လာလို့ပါ။
“အမလေး…ကယ်ကြပါဦး”
ကျော်မိုးအလန့်တကြား အော်လိုက်မိတယ်
စက်ဘီးပေါ်က ခုန်သွားတယ်။ လူရော၊ စက်ဘီးရော။
အလဲလဲ အပြိုပြို ဖြစ်သွားတယ်။ ကျော်မိုးစက်ဘီးကို
ပစ်ထားခဲ့ပြီး ခြေဦးတည့်ရာကို သွေးရူးသွေးတန်း
ထွက်ပြေးတယ်။
ကံကောင်းတာက သူ ကယောင်ကတမ်း
ထွက်ပြေးတဲ့လမ်းက ကွင်းရှေ့သုသာန်သွားတဲ့လမ်း
မဖြစ်တာဘဲ၊ ကျော်မိုး သူလာခဲ့တဲ့ လမ်းအတိုင်း
နောက်ကြောင်း ပြန်လှည့်ပြေးမိခဲ့တာပါ။
သွေးရူးသွေးတန်း ပြေးလာတဲ့ ကျော်မိုးတစ်ယောက်
ရထားလမ်းကုန်းကျော်အရောက်မှာ ကင်းသမားတွေနဲ့
တွေ့တယ်။ ဒီတော့မှ ကျော်မိုး အပြေးရပ်သွားတယ်။
ကင်းသမားတွေကို ဆေးရုံရှေ့လမ်းပေါ်မှာ သရဲခြောက်
ခံရတဲ့ အကြောင်း ပြောပြတယ်…
ကျော်မိုးတစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေတယ်။
မောကြီးပန်းကြီးဖြစ်ပြီး အသက်ကို ဝအောင်
မနည်းရှူနေရတယ်။
“ကျနော့်စက်ဘီးလည်း အဲဒီနေရာမှာ ကျန်ရစ်တယ်၊
စက်ဘီးသွားယူချင်လို့ လိုက်ခဲ့ပေးကြပါဦးဗျာ…”
ကျော်မိုးတောင်းပန်တာကြောင့် မျက်လုံးပြူးသရဲမနဲ့
တွေ့တဲ့ နေရာကို ကင်းသမားတွေ လိုက်လာတယ်
ဆေးရုံရှေ့လမ်းပေါ်မှာပဲ လဲကျနေတဲ့
ကျော်မိုးရဲ့ စက်ဘီးကို တွေ့ရတယ်
ကျော်မိုးပြောပြတဲ့ သရဲခြောက်ခံရတဲ့အကြောင်းကို
အချို့က မယုံဘူး။ သရဲ မရှိဘူး၊ ယုတ္တိမရှိဘူး ပြောတယ်။
တချို့ကတော့ ဖြစ်နိုင်တယ်၊ ယုံတယ်လို့ ပြောတယ်။
ဒီအချိန်ဟာ သရဲတစ္ဆေ၊ နာနာဘာဝတွေ
အစာရှာထွက်တဲ့ အချိန်၊ ကွင်းရှေ့ သုသာန်မှာနေတဲ့
သရဲမအစာရှာထွက်တုန်း ကျော်မိုးနဲ့တွေ့တာ
ဖြစ်မယ်လို့ ထင်ကြေးပေးတယ်။
တချို့ကလည်း ဆေးရုံရှေ့ လမ်းတစ်ဘက်မှာရှိတဲ့
ဆန်စက်ပျက်ကြီးထဲက နာနာဘာဝ သရဲမ
အပြင်ထွက်လာတာဖြစ်မယ်လို့ ပြောကြတယ်
ဘယ်သူတွေယုံယုံ မယုံယုံ ကျော်မိုးရဲ့ အမေကတော့
ယုံတယ်။ဘာကြောင့်လည်းဆိုတော့ ကျော်မိုး
လုံးဝမလိမ်တတ်တာ သူသိလို့တဲ့၊ ပြီးတော့
အလုပ်ကို ဝီရိယစိုက်ပြီး ကြိုးကြိုးစားစား
လုပ်တတ်တဲ့ သူ့သားကျော်မိုး၊
အဲဒီသရဲခြောက်ခံရတဲ့နေ့က စပြီး အစောကြီး
သွားခိုင်းလို့ကို မရတော့ဘူးတဲ့။
ဒါကြောင့် ကျော်မိုး သရဲခြောက်ခံရတယ်ဆိုတာကို
ယုံတယ် လို့ စာရေးသူကို ပြောပြပါတယ်။
ကျော်မိုးကိုယ်တိုင်ကလည်း …
အဲဒီနေ့က စပြီး ကြက်ကောက်တဲ့နေရာကို
မနက်မိုးစင်စင်မှာပဲ သွားရဲတော့တယ်ဆိုတဲ့
အကြောင်နဲ့၊ သူသရဲခြောက်ခံရတဲ့ ဆေးရှေ့
လမ်းခွဲနေရာကို ရောက်တိုင်း ဆံပင်တွေ
ဖားလျားချထားတဲ့ လက်ဖက်ရည်ပန်းကန်လုံး
လောက်ရှိတဲ့ အစိမ်းရောင် မျက်လုံးကြီးနှစ်လုံး
ပြူးပြ၊ ခြောက်လှန့်တတ်တဲ့ သရဲမကို မြင်ယောင်ပြီး
ကြက်သီးဖျန်းဖျန်းထ ကြောက်လန့်နေတုန်းပဲလို့
စာရေးသူကို ပြောပြခဲ့ပါတယ်။
ပြီးပါပြီ
#မောင်မှိုင်းညို့(ချောင်းဦး)
Zawgyi Version
”မ်က္လုံးျပဴးသရဲမ” (စ/ဆုံး)
————————
ေက်ာ္မိုးက ဦးပိန္တံတားအနီးမွာေနတယ္။
ဦးပိန္တံတားဆိုတာက မႏၲေလး၊ အမရပူရ
ေတာင္သမန္အင္းက ဦးပိန္တံတားေတာ့ မဟုတ္ဘူး။
ျဖဴးၿမိဳ႕နယ္၊ ကၫြတ္ကြင္းၿမိဳ႕ေျမာက္ဘက္
အထြက္မွာရွိတဲ့ တံတားပါ။
ဟိုးတုန္းက ဦးပိန္ဆိုတဲ့ လူတစ္ေယာက္
ဒီတံတားအနီးမွာ စားေသာက္ဆိုင္ လာဖြင့္ဖူးတယ္
ဒါေၾကာင့္ ဦးပိန္တံတားလို႔ အမည္တြင္သြားတာ။
ခုေတာ့ ဦးပိန္ ဆုံးသြားတာလည္း ၾကာၿပီ၊ သူမိသားစု
ေတြလည္း ေျပာင္းသြားၾကၿပီ။ ေႏွာင္းလူေတြက
ဦးပိန္တံတားအမည္ကိုေတာင္ မသိၾကေတာ့ဘူး။
ကၫြတ္ကြင္းအေနာက္ဘက္၊ ျမင္ပင္႐ြာသြားတဲ့
ေျမသားလမ္းေပၚမွာရွိလို႔ ျမပင္တံတားလို႔ပဲ
ေခၚၾကတယ္။ ဒါေၾကာင့္ ေက်ာ္မိုး၊ ျမပင္တံတား
အနီးမွာ ေနတယ္လို႔ ေျပာမွ ခုလူေတြ သိၾကမယ္
ထင္တယ္။
ေက်ာ္မိုးအေမက ေစ်းထဲမွာ ၾကက္သားေရာင္းတယ္။
ေက်ာ္မိုးက သူ႔အေမေရာင္းဖို႔”ၾကက္ေကာက္”ေပးရတယ္။
ၾကက္ေကာက္တယ္ဆိုတာ ၾကက္လိုက္ဝယ္ရတာကို
ေျပာတာပါ။ ကၫြတ္ကြင္းက ‘ၿမိဳ႕’ျဖစ္လာတာ
မၾကာေသးဘူး၊ ဒီဘက္ေခတ္မွ အရင္ကဆို
ေက်း႐ြာအုပ္စုေတြနဲ႔ ဖြဲ႕စည္းထားတဲ့ တိုက္နယ္
အဆင့္႐ြာႀကီးပဲ။
ေျပာခ်င္တာက ၿမိဳ႕ႀကီးျပႀကီးေတြလို အသားတိုး
ၾကက္ေမြးျမဴေရးၿခံေတြ မရွိဘူး။ ဥစားၾကက္ေမြးတဲ့သူ
ေရတြက္ၾကည့္ရင္ေတာင္ လက္တစ္ဖက္တည္းနဲ႔
လုံေလာက္တယ္။
ဒါေၾကာင့္ ကၫြတ္ကြင္းေစ်းထဲက ၾကက္သား
ေရာင္းသူေတြဟာ အိမ္ေတြမွာ ဝါသနာအရ
ေမြးထားတတ္တဲ့ အိမ္ၾကက္ကိုပဲ အားျပဳ
ေရာင္းၾကရတယ္
ၾကက္ေတြဝယ္ၿပီး အိမ္မွာၿခံထဲထည့္ေလွာင္၊
ေဆာင္းနဲ႔အုပ္ေလွာင္ ထားတတ္ၾကတယ္
ၾကက္ေရာင္းသူေတြက ပတ္ဝန္းက်င္႐ြာေတြက
လာၾကတာ။ အိမ္မွာ ေမြးထားတဲ့ၾကက္ေလးေတြ
ဖမ္းတာ၊ ၾကက္ေကာက္သူေတြ ဆီေရာင္း၊
ရတဲ့ပိုက္ဆံေလးနဲ႔ လိုတာေလးေတြဝယ္ၾကတယ္
ေက်ာ္မိုးက ဒီလိုလာေရာင္းတဲ့သူေတြ ဆီက
ၾကက္ေကာက္တာ။ သူ ၾကက္ေကာက္ ၾကက္ဝယ္တဲ့
ေနရာက အေရွ႕ဘက္ ၿမိဳ႕ဝင္လမ္းေပၚက ငႏုဆန္းေခ်ာင္း
တံတားထိပ္မွာ…ၿမိဳ႕နဲ႔ဆို တစ္မိုင္ေက်ာ္ေက်ာ္ေလာက္
ေဝးေသးတယ္။
႐ြာေတြက လူေတြဟာ ၿမိဳ႕ကို ေစာေစာလာေလ့ရွိတာေၾကာင့္
ေက်ာ္မိုးကလည္း သူၾကက္ေကာက္တဲ့ေနရာကို
ေစာႏိုင္သမွ် ေစာေအာင္ သြားရတယ္။
အၿမဲတမ္း မနက္ေစာေစာ(၃)နာရီနဲ႔ (၄)နာရီၾကား၊
ေမွာင္ေနေသးတဲ့အခ်ိန္၊ အ႐ုဏ္ေရာင္နီေတာင္
မသမ္းေသးတဲ့အခ်ိန္မွာ ေက်ာ္မိုးအိမ္ကေန
ထြက္လာေလ့ရွိတယ္။
အဲဒီေန႔ကလည္း သူ႔ထုံးစံအတိုင္း မနက္(၃)နာရီ
ထိုးတာနဲ႔ သူ႔စက္ဘီးကိုဆြဲၿပီး ထြက္လာခဲ့တာပဲ
ျဖစ္ပါတယ္။
သူ႔အိမ္က ၿမိဳ႕ရဲ႕ ေျမာက္ဘက္အစြန္ဆိုေတာ့၊
သူ႔လမ္းေၾကာင္းက ၿမိဳ႕ထဲကို ရန္ကုန္၊ မႏၲေလး
ကတၱရာလမ္းမႀကီးအတိုင္း ျပန္လာရတယ္။
လမ္းမီးတိုင္ေတြ အနီးတစ္ဝိုက္မွာ မွိန္ေဖ်ာ့ေဖ်ာ့
အလင္းေရာင္ရွိေပမယ့္ ညကေတာ့ ေမွာင္မည္း
တိတ္ဆိတ္ေနတုန္းပဲ။ သူ႔ေဘးကေန အေဝးေျပး
ကုန္တင္ကားႀကီးတစ္စင္း ရန္ကုန္ဘက္ေမာင္း
သြားတယ္။ ကားအင္ဂ်င္စက္သံေၾကာင့္
တစ္ခဏ ဆူညံသြားေပမယ့္ ခ်က္ခ်င္းဆိုသလို
ျပန္ၿပီး တိတ္ဆိတ္သြားတယ္။
သစ္ေတာဂိတ္လမ္းေကြ႕ေရာက္ေတာ့
ေက်ာ္မိုးက စက္ဘီးကို အေရွ႕ဘက္
ေဆး႐ုံလမ္းထဲ ခ်ိဳးေကြ႕လိုက္တယ္
ရထားလမ္းကုန္းေက်ာ္ကို ျဖတ္ေက်ာ္ၿပီး
ဆက္နင္းတယ္။ ဒီေဆး႐ုံလမ္းက ေရွ႕တည့္တည့္ သုံးဖာလုံေလာက္မွာ ေဆး႐ုံဝင္းထဲ ဝင္သြားတယ္။
ေဆး႐ုံေရွ႕မွာပဲ ေတာင္ဘက္ကို တစ္လမ္း၊ ေျမာက္ဘက္
ကို တစ္လမ္းျဖာထြက္သြားတယ္။
ေျမာက္ဘက္သြားတဲ့လမ္းက ကြင္းေရွ႕သုသာန္
သြားလမ္းျဖစ္ၿပီး၊ ေတာင္ဘက္သြားလမ္းက
ေဆး႐ုံအုတ္တံတိုင္းအတိုင္း အေရွ႕ဘက္
ခ်ိဳးေကြ႕ၿပီး မိႆလင္လမ္းမႀကီးနဲ႔ သြားေပါင္းတယ္
ေက်ာ္မိုးသြားမယ့္လမ္းက ေတာင္ဘက္ခ်ိဳးေကြ႕တဲ့လမ္း။
အဲဒီကေန မိႆလင္လမ္းအတိုင္း အေရွ႕ဘက္
ေထာင္တက္သြားၿပီး ငႏုဆန္ေခ်ာင္းတံတားထိပ္
ေရာက္တာနဲ႔ သူၾကက္ေကာက္တဲ့ေနရာကို
ေရာက္ၿပီ။
ေက်ာ္မိုးက သူ႔စက္ဘီးကို ရထားလမ္းကုန္းေက်ာ္ေပၚက
ဆင္းၿပီး ေဆး႐ုံလမ္းအတိုင္း စီးလာတယ္…
အဲဒီအခ်ိန္မွာပဲ ဟိုးေရွ႕ခပ္လွမ္းလွမ္း၊ ေဆး႐ုံဝင္ေပါက္အဝ
ေလာက္မွာ ရပ္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို
လွမ္းေတြ႕လိုက္တယ္။
ထင္ထင္ရွားရွား မဟုတ္ေပမယ့္ ေဆး႐ုံဝင္းထဲက
လွ်ပ္စစ္မီးေရာင္ေတြ ေနာက္ခံထားတာေၾကာင့္
အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ပုံပန္းသဏၭာန္ကိုေတာ့
ေပၚေပၚလြင္လြင္ ျမင္ေနရတယ္
အမ်ိဳးသမီးတစ္ေယာက္ရဲ႕ သဘာဝခႏၶာကိုယ္
ေကာက္ေၾကာင္းနဲ႔ ရွည္လ်ား ျဖန္႔ခ်ထားတဲ့
ဆံႏြယ္ပုံရိပ္ကို သိသိသာသာ ေတြ႕ေနရတယ္
“ေဆး႐ုံထဲက ထြက္လာတဲ့ လူနာေစာင့္
အမ်ိဳးသမီးတစ္ေယာက္မ်ားလား…”
ေက်ာ္မိုး စက္ဘီးစီးရင္း ေတြးလာတယ္။
ေတြးရင္း အကဲခတ္ၾကည့္လာတယ္။
သူ႔စက္ဘီးက အမ်ိဳးသမီးနဲ႔ တျဖည္းျဖည္း
ပိုပိုၿပီး နီးကပ္လာတယ္။ စက္ဘီးမွာပါတဲ့
ေရွ႕မီးလုံးေၾကာင့္ အမ်ိဳးသမီးကို ပိုၿပီး
ထင္ထင္ရွားရွား ျမင္လာရတယ္။
အဲဒီအခ်ိန္မွာ ေက်ာ္မိုးဟာ အမ်ိဳးသမီးရဲ႕
ထူးျခားခ်က္ကို သတိျပဳမိလိုက္တယ္။
ဟုတ္တယ္၊ ထူးျခားတယ္။ အမ်ိဳးသမီးရဲ႕
မ်က္လုံးႏွစ္လုံးဟာ သိသိသာသာ ျပဴးက်ယ္ေနတယ္။
ဝိုင္းစက္ေနတယ္။ ၿပီးေတာ့ စိမ္းဖန္႔ဖန္႔ အေရာင္
ေတာက္ေနတယ္လို႔လည္း ေက်ာ္မိုးစိတ္ထဲက
ထင္ေနတယ္။
သူက အရွိန္မပ်က္ စက္ဘီးကို နင္းလာတယ္။
တျဖည္းျဖည္းအမ်ိဳးသမီးနဲ႔ ပိုၿပီး နီးလာတယ္။
နီးလာေလေလ အမ်ိဳးသမီးရဲ႕ မ်က္လုံးႏွစ္လုံး
ဟာ ပိုၿပီး ႀကီးလာေနတယ္…
“ဘာျဖစ္တာလဲဟ၊ ငါအျမင္မွားေနတာလား။
တကယ္ျဖစ္ေနတာလား…”
ေက်ာ္မိုးစိတ္ေတြ ဒြိဟျဖစ္ေနတယ္။
မသကၤာစိတ္ေတြေၾကာင့္ မအီမလည္ႀကီး
ခံစားေနရတယ္။ ဒီလိုနဲ႔ တျဖည္းျဖည္း နီးလာတယ္။
ပိုၿပီး ပိုၿပီး နီးလာတယ္…
သူ သတိျပဳၿပီး ၾကည့္လာတဲ့ အမ်ိဳးသမီးရဲ႕မ်က္လုံးေတြ
ကလည္း ပိုၿပီး ႀကီးလာေနတယ္။ သူ အမ်ိဳးသမီးနဲ႔
လက္တစ္ကမ္းေလာက္အထိကို နီးနီးကပ္ကပ္
ေရာက္လာတယ္။ ေက်ာ္မိုးတစ္ကိုယ္လုံး
တုန္သြားတယ္
ၾကက္သီးေမြးညင္းေတြ တဖ်န္းဖ်န္း ထသြားတယ္။
ေခါင္းနပန္းေတြ ႀကီးသြားတယ္။ ဘာေၾကာင့္လည္း
ဆိုေတာ့ …အမ်ိဳးသမီးရဲ႕ စိမ္းဖန္႔ဖန္႔အေရာင္
ေတာက္ေနတဲ့ မ်က္လုံးႏွစ္လုံးက …
လက္ဖက္ရည္ပန္းကန္ေလာက္ႀကီး အျပင္ကို
ျပဴးထြက္လာလို႔ပါ။
“အမေလး…ကယ္ၾကပါဦး”
ေက်ာ္မိုးအလန္႔တၾကား ေအာ္လိုက္မိတယ္
စက္ဘီးေပၚက ခုန္သြားတယ္။ လူေရာ၊ စက္ဘီးေရာ။
အလဲလဲ အၿပိဳၿပိဳ ျဖစ္သြားတယ္။ ေက်ာ္မိုးစက္ဘီးကို
ပစ္ထားခဲ့ၿပီး ေျခဦးတည့္ရာကို ေသြး႐ူးေသြးတန္း
ထြက္ေျပးတယ္။
ကံေကာင္းတာက သူ ကေယာင္ကတမ္း
ထြက္ေျပးတဲ့လမ္းက ကြင္းေရွ႕သုသာန္သြားတဲ့လမ္း
မျဖစ္တာဘဲ၊ ေက်ာ္မိုး သူလာခဲ့တဲ့ လမ္းအတိုင္း
ေနာက္ေၾကာင္း ျပန္လွည့္ေျပးမိခဲ့တာပါ။
ေသြး႐ူးေသြးတန္း ေျပးလာတဲ့ ေက်ာ္မိုးတစ္ေယာက္
ရထားလမ္းကုန္းေက်ာ္အေရာက္မွာ ကင္းသမားေတြနဲ႔
ေတြ႕တယ္။ ဒီေတာ့မွ ေက်ာ္မိုး အေျပးရပ္သြားတယ္။
ကင္းသမားေတြကို ေဆး႐ုံေရွ႕လမ္းေပၚမွာ သရဲေျခာက္
ခံရတဲ့ အေၾကာင္း ေျပာျပတယ္…
ေက်ာ္မိုးတစ္ကိုယ္လုံး ေခြၽးေတြ႐ႊဲနစ္ေနတယ္။
ေမာႀကီးပန္းႀကီးျဖစ္ၿပီး အသက္ကို ဝေအာင္
မနည္းရႉေနရတယ္။
“က်ေနာ့္စက္ဘီးလည္း အဲဒီေနရာမွာ က်န္ရစ္တယ္၊
စက္ဘီးသြားယူခ်င္လို႔ လိုက္ခဲ့ေပးၾကပါဦးဗ်ာ…”
ေက်ာ္မိုးေတာင္းပန္တာေၾကာင့္ မ်က္လုံးျပဴးသရဲမနဲ႔
ေတြ႕တဲ့ ေနရာကို ကင္းသမားေတြ လိုက္လာတယ္
ေဆး႐ုံေရွ႕လမ္းေပၚမွာပဲ လဲက်ေနတဲ့
ေက်ာ္မိုးရဲ႕ စက္ဘီးကို ေတြ႕ရတယ္
ေက်ာ္မိုးေျပာျပတဲ့ သရဲေျခာက္ခံရတဲ့အေၾကာင္းကို
အခ်ိဳ႕က မယုံဘူး။ သရဲ မရွိဘူး၊ ယုတၱိမရွိဘူး ေျပာတယ္။
တခ်ိဳ႕ကေတာ့ ျဖစ္ႏိုင္တယ္၊ ယုံတယ္လို႔ ေျပာတယ္။
ဒီအခ်ိန္ဟာ သရဲတေစၦ၊ နာနာဘာဝေတြ
အစာရွာထြက္တဲ့ အခ်ိန္၊ ကြင္းေရွ႕ သုသာန္မွာေနတဲ့
သရဲမအစာရွာထြက္တုန္း ေက်ာ္မိုးနဲ႔ေတြ႕တာ
ျဖစ္မယ္လို႔ ထင္ေၾကးေပးတယ္။
တခ်ိဳ႕ကလည္း ေဆး႐ုံေရွ႕ လမ္းတစ္ဘက္မွာရွိတဲ့
ဆန္စက္ပ်က္ႀကီးထဲက နာနာဘာဝ သရဲမ
အျပင္ထြက္လာတာျဖစ္မယ္လို႔ ေျပာၾကတယ္
ဘယ္သူေတြယုံယုံ မယုံယုံ ေက်ာ္မိုးရဲ႕ အေမကေတာ့
ယုံတယ္။ဘာေၾကာင့္လည္းဆိုေတာ့ ေက်ာ္မိုး
လုံးဝမလိမ္တတ္တာ သူသိလို႔တဲ့၊ ၿပီးေတာ့
အလုပ္ကို ဝီရိယစိုက္ၿပီး ႀကိဳးႀကိဳးစားစား
လုပ္တတ္တဲ့ သူ႔သားေက်ာ္မိုး၊
အဲဒီသရဲေျခာက္ခံရတဲ့ေန႔က စၿပီး အေစာႀကီး
သြားခိုင္းလို႔ကို မရေတာ့ဘူးတဲ့။
ဒါေၾကာင့္ ေက်ာ္မိုး သရဲေျခာက္ခံရတယ္ဆိုတာကို
ယုံတယ္ လို႔ စာေရးသူကို ေျပာျပပါတယ္။
ေက်ာ္မိုးကိုယ္တိုင္ကလည္း …
အဲဒီေန႔က စၿပီး ၾကက္ေကာက္တဲ့ေနရာကို
မနက္မိုးစင္စင္မွာပဲ သြားရဲေတာ့တယ္ဆိုတဲ့
အေၾကာင္နဲ႔၊ သူသရဲေျခာက္ခံရတဲ့ ေဆးေရွ႕
လမ္းခြဲေနရာကို ေရာက္တိုင္း ဆံပင္ေတြ
ဖားလ်ားခ်ထားတဲ့ လက္ဖက္ရည္ပန္းကန္လုံး
ေလာက္ရွိတဲ့ အစိမ္းေရာင္ မ်က္လုံးႀကီးႏွစ္လုံး
ျပဴးျပ၊ ေျခာက္လွန္႔တတ္တဲ့ သရဲမကို ျမင္ေယာင္ၿပီး
ၾကက္သီးဖ်န္းဖ်န္းထ ေၾကာက္လန္႔ေနတုန္းပဲလို႔
စာေရးသူကို ေျပာျပခဲ့ပါတယ္။
ၿပီးပါၿပီ
#ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)