” ရမ္မက်တည်ချက် “(စ/ဆုံး)

” ရမ္မက်တည်ချက် “(စ/ဆုံး)

========================

“သမီးမေမေစျေးရောင်းသွားမလို့
မောင်လေးကိုသေချာကြည့်ထိန်း
လိုက်ဦးကြားလား။

“ဟုတ်ကဲ့အမေ”

မသဇင်မေလည်း စျေးတောင်းအား
ခေါင်းပေါ်ရွက်ကာအိမ်မှ ထွက်လာ
ခဲ့သည်။
သမီးဖြစ်သူသုန်သုန်လေးကတော့
၄နှစ်အရွယ်ခန့်မောင်လေးအား
ထိန်းရန်အိမ်၌ကျန်နေခဲ့လေသည်။

မသဇင်မေ၏ ခင်ပွန်းသည် ကိုအောင်မြင့်မှာလွန်ခဲ့သည့် ၂နှစ်ခန့်က
ဆုံးပါးသွားပြီဖြစ်သည်။
ထို့ကြောင့်ကလေးနှစ်ယောက်နှင့်ဘဝကို
ရုန်းကန်လှုပ်ရှားနေရခြင်းဖြစ်သည်။
မသဇင်မေ၏သမီးနှင့်သားအား
အိမ်နီးချင်းများမှ ဝိုင်းဝန်းကြည့်ရှုပေးကြ၍သာ စျေးကိုစိတ်ချလက်ချ ရောင်းနိုင်ခြင်း
ဖြစ်သည်။
အသက်၁၁နှစ်အရွယ် သုန်သုန်လေးကိုတော့ မသဇင်မေ
စိတ်ချရပြီဖြစ်သည်။
စိတ်မချရသည်က သားငယ်ပင်ဖြစ်သည်
သားငယ်ကမိခင်အားမတွေ့လျှင်
ငိုတော့သည်။
ထိုအခါမျိုး၌အိမ်နီးချင်းများနှင့်
အစ်မဖြစ်သူသုန်သုန်က အငိုတိတ်အောင် မနည်းချော့မြူကြရ
လေသည်။

မသဇင်မေလည်း စျေးရောင်းပြီးပြန်လာမှသာ သားနှင့်သမီးအားတွေ့ရလေသည်။
သမီးကြီးသုန်သုန်က သိတတ်စအရွယ်
ရောက်နေပြီဖြစ်သဖြင့် အစစအရာရာ
လိုက်လုပ်ပေးရခြင်းမရှိပေ။
စားစားသောက်သောက် သူ့ဟာသူ
လုပ်ကိုင်ရှာလေသည်။

“သုန်သုန်ရေ နင့်အမေစျေးသွားပြီးလားဟ”

“သွားပြီလေ ဦးလေးခင်မြင့်ရဲ့
ဘာလို့လဲဟင်”

“ဘာမှမဟုတ်ပါဘူးကွယ်
နင့်အမေကိုမတွေ့မိလို့ပါ၊ဒါနဲ့မောင်လေး
ကရောအိပ်နေတာလား။

“အိပ်နေတာ အခုထိမနိုးသေးဘူးရှင့်”

“ရော့ မောင်လေးနဲ့သုန်သုန်အတူစားဖို့
ဦးလေးက မုန့်လာပေးတာကွဲ့။

“ဟာမုန့်တွေအများကြီးပဲ
ကျေးဇူးပါ ဦးလေးခင်မြင့်”

“ရပါတယ် ငါ့တူမကြီးရယ်
ဦးလေးကသုန်သုန်တို့မောင်နှမကို
ချစ်လို့ဝယ်ကျွေးတာပါ။

“သမီးကလည်းဦးလေးခင်မြင့်ကို
ချစ်ပါတယ်ရှင်၊သြော်မုန့်ဝယ်ကျွေးလို့
ချစ်တာမဟုတ်ဘူးနော်။
သမီးကိုမုန့်မကျွေးလည်းဦးလေးခင်မြင့်ကိုသမီးကချစ်ပြီးသား”

“ဒီကောင်မလေးတော်တော်
စကားတတ်နေပါလားဟဲ့ ”

“ဟီးဟီး”

“ကဲကဲ ဦးလေးသွားပြီနော်
သမီးပျင်းရင် ဦးလေးအိမ်ဘက်
လာကစားလှည့်ပေါ့ကွယ်.

“ဟုတ်ကဲ့ ဦး သမီးပျင်းရင်
လာကစားလှည့်မယ်နော် ”

“အေးအေး သမီး ဦးသွားပြီနော်”

ဦးခင်မြင့်လည်း သုန်သုန်အား
နှုတ်ဆက်ပြီးထွက်သွားလေသည်။
ဦးခင်မြင့်ကရပ်ကွက်ထဲ၌နေသော
လူပျိုကြီးဘုရားတရားသမားကြီး
တစ်ဦးပင်ဖြစ်သည်။

မသဇင်မေ၏သားနှင့်သမီးအား
အလွန်ချစ်ခင်သူတစ်ယောက်ဖြစ်လေ
သည်။

မနက်၁၁နာရီခန့် မသဇင်မေလည်း
စျေးရောင်းရာမှပြန်လာခဲ့သည်။

“သမီးရေ သုန်သုန် အမေပြန်လာပြီ

“ဟောတော် ဘယ်သူမှလည်းမရှိပါလား
ဒီကလေးတွေဘယ်များသွားနေပါလိမ့်”

မသဇင်မေလည်း စျေးတောင်အား
ချပြီးအိမ်မှထွက်လာခဲ့သည်။

“မသိန်းရင် သုန်သုန်တို့မောင်နှမ
လာသေးလား”

“မလာဘူးအေ့ ချိုမာတို့အိမ်သွားမေးကြည့်ပါလား”

“ဟုတ်ကဲ့ မသိန်းရင်
ကျွန်မသွားရှာလိုက်ဦးမယ်”

မသဇင်မေလည်း မချိုမာတို့အိမ်အား
ရောက်လာခဲ့သည်။

“မချိုမာ မချိုမာ”

“သြော် သဇင်မေပါလားဘာများလဲဟဲ့”

“သုန်သုန်တို့မောင်နှမများ
ရောက်နေသလားလို့လာမေးတာ”

“မလာဘူးအေ့ ဦးခင်မြင့်အိမ်သွားမေးကြည့်ပါလား
အဲဒီမှာရှိနေလောက်တယ်။

“ဟုတ် ကျွန်မသွားမေးလိုက်အုံးမယ်ရှင်”

မသဇင်မေလည်း ဦးခင်မြင့်အိမ်သို့
ဦးတည်၍လာခဲ့သည်။

“ဦးခင်မြင့် ဦးခင်မြင့်”

“သဇင်မေပါလား
လာလေအိမ်ထဲကို ဒီမှာနင့်သားနဲ့သမီး
ရောက်နေတယ်ဟ။

“အေမ သမီးတို့ကိုလာရွာတာလား”

“ဟုတ်တယ် သမီး
ထမင်းစားရအောင်လို့လာခေါ်တာ”

“ဦးလေး သမီးတို့ပြန်တော့မယ်နော်”

“အေးအေး နောက်မှလာကစားကြပေါ့”

“ဟုတ်ကဲ့ဦးလေး”

“လာသားလာ အမေ့ဆီလာပါဦး
အမေ့သားလေး၊အမေ့သားလေးက
ဗိုက်ဆာနေပြီလား။

“ဟုတ်ဆာတယ် မေမေ”

“အိမ်ရောက်ရင်သားသားကို
ထမင်းကျွေးမယ်နော် ”

“ဟုတ်”

သားအမိသုံးယောက်အိမ်သို့
ပြန်လာကြပြီးမနက်စာထမင်း
အတူစားလိုက်ကြသည်။

“အမေ ဦးလေးခင်မြင့်က
သမီးတို့ကိုမုန့်တွေဝယ်ကျွေးတာ
အများကြီးပဲ။
ဦးလေးကသဘောလည်းကောင်းတယ်
သမီးတို့မောင်နှမကိုလည်းတော်တော်
ချစ်တာအမေရဲ့။

“ဟုတ်တယ် သမီး ဦးခင်မြင့်ကသမီးတို့
မောင်နှမကိုတော်တော်ချစ်တာ
ဒါပေမယ့် သူများကျွေးတိုင်းမစားရဘူး
သမီးရဲ့။

“ဘာလို့လဲအေမ”

“သူများကျွေးတိုင်းစားရင်
အကျင့်ပျက်မှာစိုးလို့ပေါ့သမီးရယ်
သူများပေးတိုင်းကျွေးတိုင်းစားနေရင်
ယူနေရင် ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့တာကို
ခံရတတ်တယ်။
လူလည်းအထင်သေးတတ်တယ်သမီးရဲ့
ဒါကြောင့်မေမေက သမီးကိုသူများကျွေးတိုင်းပေးတိုင်း
မယူရဘူးလို့မှာနေရတာပေါ့။

“ဟုတ်သမီးမှတ်ထားပါ့မယ်အမေ”

“အမေ့သမီးကလိမ္မာပြီးသားပါကွယ်
အမေ့စကားကိုသမီးနားထောင်မယ်
ဆိုတာအမေယုံပါတယ်။

မသဇင်မေလည်း သားငယ်အား
ထမင်းခွံ့ရင်း သုန်သုန်အားပြုံးပြီး
ကြည့်နေမိတော့သည်။

=================

ယနေ့တွင်လည်း မသဇင်မေ
တစ်ယောက်စျေးတောင်းကိုရွက်ကာ
အိမ်မှထွက်လာခဲ့သည်။
မနက်လင်းလျှင်စျေးရောင်းထွက်
နေ့လယ်ပြန်လာ၊ညနေစျေးရောင်းထွက်
ဤသို့ဖြင့် သံသရာလည်နေတော့သည်။

မသဇင်မေ လူဆင်းရဲပေမယ့်
စိတ်ကိုဖြူစင်အောင်ထား၍
နေခဲ့သည်။
မည်သူတစ်ဦးတစ်ယောက်အပေါ်၌
မနာလိုမုန်းတီးခြင်းအလျဉ်းမရှိခဲ့ပေ။
လူတိုင်းအပေါ်အားစေတနာထားခဲ့သည်
ထိုစေတနာတို့၏ အကျိုးကြောင့်လားတော့မသိ
မသဇင်မေဆင်းရဲပေမယ့် ရှားပါးခြင်းမရှိခဲ့ပေ။

မသဇင်မေအားဟိုလူကကူညီ
ဒီလူကကူညီဖြင့် ကူညီရိုင်းပင်းမည့်သူ
အများအပြားရှိကြလေသည်။
ထိုလူများကိုလည်း ဘုရားရှိခိုးတိုင်း
ဆုတောင်းမေတ္တာပို့သခဲ့လေသည်။

သုန်သုန်လည်းခါတိုင်းလိုပင်
မောင်လေးအားပွေ့ချီပြီးအိမ်တကာ
လည်ပတ်ကာစော့နေတော့သည်။
သုန်သုန်လည်းအိမ်တကာလှည့်၍
စော့ကစားနေရင်း ဦးခင်မြင့်အိမ်သို့
အမှတ်ရကာလာခဲ့လေသည်။

“ဦးလေးခင်မြင့် ဦးလေးခင်မြင့်”

“ဟာ…ငါ့တူမျကီးတို့ပါလား
လာလာ ဦးဆီလာလည်ကြတာလား။

“ဟုတ်တယ် ဦးလေး
ဦးလေးပုံပြောပြတာ နားထောင်ချင်လို့။

“ဒါဆိုဦးကပြောပြမှာပေါ့ သမီးရယ်
လာဦးပေါင်ပေါ်ထိုင် ပုံပြောပြမယ်။

ဦးခင်မြင့်ကသုန်သုန်အား
ပေါင်ပေါ်၌ထိုင်ရန်ခေါ်လေသည်။

“ဒီအတိုင်းထိုင်ပြီးနားထောင်မယ်လေ
ဦးကပြောပြပေါ့”

“လာပါငါ့တူမကြီးရယ်
ဦးကပုံပြောရင် နီးနီးကပ်ကပ်ထိုင်ပြီး
ပြောမှအားရတာ။
လာလာငါ့တူမကြီး မောင်လေးကို
ဦးလေးဘေးမှာထိုင်ခိုင်းလိုက်”

“ဟုတ်ကဲ့ ဦးလေး”

သုန်သုန်လည်း ဦးခင်မြင့်ပေါင်ပေါ်သို့
ထိုင်လိုက်သည်။
မောင်လေးကိုတော့ ဦးခင်မြင့်နံဘေး၌
ိထိုင်ခိုင်းစေသည်။
ဦးခင်မြင့်လည်းလက်ထဲမှ ပုတီးအား
လည်ပင်းချိတ်ပြီး ပုံပြင်ပြောပြလေသည်။

“ဟိုးရှေးရှေးတုန်းက တိုင်းပြည်ကြီးတစ်ပြည်မှာ အလွန်ချော
မောလှပတဲ့ မင်းသမီးလေးတစ်ပါး
ရှိသတဲ့။

ဦးခင်မြင့်က ဟိုးရှေးကိုအချီကာ
ပုံပြင်တစ်ပုဒ်ပြောပြလေသည်။
ပုံပြောရင်းဦးခင်မြင့်လက်များက
သုန်သုန်လေး၏တင်ပါးအား
မထိတထိပွတ်သပ်နေလေသည်။
သုန်သုန်လည်းအနေရခက်ပြီး
ဦးခင်မြင့်ပေါင်ပေါ်မှဆင်းရန်ကြိုးစား
လိုက်သည်။
သုန်သုန်၏အကြံအားရိပ်မိနေသည့်
ဦးခင်မြင့်ကသုန်သုန်လေးအား
ပေါင်ပေါ်မှအဆင်းမခံပဲ သူ၏လက်တစ်ဖက်ဖြင့် ချုပ်ထားလေ
သည်။

“ဦး ဦးလေးခင်မြင့် သမီးဗိုက်ဆာလို့
အိမ်ပြန်တော့မယ်နော်”

“နေပါဦး ငါ့တူမရယ်
ပုံပြင်ကမပြီးသေးဘူးကွဲ့။

“ရတယ် သမီးနောက်မှနားထောင်
တော့မယ် ဦးလေး ပြန်တော့မယ်နော်”

“သုန်သုန် ငါပြောနေတယ်လေ
ပုံပြင်မပြီးသေးဘူးလို့ ဘာလို့အတင်း
ပြန်ချင်နေတာလဲ။

ဦးခင်မြင့်ကသုန်သုန်အား
ငေါက်လိုက်သည်။
သုန်သုန်လည်းကြောက်လန့်သွားလေ
သည်။
ဦးခင်မြင့်ကသုန်သုန်အားလက်ဖြင့်ချုပ်ထားပြီးသုန်သုန်၏ အရှက်အား
ထိတွေ့ကိုင်တွယ်လိုက်သည်။
သုန်သုန်လည်းဦးခင်မြင့်၏
အကြံအစည်ကိုသိကာ ဦးခင်မြင့်လက်အား ပါးစပ်ဖြင့်ကုန်းကိုက်
လိုက်သည်။

“အား…နင်ငါ့ကိုကိုက်တယ်ဟုတ်လား”

သုန်သုန်လည်းမောင်လေးအား
ပွေ့ချီကာဦးခင်မြင့်အိမ်ထဲမှ
ထွက်ပြေးလာခဲ့တော့သည်။

“အမေရေ အမေ သမီးကယ်ပါဦး”

သုန်သုန်လည်းပါးစပ်မှအော်ဟစ်ပြီး
ထွက်ပြေးလာသည်။

“သုန်သုန် ဘာဖြစ်လာတာလဲ”

“လေးချိုမာ သမီးကိုကယ်ပါဦး”

“ဘာ ဘာဖြစ်လာလို့လဲ သုန်သုန်”

“ဟို ဟို ဦးလေးခင်မြင့်က”

သုန်သုန်ကဦးခင်မြင့်အိမ်ရှိရာသို့
လက်ညှိုးထိုးပြီးပြသဖြင့် မချိုမာလည်း
ကြည့်လိုက်သည်။
မချိုမာကြည့်လိုက်တော့ ဦးခင်မြင့်
တစ်ယောက်နောက်ကြောင်းပြန်လှည့်ပြီး
အိမ်ထဲဝင်သွားလေသည်။

“သုန်သုန်ကို ဦးခင်မြင့်ကဘာလုပ်လို့လဲ
လေးချိုမာကိုပြောစမ်း”

“သူသမီး ဟိုဟာကိုကိုင်ပြီး
ပွတ်သီးပွတ်သပ်လုပ်တယ်”

“ဘာ…ဘယ်လိုသုန်သုန်”

“ဦးလေးခင်မြင့်က သမီးဖင်ကိုရော
သမီးရှက်ရှက်ကိုလည်းကိုင်တယ်”

“တောက်”

“ရွံဖို့ကောင်းလိုက်တာ
ကြောင်သူတော်ကြွက်သူခိုးကြီး
လူကြည့်တော့ဘုရားသမားလိုလို
ဘာလိုလိုနဲ့ အတွင်းပုပ်ကြီး။
သေနာကြီး ကိုယ်မွေးမှကိုယ့်သမီး
လောက်လေးရှိတာကို နှာဘူးကြောက
ထရတယ်လို့ ကြားလို့မှကောင်းကြရဲ့လား”

မချိုမာကအော်ကြီးဟစ်ကျယ်ဖြင့်
ပြောလိုက်သဖြင့် အိမ်နီးချင်းများလည်း
အလျှိုလျှိုထွက်လာကြပြီး
မေးကြလေသည်။
မချိုမာကဖြစ်ပျက်မှုအစုံအားရှင်းပြ
လိုက်တော့အမျိုးသားများက
တုတ်ဆွဲဓားဆွဲဖြစ်ကုန်ကြသည်။

ထိုအချိန် မသဇင်မေရောက်လာကာ

“သမီးသုန်သုန် ”

“အေမ အေမ့ ဟီးဟီးဟီး”

“ဟင်သမီးလေးငိုနေတယ်
ဘာဖြစ်တာလဲ သမီး ဘာဖြစ်လို့လဲ။

မသဇင်မေလည်းသမီးကငို
အိမ်နီးချင်းများကလည်း ဒေါသဖြစ်
နေသည့်မျက်နှာများကြောင့်
စိုးရိမ်မှုကမြင့်တက်သွားလေသည်။

“ဒီလိုသဇင်မေရေ……”

“ရှင်…”

မချိုမာကမသဇင်မေအား
အကြောင်းစုံပြောပြလိုက်သည်။

“တောက်…ခွေးကျင့်ခွေးကြံ
ကြံတာငါ့သမီးလေးကို ဒင်းကို
အသက်ချင်းလဲပစ်မယ်ဟေ့။

မသဇင်မေ၏ဒေါသတို့ အကြီးအကျယ်
ပေါက်ကွဲသွားလေသည်။
ထိုအချိန် ရပ်ကွက်လူကြီးရောက်လာပြီး

“သဇင်မေ ညည်းစိတ်ကိုထိန်း
ငါ့ကိုလူတစ်ယောက်လာပြောပြလို့
အကြောင်းစုံသိပြီးပြီ။
ဒီကောင့်ကိုထောင်ထဲထည့်ပစ်ဖို့
ငါလာခဲ့တာ ဟေ့ယောက်ျားလေးတွေ
ငါနဲ့လိုက်ခဲ့ကြ ဒီကောင့်ကိုရဲလက်အပ်ပစ်မယ်”

ရပ်ကွက်လူကြီးနှင့်အတူ
အမျိုးသားများကဦးခင်မြင့်အိမ်သို့
တုတ်ဓားများဖြင့်လိုက်သွားကြသည်။
မသဇင်မေလည်းသမီးဖြစ်သူ
အတွက်မကျေနပ်ကာလိုက်သွားလေ
သည်။

“ဟေ့ကောင် ခင်မြင့် ခင်မြင့်
အိမ်ထဲကထွက်ခဲ့စမ်း အခုထွက်ခဲ့
မင်းထွက်မလာရင် ငါ့အဆိုးမဆိုနဲ့။

ရပ်ကွက်လူကြီးကရှေ့မှဦးဆောင်ကာ
အော်လိုက်သည်။

ဦးခင်မြင့်လည်းပုတီးတစ်ကုံးဖြင့်
အိမ်ထဲမှထွက်လာသည်။

“ဘာ ဘာများဖြစ်လို့လဲ ရပ်ကွက်လူကြီးရဲ့ ”

“အခုမှယုန်သူငယ်လာလုပ်မနေနဲ့
ခွေးကျင့်ခွေးကြံတဲ့ သေနာကြီး”

“ကဲဟယ်”

“ဖြန်း ဖြန်း ဖြန်း”

မသဇင်မေရောက်လာပြီး
ဦးခင်မြင့်အားပါးသုံးချက်ဆင့်၍
ရိုက်လိုက်သည်။

“နင်ငါ့သမီးကို ဘာလုပ်ဖို့ကြံစည်သလဲ
နင့်ကိုယ်နင်သိနော် ”

“ငါ ငါ ဘာမှမလုပ်ဘူး ငါနင့်သမီးကို
ဘာမှမလုပ်ဘူးနော် မှားနေပြီ”

“ဟိတ် သောက်စကားတွေ
ရှည်ရှည်ဝေးဝေးမပြောချင်ဘူး။
မင်းလက်မှာသုန်သုန်ကိုက်ထားတဲ့
သွားကိုက်ရာကသက်သေပဲ
အပိုတွေမပြောနဲ့ လာငါနဲ့စခန်းလိုက်ခဲ့”

“မ မဟုတ်ဘူး နော်
ငါအိမ်ထဲမှပုတီးစိပ်နေတာ
မင်းတို့မှားနေပြီ။

“လျာရှည်တယ်ကွာ”

“ဒုတ်”

“အား”

လူတစ်ယောက်ကတုတ်ဖြင့်
ဦးခင်မြင့်လက်ပြင်ကြောအား
ရို က်ပစ်လိုက်သည်။
ရပ်ကွက်လူကြီးနှင့်အတူဦးခင်မြင့်လည်း
ရဲစခန်းသို့ပါသွားလေသည်။

ဦးခင်မြင့်တစ်ယောက် သုန်သုန်လေးအား လိင်ပိုင်းဆိုင်ရာ
ကြံစည်ခြင်းကြောင့် ရဲလက်တွင်
အပ်ခံလိုက်ရတော့သည်။

ယနေ့ခေတ်၌ အရွယ်မရောက်သေးသောကလေးငယ်
တို့အား တည်ချက်ထားကာ
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ
ဖြစ်ပေါ်နေသည်။
ထို့ကြောင့်မိဘများအနေဖြင့်
အရွယ်မရောက်သေးသော ကလေးငယ်များအား သူစိမ်းတို့ဖြင့်အတူမထားပဲ အထူးဂရုစိုက်သင့်ပါသည်။
တချို့ သွေးသားရင်းတို့သည်လည်း
လူစိတ်ဟူ၍မရှိကြပေ။
ထို့ကြောင့် မိမိမျက်ကွယ်၌ ကလေးငယ်အား အမှုမဲ့အမှတ်မဲ့
ထားခြင်းအားမပြုလုပ်မိစေရန်
တောင်းဆိုအပ်ပါသည်။

လူအများသိအောင် ရှယ်.Shareသွားပါ

ပြီးပါပြီ………

ရေးသားသူ-အောင်ဓူဝံ

#လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
#မုဒိမ်းမှု #ရမ္မက်တည်ချက် #အောင်ဓူဝံ