အနတ္တ နှင့် လင်းနို့မိစ္ဆာ
(၁)
အနတ္တလည်း ခွေးနဲ့ကြွက်အပေါ် သူ့မှော်ဒုတ်တံ၏ အစွမ်းသက်ရောက်မှုကိုသိရှိပြီး ဝမ်းသာနေသည် ဒါပေမဲ့ ခွေးကြီးရန်လုံကို တစ်ရက်လုံးလုံး ပါးစပ်ဖွင့်မရအောင် လုပ်ခဲ့မိသည့်အတွက်လည်း စိတ်မကောင်းဖြစ်နေမိသည် ခွေးကြီးရန်လုံလည်း သူထိုသို့လုပ်ပြီးသည့်နောက်ပိုင်း လူကိုက်ခြင်းမရှိတော့ပဲ သခင်သိအောင်သာ အနည်းငယ် အသံပေးအချက်ပြ၍ ဟောင်ခြင်းပြုခြင်းသာလုပ်တော့သည်။
သူ့ကိုတော့ ဟောင်ပင်မဟောင်တော့ပဲ မြင်သည်နှင့်ပင်အမြီးတနှံ့နှံ့ဖြင့် ပြေးလာပြီး အနားမှာရပ်နေတတ်သည် သူလည်း ခွေးကြီးရန်လုံကို အရင်လိုဒေါသမဖြစ်တော့ပဲ ခင်မင်စိတ်များပင် ဖြစ်နေမိသည် ထိုအကြောင်းများကိုလည်း ဘိုလောကကြီးအားပြောပြခြင်နေပြီး ယခုလည်း ဇရပ်အိုကြီးရှိရာသို့ လျှောက်လာနေပြီဖြစ်သည်။
သူ ထိုသို့လျှောက်လာနေရင်း မှော်ဒုတ်တံကိုလည်း လက်ကြားလှည့်လာခဲ့ပြီး လမ်းတစ်နေရာအရောက်၌ မှော်ဒုတ်တံထိပ်ဖျားမှ ဖြတ်ကနဲလက်သွားတာကို သတိပြုမိလိုက်သည် သူလည်း ဆက်ကနဲရပ်လိုက်ပြီး မှော်ဒုတ်တံကို ထပ်လှည့်ကြည့်လိုက်သည် သို့သော် အလင်းရောင်ထွက်မလာတော့ သူလည်း နောက်ကိုခြေတစ်လှမ်း ပြန်ဆုတ်ပြီး ထပ်လှည့်ကြည့်လိုက်သည် ထိုအခါ လမ်းအနောက်ဘက်ချမ်းသို့ မှော်ဒုတ်တံထိပ်ဖျားအရောက် ဖြတ်ကနဲလက်သွားပြန်ပြီး ထိုနေရာကို လွန်သွားသည်နှင့် အလင်းရောင်လည်း ပျောက်သွားပြန်သည် သူလည်း မှော်ဒုတ်တံကိုသာ သေချာကြည့်နေပြီး ဘာကြောင့်ဒီလိုဖြစ်ရသည်ကို စဉ်းစားနေမိသည် ထို့နောက် မှော်ဒုတ်တံကို မကြည့်တောပဲ လမ်းအနောက်ဘက်ချမ်းကိုသာကြည့်၍ လက်ထဲမှမှော်ဒုတ်တံကို လှည့်လိုက်ပြန်သည် ထိုအခါ မှော်ဒုတ်တံထိပ်ဖျားမှ ဖြတ်ကနဲ့လက်သွားသည်နှင့် သူကြည့်နေသည့် လမ်းအနောက်ဘက်ချမ်းကုက္ကိုပင်အောက်၌ လူတစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရပြီး ထိုပုံသည်လည်း ဖြတ်ကနဲပြောက်သွားပြန်သည်။
အနတ္တလည်း မှော်ဒုတ်တံကို ခဏညိမ်ထားလိုက်ပြီး တခုခုကို စဉ်းစားလိုက်မိသည် မှော်ဒုတ်တံ၏ထိပ်ဖျား ထိုလူနှင့် တန်းတန်းဖြစ်သွားသည့်အချိန် မှော်ဒုတ်တံမှ အလင်းရောင်ပေါ်လာပြီး ထိုသူလည်းပေါ်လာသည် ဒါပေမဲ့ မှော်ဒုတ်တံ သူနှင့်လွဲသွားသည်နှင့် ထိုသူလည်းပေါ်မလာတော့သလို မှော်ဒုတ်တံထိပ်ဖျားမှ အလင်းရောင်လည်း ပေါ်မလာတော့ ထိုအကြောင်းကို သိသွားသောအနတ္တလည်း ကုက္ကိုပင်အောက်ကို သေချာကြည့်လိုက်ပြီး ဒီနေရာမှာ ရိုးရိုးမျက်စိဖြင့်မမြင်နိုင်သော လူတစ်ယောက်ရပ်နေမှန်းသိလိုက်သည် ဒါပေမဲ့ သူထိုလူကို ကြည့်ရကောင်းမလား မကြည့်ရကောင်းမလား ဆိုတာလည်း စဉ်းစားမရဖြစ်နေသည် သူစောစောကဖြတ်ကနဲ မြင်လိုက်ရတာကတော့ သိပ်အခြေအနေမကောင်း အပြုံးအရယ်မရှိ ခပ်တည်တည် ရပ်နေသည့်ပုံပင် ဒါကြောင့်သူ ကြာကြာမကြည့်ပဲ စောစောကလိုပင် ဖြတ်ကနဲကြည့်၍ အခြေအနေမကောင်းလျှင် ဆတ်ကနဲ ပြေးရန်အတွက် ခြေလှမ်းပြင်ထားပြီး ထိုနေရာကိုကြည့်ကာ လက်ထဲမှဒုတ်ကိုလှည့်လိုက်သည် ထိုအခါ မှော်ဒုတ်တံထိပ်ဖျား ထိုနေရာသို့ရောက်သွားသည်နှင့် ခေါင်းကြီးစောင်းလျှက် သူ့ကိုစိုက်ကြည့်နေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရပြီး ထမိန်ရင်လျှားကြီးနဲဖြစ်ကာ ဆံပင်ဖားလျှားကြီးနဲ့ဖြစ်သည် သူလည်းထိုပုံကြီးကိုဆက်မကြည့်တော့ပဲ
“သရဲဗျို့ သရဲ”
ပါးစပ်မှ အော်လိုက်သလို လူလည်း ထိုနေရာမှပြေးထွက်ခဲ့သည် သူရှေ့ခပ်လှမ်းလှမ်းရောက်တော့ ထိုနေရာကို ပြန်လှည့်ကြည့်လိုက်ပြီး လက်ထဲမှမှော်ဒုတ်တံဖြင့် ထိုးကြည့်ဖို့ စဉ်းစားလိုက်သည် ဤနေရာသို့ရောက်လာတော့ သူသိပ်မကြောက်တော့ပဲ ထိုသရဲမ သူ့နောက်လိုက်လာလား မလိုက်လာလားဆိုတာ သိခြင်လာမိပြန်သည် ဒါကြောင်သူလည်း မှော်ဒုတ်တံဖြင့် ထိုနေရာကို သေခြာချိန်၍ထိုးကြည့်လိုက်သည် ဒါပေမဲ့ သူဘာမှမမြင်ရပဲ မှော်ဒုတ်တံ၏ ထိပ်ဖျားမှလည်း အလင်းရောင်ထွက်မလာတော့ သူလည်း ထိုနေရာတွင် သရဲမ မရှိတော့၍ပဲလား ဒါမှမဟုတ် သူနှင့်အလှမ်းဝေးနေ၍ မှော်ဒုတ်တံဖြင့် ထိုးကြည့်၍ မရနိုင်တာလားဆိုတာ စဉ်းစားရင်း ဇရပ်အိုကြီးရှိရာကို ဆက်ထွက်လာခဲ့သည်။
(၂)
သူဇရပ်အိုကြီပေါ်ရောက်တော့
“ကောင်လေး စောစောကသရဲလို့အော်လိုက်တာ မင်းလားကွ”
“ဟုတ်တယ်ဗျာ့ ဘိုလောကဒီကကြားလို့လား”
“ကြားတာပေါ့ကွ မင်းအသံဒီလောက်ကျယ်နေတာကို”
“ဟုတ်လာဗျာ့ ကျွန်တော်က သိပ်မကျယ်ဘူးထင်နေတာ”
“ဒါနဲ့နေပါဦးကွ မင်းကသရဲကို ဘယ်လိုများတွေ့ခဲတာတုန်း”
ကပ္ပိယကြီးမေးလိုက်တော့ အနတ္တလည်း သူသရဲမကိုတွေ့ရှိခဲ့သည့်ပုံအား ပြောပြလိုက်သည် ထိုအခါ ကပ္ပိယကြီး
“ဟ မင်းမှော်ဒုတ်တံကတယ်ဟုတ်ပါလားကွ ဒါဆို အခုညငါနဲ့လိုက်ခဲ့စမ်းကွာ”
“ဘယ်ကို လိုက်ခဲ့ရမှာတုန်းဗျာ့”
“သပြေပင်ကုန်းက မေတင်ပြုံးတို့အိမ်ကိုကွ အဲ့ဒီအိမ်မှာ ညဘက် သရဲခြောက်နေလို့တဲ့”
“ဟုတ်လားဗျာ့ ဒါဆိုကျွန်တော် မလိုက်ရဲဘူး”
“ဘာဖြစ်လို့တုန်းကွ မင်းမှာမှော်ဒုတ်တံရှိနေတာကို”
“အဲ့ဒီမှော်ဒုတ်တံရှိနေလို့ပေါ့ဗျာ့ အဲ့ဒီဒုတ်တံနဲ့ဆို ကျွန်တော်ခြောက်တဲ့သရဲကို မြင်နေရမှာ”
“ငါလည်း မြင်ရအောင်လို့ခေါ်တာပေါ့ကွ အဲ့ဒါမှ အဲ့ဒီသရဲ ဘာလုပ်တယ် ဘာကိုင်တယ်ဆိုတာကို သိရမှာ”
“မဖြစ်ပါဘူးဗျာ ကျွန်တော်က သရဲမြင်ရင်ထွက်ပြေးမိမှာပဲ”
“မင်းဘာမင်း ထွက်ပြေးရင်ပြေး မပြေးရင်နေကွာ ဟိုရောက်အောင်တော့လိုက်ခဲ့ဦး ငါအဖော်မရှိလို့ကွ”
“ကဲဒါဆိုလည်း ပြီးရောဗျာ”
အနတ္တလည်း ဘိုးလောကကြီးဇွတ်ခေါ်နေ၍ မညင်းသာတာနှင့် ထိုသို့ပြောလိုက်ရပြီး သူလက်ထဲမှမှော်ဒုတ်တံဖြင့် သူတို့ရှေ့တွင်မြင်နေရသော ညောင်ပင်ကြီးကို လှမ်းထိုးလိုက်သည် ထိုညောင်ပင်ကြီးတွင် ဒေါ်မယ်သုန်၏ စုန်းခေါင်းပြတ်ကြီးရှိပြီး ထိုစုန်းခေါင်းပြတ်ကြီးရှိမှန်းကိုတော့ သူသတိမရ ဘိုးလောကကြီးဇွတ်ခေါ်တာကို လက်မခံခြင်ခံခြင်ဖြင့် လက်ခံလိုက်ရ၍ စိတ်ပျက်ပျက်ဖြင့် ထိုးမိလိုက်ခြင်းဖြစ်သည်။
သူမှော်ဒုတ်တံဖြင့် အမှတ်မထင် ထိုးလိုက်တော့ ထိုညောင်ပင် ကြီးသည် ရုတ်တရက်လင်းလာပြီး ညောင်ပင်ဂွကြားထဲ၌ သူတင်ခဲ့သော ဒေါ်မယ်သုန်၏ ခေါင်းပြတ်ကြီးကိုမြင်လိုက်ရသည် ဒေါ်မယ်သုန်၏ ခေါင်းပြတ်ကြီးသည် သူစမြင်မြင်ခြင်းတော့ မျက်စိမှိတ်လျှက် အနေအထားဖြစ်ပြီး ေနာက်တော့မှ မျက်လုံးနှစ်လုံးနှစ်လုံး ဖြတ်ကနဲပွင့်လာသည် အနတ္တလည်း ဒေါ်မယ်သုန်၏ ခေါင်းပြတ်ကြီးကို မြင်လိုက်ရတော့ လန့်ဖြတ်သွားပြီး
“ဟာ သရဲ”
“မဟုတ်ပါဘူးကွ အဲ့ဒါ မယ်သုန့်ခေါင်းကြီးပါ မင်းကို့ဟာကို တင်ခဲ့ပြီး မမှတ်မိလား”
ဘိုးလောကကြီးလည်း သူမြင်နေသလို မြင်ရ၍ ပြောလိုက်တော့
“ရုတ်တရက်ဆိုတော့ ကျွန်တော်မမှတ်မိဘူးဗျာ့”
အနတ္တလည်း မှော်ဒုတ်တံကို ပြန်သိမ်းရင်းပြောလိုက်ပြီးညောင်ပင်ကြီးကိုသာ ကြည့်နေသည် ထိုအချိန် ညောင်ပင်အောက်မှ အဘိုးအိုတစ်ဦးပေါ်လာပြီး သူတို့ရှိရာဆီသို့လျှောက်လာသည် ထိုအဖိုးအိုကိုမြင်တော့ ဘိုးလောကကြီးက ဇရပ်အောက်ကိုဆင်းသွားပြီး
“မိတ်ဆွေကြီး ဘာကိစ္စများရှိလို့တုန်းဗျာ့”
ဘိုလောကကြီး ဆီးကြိုမေးလိုက်တော့ အဖိုးအိုက
“ငါ့ညောင်ပင်ကို မှော်အလင်းရောင်တစ်ခုရောက်လာတယ် အဲ့ဒါ ဘယ်သူပစ်လွှတ်လိုက်တာတုန်း”
အဖိုးအိုလည်း အနတ္တကိုကြည့်ကာ မေးလိုက်သည် သူစိတ်ထဲမှာလည်း အနတ္တကို မယုံသင်္ကာဖြစ်နေပုံရသည် အနတ္တလည်း ထိုအဖိုးအို သူ့ကိုကြည့်ပြီးမေးလိုက်တာကိုမြင်တော့ အို့တို့အန်းတန်းဖြစ်နေသည် ထိုအခါ ဘိုးလောကြီးက
“ဟို ဇရပ်ပေါ်က ကလေးပါ သူလည်း အမှတ်တမဲ့ဖြစ်သွားတာပါ မိတ်ဆွေကြီးအတွက် အနှောက်အယှက်ဖြစ်သွားရင်လည်း ကျုပ်တောင်းပန်ပါတယ်”
ဘိုးလောကကြီးလည်း အနတ္တကိုယ်စားဝင်တောင်းပန်လိုက်တော့ အဖိုးအိုက
“ကျုပ်အတွက် အနှောက်အယှက်ဖြစ်တာမဟုတ်ပါဘူး ကျုပ်အပင်မှာရှိတဲ့ မယ်သုန်အတွက်တော့ အနှောက်အယှက်ဖြစ်တယ်ဗျာ့ သူတို့လိုမိစ္ဆာတွေက အဲ့ဒီမှော်အလင်းရောင်ကို အင်မတန်ကြောက်ကြတာ ဒါပေမဲ့ မယ်သုန်က အခုသူ့အပြစ်သူသိပြီး အေးအေးချမ်းချမ်းနေနေတာဆိုတော့ သူ့ကိုဒုက္ခမရောက်စေခြင်ဘူး”
“ဟုတ်လား မိတ်ဆွေကြီး ကျုပ်တို့လည်း ဒီပစ္စည်းအကြောင်းကို ကောင်းကောင်းမသိဘူးဗျာ့”
ဘိုးလောကကြီးလည်း အနတ္တကိုယ်စားဝင်ပြောပေးနေပြီး အနတ္တကတော့ ဇရပ်ပေါ်မှနေ သူတို့ပြောေနတာတွေကို နားထောင်နေသည် အဖိုးအိုလည်း သူ့ကိုလှမ်းကြည့်ပြီး
“ကောင်လေး အဲ့ဒီပစ္စည်းကို ကောင်းကောင်းအသုံးချပါ ဘာပဲဖြစ်ဖြစ်မင်းနဲ့ထိုက်လို့ မင်းဆီရောက်လာတာပဲ မင်းကလည်း ဘုန်းကြီးကျောင်းသားမဟုတ်လား ဒါဆို ကောင်းမှု မကောင်းမှုတော့ မင်းခွဲခြားပြီးသိနိုင်မှာပါ”
အဖိုးအိုလည်း ထိုမျှသာပြောပြီး ညောင်ပင်ကြီးဆီပြန်သွားသည် အနတ္တလည်း အဖိုးအိုကြီးကိုလိုက်ကြည့်နေရင်း ညောင်ပင်ကြီးအောက်ရောက်တော့ အဖိုးအိုလည်း ပျောက်ကွယ်သွားသည်
“ကဲ ကောင်းလေး မင်းမှော်ဒုတ်တံအကြောင်းေတာ့တစ်နေ့ထက်တစ်နေ့ ပိုပိုသိလာပြီကွ မင်းသာ ကောင်းကောင်းအသုံးချဖို့ပဲ လိုတော့တယ်”
ဘိုလောကကြီးလည်း ထိုစကားကိုပြောရင်း ဇရပ်ပေါ်ပြန်တက်လာသည် အနတ္တကတော့ ဘာမှပြန်မပြောပဲ ဘိုးလောကကြီးပြောတာတွေကိုသာ နားထောင်နေသည်။
(၃)
“ကဲ ကောင်လေး မင်းငါ့နောက်လိုက်ခဲ့မယ်ဆို သွားအောင်ကွာ”
ဘိုးလောကလည်း သူ့ကိုခေါ်ကာ လွယ်အိပ်ကြီးကိုလွယ်လျှက် ဇရပ်ပေါ်မှ ဆင်းသွားတော့သည် အနတ္တလည်း နောက်မှ လိုက်လာခဲ့ပြီး သူတို့နှစ်ယောက် လမ်းပေါ်ရောက်တော့
“ဘိုးလောက မေတင်ပြုံတို့အိမ်မှာ ခြောက်တဲ့သရဲက တော်တော်ကြမ်းလားဗျာ့”
“ကြမ်းလားမကြမ်းလာတော့ ငါလည်းသေခြာမသိဘူးကွ ဒါပေမဲ့သူတို့အိမ်မှာတော့ လူတစ်ယောက်မှ မနေရဲတော့ဘူး”
“ဒါဆိုလည်း ကျွန်တော်တို့သွားမနေတော့နဲ့ဗျာ လူတစ်ယောက်မှ မရှိတော့ရင် သရဲလည်းခြောက်မှာ မဟုတ်တော့ပါဘူး”
အနတ္တလည်း သူ့စိတ်ထဲရှိသည့်အတိုင်းပြောလိုက်တော ဘိုးလောကက
“အေး အဲ့ဒါတော့ ဟုတ်တယ်ကွ လူမရှိရင် သရဲခြောက်မှာမဟုတ်တော့ဘူး အဲ့ဒီတော့ဒို့သွားလည်း အပိုပဲဖြစ်မှာပဲ”
“ဟုတ်တာပေါ့ဗျာ့ ကျွန်တော်တို့သွားလည်း ခြေထောက်ညောင်းတာပဲ အဖတ်တင်မှာ ဟိုရောက်ရင်လည်း သရဲက ခြောက်မှာမဟုတ်တော့ဘူး အဲ့ဒီမှာ လူမှမရှိတော့တာ”
“အေးဟုတ်တယ် မင်းဦးနှောက်မဆိုးဘူး ဒီတော့ ဘယ်လိုလုပ်မတုန်း”
“ဘယ်လိုမှ မလုပ်နဲ့ဗျာ ကိုယ့်ဟာကို အေးအေးဆေးဆေးပဲ ကျောင်းပြန်ပြီးအိပ်တော့မယ် ဘိုးလောကလည်း ဇရပ်ပြန်ရင်ပြန် ကျောင်းလိုက်ရင်လိုက်ခဲ့”
အနတ္တလည်း ကျောင်းအနောက်ဘက်ရောက်လာပြီမို့ သပြေပင်ကုန်းကို ဆက်မသွားလိုတော့ပဲ ရှာကြံပြီးပြောလိုက်တော ဘိုးလောက က
“ကဲ ဒါဆိုရင်လည်း မင်းကျောင်းပြန်တော့ကွာ ငါလည်း ဇရပ်ပြန်တော့မယ်”
ဘိုးလောကလည်း ထိုသို့ပြောပြီး ဇရပ်ဘက်ကို လှည့်ပြန်မည်အလုပ် သူတို့ခေါင်းပေါ်မှ ဖြတ်ပျံသွားသော ငှက်တစ်ေကာင်၏ အသံကိုကြားလိုက်ရပြီး အပေါ်မော့ကြည့်လိုက်ကြသည် ထိုအခါ အလွန်ကြီးမားသော လင်းနို့ကြီးတစ်ကောင်ကိုမြင်လိုက်ရပြီး အနတ္တက
“ဘိုးလောက ဒီလင်းနို့ကြီးကကြီးလှချည်လားဗျာ့ နည်းတာကြီးမဟုတ်ဘူး”
သူလည်း သာမန်အရွယ်အစားထက် အဆပေါင်းများစွာကြီးနေသော လင်းနို့ကြီးကိုကြည့်၍ပြောလိုက်ပြီး ထိုလင်းနို့ကြီးသည် ခွေးတစ်ကောင်၏ အရွယ်အစားလောက်ပင်ရှိသည် သူလည်း ထိုလင်းနို့ကြီးနောက်ကို လိုက်ကြည့်နေရင်း ဘိုးလောကကြီးက
“ကောင်လေး ဒါရိုးရိုးလင်းနို့တော့ မဟုတ်ဘူးကွ လင်းနို့မိစ္ဆာပဲ လာဒီကောင့်နောက် လိုက်ကြည့်ရအောင်”
ဘိုးလောကလည်း ပြောပြောဆိုဆို လင်းနို့မိစ္ဆာပျံသန်းသွားရာနောက်ကို လိုက်သွားသည် အနတ္တတလည်း ဘိုးလောကနောက်မှလိုက်ခဲ့ပြီး
“ဘိုးလောက ဒီကောင်ကြီး ဘာလုပ်နိုင်တုန်းဗျာ့”
“ဘာလုပ်နိုင်တုန်းတော့ ငါလည်းမပြောတတ်ဘူး ဒါပေမဲ့ ဒီကောင်ရောက်လာတာ လူတွေအတွက်ေရာ တိရစ္တာန်တွေအတွက်ပါ အန္တရာယ်ရှိတယ်ကွ”
ဘိုးလောကလည်း ထိုမျှသာပြောပြီး လင်းနို့ကြီးပျံသန်းသွားရာနောက်ကို လိုက်လာခဲ့သည် သူတို့ထိုသို့ လိုက်လာနေရင်း လင်နို့ကြီးသည် စပါးတလင်းများဘက်ကို ပျံသန်းသွားတာတွေ့လိုက်ရပြီး စပါးတလင်းတစ်ခု၏အနီး သစ်ပင်ကြီးပေါ်၌ တွယ်ကပ်နေတာကို မြင်လိုက်ရသည်။
(၄)
လင်းနို့ကြီးသည် သစ်ပင်ပေါ်မှာ တွယ်ကပ်နေရင်း စပါးတလင်းထဲကိုလည်း ခေါင်းကြီးဆောင်း၍ကြည့်နေသည် လင်းနို့ကြီးထိုသို့ကြည့်နေတာကိုမြင်တော့ ဘိုးလောကကြီးက
“ဟာ ဒီကောင် လူသွေးစုပ်ဖို့ ကြည့်နေတာပဲကွ လာဒို့မြန်မြန် လိုက်ရအောင်”
ဘိုးလောကကြီးလည်း လယ်သေးသေးနှစ်ကွက်အကျော်လောက်မှ လှမ်းမြင်နေရသော လင်းနို့ကြီးကို ကြည့်၍ပြောလိုက်ပြီး စပါးတလင်းရှိရာ ဘက်ကိုခပ်သွက်သွက် လျှောက်လာခဲ့သည် သူတို့စပါးတလင်းထဲရောက်လာတော့ ကောက်ရိုးပုံ တစ်ခုအကွယ်မှာနေလိုက်ပြီး လင်းနို့ကြီး ဘာလုပ်မည်ဆိုတာကို စောင့်ကြည့်နေကြသည် လင်းနို့ကြီးသည်လည်း တလင်းထဲ၌စပါးစော့င့်ရင်း နှင်းစင်အောက်မှာ အိပ်ပျော်နေသူတစ်ေယာက်ကို သေချာကြည့်နေသည် သူ၏မျက်လုံးနှစ်လုံးမှာလည်း ရဲရဲနီနေပြီး သူတို့ကိုတော့ မမြင်၍လား ဂရုမစိုက်၍လားမသိ လှည့်ပင်မကြည့် ဘိုးလောကလည်း ထိုလင်းနို့ကြီးကို သေချာကြည့်ပြီး
“ဒီကောင် ဘယ်ကရောက်လာတဲ့ အကောင်တုန်းမသိဘူးကွ ဒီနားမှာတော့ တစ်ခါမှမတွေ့ဘူး”
ဘိုးလောကကြီးလည်း ညညက်အခါတော်တော်နဲ့ မအိပ်ပဲ လျှောက်သွားနေတတ်၍ ဒီအနီးအနားပတ်ဝန်းကျင်၌ ဘာကောင်တွေ ဘယ်လိုရှိတယ်ဆိုတာကို သိနေပြီး ဤမျှကြီးသော လင်းနို့ကောင်ကြီးကိုတော့ တစ်ခါမှမတွေ့ဘူး ဒါကြောင့် သူကိုတိုင်အံ့ဩနေပြီး အနတ္တကတော့မူ ပြောစရာမလိုတော့ သူတို့နှစ်ယောက်လည်း ထိုလင်းနို့ကြီးကို သေခြာကြည့်နေရင်း လင်းနို့ကြီးသည် တလင်းဘက်ကို ခုန်ထွက်ပျံသန်းလာတာမြင်လိုက်ရသည် ထိုအခါ အနတ္တလည်း
“ဟာ ဘိုးလောက ဒီဘက်ကို ပျံလာပြီဗျာ့”
အနတ္တ ခပ်တိုးတိုးပြောလိုက်တော့ ဘိုးလောကကြီးက
“အေးငါသိတယ် သူဘာလုပ်မယ်ဆိုတာကို စောင့်ကြည့်နေ”
သူတို့နှစ်ယောက် ထိုသို့ပြောနေတုန်းမှာပဲ လင်းနို့ကြီးသည် တလင်းထဲမှအိပ်နေသူထံ တန်းတန်းမတ်မတ်ပျံသန်းလာပြီး ထိုလူ၏ မျက်နှတည့်တည့်ပေါ်မှနေပြီး သူ၏အတောင်ပံများဖြင့် ထိုးအုပ်ဖို့ပြင်နေပြီး ထိုသို့လုပ်ပြီးလျှင်တော့ သူလည်ပင်းကိုကိုက်၍ သွေးစုပ်တော့မည်ဖြစ်သည် ဒါကိုရိပ်မိသောအနတ္တက
“ရပ်စမ်း”
သူ၏မှော်ဒုတ်တံကိုထုတ်၍ လင်းနို့ကြီးထံ ချိန်ရွယ်ပြီး လှမ်းအော်ပြောလိုက်သည် ထိုအခါ လင်းနို့ကြီးအနား၌ အလင်းရောင်တစ်ခုဖြာထွက်သွားပြီး လင်းနို့ကြီးလည်း တောင်ပန်နှစ်ဖက်ကို တဗျန်းဗျန်းခတ်ပြီး အလင်းရောင်ထဲမှ ပျံထွက်ဖို့ပြင်နေသည် ထိုအချိန် အနတ္တ၏အော်သံ လင်းနို့ကြီး၏ တောင်ပန်ခတ်သံတို့ကြောင့် လန့်နိုးလာသော တလင်းထဲမှလူလည်း သူမျက်နှာပေါ်တွင်အတောင်ပံတဗျန်းဗျန်းခတ်နေသော လင်းနို့ကြီးကိုမြင်လိုက်ရပြီး
“ဟာ ဘာကောင်ကြီးတုန်း အမလေးဗျာ့ လုပ်ကြပါဦးဗျာ့”
ထိုလူလည်း ကြောက်လန့်တကြားအော်ဟစ်အကူအညီ တောင်းလိုက်ပြီး သူအပေါ်မှ လင်းနို့ကြီးကို လက်ဖြင့်ရိုက်ပုတ်လိုက်သည် ဒါပေမဲ့ သူလက်နဲ့မရိုက်မိခင်မှာပဲ လင်းနို့ကြီးသည် အလင်းရောင်ထဲမှပျံထွက်သွားတော့သည်။
အနတ္တနဲ့ဘိုးလောကလည်း ထိုလူထံကိုပြေးလာကြပြီး
“ကိုသုခ ခင်ဗျားဘာဖြစ်သွားသေးတုန်း”
အနတ္တမေးလိုက်တော့ ကိုသုခက
“ဟာ ဟေ့ကောင် ငါ့မျက်နှာပေါ်မှာ ဘာကောင်ကြီးပျံနေတာတုန်းမသိပါဘူးကွာ ခွေးကြီလားမသိဘူး”
ကိုသုခလည်း သူ့မျက်နှာပေါ်တွင် ပျံနေသောအကောင်ကြီးကို ခွေးကြီးထင်၍ ပြောလိုက်ပြီး အနတ္တက
“အဲ့ဒါခွေးမဟုတ်ဘူးဗျာ့ လင်းနို့ကြီး ကျုပ်တို့သူ့နောက်လိုက်လာတာ”
“ဟေ ဟုတ်ရဲ့လားကွ ဒီလောက်ကြီးတဲ့ လင်းနို့ကြီးရှိလို့လား “
ကိုသုခတအံ့တဩမေးလိုက်တော့ အနတ္တက
“ရှိလို့ပဲ ခင်ဗျားမြင်လိုက်ရပြီမဟုတ်လား အဲ့ဒီကောင်က ခင်းဗျားလည်ပင်းသွေးကို စုပ်ဖို့လာတာဗျာ့”
“အေးဟုတ်လိမ့်မယ်ကွ ဒါကြောင့်ငါမျက်နှာပေါ် ပျံနေတာပေါ့ တော်သေးလို့ပေါ့ကွာ မင်းတို့ရောက်နေပေလို့သာပေါ့ ဒီလိုမှမဟုတ်ရင် ငါတော့မလွယ်ဘူးထင်တယ် “
ကိုသုခလည်း သူတို့ကိုကြည့်ပြီး ထိတ်လန့်တကြားပြောလိုက်သည် ထိုအချိန် သူတို့ဘေးပတ်ဝန်းကျင် တလင်းထဲမှလူများရောက်လာပြီး
“သုခ ဘာဖြစ်တာတုန်းကွ”
“ဘာဖြစ်ရမှာတုန်းကွာ ငါ့လည်ပင်းကို လင်းနို့ကြီးသွေးစုပ်ဖို့ရောက်လာလို့ကွ”
“ဟာကွာ လင်းနို့လာတာနဲ့များ ဒီလောက်ပဲလန့်အော်ရလားဟ ငါ့မယ် တစ်ခုခုများဖြစ်တာလားလို့”
လင်နို့ဆိုသော အသံကိုကြာလိုက်သည်နှင့် သူတို့လည်း ညဘက်အခါထွက်သော လင်းနို့အကောင်သေးသေးကို ပြောသည်ထင်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက်ကညည့်ကာ ပြုံးစိစိပင်လုပ်နေကြသည် ထိုအခါ ကိုသုခက
“မင်းတို့က ရိုးရိုးလင်းနို့ထင်နေတာကို အခုဟာကခွေးလောက်ရှိတယ်ကွ မတော်လူတောင်ချီသွားနိုင်တယ်”
ကိုသုခ ထိုသို့ပြောလိုက်တော့ သူတို့က
“မင်းဟာ ဟုတ်ရောဟုတ်လို့လားကွ ငါတော့တစ်ခါမှခွေးလောက်ရှိတဲ့ လင်းနို့ကိုမမြင်ဘူးဘူး”
“မင်းတို့မယုံလည်း မတတ်နိုင်ဘူး ငါကတော့လက်တွေ့မြင်ခဲ့တာ ငါတစ်ယောက်ထဲတင်မဟုတ်ဘူး အနတ္တနဲ့ဘိုးလောကလည်းမြင်တယ် သူတို့ပဲ အဲ့ဒီအကောင်နောက်လိုက်လာကြတာ”
ကိုသုခ အဲ့ဒီလိုပြောလိုက်တော့ သူထံရောက်လာသူများလည်း
“ဟုတ်လားကွအနတ္တ သူပြောတာအမှန်ပဲလား”
“အမှန်ပေါ့ဗျာ့ ကျုပ်တို့လည်း အဲ့ဒီအကောင်ေနာက်လိုက်လာရင်း ကိုသုခကို သွေးစုပ်ဖို့လုပ်တာကိုသိတာ”
အနတ္တပါပြောလိုက်တော့ သူတို့လည်း မယုံပဲမနေရဲတော့ သူတို့သည် အနတ္တတစ်ယောက် မလိမ်မညာတတ်မှန်းသိထားပြီး ဘိုးလောကကြီးကိုလည်း သူရူးတစ်ယောက်လို့ပြောကြပေမဲ့ စိတ်ထဲကတာ့ ရိုးသားဖြောင့်မှန်သူကြီးမှန်း သိထားကြသည် ဒါကြောင့် ထိုကိစ္စကို ပေါ့ပေါ့ဆဆမတွက်ရဲတော့ပဲ
“ဒီလိုဆိုရင်ေတာ့ ကျုပ်တို့ပေါ့ပေါ့နေလို့မရဘူးဗျာ့ ခွေးလောက်ရှိတဲ့ လင်းနို့ဆိုရင် လူတွေအတွက်အန္တရာယ်ရှိတယ် နောက်ပြီး တိရစ္တာန်တွေအတွက်လည်း စိုးရိမ်ရတယ်ဗျာ့”
“ဟုတ်တာပေါ့ကွာ ဒါကြောင့် ငါတို့လည်း သူ့နောက်လိုက်လာတာပေါ့ ဒီေရာက်တော့ ငါထင်တဲ့အတိုင်း သုခကိုသွေးစုပ်ဖို့လုပ်တော့တာပဲ ကဲ မင်းတို့လည်း သတိရှိရှိနေကြ ငါလည်း ပြန်လိုက်ဦးမယ်”
ဘိုးလောကကြီးလည်း ထိုသို့ပြောပြီး ဇရပ်အိုကြီးဆီကို ပြန်သွားသည် အနတ္တလည်း ကျောင်းကိုပြန်လာခဲ့ပြီး တလင်းစောင့်သူများကတော့ ကိုသုခတလင်းထဲမှာပင် နေခဲ့ကြတော့သည်။
(၅)
နောက်နေ့မနက်ရောက်တော့ ရွာထဲ၌ ကိုသုခတစ်ေယာက် လင်းနို့ကြီး၏သွေးစုပ်ခြင်း ခံရမည့်တော့မည့်အကြောင်းကိုပြောဆိုနေကြပြီး ရွာထဲမှပြန်လာသော ကပ္ပိယကြီးလည်း ထိုအကြောင်းကို ကြားလာခဲ့သည် ဒါကြောင့် သူကျောင်းပြန်ရောက်သည် အနတ္တကို ထိုအကြောင်း ဟုတ်မဟုတ်မေးမြန်းကြည့်နေသည်။
“အနတ္တ ညတုန်းက သုခကို လင်းနို့ကြီးသွေးစုပ်ဖို့လုပ်တယ်ဆိုတာ ဟုတ်လားကွ”
“ဟုတ်တယ်ဗျာ့”
“အေးကွာ ငါလည်းရွာထဲသွားရင်းအဲ့ဒီအကြောင်းကြားလာလို့ ဒါနဲ့ အဲ့ဒီလင်းနို့နောက်ကို မင်းနဲ့ လောကကြီးလိုက်လာဆို ဘယ်ကနေလိုက်လာတာတုန်း”
“ကျောင်းအနောက်ဘက်ကဗျာ့ ကျွန်တော်တို့ ကျောင်းတံတားပေါ်မှာရပ်ပြီး စကားပြောနေတုန်း ကျွန်တော်တို့အပေါ်က ဖြတ်ပျံသွားလို့လိုက်ကြည့်တာ”
“ဟုတ်လားကွ တော်သေးတာပေါ့ကွာ ငါ့ဆီရောက်မလာလို့ ညတုန်းကငါလည်း ကျောင်းအောက်ကကွပ်ပျစ်ပေါ်မှာ အိပ်ပျော်သွားတာကွ”
ကပ္ပိယကြီးလည်း သူညတုန်းက ကျောင်းအောက်အိပ်ပျော်သွားတာကို အခုမှပြန်လန့်နေရင်း
“မင်းလည်း တစ်ယောက်တည်း ညဘက်လျှောက်လျှောက်သွားနေတာ တော်ကြာ အဲ့ဒီလင်းနို့နဲ့တွေ့လို့ သွေးစုပ်ခံရပြီး မလကီးယားနေဦးမယ်”
ကပ္ပိယကြီးလည်း သူ့ကိုသတိပေးသလိုလို ခြောက်သလိုလိုနဲ့ပြောလိုက်တော့ အနတ္တက
“အဲ့ဒီအတွက်တော့ မပူနဲ့ကပ္ပိယကြီး ကျွန်တော်အဲ့ဒီေကာင်ကို ဘယ်လိုလုပ်ရမယ်ဆိုတာသိတယ်ဗျ့ာ ဒီည အဲ့ဒီလင်းနို့ကိုလိုက်ရှာဦးမှာ”
“အေး လိုက်ရှာပေါ့ကွာ လိုက်ရှာလို့တွေ့ရင်လည်း လည်းပင်းလေးထိုးပေးလိုက် အဲ့ဒါမှာကိစ္စေချာမှာ တခါတည်း ရွာထဲကလူတွေတောင် ကြောက်လို့အပြင်မထွက်ကြဖို့ပြောနေတာကို သူကလိုက်ရှာဦးမယ်တဲ့ တော်တော်လူစွမ်းကောင်လုပ်ခြင်နေတဲ့ကောင်”
ကပ္ပိယကြီးလည်း သူသတိထားဖို့ ပြောနေသည့်ကြားက လင်းနို့ကို လိုက်ရှာဦးမည်ဆို၍ ဗျစ်တောက်ဗျစ်တောက်လုပ်ရင်း တောင်ဝှေးကို တဒေါက်ဒေါက်ထောက်ရင်း ထွက်သွားသည် အနတ္တလည်း သူ့အားစိတ်ဆိုးသွားသော ကပ္ပိယကြီးအားကြည့်ရင်း ပြုံးစိစိဖြင့်ကျန်ခဲ့တော့သည်။
ညဘက်ရောက်တော့ အနတ္တလည်း ကျောင်းတံတားပေါ်ထွက်လာခဲ့ပြီး အနီးအနားပတ်ဝန်းကျင်နဲ့ မိုးပေါ်ကိုမော့ကြည့်လိုက်သည် သူ့အထင် ဘိုးလောကကြီးများ ဤနေရာသို့ ရောက်နေမလားအထင်ဖြင့် ကြည့်လိုက်ချင်းဖြစ်ပြီး ဘာမှမတွေ့တော့မှ ဇရပ်အိုကြီးဘက်ကို ဆက်လာခဲ့တော့သည်။
“ကောင်လေး ရောက်လာပြီလားကွ”
ဘိုးလောကကြီးလည်း သူရောက်လာမည်ဆိုတာ ကြိုတင်သိ၍ ပြောလိုက်ချင်းဖြစ်ပြီး အနတ္တကလည်း
“ဟုတ်တယ်ဗျာ့ ညတုန်းက လင်းနို့ကြီးများ ထပ်တွေ့ရဦးမလားလို့ ထွက်လာတာ”
အနတ္တလည်း ဇရပ်အိုကြီးပေါ် တက်ထိုင်ရင်းပြောလိုက်တော့ ဘိုးလောကကြီးက
“အင်း စောတော့စောသေးတယ်ကွ မနေကအချိန်လောက်ရောက်မှ အပြင်ပြန်ထွက်ကြည့်တာပေါ့ကွာ တွေ့မလားမတွေ့မလားတော့ ငါလည်း အတိအကြမပြောတတ်ဘူး”
ဘိုးလောကကြီးလည်း ထိုသို့ပြောပြီး ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်လိုက်သည် အနတ္တလည်း ဘာမှမပြောတော့ပဲ သူဒီည လင်းနို့ကြီးကိုတွေ့လျှင် မှော်ဒုတ်တံဖြင့် ဘယ်လိုဖမ်းချုပ်ရမည်ဆိုတာကို စဉ်းစားနေသည်။
ထိုသို့ဖြင့် အချိန်အတော်ကြာတော့ ဘိုးလောကကြီးက
“ကဲ ကောင်လေးထွက်အောင်ကွာ တွေ့ရင်လည်းတွေ့ မတွေ့ရင်လည်း မင်းကို ကျောင်းလိုက်ပို့ရင်းပေါ့”
ဘိုးလောကကြီး ထိုသို့ပြောလိုက်တော့ အနတ္တလည်း ထိုင်ရာမှထလိုက်ပြီး နှစ်ယောက်သား ဇရပ်ပေါ်မှဆင်းလာခဲ့တော့သည်။
သူတို့နှစ်ယောက် ကျောင်းတံတားပေါ်ရောက်တော့ မနေညကအချိန်ပင်ဖြစ်ကာ သူတို့လည်း အပေါ်ကိုမော့ကြည့်လိုက်ကြသည် ဒါပေမဲ့ ဘာကောင်မှတော့မတွေ့ရ သူတို့လည်း တော်တော်ကြာအောင်ဆက်စောင့်နေပြီး ဘာကောင်မှ မတွေ့ရတာ့မှ ကပ္ပိယကြီးက
“ကဲ ကောင်လေး ဒီနေ့တော့ လာမယ်မထင်ဘူးကွ နောက်နေ့မှပဲ ဆက်ကြည့်တာပေါ့ မင်းလည်းပြန်အိပ်တော့ အချိန်လည်း သိပ်မရှိတော့ဘူး”
ဘိုးလောကကြီးပြောလိုက်တော့ အနတ္တလည်း
“ကျွန်တော်ကတော့ မပြန်ချင်သေးဘူးဗျာ့ ဆက်စောင့်ကြည့်ခြင်သေးတယ် ဘိုးလောကကြီးပြန်ခြင်ပြန်တော့လေ”
အနတ္တလည်း ကောင်းကင်ပေါ်မော့ကြည့်ပြီး ပြောလိုက်သည် သူစိတ်ထဲမှာလည်း လင်းနို့ကြီးလာကိုလာမည်ဟုထင်နေပြီး မလာမချင်းစောင့်ရန်ဆုံးဖြတ်ထားသည် ထိုအခါ ဘိုးလောကကြီးကလည်း
“မင်းစောင့်မယ်ဆိုတော့လည်း ငါလည်းစောင့်ရုံပေါ့ကွာ ဒါပေမဲ့ ဒီအတိုင်းကြီးနေလို့တော့ မဖြစ်ဘူးကွ ဟိုနားကအပင်အောက်မှာ သွားထိုင်ေနရအောင်”
ဘိုးလောကလည်း ပြောပြောဆိုဆို သစ်ပင်တစ်ပင်အရိပ်အောက်ကို ဝင်သွားသည် အနတ္တလည်း သူ့နောက်မှလိုက်ခဲ့ပြီး နှစ်ယောက်သားသစ်ပင်အောက်တွင်ထိုင်ရင်း လင်းနို့ကြီးပျံသန်းလာမည့်ဘက်ကို ကြည့်နေကြသည် သူတို့ကြည့်နေရင်း သိပ်မကြာခင်အချိန်မှာပဲ တဖျတ်ဖျတ်ဖြင့် တောင်ပံခတ်သံကို ကြားလိုက်ရပြီး သူတို့ထိုင်နေသည့် သစ်ပင်ပေါ်ကို အကောင်တစ်ကောင်လာနားမှန်း သိလိုက်သည်။
အနတ္တနဲ့ဘိုးလောကလည်း သစ်ပင်ပေါ်ကိုမော့ကြည့်လိုက်ပြီး သူတို့ခေါင်းပေါ်ရှိ သစ်ကိုင်းတစ်ကိုင်းပေါ်၌ တွဲလောင်းခိုနေသော လင်းနို့ကောင်ကြီးကို မြင်လိုက်ရပြီး သူတို့လည်း အံ့ဩသွားကြသည် ထိုလင်းနို့ကောင်ကြီးသည် သူ့အောက်မှာရှိနေသည့် လူနှစ်ယောက်ကို သေခြာကြည့်နေပြီး ထိုလူနှစ်ယောက်လှုပ်ရှားတာမြင်တော့ သူလည်းပျံထွက်ဖို့ပြင်လိုက်သည် ထိုအခါ အနတ္တလည်း ရုတ်တရက်ထ၍
“ရပ်စမ်း”
သူ့လက်မှာ အဆင်သင့်ကိုင်ထားသည့် မှော်ဒုတ်တံဖြင့်ထိုး၍ ပြောလိုက်တော့ မနေ့ညကအတိုင်းပင် လင်းနို့ကြီး၏ကိုယ်ပေါ်သို့ အလင်းရောင်တစ်ခုဖြာကြသွားပြီး လင်းနို့ကြီးလည်း တဂွီးဂွီးတဂဲဂဲအော်ရင်း ပျံသန်းထွက်ဖို့ ပြင်နေသည် ဒါပေမဲ့ ကုတ်တွယ်ထားသော သူ၏ခြေသည်းများကို ဖြုတ်လို့မရပဲဖြစ်နေပြီး တောင်ပန်ကြီးတဗျန်းဗျန်းခတ်လျှက်သာ ဖြစ်နေသည် အနတ္တလည်း ထိုလင်းနို့ကြီးကို သေချာကြည့်ပြီး စိတ်ထဲမှနေ၍ ထိုလင်းနို့ကြီး ပျံသန်းလို့မရအောင်သာ ပြောနေသည် ထို့နောက် လက်ထဲမှမှော်ဒုတ်တံဖြင့် ထိုးချိန်ထားရာမှ မြေပေါ်သို့ဆွဲချလိုက်သည် လင်းနို့ကြီးလည်း သူဆွဲချသည့်အတိုင်းပင် အောက်သို့ပြုတ်ကြလာပြီး မြေပေါ်၌ပက်လက်လန်ကြီးဖြသ်နေသည် အနတ္တလည်း ဘာဆက်လုပ်ရမှန်း မသိတာနှင့်မှော်ဒုတ်တံဖြင့်သာထိုးရင်း ဒီအတိုင်းဆက်ကြည့်နေသည် ထိုအချိန် မှော်ဒုတ်တံ၏ အလင်းရောင်အောက်မှ ကြနေသော လင်းနို့ကြီး၏ကိုယ်မှအငွေ့ပျံသလို အမှုန်အမွှားများပျံတက်လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်။
အနတ္တလည်း ထိုအဖြစ်ကိုကြည့်ရင်း အံ့ဩနေသလို ဘိုးလောကကြီးကလည်း
“ဒါကြောင့် ညောင်ပင်မှာရှိတဲ့ ငါ့မိတ်ဆွေကြီးက ပြောတာကွ ဒီမှော်ဒုတ်တံရဲ့အလင်းေရာင်က မကောင်းတဲ့မိစ္ဆာတွေအပေါ် သက်ရောက်မှုအင်မတန်ကြီးမားတယ်ဆိုတာကို “
ဘိုးလောကကြီးလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထိုသို့ပြောရင်း
“ကဲကောင်လေး မင်းလည်းမှော်ဒုတ်တံကို ဘယ်လိုသုံးရမယ်ဆိုတာသိသွားပြီမဟုတ်လား”
ဘိုးလောကကြီး မေးလိုက်တော့ အနတ္တက
“သိသလိုလိုတော့ ရှိသွားပါပြီ ဒါပေမဲ့ သေခြာတော့မသိသေးဘူး”
အနတ္တထိုသို့ပြောလိုက်တော့ ဘိုးလောကကြီးက
“မသိရင်လည်း နေတော့ကွာ ငါလည်းဇရပ်ပြန်တော့မယ် မင်းလည်း ကျောင်းပြန်ရင်ပြန် မပြန်ရင်ဒီနားမှာပဲအိပ်တော့”
ဘိုးလောကကြီးလည်း ပြောပြောဆိုဆို တောင်ဝှေးကို တဒေါက်ဒေါက်ထောက်လျှက် ဇရပ်အိုကြီးဘက်ကို ထွက်သွားတော့သည် အနတ္တလည်း သူပြောတာဘာမှားသွားတုန်း စဉ်းစားရင်း ကျောင်းတံတားဘေး သစ်ပင်အောက်မှာ တစ်ယောက်တည်း ကျန်နေခဲ့တော့သည်။
စာစဉ်(၈)ကို ဆက်လက် တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။