*လမ်းကြုံလိုက်တဲ့သေမင်း*(စ/ဆုံး)
************************************
—————————————–
””ငါ့တူမရေငါ့တူမကဂမ္ဘီရဖြစ်ရပ်မှန်တွေအပျင်းပြေရေးနေတာဦးလေးတွေ့ရတယ်ငါ့တူမကိုအားပေးတဲ့အနေနဲ့ဦးလေးကိုယ်တွေ့ဖြစ်ရပ်မှန်ကလေးတွေကိုပြောပြချင်ပါတယ်—-ငါတူမဆီမှာဖတ်နေတဲ့စာဖတ်သူတွေလည်းဗဟုသုတရတာပေါ့””’
ဦးလေးကပြောပြတဲ့အကြောင်းအရာတွေအကုန်လုံးကစိတ်ဝင်စားစရာအတော်ကောင်းပါတယ်
ဦးလေးကကျောင်းဆရာဆိုတော့စီကာပတ်ကုံးပြောပြလိုက်တာညနေစောင်းမှပြန်သွား၏
ထိုဦးလေးပြောပြသည်ထဲကအတိုဆုံးအကြောင်းအရာလေးကိုတင်ပေးလိုက်ပါသည်။
wallထဲကစာဖတ်သူတွေကလူဘယ်လောက်တိုးတိုးစာဖတ်သူတိုးမလာတဲ့အတွက်အခြားအကြောင်းအရာများအား
မဂ္ဂဇင်းတိုက်ပို့ရန်စီစဉ်ထားပါသည်။
//////////////////////?/////////////
ဦးကြည်စိုးသည်ကျောင်းဆရာတစ်ဦးဖြစ်ကာစာအသင်အပြအလွန်ကောင်း၏
စေတနာကောင်းကာစည်းကမ်းကြီး၍သူ့အတန်းကကျောင်းသားအများစုသည်ထူးချွန်ကြသည်။
လူချစ်လူခင်ပေါများလှ၏တစ်ရက်တွင်ဆရာဆရာမများအတွက်အထူးမွန်းမံသင်တန်းတစ်ခုတက်ရ၏
ထိုသင်တန်းတွင်အနယ်နယ်အရပ်ရပ်မှကျောင်းဆရာဆရာမများလည်းတက်ရောက်ကြ၏
သဘောကောင်းသောဦးကြည်စိုးနှင့်အနယ်နယ်အရပ်ရပ်ကဆရာဆရာမများခဏအတွင်းခင်မင်သွားကြ၏
ဦးကြည်စိုးကသူနှင့်ခင်မင်သည့်ဆရာဆရာမများနေသော၏မြို့များ၏ဒေသန္တရပတ်ဝန်းကျင်အခြေအနေများအားလေ့လာ၍ဗဟုသုတအနေဖြင့်မေးတတ်၏
ထိုအထဲမှခရမ်းသုံးခွဘက်ကလာတက်သောဆရာတစ်ယောက်နှင့်စကားလက်ဆုံကြရင်းသူတို့အရပ်ကအဖြစ်အပျက်တစ်ခုအားပြောပြ၏
ထိုကျောင်းဆရာတွင်မောင်တင်ဟုခေါ်သောမိတ်ဆွေတစ်ယောက်ရှိ၏
ထိုလူသည်အစအနောက်အလွန်သန်ကာမျက်နှာအလွန်ပြောင်၏
တစ်ရက်တွင်သန်လျှင်မြို့သို့ဆိုင်ကယ်ဖြင့်သွားရင်ညနေလောက်မှခရမ်းသုံးခွလမ်းအတိုင်းဆိုင်ကယ်စီးကာပြန်လာ၏
အချိန်ကာလကလည်းညနေစောင်းနေကျချိန်ဆိုတော့သာသာယာယာရှိ၏
ခရမ်းသုံးခွလမ်းကလူပြတ်သည့်နေရာအရောက်တွင်အမျိူ းသမီးတစ်ယောက်ကသူ့ဆိုင်ကယ်အားလှမ်းတားလိုက်၏
သူလည်းဆိုင်ကပ်ရပ်ကာအမျိူ းသမီးအားကြည့်လိုက်ရာအလွန်တစ်ရာချောမောလှပသည်ကိုတွေ့ရ၏
သူ့ဘဝတွင်ဒီလောက်လှသည့်အမျိူ းသမီးတစ်ခါမှမမြင်ဘူးပေသူ့ရင်တွေတောင်အတော်ခုန်သွား၏
”’ညီမဘယ်သွားမှာလဲ””
”’ကျွန်မမြို့ကိုလမ်းကြုံလိုက်ချင်လို့””
ထိုအမျိူ းသမီး၏အသံသည်ဆွဲငင်အားတစ်ခုခုပါနေသလိုထင်ရကာနဂိုကတည်းကအစအနောက်သန်၍
အဖော်ခေါ်ချင်နေသောသူ့အတွက်ရေငတ်တုန်းရေတွင်ထဲကျသလိုဖြစ်သွား၏
ဒါနဲ့အမျိူ းသမီးအားဆိုင်ကယ်ပေါ်တင်၍မောင်းလာ၏လမ်းတွင်တွေ့သည်အသိများနှင့်တွေ့သည့်အခါ
သူချောမောလှပသည့်မိန်းကလေးအားဆိုင်ကယ်ပေါ်တင်လာသညိကိုမြင်အောင်လှမ်းနှုတ်ဆက်လိုက်၏
ထိုသို့နှုတ်ဆက်ရာတွင်လည်းသူ့အားပို၍သတိထားမိအောင်ဆိုင်ကယ်ကိုလက်လွှတ်စီးလိုက်
မီးဖွင့်စီးလိုက်ဖြင့်အမျိူ းမျိူ းလုပ်ကာစီး၍လူမြင်အောင်ပြ၍နှုတ်မှလည်းရွှန်းရွှန်းဝေအောင်အော်၍နှုတ်ဆက်၏
‘ ”ဟေ့ကောင်မောင်ဇော်ရေငါဘယ်လောက်စွံတယ်ဆိုတာမြင်လားကွ””
ထိုအခါမျက်နှာချင်းဆိုင်ဘက်မှစီးလာသောဆိုင်ကယ်သမားကသူ့နောက်ကတင်လာသူအားမြင်သွားပုံရကာပါးစပ်ဟောင်းလောင်းဖြင့်မျက်လုံးကြီးပြူးကျယ်သွား၏
သူ့ဆိုင်ကယ်ကိုငေးရင်းလမ်းဘေးသို့ကျမတတ်ဖြစ်နေ၍မောင်တင်သည်အလွန်သဘောကျသွားကာအော်ရယ်လိုက်၏
””’ဟားးးးဟားးးဟားးး””
စိတ်ထဲမှလည်းဟိုကောင်သူခေါ်လာသည့်ကောင်မလေးကိုမြင်လို့ငန်းတာဆိုင်ကယ်တောင်မှောက်တော့မယ်ဟုထင်မိ၏
ဒီလိုနှင့်နောက်တစ်ယောက်အသိအားတွေ့ရာနှုတ်ဆက်ပြန်၏
”’ဦးလေးအောင်ဘယ်လဲဗျ””
ထိုအခါထိုလူကလည်းသူ့ဆိုင်ကယ်နောက်ကြည့်ရင်းအံ့သြစွာဖြင့်ပြန်မေးလိုက်၏
””’ဟေ့ကောင်မင်းဆိုင်ကယ်နောက်မှာဘာကြီးခေါ်တင်လာတာလည်းကွ””
ထိုအခါမောင်တင်ကသ့ူကိုပြန်နောက်သည်ထင်၍ပြန်ဖြေလိုက်ပြန်၏
”””ဦးလေးရေမနာလိုမဖြစ်နဲ့ဗျူကိုယ့်ကုသိုလ်ကံနဲ့ကိုယ်ပေါ့””
သို့ပေမဲ့သူနှုတ်ဆက်လိုက်တဲ့သူတိုင်းကသူ့အားတအံ့တသြအဆန်းတစ်ကြယ်ကြည့်ကာပြောကြသည်က
””ဟေ့ကောင်ရူးသွားပြီလား—မင်းနောက်ကဘာကြီးတုံး”’
””’ ‘သရဲမကြီးဟ” ””’
””’ဒီလောက်ရုပ်ဆိုးတာကြီးတင်လာပြီးဂေါက်သွားတာ””
အမှန်ကအများအမြင်တွင်သူ့ဆိုင်ကယ်နောက်ပါလာသူသည်အလွန်ကြောက်စရာကောင်းသော
ဆံပင်စုတ်ဖွားနှင့်မိန်းမကြီးတစ်ယောက်ဖြစ်သည်ထို့ကြောင့်လူအများရဲ့ပုံစံကိုကြည့်ပြီး
မောင်တင်ကမင်္သကာတော့ပဲသူ့ဆိုင်ကယ်ကိုရပ်ကာနောက်မှာတင်လာသောကောင်မလေးအားကြည့်လိုက်ရာ
သူခေါ်လာတုန်းကလိုချောမောလှပသည့်ကောင်းမလေးမဟုတ်တော့ပဲအလွန်အသည်းပျက်ဖွယ်
ကြောက်ရွံ့ထိတ်လန့်စရာအလွန်ကောင်းသောဆံပင်စုတ်ဖွားနှင့်သရဲမကြီးဖြစ်၍နေတာကိုမြင်ရတော့
မောင်တင်လည်းငယ်သံပါအောင်အော်လိုက်မိ၏ထိုအခါဆိုင်ကယ်နောက်ကမိန်းမကြီးလည်းပျောက်၍သွား၏
ဒါနဲ့မောင်တင်လည်းဆိုင်ကယ်ပေါ်တက်ကာအသကုန်စီးလာရင်းသရဲမကြီးလိုက်လာမှာစိုး၍ဘုရားတလာ၏
သူ့ဘဝတွင်ဒီလောက်ရုပ်ဆိုးသောသရဲမအားတစ်ခါမှမမြင်ဘူးသဖြင့်အသားများပင်တဆတ်ဆတ်တုန်လာ၏
ဒါနဲ့အိမ်ရောက်တဲ့ခါမောင်တင်သည်အပျင်းဖျားလိုက်တာမပြောပါနှင့်တော့ပါးစပ်ကလည်းကယောင်ကတန်းတွေအော်လိုက်တာမှစုံ၍နေသည်။
အိမ်သားများကဝိုင်းမေးသော်လည်းအဖြေမရအဖျားကြီးလျှက်ရှိနေ၏
မောင်တင်၏မိသားစုများကဆရာဝန်သွားပင့်၍ကုသော်လည်းအဖျားကမကျပေ
မောင်တင်နှင့်လမ်းမှာတွေ့ခဲ့သူများကလည်းမောင်တင်၏မိခင်အားညနေစောင်းကမောင်တင်ဆိုင်ကယ်နောက်တွင်
အလွန်ကြောက်စရာကောင်းသောမိန်းမကြီးတစ်ယောကအားခေါ်တင်လာပုံအားပြောပြရာ
မောင်တင်၏မိသားစုများအလွန်စိုးရီမ်သွားကြကာနောက်နေ့တွင်အထက်လမ်းဆရာကြီးတစ်ယောက်ကိုသွားပင့်ကြ၏
ဒါပေမဲ့ဆရာကြီးမရောက်ခင်တွင်မောင်တင်ဆုံးနှင့်လေပြီဖြစ်သည်။
မောင်တင်သည်စဖြစ်သည်နှင့်နှစ်ရက်သာခံ၍သေခြင်းဖြစ်၍သူတို့အရပ်မှာတော့မောင်တင်၏သတင်းသည်နံမည်ကြီးသွား၏
ပြီး