လိပ်ပြာခွဲချိန်(စ/ဆုံး)
———————-
ည၏အမှောင်ကိုဖြိုခွင်းနေဆဲပြုနေသည့်လမင်းကြီးရဲ့အလင်းရောင်ကလဲ ဓနိတဲအိမ်လေးတွေအဖို့ ဖယောင်းတိုင်ထွန်းဖို့မလို၊
လင်းထိန်လို့နေလေသည်
ထိုတဲအိမ်လေးမှာနေထိုင်သည့်သူတွေကတော့ လင်မယား၂ယောက်ပင်ဖြစ်သည်
အမည်အားဖြင့် ကိုစိုး နှင့် နှင်းမြ ပင်ဖြစ်ကြသည်
ကိုစိုးနှင့် နှင်းမြတို့ဟာ လူဆင်းရဲမိသားစုများကပင်ဆင်းသက်လာသောသူများဖြစ်ကြသည်
အချစ်မှာတော့ဆင်းရဲတာချမ်းသာတာမရှိသည့့်အတွက် သူတို့၂ဦးဟာ အကြောင်းပါလာလို့ ကြင်ဖော်တွေအဖြစ်နေနဲ့ ဖြစ်လာခဲ့ကြသည်
ကိုစိုး ဟာ ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်တဲ့သူလဲဖြစ်သည်
စာဝတ်နေရေးအတွက် မနဲဲကြိုးစားလုပ်ကိုင်ခဲ့သည်
ယခုမှာမူ သူတို့ ၂ယောက်ဘဝထဲသို့ ရတနာတစ်ပါးလေးရောက်လာတော့မှာမို့ အရမ်းကိုပျော်နေကြသည်
တချိန်လူဖြစ်လာမည့်ရတနာလေးအတွက် စားဝတ်နေရင်းကိုရှာဖွေနေရင်းကနေ အပိုငွေလဲစုဆောင်းခဲ့ကြပြန်သည်၊
*နှင်း မအိပ်သေးဘူးလားကွ မပေါ့မပါးကြီးနဲ့အိပ်တော့လေကွာ*
**အထဲမှာ သားလေးလား မီးမီးလေးလားမသိဘူး တိုးနေလို့ပါတော့**
*ဟာ ဟုတ်လားး
အကို နားထောင်ကြည့်မယ်
အားးးးသားသားလေးလား မီးမီးလေးလားး
မင်းတို့ကတိုးနေကြတော့ မင်းတို့မေမေကအပြင်မှာအိပ်မရတော့ဘူးကွ အပြင်ရောက်မှ ဖေဖေနဲ့အတူဆော့ဟုတ်ပြီလားး*
**အကို ကလဲ တိုးပါစေ သူတို့လဲဆော့ချင်မှာပေါ့**
*ဒီမှာအမိ တခါထဲပြောမယ်နော်
အများကြီးအလိုမလိုက်ရဘူးနော်ကြားလား
ဆုံးမသင့်တာဆုံးမရမယ်*
**ကဲပါ အကိုကကိုကအသဲပိုနေတာ
ဘာမှန်းမသိဘူး**
*ငါ့မိန်းမက ဘယ်ချိန်ပဲနူတ်ခမ်းဆူဆူ အမြဲကလေးလေးလိုပဲ အထဲက ရတနာလေးနဲ့အတူအပြိုင်ဆိုးချင်နေတာလားပြော*
**ပေါက်ပေါက်ရှာရှာ ပြောပြီ
အကောင်းပြောမို့နားထောင်အုံး**
*အမိန့်တော်အမြတ်တိုင်းပါသခင်မ*
**ကလေးလေး မွေးပြီးလို့ နဲနဲကြာသွားရင် နှင်း ပါ အလုပ်ထွက်လုပ်မယ်
ရတနာလေး ရှေ့ရေးအတွက် နှင်းတို့လိုလူဆင်းရဲအဖြစ်မခံနိုင်ဘူး အကို•••••**
*အကို လဲအဲ့တာတွေတွေးထားပါတယ်
အကောင်းဆုံးပေါ့ကွာ အရင်ကထက်ပိုပြီး ကြိုးစားရမှာပေါ့•••*
**အင်းပါ**
*အာ နေပါအုံး နေပါအုံး
ကလေးလေး မွေးလာရင် အကို့ကို နှင်းကမချစ်တော့ဘူးလား ဖြေဖြေအဲ့တာ*
**ဟာ အကိုကလဲ သားသမီးရလာပါပြီ ကလေးကိုပိုဦးစားပေးရမှာပေါ့
သေချာတာတခုကတော့ ရတနာလေးကို နှင်းအနားကမခွာပြုစုစောင့်ရှောက်မှာ မိခင်မေတ္တာကဘာနဲ့မှ
နိူင်းဆမရဘူးတဲ့**
*ဟွန်းးးးးးကလေးတောင်မနာလိုဖြစ်လာပြီ*
ဇနီးမောင်နှံ၂ဦးဟာ ရှေ့ရေးတွက်တွေ တွေးရင်း ဟာသလေးတွေပါပြောကြဆိုကြနဲ့ လရောင်အောက်မှာ ပျော်ရွှင်ကြည်နူးစရာလေးကိုဖြစ်လို့နေလေသည်
**နေပါအုံး ပြောဖို့မေ့နေတာကျန်**
*ပြောလေ နှင်း ဘာများလဲ*
**နှင်းလေ နှင်းတို့နေတာစျေးဖိုးထဲကနေ ပိုက်ဆံအနည်းငယ်လေးတွေစုစုထားတာ အခုဆိုအတော်ရနေပြီတော့၊
အဲ့တာလုပ်ဖို့လဲသိလား**
*သိတာပေါ့ကွ အကိုတို့နောက်နှစ်မိုးမကျခင် အိမ်ပြင်ဖို့မလား*
**မဟုတ်ပါဘူး အဲ့ထက်အရေးကြီးတယ်**
*ငါ့မိန်းမက လျှို့ဝှက်ချက်တွေဘာတွေနဲ့
အကို့ို့ကိုလဲပြောပြလေ *
**ဒီလိုအကိုရဲ့ နှင်း ရဲ့ ကလေးလေး အရွယ်ရောက်ရင် ရဟန်းဘောင်အတွင်းသွပ်သွင်းဖို့အတွက် ရဟန်းခံရှင်ပြုလေး လုပ်မလို့တော့**
*ဟေ းးးးးး*
ကိုစိုးတစ်ယောက် သူ၏မိန်းမကို တအံ့တဩကြည့်နေလေသည်
**ဘာကြည့်နေတာလဲ အကို ကလဲ
မပျော်ဖူးလား
သားလေးဆိုရင် နှင်း အရမ်းပျော်မှာ
အကိုက သပိတ်ကိုလွယ်
နှင်း ကသင်္ကန်းကိုကိုင်လို့ အလှူ့ဒကာကြီးနဲ့အလှူမကြီးပေါ့
သားလေးက မြင်းပေါ်မှာ
အိုးးးပြောရင်းနဲ့တောင် အတော်လေးပီတိဖြစ်ရတယ်အကိုရယ်**
နှင်းမြ တစ်ယောက် သူမ၏ယောကျာ်းကိုပြောပြနေသည်မှာ အားရပါးရပဲ၊
မိခင်တစ်ယောက်ရဲ့ ရင်တွင်းမေတ္တာတွေကို အတိုင်းအဆမရှိဖော်ပြလို့နေလေသည်
အပျော်လွန်ပြီး ဝမ်းသာမျက်ရည်လေးတွေပါ စီးဆင်းလို့နေလေ၏
*နှင်း ရယ် အဲ့လောက်တောင် ပဲလား
အကို နှင်းကို ပါရမီထပ်ပြီးဖြည့်ပေးပါ့မယ်
စိတ်ချပါနော်*
လတွေ၊ ရက်တွေ၊ အလီလီပြောင်းလဲလာသည်နှင့်အမျှ နှင်းမြကိုယ်ဝန်လဲ အရင့်အပိုင်းကိုရောက်ရှိလို့လာခဲ့ပါပြီ
**အားးးးကျွတ်းးးကျွတ်းးး**
*မိန်းမ မင်းအဆင်ပြေလား တခုခုဖြစ်တာနဲ့ပြောနော်*
**နှင်း မွေးချင်လာတာလားမသိဘူးတော့
အားးးးနာလိုက်တာ အမေရေ**
*ခဏလေးစောင့်နော် မိန်းမ
အကို လက်သည် ဒေါ်အေး ကိုသွားခေါ်လိုက်အုံးမယ်
ခဏလေးခဏလေးပဲ*
**အားးးးမြန်မြန်သွားခေါ်
နာလို့သေတော့မယ် **
ကိုစိုး ဟာ လက်သည် ဒေါ်အေးအိမ်သို့ချက်ချင်းကိုအပြေးအလွှားသွား၍ခေါ်ခဲ့သည်
*ဒေါ်အေးရေ ဒေါ်အေး ဒေါ်အေး*
°ဟဲ့ ကိုစိုး ဘာလို့အဲ့လောက်တောင်အော်ခေါ်နေရတာလဲဟယ်°
*ကျုပ်မိန်းမ ဗိုက်နာနေလို့ဗျ အမြန်လေးလိုက်ခဲ့ပေးပါဗျာ လုပ်ပါ*
°အေးအေး အခုပဲလိုက်ခဲ့လိုက်မယ်°
**အိုးးးးအမေရေ ကယ်ပါအုံးးး
နာလိုက်တာတော် **
°သမီး နှင်းမြ ညစ်ထားညစ်°
*အီးးးးးးးးးးးးးးအီးးးးးးးး
အားးးးးးအရမျးနာလိုကတှာ အမရေဲ့းးးး
ဆက်ပြီးမညစ်နိုင်တော့ဘူးးးး*
°နှင်းမြရယ် အားတင်းထားပါ
ကြိုးစားပြီးညစ်နော်သမီး°
**အီးးးးးးးးးးးးအီးးးးးးးးးးးးးးးးးးးးးးးး*
×အူဝဲ~~~~~~~~အူဝဲ~~~~~~~~~×
°မွေးပြီးတော့မွေးပြီ ယောကျာ်းလေးယောကျာ်းလေးဟေ့ °
**ဒေါ်အေး တကယ်ပြောတာလားဗျ
ကျူပ်ဝမ်းသားလို့ဘယ်လိုနေရမလဲမသိတော့ဘူးဗျ**
°သမီး နှင်းမြ
နှင်းမြ နှင်းမြ သမီး အဒေါ်ခေါ်နေတာကြားလား
နှင်းမြ °
နှင်းမြဟာအသက်ပင်မရှိတော့
မျက်လုံးတောင်မပိတ်နိုင်ပဲ မီးတွင်းထဲမှာဆုံးပါးလို့သွားခဲ့သည်
°ဟဲ့ ကိုစိုးရေ ကိုစိုး
နင့်မိန်းမကိုလာကြည့်ပါအုံးဟဲ့
ခေါ်လို့မရတော့ဘူး°
*ဗျာ ~~~~~~~
ကျုပ်မိန်းမ ခေါ်လို့မရတော့ဘူးဟုတ်လား*
ကိုစိုးဟာ အိမ်ပေါ်သို့အမြန်ပြေးတတ်သွားခဲ့သည်
*မိန်းမ နှင်းမြ
နှင်းမြရေ အကိုခေါ်နေတယ်လေကွာ
ထကြည့်ပါအုံးး
မိန်းမ မိန်းမ အကို့ကို မစနဲ့ကွာ
အကို့ကို ဒီလိုကြီးမနောက်က်ပါနဲ့နော်
မိန်းမ နှင်းမြရေးးးးးးးးးးး*
°ကိုစိုး မင်းမိန်းမအသက်မရှိတော့ဘူး
အဒေါ်လဲစိတ်မကောင်းပါဘူးကွယ်°
*ဟာကှားးးးးး
ကံတရားကြီးကရက်စက်လှချည်လား
အားးးးးးးးးးးးးးးးးးးး*
ကိုစိုးတစ်ယောက် ရင်ကွဲပလက်ကိုအော်ဟစ်ငိုကြွေးနေပါတော့သည်
ရပ်ကွက်ကလဲ ထိုကိစ္စကိုသိသွားကြသည်မို့ အသုဘအတွက်စီစဥ်စရာရှိတာ စိစဥ်ပေးနေကြသည်
ကိုစိုးတစ်ယောက် မိန်းမအနားကနေမခွာ သူ့မိန်းမပါးလေးကိုပွတ်လျှက်
*နှင်း မင်းပြောတော့ အကိုက အလှူ့့ဒကာကြီးလုပ် နှင်းကအလှူ့အမကြီးလုပ်မယ်ဆို
အခုမင်းသိပ်လိုချင်တဲ့သားလေးမွေးတယ်လေကွာ
အကိုတို့သားအဖ၂ယောက်ကိုစိတ်ချလက်ချထားခဲ့ပြီလားကွာ
အကို ဘယ်လို ဖြေသိမ့်ရမလဲ ပြောပါအုံး နှင်း မင်းထပြောပါအုံးကွာ
ဟာကှားးးးးးးးးး*
×အူဝဲ~~~~~~အူဝဲ~~~~~~~~×
*မင်းမငိုပါနဲ့သားလေးရာ
မင်းကိုချော့သိပ်မယ့် မင်းမေမေမရှိတော့ဘူးကွ
မင်းမငိုစမ်းပါနဲ့ကွာ*
•ကိုစိုး မင်းမူးနေပြီ အနားယူလိုက်ပါတော့လားကွာ•
*ကိုကြီးသာလှ ရာ ကျွန်တော့်အတွက်ဘယ်အရာတွေကများ ဘာတွေထပ်ပြီးလိုနေသေးလို့လဲဗျ
ဒီအရက်သောက်နေလို့ သက်သာနေတာဗျ
အဲ့တာရောသိလားး သိလားးးး*
•ဟုတ်ပါပြီ ကွာ
ဒါပေမယ့့် မနက်ဖြန်အသုဘချမယ့့်ရက်လေကွာ မင်းအနားယူသင့့်တယ်မဟုတ်လား•
*ကျွန်တော့် မိန်းမအနားက ဘယ်မှမခွာဘူး မခွာဘူးးးးး*
အကုန်လုံးကလဲ ထိုဖြစ်ရပ်လေးကိုကြည့်ပြီး ငိုမိတဲ့သူကငို ၊
ဝမ်းနည်းတဲ့သူကဝမ်းနည်းနဲ့ဖြစ်နေကြသည်
×××အူးးးးးးးးဝူးးးးးးးးးးးးးးးဝူးးးးးးးးးးးးး×××
တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်မှ ဆွဲဆွဲငင်ငင်နဲ့ အူးလာသောခွေးတွေအသံကြောင့် အသုဘအိမ်မှာရှိနေတဲ့ ရွာသူရွားသားအချို့လဲ အနည်းငယ်လန့့်သွားသည်
ခွေးတွေဟာ အသုဘအိမ်ရှေ့မှာပင်ရပ်နေပြီ အူနေကြပါတော့သည်
ရုတ်တရက်ဆိုသလို ကိုစိုး၏သားလေးကိုထည့့်ထားသည့့်ပုခတ်ဟာ တဖြည်းဖြည်းရွေ့ရှားလာပါတော့သည်
အားလုံး ပါးစပ်အဟောင်းသားနဲ့ ဘာသံမှပင်မထွက်၊
ခဏအကြာမှာတော့ ခွေးအူသံတွေကရပ်ပ်တန့့်လို့သွားခဲ့ကြသည်၊
ကိုစိုးကတော့ မူးပြီး သူ့မိန်းမအလောင်းဘေးမှာအိပ်ပျော်လို့နေလေ၏
~ဒူဝေဝေ~~~~~~~~ဒူဝေဝေ~~~~~~~
*မိန်းမရေ နှင်းမြ ငါ့ကိုမထားခဲ့ပါနဲ့
မင်းမရှိရင်ငါဘယ်လိုနေရမလဲကွာ
သားလေးနဲ့ငါ့ကိုဘာလို့ထားခဲ့ရတာလဲ
မင်းမသွားပါနဲ့ ကျုပ်မိန်းမကို မခေါ်သွားကြပါနဲ့ဗျာ*
•စိတ်ကိုထိန်းပါ ကိုစိုးရာ
ငါတို့လဲအတော်လေးစိတ်မကောင်းဖြစ်နေရတယ်
အခုလိပ်ပြာတစ်ခါထဲခွဲမှာမို့ မင်းစိတ်ကိုလျော့ထားကွာ•
အလောင်းမြေမချခင် လိပ်ပြာခွဲ့ဖို့အတွက်ပြင်ဆင်နေကြ၏
လိပ်ပြာခွဲမှာမို့ လူတွေကလဲအုံခဲလို့နေလေ၏
လိပ်ပြာခွဲ့တဲ့နေရာမှာ သိတဲ့တတ်တဲ့သူကိုတော့ခေါ်ထားရသည်
ချိန်ခွင် ဟိုဘက်ဒီဘက်မှာ ကလေးအင်္ကျီလေးနဲ့ နှင်းမြရဲ့အင်္ကျီကိုထည့်၍ထားခဲ့သည်
°°နှင်းမြ ရေ နှင်းမြ
လိပ်ပြာခွဲတော့မှာမို့ ရောက်ရာအရပ်ကနေအမြန်ဆုံးခဲ့ပါ °°
ထိုသို့ ခေါ်လိုက်သည်နှင့်တစ်ပြိုက်နက် ချိန်ခွင်လျှာဟာဟိုဘက်ဒီဘက်လူပ်ရှားနေသည်
အသုဘလိုက်ပို့သည့့်လူများကလဲတိုးတိုးကြိတ်ကြိတ်ကိုစိတ်ဝင်တစားကြည့်နေကြသည်
°°ကဲ မင်းဘယ်သူ့လက်ထဲမှာစိတ်ချစွားထားခဲ့မှာ လဲမင်းသားလေးကို၊
မင်းရဲ့ယောကျာ်းဆီမှာ ထားခဲ့မှာလား
ထားခဲ့မယ်ဆို ချိန်ခွင်လျှာ ကလေးအင်္ကျီဘက်ကိုအလေးသာလိုက်ပါ°°
ထူးဆန်းမူပါပဲ၊
သူမ၏ယောကျာ်းဆီမှာတောင် စိတ်မချတဲ့သဘောကိုပြနေခဲ့သည်
ချိန်ခွင်လျှာဟာ လုံးဝမငြိမ် ၊အားလုံးကလဲအံ့ဩနေကြသည်
*မိန်းမ မင်းက သားလေးကိုငါ့ဆီမှာတောင်စိတ်မချဘူးလားကွာ ငါ့သားလေးကိုငါစောင့်ရှောက်နိုင်ပါတယ်ကွာ
မင်းအဲ့လိုမလုပ်ပါနဲ့*
ချိန်ခွင်လျှာဟာ လုံးဝမငြိမ်သေးပေ၊
°°ကဲကောင်းပြီ မင်းယောကျာ်းဆီမှာ စိတ်မချဘူးဆို မင်းရဲ့အမျိုးတွေဆီမှာ ထားမှာလား
ထားမယ်ဆို ချိန်ခွင်အလေးသာ°°
ဒါလဲချိန်ခွင်က ဟိုဘက်ဒီဘက်ကို လူပ်ရှားနေတုန်း
ထိုအချိန်~~~~~~
အသုဘလာပို့တဲ့တစ်ယောက်ကို ဝင်ပူးလေ၏
••မပေးဘူး ငါ့ကလေးကိုဘယ်သူ့ကိုမှမပေးနိုင်ဘူး
ငါ့သားလေးကိုငါပဲဂရုစိုက်မှာ °°
°°မင်းနဲ့ မင်းသားလေးကဘဝခြသွားပြီလေ အဲ့တာရောမင်းင်းသိလား °°
••ကျွန်မကလေးနဲ့ကျွန်မ မခွဲနိုင်ဘူး
ကျွန်မ ဘယ်သူ့ကိုမှမပေးနိုင်ဘူးးးးးး••
နှင်းမြ ဟာ ဒေါသတကြီးနဲ့ပြောဆိုလို့နေလေသည်
မြေချဖို့ကလဲ နီးကပ်လာပြီမို့ ဘယ်လိုမှပြုလုပ်၍မရ၊
ထိုအချိန် သရဏဂုံ တင်ပေးမည့့် သံဃာတော်တွေရောက်ရှိလို့လာပါပြီ၊
သံဃာတော်တွေထဲမှာ ကျောင်းထိုင်ဆရာတော်ကြီးပါတစ်ပါထဲလိုက်ပါလို့လာခဲ့သည်
ကျောင်းထိုင်ဆရာတော်ကြီးဟာ ထိုကိစ္စကိုသိရှိပြီးနောက် လိပ်ပြာခွဲတဲ့နေရာသို့ သွားခဲ့သည်
××ဒကာမကြီး နှင်းမြ
မပူလောင်လွန်းဘူးလားကွယ်××
ထိုအသံကြောင့် နှင်းမြ ဟာ မော့ကြည့်လိုက်သည်
××ဒကာမကြီးသားလေးကအခုမှ လူစဖြစ်မှာလေကွယ်၊
ဘဝတွေလဲခြားနေပြီလေ ဘာလို့များ ဆက်မိုက်ချင်နေသေးတာလဲ ဒကာမကြီး××
**တပည့်တော်မသားးလေးကိုဘယ်သူနဲ့မှစိတ်မချဘူးဘုရား
ကိုစိုး က အခုလိုသောက်စားနေတော့ တပည့်တော်မဘယ်လိုလုပ်စိတ်ချနိုင်မှာလဲဘုရား
တပည့်တော်မှသားလေးနဲ့မခွဲနိုင်ပါဘူးဘုရား
တပည့်တော်မ သားလေးကိုတပည့်တော်မပြန်ယူပါရစေ**
နှင်းမြဟာ ရှုံးမွဲချငိုကြွေးလို့နေပါတော့သည်
••အိမ်းးးးးဒါဆိုရင် ဒကာမကြီး သားလေးကို ဘုန်းဘုန်းကိုပေးနိုင်မလားကွဲ့••
နှင်းမြ ငြိမ်သွားသည်
••ဘုန်းဘုန်း ဒကာမကြီးသားလေးကို လူကောင်းသူကောင်းဖြစ်အောင် လိမ်မာယဥ်ကျေးအောင်သွန်သင်ဆုံးမပြီး ဘုရားရိပ်တရားရိပ်မှာပဲ ရဟန်းဘောင်အသွင်းသွပ်သွင်းပေးပါ့မယ်လို့ ဘုန်းဘုန်းကတိပေးပါတယ်ကွယ်••
ထိုအချိန် ချိန်ခွင်လျှာဟာ ကလေးဘက်ကိုထိုးသွားတာကြောင့် ချက်ချင်းပဲ ချိန်ခွင်ကိုချထလိုက်ပါတော့သည်
ထို့နောက် မြေချ ဘာညာပြုလုပ်ခဲ့ပါတော့သည်
သချိုင်းမှာ သရဏဂုံ တည်ပြီး ရေစက်ချအမျှဝေပြုလုပ်ခဲ့ပါသည်
(••မနှင်းမြ နှင့်တကွ အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့••
**သာဓု သာဓု သာဓု**)3
*နှင်းမြရေ မင်းစိတ်ချလိုက်ချသွားပါတော့ကွာ မင်းကအရက်သောက်တာမကြိုက်ဘူး ငါဒီနေ့ပဲမသောက်ပါဘူးကွာ အမျှ အမျှ အမျှ *
အားလုံးလဲ ကြေကွဲစရာအဖြစ်အပျက်လေးကိုကြည့်ပြီး ဖြေမဆည်နိုင် လူတိုင်းကိုယ်စီ မျက်ရည်လေးတွေတွဲခိုလို့ အသီးသီးအိမ်သို့ပြန်သွားကြပါတော့သည်။
ပြီးပါပြီ။
နှောင်းနွေ (ကိုယ်တိုင်ရေး)