လူဝင်စားနှင့်နှစ်ဘဝမှတ်တမ်း(စ/ဆုံး)
———————————–
အချိန်ကား ၁၉၉၉ ဒီဇင်ဘာလ (၁)ရက်နေ့။ အဲ့ဒီနေ့က
အရမ်းအေးနေတယ်။ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီဟာ
တစ်ခြားနိုင်ငံတွေလို အေးခဲနေလောက်အောင် အအေး
ဓာတ်မပြင်းပေမယ့် အဲ့ဒီ ဒီဇင်ဘာ(၁)ရက်နေ့မှာ
ဓာတ်တွေ အရမ်းလွန်ကဲနေတယ်။ ရေဒီယို၊
ရုပ်မြင်သံကြား အစရှိတဲ့ အသံလွှင့်ဌာနတွေမှာလည်း
အအေးဓာတ်လွန်ကဲနေတာကြောင့် ပြည်သူပြည်သား
အားလုံး နွေးနွေးထွေးထွေးနေထိုင်ရန် တဆာဆာအသံလွှ
င့်နေခဲ့တဲ့ နေ့ရက်ကလေးပေါ့။
ကျွန်တော်က အသက်၂၈နှစ်ရှိပြီ။ သူမက အသက်၂၇။
သူမဆိုတာ ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူလေးပါ။
သူမကို ကျွန်တော်သိပ်ချစ်တယ်။ သူမက ကျွန်တော့်
အတွက်ဆိုရင် ဘာမှမဆိုရင်ဆိုင်ရဲတယ်။ သူမအတွက်ဆို
လဲ ကျွန်တော်ဘာမဆိုရင်ဆိုင်ရဲတယ်။ သူမနဲ့ကျွန်တော် ဒီ
နေ့ ဒီဇင်ဘာတစ်ရက်နေ့ဆိုရင် ချစ်သူတွေဖြစ်လာတာ
(၃)နှစ်တင်းတင်းပြည့်ပြီလေ။ သူမနဲ့တွေ့ဖို့ ကျွန်တော်အခု
စောင့်နေတာ။
သူမလာရာလမ်းလေးကို ကျွန်တော်ငေးကြည့်နေမိရင်း ရင်
တဒိတ်ဒိတ်ခုန်နေတယ်။ အရမ်းလဲအေးနေတယ်။ သူမလာ
တာနဲ့ သူမကိုပွေ့ဖတ်ပြီး အရမ်းအေးနေတဲ့ ဆောင်းညနေ
လေးကို ဖြတ်ကျော်ပစ်လိုက်မယ်။ သူမနဲ့ကျွန်တော်စတွေ့
ခဲ့တာကလဲ။ ရုပ်ရှင်ဆန်ဆန် အဝေးပြေးကားပေါ်မှာ စတွေ့
ခဲ့တာ။ သူမက ကျွန်တော့်အနောက်ခုံ။ ကျွန်တော်က သူမရဲ့အရှေ့ခုံမှာထိုင်ကြရင်း တစ်ဦးနဲ့တစ်ဦး အကြည့်ချင်းဆုံ
မိတ်ဆွေတွေဖြစ်ပြီး ခင်မင်ရင်းနှီးသွားခဲ့တယ်ပေါ့လေ။
သူမနဲ့ကျွန်တော်က တစ်မြို့တည်းမှာနေတာ။ သူမက
မြောက်ဥက္ကလာပမြို့နယ်။ နွယ်သာကီဆိုတဲ့(က)ရက်
ကွက်။ ကျွန်တော်က(ည)ရပ်ကွက် နီးနီးလေးတွေဆိုပေမ
ယ့် နယ်ကိုသွားတဲ့ အဝေးပြေးကားပေါ်မှာ ခင်သွားခဲ့
တယ်။ အဲ့ဒီနောက်ပိုင်း သူမဆီသွားရာကနေ
တဖြည်းဖြည်း အခုလိုချစ်သူဘဝရောက်လာခဲ့တာ။
ဆိုးတယ်ဗျာ။ သိပ်ကိုဆိုးတယ်။ ကျွန်တော့်မိသားစုက
သူမနဲ့သဘောမတူဘူး။ ဘာကြောင့်လဲဆို။ သူမရဲ့ အစ်မ
တွေအားလုံးက ပြစ်တန်ဆာလုပ်စားကြတာ။ သူမတို့ညီမ
တွေအားလုံးက တောင့်တောင့်ဖြောင့်ဖြောင့်
ချောချောမောမောတွေချည်းပဲ။ ဆိုးတာက ဝမ်းရေးနဲ့ ဘဝ
ပေးအခြေနေကြောင့် ပြစ်တန်ဆာလုပ်စားနေရတယ်လေ။
ကျွန်တော့်ချစ်သူက လျှာပေါ် မြတ်ပေါက်သွားပါစေ။ ဝတ်
စရာ မရှိရင်နေပါစေ။ ဒီလိုပစ်တန်ဆာအလုပ်မျိုး သူမ မ
လုပ်ဘူးလို့ ပြောတယ်။
ကျွန်တော်လဲသူမတို့မိသားစုအကြောင်းတွေသိရတယ်။ ဒါ
ပေမယ့် ကျွန်တော်သူမကို အရမ်းချစ်တယ်။ သူမ ဘာပဲ
ဖြစ်နေပါစေ။ ကျွန်တော်သူမနဲ့ ဘဝတစ်ခုထူထောင်မယ်။
ဒါပေမယ့်ဗျာ။ လူဆိုတာက တစ်ဦးတစ်ယောက် မနေနိုင်
တော့ခါ လူအသိုင်းအဝိုင်းနေရပါသည်ဟူသော ဆောင်ပုဒ်
ရှိတယ်လေ။ သိပ်မှန်တယ်။ ကျွန်တော့်မှာ အဖေ။အမေ။
ညီအစ်ကို။မောင်နှမတွေရှိတယ်။ ကျွန်တော့်မိသားစုက
ချစ်သူကောင်မလေးရဲ့ အသိုင်းဝိုင်းအကြောင်းကို သိ
လိုက်ရတော့ သူမနဲ့ ကျွန်တော့်ကို ဘယ်လိုမှသဘောမတူ
ကြဘူး။ လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့ ဆောင်ပုဒ်တိုင်း
ပဲလေ။ ချစ်သူကောင်မလေးအသိုင်းဝိုင်းက နာမည်ပျက်
တွေရှိနေတော့ ကျွန်တော့်မိသားစုက သဘောမတူကြဘူး။
ဘာပဲဖြစ်ဖြစ် ကျွန်တော်သူမကို ချစ်တယ်။ မိသားစု
သဘောမတူလဲ ကျွန်တော်ဂရုမစိုက်ဘူး။ သူမနဲ့ အမြန်ဆုံး
နီးစပ်အောင် ကျွန်တော်ကြိုးစားနေခဲ့တယ်။ သူမနဲ့
အတူတူနေချင်တဲ့ ကျွန်တော်ရဲ့စိတ်က ရမ္မက်စိတ်မဟုတ်။
တဏာရာဂစိတ်မျိုးလဲမဟုတ်ဘူး။ နှစ်ဦးသား ဘဝတစ်ခုတည်းမှာ အတူတူနေချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းပါ။
ကျွန်တော်တစ်ယောက်တည်း ဒီလိုစိတ်မျိုးရှိနေတာလား။
မဟုတ်ပါဘူး။ ချစ်သူကောင်မလေးကလဲ ကျွန်တော့်လို
စိတ်မျိုး သူမှာရှိနေခဲ့တာ ကျွန်တော်သိလိုက်ရတော့ သိပ်
ကိုးအံ့ဩမိတယ်။
မကြာခင်အချိန်တောတွင်းမှာလဲ ဘယ်သူမှ အသိမှတ်မပြု
ရင်နေပါစေ။ နှစ်ဦးသား လက်ထပ်မင်္ဂလာပွဲလေး ကျင်းပ
ကြမယ်လို့ ဆုံးဖြတ်ထားခဲ့ကြတယ်လေ။ မင်္ဂလာပွဲလေး
အတွက်လည်း လိုအပ်တာလေးတွေ ပြင်ဆင်ထားပြီးပြီး။
နေ့ရက်လေးရွှေးပြီး နှစ်ဦးသဘောတူ လက်ထပ်ကြဖို့ပဲရှိ
တော့တယ်။ မိသားစုတွေ ခွင့်မပြုလဲ ရပါတယ်။
ကျွန်တော်တို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့အတွက် ပိုက်ဆံ
တွေ ဆုထားတယ်။ အဲ့ဒီပိုက်ဆံလေးတွေနဲ့ မင်္ဂလာပ်လေး
ကျင်းပမယ်လေ။
နှစ်ဦးနှစ်ဖတ်ပေါင်းစည်းရေးအတွက် နာမည်ကြီးနတ်
ဆရာမတစ်ယောက်ဆီ သွားခဲ့ဘူးတယ်။ အဲ့ဒီနတ်ဆရာမ
ကျွန်တော်တို့နှစ်ယောက်ကို သေချာစိုက်ကြည့်ပြီး
သံသရာအဆက်ဆက်က ချစ်သူနှစ်ဦးပါလားလို့ နက်နက်
ရှိုင်းရှိုင်းပြောခဲ့တယ်။
နတ်ဆရာမပြောတဲ့ သံသရာအဆက်ဆက်က ချစ်သူဆိုတာဘာပါလိမ့်?
ဖြစ်လေရာဘဝတိုင်းမှာ ကျွန်တော်နဲ့သူမက သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်ခဲ့ဘူးတယ်။ သံသရာရဲ့ တစ်ချိုးတစ်ကွေ့လေးမှာ သူမနဲ့ကျွန်တော်က ဆုတောင်းပြည့်ဘုရားတစ်ဆူမှာ သံသရာအဆက်ဆက် သိပ်ချစ်ရတဲ့ချစ်သူတွေ
ဖြစ်ပါစေလို့ ဆုတောင်းခဲ့တဲ့ ဆုတောင်းအတိုင်း ဖြစ်လေရာဘဝဆက်ဆက်မှာလဲ အခုလိုသိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်နေတာလို့ အဲ့ဒီ့နတ်ဆရာမက ပြောတယ်။နတ်ဆရာမပြောပြတဲ့ သံသရာတွေ ဆုတောင်းပြည့်ဘုရားတွေ ကျွန်တော်တို့ဘဟ်လို ယုံကြည်လက်ခံရမလဲ။အကောင်အထည်ဘယ်မှာလဲ။ သက်သေအထောက်ထားကရော ဘယ်မှာလဲ။ ဒါကြောင့် ခေတ်လူငယ်တွေပီပီ နတ်
ဆရာမပြောတဲ့ အကြောင်းတွေကို ပုံပြင်တစ်ပုဒ်လိုပဲနားထောင်ခဲ့ဘူးတယ်။
ဒီလိုနဲ့ နေထိုင်လာခဲ့တာ ဒီနေ့ဒီဇင်ဘာတစ်ရက်နေ့ဆိုရင်ကျွန်တော်တို့ချစ်သက်တမ်း (၃)နှစ်တင်းတင်းပြည့်ခဲ့ပြီလေ။ အတိတ်ကိုငေးမောရင်း သူမလာရာလမ်းကိုကျွန်တော်ငေးကြည့်နေမိတယ်။ မကြာပါဘူး။ သူမရောက်လာတယ်။ မှောင်ရိပ်သန်းနေတဲ့ နေရာလေးကနေ
သူမကျွန်တော်ရှိနေတဲ့ နေရာဆီ ခပ်သုတ်သုတ်ပြေးလာတယ်။
တစ်ဦးနဲ့တစ်ဦး အပြုံးပန်းလေးတွေ ဝေဆာနေရင်း ထွေးပွေ့ထားမိတယ်။ ချစ်သူဖြစ်လာတာ သုံးနှစ်ပြည့်တဲ့ထိမ်းမှတ်နဲ့ သူမက လက်ထဲမှာလည်း ပါဆယ်ဘူးလေးတစ်ဘူးကိုင်လာတယ်။ ဒါနဲ့ပဲ ထိုင်နေကြဆိုင်လေးဆီဦးတည်သွားခဲ့တယ်။ ဆိုင်လေးက သာသာယာယာနဲ့ချစ်သူစုံတွဲတွေအတွက် တော်တော်လေး ထိုင်လို့ကောင်းတယ်။ အဲ့ဒီဆိုင်လေးမှာ ထိုင်ရင်း ပါဆယ်ဘူးလေးကို သူတဖြည်းဖြည်းဖွင့်နေတယ်လေ။အထဲမှာ ဘာတွေပါလိမ့်။ ကျွန်တော်လဲ သိချင်စိတ်နဲ့ စိတ်
ဝင်တစားကြည့်နေမိတယ်။ မကြာခင်မှာပဲ ပါဆယ်ဘူးအပေါ်က ပါကင်လေးဖွင့်လိုက်တော့ အထဲမှာ သိပ်လှတဲ့ဖန်အလုံးလေး တစ်လုံး။ ဖန်လုံးလေးအထဲမှာလဲ သူမဓာတ်ပုံနဲ့ ကျွန်တော်ဓာတ်ပုံပါနေတယ်။ ပုံစံလေးကတော်တော်လေးကိုချစ်ဖို့ကောင်းတယ်။ ဖန်လုံးလေးထဲမှာရောင်စုံမီးလေးတွေလဲပါတယ်။ ရောမကိန်းဂဏိန်းလေး
တွေနဲ့ နာရီလေးလဲပါတယ်။ နာရီမှာ အလန်းပေးတဲ့
အသံချိုချိုလေးလဲပါတယ်။အရမ်းကိုလှတာပဲဗျာ။ အပြုံးမျက်နှာလေးနဲ့ သူမက အဲ့ဒီ့ဖန်လုံးလေး ကျွန်တော့ဆီ လက်လှမ်းပေးလိုက်တယ်။
ကျွန်တော်လဲ လက်ကလေးလှမ်းပြီး ယူလိုက်တဲ့အချိန်မှာပဲသူမနဲ့ကျွန်တော်လက်အလွဲ အဲ့ဒီဖန်လုံးလေး ချကွဲသွားတယ်။ သူမက နှမြောတသသနဲ့ ရုတ်တရက် ဖန်လုံးကွဲလေးတွေကို ကောက်ကိုင်လက်တဲ့အချိန်မှာပဲ သူမလက်ကို
ဖန်ကွဲစတွေ စိုက်ဝင်သွားခဲ့တယ်။ သွေးတွေအရမ်းထွက်လာတယ်။ ကျွန်တော်ဘာလုပ်ပေးရမှန်းမသိဘူး။
နေဦးနော်။ ချစ်လေး။ကိုယ်ပတ်တီးသွားဝယ်လိုက်ဦးမယ်။ ချစ်လေး ဒီမှာခဏစောင့်နေနော်။ ကိုယ်အခုချက်ချင်းပြန်လာခဲ့မယ်။
စိုးရိမ်တကြီးသူမကို ပြောပြီး။ ဆိုင်လေးထဲက ကျွန်တော်အပြေးထွက်သွားတယ်။ ဆေးဆိုင်နဲ့ ကျွန်တော်တို့နှစ်ယောက် ထိုင်နေတဲ့ဆိုင်လေးက တော်တော်လေးဝေးတယ်။ ကျွန်တော်အပြေးသွားလိုက်တယ်။ ပတ်တီးနှစ်လိပ်နဲ့ ထိခိုက်ရှနာဆေးဘူးလေး ဆေးဆိုင်မှာဝယ်တယ်။
ချစ်သူကိုအရမ်းစိုးရိမ်နေတယ်ဗျာ။ သူမအရမ်းနာကြင်နေမလား။ ချစ်လေးရေ ခဏလေးပါနော်။ ကိုဟ်မင်းဆီကိုအပြေးလာနေပါပြီ။
အရမ်းဝမ်းနည်းမိတယ်ဗျာကျွန်တော်သူမဆီကိုပြေးသွားပါတယ်။ ရောက်လဲရောက်
သွားခဲ့တယ်။ ဒါပေမယ့် ခန္ဓာကိုယ်မပါတဲ့ ဝိဥာဉ်ကပဲ သူမဆီရောက်သွားတာ။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကြီးကဆေးဆိုင်အရှေ့မှာ လဲကျကျန်နေခဲ့ပြီလေ။
ဟုတ်တယ်ဗျ.. ကျွန်တော်ဆေးဆိုင်ကနေ အပြင်ကိုအလောတကြီး ပြေးထွက်သွားခဲ့တယ်။ ကားလမ်းမကြီးကနေ ဆိုင်ကယ်တစ်စီးကလဲ အရှိန်ပြင်းပြင်းမောင်းလာပြီး ကျွန်တော့်ကိုဝင်တိုက်မိသွားတယ်ဗျာ။ ဘယ်လိုပြောရမလဲ လွှင့်ထွက်သွားတာပေါ့။ ဆိုင်ကယ်ကလဲ အရှိန်မထိန်းနိုင်ပဲ ကျွန်တော့်လည်ပင်းကို နင်းကြိတ်လိုက်သေးတယ်
လေ။ ကျွန်တော်အရမ်းနာကျင်တယ်ဗျာ။ တဆတ်ဆတ်နဲ့ကိုး အသားတွေတုန်နေတာ ကျွန်တော်သိနေရတယ်။မြေပြင်ပေါ်ကနေ လူးလဲထမိသေးတယ်။ ဒါပေမယ့်
ခြေလှမ်းတွေ မလှမ်းနိုင်တော့ပဲ ဆေးဘူးလေးရယ်၊ပတ်တီးလိပ်လေးရယ်ကိုင်လျက်သား လဲကျသွားခဲ့ရတယ်လေ။
ချစ်သူကတော့ ဆိုင်လေးထဲမှာ ကျွန်တော့်ကိုတမျှော်မျှော်ငေးကြည့်နေတယ်။ ကျွန်တော်သူ့အနားမှာ ရှိနေပါတယ်ဗျာ။ သူမမြင်နိုင်တာ ကျွန်တော်အရမ်းဝမ်းနည်းသွားတယ်။
ကျွန်တော်ဆိုင်ကယ်တိုက်ခံရပြီး မြေပြင်ပေါ်ကနေ
လူးလဲထလိုက်သေးတယ်လေ။ အဲ့ဒီ့အချိန်မှာ
ညားခါစလင်မယားဗျ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်မသိပါဘူး။ နောက်မှသိတာ။ ဆိုင်ကယ်တိုက်သွားတဲ့ ကျွန်တော့်ကို သူတို့လင်မယားနှစ်ယောက်က ပတ်ဝန်းကျင်ကိုအကူညီတောင်းပြီး ဆေးရုံပို့ပေးဖို့ အော်ပြောပေးခဲ့တယ်။
ကျေးဇူးတင်ပါတယ်အဖေနဲ့အမေ။
နောက်ဆုံးထွက်သက်အထိ သူတို့နှစ်ယောက်ကိုပဲ
ကျွန်တော်မျက်နှာငယ်လေးနဲ့ ကြည့်နေမိရင်း
အသက်ထွက်သွားခဲ့တာ။ သူတို့ကိုပဲ စိတ်စွဲသွားခဲ့တယ်။သူတို့နဲ့နေချင်ပါတယ်လို့ ကျွန်တော်ပြောတယ်လေ။အိပ်မက်တွေလဲ ခဏခဏပေးတယ်။ မတော်လိုက်ရတဲ့အမေ အမေကလဲ ကျွန်တော့်ကို လာနေလို့ခွင့်ပေးတယ်။ကျွန်တော်အမေ့ဗိုက်ထဲမှာ ဝင်စားနေခဲ့တယ်။ ကံမကောင်းဘူးဗျာ။ အမေကျွန်တော့်ကို ကိုယ်ဝန်လွယ်ထားတဲ့ ၄လမှာ
ပဲ ချော်လဲကျပြီး ကိုယ်ဝန်လဲပျက်ကျသွားခဲ့တယ်။
ကြားထဲမှာ နှစ်တွေတော်တော်ကြာတယ်ဗျ။ ကျွန်တော့်ကိုလူပြည်အရောက်ပို့ပေးမယ့် အမေ့ကိုရှာနေရတာ။
ကိုယ်ဝန်ရှိခါနီးအမျိုးသမီးတွေ တွေ့ရင် ကျွန်တော်နေပါရစေလို့ ခွင့်တောင်းဘူးတယ်။ ဒါပေမယ့် ကျွန်တော်သေခါနီး စိတ်စွဲခဲ့ရတဲ့ အမေ့လောက် သဘောမကောင်းကြဘူး။ ကျွန်တော့်ကိုသူတို့ဗိုက်ထဲ ဝင်စားခွင့်မပေးဘူး။ ဒါကြောင့်ကျွန်တော် အမှောင်ထဲမှာ နှစ်ကာလ တော်တော်များများ တစ်ယောက်တည်းနေခဲ့ရတယ်။ကျွန်တော်လူပြန်ဖြစ်ချင်တယ်။ ရည်ရွယ်ချက်က တစ်ခု
တည်းပါ။ ကျွန်တော့ချစ်သူကောင်မလေးကို တွေ့ပြီးကျွန်တော်သေသွားခဲ့တဲ့အကြောင်း၊ အဲ့ဒီနေ့တုန်းက ကျွန်တော့်သူ့ဆီပြန်ရောက်လာခဲ့သေးတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြချင်သေးတယ်။ အဖေနဲ့အမေက မကောင်းဘူး
ဗျာ (အတိတ်ဘဝမှ အမေ၊ အဖေ) ကျွန်တော်သေသွားတဲ့အကြောင်း ချစ်သူကိုမပြောဘူး။ ချစ်သူကလဲ သေသွားပြီးဆိုတာ မသိသေးဘူး။ သူမကလဲ ပတ်ဝန်းကျင်မှာ ကျွန်တော့်အကြောင်း မဆုံစမ်းပဲ အစ်မပြောတဲ့စကားတစ်ခွန်း
တည်းကို ယုံပြီး လက်လျော့သွားခဲ့တယ်။
အစ်မကကျွန်တော်နိုင်ငံခြားကိုသွားပြီး အလုပ်သွားလုပ်ပြီလို့ ညာပြောခဲ့တယ်လေ။ ပြီးတော့ နေတဲ့ရပ်ကွက်ထဲကနေလဲ ပြောင်းသွားခဲ့တယ်။ ချစ်သူကောင်မလေး အသိုင်းဝိုင်းကလဲ ညီမလုပ်တဲ့သူ ခံစားနေရတာ မကြည့်ရက်
လို့ဆိုပြီး တစ်ခြားနေရာကိုပြောင်းသွားတယ်။ သူမကျွန်တော့ကို စိတ်နာနေပြီလားဗျာ။
တော်သေးတာပေါ့။ ဒီကအမေကို ကျွန်တော်ဝင်စားပါရစေ
လို့ ခွင့်တောင်းတုန်းက အမေကကြည်ကြည်ဖြူဖြူနဲ့ နေခွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်စကား အခုလိုစကားပြောတတ်တဲ့ အရွယ်ရောက်တော့ ဒီအကြောင်းတွေအဖေနဲ့အမေ့ကို ပြောပြခဲ့တယ်။ အဖေနဲ့အမေက အကြောင်းတွေ ကျွန်တော်ပြောရင် သူတို့သိပ်ဘဝင်မကျဘူး။ ပြီးတော့ ကျွန်တော့်ချစ်သူက မြန်မာနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ယောက် ကျွန်တော်က အခုဗြိတိန်နိုင်ငံမှာ
ဗြိတိန်နိုင်ငံသားတစ်ယောက်အဖြစ် အခြေနေတွေ
ပြောင်းလဲ နေခဲ့တာရတာပဲ။ဒါပေမယ့် အဖေနဲ့အမေက ကျွန်တော့ကိုသိပ်ချစ်ကြတယ်။ လိုလေးသေးမရှိ အခုလို ခုနစ်သားအရွယ်ထိ
လူတန်းစေ့ထားပေးခဲ့တယ်လေ။ တစ်နေ့တစ်နေ့
ကျွန်တော်မှိုင်နေတာကိုတွေ့ပြီး ကျွန်တော်သွားချင်တဲ့မြန်မာနိုင်ငံကို အခုလိုလိုက်ပို့ပေးခဲ့တာပဲ။
ချစ်… ကိုယ်ပြောနေတာ အမှန်တွေပါပဲ။ ကိုယ်အခုမင်းဆီပြန်ရောက်လာခဲ့ပြီနော်။ ကိုယ်က ဗြိတိန်နိုင်ငံသား ကလေးလေးဆိုပေမယ့် တစ်ချိန်တုန်းက မင်းချစ်သူကောင်လေးအကြောင်း၊ တစ်ချိန်တုန်းက မင်းချစ်သူကောင်လေးရဲ့
စကားပြောပုံဆိုပုံတွေကို မင်းမှတ်မိသေးရဲ့လား။ မင်းဆီကို အခုလိုပြန်ရောက်လာဖို့ ကိုယ်နောက်ကျနေခဲ့တာ မင်းခွင့်လွတ်ပေးပါနော်။
ကျွန်မဘယ်လိုပြောရမလဲလေ။ ကျွန်မက
အသက်(၇၀)ကျော်နေပြီ။ ကျွန်မလက်ကိုကိုင်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)ဝန်းကျင်က ကျေကွဲစရာအကြောင်းတွေဒီ(၇)နှစ်သားကလေးလေးက တစ်လုံးမကျန် ပြန်ပြောနေခဲ့တယ်။ ကျွန်မသိပ်ကိုး အံ့ဩမိပါတယ်။ ပြီးတော့သူက လူဖြူမျိုးလေး။ ဗြတိန်နိုင်ငံသား။ မြန်မာစကားပြောနေတာ
ကလဲ ရှင်းရှင်းလင်းလင်းနဲ့ကိုး ပီသလွန်းတယ်။ ကလေးလေးရဲ့ အဖေနဲ့အမေကတော့ မြန်မာစကားကိုကောင်းကောင်းနားမလည်ကြဘူး။ မြန်မာစကားပြန်တစ်ယောက် အနားမှာထားပြီး သူတို့သားလေးပြောတဲ့အကြောင်းတွေ နားထောင်နေခဲ့တယ်လေ။ရှင်ရယ်။ ရှင်ပြောနေတဲ့ အမူယာလေးတွေက လွန်ခဲ့တဲ့ နှစ်
ပေါင်း(၄၀)က ကျွန်မချစ်သူရဲ့ အမူယာလေးတွေပါပဲ။ကျွန်မရှင်သေသွားပြီးဆိုတာ တကယ်မသိခဲ့ဘူး။ ရှင့်ကိုစိတ်နာတယ်။ ရှင့်မိဘတွေနဲ့ ဝေးရာကို ကျွန်မအခုလိုထွက်သွားခဲ့တယ်။ ပတ်ဝန်းကျင်အဟောင်းမှာလဲ မနေချင်တော့တာနဲ့ အားလုံးကိုအဆက်သွယ်ဖြတ်ပြီး နေလာခဲ့တာ အခုဆို နှစ်ပေါင်း(၄၀)ကျော်နေခဲ့ပြီလေ။ ဒါပေမယ့် တစ်ချိန်
ချိန်မှာ ရှင်ကျွန်မဆီ ပြန်ရောက်လာဦးမယ်ဆိုတာ ကျွန်မသိနေခဲ့တယ်။ ဒါကြောင့် အိမ်ထောင်မပြုပဲ ရှင်ပြန်လာရင်သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးကလေးနဲ့ တစ်နေ့နေ့ ရှင့်ကိုမျှော်နေခဲ့ရတာ အခုဆိုရင် နှစ်ပေါင်း၃၀ကျော်နေပြီရှင့်ရဲ့
သိရဲ့လား။
ကြည့်စမ်းပါဦး။ ကိုယ့်ချစ်သူရဲ့ အသားအရည်လေးတွေတွန့်ကြေနေပါလား။ ဒါပေမယ့် မင်းရဲ့အနံ့သတ်လေးတွေက အရင်လိုလက်ဆတ်နေတုန်းပါပဲနော်။ ကိုယ့်ကို အခုရွယ်ထိ မင်းအိမ်ထောင်မပြုပဲ စောင့်နေခဲ့တယ်ဆိုတာကိုယ်သိပါတယ်ချစ်လေးရယ်။ အခုကိုယ်မင်းနဲ့ အတူတူနေဖို့ပြန်လာခဲ့တာလေ။ ကိုယ်တို့နှစ်ယောက် ထားခဲ့တဲ့
ကတိအတိုင်း နှစ်ဦးသဘောတူ လက်ထပ်မင်္ဂလာပွဲလေးကျင်းပပေးမယ်လို့ အဖေနဲ့အမေက ပြောတယ်။ ကိုယ်တို့နှစ်ယောက် အသက်အရွယ်လေးတွေ မေ့ဖျောက်ပြီး မကျင်းပခဲ့ရတဲ့ မင်္ဂလာပွဲလေး ကျင်းပလိုက်တော့မယ်ချစ်လေးရေ..
ပြီးပါပြီ