လှံမြသောင်းနှင့်ကံကြွေး

လှံမြသောင်းနှင့်ကံကြွေး(စ/ဆုံး)

———————————
မြသောင်း ဟုဆိုလိုက်လျှင် နိဗ္ဗာန်တိုက်နယ်တွင် မသိသူခက်ရှားရှားပင်…..
……နေတာက ကရင်စု ရွာတွင်ဖြစ်သည်….
….မြသောင်း ကို တချို့က လှံမြသောင်းဟူ၍လည်း တနည်းတဖုံခေါ်တွင်ကြပေသည်…….မြသောင်းတယောက် ဘာ့ကြောင့်နာမည်ကြီးပါသလဲ……လူဆိုး လူမိုက် ကစော်သမားလား….သို့မဟုပ် ဖဲသမား…ကြက်သမား…မို့လို့လား….
..မဟုပ်ပါ…..
….ဒါဖြင့် ဘုရားဒရ်ကာ ကျောင်းဒါရ်ကာ လူရိုသေ ရှင်ရိုသေကြီးမို့လို့လား…….
….ဟင့်အင်း….အဲ့လိုလဲမဟုပ်ပေဘူးဗျ…..
….ဒါဖြင့် ဘာ့ကြောင့် မြသောင်း ဆိုတဲ့ အသက်၅၀ကျော် လူကြီးက နာမည်ဒီလောက် ကြီးနေရတာလဲ…….
……ဟုပ်ကဲ့…..မြသောင်း (သို့မဟုပ်) လှံမြသောင်းဆိုသူကြီးက လှံပစ် အရမ်းတော်လို့ဗျ….
….မြသောင်း.. တယောက် နုစဉ်အခါ ကာလသားခေါင်းဆောင်လုပ်တုန်းက နိဗ္ဗာန် နယ်တထိုးလုံး ဖိန့်ဖိန့်တုန်ကြောက်နေရသော ဓားပြဗိုလ် မြကြီးကို သူ့လက်ဆွဲတော်လှံဖြင့် လည်မျိုကို ပစ်ဖောက်ပြီး လည်ချောင်းသွေးဖြင့်ခြေဆေးခဲ့ဖူးသည်…….အဲ့ဒီချိန်အဲ့ဒီအခါထဲက …မြသောင်း…ဟေ့ဆိုလျှင် လူဆိုး သူခိုး ဓားပြ တွေကပါအစ လန့့်ကြသည်……
..ထားတော့……ယခု သူဘာတွေဆက်လုပ်နေလို့ နာမည်ကြီးနေသလဲ?….
…ဟုပ်ကဲ့…ဝက်သက်တဲ့ သားသက်သမားတဦးအဖြစ် ဆက်လက်ရပ်တည်နေလို့…ခုလိုနာမည်ကြီးနေတာပါ…
…….မြသောင်းက ဝက်သက်တာကို အပျော်တန်း ဝါသနာအရ လုပ်ခြင်းသာဖြစ်သည်….
…မြသောင်းက တကယ်တော့ နေနိုင်စားနိုင်အခြေရှိတဲ့လူတဦးပါ …ခင်မေဆိုတဲ့ သူ့ဇနီးနောက် သမီးအပျိုကြီး၂ယောက်နှင့်အတူ သွတ်မိုးပျဉ်ထောင်အိမ်ကြီးဖြင့်နေထိုင်သူတဦးဖြစ်ပေသည်……..
…..လှံပစ် ဝါသနာထုံသူတဦးဖြစ်တာနဲ့အညီ…တောလိုက်ရင်ဘဲဖြစ်ဖြစ် ရပ်ထဲရွာထဲ အမဲပေါ် ဝက်သက်ရင်ဘဲဖြစ်ဖြစ် အချိန်မရွေး ထလိုက်ကာ အခမဲ့ဆောင်ရွက်ပေးသူတဦးဖြစ်သည်………..
….ယနေ့လဲ ဝက်ပေါ်စရာရှိသဖြင့် မြသောင်းတယောက် မကျည်းကုန်းရွာဘက်သို့ လက်စွဲတော်လှံကြီးကိုထန်းပြီး ထွက်လာခဲ့ချေပြီ…………
…….ကိုင်း…..ထိန်ကြီး မင်းဝက်ကို ကြိုးဖြေ လွှတ်လိုက်ပေတော့….
….ဟုပ်ကဲ့…ကိုမြသောင်း…..
…ငုတ်တွင် ချည်ထားသော ခန့်မှန်း အချိန်၄၀ ကျော်ခန့်ရှိသော ဝက်ပျိုတကောင်ဟာ ကြိုးဖြေလိုက်သည်နှင့် သေရမည့်ဘေးမှ လွတ်မြောက်ရာလွတ်မြောက်ကြောင်း အသက်လုပြီးပြေးလေတော့သည်……သို့သော် အကြာကြီးတော့သူ့ခမျာ ပြေးနိုင်မည်မဟုပ်ပေ……..
…မိမိ ရှေ့ ခြေအလှန်း၂၀ခန့်အကွာမှ ဖြတ်ပြေးလာသော ဝက်ပျိုကို မြသောင်းသေသေချာချာကြည့်လိုက်သည်……ထို့နောက်…လက်ထဲမှ လှံကြီးကို ညာဘက်လက်ဖြင့်မြှောက်ပြီး ဝက်ပျိုထံသို တအားပစ်လိုက်တော့သည်…….
….ဝှီး…..
….ဂွီ…..အစ်….အစ်…..
ဘုန်း….ဖြော…..
……အရှိန်းပြင်းပြင်းနှင့်ဝင်လာသော လှံအဖျားကြီးဟာ….ပြေးလာတဲ့ဝက်ပျို၏လည်မျိုကို ထုတ်ချင်းပေါက်စိုက်ဝင်သွားပြီး ဝက်ပျိုခမျာ ဂျွမ်းသုံးပါတ်လောက်လည်ပြီး ဦးစိုက်သွားလေတော့သည်….
…..ကိုင်း…
….ကိစ္စပြီးပြီ….အသားခုတ်တာမင်းတို့အလုပ်….
….ဟုပ်ကဲ့ ကိုမြသောင်း အိမ်ရှေ့က ကွက်ပျစ် မှာ အခါးရည်သောက်ပြီး ခနနေဦး…
…အခါးရည်ပြီးရင် သောက်တော်ရည်လေး ဆက်မယ်…ဝမ်းတွင်းသားလေးက အမြည်းပေါ့……
….ဟား….ငါ့ကောင်တွေကတော့ တယ်အထာသိတတ်တဲ့ကောင်တွေ…..
…မသိလို့မရဘူးလေ….မြသောင်းလိုလူမျိုးဆိုတာ နောက်တယောက်ရှိလာရိုးလား…..ဒါ့ကြောင့် ကျွန်တော်တို့က အားကိုးနေရတာဗျ……..
….ဟား…ဟား….ဟား……
အေးပါကွာ…အေးပါကွာ……..
…မြသောင်း တယောက်အားရပါးရရယ်ပြီး…
ထိတ်နီ အိမ်ရှေ့က ကွက်ပျစ်ရှိရသို့ထွက်သွားလေသည်… ….
…..သောက်ရင်း စားရင်း ထိတ်နီက စကားစသည်….
“ကိုမြသောင်း….တခြားဝက်ပေါ်သူတွေက ဝက်ကို ကြိုးတည်းပြီး ၆ပေါင်တူ တို့ ပုဆိန် တို့နဲ့ ထိတ်ကိုထုသက်တာ…
..အဲ……ကိုမြသောင်းကြ ဘာလို့ ဝက်ကိုလွှတ်ပြီးမှ လှံနဲ့ပစ်သက်တာလဲဗျ…..´´
……“အင်း…ကို့အယူအဆ ကို့နည်းကို့ဟန်ပေါ့ကွာ….ငါ့အယူအဆကတော့ အသက်ခံရမဲ့ကတ္တဝါတကောင်ကို သူ့အသက်အတွက်နောက်ဆုံးရုန်းကန်ပိုင်ခွင့်ပြုသင်တယ်လို့ ထင်တာဘဲ……ဒါ့ကြောင့် ဒီလိုလုပ်ရတာ…..´´
……“.သြော်…..ဒါနဲ့..ကိုမြသောင်း ဝက်သက်လာတဲ့တလျှောက်မှာ ခြေချော်လက်ချော်ဖြစ်ပြီး လွဲခဲ့ ဖူးတာမျိုးရှိခဲ့ဖူးလား…စိတ်မဆိုးနဲ့နော်….´´
…“ရပါတယ်ကွာ…
..အေး……ခု မင်းဝက်ကိုသက်ပေးတဲ့ အချိန်ထိတော့ လှံပစ်ချက်မလွဲဖူးသေးဘူး……´´
..တကယ်ဘဲဗျ……ကိုမြသောင်းကတော့…တကယ်ကို လှံပစ်ပါရမီရှင်ဘဲဗျာ….
ကိုင်း….
…ကိုမြသောင်း…ထပ်ထည့်ဦးလေဗျာ…..
…တော်ပြီ ထိတ်နီ…မင်းကိုခင်လို့သောက်တာ…
..တန်ယုံလောက်ပဲ ငါသောက်တတ်တယ်…
ငါ့ မိန်းမ ငါ့သမီး တွေကမကြိုက်ဘူးကွ….
…အော်….ဟုပ်ကဲ့…..
……ဒါဖြင့်ငါပြန်မယ်…နေညိုနေပြီ….
…ဟုပ်..ဟုပ်ကဲ့….
…ရော့..ကိုမြသောင်း…
..ကိုမြသောင်းအတွက် ပေါင်သားတတွဲနဲ့ ကလီစာ….
….ကျေးဇူးဘဲ ထိတ်နီ…..
…ငါပြန်ပြီ……….
…ဟုပ်ကဲ့..ကိုမြသောင်……..
…………..
…………….
…..မြသောင်းတယောက် လှံဖျားတွင်ဝက်သားတွဲကိုချိတ်ပြီး ပုခုံးပေါ်ထန်းကာ ပြန်လာခဲ့သည်……
…..မကျည်းကုန်းနှင့်ကရင်စု ရွာကြားတွင် သုသာန် တခုရှိလေသည်….သုသာန် အဝတွင်ပေါက်ရောက်နေသည့် ကြီးမားသော ဘုံမဲစာပင်ကြီးတပင်ဟာလဲ တစ္ဆေ အိုကြီးတကောင်ငုတ်တုတ်ထိုင်နေဘိသကဲ့သို မြင်ရသူအဖို့ကျောချမ်းစရာပင်…….
…….
…..မြသောင်းတယောက် ဝက်သားတွဲချိတ်ထားသည့်လှံကိုထန်းပြီး ခက်ထွေထွေလေးနှင့် သုသာန် ရှေ့လမ်းအတိုင်း ကရင်စုရွာသို့ပြန်လာခဲ့သည်….
……သုသာန် ရှေ့ရောက်တော့…..
….ဖုတ်….
…ဖျော…….
….ဟင်…..
ဘုံမဲစာပင်ပေါ်မှဆင်းလာသော ဖြူဖြူကောင်ကြီးတကောင်……
…ညနေမှောင်စပျိုးနေပြီဖြစ်သောကြောင့် ဖြူဖြူကောင်ကြီး၏ မျက်လုံးရဲရဲကြီးမှာ ပြဒါးနီလိုရဲနေတော့သည်…….
…..ဖြူဖြူကောင်ကြီး၏အရပ်မှာ မြသောင်းအရပ်၂ဆလောက်မြင့်သည်…….ဝက်သားတွဲကို စူးစူးရဲရဲကြည့်ပြီး ပါးစပ်ထဲမှ သွားရည်တများများ ထွက်ကျလျက် မြသောင်း၏လှံဖျားက ဝက်သားတွဲကို လိုက်ဆွဲတော့သည်….
…..မြသောင်းလဲ ပထမတော့ ကြောင်ကြည့်နေမိသည်…နောက်ပိုင်း သူ့ဝက်သားတွဲပါသွားခါမှ ဒေါသူပုန်ထပြီး ဖြူဖြူကောင်ကြီးကို လှံဖြင့်လိုက်ထိုးသည်….
….ပြန်ပေး….ငါ့ဝက်သားပြန်ပေး….
…..ဟေ့ကောင်….
…တောက်….ကိုင်းကွာ…..ကိုင်းကွာ…
…ဖွက်….ဖွက်…..
…ဟင်…..
မြသောင်းလန့်သွားသည်….သူလှံနဲ့ထိုးနေရသည်မှာ ဖွဲအိတ်ကြီးကို ထိုးနေရသလိုပင်…
….ဖြူဖြးကောင်ကြီးမှာ မြသောင်းလှံနဲ့လိုက်ထိုးနေသည်ကို ဂရုပင်မစိုက်….
…ဘုံမဲစာပင်ပေါ်တက်ထိုင်ပြီး ဝက်သားတွဲကို အားရပါးရဆွဲစားနေလေသည်…….
….မြသောင်းတချက်စဉ်းစားလိုက်သည်….
….ဒီကောင်ကြီး လူမဟုပ်လောက်ဘူး….သဘက် ပဲဖြစ်မယ်….ဒီတိုင်းလှံနဲ့ရိုးရိုးထိုးနေလို့တော့မရလောက်ဘူး……
…..တောက်…..
…မြသောင်းကွ….
ဟေ့….သဘက်ကောင်…
..မင်းငါ့အကြောင်းသိမယ်…..
မြသောင်းဟာ သူ့လှံအဖျားကို အခွေးမှ ဆွဲဖြုတ်လိုက်သည်……
…..ထို့နောက် လှံအသွားကို ပြောင်းပြန်လှည့်ပြီး အခွေးမှာပြန်စွတ်လိုက်သည်….
……ကိုင်း…
…သဘက်ကောင်…..ငါ့ရဲ့လှံပြောင်းပြန်ကို မင်းခံနိုင်ရင်ခံပေတော့…..
….ကဲကြာ…..
…ဝှီးးးး
ဗြုတ်…..
….ဝုန်း……..ဂါး……..
….ဖြေား….ဗြော……..ဝူးးး

….မြသောင်းပစ်လိုက်သော တန်ပြန် လှံ ချက်ဟာ ဘုံမဲစာပင်ပေါ်ထိုင်ပြီး ဝက်သားတွဲကို အငန်းမရ ကိုက်စားနေသော သဘက်ကြီး၏လည်မျိုနေရာကို တန်းတန်းမှတ်မှတ်ထိုးခွဲသွားလေသည်……
….သဘက်ကြီးဟာ အပင်ပေါ်မှ ပက်လက်လန်ပြုတ်ကျသွားပြီး သုသာန် ထဲသို့ပြေးဝင်ပျောက်ကွယ်သွားချေတော့သည်…………….
………. .ဟား…ဟား……..ဟား…..
…မှတ်ပြီလား……မြသောင်းကွ….တသောင်းထဲရှိတယ်…..သတ္တိရှိရင် ထွက်ခဲ့ကြစမ်း….
…..ဟား..ဟားဟား.. …
…မြသောင်းတယောက် အားရပါးရ ရယ်မောပြီး ကရင်စုသို့ ပြန်လာခဲလေတော့သည်…….
………..♡ ဒီနေ့ဟာ မြသောင်း၏ကံကြမ္မာ ဂြိုလ်စီးသောနေ့တနေ့ဖြစ်မယ်မှန်း မြသောင်းတယောက် သိခဲ့မည်မဟုပ်ပေ……..
……
……..ဗျိူ့…ကိုမြသောင်း….
…..ကိုမြသောင်း…….
….ဟာ….ထိတ်နီ ပါ့လား…
…ဘယ့်နယ်….ညနေဘက်ကြီး
.ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာကြတာလဲ……

…..အဖြစ်တွေကတော့ မပြောချင်ပါဘူးဗျာ….
…မနက်ဖြန် ကျုပ်တူမ မင်္ဂလာဆောင်ဗျ…
..အဲ့ဒါဝက်သားကျွေးမလို့ အချိန်ရာကျော်ရှိတဲ့ ဝက်တောင်းကြီးတကောင် ခုနေ့ခင်းပေါ်ဘို့လုပ်ကြတယ်ပေါ့…..
….အဲ့ဒါ ဟိုကာလနာ ဘသန်းက ဝက်ထိတ်ထုတာဘယ်လိုထုတယ်မသိဘူး ထုချက်မပိုင်တော့ ဝက်တောင်းကြီးက ကြိုးကိုအတင်းရုန်းဖြတ်ပြီး ထွက်ပြေးရောဗျို့…..တရွာလုံးကလူတွေလဲ ဝက်နောက်ဝိုင်းလိုက်ကြတယ်….တွေ့တဲ့နေရာမှာ ဓား တုတ် တွေနဲ့ ဝိုင်းခုတ်ကြ ရိုက်ကြတာပေါ့……ဒါပေမဲ့ မရဘူးကိုမြသောင်းရေ…..
…ခု ရွာအနောက်ဖျားက သုသာန် ဘက်ထွက်ပြေးသွားတယ်…..သုသာန် ထဲဆိုတော့ ရမ်းမလိုက်ရဲကြဘူးလေ……ဒီသုသာန်က နာမည်ကြီးဗျ…….ဒါ့ကြောင့် ကိုမြသောင်းကိုလာခေါ်တာ….ကူညီပါဦးဗျာ……..
…..ဟေ………
…ခွီးထဲမှဘဲ….
…မင်းတို့ဖြစ်လာရင် အဆန်းကြီးဘဲ…..
…..အချိန်ကနေညိုနေပြီ…….ဟ……
….လုပ်ပါ ကိုမြသောင်းရယ်…..မင်္ဂလာဆောင်က နက်ဖြန်အစ ဆိုတော့ ကျွန်တော်တို့ ဒုက္ခ ရောက်နေလို့ပါ…ရက်ရွှေ့လို့လဲ အဆင်မပြေတော့ဘူး….ကူညီပါနော်……ကိုမြသောင်း…..
…..အေးပါကွာ……လိုက်ခဲ့မယ်……
….ငါ့လှံယူပါရစေဦး…..
..ကျေး….ကျေးဇူးပါ….ကိုမြသောင်းရယ်…..
….
……….ကဲ….
…သုသာန် ထဲဝင်ရှာကြစို့……
…မြသောင်းဦးဆောင်တဲ့ လူငါးဦးဟာ လက်နတ်ကိုယ်စီနဲ့ ဝက်တောင်းကြီးကို သုသာန်ထဲဝင်ရှာကြသည်……
….ဝက်တောင်း…ဆိုသည်မှာ….ဝက်သိုး ကိုဆိုလိုခြင်းဖြစ်သည်…..နုစဉ်အခါမှာ ဝက်အမများကို မျိုးပြဘို့အတွက် သီးသန့်မွေးထားသောသင်းကွတ်မထားသည့် ဝက်ထီး ဖြစ်သည်…..အသက်ကြီးလာလို့ မျိုးပြရန် အသုံးမဝင်တော့ သည့်အခါ သင်းကွတ်ပြီး အသားပေါ်ရောင်းရန်ဆက်လက်မွေးမြူထားသော ဝက်ဖြစ်သည်……
…….ဟေ့…ထိတ်နီ….မင်းတို့ ညာဘက်အခြမ်းကိုရှာ…..ငါတို့က ဘယ်ဘက်ကိုပါတ်မယ်…..
…….
…….ဟာ…ကိုမြသောင်း…….
….ဟိုမှာ…..ဟိုမှာ……
……ဟင်…..
…သုသာန်ဇရက်ပေါ်တွင် ငုတ်တုတ်ထိုင်နေသော ဝက်တောင်းကြီး…..
…..မြသောင်းတို့အဖွဲ့ကိုစူးစူးရဲရဲစိုက်ကြည့်နေသည်……
……..မြသောင်း စိတ်ထဲထင့်သွားပြီး လှံကို ကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်သည်……
….ဟေ့ကောင်တွေ…..သတိထား
….အနားကိုရမ်းမကပ်နဲ့……
ဒီကောင်ကြီးကြည့်ရတာ ပုံမှန်မဟုပ်ဘူး
…အပစီနေပုံရတယ်….

….မြသောင်းစကားပင်မဆုံးလိုက်….
…ဝက်တောင်းကြီးဟာ ဇရက်ပေါ်မှ ဝုန်း ခနဲခုန်ချကာ မြသောင်းဆီသို့ ဝါးလုံးထိုးပြေးလာသည်……
…..ဂီးး…ဂါး…..
……..ဝူး…….
…ဖြော….ဗြော……
…မြသောင်းဟာ လှံကို အုတ်ဂူတခုနှင့်ကန်ထောက်ပြီး ပြေးလာသော ဝက်တောင်းကြီး၏ ရင်ညွန့်နေရာကို ချိန်ပြီးစောင့်နေလိုက်သည်….
……အစွယ်ဖွေးဖွေးကြီးများနှင့် ဒေါသတကြီးပြေးလာသော ဝက်တောင်းကြီးဟာ မြသောင်းကို အတင်းဝင်ပက်တော့သည်…..
…ဂါး….ဂါး….
…..ဝူး…….
..ဇွပ်……ဂွီ……အစ်….အစ်…
…ဗြုန်း. .ဖောင်း…..
….အား……..အူး…….
…..သေပါပြီဗျ……..
….မြသောင်း၏လှံအဖျားကြီးက ဝက်တောင်းကြီး၏ရင်ညွန့်ကို ထိုးဖောက်ဝင်သွားလေသည်…..သို့သော် လဲမသွားဘဲ လှံတန်းလန်းနှင့်ဝက်တောင်းကြီးက မြသောင်း၏ ဗိုက်ကို အားရပါးရ ပတ် ကော်လိုက်လေတော့သည်…
…..အား….ကယ်ကြပါဦး…
….အား……..အီး…..

မြသောင်း၏ဗိုက်ထဲမှ အူများ အပြင်သို့ အပုံလိုက်ထွက်ကျကုန်သည်……
…..ဟေ့ကောင်တွေ ဝက်ကို ဓားနဲ့ဝိုင်းခုတ်ကြစမ်း……
….ထိန်ကြီးအသံကြောင့် ပါလာသော ရွာသားများမှာ မြသောင်းကို ဒေါသတကြီးပတ်နေသော ဝက်တောင်းကြီးကို ဓားနဲ့ဝိုင်းခုတ်ကြ ထိုးကြနှင့်…..
သုသာန် တခုလုံး ငရဲပွက်နေတော့သည်….
….ဝက်တောင်းကြီးသေဆုံးသွားသောအခါ မြသောင်းကို ဝိုင်းထူလိုက်ကြသည်……
….ဟင်…..
…မြသောင်း …..ဗိုက်ထဲရှိအူများဟာ အပိုင်းပိုင်းပျက်ပြီး အပြင်သို့ထွက်ကျ ကာ မြသောင်းတယောက် အသက်ပါပျောက်နေပြီဖြစ်လေတော့သည်……………….
……….

…..အမလေး….
.ဖြစ်မှ….ဖြစ်ရလေ ကိုမြသောင်းရယ်…….
…….လှံဘုရင်ကြီး ကိုမြသောင်း….
..ခုတော့….ဒီလှံကြောင့်ဘဲ ရှင့်အသက်ပါပေးခဲ့ရပြီမို့လား…….ကျွန်မဘယ်လိုတားတား လက်မခံဘဲ ခေါင်းမာလွန်းသူကြီးရဲ့……
….ခုတော့……အမလေး……..ကိုမြသောင်းရဲ့….
….ဟီး….ဟီး….ဟီးဟီးဟီး
……….
…………တရားနဲ့သာဖြေပါ ဒါယိကာ မကြီး….
….ကံ ကံ၏ အကျိုးအတိုင်း ဒကာကြီးမြသောင်းပေးဆပ်လိုက်ရတယ်လို့မှတ်ယူပါကွယ်……..လောကီမှာတင်တဲ့အကြွေးကို ကာရ ဉာဏ္ဏအားနဲ့ လုပ်ဆက်နိုင်ရင် ကျေကောင်းပေမဲ့ ကံကြွေးကိုတော့ ကံ နဲ့ဘဲ ပြန်လည်ဆပ်ကြရတာ ဓမ္မတာ ပါကွယ်……ဒါ့ကြောင့် “လူမုန်းမှာမကြောက်နဲ့ကံမုန်းမှာကိုကြောက်ကြလို့´´ဘုန်းကြီးတို့ ဆိုဆုံးမနေကြရတာပေါ့ကွယ်……..
…..ကိုင်း…….
….ကွယ်လွန်သူ ဒကာကြီး မြသောင်းကို ရေစက်ချ အမျှဝေကြရအောင်……….
…..တင်…..တင်ပါ့…..ဘုရား……
…….
….““`.ကွယ်လွန်သူ မောင်မြသောင်းနှင့်တကွ ၃၁ဘုံကျင်လီကုန်သော သတ္တဝါအပေါင်းအား
….အမျှ…….အမျှ……..အမျှ…..ယူတော်မူကြပါကုန်သော်……..
…..သာဓု…….သာ…..ဓု…….သာဓု………´´´´´
………..ကွယ်လွန်သူမောင်မြသောင်းနှင့်တကွ…..
………………
……..အမျှ…အမျှ…….အမျှ…ယူတော်မူကြပါကုန်……
……သာဓု…….သာဓု……..သာဓု……..ပါဘုရား……..
…………..
( ပြီးပါပြီ)

….ပျော်ရွှင်ကြပါစေ…

…..မောင်ဂေါ်လီ (ဟင်္သာတ)