သဘက်စားတဲ့ရွာ

### သဘက်စားတဲ့ရွာ ###

မြန်မာနိုင်ငံအလယ်ပိုင်း l
မြစ်ဝကျွန်းပေါ်ဒေသရှိ l ဒလက်ဝကျေး
ရွာလေးတွင်ဦးဘမောင် နှင့် မြေး
မမြနှစ်တို့နေထိုင်ကြလေသည်………
ဦးဘမောင်ငယ်စဉ်က ပုဂ္ဂလိကပိုင်
သင်္ဘောမောင်းခဲ့သူတစ်ယောက်ဖြစ်
လေသည်…………

” အဘိုးထမင်းစားပြီးပြီလားဟင်”
” မစားရသေးပါဘူးကွယ် သမီးကိုစောင့်နေတာ ”
” သမီးလဲ ယာထဲမှာအလုပ်ရှုပ်နေတာနဲ့
ုပြန်မလာဖြစ်သေးတာပါ အဘိုး”
” အေးပါသမီးရယ် ”

” အဘိုးဘာတွေစဉ်းစားနေတာလဲ ”
” အော် အဘိုးငယ်စဉ်ကအကြောင်း
လေးတွေစဉ်းစားနေတာပါသမီးရယ် ”
” သူများတွေကပြောကျတယ် အဘိုးငယ်
ငယ်က အရမ်းဆိုးတာပဲဆို ဟုတ်လားဟင်
” ဟုတ်တယ်သမီးရဲ့ ”
” အဘိုးရဲ့အမေကအလိုလိုက်ခဲ့တယ်ကွဲ့
အဘိုးလိုချင်တာရှိရင် နှစ်ခါမပူစာရဘူးလေ အဲဒါကြောင့်
အရမ်းဆိုးတာပေါ့ကွယ် l ကျောင်းကို
လဲတစ်ဝက်တစ်ပျက်နဲ့ထွက်ခဲ့တယ်l
ပြီးတော့ ထန်းရည်လေးတမြမြ l
ကြက်ကလေးတသသနဲ့ပေါ့ကွယ် l
အဘိုးကကြက်တိုက်တာအရမ်းဝါသနာ
ကြီးတယ်ကွဲ့ ”
” ကြက်ဝိုင်းသွားဖို့ပိုက်ဆံ အိမ်ကပေး
ရင်ပေးမပေးရင်ရှိတဲ့ပစ္စည်းခိုးရောင်း
တော့တာပဲ ”
” နောက်ကျတော့ မိဘတွေက
ခြေငြိမ်အောင်အိမ်ထောင်ချပေး
လိုက်တာပေါ့ကွယ် ”

” သမီးတို့အဘွားနဲ့အိမ်ထောင်ကျ
ပြီးခြေငြိမ်သွားတယ် l နောက်တော့
ရန်ကုန်ကနေအထက်ပိုင်းကိုတက်မဲ့
သင်္ဘောမှာ သင်္ဘောသားအဖြစ် အဘိုး
လိုက်ခဲ့တယ် ”
” အထက်အညာဘက်ကိုအဘိုး
သွားလာဖူးတာပေါ့နော်”
” ဒါပေါ့ကွယ် အဲဒီအချိန်က
ရေကြောင်းခရီးသွားလာခြင်းက
သိပ်မတွင်ကျယ်သေးဘူးလေ ”
်” အဘိုးအထက်အညာဘက်က
စုန်းl အောက်လမ်း တို့ပေါတယ်ဆို
ဟုတ်လားဟင် ”
” ဟိုအရင်ဆိုရိုးစကားရှိတယ်သမီးရဲ့
ရွာတစ်ရွာမှာပညာသည် ၄ ယောက်
အနည်းဆုံးရှိတယ်တဲ့ အထက်ဘက်မှာ
ပေါတာမဟုတ်ပါဘူး ဒေသအသီးသီး
မှာရှိပါတယ် အခုချိန်မှာတော့
အဲဒီအယူတွေ မရှိသလောက်ကို
ဖြစ်သွားပါပြီကွယ် ”

” အဘိုးသရဲl တစ္ဆေတွေမြင်ဖူး
လားဟင် ”
” မမြင်ဖူးပေမဲ့ အဘိုးရဲ့ဆရာတစ်ယောက်
ပြောပြဖူးတယ်”
” အဲဒီအကြောင်း သမီးကိုပြောပြ
ပါလားဟင် ”
” အေးအေး နားထောင်နော် ”

ကိုဘမောင်တစ်ယောက်
မမြမေနှင့်အိမ်ထောင်ကျပြီးနောက်
အထက်နှင့်အောက် စုန်ဆန်ဆင်းသည့်
ပုဂ္ဂလိကသင်္ဘောတွင်သင်္ဘောသား
အဖြစ်လိုက်ပါခဲ့လေသည်………
သင်္ဘောဆလင်မှာ အသက်၅၀ခန့်
ရှိ၍ အရပ်အမောင်းကောင်း၍
ခန့်ညားသောဥပဓိရုပ်ရှိပြီး စိတ်သဘော
ထားကောင်းမွန်လေသည်………

” အဘ ဒီသင်္ဘောမှာဆလင်ဖြစ်တာ
ကြာပြီလားဗျ”
” အနှစ် ၂၀ ရှိပြီကွဲ့ ”
”သင်္ဘောသားတွေပြောတာကြားတာ
အဘက ဆေးဆရာတစ်ယောက်ဆို
ဟုတ်လားအဘ ”
” အင်း ဟုတ်ပါတယ် ”
” အဘကပယောဂတွေလဲကုတယ်ဆို”
” ဟုတ်တယ်ကွဲ့”
” အဲဒီအဖြစ်အပျက်ကလေးတွေပြောပြပါ
လားအဘ ”

” ငါ့ကိုတစ်ခါတုန်းက
ညအချိန်မတော်ကြီးရွာက
ပယောဂကုဖို့လာပင့်တယ်ကွဲ့
ငါလဲလိုက်သွားတာပေါ့ တပည့် ၁့
ယောက်နဲ့ ………
ဟိုရောက်တော့ လူနာက
ပူလိုက်တာ………ပူလိုက်တာလို့
အော်ပြီး ဟိုလှိမ့် l ဒီလှိမ့်ဖြစ်နေတယ်
ကြည့်လိုက်တော့ သူ့ကိုယ်မှာ
အနီရောင်ကြိုးနဲ့ လုပ်ထားတဲ့
ပိုက်ကွန်တစ်ခုကရစ်ပတ်ထားတယ် ”
” ငါလဲပုံမှန်မဟုတ်ဘူးဆိုတာသိလိုက်
တယ် အဲဒါကြောင့် အထက်ဆရာ
တွေသုံးတဲ့ ဆေးကတ်ကြေးနဲ့ကိုက်ဖြတ်
လိုက်တယ် ”
” ပိုက်ကွန်တွေအကုန်ဖြတ်လိုက်တော့မှ
လူနာလဲငြိမ်ကျသွားတယ် ”
”ရွာသူကြီးကငါ့ကိုပြောတယ်
သူတို့ဘယ်သူတွေလဲဆိုတာသိလား
မေးတယ် ”
” ငါလဲနဲနဲတော့ရိပ်မိပါတယ်ဆိုပြီးဖြေ
လိုက်တယ် ”
” သူတို့က ဘယ်သူတွေမို့လို့လဲအဘ ”
”ပရလောကသားတွေပေါ့ကွယ် ”
”ရွာသူကြီးကပြောပြတယ် သူတို့က
‘ဝေမာနိက ပြိတ္တာဘုံသားတွေဖြစ်ကြောင်း
ပေါ့ကွယ် တစ်ကယ်တော့သူတို့တွေကလဲ
”ငရဲ l တ်ိရိစ္ဘ္ဆာန် l ပြတ္တာ l အသူရကာယ်
ဆိုတဲ့ အပါယ် ၄ဘုံသား
ထဲမှာပါတဲ့ နေ့စံ l ညခံရတဲ့
ပြိတ္တာတွေပေါ့ကွယ် ”
” အော် ဟုတ်လား ”
” သန်းခေါင်မတိုင်ခင်မှာ ငါတို့ကို
နေရပ်လိုက်ပို့ပေးတယ်လေ
ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေဒင်္ဂါးတွေတောင် ကန်တော့လိုက်
သေးတယ် သူတို့ကတော့
ဝဋ်ကြွေးပေးဆပ်ဖို့သွားရတယ်လေ”
” စိတ်ဝင်စားစရာပါပဲအဘရယ်”

” နောက်ထပ် တစ္ဆေနဲ့ပတ်သက်
ပြီးတော့အကြောင်းအရာလေး
ရှိရင်ပြောပြပေးပါလားအဘ”
” အင်း ငါဆေးပညာတွေမတတ်ခင်
တုန်းက ကြုံခဲ့ရတာလေးပြောပြမယ်”

” တစ်နေ့ရွာတစ်ရွာကို
နွားဖိုးငွေတောင်းရအောင်
ငါတစ်ယောက်ထဲသွားခဲ့တယ်
ခရီးကလဲဝေးတယ်လေ တစ်ညအိပ်ပြီး
နောက်တစ်နေ့ ညနေပိုင်းမှငါပြန်လာ
ခဲ့တယ် ”
” မှောင်ရီသမ်းတဲ့အချိန်ရောက်တော့
ရွာတစ်ရွာကိုလှမ်းမြင်လိုက်ရတယ်
ငါလဲရေတောင်းသောက်ဖို့ကြံပြီး
ရွာဆီအရောက်သွားတာပေါ့ ”

”ရွာထိပ်ရောက်တော့
မီးဖိုတစ်ဖိုဖိုပြီး ဘေးနားမှာလူတစ်ယောက်ကိုတွေ့ရ
တယ် ငါလဲအနားကပ်သွားတာပေါ့”
”မြင်လိုက်ရတာကတော့ နားရွက်ကားကား l မျက်လုံးပြူးပြူး l
လျှာကြီးကအပြင်ထွက်ပြီး l အစွယ်တွေနဲ့
သဘက်ကြီးတစ်ကောင်လေ မီးဖိုဘေးမှာ
ထိုင်နေတာတွေ့တယ် ”
” ငါလဲအမှတ်တမဲ့ဆိုတော့ လန့်သွားတာပေါ့ လန့်သွားတာနဲ့
ပါးစပ်ကလဲဘုရားစာရွတ်မိတယ် ”
”ဣိပိတော ဘဂဝါလို့ဆိုတော့
သူက မဖြုံဘူး ”
” ငါလဲနောက်ဆုံးကြံရာမရတဲ့အဆုံး
သမ္ဗုဒ္ဒေဂါထာရွတ်လိုက်မိတယ်
အဲဒီမှာသဘက်ကြီးကလက်ကာပြတယ်
ငါလဲဆက်ရွတ်တာပေါ့ နောက်တော့
သူကရွာထဲကိုဝင်ပြေးတယ်
ငါလဲဆက်လိုက်တာပေါ့ နောက်ဆုံး
ဘုန်းကြီးကျောင်းထဲဝင်ပြေးတယ်
ငါလဲပါးစပ်ကရွတ်ရင်းလိုက်ဝင်သွားတယ်
နောက်ဆုံးတော့သူလဲ မခံနိုင်တော့
ဘူးထင်တယ် ရွာအပြင်ကိုထွက်ပြေး
သွားတယ် l ရွာထဲမှာလဲတိတ်ဆိတ်နေတာပဲ
ရွာအဆက်နားက တဲစုလေး
လေးငါးအိမ်မှာမီးရောင်တွေ့လို့
ဝင်ကြည့်မှပဲ အကြောင်းစုံသိရတယ်
အဲဒီရွာက အရင်ကအရမ်းကို
စည်ကားတဲ့ရွာကြီးတစ်ရွာဖြစ်ခဲ့တယ်
ကျောင်းထိုင်ဘုန်းကြီးပျံလွန်တော်မူပြီး
ဘုန်းကြီးကျောင်းမှာ သဘက်ကြီး
ဖြစ်နေခဲ့တယ်တဲ့ l နောက်တော့
ရွာထဲမှာလဲ
ဝမ်းရောဂါ l ပုလိပ်ရောဂါတွေဖြစ်ပြီး
လူတွေအသေအပျောက်များလာတော့
တစ်ချို့လဲ ပြောင်းပြေးကျတယ် l
တစ်ချို့လဲမိသားစုလိုက်သေကျတယ်
လူတွေလဲကြောက်ကြောက်နဲ့ပြေးကျတော့ တစ်ချို့ဆို အလောင်းတောင်မြုပ်
ချိန်မရဘူးတဲ့နောက်တော့ရွာပျက်သွား
တဲ့အထိကိုဖြစ်သွားတယ် l ရွာထဲမှာ
နေတဲ့သူဆိုလို့သူတို့အိမ်စုလောက်ပဲ့
ကျန်ခဲ့တယ်သူတို့ရွာသားတွေက
ခရစ်ယာန်တွေများတယ်လေ
သူတို့လဲ ရွာပျက်သွားပြီး
နောက်ပိုင်း ညဘက်ဆို သရဲ l
တစ္ဆေတွေလျှောက်သွားနေကျတယ်
လို့သူတို့ကပြောတယ် l သူတို့
ကပြောသေးတယ် သူတို့ရွာပျက်ရတာ
သဘက်ကြီးကစားလ်ို့ပျက်ရတယ်
ဆိုတဲ့အကြောင်းပြောတယ် သူတို့တွေမှာလဲ့
တစ်ရပ်တစ်ရွာပြောင်းပြေးဖို့အဆင်မပြေ
သေးလို့မပြောင်းရသေးကြောင်းပြောပြ
တယ် ငါ့ကိုလဲရွာကိုဘာလာလုပ်
တာလဲဆိုတဲ့အကြောင်းမေးတယ်လေ”
” ငါလဲအကြောင်းစုံပြောပြလိုက်တယ်”
”သူတို့ဆိုသဘက်ကြီးရန်ကိုကြောက်လို့
ညဘက်မထွက်ရဲကြောင်းပြောတယ်လေ
ငါ့ကတော့မကြောက်ကြောင်း ပြောတော့
သူတို့က ဘာလို့မကြောက်တာလဲလို့မေးတယ်
လေ ငါလဲပြောပြလိုက်တာပေါ့
အဲဒီမှာပဲ သူတို့လဲ သမ္ဗုဒ္ဒေဂါထာ
တန်ခိုးကြီးမားကြောင်း l ငါတို့ဗုဒ္ဓသာသည်သာကိုးကွယ်ရာ
အစစ်အမှန်ဖြစ်ကြောင်းသိသွားခဲ့တယ် l နောက်နေ့
မနက်မှာတော့ သူတို့လဲ ငါတို့
ဗုဒ္ဓဘာသာကိုကူးပြောင်းသွားတယ်
ငါလဲ သမ္ဗုဒ္ဒေဂါထာရဲ့တန်ခိုးကြီးမား
ပုံကိုသိသွားခဲ့တယ် ”

” ငါလဲအဲဒီရွာမှာတစ်ညအိပ်ပြီး
နောက်နေ့ကျတော့ တစ်ရွာလုံးကို
သမ္ဗုဒ္ဒေဂါထာပတ်ရွတ် l ရေမန်းတွေဖျန်း
ပေး l ပရိတ်ကြိုးတွေ လုပ်ပေးပြီးတော့
မှပဲရွာပြန်ဖြစ်ခဲ့တယ်လေ ”

”အဲဒါပဲသမီးရေ ”
”စိတ်ဝင်စားစရာကောင်းပါတယ်
အဘိုးရယ် ”
” အေးပါ ငါ့မြေးရယ် ”

@@@@@@@@@@@@@@@

ရောက်လျှင်ဦးချ ကုသိုလ်ရ
~~~~~~~~~~~~~~~~~~
ပြန်လျှင်ရှိခိုး ကုသိုလ်တိုး
~~~~~~~~~~~~~~~~~

စေတီကျောင်းတိုက် ရောက်လာခိုက်၌

တုမဲ့ဘုန်းမော် မြတ်ဇိနော် နှင့်

ထင်ရှားရှိရာ ထေရ်သံဃာအား

ရောက်လျှင်ဦးချ ကုသိုလ်ရ၍

ပြန်လျှင်ရှိခိုး ကုသိုလ်တိုးဟု

မဟာထေရ်များ မိန့်ဟောကြားသည်

ကျင့်နိုင်သူတို့ကောင်းဖို့တည်း…………

ပြီးပါပြီ
အားလုံးပဲရွှင်လန်းချမ်းမြေ့ပါစေ

Credit – Thin Thin Mon