သမီးလာပါရစေ(စ/ဆုံး)
——————-
{၁}
“”ဝုန်း•••ခွမ်း”””
ထမင်းဝိုင်းလေးက•••
တစ်စစီလွင့်စင်သွားကာ•••စတီးဇလုံသံများဖြင့်
ဆူညံသွားလေသည်။•••
မိနီ••သည်သုံးနှစ်သား
မောင်လေးကိုဖက်ထားလျက်
အိမ်နောက်ဖေးမှမထွက်ရဲ။
“”တောက်••••
မိလဲ့•နင့်ကိုငါမပြောထားဘူးလား
ဒီလိုဟာတွေမစားနိုင်ဘူးလို့”””
ပြောပြောဆိုဆို••အနီးမှဟင်းခွက်ကိုကောက်ပေါက်
လိုက်ပြန်ရာ••
“””ခွမ်း•”””
ဟူသောအသံနှင့်အတူ•••
ခွက်အကွဲစများကဖွာကနဲကျလာကာ
မိနီခြေထောက်ကိုလာစင်သည်။
စူးရှနာကျင်သွားပေမယ့်•••
နှုတ်ခမ်းသားတွေကိုသာအသေကိုက်ထားကာ
မညည်းညူရဲ။
မထင်ရင်မထင်သလိုဆွဲရိုက်တတ်သေးသည်မဟုတ်
ပါလော။
အမေက
“”ကိုသက်ထွန်း•••ရှင်လွန်လာပြီနော်”””ဟု မရဲတရဲနှင့်ပြောရှာသည်။
အရက်ရှိန်ကြောင့်နီရဲ•••
ပျက်ယွင်းကာအဆီတဝင်းဝင်းနှင့်
အမေ့ကိုစားမတတ်ဝါးမတတ်မျက်လုံးများဖြင့်ကြည့်
နေသောထိုလူမှာ••မိနီရဲ့အဖေဆိုပါလား။
“”ပြောစမ်း••မင်းကဘာလုပ်ချင်တာလဲ”””
ဒီကြားထဲအမေ့လက်ထဲကလသားကလေးက
တအဲအဲ•••ငိုလာပြန်သည်။
“”ဘယ်မှာလဲပိုက်ဆံ••ပေးစမ်း
ငါအရက်သွားပြန်သောက်မယ်””
အေမက
“”ရှင်အပ်ထားတာရှိလို့လား
ဘယ်နှပြားအပ်ဖူးလဲ••^ယူတည်းက
ကျွန်မပဲလုပ်ကျွေးလာတာ”””
အမေမျက်ရည်များနှင့်အော်လည်းအော်ပြောရော
အဖေ့လက်တစ်ဖက်မြောက်တက်လာကာ
အမေ့မျက်နှာပေါ်အရောက်•••
မိနီမျက်လုံးများပြာဝေသွားကာ
ကြောက်စိတ်ပျောက်ကာ•••
နောက်တစ်ချက်မရိုက်မီအဖေ့
ခြေသလုံးကိုပြေးဖက်လိုက်သည်။
“”သမီးတောင်းပန်ပါတယ်•••
အဖေရယ်••••ဒီမှာမိနီမှာရှိတဲ့ပိုက်ဆံယူသွားပါ”””
မိနီအင်္ကျီအိတ်ကတ်ထဲမှ••ညနေဆန်ဝယ်ရန်
ချန်ထားသော••နှစ်ရာတန်အနွမ်းလေးနှစ်ရွက်နှင့်
တစ်ရာတန်တစ်ရွက်ထုတ်ပေးလိုက်ရာ
ခပ်ကြမ်းကြမ်းဆွဲယူလိုက်ရင်း
မျက်ရည်များနှင့်အမေ့ဘက်ကြည့်ကာ•••
“”နင့်အချိုးတွေပြင်ထားမိလဲ
နောက်တခါနင်တို့သားအမိတွေသေဖို့
ပြင်ထား•••အေ့”””
ပြောကာဝါးကြမ်းခင်းလေးကိုတကျွီကျွီနင်းကာ
ဆင်းသွားလေသည်။
နှုတ်ခမ်းထောင့်စွန်းတွင်သွေး
စအနည်းငယ်••ပေကျံလျက်အမေ့ကိုမိနီ
လှမ်းထူလိုက်သည်။
“”အမေ••အရမ်းနာသေးလားဟင်”””
“”အမေရတယ်သမီး•••
ထမင်းအိုးထဲ^••ထမင်းနည်းနည်းကျန်တယ်မှ
လားသမီးနဲ့သမီးမောင်လေးမျှစားနော်”””
“”အမေကရော””
“”အမေခုဏထမင်းချက်ရင်းစားပြီးပြီ””
အမေ့ရဲ့မျက်ရည်များနှင့်မျက်ဝန်းကိုကြည့်ရင်း
မိနီသိတာပေါ့မေမေရယ်••
မေမေမစားသေးတာ။
မိနီဘာမှဆက်မပြောတော့ဘဲမောင်လေး
ကိုထမင်းကျွေးကာ••••
နောက်ဖေးပေါက်မှထွက်လာခဲ့သည်။
~~~~~~~~~~~~~~~~~~~
{၂}
မိုးရေစက်များကမိနီခေါင်းပေါ်
တဖွဲဖွဲကျနေလေသည်။
သို့သောမိနီပါးပြင်ကတော့မျက်ရည်စီးကြောင်းများ
ဖြင့်နွေးနေလေသည်။
လူမှန်းသိတတ်စအရွယ်တည်းက
အဖေဆိုတာ••••
မနက်လင်းသည်နှင့်
အရက်ရှိန်နှင့်နီရဲတင်းမာနေသော
အမေ့အားအပြစ်မရှိအပြစ်ရှာနေသော
လူကြမ်းကြီးတစ်ဦး
အဖြစ်သာမိနီအဓိပ္ပါယ်ဖော်နိုင်သည်။
ကိုးနှစ်အရွယ်ကလေးတစ်ယောက်ဖြစ်သာမိနီမှာ
အရေပြားအပေါ်ယံက•••
အနာထက်••ရင်ဘတ်မှဗရဗွသောဒဏ်ရာက
အနာပေါ်အနာထပ်လျက်•••
ထုံကျင်တတ်နေပြီ။
ဘယ်လောက်ဝေးဝေးလျှောက်လာမိနေသည်
မသိ။
အချိန်လည်းတော်တော်လင့်ကာ
ညနေစောင်းပင်ရောက်လာသည်။
ရွာလယ်လမ်းအတိုင်း•••
လျှောက်လာသောအဖြူအစိမ်းဝတ်
ရွယ်တူကလေးများကိုကြည့်ရင်း
မျက်ရည် မိုးကပိုသည်းလာသလိုခံစားရသည်။
ကောင်းကင်ကမိုးတိတ်သွားပြီဖြစ်သော်
လည်းမျက်ဝန်းမှမျက်ရည်မိုးက
စွေချင်တိုင်းစွေနေလေသည်။
လမ်းလယ်ခေါင်တွင်ငူငူကြီးရပ်နေသော
မိနီအားကျောင်းသားလေးများက
လှောင်ပြောင်ပြီးတွန်းတိုက်သွားကြသည်။
နေဝင်တော့မည်မို့
မိနီ•••သင်္ချိုင်းဘက်ဦးတည်လိုက်သည်။
သင်္ချိုင်းဆိုတာ
လူတွေအတွက်ကြောက်စရာအကောင်းဆုံးနေရာ
ဖြစ်ပေမယ့်မိနီကလာနေကျ။
အဘယ်ကြောင့်ဆိုသော•••
သင်္ချိုင်းနှင့်မလှမ်းမကမ်း
အဘလှတို့တလင်း
ပြင်တွင်မကျည်းပင်ကြီးများရှိသည်။
အဘလှအိမ်မှာဝေယျာဝစ္စတောက်တို
မယ်ရများကူလုပ်ပြီး
မန်ကျည်းသီးခူးခွင့်တောင်းထားသည်။
အရီးမယ်စိန်ကနေရာတကာကပ်စေးနှဲကာ
ခွင့်မပြုချင်ပေမယ့်••အဘလှက••
သူ့သမီးအကျဖိနပ်စုတ်လေးတစ်ရံ
ပေးသည့်အပြင်••••
မကျည်းသီးကိုလည်းလိုသလိုခူးရန်ခွင့်ပြုထားသည်။
မကျည်းသီးစိမ်းလေးများကို
အိမ်တွင်အချည်ဟင်းချက်နိုင်သလို
မနက်အစောကြီးထကာရွာထဲ
လိုက်ရောင်းခြင်းဖြင့်လည်း
အမေ့အားတစ်ဖက်တစ်လမ်းမှ
ကူညီနိုင်သည်။
မကျည်းပင်ကနှစ်ချို့အပင်ကြီးများမို့
မြင့်လည်းမြင့်သည်။
မိနီကတက်နေကျမို့ကြောက်လည်းမကြောက်
တော့ပါ။
မျောက်တစ်ကောင်နှယ်တွယ်တက်လိုက်ရင်း
မိုးရေကြောင့်အနည်းငယ်ချောနေတာ
သတိထားမိသည်။
သတိထား၍တွယ်တက်လာရင်း
မန်ကျည်းသီးများပြွတ်သိပ်နေသော
အကိုင်းကိုကူးလိုက်ရာ
ဆွေးနေ သောအကိုင်းအားတတက်နင်းမိရာ
“”ချွတ်”””
အသံနှင့်အတူ••••
မိနီခန္ဓာကိုယ်လေးသည်
အထိန်းအကွပ်မဲ့စွာအပင်အောက်သို့
တရှိန်ထိုးကျသွားလေတော့သည်။
ကံဆိုးချင်တော့မကျည်းပင်ရင်းမှ
ကျောက်တုံးနဲ့ခေါင်းကွက်တိကျကာ
သွေးများကခေါင်းဆီမှဒလဟောကျလာလေသည်။
နံေဘးတဝိုက်မှာတော့ခူးလက်
်စမကျည်းသီးလေးများပျံ့ကျဲလျက်။
~~~~~~~~~~~~~~~
{၃}
ဇာတ်သိမ်း
~~~~~~~~~~
လဲ့လဲ့ကလေးအားပိုက်လျက်အိမ်ပြင်ထွက်
လာမိသည်။
“”သမီးလေးနောက်ကျလိုက်တာ”””
ယောကျာ်းဖြစ်သူက
ပြန်မလာသေး။ယစ်စည်းစိမ်တက်နေတာ
ဖြစ်ပါလိမ့်မည်။
ကလေး••ကပွေ့ထားရင်းအိပ်သွားတာ
မို့ပုခက်တွင်းသိပ်လိုက်ကာ
သမီးနောက်လိုက်ဖို့ပြင်ရသည်။
သားလေးဖိုးချိုကသူမထဘီစလေးဆွဲလျက်။
“”ဟော•••သမီးလာပြီ”””
အထုပ်လေးကမန်ကျည်းသီးတွေဖြစ်မည်။
မိဘအပြည့်အစုံနှင့်•••ရင်ခွင်ငတ်နေတဲ့ကလေး။
နီးလာသောသမီးပုံရိပ်ကိုကြည့်ရင်း
လဲ့လဲ့လန့်သွားရသည်။
“”သမီးခေါင်းမှာ•••သွေးတွေ”””
“”သမီးဘာဖြစ်လာတာလဲ””””
“””မကျည်းပင်ပေါ်ကခြေချော်ကျတာမေမေ
နဖူးစောင်းလေးပေ့ါက်သွားရုံပါ”””
“””မထိတ်သာမလန့်သာမိနီရယ်•••
အမေမပြောဘူးလားဒီမန်ကျည်းပင်မသွား
ပါနဲ့ဆိုတာ”””
အမေကစိတ်ဆိုးဟန်ဖြင့်သမီးမှမိနီဖြစ်သွားလေသည်။
မိနီကသုံးနှစ်သား
မောင်ငယ်လေးခေါ်ကာအိမ်ထဲဝင်လိုက်သည်။
အေမက
“”ဟင်းမေမေချက်မယ်•••
ရေချိုးတော့••••ပြီးရင်ဆေးထည့်ပေးမယ်”””
မီနီရေချိုး၍•••
အမေချက်ထားသောမန်ကျည်းသီးချည်ရည်
ဟင်းနှင့်ထမင်းကိုမောင်လေးနှင့်
အတူစားလိုက်သည်။
အဖေပါလေ့ပါထမရှိသော••
ဒီထမင်းဝိုင်းလေးက
မိနီအတွက်••နောက်ဆုံးဖြစ်ချင်ဖြစ်လိမ့်မည်။
ညနက်လာသည့်တိုင်အဖေပေါ်မလာပုံ
ထောက်ရင်ဒီတစ်ည•••
အရက်ဆိုင်မှာ••မိုးထပ်လင်းဦးမည်ထင်ပါရဲ့။
မိနီ•••အမေနားအိပ်ခွင့်တောင်းကာ
မောင်လေးနှင့်အပြိုင်အမေ့ရင်ခွင်ကြားတိုးအိပ်လိုက်သည်။
~~~~~~~~~~~~~
“”မိလဲ့••••မိလဲ့ရေ”””
အိမ်ရှေ့မှအော်သံကြောင့်လဲ့လဲ့မျက်လုံးကို
အားယူဖွင့်လိုက်ရာ
အလင်းရောင်ကြောင့်မျက်စိစူးသွားရသည်။
မကြူမနက်အစောကြီးဘာပါလိမ့်။
လဲ့လဲ့အတွေးမဆုံးမီ•••••
“””နင့်•••သမီးလေ•••နင့်•••သမီးး
မကျည်းပင်ပေါ်ကကျလို့သေပြီဟဲ့
အီးးးးဟီးးးးးး””””
မိလဲ့မှာ•••
ညကသူမနံဘေးအိပ်နေသောသမီးလေး
မိနီအားစမ်းလိုက်ရာမတွေ့တော့သဖြင့်ခေါင်းနပန်း
ကြီးသွားရသည်။
“”မကြူမနောက်ပါနဲ့”””
“”မြန်မြန်လာပါအေ•••
ညည်းလင်ငမူးတောင်ရောက်နေပြီ”””
လဲ့လဲ့မယုံနိုင်ခြင်းများစွာဖြင့်••••
ထဘီတိုတိုပြင်ဝတ်ကာ•••
ရွာပြင်သင်္ချိုင်းဘက်ဆီဦးတည်လိုက်သည်။
မန်ကျည်းပင်ရှိရာတလင်းပြင်တွင်
လူများဝိုင်းအုံလျက်•••
အလယ်တွင်သနားစရာသမီးလေးမိနီ
“””အားးးးးးသမီးးးးးး
ညကအမေ့နားအိပ်နေသေးတယ်လေ
အမေ့ဆီလာတယ်လေ””””
လဲ့လဲ့စကားကြောင့်အားလုံးကအံ့သြစွာ
ကြည့်ကြသည်။
ဖိုးတူမနက်အစောကြီးနွားလိုက်ရာနွားဝင်ပြေး
၍••ဝင်ဖမ်းရာမှမိနီအလောင်းအားတွေ့ခြင်းဖြစ်သည်။
မနက်အစောကြီးဘယ်နည်းနှင့်မျှ
ထလာကောက်တာမဖြစ်နိုင်။
သွေးများခဲနေတာကြည့်ခြင်း
အားဖြင့်ညနေတည်းကသေနှင့်
ပြီးဖြစ်သည်။
ငမူးသက်ထွန်းမှာအံကြိတ်လျက်••••
မြေကြီးအားလက်သီးဖြင့်အဆက်မပြတ်
ထိုးနေလေသည်။
လဲ့လဲ့က••••
“”ရှင့်ကြောင့်ရှင်တာဝန်မဲ့လို့ကျွန်မသမီးလေး
ခုလိုဖြစ်ရတာ•••အီးးးဟီးးးး
သေတာတောင်မဖြောင့်ရှာဘူး
အိမ်ကိုသတိရသေးတယ်””‘”
“”ငါ့ကြောင့်•••ငါ့ကိုသတ်ပါမိလဲ့ရာ•••
သမီးရယ်အဖေ့ကိုလာခေါ်ပါ
ဒီအဖေလူမိုက်ကြီးကြောင့်
ငါ့သမီးလေး””””
ရွာလူကြီးများက•••••
“””ကဲကဲတစ်ယောက်နဲ့တစ်ယောက်အပြစ်တွေတင်
မနေကြနဲ့••အလောင်းကိုသဂြိုလ်ဖို့လုပ်ရမယ်””
သင်္ချိုင်းနဲ့မဝေးတာမို့သဂြိုလ်ခြင်း
ကိစ္စကအလျင်အမြန်ပြီးသွားလေသည်။
~~~~~~~~~~~~~~~~~
မိနီသေပြီးနောက်••••
သက်ထွန်းမှာဘုရားမှာသစ္စာဆို၍အရက်ကို
လုံးဝဖြတ်လိုက်လေသည်။
မကြာပါ••သူဆင်းရဲမကိုယူသဖြင့်
အမွေပြတ်စွန့်လွတ်ထားသော
သက်ထွန်းမိဘတွေက•••သက်ထွန်းတို့မိသားစု
ကိုအိမ်ပြန်ခေါ်လိုက်ကာ•••
နေ့ချင်းညချင်းကြီးပွားသွားလေသည်။
မိနီသေပြီးတစ်နှစ်ပြည့်တဲ့နေ့တွင်•••
လဲ့လဲ့တွင်ကိုယ်ဝန်ထပ်ရရာ•••
“””အဲ့ဒါသမီးလေးပဲ••••
ကိုသက်ထွန်း•••ဒီအတောအတွင်းသမီးလေးကျွန်မတို့
အနားမှာတဝဲလည်လည်ရှိနေတာ
ခုပြန်လာပြီ”””
“”ဟုတ်လို့လားမိလဲ့ရယ်”””
“”သိပ်ဟုတ်တာပေါ့ရှင်စောင့်ကြည့်နေပါ•••
မွေးလာရင်မိန်းကလေးဖြစ်စေရမယ်”
ဟုတ်သည်။လဲ့လဲ့ကလေးမွေးချိန်တွင်
တကယ်ပင်မိန်းကလေးဖြစ်နေကာ•••
မိနီနှင့်တထေရာတည်းဖြစ်နေလေသည်။
လဲ့လဲ့သည်မျက်ရည်များဖြင့်
“”သမီးလေးအမေတို့ဆီပြန်လာတယ်”””
ထူးခြားသည်ကား•••သက်ထွန်းချီလိုက်သည်နှင့်
တက်မတတ်ချက်မတတ်ငိုခြင်းပင်။
မိနီဟုတ်မဟုတ်မသေချာပေမယ့်••••
လဲ့လဲ့ကတော့သမီးလေးမိနီပြန်လာသည်ဟုပင်
မှတ်ထင်မိလေတော့သည်။Mon Mon Khaing