” သရဲခြောက်သော အိမ်သစ်ကြီး ” (စ/ဆုံး)

” သရဲခြောက်သော အိမ်သစ်ကြီး ” (စ/ဆုံး)

=================================

ကိုကျော်ဦးနဲ့ငမိုးတို့နှစ်ယောက် ယနေ့အလုပ်စဝင်သောနေ့ ဖြစ်သည်။

ဆောက်လုပ်ပြီးစီးခါစ လူနေထိုင်မှု့မရှိသေးတဲ့ တိုက်အိမ်တစ်လုံးကို စောင့်ရှောက်ရသော ညစောင့်အလုပ်ပင်။

ပေနှစ်ရာပတ်လည်အကျယ်ရှိ ခြံကြီး၏အလယ်မှာတော့နှစ်ထပ်တိုက်အိမ်အသစ်ကြီးတစ်လုံးဆောက်လုပ်ထားပြီး ခြံတခါးဘေးကပ်လျှက်ထောင့်မှာတော့ ကိုကျော်ဦးတို့နေထိုင်ရမည့် ဂိတ်တဲငယ်တစ်ခု ကိုဆောက်လုပ်ထားသည်။

“လာဟေ့ ငမိုး ဒါဒို့နေရမဲ့ ဂိတ်တဲပဲကွ”

ကိုကျော်ဦးက‌ပြောလိုက်သည်။တဆက်ထည်းမှာဘဲ

“မင်းထမင်းချိုင့်တွေ ဒီပေါ်တင်ထားလိုက်ကွာ”

ထိုအချိန်မှာပဲ ဦးလှဟုခေါ်သော အသက်ကြီကြီး လူကြီးတစ်ယောက် ရောက်လာပြီး သူလည်း တစ်ဖက်ခြံမှ ညစောင့်အလုပ်သမားတစ်ဦးပင် ဖြစ်ကြောင်း လိုအပ်တာရှိက သူတတ်နိုင်သလောက်ကူညီမည်ဟု ဖော်ဖော်ရွေရွေလာပြောသည်။

“ကျေးဇူးတင်ပါတယ်ဦးလေး ကျွန်တော့်တို့ကလည်း ဒီအလုပ်ကို အခုမှစလုပ်ဘူးတာဆိုတော့ အတွေ့အကြုံမရှိသေးဘူး လိုအပ်ရင် ဦးလေးဆီကအကူအညီတောင်းရမှာပဲ”

ကိုကျော်ဦး ထိုသို့ပြောလိုက်ရင်းနှစ်ဦးသားအတန်ကြာစကား‌‌ပြောနေမိကြသည်

ငမိုးက‌‌ေတာ့ဘာမှဝင်မ‌ေပြာ သူတို့နှစ်ဦးပြောနေသည့်စကားများကိုသာ အသာရပ်၍နားထောင်‌ေန‌ေလသည်

ဒီလိုနဲ့ဦးလှပြန်သွားချိန်မှာ‌ေတာ့ ညနေခြောက်နာရီခွဲလေပြီဖြစ်သည်။

ကိုကျော်ဦးတို့နှစ်ယော်လည်း ဂိတ်တဲပေါ်သို့တက်ကာထမင်းစားလိုက်ကြသည်။

သူတို့နှစ်‌ေယာက်ထမင်းစားပြီးချိန်မှာ‌ ညခုနှစ်နာရီထိုးပြီးသွားလေပြီဖြစ်သည်။

ခြံဝန်းအတွင်းမှာလည်းမှောင်နေလေပြီ သူတို့နေထိုင်ရာဂိတ်တဲတွင်သာ မီးထွန်းထားပြီးတိုက်အိမ်ကြီးမှာတော့ လူမနေသေး၍မီးများပိတ်ထားသည်။

“လာကွာငမိုး…ခြံထဲလျှောက် ကြည့်ရအောင်”

ပြောပြောဆိုဆို ကိုကျော်ဦး လက်နှိပ်ဓာတ်မီးကိုယူ
ပြီး ရှေ့မှထွက်သွားသည်။

ငမိုးလည်းနောက်မှအသာလိုက်၍ နှစ်ယောက်သား အိမ်ကြီးကိုပတ်ကာ ဓာတ်မီးဖြစါနေရာအနှံ့လိုက်ထိုးကြည့်လိုက်ကြသည်။
အိမ်ကြီး၏ကျောဘက် ခပ်ကွာကွာမှာတော့အလုပ်သမားတန်းလျှားတစ်ခု ဆောက်လုပ်ထားသည်ကို တွေ့လိုက်ရသည်

အိမ်ခေါင်းရင်းဘက် ခြံခတ်ထားသည့်အုပ်တံတိုင်းဘေးမှာတော့ သရက်ပင်းများအတန်းလိုက်စိုက်ထားသည်
ကိုကျော်ဦးတို့နှစ်ယောက်လည်း အိမ်ခေါင်းရင်းဘက်မှတဆင့်အိမ်ရှေ့ပေါ်တီကိုအောက်မှဖြတ်ပြီး သူ
တို့နေထိုင်ရာ ဂိတ်တဲလေးသို့ပြန်လာခဲ့ကြသည်။

ဂိတ်တဲလေးပေါ်သို့အရောက်မှာတော့ကိုကျော်ဦးက

“တစ်ညလုံးတော့ နှစ်ယောက်အတူစောင့်‌ေနစရာမလိုဘူးကွ”

“တစ်ယောက်တလှည့်စီစောင့်ပြီး အလှည့်ကြအိပ်လို့ရတယ်”

“အဲ့ဒီတော့ မင်းအရင်အိပ်မလား ငါအရင်အိပ်လိုက်ရမလား”

ကိုကျော်ဦးက ငမိုးကို ပြောလဲပြောမေးလဲမေးလိုက်သည်

“ကျွန်တော်အရင်အိပ်လိုက်မယ်ဗျာ ထမင်းစားများသွားလို့ အိပ်ချင်နေပြီ”

ရယ်ကျဲကျဲနဲ့ ငမိုးပြန်ဖြေလိုက်တော့ ကိုကျော်ဦးကလည်း

“အေးလေ…မင်းသဘောပဲ…ညတစ်နာရီထိုးရင်တော့
မင်းစောင့်ရမယ်နော့် အဲ့ဒီအချိန်ဆိုငါလည်းအိပ်ချင်ပြီကွ”

“ရပါတယ်အစ်ကို…အစ်ကိုအိပ်ချင်တဲ့အချိန်သာကျွန်တော့်ကိုနှိုးလိုက် ကျွန်တော်ဆက်စောင့်လိုက်မယ်”

ငမိုးပြန်ဖြေလိုက်သည်

“ကဲ…ဒါဆိုလည်း။ စောစောအိပ်လိုက်တော့ကွာ အိပ်ရေးဝတာပေါ့ နိုးနိုးကြားကြားတော့အိပ်”

ကိုကျော်ဦးဆက်ပြောလိုက်တော့ငမိုးက

“ဟုတ် အစ်ကို ဒါဆိုကွျန်တော် အိပ်လိုက်တော့မယ်”

ငမိုးလည်းထိုမျှသာပြောပီး ဂိတ်တဲပေါ်တက်ကာ ကုတင်တစ်လုံးပေါ်၌အိပ်‌လိုက်တော့သည်

ကိုကျော်ဦးလည်းကုလားထိုင်တစ်လုံးပေါ်ထိုင်ကာဆေးလိပ်တစ်လိပ်ထုတ်၍မီးညှိဖွာရှိုက်ရင်းတိုက်အိမ်ကြီးကိုကြည့်နေမိသည်။

အချိန်မည်မျှကြာသွားသည်မသိလိုက် ငမိုး၏ တခူးခူးတခေါခေါ ဟောက်သံကြား‌၍ ကိုကျော်ဦးဂိတ်တဲရှိနာရီကိုကြည့်လိုက်တော့ ညဆယ်နာရီပင်ထိုး‌ေနပြီ။

ပတ်ဝန်းကျင်သည်လည်းတိတ်ဆိတ်ညိမ်သက်လျှက်ရှိနေပြီး ဂိတ်တဲအနီးအနည်းငယ်လောက်သာ မီးအလင်းရောင်ရှိသည်။
ခြံအတွင်းမှာတော့ မပီဝိုးတဝါးလရောင်ရေးရေးလေးသာရှိ၍မှုန်ဝါးဝါး
အသစ်စက်စက်တိုက်အိမ်ကြီးကတော့ခြံဝန်းအလည်မှာ ထည်းထည်းကြီးရှိနေသည်။

ကိုကျော်ဦီးလည်းထိုင်နေရသည်မှာညောင်းလာပြီ
ဖြစ်၍ ဂိတ်တဲပေါ်မှဆင်းလိုက်ပြီ အိမ်ကြီးနဲ့ဂိတ်တဲကြားရှိမြေကွက်လပ်ပေါ်တွင် အညောင်းပြေလမ်းလျှောက်နေလိုက်သည်။

သူဒီလိုလမ်းလျှောက်နေးရင်း အိမ်ကြီး၏နောက်ကျောဘက်မှညည်းသံသဲ့သဲ့ကြားလိုက်မိသလိုရှိသည် ပီပီသသတော့မဟုတ်
ကိုကျော်ဦးရပ်၍နားထောင်ကြည့်လိုက်သည် မကြားရတော့ ဒါနဲ့ပဲ သူလဲလမ်းဆက်လျှောက်နေလိုက်သည်။
သိပ်မကြာခင်မှာပဲ လူတစ်ယောက်၏ တအင်းအင်း ညည်းညူ‌နေသံကြီးကို သူ ပြန်ပြီးကြားလာရပြန်သည်
ကိုကျော်ဦး သေချာနားစွင့်လိုက်သည်

ထိုအသံသည် အဝေးမှလေနှင့်ပါလာသောအသံမဟုတ် ဒီခြံထဲမှပင်ထွက်ပေါ်လာသောအသံတစ်ခု လေလည်းမတိုက်‌‌ သူလမ်းဆက်မလျှောက်သေးပဲအသာရပ်၍ အသံလာရာအိမ်ကြီးနောက်ကျောဘက်ဆီသို့နားစွင့်ထားမိသည်။

“အင်း..ဟင်း..ဟင်း..ဟင်း…”

အသံသည်ပို၍ သဲသဲကွဲကွဲ ကြားလာရသည်

“ဟုတ်တယ်…ဒါလူတစ်ယောက်ရဲ့ညည်းသံပဲ”

ကိုကျော်ဦးတစ်ယောက်တည်းပြောလိုက်မိသည်

တဆက်ထဲပဲ သူအိမ်ရဲ့နောက်ကျောဘက်ကိုလက်နှိပ်ဓာတ်မီးထိုး၍သွားကြည့်လိုက်သည်

နောက်ဖက်မှာရှိတဲ့အလုပ်သမားတန်းလျှားကိုလည်းသေချာပင်ဓာတ်မီးဖြင့်ထိုး၍စစ်ဆေးကြည့်လိုက်သည်

ကအားလုံးကညိမ်သက်တိတ်ဆိတ်လျှက်ပင် ဘာခွေးတစ်ကောင်ကြောင်တစ်မြီးမှမတွေ့ရ

“ငါနားကြားလွဲတာပဲဖြစ်မှာပါလေဟု တွေးရင် ဂိတ်တဲ
လေးဆီကိုပြန်လာခဲ့လိုက်သည်။

ငမိုးကတော့အိပ်၍ကောင်းနေဆဲ ကိုကျော်ဦး အိပ်ပျော်နေသောငမိုးကိုနှိုးပြီးပြောပြရရင်ကောင်းမလားဟုစဉ်းစားမိလိုက်သည် ဒါပေမဲ့မနှိုးဖြစ်လိုက်

ကုလားထိုင်ပေါ်ကိုသာဝင်ထိုင်လိုက်ရင်းဆေးလိပ်ကိုမီးညှိဖွာရှိုက်နေလိုက်တော့သည်။

အတော်ကြာသည်အထိ ဘာသံမျှမကြားရတော့
ထိုအခါမှ သူနားကြားလွဲခြင်းသာဖြစ်သည်ဟုတထစ်ချတွေးရင်း စိတ်အေးလက်အေးနေနိုင်‌ေတာ့သည်။

ကိုကျော်ဦးထိုင်နေရာမှထကာ ဓာတ်မီးကိုယူလိုက်သည်
အိမ်ကြီးကိုတစ်ပတ်ပတ်၍ ခြံအတွင်းသို့ လက်နှိပ်ဓာတ်မီးဖြင့်လိုက်၍ထိုးကြည့်သည်။ဘာမှမထူးခြား

ကိုကျော်ဦး အိမ်ကြီး၏ ပေါ်တီကိုအောက်မှဖြတ်၍ဂိတ်တဲလေးသို့ပြန်လာခဲ့လိုက်သည်။

သူလည်း အိပ်ချင်စိတ်မ‌ေပါ်အောင် လမ်းလျှောက်လိုက်ထိုင်လိုက်ဖြင့် အချိန်ကုန်အောင်လုပ်နေလိုက်သည်။

“ဘုတ်..ဘုတ်..ဘုတ်”

အိမ်နောက်ဘက်ကထွက်လာသောအသံပင်
ဖြစ်သည် စောစောကကြားရသည့်အသံမျိုးမဟုတ်တော့

အခုကြားရသည့်အသံက အိမ်နံရံအား လူတစ်‌ေယာက်ကတစ်စုံတစ်ခုဖြစ် ပစ်ပေါက်နေသည့်အသံ

စောစောကကြားရသည့် ညည်းသံကြီးမျိုးမဟုတ်

အိမ်ကိုဖောက်ထွင်းဝင်ရောက်နေတာများလားဟု
ပင်သူထင်လိုက်မိသေးသည်

ဒါပေမဲ့ ယခုကြား‌ေနရသည်ကထိုသို့အသံမျိုးမဟုတ် ပျော့အိအိအရာတစိခုဖြင့် အိမ်နံရံကိုပစ်ပေါက်နေသည့်အသံမျိုးဖြစ်သည်

ကိုကျော်ဦး ဆက်၍နားစွင့်ထောင်နေလိုက်ပြန်သည်။

“ဘုတ် ဘုတ် ဘုတ်”

အသံသည်ဆက်၍ကြားရပြန်သည် အိမ်နောက်ဘက်ဆီမှပင် ကိုကျော်ဦးနဲနဲတွေဝေသွားသည် အခုတခါတော့သူနားကြားလွဲတာမဟုတ်မှန်း‌ေသချာသိလိုက်သည် ။

တဘုတ်ဘုတ်အသံကြီးကိုသူသေချာကြားနေရ၏ ထိုနေရာသို့သွားကြည့်ရရင်ကောင်းမလားဟုစဉ်းစားလိုက်သည်

ဒါပေမဲ့ သူစိတ်နည်းနည်းထင့်နေတယ် မဆုံးဖြတ်နိုင်သေး ခဏအကြာမှာတော့

“ဒါ ငါတို့လုပ်ရမဲ့အလုပ် ဘာဖြစ်ဖြစ်သွားကြည့်ရမှာပဲ”

သူဆုံးဖြတ်ချက်ချကာ လက်နှိပ်ဓာတ်မီးကိုယူ၍ အိမ်နောက်ဘက်သို့သွား၍ကြည့်လိုက်သည် ဘာမျှမတွေ့
ညိမ်သက်တိတ်စိတ်လျှက်ပင်ရှိနေသည်

ဆက်၍အိမ်၏ပတ်ပတ်လည်နံရံများအားလိုက်၍ကြည့်သည် တစ်စုံတစ်ရာထူးခြားမှုဘာမှရှိမနေ

ကိုကျော်ဦးဂိတ်တဲလေးသို့ပြန်လာတော့ ည ဆယ့်နှစ်နာရီပင်ထိုးနေပြီ အသံကိုတော့မကြားရတော့ပြန် သူတစ်ယောက်ထည်းစဉ်းစားနေမိသည်။

“ဒါဘာသံပါလိမ့် ညည့်ငှက်တွေမမြင်မစမ်း
နဲ့အိမ်နံရံကိုဝင်တိုက်မိတာလား”

“ဒါမှမဟုတ်လေတိုက်လို့အိမ်နံရံကို သစ်ကိုင်းတွေနဲ့ရိုက်မိတာလား”

ဒါလဲမဖြစ်နိုင် အိမ်အနီးအနားမှာကပ်ပြီးပေါက်နေတဲသစ်ပင်များလည်းမရှိ

ကိုကျော်ဦးတစ်ယောက်အဖြေရှာမရ စိတ်ထဲမှာလည်း ဘာသံများပါလိမ့်ဟူ၍သာအကြိမ်ကြိမ်စဉ်းစားနေမိသည်။

ငမိုးကိုနှိုး၍ပြောပြရရင်ကောင်းမလားလို့လဲတွေးလိုက်မိသေးတယ် ဒါပေမဲ့ ဒီလိုလုပ်လို့လည်းမဖြစ်သေး

တော်ကြာသူ့ကိုခြောက်လှန့်သလိုဖြစ်ပြီး သူ့အလှည့် မစောင့်ရဲဘူးဆိုမှ ကိုဘာမအိပ်လိုက်ရပဲဖြစ်နေမယ် ဒါကြောင့်နှိုးလို့မဖြစ်

“အသံလည်းမကြားရတော့ပါဘူးညည့်ငှက်တွေပဲနေမှာပါလေ”

သူ တစ်ယောက်ထဲ‌ေတွးရင်ကုလားထိုင်‌ေပါ်ကိုထိုင်‌‌ေနလိုက်ပြန်သည်။

မျက်လုံးများကတော့အိမ်နောက်ဘက်ကိုသာကြည့်နေ၍ အသံကိုလဲဆက်၍နားစွင့်မိနေပြန်သည်။ သိပ်မကြာလိုက်တဲ့အချိန်မှာပဲ

“ဘုတ်..ဘုတ်..ဘုတ်..” “ဘုတ်..ဘုတ်..ဘုတ်”

ဘိလပ်မြေသရိုးဖြစ်အိမ်အပေါ်ထပ်အပြင်နံရံအား ပစ်ပေါက်နေသည့် လေးလေးတွဲ့တွဲ့အသံကြီး အစောကကြားရသည့်အသံထက်ပင် ပို၍ကျယ်ကျယ်ကြားလာရသည်။ကိုကျော်ဦး နည်းနည်းတော့လန့်လာမိသည်

“င့ါကို သရဲများခြောက်နေရော့သလား”

ထိုသို့အတွေးဝင်လာသည်နှင့်ကိုကျော်ဦးတစ်ယောက် ကြက်သီးများပင်ထလာသည်။

“ဟာ…ဒါလည်းမဖြစ်နိုင်ပါဘူး သရဲတစ္စေ တွေဆိုတာ
အိမ်အို အိမ်ဟောင်းကြီးတွေမှာသာ နေထိုင် ခြောက်လှန့်
ကြတာ ဒါကအိမ်အသစ်ကြီး ဘယ်လိုလုပ် သရဲတစ္စေ ရှိ
နိုင်မှာလည်း မဖြစ်နိုင်ပါဘူးလေ”

ကိုကျော်ဦးတယောက် ကိုယ့်ကို ကိုသာဖြေတွေး တွေးရင်း အိမ်ကြီးနောက်ကျောဘက်မှထွက်လာသည့် အသံကိုသာနားစွင့်နေမိသည်။

ဘာပဲဖြစ်ဖြစ်ရင်ထဲမှာတော့စိုးရိမ်ထိတ်လန့်မိသည်ကတော့အမှန်ပင်ဖြစ်သည်။

“ဘုတ်…ဘုတ်…ဘုတ်..ဘုတ်..”

ဟော ထွက်လာပြန်ပြီ ဒီအသံ လူတစ်ယောက်စိတ်မပါလက်မပါဖြစ် အလုပ်လုပ်နေသည့် ပျင်းတိပျင်းတွဲ လေးလေးပင်ပင် အသံကြီး နံရံကိုလက်
ဝါးဖြစ်ရိုက်နေသလားဟုပင် ကိုကျော်ဦးထင်လိုက်မိသည်။

ထိုအသံသည်အတော်ကြာသည်အထိရပ်မသွားဆက်၍ပင်ကြားနေရ၏။နာရီကြည့်လိုက်တော့ဆယ့်နှစ်နာရီခွဲကျော်ကျော်မျှရှိနေပြီဖြစ်သည်။

တိတ်စိတ်နေတဲ့ညသန်း‌ေခါင်အချိန်ကြီးမှာကြားနေရတဲ့ထိုတဘုတ်ဘုတ်အသံကြီးကို သူထိတ်လန့်‌ေနမိတာကတော့အမှန်ပင်

ငမိုးရှိနေသည်မှန်သော်လည်း အိပ်ပျော်နေ၍ဘာမှမသိ
တခူးခူးတခေါခေါ ဟောက်ပင်ဟောက်နေလိုက်သေး

သူတစ်ယောက်တည်းသာ ထိုအသံဘယ်အချိန်တိတ်သွားမလဲစောင့်နေမိသည်။

ကိုကျော်ဦး အဆက်မပြတ်ကြားလာရတဲ့
ထိုအသံကိုစိတ်မရှည်တော့ ဘယ်ကထွက်လာတဲ့ အသံ
လဲဆိုတာ သူသိအောင်လုပ်ရမည်

“အေး…နင်က..ဘုတ်..ဆိုငါကလည်းဒုတ်(တုတ်)ပဲ”

စိတ်ထဲကပြောရင်း အသင့်စောင်ယူလာ
တဲ့ ဝါးရင်ဒုတ်(တုတ်)ကိုလက်တစ်ဘက်ကကျစ်ကျစ်ပါ
အောင်ဆုပ်ကိုင်လိုက်သည်

လက်နှိပ်ဓာတ်မီးကိုယူပြီးဂိတ်တဲအပြင်သို့ထွက်လိုက်သည် ထို့နောက်ဓာတ်မီးဖြစ်အိမ်အပြင်နံရံတွေကိုအပေါ်အောက်သေခြာထိုးကြည့်ရင်းအိမ်ကြီးကိုပတ်ကြည့်ရန်လျှေက်လာသည်။

ထိုအခိုက်မှာ‌အသံသည်တိတ်သွားသည် ဘာသံမှမကြားရတော့ပြန်

တဖြည်းဖြည်းကြည့်လာရင်း အသံထွက်ပေါ်လာသည့် အိမ်၏နောက်‌ေကျာဘက်သို့ရောက်လာသည်

ကိုကျော်ဦး စိုးရွံ့စိတ်လှုပ်ရှားလာသည် အိမ်၏နောက်‌ေကျာဘက်မှ‌‌ေနပြီး ခြံအဝင်ဂိတ်တဲ မီးအလင်းရောင်ကိုလှမ်းမမြင်ရ၍လည်းဖြစ်သည်

ရှေ့ဆက်သွားရမည်ကိုပင် နည်းနည်းတွန့်ဆုတ်နေမိပြန်သည်။

“အိုကွာ ..ဘာဖြစ်ဖြစ်သွားကြည့်လိုက်တာ ကောင်းပါတယ် ဘာမှမဟုတ်လောက်ပါဘူး”

ကိုယ့်ကိုကို အားပေးရင်း ကိုကျော်ဦး အိမ်နောက်‌ေကျာဘက်နံရံကိုဓာတ်မီးဖြစ်ထိုးပြီး
အိမ်ခြေရင်းဘက်မှ‌ အိမ်ခေါင်းရင်းဘက်သို့လျှောက်လာလိုက်သည် ။

သူထိုသို့လျှောက်လာရင်း အသံထွက်ပေါ်လာသည့် နေရာဖြစ်လောက်သည်ဟု ယူဆထားသော အိမ်ကြီး၏ ‌အလယ်နေရာနားသို့အရောက်မှာ‌ေတာ့

ကိုကျော်ဦးတစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများတဖြန်းဖြန်းထလာသည် အပေါ်ကိုလည်းမော့မကြည့်ရဲ

ထိုအပေါ်ဘက်မှတစ်စုံတစ်ယောက်သည် သူ့အားစိုက်ကြည့်နေသလို ခံစားရပြီး စိတ်ထဲမှာထင့်ကနဲဖြစ်သွားကာ ခေါင်းနပန်းပင်ကြီးသွားသလို တကိုယ်လုံးထူပူလာမိတော့သည်။သူကြာကြာမနေရဲ

အိမ်ခေါင်းရင်းဘက်ကို ခပ်သုပ်သုပ်အမြန်လျှောက်လာရင်း ချိုးကွေ့မည်အလုပ်

“ဝေါ….”

နောက်ကျောဘက် ပေအစိတ်လောက်အကွာနံရံမှ တစ်စုံတစ်ခုကွာကြလာသည့် အသံကြီးကို ကြားလိုက်ရသည်

“ဘုန်း”ဆို တစ်ခုခုပြုတ်ကြလာသည့် အသံကြီးကိုပါကသူထပ်ကြားလိုက်ရသည်။

ကိုကျော်ဦး ခန္ဓာကိုယ်တစ်ခုလုံးရုတ်တရက်‌ေလထဲ‌ေမြာက်တက်သွားသလိုခံစားလိုက်ရပြီး ရင်ထဲမှာလည်း
“ဟာ”ကနဲဖြစ်သွားသည်။

နောက်လှည့်ကြည့်ရကောင်းနိုးနိုး ရှေ့ဆက်သွား
ကောင်းနိုးနိုးဖြင့် ဝေခွဲမရဖြစ်နေသည်။

ဖြစ်ခြင်တာဖြစ်ဆိုပြီး သူနောက်လှည့်ကြည့်တော့

“ဟင် လူတစ်ယောက် မှောက်ခုံကြီး လဲကြနေပါလား”

ဒါဘယ်သူလဲ သူခိုးလား အိမ်ပေါ်တက်ခိုးရင်းနဲ့များ
ခြေချော်ပြီးပြုတ်ကြလာတာလား

ကိုကျော်ဦးဘာလုပ်ရမည်မသိ တကိုယ်လုံးစိုးရိမ်စိတ်ကြောက်စိတ်တို့ဖြင့် ဇောချွေးများပင်ပြန်လာသည်။

“အီး..ဟီး..ဟီး..”

ထိုသူ့ထံမှနာကြင်လွန်း၍ ထွက်ပေါ်လာသော
ညည်းညူသံကြီး

ထိုအသံကြီးကြားလိုက်ရတော့ ကိုကျော်ဦး
ဆံပင်မွေးများပင်ထောင်ကုန်သည် ကြက်သီးတွေလည်း
တဖြန်းဖြန်း

“ငါ.ဘာလုပ်ရမလဲ..ငါ.ဘာလုပ်ရမလဲ”

ကိုကျော်ဦးစဉ်းစားသည် အဖြေမပေါ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ

ထိုလဲကြ‌ေနသူသည် လက်တစ်ဖက်ဖြစ် သူ့ရဲ့ဦးခေါင်းကိုစမ်းကြည့်နေသည်

ခြေနှစ်ဘက်သည်ယက်ကန်ယက်ကန်ဖြင့် မြေကြီးတွေကို ကုပ်ခြစ်သလိုဖြစ်နေသည်။

ကြန်လက်တစ်ဖက်ဖြစ် မြေကိုထောက်ပြီးပြန်ထနိုင်ရန်ကြိုးစားနေပြန်သည်

ကိုကျော်ဦးမှင်သက်စွာရပ်ကြည့်နေမိသည် ဘာလုပ်လို့
ဘာကိုင်ရမည်ကို ခုထက်ထိသူမသိသေး

ထိုသို့ဖြစ်နေရာမှာ လဲကြနေသူသည်သူ၏ဦးခေါင်းကြီးကိုပြောင်းပြန်ကြီးလှည့်ကာ ကိုကျော်ဦးကိုကြည့်လိုက်သည်။

သူ မြင်လိုက်ရသည်က ဖြူဖပ်ဖြူရော်မျက်နှာကြီးတစ်ခု မျက်လုံးနှစ်လုံးသည် အလွန်ပင်ပြူးထွက်နေသည်

အပြင်ထွက်နေသောလျှာကြီးကို တစောင်းကြီးကိုက်လျှက် ပါးစပ်မှတဟီးဟီး ညည်းညူနေသည်

ထိုမျက်နှာကြီးကိုမြင်လိုက်ရ‌‌ေတာ့ ကိုကျော်ဦးတစ်ယောက် ကြက်သေ သေနေမိသည်

ခြေဖြားလက်ဖြားတွေလည်းအေးစက်လာပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေသည် ဓာတ်မီးလည်းလွတ်ကြလို့လွတ်ကြမှန်းမသိတော့

လက်ထဲမှာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ဝါးရင်းတုတ်ပင် မြေကြီးပေါ်ရောက်နေပြီး

ခြေထောက်တွေလည်း‌ပျော့ခွေညွှတ်ကြလုမတတ်
တဆတ်ဆတ်တုန်နေသည်။

သူ့ဝမ်းဗိုက်ထဲမှာပင် အူတွေအသည်းတွေ မရှိတော့သလိုကို ခံစားလိုက်ရသည်။

ကိုကျော်ဦး သူ့ကိုသရဲခြောက်နေပြီဖြစ်မှန်း သိနေပေမဲ့ ခန္ဓာကိုယ်ကြီးက လှုပ်ရှားလို့မရ ပါးစပ်ကအော်နေပေမဲ့လည်း အသံကထွက်မလာ လည်ချောင်းထဲတွင်သာတစ်ဆို့နေသည်။

သူထို့သို့ဖြစ်နေခိုက်မှာပဲ လဲကြနေသော တစ္စေ
ကောင်ကြီးသည် ထရပ်လိုက်ပြီး ကိုကျော်ဦးဘက်သို့နောက်ပြန်ကြီးလျှောက်လာသည်

ထိုတစ္ဆေသရဲကောင်၏ မျက်နှာကြီးသည် နောက်ကျောဘက်သို့ရောက်နေပြီး ခန္ဓာကိုယ်
ကြီးကဒယိမ်းဒယိုင်

ကိုကျော်ဦး ရှိသမျှအားကိုညစ်ထုတ်၍အော်လိုက်သည်။

“သ..သ ..သရဲ.သရဲ..ကယ်ကြပါဦးဗျိုး…”

ပါးစပ်ကလဲအော်ရင်း လူကလဲ ထိုနေရာမှ ဒရော
သောပါးပြေးထွက်သွား‌ေတာ့သည်။

သူ ခြံတံခါးရှိရာကိုသာ အရောက်ပြေးသွားပြီး
‌ေသာ့ခတ်ထားသော ခြံတခါးကို တဝုန်းဝုန်း တဒိုင်းဒိုင်း
တွန်ဖွင့်နေသည်။ပါးစပ်ကလည်း ဆောက်တည်ရာမရသောအသံကြီးဖြင့်

“ငမိုး.ထွက် အပြင်ကိုထွက်.”

“ဟေ့ကောင်ငမိုး အပြင်ကိုမြန်မြန်ထွက်..ထွက်” သရဲ..သရဲ”ဟု၍သာ

အကြိမ်ကြိမ်ပြောနေရင်း လက်ကလည်းခြံတခါးကို
အဆက်မပြတ်တဝုန်းဝုန်းတွန်းဖွင့်နေပြန်သည်။

ခြံအပြင်ဘက်ရောက်ဖို့သာ စိတ်‌ေစာနေသော
ကိုကျော်ဦး ဘာကိုမှသတိမရ ခြံတခါးသောခတ်ထားမှန်းလဲသတိမရတော့ သူစိတ်ထဲမှာ ဒီခြံထဲကနေအမြန်ဆုံးအပြင်ရောက်ဖို့သာသိသည်။

တဝုန်းဝုန်းနဲ့ တခါးတွန်းဖွင့်သံ‌ကြောင့် ငမိုး အိပ်နေရာမှလူးလဲထကာ ဂိတ်တဲလေးအောက်သို့ပြေးဆင်းလာပြီ

“ကိုကျော်ဦး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”

ခြံတခါးအား တဝုန်းဝုန်းတွန်းဖွင့်နေသည့် ကိုကျော်
ဦးကို မေးလိုက်သည်

“ငမိုး ဆင်းခဲ့ ဆင်းခဲ့ အိမ်နောက်မှာ အိမ်နောက်မှာ
ရှိတယ် ရှိတယ်”

မောဟိုက် တုန်လှုပ်နေသည့်အသံကြီးဖြင့်ကိုကျော်ဦးပြောလိုက်သည်။

“ဘာရှိတာလဲကိုကျော်ဦး သူခိုးလား ဘယ်မှာလဲ ဘယ်မှာလဲ”

ဘာမ မသိသေးတဲ့ ငမိုးက ကိုကျော်ဦးကိုအတင်းမေးလိုက်တယ်

“မဟုတ်ဘူး မဟုတ်ဘူး အပြင်ထွက် အပြင်ထွက်”

ကိုကျော်ဦး၏တုန်တုန်ရင်ရင် အမူအရာကြီးကိုကြည့်ရင်း ငမိုးထိတ်လန့်သွားသည် အိမ်နောက်ဘက်ကိုကြည့်လိုက်တော့လဲဘာမ မတွေ့ရ

ဘာကြောင့်များ ကိုကျော်ဦးဒီလောက်ကြောက်နေရတာလဲဆိုတာ သူစဉ်းစားမရဖြစ်နေသည်

ခြံထဲကိုမျက်စိအနှံဝေ့ကြည်လိုက်တော့ အိမ်ကြီး၏ ပေါ်တီကိုအောက်မှာ ရပ်နေသောလူတစ်ယောက်ကိုမှုန်ဝါးဝါးအလင်ရောင်‌ေအာက်တွင်တွေ့လိုက်ရသည်။သဲသဲကွဲကွဲမဟုတ်

ငမိုးသေချာကြည့်လိုက်တော့မှ ထိုသူ၏ဦးခေါင်းနောက်စေ့သည် ရှေ့ရင်ဘတ်ဘက်တွင်ရှိနေမှန်းသိလိုက်ရသည် ။

“ဟာ..ဘာကောင်ကြီးလဲ”

ငမိုးကြက်သီးတဖြန်းဖြန်းထသွားသည် မျက်လုံးများလဲပြူးကျယ်သွားကာ ပါးစပ်ကလည်း

“ကိုကျော်ဦး ဟိုမှာ ဟိုမှာ”

ငမိုး‌ေကြာက်ရွံ့တုန်လှုပ်စိတ်တို့ဖြင့်သူမြင်‌ေနရ‌ေသာအရာကို ကိုကျော်ဦးအားလက်ညှိုးထိုးပြသည်

သူကြည့်နေတုန်းမှာ ပေါ်တီကိုအောက်မှာရပ်နေသောထိုသူက သူရဲ့ဦးခေါင်းပြောင်းပြန်ကြီးကိုလက်ဖြင့်ဆွဲ၍တည့်‌ေနတာကိုမြင်လိုက်ရသည်

နောက်တဖြည်းဖြည်း ငမိုးဘက်ကို လှည့်လာသည်
ငမိုးမြင်လိုက်ရသည်မှာ ဖြူဖပ်ဖြူရော်မျက်နှာကြီးတစ်ခုဖြစ်သည်။

မျက်လုံးများပြူးထွက်နေပြီး လျှာတစောင်းကြီးကိုက်ထားသည့် ကိုကျော်ဦးတွေ့ခဲ့ရတဲ့သရဲ ကိုကျော်ဦးနောက်သို့လိုက်လာခြင်းဖြစ်သည်

“အား…သရဲ..သရဲ…ကို‌ေကျာ်ဦး လုပ်ပါဦးဗျ ”

ငမိုး အသံကုန်အော်ရင်း ကိုကျော်ဦးနား ပြေးကပ်
သွားသည် ပေါ်တီကိုအောက်ကိုလက်ညှိုးထိုးပြနေရင်း

“ကိုကျော်ဦး ဟိုမှာ..ဟိုမှာ..ဟိုမှာသရဲရှိတယ်ဗျ”

ပါးစပ်ကတတွတ်တွတ်‌ပြောရင်း ချွေးစေးချွေးပေါက်တွေကြလာကာ တကိုယ်လုံးတုန်ယင်နေသည်

သူထိုသို့ဖြစ်နေခိုက် ပေါ်တီကိုအောက်မှ သရဲသည်လက်ဖြင့်ဆွဲတည့်ထားသော မျက်နှာကြီးကိုလွှတ်လိုက်သည်။

ဖြုဖပ်ဖြူရော်မျက်နှာကြီး နောက်ကျောဘက်သို့ပြန်လည်သွားပြန်သည် ကိုယ်လံုးကြီးတဖြည်းဖြည်းလှ
ည့်ကာနောက်ဆုတ်နောက်ဆုတ်ဖြင့် သူတို့နှစ်ယောက်ရှိရာခြံပေါက်ဝသို့ တရွေ့ရွေ့လာနေသည်။

“ကိုကျော်ဦး ..လာနေပြီ.. လာနေပြီ လုပ်ပါဦးဗျကျုပ်တို့ဘက်ကိုလာနေပြီ”

ငမိုး၏ အသံသည်တုန်ယင်နေပြီး ငိုသံပင်ပါနေသည်

“မကြည့်နဲ့ငမိုး မကြည့်နဲ့ ခြံအပြင်ရောက်အောင်ထွက်”

ကိုကျော်ဦး ငမိုးကို ပြောပြီး တခါးကိုသာ တဒုန်းဒုန်းဆောင့်တွန်းနေသည် ။

ငမိုးလည်းကိုကျော်ဦးလိုပင် တံခါးအားစောင့်တွန်းသည် မပွင့် ခြေထောက်ဖြင့်စောင့်ကန်သည် ပုခုံးနဲ့တိုက်သည် ကြောက်စိတ်ဖြစ်လုပ်မိလုပ်ရာလုပ်နေကြတော့သည်

နှစ်ယောက်လုံးကြောက်စိတ်လွန်ကဲနေတာကြေင့် တံခါးသော့ဖွင့်ရန်သတိမရကြ အပြင်ရောက်ရန်သာ စိတ်စောနေကြပြီး သော့ခတ်ထားသောတခါးကြီးကို တဒုန်းဒုန်းတဒိုင်းဒိုင်းမြည်အောင် ခြေဖြင့်ကန်လိုက်လက်ဖြင့်တွန်းလိုက်လုပ်နေကြသည်

နောက်ကိုလည်း လှည့်မကြည့်ရဲကြတော့

အချိန်မည်မျှကြာသွားသည်မသိလိုက် ခြံအပြင်ဘက်မှခပ်မြန်မြန်လျှောက်လာသော ဖိနပ်သံတလျှပ်လျှပ်နှင့်ဓာတ်မီးရောင်တစ်လက်လက်ကိုမြင်လိုက်ရသည်။ထိုအခါကြမှ ကိုကျော်ဦး ဦးလှကိုသတိရသွားသည်။

“ဦးလေး ဦးလေး လုပ်ပါဦး မြန်မြန်လာပါဗျ”

ကိုကျော်ဦး ဦးလှကို အားကိုးတကြီးလှမ်းခေါ်လိုက်သည်သူ၏အသံတွေမှာတုန်ယင်နေသည်။

“မောင်ကျော်ဦးတို့ ဘာဖြစ်ကြလို့လဲကွ”

“သရဲ သရဲ အိမ်နောက်ဘက်မှာ သရဲ ရှိတယ်
ဦးလေး ကျွန်တော်တို့မနေရဲတော့ဘူ”

အကြောက်လွန်နေကြသောသူတို့နှစ်ယောက်ကို
ကြည့်ရင်း ဦးလှပြောသည်

“စိတ်ညိမ်ညိမ်ထား ငါ့တူတို့ ဦးလေးရောက်လာ
ပြီပဲ ဘာမ မကြောက်ကြတော့နဲ ဘာမ မရှိ‌တော့ပါဘူးကွ”

ဦးလှက သူတိုနှစ်ယောက်အကြောက် ပြေစေရန် နှစ်သိမ့်‌‌ေပးလိုက်ပြီး ခြံထဲသို့ဓာတ်မီးအလင်း‌ေရာင်ဖြင့်လိုက်၍ ထိုးကြည့်လိုက်သည်။

သူကတော့ဘာမှမမြင်ရ

“တခါးသော့ ဘယ်သူ့ဆီမှာလဲ သော့ဖွင့်ပြီး ထွက်
ခဲ့ကြလေကွယ်”

ဦးလှသတိပေးလိုက်တော့မှ ကိုကျော်ဦး သူအိပ်ကပ်ထဲသို့လက်နှိုက်လိုက်ပြီး ပါလာသောတခါးသောအား

“သော့..သော့ဒီမှာဦးလေး ရော့ ”

လက်ကလည်းတုန်ယင်‌ေနသလို အသံကလည်းတုန်တုန်ယင်ယင်ဖြင့် ဦးလှကိုတခါးသော့ပေးလိုက်
သည်။သူဘာလုပ်ရမည်ကို အခုထက်ထိ သူမသိသေး

အထဲကဖွင့်ရမည့်တခါးကို မဖွင့်ပဲအပြင်မှာရှိ‌ေနတဲ့ဦးလှကို‌ အရောင်ရောင်အမှားမှားဖြင့်‌ေသာ့အား‌‌ေပးနေသည်။

သူတို့နှစ်ယောက်ဘယ်လောက်တောင် အ‌ကြောက်လွန်နေသလဲဆိုတာဦးလှသိလိုက်သည်

“ကဲ ကဲ ငါ့တူတို့ စိတ်ညိမ်ညိမ်ထားကြ ဦးလေးတစ်ယောက်လုံးရောက်နေပြီပဲ တခါးသော့ဖွင့်ပြီး ထွက်ခဲ့ ဦးလေးခြံထဲလိုက်ခဲ့ကြဟုတ်ပြီးလား”

ကိုကျော်ဦးလည်း တုန်တုန်ယင်ယင်ဖြင့်သော့ကိုဖွင့်လိုက်သည်

ငမိုးကတော့ ဦးလှရောက်လာကတည်းက ခြံတခါးနားမှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး ဘာမှမပြောနိုင်မျက်ရည်လေးအဝဲသားဖြင့်သာ ဦးလှကိုအားကိုးတကြီးကြည်‌့နေသည် ။

တံခါးပွင့်သွားတာနဲနှစ်ယောက်စလုံး ခြံအပြင်ကို အလျှင်အမြန်ထွက်လိုက်ကြပြီး ဦးလှနေတဲ့ခြံဘက်သို့ ပြေးသွားကြသည်။

ဦးလှလည်း နောက်မှခပ်မြန်မြန်လျှောက်ရင်းလိုက်သွားသည် ခြံတခါးပင် ပြန်မပိတ်မိခဲ့။

တစ်ဖက်ခြံသို့ရောက်မှပဲ သူတို့နှစ်ယောက်
နည်းနည်းစိတ်သက်သာရာရသွားကြသည်။ဦးလှကသူတို့နှစ်ယောက်ကိုကြည့်ရင်း

“ကဲ ငါ့တူတို့ ရေလေးသောက်လိုက်ကြဦးကွယ့်”

ထိုအခါမှသူတို့ရေဆာနေမှန်းသိလိုက်သည် ဦးလှကမ်းပေးသောရေခွက်အားယူ၍သောက်လိုက်မှ ရင်ထဲအေးသွား၍ကြောက်စိတ်လည်းအနည်းငယ်ပြေလာသည်။
နှစ်ယောက်သားဘာစကားမှမပြောနိုင်သေးပဲ
ငူငူကြီးတွေသာထိုင်နေကြ‌သည်

ဦးလှကလည်းဘာမှမမေးသေးဘဲသူတို့နှစ်ယောက်အတော်လေးအကြောက်ပြေလောက်သည်အထိစောင့်နေလိုက်သည်။

ထိုသို့တိတ်ဆိတ်စွာထိုင်နေကြရင်း နံနက်လေးနာရီလောက်ကြမှပဲဦးလှကမေးလိုက်သည်။

“ကဲ ပြောစမ်းပါဦးကွဲ့ ငါ့တူတို့ ဘာတွေ တွေ့ပြီး
ဘယ်လိုတွေဖြစ်ခဲ့တာလည်းဆိုတာကို”

ဦးလှမေးလိုက်တော့မှ ကိုကျော်ဦး ညကသူတွေ့
ကြုံခဲ့ရသည်ကိုပြောပြလိုက်သည်။

ယခုအချိန်ထိပင်အသံတွေတုန်နေစဲ မျက်လုံးထဲမှာလည်း ကြောက်ရွံ့စိတ်တွေတွေ့နေရစဲဖြစ်သည်။

ငမိုးကလည်းသူမြင်တွေ့ခဲ့ရတာတွေကို ပြန်ပြော
ပြလိုက်‌ေတာ့ ဦးလှခေါင်းတညိတ်ညိတ်ဖြင့်နားထောင်
နေသည်။ပြီးတော့မှသူထင်မြင်ချက်ကို ပြောလိုက်သည်

“အင်း..မင်းတို့တွေခဲ့တာ မောင်ငယ် ဖြစ်လိမ့်မယ်ကွ”

“ဗျာ..‌မောင်ငယ်ဟုတ်လား ဦးလေး မောင်ငယ်ဆိုတာဘယ်သူလဲဗျ”

ကိုကျော်ဦးပြန်မေးလိုက်တယ် ဒီတော့မှ ဦးလှ မောင်ငယ်ဘယ်သူလဲဆိုတာပြောပြလိုက်သည်

“မောင်ငယ်ဆိုတာ အဲ့ဒီအိမ်ကြီးဆောက်တုန်းက
ငြမ်းစင်ပြုတ်ကြပြီးသေသွားတဲ့ ပန်းရံအလုပ်သမား
တစ်ယောက်ပေါ့ကွယ်”

ဦးလှပြောလိုက်တော့မှကိုကျော်ဦးနဲ့ငမိုးတို့နှစ်ယောက် ကြက်သီတဖျန်းဖျန်းထလာပြန်သည်။ဦးလှဆက်ပြီး ပြောလိုက်သည်။

“အိမ်နောက်ဘက်နံရံအပေါ်ပိုင်းကို ငြမ်းစင်ပြီးနံရံချောနေတာပေါ့ကွယ် သူအလုပ်လုပ်နေတုန်းမှာပဲ ငြမ်းစင်ကပြိုကြပါရောလား”

ကိုကျော်ဦီး သူညကကြားခဲ့ရသည့် နံရံက တစ်ခုခုကွာကြလာသည့်အသံကြီးကိုပြန်ကြားရင်း မသိမသာတုန်ယင်လာသည်။

ဦးလှဆက်၍ပြောပြန်သည်

“သူလည်းငြမ်းစင်နဲ့ရောပြီး အောက်ကိုပြုတ်ကြလာပါရောလား”
“အောက်မှာ အုတ်ပုံကြီးကလည်းရှိနေတာဆိုတော့
အုတ်ပုံဘေးစောင်းနဲ့ သူ့မျက်နှာတချမ်း ရိုက်မိပြီး လည်ပင်းလိမ်ချိုးသလိုဖြစ်သွားတာပေါ့ကွာ သူလဲနေရာမှာတင် ပွဲချင်းပြီးသေတာပါပဲ”

“မျက်နှာကြီကလည်း ကျောဘက်ပြန်ရောက်နေတာဆိုတော့ သူ့အလောင်းကြီးကို လူတွေသိပ်တောင်မကြည့်ရဲကြပါဘူး”

ဦးလှစကားလဲဆုံးရော ငမိုးတစ်ယောက်နေစရာ‌ေနရာပင်မရှိတော့ တစ်ကိုယ်လုံးဇောချွေးတွေပြန်ပြီး
မျက်နှာလည်းဇီးရွက်လောက်သာကျန်တော့သည်။

“ဒါဆို ကျွန်တော်တို့ကိုခြောက်တာ မောင်ငယ်များလားဦးလေး”

ကိုကျော်ဦးမေးလိုက်တော့ ဦးလှက စဉ်းစဉ်းစားစားတွေးရင်း

“ဖြစ်နိုင်တယ်ကွ အဲဒီအိမ်မှ မြေနှုတ်တာ‌ေတွပရိတ်ရွတ်တာတွေမလုပ်ရသေးဘူး ဒီတော့အစိမ်းသေသေထားတဲ့မောင်ငယ်လဲမကျွတ်မလွတ်ပဲ သရဲတစ္တေ ဖြစ်ပြီး ဒီခြံထဲမှာနေတာဖြစ်မှာပေါ့ကွာ”

ဦးလှလည်းသူထင်မြင်တာကိုပြောလိုက်သည်

သူတို့စကားပြောနေတုန်မှာပဲ မိုးသည်လင်းလာပြီဖြစ်သည်

“ကဲ ငါ့တူတို့ မင်းတို့ဘယ်လိုလုပ်ကြမလဲ အလုပ်ထွက်မှာလားဒီမှာဆက်လုပ်ကြမှာလား”

ဦးလှဒီလိုမေးလိုက်တော့ ကိုကျော်ဦးကခါးခါးသီသီးပင်
ညင်းလိုက်သည်

” အမလေး ဦးလေးရယ် နောက်တစ်ခါသာ ဒီလိုသရဲအခြောက်ခံလိုက်ရရင်တော့ ကျွန်တော်တို့လဲ နေရာမှာတင်ပွဲချင်းပြီးသွားနိုင်တယ်”

“ဆက်လုပ်ဖို့မပြောနဲ့ အခုတောင်ကျွန်တော် အဲ့ဒီအိမ်ကြီကိုပြန်မသွားရဲဘူး နောင်လည်းဘယ်တော့မှဒီလိုညစောင့်အလုပ်ကိုမလုပ်တော့ဘူး”

ယခုတိုင်သူတို့အကြောက်မပြေသေး ငမိုးကတော့ထိုအိမ်ကြီးဘက်သို့ပင်လှည့်မကြည့်ရဲ စကားပင်ကောင်းကောင်းမပြောနိုင် မျက်နှာငယ်လေးဖြင့်သာရှိနေသည်

“ဦးလေး ကျွန်တော်တို့ ထမင်းချိုင့်တွေ သွားယူပေးလို့ရမလားဗျ ကျွန်တော့်တို့သွားမယူရဲတော့လို့ပါ”

ကိုကျော်ဦး ဦးလှကိုမေးလိုက်သည်

“ရပါတယ် ငါ့တူရာဦးလေးသွားယူပေးပါ့မယ်”

ထိုသို့ပြောလိုက်ရင်း ဦးလှသည်ထမင်းချိုင်ယူရန်သရဲ‌ေခြာက်‌ေသာ အိမ်သစ်ကြီဆီသို့ ထွက်သွားသည်

ခဏကြာတော့ ဦးလှ လက်ထဲမှာထမင်းချိုင့်နှစ်လုံးဆွဲ၍ပြန်လာသည်

ဦးလှပြန်ရောက်လာသည်နှင့်ကိုကျော်ဦးနဲ့ငမိုးတု့လည်းထမင်းချိုင့်တွေကိုယူလိုက်ပြီး

“ကျေးဇူးပဲဦးလေး‌ေရ ဦးလေးသာရောက်မလာခဲ့ရင်
ကျွန်တော်တို့နှစ်ယောက်စလုံး ဘာလုပ်လို့ဘာကိုင်ရမှန်အသိဘဲ တစ်ညလုံးဒုက္ခရောက်နေမှာ အလုလိုတောင်ပြန်နိုင်ပါ့မလားမသိဘူ အခုတော့ခွင့်ပြုပါဦးဗျာ ကျွန်တော်တို့ပြန်လိုက်ဦးမယ်”

ကိုကျော်ဦးကျေးဇူးတင်စကားပြောလိုက်ရင်းပြန်ဘို့နှုတ်ဆက်လိုက်သည်

“ငါ့တူတို့ပြန်ကြတော့မလို့လား ရေနွေး‌‌ေလးဘာလေးသောက်သွားကြဦးလေကွယ်”

ဦးလှ၏စကားပင်မဆုံးချင်သေး

“မသောက်တော့ပါဘူးဦးလေး အဲဒီအိမ်ကြီး လှမ်းမြင်နေရင်ကို ကျွန်တော် ကျောတွေစိမ့်လာလို့အမြန်ပြန်တာပဲကောင်းပါတယ် သွားပြီဦးလေးရေ”

ပြေပြေဆိုဆိုပင်ကိုကျော်ဦးတို့နှစ်ယောက် ထွက်လာခဲ့ကြတော့သည် သူတို့သရဲအခြောက်ခံလိုက်ရတဲ့ အိမ်သစ်ကြီးကိုတော့ လှမ်း၍ပင်မကြည့်ရဲ ထိုအိမ်ကြီးနှင့်
ဝေးရာသို့သာ အမြန်ဆုံးရောက်ချင်နေမိတော့သည်။

ဦးလှသည် ရေးကြီသုတ်ပြာထွက်သွားကြသော
ကိုကျော်ဦးနှင့်ငမိုးကိုကြည့်နေသည်။

သူသည် လည်ပင်းကြီးလိမ်၍ ဇက်ကျိုးပြီးသေနေသောမောင်ငယ်အား မျက်လုံးထဲတွင်မြင်‌ေယာင်လာပြီး
ကြက်သီးများပင်တဖြန်းဖြန်းထလာတော့သည်။

ပြီးပါပြီ

ရေးသားသူ- မျိုးမာန်

#မျိုးမာန်

#crd