* သရဲ နှင်သည့်ည *📖📖📖
*****************************************
(၁)
“ကပ္ပိယကြီးနဲ့မောင့်မြင့်ဆောင် ဒီကိစ္စဘယ်လိုလုပ်ကြမလဲ နောက်ထပ်ဆွမ်းကျွေးတစ်ခုထပ်လုပ်ပြီးအမျှဝေပေးဖို့လိုရင်လဲပြောဗျာ ရွာသားတွေအထိတ်တလန့်
မဖြစ်ဖို့အရေးကြီးတယ်”
ရွာလူကြီးဦးသာရင်ထိုသို့ပြောလိုက်တော့ကပ္ပိယကြီးသူ့ထင်မြင်ချက်ကိုပြန်ပြောလိုက်သည်။
“အဲဒီလိုထပ်လုပ်လို့လဲဘာမှထူးမှာမဟုတ်ဘူးကိုသာရင် သူတို့ကိုယ်တိုင်ကိုက သာဓုမခေါ်ချင်တော့ကျုပ်တို့လုပ်ပေးနေလဲအပိုပါပဲ”
“ဒါဆိုဘယ်လိုများလုပ်ကြမတုန်းကပ္ပိယကြီးရဲ့”
ဦးသာရင်ဆက်မေးလိုက်သည်။
“သူတို့ကိုဒီလိုဆက်မလုပ်ဖို့ပဲဖြောင်းဖြပြောရမှာပေါ့ဗျာ လက်ခံတာလက်မခံတာတော့ကျုပ်လည်းအတတ်မပြောနိုင်ေသးဘူး”
“ဒါဆိုရင်ဒီကိစ္စ ကပ္ပိယကြီးနဲ့မောင်မြင့်ဆောင်ကိုအားကိုးရမှာပဲ ကျုပ်ကတော့ဘာမှနားမလည်ဘူးဗျ
လိုအပ်တာရှိရင်တော့ကျုပ်ကိုပြောပါ ကျုပ်ကူညီနိုင်တာဆိုရင်ကူညီပါ့မယ်”
ရွာလူကြီးဦးသာရင်ထိုသို့ပြောလိုက်တော့ ကပွပိယကြီးဦးရွှေသီးကကိုမြင့်ဆောင်ကိုလှမ်းမေးလိုက်သည်။
“မောင်မြင့်ဆောင်ရောဘာများပြောချင်သေးတုန်းကွဲ့”
“ကျွန်တော်လဲကပ္ပိယကြီးလိုပဲဖြောင်းဖြပြောကြည့်ချင်သေးတယ် မရရင်တော့နောက်တမျိုးစီစဉ်ကြတာပေါ့
ကျန်တာတော့ထွေထွေထူးထူးဘာမှပြောစရာမရှိပါဘူး”
“အေးကွယ် ဒါဆိုလည်းဒီနေ့ညမောင်ရင်နဲ့ကျုပ်အဲ့ဒီ
အိမ်သွားကြည့်ကြမယ် ဟိုရောက်မှဘာလုပ်ရမလဲ
ဆိုတာကြည့်စီစဉ်ကြတာပေါ့”
“ဟုတ်ကဲ့ပါကပ္ပိယကြီး”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ကပ္ပိယကြီးလည်းကျောင်းသို့ပြန်ရန်ပြင်သည်
“ကဲဒါဆိုကျုပ်လည်းကျောင်းပြန်လိုက်ဦးမယ် ညနေကြမှပဲတခေါက်ပြန်လာတာပေါ့”
ကပ္ပိယကြီးဦးရွှေသီးထိုသို့ေပြာပြီးကျောင်းသို့ပြန်သွားသည် ကပ္ပိယကြီပြန်သွားပြီးလို့သိပ်မကြာခင်မှာပဲရွာသားများလည်းကိုယ်စီအိမ်သို့ပြန်သွားကြေတာ့သည်။
“မြင့်ဆောင် ညကျရင်ဒီကောင်မောင်စိုးနဲ့မြင့်ဇော်ကိုပါခေါ်သွားကွာ သရဲကြည့်ချင်တဲ့ကောင်တွေမြင်ဘူးတယ်ရှိအောင်လို့”
ကိုမြင့်ဆောင်တို့နှင့်အတူတူပြန်လာသောကိုပြူးကမောင်စိုးကိုကြည့်၍ပြောသည်။
“ဟာ ဦးလေးကိုပြူးကလည်း ကျုပ်တို့နှစ်ယောက်ကအဲဒီသရဲမကိုမြင်ဘူးပြီးသွားပြီဗျ ဦးလေးသာမမြင်ဘူး
ဘူးသေးတာ ညကြဦးလေးပဲလိုက်ကြည့်လိုက်တော့”
မောင်စိုးထိုသို့ပြန်ပြောလိုက်တော့ကိုပြူးဆက်၍ပြောပြန်သည်။
“အေးလေကွာ မင်းတို့ကမြင်ဘူးပြီးသားဆိုတော့ သိပ်ကြောက်မှာမဟုတ်တော့ဘူး အဲ့ဒါကြောင့်မင်းတို့ပဲလိုက်သွားလိုက်ပါကွာ”
“ဟာဗျာ ဘာတွေပြောနေမှန်းမသိဘူး ပြောရင်းဆိုရင်းကြက်သီးတောင်ထလာပြီ”
မောင်စိုးကြောက်ရွံ့ဟန်ဖြင့်ပြောတော့ ကိုပြူး မောင်စိုးကိုကြည့်ပြီးရယ်လေသည်။
“ဒါနဲ့ငပြူးမင်းရောငါနဲ့လိုက်ခဲ့မှာလား”
ကိုမြင့်ဆောင်ရုတ်တရက်မေးလိုက်တော့ကိုပြူးအရယ်ရပ်သွားပြီး
“ဟာကွာ မင်းဟာကလည်းပေါက်ပေါက်ချာချာ”
ထိုသို့ပြောပြီးကိုပြူးဆက်မရယ်ရဲတော့ဆက်ရယ်နေရင်ကိုမြင့်ဆောင်သူ့ကိုဆက်ခေါ်မည်မှန်းသိလိုက်သည်။
ထိုသို့ဖြင့်သူတို့သုံးယောက်အတူတူလျှောက်လာကြရင်း ရွာတောင်ပိုင်းသို့သွားသည့်လမ်းရောက်တော့ကိုပြူးလည်းထိုလမ်းအတိုင်းသူ့အိမ်ရှိရာသို့ပြန်သွားသည်
ကိုမြင့်ဆောင်နှင့်မောင်စိုးလည်းဦးဘိုးခင်အိမ်သို့ပြန်လာခဲ့တော့သည်။
ထိုနောက်အိမ်သို့ပြန်ရောက်လာတော့ တန်းလျှားပေါ်တွင်ထိုင်သောဦးဘိုးခင်ကသူတို့ကိုအကျိုးအကြောင်းမေးမြန်းသည်။
” မောင်မြင့်ေဆာင် ဘယ်လိုတွေလုပ်ဖို့များတိုင်ပင်ခဲ့ကြတုန်းကွဲ့”
“ထွေထွေထူးထူးတော့မရှိပါဘူးဦးကြီး ဒီညကျွန်တော်နဲ့ကပ္ပိယကြီး မောင်ညွန့်အိမ်ကိုသွားကြည့်ဖို့ပါပဲ တခြားတော့ဘာမှစီစဉ်ထားတာမရှိသေးပါဘူး”
“သတိဝီရိယတော့ရှိကြကွဲ့ သူတိုကအရိုင်းစိတ်ဝင်ပြီး
လူကိုအန္တရာယ်ပေးနိုင်တယ်”
“ဟုတ်ကဲ့ပါဦးကြီး”
“ကဲကဲ ထမင်းသွားစားကြတော့ကွဲ့”
ဦးဘိုးခင်ထိုသို့ပြောလိုက်ေတာ့သူတို့လည်းထမင်းစားရန်အိမ်ပေါ်သို့တက်ခဲ့တော့သည်။
ကိုမြင့်ဆောင် ထမင်းစားသောက်ပြီးတဲသို့ပြန်၍နွားကြီးေတွကိုခဏတဖြုတ်သွားကြည့်ရန် အိမ်ကထွက်မည်အပြု ဦးဘိုးခင်ကလှမ်းမေးသည်။
“မောင်မြင့်ေဆာင်ဘယ်သွားမလို့တုန်းကွဲ့”
“တဲခဏပြန်ပြီးနွားကြီးတွေကိုသွားကြည့်လိုက်ဦးမယ်ဦးကြီး”
“မင်းမိတ်ဆွေကြီးကိုနွားကြီတွေကြည့်ထားဖို့မမှာခဲဘူးလား”
“ဟုတ်ကဲ့ပြောတော့ပြောခဲ့ပါတယ်ဦးကြီး ဒါပေမဲ့”
“ဒါပေမဲ့တွေဘာတွေလုပ်မနေနဲ့ သူကိုမှာထားခဲ့ရင်စိတ်ချရပါတယ်ကွယ်သွားမနေပါနဲ့”
ဦးဘိုးခင်ပြောသည့်ကိုမြင့်ေဆာင်၏မိတ်ဆွေကြီးဆိုသည်မှာဖိုးခေါင်ကြီးကိုပြောချင်းဖြစ်သည်။
ကိုမြင့်ဆောင်လည်းတဲသို့မပြန်တော့ပဲတန်းလျှားပေါ်တွင်ထိုင်းရင်းဦးဘိုးခင်နှင့်စကားပြောနေလိုက်သည်။
ထိုသိုသူတို့စကားပြောနေကြစဉ်ကပ္ပိယကြီးဦးရွှေသီးသူတို့ထံလာနေတာကိုလှမ်းမြင်လိုက်ရသည်။
“လာဗျာ ကပ္ပိယကြီးထိုင်ရေနွေးကြမ်းသောက်ဦး”
ဦးဘိုးခင်က ကပ္ပိယကြီးကို ခရီးဦးကြိုပြုသည်
ကပ္ပိယကြီးလည်းတန်းလျှားပေါ်ဝင်ထိုင်ရင်း
“မောင်မြင့်ေဆာင် ဒီညလိုအပ်ရင်သုံးဖို့ဒါလေးတွေယူထားလိုက်ဦးကွဲ့”
ကပ္ပိယကြီးက ကိုမြင့်ဆောင်ကိုသူ့လွယ်အိပ်ထဲတွင်ပါလာသော အနီရောင်ေဖျာ့ေဖျာ့အလုံးလေးများကိုထုတ်ပေးသည် အားလုံးပေါင်းဆယ်လုံးဖြစ်ပြီး လောက်စာလုံးခပ်သေးသေးအရွယ်လောက်ရှိသည်
ကိုမြင့်ဆောင်ကထိုအလုံးလေးတွေကိုယူရင်းကပ္ပိယကြီးကိုမေးလိုက်သည်။
“ကပ္ပိယကြီး ဒီအလုံးလေးတွေကဘယ်လိုသုံးရမှာတုံးဗျ”
“လွယ်ပါတယ်ကွာ မောင်ရင့်လေးဂွထဲထည့်ပစ်လိုက်ပေါ့”
ကပ္ပိယကြီးကပြုံးစိစိဖြင့်ပြန်ဖြေသည်။ဦးဘိုးခင်ကလည်းထိုအလုံးလေးတွေကိုကြည့်ပြီးမေးလိုက်ပြန်သည်
“ဒီဟာလေးတွေကဘာများအစွမ်းထက်လို့တုန်းဗျ”
“လွယ်လွယ်ပြောရရင် တစ္စေသရဲတွေကိုနာကျင်စေတယ်လို့ပဲပြောရမှာပေါ့ဗျာ သူတိုနာကျင်တော့ကြောက်လန့်သွားတာပေါ့ ဒါပါပဲ”
“အေးဗျာ ဒီလိုအစွမ်းထက်တာလေးတွေဆောင်သွားတာပိုကောင်းတာဗျ အန္တရာယ်တစ်ခုခုကြုံလာရင်
တားဆီးနိုင်တာပေါ့ ဒါနဲ့မောင်ညွန့်တို့မိသားစုကရော
ကပ္ပိယကြီးပြောတာကိုလက်ခံနိုင်ပါ့မလား”
“ကျုပ်တော့ သိပ်မထင်ဘူးကိုဘိုးခင် သူတို့တတွေကစွဲလမ်းစိတ်တွေလွန်ကဲနေကြတာဆို့တော့ လွယ်တော့မလွယ်ဘူးဗျ ဒါတွေထားပါတော့ဗျာ အခုညအားလုံးသိရတော့မှာပဲ”
ဤသိုဖြင့်ဦးဘိုးခင် ကပ္ပိယကြီးနှင့်ကိုမြင့်ဆောင်တို့ေမာင်ညွန့်တို့အေကြာင်းကိုမေပြာေတာ့ပဲ တခြားအကြောင်းအရာများကိုပြောဆိုနေကြရင်း အချိန်သည်လည်းတဖြည်းဖြည်းကုန်ဆုံးကာနေဝင်ချိန်သို့ပင်ရောက်ရှိခဲပြီဖြစ်သည်။
” ကဲမောင်မြင့်ဆောင် ဒီအချိန်သွားမှအတော်ပဲကွဲ့
တော်ကြာနေရင်သူတို့သုံးရောက် တင်မြင့်နဲ့မောင်ပုကိုရွာအပြင်ကနေလိုက်ရှာကြတော့မယ် အဲ့ဒီအချိန်ဆိုကျုပ်တို့ပြောရဆိုရတာပိုခက်သွားလိမ့်မယ်”
ကပ္ပိယကြီးထိုသို့ပြောလိုက်တော့ကိုမြင့်ဆောင်က
“ဟုတ်ကဲ့ ကပ္ပိယကြီးအဲ့ဒါဆိုကျွန်တော်တို့အခုပဲသွားလိုက်ကြရအောင်”
“အေးကွယ် ဒါနဲ့မောင်ရင့်ကိုကျုပ်ပေးထားတဲ့ ဆေးနီလုံးလေးတွေကိုတော့ မမေ့စေနဲ့ပါအောင်ယူခဲ့ကွဲ့ကြားလား”
“ဟုတ်ကပ္ပိယကြီး ပါပါတယ်”
ကိုမြင့်ဆောင်သူ၏လွယ်အိပ်ထဲသို့လက်ဖြင့်စမ်း၍ပြောလိုက်သည်။
ထိုသို့ဖြင့်ကပ္ပိယကြီးသည်သူ၏တောင်ဝှေးကိုလက်မှကိုင်ကာရှေ့မှထွက်သွားသည် ကိုမြင့်ဆောင်လည်းကပ္ပိယကြီး၏နောက်ကနေပြီးလိုက်ခဲ့တော့သည်။
ထိုသို့သူတို့နှစ်ယောက်မောင်ညွန့်၏အိမ်သိုသွားနေစဉ် ရွာသားတော်တော်များများလည်းနောက်မှလိုက်ခဲ့ကြသည်။
သူတို့သည်ကပ္ပိယကြီးနှင့်ကိုမြင့်ဆောင်တို့မည်သို့လုပ်ကိုင်ကြမည်ကိုလိုက်ကြည့်ကြခြင်းဖြစ်သည်။
သိုသော်ပေါ်ပေါ်တင်တင်တော့မကြည့်ဝံ့ဒါကြောင့်မောင်ညွန့်အိမ်သို့ရောက်ခါနီးတွင်မောင်ညွန့်အိမ်၏ဘေးနားရှိအိမ်များပေါ်သို့တက်သွားကြသည်။
သူတို့သည်ထိုအိမ်များပေါ်မှနေပြီးကပ္ပိယကြီးနှင့်ကိုမြင့်ဆောင်တို့၏လုပ်ကိုင်ပြောဆိုနေတာတွေကိုကြည့်ကြမည်ဖြစ်သည်။
(၂)
“မောင့်မြင့်ဆောင်ကျုပ်ဒီအိမ်ဝိုင်းကိုစည်းတားလိုက်ဦးမယ် ကျုပ်စည်းတာနေတုန်းသူတို့သုံးယောက် ဝိုင်းအပြင်ဘက်ကိုထွက်မသွားအောင်စောင့်ကြည့်နေပါ ဟို တောင်ဘက်ခြံစည်းရိုးကသွားစောင့် အဲ့ဒီနေရာကရွာအပြင်နဲ့တစပ်ထည်းဖြစ်နေတော့သူတို့တေတွထွက်သွားနိုင်တယ်”
“ဟုတ်ကဲ့ ကပ္ပိယကြီး”
ကိုမြင့်ဆောင်လည်းထိုသို့ပြောပြီး လွယ်အိပ်ထဲမှလေးဂွကိုထုတ်ကိုင်ကာတောင်ဘက်ခြံစည်းရိုးသို့သွားလိုက်သည်။
ထိုသို့ကပ္ပိယကြီးနှင့်ကိုမြင့်ဆောင်တို့လုပ်ကိုင်နေကြတာတွေကို မနှင်း မောင်ညွန့်နှင့်ဦးမြတို့သုံးယောက်အိမ်လေးဘေးမှရပ်ကြည့်နေကြသည်။သူတို့ဘာလာလုပ်သည်ကိုမသိကြသေး
ကိုမြင်ဆောင်လည်းတောင်ဘက်ခြံစည်းရိုးအလယ်လောက်တွင်ရပ်လိုက်ပြီးသူ့တို့သုံးရောက်ကိုသေခြာကြည့်နေလိုက်သည် လက်တစ်ဘက်တွင်လေးဂွကိုကိုင်ထားပြီး ကျန်လက်တစ်ဘက်မှာကပ္ပိယကြီးပေးထားသောဆေးနီလုံးလေးလုံးကိုဆုပ်ထားလိုက်သည်။
ကိုမြင့်ဆောင်ထိုနေရာသို့ရောက်သည်နှင့်ကပ္ပိယကြီးသည်သူ့လက်မှတောင်ဝှေးဖြင့်ေမြကြီးကိုေထာက်ပြီးနောက်ဘက်ခြံစည်းရိုးမြောက်ဘက်အစကနေ တောင်ဘက်အတိုင်းဆွဲလာသည်။
ကိုမြင့်ဆောင်ကပ္ပိယကြီးစည်းတားေနသည်ကိုလှမ်းကြည့်လိုက်သည် ထိုအခါကပ္ပိယကြီးဆွဲခြစ်လာသောမြေကြီးပေါ်မှေတာင်ဝှေးရာလေးသည် အရောင်တလက်လက်ထနေသောစည်းတန်းေလးဖြစ်ကြန်ခဲ့သည်ကိုတွေ့လိုက်ရသည်။
သူကြာကြာမကြည့်အားမောင်ညွန့်တို့ရှိရာဘက်သို့ပြန်၍ကြည့်နေရပြန်သည်။
ထိုသို့ကပ္ပိယကြီးလုပ်ကိုင်နေတာတွေကိုကြည့်ပြီး မနှင်းတဖြည်းဖြည်းသဘောပေါက်လာသည်။ ကပ္ပိယကြီးသည်မိမိတို့ကိုဤအိမ်ဝိုင်းအတွင်းမှထွက်၍မရအောင်စည်းတားနေခြင်းဖြစ်သည် မနှင်းထိုသို့သိသည်နှင့်တပြိုင်နက် ကပ္ပိယကြီးစည်းမတားရသေးသောနေရာသို့တဟုန်ထိုးပြေးထွက်လိုက်သည်။
သူထိုသို့ပြေးလွှားသွားသည်ကိုကိုမြင့်ဆောင်သိလိုက်သည် ဒါကြောင့်သူလည်းမနှင်းပြေးသွားသောနေရာသို့
ခပ်မြန်မြန်ပြေးသွားကာလမ်ခုလပ်၌ပင်မနှင်းကိုလက်ထဲမှလေးဂွဖြင့်ဆေးနီလုံးလေးထည့်ကာပစ်လိုက်သည်။
မနှင်းသူ၏ပုခုံးကို အားပါပြင်းထန်သောမီးတုံးကြီးတစ်တုံးဖြင့်ထိမှန်သလိုခံစားလိုက်ရသည် ပါစပ်မှလည်းအားကနဲအသံနက်ကြီးဖြင့်အော်ကာဘေးသို့ယိုင်ကြသွားသည်။ထိုအခွင့်ကောင်းကိုယူပြီမောင်ညွန့် တောင်ဘက်ခြံစည်းရိုးသို့ပြေးသွားသည် ကိုမြင့်ဆောင်ထိုနေရာမှပင်ရပ်ကာမောင်ညွန့်ကိုလေးဂွဖြစ်ပစ်လိုက်သည်
ထိုအခါ မောင်ညွန့်လည်းမနှင်းကဲ့သို့ခံးစားလိုက်ရပြီးဘေးသို့ယိုင်ကြသွားပြန်သည်။
ထိုအချိန်တွင်ဦးမြသည်ခြံစည်းရိုးနားသိုရောက်ခါနီးနေပြီဖြစ်သည် ကိုမြင့်ဆောင်ဘာမှမတတ်နိုင်တော့နောက်တစ်ချက်ထပ်ပစ်လိုက်လည်း ခြံအပြင်ရောက်မှမှန်မည်ဖြစ်သည် သူဘာလုပ်ရမှန်းမသိပဲဖြစ်သွားသည်
ကိုမြင့်ဆောင်ထိုသို့ဖြစ်နေစဉ် ဦးမြ၏ရှေ့တွင်ရုတ်တရက်အလင်းတန်းတစ်ခုကာဆီးနေသည်ကိုတွေ့လိုက်ရသည် ဦးမြထိုအလင်းတန်းနဲ့ထိမိပြီးနောက်သို့လွင့်စင်သွားသည်။
ဦးမြထိမိလိုက်သော အလင်းတန်းသည်ကပ္ပိယကြီး၏တောင်ဝှေးမှထွက်လာေသာအလင်းတန်းဖြစ်သည်။
သူ မနှင်းနဲ့မောင်ညွန့်ကိုအပြင်မထွက်နိုင်ေအာင်တားဆီးနေချိန်တွင် ကပ္ပိယကြီးသည်နောက်ဘက်ခြံစည်းရိုကိုစည်းတားပြီးပြီဖြစ်၍ တောင်ဘက်ခြံစည်းရိုးထိပ်သို့ရောက်လာပြီဖြစ်သည်။
ထိုအချိန်ခြံဝိုင်းအပြင်သို့ရောက်ခါနီးေနပြီဖြစ်သောဦးမြကိုလက်ထဲမှတောင်ဝှေးဖြစ်လှမ်းတားလိုက်ခြင်းဖြစ်သည်။ထိုသို့ဦးမြနောက်သို့လွင့်စင်သွားသည်နှင့်ကပ္ပိယကြီးသည်တောင်ဘက်ခြံစည်းရိုးကိုဆက်၍စည်းတားနေလိုက်သည်။
ထိုအချိန်တွင် ကိုမြင့်ဆောင်နှင့်ကပ္ပိယကြီးတို့ကိုဘေးအိမ်ပေါ်ေနပြီးချောင်းကြည့်နေသူများထဲမှ ကိုလှသောင်းသည် သူဘေးတွင်ရှိနေသောကိုပြူးကိုမေးလိုက်သည်
“ဟေ့ကောင်ငပြူး မင့်ကောင်မြင့်ဆောင်ကလေးဂွနဲ့ဘာတွေလိုက်ပစ်နေတာတုန်းဟ တော်ကြာငါတို့ဘက်လည်းလာမှန်နေပါဦးမယ်”
“ဟာ မင်းကလည်း ငါလည်းဘယ်သိမလဲကွ မြင်မှမမြင်ရတာ သိချင်ရင်ကိုယ်ဟာကိုအောက်ဆင်းမေးကြည့်ပါလား”
ကိုပြူးခတ်ဆတ်ဆတ်ပြောလိုက်တော့ကိုလှသောင်းဆက်၍ပြောပြန်သည်
“မင်းကလည်းဒါလေးမေးတာကိုဖြစ်နေလိုက်တာ
အောက်မဆင်းရဲလို့ပေါ့ကွ”
“အေး အောက်ကိုမဆင်းရဲတိတ်တိတ်နေ တော်ကြာအသံကြားပြီးသရဲမအိမ်ပေါ်ပြေးတက်လာမှဒုက္ခရောက်နေမယ်”
ကိုပြူးထိုသို့ပြောလိုက်တော့ကိုလှသောင်းဘာမှပြန်မပြောတော့အသာညိမ်သွားသည်။
ထိုအချိန်တွင်သူ့ကိုနာကျင်အောင်လုပ်လိုက်သောလူနှစ်ယောက်ကိုမနှင်းဒေါသတကြီးကြည့်နေသည် မောင်ညွန့်နှင့်ဦးမြလည်းထိုသို့ပင်ဖြစ်သည်
သူတို့အိမ်အားဖျက်စီးသွားသူနှစ်ေယာက်ကိုလိုက်ရှာဖို့လုပ်နေတုန်းဒီလူနှစ်ယောက်ရောက်လာပြီးအိမ်ဝိုင်းထဲမှထွက်မရအောင်လုပ်ထားခြင်းဖြစ်သည်
သူေဒါသထွက်လာပြီးမိုးပေါ်ကိုမော့ကာအသံအကျယ်ကြီးဖြင့်အော်လိုက်သည်။သူ့မျက်လုံးတွေလည်းဒေါသကြောင့်ရဲရဲနီနေသည်
ထို့နောက်ထိုသူနှစ်ယောက်ကိုဂုတ်ချိုးသတ်ဖို့အကြံဖြင့်တေရွ့ေရွ့တိုးသွားလိုက်သည်
သို့သော်သူ့တကိုယ်လုံးရုတ်တရက်ပူလောင်လာသည်ရှေ့ဆက်တိုးလို့မရေတာ့ ဒေါသတကြီးရောက်သည့်နေရာမှသာလက်နှစ်ဘက်ဖြင့်လှမ်းကုပ်နေမိသည်ပါးစပ်မှလည်းပူလောင်မှုကြောင့်တဝူးဝူးတဝါးဝါးအော်နေရသည် သူအနားသို့ကပ်မရသည့်အဆုံးထိုသူနှစ်ယောက်ကိုလက်ညှိုးငေါက်ငေါက်ထိုး၍မေးလိုက်သည်။
“နင့်တို့ဘယ်သူတွေတုန်းဘာလို့ငါတို့ကိုဒီလုပ်ရတာတုန်း”
သူ့ပါးစပ်မှထွက်လာေသာအသံသည်မကျေနပ်စိတ်ဒေါသစိတ်တို့ကြောင့် ကြောက်စရာကောင်းလောက်အောင်အက်ကွဲစူးရှနေသည် ထိုသို့မေးလိုက်တော့ထိုသူနှစ်ယောက်ထည်းမှတစ်ယောက်ကပြန်ဖြေသည်။
“ငါ ကပ္ပိယကြီးရွှေသီးပဲမနှင်း”
“နင်တို့ဒီကိုဘာလာလုပ်တာတုံး”
“ငါနင်တို့ကိုဒီဘဝကကျွတ်အောင်လုပ်ပေးဖို့လာခဲ့တာ”
ဒီဘဝကကျွတ်အောင်ဟူသောစကားကိုကြားလိုက်ေတာ့မနှင်းသူ့ခေါင်းကိုခါရမ်းလိုက်သည်။ထို့နောက်
ကပ္ပိယကြီးကိုပြန်ပြောလိုက်သည်
“မလိုဘူး ငါတို့ကိုဒီဘဝကကျွတ်အောင်ဘယ်သူမှလုပ်ပေးဖို့မလိုဘူး နင်တို့လည်းဟိုနှစ်ေကာင်လိုငါ့အိမ်ကိုဖျက်စီးယူချင်လို့ဒီလိုလုပ်နေတာမဟုတ်လား အဲ့ဒီနှစ်ကောင်ကိုလည်းငါတွေ့တဲ့နေရာမှာသတ်မယ်”
“မဟုတ်ဘူးမနှင်း နင်တို့ဒီအတိုင်းဆက်လုပ်နေလို့မဖြစ်ဘူး ရွာသားတွေလည်းနင်တို့ကိုကြောက်လန့်နေကြ ပြီ ကြာရင်အားလုံးပိုဆိုးကုန်လိမ့်မယ်”
“ဒါတွေငါမသိဘူးငါအိမ်ကိုဖျက်စီးသွားတဲ့လူနှစ်ယောက်ကိုတွေ့အောင်ရှာပြီးသတ်မယ် အဲ့ဒီလိုလုပ်ရမှငါကျေနပ်နိုင်မယ် ဒီလိုမှမဟုတ်ရင်နင်တို့တရွာလုံးကောင်းကောင်းနေရမယ်မထင်နဲ့”
မနှင်း၏စကားကြောင့် ကပ္ပိယကြီးစဉ်းစားရကြပ်သွားသည် သူတို့အားလုံးတင်မြင့်နဲ့မောင်ပုကိုတော်တော်ေဒါသဖြစ်နေကြသည် ခွင့်လွှတ်မည့်ပုံမပေါ် မောင်ညွန့်နှင်ဦးမြသည်လည်း သူတို့ကိုဒေါသတကြီးစိုက်ကြည့်နေသည်။
ထိုစဉ်မနှင်းမြောက်ဘက်ကပ်လျှက်လူနေအိမ်ခြံစည်းရိုးဆီသို့ပြေးလွှားသွားသည် သူထိုခြံစည်းရိုးမှထွက်ရန်လက်နဲ့ဝုန်းကနဲ့တွန်းလိုက်သည်
သူထိုသို့တွန်းလိုက်သည်နှင့်တစ်စုံတစ်ယောက်ကသူ့ကိုစီးပြီးရိုက်လိုက်သည် မနှင်းဆက်မတွန်းရဲတော့ သူအိမ်ဘက်သို့ပြန်ပြေးသွားကာအိမ်ခေါင်မိုးပေါ်သို့လွှားကနဲခုန်တက်လိုက်သည်။
ထို့နောက်ရွာထဲသို့ကြည့်ကာစူးစူးဝါးဝါးအော်ေနတော့သည်။ထိုအသံကိုကြားပြီးရွာထဲရှိခွေးများအားလုံးအူကုန်ကြသည်ဤသို့ဖြင့်သလဲကုန်းတရွာလုံးခွေးဟောင်သံေခွးအူသံတို့ဖြင့်ဆူညံေနေတာ့သည်။
ထိုသို့တရွာလုံးခွေးဟောင်သံေခွးအူသံများဖြင့်ဆူညံနေတော့ အိမ်ထရံပေါက်ကချောင်းကြည့်နေသည်ကိုပြူးကကိုလှသောင်းကိုမေးလိုက်သည်
“ဟေ့ကောင်လှသောင်း သရဲများရွာထဲရောက်သွားပြီလားမသိဘူးခွေးတွေတစ်ရွာလုံးဝိုင်းဟောင်ကုန်ပြီ”
“အေး စောစောကခြံစည်းရိုးဝုန်းကနဲလှုပ်သွားတာ အဲ့နေရာကထွက်သွားတာဖြစ်နိုင်တယ်”
ကိုလှသောင်းသူထင်မြင်ချက်ကိုပြောလိုက်သည်
” အဲ့ဒါမှဒုက္ခပဲ အိမ်မှာကမယ်သင်တစ်ယောက်ထည်းကျန်ခဲ့တာ မင်းပြန်သေးဘူးလားလှသောင်း”
ကိုပြူးကိုလှသောင်းကိုအိမ်ပြန်ရန်အဖော်ညှိလိုက်သည်။
“နေဦးပါကွခဏလောက်ကြည့်လိုက်ဦးမယ်”
ကိုလှသောင်းထိုသို့ပြန်ပြောလိုက်တော့ကိုပြူးဘာလုပ်ရမှန်းမသိဖြစ်သွားသည်။မိမိတစ်ယောက်ထည်းလဲအိမ်မပြန်ရဲသဖြင့်အကြပ်ရိုက်နေေတာ့သည်။
“မင်းဘေးအိမ်ကလူတွေရှိပါတယ်ကွာသိပ်ပူမနေပါနဲ့
ဘာမှမဖြစ်ပါဘူး”
ကိုလှသောင်းထိုသို့ပြောလိုက်မှကိုပြူးအနည်းငယ်စိတ်သက်သာရာရသွားပြီး သူလည်းဆက်ကြည့်နေလိုက်သည်။
ထိုသို့မနှင်းအိမ်ခေါင်မိုးပေါ်တက်ပြီးအော်နေတာမြင်တော့ မောင်ညွန့်နဲ့ဦးမြလည်းဒေါသတကြီးအိမ်နံရံတွေကိုလက်းဝါးဖြင့်တဘုန်းဘုန်းရိုက်တော့သည် ပါးစပ်မှလည်းတဝူးဝူးတဝါးဝါးအော်ကာအိမ်တိုင်တွေကိုကိုင်ပြီးလှုပ်ေနသည် ထိုအခါအိမ်သည်တဝုန်းဝုန်းနှင်ငလျှင်လှုပ်သလိုသွက်သွက်ခါနေေတာ့သည်။
ထိုသို့ဖြစ်နေတာတွေကိုကြည့်ပြီးကိုမြင့်ဆောင်ကပ္ပိယကြီးကိုမေးလိုက်သည်။
“ကပ္ပိယကြီးကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”
“အေးကွယ် ရအောင်တော့တားရမှာပဲ အခုတောင်ရွာထဲကလူတွေတော်တော်ကြောက်လန့်နေလောက်ပြီ”
ကပ္ပိယကြီးပြောသည်မှာမှန်သည် တရွာလုံးရှိခွေးများတပြိုင်တည်းအူသံဟောင်သံကိုကြားလိုက်ရတော့လူတွေေကြာက်ရွံ့ထိတ်လန့်ကုန်သည် ကိုယ်အိမ်ကိုမနေရဲကြတော့ပဲနီးစပ်ရာအိမ်တွင်လူအများသွား၍စုနေကြပြီးဘာဆက်ဖြစ်မလဲဆိုတာရင်တထိတ်ထိတ်ဖြင့်ေစာင့်ကြည့်နေကြရသည်။
ရွာထဲတွင်သာထိုသို့ဖြစ်သည်မဟုတ် ကပ္ပိယကြီးနှင့်ကိုမြင့်ေဆာင်တို့ကို ဘေးအိမ်ပေါ်မှေနပြီးကြည့်နေသူများသည်လည်း ရုတ်တရက်သွက်သွက်ခါအောင်လှုပ်ရမ်းလာသောေမာင်ညွန့်၏အိမ်ကိုကြည့်ပြီး အံ့ဩထိတ်လန့်ေနကြသည် ရွာထဲမှခွေးဟောင်သံများကြား၍အိမ်ကိုပြန်မည့်သူများပင်လှေကားရင်းရောက်ကာမှ အိမ်ပေါ်သို့ပြန်တက်လာကြသည်။
“ဟေ့ကောင်ဟိုမှာအိမ်ကြီးလှုပ်နေတာမြင်လား ဘာဖြစ်တာတုန်းမသိဘူး”
“အေးငါလဲအဲ့ဒါေကြာင့်အိမ်ပေါ်ပြန်တက်လာတာ လှေကားရင်းရောက်ခါမှအိမ်မပြန်ရဲတော့လို့”
ထိုသို့ဖြင့်သူတို့သည်လည်းအိမ်မပြန်ဖြစ်ေတာ့ပဲမောင်ညွန့်၏အိမ်ကိုသာဆက်၍ကြည့်နေကြေတာ့သည်။ထိုစဉ်တစုံတဦးကကပ္ပိယကြီးကိုကြည့်ပြီးပြောလိုက်သည်
“ဟေ့ကောင်ဟိုမှာကြည့် ကပ္ပိယကြီးအိမ်ခေါင်မိုးပေါ်ကိုတောင်ဝှေးနဲ့လှမ်းထိုးနေတယ် အဲ့ဒီပေါ််မှာများရှိနေတာလားမသိဘူး”
“အေးဟုတ်တယ် ကပ္ပိယကြီးကတော့တစ်ခုခုမြင်နေပုံပဲ ငါတို့ကတော့ဘာမှမြင်ရဘူးဟ”
သူတို့ပြောနေစဉ်မှာပဲကပ္ပိယကြီးသည်မိမိလက်မှကိုင်ထားသောတောင်ဝှေးဖြင့်အိမ်ခေါင်မိုးပေါ်တက်အော်နေသောမနှင်းကိုလှမ်း၍ထိုးလိုက်သည် ထိုအခါတောင်ဝှေးထိပ်မှအလင်းတန်းတစ်ခုသည် မနှင်းထံသို့တိုးဝင်၍သွားသည် တဖန်ကပ္ပိယကြီးကတောင်ဝှေးကိုလှည့်လိုက်တော့ထိုအလင်းတန်းသည်မနှင်း၏ကိုယ်ကိုရစ်ပတ်ပြီးသားဖြစ်သွားသည်
ထိုအခါကပ္ပိယကြီးကမနှင်းကိုအောက်သို့ဆွဲချလိုက်သည် မနှင်းမြေကြီးပေါ်သို့ပြုတ်ကြလာပြီးလူးလိမ်ကာအော်နေသည် ကပ္ပိယကြီးသည်ဆက်ပြီးအိမ်တိုင်ကိုကိုင်လှုပ်နေသောမောင်ညွန့်နှင့်ဦးမြကိုလည်းထိုနည်းတူမြေပေါ်သိုလဲကြသွားအောင်လုပ်လိုက်ပြန်သည် ထိုအခါသူတို့သုံးေယာက်မြေပေါ်တွင်လူးလိမ့်ရင်းစူးစူးဝါးဝါးအော်နေကြသည်။
သူတို့သုံးယောက်ထိုသို့ဖြစ်နေတာကိုကြည့်ပြီးကပ္ပိယကြီးကမေးလိုက်သည်။
“ကဲ မောင်ညွန့် မင်းတို့သုံးရောက်ဒီအိမ်နဲ့ဒီရွာထဲကထွက်သွားမလား ဒါမှမဟုတ်ငါကိုယ်တိုင်နှင်ထုတ်ရမလား”
“မထွက်ဘူး ငါ့အိမ်ရှိနေသ၍မထွက်ဘူး မင်းတို့ကိုမကျေနပ်ဘူး သတ်မယ် မင်းတို့ကိုငါသတ်မယ်”
မောင်ညွန့်လူးလိမ့်နေရာမှထလာပြီး ကပ္ပိယကြီးနှင့်ကိုမြင့်ဆောင်ထံသို့ပြေးဝင်လာသည် သို့သော်သူလည်းမနှင်းကဲ့သို့ပင်ရှေ့တိုးမရပဲဖြစ်နေသည် သူရှေ့တိုးလိုက်တိုင်းသူ၏ခန္ဓာကိုယ်ကိုမီးကျီးခဲဖြင့်ထိုးသလိုပူလောင်လာသည် ဒါပေမဲ့ဒေါသကြောင့်သူမထိန်းနိုင်တော့ပဲဘယ်လောက်ပူပူရှေ့သို့သာဆက်တိုးေနသည် သူ့လက်ဝါးနှစ်ဘက်သည်အပူချိန်ကြောင့်ရဲရဲနီနေပြီဖြစ်သည်
ထိုအချိန်ကပ္ပိယကြီးထံမှာစကားသံထွက်ပေါ်လာသည်
“မောင်ညွန့်မင်းရှေ့ဆက်တိုးမလာနဲ့တော့ ငါပြောတာကိုနားထောင် မင်းတို့ဒီရွာကလူတွေကိုဒုက္ခမပေးပဲမင်းတို့နဲ့အပ်စပ်တဲ့နေရာကိုသာသွားနေတော့ ငါလဲမင်းတို့ကိုကို
သွားခွင့်ပေးမယ် မင်းနောက်ပြန်ဆုတ်လိုက်တော့”
ကပ္ပိယကြီးထိုသို့ေပြာေသာ်လည်း မောင်ညွန့်မကြားတော့ သူကိုတဖြည်းဖြည်းလောင်မြိုက်လာသောအပူချိန်ကြောင့်တဝူးဝူးတဝါးဝါးအော်နေရသည် သူမျက်လုံးထဲမှာလည်ကပ္ပိယကြီးနှင့်ကိုမြင့်ဆောင်တို့ကိုမမြင်ရတော့ပဲမီးတောက်မီးလျှံတွေကိုသာမြင်နေရသည်
ဤသို့ဖြင့်မောင်ညွန့်သည်မီးတောက်မီးလျှံများကြားတဖြည်းဖြည်းပြောက်ကွယ်သွားတော့သည်။
ထိုသို့မောင်ညွန့်၏အဖြစ်အပြက်ကိုကြည့်ပြီးမနှင်းဒေါသတွေထိန်းမရ ဒါပေမဲ့ကပ္ပိယကြီးကိုသူကြောက်နေသည် ထိုကြောင့်သူတို့ဤအိမ်မှထွက်သွားတော့မည်ဆိုတာကိုကပ္ပိယကြီးအားပြောလိုက်သည်။
“ကပ္ပိယကြီး ကျွန်မတို့ဒီအိမ်ကနေထွက်သွားပါတော့မယ် နောက်လည်းဘယ်တော့မှဒီကိုပြန်မလာတော့ပါဘူး”
မနှင်းထိုသို့ပြောလိုက်တော့ကပ္ပိယကြီးကသူ့ပြန်ပြောလိုက်သည်။
“ကောင်းပြီမနှင်း ငါ့ကိုဂတိတစ်ခုတော့ပေးရမယ်
နင်တို့ထွက်သွားပြီးရင်ဒီအိမ်နဲ့ဒီရွာကိုဘယ်တော့မှပြန်မလာပါဘူးလို့ဂတိပေးရမယ် နင်တို့အဲ့ဒီဂတိကိုပေးနိုင်ရင်ငါအခုချက်ချင်းသွားခွင့်ပေးမယ်”
“အဲဒီဂတိကိုကျွန်မပေးပါတယ် ထွက်သွားခွင့်သာပေးပါတော့”
“ကဲဒါဆိုရင်နင့်တို့ထွက်သွားလို့ရပြီ သွားကြပေတော့”
ကပ္ပိယကြီးထိုသို့ပြောလိုက်သည်နှင့်သူတောငါဝှေးဖြင့်တားထားသောစည်းလေးသည်လင်းလက်နေရာမှမှေးမှိန်ပြောက်ကွယ်သွားသည်။
ထိုသိုကပ္ပိယကြီးစည်းကိုဖျက်ပေးလိုက်သည်နှင့်မနှင်းနဲ့ဦးမြသည်အိမ်ဝိုင်းထဲမှအပြင်သို့ထွက်သွားကြသည် ထို့နောက်တဟားဟားနှင့်အော်ရယ်ရင်းရိပ်ကနဲထွက်ပြေးသွားသည်။
“ငါ့အိမ်ကိုဖျက်စီးတဲ့သူတွေ ငါ့တို့ကိုနာကျင့်အောင်လုပ်တဲ့သူတွေ နင်တို့တရွာလုံးကိုငါမကျေနပ်ဘူး နင်တို့ရွာ့အပြင်ထွက်ရင် ငါအကုန်သတ်ပစ်မယ်”
မနှင်းအသံနက်ကြီးဖြင့်အော်ရင်းရွာကိုတရိပ်ရိပ်နှင့်ပတ်နေသည် ဦးမြသည်လည်းသူ၏နောက်မှထပ်ကြပ်မကွာလိုက်နေသည်
“ငါထင်တဲ့အတိုင်းပဲမောင်မြင့်ဆောင် ဒီကောင်မငါ့ကိုအိမ်ဝိုင်းအပြင်ထွက်လို့ရအောင်လိမ်ညာသွားတာပဲကွ
သူတို့ကိုညှာလိုက်တာငါမှားသွားတယ်”
ကပ္ပိယကြီးထိုသို့ပြောလိုက်တော့ကိုမြင့်ေဆာင်ကပ္ပိယကြီးကိုပြန်မေးလိုက်သည်
“အဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲကပ္ပိယကြီး အခုမှပိုဆိုးကုန်ပြီနဲ့တူတယ်”
ထိုသို့ဖြင့်ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်လည်းနေရာမှာပင်ရပ်၍မနှင်းတို့ေပြးသွားသည်ကိုကြည့်ကာဘာလုပ်ရကောင်းမလဲစဉ်းစားနေကြသည်
ရွာထဲတွင်လည်းမနေ့ညကအတိုင်းပင် ခွေးဟောင်သံများဆူညံစွာထွက်ပေါ်လာပြန်သည်။
“ကဲ မောင်မြင့်ဆောင် မင်းသူတို့နောက်ကလိုက်သွား
ကျုပ်ရွာမြောက်ဘက်ထောင့်ကစောင့်ဖမ်းမယ်”
ကပ္ပိယကြီးထိုသို့ပြောပြီးရွာမြောက်ဘက်ကိုခပ်သွက်သွက်လျှောက်သွားသည် မနှင်းတို့နှစ်ေယာက်သူတို့မရှိသည့်ရွာမြောက်ဘက်ပိုင်းကိုသွားမည်မှန်းသူသေချာသိလိုက်သည်
ထိုသို့ကပ္ပိယကြီးထွက်သွားသည်နှင့်ကိုမြင့်ဆောင်လည်းမနှင်းနဲ့ဦးမြနောက်သို့ပြေးလိုက်ခဲ့တော့သည်။
မနှင်းကပ္ပိယကြီး၏အချုပ်အနှောင်မှလွတ်မြောက်ခဲ့သော်လည်းအဝေးသို့ထွက်မသွားေသးပဲသူ့အိမ်ကိုဖျက်စီးသွားသူနှစ်ယောက်ကိုသာသဲကြီးမဲကြီးလိုက်ရှာနေမိသည် ကိုမောင်ညွန့်အဖြစ်ကိုမြင်ရပြီးကပ္ပိယကြီးကိုလဲအခဲမကြေ ဒါေပမဲ့သူကပ္ပိယကြီးကိုဘာမှမလုပ်နိုင် ဒါ့ကြောင့်သူ့ဒေါသတွေကိုရွာအပေါ်မှာပုံချလိုက်ပြီးရွာသူရွာသားတွေကိုနှောက်ယှက်နေခြင်းဖြစ်သည်။
မနှင်းသူတို့နောက်မှတစ်စုံတစ်ယောက်လိုက်လာသည်ကိုမြင်လိုက်ရပြီးခါးကြီးထောက်လျှက်ရပ်ကြည့်နေသည် ရွာသားတစ်ဦးဦးဖြစ်ပါကထိုသူကို
အလွတ်ပေးမည်မဟုတ်
တဖြည်းဖြည်းသူတို့နှင့်နီးလာတော့မနှင်းပူလောင်မှု့ကိုခံစားလိုက်ရသည် သူတို့နောက်သို့ကိုမြင့်ဆောင်လိုက်လာမှန်းသိလိုက်သည် ဒါကြောင့်သူဆက်ရပ်မနေဝံ့တော့ ပဲရှေ့သို့ဆက်ပြေးလာသည်ဒီလိုပြေးေနရင်းရွာမြောက်ဘက်ပိုင်းသို့ရောက်လာတော့သည် ထိုေနရာမှေနပြီးသလဲကုန်းရွာသုသာန်ကိုလှမ်းမြင်လိုက်ရသည် မနှင်းနဲ့ဦးမြထိုနေရာသို့တဟုန်ထိုးဆက်ပြေးပြန်သည်။
ကပ္ပိယကြီးဦးရွှေသီးရွာအစွန်အိမ်၏ခြံစည်းရိုးထောင့်မှနေပြီးရွာအပြင်လမ်းမပေါ်သို့ဖြတ်ပြီးသူ၏တောင်ဝှေးဖြင့်စည်းခပ်ရှည်ရှည်တစ်ကြောင်းတားလိုက်သည် ထို့နောက်ရွာခေါင်ရင်းဘက်သို့လည်းစည်းတေကြာင်းဆွဲလိုက်ပြီးထိုစည်းထိပ်၌ရပ်နေလိုက်သည် ကပ္ပိယကြီးသည်မနှင်းနဲ့ဦးမြရွာအပြင်တိုင်းပတ်ပြီးရွာအနောက်ဘက်ရှိသုဿန်ထဲသို့ဝင်မည်ဆိုတာသိသည် ဒါ့ကြောင့်ဒီနေရာမှစောင့်၍ဖမ်းရန်စည်းတားထားခြင်းဖြစ်သည်
သိပ်မကြာမီရွာခေါင်းရင်းဘက်မှပြေးလာသောအရိပ်ကြီးနှစ်ရိပ်ကိုမြင်လိုက်ရသည် ထိုအရိပ်ကြီးနှစ်ရိပ်သူ့စည်းထဲရောက်သည်နှင့်ကပ္ပိယကြီးသည်သူရပ်နေသည့်စည်းထိပ်မှနေ၍ရွာခြံစည်းရိုးဆီသို့စည်းတစ်ကြောင်းဆွဲကာပိတ်လိုက်သည်။
ထိုအခါ မနှင်းနဲ့ဦးမြ သူတို့အိမ်မှာလိုပဲကပ္ပိယကြီး၏ချုပ်နှောင်မှုကိုခံလိုက်ရပြန်သည် ရှေ့ဆက်ပြေးလို့မရတော့ပဲထိုနေရာမှာပင်ရပ်နေကြရသည်။
ထိုအချိန်မှာပဲ ဦးမြသည် သုသာန်ဘက်သို့ကြည့်ကာ
ဝမ်းေခါင်းသံကြီးဖြင့်အော်လိုက်သည်
သူ၏ထိုသို့အော်သံကြီးေကြာင့်ရွာတွင်းရှိခွေးများသာမကရွာပြင်သုသာန်မှခွေးများပါတဝူဝူနှင့်သံရှည်ကြီးများဆွဲပြီအူလိုက်ကြသည်။
ထိုသို့သုသာန်အတွင်းမှခွေးအူသံများကြားလိုက်ရသောအခါ အိမ်မပြန်သေးပဲကပ္ပိယကြီးတို့နောက်သို့လိုက်ကြည့်ေနသူများနောက်သို့ချဲသွားကြသည် တစ်ချို့အိမ်အောက်သို့ပင်ပြန်ဝင်သွားကြသည်။သူတို့သည်ယခုအခါအိမ်ပေါ်မှတက်ကြည့်နေသည်မဟုတ်ပဲ ရွာအပြင်ခြံစည်းရိုးအတွင်းထဲမှေနပြီးကြည့်နေကြခြင်းဖြစ်သည်။
သူတို့ထိုသို့ဖြစ်ေနချိန်ကပ္ပိယကြီးထံမှစကားသံထွက်ပေါ်လာသည်
“ကဲကိုမြနဲ့မနှင်း မင်းတို့ကိုငါကိုယ်တိုင်နှင်မှရတော့မယ်”
ကပ္ပိယကြီးထိုသိုပြောလိုက်တော့သူတို့နှစ်ယောက်ကပ္ပိယကြီးကိုလှည့်ကြည့်ကြသည် ထိုအခါကပ္ပိယကြီးသည်သူ၏လွယ်အိပ်အတွင်းမှ ကြေးစည်ငယ်လေးတစ်ခုထုတ်ယူလိုက်ပြီးထိုကြေးစည်လေးကိုတီးခတ်လိုက်သည် ထိုကြေးစည်ငယ်လေးမှစူးရှကြည်လင်သော ကြေးစည်သံကိုကြားလိုက်ရပြီး ဦးမြနှင်မနှင်းနားတွေကိုလက်ဖြင့်ပိတ်ကာအော်ကြတော့သည် ထိုကြေးစည်သံသည်သူတို့၏နားတွင်းသို့မီးစနှင့်ထိုးသလိုဝင်ရောက်လာသည် ကပ္ပိယကြီးသည်ကြေးစည်ကိုနောက်တချက်ထပ်တီးလိုက်ပြန်သည် ဦးမြနှင့်မနှင်းဘယ်လိုမှမနေနိုင်တော့ ခေါင်းကြီးေတွခါရမ်းလျှက် လက်ကြီးနှစ်ဘက်ကာပြီးကပ္ပိယကြီးကိုကြေးစည်ဆက်မတီးရန်တားနေသည်။
ထိုနောက်ကပ္ပိယကြီးကိုဦးမြကအသံဝါးဝါးကြီးဖြင့်ပြောလိုက်သည်
“ကျုပ်တို့ထွက်သွားပါတော့မယ်ကပ္ပိယကြီး ဒီရွာကိုဘယ်တော့မှပြန်မလာတော့ပါဘူး ကျုပ်တို့ဂတိပေးပါတယ် ဆက်မတီးပါတော့နဲ့”
ဦးမြကြောက်လန့်တကြားပြောရင်းနားနှစ်ဖက်ကိုပိတ်ထားပြန်သည် မနှင်းသည်လည်းနောက်ဆုတ်နောက်ဆုတ်ဖြင့်သာစည်းနှင့်မထိရဲပဲရပ်နေသည်။သူတို့ထို့သို့ဖြစ်နေတာကိုကြည့်ပြီးကပ္ပိယကြီးပြောလိုက်သည်။
“ကိုမြနဲ့မနှင်း နင်တို့နှစ်ယောက်သေချာနားထောင် နောက်တခါဒီရွားနားကိုလာသည်ဖြစ်စေ ဒီရွာသူရွာသားတွေကိုဒုက္ခပေးဖို့ကြံသည်ဖြစ်စေ ထိုကဲ့သို့ပြုလုပ်ခဲ့ရင်
ဒီကြေးစည်သံကိုပြန်ကြားနေရပြီး အခုလိုပဲခံစားနေရ
ရမည်ကဲနင်တို့ဒီရွာနဲ့အဝေးဆုံးကိုထွက်သွားေပတော့”
ကပ္ပိယကြီးသည်ထို့သို့ပြောရင်းကြေးစည်ကိုလဲအဆက်မပြတ်တီးေနသည်
ကပ္ပိယကြီး၏အဆက်မပြတ်တီးလိုက်သောကြေးစည်သံကြောင့် ဦးမြနှင့်မနှင်းဘယ်လိုမှမခံစားနိုင်တော့ပဲလူလိမ့်နေရသည် ထိုသို့လူးလိမ်ေနရင်းနဲ့သူတို့နှစ်ေယာက်သည် တဖြည်းဖြည်းအဝေးသို့လွင်စင်သွားတော့သည်။
ကပ္ပိယကြီး ထွက်ခွင့်ေပးလိုက်သည်နှင့်သူတို့နှစ်ယောက်ကိုတားစီးထားသောစည်းများသည်လည်းပြက်ပြယ်သွားပြီဖြစ်သည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။