*ကိုမြင့်ဆောင် နှင့် သရဲမိသားစု*📖📖📖
*********************************
(၁)
မိုးကလည်းသဲသဲမဲမဲကိုရွာနေသည် ကိုမြင့်ဆောင်
အိမ်အောက်တန်းလျှားပေါ်တွင်ထိုင်ရင်းနဲ့ ဒီလောက်မိုးကြီးရင်လယ်ကန်သင်းရိုးတွေကျိုးနိုင်လောက်တယ်ဆိုတာတွေးမိလိုက်ပြီး ခမောက်ကိုဆောင်းကာပေါက်တူးကိုထမ်းလိုက်ပြီးလယ်ထဲသွားဖို့ပြင်လိုက်သည်။
“ဦးမြင့်ဆောင် ဘယ်သွားမလို့လဲဗျမိုးကလည်းရွာ
မှောင်လည်းမှောင်တော့မယ်”
ကုတင်ပေါ်တုံးလုံးလှဲရင်းစာဖတ်နေသော မောင်စိုးကမေးသည်။
“လယ်ထဲသွားကြည့်လိုက်ဦးမယ်ကွာ ဒီမိုးနဲ့ဆိုကန်သင်းတွေကျိုးနိုင်တယ် ရေတွေအလကားဖြစ်ကုန်လိမ့်မယ်”
ကိုမြင့်ဆောင်သဲသဲမဲမဲရွာနေသောမိုးကိုကြည့်၍ပြောလိုက်သည်။
“ကျွန်တော်ရောလိုက်ခဲ့မယ်လေဗျာ”
မောင်စိုးထိုသို့ပြောပြီးကုတင်ပေါ်မှထရန်ပြင်သည်။
“ရပါတယ်ကွာငါတစ်ယောက်တည်းပဲသွားလိုက်ေတာ့မယ်”
ကိုမြင့်ဆောင်မောင်စိုးကိုထို့ပြောပြီးလယ်ထဲသွားရန်ထွက်ခဲ့တော့သည်။
မောင်စိုးကငယ်ရွယ်သူတစ်ဦးဖြစ်ပေမဲ့ အလိုက်သိသည် အလုပ်လုပ်ရမှာလည်းမပျင်း သူအားရင်အားသလို
ကိုမြင့်ဆောင်ကိုလည်းလုပ်ကိုင်ကူတတ်သည်။
ဦးဘိုးခင်၏လယ်များသည် ရွာ၏အနောက်ဘက်ကပ်လျှက် တောင်ဘက်အစွန်တွင်ရှိသည် ရွာနှင်ဆိုလှည်းလမ်းတစ်လမ်းသာခြားသည်။
ထိုလယ်ကွက်များ၏ရှေ့ဘက်ရွာထောင့်မှာတော့ လူမနေသောအိမ်တစ်လုံးရှိသည် ကြီးကြီးမားမားတော့မဟုတ် သုံးပင်ပတ်လည်အိမ် ခပ်နိမ့်နိမ့်လေးဖြစ်ပြီး
အိမ်၏နောက်မှာမီးဖိုခန်းလေးဆွဲချထားသည်
ထိုအိမ်လေးမှာလူမနေတာကြာပြီဖြစ်၍ ခြုံနွယ်များထူထပ်လျှက်ရှိသည် အိမ်တိုင်နှင့်ပျဉ်ထောင်နံရံများကိုပင်
နွယ်ပင်တို့ရစ်ပတ်တွယ်နေေတာ့သည်။
ထိုအိမ်သည်သည်မောင်ညွန့်၏အိမ်ဖြစ်သည် မောင်ညွန့်ကလယ်သူရင်းငှားတစ်ယောက်ပါပဲ ကိုယ်ပိုင်အိမ်မရှိပဲသူလုပ်ကိုင်သည့် လယ်ပိုင်ရှင်များအိမ်မှာပဲသူ့အဖေဦးမြကိုခေါ်ထားပြီး အလုပ်ကိုကြိုးကြိုးစားစားလုပ်တယ်
လယ်ပိုင်ရှင်များကလည်းအလုပ်ကြိုးစားတဲ့မောင်ညွန့်ကြောင့် ဦးမြကိုလည်းကြည်ကြည်ဖြူဖြူပဲလက်ခံကြတယ် ဦးမြကလည်းအညိမ်မနေပါ လယ်လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းများကိုသူတတ်နိုင်သလောက်လုပ်ကိုင်ပေးသည်
ဒီလိုနေလာကြရင်းတစ်ရွာတည်းသူမနှင်းနဲ့မောင့်ညွန့်
အိမ်ထောင်ကြသွားချိန်မှာတော့သူတို့မိသားစုနေထိုင်ဖို့ရာအိမ်လေးဝိုင်းလေးလိုအပ်လာတယ် ဒါပေမယ့်သိပ်တော့ပူစရာအလို မောင်ညွန့်ထိုအတွက်ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
လယ်သူရင်းငှားလုပ်ကိုင်ရင်းစုဆောင်းထားတဲ့ငွေကြေးနဲ အိမ်ဝိုင်းမြေနေရာလေးတစ်ေနရာဝယ်ဖို့စိတ်ကူးထားသည် ထိုစဉ်ကမောင့်ညွန်သည် ဦးဘိုးခင်၏အိမ်မှာပင်သူရင်းငှားလုပ်နေချိန်ဖြစ်သည်။
ဦးဘိုးခင်ကလည်းမောင်ညွန့်၏အစီအစဉ်တွေကိုသိရှိပြီး ဤရွာနှင့်လမ်းမခြားပဲတဆက်တည်းဖြစ်ေနသောလယ်ကွက်လေးကိုမောင်ညွန်အားေစျး
ေလျှာ့၍ရောင်းချပေးခဲ့ချင်းဖြစ်သည်။
ထို့ကြောင့်မောင်ညွန့်ပိုပြီးအစဉ်ပြေသွားတယ် ဦးဘိုးခင်ဆီမှရမည့်သူရင်းငှားလုပ်ခကို ဤအိမ်ဝိုင်းလေးရဲ့တစ်ချို့တစ်ဝက်တန်ဘိုးအဖြစ်ခုနှိမ်လိုက်ပြီး ကျန်သောငွေလေးနဲ့အိမ်လေးတစ်လုံးဆောက်လိုက်တယ် ထိုအိမ်လေးမှာပင်သူတို့မိသားစုသုံးရောက်ေပြာင်းေရွှ့နေလိုက်ကြသည်
သို့သော်မောင်ညွန့်တို့ကံမကောင်းခဲ့ ထိုအိမ်လေးမှာနေရင်း သူရင်းငှားအလုပ်ကိုဆက်လက်လုပ်ကိုင်နေစဉ်တစ်နှစ်မပြည့်မီအချိန်အတွင်းမှာပဲမောင်ညွန့်ဟာလယ်ကန်သင်းေပါ်မှာမြက်ရိတ်ေနရင်းပိုးထိ၍ဆုံးလေသည်။
မောင်ညွန့်ပိုးထိချိန် အနားမှာလူတစ်ယောက်မှမရှိ နေ့လည်နေမွန်းတည့်ချိန်မို့လူတွေအနားယူေနကြသည့်အချိန်ဖြစ်သည်။
နေနဲနဲအေးတော့မှလူတွေကိုစီအလုပ်ထွက်လုပ်ကြရင်း ကန်သင်းရိုးပေါ်၌သေဆုံးနေသောမောင်ညွန့်ကိုတွေ့ကြချင်းဖြစ်သည်။
မောင်ညွန့်အလောင်းကိုသူရဲ့အိမ်သို့ပြန်သယ်လာကြရင်း ထမင်းစာပွဲဝိုင်း၌အမြှပ်တစီစီနှင့်သေဆုံးနေပြီဖြစ်သော ဦးမြနှင့်မနှင်းတို့ကိုပါထပ်မြင်လိုက်ရ၍ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
ထိုနောက်ရွာလူကြီးများကြီးစုေပါင်းတိုင်ပင်ပြီးလိုအပ်တာတွေကိုအပြီးသပ်လုပ်ဆောင်ကာ သူတို့သုံးရောက်ကိုတစ်နေ့တည်းပင်မြေချေပးလိုက်ကြသည်။
တစ်ရွားလုံးလည်းအလုပ်ကြိုးစားသောမောင်ညွန့်တို့သားအဖနဲ့ရိုးသားပြီးအနေအေးတဲ့မနှင်းတို့အတွက်စိတ်မကောင်းကြ
ကိုမြင့်ဆောင်ထိုအကြောင်းများကိုတွေးမိကာ လယ်ကန်သင်းတစ်လျှောက် ကန်သင်းရိုးကျိုးနေသည့်နေရာများရှိမရှိလိုက်ရှာရင်း ထိုအိမ်လေးဘက်ကိုအမှတ်မထင်ကြည့်လိုက်မိသည်။
ထိုအိမ်လေးပြူတင်းပေါက်ဆီမှ အမျိုးသမီးတစ်ယောက်သူကိုကြည့်နေသည်သူ့ေနာက်မှာလည်းအမျိုးသားတစ်ေယာက် သူတို့နှစ်ေယာက်
အတူရပ်ပြီးကိုမြင့်ဆောင်ကိုကြည့်နေသည်။
တဖြည်းတဖြည်းစဲလာပြီဖြစ်သော မိုးစက်မိုးပေါက်တို့ကြား ထိုအိမ်လေး၏ပွင့်နေသောပြုတင်းတံခါးဆီမှသူ့ကို ရပ်ကြည့်နေသောအမျိုးသားတစ်ေယာက်နှင့်အမျိုးသမီးတစ်ယောက် သူသေခြာထပ်ကြည့်မိသည် ဟုတ်ပါသည်။
သူတို့နှစ်ေယာက် ကိုမြင့်ဆောင်ကိုသေချာကြည့်နေကြသည်။
ကိုမြင့်ဆောင်သူတို့နှစ်ယောက်၏မျက်နှာအနေအထားကိုသေချာဂရုစိုက်ကြည့်မိသည်။ သူထိုသို့ကြည့်နေစဉ်မှာပဲထိုအမျိုးသမီးနှင့်အမျိုးသားတို့နှစ်ဦးလုံးပျောက်ကွယ်သွားသည်။
ကိုမြင့်ဆောင်သူမြင်လိုက်ရတဲ့ မျက်နှာနှစ်ခုကိုသေသေချာချာပုံဖမ်းကြည့်သည်။
“ဟုတ်တယ် ဟုတ်တယ် ဒါမောင်ညွန့်နဲ့မနှင်းပဲ ဟုတ်တယ်”
ကိုမြင့်ဆောင်သူတစ်ကိုယ်တည်းပြောလိုက်မိသည်။
သူဆက်ပြီးစဉ်းစားကြည့်မိလိုက်သည်
မောင်ညွန့်နဲ့မနှင်းဒီအိမ်မှာမကျွတ်မလွတ်ပဲရှိနေေသးတာလား ဒါပေမဲ့ဒီအိမ်မှာသရဲခြောက်တယ်လို့လဲတခါမှာမကြားဘူး
ကာလသားများပင်သူခိုးကြီးညလိုနေ့မျိုးမှာ ဒီအိမ်မှာညကြီးအချိန်မတော် ချက်ပြုတ်စားသောက်နေကြ ဘာမှဖြစ်သံမကြားရ အခုမှသူ့ကိုဘာလို့သူတို့ဒီမှာရှိကြောင်း
သတိပေးသလိုဖြစ်နေရတာလဲ ဒါမှမဟုတ်သူပဲအမျင်မှားတာလား ကိုမြင့်ဆောင့်အိမ်ပြန်လမ်းတစ်လျှောက်ထိုအကြောင်းကိုသာစဉ်းစားလာသည်။
အိမ်ပြန်ရောက်လို့ ထမင်းစားသောက်ပြီးအိပ်ယာဝင်ခါနီးအချိန်ကြေတာ့ သူ့ဘေးနားတွင်မအိပ်သေးပဲတုံးလုံးလှဲနေတဲ့မောင်းစိုးက
“ဦးမြင့်ဆောင် သရဲသွားကြည့်ရအောင်”
“ဟေ”
မောင်စိုးစကားကြောင့်ကိုမြင့်ဆောင် မျက်လုံးပင်ပြူးသွားပြီဟေတစ်ခွန်းသာပြောလိုက်နိုင်သည်။
“မင်းဟာ အဓိပ္ပါယ်မရှိဘယ်နားကသရဲများသွားကြည်းချင်နေရတာတုံး”
“ဦးကြီးလယ်ကွက်ထဲမှာဆောက်ထားတဲ့ ကိုမောင်ညွန့်တို့အိမ်လေဗျာ အဲ့ဒီအိမ်မှာအခုတလောသရဲခြောက်တယ်လို့ ပြောနေကြလို့”
“အဓိပ္ပါယ်မရှိတာကွာ အဲဒီအိမ်ကဟိုအရင်ထဲကသရဲမှမခြောက်တာ အခုသွားကြည့်လဲဘာတွေ့မှာတုန်း”
သူပြောမဲ့သာပြောလိုက်ရတာ လယ်ကန်သင်းရိုးကျိုးလိုက်ပိတ်ရင်း အိမ်ပြူတင်းပေါက်ကသူကိုရပ်ကြည့်နေတာမြင်ပြီးကတည်းသူသိနေသည်။
“ဦးလေးတဲမှာသွားနေတာမို့မသိတာပါ အခုအဲဒီအိမ်နားကိုတစ်ယောက်မှ မသွားရဲတော့ဘူး”
“ဟေ ဟုတ်လားကွ ဘယ်လိုဖြစ်လို့တုန်း”
“ညဘက်အဲဒီအိမ်ကိုကြည့်လိုက်ရင် လှေကားပေါ်မှာဆံပင်ဖားလျှားချထားတဲ့အမျိုးသမီးတစ်ယောက်ထိုင်နေတာတဲ့ဗျာ ယောက်ျားကြီးနှစ်ယောက်ကလည်းအိမ်ရှေ့မှာတတောက်တောက်နဲ့ ဘာတွေလုပ်နေမှန်းမသိဘူးတဲ့”
”ဟေ ဟုတ်လားအဲ့ဒါတွေကိုဘယ်သူတွေကများတွေ့ခဲ့တာတုန်း”
ကိုမြင့်ဆောင်တစ်ယောက်တဟေဟေနဲ့သာမောင်စိုးကိုပြန်မေးနေရသည်။
“တွေ့ခဲ့တဲ့လူတွေကတော့အများကြီးပဲ ကိုသိမ်းမောင်ကြီးစတွေ့တာ သူရွာထဲလိုက်ပြောပြတော့ သူပြောတာကိုမယုံတဲလူတွေကသွားကြည့်တာ သူတို့လဲတွေ့တယ်တဲ့”
“ဟေဟုတ်လား”
“နောက်အမဲသားသည်ဒေါ်လုံး သူလဲရွာထဲအမဲသားလည်ရောင်းရင်အဲ့ဒီအိမ်ဘက်ရောက်သွားတော့ အစ်မနှင်းကအမဲသားထွက်ဝယ်တာတဲ့ဗျာ”
“ဟေနေ့လည်ခင်းကြီးကိုလား”
“နေ့လည်တော့မဟုတ်ဘူးဗျ ဒေါ်လုံးကမနက်ခင်းရောင်းလို့မကုန်တဲ့အမဲသားတွေကိုညနေခင်းပြန်ထွက်ရောင်းတာ”
မောင်စိုးခဏနားလိုက်ပြီးဆက်ပြောပြန်တယ်
“အခုရွာတောင်ပိုင်းကလူတွေ မိုးချုပ်ရင်အဲ့ဒီလမ်းကမသွားရဲတော့ဘူး လှည်းတွေတောင်ရွာလည်လမ်းကပဲမောင်းနေတာ”
“လှည်းပေါ်များလိုက်စီးနေလို့လားကွ”
ကိုမြင့်ဆောင်မောင်စိုးကိုစနောက်လိုက်ခြင်းဖြစ်သော်လည်းသူပြောမှပင်မောင်စိုးဆက်၍ပြောပြန်သည်။
“ဟုတ်တယ်လေဗျာ ဦးမြသောင်းကြီးလှည်းမောင်းလာတာ အဲ့ဒီနားရောက်တော့နွားတွေလန့်လို့နောက်လှည့်ကြည့်လိုက်တာ အမလေး အစ်မနှင်းကဆံပင်ကြီးဖားလျှားချပြီးသူ့လှည်းနောက်မြီးကနေထိုင်လိုက်နေတာတဲ့”
“အေးပေါ့ကွ မနှင်းကဟိုအရင်တုန်းကတည်းက ကိုမြသောင်းတို့အိမ်မှာ နေ့စားလိုက်ရင်းအဲဒီလှည်းကိုစီးနေကြပဲ အခုလည်းသူစီးနေကြလှည်းမြင်လို့လိုက်စီးတာဖြစ်မှာပေါ့”
သူတို့နှစ်ယောက်အတန်ကြာစကားစပြတ်သွားပြီးမှ
“ဦးလေးနဲ့ကျွန်ေတာ်နဲ့အဲ့ဒီအိမ်ကိုသွားကြည့်ရရင်မကောင်းဘူးလား”
“မကောင်းပါဘူးကွာ”
ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့မောင်စိုးတစ်ယောက်ပြုံးဖြီးဖြီးနှင့်ဇက်ပုသွားသည်။
မောင်စိုးသည်လူငယ်ပီပီစပ်စုချင်နေပုံရသည်။ဒီအတိုင်းဆိုရင်ေတာ့သူ့လေးဂွကိုပင်လုံလုံခြုံခြုံသိမ်းမှရတော့မည်ဖြစ်သည်။
(၂)
မောင်စိုးကိုမြင့်ဆောင်ကိုဂရုတစိုက်လိုက်ကြည့်နေသည် သူသရဲသွားကြည့်ရန်ပြောပြီးကတည်းကသူ့လွယ်အိပ်ကို ပုခုံးပေါ်ကကိုမချတော့ညအိပ်လျှင်ပင်စောင်ခြုံထဲထည့်အိပ်သည်အထိ ဂရုစိုက်နေသည်
ကိုမြင့်ဆောင်သူ့ကိုမသက်ာ၍ဖြစ်မည်ထင်သည်
သူကလည်းကိုမြင့်ဆောင်လိုတစ္စေသရဲတွေနဲ့ရင်းနှီကျွမ်းဝင်ေနသူတစ်ေယာက် ထိုကိစ္စကိုစိတ်ဝင်စားမည်အထင်ဖြင့်ခေါ်လိုက်ခြင်းဖြစ်သည်။သို့သော်ကိုမြင့်ဆောင်ကသူထင်သလို့မဟုတ် ထိုကိစ္စကိုစိတ်မဝင်စားဒါ့ကြောင့်သူ ခဲလေမျှသဲရေကြဖြစ်ခဲ့ရသည်။
ဒါပေမဲ့ကိစ္စမရှိ ကိုမြင့်ဆောင်မလိုက်လည်း
သူ့လေးဂွလိုက်ခဲ့ရင်ရပြီ သူ့လေးဂွကိုခေါ်နိုင်ရင်ထိုကိစ္စအစဉ်ပြေမည်ဖြစ်သည်။
မောင်စိုးကိုမြင့်ဆောင်၏လေးဂွအကြောင်းကိုသိထားသည် ဒါ့ကြောင့်ကိုမြင့်ဆောင်လေးဂွကိုခဏယူပြီး
သူကြည့်ခြင်သောသရဲမကိုသွားကြည့်ဖို့ဆုံးဖြတ်ချက်ချထားလိုက်သည်။
ကိုမြင့်ဆောင် မောင်စိုးအကြံကိုရိပ်မိနေသည် ဒါကြောင့်သူ့လေးဂွလွယ်အိပ်ကိုပုခုံးပေါ်ကကိုမချထားရဲ
ကြာလာတော့သူ့ကိုဦးဘိုးခင်နှင့်အရီးမြတို့ကပါပြောလာကြသည်။
“မောင်မြင့်ဆောင်ထမင်းစားနေတုန်းတော့ မင်းလွယ်အိပ်ကြီးခဏလောက်ချထားလိုက်ပါဦးကွယ် မင်းဟာကမလွတ်မလပ်ကြီးနဲ့”
“ရတယ်အရီးရတယ် ကျွန်တော်တဲမှာလည်းဒီလိုစားနေကြ”
“ဟုတ်သားပဲငါ့တူရယ်မင်းဟာက တောထဲတောင်ထဲလည်းမဟုတ်ရွာထဲရပ်ထဲနေပြီးဘာတွေများစိတ်မချဖြစ်နေရတာတုန်း”
ဦးဘိုးခင်ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်မောင်စိုးကိုမသိမသာကြည့်လိုက်သည် မောင်စိုးကတော့ဘာမှမသိသလိုထမင်းကိုသာငုံ့စားနေသည်။
“ရပါတယ်ဦးကြီးရဲ့ ကျွန်တော်တဲမှာလည်းလွယ်အိပ်လွယ်ပြီးထမင်းစားနေကြ ဒါကြောင့်မိုလို့လွယ်အိပ်လွယ်မထားရင် ရင်ထဲမှာတမျိုးကြီးခံစားနေရလို့ပါ”
“အေးေလဒါဆိုလဲပြီးတာပါပဲ ဪ ဒါနဲ့မောင်မြင့်ဆောင် မနက်ဖြန်လပြည့်နေ့ ဦးပုဒ်ကလေးဘာလေးစောင့်ဦးကွဲ့ကြားလား ကပ္ပိယကြီကလည်းမင်းကိုကျောင်းကိုလာခဲ့ဖို့ခေါ်နေလေရဲ့”
“ဟုတ်ကဲ့ဦးကြီး မနက်ဖြန်ကျွန်တော်ဦးပုဒ်စောင့်ရင်းကပ္ပိယကြီးဆီကိုသွားလိုက်ပါ့မယ်”
သူတို့နှစ်ယောက်ပြောနေတာေတွကိုနားထောင်ရင်း
မောင်စိုးမျက်နှာဝင်းလက်သွားသည် ဒါသူ့အတွက်အခွင့်အရေးပင်မဟုတ်ပါလား
ထမင်းစားသောက်ပြီးအိမ်အောက်ကိုပြန်ဆင်းလာကြတော့ မောင်စိုး၏မျက်နှာသည်ဝင်းလက်နေသည် ကိုမြင့်ဆောင်ရဲ့မျက်နှာကတော့မှုန်ကုပ်ကုပ် သူ့လွယ်အိပ်ကိုရင်
ဘတ်မှာထားပြီးလက်နှစ်ဖက်ဖြစ်ပင်ဖိထားသေးသည်။
“မောင်စိုး မင်းဖနက်ဖြန်ငါနဲဦးပုဒ်စောင့်လိုက်ခဲ့ပါလား”
မဆီမဆိုင်မောင်စိုးကိုဦးပုဒ်စောင့်ဖို့အဖော်ညှိုလိုက်သည်။
“ဟာ ကျွန်တော်တို့နှစ်ယောက်လုံးသွားတော့ နွားကြီးတွေကိုဘယ်သူအစာကျွေးမတုံး”
ဒါလဲဟုတ်ပေသားပဲ
“ဒါနဲ့ မင်းမနက်ဖြန်ကျောင်းသွားတက်ရဦးမှာမဟုတ်လား”
“မနက်ဖြန်ဦးပုဒ်နေ့ကျောင်းပိတ်တယ်”
ကိုမြင့်ဆောင်ခေါင်းကိုကုပ်လိုက်သည် ဒါကိုကုတင်ပေါ်တုံးလုံးလှဲရင်းသူ့ကိုအကဲခတ်နေသောမောင်းစိုးကကြည့်ပြီးပြုံးနေသည်။
ကိုမြင့်ဆောင်ဘာလုပ်ရမှန်းမသိဖြစ်သွားသည်
ဘုန်းကြီးကျောင်းသို့လေးဂွလွယ်အိပ်ကြီးလွယ်သွား၍လည်းမဖြစ် တစ်နေရာရာမှာဖွက်ခဲ့ရင်လည်း
မတော်တဆတစ်စုံတစ်ယောက်ယောက်ကများတွေ့သွားခဲ့ရင် ပို၍အခြေအနေဆိုးသွားနိုင်မဟုတ်ပါလား
ဒီလိုနဲ့ကိုမြင့်ဆောင် လွယ်အိပ်ကိုဘယ်နားထားရရင်ကောင်းမလဲစဉ်းစားရင်းတဖြည်းဖြည်းအိပ်ပျော်သွားတော့သည်။
အိပ်မက်ထဲတွင်တော့မောင်စိုးသည် သူ၏လွယ်အိပ်ကိုလွယ်ပြီးလေးဂွကိုလက်ကကိုင်ကာ သရဲများကို အိမ်စာကူလုပ်ခိုင်းနေတာမြင်မက်တော့သည်။
(၃)
နောက်နေ့မနက်
ကိုမြင့်ဆောင်မောင်စိုးမနိုးခင်စောစောထပြီးလေးဂွကို
စပါးကျီထဲကစပါးများအောက်တွင်ဝှက်ထားလိုက်သည် လွယ်အိပ်ကိုတော့ပုခုံးမှာပင်ဟန်မပျက်လွယ်ထားလိုက်သည်။
ဘုန်းကြီးကျောင်းသွားတဲ့အထိလွယ်အိပ်ကိုလွယ်သွားလိုက်ပြီးလမ်းေရာက်မှတစ်အိမ်အိမ်ဝင်ထားခဲ့လိုက်မည်ဖြစ်သည်။
ဒါဆိုမောင်စိုးကိုပူစရာမလိုတော့ သူ့ပုခုံးပေါ်မှာလွယ်အိပ်ရှိနေသ၍လေးဂွရှိနေမည်ဟုသူထင်မည်ဖြစ်သည်။
ကိုမြင့်ဆောင်သူ့အကြံကိုသူသဘောကြပြီးပြုံးပင်ပြုံးလိုက်မိသေးသည်။
ကိုမြင့်ဆောင်လုပ်နေသမျှအားလုံးကိုမောင်စိုးသိနေသည်။တစ်ညလုံးမအိပ်ပဲနဲ့ကိုစောင့်နေခြင်းဖြစ်သည်။
ကိုမြင့်ဆောင်တစ်ေယာက်ဦးပုဒ်ဆောင့်သွားမည်ဖြစ်၍သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည် စပို့ရှပ်အဖြူလည်ကတုံး ပုဆိုခတ်လပ်လပ်နှင့်ကြည့်ကောင်းနေသည် သို့သော်သူ့ပုခုံးတွင်တော့လေးဂွလွယ်အိပ်ညစ်နွမ်းနွမ်း ရွှံ့စများပင်ပေနေသည်။
“ဟဲ့ မောင်မြင့်ဆောင့်မင်းဟာကလည်းကွယ် ဦးပုဒ်စောင့်သွားမှာဘယ့်နယ်လေးဂွလွယ်အိပ်ကြီးလွယ်ထားရတာတုန်း”
“ဒီထဲမှာ လေးဂွမပါ အဲ ပါ ပါတယ် ပါပါတယ် အရီး မယုံရင်ကြည့်မလား ဒီမှာကိုင်လို့တောင်ရသေးတယ်”
သူမောင်စိုးကိုမြင်တော့မှသတိရသွားပြီး
အရီးမြကိုသူရဲလွယ်အိပ်ကိုအတင်းထိုးပြနေသည်
နောက်သူကြိုထည့်ထားသည် လေးဂွလက်ကိုင်အရွယ်ထင်းချောင်းတိုတစ်ခုကိုလည်း မောင်စိုးမြင်သာအောင်လက်နှင့်ဆုပ်ပြနေသေးသည်။
“အေးပါကွယ် ပါရင်လဲပြီးတာပါပဲကျောင်းထိရောက်အောင်တော့လွယ်ခဲ့ဖို့မသင့်တော်ဘူး”
” ဘုန်းကြီးကျောင်းထိတော့မလွယ်ခဲ့ပါဘူး လမ်းကြရင်တစ်အိမ်အိမ်မှာဝင်ထားခဲ့မှာပါ”
“လမ်းကြဝင်ထားခဲ့မဲ့အတူတူ အိမ်မှာပဲထားခဲ့လိုက် ပြီးရောကွယ်”
“ကျွန်တော်က လွယ်အိပ်နဲ့တသားတည်းဖြစ်နေလိုပါအရီးရဲ့”
“ကဲ ဒါဆိုလဲပြီးတာပါပဲ သွားကြရအောင်”
အရီးမြထိုသို့ပြောလိုက်တော့မှ သူတို့သုံးရောက်ဘုန်းကြီးကျောင်းသို့ထွက်လာခဲ့တော့သည်။
မောင်စိုးကတော့သူတို့ထွက်သွားတာကိုကြည့်ပြီးကြိတ်ရယ်ရင်းအိမ်မှာကြန်ခဲ့သည်။
(၃)
မောင်စိုး စပါးကျီထဲသို့အရင်ဝင်ပြီးလေးဂွကိုလိုက်ရှာလိုက်သည် သိပ်ကြာကြာမရှာလိုက်ရ စပါးတွေနဲ့ဖုံးထားတဲ့လေးဂွကိုတွေ့လိုက်ရသည် လေးဂွကိုယူကာစပါးတွေကိုနေသားတကြပြန်ညှိလိုက်လိုက်သည်။
သူစပါးကျီအောက်သို့ပြန်ဆင်းလိုက်ပြီး လေးဂွကိုဆုပ်ကိုင်ကာ ဦးဘိုးခင်အိမ်ဝိုင်းထဲအနှံ့ကြည့်လိုက်သည်ဘာမှမမြင်ရ ဘေးပတ်ဝန်းကျင်အနီးအနားအိမ်တွေအကုန်လိုက်ကြည့်သည် ဘာကောင်မှမတွေ့
မိုးပေါ်မော့ကြည့်လိုက်သည် ထိုစဉ်အဝေးမှပျံလာသောငှက်ကြီးနှစ်ကောင်ကိုမြင်လိုက်ရပြီး ငှက်သရဲတွေများဖြစ်နေမလားဟုသေချာမော့ကြည်နေတုန်း သူ့မျက်နှာပေါ်ချေးပါချလိုက်တော့မှ ငှက်သရဲတွေမဟုတ်မှန်းသိလိုက်ရသည်။
“ဟာ နံလိုက်တဲ့ငှက်ချေး တကယ့်အစစ်အတိုင်းပဲဟ”
မောင်စိုးတစ်ယောက် လေးဂွကိုသူ့ကျောင်းလွယ်အိပ်ထဲထည့်ထားလိုက်ကာ ကမန်းကတန်းမျက်နှာသစ်ပြစ်လိုက်ရသည်။
မောင်စိုး နွားစာစဉ်းနေရင်း အစီအစဉ်ဆွဲလိုက်သည် နေ့လည်ကြမှမြင့်ဇော်ကိုခေါ်ပြီး ကိုမြင့်ဆောင်ကြီးမသိအောင်ရှောင်နေလိုက်မယ် ညရောက်တော့မှမြင့်ဇော်နဲ့အတူသရဲသွားကြည့်ဖို့စဉ်းစားထားလိုက်ေတာ့သည်။
မောင်စိုး နွားကြီးနှစ်ကောင်ကိုဗိုက်ကားနေအောင်ကျွေးထားသည် နွားစာတွေကိုလည်းတစ်နေ့လုံးစာအတွက်စဉ်းထားလိုက်သည်။
မနက်ဆယ်နာရီခွဲလောက်ကြတော့ ဦးဘိုးခင်နဲ့အရီးမြပြန်လာကြသည်။ကိုမြင့်ေဆာင်ကြီးကေတာ့ပါမလာကပ္ပိယကြီးနှင့်စကားေပြာေန၍ဖြစ်မည်။
သူတို့ရောက်ရောက်ချင်းပဲ မောင်စိုး သူ့သူငယ်ချင်းထံစာသွားကျက်လိုက်ဦးမယ်ပြောပြီးမြင့်ေဇာ်အိမ်သို့ထွက်ခဲ့လိုက်သည်။
မြင့်ဇော်အိမ်သို့ရောက်ေတာ့အကျိုးအကြောင်းပြောလိုက်သည် မြင့်ဇော်သဘောအကြကြီးကြနေသည်
သူလည်းမောင်စိုးကဲ့သို့ပင်သရဲကြည့်ချင်နေသူဖြစ်သည်။
မောင်စိုး မြင့်ဇော်တို့အိမ်ပေါ်မှနေပြီးဦးဘိုးခင်အိမ်ဝိုင်းထဲသို့ခဏခဏချောင်းကြည့်နေသည်။မြင့်ဇော်အိမ်သည်ဦးဘိုးခင်အိမ်၏မြောက်ဘက်မျက်ဆောင်းထိုးေထာင့်တွင်ရှိသည် ဒါကြောင့်ကိုမြင့်ဆောင်ပြန်လာမလာကိုကောင်းကောင်းမြင်ရနိုင်သည်ဖြစ်သည်။
“မောင်စိုး မင်လေးဂွကိုင်ပြီးကြည့်တော့ဘာမြင်ရတုန်း”
“ရွာထဲမှာတော့ဘာမှမမြင်ရဘူးကွ အဲ့ဒါတောထဲသွားကြည့်မလားလို့”
“ဘယ်နားသွားကြည့်မှာတုန်း”
“ဒို့ ကျတ်တက်လျှိုလယ်ပွဲထဲသွားကြည့်ရအောင်”
“ဟာ အဲနေရာတော့မသွားခြင်ဘူးကွာ”
“ဘာဖြစ်လို့တုန်းဟ”
“သရဲခြောက်လို့”
မောင်းစိုပင်ရုတ်တရက်သူပြောတာကိုလက်ခံလိုက်လိုက်သည်။ခဏနေတော့မှစဉ်းစားကြည့်မိပြီး
“ဟာ ဟုတ်သေးဘူးလေကွာ မင့်ဟာက သရဲကြည့်ပါတယ်ဆို သရဲခြောက်တဲ့နေရာသွားမှပေါ့ကွ”
မောင်စိုးထိုသို့ပြောလိုက်တော့မြင့်ဇော်က
“ငါပြောတာကဒီလိုမဟုတ်ဘူးကွ သရဲကြည့်တယ်ဆိုပေမဲ့သိပ်ဝေးဝေးလံလံကြီးမသွားချင်ဘူး မတော်လို့ပြေးရလွှားရရင် နီးနီးနားနားရောက်အောင်ရွာထဲမှာပဲ လိုက်ကြည့်ချင်တာ”
“အေး ဒါဆိုလဲညကြမှဟိုအိမ်ကိုသွားကြည့်ရအောင်”
မောင်စိုး ကိုမောင်ညွန့်အိမ်ကိုဆိုလိုချင်းဖြစ်သည်။
“အေးကွာ အဲ့ဒါပဲကောင်းတယ် “
သူတို့နှစ်ယောက်ထိုသို့ပြောရင်းကိုမြင့်ဆောင်ကြီးရောက်မရောက်ကိုသာကြည့်နေကြသည်။
ဒီလိုနဲ့ညနေသုံးနာရီထိုးလောက်ကြတော့ ကိုမြင့်ဆောင်ပြန်ရောက်လာသည် သူရောက်ရောက်ချင်း
စပါးကျီထဲသို့သွားကြည့်သည်အတော်ကြာတော့မှ
ပြန်ထွက်လာပြီး ဟိုကြည့်ဒီကြည့်လုပ်နေတယ်
သူမောင်စိုးကိုလိုက်ရှာနေခြင်းဖြစ်သည် အတော်ကြာရှာကြည့်လို့မတွေ့တော့မှ အရီးမြကိုမေးလိုက်သည်။
“အရီးမြမောင်စိုးကိုအိမ်မှာမတွေ့ပါလား ဒီကောင်ဘယ်များသွားနေတုန်းမသိဘူး”
“မနက်ခင်းကတည်း သူ့သူငယ်ချင်းအိမ်သွားပြီး စာ
သွားကျက်မယ်ပြောတာပဲ နေ့လည်စာလည်းပြန်မစားဘူးကွဲ့ ဘာများဖြစ်လို့တုန်း”
“ဘာမှေတာ့မဖြစ်ဘူးအရီးမြ ကျွန်တော်နွားစာကျွေးပြီး မောင်စိုးကိုခဏလိုက်ရှာလိုက်ဦးမယ်နော်”
“အေး အေး သွားလေကွယ်”
သူအရီးမြကိုထိုသို့အသိပေးပြီ နွားစာကျင်းထဲကိုနွားစာများထည့်လိုက်သည်။ ထိုနောက်မောင်စိုးကိုရှာဖို့အိမ်ဝိုင်းထဲမှထွက်ခဲ့တော့သည်။
“မောင်စိုး ဦးမြင့်ဆောင်ကြီးတော့အိမ်ဝိုင်းထဲကထွက်သွားပြီ ဒီဘက်ကိုလာလိမ့်မယ်ထင်တယ်”
“ဟေ ဟုတ်လားတကယ်လို့ မင်းဆီကိုလာရင်ငါမရှိဘူးလို့ပြောလိုက် နောက်ပြီး မနက်ခင်းကတောထဲသွားမလို့လိုက်ခဲ့ဦးမလားဆိုပြီး လာခေါ်သေးတယ်လို့လဲပြောလိုက်ကွာ”
မောင်စိုး ကိုမြင့်ဆောင်ကြီးလာရင်ထိုသို့ပြောရန်မြင့်ေဇာ်ကိုမှာထားလိုက်သည်။သူကတော့ကိုမြင့်ဆောင်ကြီးမမြင်အောင်ပုန်းနေလိုက်သည်။
မကြာမီ သူတို့ထင်ထားသည့်အတိုင်းကိုမြင့်ဆောင်ကြီးသူတို့အိမ်ရှေ့ရောက်လာသည်။
“ဟေ့ မြင့်ဇော်”
“ဗျာဦးလေး ဘာဖြစ်လို့တုန်းကျွန်တော်ဒီမှာရှိတယ်”
ပြောပြောဆိုဆိုမြင့်ဇော်အိမ်ပေါ်မှဆင်းလာသည်။
“မောင်စိုး ဒီမှာရှိလားကွ”
မရှိဘူးဦးလေးဆိုပြီး မြင့်ဇော် မောင်စိုးမှာထားသည့်အတိုင်းပြောလိုက်သည်။
“တောက် ဒီကောင်ကွာ ဘာမဟုတ်တာတွေရှောက်လုပ်နေမှန်းမသိဘူး”
ကိုမြင့်ဆောင်ထိုသို့ပြောပြီးလှည့်ထွက်ရန်အပြင်
“ပြန်တော့မလို့လား ဦးလေး အိမ်ထဲဝင်ပါဦးလား”
“ဝင်မနေတော့ပါဘူးကွာ ဒီကောင့်ကိုတောထဲလိုက်ကြည့်ရဦးမယ်”
ကိုမြင့်ဆောင်ထိုသို့ပြောပြီးပြန်ခဲ့တော့သည်။
မြင့်ဇော်လည်းအိမ်ပေါ်သို့ပြန်တက်ခဲ့သည်။
သူတို့ပြောနေတာတွေကိုကြားပြီးမောင်စိုးတစ်ယောက်သူအကြံအစည်အောင်မြင်တော့မှာမို့ပျော်နေတော့သည်။
ထို့နောက်ပုန်းနေရာမှထွက်ခဲ့လိုက်ပြီး
“မြင့်ဇော် ဦးမြင့်ဆောင်တောထဲထွက်သွားရင် ဒို့ဒီကနေ
ရွာပြင်အတိုင်းပတ်ပြီးကိုမောင်ညွန့်တို့ဘေးနားကအိမ်ကိုသွားရအောင် အဲ့ဒီအိမ်မှာလူမရှိဘူးအဲ့ဒီမှာနေပြီးညရောက်တော့မှကိုမောင်ညွန့်တို့အိမ်ဘက်ကိုကြည့်ကြတာပေါ့ ဘယ်လိုလဲ”
မောင်စိုးသူ့အစီအစဉ်ကိုပြောပြလိုက်သည်။ထိုအခါမြင့်ဇော်ကလည်း
“မင်းကောင်းသလိုလုပ်ကွာ ဒီမှာကြာကြာနေလိုတော့မဖြစ်တော့ဘူး ခဏနေတို့အိမ်ကလူတွေပြန်ရောက်လာတော့မှာ”
ထိုသို့ဖြစ်မောင်းစိုးတို့နှစ်ယောက်ရွာပြင်အတိုင်းပတ်၍ သရဲခြောက်သောကိုမောင်ညွန့်အိမ်၏ဘေးနားကအိမ်သို့ထွက်လာခဲ့တော့သည်။
မောင်စိုး၏ပုခုံးတွင်တော့ လေးဂွထည့်ထားသည့်ကျောင်းလွယ်အိပ်ကိုလွယ်လျှက်သားပါလာသည်ဖြစ်သည်။
(၄)
ဤသို့ဖြစ်ညသို့ရောက်ခဲ့လေပြီ
မောင်းစိုးနှင့်မြင့်ဇော်လည်းသူတို့ပုန်းနေသည်အိမ်ပေါ်မှ
ဆင်းလာခဲ့ကြသည်။ထို့နောက်သူတို့သည်သရဲရှိသည်ဆိုသောကိုမောင်ညွန့်၏အိမ်သို့လှမ်းကြည့်လိုက်ကြသည်။လက်ထဲတွင်တော့လေးဂွကိုဆုပ်မကိုင်ထားသေး
လပြည့်ညလရောင်အောက်တွင်ကိုမောင်ညွန့်၏အိမ်သည်တိတ်ဆိတ်လျှက်ရှိသည်။
ရွာအစွန်အိမ်မို့လေတိုက်လိုက်တိုင်း ပြူတင်းတံခါးရွက်တို့သည်ဖွင့်လိုက်ပိတ်လိုက်ဖြစ်တကျွီကျွီအော်နေကြသည်။
ထိုဟာကိုကြည့်ပြီ မောင်စိုးတို့နှစ်ယောက်လည်းအလိုလိုပင်ကြက်သီးများထလာကြသည်။
“မောင်စိုး မင်းအရင်ကြည့်မလား ငါအရင်ကြည့်ရမလား”
မြင့်ဇော်အသံခပ်အုပ်အုပ်ဖြင့်မေးသည်
“ငါအရင်ကြည့်လိုက်မယ်ကွာ ဒါပေမဲ့ဒီနေရာကသိပ်မြင်ရမှာမဟုတ်ဘူး ဟိုခြံစည်းရိုးထောင်နားကနေသွားကြည့်ရအောင်”
မောင်စိုး ကိုမောင်ညွန့်အိမ်ဝိုင်းနှင့်သူတို့အခုရောက်နေသောအိမ်ဝိုင်းကိုခွဲခြားထားသောခြံစည်းရိုးနေရာကိုလက်ညှိုးထိုး၍ပြသည် ထိုနေရာတွင်သစ်ပင်ကြီးတစ်ပင်ကိုလွှဖြင့်ပိုင်းထားသောသစ်ငုတ်တိုကြီးတစ်ခုရှိသည် ထိုသစ်ငုတ်တိုကြီးပေါ်မှနေပြီးကြည့်ရန်ဖြစ်သည်။
မောင်စိုးထိုနေရာသို့သွားလိုက်ပြီး သစ်ငုတ်တိုကြီးပေါ်တက်လိုက်သည်။ ထို့နောက်လွယ်အိပ်ထဲမှာအသင့်ပါလာသောလေးဂွကိုလက်ဖြင့်တဖြည်းဖြည်းဆုပ်ကိုင်လိုက်သည်။မြင့်ဇော်ကတော့သစ်ငုတ်အောက်မှေနပြီးသူ့မျက်နှာကိုမော့ကြည့်နေသည်။
“ဟာ ဟေ့ကောင် အစ်မနှင်းကမီးဖိုထဲမှာထမင်းဟင်းတွေချက်နေတာဟ”
မောင်စိုးသူမြင်တာကိုပြောလိုက်တော့
“မင်းဟာကဟုတ်ကောဟုတ်လို့လား ငါတော့ဘာမှမမြင်ရဘူး”
“ဟုတ်တယ်ကွလူလိုပဲဘာမှမထူးခြားဘူး ဟိုမှာ ကိုမောင်ညွန့်နဲ့ဦးမြကအိမ်ရှေ့မှာဘာတွေလုပ်နေမှန်းမသိဘူးတတောက်တောက်နဲ့”
“မင်းဟာဟုတ်ကောဟုတ်လို့လား ပေးစမ်ကွာငါကြည့်ကြည့်ဦးမယ်”
မြင့်ဇော်သူလက်ထဲမှလေးဂွပေးရန်တောင်းနေသည်။
“နေဦးကွ ငါခနကြည့်လိုက်ဦးမယ်”
မောင်စိုးထိုသို့ပြောပြီးဆက်ကြည့်နေသည်။
ထိုသို့သူတို့စကားပြောနေတာကိုကြားသွား၍ထင်သည်
မီးဖိုထဲမှာထမင်းဟင်းချက်ပြုတ်နေသောမနှင်းသည်သူတို့ဘက်ကိုဆတ်ကနဲ့လှည့်ကြည့်လိုက်သည်။
ထိုအခါမောင်စိုးမြင်လိုက်ရသည်ကတော့ စောစောကမနှင်းမဟုတ်တော့ ဆံပင်မွေးဖလျှားကြီးချထားပြီး ဖြူစွတ်နေတဲ့မျက်နှာကြီး မျက်ကွင်းတဝိုက်ညိုမဲနေပြီး သူ့ကိုစိမ်းစိမ်းကြီကြည့်နေသည်။
ထိုမျက်နှာကြီးကိုမြင်လိုက်ရတော့မောင်စိုးတစ်ယောက်ဆက်မကြည့်ရဲတော့ တစ်ကိုလုံးတဆတ်ဆတ်တုန်ပြီးဇောချွေးတွေပါပြန်လာသည်။
သစ်ငုတ်တိုကြီးပေါ်မှပြန်ဆင်းလိုက်ပြီးမြင့်ဇော်ကိုလေးဂွထိုးပေးလိုက်သည် သူ၏မျက်လုံးတို့တွင်မျက်ရည်များပင်ဝဲနေသည်။
မြင့်ဇော်လည်းမောင်စိုးထိုးပေးသောလေးဂွကိုယူလိုက်ပြီးသစ်ငုတ်တိုကြီးပေါ်တက်ကာမီးဖိုချောင်ထဲသို့လှမ်းကြည့်လိုက်သည်။ဒါပေမဲ့သူဘာမှမမြင်ရ
“ဟေ့ကောင်ဘာမှရှိပါဘူးကွ မင်းဟာက ဘာမှလည်းမတွေ့ဘူး”
သူကြည့်လိုက်တော့မနှင်းသည်မီးဖိုထဲမှာရှိမနေတော့
သူလည်းဟိုဟိုဒီဒီကြည့်ရင်းလိုက်ရှာနေသည်။
သူရပ်နေသည်သစ်ငုတ်တိုကြီးအောက် ကိုမောင်ညွန့်အိမ်ဝိုင်းထဲသိုကြည့်လိုက်သည်။
“အမလေး ဗျ”
မြင့်ဇော်သံကုန်အော်ရင်းသစ်ငုတ်တိုကြီးပေါ်မှပက်လက်လန်ပြုတ်ကြသွားသည်။
သူမြင်လိုက်ရသည်က မနှင်းသည်ထိုသစ်ငုတ်တိုကြီးအောက်တစ်ဖက်ခြံဝိုင်းထဲမှနေပြီး ဖြူစွတ်စွတ်မျက်နှာကြီဆံပင်ဖားလျှားကြီးနဲ့ သူကိုမော့ကြည့်နေသည်
ပါးစပ်တဝိုက်မှာလည်းအမြှပ်တစီစီ
သူနောက်မှာလည်းကိုမောင်ညွန့်နှင့်ဦးမြက ဖြူစွတ်နေတဲ့မျက်နှာသေကြီးတွေနဲ့သူကိုရပ်ကြည့်နေကြသည်။
ထိုမြင်ကွင်းကိုမြင်ပြီးမြင့်ဇော်တစ်ယောက် ဟန်ပင်မဆောင်နိုင်တော့ပဲသစ်ငုတ်ပေါ်မှပြုတ်ကြခြင်းဖြစ်သည်။
အောက်ရောက်တော့မြင်ဇော်တစ်ယောက်ခေါ်မရတော့ပဲသတိလစ်နေသည်။ထိုအခါကြမှမောင်စိုးလည်းဘာလုပ်ရမှန်းမသိပျာယာခပ်သွားကာ
“လာကြပါဦးဗျ လာကြပါဦး ဒီမယ်မြင့်ဇော် ဘာဖြစ်သွားမှန်းမသိလို လာကြပါဦးဗျ ကယ်ကြပါဦး”
မောင်စိုး၏အော်ဟစ်အကူအညီတောင်းသံကိုကြားလိုက်ရပြီးအနီးအနားမှလူတွေဝိုင်းအုံလာကြကာ
မြင့်ဇော်ကိုကိုဝိုင်းဝန်းပြုစုကြသည် အတန်ကြာတော့မှမြင့်ဇော်သတိရလာပြီးအိမ်သို့လိုက်ပို့လိုက်ကြသည်။
အိမ်သိုပြန်ရောက်တဲ့အထိမြင့်ဇော်အကြောက်မပြေသေး မျက်လုံးကြီးပြူးပြီးဟိုကြည့်ဒီကြည့်နှင့်ကြောင်တောင်တောင်ကြီးဖြစ်နေသေးသည် သူ့အိမ်တွင်လည်းလူတွေဝိုင်းအုံနေကြသည်။ဦးဘိုးခင်လည်းရောက်လာသည်။ဦးဘိုးခင်ကိုမြင်တော့ မြင့်ဇော်အဖေက
မေးလိုက်သည်။
“ကိုဘိုးခင် မောင်မြင့်ဆောင်ပါမလားဘူးလား”
“ဟိုကောင်မောင်စိုးကိုလိုက်ရှာရင်း တောထဲကပြန်မရောက်သေးဘူး သူပြန်ရောက်ရင်တော့ လာပါလိမ့်မယ်”
ဦးဘိုးခင်မောင်စိုးကိုကြည့်၍ပြောလိုက်သည်။မိမိမှားမှန်းသိသောမောင်စိုးဦးဘိုးခင်ကိုပြန်မကြည့်ရဲပဲခေါင်းငုံ့
၍သာနေလေသည်။
သူတို့ထိုသို့ပြောနေခိုက်မှာပဲကိုမြင့်ဆောင်အိမ်ပေါ်သို့တက်လာသည်။အိမ်ပြန်ရောက်လို့အရီးမြပြောမှသိရခြင်းဖြစ်ပြီးဒီကိုလိုက်လာခြင်းဖြစ်သည် နဂိုကမောင်ညွန့်တို့အိမ်သို့သွားကြည့်ရန်သူဆုံးဖြစ်ထားသည်။
ကိုမြင့်ဆောင်လည်း မြင့်ဇော်အကြောက်လွန်နေတာကိုကြည့်ပြီးသူဘာမှာမလုပ်တတ်၍ ကပ္ပိယကြီးကိုသွားခေါ်လိုက်သည်။
ကပ္ပိယကြီးရောက်လာမှမြင့်ဇော်ကိုရေမန်းတိုက်လက်ဖွဲ့ကြိုးချည်ပေးပြီး အတန်ကြာတော့်မြင့်ဇော်အကြောက်ပြေသွားသည်။မောင်စိုးကိုလည်းထိုသို့ပင်လုပ်ပေးလိုက်သည်။
ကိုမြင့်ဆောင်လည်းအကြောက်လွန်နေကြသောသူတို့နှစ်ယောက်ကိုငေါက်ငမ်းမနေတော့ပဲ မောင်စိုးကိုသာခေါ်၍အိမ်ပြန်ခဲ့သည်။ကပ္ပိယကြီးလည်းကျောင်းသို့ပြန်သွားပြီဖြစ်သည်။
အိမ်သို့ပြန်ရောက်တော့
“ကဲ မောင်စိုး လေးဂွမင်းဆီမှာရှိလား ဦးလေးကိုပြန်ပေးတော့”
မောင်စိုးတော်တော်နှင့်ပြန်မဖြေနိုင် စဉ်းစားနေသည်
အတန်ကြာတော့မှ
“ကျွန်တော့်ဆီမှာတော့ ပါမလာတော့ဘူး မြင့်ဇော်သစ်ငုတ်ပေါ်ကပြုတ်ကြတော့ သူလက်ထဲကလွတ်ကြသွားတာမြင်လိုက်တယ် အဲ့နားမှာပဲကျန်ခဲ့တာဖြစ်မယ်”
တုန်တုန်ယင်ယင်နဲ့ပြောနေသောမောင်စိုးကိုကြည့်ပြီးကိုမြင့်ဆောင်ဆက်မမေးချင်တော့ ဒါကြောင့်
“ကဲ ငါတူမင်းအရီးတို့နဲ့အိမ်ပေါ်မှာသွားနေလိုက်ဦး
ဦးလေးအဲ့ဒီနေရာကိုသွားကြည့်လိုက်ဦးမယ်”
သူထိုသို့ပြောလိုက်တော့မောင်စိုးခေါင်းညိတ်ပြသည်
ဦးဘိုးခင်နှင့်အရီးမြကလည်းအကြောက်မပြေသေးသောမောင်စိုးကိုအိမ်ပေါ်သို့ခေါ်သွားကြသည်။
ကိုမြင့်ဆောင် မောင်စိုးပြောသောနေရာသို့ရောက်တော့
သစ်ငုတ်တိုဘေးတွင်ကြကျန်ရစ်သောလေဂွကိုတွေ့လိုက်ရသည်။
သူလေးဂွကိုလွယ်အိပ်ထဲကောက်ထည့်ပြီးအိမ်ပြန်တော့မယ်လုပ်ပြီးကာမှမပြန်ဖြစ်သေးပဲ မောင်ညွန့်၏အိမ်ကိုဝင်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
သူ ပိတ်ထားသောအိမ်ဝိုင်းတခါးကိုတွန်းဖွင့်လိုက်သည်
လွယ်အိပ်ထဲမှလေးဂွကိုဆုပ်ကိုင်လိုက်ပြီး အိမ်ဝိုင်းထဲသို့ဝင်ခဲ့လိုက်သည်။
အိမ်ရှေ့လှေကားရင်းဘေးတွင်ရပ်နေသောလူသုံးယောက် သူ့ကိုညှိုးငယ်သောမျက်လုံးများဖြစ်ကြည့်နေကြသည်။
ကိုမြင့်ဆောင်ထိုမြင်ကွင်းကိုမြင်လိုက်တော့ မောင်ညွန့်တို့မိသားစုလေးကိုပင်ပြန်သတိရမိလိုက်သည်။
သူတခါကမောင်ညွန့်ဆီကိုလာတော့ သူတို့ဒီပုံစံလေးတွေအတိုင်းသူကိုရပ်ကြည့်နေကြသည် အဲဒီတုန်းကတော့သူတို့မျက်နှာေလးတွေကပြုံးရွှင်လို့ အိမ်အသစ်ကလေးဆီလာလည်တဲ့ သူ့ကိုကြိုဆိုနေကြသည်။
အခုတော့ ကိုမြင့်ဆောင်တွေးရင်းစိတ်မကောင်း
“မောင်ညွန့် “
သူမောင်ညွန့် နာမည်ကိုခေါ်လိုက်ရင်းရှေ့ဆက်တိုးသွားလိုက်သည် သူလာတာကိုမြင်တော့သူတို့နောက်ကိုဆုတ်သွားကြတယ်
ကိုမြင့်ဆောင်ရှေ့ဆက်မသွားတော့ပဲထိုနေရာပဲရပ်နေရင်း
“မောင်ညွန့် မနှင်း မင်းတို့ဘာလို့ ကလေးတွေကိုကြောက်လန့်အောင်လုပ်ရတာလဲ”
သူ့အမေးကိုပြန်ဖြေသံမကြားရ တော်တော်ကြာတော့မှ
“ကျွန်မ ကြောက်လန့်စေချင်တဲ့စိတ်နဲ့လုပ်တာမဟုတ်ပါဘူး အိမ်ကိုလာခဲ့ဖို့ခေါ်ေနတာ သူတို့မကြားလို့အနားသွားလိုက်တာပါ”
မနှင်းထိုမျှပြောပြီးရပ်သွားသည် အတန်ကြာတော့
“ကိုမြင့်ဆောင် ကျွန်တော်တို့ကိုအမျှဝေပေးပါ”
မောင်ညွန့်၏အသံ
” မင်းတို့အတွက်ရည်စူပြီးဆွမ်းသွပ်တုံးက အမျှဝေတာမင်းတို့အမျှမရကြဘူးလား”
“အမျှဝေသံတော့ကြားပါတယ် ဒီအိမ်လေးမှာနေချင်ေသးလို့သာဓုမခေါ်ခဲ့ဘူး”
ကိုမြင့်ဆောင်စိတ်မကောင်းဖြစ်ရပြန်သည် သူသူကိုကို
မိမိတို့မြတ်နိုးတွယ်တာသောနေရာမှဘယ်ခွါချင်ပါ့မလဲ
မောင်ညွန့်တိုဒီမိသားစုဆိုပိုဆိုးမှာပေါ့ ဘဝတစ်လျှောက်လုံး အိုးပိုင်အိမ်ပိုင်နဲ့မနေခဲ့ရ
ကိုပိုင်အိမ်လေးရပြန်တော့လည်း တစ်နှစ်မှမပြည့်သေးခင် မိသားစုလိုက်လူ့ဘဝကြီးကေနစွန့်ခွါသွားရတယ်
ဒီအိမ်ေလးကိုစွဲလမ်းပြီ သာဓုဘယ်ခေါ်ချင်ပါ့မလဲ သူတို့ကိုလဲအပြစ်မဆိုသာ
အခုတော့သူတို့ဘဝကိုသူတို့နားလည်လာပြီး အမျှဝေပေးဖို့ပြောနေကြပြီဖြစါသည် ဒါ့ကြောင့် ကိုမြင့်ဆောင်သေချာစဉ်းစားပြီပြောလိုက်သည်။
“ကောင်းပြီလေ ငါလူကြီးတွေနဲ့တိုင်ပင်ပြီး မင်းတို့ကိုဒီဘဝကကျွတ်အောင် အမျှဝေပေးမယ်”
ကိုမြင့်ဆောင်ထို့ပြောပြီးအိမ်သို့ပြန်ခဲတော့သည်
မောင်ညွန်တို့မိသားစုကတော့ကိုမြင့်ဆောင်အမျှဝေမည်အချိန်ကိုစောင့်ရင်း ဒီအိမ်လေးမှာပင်နေကြရဦးမည်ဖြစ်သည်။
စာစဉ် ၇ ကိုမကြာမီတင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။