သရဲမြင်နိုင်သည့်ကလေး (စ/ဆုံး)
—————————–
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရှိ မြို့နဲ့ဝေးကွာသော
ပအိုဝ်းရွာလေးတစ်ရွာတွင် ဦးမြတင့်နဲဒေါ်အေးမေဟူသော ဇနီးမောင်နှံရှိသည်။သူတို့သည်အသက်ကြီးသည့်တိုင် ကလေးတသ်ယောက်မှမရသေးချေ။ကလေးလေးတစ်ယောက်ပေးသနားရန် ဘုရားမှာဆုတောင်းရသည်မှာလည်းအကြိမ်ကြိမ်၊ဟိုဗေဒင်သည်ဆရာများထံ၊ဟိုနတ်သည်နတ်များထံပူဇောပသပြီးကလေးတောင်းရသည်မှာလည်း နတ်များပင်နားပူနေလောက်သည်။သို့သော်နှစ်ယောက်၏မျှော်လင့်ချက်များကဖြစ်မလာခဲ့ချေ။မိရိုးဖလာအတိုင်းကလေးတောင်းမရတော့ရွာနဲ့အလွန်ဝေးကွာသော မြို့ဆေးရုံကိုကလေးမရနိုင်လောက်သည့်ချို့ယွင်းချက်များရှိမရှိသွားရောက်စစ်ဆေးကြည့်သည်။ထိုခေတ်အခါကဆေးရုံဆေးခန်းဟူသည်ကား မခေတ်စားသေးသောအရာတစ်ခု။ဆေးရုံသွားပြကြည့်သော်လည်း ကလေးမရနိုင်လောက်သည့်ချို့ယွင်းချက်တစ်ခုမှမရှိပေ။လင်မယားနှစ်ယောက် ခေါင်းငိုက်စိုက်ဖြင့်မြို့မှရွာကိုပြန်လာသည့်တောလမ်းလေးအတိုင်း နေပူကျဲကျဲထဲချွေးဒီးဒီးဖြင့်ပြန်လာခဲ့ကြ၏။ရှေးဘဝကုသိုလ်ကံကြောင့်ကလေးမရနိုင်တာနေမှာဟုတွေးရင်း ဖြေသိမ့်ခဲ့ကြ၏။ဝမ်းဆွဲဆရာမထံသို့သွားရသည်မှာလည်း ချောင်းပင်ပေါက်လုမတတ်ဖြစ်နေပေပြီ။ကလေးရနိုင်မည့်အရိပ်အယောင်မတွေ့။သို့ကြောင့်လက်လျော့ကာကလေးမွေးစားကြရန် လင်မယားနှစ်ယောက်တိုင်ပင်လိုက်ကြသည်။သို့သော်ထိုညတွင်ကား ဖွားမေသည် ထူးဆန်းသောအိပ်မက်အားမြင်မက်လေသည်။
သူမသည် ရွာပြင်တောထဲတွင်မှိုရှာမျှစ်ရှာရန်ပလိုင်းတစ်လုံးနဲ့ဓားကောက်တချောင်းကိုယူ၍ထွက်လာခဲ့သည်။အဖော်မပါသူမတစ်ဦးတည်းသာ။တောထဲသို့ရောက်သည်နဲ့ဝါးရုံအောက်မှ မျှစ်တုံးတို့ကားတစ်စို့ပြီးတစ်စို့ချိုးယူ၍မကုန်နိုင်အောင်ပေါက်နေကြ၏။သူမလည်းဝမ်းသာအားရဖြင့် မျှစ်ချိုးနေစဉ်ဝါးရုံအနောက်ဘက်မှ ဝါးကပ်များဝါးရွက်ခြောက်များနင်းလာသည့်
ချွက်ချွက်အသံများကြားရသဖြင့် သူမချောင်းကြည့်လိုက်ရာ သူမရှိရာသို့ဦးတည်လာနေသော ခေါင်းတုံးပြောင်ပြောင်ဗိုက်ရွှဲရွှဲဖိုးသူတော်တစ်ယောက်အားတွေ့ရလေ၏။ဖိုးသူတော်၏လက်ထဲတွင်ကားကြေးစည်ကိုင်ထားသည်မဟုတ်ဘဲ အဝတ်ဖြူစဖြင့်ပတ်ထားသည့် အထုပ်ကလေးပိုက်ထား၏။သူမကြည့်နေရင်းပင် ဖိုးသူတော်ကြီးသည် သူမရှေ့သို့ရောက်ချလာပြီး
“တူမကြီး …..”
သူမသည်သူခိုးလူမိသလိုရှက်ကိုးရှက်ကန်းဖြစ်သွားပြီး
“ရှင့်အဘ”
“တူမကြီးတို့ကလေးလိုချင်ကြလားကွဲ့”
ထိုစကားကြားလိုက်သည်နဲ့သူမသည်
ဝမ်းသာအားရဖြင့်”အို!ဘယ့်နှယ့်မေးလိုက်တာလဲအဘရယ်…ကျွန်မတို့လင်မယားက ကလေးရူးတွေပါကလေးလိုချင်လန်းလို့ သူများတွေညွန်သမျှနေရာသွားတာလည်းစုံနေပါပြီအဘရယ်…ဒါပေမဲ့
ကလေးကကျွန်မတို့ဆီမနေချင်တာနဲ့တူကာတယ် ကလေးရှိမလာဘူး”
သူမကထိုသို့သိမ်ငယ်စွာပြောလိုက်သော်
ဖိုးသူတော်ကြီးသည် သူမအားပြုံးလျှက်ကြည့်ပြီး” အဘကတူမကြီးကိုဒီကလေးလေးပေးခဲ့မယ်ဆိုရင်ကော”
ဖိုးသူတော်ကြီးကထိုသို့ပြောပြီးသူ့လက်ထဲမှအဝတ်ဖြူစဖြင့်ဖုံးထားသော အနှီးထုပ်အားဖြေချလိုက်သည်။
“ဟယ်တော့…..ကလေးလေးပါလား
ချစ်စရာလေးတော်ဖြူဖြူတုတ်တုတ်လေး”
“တူမကြီးဒီကလေးလေးကိုခေါ်ထားနိုင်မလား….ဒီကလေးကလူသူကိုကောင်းကျိုးပြုမဲ့ကလေးလေးပါ”
“ဟာ….ကျွန်မ ကိုပေးမယ်ဟုတ်လား…
ယူမယ်ဒီကလေးလေးကိုကျွန်မယူမယ်…
ဟယ်တော်…ကလေးလေးကရယ်နေတယ်…..အသဲယားလိုက်တာ…”
ဒေါ်အေးမေသည်ဖိုးသူတော်ကြီးကမ်းပေးသောကလေးလေးကိုလှမ်းပွေ့လိုက်လျှင်ကလေးလေးသည်သူမအားရီပြနေ၏။
ဖိုးသူတော်ကြီးသည် ဒေါ်အေးမေအား”တူမကြီး ဒီကလေးကိုသေချာစောင့်ရှောင်ကျွေးမွေးပါလေ….ဒီကလေးရဲ့လျှာပေါ်မှာအစက်သုံးစက်ပါတယ်…ဆိုလိုတာကဒီကလေးဟာအတော်အာဏာရှိလိမ့်မယ်သူပြောသမျှအမိန့်တစ်ခုလိုဖြစ်နေလိမ့်မယ်….. ြပြီးတော့ သူ့မှာထူးခြားချက်ရှိသေးတယ် အဲဒါကကတော့ဒီကလေးကြီးလာတဲ့အခါတူမကြီးတို့သိလိုက်မယ်…”
ဆိုပြီဒေါ်ဒေားမေအားကလေးကမ်းပေးကာ
ဖိုးသူတော်ကြီးသည်အနောက်ဘက်ဝါးရုံထဲသို့ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ဒေါ်အေးမေလည်းကလေးအေားပိုက်ပြီး တောထဲမှပြန်ထွက်လာခဲ့သည်။
“မိန်းမ.. မိန်းမ ရေထတော့ဟမိုးစင်စင်လင်းနေပြီ…ဒီမနက်ကျမှဘာလို့နောက်ကျတဲ့ထိအိပ်နေမိပါလိမ့်”
ဦးမြတင်သည်ထိုသို့ည ည်းလိုက်ပြီးမိန်းမဖြစ်သူအားလှုပ်နိုးလိုက်သည်။ထိုအချိန်မှဒေါ်အေးမေသည်မိမိအိပ်မက်မပ်နေမှန်းသိလိုက်ရသည်။အိပ်မက်သည်တကယ်လိုလိုဖြစ်နေသဖြင့် သူမလက်နဲ့ချီခဲ့သောကလေးရှိလိုရှိငြား စောင်များကိုလှန်လှောကာရှာဖွေလိုက်သေးသည်။သူမ၏အပြုအမူကထူးဆန်းသောကြောင့်လင်ဖြစ်သူဦးမြင့်တင်က”ဟဲ့မအေးမေ…ဘာတွေရှာနေတာလဲဆွမ်းသွားချက်တော်ယ့လေကွယ်”.
“အို..ရှင်ကလည်းကျွန်မချက်မှာပါ…ကျွန်မ ကအိပ်မက်ထဲကလေ းလေးရှိလိုရှိငြားရှာနေတာပါတော်…”
“ဟဲ့…ရူးနေသလားမအေးမေအိပ်မက်ထဲကဟာအပြင်မှာရှာလို့တွေ့ပါ့မလားရှင်မရယ်”
“မဟုတ်ဘူးတော်ရ…အိပ်မက်ထဲမှာလေဖိုးသူတော်ကြီးကကျုပ်ကိုဖြူဖွေးတုတ်ခိုင်တဲ့ကလေးလေးပေးတယ်တော့စောင့်ရှောက်ဖို့လဲသေချာမှာလိုက်တာ….”
“ဖိုးသူတော်ကြီးဟုတ်လား…နင်အဲ့လို့ပေါမှငါလည်းမနေ့ညကဖိုးသူတော်ကြီးကိုအိပ်မက်မက်တယ်ဟ… ြပြီးတော့သူကပြောသေးတယ်သားရှင်ဖြစ်တော့မှာမို့ပိုပြီးအလုပ်ကြိုးစားရမယ်တဲ့…..ငါ့အိပ်မက်နဲ့မင်းအိပ်မက်ကိုဆက်လိုက်ရင်.. ဟာ…
ငါတို့…ငါတို့ကလေးရတော့မယ်ဟမအေးမေရ…..ဟား….ကလေး ကလေးရတော့မယ်”
ထိုအခါမှမအေးမေလည်းသဘောပေါက်သွားပြီး”ဒါဆို..ကျုပ်ကိုယ်ဝန်ဆောင်ပြီပေါ့…ကလေးအမေဖြစ်ရတော့မယ်ပေါ့….ဟီး….. ယောကျာ်းရေ…ရှင့်ကိုချစ်တယ်တော့..မွမွ…”
အရွယ်မငယ်တော့သော်လည်း ကလေးလေးရတော့မည်ဆိုသောစိတ်ဖြင့်မအေးမေသည် ကလေးလေးတစ်ယောက်ပမာခုန်ပေါက်ပြီး…လင်ဖြစ်သူအားရွှတ်ကနဲဖက်နမ်းလိုက်သည်။ပြီးလျှင်အပြင်သို့ထွက်သွားပြီးဆွမ်းချက်ရန်ပြင်ဆင်တော့သည်။အိပ်ခန်းထဲတွင်ကျန်ရစ်ခဲ့သော ဦးမြတင်သည်ကား မိန်းမ ကရွှတ်ခနဲနမ်းလိုက်သောကြောင့် ကြောင်တောင်တောင်ဖြစ်ကာ မိန်းမ ဖြစ်သူ နမ်းသောနေရာအားလက်ဖြင့်ပွတ်ပြီး ရင်ထဲ၌ ကလေးအဖေဖြစ်တော့မည်ဟူသော အတွေးကစိုးမိုးနေတော့သည်။
ထင်သည့်အတိုင်းပင် မအေးမေသည်အစားအသောက်ပျက်ပြီး အန်နေသည်။
ပို၍တိကျသွားစေရန် လက်သည်အမေကြီးဖွားရန်အားသွားပြကြည့်ရာ အမှန်ပက်ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းသိရလေသည်။မအေးမေကိုယ်ဝန်ရှိသောအခါ သူမသည် ဘုရားအမြဲရှိခိုးလိုသောချဉ်ခြင်းဖြစ်လေ၏။ဘုရားသောက်တော်ရေ၊ဆွမ်း၊ဆီမီးအမွှေးနံသာတိုင်အမြဲမပြတ်လှူဒါန်း၏။ကိုမြင့်တင်လည်း အလုပ်ကိုနှစ်ဆပိုလုပ်၏။ရက်စေ့လစေ့သောခါ လက်သည်ဖွားရန်၏အကူအညီဖြင့်ပင် ဖြူဖွေးတုတ်ခဲသော ရာဟုသားလေးအားအောင်မြင်စွာမွေးဖွားလေ၏။ဖိုးသူတော်၏ စကားအတိုင်းပင်သားလေးသည် လျှာတွင်အစက်သုံးစက်ပါ၏။သားလေးမွေးသည့်အချိန်မှာပင်ပတ်ဝန်းကျင်မှနောင်ဝေဝေဟူသောကြေးစည်သံအား ြကြားရလေ၏။မမေလည်း ဖိုးသူတော်ကြီးသည်မိမိ၏သားဖြသ်သူအားလာရောက်ကောင်းချီးပေးနေသည်ဖြစ်ကြောင်းမှတ်ကာစိတ်ထဲမှဖိုးသူတော်ကြီးအားရည်မှန်းကန်တော့လိုက်၏။
သားလေးတစ်လပြည့်သောအခါ ကိုမြတင့်နဲ့မအေးမေတို့သည်ဆွမ်းချိုင့်ပြင်ပြီးသားလေးကိုပွေ့ကာ ရွာဦးဘုန်းကြီးကျောင်းသို့ဦးတည်သွားလေ၏။ဘုန်းကြီးကျောင်းသို့ရောက်လျှင်ဆွမ်းချိုင့်လှယ်ပြီးဆရာနော်ဥူးမေဓာဝီသီတင်းသုံးရာ ကျောင်းအပေါ်ထပ်သို့တပ်လာခဲ့ကြ၏။ဆရာတော်ဥူးမေဓာဝီသည်သူတို့အားမြင်လျှင်
” ရောက်လာကြပြီလားဒကာကြီးတို့…လာလာ…”
သူတိုနှစ်ယောက်လုံးဘုရားနဲ့ဆရာတော်အားဦးချကန်တော့ပြီးကိုမြတင်က”တပည့်တော်တို့လာမယ်ဆိုတာကြိုသိနေတာလားဘုရား”
“အိမ်း…… ြကြိုသိဆိုဖိုးသူတော်ကြီးကသတင်းပေးတာကိုးဗျို့…”
“ဗျာ…ဘယ်လို…ဖိုးသူတော်ကြီးလို့မိန့်လိုက်တာလားဘုရာ့”
“အိမ်း….ဖိုးသူတော်ကြီးလေဒကာကြီးတို့ကိုဒီဒကာလေးကိုစောင့်ရှောက်ဖို့မှာလိုက်တဲ့…ဖိုးသူတော်ကြီးလေ…”ဆရာတော်ဘုရားသည် မွေးကင်းစကလေးငယ်အားကြည့်ကာထိုသို့ပြောလိုက်၏။ကိုမြတင့်နဲ့မအေးမေတို့ကား ထူးဆန်းသောအုဖစ်များကိုကြည့်ကာအံ့ဩနေကြတော့သည်။
“ကဲ…ဒကာကြီးတို့ဒီကလေးကိုအမည်နာမပေးဖို့ လာကြတာမလား…ဒကာလေးကိုဘုန်းကြီးကိုပေးပါဦး…” နှစ်ယောက်လုံးဘာမှမလျှောက်တင်ရသေးခင်ဆရာတော်ဘုရားကကြိုသိနေသဖြင့် ကလေးအား ဆရာတော်ဘုရားထံလှမ်းကာပေးလိုက်၏။
“ဒီကလေးကလာခြင်းကောင်းတဲ့ကလေ းဘဲ ရာဟုသားလေးဆိုတော့ ရနဲ့ဠပါရမယ်ဆိုတော့ကာ….ဒီကလေးကိုရေခဲ… ရေခဲ.. …အမြဲတမ်းအေးချမ်းတဲ့မောင်ရေခဲလို့ပေးရမယ်…ဟုတ်ပြီဒီနေ့ကစပြီးဒီကလေးကိုမောင်ရေခဲလို့အမည်ပေးလိုက်မယ်…ဒကာကြီးဒကာမကြီးတော့ကြိုက်ကြရဲ့လားကွဲ့”ကလေးလေးသည်ဆရာတော်၏တင်ပျဉ်ခွေထိုင်နေသည့်ပေါင်ထက်တွင်ငြိမ်သက်စွာနေနေပြီး ဆရာတော်၏လက်ညိုးအားစုပ်နေလေသည်။
မအေးမေတို့လည်း သားလေး၏အမည်မောင်ရေခဲအား သဘောကျကြောင်းပြန်လည်လျှောက်တင်ကြ၏။ကလေးလေး၏အုပုအမူကိုကြည့်ကာသဘောကျကြ၏။ဆရာတော်ဘုရားသည်လောကီပညာကိုလေ့လာလိုက်စားသည့်အစွမ်းထက်ဆရာတော်တပါးဖြစ်သကဲ့သို့တိုင်းရင်းဆေးပညာလည်းကျွမ်းကျင်သောဆရာတော်တပါးဖြစ်၏။မောင်ရေခဲလေးစုပ်နေသောလက်ချောင်းသည်ကားဆရာတော်ဘုရားဆေးဖျော်သည့်လက်ချောင်းဖြစ်၏။
“အိမ်း… ဒီကလေးတော့သူများရဲ့အပူမိးကိုငြိမ်းစေမဲ့ကလေးဘဲကွဲ့ဒကာကြီးတို့နဲ့ရေစက်ရှိလို့လာတွေ့ဆုံကြတာပါ…ဒကာုကီးတို့သေချာစောင့်ရှောက်ပါလေ…”
ဆရာတော်ဘုရားသည်ထိုသို့မိန်ု့ပြီးကလေးလေးအား မိခင်ဖြစ်သူမအေးမေထံပြန်လည်ပေးလိုက်၏။
“တင်ပါ့ဘုရားတပည့်တော်တို့လင်မယားနှစ်ယောက်စလုံးဒီကလေးကိုအသက်နှင့်ရင်းပြီးစောင့်ရှောက်ပါ့မယ်ဘုရား”
“သာဓု..သာဓု…သာဓု ပါကွယ်….”
သူတို့လည်းဆရာတော်အားဦးချပြီးအိမ်သို့ပြန်လာခဲ့ကြသည်။
ဤသို့ဖြင့်ရက်ကိုလစား၊လကိုနှစ်စားကာမောင်ရေခဲလေးသည်လည်းခုနှစ်နှစ်သားအရွယ်သို့ရောက်လာခဲ့လေသည်။
တစ်နေ့သော်ရွာထဲမှလူတစ်ယောက်ဆုံးသွားလေ၏။တစ်ရွာထဲနေသူဖြစ်သောကြောင့်မအေးမေတို့လင်မယားနှစ်ယောက်လုံးမောင်ရေခဲလက်လေးဆွဲကာ နာရေးအိမ်သို့သွားကူကြ၏။လူကြီးများ
ကနာရေးအတွက်အလုပ်ရှုပ်နေသော်လည်းကလေးဖြစ်သူမောင်ရေခဲကမူရွာထဲရှိကလေးအချို့နဲ့ဆော့ကစားနေလေ၏။
မောင်ရေခဲသ်ာကစားနေရင်းအပင်ပေါ်သို့မော့ကြည့်လိုက်၏။
“ဟင်..ဘကြီးဖိုးလူ…ဘကြီးကတေနေလို့ဘုရားစင်ရှေ့အိပ်ထားခိုင်းတာလေ..ဘာလို့အပင်ပေါ်လာပုန်းနေတာလဲ..”
မောင်ရေခဲလေးကအပေါ်သို့မော့ပြီးပြောနေသဖြင့်တခြားကလေးများကကြောက့်လန့်ကာလူကြီးရှိရာသို့ပြေးလာကြ၏။
ဘကြီးဖိုးလူဆိုသည်ကား နာရေးအိမ်မှသေသွားသောလူဖြစ်နေခြင်းဖြစ်၏။
ကလေးများ၏ပြောစကားကြောင့်မအေးမေသည် လန့်သွားပြီးလုပ်လက်စအလုပ်ကိုထားခဲ့ကာသားဖြစ်သူရှိရာသို့ပြေးလာ၏။
“ဟဲ့သား….ဘယ်သူနဲ့စကားပြောနေတာလဲ…လာစမ်းဒီကို…မထိတိသာမလန့်သာရှိလိုက်တာဟယ်..”မအေးမေကမောင်ရေခဲကိုလှမ်းပွေ့ထားလိုက်၏။
“သား..ဘကြီးဖိုးလူနဲ့စကားပြောနေတာမေမေ…ဘကြီးဖိုးလူကဘုရားစင်ရှေ့မှာအိပ်ရတာညောင်းလိုနေမှာသစ်ပင်ပေါ်လာပုန်းနေတယ်….. ြကြည့်..ဘကြီးဖိုးလူ ကသားကိုပြောင်ပြနေတယ်မေမေ….ဟား…ခစ်ခစ်….ဘကြီးဖိုးလူအပင်ပေါ်ကနေစောက်ထိုးကြီးဆင်းလာတယ်
ဖင်ပြောင်ကြီး…ခစ်ခစ်… ”
သားကတခစ်ခစ်ရယ်နေသော်လည်း
မအေးမေကားသားဖြစ်သူစကားကြောင့်က်ြသီးမွှေးညှင်းများထလာပြီး လူများရှိရာသို့အမြန်ပြေးလာခဲ့၏။တချို့လူများကမအေးမေ၏အပြုအမူအားကြည့်ကာ
“ဟဲံ့..မိအေးမေ..ဘာတွေဖြစ်နေတာလဲထိတ်ထိတ်ပြာပြာနဲ့…”
“ဟို… ဟို…ဘာမှမဖြစ်ပါဘူးသားလေးအဝေးမှာသွားဆော့မှာကြောက်လို့ပါ..”
ဟုလိမ်ပြောလိုက်၏။အပေါ်ထပ်ဘုရားစင်ရှေ့တွင်ကားဦးဖိုးလူ၏ မိသားစုဝင်များကမျက်ရည်မျက်ခွက်များဖြင့်ငိုယိုနေကြ၏။မောင်ရေခဲကား ခြံထောင့်ရှိသစ်ပင်အားကြည့်ကာရယ်နေမြဲဖြစ်၏။မအေးမေသည်နာရေးအိမ်တွင်နေချင်စိတ်မရှိတော့ဘဲ လင်ဖြစ်သူကိုခေါ်ကာအိမ်သို့ပြန့်လာ၏။
“သား…ဘကြီးဖိုးလူ ကိုတကယ်မြင်ရတာလား”
“တကယ်ပါဆိုမေမေကလည်း…ဘကြီးဖိုးလူကလေအိပ်နေတုန်းကအဝတ်အစားဘဲဝတ်ပြီးသစ်ပင်ပေါ်မှာပုန်းနေတာ..
သားကိုမြင်တော်သူကပြောင်ပြနေတာတမျိုးပြီးတမျိုး…”
“သား..ဘကြီးဖိုးလူ ကိူမကြောက်ဘူးလားဟင်….”
“မကြောက်ပါဘူးမေမေရဲ့ဘကြီးဖိုးလူကလူကောင်းဘဲဟာကို…. မေမေဘကြီးဖိုးလူရဲ့အိမ်မှာလေ…ဟိုးအရင်တုန်းကမြေကြီးထဲအိပ်သွားကြတဲ့လူတွေလည်းရှိတယ်မေမေရဲ့…”
z
“ဟင်….တကယ်လားသားရယ်…လာပါဦး…သူတို့နဲ့သွားမတော့ရဘူးနော်သား..”
မအေးမေသည် သားဖြစ်သူအားဖက်ထားလိုက်ပြီး၏။
“သားသူတို့နဲ့မဆော့ချင်ဘူးမေမေရဲ့..သူတို့ကညစ်ပတ်တယ်…အဝတ်လည်းမလဲဘူး…လက်သည်းတွေဆံပင်တွေလည်းမညှပ်ကြဘူး..”
“သားသူတို့ကိုမြင်ရတာကြာပြီလားဟင်..”
” အင်းပေါ့မေမေရဲ့….. မေမေကမြင်ရဘူးလား”ဟုဆိုကာမိခင်၏မျက်စိရှေ့သို့လက်ဖြင့်ဝှေ့ယမ်းပြလိုက်၏။မအေးမေလည်းသားဖြစ်သူမြင်ရသည်မှာ
လူမဟုတ်ကြောင်းပြောချင်သော်လည်းသားဖြစ်သူလန့်သွားမည်စိုးသောကြောင့်
” မေမေလည်းမြင်ရပါတယ်သားရဲ့လက်ကလေးဝှေ့ပြနေတာဘာလည်းမေမေကမျက်စိမှုန်သွားပြီလို့သားထင်နေလို့လားလူလည်လေး…မွမွမွ… ”
မအေးမေသည် သားမောင်ရေခဲ၏ပါးအားနမ်းလိုက်၏။ထိုအချိန် ခြေလက်ဆေးနေသောကိုမြတင့်ရောက်လာပြီး”ဒီသားအမိဘာတွေအာဘွားပေးနေကြတာလဲ…. ဖေ
ကြီးကိုလည်းအာဘွားပေးပါဦးသားရဲ့..”
ဆိုကာသားအားပွေ့ချီလိုက်ပြီး.ပါးအားသားဆီသို့တိုးကပ်ပေးလိုက်၏။မောင်ရေခဲလည်းဖခင်၏ပါးကိုရွှတ်ခနဲနမ်းလိုက်၏။
“လိမ္မာလိုက်တဲ့အဖေ့သား..ကဲကွာ..မွမွ ”
” တော်ကြပါတော့ကွယ်မြင်ပြင်းကပ်လာပြီနော်ဟွန့်.”
မအေးမေကလင်ဖြစ်သူနဲ့သားဖြစ်သူချသ်ကြည်နူးနေသည်ကိုကြည့်ပြီးထိုသို့ပြောကာသုံးရောက်သားအိမ်ထဲသို့ဝင်လိုက်ကြတော့သည်။
# ပြီး
#ခွန်း