Unicode Version
သရဲမြူးတဲ့ည (စ/ဆုံး)
————————–
ကျုပ်တို့တောသူ တောင်သားတွေက
စပါးစိုက် ပဲစိုက်နဲ့ တစ်နေ့ တစ်လ တစ်နှစ်
ကို ကုန်လွန်ရတာဗျ အလုပ်နဲ့လူနဲ့
ပြတ်သွားတယ်ကို မရှိဘူးဗျို့ အခုလဲကြည့်
လေ နွားစာကုန်သွားလို့ နွားစာမြက်ကို
လိုက်ရိတ်ရင်း ကြံတောသချိုင်းဘက်ကို
ကျုပ်ရောက်သွားတယ်ဗျ အလိုလေးဗျာ
သချိုင်းထဲမှာ လူစိမ်းနှစ်ယောက်ရောက်နေ
လို့ပါလား တစ်ယောက်ကအသက်၅၀လောက်ရှိမဲ့ပုံဗျ နောက်တစ်ယောက်က ၃၀ကျော်လောက်တော့ရှိမယ်
ဒီလူတွေကို အခြားရွာနီးချင်ကလဲမဟုတ်လောက်ဘူးဗျ ဒီအနီးကရွာကလူတွေနဲ့
ကျုပ်ကမျက်ရိပ်မျက်ကန်းတန်းမိနေကျ
လူစိမ်းဆိုတော့လဲ ရွာအတွက်အန္တရယ်ပေး
မဲ့သူလားဘာလားသိအောင်တော့ သွားစုံ
စမ်းလိုစိတ်နဲ့ကျုပ်ရောက်သွားတယ်ဗျ
ကျုပ်ကိုမြင်တော့ အသက်၃၀လောက်ရှိတဲ့
သူက အားရဝမ်းသာနဲ့ ကျုပ်အနားကိုပြေး
လာရင်း အကိုက ဒီရွာကလားဗျ ကျူပ်လဲ
ဟုတ်ပါတယ်ဗျ အတော်ပဲဗျာ ကျုပ်တို့ဆရာ
တပည့်တွေဒီရွာကလူတစ်ယောက်ကိုလာရှာတာဗျ ကျုပ်အမည်ကမိုးဆွေပါဗျ ဒီလူက
သူ့ကိုယ်သူမိတ်ဆက်တယ်ဗျ ပြီးတော့ ဇရပ်ပေါ်က အသက်၅၀လောက်ရှိတဲ့လူက သူ့ရဲ့
ဆရာဦးရွှေညိုတဲ့ ကျုပ်လဲဘယ်သူ့ကိုလာ
ရှာတာလဲဗျလို့မေးတော့ မောင်သိန်းဆိုတဲ့
လူကို ခဗျာ့ကျုပ်လဲအံအားသင့်သွား
တယ်ဗျ ဒီလူနှစ်ယောက်လုံးကိုကျုပ်မှမသိပဲ
ကျုပ်ကိုကြည့်ပြီး ကိုမိုးဆွေက မေးတယ်ဗျ
အကိုက မောင်းသိန်းကိုသိလားတဲ့ ကျုပ်က
မောင်သိန်းပါဗျ ဆိုတော့ ဒီလူက တကယ်လားဗျာ ဆိုပြီးအားရဝမ်းသာနဲ့ဇရပ်ပေါ်က
သူ့ဆရာကိုပြောတယ်ဗျ ဆရာရေ ဒီလူက
ကိုမောင်သိန်းတဲ့ ထိုအခါ ဇရပ်ပေါ်ကဆရာကြီး ဦးရွှေညိုက ဆင်းလာပြီး
မင်းကဆရာကြီးကံရှိန်ပြောပြောနေတဲ့
ကျိုက်ပိကျေးရွာကမောင်သိန်းပေါ့
ကျုပ်လဲဟုတ်ပါတယ်ခဗျ ဒီရွာမှာမောင်သိန်းဆိုလို့ကျုပ်တစ်ယောက်ပဲရှိတယ်
ဆရာကြီးဦးကံရှိန်ကောနေကောင်းရလား
ကျုပ်မေးတော့ ဆရာဦးရွှေညို မျက်နှာမျက်
သွားလေတယ် ကျုပ်လဲ ဘာလို့လဲဗျလို့
မေးတော့ မောင်သိန်း ဆရာက ဆရာကြီးဦး
ကံရှိန်ရဲ့တပည့်ပါကွာ ဆရာကြီးဦးကံရှိန်
ဂန္ဒာရီခရီး ဆုံးခန်းတိုင်သွားပြီ အသေထွက်
ထွက်သွားပြီကွဲ့ ဟာဗျာ ကျုပ်အသားတွေ
တစ်ဆတ်ဆတ်တုန်တယ်ဗျ ဆရာကြီးနဲ့ကျုပ် ပြီးခဲ့တဲ့နှစ်တွေကမှ ဂန္ဓာရီခရီးတစ်ခုကို
အတူဖြတ်သန်းခဲ့သေးတယ် အခုတော့
ကြားရတာစိတ်မကောင်းလိုက်တာဗျာ
ဟုတ်တယ် မောင်သိန်းရဲ့ ဆရာကြီးက
နောက်ဆုံးအချိန်ထိ မင်းနဲ့ခရီးဆက်ခဲ့တဲ့
လွမ်းမောဖွယ်ရာတွေကို ပြောပြနေသေးတယ်တဲ့ ဆရာဦးရွှေညိုကပြောတယ်ဗျ
အခုလဲမင်းရဲ့လိပ်စာကိုပေးခဲ့လို့ငါတို့လာခဲ့
တာပဲ ဆရာကြီးက မင်းအတွက်ဓာတ်ရှင်
လေးတစ်လုံးပေးခဲ့တယ်ကွဲ့ ဟော့ဒီမှာ
ကျုပ်ကြည့်လိုက်တော့ မန်ကျည်းစေ့လောက်ပဲရှိမယ်ဗျ ရွှေရောင်အလုံးလေး
အရောင်တစ်ဝင်းဝင်းတောက်နေတယ်
ဒီဓာတ်လုံးလေးက အဂ္ဂိရတ်ပညာအရ
သံသေဓာတ်လုံးလို့လဲခေါ်တယ် ရေစင်သံ
ကိုဓာတ်သေအောင်ထိုးပြီး နတ်က္ခတ်ဗေဒ
ပညာနဲ့အသက်သွင်းထားတော့ ဓာတ်ရှင်
လေးဖြစ်နေတယ် မြေကြီးပေါ်မကျစေနဲ့ကွဲ့
ကျုပ်လဲမေးလိုက်တာပေါ့ မြေကြီးပေါ်ကျ
သွားရင်ဘာဖြစ်လို့လဲဆရာကြီး မြေကြီးပေါ်ကျသွားရင် ဘုက္ခစိုးနတ်ကလာသိမ်းသွားတယ်ကွဲ့ ဆိုရိုးရှိတယ်ကွဲ့ သံသေမြေကျ ရှာမရတဲ့ ကျုပ်မှတ်ထားပါ့မယ်ဆရာကြီး ကျူပ်
လဲဓာတ်လုံးလေးကိုလက်ဝါးပေါ်တင်ကြည့်
လိုက်တော့ လှုပ်နေသလိုပဲ ကိုမိုးဆွေက
ကျုတ်လည်ဆွဲလေးကျုပ်ကိုပေးတယ်ဗျ
ဒီအထဲထည့်ပြီး သေချာဆွဲထားတဲ့ အသက်ဘေးကြုံမှထုတ်သုံးတဲ့ဗျ ကျုပ်လဲအားရဝမ်းသာနဲ့ဆွဲလိုက်တယ် ဆရာကြီးဦးရွှေညိုက မောင်သိန်း မင်းလက်ထဲကို ဆရာကြီးရဲ့ ဓာတ်လုံးလွဲပေးခဲ့ပြီမို့ ငါတို့တာဝန်ကျေပြီ မင်းရဲ့တာဝန်က ရှိသေးတယ်ကွဲ့ ကျုပ်လဲဘာတာဝန်လဲဆရာကြီး မေးလိုက်တော့ ဒီလိုကွဲ့ နက္ခဗေဒအရ ဒီည၁၂နာရီတိတိအချိန်မှာ သရဲတစ္ဆေစုန်း
ကဝေများ အားကြီးပြီးပျော်မြူးမဲ့ညပဲ
အဲ့ဒီအချိန်မှာ မိစ္ဆာအရင်းမြစ်တွေပေါ်လာ
ပြီး ၇ရက်သားသမီးတွေကိုဒုက္ခပေးလိမ့်မယ်ကွဲ့ အဲ့ဒါတွေကို မင်းကတားပေးရမယ်ကွဲ့
ကျုပ်လဲ အံ့အားသင့်သွားတယ်ဗျ ဘယ်လိုတားပေးရမှာလဲဆရာကြီး မင်းတို့ရွာက
အိမ်တွေရဲ့ ရောင်ဝင်အိုးတွေမှာ ထုံးဖြူနဲ့
ကကြီးအက္ခရာကို ရေးဆွဲခိုင်းထား အနီးရှိရွာ
တွေကိုပါသတိပေးလိုက် ဒီလိုလုပ်ထားခြင်းက ကပ်ကျော်အောင် ကကြီးကိုဓာတ်ဆင်
ထားတာကွဲ့ ဒီသရဲမြူးတဲ့ကျမှာ မကောင်းဆိုးဝါးနာနာဘာ၀ မိစ္ဆာတွေက တစ်ညလုံးရွာထဲလှည့်နေရင်း ကံနိမ်သူ နာမကျန်း
ဖြစ်သူများရှိတဲ့ အိမ်တွေကိုရှာပြီး လူစားလဲ
ဖို့လုပ်ကျမှာ အထူးသဖြင့်အသုဘအိမ်ရှိတဲ့
နေရာမှာ မကောင်းဆိုးဝါးသရဲကြီးတွေသွား
စုကျလိမ့်မယ် လငမုတ်ဖမ်းတဲ့အချိန်ဖြစ်နေလို့ မသာကိုကြောင်နတ်ဖြတ်ကျော်ရင် အဲ့ဒီ
မသာက ဖုတ်ဝင်ပြီးရွာကို လက်ညိုးထိုးလိုက်ရင် တစ်နေ့တစ်ယောက်လူသေတယ်
ရွာခိုက်တယ် ဒါကြောင့် ဒီအနီးနားမှာအသုဘအိမ်ရှိရင်သွားစောင့်နေရမယ်
သရဲတွေမလာနိုင်အောင်တားရမယ် ကျုပ်လဲ
သိချင်လို့မေးလိုက်တာပေါ့ ဒီလိုလငမုတ်ဖမ်းတာနဲ့ သရဲတွေအားကြီးပြီးဖုတ်ဝင်တာလားဆရာ မဟုတ်ဘူး မောင်သိန်းရဲ့ လငမုတ်လဲဖမ်း နက္ခတ်လဲယှဉ်မှဖြစ်တာကွဲ့
ဒီလိုမျိုးကလဲဆယ်စုနှစ်မှတစ်ခါဖြစ်ခဲတာ
တချို့ထုံကူးချင်တဲ့စုန်းမကြီးတွေဆို
ဒီလိုနေ့မျိုးကိုကြုံချင်လို့ ဆယ်စုနှစ်ကိုစောင့်နေရတယ်တဲ့ ဒီလိုအချိန်ထုံကူးလို့ အောင်သွားရင် သူတို့အတွက်အစွမ်းထက်ဆုံးအချိန်တဲ့ သရဲတွေလဲ အားကြီးလို့ပျော်မြူးကျတယ်တဲ့ မင်းတို့ရွာမှာအသုဘ အိမ်ရှိလားတဲ့ ကျုပ်တို့ရွာမှာတော့မရှိဘူး ဒီရွာရဲ့ရွာနီးချင်း ညောင်ပင်ကြီးရွာမှာတော့ရှိတယ်ဗျ
သေဆုံးသူက မိန်းကလေး မအေးတဲ့
ကိုမျိုးဇော်ရဲ့ မိန်းမပါ မီးမဖွားနိုင် လို့ဆုံး
ပါးတာတဲ့ဗျာ ဒါဆိုလဲမောင်သိန်းရွာထဲက
လူတွေကိုသတိပေးပြီး ညောင်ပင်ကြီးရွာကို
တို့တွေသွားရအောင်ကွာ ဟုတ်ဆရာကြီး
ကျုပ်တို့တွေရွာထဲဝင်ပြီး သူကြီးအိမ်ကိုသွားပြီးပြောပြတော့ သူကြီးလဲစိုးရိမ်ပြီး အစည်းဝေးအမြန်လုပ်ပြီး ရောင်ဝင်အိုးတွေမှာ
ထုံးဖြူနဲ့ကကြီးအက္ခရာကို ရေးဆွဲခိုင်းထားတယ် ကျုပ်တို့သုံးယောက်ကတော့ ညောင်ပင်ကြီးရွာကိုနွားလှည်းနဲ့သွားတာပေါ့
ဟိုရောက်တော့ကျုပ်တို့ညောင်ပင်ကြီးရွာသူကြီးကိုအကျိုးအကြောင်းပြောပြပြီး
အသုဘအိမ်ကိုသွားပြောရတယ် ညကျရင်
လူတွေအိမ်အပြင်မထွက်ဖို့ပြောပြီး အသုဘ
အိမ်မှာ ညောင်ပင်ကြီးရွာက ကာလသားတွေ
နဲ့အတူ ဝါးရင်းတုတ် လှံ သုံးခွမှိန်းတွေနဲ့
စောင့်အိမ်ဖို့ တိုင်ပင်ထားကျတယ် ဆရာကြီးဦးရွှေညိုက မအေးရဲ့အခေါင်းနားသွားတယ်
ပြီးတော့ သူ့ရဲ့ဆေးလွယ်အိတ်ထဲက အင်း
ချပ်လေးချပ်ကို အခေါင်းရဲ့ ပတ်ပတ်လည်
မှာတစ်ခုစီလိုက်မြုပ်တယ်ဗျ ကျုပ်ကို
ရှင်းပြတယ်ဗျ ဒီလိုလုပ်ထားရင် သရဲကြီးတွေက မအေးအလောင်းထဲဝင်မရဘူးတဲ့
ကျုပ်လဲ ဟုတ်ဆရာကြီးလို့ပြောလိုက်တယ်
အသုဘအိမ်ကထမင်းကျွေးတယ်ဗျ
ဆရာဦးရွှေညိုတို့ကမစားဘူး ကျုပ်လဲ
ကျုပ်သူငယ်ချင်းပွဲစားပွကြီးအိမ်မှာပဲကျွေးရတာပေါ့ ဒီလိုနဲ့ညရောက်တော့ ကာလသား
ဆယ်ယောက်ရယ် ကျုပ်တို့သုံးယောက်ရယ်
အသုဘအိမ်မှာလုံခြုံရေးအပြည့်ယူပြီးစောင့်နေတယ် ဘယ်သူမှအပြင်မထွက်ရဆိုတော့
တစ်ရွာလုံးလဲ တိတ်ဆိတ်နေလို့ဗျို့
ကျုပ်လဲအိမ်ရှေ့က မအေးအလောင်းကို
ကြည့်လိုက် လမ်းဝကိုကြည့်လိုက်ပေါ့
ည၁၂နာရီဆိုတော့ ခွေးတွေက ရွာနောက်ဖက်ကနေ ဝူးးးးးးးး ဆိုပြီးဆွဲငင်ပြီး အူလာ
တာဗျို့ ကျုပ်တို့တွေလဲမသာအိမ်ထဲကနေ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
အခြေနေကို အကဲခတ်နေလိုက်တယ်
အမလေးဘုရား ရုတ်တရက်မြင်တော့
ကျုပ်ပါးစပ်က အမေဋိတ်အသံထွက်ပြီး
ဘုရားတလိုက်ရတယ် နည်းတဲ့သရဲတွေလာ
ဗျာ မည်းမည်းအကောင်ကြီးတွေဗျ ၆ပေ
၇ပေ ၁၃ပေ အစရှိတဲ့အရွယ်အစားစားတွေဗျာ မိအေးအလောင်းနားမှာ ပြည့်နေသလို
လမ်းပေါ်မှာတွေလဲ အများကြီးဗျို့ ကြည့်
နေရင်း ကြတ်သီးတဖျန်းဖျန်းထတယ်
သရဲကြီးတွေက အစွယ်ကြီးကဖွေးလို့
လျှာကြီးက အရီးလေးမခင်ရဲ့ဥပုသ်စောင့်
တဲ့သဘတ်ကြီးလောက်ရှိတယ် အမွှေး
မည်းမည်းကြီးတွေနဲ့ ကိုယ်လုံးကြီးက
စပါးထည့်တဲ့ပုတ်လောက်ကိုရှိတာ
မျက်လုံးနီနီကြီးကအကြမ်းပန်ကန်လုံးလောက်ကိုရှိမယ်ဗျ သူတို့လက်ကြီးနှစ်ဖက်ကို အရှေ့ဆန့်ပြီး မအေးရဲ့အခေါင်းထဲကို
နှိုက်ဖို့လက်လှမ်းနေတယ် ဝုန်းးးကနဲမီးလုံးကြီးတွေထတောက်တော့ နောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်သွားကျတယ် အော်
ဆရာကြီးဦးရွှေညိုမြုပ်ထားတဲ့အင်းချပ်တွေ
ကြောင့်ကို ဆရာကြှီးနဲ့ကျုပ်တို့နှစ်ယောက်တော့ သရဲကြီးတွေကို တွေ့နေရတာ
ပေါ့ ကလာသားတွေက အခေါင်းနားမှာ
မီးထတောက်သာပဲတွေ့နေရတယ်
ဆရာကြီးကသူတို့ပါမြင်ရအောင်ဆိုပြီး
အင်းတစ်ချပ်ကိုမီးရှို့ပြီး ပြာကိုရေဖျော်
တိုက်လိုက်တော့ကာလသားတွေထအော်
ကျတယ်တစ်ချို့ဆိုလက်ထဲကလက်နက်
တွေချပြီးသူတို့အချင်းချင်းဖက်ထားကျတယ် ထိုအခါ ကိုအောင်ဖေဆိုတဲ့သူက
အမလေး သရဲတွေသရဲတွေဆိုပြီး
ကြောက်ပြီးအိမ်ပေါ်က ခုန်ချလိုက်တယ်ဗျ
မသာအိမ်ဆိုတော့ ခဗျားတို့လဲအသိပဲ
လေးဘက်လေးလံလုံး ဟာလာဟင်းကြီးလေ
ခုန်ချပြီး အော်ပြီးပြေးတာ အိမ်ရှေ့က
မအေးရဲ့အခေါင်းကြီးကိုဝင်တိုက်သွားတယ်
အုန်းးးဆိုတဲ့အသံကြီးနဲ့အတူ အခေါင်းကြီး
ထဲက မအေးရဲ့အလောင်းက ဝိုင်းဝကိုလဲ
သွားတယ်ဗျ ကျုပ်တို့ပါအိမ်ပေါ်ကခုန်ချ
ပြီးသူ့ကိုလိုက်ဆွဲဖို့ကျ မမှီတော့ဘူးဗျ
နောက်ကျသွားပြီး အကျီဗြောင်းပြန်ကြီးနဲ့
မအေးက ငုတ်တုတ်ကြီးထထိုင်နေတယ်
ဗျ ထိုအခါဆရာကြီးဦးရွှေညိုကလွယ်အိတ်
ထဲကအင်းတချက်ကိုထုတ်ပြီးပစ်လိုက်တော့
ဝုန်းးးးးးဆိုပြီး မီးထတောက်တယ် မအေးရဲ့
အလောင်းကတော့ပြန်လဲသွားတယ်
အင်းစည်းပေါက်သွားပြီပေါ့ ဝိုင်းဝက
သရဲကြီးတွေက ကျုပ်တို့ကိုရန်ပြုဖို့
အော်ပြီးကျုပ်တို့ဆီ ပြေးလာတယ်
ကိုမိုးဆွေက သရဲတွေလာနေပြီဆရာလို့
အော်ပြောတယ်ဆရာကြီးကရေစင်နဲ့ပက်
လိုက်တော့ သရဲကြီးတွေကိုယ်ကမီးခိုးတွေ
ထွက်လာတယ် ဝူးးအီးးးအားးးးဆိုတဲ့အသံနက်ကြီးတွေနဲ့အော်ပြီးမြေကြီးပေါ်မှာ
လိမ့်နေကျတယ် ထိုအခါမအေးရဲ့အလောင်းကနောက်တစ်ကြိမ်ကုန်းထနေပြန်ပြီ
ဝိုင်းဝကသရဲတွေကလဲအများကြီး
ပြေးလာနေတယ် ကျုပ်လဲ လည်ပင်းက
ဆွဲကြိုးကိုဖြုတ်ပြီးအလျင်အမြန်ပစ်လိုက်
တော့ဝုန်းးးဆိုမီးတောက်အကြီးကြီးတစ်ခု
ထတောက်ပြီးကောက်ရိုးပုံလောက်မီးညွန့်ကြီးကောင်းကင်
ပေါ်ကိုတက်သွားပြီးသရဲတွေလဲသုံးတောင်
လောက်ကိုလွင့်သွားတယ်ဗျ ကျုပ်တို့လဲမအေးအလောင်းကိုပြန်ကောက်ပြီးအိမ်အောက်မှာငုတ်ရိုက်ပြီးချုပ်ထားလိုက်တယ်ဝိုင်းဝကတဝင်းဝင်းတောက်နေတဲ့ဆွဲကြိုးကို
ပြန်ကောက်သိမ်းရင်း ဘာဆက်ဖြစ်မလဲ
ဆိုတာကို သတိထားပြီးစောင့်နေရင်းအာရုံ
ဦးလို့မိုးလင်းခဲ့ပြီ မိုးလင်းတော့မှကြည့်လိုက်တော့ဝိုင်းဝမှာကင်းလိတ်ချော တောက်တက်
ပုပ်သင်ညိုအသေတွေမှ အများကြီးပဲဗျို့
ထွက်ပြေးတဲ့ကိုအောင်ဖေက ရွာထိပ်ကညောင်ပင်ကြီးနားမှာသတိလစ်လှဲနေတယ်
ဆရာကြီးဦးရွှေညိုကနေမဝင်ခင်မအေးရဲ့
အလောင်းကိုအမြန်မီးသဂြိုဟ်ဖို့ခိုင်းတယ်
ဖုတ်ဝင်းဖူးတဲ့အလောင်းကိုဆက်ထားရင်
ပြန်ဝင်တက်လို့နေမညိုခင် သဂြိုလ်ခဲ့ရတယ်
ကျုပ်တို့လဲ ညောင်ပင်ကြီးရွာကပြန်ခဲ့ကျတယ် ရွာရောက်တော့ ရွာကလူတွေလဲ
ဘေးကင်းတော့ဝမ်းသာရတာပေါ့ဗျာ။
စာဖတ်သူများအားကျေးဇူးအထူးတင်ရှိပါသည်။
ကျုပ်ကိုလဲအားပေးခဲ့ကျဦးနော်။
Zawgyi Version
သရဲျမဴးတဲ့ည (စ/ဆုံး)
————————–
က်ဳပ္တို႔ေတာသူ ေတာင္သားေတြက
စပါးစိုက္ ပဲစိုက္နဲ႔ တစ္ေန႔ တစ္လ တစ္ႏွစ္
ကို ကုန္လြန္ရတာဗ် အလုပ္နဲ႔လူနဲ႔
ျပတ္သြားတယ္ကို မရွိဘူးဗ်ိဳ႕ အခုလဲၾကည့္
ေလ ႏြားစာကုန္သြားလို႔ ႏြားစာျမက္ကို
လိုက္ရိတ္ရင္း ႀကံေတာသခ်ိဳင္းဘက္ကို
က်ဳပ္ေရာက္သြားတယ္ဗ် အလိုေလးဗ်ာ
သခ်ိဳင္းထဲမွာ လူစိမ္းႏွစ္ေယာက္ေရာက္ေန
လို႔ပါလား တစ္ေယာက္ကအသက္၅၀ေလာက္ရွိမဲ့ပုံဗ် ေနာက္တစ္ေယာက္က ၃၀ေက်ာ္ေလာက္ေတာ့ရွ္ိမယ္
ဒီလူေတြကို အျခား႐ြာနီးခ်င္ကလဲမဟုတ္ေလာက္ဘူးဗ် ဒီအနီးက႐ြာကလူေတြနဲ႔
က်ဳပ္ကမ်က္ရိပ္မ်က္ကန္းတန္းမိေနက်
လူစိမ္းဆိုေတာ့လဲ ႐ြာအတြက္အႏၲရယ္ေပး
မဲ့သူလားဘာလားသိေအာင္ေတာ့ သြားစုံ
စမ္းလိုစိတ္နဲ႔က်ဳပ္ေရာက္သြားတယ္ဗ်
က်ဳပ္ကိုျမင္ေတာ့ အသက္၃၀ေလာက္ရွိတဲ့
သူက အားရ၀မ္းသာနဲ႔ က်ဳပ္အနားကိုေျပး
လာရင္း အကိုက ဒီ႐ြာကလားဗ် က်ဴပ္လဲ
ဟုတ္ပါတယ္ဗ် အေတာ္ပဲဗ်ာ က်ဳပ္တို႔ဆရာ
တပည့္ေတြဒီ႐ြာကလူတစ္ေယာက္ကိုလာရွာတာဗ် က်ဳပ္အမည္ကမိုးေဆြပါဗ် ဒီလူက
သူ႔ကိုယ္သူမိတ္ဆက္တယ္ဗ် ၿပီးေတာ့ ဇရပ္ေပၚက အသက္၅၀ေလာက္ရွိတဲ့လူက သူ႔ရဲ႕
ဆရာဦးေ႐ႊညိဳတဲ့ က်ဳပ္လဲဘယ္သူ႔ကိုလာ
ရွာတာလဲဗ်လို႔ေမးေတာ့ ေမာင္သိန္းဆိုတဲ့
လူကို ခဗ်ာ ့့့က်ဳပ္လဲအံအားသင့္သြား
တယ္ဗ် ဒီလူႏွစ္ေယာက္လုံးကိုက်ဳပ္မွမသိပဲ
က်ဳပ္ကိုၾကည့္ၿပီး ကိုမိုးေဆြက ေမးတယ္ဗ်
အကိုက ေမာင္းသိန္းကိုသိလားတဲ့ က်ဳပ္က
ေမာင္သိန္းပါဗ် ဆိုေတာ့ ဒီလူက တကယ္လားဗ်ာ ဆိုၿပီးအားရ၀မ္းသာနဲ႔ဇရပ္ေပၚက
သူ႔ဆရာကိုေျပာတယ္ဗ် ဆရာေရ ဒီလူက
ကိုေမာင္သိန္းတဲ့ ထိုအခါ ဇရပ္ေပၚကဆရာႀကီး ဦးေ႐ႊညိဳက ဆင္းလာၿပီး
မင္းကဆရာႀကီးကံရွိန္ေျပာေျပာေနတဲ့
က်ိဳက္ပိေက်း႐ြာကေမာင္သိန္းေပါ့
က်ဳပ္လဲဟုတ္ပါတယ္ခဗ် ဒီ႐ြာမွာေမာင္သိန္းဆိုလို႔က်ဳပ္တစ္ေယာက္ပဲရွိတယ္
ဆရာႀကီးဦးကံရွိန္ေကာေနေကာင္းရလား
က်ဳပ္ေမးေတာ့ ဆရာဦးေ႐ႊညိဳ မ်က္ႏွာမ်က္
သြားေလတယ္ က်ဳပ္လဲ ဘာလို႔လဲဗ်လို႔
ေမးေတာ့ ေမာင္သိန္း ဆရာက ဆရာႀကီးဦး
ကံရွိန္ရဲ႕တပည့္ပါကြာ ဆရာႀကီးဦးကံရွိန္
ဂႏၵာရီခရီး ဆုံးခန္းတိုင္သြားၿပီ အေသထြက္
ထြက္သြားၿပီကြဲ႕ ဟာဗ်ာ က်ဳပ္အသားေတြ
တစ္ဆတ္ဆတ္တုန္တယ္ဗ် ဆရာႀကီးနဲ႔က်ဳပ္ ၿပီးခဲ့တဲ့ႏွစ္ေတြကမွ ဂႏၶာရီခရီးတစ္ခုကို
အတူျဖတ္သန္းခဲ့ေသးတယ္ အခုေတာ့
ၾကားရတာစိတ္မေကာင္းလိုက္တာဗ်ာ
ဟုတ္တယ္ ေမာင္သိန္းရဲ႕ ဆရာႀကီးက
ေနာက္ဆုံးအခ်ိန္ထိ မင္းနဲ႔ခရီးဆက္ခဲ့တဲ့
လြမ္းေမာဖြယ္ရာေတြကို ေျပာျပေနေသးတယ္တဲ့ ဆရာဦးေ႐ႊညိဳကေျပာတယ္ဗ်
အခုလဲမင္းရဲ႕လိပ္စာကိုေပးခဲ့လို႔ငါတို႔လာခဲ့
တာပဲ ဆရာႀကီးက မင္းအတြက္ဓာတ္ရွင္
ေလးတစ္လုံးေပးခဲ့တယ္ကြဲ႕ ေဟာ့ဒီမွာ
က်ဳပ္ၾကည့္လိုက္ေတာ့ မန္က်ည္းေစ့ေလာက္ပဲရွိမယ္ဗ် ေ႐ႊေရာင္အလုံးေလး
အေရာင္တစ္၀င္း၀င္းေတာက္ေနတယ္
ဒီဓာတ္လုံးေလးက အဂၢိရတ္ပညာအရ
သံေသဓာတ္လုံးလို႔လဲေခၚတယ္ ေရစင္သံ
ကိုဓာတ္ေသေအာင္ထိုးၿပီး နတ္ကၡတ္ေဗဒ
ပညာနဲ႔အသက္သြင္းထားေတာ့ ဓာတ္ရွင္
ေလးျဖစ္ေနတယ္ ေျမႀကီးေပၚမက်ေစနဲ႔ကြဲ႕
က်ဳပ္လဲေမးလိုက္တာေပါ့ ေျမႀကီးေပၚက်
သြားရင္ဘာျဖစ္လို႔လဲဆရာႀကီး ေျမႀကီးေပၚက်သြားရင္ ဘုကၡစိုးနတ္ကလာသိမ္းသြားတယ္ကြဲ႕ ဆို႐ိုးရွိတယ္ကြဲ႕ သံေသေျမက် ရွာမရတဲ့ က်ဳပ္မွတ္ထားပါ့မယ္ဆရာႀကီး က်ဴပ္
လဲဓာတ္လုံးေလးကိုလက္ဝါးေပၚတင္ၾကည့္
လိုက္ေတာ့ လႈပ္ေနသလိုပဲ ကိုမိုးေဆြက
က်ဳတ္လည္ဆြဲေလးက်ဳပ္ကိုေပးတယ္ဗ်
ဒီအထဲထည့္ၿပီး ေသခ်ာဆြဲထားတဲ့ အသက္ေဘးႀကဳံမွထုတ္သုံးတဲ့ဗ် က်ဳပ္လဲအားရ၀မ္းသာနဲ႔ဆြဲလိုက္တယ္ ဆရာႀကီးဦးေ႐ႊညိဳက ေမာင္သိန္း မင္းလက္ထဲကို ဆရာႀကီးရဲ႕ ဓာတ္လုံးလြဲေပးခဲ့ၿပီမို႔ ငါတို႔တာ၀န္ေက်ၿပီ မင္းရဲ႕တာ၀န္က ရွိေသးတယ္ကြဲ႕ က်ဳပ္လဲဘာတာ၀န္လဲဆရာႀကီး ေမးလိုက္ေတာ့ ဒီလိုကြဲ႕ နကၡေဗဒအရ ဒီည၁၂နာရီတိတိအခ်ိန္မွာ သရဲတေစၦစုန္း
ကေဝမ်ား အားႀကီးၿပီးေပ်ာ္ျမဴးမဲ့ညပဲ
အဲ့ဒီအခ်ိန္မွာ မိစာၦအရင္းျမစ္ေတြေပၚလာ
ၿပီး ၇ရက္သားသမီးေတြကိုဒုကၡေပးလိမ့္မယ္ကြဲ႕ အဲ့ဒါေတြကို မင္းကတားေပးရမယ္ကြဲ႕
က်ဳပ္လဲ အံ့အားသင့္သြားတယ္ဗ် ဘယ္လိုတားေပးရမွာလဲဆရာႀကီး မင္းတို႔႐ြာက
အိမ္ေတြရဲ႕ ေရာင္၀င္အိုးေတြမွာ ထုံးျဖဴနဲ႔
ကႀကီးအကၡရာကို ေရးဆြဲခိုင္းထား အနီးရွိ႐ြာ
ေတြကိုပါသတိေပးလိုက္ ဒီလိုလုပ္ထားျခင္းက ကပ္ေက်ာ္ေအာင္ ကႀကီးကိုဓာတ္ဆင္
ထားတာကြဲ႕ ဒီသရဲျမဴးတဲ့က်မွာ မေကာင္းဆိုးဝါးနာနာဘာ၀ မိစာၦေတြက တစ္ညလုံး႐ြာထဲလွည့္ေနရင္း ကံနိမ္သူ နာမက်န္း
ျဖစ္သူမ်ားရွိတဲ့ အိမ္ေတြကိုရွာၿပီး လူစားလဲ
ဖို႔လုပ္က်မွာ အထူးသျဖင့္အသုဘအိမ္ရွိတဲ့
ေနရာမွာ မေကာင္းဆိုးဝါးသရဲႀကီးေတြသြား
စုက်လိမ့္မယ္ လငမုတ္ဖမ္းတဲ့အခ်ိန္ျဖစ္ေနလို႔ မသာကိုေၾကာင္နတ္ျဖတ္ေက်ာ္ရင္ အဲ့ဒီ
မသာက ဖုတ္၀င္ၿပီး႐ြာကို လက္ညိဳးထိုးလိုက္ရင္ တစ္ေန႔တစ္ေယာက္လူေသတယ္
႐ြာခိုက္တယ္ ဒါေၾကာင့္ ဒီအနီးနားမွာအသုဘအိမ္ရွိရင္သြားေစာင့္ေနရမယ္
သရဲေတြမလာႏိုင္ေအာင္တားရမယ္ က်ဳပ္လဲ
သိခ်င္လို႔ေမးလိုက္တာေပါ့ ဒီလိုလငမုတ္ဖမ္းတာနဲ႔ သရဲေတြအားႀကီးၿပီးဖုတ္၀င္တာလားဆရာ မဟုတ္ဘူး ေမာင္သိန္းရဲ႕ လငမုတ္လဲဖမ္း နကၡတ္လဲယွဥ္မွျဖစ္တာကြဲ႕
ဒီလိုမ်ိဳးကလဲဆယ္စုႏွစ္မွတစ္ခါျဖစ္ခဲတာ
တခ်ိဳ႕ထုံကူးခ်င္တဲ့စုန္းမႀကီးေတြဆို
ဒီလိုေန႔မ်ိဳးကိုႀကဳံခ်င္လို႔ ဆယ္စုႏွစ္ကိုေစာင့္ေနရတယ္တဲ့ ဒီလိုအခ်ိန္ထုံကူးလို႔ ေအာင္သြားရင္ သူတို႔အတြက္အစြမ္းထက္ဆုံးအခ်ိန္တဲ့ သရဲေတြလဲ အားႀကီးလို႔ေပ်ာ္ျမဴးက်တယ္တဲ့ မင္းတို႔႐ြာမွာအသုဘ အိမ္ရွိလားတဲ့ က်ဳပ္တို႔႐ြာမွာေတာ့မရွိဘူး ဒီ႐ြာရဲ႕႐ြာနီးခ်င္း ေညာင္ပင္ႀကီး႐ြာမွာေတာ့ရွိတယ္ဗ်
ေသဆုံးသူက မိန္းကေလး မေအးတဲ့
ကိုမ်ိဳးေဇာ္ရဲ႕ မိန္းမပါ မီးမဖြားႏိုင္ လို႔ဆုံး
ပါးတာတဲ့ဗ်ာ ဒါဆိုလဲေမာင္သိန္း႐ြာထဲက
လူေတြကိုသတိေပးၿပီး ေညာင္ပင္ႀကီး႐ြာကို
တို႔ေတြသြားရေအာင္ကြာ ဟုတ္ဆရာႀကီး
က်ဳပ္တို႔ေတြ႐ြာထဲ၀င္ၿပီး သူႀကီးအိမ္ကိုသြားၿပီးေျပာျပေတာ့ သူႀကီးလဲစိုးရိမ္ၿပီး အစည္းေဝးအျမန္လုပ္ၿပီး ေရာင္၀င္အိုးေတြမွာ
ထုံးျဖဴနဲ႔ကႀကီးအကၡရာကို ေရးဆြဲခိုင္းထားတယ္ က်ဳပ္တို႔သုံးေယာက္ကေတာ့ ေညာင္ပင္ႀကီး႐ြာကိုႏြားလွည္းနဲ႔သြားတာေပါ့
ဟိုေရာက္ေတာ့က်ဳပ္တို႔ေညာင္ပင္ႀကီး႐ြာသူႀကီးကိုအက်ိဳးအေၾကာင္းေျပာျပၿပီး
အသုဘအိမ္ကိုသြားေျပာရတယ္ ညက်ရင္
လူေတြအိမ္အျပင္မထြက္ဖို႔ေျပာၿပီး အသုဘ
အိမ္မွာ ေညာင္ပင္ႀကီး႐ြာက ကာလသားေတြ
နဲ႔အတူ ဝါးရင္းတုတ္ လွံ သုံးခြမွိန္းေတြနဲ႔
ေစာင့္အိမ္ဖို႔ တိုင္ပင္ထားက်တယ္ ဆရာႀကီးဦးေ႐ႊညိဳက မေအးရဲ႕အေခါင္းနားသြားတယ္
ၿပီးေတာ့ သူ႔ရဲ႕ေဆးလြယ္အိတ္ထဲက အင္း
ခ်ပ္ေလးခ်ပ္ကို အေခါင္းရဲ႕ ပတ္ပတ္လည္
မွာတစ္ခုစီလိုက္ျမဳပ္တယ္ဗ် က်ဳပ္ကို
ရွင္းျပတယ္ဗ် ဒီလိုလုပ္ထားရင္ သရဲႀကီးေတြက မေအးအေလာင္းထဲ၀င္မရဘူးတဲ့
က်ဳပ္လဲ ဟုတ္ဆရာႀကီးလို႔ေျပာလိုက္တယ္
အသုဘအိမ္ကထမင္းေကြၽးတယ္ဗ်
ဆရာဦးေ႐ႊညိဳတို႔ကမစားဘူး က်ဳပ္လဲ
က်ဳပ္သူငယ္ခ်င္းပြဲစားပြႀကီးအိမ္မွာပဲေကြၽးရတာေပါ့ ဒီလိုနဲ႔ညေရာက္ေတာ့ ကာလသား
ဆယ္ေယာက္ရယ္ က်ဳပ္တို႔သုံးေယာက္ရယ္
အသုဘအိမ္မွာလုံၿခဳံေရးအျပည့္ယူၿပီးေစာင့္ေနတယ္ ဘယ္သူမွအျပင္မထြက္ရဆိုေတာ့
တစ္႐ြာလုံးလဲ တိတ္ဆိတ္ေနလို႔ဗ်ိဳ႕
က်ဳပ္လဲအိမ္ေရွ႕က မေအးအေလာင္းကို
ၾကည့္လိုက္ လမ္း၀ကိုၾကည့္လိုက္ေပါ့
ည၁၂နာရီဆိုေတာ့ ေခြးေတြက ႐ြာေနာက္ဖက္ကေန ဝူးးးးးးးး ဆိုၿပီးဆြဲငင္ၿပီး အူလာ
တာဗ်ိဳ႕ က်ဳပ္တို႔ေတြလဲမသာအိမ္ထဲကေန
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရင္း
အေျခေနကို အကဲခတ္ေနလိုက္တယ္
အမေလးဘုရား ႐ုတ္တရက္ျမင္ေတာ့
က်ဳပ္ပါးစပ္က အေမဋိတ္အသံထြက္ၿပီး
ဘုရားတလိုက္ရတယ္ နည္းတဲ့သရဲေတြလာ
ဗ်ာ မည္းမည္းအေကာင္ႀကီးေတြဗ် ၆ေပ
၇ေပ ၁၃ေပ အစရွိတဲ့အ႐ြယ္အစားစားေတြဗ်ာ မိေအးအေလာင္းနားမွာ ျပည့္ေနသလို
လမ္းေပၚမွာေတြလဲ အမ်ားႀကီးဗ်ိဳ႕ ၾကည့္
ေနရင္း ၾကတ္သီးတဖ်န္းဖ်န္းထတယ္
သရဲႀကီးေတြက အစြယ္ႀကီးကေဖြးလို႔
လွ်ာႀကီးက အရီးေလးမခင္ရဲ႕ဥပုသ္ေစာင့္
တဲ့သဘတ္ႀကီးေလာက္ရွိတယ္ အေမႊး
မည္းမည္းႀကီးေတြနဲ႔ ကိုယ္လုံးႀကီးက
စပါးထည့္တဲ့ပုတ္ေလာက္ကိုရွိတာ
မ်က္လုံးနီနီႀကီးကအၾကမ္းပန္ကန္လုံးေလာက္ကိုရွိမယ္ဗ် သူတို႔လက္ႀကီးႏွစ္ဖက္ကို အေရွ႕ဆန႔္ၿပီး မေအးရဲ႕အေခါင္းထဲကို
ႏႈိက္ဖို႔လက္လွမ္းေနတယ္ ဝုန္းးးကနဲမီးလုံးႀကီးေတြထေတာက္ေတာ့ ေနာက္ကိုေျခႏွစ္လွမ္းေလာက္ဆုတ္သြားက်တယ္ ေအာ္
ဆရာႀကီးဦးေ႐ႊညိဳျမဳပ္ထားတဲ့အင္းခ်ပ္ေတြ
ေၾကာင့္ကို ဆရာၾကႇီးနဲ႔က်ဳပ္တို႔ႏွစ္ေယာက္ေတာ့ သရဲႀကီးေတြကို ေတြ႕ေနရတာ
ေပါ့ ကလာသားေတြက အေခါင္းနားမွာ
မီးထေတာက္သာပဲေတြ႕ေနရတယ္
ဆရာႀကီးကသူတို႔ပါျမင္ရေအာင္ဆိုၿပီး
အင္းတစ္ခ်ပ္ကိုမီးရႈိ႕ၿပီး ျပာကိုေရေဖ်ာ္
တိုက္လိုက္ေတာ့ကာလသားေတြထေအာ္
က်တယ္တစ္ခ်ိဳ႕ဆိုလက္ထဲကလက္နက္
ေတြခ်ၿပီးသူတို႔အခ်င္းခ်င္းဖက္ထားက်တယ္ ထိုအခါ ကိုေအာင္ေဖဆိုတဲ့သူက
အမေလး သရဲေတြသရဲေတြဆိုၿပီး
ေၾကာက္ၿပီးအိမ္ေပၚက ခုန္ခ်လိုက္တယ္ဗ်
မသာအိမ္ဆိုေတာ့ ခဗ်ားတို႔လဲအသိပဲ
ေလးဘက္ေလးလံလုံး ဟာလာဟင္းႀကီးေလ
ခုန္ခ်ၿပီး ေအာ္ၿပီးေျပးတာ အိမ္ေရွ႕က
မေအးရဲ႕အေခါင္းႀကီးကို၀င္တိုက္သြားတယ္
အုန္းးးဆိုတဲ့အသံႀကီးနဲ႔အတူ အေခါင္းႀကီး
ထဲက မေအးရဲ႕အေလာင္းက ဝိုင္း၀ကိုလဲ
သြားတယ္ဗ် က်ဳပ္တို႔ပါအိမ္ေပၚကခုန္ခ်
ၿပီးသူ႔ကိုလိုက္ဆြဲဖို႔က် မမွီေတာ့ဘူးဗ်
ေနာက္က်သြားၿပီး အက်ီေျဗာင္းျပန္ႀကီးနဲ႔
မေအးက ငုတ္တုတ္ႀကီးထထိုင္ေနတယ္
ဗ် ထိုအခါဆရာႀကီးဦးေ႐ႊညိဳကလြယ္အိတ္
ထဲကအင္းတခ်က္ကိုထုတ္ၿပီးပစ္လိုက္ေတာ့
ဝုန္းးးးးးဆိုၿပီး မီးထေတာက္တယ္ မေအးရဲ႕
အေလာင္းကေတာ့ျပန္လဲသြားတယ္
အင္းစည္းေပါက္သြားၿပီေပါ့ ဝိုင္း၀က
သရဲႀကီးေတြက က်ဳပ္တို႔ကိုရန္ျပဳဖို႔
ေအာ္ၿပီးက်ဳပ္တို႔ဆီ ေျပးလာတယ္
ကိုမိုးေဆြက သရဲေတြလာေနၿပီဆရာလို႔
ေအာ္ေျပာတယ္ဆရာႀကီးကေရစင္နဲ႔ပက္
လိုက္ေတာ့ သရဲႀကီးေတြကိုယ္ကမီးခိုးေတြ
ထြက္လာတယ္ ဝူးးအီးးးအားးးးဆိုတဲ့အသံနက္ႀကီးေတြနဲ႔ေအာ္ၿပီးေျမႀကီးေပၚမွာ
လိမ့္ေနက်တယ္ ထိုအခါမေအးရဲ႕အေလာင္းကေနာက္တစ္ႀကိမ္ကုန္းထေနျပန္ၿပီ
ဝိုင္း၀ကသရဲေတြကလဲအမ်ားႀကီး
ေျပးလာေနတယ္ က်ဳပ္လဲ လည္ပင္းက
ဆြဲႀကိဳးကိုျဖဳတ္ၿပီးအလ်င္အျမန္ပစ္လိုက္
ေတာ့ဝုန္းးးဆိုမီးေတာက္အႀကီးႀကီးတစ္ခု
ထေတာက္ၿပီးေကာက္႐ိုးပုံေလာက္မီးၫြန႔္ႀကီးေကာင္းကင္
ေပၚကိုတက္သြားၿပီးသရဲေတြလဲသုံးေတာင္
ေလာက္ကိုလြင့္သြားတယ္ဗ် က်ဳပ္တို႔လဲမေအးအေလာင္းကိုျပန္ေကာက္ၿပီးအိမ္ေအာက္မွာငုတ္႐ိုက္ၿပီးခ်ဳပ္ထားလိုက္တယ္ဝိုင္း၀ကတ၀င္း၀င္းေတာက္ေနတဲ့ဆြဲႀကိဳးကို
ျပန္ေကာက္သိမ္းရင္း ဘာဆက္ျဖစ္မလဲ
ဆိုတာကို သတိထားၿပီးေစာင့္ေနရင္းအာ႐ုံ
ဦးလို႔မိုးလင္းခဲ့ၿပီ မိုးလင္းေတာ့မွၾကည့္လိုက္ေတာ့ဝိုင္း၀မွာကင္းလိတ္ေခ်ာ ေတာက္တက္
ပုပ္သင္ညိဳအေသေတြမွ အမ်ားႀကီးပဲဗ်ိဳ႕
ထြက္ေျပးတဲ့ကိုေအာင္ေဖက ႐ြာထိပ္ကေညာင္ပင္ႀကီးနားမွာသတိလစ္လွဲေနတယ္
ဆရာႀကီးဦးေ႐ႊညိဳကေနမ၀င္ခင္မေအးရဲ႕
အေလာင္းကိုအျမန္မီးသၿဂိဳဟ္ဖို႔ခိုင္းတယ္
ဖုတ္၀င္းဖူးတဲ့အေလာင္းကိုဆက္ထားရင္
ျပန္၀င္တက္လို႔ေနမညိဳခင္ သၿဂိဳလ္ခဲ့ရတယ္
က်ဳပ္တို႔လဲ ေညာင္ပင္ႀကီး႐ြာကျပန္ခဲ့က်တယ္ ႐ြာေရာက္ေတာ့ ႐ြာကလူေတြလဲ
ေဘးကင္းေတာ့၀မ္းသာရတာေပါ့ဗ်ာ။
စာဖတ္သူမ်ားအားေက်းဇူးအထူးတင္ရွိပါသည္။
က်ဳပ္ကိုလဲအားေပးခဲ့က်ဦးေနာ္။