သိုက်ကြိုး(စ/ဆုံး)
————–
ဧကနှစ်ဆယ်လောက်ခြံကျယ်ကြီးက•••
နှစ်ရှည်ခံသစ်ပင်ကြီးများဖြင့်ညှို့ဆိုင်းနေလေသည်။
လူသွားလမ်းကလေးအဆုံးမှာတော့•••ကုန်းကမူလေးပေါ်မှ
နှစ်ထပ်••အိမ်နီနီကြီးကို••အဝေးမှပင်အတိုင်းသားမြင်နိုင်လေသည်။
အိမ်ကြီး၏အခြေအနေ အားကြည့်၍ ထိုအိမ်၏ပိုင်ဆိုင်မှုကို
ခန့်မှန်းနိုင်ပေသည်။•••
ထိုအိမ်နှင့်ခြံဝင်းအားပိုင်ဆိုင်သူမှာကား••
လူရွယ်တစ်ယောက်သာဖြစ်ချေသည်။
ထိုသူကား••••
မောင်ဖုန်းမြတ်စံ••••
တစ်ချိန်ကအထင်ကရသူဌေးကြီးဖြစ်ခဲ့သော•••
ဦးဖုန်းအံ့နှင့်ဒေါ်နန်းမြစံ၏တစ်ဦးတည်းသောသား
ဖြစ်လေသည်။
မိဘနှစ်ဦးမှာ•••သားဖြစ်သူ၏နောင်ရေးကို
ကြိုတွေးကာ•••ငွေကြေး ပြည့်စုံဖို့မလိုသော
ခေတ်မဆန်သော•••အိမ်ထောင်မှုနိုင်နင်း၍
မိန်းမပီသ••မဟာဆန်လှပသော••
မိမိတို့အိမ်တော်ထိန်းလူယုံ၏သမီးး
နုနုယဉ်နှင့်လက်ထပ်ထိမ်းမြားပေးခဲ့လေသည်။
ထို့နောက်သားဖြစ်သူ၏နောင်ရေးကို
စိတ်ချသွားသည့်အလား
ဇနီးမောင်နှံနှစ်ဦး ရှေ့ဆက်နောက်ဆက်ပင်
ကွယ်လွန်သွားကြသည်။••••
နုနုယဉ်၏ဖခင်မှာမူ•••
လူ့ဘောင်ဘဝကိုစွန့်လွတ်ကာ
ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်၍•••
အမြိုက်တရားရှာဖွေရန်ထိုမြို့လေးမှ ထွက်သွားသည်မှာ
၅နှစ်လောက်ရှိချေတော့မည်။
ခုဆိုလျှင်ထိုအိမ်ကြီးတွင်••
ဖုန်းမြတ်စံတို့ဇနီးမောင်နှံ•••ခြံစော့င့်ဦးဖိုးမြင့်၊
ထမင်းချက်ဒေါ်စိန်နှင့်ဒေါ်စိန်၏ကျပ်မပြည့်ရှာသော
မြေးမလေး•••မိလဲ့သာလျှင်ရှိချေသည်။
ဖုန်းမြတ်စံမှာ•••တစ်ဦးတည်းသောသားပီပီ
အဖော်မင်လှကာ•••နုနုယဉ်
နှင့်လက်ထပ်ပြီးအိမ်ထောင်သက်၅နှစ်ကြာသည့်တိုင်
ရင်သွေးရတနာမရလေရကားးး
ခြေလှမ်းတွေပျက်လာလေသည်။
ခြံအလုပ်က••ယခင်ကိုယ်တိုင်ဦးစီးလုပ်ကိုင်ပေမယ့်
ယခုဆိုလျှင် မန်နေဂျာကိုထူးကိုသာလျှင်လွဲထားတော့သည်။
ကျန်းမာရေးစစ်ဆေးတော့လည်းနှစ်ယောက်စလုံး
အဆင်ပြေပါလျက်•••သားသမီးရမလာနိုင်တာက
ကံကိုပုံချယုံသာရှိတော့သည်။
မိဘသဘောတူ၍လက်ထပ်ထားကြသည်ဆိုပေမယ့်
တစ်ဦးကိုတစ်ဦးငယ်သံယောဇဉ်နှင့်
ချစ်ကြတာမို့•••
ဖုန်းမြတ်စံကလည်းမိမိကိုယ်ကိုယ်စိတ်ထွက်ပေါက်ရှာကာ
ဇနီးသည်အား••အပြစ်မပြောသလို•••
နုနုယဉ်မှာလည်း••ခင်ပွန်းဖြစ်သူအား
အပြစ်မတင်နိုင်ဖြစ်ရသည်။
ယောကျာ်းသားဖြစ်သူမှာ•••
သူ့နည်းသူ.ဟန်နှင့်ထွက်ပေါက်ရှာနိုင်ပေမယ့်
နုနုရီတို့လိုမိန်းမသားဘဝမှာ•••
မျက်ရည်ကျရုံမှတစ်ပါးး
ဖြေသိမ့်စရာ တရားဘာဝနာသာရှိချေသည်။
အိမ်မှုကိစ္စလည်းဒေါ်စိန်နှင့်ချည်းလွတ်ထားကာလှည့်မကြည့်
ဖြစ်သည်မှာကြာလေပြီ။
အချိန်တိုင်းစိတ်ပုတီးတစ်ကုံးဖြင့်•••
အိမ်ရဲ့မလှမ်းမကမ်း•••
ဆုတောင်းပြည့်ဘုရားလေးမှာသာ•••အချိန်ကုန်နေရသည်။
တရားဘဝနာပွားနေစဉ်အတွင်းး
သောကပူဆွေးမှုကိုတဒင်္ဂအားဖြင့်မေ့ထားနိုင်လေသည်။
{၂}
တစ်နေ့•••••
နုနုယဉ်မှာ••အဓိဌာန်ပုတီးစိတ်နေစဉ်•••
အမွေးနံ့တစ်ခုကိုထူးထူးခြားခြားရလိုက်လေသည်။
ထိုအမွေးနံ့တွင်ငြိမ်းအေးမှုတစ်မျိုးသည်လည်းပါဝင်နေသယောင်
ရှိလေသည်။
အဓိဌာန်ပြည့်၍••ပုတီးစိတ်ခြင်းရက်နားလိုက်ပြီးးး
ဘုရားကိုဦးချပြီးပြန်အမော့•••
တစ်စုံတစ်ယောက်ကြည့်နေသလိုခံစားရတာမို့
ကြည့်လိုက်ရာ•••
ဝတ်ဖြူစင်ကြယ်နှင့် အသက်အရွယ်မှာ၇၀လောက်ခန့်မှန်းရမည် သူတော်စင်တစ်ယောက်အားတွေ့လိုက်ရလေသည်။
ဖြူသောမုတ်ဆိတ်မွေးကရင်ဘတ်အထိတွဲလောင်းကျနေပြီး
ဆံပင်ဖြူဖြူများနှင့်ရောထွေးနေလေသည်။
ထိုသူတော်စင်ကြီးးးက
“””ရတနာသုံးပါးကို ဦးထိပ်ထားတဲ့သမီး•••
ဘာသာတရားကိုင်းရှိုင်းတဲ့သမီးးး
မကြာခင်စိတ်ချမ်းသာရတော့မှာပါ””””ဟုဆိုလေသည်။
သူတော်စင်ကြီး၏အသံမှာ
အသက်အရွယ်နှင့်မလိုက်အောင်
ထည်ဝါခန့်ညားနေလေသည်။
နုနုယဉ်မှာ•••သူတော်စင်ကြီးအားဦးချလိုက်ကာ•••
“””အဘရယ်••••သမီးးကအဘထင်သလိုကံမကောင်းပါဘူးရှင်”””
“”ကံကောင်းလာတော့မယ်သမီး•••သမီးတို့မှာမိသားစုဝင်တိုးတော့မယ်
သမီးတို့ဇနီးမောင်နှံတောင့်တနေတဲ့သားသမီးရတနာရတော့မယ်”””
နုနုယဉ်မှာဝတ်ဖြူစင်ကြယ်နှင့်အဘစကားကြောင့်
အလွန်အမင်းအံ့သြသွားလေသည်။
နုနုတို့မှာသားသမီးမရှိတာ•••
သားသမီးရတနာတော့တနေတာ•••
ထိုသူတော်စင်ကြီးဘယ်လိုသိတာပါလိမ့်။
နုနုနှင့်မောင်နှစ်ယောက်စလုံးထိုသူတော်စင်ကြီးအား
မတွေ့ဖူးတာသေချာလေသည်။
သူတော်စင်ကြီးက••••
“”သမီးတို့သတိထားရမှာက•••
ခုရလာမယ့်ကလေးတွေဟာ••သာမန်
မဟုတ်ဘူး•••လူ့ဘောင်လောကရဲ့အရှုပ်တော်ပုံ
တွေနဲ့လားလားမှမအပ်စပ်ပေဘူး•••
သူတို့လာရခြင်းအကြောင်းက
သာသနာပြုဖို့ပါပဲ•••
အကောင်းဆုံးက••သမီးတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ
ငါးပါးသီလကိုခါးဝတ်ပုဆိုးလိုမြဲရမယ်•••””””
နုနုယဉ်မှာ••မျက်ရည်စို့လာသည်အထိဝမ်းသာမိလေသည်။
“”အဘရယ်•••ဖြစ်နိုင်ရင်သမီးတို့
အိမ်အထိကြွခဲ့ပေးပါလားရှင်”””
“””အဘကိုတွေ့ချင်ရင်ဒီဘုရားလာခဲ့ပါ•••
ဘာပူဇော်သက္ကာရမှယူမလာပါနဲ့•••အဘဒီဘုရားမှာ
၉ရက်တိတိအဓိဌာန်ဝင်ထားတယ်••၉ရက်ပြည့်တဲ့ထိ
ရှိနေမှာပါ””””
“””ဟုတ်ကဲ့ပါအဘ••••နောက်တစ်ရက်နေရင်•••
သမီးခင်ပွန်းကိုပါခေါ်ခဲ့ပါ့မယ်””””
“””ကဲ•••အဘသွားပြီသမီးးးး”””
နုနုယဉ်မှာနောက်တစ်ကြီမ်ဦးချပြီးပြန်အမော့
သူတော်စင်ကြီးအားအရိပ်အယောင်ပင်မတွေ့ရတော့ပေ။
ဒီဆုတောင်းပြည့်ဘုရားလေးကအမိုးအကာလည်းမရှိဇရပ်လည်းမရှိ
ပူဇော်သက္ကာရလည်း လက်မခံသော
ထိုအဘသည်မည်သို့မည်ပုံ•••ဆိုတာနုနုယဉ်နားမလည်တော့ပေ။
ထိုဘုရား၏ထူးခြားချက်ကအမိုးအကာမရှိပေမယ့်
မည်မျှပင်နေပူစေကာမူ•••
ဘုရားပတ်ပတ်လည်ကအပင်ကြီးများ၏
အရိပ်ကြောင်အစဉ်အေးမြလေသည်။
သို့ပေမယ့်•••
ထိုသူတော်စင်ကြီး၏ဟန်ပန်အမူအရာအား
ကြည့်ခြင်းဖြင့် သူတော်စင်ကြီး၏စကားကိုအကြွင်းမဲ့ယုံမိသည်။
နုနုအိမ်ပြန်ရောက်တော့•••
ညနေလေးနာရီရှိပေပြီ။
ဒီနေ့ထူးထူးခြားခြားပင်
ခင်ပွန်းသည်မှာအိမ်ကိုစောဟောရောက်နှင့်နေလေသည်။
နုနုက•••
“””မောင်ဒီနေ့အိမ်ပြန်တာစောတယ်နော်•••””””
ဖုန်းမြတ်စံက•••
“””မောင်တို့ထမင်းလက်ဆုံစားချင်လို့လေ”””
နုနုယဉ်မှာ မယုံနိုင်စွာဖြင့်
“””နုနုနားကြားမှားတာ•မဟုတ်ပါဘူးနော်””””
“”””မဟုတ်ပါဘူးနုနုရယ်••••
ဒီအတောအတွင်းနုနုအပေါ်ဂရုစိုက်တာတွေ
ပျက်ကွက်ခဲ့ရင်မောင်တောင်းပန်ပါတယ်ကွယ်••••””””
မောင်ကပြောရင်းနုနုလက်ကိုလှမ်းကိုင်နှစ်သိမ့်တာမို့
နုနုလည်းပြန်လည်ဆုပ်ကိုင်လိုက်ရင်း
“””””နုနုဝမ်းသာလိုက်တာမောင်ရယ်•••••
နုလေမောင့်ကိုဝမ်းသာစရာစကား
ပြောစရာရှိတယ်••••””””
မောင်ကအံ့သြဟန်ဖြင့်•••
“”””မောင်လည်းပြောစရာရှိတယ်နုရဲ့”””
“””အင်းးမောင်အရင်ပြော”””
“””ဒီလိုနု••••••••
ထိုနေ့ဖုန်းမြတ်စံတစ်ယောက်အရင်နေ့တွေနဲ့
မတူစိတ်ကြည်နေတာမို့ခြံထဲသွားလိုက်သည်။
အရင်ရက်တွေလိုသောက်ဖော်သောက်ဘက်တွေနှင့်
ဝိုင်းမထိုင်တော့။
ဲခြံထဲမရောက်တာကြာပြီမို့
လက်ဟင်းမှုတွေအများကြီးတွေ့ရသည်။
စာရင်းဇယားတွေတစ်နေကုန်ထိုင်စစ်လိုက်တာ
ငွေစာရင်းကွာဟမှုတွေလည်းအများကြီးတွေ့ရလေသည်။
မန်နေဂျာကိုထူးကတော့မျက်နှာပျက်နေလေသည်။
ထိုနေ့တွင်ခြံထဲမှာပင်•••အလုပ်သမားတန်းလျားမှ
ထမင်းတူတူစားလိုက်ကာ•••
အလုပ်သမားတွေလုပ်ထားသော
ဝါးကွပ်ပျစ်တွင်•••အနားယူရင်း
အိပ်ပျော်သွားလေသည်။
တစ်စုံတစ်ခု••လှုပ်နိုးခံရသလိုရှိတာမို့
ဖုန်းမြတ်စံမှာမျက်စိကိုပွတ်လိုက်ကာ
နံဘေးနဘီကြည့်လိုက်မိသည်။
ထိုစဉ်••ရာဇဝင်ထဲကလိုနန်းဝတ်နန်းစားနှင့်••ယောကျာ်းကြီး
နှစ်ယောက်နှင့်••အလွန်တရာလှပသော•••အရွယ်မတိမ်းမယိမ်းရှိသည့်
အမျိုးသမီးနှစ်ယောက်ကိုတွေ့ရလေသည်။
ထိုအထဲမှအကြီးဆုံးလူက••••
“””သင်တို့မှာသားသမီးမရဘူးကြားတယ်•••
ဒီကကျုပ်ဇနီးနဲ့ယောက်ဖတော်က•••
လူ့ဘောင်ဘဝမှာ••သာသနာပြုချင်တယ်••^•
လက်ခံပေးနိုင်မလား•••••”””””
ဖုန်းမြတ်စံမှာ•••
စိတ်ညှို့ခံရသူပမာ••••
“””ခင်ဗျားတို့ဘယ်သူတွေလဲ••••””””
“””ဆုတောင်းပြည့်စေတီ•••ဥသျှစ်ပင်နားမှာ•••သိုက်နန်းတစ်ခုရှိပါတယ်•••ခမည်းတော်မယ်တော်ခွင့်ပြုချက်နဲ့•••မောင်ရင်တို့မိသားစုဆီလာဖို့ခွင့်တောင်းတာပါ•••””””
“”””ကျုပ်ကလာဖို့ခွင့်ပြုတယ်ဆိုရင်ရော••””””
“””ဘုရားတရားမြဲပါ•••ငါးပါးသီလကိုစောင့်ထိန်းပါ•••
ဒီလိုဆိုရင်မိသားစုလည်းအကျိုးထူးခံစားရပါလိမ့်မယ်•••
တစ်ခုသတိထားရမှာက•••
သမီးလေးရဲ့နာမည်ကိုသီဟသူဇာလို့ပေးပြီးးး
သားလေးနဲ့နာမည်ကိုသီဟရာဇာလို့ပေးပေးပါ
သူတို့ဟာ••သာသနာပြုဖို့လူ့ဘောင်ဘဝမှာအိမ်ရာထူထောင်လို့မရပါဘူး•••ဒီလိုဖြစ်ခဲ့ပါက•••
သိုက်နန်းကအချိန်မရွေးပြန်ခေါ်နိုင်တယ်ဆိုတာပါပဲ”””””
ထိုလူကြီးစကားဆုံးသည်နှင့်
အားလုံးမှာ•••အငွေ့ဖြူဖြူများဖြစ်ကာ•••
ပျောက်ကွယ်သွားလေသည်။
ဖုန်းမြတ်စံမှာ••••
အော်ဟစ်ရင်းလှမ်းဆွဲလိုက်ရာ•••
“”””ဘုန်းးးးး”””
“””ဆရာ••••ဘာဖြစ်တာလဲ”””
အလုပ်သမားတွေစုပြုံရောက်ရှိလာကြသည်။
“””အိပ်မက်မက်တာပါ•••ရပါတယ်ကိုယ့်အလုပ်ကိုယ်လုပ်ကြ””””
ဖုန်းမြတ်စံမှာ•••အလုပ်သမားတွေကိုပြောလိုက်ရင်းးး
အိပ်မက်အကြောင်းအရာများကိုထိုင်တွေးနေမိသည်။
အိပ်မက်အကြောင်းအရာများက
တကယ့်အဖြစ်အပျက်သဖွယ်•••
အကြောင်းအရာများကအစီအရီပေါ်လာလေသည်။
~~~~~~~~~~~~~~~~~~
နုနုယဉ်မှာမောင်ပြောသောအကြောင်းအရာများကို
နားထောင်ကာအံ့သြတကြီးဖြင့်•••
သူမဘုရားတွင်ဝတ်ဖြူစင်ကြယ်
သူတော်စင်ကြီးနှင့်တွေ့ရပုံအလုံးစုံကိုပြန်ပြောင်းပြောပြလိုက်လေသည်၏
ဇနီးမောင်နှံနှစ်ဦးထိုတိုက်ဆိုင်သော
အဖြစ်အပျက်ကိုနားလည်လက်ခံလိုက်ကာ•••
နောက်တစ်နေ့နံနက်တွင်••ဇနီးမောင်နှံနှစ်ဦး
သူတော်စင်ကြီးနှင့်ထပ်မံတွေ့ဆုံခဲ့လေသည်။
သူတော်စင်ကြီးမှာ•••
ငါးပါးသီလမြဲရန်•••
အလှူအတန်းရက်ရောရန်••
ဆိုဆုံးမ၍•••အဓိဌာန်ဝင်ပြီး၉ရက်ပြည့်သောအခါ•••
ထိုစေတီလေးမှတကယ်ပင်•••ပျောက်ကွယ်သွားလေသည်။
{၃}
ဇာတ်သိမ်း
သူတော်စင်ကြီး•••ပျောက်ကွယ်ပြီးနှစ်လအကြာ•••
နုနုယဉ်မှာတကယ်ပင်ကိုယ်ဝန်ရှိလာခဲ့လေသည်။
ကိုယ်ဝန်ရှိလာသည်မှစ၍
နုနုယဉ်မှာ••ယခင်ကြိုက်နှစ်သက်လှသော
အသားငါးများအားးအနံ့ခံ၍ပင်မရတော့••••
ဟင်းသီးဟင်းရွက်တွေသာစားတော့သည်။
ဖုန်းမြတ်စံမှာလည်းထိုအတောအတွင်းးးး
ခြံလုပ်ငန်းဦးစီးလုပ်ကိုင်ရင်းး
အလှူရေစက်လက်နှင့်မကွာဆိုသလို
လှူလာတန်းလာသည်မှာ••အကြိမ်အရေအတွက်ပင်
မမှတ်မိတော့ပေ။
ဒီလိုနဲ့ကိုးလလွယ် ဆယ်လဖွားဆိုသလို•••
သာယာသော••••မနက်ခင်းတစ်ခုတွင်•••
သားတစ်ယောက်သမီးတစ်ယောက်အားးအောင်မြင်စွာမွေး
ဖွားနိုင်ခဲ့လေသည်။
တစ်နေ့ကလေးငယ်နှစ်ဦးအား•••
ပုခက်အတွင်းသိပ်ထားစဉ်•••••
မြွေအဖြူရောင်နှစ်ကောင်အားတွေ့လေသည်။
ထိုအချိန်တွင်••နုနုမှာဘုရားခန်းရောက်နေလေသည်။
ဖုန်းမြတ်စံကနို့ဘူးဆေးနေတာမို့ဒေါ်စိန်အာ့
ကြည့်ထားခိုင်းခြင်းဖြစ်သည်။
ဒေါ်စန်မှာကလေးပုခက်အတွင်းမြွေဝင်ခွေနေတာ•••
တွေ့တော့•••
“”””အားးးးးးးကိုကိုလေးးးးးမြွေမြွေ•••••””””””
ဖုန်းမြတ်စံမှာ•••အပြေးအလွှားရောက်လာကာ••••
အခန့်ဒေါင့်မှာ ဂေါက်ရိုက်တံကိုလှမ်းယူလိုက်ရင်းချွေးပျံလာသည်။
မြွေကိုရိုက်လိုက်ရင်မတော်ကလေးကိုကိုက်လိုက်ရင်
“””ဘုရားးးးးဘုရားးးးး””””
ထိုစဉ်နုနုရောက်လာကာ••••
“””မောင်•••မောင်•••ဘာမှမလုပ်နဲ့အသာနေ•••
ဒါဘဝဟောင်းကဆွေဟောင်းမျိုးဟောင်းတွေဖြစ်မယ်••••””””
ဖုန်းမြတ်စံကနားမဘည်သလိုကြည့်တော့••••
“””ညက••နန်းအိပ်မက်မက်တယ်မောင်ဟိုတစ်ခါအိပ်
မက်ထဲကလိုနန်းဝတ်နန်းစားတွေနဲ့ ••သားနဲ့သမီးကိုလာကြည့်ချင်တယ်လို့ပြောတယ်”””
နုနုပြောတော့ဖုန်းမြတ်စံမှာ•••ဂေါက်ရိုက်တံကို
ပြန်ချထားလိုက်သည်။
“””ဒါဆို•••မောင်တို့ဘယ်လိုလုပ်မလဲ”””
နုနုကဒေါ်စိန်ဘက်လှည့်ကာ••••
“””ဒေါ်စိန်နွားနို့ရှိသေးလား”””
“””ရှိတယ်မမလေး••””””
“”””ဒါဆို•••ပန်းကန်ပြားထဲထည့်ခဲ့နော်”””
ဓေါ်စိန်မှာ•••နုနုပြောသည့်အတိုင်းမနက်ကဝယ်ထားသော
နွားနို့ကို•••ပန်းကန်ပြားထဲထည့်လာလေသည်။
နုနုကပန်းကန်ပြားကိုကြမ်းပေါ်တွင်ချကာ••••
“””လာရောက်သုံးဆောင်ပါဆွေတော်မျိုးတော်တို့”””
ထိုသို့ပြောလိုက်သည်နှင့်•••ပုခက်တစ်ခုစီမှ•••
မြွေဖြူလေးနှစ်ကောင်မှာ•••နွားနို့ခွက်ဆီလာကာ
ကုန်စင်အောင်သောက်ကာ•••အခန်းပြင်ထွက်သွားလေသည်။
ဖုန်းမြတ်စံမြွေနှစ်ကောင်ထွက်သွားသော•••
အခန်းပြင်လိုက်ကြည့်ရာအစအနပင်မတွေ့ရတော့။
ထူးဆန်းလိုက်တာ••••••
~~~~~~~~~~~~~
ထိုအချိန်မှစ၍
သားနှင့်သမီးအားးးပြုစုလာရာ
ဦးဖုန်းမြတ်စံ•••ဒေါ်နုနုယဉ်တစ်ဖြစ်လည်း
သားသီဟရာဇာနှင့်•••သမီးးး•••သီဟသူဇာတို့သည်•••
အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်သို့ရောက်လာ
လေသည်။•••••
စီးပွားရေးမှာလည်းဒီရေအလားတိုးတက်လာကာ
သူတို့မြို့လေးတွင်ဦးဖုန်းမြတ်စံ•••
ဒေါ်နုနုယဉ်ဆိုတာမသိသူမရှိလို့ပြောရပေမည်။
သီဟရာဇာမှာ•••အရွယ်ရောက်သည်နှင့်
သာသနာ့ဘောင်ဝင်ရန်တောင်းဆိုတာမို့
မိဘနှစ်ပါးမှာ•••ရင်ကွဲခံကာခွင့်ပြုပေးခဲ့ရလေသည်။
သမီးလေးမှာမူကား•••
လှသွေးကြွယ်လှကာ•
ဘာသာတစ်ရားကိုင်းရှိုင်း•••
လိမ္မာရေးချားရှိသူမို့•••
ဦးဖုန်းမြတ်စံ•••ဒေါ်နုနုယဉ်တွင်ခမည်းခမက်တော်ချင်သူ
လူကုန်ထံများကို
ငြင်းရမည်ပင်အားနာလှလေပြီ။တစ်နေ့•••
မြို့ဝန်ကိုယ်တိုင်••လူကြီးအစုံအလင်ဖြင့်
သမီးဖြစ်သူအားးးလာရောက်ကမ်းလှမ်းရာ
မတတ်သာသည့်အဆုံးလက်ခံလိုက်ရလေသည်။
သီဟသူဇာကိုယ်တိုင်လည်းမည်သည့်ရေစက်ကြောင့်
မသိ။မြို့ဝန်မင်းဦးငွေအုပ်၏သား
မင်းအုပ်အားမြင်သည်နှင့်
မေတ္တာသက်ဝင်ချစ်ခင်မိလေသည်။
စေ့စပ်ပွဲအားတစ်ပတ်အတွင်းစီစဉ်လိုက်ကာ•••
လက်ထက်ဖို့ရက်ပင်သတ်မှတ်လိုက်ကြလေသည်။
တစ်နေ့မင်းအုပ်တစ်ယောက်တည်းးး
သူဇာတို့အ်ိမ်ရောက်လာခဲ့သည်။
ထိုအချိန်သူဇာကအိမ်ရှေ့ပန်းပင်ရေလောင်းနေချိန်။
မင်းအုပ်ကသူဇာ့ကိုမြင်သည်နှင့်
သူဇာ့ဆီတန်းလာလေသည်။
“””သူဇာကပန်းတွေချစ်တတ်တယ်နော်”””
မင်းအုပ်ကစကားစတော့•••သူဇာက•••
“””ပန်းတွေကအပြစ်ကင်းဖြူစင်တယ်လေ”””
“””သူဇာ့ကိုမမီပါဘူးကွယ်”””
“””အစ်ကိုကသူဇာ့ဘဝကို••
ဘယ်လောက်သိလို့လဲ:-)
အစ်ကို့ကိုလက်ထပ်ဖို့သူဇာလက်ခံလိုက်တာ•••
သူဇာအပြစ်ကြီးတစ်ခူလိုခံစားနေရတယ်”””
မင်းအုပ်မှာစိတ်မကောင်းဟန်ဖြင့်
“”ကိုယ့်ကိုမချစ်ပဲလက်ခံလိုက်ရလို့လားသူဇာ”””
“””ချစ်လိူ့လက်ခံလိုက်တာပါ”””
မင်းအုပ်က
“””ဒါဆိုရင် ဘာကများခက်ခဲနေဦးမှာလဲကွယ်••••”””””
သူဇာမှာမိမိဘဝဇာတ်ကြောင်းအားမင်းအုပ်နားလည်အောင်
ရှင်းပြလိုက်လေသည်။
“””တကယ်ဆိုသူဇာတို့ကအိမ်ထောင်ပြုလို့မရဘူး
သာသနာပြုဖို့ရောက်လာတာပါ•••
အစ်ကိုတော်ကတော့တာဝန်ကျေနေပြီ သူဇာသာအစ်ကိူ့ကိုချစ်ခဲ့လို့”””
“””အစ်ကိုနဲ့လက်ထက်ပြီးပြုလည်းရတာပဲကွယ်”””
“””သူဇာ့ဘဝကအစ်ကိုထင်သလောက်မလွယ်ပါဘူး
အခက်အခဲတွေကိုအစ်ကိုရင်ဆိုင်ရလိမ့်မယ်”””
မသ်းအုပ်ကယုံကြည်မှူအပြည့်ဖြင့်
“”အစ်ကိုတို့အတူရင်ဆိုင်ရအောင်”””
မင်းအုပ်မှာမျက်ရည်လွမ်းသောချစ်သူမျက်နှာအား
သနားဂရုဏာသက်စွာကြည့်၍ထွေးပွေ့လိုက်လေသည်။ ဒီလိုနဲ့လက်ထပ်ပွဲအထိချစ်ခရီးလမ်းသည်ဖြောင့်ဖြူးခဲ့လေသည်။
လက်ထပ်ပွဲအပြီးဇနီးမောင်နှံနှစ်ယောက်မင်းအုပ်တို့လက်
မှလက်ဖွဲ့သော•••အိမ်ကိုကားနှင့်အသွားးး
ရုတ်တရက်လမ်းကွေ့မှ ပစ္စည်းတင်ကားတစ်စီးထွက်လာကာ
“””ကျွီးးးးးးဒုန်းးးးးဝုန်းးးး”””
ကားတိုက်သောအရှိန်မှာပြင်းတာမို့
မင်းအုပ်တို့စီးလာသော
ကားငယ်မှာမီးလောင်ပေါက်ကွဲကာ•••
ရင်နင့်ဖွယ်ရာချစ်သူနှစ်ယောက်မှာ:-)
အစက်ဇီဝိန်ကြွေသွားရှာလေပြီတည်း။
ဦးဖုန်းမြတ်စံတို့ဇနီးမောင်နှံမှာ မိမိတို့
လက်ထပ်ပေး၍ဖြစ်ရတာမို့ယူကျုံးမရ
နောင်တတွေနှင့် ရင်နင့်ကြေကွဲရလေတော့သည်။
~~~~~~~~~~~:::
မြို့ပြင်သင်္ချိုင်း
သီဟသူဇာနှင့်
မင်းအုပ်တို့အုတ်ဂူလေးနှစ်ခုယှဉ်တွဲရှိနေလေသည်။
အုတ်ဂူနံဘေးတွင်တော့
နှစ်ဖက်မိဘနှင့် ဦးဇင်းလေးတစ်ပါး
ဦးဇင်းလေးက
“””တရားနဲ့ဖြေပါဒကာ၊ဒကာမတို့
ဒါကအစတည်းကမှားခဲ့တာ•••
ဦးဇင်းလည်းသိသိချင်းလာတာအခုတော့
လွန်ကုန်ပြီ•••
ဆွေတော်မျိုးတော်တွေသတိပေးထားလျက်နဲ့မလုပ်သင့်တာ
လုပျကွတာကိုးးးး
ဦးဇင်းကနယ်ဝေးရောက်နေလို့ဦးဇင်းသာ
စောလာခဲ့ရင်•••ဒီလိုဖြစ်မှာမဟုတ်ဘူး
ခုလည်းဒကာမလေးဆွေတော်မျိုးတော်ဆီပြန်ရောက်နေပါပြီလေ
ဒကာမင်းအုပ်အတွက်တော့စိတ်မကောင်းပါဘူး
ကဲဦးဇင်းလည်းကြွမယ်
တရားနဲ့သာဖြေကြပါ”””
သီဟရာဇာတစ်ဖြစ်လည်းဦးဇင်းလေးမှာ
ရှိုက်သံများနှင့်မြို့ပြင်သင်္ချိုင်းအားကျောခိုင်းလိုက်လေသည်။
အဝေးတစ်နေရာမှငေးနေသော•••
သီဟသူဇာတစ်ဖြစ်လည်းသိုက်နန်းရှင်မလေး၏
ရှိုက်သံကိုတော့•••မည်သူမျှမကြားနိုင်တော့ပြီတည်း။
~~~~~~~~~~~~~~~~~
Writer’ Mon Mon Khaing