သူရနှင့်ဘီလူးကိုးကွယ်သူ(စ/ဆုံး)

Unicode Version

သူရနှင့်ဘီလူးကိုးကွယ်သူ(စ/ဆုံး)
—————————————
သူရသည် တစ်ပွဲစားသဘက်ကြီးအား နှိမ်နင်းပြီး၍ တစ်လခန့်အကြာ၌ ဂန္ဓာရီခရီးကို ပြန်လည်စတင်ရန် အကြောင်းဖန်လာခဲ့တော့သည်။
သူရသည် မြင်းခကျေးရွာ၏ အေးရိပ်မြုံဘုရားစေတီလေးပေါ်၌ တင်ပလ္လင်ခွေထိုင်၍ သမထအားထုတ်နေချိန် သူ၏ဘေးသို့ ဆံပင်များရှည်လျားစွာပေါက်၍ သင်္ကန်းတစ်ထည်ရုံထားသည့် ရဟန်းတစ်ပါးကြွလာလေ၏။
ထိုရဟန်းတော်သည် သူရ၏ဘေး၌ ငုတ်တုတ်ထိုင်က သူရကိုစိုက်ကြည့်၍ ပြုံးနေခဲ့သည်။ တစ်အောင့်မျှအကြာ၌ သူရသည် မေတ္တာပို့အမျှဝေကာ တရားထိုင်ဖြုတ်လိုက်သည်။ သူ၏ဘေးကိုကြည့်လိုက်ချိန်၌ သွားများကိုပေါ်အောင်ပြုံးကာ သူ့အားစိုက်ကြည့်နေသည့် ဆံပင်ရှည်များနှင့် သင်္ကန်းရုံထားသော် ရဟန်းတစ်ပါးကိုမြင်လိုက်ရ၏။
“ဒါကာလေး… ကိုယ့်ရဲ့တာဝန်တွေကိုမေ့လျော့လို့နေတာလားကွဲ့။ ဒီကနေ့ မြောက်ဘက်အရပ်စူးစူးကိုအရင်သွားပြီး.. ဂန္ဓာရီခရီးကို ပြန်လည်စတင်ရမယ့်အချိန်ကြပြီကွဲ့။ ဖြန့်စမ်းညာလက်ဖဝါး။”
သူရသည် ထိုရဟန်း​တော်ကို လက်အုပ်ချီနေရာကနေ ညာလက်ကို ရှေ့သို့တိုး၍ ဖြန့်လိုက်ချိန်၌ ရဟန်းတော်သည် သူ၏ညာလက်နှင့် ပူးကပ်၍ မန္တာန်တစ်ပုဒ်ကိုရွတ်ဖတ်လိုက်သည်။ မန္တာန်အဆုံး၌ သူရသည် သူ၏ညာလက်ဖဝါးမှတစ်ဆင့်ပူနွေးသော် ဓာတ်တစ်မျိုးက ခန္ဓာအတွင်းကို စီးဝင်သွားတာ ခံစားမိလိုက်လေသည်။
“ကဲ… လူတွေအကျိုးကိုသယ်ပိုးပေးတော့… ကိုယ်တော်သွားမယ်။”
ထိုရဟန်းတော်သည် ဤကဲ့သို့မိန့်ပြီး သူရ၏အနားကနေ ဖြည်းဖြည်းခြင်းကြွမြန်းသွားခဲ့သည်။ သူရသည်တော့ ရဟန်းတော်၏ ကျော​ပြင်ကိုကြည့်ကာ ဦးသုံးကြိမ်ချလိုက်လေ၏။
(ထိုရဟန်းတော်သည် ဆံရှည်ကိုယ်တော်ဟု လူအများခေါ်ကြသည့် ရဟန်း​တော်ပင်ဖြစ်လေသည်။
စာရေးသူ။)
သူရသည် ဘုရားရင်ပြင်တော်ပေါ်ကနေ ​လှေတံကားလေးအတိုင်း ဆင်း၍လာကာ နေအိမ်ကိုပြန်ရန် ရွာလမ်းမလေးအတိုင်းလျှောက်လှမ်းလာခဲ့သည်။ သူရသည် သူငယ်ချင်းဖြစ်သူများ၏ အိမ်ကိုအရင်ဝင်ကာ သူငယ်ချင်းများအားခေါ်၍ အိမ်ကိုပြန်လာခဲ့၏။
နေအိမ်ကိုပြန်ရောက်သည်နှင့် နွားစာစဥ်းနေသော် ဖခင်ဖြစ်သူကိုခေါ်ကာ တန်းလျားခုံပေါ်လေး၌ ထိုင်ခိုင်းလေသည်။ ထို့နောက် ဟင်းသီးဟင်းရွက်များသင်နေသော် မိခင်ကိုပါ လက်ဆွဲ၍ တန်းလျားခုံပေါ်လေး၌ ထိုင်စေသည်။
“သား… အဖေတို့ကို. ဘာများပြောစရာရှိလို့လဲ။”
“ဟုတ်တယ်သူရ။ ငါတို့ကိုလည်းမင်းအရေးတကြီး ပြောစရာရှိတယ်ဆိုပြီးတော့ အခုထိလဲဘာမှမပြောသေးပါ့လား။”
“အဖေနဲ့အမေနဲ့… သူငယ်ချင်းတွေကိုပြောချင်တာက… ကျွန်တော်ခရီးပြန်ထွက်ရတော့မယ်။ အထက်ပုဂ္ဂိုလ်​ကြီး​တွေက… ကျွန်တော့်ကို တာဝန်တစ်ခုပေးလိုက်ပြီ။ အဲဒါကြောင့် မိဘနှစ်ပါးနဲ့သူငယ်ချင်းတွေကို အတူကွနှုတ်ဆက်ချင်လို့ပါ။”
မထင်မှတ်ထားသည့် စကားပေမို့ သူရ၏မိဘနှစ်ပါးနှင့် သူငယ်ချင်းဖြစ်သူများ စိတ်မကောင်းဖြစ်သွားကြလေသည်။ မိခင်ဖြစ်သူမှာ ဟန်ပင်မဆောင်နိုင်ပဲ မျက်ရည်များ တသွင်သွင်စီးကျလာခဲ့၏။
“အေးပေါ့ကွယ်။ အမေတို့သားလေးက… လူတွေကိုကယ်တင်ဖို့ တာဝန်တွေရှိနေတာဘဲ အမေခွင့်ပြုပါတယ်ကွယ်။ လမ်းခရီးသွားရင် အစစအရာရာ ဂရုစိုက်နော်သား… ကျန်းမာရေးကိုလဲဂရုစိုက်… ကြားလား။ အဟင့်..ဟင့်။”
”ဟာကွာ… မိန်းမကလဲ.. သားလေးခရီးသွားခါနီးကို… ငိုမနေစမ်းပါနဲ့။”
”အိုတော်… ရှင်ကဝမ်းနဲ့လွယ်မွေးရတာမှမဟုတ်တာ… ကျုပ်ကဝမ်းနဲ့လွယ်မွေးခဲ့ရတာတော့…. ကျုပ်သားလေးကို ချစ်လို့တောင်မဝသေးဘူး။”
”တော်ကွာငိုမနေနဲ့။ ကဲသား…. အဖေတို့ဆီကိုသားဘယ်တော့လောက်ပြန်လာအုံးမှာလဲ။”
”သားအနေနဲ့မပြောနိုင်ပါဘူးအဖေ။ ကံကြမ္မာတစ်ပတ်လည်လို့… ရေစက်မကုန်သေးရင်တော့… သားတို့ပြန်တွေ့ကြရမှာပါ။”
”အေးပါ။ ဒါဆိုလဲ သားပြင်ဆင်စရာရှိတာပြင်တော့လေ။”
”ဟုတ်ကဲ့အဖေ။”
သူရသည် အိမ်အပေါ်ထက်ကို တက်သွားချိန်၌ သူရ၏သူငယ်ချင်းသုံးဦးတို့သည်လည်း အနောက်မှတက်လိုက်လာခဲ့ကြ၏။ သူရသည် ဘုရားကိုကန်တော့ကာ ဘုရားကျောင်းဆောင်အောက်ဘက်၌ သူထားခဲ့သော် အရုပ်များကို ယူလိုက်လေသည်။
ထိုအရုပ်များကို လက်ဖဝါးနှစ်ဖက်နှင့် အသေအချာကိုင်၍ ပါးစပ်နားကိုကပ်ကာ မန္တာန်တစ်ပုဒ်ရွတ်လိုက်ပြီး သူငယ်ချင်းများကို တစ်ခုစီပေးလိုက်လေ၏။ ထူးအောင်ဆိုသူမှာ ယခုပင်ထပေါက်တော့မည့် ပုံစံအတိုင်း ထွင်းထုထားသည့် နဂါးအရုပ်လေးတစ်ခုကို ရလိုက်လေသည်။
ဗျားလေးဆိုသူသည်တော့ ဒူးတစ်ဖက်ကိုထောင်၍ တစ်ဖက်ကိုအောက်ချကာ ညာလက်နှင့် သံလျက်ကိုထမ်းထားသော် ဘီလူးရုပ်ကလေးကိုရသည်။ ဟန်ကြီးဆိုသူကတော့ ကျယ်လောင်စွာ ဟိန်းနေသည့်ပုံစံမျိုး ခြင်္သေ့ရုပ်လေးကိုရ၏။
ထိုအရုပ်သုံးရုပ်၏ထူးခြားချက်သည် မျက်လုံးများပင်ဖြစ်သည်။ မျက်လုံးများသည် နီရဲတောက်၍ ထိုမျက်လုံးများကို မည်သူမှကြာကြာမကြည့်ရဲကြချေ။
“သူငယ်ချင်းတို့… မင်းတို့နဲ့ငါ ပြန်ဆုံဖို့ဆိုတာက…. မသေချာတော့ဘူး။ ဒီအဆောင်ရုပ်လေးတွေ… ပေးရတာကတော့… ရွာကိုကာကွယ်ပေးဖို့ဘဲ။ မကောင်းတဲ့ အနှောက်ယှက်အတားဆီး.. အတိုက်ခိုက်မှန်သမျှကို…. ဒီအဆောင်ရုပ်လေးတွေကတားဆီးပေးပါလိမ့်မယ်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ကွာ။”
သူရသည် ဘုရားကျောင်းဆောင်အား ဦးသုံးကြိမ်ထက်မံချလိုက်ကာ အိမ်အောက်ကိုပြန်ဆင်း၍ မိဘနှစ်ပါး၏ ခြေအစုံကိုဦးခိုက်လိုက်လေသည်။ သူ၏ မိခင်သည်တော့ ရှိုက်ကြီးတငင်ငင်ငိုကြွေးကာ မျက်ရည်များကြားမှ ဆုတွေပေးလေ၏။
သူရ၏ဖခင်သည်တော့ မျက်ရည်မကျအောင်ထိန်းနေသော်လည်း ဆုပေးနေသည့်အသံမှာ ငိုသံများပါပါလာသည်။ ထို့နောက် သူရသည် ယောဂီခေါင်းပေါင်းလေးကိုပေါင်း၍ လွယ်အိတ်ကလေး ပခုံး၌ချိတ်ကာ ရွာလမ်းလေးအတိုင်းလျှောက်လှမ်းသွားရင်း မြင်းခကျေးရွာလေးကို နှုတ်ဆက်သွားခဲ့တော့သည်။
±±±±± ±±±±±
သူရသည် မြောက်ဘက်အရပ်စူးစူးကို ခရီးထွက်လာခဲ့၏။ တပေါင်းလ၏ အညာနေက ခြစ်ခြစ်တောက်ပူလျှက်ရှိလေသည်။ သူရသည် လူသွားလမ်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားကာ ညောင်ပင်တစ်ပင်၏ အောက်ဘက်၌ ရေအိုးစင်တစ်လုံးကို တွေ့ရသည်မို့ ရေဝင်သောက်ကာ ခေတ္တခဏ နားလိုက်လေ၏။
သူရသည် ရဟန်းတော်၏ မိန့်ကြားချက်အရသာ မြောက်ဘက်အရပ်ကို ခရီးထွက်လာရခြင်းဖြစ်ပေသည်။ မည်သည့်ရွာကိုသွား၍ မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရမည်ကို မသိချေ။ သို့သော်လည်း သူရအတွက်မထူးဆန်းတော့ပေ။
မဟာဂန္ဓာရီခရီးသည်တစ်ဦးက ၇ရက်သားသမီးများကို ကယ်တင်ရန် ဤကဲ့သို့ပင် အထက်ပုဂ္ဂိုလ်ကြီးများ တာဝန်ပေးအပ်သည့် အရပ်ကိုသွားမြဲသွားရသည်။ သူရသည် ခေတ္တခဏနားပြီးအချိန်၌ ဆက်လက်ခရီးထွက်ရန် မတ်တတ်ထရပ်လိုက်​သောအခါ ရုက္ခစိုးနတ်တစ်ပါး ပေါ်လာခဲ့၏။
“ဆရာလေး… ကျုပ်ဂါရဝလာမပြုမိတာခွင့်လွှတ်ပေးပါ။”
“ရပါတယ် အဘရယ်… ကျွန်တော်လဲ ခရီးတစ်ထောက်နားပြီးလို့… ခရီးဆက်တော့မလို့ပါ။”
”ခွင့်လွှတ်ပေးတာကျေးဇူးတင်ပါတယ်ဆရာလေး။ ဆရာလေးကို ကျုပ်အကူညီတစ်ခုတောင်းစရာရှိပါတယ်။ ကူညီနိုင်ရင် ကူညီပေးပါ။”
”အဘအနေနဲ့… ဘယ်လိုကိစ္စရပ်မျိုးကို… ကူညီပေးရမလဲဆိုတာ… ကျွန်တော့်ကိုအရင်ပြောပြပေးပါ။”
”ဒီလိုပါဆရာလေး…. ဒီလမ်းအတိုင်းဆရာလေးလျှောက်သွားရင်း… မင်းကွတ်သီးကျေးရွာဆိုတဲ့… ရွာလေးတစ်ရွာတွေ့ပါလိမ့်မယ်။ အဲဒီရွာမှာ…. ရွာသားတစ်ယောက်က… ရေငုတ်ရင်းနဲ့… သန်လျက်တစ်ချောင်းကို… ရသွားပါတယ်။
အဲဒီရွာသားက… သူတို့သူကြီးကိုအပ်ခဲ့ပါတယ်။ ဒါပေမဲ့.. အဲဒီသန်လျက်မှာအလွန်ကြမ်းကြုတ်ပြီးရက်စက်တဲ့… ဘီလူးတစ်ကောင်က… အစောင့်အဖြစ်ရှိနေပါတယ်။ အဲဒီဘီလူးက… ညစဥ်ရွာသားတွေကိုသတ်ဖြတ်ပြီး… သွေးစုပ်ပါတယ်။ အလောင်းကိုမြေချပြီးရင်လဲ…. အဲဒီအလောင်းကိုဖော်ပြီးတော့စားပါတယ်။
အဲဒါကြောင့် ဒီဘီလူးကိုဆုံးမပေးဖို့.. ဆရာလေးကိုအကူညိီတောင်းရတာပါ။”
”အဘပြောတဲ့ဘီလူးက… အလွန်ကိုဆိုးသွမ်းနေတာဘဲ။ စိတ်ချပါအဘ… ကျွန်တော်ကိုယ်တိုင်… အဲဒီဘီလူးကိုသွားရောက်ဆုံးမပေးပါ့မယ်။”
“ကျေးဇူးတင်ပါတယ်ဆရာလေး။”
သူရသည် ရုက္ခစိုးနတ်ကြီးကိုပြုံးပြ၍ ခေါင်းညိမ့်ကာ ဆက်လက်လျှောက်လှမ်းလာခဲ့၏။ အချိန်သည် မွန်းတည့်ချိန်ကိုကျော်လွန်လာခဲ့သည်။ သူရသည်လည်း အချိန်အတော်ကြာ လျှောက်လှမ်းပြီးသည့်အခါ တစ်နေရာသို့အရောက်၌ ရွာထဲသို့ဝင်သော်လမ်းအစမှာ မင်းကွတ်သီးပင်နှစ်ပင်က လမ်း၏ဘယ်ညာအခြမ်းမှာ ပေါက်ရောက်နေကြသည်။
ထိုမင်းကွတ်သီးပင်၏ ပင်စည်များ၌လည်း မင်းကွတ်သီးကျေးတော်ရွာနှင့် ရွာထဲသို့ဆိုသည့် လမ်းညွှန်ဆိုင်းဘုတ်လေးကို တွေ့ရ၏။ သူရသည် ထိုလမ်းလေးအတိုင်း လျှောက်လှမ်းလာခဲ့သော်လည်း ရွာအတွင်းကိုရောက်ရန် ကွမ်းတစ်ယာညှက်ခန့်လျှောက်ရပေသေးသည်။
လမ်း၌ အဘိုးအိုတစ်ဦးနှင့်တွေ့ကာ အချိန်အတော်ကြာသည်အထိ စကားစမြည်းပြောဆိုရင်း နှုတ်ဆက်ကာ ရွာထဲကိုလျှောက်လာခဲ့သည်။ အဘိုးအိုသည်တော့ သူရနှင့်စကားပြောပြီးသည်နှင့် ပျောက်ကွယ်သွားလေသည်။
ရွာအတွင်းကိုရောက်သည်နှင့် ခြံဝန်းအကျယ်များဖြင့် ဆောက်လုပ်ထားသော် ခြေတံရှည်အိမ်များကို ပထမဦးစွာသူရတွေ့လိုက်ရ၏။ ထို့နောက် ရွာလမ်းမကြီးအတိုင်း တည်တည်ညိမ်ညိမ်လျှောက်လှမ်းလာရင်း အိမ်တစ်အိမ်ရှေ့သို့ အရောက်၌ လူအများပြားကိုတွေ့လိုက်ရသည်။
သူရသည် အခြေနေကို အကဲခတ်ရန် ခြံရှေ့၌ခြေအစုံကိုရပ်လိုက်ကာ စိုက်ကြည့်နေခဲ့သည်။ အိမ်၏ခေါင်တိုင်မှစ၍ အနက်​ရောင်အခိုးငွေ့များထွက်ကာ ခြံဝင်းအတွင်းရှိ သစ်ပင်များ၌လည်း ပရလောကသားများကို တွေ့မြင်လိုက်ရ၏။
ပရလောကသားများသည် သူရကိုတွေ့သည်နှင့် အိမ်အနောက်ဘက်ကို ဝုန်းဒိုင်းကြဲကာ ပြေးကြလေတော့သည်။ ထိုစဥ် ပုဝါတစ်ထည်ကိုခေါင်းပေါင်း၍ တင်ပလ္လင်ခွေထိုင်ကာ ပယောဂကုနေဟန်တူသော် လူကြီးတစ်ဦးသည် ခြံအပြင်ရှိသူရကို စူးစိုက်ကြည့်နေလေ၏။
သူရကိုလှည့်ကြည့်ပြီးသည်နှင့် သူလုပ်စရာရှိတာများကို ဆက်၍လုပ်ကိုင်နေခဲ့သည်။ တစ်အောင့်မျှအကြာ၌ ဟိုတစ်စုသည်တစ်စု ခြံဝင်းအတွင်းမှထွက်ကာ ပြန်သွားခဲ့ကြ၏။ ထိုသူတို့သည် အချင်းချင်းလည်း တီးတိုးစကားများဆိုသွားကြလေသည်။
“ငါတို့ရွာကဆရာကြီးကတော့…. တော်တော်ကိုစွမ်းတာနော်။ အခုပဲကြည့်လေ… နှစ်ချို့တစ္ဆေကြီးကို… အမဲသားစိမ်းကျွေးပြီးခိုင်းတဲ့…. ရွာသူကိုနှိမ်နင်းလိုက်တာများကွာ… ငါတော့အားရချက်ဘဲ။”
”အေးကွာ… ဆရာကြီးကစွမ်းတော့စွမ်းပါရဲ့… ရွာမှာတစ်နေ့တစ်ယောက်သေနေတဲ့… ကိစ္စကိုတော့… မဖြေရှင်းနိုင်တာ… ငါတော့စိတ်မကောင်းဖြစ်မိတယ်ကွာ။”
ရွာသားနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးစကားအပြန်လှန်ပြောကာ သူရ၏ဘေးမှဖြတ်လျှောက်သွားခဲ့ကြသည်။ သူရသည် ထိုသူတို့၏စကားကို နားထောင်ကာ ပါးချိုင့်သေးသေးလေးနှစ်ဖက်ပေါ်အောင် ပြုံးမိသွားလေသည်။ ထိုစဥ် ခြံဝင်းအတွင်းမှ ဆရာကြီးဆိုသည့်သူက သူရဆီကို လျှောက်လှမ်းလာခဲ့၏။
“ဒီလိုထူးဆန်းတဲ့… ဖြစ်ရပ်မျိုးတွေဖြစ်ပြီဆိုရင်.. ရွာကိုလောကီဆရာတစ်ပါးကြွလာတော့မယ်ဆိုတာ.. ကျုပ်တပ်အပ်သိနေတယ်။ ဒါပေမဲ့…. ဒီလိုအသက်ငယ်ငယ်လေး…. ဆရာတစ်ယောက်ရောက်လာမယ်တော့မထင်မိတာ… အမှန်ပဲဗျို့။ ဟဲဲဟဲ။”
”အထုံပါရမီနဲ့ဝါသနာအရသာ….. လက်ဝဲပညာယူထားရပေမဲ့… ရွာအကျိုးကိုသယ်ပိုးနေတဲ့… ကဝေဆရာဦးထိန်သာထင်ပါ့။ အရမ်းအစွမ်းထက်လွန်းလို့…. ဒီရွာကိုတည်ခဲ့တဲ့စုန်း၇ယောက်ကတောင်… ရွာပြောင်းပေးခဲ့ရတယ်။
အနီးအနားရွာမှာရှိတဲ့.. ရွာသူတွေစုန်းတွေကလဲ…. ဦးထိန်သာရဲ့တပည့်တွေနဲ့တူတယ်။ ဒီလောက်တောင်အစွမ်းထက်တဲ့ကဝေပညာရှင်က သန်လျက်စောင့် ဘီလူးတစ်ကောင်ကိုမနှိမ်နင်းနိုင်ဘူးဆိုတော့ ကျွန်တော့်အနေနဲ့လဲ… အံ့သြမိတာအမှန်ပါပဲဗျာ။”
“ဆရာလေးရေ…. အစောင့်ဘီလူးဆိုပြီးအထင်မသေးမိစေနဲ့နော်။ ဒီကောင်ကတော်တော်သက်တမ်းရင့်နေပြီဗျ။ လာဗျာဝိုင်းထဲဝင်ခဲ့… ဟိုနားကကွတ်ပျစ်ပေါ်မှာ​ပြောကြတာပေါ့။ အိမ်ထဲတော့မခေါ်တော့ဘူးဗျာ… ကျုပ်ကောင်တွေကဆရာလေးကိုကြောက်နေတာဗျ။”
”ရပါတယ်ဗျာ။ ကျုပ်အနေနဲ့ကအဆင်ပြေပါတယ်။”
သူရနှင့် ဦးထိန်သာတို့သည် စကားအပြန်အလှန်ပြောကာ ခြံဝင်းအတွင်းရှိ မန်းကျည်းပင်အောက်က ကွတ်ပျစ်ကလေးပေါ် ထိုင်လိုက်ကြလေသည်။ ဦးထိန်သာသည် ရေနွေးလင်ဗန်းကို သူရအရှေ့တိုးပေးလိုက်၏။ သူရသည် ရေနွေးကရားအိုးကိုစောင်း၍ ဖန်ခွက်ထဲသို့ထည့်ကာ မော့သောက်လိုက်သည်။ ဦးထိန်သာသည် သူရကိုကြည့်၍ သဘောကျစွာ ရယ်မောလိုက်လေ၏။
“ဘယ်လိုဖြစ်တာလဲဆရာလေးရ။ ကဝေတစ်ယောက်အိမ်ကရေနွေးကြမ်းကို…. ဒီလိုပဲယုံယုံကြည်ကြည်နဲ့သောက်တာဘဲလား။ ကျုပ်ကအဲဒီအထဲ အပင်းနဲ့လုပ်ထားရင်း ဘယ်နှယ့်ရှိစဗျာ။”
“ကျွန်တော့်အနေနဲ့…. ဦးထိန်သာကိုအထင်အသေးဝံ့တာတော့အမှန်ပါပဲ… ဒါပေမဲ့ဦးလေးဟာ… ရုတ်ညံ့လွန်းတဲ့လုပ်ရပ်နဲ့… ကျုပ်ကိုလုပ်မှာမဟုတ်ဘူးဆိုတာ.. ကျုပ်သိပါတယ်။”
”ဆရာလေးက… ပညာစွမ်းရော… ဉာဏ်စွမ်းရောထက်မြက်လှပါတယ်ဗျာ။ စိတ်ချဆရာလေး… ဆရာလေးပြောသလိုပဲ… ကျုပ်ကအဲဒီလိုဘယ်တော့မှမလုပ်ဘူး။ ကိစ္စတစ်ခုကိုဖြေရှင်းစရာရှိရင်လဲ.. မျက်နှာခြင်းဆိုင်ပဲ​​​​ဖြေရှင်းတာ။”
“ဟုတ်ပါပြီဗျာ။ ဒါနဲ့ ဒီအစောင့်ဘီလူးက ရွာသားဘယ်နှယောက်လောက်ကို သတ်ပြီးသွားပြီလဲဗျ။”
”၇ယောက်လောက်ရှိပြီဆရာလေးရေ။ ကျုပ်လဲ အဲဒီဘီလူး ရွာကိုစရောက်ကတည်းက… နည်းအမျိုးမျိုးနဲ့နှိမ်နင်းကြည့်ပါသေးတယ်။ မရပါဘူးဗျာ တော်တော်ကိုကြမ်းတာ။”
”ဒီဘီလူးက အနော်ရထာမင်းကြီးလက်ထက်တုန်းက… အာဏာပါးကွက်သားကြီးဗျ။ သူသေတော့ မကျွတ်လွတ်ပဲ ဘုရင်မင်းကြီးကိုအိပ်မက်ပေးတယ်။ ဘုရင်မင်းကြီးကလည်း သူ့အပေါ်မှာ တာဝန်ကျေခဲ့တဲ့ အာဏာပါးကွက်သားကြီးကို လိုရာဆုတောင်းပါလို့ပြောလိုက်တယ်။
အဲဒီမှာအာဏာပါးကွက်သားကြီးက…. သူ့ကိုဘုရင်မင်းကြီးရဲ့အနားမှာ… အမြဲတစေအစောင့်ဖြစ်နေချင်လို့… သန်လျက်မှာခိုကပ်ခွင့်ပြုပါတောင်းတယ်။ ဘုရင်မင်းကြီးစစ်တိုက်တဲ့နေရာမှာလဲ… အနိုင်ရအောင်လို့… သူ့အနေနဲ့ဆောင်ရွက်ပြီး… ဘုရင်မင်းကြီးရဲ့အသက်ကိုလဲသူကာကွယ်စောင့်ရှောက်ပါမယ်ပြောတာဗျ။
အနော်ရထာမင်းကြီးကလည်း… အာဏာပါးကွက်သားကြီးကိုခွင့်ပြုပေးခဲ့တာပေါ့ဗျာ။ စစ်တိုက်ထွက်တဲ့အခါမှာလဲ… အမြဲတမ်းကူညီပေးခဲ့တာပေါ့။ အနော်ရထာမင်းကြီးအသက်ကို… နှစ်ကြိမ်တိတိလည်းကာကွယ်ပေးခဲ့ဖူးတယ်ဗျ။
တစ်နေ့ကြ အနော်ရထာမင်းကြီးစစ်တိုက်ထွက်ရာမှာ… ချောင်းတစ်ခုကိုဖြတ်ရတယ်။ စီး​တော်မြင်းနဲ့ချောင်းကိုအဖြတ်မှာ… သန်လျက်ကချောင်းထဲပြုတ်ကျသွားတယ်လေ။ ဘုရင်မင်းကြီးကလည်း လိုက်ရှာသေးပေမဲ့…. စစ်တိုက်ဖို့ကအရေးကြီးနေတာကြောင့် ဆက်မရှာခဲ့ဘူး။
အဲဒီလိုနဲ့ဒီသန်လျက်က ရေအောက်မှာရာစုနှစ်ချီအောင်ကြာခဲ့တာပေါ့ဗျာ။ ရာစုနှစ်ချီအောင်ကြာနေလဲ… ဒီသန်လျက်အစောင့်ကမကျွတ်ပဲ… တဖြည်းဖြည်းသက်တမ်းရင့်ပြီး… ဘီလူးအဆင့်ထိ​ရောက်လာတော့တာပဲ။”
သူရသည် အနည်းငယ်မောသွားသော်ကြောင့် ရေနွေးတစ်ခွက်မော့သောက်ကာ နောက်ထက်တစ်ခွက် ငှဲ့နေလိုက်၏။ ဦးထိန်သာသည်တော့ ရေနွေးကိုတဖူးဖူးမော့သောက်ကာ သူရပြောပြသည့် အကြောင်းအရာများကို ခေါင်းတညိမ့်ညိမ့်လုပ်ခါ နားထောင်နေခဲ့သည်။ သူရသည်ရေနွေးငှဲ့ပြီးသည်နှင့် စကားပြန်ဆက်လိုက်၏။
“အဲဒီသန်လျက်က… အခုဘယ်မှာထားထားလဲဦးထိန်သာ။”
”သံလျက်ကရှေးဟောင်းပစ္စည်းဆိုတော့… သူကြီးကသူ့အိမ်မှာဘဲသိမ်းထားတာဗျ။ ဒါပေမဲ့တစ်ရက်မကြာပါဘူးဗျာ… ညရောက်တော့သူတို့အိမ်ထဲမှာဝုန်းဒိုင်းကိုကြဲလို့…ကျုပ်ကိုလာပင့်တာလိုက်သွားရသေးတယ်။ ကျုပ်လဲခဏပဲချုပ်လို့ရမယ်ဆိုတာသိလို့.. သန်လျက်ကိုယူပြီး… ရွာအနောက်ဘက်ကညောင်ပင်မှာသွားဆွဲထားလိုက်တယ်ဗျ။
ရွာထဲကိုမဝင်နိုင်အောင်… ကျုပ်လည်းစည်းအတန်တန်ချထားလဲမရပါဘူးဗျာ။ ဘီလူးကအတော်ကိုကြမ်းတာဗျို့။”
“အင်း… ဦးထိန်သာရဲ့စကားအရဆိုရင်တော့.. ဒီဘီလူးကဆုံးမလို့တော့ရမယ်မထင်ဘူး။ ကျုပ်အနေနဲ့ကတော့…. မရရသလိုနှိမ်နင်းရမှာပါပဲ။”
”ဆရာလေးအဲဒီဘီလူးကိုနှိမ်နင်းတဲ့အခါ​ကြရင်… ကျုပ်လည်းလိုက်ခဲ့မယ်ဗျာ။ ဆရာလေးအကူညီလိုတော့… ကျုပ်ကူညီပေးလို့ရတာပေါ့ဗျာနော်။”
”ကောင်းတာပေါ့ဗျာ…. လိုက်ခဲ့ပါ။”
သူရသည် ဦးထိန်သာ၏မျက်လုံးကို စေ့စေ့ကြည့်၍ ”ကျုပ်ကိုအထင်သေးလှချည်လား..ဦးထိန်သာရယ်”ဟု စိတ်ထဲ၌ရေရွတ်လိုက်ကာ နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်သည်။ ဤသို့နှင့် ဦးထိန်သာသည် သူရအား ရွာလူကြီးနေအိမ်ကိုလိုက်ပို့ပေးလေ၏။ ရွာလူကြီးနေအိမ်သည် ​ပျဥ်ထောင်အိမ်လေးဖြစ်ကာ ရေနံများဝအောင်သုတ်ထားသည်။
ခြံအဝကိုရောက်သည်နှင့် အိမ်နှင့်တွဲကာပြုလုပ်ထားသည့် ကွတ်ပျစ်ပေါ်၌ ရေနွေးကြမ်းကိုယ်စီသောက်ကာ စကားပြောနေကြသည့်အသက်ခတ်ကြီးကြီးလူနှစ်ဦးကိုတွေ့ရသည်။ သူရတို့သည်လည်း ဝိုင်းဝမှ အသံပေးကာ ခြံထဲကိုဝင်လာခဲ့ကြလေ၏။
“ဗျို့သူကြီး ကျုပ်တို့ဝင်ခဲ့မယ်နော်။”
“ဆေးဆရာပါ့လား။ ကြွပါဗျာကြွပါ။ ဧည့်သည်လဲပါလာတာကို။”
“ဧည့်သည်တော့ဧည့်သည်ပဲသူကြီးရေ။ ကောင်းသော်လာခြင်းနဲ့ဧည့်သည်ဗျို့။”
ဦးထွန်သာနှင့်သူရတို့သည် ပြောပြောဆိုဆိုနှင့် ကွတ်ပျစ်ပေါ်၌ အတူတကွထိုင်လိုက်ကြသည်။ သူကြီးဆိုသူသည် သူရအားအကဲခတ်ကာ ရေနွေးဗန်းနှင့် လက်ဖက်သုပ်ပန်းကန်ကို အရှေ့ကိုတိုးပေးလေသည်။
“ဘယ်လိုကောင်းသော်လာခြင်းများလဲ.. ဆေးဆရာရ။”
”ဒီလိုဗျ။ အခုရွာမှာတစ်နေ့တစ်ယောက်နှုန်းနဲ့သေတဲ့ကိစ္စကို…. ဒီကဆရာလေးကဖြေရှင်းပေးမှာ။ အသက်ငယ်လို့ဆိုပြီးအထင်မသေးနဲ့နော်သူကြီး… ပညာအစွမ်းထက်ပုံကလက်ဖျားခါရလောက်တယ်။”
”ဆေးဆရာခေါ်လာတဲ့ဧည့်သည်ပဲဗျာ။ ကျုပ်အနေနဲ့အထင်မသေးဝံ့ပါဘူး။”
“ဘယ်ကသာကျုပ်ခေါ်လာရမှာလဲဗျာ။ ဆရာလေးကသူ့ဟာသူကြွလာတာဗျ။ ကျုပ်ကဒီကိုလိုက်ပို့ပေးရုံပဲ။”
“ဟုတ်ပါပြီဗျာ။ နို့… ဆရာလေးနာမည်ဘယ်လိုခေါ်တုန်းဗျ။”
”ကျွန်တော့်နာမည်သူရပါသူကြီး။ တာဝန်အရနယ်တကာကိုလှည့်ပြီး… ၇ရက်သားသမီးတွေကို… အမှောင့်ပယောဂဓာတ်တွေကနေ… ကယ်တင်ပေးနေတာပါ။ သူကြီးတို့ရွာမှာဖြစ်နေတဲ့… တစ်နေ့တစ်ယောက်နှုန်းသေတဲ့ကိစ္စကလဲ.. အစောင့်ဘီလူးတစ်ကောင်ကြောင့်ဖြစ်နေတာပါ။”
”အစောင့်ဘီလူးတစ်ကောင်ကြောင့်ဆိုတာ…. ဆေးဆရာပြောပြထားလို့.. ကျုပ်တို့သိရပါတယ်ဆရာလေး။ ဆရာလေးအနေနဲ့… ဒီဘီလူးကိုနှိမ်နင်းတဲ့အခါ… ဘာအကူညီလိုမလဲဆိုတာပဲပြောပါ။”
“ကျုပ်ဒီနေ့ညပဲဘီလူးကိုနှိမ်နင်းမှာပါသူကြီး။ သူကြီးအကူညီပေးချင်ရင်တော့… ရွာသူရွာသားတွေကို မှောင်တာနဲ့အိမ်တွင်းကနေအပြင်မထွက်ဖို့ပြောပေးပါ။ ခြံထဲမှာတောင်မထိုင်ကြပါနဲ့လို့။ ဒီဘီလူးက သူရှုံးတာနဲ့ မနိုင်နိုင်ရာမဲတတ်လို့ပါ။”
”ကောင်းပါပြီဆရာလေး… ကျုပ်ဆရာလေးပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ်။”
သူရသည် ပြောစရာရှိတာများပြောကြားပြီး သူကြီးအိမ်၌သာ တည်းခိုလိုက်လေသည်။ ဦးထိန်သာသည်လည်း အိမ်၌လုပ်စရာရှိသည်ဟုဆိုကာ ပြန်သွားခဲ့၏။ သူရသည် သူကြီးတို့နှင့် စကားအချိန်အတော်ကြာပြောပြီးသည့်နောက် ဘုရားကျောင်းဆောင်ရှေ့၌ တရားထိုင်နေခဲ့သည်။
သူရသည် တရားထိုင်နေချိန်၌ အမြင်အာရုံပွင့်သွားကာ အိမ်ကြီးတစ်အိမ်ကိုတွေ့လိုက်ရ၏။ ထိုအိမ်အား သူရကောင်းစွာသိနေသည်။ ထိုအိမ်ထဲသို့ ထက်မြင်လိုက်ရသောအခါ အခန်းတစ်ခုထဲ၌ လူကြီးတစ်ဦးက ရုပ်ထုတစ်ခုအား စိမ်းရွှင်ရွှင်အနံ့ရှိသည့်အမွှေးတိုင်၊ ဇလုံကြီးတစ်လုံးထဲ၌ သွေးများအပြည့်ထည့်ကာ ပူဇော်နေလေ၏။
ရုပ်ထုသည် အမြင်ဆိုးလှသည်။ သာမာန်လူအဖို့မြင်မိပါက ကြောက်လန့်နိုင်သည်။ ရုပ်တု၏အရွယ်စားမှာ လေးပေခန့်မျှရှိ၏။ ခေါင်း၌တန်ဆာတစ်ခုကိုဆင်မြန်းထားကာ နီရဲနေသော်မျက်လုံးနှစ်လုံးနှင့် အပြင်သို့ငေါ့ထွက်နေသော်အစွယ်နှစ်ချောင်း၊ ဘယ်ဒူးထောင်၍ ညာဒူးထောက်ကာ ညာလက်နှင့် သန်လျက်တစ်ခုအား ပခုံး၌ထမ်းထားဟန် ရှိပေသည်။
ရုပ်ထုရှေ့၌ထိုင်နေသော်လူကြီးသည် ရုပ်ထုအားသွေးများဖြင့် ပူဇော်ပြီး ပါးစပ်လှုပ်ကာဂါထာ၊ မန္တာန်တစ်ပုဒ်ရွတ်ဖတ်နေ၏။ ထိုလူကြီး၏ ဂါထာ၊ မန္တာန်အဆုံး၌ ရုပ်ထုထဲမှ မီးခိုးလုံးကြီးများ ထွက်လာကာ သွေးအပြည့်ထည့်ထားသည့် ဇလုံထဲကို ဝင်သွားကြသည်။
မကြာခင်အချိန်၌ သွေများတဖြည်းဖြည်းခမ်းသွားကာ သွေးတစ်စက်ပင်မကျန် ပြောင်စင်သွားခဲ့၏။ မီးခိုးအငွေများပြန်တက်လာကာ ရုပ်ထုထဲကိုပြန်ဝင်ချိန်၌ သူရသည် ထိုမီးခိုးငွေ့များထဲမှ အလွန်အကျဥ်းတန် အရုပ်ဆိုးလှသည့် အစွယ်အဖွေးသားများနှင့်ဘီလူးခေါင်းတစ်ခုကို တွေ့မြင်လိုက်ရလေသည်။
ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရပြီးနောက် သူရသည် မှိ​တ်ထားသည့်မျက်လုံးများကိုပြန်ဖွင့်ကာ တည်ကြည်လေးနက်၍ အဓိပ္ပါယ်ပါပါပြုံးလိုက်၏။ ရွာသူ​ကြီးကိုခေါ်ကာ အကူညီတစ်ခုတောင်းလိုက်လေသည်။
“ဒါတော့မဖြစ်နိုင်ပါဘူးဆရာလေး။ သူ့ကိုကျုပ်တို့တစ်ရွာလုံးက…လေးလဲလေးစားတယ်ဗျ။ သူကကျုပ်တို့ရွာကို… ဒုက္ခပေးမဲ့သူမဟုတ်လောက်ပါဘူးဗျာ။”
သူရသည်ပါးချိုင့်သေးသေးလေးများပေါ်အောင်ပြုံးလိုက်သည်။
“ကျွန်တော်ပြောတဲ့အရုပ်က…. သူ့အိမ်ထဲမှာရှိနေမယ်ဆိုရင်… သူကြီးယုံမှာလား။”
“ကောင်းပြီလေ… ဟုတ်သော်ရှိ… မဟုတ်သော်ရှိ… ကျုပ်သူ့အိမ်ထဲကိုဝင်ကြည့်မယ်။ တကယ်လို့မတွေ့ခဲ့ရင်တော့.. ဆရာလေးအနေနဲ့ သူ့ကိုဝန်ချတောင်းပန်ရမယ်နော်။”
”ကျွန်တော်ပြောတာသာမှားခဲ့ရင်… သူ့ရဲ့ခြေအစုံကိုဦးခိုက်မှာပါသူကြီး။ တကယ်လို့တွေ့ခဲ့ရင်တော့… သူကြီးအနေနဲ့အဲဒီအရုပ်ကို… ဒီအင်းနဲ့အတူမီးရှို့ပေးပါလို့… ကျုပ်တောင်းဆိုပါရစေ။”
“ကောင်းပါပြီဆရာလေး ကျုပ်သဘောတူပါတယ်။”
သူရသည် ခေါင်းတဆတ်ဆတ်ညိမ့်ကာ အဝေးတနေရာဆီကိုငေးကြည့်နေခဲ့လေသည်။ ဤသို့နှင့် အချိန်တရွေ့ရွေ့ကုန်ဆုံးကာ ညနေနေဝင်ရီတရောအချိန်ကို ရောက်ရှိလာခဲ့တော့၏။ နေလုံးကြီးပျောက်ကွယ်သွားတာနှင့် မင်းကွတ်သီးပင်ကျေးရွာလေး၏ ရွာလမ်းမပေါ်များ၌ လူသူလေးပါးကင်းမဲ့ကာ ပကတိတိတ်ဆိတ်ညိမ်သက်လျှက်ရှိပေသည်။
ရွာလယ်လမ်းမကြီးမှတဆင့် လူနှစ်ဦးကတော့ လွယ်အိတ်ကိုယ်ဆီလွယ်ကာ ရွာနောက်ဘက်ကညောင်ပင်ကြီးဆီကို လျှောက်လှမ်းလာခဲ့တော့၏။ ထိုသူနှစ်ဦးကတော့ မဟာဂန္ဓာရီပညာရှင်သူရနှင့် မင်းကွတ်သီးကျေးတော်ရွာက ကဝေဆရာဦးထိန်သာပင်ဖြစ်ပေသည်။
ကွမ်းတစ်ညှက်ခန့် လျှောက်လှမ်းသွားပြီး၌ လူကြီးလေးဖက်စာခန့်မျှရှိသည့် ညောင်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရ၏။ ညောင်ပင်ကြီး၏အမြစ်များသည် မြေကြီးများထဲမှာထွက်ကာ လူကြီးပေါင်တစ်လုံးစာခန့်မျှပင်ရှိပေသည်။ ထူးဆန်သည်မှာ ညောင်ပင်သည် ထန်းပင်တစ်ပင်အားဝါးမျိုထား၏။
ထိုအခြင်းအရာအားကြည့်ပါက ညောင်ပင်သည် ထန်းပင်အား အမှီသဟဲပြုကာပေါက်ရောက်လာပုံရချေသည်။ ထန်းပင်မှာ ညောင်ပင်၏ပင်စည်အလယ်တည့်တည့်၌ ရှင်သန်လျှက်ရှိချေသည်။ သူရသည် ညောင်ပင်နှင့် ဝါးတစ်ပြန်အကွာသို့ရောက်သောအခါ ညာလက်ညိုးနှင့် ညောင်ပင်၏ဘေးပတ်ပတ်လည်ကို စည်းဝိုင်းတားလိုက်၏။
သူရစည်းဝိုင်းဝိုင်းပြီးသည်နှင့် ဦးထိန်သာကိုတစ်ချက်ကြည့်လိုက်သောအခါ မျက်နှာအနည်းငယ်ပျက်သွားသည်ကို သတိထားမိလိုက်သည်။ သူရသည် စည်းဝိုင်းအတွင်းကို ဝင်လိုက်ကာ ညောင်ပင်၏အလယ်၌ပေါက်နေသော် ထန်းပင်၏ ထိပ်ဖျားကိုလက်ညိုးထိုး၍ ညာဖနောင့်ဆောင့်ချလိုက်၏။
“ဤရွာသူ၊ ရွာသားများ၏ အသက်အန္တရာယ် အိုးအိမ်စည်းစိမ်ကို ဒုက္ခပေးနေတဲ့ ဘီလူး။ မဆိုင်းမတွပဲ သင့်ရဲ့နေရာကနေ အောက်ကိုဆင်းပြီး ငါ့ရှေ့မှောက်ဒူးထောက်အခစားဝင်စမ်း။”
သူရဤကဲ့သို့ အာဏာစက်ဖြင့်ခေါ်လိုက်သည်နှင့် ထန်းပင်၏ထိပ်ဖျားကနေ အမွှေးအမင်များဖြင့် အစွယ်နှစ်ချောင်းပါသည့် ဘီလူးတစ်ကောင်က ပြုတ်ကျလာလေ၏။ ဘီလူးသည်အောက်ကို တဖြည်းဖြည်းပြုတ်ကျလာရာ၌ လေထဲ၌ပင် ခန္ဓာကိုယ်အရွယ်အစား ကြီးမားလာကာ မြေပေါ်ကိုအကျ၌ မြေကြီးပင်သိမ့်သိမ့်တုန်သွားခဲ့သည်။
ဘီလူးသည် သူရကို ဟင်းချိုသောက်ပန်းကန်လုံးများအထိပြူးကျယ်ပြီး ပတ္တမြားကဲ့သို့ နီရဲတောက်နေသော် မျက်လုံးများဖြင့်စိုက်ကြည့်ကာ ဒေါသတကြီးအော်ဟစ်နေ၏။ သူရသည် ဘီလူး၏ရှေ့တည့်တည့်၌မတ်တတ်ရပ်ကာ လက်ကိုနောက်ပြစ်လိုက်သည်။
”ဟဲ့မိစ္ဆာဘီလူး… သင်ဟာဘာအပြစ်မှမရှိတဲ့ရွာသူရွာသားတွေကို…. အဘယ့်ကြောင့်သတ်ဖြတ်စားသောက်နေရတာလဲ။ သင့်ကိုကုဝေရနတ်မင်းကြီးအပါဝင်… အာဠာဝကဘီလူးမင်းတို့က… အလွန်ကိုစိတ်ဆိုးနေကြပြီ။ သူတို့ကိုယ်စား… ကျွန်ုပ်ကသင့်ကိုလာရောက်ဆုံးမရခြင်းပဲ။”
ဘီလူးသည် သူရ၏စကားကိုကြားမှ ပို၍ဒေါသထွက်သွားကာ သူ၏ညာခြေကိုမြှောက်၍ သူရကိုနင်းချေသတ်ရန် ကြိုးစားလေသည်။ သူရအား ခြေထောက်နှင့်နင်းချေပြီး ကြောက်မက်ဖွယ်ရာ ရယ်သံကြီးနှင့် အော်ရယ်နေသည်။
“ဟဲ့…ဘီလူး… ကျွန်ုပ်မေတ္တာရှေ့ထားနေတုန်း… သင့်အနေနဲ့ အမှားကိုအမှားမှန်းသိသင့်နေပြီ။ ကျွန်ုပ်ရဲ့ပညာသာထုတ်လိုက်ရင်… သင့်အနေနဲ့အသက်ဇီဝိန်ချုံသွားလိမ့်မယ်။”
ဘီလူးသည် သူရကိုခြေဖြင့်နင်းချေသတ်နိုင်ပြီဟုတွေးထင်ကာ အော်ဟစ်ရယ်မောနေခိုက် သူ၏အနောက်ဘက်မှ သူရကိုတွေ့လိုက်ရသောအခါ အတော်ကိုစိတ်ဆိုးသွား၏။ သူရပြောဆိုဆုံးမနေသော် စကားများသည် သူ၏နားထဲသို့မဝင်ပဲ သူရကိုပင်ဆက်လက်တိုက်ခိုက်နေခဲ့သည်။
ဘီလူးသည် ဘေးနားကသစ်ပင်တစ်ပင်ကို အမြစ်မှဆွဲနှုတ်ကာ ထိုသစ်ပင်နှင့် သူရအား ရိုက်ချလေသည်။ သို့သော်လည်း သူရသည် ထက်မံပျောက်သွားကာ ညောင်ပင်၏အခြေ၌ အေးဆေးတည်ညိမ်စွာ မတ်တတ်ရပ်လျက်ရှိပေသည်။ သူရသည် သူ့အား နှစ်ကြိမ်တိတိတိုက်ခိုက်လာသော် ဘီလူးအား မေတ္တာနှင့်ဆုံးမလို့မရမှန်းသိရှိသွားကာ မျက်လုံးစုံမှိတ်၍အမည်နာမတစ်ခုကို တီးတိုးရွတ်လိုက်၏။
“ငထိုက်… သင်၏အကူညီအား… ကျွန်ုပ်လိုအပ်နေပြီ။”
သူရဤကဲ့သို့ မျက်လုံးစုံမှိတ်နေချိန်၌ ဘီလူးသည်သူရဆီကို နောင်တစ်ကြိမ်တိုက်ခိုက်ရန် လာနေသည်။ သူရနှင့် မနီးမဝေးသို့အရောက်၌ သူရကိုတိုက်ခိုက်ရန်ရွယ်လိုက်သောအခါ ”ဘုန်း”ကနဲအသံနှင့်အတူ ဘီလူးသည် ရှေ့ကိုမှောက်ယက်ထိုးလဲသွား၏။ ဘီလူး၏အနောက်၌ ရင်ဘက်မှာအင်းကွက်နှင့် ဘီလူးတစ်ကောင်က မတ်တတ်ရပ်နေခဲ့လေသည်။
သူရသည် အသံကြား၍မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ငထိုက်ကိုတွေ့ရှိလိုက်သည်။ ထိုအချိန်၌ လဲကျသွားသည့်ဘီလူးက ကုန်းရုန်းထလာကာ ငထိုက်ကို ခန္ဓာကိုယ်ကြီးနှင့် ဝင်တိုက်ပြစ်သည်။ ငထိုက်သည်လည်း နောက်ကိုပက်လက်လှန်လဲကျသွား၏။ ဘီလူးနှစ်ကောင်သတ်ပုတ်နေသည်မှာ မြေကြီးပင်သိမ့်သိမ့်တုန်လျက်ရှိသည်။
ငထိုက်သည်အောက်ကရောက်နေသည်။ သူ၏အပေါ်မှဘီလူးက လက်ဝါးကြမ်းကြီးများဖြင့် သူ့အား တရေစပ်ရိုက်ပုတ်နေသည်။ ငထိုက်အနေနှင့်ပြန်လည်တိုက်ခိုက်ရန် မစွမ်းသာချေ။ သူရသည် ငထိုက်မှာတစ်ပွဲစားအဆင့်ပင်ရှိသေးသော်ကြောင့် ဘီလူးအားမနိုင်နိုင်ဘူးဆိုတာသိရှိသွားသည်။
ငထိုက်အား နှုတ်ကနေ ရန်သူထက်ဘုန်းတန်ခိုးဆယ်ဆကြီးမားစေရန် အမိန့်အာဏာစက်ပြန်လိုက်သည်။ ငထိုက်သည် မြေပြင်ပေါ်၌အလူးလဲခံနေရာမှ သူ၏ရင်ဘက်ကအင်းကွက်လေးသည် ရွှေရောင်တဝင်းဝင်းလတ်လာကာ သူ၏ဘုန်းတန်ခိုးများသည်လည်း အရင်ကထက်တိုးလာခဲ့၏။ သူ့အားရိုက်ပုတ်နေသော်ဘီလူး၏လက်ကို ဆွဲချုပ်က နောက်ကိုလှန်ချပစ်လိုက်သည်။
ငထိုက်သည် မြေပြင်ကနေတမ်းထကာ ဘီလူးဆွဲနှုတ်ထားသော် သစ်ပင်နှင့်ပင် ထိုဘီလူးအားရိုက်လေသည်။ ငထိုက်သည် ဘီလူးအားတရေစပ်ရိုက်နေသော်ကြောင့် ဘီလူးမှာပြန်ခုခံရန်မတတ်သာပဲ ငထိုက်ရိုက်သမျှမြေပြင်၌ အလူးအလဲခံနေရရှာသည်။ သူရသည်ငထိုက်အား ရပ်တော့ရန်လှန်းပြောလိုက်သည်။
“ရပ်တော့ငထိုက်… သင့်ရဲ့တာဝန်ပြီးဆုံးပြီဖြစ်လို့သင်ပြန်နိုင်ပြီ။”
ငထိုက်သည် သူရအားဦးညွန့်ကာ နေရာ၌ပင်ပျောက်ကွယ်သွားခဲ့လေသည်။ ငထိုက်ပျောက်ကွယ်သွားသည်နှင့် သူရသည် ဆိုင်ရာပိုင်ရာနတ်ဘီလူးများကိုခေါ်ကာ မြေပြင်ပေါ်၌လဲကျနေသော် သန်လျက်စောင့်ဘီလူးကို အပ်နှင်ခဲ့လေသည်။
သူရသည် တားထားသော်စည်းကိုဖျက်လိုက်သည်နှင့် အစိမ်းရောင်အလင်းတန်းတစ်ခုက သူရဆီတည့်တည့်မတ်မတ်ဝင်လာ၏။
သူရသည် အောက်ပညာစက်ဆိုတာသိသော်ကြောင့် ညာလက်ဆန့်၍ကာပြီး ဘေးသို့စက်ပညာများကို လွင့်ပစ်လိုက်သည်။ ထိုပညာစက်အား ပစ်လိုက်သည့်သူမှာ ကဝေဆရာဦးထိန်သာပင် ဖြစ်ပေတော့၏။ သူရသည် သူ့အားတိုက်ခိုက်လာသူမှာ ဦးထိန်သာဆိုတာသိလိုက်ရသော်လည်း အံ့သြခြင်းအလျင်းမရှိပေ။
“ကိုးကွယ်ရတဲ့နတ်ဘီလူးမရှိတာနဲ့… သင့်ရဲ့ဟန်ဆောင်မျက်နှာဖုံးက… ချက်ချင်းကွာကျလာပြီပဲဦးထိန်သာ။”
”မင်းကငါလုပ်တာတွေကိုသိနေပုံပဲ။”
”သိပ်သိတာပေါ့ဗျာ… ဒီရွာကရွာတော်ရှင်ကို….ခင်ဗျားနှင်ထုတ်ထားကတည်းက…. ခင်ဗျားဟာဒီပညာနဲ့ကောင်းတာလုပ်မဲ့သူမှမဟုတ်တာ။ ခင်ဗျားဒီရွာကိုစရောက်ကတည်းက…. နှင်ထုတ်လိုက်တဲ့​ရွာတော်ရှင်က… ခင်ဗျားအကြောင်းအကုန်ကျုပ်ကိုပြောပြထားပြီးသားပါ။
ခင်​ဗျားမိန်းမကို… ဒီရွာကရွာသားနှစ်ယောက်က…. အရက်မူး​ပြီးစော်ကားလိုက်တယ်။ ပြီးတော့ခင်ဗျားမိန်းမကိုသတ်ပြစ်ခဲ့ကြတယ်။ ဒါကိုခင်ဗျားကမကျေနပ်ပဲ.. တစ်ရွာလုံးကိုဆေးဆရာအယောင်ဆောင်ပြီး… ခင်ဗျားကိုးကွယ်ထားတဲ့နတ်ဘီလူးနဲ့… အ​သေသတ်ဖို့စီစဥ်ထားတာမလား။
အပြစ်ရှိတဲ့သူက.. ခင်ဗျားမိန်းမကိုသတ်ခဲ့တဲ့လူနှစ်ယောက်တည်းပါ။ သူတို့ကိုလဲတရားဥပဒေကအရေးယူပြီးသား။ ဒါကိုခင်ဗျားကဘာလို့… တစ်ရွာလုံးကိုသတ်ချင်နေရတာလဲ..ဦးထိန်သာ။”
“မဆိုးပါဘူး.. မင်းကိုငါအထင်သေးမိတာမှားတာပဲ။ မင်းပြောတာအကုန်မှန်တယ်။ အေး… ငါဘာလို့မကျေနပ်လဲဆိုတော့… ငါ့မိန်းမမှာကိုယ်ဝန်ကြီးနဲ့ကွ။ ဒါကိုအဲဒီသူတောင်းစားတွေကအတင်းအဓမ္မဖျက်စီးပြီးသတ်ပြစ်ခဲ့တာ။ ငါလုံးဝမကျေနပ်နိုင်ဘူး။ ဒီရွာရဲ့အုပ်ချုပ်မှုညံ့ဖျင်းတာလဲပါသလို… ဒီရွာရဲ့လူကြီးတွေသွန်သင်မဆုံးမထားတာလဲပါတယ်။ ငါတစ်ရွာလုံးကိုအသေသတ်ပြစ်မယ်။ အေး… မင်းကငါ့လမ်းကိုဝင်ရှုပ်တဲ့သူဆိုတော့…. မင်းကိုပါငါသတ်ရမှာပဲ။”
ဦးထိန်သာသည် ဤကဲ့သို့ပြောပြီးသည်နှင့် သူ၏ညာလက်ထဲမှ ကဝေပညာစက်များကိုထုတ်လိုက်ကာ သူရထံပစ်လိုက်သည်။ သူရသည်လည်း အကာကွယ်အင်းကိုထုတ်ကာ ကာလိုက်၏။ ဦးထိန်သာသည် နောင်တစ်ကြိမ် သူ၏လက်နှစ်ဖက်ကိုပူး၍ စိမ်းပြာရောင်စက်တစ်မျိုးကိုထုတ်ကာ သူရဆီပစ်လိုက်သည်။
သူရသည် သူ၏ခေါင်းပေါင်းကိုချွတ်လိုက်ကာ လေပေါ်၌ပစ်တင်လိုက်ပြီး မန္တာန်ရွတ်လိုက်သည်နှင့် ခေါင်းပေါင်းသည် လေထဲ၌ဝဲပျံကာ သူရအရှေ့၌ကာထားလေသည်။ ဦးထိန်သာ၏ပညာစက်သည် ခေါင်ပေါင်းနှင့်ထိသွားသည်နှင့် ရုတ်ချည်းပျောက်သွားလေ၏။
ဦးထိန်သာသည် သူရ၏ခေါင်းပေါင်းပုဝါလေးအား သေချာစူးစိုက်ကြည့်လိုက်ရာ၌ ခေါင်းပေါင်းပေါ်၌ အင်းစမကွက်ပေါင်းများစွာနှင့် နာနာရူပံရုပ်ပေါင်းများစွာ ရေးဆွဲထားသည်ကိုတွေ့လိုက်ရသည်။ သူရသည် မန္တာန်ကိုနောက်တစ်ပုဒ်ပြောင်းရွတ်လိုက်ချိန်၌ ခေါင်းပေါင်းမှာ အရှည်လျားတိုင်း လိပ်သွားကာ လှံတံစင်းကဲ့သို့ ဦးထိန်သာထံပျံဝဲသွားသည်။
ဦးထိန်သာသည် သူ၏ပညာစက်များနှင့်ကာသော်လည်း မရပေ။ ခေါင်းပေါင်းသည် ဦးထိန်သာ၏ရင်ညွန့်တည့်တည့်ကို ထိမှန်သွားသည်။ ဦးထိန်သာသည် ဝမ်းဗိုက်မှတဆင့် အောင့်လာကာ ရင်ဝ၌ဆို့တက်လာပြီး ပျို့အန်လေ၏။ သူအန်လိုက်ချိန်၌ သူ၏ပါးစက်အတွင်းမှ အစိမ်းရောင်ကဝေပညာဗူးလေးထွက်ကျလာသည်။
ကဝေပညာဗူးထွက်သွားသည်နှင့် ဦးထိန်သာသည် ခန္ဓာတစ်ခုလုံးအားအင်မဲ့သွားကာ မြေကြီးပေါ်ပုံလျက်လဲကျသွားသည်။ လေထဲ၌ပျံဝဲနေသော်ခေါင်းပေါင်းလေးသည် သူရထံသို့ပျံဝဲလာကာ သူရ၏ဦးခေါင်း၌ ပေါင်းလျှက်သာရှိပေ၏။
သူရသည် ပုဝါတစ်ထည်ထုတ်၍ ကဝေပညာဗူးကိုကိုင်လိုက်ကာ လွယ်အိတ်ထဲကိုထည့်လိုက်လေသည်။ ထို့နောက် ဦးထိန်သာအားကျောပေး၍ ရွာထဲကိုဝင်ရန် ခြေလှမ်းနှစ်ဆယ်ခန့်လှမ်းပြီးသည်နှင့် ဦးထိန်သာ၏ခန္ဓာကိုယ်သည် မီးများထတောက်ကာ ပြာတစ်မှုန်ပင်မကျန် လောင်ကျွမ်းသွားခဲ့ပါလေတော့သည်။
သူရသည်တော့ မင်းကွတ်သီးကျေးရွာလေး၌ တစ်ညတာတည်းခို အိပ်စက်ခဲ့ပြီး မနက်ရောက်ချိန်၌ လွယ်အိတ်ကလေးပခုံး၌ချိတ်ကာ ခေါင်းပေါင်းပေါင်း၍ သူ၏မဟာဂန္ဓာခရီးကိုပြန်လည်စတင်ခဲ့တော့လေသတည်း။
~~~~~
ပြီးပါပြီ။
ဤစာမူသည် စိတ်ကူးအတွေးပုံရိပ်ခန့်မျှသာဖြစ်ပေသည်။ အမှားအယွင်းတစ်စုံတရာပါရှိခဲ့ပါက ဝေဖန်အကြံပေးကြပါရန် ကျွန်တော်မိုးထွန်းမှ မေတ္တာရပ်ခံအပ်ပါသည်။
(ဆက်လက်ကြိုးစားပါဦးမည်။)
စာရေးသူ၊ စာဖတ်သူများအား
အစဥ်ထာဝရ၊ ချစ်ခင်လေးစားလျှက်
#မိုးထွန်း(မကွေး)

Zawgyi Version

သူရႏွင့္ဘီလူးကိုးကြယ္သူ(စ/ဆုံး)
—————————————
သူရသည္ တစ္ပြဲစားသဘက္ႀကီးအား ႏွိမ္နင္းၿပီး၍ တစ္လခန္႔အၾကာ၌ ဂႏၶာရီခရီးကို ျပန္လည္စတင္ရန္ အေၾကာင္းဖန္လာခဲ့ေတာ့သည္။
သူရသည္ ျမင္းခေက်း႐ြာ၏ ေအးရိပ္ၿမဳံဘုရားေစတီေလးေပၚ၌ တင္ပလႅင္ေခြထိုင္၍ သမထအားထုတ္ေနခ်ိန္ သူ၏ေဘးသို႔ ဆံပင္မ်ားရွည္လ်ားစြာေပါက္၍ သကၤန္းတစ္ထည္႐ုံထားသည့္ ရဟန္းတစ္ပါးႂကြလာေလ၏။
ထိုရဟန္းေတာ္သည္ သူရ၏ေဘး၌ ငုတ္တုတ္ထိုင္က သူရကိုစိုက္ၾကည့္၍ ၿပဳံးေနခဲ့သည္။ တစ္ေအာင့္မွ်အၾကာ၌ သူရသည္ ေမတၱာပို႔အမွ်ေဝကာ တရားထိုင္ျဖဳတ္လိုက္သည္။ သူ၏ေဘးကိုၾကည့္လိုက္ခ်ိန္၌ သြားမ်ားကိုေပၚေအာင္ၿပဳံးကာ သူ႔အားစိုက္ၾကည့္ေနသည့္ ဆံပင္ရွည္မ်ားႏွင့္ သကၤန္း႐ုံထားေသာ္ ရဟန္းတစ္ပါးကိုျမင္လိုက္ရ၏။
“ဒါကာေလး… ကိုယ့္ရဲ႕တာဝန္ေတြကိုေမ့ေလ်ာ့လို႔ေနတာလားကြဲ႕။ ဒီကေန႔ ေျမာက္ဘက္အရပ္စူးစူးကိုအရင္သြားၿပီး.. ဂႏၶာရီခရီးကို ျပန္လည္စတင္ရမယ့္အခ်ိန္ၾကၿပီကြဲ႕။ ျဖန္႔စမ္းညာလက္ဖဝါး။”
သူရသည္ ထိုရဟန္း​ေတာ္ကို လက္အုပ္ခ်ီေနရာကေန ညာလက္ကို ေရွ႕သို႔တိုး၍ ျဖန္႔လိုက္ခ်ိန္၌ ရဟန္းေတာ္သည္ သူ၏ညာလက္ႏွင့္ ပူးကပ္၍ မႏၲာန္တစ္ပုဒ္ကို႐ြတ္ဖတ္လိုက္သည္။ မႏၲာန္အဆုံး၌ သူရသည္ သူ၏ညာလက္ဖဝါးမွတစ္ဆင့္ပူေႏြးေသာ္ ဓာတ္တစ္မ်ိဳးက ခႏၶာအတြင္းကို စီးဝင္သြားတာ ခံစားမိလိုက္ေလသည္။
“ကဲ… လူေတြအက်ိဳးကိုသယ္ပိုးေပးေတာ့… ကိုယ္ေတာ္သြားမယ္။”
ထိုရဟန္းေတာ္သည္ ဤကဲ့သို႔မိန္႔ၿပီး သူရ၏အနားကေန ျဖည္းျဖည္းျခင္းႂကြျမန္းသြားခဲ့သည္။ သူရသည္ေတာ့ ရဟန္းေတာ္၏ ေက်ာ​ျပင္ကိုၾကည့္ကာ ဦးသုံးႀကိမ္ခ်လိုက္ေလ၏။
(ထိုရဟန္းေတာ္သည္ ဆံရွည္ကိုယ္ေတာ္ဟု လူအမ်ားေခၚၾကသည့္ ရဟန္း​ေတာ္ပင္ျဖစ္ေလသည္။
စာေရးသူ။)
သူရသည္ ဘုရားရင္ျပင္ေတာ္ေပၚကေန ​ေလွတံကားေလးအတိုင္း ဆင္း၍လာကာ ေနအိမ္ကိုျပန္ရန္ ႐ြာလမ္းမေလးအတိုင္းေလွ်ာက္လွမ္းလာခဲ့သည္။ သူရသည္ သူငယ္ခ်င္းျဖစ္သူမ်ား၏ အိမ္ကိုအရင္ဝင္ကာ သူငယ္ခ်င္းမ်ားအားေခၚ၍ အိမ္ကိုျပန္လာခဲ့၏။
ေနအိမ္ကိုျပန္ေရာက္သည္ႏွင့္ ႏြားစာစဥ္းေနေသာ္ ဖခင္ျဖစ္သူကိုေခၚကာ တန္းလ်ားခုံေပၚေလး၌ ထိုင္ခိုင္းေလသည္။ ထို႔ေနာက္ ဟင္းသီးဟင္း႐ြက္မ်ားသင္ေနေသာ္ မိခင္ကိုပါ လက္ဆြဲ၍ တန္းလ်ားခုံေပၚေလး၌ ထိုင္ေစသည္။
“သား… အေဖတို႔ကို. ဘာမ်ားေျပာစရာရွိလို႔လဲ။”
“ဟုတ္တယ္သူရ။ ငါတို႔ကိုလည္းမင္းအေရးတႀကီး ေျပာစရာရွိတယ္ဆိုၿပီးေတာ့ အခုထိလဲဘာမွမေျပာေသးပါ့လား။”
“အေဖနဲ႔အေမနဲ႔… သူငယ္ခ်င္းေတြကိုေျပာခ်င္တာက… ကြၽန္ေတာ္ခရီးျပန္ထြက္ရေတာ့မယ္။ အထက္ပုဂၢိဳလ္​ႀကီး​ေတြက… ကြၽန္ေတာ့္ကို တာဝန္တစ္ခုေပးလိုက္ၿပီ။ အဲဒါေၾကာင့္ မိဘႏွစ္ပါးနဲ႔သူငယ္ခ်င္းေတြကို အတူကြႏႈတ္ဆက္ခ်င္လို႔ပါ။”
မထင္မွတ္ထားသည့္ စကားေပမို႔ သူရ၏မိဘႏွစ္ပါးႏွင့္ သူငယ္ခ်င္းျဖစ္သူမ်ား စိတ္မေကာင္းျဖစ္သြားၾကေလသည္။ မိခင္ျဖစ္သူမွာ ဟန္ပင္မေဆာင္ႏိုင္ပဲ မ်က္ရည္မ်ား တသြင္သြင္စီးက်လာခဲ့၏။
“ေအးေပါ့ကြယ္။ အေမတို႔သားေလးက… လူေတြကိုကယ္တင္ဖို႔ တာဝန္ေတြရွိေနတာဘဲ အေမခြင့္ျပဳပါတယ္ကြယ္။ လမ္းခရီးသြားရင္ အစစအရာရာ ဂ႐ုစိုက္ေနာ္သား… က်န္းမာေရးကိုလဲဂ႐ုစိုက္… ၾကားလား။ အဟင့္..ဟင့္။”
”ဟာကြာ… မိန္းမကလဲ.. သားေလးခရီးသြားခါနီးကို… ငိုမေနစမ္းပါနဲ႔။”
”အိုေတာ္… ရွင္ကဝမ္းနဲ႔လြယ္ေမြးရတာမွမဟုတ္တာ… က်ဳပ္ကဝမ္းနဲ႔လြယ္ေမြးခဲ့ရတာေတာ့…. က်ဳပ္သားေလးကို ခ်စ္လို႔ေတာင္မဝေသးဘူး။”
”ေတာ္ကြာငိုမေနနဲ႔။ ကဲသား…. အေဖတို႔ဆီကိုသားဘယ္ေတာ့ေလာက္ျပန္လာအုံးမွာလဲ။”
”သားအေနနဲ႔မေျပာႏိုင္ပါဘူးအေဖ။ ကံၾကမၼာတစ္ပတ္လည္လို႔… ေရစက္မကုန္ေသးရင္ေတာ့… သားတို႔ျပန္ေတြ႕ၾကရမွာပါ။”
”ေအးပါ။ ဒါဆိုလဲ သားျပင္ဆင္စရာရွိတာျပင္ေတာ့ေလ။”
”ဟုတ္ကဲ့အေဖ။”
သူရသည္ အိမ္အေပၚထက္ကို တက္သြားခ်ိန္၌ သူရ၏သူငယ္ခ်င္းသုံးဦးတို႔သည္လည္း အေနာက္မွတက္လိုက္လာခဲ့ၾက၏။ သူရသည္ ဘုရားကိုကန္ေတာ့ကာ ဘုရားေက်ာင္းေဆာင္ေအာက္ဘက္၌ သူထားခဲ့ေသာ္ အ႐ုပ္မ်ားကို ယူလိုက္ေလသည္။
ထိုအ႐ုပ္မ်ားကို လက္ဖဝါးႏွစ္ဖက္ႏွင့္ အေသအခ်ာကိုင္၍ ပါးစပ္နားကိုကပ္ကာ မႏၲာန္တစ္ပုဒ္႐ြတ္လိုက္ၿပီး သူငယ္ခ်င္းမ်ားကို တစ္ခုစီေပးလိုက္ေလ၏။ ထူးေအာင္ဆိုသူမွာ ယခုပင္ထေပါက္ေတာ့မည့္ ပုံစံအတိုင္း ထြင္းထုထားသည့္ နဂါးအ႐ုပ္ေလးတစ္ခုကို ရလိုက္ေလသည္။
ဗ်ားေလးဆိုသူသည္ေတာ့ ဒူးတစ္ဖက္ကိုေထာင္၍ တစ္ဖက္ကိုေအာက္ခ်ကာ ညာလက္ႏွင့္ သံလ်က္ကိုထမ္းထားေသာ္ ဘီလူး႐ုပ္ကေလးကိုရသည္။ ဟန္ႀကီးဆိုသူကေတာ့ က်ယ္ေလာင္စြာ ဟိန္းေနသည့္ပုံစံမ်ိဳး ျခေသၤ့႐ုပ္ေလးကိုရ၏။
ထိုအ႐ုပ္သုံး႐ုပ္၏ထူးျခားခ်က္သည္ မ်က္လုံးမ်ားပင္ျဖစ္သည္။ မ်က္လုံးမ်ားသည္ နီရဲေတာက္၍ ထိုမ်က္လုံးမ်ားကို မည္သူမွၾကာၾကာမၾကည့္ရဲၾကေခ်။
“သူငယ္ခ်င္းတို႔… မင္းတို႔နဲ႔ငါ ျပန္ဆုံဖို႔ဆိုတာက…. မေသခ်ာေတာ့ဘူး။ ဒီအေဆာင္႐ုပ္ေလးေတြ… ေပးရတာကေတာ့… ႐ြာကိုကာကြယ္ေပးဖို႔ဘဲ။ မေကာင္းတဲ့ အေႏွာက္ယွက္အတားဆီး.. အတိုက္ခိုက္မွန္သမွ်ကို…. ဒီအေဆာင္႐ုပ္ေလးေတြကတားဆီးေပးပါလိမ့္မယ္။ ကံမကုန္ရင္ ျပန္ဆုံၾကတာေပါ့ကြာ။”
သူရသည္ ဘုရားေက်ာင္းေဆာင္အား ဦးသုံးႀကိမ္ထက္မံခ်လိုက္ကာ အိမ္ေအာက္ကိုျပန္ဆင္း၍ မိဘႏွစ္ပါး၏ ေျခအစုံကိုဦးခိုက္လိုက္ေလသည္။ သူ၏ မိခင္သည္ေတာ့ ရႈိက္ႀကီးတငင္ငင္ငိုေႂကြးကာ မ်က္ရည္မ်ားၾကားမွ ဆုေတြေပးေလ၏။
သူရ၏ဖခင္သည္ေတာ့ မ်က္ရည္မက်ေအာင္ထိန္းေနေသာ္လည္း ဆုေပးေနသည့္အသံမွာ ငိုသံမ်ားပါပါလာသည္။ ထို႔ေနာက္ သူရသည္ ေယာဂီေခါင္းေပါင္းေလးကိုေပါင္း၍ လြယ္အိတ္ကေလး ပခုံး၌ခ်ိတ္ကာ ႐ြာလမ္းေလးအတိုင္းေလွ်ာက္လွမ္းသြားရင္း ျမင္းခေက်း႐ြာေလးကို ႏႈတ္ဆက္သြားခဲ့ေတာ့သည္။
±±±±± ±±±±±
သူရသည္ ေျမာက္ဘက္အရပ္စူးစူးကို ခရီးထြက္လာခဲ့၏။ တေပါင္းလ၏ အညာေနက ျခစ္ျခစ္ေတာက္ပူလွ်က္ရွိေလသည္။ သူရသည္ လူသြားလမ္းအတိုင္း ဆက္လက္ေလွ်ာက္လွမ္းသြားကာ ေညာင္ပင္တစ္ပင္၏ ေအာက္ဘက္၌ ေရအိုးစင္တစ္လုံးကို ေတြ႕ရသည္မို႔ ေရဝင္ေသာက္ကာ ေခတၱခဏ နားလိုက္ေလ၏။
သူရသည္ ရဟန္းေတာ္၏ မိန္႔ၾကားခ်က္အရသာ ေျမာက္ဘက္အရပ္ကို ခရီးထြက္လာရျခင္းျဖစ္ေပသည္။ မည္သည့္႐ြာကိုသြား၍ မည္သည့္တာဝန္မ်ိဳးကို ထမ္းေဆာင္ရမည္ကို မသိေခ်။ သို႔ေသာ္လည္း သူရအတြက္မထူးဆန္းေတာ့ေပ။
မဟာဂႏၶာရီခရီးသည္တစ္ဦးက ၇ရက္သားသမီးမ်ားကို ကယ္တင္ရန္ ဤကဲ့သို႔ပင္ အထက္ပုဂၢိဳလ္ႀကီးမ်ား တာဝန္ေပးအပ္သည့္ အရပ္ကိုသြားၿမဲသြားရသည္။ သူရသည္ ေခတၱခဏနားၿပီးအခ်ိန္၌ ဆက္လက္ခရီးထြက္ရန္ မတ္တတ္ထရပ္လိုက္​ေသာအခါ ႐ုကၡစိုးနတ္တစ္ပါး ေပၚလာခဲ့၏။
“ဆရာေလး… က်ဳပ္ဂါရဝလာမျပဳမိတာခြင့္လႊတ္ေပးပါ။”
“ရပါတယ္ အဘရယ္… ကြၽန္ေတာ္လဲ ခရီးတစ္ေထာက္နားၿပီးလို႔… ခရီးဆက္ေတာ့မလို႔ပါ။”
”ခြင့္လႊတ္ေပးတာေက်းဇူးတင္ပါတယ္ဆရာေလး။ ဆရာေလးကို က်ဳပ္အကူညီတစ္ခုေတာင္းစရာရွိပါတယ္။ ကူညီႏိုင္ရင္ ကူညီေပးပါ။”
”အဘအေနနဲ႔… ဘယ္လိုကိစၥရပ္မ်ိဳးကို… ကူညီေပးရမလဲဆိုတာ… ကြၽန္ေတာ့္ကိုအရင္ေျပာျပေပးပါ။”
”ဒီလိုပါဆရာေလး…. ဒီလမ္းအတိုင္းဆရာေလးေလွ်ာက္သြားရင္း… မင္းကြတ္သီးေက်း႐ြာဆိုတဲ့… ႐ြာေလးတစ္႐ြာေတြ႕ပါလိမ့္မယ္။ အဲဒီ႐ြာမွာ…. ႐ြာသားတစ္ေယာက္က… ေရငုတ္ရင္းနဲ႔… သန္လ်က္တစ္ေခ်ာင္းကို… ရသြားပါတယ္။
အဲဒီ႐ြာသားက… သူတို႔သူႀကီးကိုအပ္ခဲ့ပါတယ္။ ဒါေပမဲ့.. အဲဒီသန္လ်က္မွာအလြန္ၾကမ္းၾကဳတ္ၿပီးရက္စက္တဲ့… ဘီလူးတစ္ေကာင္က… အေစာင့္အျဖစ္ရွိေနပါတယ္။ အဲဒီဘီလူးက… ညစဥ္႐ြာသားေတြကိုသတ္ျဖတ္ၿပီး… ေသြးစုပ္ပါတယ္။ အေလာင္းကိုေျမခ်ၿပီးရင္လဲ…. အဲဒီအေလာင္းကိုေဖာ္ၿပီးေတာ့စားပါတယ္။
အဲဒါေၾကာင့္ ဒီဘီလူးကိုဆုံးမေပးဖို႔.. ဆရာေလးကိုအကူညိီေတာင္းရတာပါ။”
”အဘေျပာတဲ့ဘီလူးက… အလြန္ကိုဆိုးသြမ္းေနတာဘဲ။ စိတ္ခ်ပါအဘ… ကြၽန္ေတာ္ကိုယ္တိုင္… အဲဒီဘီလူးကိုသြားေရာက္ဆုံးမေပးပါ့မယ္။”
“ေက်းဇူးတင္ပါတယ္ဆရာေလး။”
သူရသည္ ႐ုကၡစိုးနတ္ႀကီးကိုၿပဳံးျပ၍ ေခါင္းညိမ့္ကာ ဆက္လက္ေလွ်ာက္လွမ္းလာခဲ့၏။ အခ်ိန္သည္ မြန္းတည့္ခ်ိန္ကိုေက်ာ္လြန္လာခဲ့သည္။ သူရသည္လည္း အခ်ိန္အေတာ္ၾကာ ေလွ်ာက္လွမ္းၿပီးသည့္အခါ တစ္ေနရာသို႔အေရာက္၌ ႐ြာထဲသို႔ဝင္ေသာ္လမ္းအစမွာ မင္းကြတ္သီးပင္ႏွစ္ပင္က လမ္း၏ဘယ္ညာအျခမ္းမွာ ေပါက္ေရာက္ေနၾကသည္။
ထိုမင္းကြတ္သီးပင္၏ ပင္စည္မ်ား၌လည္း မင္းကြတ္သီးေက်းေတာ္႐ြာႏွင့္ ႐ြာထဲသို႔ဆိုသည့္ လမ္းၫႊန္ဆိုင္းဘုတ္ေလးကို ေတြ႕ရ၏။ သူရသည္ ထိုလမ္းေလးအတိုင္း ေလွ်ာက္လွမ္းလာခဲ့ေသာ္လည္း ႐ြာအတြင္းကိုေရာက္ရန္ ကြမ္းတစ္ယာညႇက္ခန္႔ေလွ်ာက္ရေပေသးသည္။
လမ္း၌ အဘိုးအိုတစ္ဦးႏွင့္ေတြ႕ကာ အခ်ိန္အေတာ္ၾကာသည္အထိ စကားစျမည္းေျပာဆိုရင္း ႏႈတ္ဆက္ကာ ႐ြာထဲကိုေလွ်ာက္လာခဲ့သည္။ အဘိုးအိုသည္ေတာ့ သူရႏွင့္စကားေျပာၿပီးသည္ႏွင့္ ေပ်ာက္ကြယ္သြားေလသည္။
႐ြာအတြင္းကိုေရာက္သည္ႏွင့္ ၿခံဝန္းအက်ယ္မ်ားျဖင့္ ေဆာက္လုပ္ထားေသာ္ ေျခတံရွည္အိမ္မ်ားကို ပထမဦးစြာသူရေတြ႕လိုက္ရ၏။ ထို႔ေနာက္ ႐ြာလမ္းမႀကီးအတိုင္း တည္တည္ညိမ္ညိမ္ေလွ်ာက္လွမ္းလာရင္း အိမ္တစ္အိမ္ေရွ႕သို႔ အေရာက္၌ လူအမ်ားျပားကိုေတြ႕လိုက္ရသည္။
သူရသည္ အေျခေနကို အကဲခတ္ရန္ ၿခံေရွ႕၌ေျခအစုံကိုရပ္လိုက္ကာ စိုက္ၾကည့္ေနခဲ့သည္။ အိမ္၏ေခါင္တိုင္မွစ၍ အနက္​ေရာင္အခိုးေငြ႕မ်ားထြက္ကာ ၿခံဝင္းအတြင္းရွိ သစ္ပင္မ်ား၌လည္း ပရေလာကသားမ်ားကို ေတြ႕ျမင္လိုက္ရ၏။
ပရေလာကသားမ်ားသည္ သူရကိုေတြ႕သည္ႏွင့္ အိမ္အေနာက္ဘက္ကို ဝုန္းဒိုင္းႀကဲကာ ေျပးၾကေလေတာ့သည္။ ထိုစဥ္ ပုဝါတစ္ထည္ကိုေခါင္းေပါင္း၍ တင္ပလႅင္ေခြထိုင္ကာ ပေယာဂကုေနဟန္တူေသာ္ လူႀကီးတစ္ဦးသည္ ၿခံအျပင္ရွိသူရကို စူးစိုက္ၾကည့္ေနေလ၏။
သူရကိုလွည့္ၾကည့္ၿပီးသည္ႏွင့္ သူလုပ္စရာရွိတာမ်ားကို ဆက္၍လုပ္ကိုင္ေနခဲ့သည္။ တစ္ေအာင့္မွ်အၾကာ၌ ဟိုတစ္စုသည္တစ္စု ၿခံဝင္းအတြင္းမွထြက္ကာ ျပန္သြားခဲ့ၾက၏။ ထိုသူတို႔သည္ အခ်င္းခ်င္းလည္း တီးတိုးစကားမ်ားဆိုသြားၾကေလသည္။
“ငါတို႔႐ြာကဆရာႀကီးကေတာ့…. ေတာ္ေတာ္ကိုစြမ္းတာေနာ္။ အခုပဲၾကည့္ေလ… ႏွစ္ခ်ိဳ႕တေစၦႀကီးကို… အမဲသားစိမ္းေကြၽးၿပီးခိုင္းတဲ့…. ႐ြာသူကိုႏွိမ္နင္းလိုက္တာမ်ားကြာ… ငါေတာ့အားရခ်က္ဘဲ။”
”ေအးကြာ… ဆရာႀကီးကစြမ္းေတာ့စြမ္းပါရဲ႕… ႐ြာမွာတစ္ေန႔တစ္ေယာက္ေသေနတဲ့… ကိစၥကိုေတာ့… မေျဖရွင္းႏိုင္တာ… ငါေတာ့စိတ္မေကာင္းျဖစ္မိတယ္ကြာ။”
႐ြာသားႏွစ္ဦးသည္ တစ္ဦးႏွင့္တစ္ဦးစကားအျပန္လွန္ေျပာကာ သူရ၏ေဘးမွျဖတ္ေလွ်ာက္သြားခဲ့ၾကသည္။ သူရသည္ ထိုသူတို႔၏စကားကို နားေထာင္ကာ ပါးခ်ိဳင့္ေသးေသးေလးႏွစ္ဖက္ေပၚေအာင္ ၿပဳံးမိသြားေလသည္။ ထိုစဥ္ ၿခံဝင္းအတြင္းမွ ဆရာႀကီးဆိုသည့္သူက သူရဆီကို ေလွ်ာက္လွမ္းလာခဲ့၏။
“ဒီလိုထူးဆန္းတဲ့… ျဖစ္ရပ္မ်ိဳးေတြျဖစ္ၿပီဆိုရင္.. ႐ြာကိုေလာကီဆရာတစ္ပါးႂကြလာေတာ့မယ္ဆိုတာ.. က်ဳပ္တပ္အပ္သိေနတယ္။ ဒါေပမဲ့…. ဒီလိုအသက္ငယ္ငယ္ေလး…. ဆရာတစ္ေယာက္ေရာက္လာမယ္ေတာ့မထင္မိတာ… အမွန္ပဲဗ်ိဳ႕။ ဟဲဲဟဲ။”
”အထုံပါရမီနဲ႔ဝါသနာအရသာ….. လက္ဝဲပညာယူထားရေပမဲ့… ႐ြာအက်ိဳးကိုသယ္ပိုးေနတဲ့… ကေဝဆရာဦးထိန္သာထင္ပါ့။ အရမ္းအစြမ္းထက္လြန္းလို႔…. ဒီ႐ြာကိုတည္ခဲ့တဲ့စုန္း၇ေယာက္ကေတာင္… ႐ြာေျပာင္းေပးခဲ့ရတယ္။
အနီးအနား႐ြာမွာရွိတဲ့.. ႐ြာသူေတြစုန္းေတြကလဲ…. ဦးထိန္သာရဲ႕တပည့္ေတြနဲ႔တူတယ္။ ဒီေလာက္ေတာင္အစြမ္းထက္တဲ့ကေဝပညာရွင္က သန္လ်က္ေစာင့္ ဘီလူးတစ္ေကာင္ကိုမႏွိမ္နင္းႏိုင္ဘူးဆိုေတာ့ ကြၽန္ေတာ့္အေနနဲ႔လဲ… အံ့ၾသမိတာအမွန္ပါပဲဗ်ာ။”
“ဆရာေလးေရ…. အေစာင့္ဘီလူးဆိုၿပီးအထင္မေသးမိေစနဲ႔ေနာ္။ ဒီေကာင္ကေတာ္ေတာ္သက္တမ္းရင့္ေနၿပီဗ်။ လာဗ်ာဝိုင္းထဲဝင္ခဲ့… ဟိုနားကကြတ္ပ်စ္ေပၚမွာ​ေျပာၾကတာေပါ့။ အိမ္ထဲေတာ့မေခၚေတာ့ဘူးဗ်ာ… က်ဳပ္ေကာင္ေတြကဆရာေလးကိုေၾကာက္ေနတာဗ်။”
”ရပါတယ္ဗ်ာ။ က်ဳပ္အေနနဲ႔ကအဆင္ေျပပါတယ္။”
သူရႏွင့္ ဦးထိန္သာတို႔သည္ စကားအျပန္အလွန္ေျပာကာ ၿခံဝင္းအတြင္းရွိ မန္းက်ည္းပင္ေအာက္က ကြတ္ပ်စ္ကေလးေပၚ ထိုင္လိုက္ၾကေလသည္။ ဦးထိန္သာသည္ ေရေႏြးလင္ဗန္းကို သူရအေရွ႕တိုးေပးလိုက္၏။ သူရသည္ ေရေႏြးကရားအိုးကိုေစာင္း၍ ဖန္ခြက္ထဲသို႔ထည့္ကာ ေမာ့ေသာက္လိုက္သည္။ ဦးထိန္သာသည္ သူရကိုၾကည့္၍ သေဘာက်စြာ ရယ္ေမာလိုက္ေလ၏။
“ဘယ္လိုျဖစ္တာလဲဆရာေလးရ။ ကေဝတစ္ေယာက္အိမ္ကေရေႏြးၾကမ္းကို…. ဒီလိုပဲယုံယုံၾကည္ၾကည္နဲ႔ေသာက္တာဘဲလား။ က်ဳပ္ကအဲဒီအထဲ အပင္းနဲ႔လုပ္ထားရင္း ဘယ္ႏွယ့္ရွိစဗ်ာ။”
“ကြၽန္ေတာ့္အေနနဲ႔…. ဦးထိန္သာကိုအထင္အေသးဝံ့တာေတာ့အမွန္ပါပဲ… ဒါေပမဲ့ဦးေလးဟာ… ႐ုတ္ညံ့လြန္းတဲ့လုပ္ရပ္နဲ႔… က်ဳပ္ကိုလုပ္မွာမဟုတ္ဘူးဆိုတာ.. က်ဳပ္သိပါတယ္။”
”ဆရာေလးက… ပညာစြမ္းေရာ… ဉာဏ္စြမ္းေရာထက္ျမက္လွပါတယ္ဗ်ာ။ စိတ္ခ်ဆရာေလး… ဆရာေလးေျပာသလိုပဲ… က်ဳပ္ကအဲဒီလိုဘယ္ေတာ့မွမလုပ္ဘူး။ ကိစၥတစ္ခုကိုေျဖရွင္းစရာရွိရင္လဲ.. မ်က္ႏွာျခင္းဆိုင္ပဲ​​​​ေျဖရွင္းတာ။”
“ဟုတ္ပါၿပီဗ်ာ။ ဒါနဲ႔ ဒီအေစာင့္ဘီလူးက ႐ြာသားဘယ္ႏွေယာက္ေလာက္ကို သတ္ၿပီးသြားၿပီလဲဗ်။”
”၇ေယာက္ေလာက္ရွိၿပီဆရာေလးေရ။ က်ဳပ္လဲ အဲဒီဘီလူး ႐ြာကိုစေရာက္ကတည္းက… နည္းအမ်ိဳးမ်ိဳးနဲ႔ႏွိမ္နင္းၾကည့္ပါေသးတယ္။ မရပါဘူးဗ်ာ ေတာ္ေတာ္ကိုၾကမ္းတာ။”
”ဒီဘီလူးက အေနာ္ရထာမင္းႀကီးလက္ထက္တုန္းက… အာဏာပါးကြက္သားႀကီးဗ်။ သူေသေတာ့ မကြၽတ္လြတ္ပဲ ဘုရင္မင္းႀကီးကိုအိပ္မက္ေပးတယ္။ ဘုရင္မင္းႀကီးကလည္း သူ႔အေပၚမွာ တာဝန္ေက်ခဲ့တဲ့ အာဏာပါးကြက္သားႀကီးကို လိုရာဆုေတာင္းပါလို႔ေျပာလိုက္တယ္။
အဲဒီမွာအာဏာပါးကြက္သားႀကီးက…. သူ႔ကိုဘုရင္မင္းႀကီးရဲ႕အနားမွာ… အၿမဲတေစအေစာင့္ျဖစ္ေနခ်င္လို႔… သန္လ်က္မွာခိုကပ္ခြင့္ျပဳပါေတာင္းတယ္။ ဘုရင္မင္းႀကီးစစ္တိုက္တဲ့ေနရာမွာလဲ… အႏိုင္ရေအာင္လို႔… သူ႔အေနနဲ႔ေဆာင္႐ြက္ၿပီး… ဘုရင္မင္းႀကီးရဲ႕အသက္ကိုလဲသူကာကြယ္ေစာင့္ေရွာက္ပါမယ္ေျပာတာဗ်။
အေနာ္ရထာမင္းႀကီးကလည္း… အာဏာပါးကြက္သားႀကီးကိုခြင့္ျပဳေပးခဲ့တာေပါ့ဗ်ာ။ စစ္တိုက္ထြက္တဲ့အခါမွာလဲ… အၿမဲတမ္းကူညီေပးခဲ့တာေပါ့။ အေနာ္ရထာမင္းႀကီးအသက္ကို… ႏွစ္ႀကိမ္တိတိလည္းကာကြယ္ေပးခဲ့ဖူးတယ္ဗ်။
တစ္ေန႔ၾက အေနာ္ရထာမင္းႀကီးစစ္တိုက္ထြက္ရာမွာ… ေခ်ာင္းတစ္ခုကိုျဖတ္ရတယ္။ စီး​ေတာ္ျမင္းနဲ႔ေခ်ာင္းကိုအျဖတ္မွာ… သန္လ်က္ကေခ်ာင္းထဲျပဳတ္က်သြားတယ္ေလ။ ဘုရင္မင္းႀကီးကလည္း လိုက္ရွာေသးေပမဲ့…. စစ္တိုက္ဖို႔ကအေရးႀကီးေနတာေၾကာင့္ ဆက္မရွာခဲ့ဘူး။
အဲဒီလိုနဲ႔ဒီသန္လ်က္က ေရေအာက္မွာရာစုႏွစ္ခ်ီေအာင္ၾကာခဲ့တာေပါ့ဗ်ာ။ ရာစုႏွစ္ခ်ီေအာင္ၾကာေနလဲ… ဒီသန္လ်က္အေစာင့္ကမကြၽတ္ပဲ… တျဖည္းျဖည္းသက္တမ္းရင့္ၿပီး… ဘီလူးအဆင့္ထိ​ေရာက္လာေတာ့တာပဲ။”
သူရသည္ အနည္းငယ္ေမာသြားေသာ္ေၾကာင့္ ေရေႏြးတစ္ခြက္ေမာ့ေသာက္ကာ ေနာက္ထက္တစ္ခြက္ ငွဲ႔ေနလိုက္၏။ ဦးထိန္သာသည္ေတာ့ ေရေႏြးကိုတဖူးဖူးေမာ့ေသာက္ကာ သူရေျပာျပသည့္ အေၾကာင္းအရာမ်ားကို ေခါင္းတညိမ့္ညိမ့္လုပ္ခါ နားေထာင္ေနခဲ့သည္။ သူရသည္ေရေႏြးငွဲ႔ၿပီးသည္ႏွင့္ စကားျပန္ဆက္လိုက္၏။
“အဲဒီသန္လ်က္က… အခုဘယ္မွာထားထားလဲဦးထိန္သာ။”
”သံလ်က္ကေရွးေဟာင္းပစၥည္းဆိုေတာ့… သူႀကီးကသူ႔အိမ္မွာဘဲသိမ္းထားတာဗ်။ ဒါေပမဲ့တစ္ရက္မၾကာပါဘူးဗ်ာ… ညေရာက္ေတာ့သူတို႔အိမ္ထဲမွာဝုန္းဒိုင္းကိုႀကဲလို႔…က်ဳပ္ကိုလာပင့္တာလိုက္သြားရေသးတယ္။ က်ဳပ္လဲခဏပဲခ်ဳပ္လို႔ရမယ္ဆိုတာသိလို႔.. သန္လ်က္ကိုယူၿပီး… ႐ြာအေနာက္ဘက္ကေညာင္ပင္မွာသြားဆြဲထားလိုက္တယ္ဗ်။
႐ြာထဲကိုမဝင္ႏိုင္ေအာင္… က်ဳပ္လည္းစည္းအတန္တန္ခ်ထားလဲမရပါဘူးဗ်ာ။ ဘီလူးကအေတာ္ကိုၾကမ္းတာဗ်ိဳ႕။”
“အင္း… ဦးထိန္သာရဲ႕စကားအရဆိုရင္ေတာ့.. ဒီဘီလူးကဆုံးမလို႔ေတာ့ရမယ္မထင္ဘူး။ က်ဳပ္အေနနဲ႔ကေတာ့…. မရရသလိုႏွိမ္နင္းရမွာပါပဲ။”
”ဆရာေလးအဲဒီဘီလူးကိုႏွိမ္နင္းတဲ့အခါ​ၾကရင္… က်ဳပ္လည္းလိုက္ခဲ့မယ္ဗ်ာ။ ဆရာေလးအကူညီလိုေတာ့… က်ဳပ္ကူညီေပးလို႔ရတာေပါ့ဗ်ာေနာ္။”
”ေကာင္းတာေပါ့ဗ်ာ…. လိုက္ခဲ့ပါ။”
သူရသည္ ဦးထိန္သာ၏မ်က္လုံးကို ေစ့ေစ့ၾကည့္၍ ”က်ဳပ္ကိုအထင္ေသးလွခ်ည္လား..ဦးထိန္သာရယ္”ဟု စိတ္ထဲ၌ေရ႐ြတ္လိုက္ကာ ႏႈတ္ခမ္းတြန္႔႐ုံမွ်ၿပဳံးလိုက္သည္။ ဤသို႔ႏွင့္ ဦးထိန္သာသည္ သူရအား ႐ြာလူႀကီးေနအိမ္ကိုလိုက္ပို႔ေပးေလ၏။ ႐ြာလူႀကီးေနအိမ္သည္ ​ပ်ဥ္ေထာင္အိမ္ေလးျဖစ္ကာ ေရနံမ်ားဝေအာင္သုတ္ထားသည္။
ၿခံအဝကိုေရာက္သည္ႏွင့္ အိမ္ႏွင့္တြဲကာျပဳလုပ္ထားသည့္ ကြတ္ပ်စ္ေပၚ၌ ေရေႏြးၾကမ္းကိုယ္စီေသာက္ကာ စကားေျပာေနၾကသည့္အသက္ခတ္ႀကီးႀကီးလူႏွစ္ဦးကိုေတြ႕ရသည္။ သူရတို႔သည္လည္း ဝိုင္းဝမွ အသံေပးကာ ၿခံထဲကိုဝင္လာခဲ့ၾကေလ၏။
“ဗ်ိဳ႕သူႀကီး က်ဳပ္တို႔ဝင္ခဲ့မယ္ေနာ္။”
“ေဆးဆရာပါ့လား။ ႂကြပါဗ်ာႂကြပါ။ ဧည့္သည္လဲပါလာတာကို။”
“ဧည့္သည္ေတာ့ဧည့္သည္ပဲသူႀကီးေရ။ ေကာင္းေသာ္လာျခင္းနဲ႔ဧည့္သည္ဗ်ိဳ႕။”
ဦးထြန္သာႏွင့္သူရတို႔သည္ ေျပာေျပာဆိုဆိုႏွင့္ ကြတ္ပ်စ္ေပၚ၌ အတူတကြထိုင္လိုက္ၾကသည္။ သူႀကီးဆိုသူသည္ သူရအားအကဲခတ္ကာ ေရေႏြးဗန္းႏွင့္ လက္ဖက္သုပ္ပန္းကန္ကို အေရွ႕ကိုတိုးေပးေလသည္။
“ဘယ္လိုေကာင္းေသာ္လာျခင္းမ်ားလဲ.. ေဆးဆရာရ။”
”ဒီလိုဗ်။ အခု႐ြာမွာတစ္ေန႔တစ္ေယာက္ႏႈန္းနဲ႔ေသတဲ့ကိစၥကို…. ဒီကဆရာေလးကေျဖရွင္းေပးမွာ။ အသက္ငယ္လို႔ဆိုၿပီးအထင္မေသးနဲ႔ေနာ္သူႀကီး… ပညာအစြမ္းထက္ပုံကလက္ဖ်ားခါရေလာက္တယ္။”
”ေဆးဆရာေခၚလာတဲ့ဧည့္သည္ပဲဗ်ာ။ က်ဳပ္အေနနဲ႔အထင္မေသးဝံ့ပါဘူး။”
“ဘယ္ကသာက်ဳပ္ေခၚလာရမွာလဲဗ်ာ။ ဆရာေလးကသူ႔ဟာသူႂကြလာတာဗ်။ က်ဳပ္ကဒီကိုလိုက္ပို႔ေပး႐ုံပဲ။”
“ဟုတ္ပါၿပီဗ်ာ။ ႏို႔… ဆရာေလးနာမည္ဘယ္လိုေခၚတုန္းဗ်။”
”ကြၽန္ေတာ့္နာမည္သူရပါသူႀကီး။ တာဝန္အရနယ္တကာကိုလွည့္ၿပီး… ၇ရက္သားသမီးေတြကို… အေမွာင့္ပေယာဂဓာတ္ေတြကေန… ကယ္တင္ေပးေနတာပါ။ သူႀကီးတို႔႐ြာမွာျဖစ္ေနတဲ့… တစ္ေန႔တစ္ေယာက္ႏႈန္းေသတဲ့ကိစၥကလဲ.. အေစာင့္ဘီလူးတစ္ေကာင္ေၾကာင့္ျဖစ္ေနတာပါ။”
”အေစာင့္ဘီလူးတစ္ေကာင္ေၾကာင့္ဆိုတာ…. ေဆးဆရာေျပာျပထားလို႔.. က်ဳပ္တို႔သိရပါတယ္ဆရာေလး။ ဆရာေလးအေနနဲ႔… ဒီဘီလူးကိုႏွိမ္နင္းတဲ့အခါ… ဘာအကူညီလိုမလဲဆိုတာပဲေျပာပါ။”
“က်ဳပ္ဒီေန႔ညပဲဘီလူးကိုႏွိမ္နင္းမွာပါသူႀကီး။ သူႀကီးအကူညီေပးခ်င္ရင္ေတာ့… ႐ြာသူ႐ြာသားေတြကို ေမွာင္တာနဲ႔အိမ္တြင္းကေနအျပင္မထြက္ဖို႔ေျပာေပးပါ။ ၿခံထဲမွာေတာင္မထိုင္ၾကပါနဲ႔လို႔။ ဒီဘီလူးက သူရႈံးတာနဲ႔ မႏိုင္ႏိုင္ရာမဲတတ္လို႔ပါ။”
”ေကာင္းပါၿပီဆရာေလး… က်ဳပ္ဆရာေလးေျပာတဲ့အတိုင္းလုပ္လိုက္ပါ့မယ္။”
သူရသည္ ေျပာစရာရွိတာမ်ားေျပာၾကားၿပီး သူႀကီးအိမ္၌သာ တည္းခိုလိုက္ေလသည္။ ဦးထိန္သာသည္လည္း အိမ္၌လုပ္စရာရွိသည္ဟုဆိုကာ ျပန္သြားခဲ့၏။ သူရသည္ သူႀကီးတို႔ႏွင့္ စကားအခ်ိန္အေတာ္ၾကာေျပာၿပီးသည့္ေနာက္ ဘုရားေက်ာင္းေဆာင္ေရွ႕၌ တရားထိုင္ေနခဲ့သည္။
သူရသည္ တရားထိုင္ေနခ်ိန္၌ အျမင္အာ႐ုံပြင့္သြားကာ အိမ္ႀကီးတစ္အိမ္ကိုေတြ႕လိုက္ရ၏။ ထိုအိမ္အား သူရေကာင္းစြာသိေနသည္။ ထိုအိမ္ထဲသို႔ ထက္ျမင္လိုက္ရေသာအခါ အခန္းတစ္ခုထဲ၌ လူႀကီးတစ္ဦးက ႐ုပ္ထုတစ္ခုအား စိမ္း႐ႊင္႐ႊင္အနံ႔ရွိသည့္အေမႊးတိုင္၊ ဇလုံႀကီးတစ္လုံးထဲ၌ ေသြးမ်ားအျပည့္ထည့္ကာ ပူေဇာ္ေနေလ၏။
႐ုပ္ထုသည္ အျမင္ဆိုးလွသည္။ သာမာန္လူအဖို႔ျမင္မိပါက ေၾကာက္လန္႔ႏိုင္သည္။ ႐ုပ္တု၏အ႐ြယ္စားမွာ ေလးေပခန္႔မွ်ရွိ၏။ ေခါင္း၌တန္ဆာတစ္ခုကိုဆင္ျမန္းထားကာ နီရဲေနေသာ္မ်က္လုံးႏွစ္လုံးႏွင့္ အျပင္သို႔ေငါ့ထြက္ေနေသာ္အစြယ္ႏွစ္ေခ်ာင္း၊ ဘယ္ဒူးေထာင္၍ ညာဒူးေထာက္ကာ ညာလက္ႏွင့္ သန္လ်က္တစ္ခုအား ပခုံး၌ထမ္းထားဟန္ ရွိေပသည္။
႐ုပ္ထုေရွ႕၌ထိုင္ေနေသာ္လူႀကီးသည္ ႐ုပ္ထုအားေသြးမ်ားျဖင့္ ပူေဇာ္ၿပီး ပါးစပ္လႈပ္ကာဂါထာ၊ မႏၲာန္တစ္ပုဒ္႐ြတ္ဖတ္ေန၏။ ထိုလူႀကီး၏ ဂါထာ၊ မႏၲာန္အဆုံး၌ ႐ုပ္ထုထဲမွ မီးခိုးလုံးႀကီးမ်ား ထြက္လာကာ ေသြးအျပည့္ထည့္ထားသည့္ ဇလုံထဲကို ဝင္သြားၾကသည္။
မၾကာခင္အခ်ိန္၌ ေသြမ်ားတျဖည္းျဖည္းခမ္းသြားကာ ေသြးတစ္စက္ပင္မက်န္ ေျပာင္စင္သြားခဲ့၏။ မီးခိုးအေငြမ်ားျပန္တက္လာကာ ႐ုပ္ထုထဲကိုျပန္ဝင္ခ်ိန္၌ သူရသည္ ထိုမီးခိုးေငြ႕မ်ားထဲမွ အလြန္အက်ဥ္းတန္ အ႐ုပ္ဆိုးလွသည့္ အစြယ္အေဖြးသားမ်ားႏွင့္ဘီလူးေခါင္းတစ္ခုကို ေတြ႕ျမင္လိုက္ရေလသည္။
ထိုျမင္ကြင္းကို ေတြ႕ျမင္လိုက္ရၿပီးေနာက္ သူရသည္ မွိ​တ္ထားသည့္မ်က္လုံးမ်ားကိုျပန္ဖြင့္ကာ တည္ၾကည္ေလးနက္၍ အဓိပၸါယ္ပါပါၿပဳံးလိုက္၏။ ႐ြာသူ​ႀကီးကိုေခၚကာ အကူညီတစ္ခုေတာင္းလိုက္ေလသည္။
“ဒါေတာ့မျဖစ္ႏိုင္ပါဘူးဆရာေလး။ သူ႔ကိုက်ဳပ္တို႔တစ္႐ြာလုံးက…ေလးလဲေလးစားတယ္ဗ်။ သူကက်ဳပ္တို႔႐ြာကို… ဒုကၡေပးမဲ့သူမဟုတ္ေလာက္ပါဘူးဗ်ာ။”
သူရသည္ပါးခ်ိဳင့္ေသးေသးေလးမ်ားေပၚေအာင္ၿပဳံးလိုက္သည္။
“ကြၽန္ေတာ္ေျပာတဲ့အ႐ုပ္က…. သူ႔အိမ္ထဲမွာရွိေနမယ္ဆိုရင္… သူႀကီးယုံမွာလား။”
“ေကာင္းၿပီေလ… ဟုတ္ေသာ္ရွိ… မဟုတ္ေသာ္ရွိ… က်ဳပ္သူ႔အိမ္ထဲကိုဝင္ၾကည့္မယ္။ တကယ္လို႔မေတြ႕ခဲ့ရင္ေတာ့.. ဆရာေလးအေနနဲ႔ သူ႔ကိုဝန္ခ်ေတာင္းပန္ရမယ္ေနာ္။”
”ကြၽန္ေတာ္ေျပာတာသာမွားခဲ့ရင္… သူ႔ရဲ႕ေျခအစုံကိုဦးခိုက္မွာပါသူႀကီး။ တကယ္လို႔ေတြ႕ခဲ့ရင္ေတာ့… သူႀကီးအေနနဲ႔အဲဒီအ႐ုပ္ကို… ဒီအင္းနဲ႔အတူမီးရႈိ႕ေပးပါလို႔… က်ဳပ္ေတာင္းဆိုပါရေစ။”
“ေကာင္းပါၿပီဆရာေလး က်ဳပ္သေဘာတူပါတယ္။”
သူရသည္ ေခါင္းတဆတ္ဆတ္ညိမ့္ကာ အေဝးတေနရာဆီကိုေငးၾကည့္ေနခဲ့ေလသည္။ ဤသို႔ႏွင့္ အခ်ိန္တေ႐ြ႕ေ႐ြ႕ကုန္ဆုံးကာ ညေနေနဝင္ရီတေရာအခ်ိန္ကို ေရာက္ရွိလာခဲ့ေတာ့၏။ ေနလုံးႀကီးေပ်ာက္ကြယ္သြားတာႏွင့္ မင္းကြတ္သီးပင္ေက်း႐ြာေလး၏ ႐ြာလမ္းမေပၚမ်ား၌ လူသူေလးပါးကင္းမဲ့ကာ ပကတိတိတ္ဆိတ္ညိမ္သက္လွ်က္ရွိေပသည္။
႐ြာလယ္လမ္းမႀကီးမွတဆင့္ လူႏွစ္ဦးကေတာ့ လြယ္အိတ္ကိုယ္ဆီလြယ္ကာ ႐ြာေနာက္ဘက္ကေညာင္ပင္ႀကီးဆီကို ေလွ်ာက္လွမ္းလာခဲ့ေတာ့၏။ ထိုသူႏွစ္ဦးကေတာ့ မဟာဂႏၶာရီပညာရွင္သူရႏွင့္ မင္းကြတ္သီးေက်းေတာ္႐ြာက ကေဝဆရာဦးထိန္သာပင္ျဖစ္ေပသည္။
ကြမ္းတစ္ညႇက္ခန္႔ ေလွ်ာက္လွမ္းသြားၿပီး၌ လူႀကီးေလးဖက္စာခန္႔မွ်ရွိသည့္ ေညာင္ပင္ႀကီးတစ္ပင္ကိုေတြ႕လိုက္ရ၏။ ေညာင္ပင္ႀကီး၏အျမစ္မ်ားသည္ ေျမႀကီးမ်ားထဲမွာထြက္ကာ လူႀကီးေပါင္တစ္လုံးစာခန္႔မွ်ပင္ရွိေပသည္။ ထူးဆန္သည္မွာ ေညာင္ပင္သည္ ထန္းပင္တစ္ပင္အားဝါးမ်ိဳထား၏။
ထိုအျခင္းအရာအားၾကည့္ပါက ေညာင္ပင္သည္ ထန္းပင္အား အမွီသဟဲျပဳကာေပါက္ေရာက္လာပုံရေခ်သည္။ ထန္းပင္မွာ ေညာင္ပင္၏ပင္စည္အလယ္တည့္တည့္၌ ရွင္သန္လွ်က္ရွိေခ်သည္။ သူရသည္ ေညာင္ပင္ႏွင့္ ဝါးတစ္ျပန္အကြာသို႔ေရာက္ေသာအခါ ညာလက္ညိဳးႏွင့္ ေညာင္ပင္၏ေဘးပတ္ပတ္လည္ကို စည္းဝိုင္းတားလိုက္၏။
သူရစည္းဝိုင္းဝိုင္းၿပီးသည္ႏွင့္ ဦးထိန္သာကိုတစ္ခ်က္ၾကည့္လိုက္ေသာအခါ မ်က္ႏွာအနည္းငယ္ပ်က္သြားသည္ကို သတိထားမိလိုက္သည္။ သူရသည္ စည္းဝိုင္းအတြင္းကို ဝင္လိုက္ကာ ေညာင္ပင္၏အလယ္၌ေပါက္ေနေသာ္ ထန္းပင္၏ ထိပ္ဖ်ားကိုလက္ညိဳးထိုး၍ ညာဖေနာင့္ေဆာင့္ခ်လိုက္၏။
“ဤ႐ြာသူ၊ ႐ြာသားမ်ား၏ အသက္အႏၲရာယ္ အိုးအိမ္စည္းစိမ္ကို ဒုကၡေပးေနတဲ့ ဘီလူး။ မဆိုင္းမတြပဲ သင့္ရဲ႕ေနရာကေန ေအာက္ကိုဆင္းၿပီး ငါ့ေရွ႕ေမွာက္ဒူးေထာက္အခစားဝင္စမ္း။”
သူရဤကဲ့သို႔ အာဏာစက္ျဖင့္ေခၚလိုက္သည္ႏွင့္ ထန္းပင္၏ထိပ္ဖ်ားကေန အေမႊးအမင္မ်ားျဖင့္ အစြယ္ႏွစ္ေခ်ာင္းပါသည့္ ဘီလူးတစ္ေကာင္က ျပဳတ္က်လာေလ၏။ ဘီလူးသည္ေအာက္ကို တျဖည္းျဖည္းျပဳတ္က်လာရာ၌ ေလထဲ၌ပင္ ခႏၶာကိုယ္အ႐ြယ္အစား ႀကီးမားလာကာ ေျမေပၚကိုအက်၌ ေျမႀကီးပင္သိမ့္သိမ့္တုန္သြားခဲ့သည္။
ဘီလူးသည္ သူရကို ဟင္းခ်ိဳေသာက္ပန္းကန္လုံးမ်ားအထိျပဴးက်ယ္ၿပီး ပတၱျမားကဲ့သို႔ နီရဲေတာက္ေနေသာ္ မ်က္လုံးမ်ားျဖင့္စိုက္ၾကည့္ကာ ေဒါသတႀကီးေအာ္ဟစ္ေန၏။ သူရသည္ ဘီလူး၏ေရွ႕တည့္တည့္၌မတ္တတ္ရပ္ကာ လက္ကိုေနာက္ျပစ္လိုက္သည္။
”ဟဲ့မိစာၦဘီလူး… သင္ဟာဘာအျပစ္မွမရွိတဲ့႐ြာသူ႐ြာသားေတြကို…. အဘယ့္ေၾကာင့္သတ္ျဖတ္စားေသာက္ေနရတာလဲ။ သင့္ကိုကုေဝရနတ္မင္းႀကီးအပါဝင္… အာဠာဝကဘီလူးမင္းတို႔က… အလြန္ကိုစိတ္ဆိုးေနၾကၿပီ။ သူတို႔ကိုယ္စား… ကြၽႏ္ုပ္ကသင့္ကိုလာေရာက္ဆုံးမရျခင္းပဲ။”
ဘီလူးသည္ သူရ၏စကားကိုၾကားမွ ပို၍ေဒါသထြက္သြားကာ သူ၏ညာေျခကိုေျမႇာက္၍ သူရကိုနင္းေခ်သတ္ရန္ ႀကိဳးစားေလသည္။ သူရအား ေျခေထာက္ႏွင့္နင္းေခ်ၿပီး ေၾကာက္မက္ဖြယ္ရာ ရယ္သံႀကီးႏွင့္ ေအာ္ရယ္ေနသည္။
“ဟဲ့…ဘီလူး… ကြၽႏ္ုပ္ေမတၱာေရွ႕ထားေနတုန္း… သင့္အေနနဲ႔ အမွားကိုအမွားမွန္းသိသင့္ေနၿပီ။ ကြၽႏ္ုပ္ရဲ႕ပညာသာထုတ္လိုက္ရင္… သင့္အေနနဲ႔အသက္ဇီဝိန္ခ်ဳံသြားလိမ့္မယ္။”
ဘီလူးသည္ သူရကိုေျချဖင့္နင္းေခ်သတ္ႏိုင္ၿပီဟုေတြးထင္ကာ ေအာ္ဟစ္ရယ္ေမာေနခိုက္ သူ၏အေနာက္ဘက္မွ သူရကိုေတြ႕လိုက္ရေသာအခါ အေတာ္ကိုစိတ္ဆိုးသြား၏။ သူရေျပာဆိုဆုံးမေနေသာ္ စကားမ်ားသည္ သူ၏နားထဲသို႔မဝင္ပဲ သူရကိုပင္ဆက္လက္တိုက္ခိုက္ေနခဲ့သည္။
ဘီလူးသည္ ေဘးနားကသစ္ပင္တစ္ပင္ကို အျမစ္မွဆြဲႏႈတ္ကာ ထိုသစ္ပင္ႏွင့္ သူရအား ႐ိုက္ခ်ေလသည္။ သို႔ေသာ္လည္း သူရသည္ ထက္မံေပ်ာက္သြားကာ ေညာင္ပင္၏အေျခ၌ ေအးေဆးတည္ညိမ္စြာ မတ္တတ္ရပ္လ်က္ရွိေပသည္။ သူရသည္ သူ႔အား ႏွစ္ႀကိမ္တိတိတိုက္ခိုက္လာေသာ္ ဘီလူးအား ေမတၱာႏွင့္ဆုံးမလို႔မရမွန္းသိရွိသြားကာ မ်က္လုံးစုံမွိတ္၍အမည္နာမတစ္ခုကို တီးတိုး႐ြတ္လိုက္၏။
“ငထိုက္… သင္၏အကူညီအား… ကြၽႏ္ုပ္လိုအပ္ေနၿပီ။”
သူရဤကဲ့သို႔ မ်က္လုံးစုံမွိတ္ေနခ်ိန္၌ ဘီလူးသည္သူရဆီကို ေနာင္တစ္ႀကိမ္တိုက္ခိုက္ရန္ လာေနသည္။ သူရႏွင့္ မနီးမေဝးသို႔အေရာက္၌ သူရကိုတိုက္ခိုက္ရန္႐ြယ္လိုက္ေသာအခါ ”ဘုန္း”ကနဲအသံႏွင့္အတူ ဘီလူးသည္ ေရွ႕ကိုေမွာက္ယက္ထိုးလဲသြား၏။ ဘီလူး၏အေနာက္၌ ရင္ဘက္မွာအင္းကြက္ႏွင့္ ဘီလူးတစ္ေကာင္က မတ္တတ္ရပ္ေနခဲ့ေလသည္။
သူရသည္ အသံၾကား၍မ်က္လုံးဖြင့္ၾကည့္လိုက္ေသာအခါ ငထိုက္ကိုေတြ႕ရွိလိုက္သည္။ ထိုအခ်ိန္၌ လဲက်သြားသည့္ဘီလူးက ကုန္း႐ုန္းထလာကာ ငထိုက္ကို ခႏၶာကိုယ္ႀကီးႏွင့္ ဝင္တိုက္ျပစ္သည္။ ငထိုက္သည္လည္း ေနာက္ကိုပက္လက္လွန္လဲက်သြား၏။ ဘီလူးႏွစ္ေကာင္သတ္ပုတ္ေနသည္မွာ ေျမႀကီးပင္သိမ့္သိမ့္တုန္လ်က္ရွိသည္။
ငထိုက္သည္ေအာက္ကေရာက္ေနသည္။ သူ၏အေပၚမွဘီလူးက လက္ဝါးၾကမ္းႀကီးမ်ားျဖင့္ သူ႔အား တေရစပ္႐ိုက္ပုတ္ေနသည္။ ငထိုက္အေနႏွင့္ျပန္လည္တိုက္ခိုက္ရန္ မစြမ္းသာေခ်။ သူရသည္ ငထိုက္မွာတစ္ပြဲစားအဆင့္ပင္ရွိေသးေသာ္ေၾကာင့္ ဘီလူးအားမႏိုင္ႏိုင္ဘူးဆိုတာသိရွိသြားသည္။
ငထိုက္အား ႏႈတ္ကေန ရန္သူထက္ဘုန္းတန္ခိုးဆယ္ဆႀကီးမားေစရန္ အမိန္႔အာဏာစက္ျပန္လိုက္သည္။ ငထိုက္သည္ ေျမျပင္ေပၚ၌အလူးလဲခံေနရာမွ သူ၏ရင္ဘက္ကအင္းကြက္ေလးသည္ ေ႐ႊေရာင္တဝင္းဝင္းလတ္လာကာ သူ၏ဘုန္းတန္ခိုးမ်ားသည္လည္း အရင္ကထက္တိုးလာခဲ့၏။ သူ႔အား႐ိုက္ပုတ္ေနေသာ္ဘီလူး၏လက္ကို ဆြဲခ်ဳပ္က ေနာက္ကိုလွန္ခ်ပစ္လိုက္သည္။
ငထိုက္သည္ ေျမျပင္ကေနတမ္းထကာ ဘီလူးဆြဲႏႈတ္ထားေသာ္ သစ္ပင္ႏွင့္ပင္ ထိုဘီလူးအား႐ိုက္ေလသည္။ ငထိုက္သည္ ဘီလူးအားတေရစပ္႐ိုက္ေနေသာ္ေၾကာင့္ ဘီလူးမွာျပန္ခုခံရန္မတတ္သာပဲ ငထိုက္႐ိုက္သမွ်ေျမျပင္၌ အလူးအလဲခံေနရရွာသည္။ သူရသည္ငထိုက္အား ရပ္ေတာ့ရန္လွန္းေျပာလိုက္သည္။
“ရပ္ေတာ့ငထိုက္… သင့္ရဲ႕တာဝန္ၿပီးဆုံးၿပီျဖစ္လို႔သင္ျပန္ႏိုင္ၿပီ။”
ငထိုက္သည္ သူရအားဦးၫြန္႔ကာ ေနရာ၌ပင္ေပ်ာက္ကြယ္သြားခဲ့ေလသည္။ ငထိုက္ေပ်ာက္ကြယ္သြားသည္ႏွင့္ သူရသည္ ဆိုင္ရာပိုင္ရာနတ္ဘီလူးမ်ားကိုေခၚကာ ေျမျပင္ေပၚ၌လဲက်ေနေသာ္ သန္လ်က္ေစာင့္ဘီလူးကို အပ္ႏွင္ခဲ့ေလသည္။
သူရသည္ တားထားေသာ္စည္းကိုဖ်က္လိုက္သည္ႏွင့္ အစိမ္းေရာင္အလင္းတန္းတစ္ခုက သူရဆီတည့္တည့္မတ္မတ္ဝင္လာ၏။
သူရသည္ ေအာက္ပညာစက္ဆိုတာသိေသာ္ေၾကာင့္ ညာလက္ဆန္႔၍ကာၿပီး ေဘးသို႔စက္ပညာမ်ားကို လြင့္ပစ္လိုက္သည္။ ထိုပညာစက္အား ပစ္လိုက္သည့္သူမွာ ကေဝဆရာဦးထိန္သာပင္ ျဖစ္ေပေတာ့၏။ သူရသည္ သူ႔အားတိုက္ခိုက္လာသူမွာ ဦးထိန္သာဆိုတာသိလိုက္ရေသာ္လည္း အံ့ၾသျခင္းအလ်င္းမရွိေပ။
“ကိုးကြယ္ရတဲ့နတ္ဘီလူးမရွိတာနဲ႔… သင့္ရဲ႕ဟန္ေဆာင္မ်က္ႏွာဖုံးက… ခ်က္ခ်င္းကြာက်လာၿပီပဲဦးထိန္သာ။”
”မင္းကငါလုပ္တာေတြကိုသိေနပုံပဲ။”
”သိပ္သိတာေပါ့ဗ်ာ… ဒီ႐ြာက႐ြာေတာ္ရွင္ကို….ခင္ဗ်ားႏွင္ထုတ္ထားကတည္းက…. ခင္ဗ်ားဟာဒီပညာနဲ႔ေကာင္းတာလုပ္မဲ့သူမွမဟုတ္တာ။ ခင္ဗ်ားဒီ႐ြာကိုစေရာက္ကတည္းက…. ႏွင္ထုတ္လိုက္တဲ့​႐ြာေတာ္ရွင္က… ခင္ဗ်ားအေၾကာင္းအကုန္က်ဳပ္ကိုေျပာျပထားၿပီးသားပါ။
ခင္​ဗ်ားမိန္းမကို… ဒီ႐ြာက႐ြာသားႏွစ္ေယာက္က…. အရက္မူး​ၿပီးေစာ္ကားလိုက္တယ္။ ၿပီးေတာ့ခင္ဗ်ားမိန္းမကိုသတ္ျပစ္ခဲ့ၾကတယ္။ ဒါကိုခင္ဗ်ားကမေက်နပ္ပဲ.. တစ္႐ြာလုံးကိုေဆးဆရာအေယာင္ေဆာင္ၿပီး… ခင္ဗ်ားကိုးကြယ္ထားတဲ့နတ္ဘီလူးနဲ႔… အ​ေသသတ္ဖို႔စီစဥ္ထားတာမလား။
အျပစ္ရွိတဲ့သူက.. ခင္ဗ်ားမိန္းမကိုသတ္ခဲ့တဲ့လူႏွစ္ေယာက္တည္းပါ။ သူတို႔ကိုလဲတရားဥပေဒကအေရးယူၿပီးသား။ ဒါကိုခင္ဗ်ားကဘာလို႔… တစ္႐ြာလုံးကိုသတ္ခ်င္ေနရတာလဲ..ဦးထိန္သာ။”
“မဆိုးပါဘူး.. မင္းကိုငါအထင္ေသးမိတာမွားတာပဲ။ မင္းေျပာတာအကုန္မွန္တယ္။ ေအး… ငါဘာလို႔မေက်နပ္လဲဆိုေတာ့… ငါ့မိန္းမမွာကိုယ္ဝန္ႀကီးနဲ႔ကြ။ ဒါကိုအဲဒီသူေတာင္းစားေတြကအတင္းအဓမၼဖ်က္စီးၿပီးသတ္ျပစ္ခဲ့တာ။ ငါလုံးဝမေက်နပ္ႏိုင္ဘူး။ ဒီ႐ြာရဲ႕အုပ္ခ်ဳပ္မႈညံ့ဖ်င္းတာလဲပါသလို… ဒီ႐ြာရဲ႕လူႀကီးေတြသြန္သင္မဆုံးမထားတာလဲပါတယ္။ ငါတစ္႐ြာလုံးကိုအေသသတ္ျပစ္မယ္။ ေအး… မင္းကငါ့လမ္းကိုဝင္ရႈပ္တဲ့သူဆိုေတာ့…. မင္းကိုပါငါသတ္ရမွာပဲ။”
ဦးထိန္သာသည္ ဤကဲ့သို႔ေျပာၿပီးသည္ႏွင့္ သူ၏ညာလက္ထဲမွ ကေဝပညာစက္မ်ားကိုထုတ္လိုက္ကာ သူရထံပစ္လိုက္သည္။ သူရသည္လည္း အကာကြယ္အင္းကိုထုတ္ကာ ကာလိုက္၏။ ဦးထိန္သာသည္ ေနာင္တစ္ႀကိမ္ သူ၏လက္ႏွစ္ဖက္ကိုပူး၍ စိမ္းျပာေရာင္စက္တစ္မ်ိဳးကိုထုတ္ကာ သူရဆီပစ္လိုက္သည္။
သူရသည္ သူ၏ေခါင္းေပါင္းကိုခြၽတ္လိုက္ကာ ေလေပၚ၌ပစ္တင္လိုက္ၿပီး မႏၲာန္႐ြတ္လိုက္သည္ႏွင့္ ေခါင္းေပါင္းသည္ ေလထဲ၌ဝဲပ်ံကာ သူရအေရွ႕၌ကာထားေလသည္။ ဦးထိန္သာ၏ပညာစက္သည္ ေခါင္ေပါင္းႏွင့္ထိသြားသည္ႏွင့္ ႐ုတ္ခ်ည္းေပ်ာက္သြားေလ၏။
ဦးထိန္သာသည္ သူရ၏ေခါင္းေပါင္းပုဝါေလးအား ေသခ်ာစူးစိုက္ၾကည့္လိုက္ရာ၌ ေခါင္းေပါင္းေပၚ၌ အင္းစမကြက္ေပါင္းမ်ားစြာႏွင့္ နာနာ႐ူပံ႐ုပ္ေပါင္းမ်ားစြာ ေရးဆြဲထားသည္ကိုေတြ႕လိုက္ရသည္။ သူရသည္ မႏၲာန္ကိုေနာက္တစ္ပုဒ္ေျပာင္း႐ြတ္လိုက္ခ်ိန္၌ ေခါင္းေပါင္းမွာ အရွည္လ်ားတိုင္း လိပ္သြားကာ လွံတံစင္းကဲ့သို႔ ဦးထိန္သာထံပ်ံဝဲသြားသည္။
ဦးထိန္သာသည္ သူ၏ပညာစက္မ်ားႏွင့္ကာေသာ္လည္း မရေပ။ ေခါင္းေပါင္းသည္ ဦးထိန္သာ၏ရင္ၫြန္႔တည့္တည့္ကို ထိမွန္သြားသည္။ ဦးထိန္သာသည္ ဝမ္းဗိုက္မွတဆင့္ ေအာင့္လာကာ ရင္ဝ၌ဆို႔တက္လာၿပီး ပ်ိဳ႕အန္ေလ၏။ သူအန္လိုက္ခ်ိန္၌ သူ၏ပါးစက္အတြင္းမွ အစိမ္းေရာင္ကေဝပညာဗူးေလးထြက္က်လာသည္။
ကေဝပညာဗူးထြက္သြားသည္ႏွင့္ ဦးထိန္သာသည္ ခႏၶာတစ္ခုလုံးအားအင္မဲ့သြားကာ ေျမႀကီးေပၚပုံလ်က္လဲက်သြားသည္။ ေလထဲ၌ပ်ံဝဲေနေသာ္ေခါင္းေပါင္းေလးသည္ သူရထံသို႔ပ်ံဝဲလာကာ သူရ၏ဦးေခါင္း၌ ေပါင္းလွ်က္သာရွိေပ၏။
သူရသည္ ပုဝါတစ္ထည္ထုတ္၍ ကေဝပညာဗူးကိုကိုင္လိုက္ကာ လြယ္အိတ္ထဲကိုထည့္လိုက္ေလသည္။ ထို႔ေနာက္ ဦးထိန္သာအားေက်ာေပး၍ ႐ြာထဲကိုဝင္ရန္ ေျခလွမ္းႏွစ္ဆယ္ခန္႔လွမ္းၿပီးသည္ႏွင့္ ဦးထိန္သာ၏ခႏၶာကိုယ္သည္ မီးမ်ားထေတာက္ကာ ျပာတစ္မႈန္ပင္မက်န္ ေလာင္ကြၽမ္းသြားခဲ့ပါေလေတာ့သည္။
သူရသည္ေတာ့ မင္းကြတ္သီးေက်း႐ြာေလး၌ တစ္ညတာတည္းခို အိပ္စက္ခဲ့ၿပီး မနက္ေရာက္ခ်ိန္၌ လြယ္အိတ္ကေလးပခုံး၌ခ်ိတ္ကာ ေခါင္းေပါင္းေပါင္း၍ သူ၏မဟာဂႏၶာခရီးကိုျပန္လည္စတင္ခဲ့ေတာ့ေလသတည္း။
~~~~~
ၿပီးပါၿပီ။
ဤစာမူသည္ စိတ္ကူးအေတြးပုံရိပ္ခန္႔မွ်သာျဖစ္ေပသည္။ အမွားအယြင္းတစ္စုံတရာပါရွိခဲ့ပါက ေဝဖန္အႀကံေပးၾကပါရန္ ကြၽန္ေတာ္မိုးထြန္းမွ ေမတၱာရပ္ခံအပ္ပါသည္။
(ဆက္လက္ႀကိဳးစားပါဦးမည္။)
စာေရးသူ၊ စာဖတ္သူမ်ားအား
အစဥ္ထာဝရ၊ ခ်စ္ခင္ေလးစားလွ်က္
#မိုးထြန္း(မေကြး)