သေရွာပြန်ဖိုးအေး

သေရွာပြန်ဖိုးအေး (စဆုံး)

 

(၁)

 

အချိန်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစအချိန်ဖြစ်သည်။ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းတွင် သီလရွာဟုအမည်ရသည့် ရွာတစ်ရွာတည်ရှိသည်။ ထိုစဉ်က သီလရွာကလေးမှာ အိမ်ခြေတစ်ရာကျော်ခန့်သာရှိပြီး တောတောင်အနီးတွင်တည်ရှိသည့်ရွာကလေးဖြစ်သည်။ ထိုဒေသတစ်ဝိုက်တွင် သဘာဝသစ်တောကြီးများ အလွန်ထူထပ်ကာ မြင့်မားမက်စောက်လှသည့် တောင်တန်းများလည်းတည်ရှိနေပြန်သည်။ ရွာကလေး၏ အနီးမှလည်း နာမည်ကျော် မဲဇာမြစ်က ရစ်ခွေစီးဆင်းလျှက်ရှိနေသည်။ သီလရွာဟူသည့် အမည်အတိုင်း ရွာသူရွာသားများမှာ ဘာသာတရားကိုင်းရှိုင်းကြကာ လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်း၊ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများအပြင် သစ်တောအတွင်းသို့တက်ကာ သစ်ဥသစ်ဖုများကိုရှာဖွေခြင်း၊ သစ်တောထွက်ပစ္စည်းများကို ထုတ်ယူရောင်းချခြင်းစသည့်လုပ်ငန်းများဖြင့် အေးအေးချမ်းချမ်းအသက်မွေးလျှက်နေထိုင်ကြလေသည်။

 

“ဟေ့၊ ငါ့ကြက်ကို ဘယ်ခွေးကိုက်သွားတာလဲဟေ့”

 

မိုးမလင်းသေးခင်မှာပင် သီလရွာကလေးအတွင်း ကျယ်ကျယ်လောင်လောင်နှင့်အော်ဟစ်သံများကိုကြားရသည်။ လူတစ်ဦးမှာ ရွာလယ်လမ်းအတိုင်း ဓါးလွတ်တစ်ချောင်းကိုင်လျှက် လမ်းလျှောက်လာလေသည်။ မကြာခင် ခြံဝိုင်းတစ်ခုအရှေ့တွင်ရပ်လိုက်လေသည်။ ထိုလူအား အိမ်ပေါ်မှလူများက ဝိုင်းကြည့်နေကြသည်။

 

“ဗျို့ အရီးလှ၊ အရီးလှ၊ ထွက်ခဲ့စမ်းပါအုံးဗျာ”

 

“ဟဲ့ ဖိုးအေး၊ စောစောစီးစီး ငါ့အိမ်ရှေ့ဘာလို့ လာအော်နေရတာလဲဟဲ့”

 

“အောင်မယ်၊ ကျုပ်ကမနက်စောစောစီးစီး အေးအေးဆေးဆေးနှပ်နေချင်သေးတာဗျ၊ အခုက ခင်ဗျားမွေးထားတဲ့ ခွေးက ကျုပ်ခြံထဲက ကြက်ကိုဝင်ဆွဲသွားလို့ဗျ”

 

“သြော်၊ ခွေးပဲအေ၊ ကြက်လေးဘာလေးတော့ ဆွဲမှာတော့”

 

“ဘာဗျ၊ ကြက်လေးဘာလေးတဲ့လား၊ ခင်ဗျားမွေးထားတဲ့ခွေးက ရိုင်းလှပြီထင်တာ၊ ခင်ဗျားတို့က ခွေးထက်ပိုရိုင်းတာပဲဗျ”

 

“ဟဲ့ဖိုးအေး၊ မူးရင်လည်း ချောင်မှာသွားအိပ်နေလိုက်စမ်း၊ အဲဒီခွေး အောင်နက်က ငါတို့သနားလို့ကျွေးထားတဲ့ခွေးဟဲ့၊ မွေးထားတဲ့ခွေးမဟုတ်ဘူး”

 

“ကျွေးကျွေးမွေးမွေး ကျုပ်ကတော့မသိဘူးဗျာ၊ ကျုပ်ကြက်ဖကို ခင်ဗျားခွေးဆွဲသွားပြီ ခင်ဗျားတို့ဘယ်လိုလျော်ပေးမလဲ”

 

“အောင်မယ် ဖိုးအေးရဲ့၊ ငါဆွဲတာမှမဟုတ်တာ၊ ခွေးဆွဲသွားတာပဲဥစ္စာ၊ နင်တောင်းချင်ရင် ခွေးဆီမှာသွားတောင်းပေါ့”

 

ဖိုးအေးက ဒေါ်သထွက်ထွက်နှင့် ခြံစည်းရိုးတိုင်အား ဓါးဖြင့်လွှဲခုတ်လိုက်လေသည်။ ထိုစဉ် ဘယ်အချိန်ကတည်းက ဖိုးအေးကိုကိုက်ချင်နေမှန်းမသိသည့် အောင်နက်က ဖိုးအေးအနောက်သို့ရောက်လာကာ ဖိုးအေးလစ်ပြီအထင်နှင့် ပြေးကိုက်လေသည်။ ဖိုးအေးကလည်း ခေသူမဟုတ်သဖြင့် အောင်နက်ပြေးလာသည်ကိုဖြတ်ခနဲမြင်လိုက်ကာ ကိုယ်ကိုအသာလှိမ့်ရှောင်လိုက်သည်။ အောင်နက်ကိုက်ချက်မှာ ဖိုးအေး၏ ပေါင်ရင်းအားမထိတော့ဘဲ လေထဲတွင်သာကိုက်မိသွားသည်။ ဖိုးအေးကလည်း လျှင်မြန်သူမို့ လက်ထဲမှဓါးဖြင့် အောင်နက်ကိုခုတ်ထည့်လိုက်တော့။ ဖိုးအေး၏ ဓါးချက်က အောင်နက်၏ ရှေ့ခြေတစ်ချောင်းအား ခုတ်မိသွားကာ အောင်နက်ခြေထောက်မှာ ပြတ်လုပြတ်ချင်အဖြစ်တွဲကျသွားသည်။

 

“အောင်မယ်၊ ဒီခွေးက ငါ့ကိုလာစမ်းတယ်ပေါ့”

 

အောင်နက်မှာ အခြေအနေမဟုတ်သဖြင့် လှည့်ပြေးတော့သည်။ သို့သော်လည်း ရှေ့ခြေတစ်ဖက် ပြတ်ထွက်နေသဖြင့် ခုန်ဆွခုန်ဆွဖြင့်သာ ပြေးရသည်။ ဖိုးအေးက အောင်နက်အားကြည့်ရင်း

 

“အေး၊ ပြေးစမ်း၊ မင်းဘယ်လောက်ပြေးနိုင်သလဲဆိုတာ ငါကြည့်စမ်းမယ်၊ ဟေ့ကောင်အောင်နက်၊ မင်းငါ့လက်က လွတ်အောင်ပြေး”

 

ဖိုးအေးမှာ ဓါးကြီးကိုင်လျှက် အောင်နက်အနောက်သို့ အပြေးလိုက်လေတော့သည်။ အောင်နက်မှာလည်း သေငယ်ဇောဖြင့် အားကုန်ပြေးလေသည်၊ သို့သော်လည်း ဖိုးအေးခြေလှမ်းနှင့် ပြိုင်မပြေးနိုင်သဖြင့် မကြာခင်မှာပင် ဖိုးအေးက အောင်နက်အားမီသွားကာ အောင်နက်ကို ဓါးဖြင့်လှမ်းခုတ်လိုက်သည်။ ဖိုးအေး၏ ဓါးချက်မှာ အောင်နက်၏ လက်ဝဲဘက်ဗိုက်ကိုထိမှန်သွားကာ ပေါင်ကိုလည်းဖြတ်ထွက်သွားသည်။ သို့သော်လည်း အောင်နက်မှာ အပြေးမရပ်ဘဲ ဆက်ပြေးလေသည်။ ပေါင်တစ်ချောင်းကိုထိသွားသည်မို့ အောင်နက်၏ ပြေးအားလျော့လာလေသည်။ ဗိုက်တွင်ဓါးချက်ထိထားသည့် နေရာမှလည်း အူများက အခွေလိုက်ထွက်ကျလာကာ မြေပြင်တွင် တရွတ်တရွတ်နှင့် အတန်းလိုက်ကြီး တရွတ်ဆွဲပါသွားသည်။

 

အောင်နက်၏ အော်သံ၊ ဖိုးအေး၏ ဆဲဆိုကြိမ်းမောင်းသံများကြောင့် သီလရွာကလေးမှာ ဆူညံနေလေသည်။ နောက်ဆုံးအောင်နက်မှာ မဟန်တော့သဖြင့် ရွာလယ်လမ်းဆုံအနီးအရောက်တွင် ခွေကျသွားလေတော့သည်။ ဖိုးအေးက အောင်နက်ကို ကျေကျေနပ်နပ်ကြီးကြည့်ရင်း

 

“သေစမ်း၊ သေစမ်း၊ မင်းအခုတော့ ဘယ်ကိုပြေးမလဲအောင်နက်ရ ဟား၊ ဟား”

 

အောင်နက်ပါးစပ်ထဲမှ အမြှုပ်များက တစီစီကျလာလေသည်။ အောင်နက်မှာမောပန်းလွန်းသဖြင့် အသက်ကိုပင်မနည်းရှူနေရသည်။ ဖိုးအေးမှာထိုသည်ကိုပင် အရသာခံကာကြည့်ရှုနေလေသည်။

 

“ငါမင်းကိုမသတ်ဘူး၊ ငါမင်းကိုလွယ်လွယ်နဲ့ ပေးမသေပါဘူးကွ၊ မင်းရောဂါဝေဒနာတွေ ခံစားပြီးတော့ အသေဆိုးနဲ့သေတာကို ငါကအေးအေးဆေးဆေးထိုင်ကြည့်ချင်တာကွ”

 

အောင်နက်မှာပြင်းထန်သည့်ဝေဒနာဖြင့်် လဲလျှောင်းနေလေသည်။ အားလျော့သွားသည့်အခါ အောင်နက်မျက်လုံးအစုံမှိတ်လျှက် လဲကျသွားသေးသည်။ ထိုအခါ ဖိုးအေးက အောင်နက်၏ လည်ကုတ်အတွင်းသို့ ဓါးဦးချွန်ဖြင့်ထိုးလည့်လိုက်သည်။ မျက်လုံးမှိတ်သွားသည့် အောင်နက်လည်း တစ်ဖန်မျက်လုံးပြန်ပွင့်လာသည်။

 

“မရဘူး၊ မင်းမေ့သွားလို့မဖြစ်ဘူး၊ ဒီဝေဒနာတွေကို မင်းမသေမချင်းခံစားရအုံးမှာကွ”

 

အောင်နက်မှာ နာရီဝက်ခန့်ကြာသည့်အခါမှ တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနှင့် သေဆုံးသွားလေတော့သည်။ ရွာသားများမှာ ဖိုးအေးကိုမပြောရဲကြသဖြင့်် အဝေးမှသာ ချောင်းကြည့်ကြလေသည်။ ဖိုးအေးမှာ အောင်နက်ခေါင်းကိုခြေထောက်နှင့်တင်ကာ အောင်ပွဲခံနေလေသည်။ ထိုအဖြစ်အား ရွာလူကြီး ဦးရေချမ်းက တွေ့သွားကာ ထွက်လာလေသည်။

 

“ဖိုးအေးရာ၊ မင်းတော်တော်မိုက်တဲ့ကောင်ပဲကွာ၊ ခွေးထက်မိုက်လို့ ခွေးနဲ့ပြိုင်ပြီး ရန်ဖက်ဖြစ်ရတယ်လို့ကွာ”

 

“အိုဗျာ၊ ခွေးတွေဘာတွေ ကျုပ်နားမလည်ဘူး၊ ကျုပ်နားလည်တာကတော့ ကျုပ်ကိုလူပဲဖြစ်ဖြစ် ခွေးပဲဖြစ်ဖြစ် ဘယ်သူမှလာစော်ကားလို့မရဘူး၊ ဖိုးအေးကို လုံးကြီးလာတင်မယ်ဆိုရင် ဖိုးအေးက အဲဒီလူခေါင်းပေါ်ကို လုံးကြီးတင်ပြီးတော့ ဆန်ခတ်ပေးလိုက်မယ်ဗျ၊ နားလည်လား”

 

ဦးရေချမ်းမှာ ခေါင်းသာတွင်တွင်ခါလေသည်။ ဖိုးအေးမှာ သေဆုံးနေသည့် အောင်နက်အား အမြှီးမှကိုင်ကာ ရွာလယ်လမ်းတွင် တရွတ်တိုက်ဆွဲသွားသည်။

 

“ငါ့ကိုစော်ကားတဲ့ခွေး၊ မင်းရဲ့အရသာ ဘယ်လိုနေမလဲဆိုတာ ငါမြည်းစမ်းကြည့်အုံးမယ်ကွ၊ ဟား၊ ဟား”

 

ထိုသို့လည်း ရေရွတ်သွားသေးသည်။

 

(၂)

 

သီလရွာတွင် ဖိုးအေးဆိုလျှင် ကလေးမှအစ ခွေးအဆုံးအထိ မသိသူမရှိပေ၊ မသိကြသည်မှာလည်း ကောင်းမွန်သောကြောင့်မဟုတ်ဘဲ အလွန်တရာဆိုးသွမ်းသောကြောင့်ဖြစ်သည်။ ရွာသူရွာသားအတော်များများမည်သူမှ ဖိုးအေးအားအဆက်အဆံမလုပ်ကြ၊ ဖိုးအေးလာလျှင်ပင် ငိုနေသည့်ကလေးမှာ အသံတိတ်သွားကာ၊ ဟောင်လွန်းသည့်ခွေးပင် အမြှီးကုပ်၍ နေလေသည်။ ဖိုးအေးမှာ ကလေးငိုသံကြားလျှင် ဆူညံသည်ဟုဆိုကာ ပြဿနာရှာတတ်သကဲ့သို့ ခွေးတစ်ကောင်တစ်လေက သူ့အားဟောင်လျှင်လည်း ထိုခွေးအား မရမကလိုက်လံသတ်ဖြတ်ကာ အနိုင်ယူပြလေ့ရှိသည်။

 

ဖိုးအေးလုပ်သည့်အလုပ်မှာလည်း အကုသိုလ်ပြည့်နှက်နေသည့် မုဆိုးအလုပ်ဖြစ်သည်။ ထိုရွာအနီးတစ်ဝိုက်တွင် နက်ရှိုင်းသည့် တောနက်ကြီးများရှိသည်မို့ တောကိုမှီတင်းနေထိုင်ကြသည့် သားကောင်များမှာလည်း ပေါများလှသည်။ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ တောဝက် စသည့်တောကောင်များမှာ သိပ်ဝေးဝေးလံလံရှာမဖွေရပေ၊ ဖိုးအေးတစ်ယောက် မနက်ခင်းလင်းသည်နှင့် ဒူးလေးတစ်လက်ကိုင်ကာ တောလိုက်စမြဲဖြစ်သည်။

 

တောမလိုက်သည့်အခါတွင်လည်း ဖိုးအေးမှာ သားသတ်သမားဖြစ်တော့သည်။ ကိုယ်တိုင်လည်း ကြက်၊ ဝက်၊ ဆိတ်များကိုမွေးမြူထားသလို အခြားသူများမွေးမြူထားသည့် ဆိတ်၊ ဝက်၊ နွားများကိုလည်း သက်ရှိအကောင်အဖြစ်မှ အသားတွဲများအဖြစ်သို့ ပြောင်းလဲပေးရသည့်လုပ်ငန်းကိုလည်း ဖိုးအေးအထူးကျွမ်းကျင်ပေသည်။ ဖိုးအေးအတွက် တောအရက်တစ်လုံးနှင့် အသားတစ်ပိဿခန့်ရလျှင် ကျေနပ်ပြီဖြစ်သည်။ ဖိုးအေး၏ မိဘများမှာ ဘာသာတရားကိုင်းရှိုင်းကြသူများဖြစ်သော်လည်း ဖိုးအေးမှာတော့ သြကာသပင် အလွတ်မရလောက်အောင်ကို ဘာသာတရားအားနည်းလွန်းလှပြီး အချိန်ပြည့်သောက်စားမူးယစ်နေကာ၊ အကုသိုလ်အလုပ်များသာ နေ့စဉ်ပြုလုပ်နေလေ့ရှိသည်။ ယခုလည်း အိမ်သို့ ခွေးသေကောင်ကြီးတရွတ်ဆွဲကာ ရောက်လာပြန်သည်။

 

ဖိုးအေးက ဓါးထမ်းကာ လေကလေးတချွန်ချွန်ဖြင့် ခွေးသေကောင်အား တရွတ်ဆွဲကာ ခြံဝိုင်းအတွင်းသို့ ဝင်လာခဲ့သည်ကို မိခင်ဖြစ်သူ ဒေါ်စောကတွေ့မြင်လိုက်လေသည်။

 

“အလိုလေး၊ ဖိုးအေးရယ် စောစောစီးစီး ဘယ်ကခွေးကိုသွားသတ်လာပြန်ပြီလဲ”

 

“အို အမေကလည်းဗျာ၊ သွားသတ်လာတာမဟုတ်ဘူးဗျ၊ လက်စားချေလာတာ၊ ဘယ့်နှယ့်ဗျ၊ ဒီခွေးက ကျုပ်တို့ခြံကိုပတ်ပတ်ချောင်းနေတာ သုံးလေးရက်ရှိနေပြီအမေရ၊ ခုမနက်လည်း ကျုပ်ကြက်ဖကြီးပျောက်သွားတယ်လေဗျာ၊ အဲဒါ ဒီခွေးဆွဲတာမဟုတ်လို့ ဘယ်ခွေးဆွဲတာဖြစ်ရမှာလည်း”

 

“အောင်မယ်လေး ဖိုးအေးရယ်၊ နင်ကတော့ မပြောမဆိုနဲ့လုပ်ချလိုက်ပြန်ပြီ၊ ငါ့ကိုတစ်ခုခုမေးပါတော့လား၊ နင့်ကြက်ဖကို နင့်ရဲ့သူငယ်ချင်း အောင်ပုက မနက်အစောကြီးလာယူသွားတာဟဲ့”

 

“ဟာ အမေကလည်း၊ ကျုပ်လည်း ဘာမှမသိလိုက်ရပါလားဗျာ”

 

“ဘယ်သိမလဲ၊ နင်က ညတုန်းက လူမှန်းသူမှန်းမသိအောင် သောက်ပြီးတော့ အိပ်နေတာကိုး၊ အောင်ပုလည်း နင့်ကိုခေါ်နှိုးပါသေးတယ်၊ ဒါပေမယ့် နင့်ကိုနှိုးလို့ နင်စိတ်ဆိုးမှာကြောက်လို့ဆိုပြီး ကြက်ကိုပဲယူသွားခဲ့တာပဲ”

 

ထိုတော့မှ ဖိုးအေးလည်း သူမှားမှန်းသိလိုက်ပြီဖြစ်သည်။ သူတရွတ်တိုက်ဆွဲလာသည့်် အောင်နက်အလောင်းကောင်ကြီးမှာတော့ ဖုန်အလိမ်းလိမ်း၊ သွေးအလိမ်းလိမ်းဖြင့် ပေကျံနေလေသည်။

 

“နင်နဲ့တော့ခက်ပါတယ် ဖိုးအေးရယ်၊ နင့်အထင်တစ်ခုနဲ့ သူများအသက်ကို သတ်လိုက်ရသလားဟဲ့”

 

“အိုဗျာ၊ အမေကလည်း ဒီကောင်အောက်နက် တကယ်ခိုးစားတာမဟုတ်ပေမယ့်လည်း သူ့သခင် အရီးလှကတော့ တော်တော်အကြောတင်းတာဗျ၊ သူ့ကိုကြည့်မရတာလဲပါတယ်”

 

“ဒုက္ခပါပဲ ဖိုးအေးရယ်၊ ငါ့သားလေး အေးအေးဆေးဆေးဖြစ်ပါစေဆိုပြီး နင့်နာမည်ကို ဖိုးအေးလို့ပေးထားတာတော့ မှားပြီထင်ပါတယ်ဟယ်၊ အခုတော့ မအေးတဲ့အပြင် နင်က အပူလုံးသက်သက်ဖြစ်နေတာ၊ နင့်နာမည်ကိုလည်း ဖိုးအေးကနေပြီးတော့ အကုသိုလ်ကောင်လို့ နာမည်ပြောင်းပေးရမလိုဖြစ်နေပါပြီ၊ ဟင်း”

 

ဖိုးအေးက အလွန်ကျေနပ်သွားသည့်ပုံဖြင့်

 

“အကုသိုလ်ကောင်တဲ့ ဟား ဟား၊ မဆိုးဘူးအမေ ဒီနာမည်ခေါ်လို့ကောင်းတယ်”

 

ဖိုးအေးမှာ ရွဲ့ပြော၍ပြောမှန်းမသိဘဲ ပြုံးဖြီးဖြီးလုပ်နေလေရာ ဒေါ်စောမှာဖိုးအေးကိုမျက်စောင်းထိုးကာ အံ့ကိုကြိတ်လိုက်ရတော့သည်။

 

“ကဲပါအမေရာ၊ ဘာပဲပြောပြော၊ မကြာခင် အောင်နက်အရသာကို မြည်းစမ်းကြည့်ကြတာပေါ့”

 

“အလိုတော်၊ ခွေးသားငါမစားပါဘူး၊ နင်ပဲစား၊ နင်ပဲစားစမ်းပါ”

 

“အမေမစားဘူးဆိုတော့လည်း ကျုပ်တစ်ယောက်တည်း တဝကြီးစားရတာပ၊ ကျေးဇူးပါအမေရေ”

 

ဖိုးအေးမှာ ခွေးကြီးကိုအိမ်နောက်ဖေးသို့ဆွဲသွင်းလိုက်ကာ အမဲဖျက်ပြီး စားသောက်ရန်အတွက်ချက်ပြုတ်နေလေတော့သည်။ ဖိုးအေးတွင် အဖေမရှိတော့ပေ၊ ဖိုးအေးအဖေမှာ ဂျပန်ခေတ်ကတည်းက ဗုံးစမှန်ကာ သေဆုံးခဲ့သည်။ ဖိုးအေးမိခင်မှာ ဒေါ်စောဖြစ်သည်။ ဒေါ်စောမှာလည်း လွန်ခဲ့သည့်ဆယ်နှစ်ခန့်က လှည်းပေါ်မှပြုတ်ကျသည့်ဒဏ်ရာကြောင့် ခါးရိုးကျိုးသွားကာ အောက်ပိုင်းသေသွားခဲ့သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စားဝတ်နေရေးအတွက် ဖိုးအေး၏ အကုသိုလ်အလုပ်ကိုသာ မှီခိုနေရလေသည်။ ဖိုးအေးမှာ အခြားသူများအပေါ်မကောင်းသော်လည်း မိခင်ကြီးအပေါ်တော့ ကောင်းရှာသည်။

 

ချက်ပြုတ်ကျွေးမွေးသည်မှအစ၊ မိခင်ကြီး၏ ချေးဝတ်သေးဝတ်များ လျှော်ဖွပ်ပေးခြင်း၊ မိခင်ကြီးအား ရေမိုးချိုးပေးခြင်းတို့ကို မညည်းမညူလုပ်ပေးရှာသည်။ ထို့ကြောင့်လည်း ရွာမှလူများက ဖိုးအေးအား သူ၏မိခင်မျက်နှာဖြင့် ပြောဆိုဆက်ဆံနေကြခြင်းဖြစ်သည်။

 

ထိုစဉ်ခြံထဲသို့ မိန်းကလေးတစ်ဦးဝင်လာသည်။ အိမ်ရှေ့နားတွင်ထိုင်နေသည့် ဒေါ်စောကိုကြည့်ကာ

 

“အဒေါ်ရေ၊ ကိုဖိုးအေးရှိသလားတော့”

 

“သြော်၊ ကြာညိုရေ၊ ရှိပါ့တော်၊ နင့်အကိုအနောက်မှာရှိပါ့”

 

ကြာညိုဆိုသည့်မိန်းကလေးမှာ အိမ်နောက်ဖေးသို့ပတ်သွားလိုက်လေသည်။ ကြာညိုမှာ ဖိုးအေးထက် အသက်ငါးနှစ်ခန့်ငယ်လေသည်။ ရွာလူကြီး ဦးရေချမ်း၏ သမီးထွေးလည်းဖြစ်ပြန်သည်။ ကြာညိုဝင်လာရင်း အိမ်နောက်ဖေးသို့ရောက်သည့်အခါ ဖိုးအေးတစ်ယောက် အောင်နက်ကြိးကိုဖျက်နေလေသည်။

 

“ကိုဖိုးအေး၊ ဘာကောင်ကြီး ရလာပြန်တာတုန်းတော့”

 

“ဟာ၊ လန့်လိုက်တာ ကြာညိုရာ၊ ဘာကောင်လည်းဆိုတော့ ခွေး . . . အဲ အဲလေ၊ ချေကောင်ပါဟ”

 

ခွေးခေါင်းဖြတ်ထားပြီး အရေခွံဆုတ်ထားသဖြင့် ကြာညိုလည်း ဖိုးအေးစကားကိုယုံကြည်သွားလေသည်။

 

“ဒါနဲ့ ရွာထဲမှာ ငါ့သတင်းတွေ ဘာတွေပြောနေကြသလဲ”

 

“ဘာမှမကြားပါဘူး”

 

“အော်၊ အေး၊ မကြားရင်လည်း ပြီးတာပါပဲ၊ ဒါနဲ့ ဘာကိစ္စရှိလို့လဲ”

 

“ဘကြီးက အစာအိမ်သိပ်မကောင်းလို့ ကိုဖိုးအေးဆီမှာ ဖြူအူများရှိမလားဆိုပြီး လာကြည့်တာ”

 

ု”ဖြူအူက ကုန်ပြီဟ၊ နောက်နေ့ဖြူရရင်တော့ နင်တို့အိမ်ကိုဝင်ပေးမယ်လေ၊ သြော် ဒါနဲ့ ချေသားယူသွားပါအုံးလား၊ ချေသားက လူနဲ့တည့်တယ်ဟ၊ နင့်အဖေ ဦးရေချမ်း ဒူလာထလို့ဆို၊ ချေသားက ဒူလာကောင်းတယ်ဟ”

 

“ကိုဖိုးအေး အလကားပေးရင်တော့ ယူမှာပေါ့တော်”

 

ဖိုးအေးက တစ်ချက်ပြုံးလိုက်ကာ ပေါင်သားနှင့် လက်ပြင်သားအနည်းငယ်ကိုလှီးဖြတ်ပေးလိုက်လေသည်။

 

“ဒီနေ့တော့ ချေကောင်သေးလို့ အသားကြီးကြီးမရဘူးဟာ၊ ရတာပဲစား၊ ဟုတ်ပြီလား”

 

“ကျေးဇူးပါတော်၊ အိမ်မှာဒီနေ့ အသားဟင်းမချက်တာနဲ့အတော်ပဲ၊ အဖေက အရမ်းကြိုက်မှာတော့”

 

ကြာညိုမှာ ပြောဆိုပြီးနောက် ဖိုးအေးထည့်ပေးလိုက်သည့် အသားတွဲကိုကိုင်ကာ အိမ်ထဲမှပြေးထွက်သွားလေတော့သည်။ ဖိုးအေးလည်း ကြာညိုပြေးထွက်သွားသည်ကိုကြည့်ရင်း ရယ်မောနေမိသည်။

 

ကြာညိုမှာလည်း တစ်မျိုးထူးဆန်းသူဖြစ်သည်။ ရွာထဲတွင် လူဆိုးလူမိုက်စာရင်းသွင်းထားသည့် မုဆိုးကြီးဖိုးအေးကိုမှ စိတ်လည်နေမိသူဖြစ်သည်။ ဆိုးကြ၊ မိုက်ကြ၊ ရိုင်းကြသည့် လူမိုက်ကြီးများကိုမှ ချစ်ခင်တတ်သည့် မိန်းကလေးများ၏ ထူးဆန်းသောစိတ်ကြောင့်ဖြစ်မည်ထင်သည်။ ကြာညိုမှာ မီးဖိုခန်းသို့ အသားတွဲကိုင်ကာပြေးလာလေသည်။ ကြာညို၏အမေ ဒေါ်ပြူးက သမိးဖြစ်သူကိုကြည့်ရင်း

 

“ဘယ်လိုလဲ၊ ဖိုးအေးဆီက ဖြူအူရလာသလား”

 

“ဖြူအူတော့မရဘူး၊ နောက်နေ့ဖြူတွေ့တော့ လာပေးမယ်တဲ့၊ ဟောဒီမှာ ချေသားပဲရလာတယ်”

 

“အမယ်လေး၊ ဟန်ကျတာပေါ့၊ ဒီနေ့အိမ်မှာအသားဟင်းမရှိလို့ နင်တို့အဖေအတွက် ကြက်ဥကြော်ပေးမလားလို့ စဉ်းစားနေတာ၊ အတော်ပဲဖြစ်သွားတယ်”

 

“ကိုဖိုးအေးက ပြောလိုက်သေးတယ်၊ အဖေ့လို ဒူလာရောဂါသည်က ချေသားစားရင်ကောင်းတယ်တဲ့အမေ”

 

ဒေါ်ပြူးက ကြာညိုကိုတစ်ချက်ကြည့်လိုက်ရင်း

 

“ဒါနဲ့ နင့်မျက်နှာက ပြုံးဖြီးနေပါလား ညိုမ၊ နင်ဘာဖြစ်တာလဲ”

 

အမေပြောလိုက်သဖြင့် ကြာညိုမှ ခပ်တန်းတန်းဖြစ်သွားလေသည်။

 

“ညည်းကြည့်လိုက်ရင် ဖိုးအေးအကြောင်းပြောလိုက်တာနဲ့ ပျော်နေတာပဲနော်၊ ညည်း ဖိုးအေးကိုများ ကြိုက်နေတာလား”

 

“အို အမေကလည်း ဘာတွေပြောနေသလဲမသိဘူး”

 

“ငါကတော့ တစ်ခွန်းထဲပြောလိုက်မယ်၊ ဖိုးအေးလိုကောင်နဲ့ကြိုက်လို့ကတော့ ညည်းပါအိမ်ပေါ်ကနေဆင်းပဲ၊ အဲဒီလိုကောင်နဲ့ ငါတို့ကတော့ မပတ်သက်နိုင်ဘူး”

 

“အို အမေကလည်း ကိုဖိုးအေးက လူကောင်းတစ်ယောက်ပါအမေရဲ့”

 

“ဘာကောင်းတာလဲ၊ အားအားရှိ အရက်သောက်လိုက်၊ ဒူးလေးကိုင်ပြီး အမဲပစ်လိုက်နဲ့လုပ်နေတဲ့ အကုသိုလ်ကောင်ကိုများ”

 

“အမေရယ် ကိုဖိုးအေးကို ဒီလိုမျိုး မှိုချိုးမျှစ်ချိုးတော့ မပြောပါနဲ့၊ အရက်သောက်တယ်ဆိုတာလည်း ကိုဖိုးအေးတစ်ယောက်တည်း ဒီရွာမှာ အရက်သောက်တာမှမဟုတ်တာ၊ ဒီရွာမှာ ယောက်ျားလေးမှန်ရင် အရက်သောက်တာဆန်းသလားအမေရ၊ အမေ့သမက်တွေတောင်မှ အရက်သောက်ကြတာပဲကို”

 

“တယ်၊ ဒီကောင်မလေးကတော့ ငါ့သမက်တွေ အရက်သောက်တယ်ဆိုတာ လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီးလို့ ခြေဆင်းလက်ဆင်းကောင်းအောင်ဆိုပြီး နည်းနည်းပါးပါးသောက်တာဟဲ့၊ နင့်အကောင်က တစ်နေကုန်အရက်ကလေးတမြမြနဲ့ ပြီးတော့ ဒူးလေးကိုင်ပြီး အမဲလိုက်သေးတယ်”

 

“အမဲလိုက်တာ ဘာဆိုးလို့လည်းအမေရာ၊ လယ်သမားလယ်စိုက်သလို၊ မုဆိုးအမဲလိုက်တာ ဘာဆန်းလဲ၊ ပြီးတော့ ကိုဖိုးအေးက အဲဒီနှစ်ခုကလွဲလို့ ဘာမှမဆိုးပါဘူး၊ သူ့အမေအပေါ်ဆိုရင်လည်း သိပ်သိတတ်တာပဲ၊ ပြီးတော့ သူက အရက်သာသောက်နေတယ် ရွာကမိန်းကလေးတွေအပေါ် ထိကပါးရိကပါးလုပ်တာ အမေမြင်ဖူးလို့လား၊ ရန်ဖြစ်တယ်ဆိုတာကလည်း ဆယ်ခါတစ်ခါပါအမေရာ၊ သူ့အပေါ်လူပါးဝလို့ သည်းမခံနိုင်လို့ ရန်ထဖြစ်တာပါ”

 

“အောင်မယ်လေးတော်၊ ဟဲ့ညိုမ ညည်းကိုညည်းလင်ဖိုးအေးက ဘယ်လောက်ပေးထားလို့ ညည်းက သူ့ဘက်ကနေရှေ့နေလိုက်ပေးနေရတာလဲ”

 

ကြာညိုဘာမှမပြောဘဲ တခစ်ခစ်သာရယ်တော့သည်။

 

“ငါပြောပြီးသားနော်၊ ညည်းတို့ကြိုက်တဲ့လူကို လင်ရွေးပြီးယူနိုင်တယ်၊ ဒါပေမယ့် ဖိုးအေးနဲ့ဆိုလို့ကတော့ ညည်းကိုပါအိမ်ပေါ်ကနေ ကန်ချလိုက်မှာ”

 

“ကန်ချပေါ့အမေရ၊ အမေ့အိမ်က ကျဉ်းကျဉ်းလေး၊ ကိုဖိုးအေး အိမ်ကအကျယ်ကြီးပဲ”

 

“တယ်ဒီကောင်မလေးတော့ ယောက်မစာမိတော့မယ်”

 

ဒေါ်ပြူးက ယောက်မဖြင့်ပြင်သဖြင့် ကြာညိုလည်း မီးဖိုခန်းအပြင်သို့ ထွက်ပြေးရလေတော့သည်။

 

(၃)

 

အောင်နက်အသားကို စပါးလင်နိုင်နိုင်ဖြင့် မွှေးကြိုင်နေအောင်ချက်ကာ ဖိုးအေးတစ်ယောက် အရက်တစ်ပိုင်း၊ ထမင်းနှစ်လုံးချက်ဖြင့် အားရပါးရစားသောက်နေလေတော့သည်။ စားသောက်ပြီးသည့်အခါ ဗိုက်အင့်လာကာ ငိုက်မြည်းစပြုလာသည်။ ယနေ့မှ အချိန်တွေက အကုန်နှေးနေလေသည်။ ချက်ပြုတ်စားသောက်ပြီးစီးသော်လည်း နေမွန်းလွဲရုံသာရှိသေးသည်။

 

“အင်း၊ ငါဒီအတိုင်းထိုင်နေလို့မဖြစ်ဘူး၊ ကြာညိုက ဖြူအူလိုချင်တယ်လို့ပြောတယ်မဟုတ်လား၊ သူ့အတွက် ဖြူကြီးကြီးတစ်ကောင်လောက် သွားရှာပေးရင်ကောင်းမယ်”

 

အမှန်အတိုင်းဆိုရလျှင် ဖိုးအေးလည်း ကြာညိုအား မေတ္တာရှိနေလေသည်။ သို့သော်လည်း ကြာညိုအားဖွင့်မပြောရဲပေ၊ သူက အရက်သမား၊ မုဆိုး၊ အခြေအနေမဲ့ဖြစ်ကာ ကြာညိုမှာတော့ ရွာမျက်နှာဖုံး၊ တစ်ရွာလုံးက လေးစားရသည့် သူကြီး၏ သမီးထွေးဖြစ်နေပြန်သည်။ ဖိုးအေးကိုယ်တိုင်ကလည်း အောက်ပိုင်းသေနေသည့် အမေကြီးကိုပြုစုနေရသည်မို့ မိန်းမယူမည့်အရေးကို ခေါင်းရှုပ်ခံပြီးတွေးမနေသေးဘဲ ကြာညိုနှင့် ပိုနေမြဲကျားနေမြဲ ဆက်ဆံပေါင်းသင်းနေခြင်းဖြစ်သည်။

 

ဖိုးအေးလည်း အိမ်နံရံတွင်ချိတ်ထားသည့် လက်စွဲတော်ဒူးလေးကြီးကိုယူလိုက်ကာ မြှားတံထည့်သည့် ကျည်တောက်အား ခါးတွင်ချိတ်ဆွဲလိုက်ပြီး တောခုတ်ဓါးခပ်ရှည်ရှည်တစ်လက်ယူကာအိမ်အောက်မှထွက်လာခဲ့သည်။ ထိုစဉ် အိမ်ပေါ်ထပ်အရှေ့ခန်းတွင် မိခင်ဖြစ်သူ၏ ဘုရားရှိခိုးသံကို ကြားနေရလေသည်။

 

“အမေရေ၊ ကျုပ်တောလည်ထွက်လိုက်အုံးမယ်ဗျာ”

 

“ဟဲ့ ဖိုးအေး၊ မွန်းတောင်လွဲနေပြီ ဒီအချိန်ကြီးကျမှ သွားမလို့လား”

 

“ကြာညိုက ဖြူအူလိုချင်တယ်ပြောလို့အမေရ၊ အဲဒါ ကျုံးတောင်ဘက်ကို ခြေဆန့်ကြည့်မလို့”

 

“အောင်မယ်လေး ဖိုးအေးရယ်၊ သွားစရာနေရာရှားလို့ ကျုံးတောင်ကိုသွားမယ်တဲ့လား၊ လူတွေပြောတာ မင်းမကြားဖူးဘူးလား၊ ကျုံးတောင်နားမှာ မြေအောက်မှာအောင်းပြီးနေကြတဲ့ ဘီလူးသိုက်ရှိတယ်တဲ့”

 

“ဟာ၊ ဒါတွေကျုပ်မယုံပါဘူးအမေရာ၊ ဘီလူးသိုက်ရှိတယ်ဆိုရင်လည်း ဘီလူးတွေ့ဖူးတာပေါ့ဗျ၊ ကျုပ်ဒူးလေးနဲ့ အဲဒီဘီလူးကောင်ကို သမလိုက်ရင် ဘီလူးသားတောင် စားချင်စားရမှာအမေရ”

 

“မင်းနဲ့တော့ ခက်ပါတယ် ဖိုးအေးရယ်”

 

“သြော်၊ ဒါနဲ့ သတ္တဝါတွေကို ဘေးကင်းပါစေဆိုပြီး မေတ္တာတွေဘာတွေ သိပ်ပို့မနေနဲ့အမေရ၊ အမေ မေတ္တာပို့လို့ ကျုပ်တောကောင်မရမှ သားအမိနှစ်ယောက် ထမင်းငတ်နေအုံးမယ်၊ ဟက်၊ ဟက်”

 

မိခင်ဖြစ်သူအား ရယ်ကျဲကျဲပြောကာ ဖိုးအေးတစ်ယောက်အိမ်မှထွက်လာခဲ့လိုက်သည်။ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာရင်း သူကြီးဦးရေချမ်းနှင့် လမ်းတွင်ပက်ပင်းတိုးလေတော့သည်။ ဖိုးအေးက တစ်ချက်ပြုံးလိုက်ပြီး ခေါင်းကလေးငုံ့ကာ

 

“ဗျို့၊ သူကြီး၊ စားပြီးပြီလားဗျ”

 

ဦးရေချမ်းက ဖိုးအေးကိုအထူးအဆန်းနှင့်ကြည့်ရင်း

 

“အေးအေး၊ စားပြီးပါပြီကွာ၊ ဒါနဲ့ မင်းလက်ထဲမှာလည်း ဒူးလေးကြီးနဲ့ပါလား၊ ဒီအချိန်ကြီးမှ တောလည်ထွက်မလို့လား”

 

“ဦးလေးသမီးက ဖြူအူလိုချင်တယ်လို့ လာပြောတယ်မဟုတ်လား၊ ဆေးသုံးဖို့ဆိုတော့လည်း ကျုပ်ဆိုတဲ့ဖိုးအေးက အကုသိုလ်အဖြစ်ခံပြီး ရှာကြံပေးရအုံးမှာပေါ့ဗျာ”

 

ဦးရေချမ်းက ဘာမှမပြောနိုင်ပေ။

 

“သြော်၊ ဒါနဲ့သူကြီး၊ အောင်နက်အသား စားကောင်းရဲ့လားဗျ”

 

ဦးရေချမ်းမှာထူးဆန်းသွားပြိး

 

“ဟင်၊ အောင်နက်အသားတဲ့လား၊ ဒါဆို၊ ဒါဆို ချေသားဆိုတာက”

 

ဖိုးအေးမှာ ရယ်လျှက်

 

“ဟား၊ ဟား ဘယ်ကလာချေရမှာလဲဗျာ၊ ကျုပ်ဒီနေ့တောမှမလည်တာဗျ၊ အဲဒါ ကျုပ်မနက်က သတ်လိုက်တဲ့ခွေးကြီးအောင်နက်ရဲ့အသားဗျ၊ ဘယ်လိုလဲသူကြီး စားလို့ကောင်းတယ်မဟုတ်လား”

 

ဦးရေချမ်းမျက်နှာကြီးရှုံ့မဲ့သွားကာ

 

“ဖွီ၊ ဖွီ၊ ဟေ့ကောင်ဖိုးအေး၊ မင်းတော်တော်မိုက်ရိုင်းတဲ့ကောင်ပဲကွ”

 

“ခွေးသားစားတာ မရိုင်းပါဘူးဗျာ၊ သူကြီးတောင်စားကောင်းကောင်းနဲ့စားခဲ့တယ်မဟုတ်လား၊ ခွေးသားစားပြီးတော့ နောက်ဆိုခွေးသားကြိုက်လွန်းလို့ ဆိတ်သားနဲ့တောင် မလဲနိုင်ဘူးဖြစ်နေပါမယ် သူကြီးရာ ဟား၊ ဟား”

 

ဖိုးအေးက ပြောဆိုလျှက် ရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့ရာ သူကြီးဦးရေချမ်းမှာ ဖိုးအေးအားလက်ညှိုုးထိုးလျှက် ကျန်နေခဲ့တော့သည်။

 

ဖိုးအေးလည်း လေကလေးတချွန်ချွန်ဖြင့် ရွာမှထွက်လာခဲ့တော့သည်။ သီလရွာကလေးမှ ထွက်ပြီးသည့်နောက် အနောက်ဘက်သို့ဦးတည်လာခဲ့သည်။ ထိုနေရာတွင် တောင်ကြီးငါးလုံးရှိသည်။ ရွှေတောင်၊ ငွေတောင်၊ ကျုံးတောင်၊ အင်ကြင်းတောင်၊ သပြေတောင်တို့ဖြစ်ကြသည်။ ထိုတောင်များအနက် ကျုံးတောင်မှာ သစ်ကြီးဝါးကြီးများသိပ်မရှိလှပဲ ကျောက်တုံးဆန်သည့် မြေများသာရှိသည်။ တောင်တစ်ဝန်းတွင်လည်း အိမ်တစ်လုံးစာခန့်ရှိသည့် ကျောက်တုံးကြီးများ၊ ကျောက်ထပ်၊ ကျောက်လှိုဏ်ဂူများရှိကာ မြက်ပင်၊ သစ်ပျော့ပင်၊ ချုံပင်များနှင့် မြေစာဥပင်များပေါက်ရောက်ကြသည့်အတွက် ထိုတောင်သည် ဖြူကောင်များခိုအောင်းကျက်စားရာ တောင်တစ်တောင်ဖြစ်နေပြန်သည်။

 

သို့သော်လည်း ထိုကျုံးတောင်မှာ ရှေးယခင်ကတည်းကပင် ဘီလူးများနေထိုင်ကျက်စားပြီး လူသားစားသည်ဟု အဆိုရှိသဖြင့် အနီးအပါးရွာများမှမည်သူမှ ထိုတောင်သို့မသွားရဲကြချေ၊ ထင်းရှာ၊ သစ်ခုတ်၊ မှိုချိုး၊ မျှစ်ချိုးသမားများပင် ထိုတောင်ပေါ်သို့ ခြေဦးမလှည့်ရဲကြ၊ သီလရွာတွင် ထိုတောင်သို့သွားသူမှာ မုဆိုးဖိုးအေးတစ်ယောက်သာရှိလေသည်။ နေ့လည်ခင်းမို့ အလင်းရောင်ကောင်းစွာရနေသည်။ ပတ်ဝန်းကျင်တစ်ခွင်လည်း လင်းချင်းနေတော့၏။ ဖိုးအေးမှာ ကျုံးတောင်အနီးသို့ရောက်သော် အနည်းငယ်အေးစက်သွားသည်ဟုထင်ရသည်။ လူမလာရဲ၊ လူမရောက်သည့်နေရာဖြစ်သဖြင့် သစ်ပင်ဝါးပင်ကြီးများက တောင်ခြေတစ်ဝိုက်တွင် အုပ်အုပ်ဆိုင်းဆိုင်းနှင့် ကြီးချင်သလောက် ကြီးထွားနေကြလေသည်။

 

ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းရင်း တစ်ယောက်တည်းတက်လာခဲ့သည်။ ကျုံးတောင်တွင် ကျေးငှက်အော်မြည်သံကိုပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ လေကတည်း မတိုက်သည်မို့ သစ်ရွက်တစ်ရွက်ပင် မလှုပ်မရှားဘဲရှိနေသည်ကို သတိပြုမိသည်။ တောင်ခြေရောက်သည့်အခါ ကျောက်အထပ်များကိုတွေ့ရသည်။ ဖြူကောင်တို့၏ ခြေရာကိုလိုက်လံရှာဖွေသော်လည်း မတွေ့ပေ၊ ထိုအနီးတွင်တော့ ကျောက်တုံးကြီးတစ်လုံးတည်ရှိသည်။ ထိုကျောက်တုံးကြီးပေါ်တွင် ထုံးဖြင့််ရေးသားထားသည့်စာများရှိသည်။ ထိုကျောက်တုံးကြီးမှာ မြေအောက်တွင်တိုင်းပြည်တည်ကာ နေထိုင်ကြသည့် မြေအောင်းဘီလူးများ၏ သိုက်အဝင်ဝဖြစ်သည်ဟု အများကဆိုကြလေသည်။

 

ကျောက်တုံးပေါ်တွင် အထင်အရှားရှိနေသည့် ဘီလူးခြေရာ၊ ဘီလူးလှိုဏ်ဂူ စသည်တို့လည်းတည်ရှိပေသည်။ အခြားလူများမှာ တစ်ယောက်တည်းသွားဖို့မပြောနှင့် လူစုလူဝေးဖြင့်ပင် မသွားဝံ့ကြသည့်နေရာများကို ဖိုးအေးတစ်ယောက် တစ်ယောက်တည်း အကြောက်အလန့်မရှိ အေးအေးလူလူသွားလာနေမိသည်။

 

တောအတွင်းသွားလာနေရင်း မကြာခင် အနောက်မှခြေသံများကိုကြားလိုက်ရသည်။ ဖိုးအေးမှာ မုဆိုးဖြစ်သဖြင့် နားပါးလှသည်။ အတန်ကြာလျှောက်ပြီး လှည့်ကြည့်သည့်အခါ ခြေသံများလည်းမကြားရဘဲ လူရိပ်လူခြေကိုပင် မတွေ့ရပေ၊ ဖိုးအေးတစ်ယောက် ဆက်လျှောက်သည့်အခါ သူ့အနောက်မှ ထပ်ကြပ်မကွာလိုက်လာသည့် ခြေသံများကိုကြားရလေသည်။ ခြေသံများမှာလည်း ထူးဆန်းလှသည်။ သူတစ်လှမ်းလှမ်းလိုက်လျှင် တစ်လှမ်းလိုက်လှမ်းသည်။ သူရပ်လိုက်သည့်အချိန်တွင် ရပ်တန့်နေလေသည်။ နောက်တစ်ဖန်ပြန်လှည့်ကြည့်လိုက်သည့်အခါတွင်လည်း မည်သူမှရှိမနေပေ၊ ဖိုးအေးတစ်ယောက် လူအများပြောသည့် ဘီလူးများလားဟု တွေးမိသွားလေသည်။

 

“ဟေ့၊ ငါ့နောက်လိုက်တာ ဘီလူးတွေလားကွ၊ ဘီလူးဆိုရင်တော့ ထွက်ခဲ့ဟေ့၊ ဘီလူးသားမစားဖူးသေးလို့ မြည်းစမ်းကြည့်ချင်လို့”

 

ဖိုးအေးအော်လိုက်သည့်အခါ အနားမှချုံပုတ်ကြီးမှာ တရှဲရှဲနှင့်လှုပ်ခတ်လာလေသည်။ ဖိုးအေးလည်း ဒူးလေးကိုအသင့်ပြင်လိုက်ကာ ထိုချုံပုတ်ကြီးအား ထိုးချိန်ထားလိုက်သည်။ မကြာမီ ချုံပုတ်အတွင်း အရိပ်အယောင်များတွေ့ရသည်။ ထို့နောက်ချုံပုတ်အတွင်းမှ မိန်းကလေးနှစ်ဦးထွက်လာလေသည်။ မိန်းကလေးများမှာ ချည်ကြမ်းထည်အကွက်များကို ဝတ်ဆင်ထားကြပြီး တောသူတောင်သားများပင် ဖြစ်ပုံရသည်။

 

“မပစ်ပါနဲ့ရှင်၊ ကျုပ်တို့ကိုမပစ်ပါနဲ့”

 

ဖိုးအေးလည်း လူမှန်းသိလိုက်သဖြင့် ဒူးလေးကိုပြန်ချလိုက်လေသည်။

 

“ဟဲ့ ပြောစမ်း၊ နင်တို့ဘာဖြစ်လို့ ငါ့အနောက်လိုက်နေရတာလဲ၊ နင်တို့ဘယ်ရွာကလဲ”

 

“ကျုပ်တို့က တုံးပုရွာကပါ”

 

တုံးပုရွာမှာ သီလရွာနှင့် မလှမ်းကမ်းတွင်တည်ရှိသည့်ရွာဖြစ်သည်။

 

“ဒါနဲ့ ဒီတောင်မှာနင်တို့ဘာလုပ်နေသလဲ၊ ဘီလူးကိုက်မှာမကြောက်ဘူးလား”

 

မိန်းကလေးများမှာ ကြောက်လန့်သွားဟန်ဖြင့် အနီးပတ်ဝန်းကျင်သို့ကြည့်ကာ

 

“ကြောက်တာပေါ့ရှင်၊ အစကတော့ ထင်းခွေမယ်ဆိုပြီး ဒီဘက်ကိုထွက်ခဲ့တာပဲ၊ အခုတော့ကြောက်တယ်”

 

“လတ်စသတ်တော့ နင်တို့လမ်းပျောက်နေကြတာကိုး”

 

“မိရှင်လှပေါ့၊ ဒီတောင်ကြီးဘက်ကို သွားကြည့်ချင်တယ်ဆိုလို့ အဖော်လိုက်လာခဲ့တာ အခုတော့လမ်းပျောက်ပြီ”

 

“အေးပါ၊ တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်မနေကြနဲ့တော့၊ တုံးပုရွာကိုပြန်မယ်မဟုတ်လား၊ ငါ့အနောက်လိုက်ခဲ့၊ ငါလမ်းသိတယ်၊ နင်တို့ကို ရွာစပ်အထိ လိုက်ပို့ပေးမယ်”

 

ဖိုးအေးလည်း မိန်းကလေးနှစ်ဦးကို သနားသွားကာ အရှေ့မှတောတိုးခဲ့သည်။ မိန်းကလေးနှစ်ဦးက ဖိုးအေးအနောက်မှ ထပ်ကြပ်မကွာလိုက်လာကြလေသည်။ တောတိုးပြီးမကြာခင်မှာပင် ကျောက်တုံးကျောက်သားများနှင့်ပြည့်နှက်နေသည့် တောင်ချိုင့်တစ်ခုကိုဖြတ်သန်းရလေသည်။ ထိုတောင်ချိုင့်အားဖြတ်သန်းသွားပြီးလျှင် တောစပ်သို့ရောက်ပြီဖြစ်သည်။ လယ်ကွင်းများအားဖြတ်သန်းကာ လှမ်းကြည့်လိုက်လျှင် တုံးပုရွာကလေးကို အတိုင်းသားမြင်ရပြီဖြစ်သည်။ သို့သော် ယနေ့တော့ ထူးဆန်းနေလေသည်။ တောင်ချိုင့်ကြားထဲတွင် သွားလာရင်း ကွမ်းတစ်ယာညက်ခန့်ကြာသော်လည်း မထွက်နိုင်သေးပေ။

 

“ဘယ်လိုဖြစ်တာပါလိမ့်”

 

ဖိုးအေးစဉ်းစားရင်း ဆက်လျှောက်လာကာ မကြာမီအချိန်တွင် တောင်ချိုင့်ကြားမှထွက်ခွာလိုက်လေသည်။ ထိုအခါ မျက်စိရှေ့တွင် ရွာကြီးတစ်ရွာကိုတွေ့လိုက်ရသည်။

 

“မဟုတ်သေးပါဘူး၊ တုံးပုရွာက ဒီလောက်မနီးပါဘူး”

 

ဖိုးအေးက စဉ်းစားလိုက်ကာ အနောက်သို့လှည့်ကြည့်လိုက်သည်။

 

“ကဲ အမိတို့၊ ဟောဒါ အမိတို့သွားချင်တဲ့ တုံးပုရွာပဲဗျာ”

 

မိန်းကလေးနှစ်ယောက်က ခေါင်းခါလိုက်ကာ

 

“ဒါတုံးပုရွာမဟုတ်ဘူး၊ ဒါ ကျုပ်တို့ရဲ့ရွာ”

 

မိန်းကလေးများ၏ အသံများက အက်ကွဲကွဲကြီးဖြစ်နေလေသည်။ ထိုမိန်းကလေးနှစ်ယောက်မှာ ဖိုးအေး၏ မျက်စိရှေ့မှာပင် တဖြည်းဖြည်းကြီးထွားလာလေသည်။ အရပ်ကြီးများမှာ ရှည်မြောလာကြပြီး ဖိုးအေးပင်မော့ကြည့်ရသည်အထိ မြင့်မားသွားသည်။ အရပ်က ဆယ်ပေခန့်ရှိမည်ထင်ရသည်။ အလားတူ လက်များ၊ ခြေထောက်များမှာလည်း တုတ်ခိုင်သန်မာလာကြကာ အမွှေးကြမ်းနက်နက်ကြီးများလည်းထွက်လာလေသည်။ မိန်းကလေးများ၏ မျက်လုံးများမှာ နီရဲလျှက် အစွယ်ကြီးများမှာ ငေါထွက်လာလေသည်။

 

“ဟာ၊ နင်၊ နင်တို့ကဘယ်သူတွေလဲ”

 

“ငါတို့က ဘီလူးတွေပဲ”

 

ဘီလူးနှင့် နဖူးတွေ့ဒူးတွေ့ တွေ့တော့မှ ဖိုးအေးတစ်ယောက် ထိတ်လန့်သွားတော့သည်။ သို့သော် မုဆိုးတစ်ယောက်မို့ သတိအမြဲရှိလေရာ၊ ဒူးလေးကိုအသင့်ပြင်ဆင်လိုက်ပြီး ထိုမိန်းကလေးတစ်ယောက်၏ နဖူးဆီသို့ချိန်ရွယ်ကာ ပစ်ခတ်လိုက်လေသည်။ ဒူးလေးမြှားတံက ထိုမိန်းကလေး၏ နဖူးသို့တည့်တည့်တိုးဝင်သွားသော်လည်း နဖူးမောက်မောက်နှင့်ထိတွေ့သည့်အခါ ကျောက်တုံးတစ်တုံးနှင့် ထိတွေ့သည့်အလား ဒူးလေးမြှားတံမှာ ကျိုးကျပျက်စီးသွားလေတော့သည်။ ထိုမိန်းကလေးများလည်း အလွန်ဒေါသထွက်သွားကြသည်။

 

“စားမယ်၊ စားမယ်၊ နင့်ကိုငါတို့စားမယ်”

 

မိန်းကလေးနှစ်ယောက်မှာ ဖိုးအေးအား လက်တစ်ဖက်တစ်ချက်စီမှ တစ်ယောက်စီဆွဲကိုင်ကာ ဖမ်းခေါ်သွားလေသည်။ လေပေါ်မြှောက်တင်လိုက်သဖြင့် ဖိုးအေးခြေထောက်များမှာ မြေနှင့်မထိတော့ပေ၊ ထို့နောက် ရွာအတွင်းသို့ ဆွဲခေါ်လာကြသည်။ အိမ်ကလေးများမှာ ဖိုးအေးတစ်ခါမှမမြင်ဖူးသည့် အိမ်ပုံစံများဖြစ်ကြသည်။ အဝိုင်းပုံအိမ်ပုံစံများ၏ ထိပ်တွင် ကတော့ချွန်ပုံသဏ္ဍာန်ခေါင်မိုးများရှိသည်။ ခေါင်မိုးများမှာလည်း သတ္တုပြား၊ သံပြားများဖြင့် ပြုလုပ်ထားကာ ပြောင်လက်နေလေသည်။ ရွာလယ်တွင်တော့ ကွင်းကြီးတစ်ခုရှိသည်။ ထိုကွင်းရှိမြေများမှာ မည်းနက်နေသည့် သဲနက်များဖြစ်သည်။ ကွင်းကြီးအနီးတွင်တော့ လူများကိုတံစို့ထိုးထားသည့် နေရာရှိသည်။

 

ယောက်ျားများ၊ မိန်းမများကို စအိုဝမှ သစ်သားချွန်ထိုးထည့်ကာ လည်ကုတ်တိုင်အောင် ထိုးစိုက်သီထားတဲ့ တံစို့များဖြစ်သည်။ ထိုတံစို့မှလူများအား ဘီလူးများက ဓါးထက်ထက်ဖြင့် အသားများကိုအလွှာလိုက် အလွှာလိုက် လွှာယူကြပြီး အစိမ်းလိုက်ဝါးစားနေကြလေသည်။ အသားများလွှာခံနေရသော လူများမှာလည်း အသက်ရှင်လျှက်ပင်ရှိကြကာ နာကျင်စွာအော်ဟစ်နေကြလေသည်။ လူတစ်ဦးဆိုလျှင် ခန္ဓာကိုယ်တွင်အသားများမရှိတော့ဘဲ အရိုးုပြိုင်းပြိုင်းကျနေလေသည်။ သို့သော်လည်း ထိုသူ၏ ဦးခေါင်းမှာ အသက်ဝင်လှုပ်ရှားနေကာ ကယ်ပါယူပါ တစာစာနှင့် အော်ဟစ်နေလေသည်။

 

တစ်နေရာသို့ရောက်သည့်အခါ လူများကို သံချိတ်ကြီးများတွင် တွဲလောင်းဖောက်ချိတ်ထားသည်။ သံချိတ်အား နောက်စေ့မှထိုးသွင်းထားသဖြင့် လူပါးစပ်မှ သံချိတ်ကောက်ကြီးများက ပြန်ထွက်နေကြကာ လျှာကြီးမှာလည်း အရှည်လိုက်ကြီးဖြစ်နေသည်။ ထိုတွဲလောင်းချိတ်ထားသည့် လူများအား ဘီလူးကြီးတစ်ကောင်က အလွန်ကြီးမားလှသည့် ဓါးမကြီးဖြင့် ခြေလက်များကိုခုတ်ထွင်နေလေသည်။ လက်ပြတ်ခြေပြတ်သွားသည့် နေရာများမှ သွေးများဒရဟောထွက်ကျကာ ထိုလူများမှာ အသံမျိုးစုံဖြင့်အော်ဟစ်နေလေသည်၊ ဓါးမကြီးများဖြင့် ခုတ်ထစ်ပြီးသည့်လက်များအား ဘီလူးများက အစိမ်းလိုက်ဝါးစားကြသည်။ အရိုးများကို ဝါးစားမိသည့်အခါ တဂျွတ်ဂျွတ်ဖြင့် အသံစုံမြည်နေသည်။

 

နောက်တစ်နေရာတွင်တော့ အလွန်ကြီးမားလှသည့် ကြေးအိုးကြီးတစ်လုံးကိုတွေ့ရသည်။ ကြေးအိုးကြီးထဲတွင် အငွေ့တထောင်းထောင်းထကာ ပွက်ပွက်ဆူနေသည့် အရည်များရှိသည်။ ဘီလူးကြီးတစ်ကောင်က လူတစ်ယောက်အားဆွဲယူလိုက်ကာ ဆံပင်မှဆွဲကိုင်လျှက် ထိုအရည်အိုးကြီးထဲသို့ နှစ်ချလိုက်လေသည်။ ထိုလူမှာ အလွန်ပူလောင်စွာခံစားရသဖြင့် အော်ဟစ်နေသည်ကိုတွေ့ရသည်။ ခဏကြာသည့်အခါ ဘီလူးြကြီးက ထိုလူ၏ ဆံပင်မှပြန်ဆွဲတင်လိုက်သည့်အခါတွင် ထိုလူ၏ကိုယ်လုံးရှိ အသားစိုင်တို့မှာ အရည်ပျော်လျက် အိုးကြီးအတွင်းသို့ ပဲ့ကျကုန်လေသည်။

 

ဘီလူးများက ထိုအိုးအတွင်းမှ အရည်များကို သံဇွန်းခွက်ကြီးများနှင့် အားရပါးရ ခပ်သောက်ကြပြန်သည်။ ကျန်ရှိနေသည့်ဦးခေါင်းကြီးမှာ မသေသေးဘဲ အော်ဟစ်လျှက်ရှိရာ ဘီလူးကြီးက ထိုဦးခေါင်းအား ကွင်းကြီးအလယ်ရှိ အရိုးပုံကြီးအပေါ်သို့ပစ်ထည့်လိုက်လေသည်။ အရိုးပုံကြီးထဲတွင်တော့ အသားလွှာခံထားရသဖြင့် ဦးခေါင်းသာကျန်နေသည့်လူများ၊ ခြေလက်များခုတ်ဖြတ်ထားခံရသဖြင့် ကျန်ရှိနေသည့် ခေါင်းများ၊ အရည်အိုးကြီးအတွင်းမှ ဆွဲထုတ်ထားသည့် ဦးခေါင်းများက ပုံအော်နေလေသည်။ ထိုဦးခေါင်းများမှာ အော်ဟစ်နေကြကာ မကြာမီမှာပင် ၎င်းတို့၏ လည်ပင်းအောက်တွင် အရိုးများထွက်ပေါ်လာကြသည်။ ထို့နောက် ထိုအရိုးများပေါ်တွင် အသားစိုင်များ ပြန်လည်ဖြစ်တည်လာကြကာ မကြာသေးမီအချိန်မှာပင် လူတစ်ဦးအဖြစ် ပြန်လည်ဖြစ်ပေါ်သွားတော့သည်။ ထိုသို့လူပြန်ဖြစ်သွားသည့် လူများအား ဘီလူးများက ထပ်မံဖမ်းဆီးကာ တံစို့ထိုးခြင်း၊ ခြေလက်များကိုခုတ်လှီးခြင်းများ ပြုလုပ်ကြပြန်လေသည်။ ထိုနည်းဖြင့် ထိုလူများမှာ သံသရာလည်နေတော့သည်။

 

ဖိုးအေးမှာ ထိုအဖြစ်ကိုကြည့်ရင်း အလွန်ထိတ်လန့်သွားမိသည်။ ဘီလူးကြီးတစ်ယောက်က ဖိုးအေးအားးတွေ့သည့်အခါ အစွယ်တငေါငေါနှင့်ပြုံးပြလေသည်။

 

“သြော်၊ နောက်ဆုံးတော့ သီလရွာက အကုသိုလ်ကောင် ဖိုးအေးရောက်လာပြီကိုး”

 

“ဟင်၊ ခင်ဗျားက ခင်ဗျားက ကျုပ်ကိုသိတယ်တဲ့လား”

 

“သိပ်သိတာပေါ့ကွာ၊ ဘာတဲ့ ဘီလူးတွေ့ရင် ပစ်ဖမ်းပြီးတော့ ဘီလူးသားစားမယ်လို့ ပြောခဲ့သေးတယ်မဟုတ်လား၊ အခုတော့ မင်းဘီလူးသားမစားခင် ငါကမင်းအသားကို စားမယ်ဟေ့”

 

ထိုဘီလူးကြီးမှာ ကြုံးဝါးပြီးနောက် တံစို့တံကြီးတစ်ခုအားဆွဲယူလာလေသည်။ တံစို့တံကြီးမှာ နီရဲနေသည့်ရှားသားဖြင့်ပြုလုပ်ထားသည့် သစ်သားတံစို့တံကြီးဖြစ်သည်။ တံစို့တံကြီးထိပ်မှာ ချွန်ထက်နေလေသည်။

 

“ဟဲ့ ညီမတို့ ဒီကောင့်ဖင်ကိုဖြဲပေးကြစမ်း၊ ဒါမှ ငါကောင်းကောင်းထိုးထည့်လို့ရမှာ”

 

“အို အကိုကြီးကလည်း ဒီလိုပိန်ပိန်ကပ်ကပ်လူကို တံစို့ထိုးတော့ ဘယ်လိုလုပ်ပြီးစားသောက်လို့ရမှာလဲ”

 

ဖိုးအေးမှာ ပိန်ပိန်ပါးပါးကလေးဖြစ်သည်။ ဘီလူးကြီးလည်း တံစို့တံကိုင်ရင်း

 

“အေးဟ၊ နင်တို့ပြောတာလည်းဟုတ်တယ်၊ တံစို့ထိုးတာ ခေါင်းအထိမဝင်ဘဲ ရင်ဘတ်ကနေ ပြန်ပေါက်ထွက်လာအုံးမယ်၊ ဒါဆိုရင် ချိတ်ယူခဲ့မယ်၊ သူ့ကိုချိတ်ပြီး အပိုင်းပိုင်းလှီးစားမယ်”

 

“ချိတ်နဲ့လည်း မကောင်းပါဘူးအကိုကြီးရာ၊ အိုးထဲထည့်ပြီးသာ ပြုတ်လိုက်စမ်းပါ”

 

“အေး၊ အဲဒါအကြံကောင်းပဲ”

 

ဘီလူးကြီးက ဖိုးအေး၏ ဦးခေါင်းအား လက်နှင့်ညှစ်ကိုင်လိုက်ကာ ဆွဲယူလိုက်လေသည်။ ထို့နောက် ပွက်ပွက်ဆူနေသည့် အိုးကြီးအပေါ်သို့ မြှောက်တင်လိုက်သည်။ အိုးကြီးအတွင်းမှ ရေနွေးငွေ့များကြောင့် ဖိုးအေးတစ်ယောက် အလွန်ပူလောင်နေလေသည်။ ဘီလူးကြီးက ဖိုးအေး၏ ခြေထောက်များအား အိုးကြီးအနီးသို့ တဖြည်းဖြည်းချင်းတိုးကပ်လာသည်။ အိုးကြီးနှင့်နီးလာလေလေ အတော်ပူလာလေလေဖြစ်သည်။ အိုးကြီးအတွင်းမှ ပွက်လိုက်သည့်ရေပွက်တစ်ခုထံမှ ရေစတစ်စက လွင့်ပျံလာကာ ဖိုးအေး၏ ညာဘက်ခြေသလုံးအား လာရောက်စင်လေသည်။ ဖိုးအေးမှာ အလွန်ပူလောင်လှသဖြင့်် အသံကုန်အော်ဟစ်နေမိသည်။

 

“ဟဲ့၊ သားတို့၊ သမီးတို့ မင်းတို့လုပ်နေတာတွေ ရပ်လိုက်ကြစမ်း”

 

အသံတစ်ခုကြားလိုက်ရပြီးသည့်နောက် ဘီလူးကြီးက ဖိုးအေးအားပြန်ဆွဲယူလိုက်သည်။ ဖိုးအေးအနီးသို့ ဘီလူးမကြီးတစ်ယောက်က လမ်းလျှောက်လာလေသည်။ ဘီလူးမကြီးမှာ ထမီရင်လျားဝတ်ဆင်ထားသော်လည်း နို့ကြီးများက တွဲကျနေကာ ဘူးသီးလုံးကြီးသဖွယ်ဖြစ်နေလေသည်။

 

“ကဲ သားကြီး၊ ဒီလူကိုပြန်လွှတ်ပေးလိုက်”

 

ဘီလူးကြီးမှာ မကျေမနပ်ဖြင့်

 

“အမေ၊ ဒီလူက သီလရွာက အကုသိုလ်ကောင်နော်၊ သူ့ကိုသားတို့ဖမ်းစားလို့ရတယ်မဟုတ်လား”

 

“ရတော့ရတယ်၊ ဒါပေမယ့် သူ့အမေက သူ့သားအန္တရာယ်ကင်းပါစေဆိုပြီး မေတ္တာတွေပို့ပေးနေတယ်”

 

ဘီလူးမကြီးပြောလိုက်သည့်အခါ ဘီလူးများက အံ့သြသွားကြသည်။

 

“ဒီလိုလူအတွက် မေတ္တာပို့ပေးတယ်တဲ့လား”

 

“ဟုတ်တယ်၊ ပြီးတော့ သူ့အမေက သူမရှိလို့မရဘူး၊ သူမရှိရင် သူ့အမေ ဒုက္ခရောက်မယ်၊ ဒီတော့ သူ့ကိုပြန်ပို့ပေးမှရမယ်၊ မဟုတ်ရင် အထက်နတ်မင်းတွေက ငါတို့ကို ဒဏ်ခတ်နေမယ်”

 

“ကောင်းပါပြီအမေ၊ သားတို့ပြန်ပို့ပေးလိုက်ပါ့မယ်”

 

“အေးအေး၊ သူ့ကိုသေချာမှတ်ထား၊ သူ့အမေသေသွားပြီဆိုရင် သူ့ကိုပြန်ခေါ်လို့ရပြီ”

 

ဘီလူးကြီးက ထိုသို့ပြောပြီးသည့်အခါ ဖိုးအေး၏မျက်နှာအားသေချာကြည့်ပြီးနောက် သူ့လက်ညှိုးဖြင့် ဖိုးအေး၏နဖူးအား ဒေါက်ခနဲတောက်လိုက်လေသည်။ လက်ညှိုးဖြင့်တောက်သည်ဆိုသော်လည်း ယောက်ျားတစ်ယောက် လက်နှင့်ပုတ်လိုက်သကဲ့သို့ အလွန်အားပြင်းကာ နာကျင်သွားလေတော့သည်။ ဖိုးအေးလည်း လက်တောက်သည့်အရှိန်ဖြင့် အနောက်သို့လွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

 

(၄)

 

“ဖလူး၊ ဖလူး”

 

ဖိုးအေးတစ်ယောက် ရုန်းကန်လေတော့သည်။ ပါးစပ်ထဲတွင်လည်း အကြွေစေ့တစ်စေ့ကို စမ်းမိသည်။ လက်များကိုလှုပ်ရှားသော်လည်း လှုပ်ရှား၍မရ၊ ခြေများကိုလှုပ်ရှားသော်လည်း လှုပ်ရှား၍မရပေ၊ သို့နှင့် လှိမ့်သာလှိမ့်နေတော့သည်။

 

သီလရွာအပြင်ဘက် သုဿန်အတွင်း ဇရပ်ကလေးတွင် ဖိုးအေးအလောင်းအား သရဏဂုံတင်နေကြသည့်လူများမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ သရဏဂုံတင်နေရင်း ဖျာနှင့််ပတ်ထားသည့် အလောင်းကြီးမှာ လိမ့်နေသောကြောင့်ဖြစ်သည်။

 

“လုပ်ကြပါအုံး၊ ဖိုးအေး ဖုတ်ဝင်နေလို့”

 

ဖိုးအေးမှာ မှောက်ခုံဖြစ်သွားသည့်အချိန် ပါးစပ်အတွင်းမှ အကြွေစေ့အားထွေးထုတ်လိုက်ကာ

 

“အမေရေ၊ ကျုပ်မသေဘူး၊ ကျုပ်မသေဘူးဗျ”

 

အသံကုန်ဟစ်ကာအော်လေတော့သည်။ ထိုတော့မှ ရွာသားများမှာ ဖိုးအေးအားလိပ်ထားသည့် ဖျာလိပ်ကြီးကိုဖွင့်ကြည့်ကြလေသည်။ ဖိုးအေးလက်ထိပ်၊ ခြေထိပ်တွင်ချည်ထားသည့် ကြိုးများအား ဖြေပေးလိုက်သည့်အခါ ဖိုးအေးမှာ ငုတ်တုတ်ထထိုင်တော့သည်။

 

“ဟယ်၊ ငါ့သားလေးမသေဘူး၊ ဖိုးအေးမသေဘူးတော့”

 

ဒေါ်စောမှာ အော်ဟစ်လေတော့သည်။ တရှုံ့ရှုံ့ဖြင့် ငိုကြွေးနေသည့် ကြာညိုမှာလည်း ဖိုးအေးဆီသို့ပြေးသွားလိုက်ပြိး ဖိုးအေးအားပွေ့ဖက်လိုက်လေတော့သည်။

 

သေရွာပြန်ဖိုးအေးအဖြစ်ကား သီလရွာကလေးတွင် ဟိုးလေးတကျော်ဖြစ်သွားသည်။ ဖိုးအေးမှာ သေရွာမှပြန်လာပြီးသည့်နောက်ပိုင်းတွင် လုံးဝပြောင်းလဲသွားတော့သည်။ သူတွေ့ကြုံခဲ့သည့် အတွေ့အကြုံများကိုပြောပြသော်လည်း ယုံသူလည်းရှိ၏၊ မယုံသူလည်းရှိပေသည်။

 

“ကျုပ်၊ ကျုပ်ဘယ်လိုဖြစ်သွားတာလဲဗျာ”

 

ဖိုးအေးက ရွာလူကြီးဦးရေချမ်းအား မေးမြန်းလေသည်။

 

“မင်းတောလယ်သွားရင်း ပြန်မလာလို့ လိုက်ရှာကြတာပဲကွ၊ မင်းက မင်းအမေကို ကျုံးတောင်ဘက်သွားမယ်ဆိုပြီး ပြောသွားတာကိုးကွ၊ ငါတို့လိုက်ရှာရင်း တောင်ချိုင့်ကြားတစ်နေရာရောက်တော့ မင်းကိုတွေ့တာပဲ၊ အဲဒီတုန်းက အသက်ငွေ့ငွေ့ရှိသေးတယ်၊ ဒါနဲ့ ငါတို့တွေ မင်းကိုရွာပြန်သယ်ခဲ့ကြတယ်၊ ရွာရောက်ပြီး နောက်နေ့မှာ မင်းအသက်မရှူတော့ဘူးကွ၊ ဒါနဲ့ မင်းကိုသဂြိုဟ်ဖို့ပြင်ဆင်ကြတာပေါ့၊ ဒီနေ့က မင်းရဲ့သုံးရက်မြောက်နေ့၊ မြေချတဲ့နေ့ပဲကွ”

 

“ဟာ၊ ကံကောင်းတာပေ့ါဗျာ၊ ကျုပ်ကိုမြေကြီးထဲမြှုပ်လိုက်ရင်တော့ ကျုပ်သေမှာအမှန်ပဲဗျ”

 

“အေး၊ မင်းပြောပုံအရဆိုရင် မင်းရောာက်ခဲ့တဲ့နေရာက ကျုံးတောင်ခြေရင်းက ဘီလူးသိုက်ဖြစ်မယ်ကွ၊ မင်းတွေ့ခဲ့တဲ့လူတွေကတော့ ဘီလူးတွေဖမ်းစားထားတဲ့လူတွေထင်ပါတယ်”

 

“ဟုတ်မယ်သူကြီးရာ၊ ဘီလူးတွေပြောပုံအရဆိုရင် အကုသိုလ်များတဲ့လူတွေကို သူတို့ကဖမ်းစားခွင့်ရှိတယ်လို့ဆိုတာပဲ”

 

“အေးလေ၊ မင်းလည်း ဒီလောက်ဆို သိသင့်ပြီဖိုးအေး၊ မင်းအခုလိုအသက်ရှင်ရတာ မင်းအမေကြောင့်ကွ၊ ဘီလူးတွေက မင်းကိုပြန်လွတ်ပေးလိုက်ရတယ်ဆိုတာကလည်း မင်းက အရက်သောက်၊ သူ့အသက်သတ်တယ်ဆိုပေမယ့် မိဘကိုချေးအစသေးအစလုပ်ကျွေးပြုစုနေလို့ပဲကွ၊ ငါဖတ်ထားခဲ့တဲ့ ကျမ်းဂန်တွေအရတော့ မိဘကိုလုပ်ကျွေးတဲ့လူကို သိကြားမင်းကတောင်မှ ရှိခိုးပူဇော်ရတယ်လို့ ကြားဖူးတယ်၊ ဒါကြောင့် ဘီလူးတွေက မင်းကိုရန်မပြုရဲဘဲ ပြန်လွှတ်ပေးခဲ့တာပေါ့ကွ”

 

“ကျုပ်နားလည်ပါပြီ သူကြီးရာ၊ သူတို့က ကျုပ်ကိုလည်းပြောလိုက်သေးတယ်၊ မင်းကိုခဏပြန်လွတ်ပေးတာတဲ့၊ မင်းအမေသေရင် မင်းကိုပြန်ခေါ်မယ်တဲ့ကွာ”

 

“ဒါက မင်းအတွက်အချိန်ပေါ့ကွာ၊ ဒီအချိန်အတွင်းမှာ မင်းပြောင်းလဲနိုင်ဖို့ ကြိုးစားရမယ် ဖိုးအေး”

 

ထိုအခါ အနားတွင်ထိုင်နေသည့် ကြာညိုက

 

“ကိုဖိုးအေးပြောင်းလဲတဲ့အခါ သမီးလည်းဘေးနားကနေပြီး ကူညီချင်ပါတယ်အဖေ”

 

ကြာညိုပြောလိုက်သည့်အခါ ဦးရေချမ်းက ခေါင်းညိတ်လိုက်ပြီး

 

“ကောင်းပြီသမီး၊ အဖေဖိုးအေးကိုစောင့်ကြည့်မယ်၊ ဘာမှသိပ်မလိုပါဘူးကွာ၊ ဖိုးအေးတစ်ယောက် အရက်သောက်တာကို လျော့နိုင်ရင်၊ ပြီးတော့ သူ့အသက်သတ်တဲ့အလုပ်တွေကို စွန့်လွှတ်နိုင်တယ်ဆိုရင်တော့ အဖေသူ့ကိုသမီးနဲ့သဘောတူပေးမယ်”

 

ကြာညိုက အလွန်ပျော်ရွှင်သွားကာ ဖိုးအေးလက်ကိုဆွဲလိုက်ရင်း

 

“ကိုဖိုးအေး၊ အကိုကြားတယ်မဟုတ်လား”

 

ဖိုးအေးက ကျေကျေနပ်နပ်ကြီးပြုံးလိုက်ကာ ခေါင်းညိတ်လိုက်တော့သည်။

 

ထိုနောက်ပိုင်းမှစ၍ ဖိုးအေးတစ်ယောက် အပြောင်းလဲကြီး ပြောင်းလဲသွားလေသည်။ အရက်လုံးဝမသောက်သည်မဟုတ်သော်လည်း ရွာတွင်သာရေးနာရေး၊ ပျော်ပွဲရွှင်ပွဲရှိသည့်အခါလောက်မှသာ အရက်သောက်တတ်သည်။ သူ့အသက်သတ်သည့် မုဆိုးအလုပ်ကိုတော့ ရာသက်ပန်ရှောင်ကြဉ်လိုက်နိုင်သည်။ ဖိုးအေးမှာ တောထဲတောင်ထဲ သစ်ခုတ်၊ ဝါးခုတ်ခြင်း လုပ်ငန်းကိုသာ ပြောင်းလဲလုပ်ကိုင်တော့သည်။

 

နောက်ပိုင်းတွင် ရွာလူကြီးဦးရေချမ်းက ဖိုးအေးအား ယာခင်းများကို သူရင်းငှားလုပ်ကိုင်စိုက်ပျိုးစေသည်။ ယာကွက်အသစ်များဖော်ဆောင်သည့်အခါတွင်လည်း ဖိုးအေးအား ခွဲပေးခဲ့သည်။ တောင်သူလယ်လုပ်သည့်လုပ်ငန်းမှာ ပင်ပန်းလှသည်ဆိုသော်လည်း ဖိုးအေးတို့သားအမိနှစ်ယောက်အတွက်တော့ မပူမပင်နေနိုင်လေသည်။

 

ထိုမျှမကသေး ရွာတွင် လမ်းပြင်၊ တံတားဖောက်လုပ်ငန်းများတွင် ဖိုးအေးက ထိပ်ဆုံးက ပါဝင်ဆောင်ရွက်တတ်သည်။ သာရေးနာရေးများဆိုလျှင် ဖိုးအေးမပါလျှင် မပြီးသည့်နှယ်၊ မိခင်ကြီးအား ကျေးဇူးဆပ်သည်ဟုဆိုကာ ဖိုးအေး ရဟန်းဝတ်ခဲ့သည်မှာပင် တစ်လခန့်ကြာမြင့်လေသည်။ နောက်ပိုင်း မိခင်ကြီးကျန်းမာရေးကြောင့်သာ ဖိုးအေး လူပြန်ထွက်လိုက်ရသည်။ တစ်နှစ်ခန့်ကြာသည့်အခါ ဖိုးအေးနှင့်ကြာညိုတို့မှာ ရွာတွင်မင်္ဂလာပွဲကျင်းပကြတော့သည်။ ရွာလူကြီးဦးရေချမ်းက ဖိုးအေးအတွက် လယ်ယာမြေများကိုလက်ဖွဲ့ပေးခဲ့သေးသည်။ ဖိုးအေးနှင့် ကြာညိုတို့မှာ ဒေါ်စောနှင့်အတူ နေထိုင်ကြလေသည်။

 

အိမ်ထောင်သက် တစ်နှစ်ခန့်ရသည့်အခါ ဖိုးအေးမိခင် ဒေါ်စောတစ်ယောက် လူကြီးရောဂါဖြင့် သေဆုံးသွားလေတော့သည်။ ဖိုးအေးမှာ မိခင်ကြီးသေဆုံးပြီးသည့်အခါ ရတက်မအေးနိုင်အောင်ဖြစ်ရသည်။ အဘယ့်ကြောင့်ဆိုသော် ဘီလူးများက သူ့အမေဒေါ်စောသေလျှင် လာခေါ်မည်ဟုပြောထားသောကြောင့်ဖြစ်သည်။ ကြာညိုထံတွင်လည်း ဖိုးအေးနှင့်ရသည့်ကိုယ်ဝန်က အရင့်အမာကြီးဖြစ်နေချေပြီ။

 

“လာခေါ်ရင်တော့ လိုက်သွားရုံသာရှိတာပေါ့ ကြာညိုရယ်၊ သိပ်စိတ်မကောင်းမဖြစ်ပါနဲ့၊ အကိုက တစ်သက်လုံး အကုသိုလ်အလုပ်တွေကို လုပ်ခဲ့တဲ့သူပဲမဟုတ်လား”

 

“ဒါတော့ ဒါပေါ့ကိုဖိုးအေးရယ်၊ ကိုဖိုးအေးမရှိရင် ကြာညိုဘယ်လိုလုပ်ရမလဲ”

 

“ကြာညိုရဲ့အဖေအမေတွေလည်းရှိပါသေးတယ် ကြာညိုရာ၊ မိဘမောင်ဖွားတွေလည်း အများကြီးပဲဟာ၊ အကို့သားလေးကို မွေးပြီးရင် သူ့ကိုတခြားအလုပ်တွေမလုပ်ခိုင်းပဲ သင်္ကန်းပဲစီးပေးလိုက်ပါ၊ သူ့ကိုဘုန်းကြီးစာဝါလိုက်ခိုင်းပြီး ဘုန်းကြီးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးပါ ကြာညိုရာ၊ ဒါအကို့ရဲ့ နောက်ဆုံးဆန္ဒပါ”

 

“စိတ်ချပါ ကိုဖိုးအေး၊ ကြာညို ကိုဖိုးအေးဆန္ဒကိုဖြည့်ဆည်းပေးမှာပါ”

 

မိခင်ကြီးသေဆုံးပြီး ရက်လည်ပြီးဆုံးခဲ့လေသည်။ မနက်ပိုင်းရက်လည်ဆွမ်းသွပ်တရားနာအပြီး ညနေပိုင်းတွင်တော့ မိုးတိမ်တောင်များ အုံ့မှိုင်းတက်လာကာ မိုးရိပ်ဆင်နေလေသည်။

 

“ကိုဖိုးအေး၊ ကိုဖိုးအေး ရှိပါသလားရှင်”

 

ထိုစဉ် ခြံရှေ့သို့ မိန်းကလေးနှစ်ဦးရောက်လာလေသည်။ ကြာညိုမှာ ထိုမိန်းကလေးနှစ်ဦးအားပြေးကြည့်သည်။ ကိုဖိုးအေးလည်း ထိုမိန်းကလေးများကို ကြည့်လိုက်ရာ ကျုံးတောင်တောအုပ်အတွင်း တွေ့ဖူးသည့် မိန်းကလေးနှစ်ဦးဖြစ်နေသည်ကိုတွေ့ရသည်။

 

“ကြာညို၊ အဲဒါသူတို့ပဲ၊ သူတို့ အကို့ကိုလာခေါ်တာပဲ”

 

ကြာညို၏ မျက်ဝန်းတွင် မျက်ရည်များစီးကျလာကာ ငိုယိုနေတော့သည်။

 

“မငိုပါနဲ့ကြာညိုရယ်၊ အကို့ရဲ့ဆန္ဒကိုသာ အကောင်အထည်ဖော်ပေးပါ၊ အကိုသူတို့နဲ့လိုက်သွားတော့မယ်”

 

ဖိုးအေးတစ်ယောက် အိမ်ထဲမှထွက်လာကာ ထိုမိန်းကလေးနှစ်ယောက်အနောက်သို့လိုက်ခဲ့သည်။ ထိုမိန်းကလေးများမှာ ဖိုးအေးအရှေ့မှ ဦးဆောင်သွားကာ မကြာခင်အချိန်မှာပင် ကျုံးတောင်ခြေသို့ရောက်လာခဲ့ကြသည်။ ကြီးမားသည့် ကျောက်တုံးကြီးနားအရောက်တွင် မိန်းကလေးနှစ်ယောက်က ရပ်တန့်လိုက်ကာ ဖိုးအေးဘက်သို့လှည့်လိုက်သည်။ ဖိုးအေးက သက်ပြင်းတစ်ချက်ချလိုက်ပြီး

 

“ကျုပ်ကိုခေါ်သွားကြပါတော့ဗျာ၊ ကျုပ်အဆင်သင့်ဖြစ်ပါပြီ၊ ကျုပ်တစ်သက်လုံးပြုလုပ်ခဲ့တဲ့ အကုသိုလ်ကြွေးတွေအတွက် ပေးဆပ်ဖို့အသင့်ဖြစ်နေပါပြီ”

 

ထိုမိန်းကလေးနှစ်ယောက်က ဖိုးအေးကိုကြည့်ကာ ရယ်မောကြလေသည်။ ထိုကျောက်တုံးကြီးအနောက်မှ ဘီလူးမကြီးထွက်ပေါ်လာသည်။

 

“မင်းကို ငါတို့ခေါ်လိုက်တာ ပေးစရာရှိလို့ပါ”

 

“ဟင်၊ ဒါ၊ ဒါဆိုကျုပ်ကိုသတ်မလို့မဟုတ်ဘူးပေါ့”

 

ဘီလူးမကြီးက ခေါင်းခါလိုက်ကာ

 

“မင်းမိန်းမရဲ့ဗိုက်ထဲမှာ ငါ့သားကြီးရောက်နေသကွဲ့”

 

“ဗျာ၊ သားကြီးဆိုတော့ ဟိုဘီလူးကြီးလား”

 

“အမှန်ပဲ ဖိုးအေး၊ ငါ့သားဟာ ဘီလူးဘဝကလာတာဆိုတော့ နည်းနည်းကြမ်းတမ်းနေလိမ့်မယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းက သူ့ကိုသင်္ကန်းစီးပေးရမယ်၊ သူ့ကိုသာသနဘောင်မှ မွေ့လျော်အောင်လို့ လုပ်ပေးရမယ်၊ မင်းကို အဲဒါပြောဖို့ခေါ်လိုက်တာပဲ”

 

“ဟုတ်၊ ဟုတ်ကဲ့”

 

“ငါ့သားကလေးကြီးလာရင် ဒီတောင်ကြီးတစ်ဝိုက်မှာ ဗုဒ္ဓသာသနာပြန့်ပွားဖို့ ကြိုးစားမှာဖြစ်တယ်၊ ဒီအခါ ငါတို့တွေလည်း သားလေးရဲ့ကုသိုလ်ကောင်းမှုတွေကို ရရှိပြီးတော့ ပိုမိုမြင့်မြတ်တဲ့ ဘုံဘဝကို ကူးပြောင်းကြရမှာဖြစ်တယ်၊ ဒါကြောင့် မင်းကိုခေါ်ပြီး အလေးအနက်ပြောရတာပဲ ဖိုးအေး”

 

“စိတ်ချပါဗျာ၊ ကျုပ် ဘီလူးမကြီးပြောတဲ့အတိုင်း လုပ်ပေးပါ့မယ်”

 

ဘီလူးမကြီးက ဖိုးအေးလက်ကိုဆွဲယူလိုက်ပြီးနောက် ဖိုးအေးလက်ဝါးကိုဖြန့်လိုက်ကာ သူ့လက်ချောင်းများအတွင်းမှ ငုံးဥအရွယ်အစားခန့်ရှိ ရွှေဥလုံးများကို ထုတ်သွန်ချပေးလိုက်သည်။ စုစုပေါင်း ရွှေဥ ခုနစ်လုံးဖြစ်သည်။ ရွှေဥတစ်လုံးလျှင် သုံးကျပ်သား၊ လေးကျပ်သားခန့်ရှိမည်ထင်ရသည်။

 

“ဒါတွေနဲ့ ငါတို့အတွက် ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ငါတို့ကိုအမျှဝေပေးပါ”

 

ဖိုးအေးခေါင်းညိတ်လိုက်သည့်အခါ ဘီလူးများမှာ ရုတ်ခြည်းပျောက်ကွယ်သွားတော့သည်။ ဖိုးအေးလည်း မိုးသည်းသည်းထဲတွင် ရွှေဥများလက်တစ်ဆုပ်စာကိုင်လျှက် အိမ်သို့ပြန်လာခဲ့လေသည်။ ကြာညိုမှာ အိမ်တွင်ငိုနေလေသည်။ ထို့နောက် ငေးငေးငိုင်ငိုင်ဖြင့် အိမ်ထဲဝင်လာသည့် ဖိုးအေးကိုမြင်လိုက်သည့်အခါမှ ဖိုးအေးကိုပြေးဖက်လိုက်လေတော့သည်။

 

ယခုဆိုလျှင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျုံးတောင်အနီးတစ်ဝိုက်တွင်လည်း ဘုရားစေတီပုထိုးများ၊ သာသနိက အဆောက်အအုံများဖြင့် စည်ကားနေကာ တရားဓမ္မအသံများဖြင့် ဝေေ၀ဆာလျှက် ရှိနေပါတော့သည်။

 

ပြီးပါပြီ။

#အဂ္ဂဇော်

ေသ႐ြာျပန္ဖိုးေအး (စဆုံး)

(၁)

အခ်ိန္အားျဖင့္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးစအခ်ိန္ျဖစ္သည္။ ကသာခ႐ိုင္၊ အင္းေတာ္ၿမိဳ႕နယ္အတြင္းတြင္ သီလ႐ြာဟုအမည္ရသည့္ ႐ြာတစ္႐ြာတည္ရွိသည္။ ထိုစဥ္က သီလ႐ြာကေလးမွာ အိမ္ေျခတစ္ရာေက်ာ္ခန႔္သာရွိၿပီး ေတာေတာင္အနီးတြင္တည္ရွိသည့္႐ြာကေလးျဖစ္သည္။ ထိုေဒသတစ္ဝိုက္တြင္ သဘာဝသစ္ေတာႀကီးမ်ား အလြန္ထူထပ္ကာ ျမင့္မားမက္ေစာက္လွသည့္ ေတာင္တန္းမ်ားလည္းတည္ရွိေနျပန္သည္။ ႐ြာကေလး၏ အနီးမွလည္း နာမည္ေက်ာ္ မဲဇာျမစ္က ရစ္ေခြစီးဆင္းလွ်က္ရွိေနသည္။ သီလ႐ြာဟူသည့္ အမည္အတိုင္း ႐ြာသူ႐ြာသားမ်ားမွာ ဘာသာတရားကိုင္းရႈိင္းၾကကာ လယ္ယာစိုက္ပ်ိဳးျခင္းလုပ္ငန္း၊ ေတာင္ယာစိုက္ပ်ိဳးျခင္းလုပ္ငန္းမ်ားအျပင္ သစ္ေတာအတြင္းသို႔တက္ကာ သစ္ဥသစ္ဖုမ်ားကိုရွာေဖြျခင္း၊ သစ္ေတာထြက္ပစၥည္းမ်ားကို ထုတ္ယူေရာင္းခ်ျခင္းစသည့္လုပ္ငန္းမ်ားျဖင့္ ေအးေအးခ်မ္းခ်မ္းအသက္ေမြးလွ်က္ေနထိုင္ၾကေလသည္။

“ေဟ့၊ ငါ့ၾကက္ကို ဘယ္ေခြးကိုက္သြားတာလဲေဟ့”

မိုးမလင္းေသးခင္မွာပင္ သီလ႐ြာကေလးအတြင္း က်ယ္က်ယ္ေလာင္ေလာင္ႏွင့္ေအာ္ဟစ္သံမ်ားကိုၾကားရသည္။ လူတစ္ဦးမွာ ႐ြာလယ္လမ္းအတိုင္း ဓါးလြတ္တစ္ေခ်ာင္းကိုင္လွ်က္ လမ္းေလွ်ာက္လာေလသည္။ မၾကာခင္ ၿခံဝိုင္းတစ္ခုအေရွ႕တြင္ရပ္လိုက္ေလသည္။ ထိုလူအား အိမ္ေပၚမွလူမ်ားက ဝိုင္းၾကည့္ေနၾကသည္။

“ဗ်ိဳ႕ အရီးလွ၊ အရီးလွ၊ ထြက္ခဲ့စမ္းပါအုံးဗ်ာ”

“ဟဲ့ ဖိုးေအး၊ ေစာေစာစီးစီး ငါ့အိမ္ေရွ႕ဘာလို႔ လာေအာ္ေနရတာလဲဟဲ့”

“ေအာင္မယ္၊ က်ဳပ္ကမနက္ေစာေစာစီးစီး ေအးေအးေဆးေဆးႏွပ္ေနခ်င္ေသးတာဗ်၊ အခုက ခင္ဗ်ားေမြးထားတဲ့ ေခြးက က်ဳပ္ၿခံထဲက ၾကက္ကိုဝင္ဆြဲသြားလို႔ဗ်”

“ေၾသာ္၊ ေခြးပဲေအ၊ ၾကက္ေလးဘာေလးေတာ့ ဆြဲမွာေတာ့”

“ဘာဗ်၊ ၾကက္ေလးဘာေလးတဲ့လား၊ ခင္ဗ်ားေမြးထားတဲ့ေခြးက ႐ိုင္းလွၿပီထင္တာ၊ ခင္ဗ်ားတို႔က ေခြးထက္ပို႐ိုင္းတာပဲဗ်”

“ဟဲ့ဖိုးေအး၊ မူးရင္လည္း ေခ်ာင္မွာသြားအိပ္ေနလိုက္စမ္း၊ အဲဒီေခြး ေအာင္နက္က ငါတို႔သနားလို႔ေကြၽးထားတဲ့ေခြးဟဲ့၊ ေမြးထားတဲ့ေခြးမဟုတ္ဘူး”

“ေကြၽးေကြၽးေမြးေမြး က်ဳပ္ကေတာ့မသိဘူးဗ်ာ၊ က်ဳပ္ၾကက္ဖကို ခင္ဗ်ားေခြးဆြဲသြားၿပီ ခင္ဗ်ားတို႔ဘယ္လိုေလ်ာ္ေပးမလဲ”

“ေအာင္မယ္ ဖိုးေအးရဲ႕၊ ငါဆြဲတာမွမဟုတ္တာ၊ ေခြးဆြဲသြားတာပဲဥစၥာ၊ နင္ေတာင္းခ်င္ရင္ ေခြးဆီမွာသြားေတာင္းေပါ့”

ဖိုးေအးက ေဒၚသထြက္ထြက္ႏွင့္ ၿခံစည္း႐ိုးတိုင္အား ဓါးျဖင့္လႊဲခုတ္လိုက္ေလသည္။ ထိုစဥ္ ဘယ္အခ်ိန္ကတည္းက ဖိုးေအးကိုကိုက္ခ်င္ေနမွန္းမသိသည့္ ေအာင္နက္က ဖိုးေအးအေနာက္သို႔ေရာက္လာကာ ဖိုးေအးလစ္ၿပီအထင္ႏွင့္ ေျပးကိုက္ေလသည္။ ဖိုးေအးကလည္း ေခသူမဟုတ္သျဖင့္ ေအာင္နက္ေျပးလာသည္ကိုျဖတ္ခနဲျမင္လိုက္ကာ ကိုယ္ကိုအသာလွိမ့္ေရွာင္လိုက္သည္။ ေအာင္နက္ကိုက္ခ်က္မွာ ဖိုးေအး၏ ေပါင္ရင္းအားမထိေတာ့ဘဲ ေလထဲတြင္သာကိုက္မိသြားသည္။ ဖိုးေအးကလည္း လွ်င္ျမန္သူမို႔ လက္ထဲမွဓါးျဖင့္ ေအာင္နက္ကိုခုတ္ထည့္လိုက္ေတာ့။ ဖိုးေအး၏ ဓါးခ်က္က ေအာင္နက္၏ ေရွ႕ေျခတစ္ေခ်ာင္းအား ခုတ္မိသြားကာ ေအာင္နက္ေျခေထာက္မွာ ျပတ္လုျပတ္ခ်င္အျဖစ္တြဲက်သြားသည္။

“ေအာင္မယ္၊ ဒီေခြးက ငါ့ကိုလာစမ္းတယ္ေပါ့”

ေအာင္နက္မွာ အေျခအေနမဟုတ္သျဖင့္ လွည့္ေျပးေတာ့သည္။ သို႔ေသာ္လည္း ေရွ႕ေျခတစ္ဖက္ ျပတ္ထြက္ေနသျဖင့္ ခုန္ဆြခုန္ဆြျဖင့္သာ ေျပးရသည္။ ဖိုးေအးက ေအာင္နက္အားၾကည့္ရင္း

“ေအး၊ ေျပးစမ္း၊ မင္းဘယ္ေလာက္ေျပးႏိုင္သလဲဆိုတာ ငါၾကည့္စမ္းမယ္၊ ေဟ့ေကာင္ေအာင္နက္၊ မင္းငါ့လက္က လြတ္ေအာင္ေျပး”

ဖိုးေအးမွာ ဓါးႀကီးကိုင္လွ်က္ ေအာင္နက္အေနာက္သို႔ အေျပးလိုက္ေလေတာ့သည္။ ေအာင္နက္မွာလည္း ေသငယ္ေဇာျဖင့္ အားကုန္ေျပးေလသည္၊ သို႔ေသာ္လည္း ဖိုးေအးေျခလွမ္းႏွင့္ ၿပိဳင္မေျပးႏိုင္သျဖင့္ မၾကာခင္မွာပင္ ဖိုးေအးက ေအာင္နက္အားမီသြားကာ ေအာင္နက္ကို ဓါးျဖင့္လွမ္းခုတ္လိုက္သည္။ ဖိုးေအး၏ ဓါးခ်က္မွာ ေအာင္နက္၏ လက္ဝဲဘက္ဗိုက္ကိုထိမွန္သြားကာ ေပါင္ကိုလည္းျဖတ္ထြက္သြားသည္။ သို႔ေသာ္လည္း ေအာင္နက္မွာ အေျပးမရပ္ဘဲ ဆက္ေျပးေလသည္။ ေပါင္တစ္ေခ်ာင္းကိုထိသြားသည္မို႔ ေအာင္နက္၏ ေျပးအားေလ်ာ့လာေလသည္။ ဗိုက္တြင္ဓါးခ်က္ထိထားသည့္ ေနရာမွလည္း အူမ်ားက အေခြလိုက္ထြက္က်လာကာ ေျမျပင္တြင္ တ႐ြတ္တ႐ြတ္ႏွင့္ အတန္းလိုက္ႀကီး တ႐ြတ္ဆြဲပါသြားသည္။

ေအာင္နက္၏ ေအာ္သံ၊ ဖိုးေအး၏ ဆဲဆိုႀကိမ္းေမာင္းသံမ်ားေၾကာင့္ သီလ႐ြာကေလးမွာ ဆူညံေနေလသည္။ ေနာက္ဆုံးေအာင္နက္မွာ မဟန္ေတာ့သျဖင့္ ႐ြာလယ္လမ္းဆုံအနီးအေရာက္တြင္ ေခြက်သြားေလေတာ့သည္။ ဖိုးေအးက ေအာင္နက္ကို ေက်ေက်နပ္နပ္ႀကီးၾကည့္ရင္း

“ေသစမ္း၊ ေသစမ္း၊ မင္းအခုေတာ့ ဘယ္ကိုေျပးမလဲေအာင္နက္ရ ဟား၊ ဟား”

ေအာင္နက္ပါးစပ္ထဲမွ အျမႇဳပ္မ်ားက တစီစီက်လာေလသည္။ ေအာင္နက္မွာေမာပန္းလြန္းသျဖင့္ အသက္ကိုပင္မနည္းရႉေနရသည္။ ဖိုးေအးမွာထိုသည္ကိုပင္ အရသာခံကာၾကည့္ရႈေနေလသည္။

“ငါမင္းကိုမသတ္ဘူး၊ ငါမင္းကိုလြယ္လြယ္နဲ႔ ေပးမေသပါဘူးကြ၊ မင္းေရာဂါေဝဒနာေတြ ခံစားၿပီးေတာ့ အေသဆိုးနဲ႔ေသတာကို ငါကေအးေအးေဆးေဆးထိုင္ၾကည့္ခ်င္တာကြ”

ေအာင္နက္မွာျပင္းထန္သည့္ေဝဒနာျဖင့္္ လဲေလွ်ာင္းေနေလသည္။ အားေလ်ာ့သြားသည့္အခါ ေအာင္နက္မ်က္လုံးအစုံမွိတ္လွ်က္ လဲက်သြားေသးသည္။ ထိုအခါ ဖိုးေအးက ေအာင္နက္၏ လည္ကုတ္အတြင္းသို႔ ဓါးဦးခြၽန္ျဖင့္ထိုးလည့္လိုက္သည္။ မ်က္လုံးမွိတ္သြားသည့္ ေအာင္နက္လည္း တစ္ဖန္မ်က္လုံးျပန္ပြင့္လာသည္။

“မရဘူး၊ မင္းေမ့သြားလို႔မျဖစ္ဘူး၊ ဒီေဝဒနာေတြကို မင္းမေသမခ်င္းခံစားရအုံးမွာကြ”

ေအာင္နက္မွာ နာရီဝက္ခန႔္ၾကာသည့္အခါမွ တစ္ကိုယ္လုံးတြင္ ဒဏ္ရာဒဏ္ခ်က္ေပါင္းမ်ားစြာႏွင့္ ေသဆုံးသြားေလေတာ့သည္။ ႐ြာသားမ်ားမွာ ဖိုးေအးကိုမေျပာရဲၾကသျဖင့္္ အေဝးမွသာ ေခ်ာင္းၾကည့္ၾကေလသည္။ ဖိုးေအးမွာ ေအာင္နက္ေခါင္းကိုေျခေထာက္ႏွင့္တင္ကာ ေအာင္ပြဲခံေနေလသည္။ ထိုအျဖစ္အား ႐ြာလူႀကီး ဦးေရခ်မ္းက ေတြ႕သြားကာ ထြက္လာေလသည္။

“ဖိုးေအးရာ၊ မင္းေတာ္ေတာ္မိုက္တဲ့ေကာင္ပဲကြာ၊ ေခြးထက္မိုက္လို႔ ေခြးနဲ႔ၿပိဳင္ၿပီး ရန္ဖက္ျဖစ္ရတယ္လို႔ကြာ”

“အိုဗ်ာ၊ ေခြးေတြဘာေတြ က်ဳပ္နားမလည္ဘူး၊ က်ဳပ္နားလည္တာကေတာ့ က်ဳပ္ကိုလူပဲျဖစ္ျဖစ္ ေခြးပဲျဖစ္ျဖစ္ ဘယ္သူမွလာေစာ္ကားလို႔မရဘူး၊ ဖိုးေအးကို လုံးႀကီးလာတင္မယ္ဆိုရင္ ဖိုးေအးက အဲဒီလူေခါင္းေပၚကို လုံးႀကီးတင္ၿပီးေတာ့ ဆန္ခတ္ေပးလိုက္မယ္ဗ်၊ နားလည္လား”

ဦးေရခ်မ္းမွာ ေခါင္းသာတြင္တြင္ခါေလသည္။ ဖိုးေအးမွာ ေသဆုံးေနသည့္ ေအာင္နက္အား အျမႇီးမွကိုင္ကာ ႐ြာလယ္လမ္းတြင္ တ႐ြတ္တိုက္ဆြဲသြားသည္။

“ငါ့ကိုေစာ္ကားတဲ့ေခြး၊ မင္းရဲ႕အရသာ ဘယ္လိုေနမလဲဆိုတာ ငါျမည္းစမ္းၾကည့္အုံးမယ္ကြ၊ ဟား၊ ဟား”

ထိုသို႔လည္း ေရ႐ြတ္သြားေသးသည္။

(၂)

သီလ႐ြာတြင္ ဖိုးေအးဆိုလွ်င္ ကေလးမွအစ ေခြးအဆုံးအထိ မသိသူမရွိေပ၊ မသိၾကသည္မွာလည္း ေကာင္းမြန္ေသာေၾကာင့္မဟုတ္ဘဲ အလြန္တရာဆိုးသြမ္းေသာေၾကာင့္ျဖစ္သည္။ ႐ြာသူ႐ြာသားအေတာ္မ်ားမ်ားမည္သူမွ ဖိုးေအးအားအဆက္အဆံမလုပ္ၾက၊ ဖိုးေအးလာလွ်င္ပင္ ငိုေနသည့္ကေလးမွာ အသံတိတ္သြားကာ၊ ေဟာင္လြန္းသည့္ေခြးပင္ အျမႇီးကုပ္၍ ေနေလသည္။ ဖိုးေအးမွာ ကေလးငိုသံၾကားလွ်င္ ဆူညံသည္ဟုဆိုကာ ျပႆနာရွာတတ္သကဲ့သို႔ ေခြးတစ္ေကာင္တစ္ေလက သူ႔အားေဟာင္လွ်င္လည္း ထိုေခြးအား မရမကလိုက္လံသတ္ျဖတ္ကာ အႏိုင္ယူျပေလ့ရွိသည္။

ဖိုးေအးလုပ္သည့္အလုပ္မွာလည္း အကုသိုလ္ျပည့္ႏွက္ေနသည့္ မုဆိုးအလုပ္ျဖစ္သည္။ ထို႐ြာအနီးတစ္ဝိုက္တြင္ နက္ရႈိင္းသည့္ ေတာနက္ႀကီးမ်ားရွိသည္မို႔ ေတာကိုမွီတင္းေနထိုင္ၾကသည့္ သားေကာင္မ်ားမွာလည္း ေပါမ်ားလွသည္။ သမင္၊ ဒရယ္၊ ေခ်ငယ္၊ စိုင္၊ ဆတ္၊ ေတာဝက္ စသည့္ေတာေကာင္မ်ားမွာ သိပ္ေဝးေဝးလံလံရွာမေဖြရေပ၊ ဖိုးေအးတစ္ေယာက္ မနက္ခင္းလင္းသည္ႏွင့္ ဒူးေလးတစ္လက္ကိုင္ကာ ေတာလိုက္စၿမဲျဖစ္သည္။

ေတာမလိုက္သည့္အခါတြင္လည္း ဖိုးေအးမွာ သားသတ္သမားျဖစ္ေတာ့သည္။ ကိုယ္တိုင္လည္း ၾကက္၊ ဝက္၊ ဆိတ္မ်ားကိုေမြးျမဴထားသလို အျခားသူမ်ားေမြးျမဴထားသည့္ ဆိတ္၊ ဝက္၊ ႏြားမ်ားကိုလည္း သက္ရွိအေကာင္အျဖစ္မွ အသားတြဲမ်ားအျဖစ္သို႔ ေျပာင္းလဲေပးရသည့္လုပ္ငန္းကိုလည္း ဖိုးေအးအထူးကြၽမ္းက်င္ေပသည္။ ဖိုးေအးအတြက္ ေတာအရက္တစ္လုံးႏွင့္ အသားတစ္ပိႆခန႔္ရလွ်င္ ေက်နပ္ၿပီျဖစ္သည္။ ဖိုးေအး၏ မိဘမ်ားမွာ ဘာသာတရားကိုင္းရႈိင္းၾကသူမ်ားျဖစ္ေသာ္လည္း ဖိုးေအးမွာေတာ့ ၾသကာသပင္ အလြတ္မရေလာက္ေအာင္ကို ဘာသာတရားအားနည္းလြန္းလွၿပီး အခ်ိန္ျပည့္ေသာက္စားမူးယစ္ေနကာ၊ အကုသိုလ္အလုပ္မ်ားသာ ေန႔စဥ္ျပဳလုပ္ေနေလ့ရွိသည္။ ယခုလည္း အိမ္သို႔ ေခြးေသေကာင္ႀကီးတ႐ြတ္ဆြဲကာ ေရာက္လာျပန္သည္။

ဖိုးေအးက ဓါးထမ္းကာ ေလကေလးတခြၽန္ခြၽန္ျဖင့္ ေခြးေသေကာင္အား တ႐ြတ္ဆြဲကာ ၿခံဝိုင္းအတြင္းသို႔ ဝင္လာခဲ့သည္ကို မိခင္ျဖစ္သူ ေဒၚေစာကေတြ႕ျမင္လိုက္ေလသည္။

“အလိုေလး၊ ဖိုးေအးရယ္ ေစာေစာစီးစီး ဘယ္ကေခြးကိုသြားသတ္လာျပန္ၿပီလဲ”

“အို အေမကလည္းဗ်ာ၊ သြားသတ္လာတာမဟုတ္ဘူးဗ်၊ လက္စားေခ်လာတာ၊ ဘယ့္ႏွယ့္ဗ်၊ ဒီေခြးက က်ဳပ္တို႔ၿခံကိုပတ္ပတ္ေခ်ာင္းေနတာ သုံးေလးရက္ရွိေနၿပီအေမရ၊ ခုမနက္လည္း က်ဳပ္ၾကက္ဖႀကီးေပ်ာက္သြားတယ္ေလဗ်ာ၊ အဲဒါ ဒီေခြးဆြဲတာမဟုတ္လို႔ ဘယ္ေခြးဆြဲတာျဖစ္ရမွာလည္း”

“ေအာင္မယ္ေလး ဖိုးေအးရယ္၊ နင္ကေတာ့ မေျပာမဆိုနဲ႔လုပ္ခ်လိုက္ျပန္ၿပီ၊ ငါ့ကိုတစ္ခုခုေမးပါေတာ့လား၊ နင့္ၾကက္ဖကို နင့္ရဲ႕သူငယ္ခ်င္း ေအာင္ပုက မနက္အေစာႀကီးလာယူသြားတာဟဲ့”

“ဟာ အေမကလည္း၊ က်ဳပ္လည္း ဘာမွမသိလိုက္ရပါလားဗ်ာ”

“ဘယ္သိမလဲ၊ နင္က ညတုန္းက လူမွန္းသူမွန္းမသိေအာင္ ေသာက္ၿပီးေတာ့ အိပ္ေနတာကိုး၊ ေအာင္ပုလည္း နင့္ကိုေခၚႏႈိးပါေသးတယ္၊ ဒါေပမယ့္ နင့္ကိုႏႈိးလို႔ နင္စိတ္ဆိုးမွာေၾကာက္လို႔ဆိုၿပီး ၾကက္ကိုပဲယူသြားခဲ့တာပဲ”

ထိုေတာ့မွ ဖိုးေအးလည္း သူမွားမွန္းသိလိုက္ၿပီျဖစ္သည္။ သူတ႐ြတ္တိုက္ဆြဲလာသည့္္ ေအာင္နက္အေလာင္းေကာင္ႀကီးမွာေတာ့ ဖုန္အလိမ္းလိမ္း၊ ေသြးအလိမ္းလိမ္းျဖင့္ ေပက်ံေနေလသည္။

“နင္နဲ႔ေတာ့ခက္ပါတယ္ ဖိုးေအးရယ္၊ နင့္အထင္တစ္ခုနဲ႔ သူမ်ားအသက္ကို သတ္လိုက္ရသလားဟဲ့”

“အိုဗ်ာ၊ အေမကလည္း ဒီေကာင္ေအာက္နက္ တကယ္ခိုးစားတာမဟုတ္ေပမယ့္လည္း သူ႔သခင္ အရီးလွကေတာ့ ေတာ္ေတာ္အေၾကာတင္းတာဗ်၊ သူ႔ကိုၾကည့္မရတာလဲပါတယ္”

“ဒုကၡပါပဲ ဖိုးေအးရယ္၊ ငါ့သားေလး ေအးေအးေဆးေဆးျဖစ္ပါေစဆိုၿပီး နင့္နာမည္ကို ဖိုးေအးလို႔ေပးထားတာေတာ့ မွားၿပီထင္ပါတယ္ဟယ္၊ အခုေတာ့ မေအးတဲ့အျပင္ နင္က အပူလုံးသက္သက္ျဖစ္ေနတာ၊ နင့္နာမည္ကိုလည္း ဖိုးေအးကေနၿပီးေတာ့ အကုသိုလ္ေကာင္လို႔ နာမည္ေျပာင္းေပးရမလိုျဖစ္ေနပါၿပီ၊ ဟင္း”

ဖိုးေအးက အလြန္ေက်နပ္သြားသည့္ပုံျဖင့္

“အကုသိုလ္ေကာင္တဲ့ ဟား ဟား၊ မဆိုးဘူးအေမ ဒီနာမည္ေခၚလို႔ေကာင္းတယ္”

ဖိုးေအးမွာ ႐ြဲ႕ေျပာ၍ေျပာမွန္းမသိဘဲ ၿပဳံးၿဖီးၿဖီးလုပ္ေနေလရာ ေဒၚေစာမွာဖိုးေအးကိုမ်က္ေစာင္းထိုးကာ အံ့ကိုႀကိတ္လိုက္ရေတာ့သည္။

“ကဲပါအေမရာ၊ ဘာပဲေျပာေျပာ၊ မၾကာခင္ ေအာင္နက္အရသာကို ျမည္းစမ္းၾကည့္ၾကတာေပါ့”

“အလိုေတာ္၊ ေခြးသားငါမစားပါဘူး၊ နင္ပဲစား၊ နင္ပဲစားစမ္းပါ”

“အေမမစားဘူးဆိုေတာ့လည္း က်ဳပ္တစ္ေယာက္တည္း တဝႀကီးစားရတာပ၊ ေက်းဇူးပါအေမေရ”

ဖိုးေအးမွာ ေခြးႀကီးကိုအိမ္ေနာက္ေဖးသို႔ဆြဲသြင္းလိုက္ကာ အမဲဖ်က္ၿပီး စားေသာက္ရန္အတြက္ခ်က္ျပဳတ္ေနေလေတာ့သည္။ ဖိုးေအးတြင္ အေဖမရွိေတာ့ေပ၊ ဖိုးေအးအေဖမွာ ဂ်ပန္ေခတ္ကတည္းက ဗုံးစမွန္ကာ ေသဆုံးခဲ့သည္။ ဖိုးေအးမိခင္မွာ ေဒၚေစာျဖစ္သည္။ ေဒၚေစာမွာလည္း လြန္ခဲ့သည့္ဆယ္ႏွစ္ခန႔္က လွည္းေပၚမွျပဳတ္က်သည့္ဒဏ္ရာေၾကာင့္ ခါး႐ိုးက်ိဳးသြားကာ ေအာက္ပိုင္းေသသြားခဲ့သူတစ္ဦးျဖစ္သည္။ ထို႔ေၾကာင့္ စားဝတ္ေနေရးအတြက္ ဖိုးေအး၏ အကုသိုလ္အလုပ္ကိုသာ မွီခိုေနရေလသည္။ ဖိုးေအးမွာ အျခားသူမ်ားအေပၚမေကာင္းေသာ္လည္း မိခင္ႀကီးအေပၚေတာ့ ေကာင္းရွာသည္။

ခ်က္ျပဳတ္ေကြၽးေမြးသည္မွအစ၊ မိခင္ႀကီး၏ ေခ်းဝတ္ေသးဝတ္မ်ား ေလွ်ာ္ဖြပ္ေပးျခင္း၊ မိခင္ႀကီးအား ေရမိုးခ်ိဳးေပးျခင္းတို႔ကို မညည္းမညဴလုပ္ေပးရွာသည္။ ထို႔ေၾကာင့္လည္း ႐ြာမွလူမ်ားက ဖိုးေအးအား သူ၏မိခင္မ်က္ႏွာျဖင့္ ေျပာဆိုဆက္ဆံေနၾကျခင္းျဖစ္သည္။

ထိုစဥ္ၿခံထဲသို႔ မိန္းကေလးတစ္ဦးဝင္လာသည္။ အိမ္ေရွ႕နားတြင္ထိုင္ေနသည့္ ေဒၚေစာကိုၾကည့္ကာ

“အေဒၚေရ၊ ကိုဖိုးေအးရွိသလားေတာ့”

“ေၾသာ္၊ ၾကာညိဳေရ၊ ရွိပါ့ေတာ္၊ နင့္အကိုအေနာက္မွာရွိပါ့”

ၾကာညိဳဆိုသည့္မိန္းကေလးမွာ အိမ္ေနာက္ေဖးသို႔ပတ္သြားလိုက္ေလသည္။ ၾကာညိဳမွာ ဖိုးေအးထက္ အသက္ငါးႏွစ္ခန႔္ငယ္ေလသည္။ ႐ြာလူႀကီး ဦးေရခ်မ္း၏ သမီးေထြးလည္းျဖစ္ျပန္သည္။ ၾကာညိဳဝင္လာရင္း အိမ္ေနာက္ေဖးသို႔ေရာက္သည့္အခါ ဖိုးေအးတစ္ေယာက္ ေအာင္နက္ႀကိးကိုဖ်က္ေနေလသည္။

“ကိုဖိုးေအး၊ ဘာေကာင္ႀကီး ရလာျပန္တာတုန္းေတာ့”

“ဟာ၊ လန႔္လိုက္တာ ၾကာညိဳရာ၊ ဘာေကာင္လည္းဆိုေတာ့ ေခြး . . . အဲ အဲေလ၊ ေခ်ေကာင္ပါဟ”

ေခြးေခါင္းျဖတ္ထားၿပီး အေရခြံဆုတ္ထားသျဖင့္ ၾကာညိဳလည္း ဖိုးေအးစကားကိုယုံၾကည္သြားေလသည္။

“ဒါနဲ႔ ႐ြာထဲမွာ ငါ့သတင္းေတြ ဘာေတြေျပာေနၾကသလဲ”

“ဘာမွမၾကားပါဘူး”

“ေအာ္၊ ေအး၊ မၾကားရင္လည္း ၿပီးတာပါပဲ၊ ဒါနဲ႔ ဘာကိစၥရွိလို႔လဲ”

“ဘႀကီးက အစာအိမ္သိပ္မေကာင္းလို႔ ကိုဖိုးေအးဆီမွာ ျဖဴအူမ်ားရွိမလားဆိုၿပီး လာၾကည့္တာ”

ု”ျဖဴအူက ကုန္ၿပီဟ၊ ေနာက္ေန႔ျဖဴရရင္ေတာ့ နင္တို႔အိမ္ကိုဝင္ေပးမယ္ေလ၊ ေၾသာ္ ဒါနဲ႔ ေခ်သားယူသြားပါအုံးလား၊ ေခ်သားက လူနဲ႔တည့္တယ္ဟ၊ နင့္အေဖ ဦးေရခ်မ္း ဒူလာထလို႔ဆို၊ ေခ်သားက ဒူလာေကာင္းတယ္ဟ”

“ကိုဖိုးေအး အလကားေပးရင္ေတာ့ ယူမွာေပါ့ေတာ္”

ဖိုးေအးက တစ္ခ်က္ၿပဳံးလိုက္ကာ ေပါင္သားႏွင့္ လက္ျပင္သားအနည္းငယ္ကိုလွီးျဖတ္ေပးလိုက္ေလသည္။

“ဒီေန႔ေတာ့ ေခ်ေကာင္ေသးလို႔ အသားႀကီးႀကီးမရဘူးဟာ၊ ရတာပဲစား၊ ဟုတ္ၿပီလား”

“ေက်းဇူးပါေတာ္၊ အိမ္မွာဒီေန႔ အသားဟင္းမခ်က္တာနဲ႔အေတာ္ပဲ၊ အေဖက အရမ္းႀကိဳက္မွာေတာ့”

ၾကာညိဳမွာ ေျပာဆိုၿပီးေနာက္ ဖိုးေအးထည့္ေပးလိုက္သည့္ အသားတြဲကိုကိုင္ကာ အိမ္ထဲမွေျပးထြက္သြားေလေတာ့သည္။ ဖိုးေအးလည္း ၾကာညိဳေျပးထြက္သြားသည္ကိုၾကည့္ရင္း ရယ္ေမာေနမိသည္။

ၾကာညိဳမွာလည္း တစ္မ်ိဳးထူးဆန္းသူျဖစ္သည္။ ႐ြာထဲတြင္ လူဆိုးလူမိုက္စာရင္းသြင္းထားသည့္ မုဆိုးႀကီးဖိုးေအးကိုမွ စိတ္လည္ေနမိသူျဖစ္သည္။ ဆိုးၾက၊ မိုက္ၾက၊ ႐ိုင္းၾကသည့္ လူမိုက္ႀကီးမ်ားကိုမွ ခ်စ္ခင္တတ္သည့္ မိန္းကေလးမ်ား၏ ထူးဆန္းေသာစိတ္ေၾကာင့္ျဖစ္မည္ထင္သည္။ ၾကာညိဳမွာ မီးဖိုခန္းသို႔ အသားတြဲကိုင္ကာေျပးလာေလသည္။ ၾကာညိဳ၏အေမ ေဒၚျပဴးက သမိးျဖစ္သူကိုၾကည့္ရင္း

“ဘယ္လိုလဲ၊ ဖိုးေအးဆီက ျဖဴအူရလာသလား”

“ျဖဴအူေတာ့မရဘူး၊ ေနာက္ေန႔ျဖဴေတြ႕ေတာ့ လာေပးမယ္တဲ့၊ ေဟာဒီမွာ ေခ်သားပဲရလာတယ္”

“အမယ္ေလး၊ ဟန္က်တာေပါ့၊ ဒီေန႔အိမ္မွာအသားဟင္းမရွိလို႔ နင္တို႔အေဖအတြက္ ၾကက္ဥေၾကာ္ေပးမလားလို႔ စဥ္းစားေနတာ၊ အေတာ္ပဲျဖစ္သြားတယ္”

“ကိုဖိုးေအးက ေျပာလိုက္ေသးတယ္၊ အေဖ့လို ဒူလာေရာဂါသည္က ေခ်သားစားရင္ေကာင္းတယ္တဲ့အေမ”

ေဒၚျပဴးက ၾကာညိဳကိုတစ္ခ်က္ၾကည့္လိုက္ရင္း

“ဒါနဲ႔ နင့္မ်က္ႏွာက ၿပဳံးၿဖီးေနပါလား ညိဳမ၊ နင္ဘာျဖစ္တာလဲ”

အေမေျပာလိုက္သျဖင့္ ၾကာညိဳမွ ခပ္တန္းတန္းျဖစ္သြားေလသည္။

“ညည္းၾကည့္လိုက္ရင္ ဖိုးေအးအေၾကာင္းေျပာလိုက္တာနဲ႔ ေပ်ာ္ေနတာပဲေနာ္၊ ညည္း ဖိုးေအးကိုမ်ား ႀကိဳက္ေနတာလား”

“အို အေမကလည္း ဘာေတြေျပာေနသလဲမသိဘူး”

“ငါကေတာ့ တစ္ခြန္းထဲေျပာလိုက္မယ္၊ ဖိုးေအးလိုေကာင္နဲ႔ႀကိဳက္လို႔ကေတာ့ ညည္းပါအိမ္ေပၚကေနဆင္းပဲ၊ အဲဒီလိုေကာင္နဲ႔ ငါတို႔ကေတာ့ မပတ္သက္ႏိုင္ဘူး”

“အို အေမကလည္း ကိုဖိုးေအးက လူေကာင္းတစ္ေယာက္ပါအေမရဲ႕”

“ဘာေကာင္းတာလဲ၊ အားအားရွိ အရက္ေသာက္လိုက္၊ ဒူးေလးကိုင္ၿပီး အမဲပစ္လိုက္နဲ႔လုပ္ေနတဲ့ အကုသိုလ္ေကာင္ကိုမ်ား”

“အေမရယ္ ကိုဖိုးေအးကို ဒီလိုမ်ိဳး မႈိခ်ိဳးမွ်စ္ခ်ိဳးေတာ့ မေျပာပါနဲ႔၊ အရက္ေသာက္တယ္ဆိုတာလည္း ကိုဖိုးေအးတစ္ေယာက္တည္း ဒီ႐ြာမွာ အရက္ေသာက္တာမွမဟုတ္တာ၊ ဒီ႐ြာမွာ ေယာက္်ားေလးမွန္ရင္ အရက္ေသာက္တာဆန္းသလားအေမရ၊ အေမ့သမက္ေတြေတာင္မွ အရက္ေသာက္ၾကတာပဲကို”

“တယ္၊ ဒီေကာင္မေလးကေတာ့ ငါ့သမက္ေတြ အရက္ေသာက္တယ္ဆိုတာ လယ္ယာလုပ္ငန္းလုပ္ကိုင္ၿပီးလို႔ ေျခဆင္းလက္ဆင္းေကာင္းေအာင္ဆိုၿပီး နည္းနည္းပါးပါးေသာက္တာဟဲ့၊ နင့္အေကာင္က တစ္ေနကုန္အရက္ကေလးတျမျမနဲ႔ ၿပီးေတာ့ ဒူးေလးကိုင္ၿပီး အမဲလိုက္ေသးတယ္”

“အမဲလိုက္တာ ဘာဆိုးလို႔လည္းအေမရာ၊ လယ္သမားလယ္စိုက္သလို၊ မုဆိုးအမဲလိုက္တာ ဘာဆန္းလဲ၊ ၿပီးေတာ့ ကိုဖိုးေအးက အဲဒီႏွစ္ခုကလြဲလို႔ ဘာမွမဆိုးပါဘူး၊ သူ႔အေမအေပၚဆိုရင္လည္း သိပ္သိတတ္တာပဲ၊ ၿပီးေတာ့ သူက အရက္သာေသာက္ေနတယ္ ႐ြာကမိန္းကေလးေတြအေပၚ ထိကပါးရိကပါးလုပ္တာ အေမျမင္ဖူးလို႔လား၊ ရန္ျဖစ္တယ္ဆိုတာကလည္း ဆယ္ခါတစ္ခါပါအေမရာ၊ သူ႔အေပၚလူပါးဝလို႔ သည္းမခံႏိုင္လို႔ ရန္ထျဖစ္တာပါ”

“ေအာင္မယ္ေလးေတာ္၊ ဟဲ့ညိဳမ ညည္းကိုညည္းလင္ဖိုးေအးက ဘယ္ေလာက္ေပးထားလို႔ ညည္းက သူ႔ဘက္ကေနေရွ႕ေနလိုက္ေပးေနရတာလဲ”

ၾကာညိဳဘာမွမေျပာဘဲ တခစ္ခစ္သာရယ္ေတာ့သည္။

“ငါေျပာၿပီးသားေနာ္၊ ညည္းတို႔ႀကိဳက္တဲ့လူကို လင္ေ႐ြးၿပီးယူႏိုင္တယ္၊ ဒါေပမယ့္ ဖိုးေအးနဲ႔ဆိုလို႔ကေတာ့ ညည္းကိုပါအိမ္ေပၚကေန ကန္ခ်လိုက္မွာ”

“ကန္ခ်ေပါ့အေမရ၊ အေမ့အိမ္က က်ဥ္းက်ဥ္းေလး၊ ကိုဖိုးေအး အိမ္ကအက်ယ္ႀကီးပဲ”

“တယ္ဒီေကာင္မေလးေတာ့ ေယာက္မစာမိေတာ့မယ္”

ေဒၚျပဴးက ေယာက္မျဖင့္ျပင္သျဖင့္ ၾကာညိဳလည္း မီးဖိုခန္းအျပင္သို႔ ထြက္ေျပးရေလေတာ့သည္။

(၃)

ေအာင္နက္အသားကို စပါးလင္ႏိုင္ႏိုင္ျဖင့္ ေမႊးႀကိဳင္ေနေအာင္ခ်က္ကာ ဖိုးေအးတစ္ေယာက္ အရက္တစ္ပိုင္း၊ ထမင္းႏွစ္လုံးခ်က္ျဖင့္ အားရပါးရစားေသာက္ေနေလေတာ့သည္။ စားေသာက္ၿပီးသည့္အခါ ဗိုက္အင့္လာကာ ငိုက္ျမည္းစျပဳလာသည္။ ယေန႔မွ အခ်ိန္ေတြက အကုန္ေႏွးေနေလသည္။ ခ်က္ျပဳတ္စားေသာက္ၿပီးစီးေသာ္လည္း ေနမြန္းလြဲ႐ုံသာရွိေသးသည္။

“အင္း၊ ငါဒီအတိုင္းထိုင္ေနလို႔မျဖစ္ဘူး၊ ၾကာညိဳက ျဖဴအူလိုခ်င္တယ္လို႔ေျပာတယ္မဟုတ္လား၊ သူ႔အတြက္ ျဖဴႀကီးႀကီးတစ္ေကာင္ေလာက္ သြားရွာေပးရင္ေကာင္းမယ္”

အမွန္အတိုင္းဆိုရလွ်င္ ဖိုးေအးလည္း ၾကာညိဳအား ေမတၱာရွိေနေလသည္။ သို႔ေသာ္လည္း ၾကာညိဳအားဖြင့္မေျပာရဲေပ၊ သူက အရက္သမား၊ မုဆိုး၊ အေျခအေနမဲ့ျဖစ္ကာ ၾကာညိဳမွာေတာ့ ႐ြာမ်က္ႏွာဖုံး၊ တစ္႐ြာလုံးက ေလးစားရသည့္ သူႀကီး၏ သမီးေထြးျဖစ္ေနျပန္သည္။ ဖိုးေအးကိုယ္တိုင္ကလည္း ေအာက္ပိုင္းေသေနသည့္ အေမႀကီးကိုျပဳစုေနရသည္မို႔ မိန္းမယူမည့္အေရးကို ေခါင္းရႈပ္ခံၿပီးေတြးမေနေသးဘဲ ၾကာညိဳႏွင့္ ပိုေနၿမဲက်ားေနၿမဲ ဆက္ဆံေပါင္းသင္းေနျခင္းျဖစ္သည္။

ဖိုးေအးလည္း အိမ္နံရံတြင္ခ်ိတ္ထားသည့္ လက္စြဲေတာ္ဒူးေလးႀကီးကိုယူလိုက္ကာ ျမႇားတံထည့္သည့္ က်ည္ေတာက္အား ခါးတြင္ခ်ိတ္ဆြဲလိုက္ၿပီး ေတာခုတ္ဓါးခပ္ရွည္ရွည္တစ္လက္ယူကာအိမ္ေအာက္မွထြက္လာခဲ့သည္။ ထိုစဥ္ အိမ္ေပၚထပ္အေရွ႕ခန္းတြင္ မိခင္ျဖစ္သူ၏ ဘုရားရွိခိုးသံကို ၾကားေနရေလသည္။

“အေမေရ၊ က်ဳပ္ေတာလည္ထြက္လိုက္အုံးမယ္ဗ်ာ”

“ဟဲ့ ဖိုးေအး၊ မြန္းေတာင္လြဲေနၿပီ ဒီအခ်ိန္ႀကီးက်မွ သြားမလို႔လား”

“ၾကာညိဳက ျဖဴအူလိုခ်င္တယ္ေျပာလို႔အေမရ၊ အဲဒါ က်ဳံးေတာင္ဘက္ကို ေျခဆန႔္ၾကည့္မလို႔”

“ေအာင္မယ္ေလး ဖိုးေအးရယ္၊ သြားစရာေနရာရွားလို႔ က်ဳံးေတာင္ကိုသြားမယ္တဲ့လား၊ လူေတြေျပာတာ မင္းမၾကားဖူးဘူးလား၊ က်ဳံးေတာင္နားမွာ ေျမေအာက္မွာေအာင္းၿပီးေနၾကတဲ့ ဘီလူးသိုက္ရွိတယ္တဲ့”

“ဟာ၊ ဒါေတြက်ဳပ္မယုံပါဘူးအေမရာ၊ ဘီလူးသိုက္ရွိတယ္ဆိုရင္လည္း ဘီလူးေတြ႕ဖူးတာေပါ့ဗ်၊ က်ဳပ္ဒူးေလးနဲ႔ အဲဒီဘီလူးေကာင္ကို သမလိုက္ရင္ ဘီလူးသားေတာင္ စားခ်င္စားရမွာအေမရ”

“မင္းနဲ႔ေတာ့ ခက္ပါတယ္ ဖိုးေအးရယ္”

“ေၾသာ္၊ ဒါနဲ႔ သတၱဝါေတြကို ေဘးကင္းပါေစဆိုၿပီး ေမတၱာေတြဘာေတြ သိပ္ပို႔မေနနဲ႔အေမရ၊ အေမ ေမတၱာပို႔လို႔ က်ဳပ္ေတာေကာင္မရမွ သားအမိႏွစ္ေယာက္ ထမင္းငတ္ေနအုံးမယ္၊ ဟက္၊ ဟက္”

မိခင္ျဖစ္သူအား ရယ္က်ဲက်ဲေျပာကာ ဖိုးေအးတစ္ေယာက္အိမ္မွထြက္လာခဲ့လိုက္သည္။ ႐ြာလယ္လမ္းအတိုင္း လမ္းေလွ်ာက္လာရင္း သူႀကီးဦးေရခ်မ္းႏွင့္ လမ္းတြင္ပက္ပင္းတိုးေလေတာ့သည္။ ဖိုးေအးက တစ္ခ်က္ၿပဳံးလိုက္ၿပီး ေခါင္းကေလးငုံ႔ကာ

“ဗ်ိဳ႕၊ သူႀကီး၊ စားၿပီးၿပီလားဗ်”

ဦးေရခ်မ္းက ဖိုးေအးကိုအထူးအဆန္းႏွင့္ၾကည့္ရင္း

“ေအးေအး၊ စားၿပီးပါၿပီကြာ၊ ဒါနဲ႔ မင္းလက္ထဲမွာလည္း ဒူးေလးႀကီးနဲ႔ပါလား၊ ဒီအခ်ိန္ႀကီးမွ ေတာလည္ထြက္မလို႔လား”

“ဦးေလးသမီးက ျဖဴအူလိုခ်င္တယ္လို႔ လာေျပာတယ္မဟုတ္လား၊ ေဆးသုံးဖို႔ဆိုေတာ့လည္း က်ဳပ္ဆိုတဲ့ဖိုးေအးက အကုသိုလ္အျဖစ္ခံၿပီး ရွာႀကံေပးရအုံးမွာေပါ့ဗ်ာ”

ဦးေရခ်မ္းက ဘာမွမေျပာႏိုင္ေပ။

“ေၾသာ္၊ ဒါနဲ႔သူႀကီး၊ ေအာင္နက္အသား စားေကာင္းရဲ႕လားဗ်”

ဦးေရခ်မ္းမွာထူးဆန္းသြားၿပိး

“ဟင္၊ ေအာင္နက္အသားတဲ့လား၊ ဒါဆို၊ ဒါဆို ေခ်သားဆိုတာက”

ဖိုးေအးမွာ ရယ္လွ်က္

“ဟား၊ ဟား ဘယ္ကလာေခ်ရမွာလဲဗ်ာ၊ က်ဳပ္ဒီေန႔ေတာမွမလည္တာဗ်၊ အဲဒါ က်ဳပ္မနက္က သတ္လိုက္တဲ့ေခြးႀကီးေအာင္နက္ရဲ႕အသားဗ်၊ ဘယ္လိုလဲသူႀကီး စားလို႔ေကာင္းတယ္မဟုတ္လား”

ဦးေရခ်မ္းမ်က္ႏွာႀကီးရႈံ႕မဲ့သြားကာ

“ဖြီ၊ ဖြီ၊ ေဟ့ေကာင္ဖိုးေအး၊ မင္းေတာ္ေတာ္မိုက္႐ိုင္းတဲ့ေကာင္ပဲကြ”

“ေခြးသားစားတာ မ႐ိုင္းပါဘူးဗ်ာ၊ သူႀကီးေတာင္စားေကာင္းေကာင္းနဲ႔စားခဲ့တယ္မဟုတ္လား၊ ေခြးသားစားၿပီးေတာ့ ေနာက္ဆိုေခြးသားႀကိဳက္လြန္းလို႔ ဆိတ္သားနဲ႔ေတာင္ မလဲႏိုင္ဘူးျဖစ္ေနပါမယ္ သူႀကီးရာ ဟား၊ ဟား”

ဖိုးေအးက ေျပာဆိုလွ်က္ ႐ြာလယ္လမ္းအတိုင္းေလွ်ာက္လာခဲ့ရာ သူႀကီးဦးေရခ်မ္းမွာ ဖိုးေအးအားလက္ညႇိဳုးထိုးလွ်က္ က်န္ေနခဲ့ေတာ့သည္။

ဖိုးေအးလည္း ေလကေလးတခြၽန္ခြၽန္ျဖင့္ ႐ြာမွထြက္လာခဲ့ေတာ့သည္။ သီလ႐ြာကေလးမွ ထြက္ၿပီးသည့္ေနာက္ အေနာက္ဘက္သို႔ဦးတည္လာခဲ့သည္။ ထိုေနရာတြင္ ေတာင္ႀကီးငါးလုံးရွိသည္။ ေ႐ႊေတာင္၊ ေငြေတာင္၊ က်ဳံးေတာင္၊ အင္ၾကင္းေတာင္၊ သေျပေတာင္တို႔ျဖစ္ၾကသည္။ ထိုေတာင္မ်ားအနက္ က်ဳံးေတာင္မွာ သစ္ႀကီးဝါးႀကီးမ်ားသိပ္မရွိလွပဲ ေက်ာက္တုံးဆန္သည့္ ေျမမ်ားသာရွိသည္။ ေတာင္တစ္ဝန္းတြင္လည္း အိမ္တစ္လုံးစာခန႔္ရွိသည့္ ေက်ာက္တုံးႀကီးမ်ား၊ ေက်ာက္ထပ္၊ ေက်ာက္လႈိဏ္ဂူမ်ားရွိကာ ျမက္ပင္၊ သစ္ေပ်ာ့ပင္၊ ခ်ဳံပင္မ်ားႏွင့္ ေျမစာဥပင္မ်ားေပါက္ေရာက္ၾကသည့္အတြက္ ထိုေတာင္သည္ ျဖဴေကာင္မ်ားခိုေအာင္းက်က္စားရာ ေတာင္တစ္ေတာင္ျဖစ္ေနျပန္သည္။

သို႔ေသာ္လည္း ထိုက်ဳံးေတာင္မွာ ေရွးယခင္ကတည္းကပင္ ဘီလူးမ်ားေနထိုင္က်က္စားၿပီး လူသားစားသည္ဟု အဆိုရွိသျဖင့္ အနီးအပါး႐ြာမ်ားမွမည္သူမွ ထိုေတာင္သို႔မသြားရဲၾကေခ်၊ ထင္းရွာ၊ သစ္ခုတ္၊ မႈိခ်ိဳး၊ မွ်စ္ခ်ိဳးသမားမ်ားပင္ ထိုေတာင္ေပၚသို႔ ေျခဦးမလွည့္ရဲၾက၊ သီလ႐ြာတြင္ ထိုေတာင္သို႔သြားသူမွာ မုဆိုးဖိုးေအးတစ္ေယာက္သာရွိေလသည္။ ေန႔လည္ခင္းမို႔ အလင္းေရာင္ေကာင္းစြာရေနသည္။ ပတ္ဝန္းက်င္တစ္ခြင္လည္း လင္းခ်င္းေနေတာ့၏။ ဖိုးေအးမွာ က်ဳံးေတာင္အနီးသို႔ေရာက္ေသာ္ အနည္းငယ္ေအးစက္သြားသည္ဟုထင္ရသည္။ လူမလာရဲ၊ လူမေရာက္သည့္ေနရာျဖစ္သျဖင့္ သစ္ပင္ဝါးပင္ႀကီးမ်ားက ေတာင္ေျခတစ္ဝိုက္တြင္ အုပ္အုပ္ဆိုင္းဆိုင္းႏွင့္ ႀကီးခ်င္သေလာက္ ႀကီးထြားေနၾကေလသည္။

ခ်ဳံႏြယ္ပိတ္ေပါင္းမ်ားကို ခုတ္ထြင္ရွင္းလင္းရင္း တစ္ေယာက္တည္းတက္လာခဲ့သည္။ က်ဳံးေတာင္တြင္ ေက်းငွက္ေအာ္ျမည္သံကိုပင္ မၾကားရေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနေလသည္။ ေလကတည္း မတိုက္သည္မို႔ သစ္႐ြက္တစ္႐ြက္ပင္ မလႈပ္မရွားဘဲရွိေနသည္ကို သတိျပဳမိသည္။ ေတာင္ေျခေရာက္သည့္အခါ ေက်ာက္အထပ္မ်ားကိုေတြ႕ရသည္။ ျဖဴေကာင္တို႔၏ ေျခရာကိုလိုက္လံရွာေဖြေသာ္လည္း မေတြ႕ေပ၊ ထိုအနီးတြင္ေတာ့ ေက်ာက္တုံးႀကီးတစ္လုံးတည္ရွိသည္။ ထိုေက်ာက္တုံးႀကီးေပၚတြင္ ထုံးျဖင့္္ေရးသားထားသည့္စာမ်ားရွိသည္။ ထိုေက်ာက္တုံးႀကီးမွာ ေျမေအာက္တြင္တိုင္းျပည္တည္ကာ ေနထိုင္ၾကသည့္ ေျမေအာင္းဘီလူးမ်ား၏ သိုက္အဝင္ဝျဖစ္သည္ဟု အမ်ားကဆိုၾကေလသည္။

ေက်ာက္တုံးေပၚတြင္ အထင္အရွားရွိေနသည့္ ဘီလူးေျခရာ၊ ဘီလူးလႈိဏ္ဂူ စသည္တို႔လည္းတည္ရွိေပသည္။ အျခားလူမ်ားမွာ တစ္ေယာက္တည္းသြားဖို႔မေျပာႏွင့္ လူစုလူေဝးျဖင့္ပင္ မသြားဝံ့ၾကသည့္ေနရာမ်ားကို ဖိုးေအးတစ္ေယာက္ တစ္ေယာက္တည္း အေၾကာက္အလန႔္မရွိ ေအးေအးလူလူသြားလာေနမိသည္။

ေတာအတြင္းသြားလာေနရင္း မၾကာခင္ အေနာက္မွေျခသံမ်ားကိုၾကားလိုက္ရသည္။ ဖိုးေအးမွာ မုဆိုးျဖစ္သျဖင့္ နားပါးလွသည္။ အတန္ၾကာေလွ်ာက္ၿပီး လွည့္ၾကည့္သည့္အခါ ေျခသံမ်ားလည္းမၾကားရဘဲ လူရိပ္လူေျခကိုပင္ မေတြ႕ရေပ၊ ဖိုးေအးတစ္ေယာက္ ဆက္ေလွ်ာက္သည့္အခါ သူ႔အေနာက္မွ ထပ္ၾကပ္မကြာလိုက္လာသည့္ ေျခသံမ်ားကိုၾကားရေလသည္။ ေျခသံမ်ားမွာလည္း ထူးဆန္းလွသည္။ သူတစ္လွမ္းလွမ္းလိုက္လွ်င္ တစ္လွမ္းလိုက္လွမ္းသည္။ သူရပ္လိုက္သည့္အခ်ိန္တြင္ ရပ္တန႔္ေနေလသည္။ ေနာက္တစ္ဖန္ျပန္လွည့္ၾကည့္လိုက္သည့္အခါတြင္လည္း မည္သူမွရွိမေနေပ၊ ဖိုးေအးတစ္ေယာက္ လူအမ်ားေျပာသည့္ ဘီလူးမ်ားလားဟု ေတြးမိသြားေလသည္။

“ေဟ့၊ ငါ့ေနာက္လိုက္တာ ဘီလူးေတြလားကြ၊ ဘီလူးဆိုရင္ေတာ့ ထြက္ခဲ့ေဟ့၊ ဘီလူးသားမစားဖူးေသးလို႔ ျမည္းစမ္းၾကည့္ခ်င္လို႔”

ဖိုးေအးေအာ္လိုက္သည့္အခါ အနားမွခ်ဳံပုတ္ႀကီးမွာ တရွဲရွဲႏွင့္လႈပ္ခတ္လာေလသည္။ ဖိုးေအးလည္း ဒူးေလးကိုအသင့္ျပင္လိုက္ကာ ထိုခ်ဳံပုတ္ႀကီးအား ထိုးခ်ိန္ထားလိုက္သည္။ မၾကာမီ ခ်ဳံပုတ္အတြင္း အရိပ္အေယာင္မ်ားေတြ႕ရသည္။ ထို႔ေနာက္ခ်ဳံပုတ္အတြင္းမွ မိန္းကေလးႏွစ္ဦးထြက္လာေလသည္။ မိန္းကေလးမ်ားမွာ ခ်ည္ၾကမ္းထည္အကြက္မ်ားကို ဝတ္ဆင္ထားၾကၿပီး ေတာသူေတာင္သားမ်ားပင္ ျဖစ္ပုံရသည္။

“မပစ္ပါနဲ႔ရွင္၊ က်ဳပ္တို႔ကိုမပစ္ပါနဲ႔”

ဖိုးေအးလည္း လူမွန္းသိလိုက္သျဖင့္ ဒူးေလးကိုျပန္ခ်လိုက္ေလသည္။

“ဟဲ့ ေျပာစမ္း၊ နင္တို႔ဘာျဖစ္လို႔ ငါ့အေနာက္လိုက္ေနရတာလဲ၊ နင္တို႔ဘယ္႐ြာကလဲ”

“က်ဳပ္တို႔က တုံးပု႐ြာကပါ”

တုံးပု႐ြာမွာ သီလ႐ြာႏွင့္ မလွမ္းကမ္းတြင္တည္ရွိသည့္႐ြာျဖစ္သည္။

“ဒါနဲ႔ ဒီေတာင္မွာနင္တို႔ဘာလုပ္ေနသလဲ၊ ဘီလူးကိုက္မွာမေၾကာက္ဘူးလား”

မိန္းကေလးမ်ားမွာ ေၾကာက္လန႔္သြားဟန္ျဖင့္ အနီးပတ္ဝန္းက်င္သို႔ၾကည့္ကာ

“ေၾကာက္တာေပါ့ရွင္၊ အစကေတာ့ ထင္းေခြမယ္ဆိုၿပီး ဒီဘက္ကိုထြက္ခဲ့တာပဲ၊ အခုေတာ့ေၾကာက္တယ္”

“လတ္စသတ္ေတာ့ နင္တို႔လမ္းေပ်ာက္ေနၾကတာကိုး”

“မိရွင္လွေပါ့၊ ဒီေတာင္ႀကီးဘက္ကို သြားၾကည့္ခ်င္တယ္ဆိုလို႔ အေဖာ္လိုက္လာခဲ့တာ အခုေတာ့လမ္းေပ်ာက္ၿပီ”

“ေအးပါ၊ တစ္ေယာက္နဲ႔တစ္ေယာက္အျပစ္တင္မေနၾကနဲ႔ေတာ့၊ တုံးပု႐ြာကိုျပန္မယ္မဟုတ္လား၊ ငါ့အေနာက္လိုက္ခဲ့၊ ငါလမ္းသိတယ္၊ နင္တို႔ကို ႐ြာစပ္အထိ လိုက္ပို႔ေပးမယ္”

ဖိုးေအးလည္း မိန္းကေလးႏွစ္ဦးကို သနားသြားကာ အေရွ႕မွေတာတိုးခဲ့သည္။ မိန္းကေလးႏွစ္ဦးက ဖိုးေအးအေနာက္မွ ထပ္ၾကပ္မကြာလိုက္လာၾကေလသည္။ ေတာတိုးၿပီးမၾကာခင္မွာပင္ ေက်ာက္တုံးေက်ာက္သားမ်ားႏွင့္ျပည့္ႏွက္ေနသည့္ ေတာင္ခ်ိဳင့္တစ္ခုကိုျဖတ္သန္းရေလသည္။ ထိုေတာင္ခ်ိဳင့္အားျဖတ္သန္းသြားၿပီးလွ်င္ ေတာစပ္သို႔ေရာက္ၿပီျဖစ္သည္။ လယ္ကြင္းမ်ားအားျဖတ္သန္းကာ လွမ္းၾကည့္လိုက္လွ်င္ တုံးပု႐ြာကေလးကို အတိုင္းသားျမင္ရၿပီျဖစ္သည္။ သို႔ေသာ္ ယေန႔ေတာ့ ထူးဆန္းေနေလသည္။ ေတာင္ခ်ိဳင့္ၾကားထဲတြင္ သြားလာရင္း ကြမ္းတစ္ယာညက္ခန႔္ၾကာေသာ္လည္း မထြက္ႏိုင္ေသးေပ။

“ဘယ္လိုျဖစ္တာပါလိမ့္”

ဖိုးေအးစဥ္းစားရင္း ဆက္ေလွ်ာက္လာကာ မၾကာမီအခ်ိန္တြင္ ေတာင္ခ်ိဳင့္ၾကားမွထြက္ခြာလိုက္ေလသည္။ ထိုအခါ မ်က္စိေရွ႕တြင္ ႐ြာႀကီးတစ္႐ြာကိုေတြ႕လိုက္ရသည္။

“မဟုတ္ေသးပါဘူး၊ တုံးပု႐ြာက ဒီေလာက္မနီးပါဘူး”

ဖိုးေအးက စဥ္းစားလိုက္ကာ အေနာက္သို႔လွည့္ၾကည့္လိုက္သည္။

“ကဲ အမိတို႔၊ ေဟာဒါ အမိတို႔သြားခ်င္တဲ့ တုံးပု႐ြာပဲဗ်ာ”

မိန္းကေလးႏွစ္ေယာက္က ေခါင္းခါလိုက္ကာ

“ဒါတုံးပု႐ြာမဟုတ္ဘူး၊ ဒါ က်ဳပ္တို႔ရဲ႕႐ြာ”

မိန္းကေလးမ်ား၏ အသံမ်ားက အက္ကြဲကြဲႀကီးျဖစ္ေနေလသည္။ ထိုမိန္းကေလးႏွစ္ေယာက္မွာ ဖိုးေအး၏ မ်က္စိေရွ႕မွာပင္ တျဖည္းျဖည္းႀကီးထြားလာေလသည္။ အရပ္ႀကီးမ်ားမွာ ရွည္ေျမာလာၾကၿပီး ဖိုးေအးပင္ေမာ့ၾကည့္ရသည္အထိ ျမင့္မားသြားသည္။ အရပ္က ဆယ္ေပခန႔္ရွိမည္ထင္ရသည္။ အလားတူ လက္မ်ား၊ ေျခေထာက္မ်ားမွာလည္း တုတ္ခိုင္သန္မာလာၾကကာ အေမႊးၾကမ္းနက္နက္ႀကီးမ်ားလည္းထြက္လာေလသည္။ မိန္းကေလးမ်ား၏ မ်က္လုံးမ်ားမွာ နီရဲလွ်က္ အစြယ္ႀကီးမ်ားမွာ ေငါထြက္လာေလသည္။

“ဟာ၊ နင္၊ နင္တို႔ကဘယ္သူေတြလဲ”

“ငါတို႔က ဘီလူးေတြပဲ”

ဘီလူးႏွင့္ နဖူးေတြ႕ဒူးေတြ႕ ေတြ႕ေတာ့မွ ဖိုးေအးတစ္ေယာက္ ထိတ္လန႔္သြားေတာ့သည္။ သို႔ေသာ္ မုဆိုးတစ္ေယာက္မို႔ သတိအၿမဲရွိေလရာ၊ ဒူးေလးကိုအသင့္ျပင္ဆင္လိုက္ၿပီး ထိုမိန္းကေလးတစ္ေယာက္၏ နဖူးဆီသို႔ခ်ိန္႐ြယ္ကာ ပစ္ခတ္လိုက္ေလသည္။ ဒူးေလးျမႇားတံက ထိုမိန္းကေလး၏ နဖူးသို႔တည့္တည့္တိုးဝင္သြားေသာ္လည္း နဖူးေမာက္ေမာက္ႏွင့္ထိေတြ႕သည့္အခါ ေက်ာက္တုံးတစ္တုံးႏွင့္ ထိေတြ႕သည့္အလား ဒူးေလးျမႇားတံမွာ က်ိဳးက်ပ်က္စီးသြားေလေတာ့သည္။ ထိုမိန္းကေလးမ်ားလည္း အလြန္ေဒါသထြက္သြားၾကသည္။

“စားမယ္၊ စားမယ္၊ နင့္ကိုငါတို႔စားမယ္”

မိန္းကေလးႏွစ္ေယာက္မွာ ဖိုးေအးအား လက္တစ္ဖက္တစ္ခ်က္စီမွ တစ္ေယာက္စီဆြဲကိုင္ကာ ဖမ္းေခၚသြားေလသည္။ ေလေပၚေျမႇာက္တင္လိုက္သျဖင့္ ဖိုးေအးေျခေထာက္မ်ားမွာ ေျမႏွင့္မထိေတာ့ေပ၊ ထို႔ေနာက္ ႐ြာအတြင္းသို႔ ဆြဲေခၚလာၾကသည္။ အိမ္ကေလးမ်ားမွာ ဖိုးေအးတစ္ခါမွမျမင္ဖူးသည့္ အိမ္ပုံစံမ်ားျဖစ္ၾကသည္။ အဝိုင္းပုံအိမ္ပုံစံမ်ား၏ ထိပ္တြင္ ကေတာ့ခြၽန္ပုံသ႑ာန္ေခါင္မိုးမ်ားရွိသည္။ ေခါင္မိုးမ်ားမွာလည္း သတၱဳျပား၊ သံျပားမ်ားျဖင့္ ျပဳလုပ္ထားကာ ေျပာင္လက္ေနေလသည္။ ႐ြာလယ္တြင္ေတာ့ ကြင္းႀကီးတစ္ခုရွိသည္။ ထိုကြင္းရွိေျမမ်ားမွာ မည္းနက္ေနသည့္ သဲနက္မ်ားျဖစ္သည္။ ကြင္းႀကီးအနီးတြင္ေတာ့ လူမ်ားကိုတံစို႔ထိုးထားသည့္ ေနရာရွိသည္။

ေယာက္်ားမ်ား၊ မိန္းမမ်ားကို စအိုဝမွ သစ္သားခြၽန္ထိုးထည့္ကာ လည္ကုတ္တိုင္ေအာင္ ထိုးစိုက္သီထားတဲ့ တံစို႔မ်ားျဖစ္သည္။ ထိုတံစို႔မွလူမ်ားအား ဘီလူးမ်ားက ဓါးထက္ထက္ျဖင့္ အသားမ်ားကိုအလႊာလိုက္ အလႊာလိုက္ လႊာယူၾကၿပီး အစိမ္းလိုက္ဝါးစားေနၾကေလသည္။ အသားမ်ားလႊာခံေနရေသာ လူမ်ားမွာလည္း အသက္ရွင္လွ်က္ပင္ရွိၾကကာ နာက်င္စြာေအာ္ဟစ္ေနၾကေလသည္။ လူတစ္ဦးဆိုလွ်င္ ခႏၶာကိုယ္တြင္အသားမ်ားမရွိေတာ့ဘဲ အ႐ိုးုၿပိဳင္းၿပိဳင္းက်ေနေလသည္။ သို႔ေသာ္လည္း ထိုသူ၏ ဦးေခါင္းမွာ အသက္ဝင္လႈပ္ရွားေနကာ ကယ္ပါယူပါ တစာစာႏွင့္ ေအာ္ဟစ္ေနေလသည္။

တစ္ေနရာသို႔ေရာက္သည့္အခါ လူမ်ားကို သံခ်ိတ္ႀကီးမ်ားတြင္ တြဲေလာင္းေဖာက္ခ်ိတ္ထားသည္။ သံခ်ိတ္အား ေနာက္ေစ့မွထိုးသြင္းထားသျဖင့္ လူပါးစပ္မွ သံခ်ိတ္ေကာက္ႀကီးမ်ားက ျပန္ထြက္ေနၾကကာ လွ်ာႀကီးမွာလည္း အရွည္လိုက္ႀကီးျဖစ္ေနသည္။ ထိုတြဲေလာင္းခ်ိတ္ထားသည့္ လူမ်ားအား ဘီလူးႀကီးတစ္ေကာင္က အလြန္ႀကီးမားလွသည့္ ဓါးမႀကီးျဖင့္ ေျခလက္မ်ားကိုခုတ္ထြင္ေနေလသည္။ လက္ျပတ္ေျချပတ္သြားသည့္ ေနရာမ်ားမွ ေသြးမ်ားဒရေဟာထြက္က်ကာ ထိုလူမ်ားမွာ အသံမ်ိဳးစုံျဖင့္ေအာ္ဟစ္ေနေလသည္၊ ဓါးမႀကီးမ်ားျဖင့္ ခုတ္ထစ္ၿပီးသည့္လက္မ်ားအား ဘီလူးမ်ားက အစိမ္းလိုက္ဝါးစားၾကသည္။ အ႐ိုးမ်ားကို ဝါးစားမိသည့္အခါ တဂြၽတ္ဂြၽတ္ျဖင့္ အသံစုံျမည္ေနသည္။

ေနာက္တစ္ေနရာတြင္ေတာ့ အလြန္ႀကီးမားလွသည့္ ေၾကးအိုးႀကီးတစ္လုံးကိုေတြ႕ရသည္။ ေၾကးအိုးႀကီးထဲတြင္ အေငြ႕တေထာင္းေထာင္းထကာ ပြက္ပြက္ဆူေနသည့္ အရည္မ်ားရွိသည္။ ဘီလူးႀကီးတစ္ေကာင္က လူတစ္ေယာက္အားဆြဲယူလိုက္ကာ ဆံပင္မွဆြဲကိုင္လွ်က္ ထိုအရည္အိုးႀကီးထဲသို႔ ႏွစ္ခ်လိုက္ေလသည္။ ထိုလူမွာ အလြန္ပူေလာင္စြာခံစားရသျဖင့္ ေအာ္ဟစ္ေနသည္ကိုေတြ႕ရသည္။ ခဏၾကာသည့္အခါ ဘီလူးျႀကီးက ထိုလူ၏ ဆံပင္မွျပန္ဆြဲတင္လိုက္သည့္အခါတြင္ ထိုလူ၏ကိုယ္လုံးရွိ အသားစိုင္တို႔မွာ အရည္ေပ်ာ္လ်က္ အိုးႀကီးအတြင္းသို႔ ပဲ့က်ကုန္ေလသည္။

ဘီလူးမ်ားက ထိုအိုးအတြင္းမွ အရည္မ်ားကို သံဇြန္းခြက္ႀကီးမ်ားႏွင့္ အားရပါးရ ခပ္ေသာက္ၾကျပန္သည္။ က်န္ရွိေနသည့္ဦးေခါင္းႀကီးမွာ မေသေသးဘဲ ေအာ္ဟစ္လွ်က္ရွိရာ ဘီလူးႀကီးက ထိုဦးေခါင္းအား ကြင္းႀကီးအလယ္ရွိ အ႐ိုးပုံႀကီးအေပၚသို႔ပစ္ထည့္လိုက္ေလသည္။ အ႐ိုးပုံႀကီးထဲတြင္ေတာ့ အသားလႊာခံထားရသျဖင့္ ဦးေခါင္းသာက်န္ေနသည့္လူမ်ား၊ ေျခလက္မ်ားခုတ္ျဖတ္ထားခံရသျဖင့္ က်န္ရွိေနသည့္ ေခါင္းမ်ား၊ အရည္အိုးႀကီးအတြင္းမွ ဆြဲထုတ္ထားသည့္ ဦးေခါင္းမ်ားက ပုံေအာ္ေနေလသည္။ ထိုဦးေခါင္းမ်ားမွာ ေအာ္ဟစ္ေနၾကကာ မၾကာမီမွာပင္ ၎တို႔၏ လည္ပင္းေအာက္တြင္ အ႐ိုးမ်ားထြက္ေပၚလာၾကသည္။ ထို႔ေနာက္ ထိုအ႐ိုးမ်ားေပၚတြင္ အသားစိုင္မ်ား ျပန္လည္ျဖစ္တည္လာၾကကာ မၾကာေသးမီအခ်ိန္မွာပင္ လူတစ္ဦးအျဖစ္ ျပန္လည္ျဖစ္ေပၚသြားေတာ့သည္။ ထိုသို႔လူျပန္ျဖစ္သြားသည့္ လူမ်ားအား ဘီလူးမ်ားက ထပ္မံဖမ္းဆီးကာ တံစို႔ထိုးျခင္း၊ ေျခလက္မ်ားကိုခုတ္လွီးျခင္းမ်ား ျပဳလုပ္ၾကျပန္ေလသည္။ ထိုနည္းျဖင့္ ထိုလူမ်ားမွာ သံသရာလည္ေနေတာ့သည္။

ဖိုးေအးမွာ ထိုအျဖစ္ကိုၾကည့္ရင္း အလြန္ထိတ္လန႔္သြားမိသည္။ ဘီလူးႀကီးတစ္ေယာက္က ဖိုးေအးအားးေတြ႕သည့္အခါ အစြယ္တေငါေငါႏွင့္ၿပဳံးျပေလသည္။

“ေၾသာ္၊ ေနာက္ဆုံးေတာ့ သီလ႐ြာက အကုသိုလ္ေကာင္ ဖိုးေအးေရာက္လာၿပီကိုး”

“ဟင္၊ ခင္ဗ်ားက ခင္ဗ်ားက က်ဳပ္ကိုသိတယ္တဲ့လား”

“သိပ္သိတာေပါ့ကြာ၊ ဘာတဲ့ ဘီလူးေတြ႕ရင္ ပစ္ဖမ္းၿပီးေတာ့ ဘီလူးသားစားမယ္လို႔ ေျပာခဲ့ေသးတယ္မဟုတ္လား၊ အခုေတာ့ မင္းဘီလူးသားမစားခင္ ငါကမင္းအသားကို စားမယ္ေဟ့”

ထိုဘီလူးႀကီးမွာ ႀကဳံးဝါးၿပီးေနာက္ တံစို႔တံႀကီးတစ္ခုအားဆြဲယူလာေလသည္။ တံစို႔တံႀကီးမွာ နီရဲေနသည့္ရွားသားျဖင့္ျပဳလုပ္ထားသည့္ သစ္သားတံစို႔တံႀကီးျဖစ္သည္။ တံစို႔တံႀကီးထိပ္မွာ ခြၽန္ထက္ေနေလသည္။

“ဟဲ့ ညီမတို႔ ဒီေကာင့္ဖင္ကိုၿဖဲေပးၾကစမ္း၊ ဒါမွ ငါေကာင္းေကာင္းထိုးထည့္လို႔ရမွာ”

“အို အကိုႀကီးကလည္း ဒီလိုပိန္ပိန္ကပ္ကပ္လူကို တံစို႔ထိုးေတာ့ ဘယ္လိုလုပ္ၿပီးစားေသာက္လို႔ရမွာလဲ”

ဖိုးေအးမွာ ပိန္ပိန္ပါးပါးကေလးျဖစ္သည္။ ဘီလူးႀကီးလည္း တံစို႔တံကိုင္ရင္း

“ေအးဟ၊ နင္တို႔ေျပာတာလည္းဟုတ္တယ္၊ တံစို႔ထိုးတာ ေခါင္းအထိမဝင္ဘဲ ရင္ဘတ္ကေန ျပန္ေပါက္ထြက္လာအုံးမယ္၊ ဒါဆိုရင္ ခ်ိတ္ယူခဲ့မယ္၊ သူ႔ကိုခ်ိတ္ၿပီး အပိုင္းပိုင္းလွီးစားမယ္”

“ခ်ိတ္နဲ႔လည္း မေကာင္းပါဘူးအကိုႀကီးရာ၊ အိုးထဲထည့္ၿပီးသာ ျပဳတ္လိုက္စမ္းပါ”

“ေအး၊ အဲဒါအႀကံေကာင္းပဲ”

ဘီလူးႀကီးက ဖိုးေအး၏ ဦးေခါင္းအား လက္ႏွင့္ညႇစ္ကိုင္လိုက္ကာ ဆြဲယူလိုက္ေလသည္။ ထို႔ေနာက္ ပြက္ပြက္ဆူေနသည့္ အိုးႀကီးအေပၚသို႔ ေျမႇာက္တင္လိုက္သည္။ အိုးႀကီးအတြင္းမွ ေရေႏြးေငြ႕မ်ားေၾကာင့္ ဖိုးေအးတစ္ေယာက္ အလြန္ပူေလာင္ေနေလသည္။ ဘီလူးႀကီးက ဖိုးေအး၏ ေျခေထာက္မ်ားအား အိုးႀကီးအနီးသို႔ တျဖည္းျဖည္းခ်င္းတိုးကပ္လာသည္။ အိုးႀကီးႏွင့္နီးလာေလေလ အေတာ္ပူလာေလေလျဖစ္သည္။ အိုးႀကီးအတြင္းမွ ပြက္လိုက္သည့္ေရပြက္တစ္ခုထံမွ ေရစတစ္စက လြင့္ပ်ံလာကာ ဖိုးေအး၏ ညာဘက္ေျခသလုံးအား လာေရာက္စင္ေလသည္။ ဖိုးေအးမွာ အလြန္ပူေလာင္လွသျဖင့္္ အသံကုန္ေအာ္ဟစ္ေနမိသည္။

“ဟဲ့၊ သားတို႔၊ သမီးတို႔ မင္းတို႔လုပ္ေနတာေတြ ရပ္လိုက္ၾကစမ္း”

အသံတစ္ခုၾကားလိုက္ရၿပီးသည့္ေနာက္ ဘီလူးႀကီးက ဖိုးေအးအားျပန္ဆြဲယူလိုက္သည္။ ဖိုးေအးအနီးသို႔ ဘီလူးမႀကီးတစ္ေယာက္က လမ္းေလွ်ာက္လာေလသည္။ ဘီလူးမႀကီးမွာ ထမီရင္လ်ားဝတ္ဆင္ထားေသာ္လည္း ႏို႔ႀကီးမ်ားက တြဲက်ေနကာ ဘူးသီးလုံးႀကီးသဖြယ္ျဖစ္ေနေလသည္။

“ကဲ သားႀကီး၊ ဒီလူကိုျပန္လႊတ္ေပးလိုက္”

ဘီလူးႀကီးမွာ မေက်မနပ္ျဖင့္

“အေမ၊ ဒီလူက သီလ႐ြာက အကုသိုလ္ေကာင္ေနာ္၊ သူ႔ကိုသားတို႔ဖမ္းစားလို႔ရတယ္မဟုတ္လား”

“ရေတာ့ရတယ္၊ ဒါေပမယ့္ သူ႔အေမက သူ႔သားအႏၲရာယ္ကင္းပါေစဆိုၿပီး ေမတၱာေတြပို႔ေပးေနတယ္”

ဘီလူးမႀကီးေျပာလိုက္သည့္အခါ ဘီလူးမ်ားက အံ့ၾသသြားၾကသည္။

“ဒီလိုလူအတြက္ ေမတၱာပို႔ေပးတယ္တဲ့လား”

“ဟုတ္တယ္၊ ၿပီးေတာ့ သူ႔အေမက သူမရွိလို႔မရဘူး၊ သူမရွိရင္ သူ႔အေမ ဒုကၡေရာက္မယ္၊ ဒီေတာ့ သူ႔ကိုျပန္ပို႔ေပးမွရမယ္၊ မဟုတ္ရင္ အထက္နတ္မင္းေတြက ငါတို႔ကို ဒဏ္ခတ္ေနမယ္”

“ေကာင္းပါၿပီအေမ၊ သားတို႔ျပန္ပို႔ေပးလိုက္ပါ့မယ္”

“ေအးေအး၊ သူ႔ကိုေသခ်ာမွတ္ထား၊ သူ႔အေမေသသြားၿပီဆိုရင္ သူ႔ကိုျပန္ေခၚလို႔ရၿပီ”

ဘီလူးႀကီးက ထိုသို႔ေျပာၿပီးသည့္အခါ ဖိုးေအး၏မ်က္ႏွာအားေသခ်ာၾကည့္ၿပီးေနာက္ သူ႔လက္ညႇိဳးျဖင့္ ဖိုးေအး၏နဖူးအား ေဒါက္ခနဲေတာက္လိုက္ေလသည္။ လက္ညႇိဳးျဖင့္ေတာက္သည္ဆိုေသာ္လည္း ေယာက္်ားတစ္ေယာက္ လက္ႏွင့္ပုတ္လိုက္သကဲ့သို႔ အလြန္အားျပင္းကာ နာက်င္သြားေလေတာ့သည္။ ဖိုးေအးလည္း လက္ေတာက္သည့္အရွိန္ျဖင့္ အေနာက္သို႔လြင့္သြားသကဲ့သို႔ ခံစားလိုက္ရသည္။

(၄)

“ဖလူး၊ ဖလူး”

ဖိုးေအးတစ္ေယာက္ ႐ုန္းကန္ေလေတာ့သည္။ ပါးစပ္ထဲတြင္လည္း အေႂကြေစ့တစ္ေစ့ကို စမ္းမိသည္။ လက္မ်ားကိုလႈပ္ရွားေသာ္လည္း လႈပ္ရွား၍မရ၊ ေျခမ်ားကိုလႈပ္ရွားေသာ္လည္း လႈပ္ရွား၍မရေပ၊ သို႔ႏွင့္ လွိမ့္သာလွိမ့္ေနေတာ့သည္။

သီလ႐ြာအျပင္ဘက္ သုႆန္အတြင္း ဇရပ္ကေလးတြင္ ဖိုးေအးအေလာင္းအား သရဏဂုံတင္ေနၾကသည့္လူမ်ားမွာ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္သည္။ သရဏဂုံတင္ေနရင္း ဖ်ာႏွင့္္ပတ္ထားသည့္ အေလာင္းႀကီးမွာ လိမ့္ေနေသာေၾကာင့္ျဖစ္သည္။

“လုပ္ၾကပါအုံး၊ ဖိုးေအး ဖုတ္ဝင္ေနလို႔”

ဖိုးေအးမွာ ေမွာက္ခုံျဖစ္သြားသည့္အခ်ိန္ ပါးစပ္အတြင္းမွ အေႂကြေစ့အားေထြးထုတ္လိုက္ကာ

“အေမေရ၊ က်ဳပ္မေသဘူး၊ က်ဳပ္မေသဘူးဗ်”

အသံကုန္ဟစ္ကာေအာ္ေလေတာ့သည္။ ထိုေတာ့မွ ႐ြာသားမ်ားမွာ ဖိုးေအးအားလိပ္ထားသည့္ ဖ်ာလိပ္ႀကီးကိုဖြင့္ၾကည့္ၾကေလသည္။ ဖိုးေအးလက္ထိပ္၊ ေျခထိပ္တြင္ခ်ည္ထားသည့္ ႀကိဳးမ်ားအား ေျဖေပးလိုက္သည့္အခါ ဖိုးေအးမွာ ငုတ္တုတ္ထထိုင္ေတာ့သည္။

“ဟယ္၊ ငါ့သားေလးမေသဘူး၊ ဖိုးေအးမေသဘူးေတာ့”

ေဒၚေစာမွာ ေအာ္ဟစ္ေလေတာ့သည္။ တရႈံ႕ရႈံ႕ျဖင့္ ငိုေႂကြးေနသည့္ ၾကာညိဳမွာလည္း ဖိုးေအးဆီသို႔ေျပးသြားလိုက္ၿပိး ဖိုးေအးအားေပြ႕ဖက္လိုက္ေလေတာ့သည္။

ေသ႐ြာျပန္ဖိုးေအးအျဖစ္ကား သီလ႐ြာကေလးတြင္ ဟိုးေလးတေက်ာ္ျဖစ္သြားသည္။ ဖိုးေအးမွာ ေသ႐ြာမွျပန္လာၿပီးသည့္ေနာက္ပိုင္းတြင္ လုံးဝေျပာင္းလဲသြားေတာ့သည္။ သူေတြ႕ႀကဳံခဲ့သည့္ အေတြ႕အႀကဳံမ်ားကိုေျပာျပေသာ္လည္း ယုံသူလည္းရွိ၏၊ မယုံသူလည္းရွိေပသည္။

“က်ဳပ္၊ က်ဳပ္ဘယ္လိုျဖစ္သြားတာလဲဗ်ာ”

ဖိုးေအးက ႐ြာလူႀကီးဦးေရခ်မ္းအား ေမးျမန္းေလသည္။

“မင္းေတာလယ္သြားရင္း ျပန္မလာလို႔ လိုက္ရွာၾကတာပဲကြ၊ မင္းက မင္းအေမကို က်ဳံးေတာင္ဘက္သြားမယ္ဆိုၿပီး ေျပာသြားတာကိုးကြ၊ ငါတို႔လိုက္ရွာရင္း ေတာင္ခ်ိဳင့္ၾကားတစ္ေနရာေရာက္ေတာ့ မင္းကိုေတြ႕တာပဲ၊ အဲဒီတုန္းက အသက္ေငြ႕ေငြ႕ရွိေသးတယ္၊ ဒါနဲ႔ ငါတို႔ေတြ မင္းကို႐ြာျပန္သယ္ခဲ့ၾကတယ္၊ ႐ြာေရာက္ၿပီး ေနာက္ေန႔မွာ မင္းအသက္မရႉေတာ့ဘူးကြ၊ ဒါနဲ႔ မင္းကိုသၿဂိဳဟ္ဖို႔ျပင္ဆင္ၾကတာေပါ့၊ ဒီေန႔က မင္းရဲ႕သုံးရက္ေျမာက္ေန႔၊ ေျမခ်တဲ့ေန႔ပဲကြ”

“ဟာ၊ ကံေကာင္းတာေပ့ါဗ်ာ၊ က်ဳပ္ကိုေျမႀကီးထဲျမႇဳပ္လိုက္ရင္ေတာ့ က်ဳပ္ေသမွာအမွန္ပဲဗ်”

“ေအး၊ မင္းေျပာပုံအရဆိုရင္ မင္းေရာာက္ခဲ့တဲ့ေနရာက က်ဳံးေတာင္ေျခရင္းက ဘီလူးသိုက္ျဖစ္မယ္ကြ၊ မင္းေတြ႕ခဲ့တဲ့လူေတြကေတာ့ ဘီလူးေတြဖမ္းစားထားတဲ့လူေတြထင္ပါတယ္”

“ဟုတ္မယ္သူႀကီးရာ၊ ဘီလူးေတြေျပာပုံအရဆိုရင္ အကုသိုလ္မ်ားတဲ့လူေတြကို သူတို႔ကဖမ္းစားခြင့္ရွိတယ္လို႔ဆိုတာပဲ”

“ေအးေလ၊ မင္းလည္း ဒီေလာက္ဆို သိသင့္ၿပီဖိုးေအး၊ မင္းအခုလိုအသက္ရွင္ရတာ မင္းအေမေၾကာင့္ကြ၊ ဘီလူးေတြက မင္းကိုျပန္လြတ္ေပးလိုက္ရတယ္ဆိုတာကလည္း မင္းက အရက္ေသာက္၊ သူ႔အသက္သတ္တယ္ဆိုေပမယ့္ မိဘကိုေခ်းအစေသးအစလုပ္ေကြၽးျပဳစုေနလို႔ပဲကြ၊ ငါဖတ္ထားခဲ့တဲ့ က်မ္းဂန္ေတြအရေတာ့ မိဘကိုလုပ္ေကြၽးတဲ့လူကို သိၾကားမင္းကေတာင္မွ ရွိခိုးပူေဇာ္ရတယ္လို႔ ၾကားဖူးတယ္၊ ဒါေၾကာင့္ ဘီလူးေတြက မင္းကိုရန္မျပဳရဲဘဲ ျပန္လႊတ္ေပးခဲ့တာေပါ့ကြ”

“က်ဳပ္နားလည္ပါၿပီ သူႀကီးရာ၊ သူတို႔က က်ဳပ္ကိုလည္းေျပာလိုက္ေသးတယ္၊ မင္းကိုခဏျပန္လြတ္ေပးတာတဲ့၊ မင္းအေမေသရင္ မင္းကိုျပန္ေခၚမယ္တဲ့ကြာ”

“ဒါက မင္းအတြက္အခ်ိန္ေပါ့ကြာ၊ ဒီအခ်ိန္အတြင္းမွာ မင္းေျပာင္းလဲႏိုင္ဖို႔ ႀကိဳးစားရမယ္ ဖိုးေအး”

ထိုအခါ အနားတြင္ထိုင္ေနသည့္ ၾကာညိဳက

“ကိုဖိုးေအးေျပာင္းလဲတဲ့အခါ သမီးလည္းေဘးနားကေနၿပီး ကူညီခ်င္ပါတယ္အေဖ”

ၾကာညိဳေျပာလိုက္သည့္အခါ ဦးေရခ်မ္းက ေခါင္းညိတ္လိုက္ၿပီး

“ေကာင္းၿပီသမီး၊ အေဖဖိုးေအးကိုေစာင့္ၾကည့္မယ္၊ ဘာမွသိပ္မလိုပါဘူးကြာ၊ ဖိုးေအးတစ္ေယာက္ အရက္ေသာက္တာကို ေလ်ာ့ႏိုင္ရင္၊ ၿပီးေတာ့ သူ႔အသက္သတ္တဲ့အလုပ္ေတြကို စြန႔္လႊတ္ႏိုင္တယ္ဆိုရင္ေတာ့ အေဖသူ႔ကိုသမီးနဲ႔သေဘာတူေပးမယ္”

ၾကာညိဳက အလြန္ေပ်ာ္႐ႊင္သြားကာ ဖိုးေအးလက္ကိုဆြဲလိုက္ရင္း

“ကိုဖိုးေအး၊ အကိုၾကားတယ္မဟုတ္လား”

ဖိုးေအးက ေက်ေက်နပ္နပ္ႀကီးၿပဳံးလိုက္ကာ ေခါင္းညိတ္လိုက္ေတာ့သည္။

ထိုေနာက္ပိုင္းမွစ၍ ဖိုးေအးတစ္ေယာက္ အေျပာင္းလဲႀကီး ေျပာင္းလဲသြားေလသည္။ အရက္လုံးဝမေသာက္သည္မဟုတ္ေသာ္လည္း ႐ြာတြင္သာေရးနာေရး၊ ေပ်ာ္ပြဲ႐ႊင္ပြဲရွိသည့္အခါေလာက္မွသာ အရက္ေသာက္တတ္သည္။ သူ႔အသက္သတ္သည့္ မုဆိုးအလုပ္ကိုေတာ့ ရာသက္ပန္ေရွာင္ၾကဥ္လိုက္ႏိုင္သည္။ ဖိုးေအးမွာ ေတာထဲေတာင္ထဲ သစ္ခုတ္၊ ဝါးခုတ္ျခင္း လုပ္ငန္းကိုသာ ေျပာင္းလဲလုပ္ကိုင္ေတာ့သည္။

ေနာက္ပိုင္းတြင္ ႐ြာလူႀကီးဦးေရခ်မ္းက ဖိုးေအးအား ယာခင္းမ်ားကို သူရင္းငွားလုပ္ကိုင္စိုက္ပ်ိဳးေစသည္။ ယာကြက္အသစ္မ်ားေဖာ္ေဆာင္သည့္အခါတြင္လည္း ဖိုးေအးအား ခြဲေပးခဲ့သည္။ ေတာင္သူလယ္လုပ္သည့္လုပ္ငန္းမွာ ပင္ပန္းလွသည္ဆိုေသာ္လည္း ဖိုးေအးတို႔သားအမိႏွစ္ေယာက္အတြက္ေတာ့ မပူမပင္ေနႏိုင္ေလသည္။

ထိုမွ်မကေသး ႐ြာတြင္ လမ္းျပင္၊ တံတားေဖာက္လုပ္ငန္းမ်ားတြင္ ဖိုးေအးက ထိပ္ဆုံးက ပါဝင္ေဆာင္႐ြက္တတ္သည္။ သာေရးနာေရးမ်ားဆိုလွ်င္ ဖိုးေအးမပါလွ်င္ မၿပီးသည့္ႏွယ္၊ မိခင္ႀကီးအား ေက်းဇူးဆပ္သည္ဟုဆိုကာ ဖိုးေအး ရဟန္းဝတ္ခဲ့သည္မွာပင္ တစ္လခန႔္ၾကာျမင့္ေလသည္။ ေနာက္ပိုင္း မိခင္ႀကီးက်န္းမာေရးေၾကာင့္သာ ဖိုးေအး လူျပန္ထြက္လိုက္ရသည္။ တစ္ႏွစ္ခန႔္ၾကာသည့္အခါ ဖိုးေအးႏွင့္ၾကာညိဳတို႔မွာ ႐ြာတြင္မဂၤလာပြဲက်င္းပၾကေတာ့သည္။ ႐ြာလူႀကီးဦးေရခ်မ္းက ဖိုးေအးအတြက္ လယ္ယာေျမမ်ားကိုလက္ဖြဲ႕ေပးခဲ့ေသးသည္။ ဖိုးေအးႏွင့္ ၾကာညိဳတို႔မွာ ေဒၚေစာႏွင့္အတူ ေနထိုင္ၾကေလသည္။

အိမ္ေထာင္သက္ တစ္ႏွစ္ခန႔္ရသည့္အခါ ဖိုးေအးမိခင္ ေဒၚေစာတစ္ေယာက္ လူႀကီးေရာဂါျဖင့္ ေသဆုံးသြားေလေတာ့သည္။ ဖိုးေအးမွာ မိခင္ႀကီးေသဆုံးၿပီးသည့္အခါ ရတက္မေအးႏိုင္ေအာင္ျဖစ္ရသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဘီလူးမ်ားက သူ႔အေမေဒၚေစာေသလွ်င္ လာေခၚမည္ဟုေျပာထားေသာေၾကာင့္ျဖစ္သည္။ ၾကာညိဳထံတြင္လည္း ဖိုးေအးႏွင့္ရသည့္ကိုယ္ဝန္က အရင့္အမာႀကီးျဖစ္ေနေခ်ၿပီ။

“လာေခၚရင္ေတာ့ လိုက္သြား႐ုံသာရွိတာေပါ့ ၾကာညိဳရယ္၊ သိပ္စိတ္မေကာင္းမျဖစ္ပါနဲ႔၊ အကိုက တစ္သက္လုံး အကုသိုလ္အလုပ္ေတြကို လုပ္ခဲ့တဲ့သူပဲမဟုတ္လား”

“ဒါေတာ့ ဒါေပါ့ကိုဖိုးေအးရယ္၊ ကိုဖိုးေအးမရွိရင္ ၾကာညိဳဘယ္လိုလုပ္ရမလဲ”

“ၾကာညိဳရဲ႕အေဖအေမေတြလည္းရွိပါေသးတယ္ ၾကာညိဳရာ၊ မိဘေမာင္ဖြားေတြလည္း အမ်ားႀကီးပဲဟာ၊ အကို႔သားေလးကို ေမြးၿပီးရင္ သူ႔ကိုတျခားအလုပ္ေတြမလုပ္ခိုင္းပဲ သကၤန္းပဲစီးေပးလိုက္ပါ၊ သူ႔ကိုဘုန္းႀကီးစာဝါလိုက္ခိုင္းၿပီး ဘုန္းႀကီးတစ္ေယာက္ျဖစ္ေအာင္ ပ်ိဳးေထာင္ေပးပါ ၾကာညိဳရာ၊ ဒါအကို႔ရဲ႕ ေနာက္ဆုံးဆႏၵပါ”

“စိတ္ခ်ပါ ကိုဖိုးေအး၊ ၾကာညိဳ ကိုဖိုးေအးဆႏၵကိုျဖည့္ဆည္းေပးမွာပါ”

မိခင္ႀကီးေသဆုံးၿပီး ရက္လည္ၿပီးဆုံးခဲ့ေလသည္။ မနက္ပိုင္းရက္လည္ဆြမ္းသြပ္တရားနာအၿပီး ညေနပိုင္းတြင္ေတာ့ မိုးတိမ္ေတာင္မ်ား အုံ႔မႈိင္းတက္လာကာ မိုးရိပ္ဆင္ေနေလသည္။

“ကိုဖိုးေအး၊ ကိုဖိုးေအး ရွိပါသလားရွင္”

ထိုစဥ္ ၿခံေရွ႕သို႔ မိန္းကေလးႏွစ္ဦးေရာက္လာေလသည္။ ၾကာညိဳမွာ ထိုမိန္းကေလးႏွစ္ဦးအားေျပးၾကည့္သည္။ ကိုဖိုးေအးလည္း ထိုမိန္းကေလးမ်ားကို ၾကည့္လိုက္ရာ က်ဳံးေတာင္ေတာအုပ္အတြင္း ေတြ႕ဖူးသည့္ မိန္းကေလးႏွစ္ဦးျဖစ္ေနသည္ကိုေတြ႕ရသည္။

“ၾကာညိဳ၊ အဲဒါသူတို႔ပဲ၊ သူတို႔ အကို႔ကိုလာေခၚတာပဲ”

ၾကာညိဳ၏ မ်က္ဝန္းတြင္ မ်က္ရည္မ်ားစီးက်လာကာ ငိုယိုေနေတာ့သည္။

“မငိုပါနဲ႔ၾကာညိဳရယ္၊ အကို႔ရဲ႕ဆႏၵကိုသာ အေကာင္အထည္ေဖာ္ေပးပါ၊ အကိုသူတို႔နဲ႔လိုက္သြားေတာ့မယ္”

ဖိုးေအးတစ္ေယာက္ အိမ္ထဲမွထြက္လာကာ ထိုမိန္းကေလးႏွစ္ေယာက္အေနာက္သို႔လိုက္ခဲ့သည္။ ထိုမိန္းကေလးမ်ားမွာ ဖိုးေအးအေရွ႕မွ ဦးေဆာင္သြားကာ မၾကာခင္အခ်ိန္မွာပင္ က်ဳံးေတာင္ေျခသို႔ေရာက္လာခဲ့ၾကသည္။ ႀကီးမားသည့္ ေက်ာက္တုံးႀကီးနားအေရာက္တြင္ မိန္းကေလးႏွစ္ေယာက္က ရပ္တန႔္လိုက္ကာ ဖိုးေအးဘက္သို႔လွည့္လိုက္သည္။ ဖိုးေအးက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး

“က်ဳပ္ကိုေခၚသြားၾကပါေတာ့ဗ်ာ၊ က်ဳပ္အဆင္သင့္ျဖစ္ပါၿပီ၊ က်ဳပ္တစ္သက္လုံးျပဳလုပ္ခဲ့တဲ့ အကုသိုလ္ေႂကြးေတြအတြက္ ေပးဆပ္ဖို႔အသင့္ျဖစ္ေနပါၿပီ”

ထိုမိန္းကေလးႏွစ္ေယာက္က ဖိုးေအးကိုၾကည့္ကာ ရယ္ေမာၾကေလသည္။ ထိုေက်ာက္တုံးႀကီးအေနာက္မွ ဘီလူးမႀကီးထြက္ေပၚလာသည္။

“မင္းကို ငါတို႔ေခၚလိုက္တာ ေပးစရာရွိလို႔ပါ”

“ဟင္၊ ဒါ၊ ဒါဆိုက်ဳပ္ကိုသတ္မလို႔မဟုတ္ဘူးေပါ့”

ဘီလူးမႀကီးက ေခါင္းခါလိုက္ကာ

“မင္းမိန္းမရဲ႕ဗိုက္ထဲမွာ ငါ့သားႀကီးေရာက္ေနသကြဲ႕”

“ဗ်ာ၊ သားႀကီးဆိုေတာ့ ဟိုဘီလူးႀကီးလား”

“အမွန္ပဲ ဖိုးေအး၊ ငါ့သားဟာ ဘီလူးဘဝကလာတာဆိုေတာ့ နည္းနည္းၾကမ္းတမ္းေနလိမ့္မယ္၊ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ မင္းက သူ႔ကိုသကၤန္းစီးေပးရမယ္၊ သူ႔ကိုသာသနေဘာင္မွ ေမြ႕ေလ်ာ္ေအာင္လို႔ လုပ္ေပးရမယ္၊ မင္းကို အဲဒါေျပာဖို႔ေခၚလိုက္တာပဲ”

“ဟုတ္၊ ဟုတ္ကဲ့”

“ငါ့သားကေလးႀကီးလာရင္ ဒီေတာင္ႀကီးတစ္ဝိုက္မွာ ဗုဒၶသာသနာျပန႔္ပြားဖို႔ ႀကိဳးစားမွာျဖစ္တယ္၊ ဒီအခါ ငါတို႔ေတြလည္း သားေလးရဲ႕ကုသိုလ္ေကာင္းမႈေတြကို ရရွိၿပီးေတာ့ ပိုမိုျမင့္ျမတ္တဲ့ ဘုံဘဝကို ကူးေျပာင္းၾကရမွာျဖစ္တယ္၊ ဒါေၾကာင့္ မင္းကိုေခၚၿပီး အေလးအနက္ေျပာရတာပဲ ဖိုးေအး”

“စိတ္ခ်ပါဗ်ာ၊ က်ဳပ္ ဘီလူးမႀကီးေျပာတဲ့အတိုင္း လုပ္ေပးပါ့မယ္”

ဘီလူးမႀကီးက ဖိုးေအးလက္ကိုဆြဲယူလိုက္ၿပီးေနာက္ ဖိုးေအးလက္ဝါးကိုျဖန႔္လိုက္ကာ သူ႔လက္ေခ်ာင္းမ်ားအတြင္းမွ ငုံးဥအ႐ြယ္အစားခန႔္ရွိ ေ႐ႊဥလုံးမ်ားကို ထုတ္သြန္ခ်ေပးလိုက္သည္။ စုစုေပါင္း ေ႐ႊဥ ခုနစ္လုံးျဖစ္သည္။ ေ႐ႊဥတစ္လုံးလွ်င္ သုံးက်ပ္သား၊ ေလးက်ပ္သားခန႔္ရွိမည္ထင္ရသည္။

“ဒါေတြနဲ႔ ငါတို႔အတြက္ ကုသိုလ္ေကာင္းမႈေတြျပဳလုပ္ၿပီး ငါတို႔ကိုအမွ်ေဝေပးပါ”

ဖိုးေအးေခါင္းညိတ္လိုက္သည့္အခါ ဘီလူးမ်ားမွာ ႐ုတ္ျခည္းေပ်ာက္ကြယ္သြားေတာ့သည္။ ဖိုးေအးလည္း မိုးသည္းသည္းထဲတြင္ ေ႐ႊဥမ်ားလက္တစ္ဆုပ္စာကိုင္လွ်က္ အိမ္သို႔ျပန္လာခဲ့ေလသည္။ ၾကာညိဳမွာ အိမ္တြင္ငိုေနေလသည္။ ထို႔ေနာက္ ေငးေငးငိုင္ငိုင္ျဖင့္ အိမ္ထဲဝင္လာသည့္ ဖိုးေအးကိုျမင္လိုက္သည့္အခါမွ ဖိုးေအးကိုေျပးဖက္လိုက္ေလေတာ့သည္။

ယခုဆိုလွ်င္ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ခဲ့ၿပီျဖစ္သည္။ က်ဳံးေတာင္အနီးတစ္ဝိုက္တြင္လည္း ဘုရားေစတီပုထိုးမ်ား၊ သာသနိက အေဆာက္အအုံမ်ားျဖင့္ စည္ကားေနကာ တရားဓမၼအသံမ်ားျဖင့္ ေဝေ၀ဆာလွ်က္ ရွိေနပါေတာ့သည္။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ျဖစ္ရပ္မ