အထက်လမ်းဆရာမောင်မင်းခေါင်( နှင့် ) အောက်လမ်း ခင်စိန်

အထက်လမ်းဆရာမောင်မင်းခေါင်( နှင့် ) အောက်လမ်း ခင်စိန်(စ/ဆုံး)
——————————
မောင်မင်းခေါင်တို့ ဆရာတပည့်နှစ်
ယောက်…ကံလှရွာကနေ အသွား…လမ်းခုလပ်
တစ်နေရာတွင် ရှင်ဒိပ ဆိုသည့် ရသေ့တစ်ပါးကို
ဖူးမြင်ခဲ့ရလေသည်။ ဤသည်မှာ မောင်မင်းခေါင်
ရဲ့ ဘဝတစ်ဆစ်ချိုးကွေ့ ပြောင်းလဲရန်…အချိန်တန်
ပြီဖြစ်၍……ရသေ့ကြီးရှင်ဒိပ ကိုယ်တော်တိုင် သတ္တ
ဝါအကျိုးမြော်ကိုး၍ ကြွလာခြင်းသာဖြစ်သည်။

“ဟ!! ညီလေး ဟိုးရှေးနားမှာ ရသေ့တစ်ပါးပါ့လားကွ”

“လာညီလေး အကိုတို့ အဲ့ဒီရသေ့ဆီ သွားရအောင်”

မောင်မင်းခေါင်တို့ လည်း ထိုရသေ့ထံ ချဉ်းကပ်လာလေသည်။ ရသေ့ကြီးရှင်ဒိပမှာ ဘုရားပွင့်သည့်
ဗောဒိရွှေညောင်ပင်အောက်ဝယ် တရားဘာဝနာပွား
များအားထုတ်နေသည်။ မောင်မင်းခေါင်တို့ ရှင်ဒိပ
အနားကို ရောက်တော့……နွေဦးကာလဖြစ်တာကြောင့် အပင်အောက်ရှ်ိ ကြွေလွင့်နေသည့် သစ်ရွက်ခြော
က်သံ…ခြေနင်းသံများကြောင့် ရှင်ဒိပ တရားရှုမှတ်
နေရင်းကနေ……မောင်မင်းခေါင်ရဲ့ အမည်နာမတော်
အားခေါ်လေသည်။

“” မောင်မင်းခေါင်…ချစ်သားတောင် ရောက်လာပြီဘဲ
ကိုး……””

“”” ဗျာ!! အရှင်ဘုရား တပည့်တော်ရဲ့ အမည်နာမ
ကို အတတ်သိနေသလားဘုရား”””

“”ဒါကာလေး…မင်းခေါင် ဒါကာလေးဟာ နောင်တွင်
သာသနာတော်ကြီးကို ထွန်းကားအောင် စွမ်းဆောင်
နိုင်သည့် သူတော်ကောင်း…သူတော်မြတ်ဆိုတာ…
ကိုယ်တော်က သိပြီးသားပါကွယ်……””

မောင်မင်းခေါင်တို့လည်း…ထိုရသေ့ကြီး
ရှေ့မှောက်၌ ဒူးတုပ်ထိုင်၍ ရှင်ဒိပ မိန့်ကြားသည်
များကို သဝေမတိမ်း နားထောင်နေသည်။

“””အရှင်ဘုရား……တပည့်တော်က သာသနာတော်
ကြီးကို ထွန်းကားအောင် မည်သို့ မည်ပုံစွမ်းဆောင်
ရမည်ကို အတိတ်ဇာတ်ကြောင်း ပြန်တော်မူပါဘုရား””

“” အိုး……သုံးလောကထွတ်ထား သဗ္ဗညုတရွှေဥာဏ်
တော်……ဂေါတမဘုရားရှင်လက်ထက်……
သုဝဏ္ဏဘူမိဟူ၍ အမည်တွင်သည့်…သထုံ
ပြည်တွင် သထုံပြည့်ရှင်၏ သားတော်နှစ်ပါးဖြစ်သော
နောင်တော် တိဿရသေ့သည် ဇင်းကျိုက်တောင်
အနောက်ဘက်…မွန်လအိတောင် ကျိုက်ထီးရိုးတွင်
ပြောင်းရွှေ့ သီတင်းသုံးတော်မူ၏
ညီတော် သီဟရသေ့သည် ဇွဲကပင်တောင်
တွင် သီတင်းသုံးတော်မူသည်။
ဘုရားရှင်ကိုယ်တော်မြတ်လည်း
ဦးခေါင်းတောင်ကို လက်ယာလက်ဖြင့် သုံးသပ်၍
ပါလာသည့် ဆံတော်ဓါတ် လေးဆူကို နှစ်ဆူစီ ပေး
သနားတော်မူခဲ့၏
ဆံတော်ရှင်ဓာတ် ရရှိကြသော သူတော်
ရှင် သူတော် သူမြတ်အပေါင်းတို့တွင် ကေလာသ
ရသေ့နှင့် တိဿရသေ့ သီဟရသေ့တို့သည် တိဿ
ရသေ့ကြီး ဇင်းကျိုက်တောင်၌ သီတင်းသုံးစဉ်ကစ၍
ညည့်ဦးယာမ်တွင် မိမိတို့တောင်ထိပ်မှ တစ်ဦးကို
တစ်ဦး မီးအမှတ်ပြ၍ လေးမြတ်ကြင်နာစွာ ဆက်ဆံ
ပေါင်းသင်းကာ…သီတင်းတော်မူ၍ မိတ်ဆွေရင်း
တွင်ဖြစ်ကြကုန်၏
ထိုသုံးဦးတို့တွင် သီဟရသေ့ သည်
တူတော် သီဟရာဇာ မင်းတို့နှင့် ည်ို့နှိုင်းတိုင်ပင်ပြီး
ကာလ…မိမိ ရရှိထားသော ဆံတော်ဓါတ် နှစ်ဆူကို
တစ်ဆူစီ သွင်းနှံဌာပနာ၍ မိမိနေရာဖြစ်သော ဇွဲကပင်
တောင်ထိပ်တွင် ထာပဌာထား၍ စေတီတည်လေ
သည်။””

“”ချစ်သားမင်းခေါင်လည်း ထိုရသေ့ကြီးများကဲ့သို့
သာသနာကိုထွန်းကားအောင် စွမ်းဆောင်နိုင်မည်
လ်ို့ ကိုယ်တော် မြင်နေရတယ်ကွယ့်””

မောင်မင်းခေါင်လည်း ရသေ့ကြီးရှင်ဒိပအား
ကန်တော့၍ အထက်လမ်းပညာယူရန် မကွေးတိုင်းရဲ့
အနောက်ဘက်…ရခိုင်ရိုးမနဲ့ ဆက်စပ်နေသည့်……
တောကျတဲ့ ရွာလေးတစ်ရွာတွေ ပညာယူ၍ ၇ရက်သားသမီးများအားကယ်တင်ရန် ခရီးနှင်ခဲ့လေသည်။

နွေဦးကာလ…ဖုန်တစ်လုံးလုံးနဲ့ ခရီးနှင်ခဲ့
လေရာ မကွေးတိုင်း၏ အရှေ့ဘက် ဘုရားပြိုရွာကို
ရောက်ခဲ့လေသည်။ ထိုရွာကို ရောက်တော့……
ရွာတော်ရှင်အား…ခွင့်တောင်းရန်ဆင့်ခေါ်လေသည်။

“မိုးမှာသိကြား…မြေမှာယမ အခုချက်ချင်း ငါ၏ရှေ့
မှောက်သို့ ဤရွာ၏ ရွာတော်ရှင် မကြာချက်ချင်း ယခု
ရောက်စေ……သစ္စာရှင်အမိန့်”

လေပြင်းတွေတိုက်ခတ်၍…ထိုလေများနဲ့
အတူဝတ်ဖြူစင်ကြယ်ဝတ်ထားသည့် ရွာတော်ရှင် ကြွ
လာလေသည်။

“”အသင်သစ္စာရှင် အသင်ဘာကြောင့် အကျွန်ူပ်ကို
ဆင့်ခေါ်ရသလဲကွယ့်””

“အကျွန်ုပ်တို့တွင် ဤရွာမှာ ခေတ္တ တည်းခိုရန် အသင်
ခွင့်ပြုသလားကွယ့်”

“”အသင့်လို သစ္စာသမာဓိပြည့်ဝသည့် သူတော်ကောင်းကို အကျွန်ုပ်ခွင့်ပြုပါတယ် ဒါပေမဲ့……””

“”အသင်တို့ကို အကျွန်ုပ် ခွင့်ပြုလို့ရပေမယ့် ယခုဒီ
ရွာကို အောက်လမ်း ခင်စိန်က ကြီးစိုးထားတော့
အကျွန်ုပ်အနေနဲ့……သူ့ကိုမယှဉ်သာဘူးဖြစ်နေတယ်
အဲ့ဒါ အသင်တို့က ကူညီပေးနိုင်မလား””

ဤသို့ဖြစ်ရခြင်းမှာ အောက်လမ်းခင်
စိန်က သူ၏အတတ်ဖြင့် ရွာတော်ရှင်အား နတ်
မှောက်ထားခြင်းသာဖြစ်သည်။

“အသင်က တကယ်ဒုက္ခရောက်နေမှတော့ အကျွန်ုပ်
ကကယ်တင်ရမှာပေါ့ဗျာ အကျွန်ုပ်အလုပ် ကလည်း ခုနှစ်ရက်သားသမီးတွေကို ကယ်တင်ရမှာဆိုတော့အကျွန်ုပ် ကူညီရမှာပေါ့……”

“ဒါပေမဲ့ အကျွန်ုပ်ကို အချိန် ၉ရက်တော့ ပေးပါ။”

“”ကောင်းပါပြီ အသင်””

ရွာတော်ရှင်လည်း ပြန်ကြွသွားသည်။
သည်တော့မှ မောင်မင်းခေါင်တို့လည်း ရွာထဲကိုစတင်ဝင်ရောက်လေသည်။ မောင်မင်းခေါင်တို့ စဝင်ဝင်ချင်းမှာပင် အောက်လမ်းခင်စိန်က နှုတ်ဆက်လိုက်လေသည်။

“”ညီလေး မင်းခေါင် ခွေး…ခွေး…ခွေးတွေအုပ်လိုက်ငါတို့င်္ဆီကို တည့်တည့်လာနေတယ်ကွ အားပါးပါး
များလိုက်တဲ့ခွေးတွေကွာ……””

နဂါးမင်းသားကြည့်နေတုန်း……မှာပင်မောင်မင်းခေါင်က လာနေသည့် ခွေးအုပ်ကြီးကို
စိုက်စိုက်ကြည့်၍…… တောက်!!တစ်ချက်ခေါက်လိုက်ရာ……ထိုခွေးအုပ်ကြီးလဲ ပျောက်ကွယ်သွားလေသည်။
ထိုခွေးအုပ်ကြီးသည် သာမာန်လူတွေရဲ့
မျက်စိဖြင့် မမြင်နိုင်တဲ့ မိစ္ဆာများသာဖြစ်သည်။

“”ဟာ……ညီလေး ပျောက်သွားပြီကွ”

ထိုစကားကိုကြားတော့ မောင်မင်းခေါင်
အဓိပ္ပာယ်ရှိရှိပြုံးလေသည်။ထိုသို့ပြုံးနေသည်ကိုမြမင်တော့……

“”ညီလေး ဘာလို့ပြုံးတာလဲ “”

“ဘာမှမဟုတ်ပါဘူးအကိုရာ…လာဆက်သွားရအောင်”

မောင်မင်းခေါင်တို့လည်း သူကြီးအိမ်
ကိုသွားရန်……လမ်းသွားလမ်းလာ ရွာသားတစ်ယောက်အားမေးလေသည်။ထိုသို့မေးရာတွင် ကိုဒိပ်ဗ
ကအရင်မေးလိုက်လေသည်။

“ဒီမယ်!!ညီလေး ရွာသူကြီးအ်ိမ်ကို ဘယ်လိုသွားရ
မလဲဆိုတာ လမ်းညွှန်ပေးနိုင်မလား”

ထိုရွာသားလဲ မောင်မင်းခေါင်တို့အား ခြေအဆုံးခေါင်းအဆုံးကြည့် ဘာမျှမပြောဘဲ ထွက်သွား
လေသည်။

“……တောက်!!……”

“”ဒီကလူတွေက အတော်ရိုင်းတာဘဲ ကိုယ့်ရွာကိုလာ
တဲ့ဧည့်သည်ကို ဒီလိုဆက်ဆံတယ်ဆိုတော့……””

“အကို…ညီလေး ပြောပြမယ် ဒီကလူတွေကို အောက်
လမ်းခင်စိန်က ပြုစားထားတော့ ဒီလိုတွေဖြစ်ကုန်
တာပေ့ါဗျာ”

မောင်မင်းခေါင် အကိုဒိပ်ဗအား ရေအဆုံး
မိုးအဆုံးရှင်းပြလိုက်တော့…အကိုဒိပ်ဗ သဘောရုံသာ
မက…အောက်လမ်းခင်စိန်ကို သတ်ဖြတ်ချင်စိတ်တောင်ပေါက်လာလေတော့သည်။

“”ညီလေး ပြောလို့ အက်ိုစိတ်လျှော့လိုက်ပါ့မယ်ကွာ””

မောင်မင်းခေါင်တို့လည်း…စကားပြော
ရင်း ရွာမြောက်ပိုင်းက ရွာဦးစေတီလေးသို့ သွားလေ
သည်။ ထိုရွာ၌ ကျောင်းထိုင်ဘုန်းကြီးရယ်လို့ သီးသီး
သန့်သန့်မရှိတစ်နည်းပြောရရင် ဗုဒ္ဓဘာသာထွန်း
ကားစပြုနေသည့်ရွာဖြစ်သည်။…ဘုရားဆိုလို့ စေတီလေးတစ်ဆူသာရှိလေသည်။ ထိုစေတီမှာလဲ ရှေးက
ဝိဇ္ဇာမိုရ်တွေ သွားရင်းလာရင်းနဲ့ တည်ခဲ့သောစေတီသာဖြစ်လေသည်။

မောင်မင်းခေါင်တို့လည်း ရွာဦးစေတီကို
ရောက်သည်နှင့်…စေတီရှေ့၌ အသင့်ပါလာသည့်
အခင်း…ဖယောင်းတိုင်…ဆီမီး…အမွှေးတိုင်…အစ
ရှိသဖြင့် ဆိုင်ရာပိုင်ရာ ပစ္စည်းများအား ခင်းကျင်း
ပြီးလျှင်…မောင်မင်းခေါင် အက်ိုဒိပ်ဗအား မှာလေ
သည်။ မောင်မင်းခေါင်အနေအထားက ဘုရားရှေ့၌
တင်ပျဉ်ခွေထိုင်လျက် လက်ထဲ၌ သိမ်ဝင်ပုတီးကို
ပုတီးစိပ်ဟန်ဖြင့် ဒိပ်ဗအား မှာကြားလေသည်။

“အက်ို ညီလေး…ဘုန်းတော်ခြောက်ပါးကျင့်စဉ်
ကျင့်ကြံအားထုတ်မည် ဤသို့ကျင့်ကြံပွားများ
အားထုတ်နေစဉ် အနှောက်အယှက်မရှိအောင်
အက်ို စောင့်ရှောက်ပေးပါ”

“”စိတ်ချပါငါ့ညီ အက်ိုစောင့်ရှောက်ပေးပါ့မယ်””

မောင်မင်းခေါင်သည် ထ်ိုည ၁၂နာရီတိတိသက်ကြီးခေါင်းချချိန်တွင် ဘုန်းတော်
ခြောက်ပါးကျင့်စဉ်ကို ပွားများအားထုတ်လေသည်။
မောင်မင်းခေါင်ပွားများအားထုတ်ပုံမှာ……
ဘုန်းတော်အန္တန…ကံတော်အန္တန…ဥာဏ်အန္တန…နဲ့
ပြည့်စုံတော်မူသောမြတ်စွာဘုရား……။
ဘုရားတပည့်တော် မောင်မင်းခေါင်သည် တပေါင်းလပြည့်ကျော်(၅)ရက်နေ့မှစ၍ ၉ရက်တိုင်တိုင်
ဘုန်းတော်၆ပါးအကျင့်မြတ်ကိုတစ်နေ့လျှင် ၉ပတ်
တိတိပွားများအားထုတ်ပါမည်ဟုသစ္စာအဓိဌာန်ပြုအပ်
ပါသည် အရှင်ဘုရား……။
ဤမှန်သောသစ္စာစကားသည်မှန်ကန်ပါ
၏ထိုသစ္စာအရာ၌ ဘုရား၊ ရဟန္တာ၊ ပစ္စေကာဗုဒ္ဓနှင့်
အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီး
တို့သည်၎င်း။ ထွက်ရာပေါက်ဆရာတော်နှင့် ဘိုးတော်
တို့သည်၎င်း။ နတ်မင်းကြီးလေးပါးနှင့်တကွ သာတာဂီရိဟေမာဝတ စသော နတ်သိကြား ဗြဟ္မာတို့သည်
၎င်း။ ဘုမ္မစိုး ရုက္ခစိုး အာကာသစိုး တို့သည်၎င်း။ တောစောင့်နတ် တောင်စောင့်နတ် မြို့စောင့်နတ် ရွာ
စောင့်နတ် နယ်စောင့်နတ် သာသနာစောင့်နတ်တို့
သည်၎င်း။ အတွင်း(၃၇)မင်း အပြင်(၃၇)မင်း တို့သည်၎င်း။ ဘဝဆက် ပဋ္ဌာန်းဆက် သိုက်ဆက် တို့
သည်၎င်း။ တပည့်တော်၏ ကုသိုလ်၌ သက်သေ
အရာတည်ပါစေသား အရှင်ဘုရား…။
ဤသစ္စာမကျိုးမပေါက်ခဲ့သော်တပည့်
တော်အား စုန်း ကဝေ အောက်လမ်း စသည့် မကောင်းသောအတတ်ပညာသည်များအပြင် မြင်အပ် မမြင်
အပ်နာနာဘာဝများပါမကျန် အပင်းဟူသမျှကိုလည်း
နိုင်နင်းရပါလို၏အရှင်ဘုရား……။

ပုတီးစိပ်နည်း
~~~~~~
၁။ ဣဿရိယသ နမတ္ထ ု (တစ်လုံးပွား )
၂။ ဓမ္မဿ နမတ္ထု( တစ်လုံးပွား)
၃။ ယဿ ဿ နမတ္ထု ( တစ်လုံးပွား)
၄။ သိရိဿ နမတ္ထု ( တစ်လုံးပွား )
၅။ ကာမဿ နမတ္ထု ( တစ်လုံးပွား )
၆။ ပယတ္တဿ နမတ္ထု ( တစ်လုံးပွား )

မှတ်ချက်။ ။ ၁၀၈လုံးပုတီးကုန်းလို့ဆိုသည့်အတိုင်း
ပုတီးစိပ်ရာတွင် တစ်ပတ်အဆုံး၌ ပယတ္တဿ နမတ္ထု ဖြင့်ဆုံးရပါမည်။ ထိုသို့မဆုံးပါက အစကနေပြန်လည်
စိပ်ရပါမည်။
မောင်မင်းခေါင်လည်း ၉ရက်တိတိ
အဓိဋ္ဌာန်ဝင်ပြီး၍ ၉ရက်မြောက်သည့် ည ၁၂နာရီ သက်ကြီးခေါင်းချချိန်မှာပင် စေတီဝန်းထဲက ထွက်၍…
ထီးတော်ပြိုကျနေသည့် စေတီရှေ့၌ မောင်မင်းခေါင်
ကတော့ မိမိဝတ်နေကျအတိုင်း ဝတ်ဖြူစင်ကြယ်ကို
ဝတ်၍ လက်ထဲ၌ စိပ်ပုတီးတစ်ကုံးကလွဲ၍ ဘာမျှ
မပါချေ။
ဒိပ်ဗကတော့ ချုံအကွယ်ကနေ မောင်မင်း
ခေါင်ရဲ့ အခြေအနေကို စောင့်ကြည့်နေလေသည်။
ဤသို့စောင့်ကြည့်နေသည်မှာ မောင်မင်းခေါင်၏စကားကြောင့်ရယ်နောက်ပြီး သူကိုယ်တိုင်စပ်စုချင်တာ
ကြောင့် စောင့်ကြည့်နေခြင်းသာဖြစ်လေသည်။

“……ဒေါင်!!……ဒေါင်!!……”

သန်းခေါင်မောင်းတောင် မြည်လာလေသည်။
ထိုသို့အချိန်ကျရောက်လာသည့်နှင့်အတူ မောင်
မင်းခေါင် အမိန့်ပြန်လေသည်။

“”မိုးမှာသိကြား…မြေမှာယမ အောက်လမ်း
ခင်စိန် ငါ့ရှေ့ရောက်စမ်း!!သစ္စာရှင်အမိန့်””

ထိုသို့အမိန့်ပြန်ပြီး များမကြာခင် ဆံပင်တွေ
တစ်ခေါင်းဖြူနေသည့် အဖွားအိုတစ်ယောက်ရောက်
လာလေသည်။ တစ်နည်းပြောရရင် အမေအိုတစ်ယောက်ပေါ့ဗျာ……

“”အမိန့်ကသာ ပြင်းလွန်းလို့ ရောက်လာရတာ
အခုကြတော့လဲ ဘယ်က ကမျောက်ကခြောက်လဲ
ဟီး!!ဟီးး!!ဟီးး!! ကောင်လေး မင်းမသေချင်ရင်
လှည့်ပြန်လိုက်တာကောင်းမယ်ထင်တယ်””

“ဟဲ့!!အောက်လမ်းခင်စ်ိန် စကားတွေ အများကြီး
မပြောချင်ဘူး…အသင့်အကျွန်ုပ်ကို ၃ခါတိုက်လို့နိုင်ရင်အသင်နိုင်နိုင်မယ်…အကယ်၍ အသင်၃ခါတိုက်လို့
အကျွန်ုပ်ကို မနိုင်ဘူးဆိုရင် အသင်ရှုံးပြီ”

“”ကောင်းပြီလေ ကောင်လေး မင်းဘက်က ဆန္ဒတွေ
ပြင်းပြနေတော့လည်း ငါကဖြည့်ပေးရတာပေါ့ဟယ်””

အောက်လမ်းခင်စိန်က အရင် မောင်မင်းခေါင်
အားတိုက်လေသည်။ ထို့သို့ တိုက်ရာတွေ……

“စုန်း ကဝေအမျိုးဖြစ်တဲ့ အောက်လမ်းခင်စိန် အမိန့်
ကိုနာခံစေ။ ဟဲ့ရွာသူ ဟိုရှေ့ ဖြူဖြူနဲ့ကောင်ကို
အသေသတ်စမ်း!!”

ရွာသူမသည် မိမိလက်ကိုရှေ့သို့ ဆန့်တန်း
၍ လက်ဝါးအတွင်းရှိ လက်ချောင်းတွေက စက်တွေ
ထွက်လာလေသည်။ ထိုစက်မှာ အမည်းရောင်
သာဖြစ်လေသည်။ မောင်မင်းခေါင်လည်း လာနေ
သည့် စက်အား လက်ဖြင့် ကာလိုက်လေသည်။

“အော်!!ဒင်းက အတော်စွမ်းနေတယ်ပေ့ါလေ”

“ရော့ဟေ့!! ခံနိုင်အောင်ခံပေတော့……”

အောက်လမ်းခင်စိန်နဲ့ ရွာသူမတို့
နှစ်ယောက်ပေါင်းစက်ဖြင့် မောင်မင်းခေါင်ကို
တိုက်ခိုက်လေသည်။ မောင်မင်းခေါင်က
လက်နှစ်ဖက်ဖြင့် ကာလိုက်လေသည်။

“”ဟင်း!!တောက်!!……ဒင်း ဒင်း ငါရဲ့ ယက္ခစက်ကို
ဘယ်သူခံနိုင်ရိုးလဲ ဟီးး!!ဟီးး!!””

တစ်ထွာခန့်ရှိသည့် ဘီလူးရုပ်ရဲ့
သံလျက်ကနေ စက်အနီတောက်တောက်ကြီး
ဖြင့် မောင်မင်းခေါင်အား တိုက်ခိုက်လေသည်။
ထိုစက်ကို မောင်မင်းခေါင် သိမ်ဝင်ပုတီးဖြင့်
ကာလိုက်ရာ ထိုစက်မှာဘေးသို့ ဖြာကျသွားသည်။

“ဟဲ့!!ယက္ခ အဲ့ဒီသူငယ်ကို သတ်စမ်း”

တင်းပုတ်ကြီးထမ်းထားသည့် ဘီလူးကြီး
လည်း အောက်လမ်းခင်စိန်၏ အမိန့်ကြောင့် မောင်
မင်းခေါင်အား တိုက်ခိုက်လေသည်။
ထိုဘီးလူးကြီးကိုလည်း မောင်မင်းခေါင်က
အာဏာစက်ပြင်းလွန်းလှသည့် စေပိုင်အာဏာနဲ့ အမိန့်ပေးလေသည်။

“”ယက္ခဘီလူး တေဇောဓာတ်ဖြင့် လောင်ကျွမ်းစေ””

ထိုဘီးလူးကြီးလည်း မောင်မင်းခေါင်ရဲ့
အာဏာစက်ကြောင့် ပျောက်ကွယ်သွားသည်။

“”အောက်လမ်းခင်စိန် အဒေါ်တိုက်တာ လေးခါရှိသွား
ပြီနော် စည်းမျဉ်းအရ ဒီပွဲမှာ ကျုပ်နိုင်တယ်””

မောင်မင်းခေါင်၏ စကားကို နားမယောင်ဘဲ
ပညာနဲ့တိုက်ခိုက်မည့်အချိန်……

“ဟဲ့ ခင်စိန် ရပ်စမ်း ညည်းက ဘာလဲ ငါပေးလိုက်တဲ့
ပညာတွေနဲ့ ဒီကသစ္စာရှင်လေးကို တိုက်ခိုက်နေတာလား”

“”အဲ အဲ ရေ ရေယာဉ်မယ်တော်ကြီးပါ့လား””

“အေးဟုတ်တယ် ညည်းကြောင့် ငါအရှက်ရစေတယ်
အဲ့ဒါကြောင့် ညည်းပညာတွေငါအကုန်ပြန်သိမ်းသွား
မယ်”

“”ဒီလိုတော့ မလုပ်ပါနဲ့ မယ်တော်ကြီးရယ် သမီးသူ့ကို
ချက်ချင်းတောင်းပန်လိုက်ပါ့မယ်””

“ဒီကသစ္စာရှင်လေးလည်း ကျွန်မသမီးရဲ့ အမိုက်အပြစ်
ကိုခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေရှင်”

“””ဟုတ်ကဲ့ ရပါတယ် အကျွန်ုပ်တောင်းဆိုသည့်အရာ
က်ိုသာ သူ့ဘက်က လိုက်လျှောပေးရင်ကျေနပ်ပါပြီ”””

“ဟဲ့ ကြားသလား နင် သူတောင်းဆိုတာက်ို လုပ်ပေး
လိုက် ငါလည်းညည်းကြောင့် အရှက်ရခဲ့ပြီ”

“”ဟုတ် ဟုတ် ဟုတ်ကဲ့မယ်တော်””

ရေယာဉ်မယ်တော်ကြီးလည်းပြန်ကြွ
သွားလေသည်။ ထို့နောက်က အောက်လမ်း
ခင်စိန်အား တရားပြလေသည်။

“အဒေါ်……အဒေါ်ပညာနဲ့ပြုစားထားတာတွေကို ပြန်
ဖြေပေးပါ။နောက်ပြီး နတ်မှောက်ထားသည့် ရွာတော်
ရှင်က်ိုလည်း ပြန်လွှတ်ပေးပါ။ ကျုပ်အနေနဲ့ အဓိက
တောင်းဆိုချင်တာကတော့ အဒေါ်ပညာတွေကို
ကောင်းသည့်နေရာတွင် အသုံးချပါ့မယ်လို့ကတိပေးပါ။”

“”ဟုတ်ကဲ့ အဒေါ်ဒီက မဟာပထဝီမြေကြီးကိုတိုင်
တည်၍ ကတိပေးပါတယ် အကယ်၍များ ကတိခ်ျိုး
ဖောက်ခဲ့လျှင် ဦးခေါင်းရှစ်စိတ်ကွဲပြီး မဟာအဝီစိမှာ
မလွှတ်တမ်းခံပါစေလို့ အဒေါ်သစ္စာပြုပါတယ်””
ထို့နောက်အောက်လမ်းခင်စိန်လည်းပြန်သွား
လေသည်။ အောက်လမ်းခင်စိန်ပြန်သွားသည့်အချိန်ကားမနက် ၃နာရီ အခ်ျိန်သာဖြစ်လေသည်။
မောင်မင်းခေါင်လည်း စိပ်ပုတီးလေး
လက်ကစိပ်၍ ရွာဦးစေတီရှိရာဘက် ရွာမြောက်ပိုင်း
ကိုပြန်ခဲ့လေသည်။
ပြီးပါပြီ
စိတ်ကူးသက်သက်ဖြင့်ရေးသားထားခြင်းဖြစ်ပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။
စာဖတ်သူများအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ။
ဤစာမူလေးကိုကြိုက်နှစ်သက်ပါက Like&Share
လေးပြုလုပ်၍ အသ်ိအမှတ်ပြုနိုင်ပါသည်။
စာဖတ်သူများကိုအစဉ်အမြဲလေးစားလျက်ပါ။