**အနှိပ်သည်ဒေါ်သောင်း**📖📖📖
ဇာတ်လမ်း/စာရေးသူ – ဝိုင်စီရဲ
(ဖြစ်ရပ်မှန်)
ကလေးကအစလူကြီး အဆုံး…ညောင်းညာ
ကိုက်ခဲတတ်ကြတာသဘာဝပဲမဟုတ်လား…ကျုပ်ဆို…
ဟိုးငယ်စဉ်ဘဝတည်းက…ဆိတ်ကျောင်းရတာဗျ..အိမ်က
လူတွေက…ကျုပ်မကျောင်းတတ်ခါစတော့လိုက်ကျောင်း
ပေးတာပေါ့ဗျာ…ကျုပ်ဆိတ်ကျောင်းတတ်သွားတော့..
သူငယ်ချင်းရဲရင့်နဲ့ပဲသွားကျောင်းရတာပေါ့..တောထဲမှာ
နေပူပူကြီးထဲသွားရတာဗျ…ဆိတ်တွေ…သူများယာခင်းထဲ
ဝင်သွားရင်လည်းလိုက်ခြောက်ရ…ပြီးတော့…ဆိတ်တွေ
အစာမဝမချင်း…ကျောင်းရတာ…ပြေးရလွှားရဆိုတော့..
ကိုယ်မှာ…ချွေးတွေနဲ့စိုရွဲနေတာပေါ့ဗျာ…တယ်လည်း..
ပင်ပန်းတယ်ဗျ…
ကျုပ်ကိုညနေဘက်ဆိုရင်…အရှေ့အရပ်က…အနှိပ်
သည်ဒေါ်သောင်းကလာလာနှိပ်ပေးတာဗျ..လက်ကလည်း
ပေါက်သကိုးဗျ…သူသာလာနှိပ်ပြီးလို့ကတော့…အညောင်း
အညာအကိုက်အခဲမှန်သမျှ..ယူပစ်သလိုမျိုးကိုပျောက်သွား
တော့တာဗျို့…ဒေါ်သောင်းက…ဒီရွာနီးချုပ်စက်မှာအတော်
နာမည်ကြီးတာဗျ…အခုလက်ရှိအသက်ကတော့…၆၀ကျော်
လာပြီ…
” ဒေါ်သောင်း ခင်ဗျားနှိပ်ပေးလိုက်ရင်ကျုပ်အတော်သက်
သာတာဗ် ”
” ငါ့သား သက်သာရင်ကျေနပ်ပါတယ်ကွယ်”
” ဟုတ်ကဲ့ဒေါ်သောင်း ဒေါ်သောင်းသမီးလှခင်ရောမတွေ့ပါလားဗျ”
” မတွေ့ဆို ငါ့တူရယ် မြေပဲနှုတ်လိုက်သွားတာ ၂ပတ်လောက်
ရှိရောပေါ့ ”
” သြော် ဒေါ်သောင်းတစ်ယောက်တည်းနေရတာအဆင်ပြေ
ရဲ့လား ”
” ပြေပါတယ် ဒီလိုနေလာတာကြာပါပြီကွယ်”
” ဟုတ်ကဲ့ဒေါ်သောင်း”
ဒေါ်သောင်းကကျုပ်ကို…ညနေတိုင်းလာလာ နှိပ်ပေး
နေကျလေ…အသက်ကကြီးပေမဲ့…အတော်သန်တယ်ဗျ..
ခုလိုသမ္မာအာဇီဝ..လုပ်စားတော့လူတိုင်းကချစ်ကြခင်ကြ
လေးစားကြပေါ့ဗျာ…တစ်နေ့…ကျုပ်တောထဲကနေ…
ဆိတ်ကျောင်းပြန်လာတော့…မကြားချင်တဲ့သတင်းဆိုးကြီး
ကြားလိုက်ရတယ်ဗျာ….
” ဒေါ်သောင်းဆုံးပြီးတဲ့ ဆူးလေကုန်းရွာကအပြန်မှာ…
မြွေပေါက်ခံရတာတဲ့ စိတ်မကောင်းလိုက်တာကွာ”
” ဟာ.. ”
ဒီတစ်လုံးတည်းသာပြောနိုင်တော့တယ်ဗျာ…ကျုပ်
ကဒေါ်သောင်းကိုအတော်သံယောဇဉ်ကြီးတာလေဗျာ…
ကျုပ်မျက်ရည်တောင်ကျမိတယ်…ကျုပ်အဖွားတစ်ယောက်
ဆုံးရှုံးသွားသလိုပါပဲဗျာ…လူတွေဆိုတာ…အိုရမယ်…နာရ
မယ်…သေရအုံးမယ်မဟုတ်လား..
.ကျုပ်တို့အားလုံးလည်း
တစ်နေ့ဒီလမ်းကိုသွားကြရမှာပဲ…မနက်တုန်းကတောင်..
ဒေါ်သောင်းကိုမြင်လိုက်ရသေးတာ…နေ့မြင်ညပျောက်ဆို
တဲ့စကားက…ဒေါ်သောင်းအတွက်များဖြစ်နေလေသလားဗျာ….ကျုပ်တို့သူငယ်ချင်းတွေလည်းဒေါ်သောင်းနေအိမ်ကို
သွားပြီညတိုင်း…စောင့်အိပ်ပေးရတာပေါ့….
“ဒေါ်သောင်းရေ ကျုပ်ကိုလာခြောက်ပါအုံးဗျာ”
စိတ်ထဲကရွတ်နေမိတယ်…ဒါပေမဲ့ညတိုင်းအရိပ်အယောင်
လေးတောင်မတွေ့ရမမြင်ရပါဘူး…ဒီလိုနဲ့ရက်လည်တဲ့ည
ရောက်လာတော့…ကျုပ်ဆုတောင်းတာလေးပြည့်ဝသွား
တယ်…ကျုပ်အိပ်နေတုန်း…ကျုပ်ခြေထောက်လေးကို…
တစ်စုံတစ်ယောက်က…နှိပ်ပေးနေသလိုခံစားရတော့…
ချက်ချင်းလန့်နိုးသဖြင့်…အောက်ကိုငုံ့ကြည့်လိုက်ရာ…
ဒေါ်သောင်းဖြစ်နေတာဗျ..
” ဒေါ်သောင်း ကျုပ်ခင်ဗျားကိုတွေ့ချင်နေတာဗျ”
” ငါ့သား ဒေါ်သောင်းကဒီတစ်ခါနောက်ဆုံးနှိပ်ပေးရတာ
သက်သက်သာသာနေ ပါ”
” ဟုတ်ကဲ့ပါဗျာ”
ဒေါ်သောင်းလက်ကအရမ်းနှိပ်တာတော်တာလေဗျာ..
ကျုပ်မှေးခနဲကိုအိပ်ပျော်သွားတာ…ကျုပ်တစ်ရေးနိုးတဲ့
အချိန်ကြည့်လိုက်တော့…ဒေါ်သောင်းမရှိတော့ဘူး…
ကျုပ်အတော်ဝမ်းနည်းသွားတယ်…ဒေါ်သောင်းရေ…
နောက်ဘဝမှာဒီလိုအဖြစ်ဆိုးမှကင်းဝေးပါစေ…..
ပြီးပါပြီ…
ဆက်လက်ကြိုးစားပါဦးမည်
ဝိုင်စီရဲ