” အရူးသူတော် မြေအောင်းတစ္ဆေနဲ့ ဘိုးတော်ဖြူ ” ( စ/ဆုံး)

Unicode Version

” အရူးသူတော်
မြေအောင်းတစ္ဆေနဲ့ ဘိုးတော်ဖြူ ” ( စ/ဆုံး)
————————————————–

ပွေးမုဆိုးတင်ကြီးတစ်ယောက် မနက်မိုးမလင်းခင် မှိန်းရှည်တစ်ချောင်းကို ဆွဲလို့ ရွာက ထွက်ခဲ့တယ်။ ခြေလှမ်းတို့ ဦးတည်ရာက မနေ့တုန်းက သူအကဲကြည့်ခဲ့ရာ ဖိုးတာဝါကုန်းဘက်ကို။

အဲ့ဒီဘက်ကို မနေ့တုန်းက ပွေးကျင်းအကဲကြည့်ရင်း ကျင်းအသစ်တွေ၊ ပွေးကျစ်စာအသစ်တွေ နေရာအတော်များများမှာ တွေ့ခဲ့ရတယ်။

ပွေးကျစ်စာတွေက လတ်ခတ်ဆတ်ဆတ်။ မနက်ပိုင်းတုန်းကမှ စုန့်တက်ထားတဲ့ပုံစံ။

အမှန်ကိုပြောရရင်တော့ ဒီဖိုးတာဝါကုန်းဆိုတာ မြေကြမ်းပြီး အခြောက်အလှန့်ကြမ်းတယ်လို့ နာမည်ကြီးတဲ့ ကုန်းကြောတစ်ခုပါ။ ဒီကုန်းကြောကြီးရဲ့ တစ်ဖက်မှာတော့ ဥဒါန်းတောင်ကြောကြီးက ရှိနေပါတယ်။

အတိတ်တုန်းက သရဲတစ္ဆေတွေ မွေးတဲ့ ဖိုးတာဝါဆိုတဲ့ စုန်းလိုလို၊ အောက်လမ်းလိုလိုလူကြီး နေထိုင်ခဲ့ပြီး အဲ့ဒီ့လူကြီး သေဆုံးမှန်းမသိ၊ ပျောက်သွားမှန်းမသိ ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီကုန်းကြီးမှာ သူ မွေးခဲ့တဲ့ သရဲတစ္ဆေတွေက ကျန်ရစ်သောင်းကျန်းတာကြောင့် ဘယ်သူမှ မချဉ်းကပ်ဝံ့တဲ့ နေရာတစ်ခုပါ။

သာမန်ထက် ကုန်းမြင့်ပေမယ့် အပေါ်မှာ ပြန့်ပြန့်ပြူးပြူးရှိတယ်။ ပွေးတွေကြိုက်တတ်တဲ့ မချိုမြစ်၊ သက်ငယ်တို့လို အပင်တွေလည်း အုံနဲ့ကျင်းနဲ့ မဟုတ်ဘဲ ခပ်ကျဲကျဲပေါက်ရောက်တယ်။

တော်ရုံလူမကပ်ရဲတဲ့ နေရာတစ်ခု။ လူသွားလူလာကလည်း ကျဲပါးရာဆိုတော့ ပွေးကျင်းတွေက မွထူနေတာပဲ။

ဒါကို တင်ကြီးက ယခင်ပွေးလိုက်နေရာတွေဖြစ်တဲ့ ရာမာပြန့်၊ လယ်ဟောင်းပြန့်တွေဘက်မှာ သူ့လို ပွေးမုဆိုးတွေ ဂျင်ခြေလည်တော့ စိတ်ကူးရပြီး လာအကဲကြည့်တာ။

ဒီမယ်တင် တင်ကြီးတစ်ယောက် သဘောတွေတွေ့ မနောတွေခွေ့ပြီး ဒီမနက်အစောကို မနက်ခင်းပွေး ပွေးစာအစုန့်ကို မှိန်းထိုးဖမ်းရအောင် တစ်ယောက်ထဲ ချီတက်လာတာပေါ့။

တင်ကြီးရဲ့ ခြေလှမ်းတွေက ခါတိုင်းထက် သွက်လက်နေတယ်။

ပွေးဆိုတဲ့ သတ္တဝါဟာ သစ်ပင်၊ သစ်သီးထက် အမြစ်တွေ၊ ဥတွေကိုသာ အဓိက စားသောက်တတ်တဲ့ အကောင်။

ဒီတော့ ဆေးဘက်ဝင်တယ်။ လူနဲ့ တည့်တယ်။ ပြီးတော့ ပွေးသားဟာ ဝက်သားလိုပဲ။ အဆီ၊ အသား၊ အခေါက်ဆိုတဲ့ အရသာအာရုံ ဒီသုံးစုံနဲ့ ပြည့်တယ်လေ။

တင်ကြီးက ပွေးလိုက်သမားပီပီ ကိုယ်တိုင်လည်း ပွေးသားကို အတော်နှစ်ခြိုက်တာကလား။ တစ်နေ့တစ်ဖုံ ပွေးသားဟင်းကိုမှ မစားရရင် တင်ကြီးတစ်ယောက် နေမထိထိုင်မသာရယ်။

ဒါကြောင့်လည်း အရင်အလုပ်ဖြစ်တဲ့ လယ်သူရင်းငှားအလုပ်ကို စွန့်ခွာပြီး ရာသီစာမုဆိုး ကိုမဲကြီးရဲ့ ထံဆီမှာ ပညာဆည်းပူးလို့ သူကိုယ်တိုင်လည်း ပွေးလိုက်၊ ပွေးထိုး အလုပ်ကိုပဲ ဇောက်ချလုပ်တော့တာရယ်။

ဒါပေမယ့်လည်း ပွေးဆိုတဲ့ သတ္တဝါက အမြဲတမ်းရရှိနေတဲ့ သတ္တဝါမဟုတ်ဘူးလေ။ ဆောင်းကာလ၊ နွေဦးကာလလိုကျမှ အလျဉ်းသင့်ရာမို့ သူလည်း ရာသီစာရယ်လို့ပဲ ပြောရမယ်။

ဒိလိုအချိန်တွေဆိုရင်တော့ တင်ကြီးတစ်ယောက် ပွေးကို စီးပွားဖြစ်ရှာဖွေတတ်ပြီး ကျန်ရာသီတွေမှာတော့ အခြားသတ္တဝါငယ်တွေကိုသာ သဲသဲမည်းမည်းလိုက်ရတာပေါ့။

ဒါပေမယ့်လည်း တင်ကြီးက ပွေးကိုတော့ သူစားဖို့အတွက် မရမက လိုက်ပါတယ်။ ဘယ်လိုရာသီဖြစ်နေပါစေ တင်ကြီးပွေးလိုက်ရင် ရောင်းဖို့မမယ်ရင်တောင် ရက်ခြားဆိုသလို သူစားဖို့တော့ ရတတ်လေတာပဲ။

ဒါကြောင့်လည်း ရာသီစာမုဆိုးတွေအကြား တင်ကြီးဟာ ပွေးမုဆိုးလို့ အမည်တပ်ခံခဲ့ရပါတယ်။

******

တင်ကြီးတစ်ယောက် ဖိုးတာဝါကုန်းပေါ်ကို တက်လာခဲ့တယ်။

ကုန်းပြန့်ကြီးဆိုပေမယ့် အတက်ကတော့ ပေလေးငါးဆယ်မြင့်တယ်။

ကုန်းကြောကို တက်ပြီး အပေါ်ရောက်တော့ ရွာက လှမ်းလာတဲ့ခရီး၊ ကုန်းကြော်အပေါ်ကို တက်ရတဲ့ ခရီးတို့ကြောင့် တင်ကြီး နဲနဲတောင် ဟိုက်လာသလို ခံစားရတယ်။

တင်ကြီး နေကို တစ်ချက်မော်ကြည့်လိုက်တယ်။

နေက အခုမှ ရောင်နီလွတ်ကာစရှိသေးရဲ့။ ပွေးက တစ်ညလုံး အစာရှာပြီး မအိပ်မီ နေအထွက်မှာမှ ကျစ်စာ စုန့်တတ်တာမို့ တင်ကြီးအတွက် အချိန်နည်းနည်းရနေသေးတယ်။

ဒါကြောင့် ကုန်းကြောအပေါ်ကို ရောက်တာနဲ့ တင်ကြီးလည်း ထိုင်ချလိုက်ပြီး သူဆောင်လာတဲ့ ကွမ်းကြမ်းအိတ်ဆီက ကွမ်းတစ်ယာထုတ်ယာလို့ ဝါးပြီး အမေဖြေနေလိုက်တယ်။

‘ ကျစ်…ကွစ်…ကွစ်…’

လူသူအရောက်အပေါက်နည်းတဲ့ နေရာမို့လို့ထင်ပါရဲ့။ ကျေးသံငှက်သံတွေဟာ တော်ရုံနေရာတွေထက် ပိုမိုစည်သာနေတယ်။

ကွမ်းတစ်ယာညက်တော့ တင်ကြီးလည်း အမောပြေပြီ။

အရှေ့ဆီက နေရောင်ကလည်း သိသိသာသာ ပျို့တက်လာပါပြီ။

တင်ကြီးလည်း ကွမ်းတံတွေးတစ်ချက် နံဘေးဆီကို ထွေးချလိုက်ပြီး စိုက်ထားတဲ့ မှိန်းတံကို နုတ်လို့ ကုန်းပြန့်ဆီ ဝင်လာခဲ့လိုက်တယ်။

မနေ့က ကြည့်ခဲ့တဲ့ ပွေးစာတွေရှိရာက ကုန်းရဲ့ အနောက်ဘက်ထိပ်နားမှာ။ တင်ကြီးရဲ့ ခြေလှမ်းတွေက သူ မှတ်သားထားတဲ့ နေရာဆီကိုပဲ တစ်စိုက်မတ်မတ် ဥိးတည်လှမ်းခဲ့တယ်။

‘ ဟော…အားလုံးထဲမှာ ဒင်းကလေးက ဝီရိယအရှိဆုံးပေါ့…’

တင်ကြီးအတွက် လာဘ်ကောင်းတယ်ပဲ ပြောရမလားမသိဘူး။

ကျစ်စာတွေနေရာဆီကို မရောက်ခင် ဦးဆုံးတွေ့ရတဲ့ ပွေးကျင်းတစ်ကျင်းက နေထွက်မြေစာစုန့်နေချေပြီ။

ပွေးထိုးကျွမ်းကျင်သူမို့ ညင်သာတဲ့ ခြေလှမ်းတွေနဲ့ တင်ကြီးတစ်ယောက် မှိန်းကို အသင့်ပြင်ပြီး မြေအောက်က ပွေးကျစ်စာတွေ စို့စို့တက်လာတဲ့ ကျင်းအနားကို ချဉ်းကပ်တယ်။

ပွေးဆိုတာက မြေထဲက သတ္တဝါမို့ ခြေလှမ်းကြမ်းလို့ မရဘူး။ မြေရဲ့ တုန်ခါမှုကို သူတို့သိသွားရင် အစာစုန့်နေရင်းက အတွင်းကို ပြန်ဝင်သွားတတ်တယ်။ ဒါကြောင့် ချဉ်းကပ်ချိန်ဟာ အတော့်ကို သတိထားရလေရဲ့။

တင်ကြီးကတော့ ဒါတွေကို ကျမ်းကြေပြီးသားသူမို့ မှိန်းတံကို အသာဝင့်၊ ပွေးကျင်းဆီကို ခပ်သာသာခြေလှမ်းတွေနဲ့ တရွေ့ရွေ့လှမ်းကပ်နေတယ်။ မှိန်းတစ်ထိုးစာနေရာကိုရောက်တော့ တင်ကြီး အသာငြိမ်လိုက်တယ်။ ပြီးတော့ ပွေးကျင်းရဲ့ လားရာဘက်ကို လေ့လာတယ်။

ပွေးကျင်းဟာ ကျင်းပေါက်မရှိဘဲ ကျစ်စာပုံသာမို့ လားရာဘက်မသေချာဘဲ မှိန်းထိုးရင် ကျင်းပေါက်ဆီမရောက်ဘဲ ပွေးလွတ်တတ်တယ်လေ။

လားရာသေချာပြီဆိုတော့မှ တင်ကြီးလည်း မှိန်းကို လက်နဲ့ ချိန်ဆတယ်။ ထိုးချက်ကို ဟန်ပြင်တယ်။ နောက်တော့ တင်ကြီးရဲ့ လက်ထဲက မှိန်းဟာ ပွေးကျစ်စာတွေထဲကို လှစ်ခနဲ ပြေးဝင်သွားတော့တာပေါ့။

‘ ဒုတ်…ဖောက်…’

အထဲက ပွေးကောင်ကို ထိုးမိတဲ့ အသံကို ကြားလိုက်ရတယ်။ မှိန်းတံရဲ့ နောက်ဖျားကို ကိုင်ထားတဲ့ တင်ကြီးရဲ့ လက်ဆီမှာလည်း တိုးလှုပ်မှုကို ခံစားရရှိမိနေလေရဲ့။

သေချာပြီ။

အတွင်းဆီက ပွေးကောင်ကို မိပါလေပြီ။ မှိန်းတံကို အသာတင်းပြီး ကျစ်စာပုံကို တင်ြကီး လက်ခဲက ဓားနဲ့ ယက်ဖယ်လိုက်တယ်။

အစိတ်သားလောက်ရှိမယ့် ပွေးကောင်ဟာ မှိန်းဖျားမှာ ဆန့်ငင်ဆန့်ငင် ရုန်းလို့။ တင်ကြီးလည်း မှိန်းကို အနေအထားမယွင်းစေဘဲ သူ့လက်ထဲက ဓားနှောင့်နဲ့ ပွေးခေါင်းကို ထုလိုက်တယ်။

‘ ဟင်း…စျေးဦးပေါက်တော့ ကောင်းပြီလေ…’

တင်ကြီး ပွေးကောင်ကို ဖြုတ်၊ လွယ်ထားတဲ့ ပလိုင်းထဲကို ထည့်ပြီး ရေရွတ်လိုက်တယ်။

နောက်တော့ အခြားတစ်ကျင်းဆီကို ကူးလိုက်တယ်။

ပွေးကျင်းတွေများပေမယ့် ပွေးဆိုတာ မနက်ပိုင်း၊ ညနေပိုင်း သူ့အချိန်နဲ့သူ ကျစ်စာစုန့်တတ်တာမို့ အခု မနက်ပိုင်းကျစ်တာ စုန့်တဲ့ ပွေးကို တင်ကြီးရှာရတယ်။

တွေ့ပါပြီ တစ်ကျင်း။

တင်ကြီး ပထမကျင်းတုန်းကလိုပဲ ချဉ်းကပ်တယ်။ သူအနားရောက်တဲ့အထိ ပွေးက ကျစ်စာစုန့်ကောင်းတုန်း။ ခြောက်သွေးဖြူလွနေတဲ့ ကျစ်စာတွေအကြား လတ်ဆတ်တဲ့ မြေကျစ်စာစိုစိုတွေက ထိုးထိုးတက်လာနေတယ်။

တင်ကြီး မှိန်းကို ချိန်ဆတယ်။ ပြီးတော့ လှစ်ခနဲ ထိုးတယ်။

မိပြန်တာပါပဲ။

ပွေးကောင်ရဲ့ ရုန်းအားက သိသိသာသာ လက်ကို တိုးတယ်။ ပထမအကောင်ထက် ကြီးမယ်လို့ တင်ကြီးယူဆလိုက်ပြီး ဓားနဲ့ မြေကို ယက်ဖယ်လိုက်တော့ သူထင်တဲ့အတိုင်းပဲ လေးဆယ်သားလောက်ရှိမယ့် ပွေးတစ်ကောင် ထပ်ရပြန်တယ်။

တစ်ခဏအတွင်းမှာပဲ ပွေးနှစ်ကောင်ရလိုက်တာမို့ တင်ကြီး အလွန်ကျေနပ်နေမိတယ်။

ပွေးကျင်းတွေအကြား မနက်ကျစ်စာစုန့်တဲ့ ပွေးကျင်းကို ထပ်ရှာတယ်။

ကျင်းတွေများပေမယ့် ထပ်မတွေ့ရတော့ဘူး။

‘ ဒီအစာစုန့်တွေက ဒီနှစ်ကောင်ရဲ့ လက်ချက်ပဲလား…’

ရှာရင်း ကြာလာတော့ တင်ကြီး စိတ်ထဲ မတင်မကျဖြစ်ပြီး ရေရွတ်တယ်။ ပွေးဆိုတာက တစ်ကောင်ကို ကျစ်စာစုန့်က လေးငါးစုန့် အနည်းဆုံး ရှိတတ်တာကိုး။

တင်ကြီး အခြားတစ်ဖက်ကို သွားကြည့်မယ်လို့ တွေးပြီး ကုန်းပြန့်ရဲ့ မြောက်ဘက်ခြမ်းကို ထွက်ခဲ့လေရဲ့။

မြောက်ဘက်ခြမ်းမှာတော့ မြေပြောင်ပြောင်ကလေးမှာ ပွေးကျင်းလို ကျစ်စာပုံကလေးတွေ ဟိုတစ်စု ဒီတစ်စုရှိနေပေမယ့် အခုနကလောက် မများဘူး။ ဒါပေမယ့် မြေကျစ်စာ အစိုကလေးတွေက တက်နေတော့ တင်ကြီးဝမ်းသာမိသွားရတယ်။

ကျင်းတစ်ကျင်းအနားကို တင်ကြီး ချဉ်းကပ်ပြီး မှိန်းထိုးပြန်တယ်။ အတွင်းက ပွေးကောင်ကို ထိထိမိမိ ထိုးမိတာကို တင်ကြီးခံစားသိရတယ်။

ဓားနဲ့ မြေကို ယက်ဖယ်လိုက်တော့…။

‘ ဟင်…ဘာမှလည်း ရှိမနေဘူး…’

တင်ကြီး အလွန် အံ့သြသွားရတယ်။

အခုလေးတင် မြေစာစုန့်နေတဲ့ ပွေးကောင်ကို သူ့လက်က ထိထိမိမိ မိထားတယ်ဆိုတာခံစားသိနေပါရဲ့နဲ့ အခု ယက်ဖယ်လိုက်မှ ဘာမှရှိမနေဘူး။

ချက်ကောင်းမမိလို့ ပွေးကောင် ရုန်းထွက်သွားတာလို့ တင်ကြီး ထင်မိလိုက်တယ်။

လွတ်ပြီးသားမို့ တင်ကြီးစိတ်က မလွမ်းချင်။

ပွေးကျင်းတွေက ပေါနေတာမို့ နောက်ထပ်တစ်ကျင်းကို ရှာပြန်တယ်။

သူရှိနေရာနဲ့ ကျင်းဆီမှာ မြေစာစုန့်နေတာကို တွေ့လိုက်ရတယ်။

ဒိတစ်ကောင်တော့ မလွတ်စေရတော့ဘူးဆိုတဲ့စိတ်နဲ့ တင်ကြီး စိတ်ကို တည်ငြိမ်အောင်ထားလို့ သေချာလှမ်းကပ်ရင်း မှိန်းနဲ့ ထိုးလိုက်ပြန်တယ်။

‘ ဒုတ်…’

အတွင်းဆီက ပွေးကောင်ကို အသေအချာ ထိထိမိမိ ထိုးမိတဲ့ အသံ။ လက်ဆီက ခံစားချက်။ ဒိတစ်ခါ ထပ်လွတ်မှာစိုးလို့ တင်ကြီးတစ်ယောက် မှိန်းကို တင်းတတင်းဖိပြီး မြေစာကို ယက်ထုတ်လိုက်တယ်။

‘ ဟာ…’

မှိန်းဖျားမှာ ဘာမှရှိမနေပြန်ဘူး။

နှစ်ကြိမ်မြောက်ဆိုတဲ့ အသိနဲ့အတူ ရုတ်တရက် တင်ကြီးစိတ်ထဲ အခုရောက်နေတာဟာ နာမည်ကြီးတဲ့ ဖိုးတာဝါကုန်းဆိုတာ သတိရလိုက်တာမို့ သူ့ကို စမ်းတာလားဆိုပြီး စိတ်က ထောင်းခနဲ ဖြစ်သွားရတယ်။

တင်ကြီးက ကြောက်စိတ်ရှိတဲ့သူမဟုတ်ဘူး။ အယုံအကြည်လည်း မရှိဘူး။ ဒိတော့ ဒေါသနဲ့အတူ ကြမ်းကြမ်းတမ်းတမ်းတွေ ဆဲဆိုရင်း ချက်ချင်းပဲ နောက်တစ်ကျင်းကို ထပ်ရှာတယ်။

သိပ်ကြာကြာ မရှာလိုက်ရဘူး။

သက်ငယ်ပင်လေးငါးပင် ရှိနေရာဆီက နေရာမှာ မြေစာနက်နက်ကလေးတွေ စို့စို့တက်လာတာကို တင်ကြီး မြင်လိုက်ရတယ်။

တင်ကြီးလည်း အဲ့ဒီ့နေရာကို အသာအယာပဲ ချဉ်းကပ်မိပြီး မှိန်းပြင်လို့ အသင့်စောင့်နေလိုက်တယ်။ ခဏကြာတော့ ကျစ်စာကလေးတွေ စုန့်တက်လာတဲ့အချိန် တင်ကြီးလက်ထဲက မှိန်းချက်က မြေဆီကို လှစ်ခနဲ၊ နစ်ခနဲ…။

‘ အား…’

မှိန်းချက်နဲ့ အတူ မြေကြီးထဲက ထွက်ပေါ်လာတဲ့ အော်သံကြီး။ မှိန်းကလည်း တဒုတ်ဒုတ် ရုန်းနေလေရဲ့။

ရုတ်တရက် ထွက်ပေါ်လာတဲ့ အော်သံကြီးကြောင့် တင်ကြီး လန့်ဖျပ်သွားမိတယ်ဆိုပေမယ့် ဒေါသအခံကလည်းရှိနေတာမို့ သိပ်အများကြီး မတွေးတော့ဘဲ မြေစာတွေကို လက်နဲ့ တူးဖယ်ယက်ကြည့်လိုက်တယ်။ ဘာမှရှိမနေပြန်ဘူး။

ဒီလိုနဲ့ နောက်ထပ်သုံးကျင်းလောက် ဆက်တိုက်ကြုံလာရတော့ တင်ကြီးလည်း ဒေါသတွေ ထွက်လာရတော့တယ်။

နေရာကလည်း နာမည်ကြီးတဲ့ ဖိုးတာဝါကုန်းဆိုတော့ တင်ကြီး ဘာဖြစ်နေတယ်ဆိုတာကို ရိပ်မိလိုက်ပြီး…။

‘ ဟေ့ကောင်တွေ။ ငါ့ကို မစမ်းနဲ့နော်။ ငါ့ကို ထပ်စမ်းလို့ကတော့ ငါဘာကောင်လဲဆိုတာ မင်းတို့ကို သိသွားစေရမယ်…’

တင်ကြီး အလွန်ဒေါသထွက်ပြီး ဆဲဆိုရင်း အော်ပြောလိုက်တဲ့ စကားသံ။

‘ ဒုတ်…’

‘ အ…’

ဆဲဆိုပြီးနောက် ခြေလှမ်းလိုက်စဉ် တင်ကြီးရဲ့ ညာဘက်ခြေထောက်ကို သက်ကယ်ငုတ်တစ်ခုက စူးမိလေတော့ရဲ့။

‘ ဟာကွာ…ဒီခွေးမသား ငုတ်က တစ်မှောင့်…’

တင်ကြီးလည်း သူ့ကို စူးတဲ့ ငုတ်ကို ဆွဲနှုတ်ပြီး ငုတ်စူးခံရတဲ့ ခြေထောက်က အလွန်အမင်း နာကျင်သွားရတာကြောင့် ကုန်းကြည့်နေမိတုန်း ဘယ်ကမှန်းမသိတဲ့ ပြင်းထန်လှတဲ့ အပုပ်နံ့ကြီးက နှာခေါင်းဆီကို တိုးဝင်လာတယ်။ အပုပ်နံ့ကြီး ထွက်ပေါ်လာပြီး ရှေးမနှောင်းမှာပဲ…။

‘ တောက်…’

နံဘေးဘက်က ထွက်ပေါ်လာတဲ့ ကျယ်လောင်တဲ့ တောက်ခေါက်သံ။

တင်ကြီး ခေါင်းနပန်းတွေ ကြီးသွားရတယ်။

အဲ့ဒီ့နောက် ငုတ်စူးတဲ့ေ ခြထောက်ကိုတောင် အာရုံမထားမိတော့ဘဲ ထရပ်လိုက်ချိန် ပတ်ဝန်းကျင်တစ်ခိုဆီက တောက်ခေါက်သံတွေက ဆူဆူညံအောင် ထပ်မံပြီး ထွက်ပေါ်လာခဲ့တော့လေရဲ့။

*******

အဲ့ဒီ့နေ့က အိမ်ပြန်ရောက်ချိန် တင်ကြီးတစ်ယောက် ခြေထောက်က ငုတ်စူးတဲ့ အရှိန်ကြောင့် ထင်ပါရဲ့။ ချမ်းစိမ့်စိမ့် ဖြစ်လာခဲ့တယ်။

ဒါနဲ့ အရက်ပြင်းပြင်းတစ်ခွက်သောက်ပြီး မှေးစက်လိုက်တာ တစ်ရေးနိုးချိန်မှာတော့ တင်ကြီးတစ်ယောက် ခြေထောက်ဆီက ငုတ်စူးတဲ့ ဒဏ်ရာက အလွန်အမင်းကိုက်လာရပြီး ကိုယ်တွေလည်း ခြစ်ခြစ်တောက်ပူလို့ အပြင်းဖျားရပါတော့တယ်။

တင်ကြီး ဖျားတော့ တင်ကြီးမိန်းမ အေးသီက ရေဝတ်ဖတ်တွေဘာတွေ တိုက်ပေးရင်း ပြုစုပေးတယ်။ ဒါပေမယ့် အဖျားက ညအချိန်ထိ ကျမလာဘူး။

တင်ကြီးတို့က လင်မယားနှစ်ယောက်ထဲရှိတာ။

သန်းခေါင်ကျော်ခဲ့တဲ့ အချိန်မှာတော့…။

‘ ငါ ဗိုက်ဆာတယ်…’

‘ ဟင်…’

အေးသီခမျာ တင်ကြီးနံဘေး လှဲအိပ်ရင်း မှေးခနဲ အိပ်ပျော်နေတယ်။ ဒီအချိန်မှာ ရုတ်တရက် ငေါက်ခနဲ ထထိုင်ပြီး ပြောလာတဲ့ တင်ကြီးရဲ့ မာဆတ်ဆတ် အသံကြောင့် အေးသီ ဘာဖြစ်မှန်းမသိ လန့်နိုးလာရလေရဲ့။

တင်ကြီးကို ကြည့်လိုက်တော့ ချမ်းတယ်ဆိုလို့ ခြုံပေးထားတဲ့ စောင်တွေကို ဖယ်ချထားပြီး ငူငူကြီး ထိုင်နေလေတယ်။

‘ ကိုတင်ကြီး တော့်အဖျားကျပြီလား…’

‘ အင်း…ငါဗိုက်ဆာလို့…’

တင်ကြီး ပြန်ဖြေသံက အစ်တစ်တစ် လေးတေးတေးကြီး။ အေးသီခမျာ အမှုန်စုံမွှားနဲ့ တင်ကြီးအသံကို တွေးရင်း ကြောင်စီစီ။

‘ ငါ ဗိုက်ဆာတယ်လို့။ ဘာရှိသလဲ…’

‘ ပွေး…ပွေးသားဟင်း ရှိတယ်…’

တင်ကြီးအသံက ခပ်မာမာ ဖြစ်လာတဲ့အတွက် အေးသီက ထိတ်ပြာပြာ ဖြေလိုက်တယ်။

‘ ငါစားချင်တယ်…အမြန်ခူးပေးစမ်း…’

အေးသီလည်း တင်ကြီးကို ကြည့်ပြီး စိတ်ထဲ မသိုးမသန့် ခံစားမိလာရသလိုဖြစ်မိတယ်။

ဒါပေမယ့် ဘာမှတော့ မပြောဘူး။ မီးဖိုဆီဝင်ပြီးတော့ ထမင်းကို အမြန်ဆုံးခူးပေးခဲ့တယ်။

တင်ကြီး လက်ထဲကို ထမင်းဇလုံရောက်တာနဲ့ နင်ရောကာရော အတင်းကုန်းကျုံးပြီး စားတော့တာရယ်။ တစ်ခဏအတွင်းမှာပဲ ထမင်းတစ်ဇလုံဟာ ပြိုက်ခနဲ ကုန်သွားတယ်။

‘ ထည့်ပေးဦး…’

အေးသီ တင်ကြီးဆီက ထမင်းဇလုံကိုယူလို့ မီးဖိုထဲဆီသွားပြီး ထပ်ထည့်ပေးပြန်တယ်။

ဒီတစ်ခါလည်း တင်ကြီးက လက်ကြီးနဲ့ ကုတ်ကုတ်ပြီး ကျုံးစားတာ တစ်ခဏပဲ ကုန်ပြန်တယ်။

‘ ထည့်ဦးမယ်…’

‘ အယ်…ထမင်း မရှိတော့ဘူးတော့်…’

‘ ထမင်းမရှိရင် ဟင်းစားမယ်…’

တင်ကြီးက အသံလေးလေးကြီးနဲ့ အကွန့်တက်ပြီး ပြောလာပြန်တယ်။

အေးသီလည်း တင်ကြီးကို မယုံသင်္ကာနဲ့ စူးစိုက်ပြီး ကြည့်မိတယ်။

‘ ငါ ဗိုက်ဆာလို့…’

‘ အင်းပါ…’

တင်ကြီးက ထပ်ပြောလာချိန်မှာတော့ အေးသီတစ်ယောက် အတွေးထဲ တစ်စုံတစ်ခုကို တွေးမိသိရှိလိုက်ပြီး ကြက်သီးတွေ ဖြန်းခနဲ ထမိရတယ်။

ဒါကြောင့် စိတ်က ဆုံးဖြတ်ပြီး မီးဖိုဆီ ပြေးဝင်လို့ မနက်က တင်ကြီးရရှိလာတဲ့ ပွေးနှစ်ကောင်အနက် တစ်ကောင်ကို ချက်ထားတဲ့ ဟင်းအိုးကို အိုးလိုက်ကြီး ချပေးမိလိုက်တယ်။

ဟင်းအိုးကို မြင်တော့ တင်ကြီးရဲ့ မျက်လုံးတွေက ဝင်းပသွားသလိုပဲ။ ပြီးတော့ အေးသီကို တစ်ချက်မော်ကြည့်ပြီး ပွေးသားတွေကို တစ်တုံးပြီးတစ်တုံးယူလို့ ကျွတ်ကျွတ်မြည်အောင် ဝါးစားတော့တာရယ်။

အေးသီကတော့ ပြောင်းလဲနေတဲ့ လင်သားဖြစ်သူ တင်ကြီးကို ကြည့်ပြီး ဆက်မနေရဲတော့တာမို့ နံဘေးက မိခင်ရဲ့ အိမ်ရှိရာဆီကို တိတ်တဆိတ် ပြေးခဲ့မိတော့တာပေါ့။

အဲ့ဒီ့ညက အေးသီဟာ သူ့မိဘတွေဆီကို အကျိုးအကြောင်းပြောပြပြီး မောင်နှစ်ယောက်ကို အဖော်ခေါ်လို့ အိမ်ပြန်လာကြည့်ချိန် တင်ကြီးကတော့ ဟင်းအိုးအခွံကြီးကို နံဘေးချလို့ အိပ်ရာထဲ စောင်ခေါင်းမြှီးခြုံပြီး တရှူးရှူး အိပ်နေခဲ့ပါပြီ။

*******

တစ်ပါတ်အတွင်းမှာ တင်ကြီးရဲ့ ပုံစံပြောင်းလဲမှုက သိသာလွန်းလှတယ်။

နေ့ဘက်တွေ တစ်နေကုန်အိပ်ပြီး ညဘက်တွေမှသာ ထမင်းကို လေးလုံးအိုးကျွတ်အောင် ထစားတယ်။

အဲ့ဒီ့လို စားချိန်မှာ ဟင်းက အသားဟင်းမဟုတ်ရင်လည်း အေးသီကို ဆူပူကြိမ်းမောင်းနေလိုက်တာ ရစရာမရှိဘူး။

ဒါကြောင့် အေးသီဟာ တင်ကြီးကို ကြောက်ကြောက်လန့်လန့်နဲ့ ညအတွက်ကို အသားဟင်းရဖို့ ကြိုးစားရှာဖွေပြီး ပြင်ဆင်ထားရတယ်။

ဒါပေမယ့်လည်း ဘယ်လိုပဲ စားစား တင်ကြီးကတော့ အဖျားက နေ့ရှိသရွေ့မကျဘဲ လူကလည်း သိသိသာသာကို ပိန်လှီလာပါရဲ့။

တစ်ရက်သားမှာတော့ ရွာကို ဆရာဖြူဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာတယ်။

ရွာထိပ်က အံ့ကြီးတို့အိမ်မှာ တည်းတယ်။

ဆရာဖြူဆိုတာ ပိတ်ဖြူစင်သားကို ဝတ်ဆင်ထားတယ်။ အံ့ကြီးတို့မိသားစုရဲ့ ဆော်သြမှုကြောင့် ရွာက လူအချို့တောင် ဘိုးတော်ဆီကို ရောက်လာပါရဲ့။

‘ အေးသီ…အံ့ကြီးတို့ အိမ်မှာ အထက်ဘိုးတော်တစ်ယောက် ရောက်နေတယ်။ နင့် ယောက်ျားကို ဘိုးတော်နဲ့ ပြကြည့်ပါလား…’

အိမ်နီးချင်းတစ်ယောက်ရဲ့ အကြံပေးမှုကြောင့် အေးသီတစ်ယောက် ဘိုးတော်ဖြူရဲ့ ရှေ့မှောက်ကို ရောက်ရတယ်။

အေးသီကို ကြည့်တဲ့ ဘိုးတော်ဖြူရဲ့ အကြည့်တွေက မနှစ်မြို့စရာ။

ပြောမယ့်သာ ပြောရတာ၊ အေးသီဆိုတာက အိမ်ထောင်သည်ပေမယ့် ဒီရွာရဲ့ ခန္ဓာကိုယ် အဆစ်အပေါက်ကောင်းသူတွေထဲ ပါတယ်။

‘ သမီး…ဘာဖြစ်သလဲ…’

‘ ကျွန်မ ယောက်ျား…’

‘ စနေသားကြီးကို တစ္ဆေဘမ်းစားထားတာအတွက် ရောက်လာတာ ထင်တယ်…’

‘ ရှင်…’

အေးသီ အံ့သြသွားရတယ်။

‘ သမီး ဝင်လာကတည်းက အဘက သိပြီးသားပါ။ သမီးမှာ အပူအပင်က သိပ်များနေတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အဘနဲ့ တွေ့ပြီဆိုတော့ ကောင်းသွားမှာပါ…’

ဘိုးတော်ဖြူရဲ့ နွေးထွေးတဲ့ စကားကြောင့် အေးသီရင်ထဲက အပူတချို့ လျော့ပါးသွားရတယ်။

‘ ကူ…ကူညီပေးပါရှင်…’

‘ အင်းပါ…အဘ ကူညီပေးပါ့မယ်။ ဒီညဦးပိုင်းကို အဘ သမီးတို့အိမ်ဆီကို ကြွလာပါ့မယ်။ တစ်ခုရှိတာက လူနာကို ညနေမတိုင်ခင်မှာ ကြိုးနဲ့ တုပ်ထားပေးပါ။ ပြီးရင် အိမ်ပေါ်မှာ ဘယ်သူမှ မရှိပါစေနဲ့။ သမီးကိုယ်တိုင်ရောပေါ့…’

‘ ဟုတ်ကဲ့ နာခံပါ့မယ်ရှင်…’

အေးသီ ပြန်လာခဲ့တယ်။

ညနေရောက်တော့ နံဘေးအိမ်က မောင်နှစ်ယောက်ရဲ့အကူအညီနဲ့ အဖျားတက်ပြီး ကွေးနေတဲ့ တင်ကြီးကို ကြိုးနဲ့တုပ်ပြီး တိုင်ဆီမှာ ချည်ကြတယ်။

နောက်တော့ အိမ်ပေါ်ဆီမှာ ဘယ်သူမှ မနေဘဲ အောက်ဆင်းပြီး အခြေအနေ စောင့်ကြည့်နေကြလေရဲ့။

တဖြေးဖြေးနဲ့ နေဝင်မိုးချုပ်လာပါပြီ။ ဒါပေမယ့် ဘ်ုးတော်ဖြူကတော့ ရောက်မလာသေးခဲ့ဘူး။ တင်ကြီးကတော့ အိမ်အပေါ်ဆီမှာ ဟစ်အော်ရင်း ရုန်းရင်းဆန်ခတ် သောင်းကျန်းနေပါပြီ။

အဲ့ဒီ့လိုအချိန် ခြံဝဆီက…။

‘ ဖြူတူတူ ညိုတိုတို…ညိုဖြူဖြူ ဖြူညိုညို၊ ငါဟဲ့ နတ်သား အာဂဖွား။ သုံးလီထွဋ်ခေါင် ကာမာရာဇ၊ ဒီလာသကို ဒီတစ်ညမှာ နှိမ်ကွပ်မကူ ကွပ်မည်သာလော့…အယ်…’

အသံနဲ့အတူ ခြံရှေ့မှာ ရပ်တန့်သွားတဲ့ သူရူးတစ်ယောက်။

သူရူးရဲ့ ပုံစံက ပေရေစုတ်ပြတ်နေတယ်။

စူဖောင်းနေတဲ့ လွယ်အိတ်ဟောင်းကြီးကိုလည်း လွယ်ထားပြီး အုန်းလက်ခြောက်ကြီးကိုလည်း မြင်းအဖြစ် ခွစီးထားလေရဲ့။

အစကတော့ သူရူးက သူ့ဘာသာသွားနေတာ။ အေးသီးတို့ ခြံထဲဆီမှာ လူစုစုမြင်တော့ ပြောချင်ရာပြောနေရာက အယ်ခနဲဖြစ်သွား ခြေလှမ်းတွေက ရပ်သွားခဲ့လို့ ခြံထဲဆီကို ဝင်လာခဲ့တယ်။

ပြီးတော့ အေးသီရဲ့ မောင်အငယ်ဖြစ်သူအနားကို ကပ်သွားလိုက်ပြီး…။

‘ မောင်လူသား ဘာဖြစ်နေကြတာလဲ။ အပေါ်မှာ နတ်သဘင်အစည်းအဝေးများ ရှိလို့လား…’

‘ အမလေး…’

မျက်နှာကြီးအနားကပ်ပြီး မေးလာတဲ့ သူရူးကြောင့် လန့်သွားရတယ်။

‘ ဟဲ့ လူသား။ ငါ သူတော်လေး မေးနေတယ်လေ…’

‘ ဪ…ဒီ ဒီက ကျုပ် ယောက်ဖ ဖုတ်ဝင်သလိုဖြစ်နေလို့ဗျ…’

လူငယ်ဆိုတော့ စကားအပြောဆိုက ကောင်းကောင်းပါပဲ။

‘ ဖုတ်ဝင်တာ…ဒါဖြင့် ငါသူတော်လေး သူ့ကို ကြည့်လို့ရမလား…’

‘ မရဘူးဗျ…’

‘ အယ်…ဘာလို့လဲ…’

‘ သူ့ကို ဘိုးတော်ဖြူက လာကုသပေးမှာ…’

‘ ဘိုးတော်ဖြူ။ သူက ဘယ်သူလဲ…’

‘ ဒီရွာကို ရောက်နေတဲ့ ဆရာတစ်ယောက်ဗျ…’

ကောင်လေးက သူရူးကို ရှင်းပြနေတယ်။ အဲ့ဒီ့အခိုက် အကြီးကောင်က…။

‘ ဟေ့…အငယ်ကောင်…’

‘ ဗျာ…’

‘ မင်း ဘယ်သူ့ကို စကားပြောနေတာတုန်း…’

‘ ဒီမှာလေ အကိုရ…’

အငယ်ကောင်က သူ့နံဘေးက သူရူးကို လက်ညှိုးထိုးပြီး ပြောတယ်။

ဒါပေမယ့် အကြီးကောင်က သူရူးကို မမြင်နိုင်ဘူးရယ်။

‘ ဟာ…ဒီကောင်တော့ ဘယ်သူမှမရှိပါဘဲနဲ့။ အပေါ်ကို စိတ်ပူရတာတစ်မျိုးပါဆို မင်းကပါ ပေါက်ကရတွေ လုပ်မနေနဲ့။ ကြားလား…’

အကြီးကောင်က ငေါက်ငမ်းတာမို့ အငယ်ကောင် ဇက်ပုသွားရတယ်။

သူရူးကို ကြည့်တော့ သူ့နံဘေးမှာ ပြုံးလျက်သားရယ်။

‘ ရှူး…ငါသူတော်လေးက ကိုယ်ယောင်ဖျောက်ထားတာ…’

‘ ဟင်…ခင်ဗျားက…’

‘ ဟေ့ကောင် အငယ်ကောင်…’

အငယ်ကောင် အံ့အားသင့်မိသွားတုန်း အကြီးကောင်က လှမ်းငေါက်တာကြောင့် အငယ်ကောင်ခမျာ ကြောင်အအနဲ့ သူရူးကို ကြည့်မိတယ်။

သူရူးကတော့ ရယ်လို့…။

အဲ့ဒီ့အခိုက် ဘိုးတော်ဖြူကြွလာတယ်။

‘ အဘ…အဘကြွလာပြီပဲ။ ကြွပါရှင် အိမ်ပေါ်ကို…’

အေးသီက ပြာပြာသလဲ ကြိုတယ်။

‘ သမီးကြီးပဲ လိုက်ခဲ့၊ ကျန်သူတွေ နေခဲ့ကြ။ လိုက်လာရင် စည်းပေါက်နိုင်တယ်။ လူနာသေနိုင်တယ်။ ဒါကြောင့် ဘယ်သူမှ မလိုက်ကြပါနဲ့…’

ဘိုးတော်ဖြူက အေးသီတစ်ယောက်ကိုသာ ခေါ်ပြီး အိမ်ပေါ်တက်သွားတယ်။

အေးသီလည်း အနောက်ကနေ လိုက်မိတာပေါ့။

‘ ဒီလူသားက မရိုးသားဘူး။ ငါသူတော်လေး လိုက်သွားလိုက်ဦးမယ်…’

သူရူးကလည်း အငယ်ကောင်ကို ပြောပြီး အနောက်ကလိုက်သွားတယ်။ ကျန်သူတွေတော့ မမြင်နိုင်ဘူးပေါ့။

အပေါ်ကို ရောက်တော့ ဘိုးတော်ဖြူက ကြိုးတုပ်ခံထားရလို့ ရုန်းကန်အော်ဟစ်နေတဲ့ တင်ကြီးကို ကြည့်လိုက်ပြီး…။

‘ ဝင်ပူးနေတဲ့ အကောင်က အတော်ကြီးနေတယ်။ သမီး တစ္ဆေနှင်ဖို့ သမီးအကူအညီလိုတယ်။ ဒါကြောင့် အကာအကွယ်ဖြစ်အောင် ဒီဆေးကို သောက်ထားနော်…’

ဘိုးတော်ဖြူက ဆေးတစ်လုံးပေးတော့ အေးသီလည်း သောက်မိလိုက်တယ်။

အေးသီ ဆေးသောက်ပြီးတော့ ဘိုးတော်ဖြူက တင်ကြီးဆီကို သွားပြီး ချည်မန်းကွင်းစွပ်လို့ ဆေးတစ်လုံး ခွံ့ပြန်ကော။

ချည်မန်းကွင်းစွပ်၊ ဆေးသောက်ပီးတာနဲ့ တင်ကြီးရုန်းကန်နေရာက ခေါင်းငိုက်စိုက်ကျသွားတယ်။

‘ ကဲ…သမီးကြီး။ ဒီအကောင်က အတော့်ကို ကြီးတယ်။ ဒီမှာ နှင်လို့ မရနိုင်ဘူး။ သမီးတို့ အိပ်စက်ရာ အခန်းဆီကို ပို့ကြမယ်…’

အေးသီတစ်ယောက် ဆေးသောက်ပြီးကတည်းက အာစေးထည့်ခံထားရသူလိုပဲ။

ဘိုးတော်ဖြူ စေသမျှ လိုက်လုပ်နေမိတယ်။

တင်ကြီးကို အခန်းထဲဆီ မ ပို့ကြရတယ်။

အခန်းထဲရောက်တော့ ဘိုးတော်ဖြူက…။

‘ ကဲ…သမီး။ ဝင်ပူးနေတဲ့ အကောင်ကို နှင်ကြရအောင်။ ပေး သမီးလက်…’

ဘိုးတော်ဖြူက အေးသီလက်ကို ကိုင်လိုက်တယ်။ ပြိ်းတော့ ဆွဲယူပြီး တရှူးရှူး အသက်ရှူလို့ အိပ်မောကျနေတဲ့ တင်ကြီးရဲ့ ရင်ဘတ်ပေါ်ကို ဆွဲယူတင်လိုက်တယ်။

ဒိအခါမှာတော့ ဘိုးတော်ဖြူနဲ့ အေးသီရဲ့ ခန္ဓာကိုယ်ချင်းက ပူးကပ်သွားခဲ့တယ်။

ဒီအခါမှာတော့ ဘိုးတော်ဖြူဟာ အေးသီဆီကို စတင်ပြီး အခွင့်ယူပါတော့တယ်။

*******

အေးသီတစ်ယောက် ဘိုးတော်ဖြူရဲ့ ဆွဲဆောင်ရာကို မငြင်းဆန်နိုင်ဘဲ မိန်းမောရင်း လိုက်ပါမိနေတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူတင်ကြီးကတော့ ဘာမှမသိ၊ နံဘေးဆီမှာ တရှူးရှူးအိပ်လို့ရယ်။

ဘိုးတော်ဖြူဟာ အေးသီရဲ့ အဝတ်တွေကို ချွတ်ဖို့ ပြင်ဆင်နေတယ်။ သူကိုယ်တိုင်မှာလည်း အပေါ်က အင်္ကျီမရှိတော့ဘူး။

‘ တောက်…’

ရုတ်တရက် အနီးကပ်ပြီး ထွက်လာတဲ့ တောက်ခေါက်သံကြောင့် ဘိုးတော်ဖြူ လန့်ဖျပ်ပြီး ကိုယ်ရှိန်သတ်သွားတယ်။

‘ ဘယ်သူလဲ…’

အနီးမှာ ဘယ်သူမှ ရှိမနေဘူး။

သေချာအောင် လှည့်ပတ်ကြည့်ပြီးတဲ့နောက်မှာတော့ ဘိုးတော်ဖြူဟာ သူ့အလုပ်ကို သူပြန်စတယ်။

အေးသီကတော့ ဘာမှကို မသိတတ်တော့တဲ့ အခြေအနေ။

ဘိုးတော်ဖြူဟာ အေးသီရဲ့ အဝတ်တွေကို ချွတ်ဖို့ပြင်တယ်။

‘ ဟီ…ဟီ…ဟီ….’

ရုတ်တရက် ထရယ်လိုက်တဲ့အသံ။

ဘိုးတော်ဖြူ လန့်သွားရပြန်တယ်။ အခန်းထဲ လှည့်ပတ်ကြည်ြ့့ပန်တော့ ဘာမှရှိမနေဘူး။

‘ တောက်…ဘိုးတော်ဖြူကို စမ်းချင်တယ်ပေါ့။ ဘယ်ကောင်လဲကွ…’

‘ ဖြန်း…ဖြန်း…’

ဘိုးတော်ဖြူက ပြောပြောဆိုဆို ကြမ်းပြင်ဆီကို နံဘေးဆီမှာ ချထားတဲ့ သူ့ကြိမ်ကြီးကောက်ယူလို့ ခြောက်ရိုက်ရိုက်တယ်။

‘ ဟီ…ဟီ…ဟီ…’

အသံက ထပ်မံပြီး ထွက်လာပြန်ရော။

ဒီတစ်ခါတော့ ဘိုးတော်ဖြူလည်း အသံရှင်ကို မြင်လိုက်ရပါပြီ။

အသံရှင်က အခြားသူမဟုတ်ဘူး။

အေးသီရယ်လေ။

လှဲလျောင်းနေရင်းက တဟီဟီရယ်နေလေတာ။

ဘိုးတော်ဖြူ ကြည့်ရင်း အံ့အားသင့်သွားတယ်။

‘ သ…သမီး၊ ဘာဖြစ်တာလဲ…’

‘ ဟီ…ဟီ…လူယုတ်မာကြီး…’

‘ ဟာ…’

အေးသီပြောပြောဆိုဆို ငုတ်တုတ် ထထိုင်လာတယ်။ ပြီးတော့ ဆံပင်တွေကို ဖွာလိုက်လေပြီး ပြူးကြောင်ကြောင့် မျက်ဝန်းတွေနဲ့။ အေးသီရဲ့ ပုံစံဟာ မူမမှန်ဘူး။

ဒါကို မြင်တော့ ဘိုးတော်ဖြူဟာ အခြေအနေကို ရိပ်စားမိလိုက်ပြီး အင်္ကျီကို ကောက်ဝတ်ဖို့ ပြင်တယ်။

ဒါပေမယ့် သူနောက်ကျသွားရပြီ။

အေးသီက သူ့အင်္ကျီကို ဆွဲယူပြီး အခန်းထောင့်ဆီကို လွှင့်ပစ်လိုက်ပါတယ်။

‘ မင်း ဘယ်သူလဲ…’

‘ အေးသီလေ…ဟီ…ဟီ…’

‘ မဟုတ်ဘူး…ငါသိတယ်…’

‘ အင်း…ပညာစွမ်းတော့ တင့်ပါရဲ့။ လူကသာ ယုတ်မာတာ…’

ဒီတစ်ခါ ထွက်ပေါ်လာတာကတော့ အခန်းအပြင်ဘက်က အသံ။

ဘိုးတော်ဖြူဟာ အခြေအနေမဟန်မှန်းသိပြီး အခန်းထဲက ပြေးထွက်လေရဲ့။

ဒါပေမယ့် တစ်စုံတစ်ယောက်က ခြေထိုးခံလိုက်သလိုဖြစ်ပြီး ဘိုးတော်ဖြူ လဲကျသွားတယ်။

‘ အောက်ကလူတွေ ဒီလူယုတ်မာကို ဖမ်းဖို့ အပေါ်တက်ခဲ့ကြ…’

အော်သံတစ်ခု။

အောက်ကသူတွေ တက်သင့်မတက်သင့် စဉ်းစားနေချိန်၊ သူရူးနဲ့ စကားပြောဖြစ်တဲ့ အေးသီရဲ့မောင် အငယ်ကောင်က အိမ်ပေါ်ဆီကို ပြေးတက်ပါတယ်။

‘ ဟာ…လာ…လာကွပါဦး…’

အိပ်ခန်းဝဆီမှာ ဘိုးတော်ဖြူဟာ ကုန်းကုန်းကြီးလဲနေတယ်။

အခန်းထဲမှာတော့ အေးသီက အဝတ်အစားတွေဖရိုထရဲနဲ့ ပျော့ခွေလဲကျနေပါရဲ့။

လူမမာ တင်ကြီးကတော့ တရှူးရှူးအိပ်မောကျနေဆဲပဲ။

သူရူးကတော့ အိမ်ရဲ့ ဘုရားကျောင်းဆောင်အရှေ့ဆီမှာ မိန့်မိန့်ကြီးထိုင်လို့ရယ်ပေါ့။

*******

အဖြစ်အပျက် အလုံးစုံကို အကုန်လုံး ဇာတ်ရည်လည်ကြပါပြီ။

တင်ကြီးက သူ့ဘာသာ တစ္ဆေဝင်ပူးတာ။ ဒါကို ဘိုးတော်ဖြူက ကုသပးဖို့ ကြံစည်ရင်း တင်ကြီးမိန်းမ အေးသီအပေါ် တဏှာစိတ် ဝင်မိသွားခဲ့တာရယ်။

အခုတော့ လင်သားအတွက် ပူပန်နေတဲ့ အေးသီတစ်ယောက် ရေတိမ်မနစ်တာကိုပဲ အကုန်လုံးက ဝမ်းသာနေကြရတယ်။

အစောနက ကိုယ်ဖျောက်ထားတယ်ဆိုပြီး အငယ်ကောင်တစ်ယောက်သာ မြင်နိုင်တဲ့ သူရူးကိုတော့ အခုအချိန်မှာ အားလုံးက မြင်နိုင်ခဲ့ကြပါပြီ။

သူရူးက တင်ကြီးကို သူ့အရှေ့ပို့စေပြီး ဝင်ပူးနေတဲ့ တစ္ဆေကောင်ကို နှင်ဖို့ လုပ်ပါတယ်။

တင်ကြီးရဲ့ ဦးခေါင်းကို လက်နဲ့အုပ်ပြီး မန္တာန်ရွတ်တာနဲ့ တင်ကြီးဟာ တစ်ကိုယ်လုံးတုန်ယင်လို့ လာပါတယ်။

‘ ငါသူတော်လေး မေးမယ်။ အခု ဝင်ပူးနေတာ ဘယ်သူလဲ…’

‘ ကျုပ်…မြေအောင်းတစ္ဆေ…’

‘ ဒီလူသားကို နင်က ဘာကြောင့် ဝင်ပူးတာလဲ…’

‘ ဒီလူက ကျုပ်အစာဖြစ်တဲ့ ပွေးတွေကို လာလုတယ်။ ပြီးတော့ ငါ့ကို မှိန်းနဲ့ထိုးပြီး ဆဲဆိုကြိမ်းမောင်းသွားသေးတယ်။ ဒါကြောင့် သူ့ကို ကျုပ်က ဆုံးမတာ…’

‘ ဟဲ့…ကလူ…ကလူ…’

မြေအောင်တစ္ဆေရဲ့ စကားကြောင့် သူရူးက အာမေဋိတ်ပြုတယ်။ ပြီးတော့ မျက်ဝန်းချင်းတေ့ဆိုင်ပြီး စူးစူးစိုက်စို်က် ကြည့်လိုက်ကာ…။

‘ နင်က သူ့ကို ဆုံးမရအောင် နင်က သူ့အမေမှမဟုတ်တာ။ သူ့ကို သူ့အမေက ဆုံးမမှာပေါ့…’

‘ သူက ကျုပ်ပိုင်နက်ကို လာကျူးကျော်ပြီး ကျုပ်ကို စော်ကားတာလေ…’

မြေအောင်တစ္ဆေက ခွန်းတုန့်ပြန်တယ်။ ဒီအခါ သူရူးက…

‘ ဒီမယ် တစ္ဆေကြီး ငါသူတော်လေးပြောမယ်။ ဒီလူသားက နင့်နေတဲ့ နင့်ပိုင်နက်ဆီမှာ တစ်ကြိမ်တစ်ခါ လာကျူးကျော်ပြီး စော်ကားတယ်။ ဒါဆို အခု နင်ကကော သူ့ကို တုန့်ပြန်တဲ့အနေနဲ့ သူ့ပိုင်နက် သူ့အိမ်ရာဆီမှာ ကျူးကျော်ပြီး အခြေချနေတာ ဘယ်လောက်ကြာပြီလဲ။ သူက နင့်ကို ဆဲဆိုသွားတယ်။ ဒါအတွက် သူ့ကို ပြန်တောင်းပန်ခိုင်းမယ်။ အခု နင့်လုပ်ရပ်ကြောင့် သူတို့ဘဝလေးတွေ လူယုတ်မာလက်ထဲမှာ ပျက်ဆီးခံရတော့မလို့၊ ဒါကိုကျတော့ကော နင်ဘယ်လိုလုပ်မလဲ…’

သူရူးစကားကြောင့် တင်ကြီးကို ဝင်ပူးနေတဲ့ မြေအောင်းတစ္ဆေ ခေါင်းငိုက်စိုက်ကျသွားတယ်။

‘ ငါသူတော်လေးက နင်တို့လို လောကသားအတော်များများကို နိုင်လိုမင်းထက် အကြမ်းမဖက်တတ်ပါဘူး။ ဒါကြောင့် အမှန်ကို မြင်ရင် မြင်တယ်ပြောပါ…’

‘ ကျုပ်…မှားပါတယ်…’

မြေအောင်းတစ္ဆေရဲ့ စကားကြောင့် သူရူး ကျေနပ်ပြီး ခေါင်းကို ညိတ်တယ်။

‘ ဒါဖြင့်…နင်ကိ်ုယ်တိုင်ပဲ နင်လုပ်ထားတဲ့ သူ့ဆီက အနာကို ကုသပေးလိုက်ပါ။ ပြီးရင် သူတို့ကို ပြန်တောင်းပန်ပြီး နင့်နေရာ နင်ပြန်ပါ။ ဒီလူသား နေကောင်းလာရင် နင့်ကို ပြန်တောင်းပန်စေပါ့မယ်…’

‘ ကောင်းပါပြီ…’

မြေအောင်တစ္ဆေဟာ လက်တစ်ဖက်နဲ့ ခြေဖဝါးဆီက အနာကို ပွတ်သပ်လိုက်တယ်။

ဒီအခါမှာတော့ အနာဆီက မည်းပုပ်ပုပ် မြေစာတွေ ရောထွေးနေတဲ့ အရည်ပျစ်ပျစ်တွေ ပြည်တွေသဖွယ် စီးကျလာခဲ့ပါတော့ရဲ့…။

အဲ့ဒီ့နောက်မှာတော့ မြေအောင်းတစ္ဆေဟာ တင်ကြီးတို့မိသားစုကို တောင်းပန်ပြီး ထွက်ခွာသွားခဲ့ပါတော့တယ်။

*******

ဖိုးတာဝါကုန်းအရှေ့ဆီမှာ တင်ကြီးတို့ မိသားစုလှည်းနဲ့ ရောက်ရှိနေကြပါတယ်။

သူတို့လက်ထဲမှာ ပွဲလက်ဖက်နဲ့ အခြားစားသောက်စရာတွေ ရှိနေတယ်။

‘ ဒီကုန်းမှာနေထိုင်တဲ့ မြေအောင်းတစ္ဆေအပေါ် ပိုင်နက်ကျူးကျော်မိတာရော၊ ကိုယ်အား နှုတ်အားဖြင့် စော်ကားပြောဆိုမိခဲ့တာရောအပေါ် ကျုပ် တင်ကြီး အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ…’

ကမူလေးတစ်ခုဆီမှာ တောင်းပန်အပ်ရာတို့ကို တင်ပြီး တင်ကြီးက ဆိုလိုက်တယ်။

ပြီးတော့ တင်ကြီးဟာ နံဘေးက ဇနီးဖြစ်သူ အေးသီရဲ့ မျက်နှာကို ကြည်ရွှင်စွာ ကြည့်လိုက်ပါရဲ့။

အရာအားလုံးကတော့ ပြီးခဲ့ပြန်ပါပြီ။

ဒီတစ်ကြိမ်မှာလည်း သူတော်နတ်သားလေးဟာ ကိစ္စပြီးတာနဲ့ တစ်ခါထဲ ထွက်သွားခဲ့သလို၊ တစ်ဖက်က ရေစီးချိန် ကမ်းကိုဖြိုဖို့ ကြိုးပမ်းလေတဲ့ အခွင့်အရေးသမား ဘိုးတော်ဖြူဟာလည်း ရပ်ရွာဆီကတစ်ဆင့် သက်ဆိုင်ရာဆီကို အရေးယူခံဖို့ လွှဲပြောင်းခံခဲ့ရပြီဖြစ်ပါတော့တယ်။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)

Zawgyi Version

” အ႐ူးသူေတာ္
ေျမေအာင္းတေစၦနဲ႔ ဘိုးေတာ္ျဖဴ ” ( စ/ဆုံး)
————————————————–

ေပြးမုဆိုးတင္ႀကီးတစ္ေယာက္ မနက္မိုးမလင္းခင္ မွိန္းရွည္တစ္ေခ်ာင္းကို ဆြဲလို႔ ႐ြာက ထြက္ခဲ့တယ္။ ေျခလွမ္းတို႔ ဦးတည္ရာက မေန႔တုန္းက သူအကဲၾကည့္ခဲ့ရာ ဖိုးတာဝါကုန္းဘက္ကို။

အဲ့ဒီဘက္ကို မေန႔တုန္းက ေပြးက်င္းအကဲၾကည့္ရင္း က်င္းအသစ္ေတြ၊ ေပြးက်စ္စာအသစ္ေတြ ေနရာအေတာ္မ်ားမ်ားမွာ ေတြ႕ခဲ့ရတယ္။

ေပြးက်စ္စာေတြက လတ္ခတ္ဆတ္ဆတ္။ မနက္ပိုင္းတုန္းကမွ စုန္႔တက္ထားတဲ့ပုံစံ။

အမွန္ကိုေျပာရရင္ေတာ့ ဒီဖိုးတာဝါကုန္းဆိုတာ ေျမၾကမ္းၿပီး အေျခာက္အလွန္႔ၾကမ္းတယ္လို႔ နာမည္ႀကီးတဲ့ ကုန္းေၾကာတစ္ခုပါ။ ဒီကုန္းေၾကာႀကီးရဲ႕ တစ္ဖက္မွာေတာ့ ဥဒါန္းေတာင္ေၾကာႀကီးက ရွိေနပါတယ္။

အတိတ္တုန္းက သရဲတေစၦေတြ ေမြးတဲ့ ဖိုးတာဝါဆိုတဲ့ စုန္းလိုလို၊ ေအာက္လမ္းလိုလိုလူႀကီး ေနထိုင္ခဲ့ၿပီး အဲ့ဒီ့လူႀကီး ေသဆုံးမွန္းမသိ၊ ေပ်ာက္သြားမွန္းမသိ ျဖစ္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ဒီကုန္းႀကီးမွာ သူ ေမြးခဲ့တဲ့ သရဲတေစၦေတြက က်န္ရစ္ေသာင္းက်န္းတာေၾကာင့္ ဘယ္သူမွ မခ်ဥ္းကပ္ဝံ့တဲ့ ေနရာတစ္ခုပါ။

သာမန္ထက္ ကုန္းျမင့္ေပမယ့္ အေပၚမွာ ျပန္႔ျပန္႔ျပဴးျပဴးရွိတယ္။ ေပြးေတြႀကိဳက္တတ္တဲ့ မခ်ိဳျမစ္၊ သက္ငယ္တို႔လို အပင္ေတြလည္း အုံနဲ႔က်င္းနဲ႔ မဟုတ္ဘဲ ခပ္က်ဲက်ဲေပါက္ေရာက္တယ္။

ေတာ္႐ုံလူမကပ္ရဲတဲ့ ေနရာတစ္ခု။ လူသြားလူလာကလည္း က်ဲပါးရာဆိုေတာ့ ေပြးက်င္းေတြက မြထူေနတာပဲ။

ဒါကို တင္ႀကီးက ယခင္ေပြးလိုက္ေနရာေတြျဖစ္တဲ့ ရာမာျပန္႔၊ လယ္ေဟာင္းျပန္႔ေတြဘက္မွာ သူ႔လို ေပြးမုဆိုးေတြ ဂ်င္ေျခလည္ေတာ့ စိတ္ကူးရၿပီး လာအကဲၾကည့္တာ။

ဒီမယ္တင္ တင္ႀကီးတစ္ေယာက္ သေဘာေတြေတြ႕ မေနာေတြေခြ႕ၿပီး ဒီမနက္အေစာကို မနက္ခင္းေပြး ေပြးစာအစုန္႔ကို မွိန္းထိုးဖမ္းရေအာင္ တစ္ေယာက္ထဲ ခ်ီတက္လာတာေပါ့။

တင္ႀကီးရဲ႕ ေျခလွမ္းေတြက ခါတိုင္းထက္ သြက္လက္ေနတယ္။

ေပြးဆိုတဲ့ သတၱဝါဟာ သစ္ပင္၊ သစ္သီးထက္ အျမစ္ေတြ၊ ဥေတြကိုသာ အဓိက စားေသာက္တတ္တဲ့ အေကာင္။

ဒီေတာ့ ေဆးဘက္ဝင္တယ္။ လူနဲ႔ တည့္တယ္။ ၿပီးေတာ့ ေပြးသားဟာ ဝက္သားလိုပဲ။ အဆီ၊ အသား၊ အေခါက္ဆိုတဲ့ အရသာအာ႐ုံ ဒီသုံးစုံနဲ႔ ျပည့္တယ္ေလ။

တင္ႀကီးက ေပြးလိုက္သမားပီပီ ကိုယ္တိုင္လည္း ေပြးသားကို အေတာ္ႏွစ္ၿခိဳက္တာကလား။ တစ္ေန႔တစ္ဖုံ ေပြးသားဟင္းကိုမွ မစားရရင္ တင္ႀကီးတစ္ေယာက္ ေနမထိထိုင္မသာရယ္။

ဒါေၾကာင့္လည္း အရင္အလုပ္ျဖစ္တဲ့ လယ္သူရင္းငွားအလုပ္ကို စြန္႔ခြာၿပီး ရာသီစာမုဆိုး ကိုမဲႀကီးရဲ႕ ထံဆီမွာ ပညာဆည္းပူးလို႔ သူကိုယ္တိုင္လည္း ေပြးလိုက္၊ ေပြးထိုး အလုပ္ကိုပဲ ေဇာက္ခ်လုပ္ေတာ့တာရယ္။

ဒါေပမယ့္လည္း ေပြးဆိုတဲ့ သတၱဝါက အၿမဲတမ္းရရွိေနတဲ့ သတၱဝါမဟုတ္ဘူးေလ။ ေဆာင္းကာလ၊ ေႏြဦးကာလလိုက်မွ အလ်ဥ္းသင့္ရာမို႔ သူလည္း ရာသီစာရယ္လို႔ပဲ ေျပာရမယ္။

ဒိလိုအခ်ိန္ေတြဆိုရင္ေတာ့ တင္ႀကီးတစ္ေယာက္ ေပြးကို စီးပြားျဖစ္ရွာေဖြတတ္ၿပီး က်န္ရာသီေတြမွာေတာ့ အျခားသတၱဝါငယ္ေတြကိုသာ သဲသဲမည္းမည္းလိုက္ရတာေပါ့။

ဒါေပမယ့္လည္း တင္ႀကီးက ေပြးကိုေတာ့ သူစားဖို႔အတြက္ မရမက လိုက္ပါတယ္။ ဘယ္လိုရာသီျဖစ္ေနပါေစ တင္ႀကီးေပြးလိုက္ရင္ ေရာင္းဖို႔မမယ္ရင္ေတာင္ ရက္ျခားဆိုသလို သူစားဖို႔ေတာ့ ရတတ္ေလတာပဲ။

ဒါေၾကာင့္လည္း ရာသီစာမုဆိုးေတြအၾကား တင္ႀကီးဟာ ေပြးမုဆိုးလို႔ အမည္တပ္ခံခဲ့ရပါတယ္။

******

တင္ႀကီးတစ္ေယာက္ ဖိုးတာဝါကုန္းေပၚကို တက္လာခဲ့တယ္။

ကုန္းျပန္႔ႀကီးဆိုေပမယ့္ အတက္ကေတာ့ ေပေလးငါးဆယ္ျမင့္တယ္။

ကုန္းေၾကာကို တက္ၿပီး အေပၚေရာက္ေတာ့ ႐ြာက လွမ္းလာတဲ့ခရီး၊ ကုန္းေၾကာ္အေပၚကို တက္ရတဲ့ ခရီးတို႔ေၾကာင့္ တင္ႀကီး နဲနဲေတာင္ ဟိုက္လာသလို ခံစားရတယ္။

တင္ႀကီး ေနကို တစ္ခ်က္ေမာ္ၾကည့္လိုက္တယ္။

ေနက အခုမွ ေရာင္နီလြတ္ကာစရွိေသးရဲ႕။ ေပြးက တစ္ညလုံး အစာရွာၿပီး မအိပ္မီ ေနအထြက္မွာမွ က်စ္စာ စုန္႔တတ္တာမို႔ တင္ႀကီးအတြက္ အခ်ိန္နည္းနည္းရေနေသးတယ္။

ဒါေၾကာင့္ ကုန္းေၾကာအေပၚကို ေရာက္တာနဲ႔ တင္ႀကီးလည္း ထိုင္ခ်လိုက္ၿပီး သူေဆာင္လာတဲ့ ကြမ္းၾကမ္းအိတ္ဆီက ကြမ္းတစ္ယာထုတ္ယာလို႔ ဝါးၿပီး အေမေျဖေနလိုက္တယ္။

‘ က်စ္…ကြစ္…ကြစ္…’

လူသူအေရာက္အေပါက္နည္းတဲ့ ေနရာမို႔လို႔ထင္ပါရဲ႕။ ေက်းသံငွက္သံေတြဟာ ေတာ္႐ုံေနရာေတြထက္ ပိုမိုစည္သာေနတယ္။

ကြမ္းတစ္ယာညက္ေတာ့ တင္ႀကီးလည္း အေမာေျပၿပီ။

အေရွ႕ဆီက ေနေရာင္ကလည္း သိသိသာသာ ပ်ိဳ႕တက္လာပါၿပီ။

တင္ႀကီးလည္း ကြမ္းတံေတြးတစ္ခ်က္ နံေဘးဆီကို ေထြးခ်လိုက္ၿပီး စိုက္ထားတဲ့ မွိန္းတံကို ႏုတ္လို႔ ကုန္းျပန္႔ဆီ ဝင္လာခဲ့လိုက္တယ္။

မေန႔က ၾကည့္ခဲ့တဲ့ ေပြးစာေတြရွိရာက ကုန္းရဲ႕ အေနာက္ဘက္ထိပ္နားမွာ။ တင္ႀကီးရဲ႕ ေျခလွမ္းေတြက သူ မွတ္သားထားတဲ့ ေနရာဆီကိုပဲ တစ္စိုက္မတ္မတ္ ဥိးတည္လွမ္းခဲ့တယ္။

‘ ေဟာ…အားလုံးထဲမွာ ဒင္းကေလးက ဝီရိယအရွိဆုံးေပါ့…’

တင္ႀကီးအတြက္ လာဘ္ေကာင္းတယ္ပဲ ေျပာရမလားမသိဘူး။

က်စ္စာေတြေနရာဆီကို မေရာက္ခင္ ဦးဆုံးေတြ႕ရတဲ့ ေပြးက်င္းတစ္က်င္းက ေနထြက္ေျမစာစုန္႔ေနေခ်ၿပီ။

ေပြးထိုးကြၽမ္းက်င္သူမို႔ ညင္သာတဲ့ ေျခလွမ္းေတြနဲ႔ တင္ႀကီးတစ္ေယာက္ မွိန္းကို အသင့္ျပင္ၿပီး ေျမေအာက္က ေပြးက်စ္စာေတြ စို႔စို႔တက္လာတဲ့ က်င္းအနားကို ခ်ဥ္းကပ္တယ္။

ေပြးဆိုတာက ေျမထဲက သတၱဝါမို႔ ေျခလွမ္းၾကမ္းလို႔ မရဘူး။ ေျမရဲ႕ တုန္ခါမႈကို သူတို႔သိသြားရင္ အစာစုန္႔ေနရင္းက အတြင္းကို ျပန္ဝင္သြားတတ္တယ္။ ဒါေၾကာင့္ ခ်ဥ္းကပ္ခ်ိန္ဟာ အေတာ့္ကို သတိထားရေလရဲ႕။

တင္ႀကီးကေတာ့ ဒါေတြကို က်မ္းေၾကၿပီးသားသူမို႔ မွိန္းတံကို အသာဝင့္၊ ေပြးက်င္းဆီကို ခပ္သာသာေျခလွမ္းေတြနဲ႔ တေ႐ြ႕ေ႐ြ႕လွမ္းကပ္ေနတယ္။ မွိန္းတစ္ထိုးစာေနရာကိုေရာက္ေတာ့ တင္ႀကီး အသာၿငိမ္လိုက္တယ္။ ၿပီးေတာ့ ေပြးက်င္းရဲ႕ လားရာဘက္ကို ေလ့လာတယ္။

ေပြးက်င္းဟာ က်င္းေပါက္မရွိဘဲ က်စ္စာပုံသာမို႔ လားရာဘက္မေသခ်ာဘဲ မွိန္းထိုးရင္ က်င္းေပါက္ဆီမေရာက္ဘဲ ေပြးလြတ္တတ္တယ္ေလ။

လားရာေသခ်ာၿပီဆိုေတာ့မွ တင္ႀကီးလည္း မွိန္းကို လက္နဲ႔ ခ်ိန္ဆတယ္။ ထိုးခ်က္ကို ဟန္ျပင္တယ္။ ေနာက္ေတာ့ တင္ႀကီးရဲ႕ လက္ထဲက မွိန္းဟာ ေပြးက်စ္စာေတြထဲကို လွစ္ခနဲ ေျပးဝင္သြားေတာ့တာေပါ့။

‘ ဒုတ္…ေဖာက္…’

အထဲက ေပြးေကာင္ကို ထိုးမိတဲ့ အသံကို ၾကားလိုက္ရတယ္။ မွိန္းတံရဲ႕ ေနာက္ဖ်ားကို ကိုင္ထားတဲ့ တင္ႀကီးရဲ႕ လက္ဆီမွာလည္း တိုးလႈပ္မႈကို ခံစားရရွိမိေနေလရဲ႕။

ေသခ်ာၿပီ။

အတြင္းဆီက ေပြးေကာင္ကို မိပါေလၿပီ။ မွိန္းတံကို အသာတင္းၿပီး က်စ္စာပုံကို တင္ႀကီး လက္ခဲက ဓားနဲ႔ ယက္ဖယ္လိုက္တယ္။

အစိတ္သားေလာက္ရွိမယ့္ ေပြးေကာင္ဟာ မွိန္းဖ်ားမွာ ဆန္႔ငင္ဆန္႔ငင္ ႐ုန္းလို႔။ တင္ႀကီးလည္း မွိန္းကို အေနအထားမယြင္းေစဘဲ သူ႔လက္ထဲက ဓားေႏွာင့္နဲ႔ ေပြးေခါင္းကို ထုလိုက္တယ္။

‘ ဟင္း…ေစ်းဦးေပါက္ေတာ့ ေကာင္းၿပီေလ…’

တင္ႀကီး ေပြးေကာင္ကို ျဖဳတ္၊ လြယ္ထားတဲ့ ပလိုင္းထဲကို ထည့္ၿပီး ေရ႐ြတ္လိုက္တယ္။

ေနာက္ေတာ့ အျခားတစ္က်င္းဆီကို ကူးလိုက္တယ္။

ေပြးက်င္းေတြမ်ားေပမယ့္ ေပြးဆိုတာ မနက္ပိုင္း၊ ညေနပိုင္း သူ႔အခ်ိန္နဲ႔သူ က်စ္စာစုန္႔တတ္တာမို႔ အခု မနက္ပိုင္းက်စ္တာ စုန္႔တဲ့ ေပြးကို တင္ႀကီးရွာရတယ္။

ေတြ႕ပါၿပီ တစ္က်င္း။

တင္ႀကီး ပထမက်င္းတုန္းကလိုပဲ ခ်ဥ္းကပ္တယ္။ သူအနားေရာက္တဲ့အထိ ေပြးက က်စ္စာစုန္႔ေကာင္းတုန္း။ ေျခာက္ေသြးျဖဴလြေနတဲ့ က်စ္စာေတြအၾကား လတ္ဆတ္တဲ့ ေျမက်စ္စာစိုစိုေတြက ထိုးထိုးတက္လာေနတယ္။

တင္ႀကီး မွိန္းကို ခ်ိန္ဆတယ္။ ၿပီးေတာ့ လွစ္ခနဲ ထိုးတယ္။

မိျပန္တာပါပဲ။

ေပြးေကာင္ရဲ႕ ႐ုန္းအားက သိသိသာသာ လက္ကို တိုးတယ္။ ပထမအေကာင္ထက္ ႀကီးမယ္လို႔ တင္ႀကီးယူဆလိုက္ၿပီး ဓားနဲ႔ ေျမကို ယက္ဖယ္လိုက္ေတာ့ သူထင္တဲ့အတိုင္းပဲ ေလးဆယ္သားေလာက္ရွိမယ့္ ေပြးတစ္ေကာင္ ထပ္ရျပန္တယ္။

တစ္ခဏအတြင္းမွာပဲ ေပြးႏွစ္ေကာင္ရလိုက္တာမို႔ တင္ႀကီး အလြန္ေက်နပ္ေနမိတယ္။

ေပြးက်င္းေတြအၾကား မနက္က်စ္စာစုန္႔တဲ့ ေပြးက်င္းကို ထပ္ရွာတယ္။

က်င္းေတြမ်ားေပမယ့္ ထပ္မေတြ႕ရေတာ့ဘူး။

‘ ဒီအစာစုန္႔ေတြက ဒီႏွစ္ေကာင္ရဲ႕ လက္ခ်က္ပဲလား…’

ရွာရင္း ၾကာလာေတာ့ တင္ႀကီး စိတ္ထဲ မတင္မက်ျဖစ္ၿပီး ေရ႐ြတ္တယ္။ ေပြးဆိုတာက တစ္ေကာင္ကို က်စ္စာစုန္႔က ေလးငါးစုန္႔ အနည္းဆုံး ရွိတတ္တာကိုး။

တင္ႀကီး အျခားတစ္ဖက္ကို သြားၾကည့္မယ္လို႔ ေတြးၿပီး ကုန္းျပန္႔ရဲ႕ ေျမာက္ဘက္ျခမ္းကို ထြက္ခဲ့ေလရဲ႕။

ေျမာက္ဘက္ျခမ္းမွာေတာ့ ေျမေျပာင္ေျပာင္ကေလးမွာ ေပြးက်င္းလို က်စ္စာပုံကေလးေတြ ဟိုတစ္စု ဒီတစ္စုရွိေနေပမယ့္ အခုနကေလာက္ မမ်ားဘူး။ ဒါေပမယ့္ ေျမက်စ္စာ အစိုကေလးေတြက တက္ေနေတာ့ တင္ႀကီးဝမ္းသာမိသြားရတယ္။

က်င္းတစ္က်င္းအနားကို တင္ႀကီး ခ်ဥ္းကပ္ၿပီး မွိန္းထိုးျပန္တယ္။ အတြင္းက ေပြးေကာင္ကို ထိထိမိမိ ထိုးမိတာကို တင္ႀကီးခံစားသိရတယ္။

ဓားနဲ႔ ေျမကို ယက္ဖယ္လိုက္ေတာ့…။

‘ ဟင္…ဘာမွလည္း ရွိမေနဘူး…’

တင္ႀကီး အလြန္ အံ့ၾသသြားရတယ္။

အခုေလးတင္ ေျမစာစုန႔္ေနတဲ့ ေပြးေကာင္ကို သူ႔လက္က ထိထိမိမိ မိထားတယ္ဆိုတာခံစားသိေနပါရဲ႕နဲ႔ အခု ယက္ဖယ္လိုက္မွ ဘာမွရွိမေနဘူး။

ခ်က္ေကာင္းမမိလို႔ ေပြးေကာင္ ႐ုန္းထြက္သြားတာလို႔ တင္ႀကီး ထင္မိလိုက္တယ္။

လြတ္ၿပီးသားမို႔ တင္ႀကီးစိတ္က မလြမ္းခ်င္။

ေပြးက်င္းေတြက ေပါေနတာမို႔ ေနာက္ထပ္တစ္က်င္းကို ရွာျပန္တယ္။

သူရွိေနရာနဲ႔ က်င္းဆီမွာ ေျမစာစုန္႔ေနတာကို ေတြ႕လိုက္ရတယ္။

ဒိတစ္ေကာင္ေတာ့ မလြတ္ေစရေတာ့ဘူးဆိုတဲ့စိတ္နဲ႔ တင္ႀကီး စိတ္ကို တည္ၿငိမ္ေအာင္ထားလို႔ ေသခ်ာလွမ္းကပ္ရင္း မွိန္းနဲ႔ ထိုးလိုက္ျပန္တယ္။

‘ ဒုတ္…’

အတြင္းဆီက ေပြးေကာင္ကို အေသအခ်ာ ထိထိမိမိ ထိုးမိတဲ့ အသံ။ လက္ဆီက ခံစားခ်က္။ ဒိတစ္ခါ ထပ္လြတ္မွာစိုးလို႔ တင္ႀကီးတစ္ေယာက္ မွိန္းကို တင္းတတင္းဖိၿပီး ေျမစာကို ယက္ထုတ္လိုက္တယ္။

‘ ဟာ…’

မွိန္းဖ်ားမွာ ဘာမွရွိမေနျပန္ဘူး။

ႏွစ္ႀကိမ္ေျမာက္ဆိုတဲ့ အသိနဲ႔အတူ ႐ုတ္တရက္ တင္ႀကီးစိတ္ထဲ အခုေရာက္ေနတာဟာ နာမည္ႀကီးတဲ့ ဖိုးတာဝါကုန္းဆိုတာ သတိရလိုက္တာမို႔ သူ႔ကို စမ္းတာလားဆိုၿပီး စိတ္က ေထာင္းခနဲ ျဖစ္သြားရတယ္။

တင္ႀကီးက ေၾကာက္စိတ္ရွိတဲ့သူမဟုတ္ဘူး။ အယုံအၾကည္လည္း မရွိဘူး။ ဒိေတာ့ ေဒါသနဲ႔အတူ ၾကမ္းၾကမ္းတမ္းတမ္းေတြ ဆဲဆိုရင္း ခ်က္ခ်င္းပဲ ေနာက္တစ္က်င္းကို ထပ္ရွာတယ္။

သိပ္ၾကာၾကာ မရွာလိုက္ရဘူး။

သက္ငယ္ပင္ေလးငါးပင္ ရွိေနရာဆီက ေနရာမွာ ေျမစာနက္နက္ကေလးေတြ စို႔စို႔တက္လာတာကို တင္ႀကီး ျမင္လိုက္ရတယ္။

တင္ႀကီးလည္း အဲ့ဒီ့ေနရာကို အသာအယာပဲ ခ်ဥ္းကပ္မိၿပီး မွိန္းျပင္လို႔ အသင့္ေစာင့္ေနလိုက္တယ္။ ခဏၾကာေတာ့ က်စ္စာကေလးေတြ စုန္႔တက္လာတဲ့အခ်ိန္ တင္ႀကီးလက္ထဲက မွိန္းခ်က္က ေျမဆီကို လွစ္ခနဲ၊ နစ္ခနဲ…။

‘ အား…’

မွိန္းခ်က္နဲ႔ အတူ ေျမႀကီးထဲက ထြက္ေပၚလာတဲ့ ေအာ္သံႀကီး။ မွိန္းကလည္း တဒုတ္ဒုတ္ ႐ုန္းေနေလရဲ႕။

႐ုတ္တရက္ ထြက္ေပၚလာတဲ့ ေအာ္သံႀကီးေၾကာင့္ တင္ႀကီး လန္႔ဖ်ပ္သြားမိတယ္ဆိုေပမယ့္ ေဒါသအခံကလည္းရွိေနတာမို႔ သိပ္အမ်ားႀကီး မေတြးေတာ့ဘဲ ေျမစာေတြကို လက္နဲ႔ တူးဖယ္ယက္ၾကည့္လိုက္တယ္။ ဘာမွရွိမေနျပန္ဘူး။

ဒီလိုနဲ႔ ေနာက္ထပ္သုံးက်င္းေလာက္ ဆက္တိုက္ႀကဳံလာရေတာ့ တင္ႀကီးလည္း ေဒါသေတြ ထြက္လာရေတာ့တယ္။

ေနရာကလည္း နာမည္ႀကီးတဲ့ ဖိုးတာဝါကုန္းဆိုေတာ့ တင္ႀကီး ဘာျဖစ္ေနတယ္ဆိုတာကို ရိပ္မိလိုက္ၿပီး…။

‘ ေဟ့ေကာင္ေတြ။ ငါ့ကို မစမ္းနဲ႔ေနာ္။ ငါ့ကို ထပ္စမ္းလို႔ကေတာ့ ငါဘာေကာင္လဲဆိုတာ မင္းတို႔ကို သိသြားေစရမယ္…’

တင္ႀကီး အလြန္ေဒါသထြက္ၿပီး ဆဲဆိုရင္း ေအာ္ေျပာလိုက္တဲ့ စကားသံ။

‘ ဒုတ္…’

‘ အ…’

ဆဲဆိုၿပီးေနာက္ ေျခလွမ္းလိုက္စဥ္ တင္ႀကီးရဲ႕ ညာဘက္ေျခေထာက္ကို သက္ကယ္ငုတ္တစ္ခုက စူးမိေလေတာ့ရဲ႕။

‘ ဟာကြာ…ဒီေခြးမသား ငုတ္က တစ္ေမွာင့္…’

တင္ႀကီးလည္း သူ႔ကို စူးတဲ့ ငုတ္ကို ဆြဲႏႈတ္ၿပီး ငုတ္စူးခံရတဲ့ ေျခေထာက္က အလြန္အမင္း နာက်င္သြားရတာေၾကာင့္ ကုန္းၾကည့္ေနမိတုန္း ဘယ္ကမွန္းမသိတဲ့ ျပင္းထန္လွတဲ့ အပုပ္နံ႔ႀကီးက ႏွာေခါင္းဆီကို တိုးဝင္လာတယ္။ အပုပ္နံ႔ႀကီး ထြက္ေပၚလာၿပီး ေရွးမေႏွာင္းမွာပဲ…။

‘ ေတာက္…’

နံေဘးဘက္က ထြက္ေပၚလာတဲ့ က်ယ္ေလာင္တဲ့ ေတာက္ေခါက္သံ။

တင္ႀကီး ေခါင္းနပန္းေတြ ႀကီးသြားရတယ္။

အဲ့ဒီ့ေနာက္ ငုတ္စူးတဲ့ေ ျခေထာက္ကိုေတာင္ အာ႐ုံမထားမိေတာ့ဘဲ ထရပ္လိုက္ခ်ိန္ ပတ္ဝန္းက်င္တစ္ခိုဆီက ေတာက္ေခါက္သံေတြက ဆူဆူညံေအာင္ ထပ္မံၿပီး ထြက္ေပၚလာခဲ့ေတာ့ေလရဲ႕။

*******

အဲ့ဒီ့ေန႔က အိမ္ျပန္ေရာက္ခ်ိန္ တင္ႀကီးတစ္ေယာက္ ေျခေထာက္က ငုတ္စူးတဲ့ အရွိန္ေၾကာင့္ ထင္ပါရဲ႕။ ခ်မ္းစိမ့္စိမ့္ ျဖစ္လာခဲ့တယ္။

ဒါနဲ႔ အရက္ျပင္းျပင္းတစ္ခြက္ေသာက္ၿပီး ေမွးစက္လိုက္တာ တစ္ေရးႏိုးခ်ိန္မွာေတာ့ တင္ႀကီးတစ္ေယာက္ ေျခေထာက္ဆီက ငုတ္စူးတဲ့ ဒဏ္ရာက အလြန္အမင္းကိုက္လာရၿပီး ကိုယ္ေတြလည္း ျခစ္ျခစ္ေတာက္ပူလို႔ အျပင္းဖ်ားရပါေတာ့တယ္။

တင္ႀကီး ဖ်ားေတာ့ တင္ႀကီးမိန္းမ ေအးသီက ေရဝတ္ဖတ္ေတြဘာေတြ တိုက္ေပးရင္း ျပဳစုေပးတယ္။ ဒါေပမယ့္ အဖ်ားက ညအခ်ိန္ထိ က်မလာဘူး။

တင္ႀကီးတို႔က လင္မယားႏွစ္ေယာက္ထဲရွိတာ။

သန္းေခါင္ေက်ာ္ခဲ့တဲ့ အခ်ိန္မွာေတာ့…။

‘ ငါ ဗိုက္ဆာတယ္…’

‘ ဟင္…’

ေအးသီခမ်ာ တင္ႀကီးနံေဘး လွဲအိပ္ရင္း ေမွးခနဲ အိပ္ေပ်ာ္ေနတယ္။ ဒီအခ်ိန္မွာ ႐ုတ္တရက္ ေငါက္ခနဲ ထထိုင္ၿပီး ေျပာလာတဲ့ တင္ႀကီးရဲ႕ မာဆတ္ဆတ္ အသံေၾကာင့္ ေအးသီ ဘာျဖစ္မွန္းမသိ လန္႔ႏိုးလာရေလရဲ႕။

တင္ႀကီးကို ၾကည့္လိုက္ေတာ့ ခ်မ္းတယ္ဆိုလို႔ ၿခဳံေပးထားတဲ့ ေစာင္ေတြကို ဖယ္ခ်ထားၿပီး ငူငူႀကီး ထိုင္ေနေလတယ္။

‘ ကိုတင္ႀကီး ေတာ့္အဖ်ားက်ၿပီလား…’

‘ အင္း…ငါဗိုက္ဆာလို႔…’

တင္ႀကီး ျပန္ေျဖသံက အစ္တစ္တစ္ ေလးေတးေတးႀကီး။ ေအးသီခမ်ာ အမႈန္စုံမႊားနဲ႔ တင္ႀကီးအသံကို ေတြးရင္း ေၾကာင္စီစီ။

‘ ငါ ဗိုက္ဆာတယ္လို႔။ ဘာရွိသလဲ…’

‘ ေပြး…ေပြးသားဟင္း ရွိတယ္…’

တင္ႀကီးအသံက ခပ္မာမာ ျဖစ္လာတဲ့အတြက္ ေအးသီက ထိတ္ျပာျပာ ေျဖလိုက္တယ္။

‘ ငါစားခ်င္တယ္…အျမန္ခူးေပးစမ္း…’

ေအးသီလည္း တင္ႀကီးကို ၾကည့္ၿပီး စိတ္ထဲ မသိုးမသန္႔ ခံစားမိလာရသလိုျဖစ္မိတယ္။

ဒါေပမယ့္ ဘာမွေတာ့ မေျပာဘူး။ မီးဖိုဆီဝင္ၿပီးေတာ့ ထမင္းကို အျမန္ဆုံးခူးေပးခဲ့တယ္။

တင္ႀကီး လက္ထဲကို ထမင္းဇလုံေရာက္တာနဲ႔ နင္ေရာကာေရာ အတင္းကုန္းက်ဳံးၿပီး စားေတာ့တာရယ္။ တစ္ခဏအတြင္းမွာပဲ ထမင္းတစ္ဇလုံဟာ ၿပိဳက္ခနဲ ကုန္သြားတယ္။

‘ ထည့္ေပးဦး…’

ေအးသီ တင္ႀကီးဆီက ထမင္းဇလုံကိုယူလို႔ မီးဖိုထဲဆီသြားၿပီး ထပ္ထည့္ေပးျပန္တယ္။

ဒီတစ္ခါလည္း တင္ႀကီးက လက္ႀကီးနဲ႔ ကုတ္ကုတ္ၿပီး က်ဳံးစားတာ တစ္ခဏပဲ ကုန္ျပန္တယ္။

‘ ထည့္ဦးမယ္…’

‘ အယ္…ထမင္း မရွိေတာ့ဘူးေတာ့္…’

‘ ထမင္းမရွိရင္ ဟင္းစားမယ္…’

တင္ႀကီးက အသံေလးေလးႀကီးနဲ႔ အကြန္႔တက္ၿပီး ေျပာလာျပန္တယ္။

ေအးသီလည္း တင္ႀကီးကို မယုံသကၤာနဲ႔ စူးစိုက္ၿပီး ၾကည့္မိတယ္။

‘ ငါ ဗိုက္ဆာလို႔…’

‘ အင္းပါ…’

တင္ႀကီးက ထပ္ေျပာလာခ်ိန္မွာေတာ့ ေအးသီတစ္ေယာက္ အေတြးထဲ တစ္စုံတစ္ခုကို ေတြးမိသိရွိလိုက္ၿပီး ၾကက္သီးေတြ ျဖန္းခနဲ ထမိရတယ္။

ဒါေၾကာင့္ စိတ္က ဆုံးျဖတ္ၿပီး မီးဖိုဆီ ေျပးဝင္လို႔ မနက္က တင္ႀကီးရရွိလာတဲ့ ေပြးႏွစ္ေကာင္အနက္ တစ္ေကာင္ကို ခ်က္ထားတဲ့ ဟင္းအိုးကို အိုးလိုက္ႀကီး ခ်ေပးမိလိုက္တယ္။

ဟင္းအိုးကို ျမင္ေတာ့ တင္ႀကီးရဲ႕ မ်က္လုံးေတြက ဝင္းပသြားသလိုပဲ။ ၿပီးေတာ့ ေအးသီကို တစ္ခ်က္ေမာ္ၾကည့္ၿပီး ေပြးသားေတြကို တစ္တုံးၿပီးတစ္တုံးယူလို႔ ကြၽတ္ကြၽတ္ျမည္ေအာင္ ဝါးစားေတာ့တာရယ္။

ေအးသီကေတာ့ ေျပာင္းလဲေနတဲ့ လင္သားျဖစ္သူ တင္ႀကီးကို ၾကည့္ၿပီး ဆက္မေနရဲေတာ့တာမို႔ နံေဘးက မိခင္ရဲ႕ အိမ္ရွိရာဆီကို တိတ္တဆိတ္ ေျပးခဲ့မိေတာ့တာေပါ့။

အဲ့ဒီ့ညက ေအးသီဟာ သူ႔မိဘေတြဆီကို အက်ိဳးအေၾကာင္းေျပာျပၿပီး ေမာင္ႏွစ္ေယာက္ကို အေဖာ္ေခၚလို႔ အိမ္ျပန္လာၾကည့္ခ်ိန္ တင္ႀကီးကေတာ့ ဟင္းအိုးအခြံႀကီးကို နံေဘးခ်လို႔ အိပ္ရာထဲ ေစာင္ေခါင္းျမႇီးၿခဳံၿပီး တရႉးရႉး အိပ္ေနခဲ့ပါၿပီ။

*******

တစ္ပါတ္အတြင္းမွာ တင္ႀကီးရဲ႕ ပုံစံေျပာင္းလဲမႈက သိသာလြန္းလွတယ္။

ေန႔ဘက္ေတြ တစ္ေနကုန္အိပ္ၿပီး ညဘက္ေတြမွသာ ထမင္းကို ေလးလုံးအိုးကြၽတ္ေအာင္ ထစားတယ္။

အဲ့ဒီ့လို စားခ်ိန္မွာ ဟင္းက အသားဟင္းမဟုတ္ရင္လည္း ေအးသီကို ဆူပူႀကိမ္းေမာင္းေနလိုက္တာ ရစရာမရွိဘူး။

ဒါေၾကာင့္ ေအးသီဟာ တင္ႀကီးကို ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ညအတြက္ကို အသားဟင္းရဖို႔ ႀကိဳးစားရွာေဖြၿပီး ျပင္ဆင္ထားရတယ္။

ဒါေပမယ့္လည္း ဘယ္လိုပဲ စားစား တင္ႀကီးကေတာ့ အဖ်ားက ေန႔ရွိသေ႐ြ႕မက်ဘဲ လူကလည္း သိသိသာသာကို ပိန္လွီလာပါရဲ႕။

တစ္ရက္သားမွာေတာ့ ႐ြာကို ဆရာျဖဴဆိုတဲ့ ပုဂၢိဳလ္တစ္ေယာက္ ေရာက္လာတယ္။

႐ြာထိပ္က အံ့ႀကီးတို႔အိမ္မွာ တည္းတယ္။

ဆရာျဖဴဆိုတာ ပိတ္ျဖဴစင္သားကို ဝတ္ဆင္ထားတယ္။ အံ့ႀကီးတို႔မိသားစုရဲ႕ ေဆာ္ၾသမႈေၾကာင့္ ႐ြာက လူအခ်ိဳ႕ေတာင္ ဘိုးေတာ္ဆီကို ေရာက္လာပါရဲ႕။

‘ ေအးသီ…အံ့ႀကီးတို႔ အိမ္မွာ အထက္ဘိုးေတာ္တစ္ေယာက္ ေရာက္ေနတယ္။ နင့္ ေယာက္်ားကို ဘိုးေတာ္နဲ႔ ျပၾကည့္ပါလား…’

အိမ္နီးခ်င္းတစ္ေယာက္ရဲ႕ အႀကံေပးမႈေၾကာင့္ ေအးသီတစ္ေယာက္ ဘိုးေတာ္ျဖဴရဲ႕ ေရွ႕ေမွာက္ကို ေရာက္ရတယ္။

ေအးသီကို ၾကည့္တဲ့ ဘိုးေတာ္ျဖဴရဲ႕ အၾကည့္ေတြက မႏွစ္ၿမိဳ႕စရာ။

ေျပာမယ့္သာ ေျပာရတာ၊ ေအးသီဆိုတာက အိမ္ေထာင္သည္ေပမယ့္ ဒီ႐ြာရဲ႕ ခႏၶာကိုယ္ အဆစ္အေပါက္ေကာင္းသူေတြထဲ ပါတယ္။

‘ သမီး…ဘာျဖစ္သလဲ…’

‘ ကြၽန္မ ေယာက္်ား…’

‘ စေနသားႀကီးကို တေစၦဘမ္းစားထားတာအတြက္ ေရာက္လာတာ ထင္တယ္…’

‘ ရွင္…’

ေအးသီ အံ့ၾသသြားရတယ္။

‘ သမီး ဝင္လာကတည္းက အဘက သိၿပီးသားပါ။ သမီးမွာ အပူအပင္က သိပ္မ်ားေနတယ္။ ဒါေပမယ့္ စိတ္မပူပါနဲ႔ အဘနဲ႔ ေတြ႕ၿပီဆိုေတာ့ ေကာင္းသြားမွာပါ…’

ဘိုးေတာ္ျဖဴရဲ႕ ေႏြးေထြးတဲ့ စကားေၾကာင့္ ေအးသီရင္ထဲက အပူတခ်ိဳ႕ ေလ်ာ့ပါးသြားရတယ္။

‘ ကူ…ကူညီေပးပါရွင္…’

‘ အင္းပါ…အဘ ကူညီေပးပါ့မယ္။ ဒီညဦးပိုင္းကို အဘ သမီးတို႔အိမ္ဆီကို ႂကြလာပါ့မယ္။ တစ္ခုရွိတာက လူနာကို ညေနမတိုင္ခင္မွာ ႀကိဳးနဲ႔ တုပ္ထားေပးပါ။ ၿပီးရင္ အိမ္ေပၚမွာ ဘယ္သူမွ မရွိပါေစနဲ႔။ သမီးကိုယ္တိုင္ေရာေပါ့…’

‘ ဟုတ္ကဲ့ နာခံပါ့မယ္ရွင္…’

ေအးသီ ျပန္လာခဲ့တယ္။

ညေနေရာက္ေတာ့ နံေဘးအိမ္က ေမာင္ႏွစ္ေယာက္ရဲ႕အကူအညီနဲ႔ အဖ်ားတက္ၿပီး ေကြးေနတဲ့ တင္ႀကီးကို ႀကိဳးနဲ႔တုပ္ၿပီး တိုင္ဆီမွာ ခ်ည္ၾကတယ္။

ေနာက္ေတာ့ အိမ္ေပၚဆီမွာ ဘယ္သူမွ မေနဘဲ ေအာက္ဆင္းၿပီး အေျခအေန ေစာင့္ၾကည့္ေနၾကေလရဲ႕။

တေျဖးေျဖးနဲ႔ ေနဝင္မိုးခ်ဳပ္လာပါၿပီ။ ဒါေပမယ့္ ဘ္ုးေတာ္ျဖဴကေတာ့ ေရာက္မလာေသးခဲ့ဘူး။ တင္ႀကီးကေတာ့ အိမ္အေပၚဆီမွာ ဟစ္ေအာ္ရင္း ႐ုန္းရင္းဆန္ခတ္ ေသာင္းက်န္းေနပါၿပီ။

အဲ့ဒီ့လိုအခ်ိန္ ၿခံဝဆီက…။

‘ ျဖဴတူတူ ညိဳတိုတို…ညိဳျဖဴျဖဴ ျဖဴညိဳညိဳ၊ ငါဟဲ့ နတ္သား အာဂဖြား။ သုံးလီထြဋ္ေခါင္ ကာမာရာဇ၊ ဒီလာသကို ဒီတစ္ညမွာ ႏွိမ္ကြပ္မကူ ကြပ္မည္သာေလာ့…အယ္…’

အသံနဲ႔အတူ ၿခံေရွ႕မွာ ရပ္တန္႔သြားတဲ့ သူ႐ူးတစ္ေယာက္။

သူ႐ူးရဲ႕ ပုံစံက ေပေရစုတ္ျပတ္ေနတယ္။

စူေဖာင္းေနတဲ့ လြယ္အိတ္ေဟာင္းႀကီးကိုလည္း လြယ္ထားၿပီး အုန္းလက္ေျခာက္ႀကီးကိုလည္း ျမင္းအျဖစ္ ခြစီးထားေလရဲ႕။

အစကေတာ့ သူ႐ူးက သူ႔ဘာသာသြားေနတာ။ ေအးသီးတို႔ ၿခံထဲဆီမွာ လူစုစုျမင္ေတာ့ ေျပာခ်င္ရာေျပာေနရာက အယ္ခနဲျဖစ္သြား ေျခလွမ္းေတြက ရပ္သြားခဲ့လို႔ ၿခံထဲဆီကို ဝင္လာခဲ့တယ္။

ၿပီးေတာ့ ေအးသီရဲ႕ ေမာင္အငယ္ျဖစ္သူအနားကို ကပ္သြားလိုက္ၿပီး…။

‘ ေမာင္လူသား ဘာျဖစ္ေနၾကတာလဲ။ အေပၚမွာ နတ္သဘင္အစည္းအေဝးမ်ား ရွိလို႔လား…’

‘ အမေလး…’

မ်က္ႏွာႀကီးအနားကပ္ၿပီး ေမးလာတဲ့ သူ႐ူးေၾကာင့္ လန္႔သြားရတယ္။

‘ ဟဲ့ လူသား။ ငါ သူေတာ္ေလး ေမးေနတယ္ေလ…’

‘ ဪ…ဒီ ဒီက က်ဳပ္ ေယာက္ဖ ဖုတ္ဝင္သလိုျဖစ္ေနလို႔ဗ်…’

လူငယ္ဆိုေတာ့ စကားအေျပာဆိုက ေကာင္းေကာင္းပါပဲ။

‘ ဖုတ္ဝင္တာ…ဒါျဖင့္ ငါသူေတာ္ေလး သူ႔ကို ၾကည့္လို႔ရမလား…’

‘ မရဘူးဗ်…’

‘ အယ္…ဘာလို႔လဲ…’

‘ သူ႔ကို ဘိုးေတာ္ျဖဴက လာကုသေပးမွာ…’

‘ ဘိုးေတာ္ျဖဴ။ သူက ဘယ္သူလဲ…’

‘ ဒီ႐ြာကို ေရာက္ေနတဲ့ ဆရာတစ္ေယာက္ဗ်…’

ေကာင္ေလးက သူ႐ူးကို ရွင္းျပေနတယ္။ အဲ့ဒီ့အခိုက္ အႀကီးေကာင္က…။

‘ ေဟ့…အငယ္ေကာင္…’

‘ ဗ်ာ…’

‘ မင္း ဘယ္သူ႔ကို စကားေျပာေနတာတုန္း…’

‘ ဒီမွာေလ အကိုရ…’

အငယ္ေကာင္က သူ႔နံေဘးက သူ႐ူးကို လက္ညႇိဳးထိုးၿပီး ေျပာတယ္။

ဒါေပမယ့္ အႀကီးေကာင္က သူ႐ူးကို မျမင္ႏိုင္ဘူးရယ္။

‘ ဟာ…ဒီေကာင္ေတာ့ ဘယ္သူမွမရွိပါဘဲနဲ႔။ အေပၚကို စိတ္ပူရတာတစ္မ်ိဳးပါဆို မင္းကပါ ေပါက္ကရေတြ လုပ္မေနနဲ႔။ ၾကားလား…’

အႀကီးေကာင္က ေငါက္ငမ္းတာမို႔ အငယ္ေကာင္ ဇက္ပုသြားရတယ္။

သူ႐ူးကို ၾကည့္ေတာ့ သူ႔နံေဘးမွာ ၿပဳံးလ်က္သားရယ္။

‘ ရႉး…ငါသူေတာ္ေလးက ကိုယ္ေယာင္ေဖ်ာက္ထားတာ…’

‘ ဟင္…ခင္ဗ်ားက…’

‘ ေဟ့ေကာင္ အငယ္ေကာင္…’

အငယ္ေကာင္ အံ့အားသင့္မိသြားတုန္း အႀကီးေကာင္က လွမ္းေငါက္တာေၾကာင့္ အငယ္ေကာင္ခမ်ာ ေၾကာင္အအနဲ႔ သူ႐ူးကို ၾကည့္မိတယ္။

သူ႐ူးကေတာ့ ရယ္လို႔…။

အဲ့ဒီ့အခိုက္ ဘိုးေတာ္ျဖဴႂကြလာတယ္။

‘ အဘ…အဘႂကြလာၿပီပဲ။ ႂကြပါရွင္ အိမ္ေပၚကို…’

ေအးသီက ျပာျပာသလဲ ႀကိဳတယ္။

‘ သမီးႀကီးပဲ လိုက္ခဲ့၊ က်န္သူေတြ ေနခဲ့ၾက။ လိုက္လာရင္ စည္းေပါက္ႏိုင္တယ္။ လူနာေသႏိုင္တယ္။ ဒါေၾကာင့္ ဘယ္သူမွ မလိုက္ၾကပါနဲ႔…’

ဘိုးေတာ္ျဖဴက ေအးသီတစ္ေယာက္ကိုသာ ေခၚၿပီး အိမ္ေပၚတက္သြားတယ္။

ေအးသီလည္း အေနာက္ကေန လိုက္မိတာေပါ့။

‘ ဒီလူသားက မ႐ိုးသားဘူး။ ငါသူေတာ္ေလး လိုက္သြားလိုက္ဦးမယ္…’

သူ႐ူးကလည္း အငယ္ေကာင္ကို ေျပာၿပီး အေနာက္ကလိုက္သြားတယ္။ က်န္သူေတြေတာ့ မျမင္ႏိုင္ဘူးေပါ့။

အေပၚကို ေရာက္ေတာ့ ဘိုးေတာ္ျဖဴက ႀကိဳးတုပ္ခံထားရလို႔ ႐ုန္းကန္ေအာ္ဟစ္ေနတဲ့ တင္ႀကီးကို ၾကည့္လိုက္ၿပီး…။

‘ ဝင္ပူးေနတဲ့ အေကာင္က အေတာ္ႀကီးေနတယ္။ သမီး တေစၦႏွင္ဖို႔ သမီးအကူအညီလိုတယ္။ ဒါေၾကာင့္ အကာအကြယ္ျဖစ္ေအာင္ ဒီေဆးကို ေသာက္ထားေနာ္…’

ဘိုးေတာ္ျဖဴက ေဆးတစ္လုံးေပးေတာ့ ေအးသီလည္း ေသာက္မိလိုက္တယ္။

ေအးသီ ေဆးေသာက္ၿပီးေတာ့ ဘိုးေတာ္ျဖဴက တင္ႀကီးဆီကို သြားၿပီး ခ်ည္မန္းကြင္းစြပ္လို႔ ေဆးတစ္လုံး ခြံ႕ျပန္ေကာ။

ခ်ည္မန္းကြင္းစြပ္၊ ေဆးေသာက္ပီးတာနဲ႔ တင္ႀကီး႐ုန္းကန္ေနရာက ေခါင္းငိုက္စိုက္က်သြားတယ္။

‘ ကဲ…သမီးႀကီး။ ဒီအေကာင္က အေတာ့္ကို ႀကီးတယ္။ ဒီမွာ ႏွင္လို႔ မရႏိုင္ဘူး။ သမီးတို႔ အိပ္စက္ရာ အခန္းဆီကို ပို႔ၾကမယ္…’

ေအးသီတစ္ေယာက္ ေဆးေသာက္ၿပီးကတည္းက အာေစးထည့္ခံထားရသူလိုပဲ။

ဘိုးေတာ္ျဖဴ ေစသမွ် လိုက္လုပ္ေနမိတယ္။

တင္ႀကီးကို အခန္းထဲဆီ မ ပို႔ၾကရတယ္။

အခန္းထဲေရာက္ေတာ့ ဘိုးေတာ္ျဖဴက…။

‘ ကဲ…သမီး။ ဝင္ပူးေနတဲ့ အေကာင္ကို ႏွင္ၾကရေအာင္။ ေပး သမီးလက္…’

ဘိုးေတာ္ျဖဴက ေအးသီလက္ကို ကိုင္လိုက္တယ္။ ၿပိ္းေတာ့ ဆြဲယူၿပီး တရႉးရႉး အသက္ရႉလို႔ အိပ္ေမာက်ေနတဲ့ တင္ႀကီးရဲ႕ ရင္ဘတ္ေပၚကို ဆြဲယူတင္လိုက္တယ္။

ဒိအခါမွာေတာ့ ဘိုးေတာ္ျဖဴနဲ႔ ေအးသီရဲ႕ ခႏၶာကိုယ္ခ်င္းက ပူးကပ္သြားခဲ့တယ္။

ဒီအခါမွာေတာ့ ဘိုးေတာ္ျဖဴဟာ ေအးသီဆီကို စတင္ၿပီး အခြင့္ယူပါေတာ့တယ္။

*******

ေအးသီတစ္ေယာက္ ဘိုးေတာ္ျဖဴရဲ႕ ဆြဲေဆာင္ရာကို မျငင္းဆန္ႏိုင္ဘဲ မိန္းေမာရင္း လိုက္ပါမိေနတယ္။

သူမရဲ႕ ခင္ပြန္းျဖစ္သူတင္ႀကီးကေတာ့ ဘာမွမသိ၊ နံေဘးဆီမွာ တရႉးရႉးအိပ္လို႔ရယ္။

ဘိုးေတာ္ျဖဴဟာ ေအးသီရဲ႕ အဝတ္ေတြကို ခြၽတ္ဖို႔ ျပင္ဆင္ေနတယ္။ သူကိုယ္တိုင္မွာလည္း အေပၚက အက်ႌမရွိေတာ့ဘူး။

‘ ေတာက္…’

႐ုတ္တရက္ အနီးကပ္ၿပီး ထြက္လာတဲ့ ေတာက္ေခါက္သံေၾကာင့္ ဘိုးေတာ္ျဖဴ လန္႔ဖ်ပ္ၿပီး ကိုယ္ရွိန္သတ္သြားတယ္။

‘ ဘယ္သူလဲ…’

အနီးမွာ ဘယ္သူမွ ရွိမေနဘူး။

ေသခ်ာေအာင္ လွည့္ပတ္ၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ ဘိုးေတာ္ျဖဴဟာ သူ႔အလုပ္ကို သူျပန္စတယ္။

ေအးသီကေတာ့ ဘာမွကို မသိတတ္ေတာ့တဲ့ အေျခအေန။

ဘိုးေတာ္ျဖဴဟာ ေအးသီရဲ႕ အဝတ္ေတြကို ခြၽတ္ဖို႔ျပင္တယ္။

‘ ဟီ…ဟီ…ဟီ….’

႐ုတ္တရက္ ထရယ္လိုက္တဲ့အသံ။

ဘိုးေတာ္ျဖဴ လန္႔သြားရျပန္တယ္။ အခန္းထဲ လွည့္ပတ္ၾကည္ျ့့ပန္ေတာ့ ဘာမွရွိမေနဘူး။

‘ ေတာက္…ဘိုးေတာ္ျဖဴကို စမ္းခ်င္တယ္ေပါ့။ ဘယ္ေကာင္လဲကြ…’

‘ ျဖန္း…ျဖန္း…’

ဘိုးေတာ္ျဖဴက ေျပာေျပာဆိုဆို ၾကမ္းျပင္ဆီကို နံေဘးဆီမွာ ခ်ထားတဲ့ သူ႔ႀကိမ္ႀကီးေကာက္ယူလို႔ ေျခာက္႐ိုက္႐ိုက္တယ္။

‘ ဟီ…ဟီ…ဟီ…’

အသံက ထပ္မံၿပီး ထြက္လာျပန္ေရာ။

ဒီတစ္ခါေတာ့ ဘိုးေတာ္ျဖဴလည္း အသံရွင္ကို ျမင္လိုက္ရပါၿပီ။

အသံရွင္က အျခားသူမဟုတ္ဘူး။

ေအးသီရယ္ေလ။

လွဲေလ်ာင္းေနရင္းက တဟီဟီရယ္ေနေလတာ။

ဘိုးေတာ္ျဖဴ ၾကည့္ရင္း အံ့အားသင့္သြားတယ္။

‘ သ…သမီး၊ ဘာျဖစ္တာလဲ…’

‘ ဟီ…ဟီ…လူယုတ္မာႀကီး…’

‘ ဟာ…’

ေအးသီေျပာေျပာဆိုဆို ငုတ္တုတ္ ထထိုင္လာတယ္။ ၿပီးေတာ့ ဆံပင္ေတြကို ဖြာလိုက္ေလၿပီး ျပဴးေၾကာင္ေၾကာင့္ မ်က္ဝန္းေတြနဲ႔။ ေအးသီရဲ႕ ပုံစံဟာ မူမမွန္ဘူး။

ဒါကို ျမင္ေတာ့ ဘိုးေတာ္ျဖဴဟာ အေျခအေနကို ရိပ္စားမိလိုက္ၿပီး အက်ႌကို ေကာက္ဝတ္ဖို႔ ျပင္တယ္။

ဒါေပမယ့္ သူေနာက္က်သြားရၿပီ။

ေအးသီက သူ႔အက်ႌကို ဆြဲယူၿပီး အခန္းေထာင့္ဆီကို လႊင့္ပစ္လိုက္ပါတယ္။

‘ မင္း ဘယ္သူလဲ…’

‘ ေအးသီေလ…ဟီ…ဟီ…’

‘ မဟုတ္ဘူး…ငါသိတယ္…’

‘ အင္း…ပညာစြမ္းေတာ့ တင့္ပါရဲ႕။ လူကသာ ယုတ္မာတာ…’

ဒီတစ္ခါ ထြက္ေပၚလာတာကေတာ့ အခန္းအျပင္ဘက္က အသံ။

ဘိုးေတာ္ျဖဴဟာ အေျခအေနမဟန္မွန္းသိၿပီး အခန္းထဲက ေျပးထြက္ေလရဲ႕။

ဒါေပမယ့္ တစ္စုံတစ္ေယာက္က ေျခထိုးခံလိုက္သလိုျဖစ္ၿပီး ဘိုးေတာ္ျဖဴ လဲက်သြားတယ္။

‘ ေအာက္ကလူေတြ ဒီလူယုတ္မာကို ဖမ္းဖို႔ အေပၚတက္ခဲ့ၾက…’

ေအာ္သံတစ္ခု။

ေအာက္ကသူေတြ တက္သင့္မတက္သင့္ စဥ္းစားေနခ်ိန္၊ သူ႐ူးနဲ႔ စကားေျပာျဖစ္တဲ့ ေအးသီရဲ႕ေမာင္ အငယ္ေကာင္က အိမ္ေပၚဆီကို ေျပးတက္ပါတယ္။

‘ ဟာ…လာ…လာကြပါဦး…’

အိပ္ခန္းဝဆီမွာ ဘိုးေတာ္ျဖဴဟာ ကုန္းကုန္းႀကီးလဲေနတယ္။

အခန္းထဲမွာေတာ့ ေအးသီက အဝတ္အစားေတြဖ႐ိုထရဲနဲ႔ ေပ်ာ့ေခြလဲက်ေနပါရဲ႕။

လူမမာ တင္ႀကီးကေတာ့ တရႉးရႉးအိပ္ေမာက်ေနဆဲပဲ။

သူ႐ူးကေတာ့ အိမ္ရဲ႕ ဘုရားေက်ာင္းေဆာင္အေရွ႕ဆီမွာ မိန္႔မိန္႔ႀကီးထိုင္လို႔ရယ္ေပါ့။

*******

အျဖစ္အပ်က္ အလုံးစုံကို အကုန္လုံး ဇာတ္ရည္လည္ၾကပါၿပီ။

တင္ႀကီးက သူ႔ဘာသာ တေစၦဝင္ပူးတာ။ ဒါကို ဘိုးေတာ္ျဖဴက ကုသပးဖို႔ ႀကံစည္ရင္း တင္ႀကီးမိန္းမ ေအးသီအေပၚ တဏွာစိတ္ ဝင္မိသြားခဲ့တာရယ္။

အခုေတာ့ လင္သားအတြက္ ပူပန္ေနတဲ့ ေအးသီတစ္ေယာက္ ေရတိမ္မနစ္တာကိုပဲ အကုန္လုံးက ဝမ္းသာေနၾကရတယ္။

အေစာနက ကိုယ္ေဖ်ာက္ထားတယ္ဆိုၿပီး အငယ္ေကာင္တစ္ေယာက္သာ ျမင္ႏိုင္တဲ့ သူ႐ူးကိုေတာ့ အခုအခ်ိန္မွာ အားလုံးက ျမင္ႏိုင္ခဲ့ၾကပါၿပီ။

သူ႐ူးက တင္ႀကီးကို သူ႔အေရွ႕ပို႔ေစၿပီး ဝင္ပူးေနတဲ့ တေစၦေကာင္ကို ႏွင္ဖို႔ လုပ္ပါတယ္။

တင္ႀကီးရဲ႕ ဦးေခါင္းကို လက္နဲ႔အုပ္ၿပီး မႏၲာန္႐ြတ္တာနဲ႔ တင္ႀကီးဟာ တစ္ကိုယ္လုံးတုန္ယင္လို႔ လာပါတယ္။

‘ ငါသူေတာ္ေလး ေမးမယ္။ အခု ဝင္ပူးေနတာ ဘယ္သူလဲ…’

‘ က်ဳပ္…ေျမေအာင္းတေစၦ…’

‘ ဒီလူသားကို နင္က ဘာေၾကာင့္ ဝင္ပူးတာလဲ…’

‘ ဒီလူက က်ဳပ္အစာျဖစ္တဲ့ ေပြးေတြကို လာလုတယ္။ ၿပီးေတာ့ ငါ့ကို မွိန္းနဲ႔ထိုးၿပီး ဆဲဆိုႀကိမ္းေမာင္းသြားေသးတယ္။ ဒါေၾကာင့္ သူ႔ကို က်ဳပ္က ဆုံးမတာ…’

‘ ဟဲ့…ကလူ…ကလူ…’

ေျမေအာင္တေစၦရဲ႕ စကားေၾကာင့္ သူ႐ူးက အာေမဋိတ္ျပဳတယ္။ ၿပီးေတာ့ မ်က္ဝန္းခ်င္းေတ့ဆိုင္ၿပီး စူးစူးစိုက္စို္က္ ၾကည့္လိုက္ကာ…။

‘ နင္က သူ႔ကို ဆုံးမရေအာင္ နင္က သူ႔အေမမွမဟုတ္တာ။ သူ႔ကို သူ႔အေမက ဆုံးမမွာေပါ့…’

‘ သူက က်ဳပ္ပိုင္နက္ကို လာက်ဴးေက်ာ္ၿပီး က်ဳပ္ကို ေစာ္ကားတာေလ…’

ေျမေအာင္တေစၦက ခြန္းတုန္႔ျပန္တယ္။ ဒီအခါ သူ႐ူးက…

‘ ဒီမယ္ တေစၦႀကီး ငါသူေတာ္ေလးေျပာမယ္။ ဒီလူသားက နင့္ေနတဲ့ နင့္ပိုင္နက္ဆီမွာ တစ္ႀကိမ္တစ္ခါ လာက်ဴးေက်ာ္ၿပီး ေစာ္ကားတယ္။ ဒါဆို အခု နင္ကေကာ သူ႔ကို တုန္႔ျပန္တဲ့အေနနဲ႔ သူ႔ပိုင္နက္ သူ႔အိမ္ရာဆီမွာ က်ဴးေက်ာ္ၿပီး အေျခခ်ေနတာ ဘယ္ေလာက္ၾကာၿပီလဲ။ သူက နင့္ကို ဆဲဆိုသြားတယ္။ ဒါအတြက္ သူ႔ကို ျပန္ေတာင္းပန္ခိုင္းမယ္။ အခု နင့္လုပ္ရပ္ေၾကာင့္ သူတို႔ဘဝေလးေတြ လူယုတ္မာလက္ထဲမွာ ပ်က္ဆီးခံရေတာ့မလို႔၊ ဒါကိုက်ေတာ့ေကာ နင္ဘယ္လိုလုပ္မလဲ…’

သူ႐ူးစကားေၾကာင့္ တင္ႀကီးကို ဝင္ပူးေနတဲ့ ေျမေအာင္းတေစၦ ေခါင္းငိုက္စိုက္က်သြားတယ္။

‘ ငါသူေတာ္ေလးက နင္တို႔လို ေလာကသားအေတာ္မ်ားမ်ားကို ႏိုင္လိုမင္းထက္ အၾကမ္းမဖက္တတ္ပါဘူး။ ဒါေၾကာင့္ အမွန္ကို ျမင္ရင္ ျမင္တယ္ေျပာပါ…’

‘ က်ဳပ္…မွားပါတယ္…’

ေျမေအာင္းတေစၦရဲ႕ စကားေၾကာင့္ သူ႐ူး ေက်နပ္ၿပီး ေခါင္းကို ညိတ္တယ္။

‘ ဒါျဖင့္…နင္ကိ္ုယ္တိုင္ပဲ နင္လုပ္ထားတဲ့ သူ႔ဆီက အနာကို ကုသေပးလိုက္ပါ။ ၿပီးရင္ သူတို႔ကို ျပန္ေတာင္းပန္ၿပီး နင့္ေနရာ နင္ျပန္ပါ။ ဒီလူသား ေနေကာင္းလာရင္ နင့္ကို ျပန္ေတာင္းပန္ေစပါ့မယ္…’

‘ ေကာင္းပါၿပီ…’

ေျမေအာင္တေစၦဟာ လက္တစ္ဖက္နဲ႔ ေျခဖဝါးဆီက အနာကို ပြတ္သပ္လိုက္တယ္။

ဒီအခါမွာေတာ့ အနာဆီက မည္းပုပ္ပုပ္ ေျမစာေတြ ေရာေထြးေနတဲ့ အရည္ပ်စ္ပ်စ္ေတြ ျပည္ေတြသဖြယ္ စီးက်လာခဲ့ပါေတာ့ရဲ႕…။

အဲ့ဒီ့ေနာက္မွာေတာ့ ေျမေအာင္းတေစၦဟာ တင္ႀကီးတို႔မိသားစုကို ေတာင္းပန္ၿပီး ထြက္ခြာသြားခဲ့ပါေတာ့တယ္။

*******

ဖိုးတာဝါကုန္းအေရွ႕ဆီမွာ တင္ႀကီးတို႔ မိသားစုလွည္းနဲ႔ ေရာက္ရွိေနၾကပါတယ္။

သူတို႔လက္ထဲမွာ ပြဲလက္ဖက္နဲ႔ အျခားစားေသာက္စရာေတြ ရွိေနတယ္။

‘ ဒီကုန္းမွာေနထိုင္တဲ့ ေျမေအာင္းတေစၦအေပၚ ပိုင္နက္က်ဴးေက်ာ္မိတာေရာ၊ ကိုယ္အား ႏႈတ္အားျဖင့္ ေစာ္ကားေျပာဆိုမိခဲ့တာေရာအေပၚ က်ဳပ္ တင္ႀကီး အႏူးအၫြတ္ေတာင္းပန္အပ္ပါတယ္။ က်ဳပ္ကို ခြင့္လႊတ္ေပးပါ…’

ကမူေလးတစ္ခုဆီမွာ ေတာင္းပန္အပ္ရာတို႔ကို တင္ၿပီး တင္ႀကီးက ဆိုလိုက္တယ္။

ၿပီးေတာ့ တင္ႀကီးဟာ နံေဘးက ဇနီးျဖစ္သူ ေအးသီရဲ႕ မ်က္ႏွာကို ၾကည္႐ႊင္စြာ ၾကည့္လိုက္ပါရဲ႕။

အရာအားလုံးကေတာ့ ၿပီးခဲ့ျပန္ပါၿပီ။

ဒီတစ္ႀကိမ္မွာလည္း သူေတာ္နတ္သားေလးဟာ ကိစၥၿပီးတာနဲ႔ တစ္ခါထဲ ထြက္သြားခဲ့သလို၊ တစ္ဖက္က ေရစီးခ်ိန္ ကမ္းကိုၿဖိဳဖို႔ ႀကိဳးပမ္းေလတဲ့ အခြင့္အေရးသမား ဘိုးေတာ္ျဖဴဟာလည္း ရပ္႐ြာဆီကတစ္ဆင့္ သက္ဆိုင္ရာဆီကို အေရးယူခံဖို႔ လႊဲေျပာင္းခံခဲ့ရၿပီျဖစ္ပါေတာ့တယ္။

ၿပီးပါၿပီ။

ေနာင္႐ိုး(ေဆးတပ္)