အိမ်မည်းကြီး(စ/ဆုံး)
———————–
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံမြို့နယ်၊(—-)ရပ်ကွက်၊(—-)လမ်း၊အမှတ်(၁၃) အိမ်မည်းကြီး တစ်အိမ် တည်ရှိခဲ့လေသည်။အိမ်ကြီးသည် အလွန်ရှေးကျပြီး တစ်အိမ်လုံး မည်းနက်ေရာင်ဖုံးလွှမ်းနေသည်ဖြစ်၍ အိမ်မည်းကြီးဟု ခေါ်တွင်ကြခြင်းဖြစ်သည်။
တော်လှန်ရေးခေတ်တွင် ဂျပန်အရာရှိ တိုမိုရှိဏီ နေထိုင်ခဲ့ပြီး ဂျပန်အရာရှိကြီး စစ်ရှုံး၍ ဂျပန်ပြည်ပြန်ပြေးသွားသည်ဟုလည်းကြားသိရသလို စစ်ရှုံး၍ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည်ဟုလည်း ကြားသိရပြန်သည်။ထိုအိမ်ကြီးအား ဂျပန်အရာရှိကြီး၏ တပည့်လက်ပါးစေ စကားပြန်တစ်ဦးဖြစ်သူ နိုင်မင်းဦးမှ လက်ဆင့်ကမ်းနေထိုင်ခဲ့လေသည်။
နိုင်မင်းဦးတစ်ယောက် အိမ်မည်းကြီးနှင့်အတူ ဂျပန်အရာရှိကြီးမတရားသိမ်းယူထားသည့် စည်းစိမ်ဥစ္စာများဖြင့် ပျော်ပျော်ကြီး သောက်စားမူးယစ်ပျော်ပါးလေသည်။အိမ်ထောင်ကျကာ သားယောက်ျားလေးပင် အသက်၂၅နှစ်ပြည့်ခဲ့ပြီဖြစ်သည်။အမျိုးသမီးမှာ ဆုံးပါးသွားပြီဖြစ်၍ နောက်မိန်းမ သားဖြစ်သူအားမွေးစားသည့်မွေးစားမိခင်နှင့်အတူ သားယောက်ျားလေးအား တိုင်းတပါးသို့ ပညာသင်စေလွှတ်ထား၏။သည်နေ့ဦးနိုင်မင်းဦး၏ အသက်၅၆နှစ်ပြည့်မွေးနေ့ပင်။
ထုံးစံအတိုင်း တပည့်များနှင့်
ဝိုင်းဖွဲ့ကာ သောက်စားနေ ၏။
“ဒီနေ့ ဒီအိမ်ကြီးကို ပိုင်ဆိုင်တာ
အနှစ်(၂၅)ကျော်ပြီ ငါ့သားတစ်သက်ဆိုပါတော့”
“ဒါနဲ့သူဋ္ဌေး ကျွန်တော် မသိလို့မေးချင်တယ်”
“မောင်မြင့် မေးစရာရှိတာ မေးကွာ
ဒီနေ့ငါ့မွေးနေ့ မေးချင်တာမေး
ဖြေမယ်”
“အဘိုးပြောဖူးတယ် ဒီအိမ်က ဂျပန်အရာရှိတစ်ဦးပိုင်ဆိုင်ခဲ့တဲ့အိမ် ဆရာက အရင်တုန်းက စကားပြန်တစ်ယောက်လို့လည်းပြောတယ် ဂျပန်ကြီးကဘယ်ရောက်သွားတာလဲ”
“အင်းဇာတ်လမ်းကတော့ရှည်တယ် ငါကစကားပြန်ထက် မြန်မာစကားပြောသင်ပေးရတဲ့သူ ဆရာတိုမိုရှိဏီကသိပ်ကိုပါးနက်တာငါ့ကိုစကားပြန်အလုပ်အပြင်မြန်မာစကားပြောပါ သင်ခိုင်းခဲ့တယ် အတိုချုံးပြောရရင် ဂျပန်အရာရှိကြီးဦးဆောင်တဲ့တိုက်ပွဲမှာ စစ်ရှုံးတယ် သူနဲ့ငါနှစ်ယောက်ပဲရှင်တယ်။ငါကအပုန်းကောင်းလို့ သူကတော့ဒဏ်ရာတွေနဲ့ပေါ့။အမှန်တိုင်းပြောရရင် ငါစကားပြန်လုပ်တာစားဝတ်နေရေးကြောင့်ပေါ့ကွာ။ပညာတတ်တစ်ယောက်အနေနဲ့ လယ်လုပ်ရအောင်လည်း ချစ်တီးကုလားတွေကြောင့်အတိုးပေါ်အတိုးဆင့်ပြီး ဒုက္ခရောက်တာမြင်ပြီးသွေးလန့်သွားတယ်။ရေသာခိုစိတ်ကြောင့်ပဲ ပြည်သူ့ချဉ်ဖက် ဂျပန်စကားပြန်ဖြစ်ခဲ့တာပေါ့။ဂျပန်အရာရှိ တိုမိုရှီဏီအပေါ်မုန်းတီးခဲ့ပေမယ့် ဆရာတပည့်သံယောဇဉ်တော့ရှိတယ်။ဒါ့ကြောင့်ပဲဒဏ်ရာတွေကုသပေးခဲ့တယ်။သူသက်သာသွားတော့ ပျောက်ချင်းမလှ ပျောက်သွားတော့တာပါပဲကွာ။ငါလည်း ဒီအိမ်ကြီးမှာပဲစောင့်နေရင်းနဲ့ အမွေဆက်ခံခဲ့တာဒီနေ့ထိပေါ့”
“ဆရာ့အထင် ဂျပန်အရာရှိကြီး ဘယ်ရောက်သွားတယ်ထင်လဲ”
“တစ်ခါပြောဖူးတဲ့စကားအရဆို ဂျပန်အရာရှိတွေက စစ်ရှုံးတဲ့အတွက်ကိုယ့်ကိုယ်ကိုယ်သတ်လေ့ရှိကြတယ်။တခြားသူရက်ရက်စက်စက်အပြစ်ပေးအသတ်ခံရတာထက်စာရင် ကိုယ့်ကိုယ်ကိုယ်စီရင်တာကမှ ပိုကောင်းတယ်ပြောရမှာပေါ့။ စစ်ရှုံးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားမယ်ထင်တယ်။ဒါပေမယ့်လည်းခုချိန်ထိအသက်ရှင်နေမယ်လို့မျော်လင့်ပါတယ်ကွာ ”
“သြော်မနက်ဖြန်ဆရာ့သား ပြန်လာမယ်ဆို အချိန်မနည်းတော့ဘူးဆရာ”
“ဟုတ်သား ညိုမောင်မင်းကိုသွားကြိုခိုင်းထားတာ နောက်မကျစေနဲ့ကွာ အချိန်လည်းလင့်ပြီ အိပ်ကြတော့ ငါလည်းအိပ်တော့မယ်”
“ကျွန်တော်လိုက်ပို့ပေးမယ်လေဆရာ”
“အပေါ်ထပ်လောက်လေး ငါ့ဘာသာတက်နိုင်ပါတယ် သွားမင်းတို့သာ သွားအိပ်ကြ မနက်ဖြန်ငါ့သားလေးမျက်နှာကိုမြင်ရတော့မယ်……”
မောင်မြင့်နှင့် ညိုမောင်လည်း သူဋ္ဌေးဖြစ်သူ၏ သား ကိုကြိုရမည့်တာဝန်ကြောင့်
သောက်လက်စများကို ဘရိတ်အုပ်ကာ အလုပ်သမားတန်းလျားသို့ပြန်သွားတော့သည်။ဦးနိုင်မင်းဦးတစ်ယောက်လည်း အရက်ဆက်သောက်ပြီး ခဏကြာမှ အပေါ်ထပ်သို့ တစ်လှမ်းချင်းလှမ်း၏။
သောက်ထားသည့်အရှိန်ကြောင့် ယိုင်ထိုးနေသည်။
နောက်ကဆွဲထားသည့် လက်အစုံကြောင့် ဦးနိုင်မင်းဦးတစ်ယောက် လှည့်ကြည့်လိုက်သည်။
“ဘယ်သူတုန်း”
အမေးစကားနှင့်အတူ ဦးနိုင်မင်းဦးတစ်ယောက် အရက်အမူးပြေစေသည့်မြင်ကွင်းကို မြင်လိုက်ရ၏။
“ဆရာ တိုမိုရှီဏီ ခင်ဗျားမသေဘူး…”
“ဟား…ဟား…မင်း ကို ငါ သတ် က မယ် ဟားဟား…”
“ဟင်အင်း ခင်ဗျားကသေပြီလေ သွားသွား…”
“အား…ဒုတ် အ အု…”
ှုဦးနိုင်မင်းဦးတစ်ယောက် ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘဲ လှေကားမှ လိမ့်ကျကာ
သေပွဲဝင်ခဲ့ရတော့သည်။
××××
၂၀၀၃ခုနှစ်
“နှင်းအေး နင် အိမ်မည်းကြီးအကြောင်းသိလား သိပ်ကြောက်စရာကောင်းတယ် အဲ့အိမ်ကြီးက အသေခြောက်တာ”
“ဘယ်အိမ်မည်းကြီးလဲဟ ငါကခုမှရန်ကုန်တက်လာပြီးအလုပ်လုပ်ရတာလေ ဒီမြို့ကအကြောင်းတွေ ဘယ်သိမလဲ”
“လမ်းမကြီးကနေ ငါတို့အထည်ချုပ်စက်ရုံကိုလာတဲ့လမ်းသွယ်နှစ်ခုရှိတယ်လေ တစ်လမ်းကသစ်ပင်အကြီးကြီးတွေမရှိဘူး ရှင်းနေတာပဲ ဘာဆိုဘာမှမရှိဘူး လမ်းတော့ကြမ်းတယ် တစ်လမ်းက မလေးရှားပိတောက်ပင်တွေရှိတယ်လေ လမ်းကချောနေတာပဲလေ”
“အင်း သိတယ် ငါလာတိုင်းမလေးရှားပိတောက်ပင်တွေရှိတဲ့ဆီကနေ လာနေကျ သစ်ပင်ရိပ်တွေဆိုတော့အေးတယ်လေ စိတ်ထဲလန်းဆန်းစေတယ်”
“ငါပြောချင်တာလဲအဲ့လမ်းပဲ (—)လမ်းတစ်ဝက်လောက်မှာ သစ်ပင်တွေအထပ်ထပ်ကွယ်နေတဲ့ ခြံကြီးတစ်ခြံရှိတယ်။အဲ့ခြံထဲမှာမှ အိမ်မည်းကြီးတစ်အိမ်ရှိတယ် အဲ့အိမ်ကဒီ(—)ရပ်ကွက်မှာ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတယ်ဟ နင်ညဘက်တွေ အဲ့လမ်းက မပြန်နဲ့နော်”
“နင်ကလည်း သရဲများယုံနေသေးတယ် ငါတော့မကြောက်ပါဘူး ရွာမှာဆို သရဲခေါ်တမ်းကစားနည်းတွေဆော့တယ်။ အုတ်ဂူတွေမှာဆို ငါတို့ခြေရာတွေချည်းပဲ။ငါ့ကိုအရီးမြက ပြောတယ် သရဲဆိုတာကြောက်စရာမကောင်းဘူး လူတွေကသာကြောက်စရာကောင်းတာတဲ့ငါလည်းခုထိညနက်ထိ အလုပ်မလုပ်ရသေးဘူးလေ overtimeဆင်းချင်တာ သေတော့မယ်ဟ အပိုဝင်ငွေရအောင်”
“အင်း နင်ဟိုလမ်းကနေ မပြန်ဘူးလို့ ကတိပေးရင် ငါနောက်ရက်ကျ ဂျာကြီးကိုပြောပေးမယ်လေ”
“ဟုတ်တကယ်နော် ကျေးဇူးပါပဲစံပယ်ညိုရာ အစက ငါအရမ်းကြောက်နေခဲ့တာ ငါကနုံတယ်လေ ငါ့နားမှာငါ့ကိုသည်းခံပေးပြီးကူညီပေးတတ်တဲ့သူငယ်ချင်းကောင်းရှိနေတော့ငါမကြောက်တော့ဘူး”
“ဟုတ်ပါပြီ ထမင်းစားချိန်အချိန်ပြည့်ပြီ ပိတ်ကြိုးစားပြီး ညှပ်လိုက်ဦး ငါတော့မော်တာကြီးနင်းရဦးမယ် ကြိုးစားထား”
“ဟုတ်…”
နှင်းအေး နာမည်နှင့်လိုက်အောင် ရိုးရိုးအေးအေး တောသူမလေးတစ်ဦးဖြစ်၏။
ရုပ်ရည်အသင့်အတင့်ရှိပြီး ကလေးဆန်ဆန်ဖြူစင်ရိုးသားသည်။နုံအသည်က ပိုမှန်ပေမည်။မိဘများဆုံးပါးသွားသည်မို့ အဒေါ်ဖြစ်သူမြခက်ရှိသည့် ရန်ကုန်မြို့သို့ရောက်လာခြင်းဖြစ်သည်။အတန်းပညာမတတ်၍ စားဝတ်နေရေးအတွက် အထည်ချုပ်စက်ရုံတွင်အလုပ်သမဖြစ်လာ၏။
စံပယ်ညို သွက်လက်ချက်ချာပြီး အရာရာကိုပြောရဲဆိုရဲရှိသည်။ဇွဲနိုင်လင်း အထည်ချုပ်စက်ရုံတွင် အလုပ်သက်တမ်းအရှည်ဆုံးသူဟုဆိုရမည်။အပေါင်းအသင်းဝင်ဆံ့သည်။လူတိုင်းနှင့်တည့်အောင်ပေါင်းတတ်သည်။စံပယ်ညို၏ အားသာချက်မှာ လူချစ်လူခင်ပေါများခြင်းပင်။လူတိုင်းကိုမြှောက်ပင့်ပြောဆိုတတ်သည်။သို့သော်နှင်းအေးအပေါ် စိတ်ရင်းနှင့်ဆက်ဆံပေးရှာသည်။စံပယ်ညိုတွင်လည်းမိဘများဆုံးပါးသွား၍ နယ်မှတက်လာသည့် နယ်ရုပ်လေးတစ်ရုပ်ဖြစ်ခဲ့ခြင်းကြောင့်ပင်။
@@@
“ဂျလောက် ကျစ်…”
“ဟာ ဒီစက်ဘီးကလည်း ဘာဖြစ်ပြန်ပြီလည်းမသိဘူး အရေးကြီးပါတယ်ဆိုမှကွာ
တောက်စ်…”
သူရိန်တစ်ယောက် စက်ဘီးပျက်သွားသည်ကို စိတ်တိုဒေါသထွက်နေတော့သည်။
ညကိုးနာရီ ဘောလုံးပွဲရှိသည်မို့
သူငယ်ချင်းဖြစ်သူ အောင်အောင်တို့နှင့်
ချိန်းထားခြင်းကြောင့်ပင်။သူရိန်မှာ အလောင်းအစားအပျော်အပါးမက်သည်။ဘောလုံးပွဲများလောင်းတိုင်းလည်းရှုံးသည်ကများ၏။ဘောလုံးပွဲမလောင်းရလျှင် စားမဝင်အိပ်မပျော်သည့် ရောဂါရှိသည်။ဒေါသဖြင့် နှုတ်မှလည်း တစ်ယောက်တည်းဆဲဆိုအော်ဟစ်ရင်း စက်ဘီးကလေးတွန်းကာလျှောက်လာ၏။
“ရုတ်တရက် ဘာလို့ချမ်းလာတာလဲဟ
ကြက်သီးတောင်ထတယ် ”
“ဖပ် ဖပ် ရှပ် ရှပ်”
တိတ်ဆိတ်သည့်အချိန်ဖြစ်၍
ခြေသံသည်အတိုင်းသား ကြားနေရသည်။
သူရိန်လည်းသူ့နောက်တစ်ယောက်ယောက်လိုက်လာသည်ဟု ထင်ကာ လမ်းဘေးရှိ အုတ်ခဲကျိုးကို ကောက်ကိုင်လိုက်သည်။
“ဘယ်သူလဲကွ ငါ့နောက်ကနေလိုက်နေတာ သတ္တိရှိရင်ထွက်လာခဲ့”
“အဟင့်…ဟင့် အဟီး…ဟင့် ကယ်ပါ ကျွန်မကိုကယ်ပါ”
အမှောင်ထဲတွင် အဖြူရောင်ဂါဝန်ကြီးနှင့်လေထဲမြှောက်နေသည့် မိန်းကလေး၏ပုံရိပ်သည် သိပ်ကိုကြောက်စရာကောင်းသည်။
လက်ထဲတွင် အူများကလီစာများကို ဆုတ်ကိုင်ထား၏။
“သ သရဲ သွားငါ့နားမကပ်နဲ့”
“ကျွန်မကို ကယ်ပါ ကယ်ပါရှင် ကယ်ပါ”
“ဟင်အင်း သွားငါ့နားမလာနဲ့သရဲမ”
“ဗုန်း…ဂျက်…”
သူရိန်တစ်ယောက် စက်ဘီးကိုပစ်ထားခဲ့ကာ ခြေဖဝါးနှင့်တင်ပါး
တစ်သားထဲကျအောင်ပြေးတော့သည်။
@@@
“သမီး နှင်းအေးအဆင်ပြေလား ပိန်သွားသလိုပဲ”
“အလုပ်မှာအဆင်ပြေပါတယ် အရီးမြ အလုပ်ကနည်းနည်းပင်ပန်းတော့ပိန်သွားတာ ဘာမှမဖြစ်ပါဘူး တခြားသူတွေဆို သမီးခန္ဓာကိုယ် တခြမ်းလောက်ပဲရှိတာ”
“အေးကွယ် ဟုတ်ပါပြီ ချစ်သူရည်းစားလည်းမထားနဲ့နော် သမီးခုလိုအချိန်တွေပြန်လာတာပဲ အဆင်ပြေတယ် နောက်ကျတဲ့အထိအလုပ်မဆင်းနဲ့ကြားလား”
“အလုပ်ကအချိန်ပိုလုပ်မှ ဝင်ငွေနှစ်ဆရတာရီးမြရဲ့ သမီးရီးမြအဝတ်လျှော်ပြီးရလာတဲ့ငွေလေးနဲ့ ထမင်းထိုင်စားတာတစ်လရှိပြီလေ ခုအလုပ်လေးရပြီသမီးအပိုဝင်ငွေလေးနဲ့ထောက်ပံ့နိုင်ရမှာပေါ့”
“သာဓု သာဓု သာဓုပါသမီးလေးရယ် ညည်းအကို သူရိန်သာ သမီးရဲ့အသိဥာဏ်တစ်ဝက်ရှိရင်ကောင်းမယ်”
“ခုရက်ပိုင်း ကိုကြီးသူရိန်လည်း မလာပါလား”
“ပြောရမှာရှက်ပါတယ်သမီးရယ် ဟိုရက်ကဘောလုံးပွဲလောင်းဖို့သွားရင်း လမ်းမှာသရဲအခြောက်ခံရလို့တဲ့ အကြောက်လွန်ပြီး ဘုန်းကြီးဝတ်နေလေရဲ့အကျင့်ဆိုးလေးတွေပျောက်သွားပါစေဆုတောင်းတယ်”
“သမီးတောင်မသိဘူး အရီးမြကော သွားမတွေ့ဘူးလား”
“မတွေ့နိုင်ပါဘူးသမီးရယ် သူ့အဖေနဲ့ကွာရှင်းပြီးပြီ နောက်အိမ်ထောင်နဲ့သားလေးလည်းချောင်ချောင်လည်လည်နေရတယ်ဆိုတော့ သွားမရှုပ်တာဘဲကောင်းတယ်”
“အင်းပါ ရီးမြအားမငယ်နဲ့ သမီးရီးမြနဲ့အမြဲအတူနေသွားမယ်နော်”
“ဟုတ်ပါပြီ ကဲရေမိုးချိုး ပြီးရင်ထမင်းစားကြမယ်”
“ဟုတ်ကဲ့ ရီးမြ”
ဒေါ်မြခက်မှာ တူမဖြစ်သူ နှင်းအေးအားအလွန်ချစ်ရှာသည်။နှင်းအေးလည်း ဒေါ်မြခက်အား အမေကဲ့သို့ချစ်ခင်လေးစားသည်။
နှင်းအေး အဒေါ်ဖြစ်သူနှင့် နေထိုင်ရင်း
ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရ၏။သို့သော် ကံကောင်းမှုနှင့်အတူ ကံဆိုးခြင်းတွေလည်း လိုက်ပါလာသည်။
@@
“အစ်မ ညီမတစ်ခုလောက်မေးချင်လို့ရှင့်”
“မေးလေ ညီမ ဘာလိုအပ်တာရှိလို့လဲ”
“ညီမသူငယ်ချင်း စံပယ်ညို အလုပ်မလာတာ လေးငါးရက်ရှိပြီရှင့် သူဘာဖြစ်လို့မလာတာလဲသိမလားလို့ပါ”
“အစ်မလည်း မသိဘူးကွဲ့ ”
နှင်းအေး တစ်ယောက် စိတ်ထဲတွင်ထင့်နေသည်။စံပယ်ညို မှာ သူ့အတွက်တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သလို အစ်မတစ်ယောက်ဆိုလည်းမမှားချေ။ဘာအကြောင်းပြချက်မှ မရှိဘဲ အလုပ်မလာသည်မှာ တစ်ရက်နှစ်ရက်မှာ ရက်ရှည်ကြာလာသည်နှင့်အမျှ စိတ်ထဲတွင် စိတ်ပူသောကရောက်နေတော့သည်။
နှင်းအေး အလုပ်တွင်လည်းစိတ်ပါဝင်စားခြင်းမရှိတော့ချေ။အမှားမှားအယွင်းယွင်းဖြင့် နေ့စဉ်အဆူခံနေရသည်။
“မင်း ဒါလေးတောင်မလုပ်တတ်ဘူးလား
ဒီပိတ်စတန်ဖိုးတစ်ခုက ဘယ်လောက်လဲမင်းသိလား”
“ကျွန်မတောင်းပန်ပါတယ် မန်နေဂျာကြီးရယ် ကျွန်မလစာထဲကဖျက်မယ်ဆိုလည်းဖျက်ပါနော်”
“မင်းလစာဟုတ်လား မင်းတစ်နှစ်ကျွန်ခံရင်တောင် ကျေမှာမဟုတ်ဘူး”
“ဒီမှာဘာတွေဖြစ်နေတာလဲ”
“သူ…သူဋ္ဌေး ဘယ်တုန်းကပြန်ရောက်လာတာလဲ”
“ငါမေးနေတယ်လေ ဘာဖြစ်နေတာလဲလို့”
“အလုပ်သမားအသစ်ကြောင့် ပိတ်စအချို့ပျက်စီးသွားတယ် အဲ့ဒါဆူနေတာပါ သူဋ္ဌေး ”
“မင်းပြောပြ အဖြစ်အပျက်အားလုံး တစ်ခုမကျန်”
နှင်းအေး ဘာမှမပြောနိုင်ချေ။
ခေါင်းငိုက်ကာ လူရှေ့သူရှေ့အဆူခံရသည်မို့ ရှက်ကြောက်နေမိသည်။
“ငါမေးရင် ချက်ချင်းဖြေမှကြိုက်တာ မင်းခေါင်းမော့လိုက်”
“ကျွန်မ ပြောပါ့မယ် ကျွန်မ တကယ်မရည်ရွယ်ဘဲ မတော်တဆပိတ်စတွေပျက်စီးအောင် လုပ်မိတာပါ တစ်နှစ်အလုပ်လုပ်ပြီးပြန်ဆပ်ဆိုလည်း ဆပ်ပါ့မယ် ကျွန်မရှိခိုးပြီးတောင်းပန်ပါတယ်နော်”
သူဋ္ဌေး ဇွဲနိုင်လင်း နှင်းအေး၏ အပြုအမူအား စိတ်ထဲကျေနပ်သဘောကျနေမိသည်။
ဖြူစင်ရိုးသားသည့် အပြုအမူအား ပထမဦးဆုံးတွေ့လိုက်ရခြင်းကြောင့်ပင်။
“ပထမဦးဆုံးအမှားပဲ ငါခွင့်လွှတ်တယ် နောက်မမှားစေနဲ့ပေါ့ မန်နေဂျာ ရဲထက် ရုံခန်းထဲလိုက်ခဲ့”
သူဋ္ဌေးစကားကြောင့် နှင်းအေးစိတ်သက်သာရာ ရသွားတော့သည်။
မန်နေဂျာလည်း ထိုအဖြစ်အပျက်ကြောင့်
အလုပ်မှအထုတ်ခံလိုက်ရ၏။သူဋ္ဌေးကိုယ်တိုင် အထည်စက်ရုံတွင်အချိန်ပြည့်ရှိနေတော့သည်။
ဇွဲနိုင်လင်း အသက်၃၂နှစ် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် စီးပွားရေးလုပ်ငန်းအချို့အား ဦးဆောင်နေသည့် လုပ်ငန်းရှင်တစ်ဦးပင်။ရုပ်ရည်အားဖြင့် ခန့်ညားပြီး မိန်းကလေးအများစု၏ ချစ်ခင်မှုကိုခံရသည်။သို့သော် ဇွဲနိုင်လင်းချစ်သူရည်းစားမထားခဲ့ချေ။စိတ်ထဲတွင်လည်း မိန်းမမှန်သမျှ အမူအယာများသည်ဟု တွေးမှတ်ထားခြင်းကြောင့်ပင်။
သို့သော် နှင်းအေးနှင့်တွေ့ပြီးသည့်နောက်ပိုင်း ဇွဲနိုင်လင်း၏ အတွေးအခေါ်များပြောင်းလဲသွားသည်။နှင်းအေးအား မြင်မြင်ချင်းဆိုသလို ချစ်မိသွားသည်။နှင်းအေး အချစ်အားရရန် တစ်လကျော်စောင့်လိုက်ရသည်။နှစ်ဦးသား ချစ်ကြိုက်ကာ လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ကြသည်။
@@@
“နှင်းအေး”
“ဟင် စံပယ်ညို နင်ဘယ်တွေရောက်နေတာလဲဟာ”
“ငါ့မှာအချိန်မရှိဘူး နင် ဇွဲနိုင်လင်းနဲ့မပတ်သက်ပါနဲ့နော်”
“ကိုဇွဲကို နင်သိတယ် ကိုဇွဲကဘာဖြစ်လို့လဲဟင်”
“သူက လူမဟုတ်ဘူး လူ့မိစ္ဆာကြီး သူနဲ့ဝေးဝေးနေပါဟာ”
“မဟုတ်ဘူး ကိုဇွဲက လူကောင်းတစ်ယောက်ပါ နင်တစ်ခုခုအထင်လွဲတာဖြစ်ပါလိမ့်မယ်”
“ငါ့လိုအဖြစ်မျိုး နင်မဖြစ်အောင်ပါဟာ ငါသွားတော့မယ် နင့်အတွက်နောက်ဆုံးလက်ဆောင်ပေးခဲ့မယ်ရော့”
စံပယ်ညို ရင်ဘတ်အား ဓားနှင့်ထိုးစိုက်လိုက်သည်။
“အား…”
နှလုံးအား စွဲထုတ်ယူကာ နှင်းအေးအားပေး၏။ရယ်မောကာဖြင့်
“နင် ငါ့ကိုယုံပါနော် ရော့ ယူလိုက်ပါ”
“ဟင်အင်း စံပယ်ညို ငါမယူဘူး ငါမယူဘူး”
“သမီး ဘာဖြစ်တာလဲ”
“အ အရီးမြ သမီးအိပ်မက်ဆိုးတွေမက်နေလို့”
“ချွေးတွေချည်းပဲ သမီးရယ် ရော့ရေလေးသောက်လိုက်ဦးနော် မနက်အလုပ်သွားရဦးမှာ အိပ်ပျော်အောင်ပြန်အိပ်နော်သမီး”
“ဟုတ်ကဲ့ပါ အရီးမြ…”
နှင်းအေး ဘယ်လိုမှပြန်အိပ်၍မရ
မနက်နေရောင်သာ ထွက်လာတော့သည်။
@@@
“နှင်း အလုပ်လာတာ မျက်နှာလည်းမကောင်းပါလား”
“ဟုတ်တယ် ညက အိပ်မက်ဆိုးမက်ပြီး
ပြန်အိပ်လို့မရတော့လို့”
“အိပ်ရေးတော့ဝအောင်အိပ်ပါ
ကိုယ်ပြောစရာရှိတယ် ကိုယ်တို့လက်ထပ်ကြရအောင်လေ”
“ခဏလေး နှင်းမေးစရာရှိတယ် စံပယ်ညိုဆိုတဲ့တစ်ယောက်ကို သိလားဟင်”
“စံပယ်ညို!!”
စံပယ်ညိုဆိုသည့်စကားကြောင့်
ဇွဲနိုင်လင်းရုပ်ပျက်သွားသည်ကို
နှင်းအေးသတိထားမိသည်။
“ကိုယ် ကိုယ်မသိပါဘူး ဘာဖြစ်လို့လဲဟင်”
“သေချာလို့လား ကိုဇွဲမျက်နှာက ဘာဖြစ်နေတာလဲ”
“ဟို…ကိုယ်မနေ့က မိုးမိပြီးဖျားချင်သလိုဖြစ်နေတာ နှင်းကိုတွေ့ချင်စောများပြီးစက်ရုံလာတာလေ တခြားအလုပ်ပြောင်းပေးတာလည်း နှင်းမှလက်မခံတာ ”
“နှင်း သူများကဲ့ရဲ့တာမခံချင်လို့ပါ ကိုယ်ပူနေတယ် ဆေးခန်းသွားပါလားဟင်”
“ဟင်အင်း နှင်းနဲ့တွေ့တော့ ကိုယ့်ရောဂါတွေ ပျောက်သွားပြီ”
“ဟွန့် ပိုပြီနော် ”
“မပိုရပါဘူးဗျာ ဒီကောင်မလေးကြောင့် ကိုယ့်မှာပြောင်းလဲသွားတာတွေအများကြီးပဲသိရဲ့လား”
“ကဲပြောပါဦး ဘာတွေပြောင်းလဲသွားလဲ”
“ကိုယ်ကအရင်ကလူကြမ်းကြီးလေ ဒီကောင်မလေးနဲ့တွေ့မှ မင်းသားလေးဖြစ်သွားတာ”
“သူဋ္ဌေး ဖုန်းလာတယ်”
“အင်း လာပြီ နှင်းခဏစောင့်နော်
ကိုယ်ဖုန်းပြောလိုက်ဦးမယ်”
“ဟုတ်……”
×××
“ဘာအရေးကြီးကိစ္စရှိလို့လဲ ကိစ္စမရှိရင်
ဖုန်းမဆက်ဖို့သတိပေးထားရဲ့သားနဲ့”
“အရေးကြီးတယ်သူဋ္ဌေး ဟိုဘက်ကသူဋ္ဌေးနဲ့တွေ့ချင်နေတယ်
လူထပ်လိုတယ်ပြောနေတယ် ခုစောင့်နေတယ် သူဋ္ဌေးနဲ့မတွေ့ရင် မပြန်ဘူးလုပ်နေလို့”
“အိုကေ သိပြီ ငါလာခဲ့မယ်”
“နှင်း ဘာဖြစ်လို့လဲ”
“ခေါင်းမူးနေလို့ အိမ်ပြန်ပြီးအနားယူချင်တယ်”
“ကိုယ်လိုက်ပို့မယ်လေ”
“ခုနက ဖုန်းထဲမှာခုလာခဲ့မယ်ကြားလိုက်တယ် အရေးကြီးတာပဲ သွားလိုက်ပါနော်”
“ကဲပါ လာတစ်ခါတည်းလိုက်ခဲ့နော်”
“ဘယ်လဲ”
“ရောက်ရင်သိမယ် နီးနီးလေးပဲ”
ကားဆယ့်ငါးမိနစ်ကြာမောင်းပြီးသည်နှင့်
ခြံကြီးတစ်ခြံထဲသို့ ဝင်လာလိုက်သည်။
ထိုခြံထဲတွင် သစ်ပင်များဖုံးလွှမ်းနေသည့်အိမ်မည်းကြီးတစ်လုံးရှိသည်။
“ဒီနေရာက…”
“ဒီအိမ်ကြီးက ကိုယ့်အိမ်လေ
ကိုယ့်အဖေနေခဲ့တဲ့အိမ်ပေါ့ တစ်ခါတလေ အပန်းဖြေဖို့လာနေတတ်တယ် ခု သူငယ်ချင်းနဲ့ချိန်းထားလို့”
“ဟုတ်လို့လား”
“ဘာလဲ နှင်းကကိုယ့်ကို မယုံတာလားကြောက်နေတာလား ကားပေါ်ကဆင်းခဲ့လေ”
“အင်း…”
“သူဋ္ဌေး သူက…”
“ဒါ ငါ့ဇနီးလောင်း ဧည့်သည်တွေကို ငါလာခဲ့မယ်လို့ပြောလိုက်”
“ဟုတ်ကဲ့သူဋ္ဌေး…”
××
“အိမ်ကအပေါ်ထပ်မှာပဲ အိပ်ခန်းရှိတယ် အဲ့မှာဆို အေးဆေးအနားယူလို့ရတယ် တိတ်ဆိတ်တယ်”
“ဟင်…”
“ကောင်မလေးနော် ဘာတွေတွေးနေတာလဲ ကိုယ်ကအလုပ်ကိစ္စစာချုပ်ချုပ်စရာလေးတွေရှိတယ်ကြာမှာ ကဲ အခန်းထဲဝင် အေးဆေးအိပ် ကိုယ်ဘာမှမလုပ်ဘူး အထဲကလော့ချထားနော် ဘယ်မှလျှောက်မသွားနေနဲ့ ကိုယ်နှစ်နာရီလောက်ကြာရင် လာနှိုးမယ်စိတ်ချလက်ချ အိပ် ဘယ်မှလျှောက်မသွားနဲ့နော်”
“အင်းပါ အမြန်သွား”
နှင်းအေး အိပ်ရေးပျက်ထားသည့်အရှိန်ကြောင့် ခဏလေးနှင့် အိပ်မောကျသွားတော့သည်။
“ကယ်ပါ ကျွန်မတို့ကို ကယ်ပါ”
“နှင်း နင်ဘာလို့ငါ့စကားနားမထောင်တာလဲဟာ”
“စံပယ် နင်ဒီကိုဘယ်လိုရောက်နေတာလဲ သူတို့ကဘယ်သူတွေလဲဟင်”
“သူတို့က ငါ့လိုပဲအဖြစ်ဆိုးနဲ့သေပြီး သရဲဘဝရောက်နေကြတာ”
“ဟင် နင် သေကသေသွားပြီ”
“ဟုတ်တယ် ငါတို့ကို နင့်ရဲ့ချစ်လှစွာသောချစ်သူ ဇွဲနိုင်လင်းဆိုတဲ့လူယုတ်မာကြီးသတ်တာ သိလားသူသတ်တာ ငါတို့ကိုရက်ရက်စက်စက်သတ်ခဲ့တာ”
“ဟင်အင်း ငါမယုံဘူး ငါမယုံဘူးဟာ”
“နင်ယုံအောင် သတ်သေပြမယ် ဒီအိမ်ကြီးမှာ မြေအောက်ခန်းရှိတယ် အဲ့ထဲမှာငါတို့ကိုမြုပ်ထားတာ”
“ငါမယုံဘူး ကိုဇွဲကလူကောင်း”
“နင်မယုံလို့ ယုံအောင်သက်သေပြမယ် နင်သာမြေအောက်ခန်းထဲဝင်လိုက်ရင် အဖြစ်မှန်သိလိမ့််မယ်”
“မြေအောက်ခန်းက ဘယ်မှာလဲ ငါနောက်လိုက်ခဲ့ ”
နှင်းအေး စံပယ်ညိုနောက်လိုက်သွားသည်။အောက်ထပ်ရောက်လျှင် အနောက်ဘက်ခြမ်းတွင် မီးဖိုချောင်ရှိသည်။မီးဖိုချောင်အခန်းရှိ စင့်အိုးကြီးအောက်တွင် မြေအောက်ခန်းတစ်ခုရှိလေသည်။ထိုနေရာကို
စံပယ်ညိုလက်ညိုးထိုးပြ၏။
“ဟင်အင်း မဟုတ်ဘူး”
နှင်းအေး အိပ်မက်မှ နိုးလာသည်။ပြတင်းပေါက်မှ အောက်သို့ လှမ်းကြည့်လိုက်လျှင် ဇွဲနိုင်လင်း လူတစ်စုနှင့် စကားပြောနေသည်။နှင်းအေး အိပ်မက်မြင်မက်သည့် မြေအောက်ခန်းအားရှာရန် အောက်ထပ်သို့ဆင်းလာ၏။
“ဘာလိုလို့လဲ သူဋ္ဌေးကတော်”
“ကျွန်မဗိုက်ဆာလို့ မီးဖိုချောင်ထဲသွားချင်လို့”
“ဟုတ်ကဲ့……”
နှင်းအေး အိပ်မက်ထဲတွင်မြင်မက်သည့်မြင်ကွင်းများအား တွေ့နေရသည်။မီးဖိုချောင်၏ ထောင့်တစ်နေရာတွင် စင့်အိုးကြီးတစ်ဦးရှိသည်။စင့်အိုးထဲတွင် ဘာမှမရှိ၍ အလွယ်တကူရွေ့၍ရသည်။တံခါးတစ်ချက်ရှိ၍ ဖွင့်ကာ ဝင်လိုက်၏။အထဲသို့ရောက်လာသည်နှင့် ပုတ်စော်များ နံလာသည်။ပျို့အန်မတက် အနံ့မှာဆိုးဝါးလှ၏။စင့်အိုးကြီးများတန်စီထားသည်ကို တွေ့သည်မို့ အဖုံးများဖွင့်လိုက်သည်။
နှင်းအေးဆုတောင်း မပြည့်ခဲ့ပေ။စင့်အိုးများတွင် အရိုးများ အသားစများပြည့်နှက်နေ၏။ထိုမြင်ကွင်းကြောင့် နှင်းအေးတုန်လှုပ်ခြောက်ခြားသွားသည်။
“အား…အား…”
နှင်းအေး အော်ဟစ်ကာထိုနေရာတွင် သတိမေ့သွားတော့သည်။
×××
“မိန်းကလေးတစ်ယောက်အသံကြားလိုက်သလိုပဲ ”
“နှင်း …”
ဇွဲနိုင်လင်း နှင်းအေးအားသတိရသွားသည်မို့ အိမ်ထဲသို့ အပြေးဝင်သွားတော့သည်။
“နှင်းအေးကော…”
“ဗိုက်ဆာတယ်ပြောပြီး မီးဖိုချောင်ထဲဝင်သွားတယ်”
“ဟာကွာ…”
ဇွဲနိုင်လင်း မြေအောက်ခန်းထဲဝင်သွားသည်နှင့် မြေပြင်တွင်လဲကျနေသည့်နှင်းအေးကို တွေ့လိုက်ရသည်။လဲကျနေသည့် နှင်းအေးအားပွေ့ချီလိုက်သည်။
“နှင်း သတိထားပါဦး နှင်း သတိရပါဦးကွာ”
“ရှင် ကျွန်မကိုလွှတ် လွှတ် လူယုတ်မာ လူသတ်သမား”
“ဟုတ်တယ် ကိုယ်က လူသတ်သမား
ကိုယ်မိန်းမတွေကိုမုန်းတယ် မွေးစားအမေ မိထွေးဆိုတဲ့မိန်းမကြီးကိုလည်းမုန်းတယ် အကုန်မုန်းတယ် နှင်းတစ်ယောက်တည်းကိုပဲ ကိုယ်ချစ်ခဲ့တာ”
“ကျွန်မရှင့်ကို မုန်းတယ် ရှင်ကျွန်မကိုလွှတ် လွှတ်”
“မလွှတ်ဘူးကွာ မလွှတ်ဘူး ကိုယ်တို့လက်ထပ်ကြဦးမှာလေ နော် ကိုယ့်ကိုမမုန်းရဘူး”
“မုန်းတယ် လွှတ်…”
“ဇွဲနိုင်လင်း ကောင်မလေးကို လွှတ်လိုက်ပါ ခင်ဗျားတို့ကို ရဲတွေဝိုင်းထားပြီ”
“မလွှတ်ဘူးဗျာ သူက ကျုပ်ချစ်ရတဲ့တစ်ဦးတည်းသော မိန်းကလေး မလွှတ်ဘူး”
“ရှင် ကျွန်မကို လွှတ်နော်လွှတ်”
“မလွှတ်ဘူးကွာ မလွှတ်ဘူး”
“ဒိုင်း ဖောက်…အ အု”
ကျည်ဆံအရှိန်အဟုန်ပြင်းစွာ ဇွဲနိုင်လင်း၏နှလုံးတည့်တည့်သို့ဖောက်ဝင်သွားတော့သည်။
“ကိုဇွဲ…”
“နှင်း ကိုယ့်ကို မမုန်း……”
“ကိုဇွဲ ကိုဇွဲရှင်မသေရဘူးလေ ရှင်မသေရဘူး………”
ဇွဲနိုင်လင်းတစ်ယောက် လူ့လောကနှင့်အဆက်သွယ်ပြတ်သွားတော့သည်။မိထွေး၏နှိပ်စက်မှုများကြောင့် မိန်းမမှန်သမျှမုန်းတီးခဲ့၍ ငွေမက်ပြီးဖောက်ပြန်သည့်မိန်းကလေးများအား မသေမရှင်နှိပ်စက်သတ်ဖြတ်ကာ နှလုံးထုတ်ရောင်းချခဲ့သည်။ရဲများမှာစက်ရုံတွင်မိန်းကလေးများပျောက်နေခြင်းကြောင့် ဇွဲနိုင်လင်းအားစောင့်ကြည့်နေခဲ့၍ ဧည့်သည်ယောင်ဆောင်ကာ ခြံကြီးထဲတွင်ရောက်ရှိနေခြင်းကြောင့် အချိန်မီရောက်ရှိလာခြင်းဖြစ်သည်။ ပြစ်မှုများကြောင့် ဇွဲနိုင်လင်း၏ ဝိညာဉ်အားထောင်ထဲတွင် တစ်သက်တစ်ကျွန်းချုပ်နှောင် ဖမ်းဆီးထားလေသည်။နှင်းအေးလည်း စိတ္တဇဝေဒနာရှင်တစ်ဦး အဖြစ်သို့ ရောက်ရှိခဲ့ရသည်။
ပြီးပါပြီ…
စုသစ္စာ(ဓနုဖြူ)စိတ်ကူးပုံဖော်သည်။