အောက်လမ်းဘိုးထင်၏ဘဝအစ

*အောက်လမ်း ဘိုးထင်၏ ဘဝအစ*📖📖📖

****************************************

မောင်တင်ဆန်း

(၁)

▪️အခန်း-၁

ဘဝ ……ဘဂုံးနဲ့ စပြီး ဝလုံးနဲ့ဆုံးသော နှစ်လုံးထဲသော ဗမာ စကားလုံးနှစ်လုံး၊  ကံကိုအစပြုလို့ ဘဝဆိုတာ ဖြစ်တည်လားပြီး ဘ၀ ကြောင့်ပဲ ဇာတိဆိုတဲ့ မွေးဖွားချင်ကို ရောက်ရှိကြရပါသည်။

“အူဝဲ အူဝဲ”

မွေးဖွားစ ကလေးတစ်ယောက်ရဲ့ငိုသံက လင်းကြက်တွန်ခါနီး အချိန်ခန့်တွင့် မှောင်မိုက်နေသော ပတ်ဝန်းကျင်ရှိ အိမ်လေးတလုံးဆီက အစပြုလို့ ဝန်းကျင်တစ်ခုလုံးသို့ ပြန့်ကျဲလွင့်စင်သွားပါတော့ သည်။

“မောင်ကောင်း ကလေးမွေးပြီ ယောကျ်ားလေးဟဲ့”

အားရဝမ်းသာ ဖြင့်အော်ပြောလို့ မဆုံးသေး

“မြခင် မြခင် မြခင် “

အရပ်လက်သည် ဒေါ်ငယ်လေးရဲ့ အလန့်တကြားအော်သံကြားမှာ ဦးကောင်းရဲ့ ခြေလှမ်းတွေ့ တုန့်ဆိုင်းသွားခဲ့ ရပါသည်။

“အရီး….. မြခင်ဘာ ဖြစ်လို့ လဲ ဗျ”

ပြန်ဖြေသံ မပြုချင်းကြောင် အခန်းထဲသို့ ဦးကောင်း လှမ်းဝင် လိုက်တဲ့အချိန်မှာ တွေ့ လိုက်ရသည်မြင်ကွင်း‌ေကြာင့် ဦးကောင်း လို အသာ ညို ညို ယောကျ်ားရင့်မာ ကြီးရဲ့ မျက်လုံးတွင် မျက်ရည်တွေ ရစ်ဝဲရသည် အထိပါပဲ ၊ အကြောင်းသည် က ငြိမ်သက်စွာရှိနေသော မြခင် ကြောင့်ဖြစ်၏၊  မြခင်သည် အသက်ရှုချင်းကဲမဲ့စွာ လဲလျှောင်းနေပါတော့သည် ထို အချိန်တွင် သူမ ရဲ့ ဘေးတွင် ရှိနေသော လူမမယ် ကလေး ရဲ့ ငိုသံက ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို ဖောက်ထွင်းသွားပါလေတော့သည် ။

နောင်တွင်ခေါ်မည်ထိုကလေးငယ်ရဲ့ အမည်က

“အောက်လမ်းဘိုးထင်”

▪️အခန်း – ၂

အသက်၁၂နှစ်ကျော်ကလေး မောင်ဘိုးထင်သည် ၊ လွယ်အိတ်တလုံးကိုလွယ်၍ အိမ်ရှေ့မှ ထွက်ဟန်ပြင်လိုက်သည် ၊ ထိုအခါ အိမ်ရှေ့ကွပ်ပြစ်တွင် ထိုင်နေသော ဖခင်ဖြစ်သူ ဦးကောင်းမှ စကားသံအချို့ထွက်လာသည်

“ဂြိုလ်ကောင် ဘိုးထင် “

“ဗျာ အဖေ ကျနော်ဘာလုပ်ပေးရမလဲ “

“မင်းကို ဘိုးထင် လို့ဘာလို့ပေးတာလဲ သိလား “

“သိပါတယ် “

“သိရင်ပြောစမ်းကွာ “

“ဘိုး ဆိုတဲ့ စကားလုံးအရ  အသက်ကြီးနေပြီ မြန်မြန်သေ မယ်ထင်လို့ ပေးထားတာပါ “

“အေးဟုတ်တယ် မင်းကိုသာ မမွေးရင် ငါမိန်းမ မသေဘူးကွ “

“ကျနော်နဲ့ ‌ဆိုင်လို့လားအဖေ “

“မင်းကိုသာ ငါ့မိန်းမ မမွေးခဲ့ရင် သေမလား”

“အဲ့တာဆိုလည်း ကျနော့်ကို လွှင့်ပြစ်လိုက်ပါလား “

“အေး မင်းကို အဲ့လိုလုပ်ချင်တာ ငါ့ညီမ စန်းဝေက သာ မင်းကို နို့တိုက်ပြီး မွေးထားတာ”

“ဟုတ်ပါပြီဗျာ ကျနော် ငှက်သွားပြစ်ရင်း ကြွက်ကပ်ဘိ ထောင်ဦးမှာ မို့ မိုးချုပ်မယ် “

“အေး မိုးချုပ်တာ ချုပ်လို့ရတယ်  ပြန်မလာလည်းရတယ် ဒါပေမဲ့  အချိန်ကို သိတယ်နော် မင်းတလုံးလာပို့ရမဲ့ အချိန် “

“အင်းပါဗျ “

မောင်ဘိုးထင်အား အဒေါ်ဖြစ်သူ မစန်း‌ေဝ မှ ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပေးသည်၊ ဖခင်ဖြစ်သူ ဦးကောင်သည်က သူ့အားဂရုမစိုက် ရှိသည်ဟုပင်မထင်ပေ ၊ အဒေါ်ဖြစ်သူ သူ့အသက် ၈ နှစ်အရွယ်တွင် ဆုံးပါးသွာပြန်သည် ထိုအခါ အဒေါ်ဖြစ်သူ၏ ယောက်ျားသည် မောင်ဘိုးထင်အား နှင်ချလိုက်သောကြောင့် ဖခင်ဖြစ်သူအိမ်ထံပြန်ရောက်လာရချင်း‌ေပ ၊ မောင်ဘိုးထင်သည် ကြွက်ထောင် ငှက်ပြစ် ငါးဖမ်း ချင်းအလုပ်တွေကို လုပ်ရင်း ဦးကောင်းအတွက် အရက်တလုံး ပုန်မှန်ဝယ်ပေးရသလို စာဝတ်နေရေးအတွက် ပိုက်ဆံရှာရသေးသည် ၊ လယ်နှစ်ဧက ပိုင်ဆိုင်ထားပေမဲ့ အဖေဖြစ်သူက လယ်မလုပ်၍  သီးစားချထားသောကြောင့်  ဝမ်းစာစပါးအတွက် မပူရလို့တော်သေး၏၊
ယခုလည်း မောင်ဘိုးထင် တောသို့သွားချေပြီဖြစ်၏၊ မောင်ဘိုးထင်နေသော သစ်စိမ့်ရွာလေးသည် တောအရမ်းကျသော ဒေသဖြစ်သည် ၊ ရွာဝင် အတန်လှမ်းသော‌ေနရာတွင် သင်္ချိုင်းကုန်းရှိပြီ အုတ်ဂူအဟောင်းများက ဆေးရောင်မရှိ လူသွားလမ်းဘေးတွင် ကပ်လျက်ရှိ၏ ၊ သင်္ချိုင်း ကုန်းဟု အမည်နှင့်လိုက်အောင် ရွာ၏ သင်္ချိုင်းကုန်သည် ကုန်လေးပေါ်တွင်ရှိပြီး သစ်ပင်ကြီး သစ်ပင်ငယ် နှင့် ချုံနွယ်ပိတ်ပေါင်း တို့ကထူလှသည် လူတယောက်သေရင်သာ လူတယောက်မြှပ်နိုင်သော နေရောလောက်ကို ရှင်းလင်းပြီး မြေတူးကြသည် ၊ ထိုကြောင့်  သင်္ချိုင်းကုန်သည် တောဖြစ်နေသည်၊ ယခု မောင်ဘိုးထင် ထိုသင်္ချိုင်း၏ အနောက်ဘက်ရှိ ချိုထဲကို ကြွက်ထောင်ရင်း သင်္ချိုင်းထဲဝင်၍ ငှက်ပစ်နေလေသည် ၊  ငှက်များမလာသောအခါ မောင်ဘိုးထင်သည် သင်္ချိုင်းထဲရှိ အုတ်ဂူပေါ်တွင် အိပ်နေလေသည် ၊ ထိုစဉ် သူအိပ်နေသော အုတ်ဂူဘေးရှိလှည်းလမ်းပေါ်တွင် လူငယ်တသိုက် စကားတပြောပြောနှင့် လမ်း‌ေလျှာက်လာကြသည် ၊ ထိုလူငယ်များ အနားမရောက်မီ မောင်ဘိုးထင်သည် အုတ်ဂူဘေးသို့ ဆင်းပြီး ပုန်းလိုက်၏ ၊ထိုလူငယ်ထဲမှ မြင့်နိုင်ဆိုသော လူငယ်လေးသည် မောင်ဘိုးထင်ထောင်ထားသော ကြွက်ကပ်ဘိများကို ခိုးခိုး‌ေဖာ်သည်ဟု မောင်ဘိုးထင်‌ ထင်နေမိသည် ၊လူငယ်လေး များသည် မောင်ဘိုးထင် နှင့်  သက်တူရွယ်တူများပါသလို ၂နှစ်မျှကြီးသူများလည်းပါသည်၊တချို့လူငယ်များ၏ပုခုံးတွင်တော့ လွယ်အိတ်များလွယ်ထားသလို တချို့လူငယ်များ၏ ပုခုံးတွင်တော့ ပုဆိုးများကို လိမ်ပြီး လွယ်အိတ်သဏ္ဍန်ပြုလုပ်ကာ လွယ်ထားကြသည် ၊ ထိုလူငယ်များသည် ‌မောင်ဘိုးထင်ကို ရှိမှန်းမသိပဲ စကားပြောလာသည်

“မြင့်နိုင် မင်းဟိုဘက်နေ့ကရတဲ့ ကြွက်ကြီးက အကြီးကြီးပဲနော် “

“ဟုတ်တယ် လေ ငါကိုစိုးကြီး အရက်ဆိုင်သွင်းလိုက်တာ “

“မင်းဘယ်လိုလုပ်ပြီးရတာလဲ ဟိုကောင်ပေတူးပြောတော့မင်း ဘိုးထင် ကပ်ဘိက ခိုးဖော်လာတာဆို “

“အဲ့ကောင် ပေတူးလည်း တကောင်ယူတယ်လေ “

“ဘိုးထင်က အစောကြီးထပြီး သွားဖြုတ်တာပါ မင်းက ဘယ်အချိန် များသွားဖော်လိုက်တာလဲဟ “

“အဲ့ကောင်က ဝေလီဝေလင်းမှသွားတာ ငါက အုံးမောင်းခေါက်တာနဲ့ သွားဖော်လိုက်တာလေ  သူသွားဖော်တော့ ငါက အိမ်ပြန်ရောက်လို့ ပြန်တောင်အိပ်နေပြီ “

“ပိုင်ပကွာ “

“မြင်နိုင်လေကွာ မပိုင်ရင် ခြင်တောင်မရိုက်တာ မင်းတို့သိတယ် မဟုတ်လား “

“ဟားး ဟားး”

လူငယ်လေးများ ‌စကားတပြောပြောနှင့် သင်္ချိုင်းကို ကျော်သွားချိန်မှ မောင်ဘိုးထင်  အုတ်ဂူဘေးမှ ထလိုက်ပြီး

“တောက် မြင်နိုင် လူယုတ်မာ ကြွက်သူခိုး မင်းငါနဲ့ တွေ့ပြီပေါ့ကွာ “

မောင်ဘိုးထင်သည် စိတ်ဆိုးဒေါ်သထွက်ကာ အုတ်ဂူကြီးအား လောက်လေးဂွဒင်နှင့်ထုလိုက်ပါတော့သည်။

▪️အခန်း -၃

မောင်ဘိုးထင် အဖေဖြစ်သူအတွက် ‌ဦးစိုးကြီးဘုံဆိုင်မှ မီးတောက်အရက်တလုံးသွားဝယ်နေသည် ၊ရလာသော ငှက်အချို့အား ဦးစိုးကြီးအား  အရက်ဖိုးနှင့် ချေခိုင်းလိုက်၏ ၊ ဦးစိုးကြီးသည် အရက်ချိန်ပေးနေရင်း မောင်ဘိုးထင်ကိုကြည့်ကာ

“ဘိုးထင် မင်းပုလင်းတွေ ပြန်ယူခဲဦး သုံးလုံးရှိနေပြီနော် “

“အင်းပါဗျ ယူခဲ့ပါမယ် အခုက တောထဲကနေတန်းလာရတာမို့ပါ “

“မင်းအခုတလောကြွက်မရဘူးလား မြင့်နိုင်နဲ့ ပေတူးတော့ ကြွက်တွေငါ့ဆီလာရောင်းတယ် အဲ့ကောင်တွေ ဘယ်နားထောင်နေတာလဲ မသိဘူး မင်းစုံစမ်းပါလား နေရာသိအောင် “

“စုံစမ်းစရာမလိုပါဘူး ဒီကောင်တွေဘယ်က ရတယ် ဆိုတာ ကျုပ်သိပ်သိတာပေါ့ “

“သိရင်လည်းပြီးရော ကြွက်က ထန်းရည်ချိန်နီးလာလို့ ဈေးကောင်းနေပြီငါ့ကောင်ရ “

“စိတ်ချပါ ကျုပ်လာပို့ပါ့မယ် “

မောင်ဘိုးထင်သည် တောအရက်ပုလင်းကို လက်ကဆွဲပြီးနောက် အိမ်သို့ပြန်လာတော့သည် ၊ အိမ်ဝိုင်းထဲသို့ ဝင်လိုက်သည်နှင့် ဦးကောင်း၏ ပြစ်တင်ပြောဆိုသံက ပေါ်လာပြီဖြစ်သည်

“ဂြိုလ်ကောင် နောက်ကျလိုက်တာကွာ မင်းတိုင်းမင်း ဘယ်သေသေ ဂရုမစိုက်ဘူး ငါ့အရက်လေးတော့ အချိန်မှန် လာပို့စမ်းပါကွာ ကြားလားဟေ့ကောင် “

“ကျနော်လည်း မြန်မြန်လာတာပဲ “

“မင်းမြန်မြန်လာရင် ဒီလောက်နောက်ကျမလား မိုးတောင်ချုပ်တော့မယ် ပေးစမ်း အရက် ငါ့ကောင်တွေ အမဲဖော်လို့ အမဲသားဟင်းလာပို့ထားတယ် သွားယူစမ်း “

မောင်ဘိုးထင်လည်း မည်သို့သောစကားမှ ပြန်မပြောဘဲ ဖခင်ဖြစ်သူ၏ အရှေ့သို့ အရက်ပုလင်းကိုချပေးလိုက်ပြီး အိမ်ပေါ်သို့တက်သွားကာ မီးဖိုးချောင်မှာ ပန်းကန်လုံး တလုံးနှင့် ထည့်ထားသော အမဲသားဟင်းများကို ပန်းကန်တချက်ထဲ ကော်ထည့်ပြီး သွားပို့လိုက်တော့သည် ၊ ထို့နောက် ဖခင်ဖြစ်သူ၏ရှေ့တွင် ရပ်လိုက်ပြီး

“အဖေ ကျနော်ည အိမ်ပြန်မအိပ်ဘူး ကြွက်ဖော်ဖို့သွားစောင့် အိပ်မလို့ “

“သွား သွား “

မောင်ဘိုးထင်သည် အိမ်ပေါ်မှ ရေနံဆီမီးခွက်နှင့် သစ်သားမီးခြစ်ကို ယူလိုက်၏ ထို့နောက် မှန်မီးအိမ်လေးထဲသို့ ရေနံဆီမီးခွက်ကို ထည့်လိုက်ပြီး လက်မှ စွဲကာ မီးဖိုချောင်ထဲ ဝင်လိုက်သည် ၊ ထို့နောက် မီးအိမ်ကို ခဏ ဘေးသိူ့ ချထားလိုက်ပြီး စစ်သုံး ဟန်းကော ချိုင့်ထဲသို့ ထမင်းနှင့် အမဲသားဟင်းများကို ရောထည့်လိုက်ပြီး ထိုချိုင့်လေးအား လွယ်အိတ်ထဲ ထည့်လိုက်ပြီး  မီးအိမ်ကို ကောက်ကိုင်ကာ အိမ်အပြင်သို့ ထွတ်သွားလိုက်ပါတော့သည်။

မောင်ဘိုးထင်သည် ထောင်ထားသော ကပ်ဘိများကို သေချာစစ်‌ေဆးလိုက်ပြီးနောက် အပင်တပင်အောက်တွင် ဝင်ပြီး အိပ်လိုက်သည် ဗိုက်ကလည်းမဆာသေးသော ကြောင့် ထမင်းမစားသေပေ မိုးက စုံစုံချုပ်နေပြီဖြစ်သည် ၊ ရာသီဥတု၏ အပူချိန်ကြောင် အိုက်စပ်နေလေရာ အတော်ပင်စိတ်ပျက်‌ေနမိသည် ၊ လေးကလည်းမတိုက် ချိုထဲဖြစ်နေ၍ နေမတိုက်သည်လည်း ဖြစ်‌နိုင်သည် ထိုနောက် မောင်ဘိုးထင်သည် မီးအိမ်ကို ကောက်ယူလိုက်ပြီး ထမင်းချိုင့် ထည့်ထားသော လွယ်အိတ်လေးကို လွယ်လို့ သင်္ချိုင်းကုန်း ဘက်သို့ထွက်သွားပါလေတော့သည်။

မောင်ဘိုးထင်သည် သူထိုင်နေကြ အုတ်ဂူဟောင်းကြီးပေါ်တက်ထိုင်လိုက်သည်၊ လရောင်နှင့် ကြယ်ရောင် ၏ အလင်းရောင်သဲ့သဲ့လေးရနေသည့်မို့  မီးအိမ်ထဲမှ ရေနံဆီမီးခွင်ကို မှုတ်လိုက်သည်။ ထိုနောက် ဗိုက်က ဆာလာပြီမို့ ထမင်းချိုင့်ကို ထုတ်ပြီး အုတ်ဂူပေါ်တင်ပြီးဖွင်လိုက်သည် ၊ အမဲသားရနံက သင်းသွားချိန် သင်္ချိုင်းထဲမှ အပင်တချို့ လေမတိုက်ပဲ့ လှုပ်ရှားသွား‌ေတာ့သည် ၊ ထိုအရာကို သတိထားမိသော ဘိုးထင်သည် လှုပ်နေသော အပင်များကို ကြည့်ပြီး စကားဆိုလိုက်‌၏

” ငါ့တယောက်စာတောင် အနိုင်နိုင်နော် မကျွေးနိုင်ဘူး စားချင်ရင် ငါ့ကိုသာ ကိုက်စားတော့ သေလည်းအေးတာပဲ “

မောင်ဘိုးထင်၏ စကားဆုံးချိန်တွင် အပင်များလှုပ်နေရမှ ငြိမ်သွားတော့သည် ၊ ထိုအခါမှ မောင်ဘိုးထင်သည် ချိုင့်ထဲမှ ထမင်းကို လက်နှင့် ကုတ်ပြီးစားနေချိန် သူထိုင်နေသော အုတ်ဂူနှင့် မလှမ်းမကမ်း မှာ အရိပ်တခုပေါ်လာသည် ၊ ထို့‌ေနာက် အုတ်ဂူရှေ့တွင် မက်တက်ရပ်နေသော လူတယောက်ပေါ်လာတော့သည် ၊ စုတ်ပြတ်နေသော အဝတ်အစား နှင့် ဖြူဖက်နေသော မျက်နှာမှာ မျက်လုံးနေရသည်က ဟောက်ပဲ့ဖြစ်နေ၏ ၊ ထိုလူသည် ခြောက်ကပ်နေသော အသံဖြစ် မောင်ဘိုးထင်အား စကားဆိုလာသည်

“ကောင်လေး ငါ့အုတ်ဂူပေါ်ထိုင်စားနေပြီ ငါ့ကိုမကျွေးဘူးလား “

ထိုအသံကြောင့် မောင်ဘိုးထင် ခေါင်းထောင်ပြီးကြည့်လိုက်သည် ၊ အကျည်းတန်သော ထိုသူ၏ ရုပ်ကို မြင်သည် နှင့် လူမဟုတ်တာ တန်းသိသည် ၊ လူ့ဘဝကို စိတ်နာနေသော မောင်ဘိုးထင် အဖေဖြစ်သူက နေ့တိုင်းသေစေချင်နေသည့်မို့ လူ့ဘဝက်ိုမခင်တွယ် ထို့ကြောင့် ကြောက်သည်ဆိုတာ ဘယ်အရာ လန့်သည်ဆိုတာ ဘယ်အရာမှန်းတောင် မသိချေပြီ ၊ ဒီလိုဖြစ်အောင်လည်း အဖေဖြစ်သူ နှင့် အဒေါ်ဖြစ်သူတို့က ပြုလုပ်ပေးလိုက်သည်ဟု ပြောရမည်ဖြစ်သည် ၊ လူမှန်းသိတက်စအရွယ်ကတည်းက သူများကလေးများနည်းတူ သားလေး ငါ့သားလေး အဖေ့သားလေး အမေ့သားလေး ဟူသော ကြင်နာစကားမဆိုထားနှင့် ကောင်လေး လူလေး‌ဆိုတဲ့ စကားတောင် မပြော အဒေါ်ဖြစ်သူက ဘိုးထင် ဟု ခေါ်သလို အဖေဖြစ်သူက ဂြိုလ်ကောင်လေးဟူခေါ်သည် ၊ ထမင်းချိုင့်ကို ဆွဲနိင်လောက်သည် အရွယ်ကစပြီး နေဝင်မိုးချုပ် သင်္ချိုင်းကို ကျော်ပြီး တောင်ယာထဲ အဒေါ်ဖြစ်သူက အမြဲတမ်းထမင်းပို့ခိုင်းမြဲဖြစ်သည် ၊ အဒေါ်ဖြစ်သူ၏ သားများသည်ပင် ဆယ်ကျောါသက်အရွယ်ရောက်နေပေမဲ့ လူမမယ် မောင်ဘိုးထင်ပိုသာ ခိုင်းမြဲဖြစ်သည်၊ အဖေဖြစ်သူသည်လည်း အဒေါ်ထက်ပိုဆိုးသည် အရက်မရှိရင် သန်းခေါင်ကျော်တာတွေဘာတွေမသိ မောင်ဘိုးထင်ကို နိုးပြီးသွားဝယ်ခိုင်းတက်သည် ၊ ‌ထိုသို့သော လောကဒဏ်ကို ခံစားရသော မောင်ဘိုးထင် လူဖြစ်နေသည်မှာ ထမင်းစားဖို့တခုနဲ့ သေဖို့အတွက်စောင့်နေသည်ဟု စိတ်ပိုင်းဖြတ်ကာထားသည့်မို့  မည်သို့သော ကြောက်စိတ်မှမရှိတော့ပေ၊ ကြင်နာမှု့မရသော ကလေးဘဝကို ဖြတ်သန်းခဲ့ရသော မောင်ဘိုးထင် ရှေ့တွင် ရောက်နေသော သရဲကို မကြောက်တာမဆန်းးတော့ပါ ၊ သေမှာကိုတောင် နည်းနည်းမှ မကြောက်တော့သော မောင်ဘိုးထင်အတွက် သရဲခြောက်သည်ဆိုတာက ရယ်စရာဟုထင်ကောင်းထင်နေမည်ဖြစ်သည် ။ယခုလည်း သူ၏ရှေ့တွင် ထမင်းတောင်းစား မည့်သဘော‌ရှိသော သရဲတကောင်က သူ့အားစကားဆိုလာလေပြီဖြစ်သည်၊ ထိုအခါ မောင်ဘိုးထင်သည် ထိုသရဲကောင်အားသေချာကြည့်ကာ

“ဒီအုတ်ဂူက ခင်ဗျား အုတ်ဂူလား “

“ဟုတ်တယ် မင်းနေ့တိုင်းထိုင်တာ ငါသိတယ် မင်းစားနေတဲ့ အမဲသားငါ့ကိုကျွေး “

“နေဦးဗျ ကျုပ်စဉ်းစားနေတာ “

“မင်း ငါ့ကို မကြောက်ဘူးလား “

သရဲကြီး၏  မကြောက်ဘူးလားဟု အမေးစကားကြားချိန် မောင်ဘိုးထင်သည် ဟားတိုက်ရယ်မောလိုက်ပြီး

“ကြောက်ချင်တာပေါ့ဗျာ အမေကျနော့်ကို ကယ်ပါဦးလို့ အော်ပြီး အမေ့ဆီပြေးချင်ခဲ့ဘူးတာပေါ့ ပြီးတော့ အဖေ ကျနော်ကြောက်တယ်လို့ပြောပြီး အဖေက မကြောက်နဲ့ငါ့သားလို့ ပြောတာ လိုချင်ခဲ့ဘူးတာပေါ့ ဒါပေမဲ့ ကျုပ်က ကြောက်လန့် ငိုယိုနေလည်း ကျုပ်ကို ဘယ်သူကချော့ ဘယ်သူက မငိုနဲ့လို့ပြောမှာ မှမဟုတ်တာ အဲ့တော့ ကြောက်တယ်ဆိုတာ ဘာလဲလို့တောင် မေးရမလို့ပဲ”

သရဲကောင်ကြီးသည် အုတ်ဂူကြီး၏ ရှေ့မှာ မားမားရပ်ပြီးသာ လက်ကိုဖြန့်ပြီးတောင်နေပါသည် ၊ ဘိုးထင်ပြောသည်ကို သူနားလည်ပုံမပေါ်ပါ ထိုအခါမှ မောင်ဘိုးထင်သည် အမဲသား တဖက်ကို သရဲကြီးရပ်နေသော အုတ်ဂူ အစွန်းကို ပစ်ပေးလိုက်ပါတော့သည်၊ သရဲကြီးသည်  မောင်ဘိုးထင် ပစ်ပေးလိုက်သော အမဲသားတုံးအားကောက်ယူပြီး စားနေသည် ၊ ကုန်သွားသော အခါနောက်ထပ်လက်အား ပြန်ဖြန့်ပြီးတောင်နေပြန်သည် ၊ မောင်ဘိုးထင်လည်း ထပ်ပြီးချပေးလိုက်ပြီး ထမင်းကိုသာစားနေ၏ ၊ ခဏကြာသောအခါ ဗိုက်ပြည့်သွားပြီမို့ ကျန်သော ထမင်းနှင့်ဟင်းများကို အုတ်ဂူအစွန်းတွင် စုပုံပြီးပေးလိုက်တော့သည် ၊ ထိုအခါ သရဲကြီးသည် မောင်ဘိုးထင်ပုံပေးသော ဟင်းကျန် ထမင်းကျန်များကို အားရပါးရ စားသောက်နေပါတော့သည် ၊စားသောက်နေသော သရဲကြီးကို မောင်ဘိုးထင်ကြည့်ပြီးနောက် စကားဆိုလိုက်သည်

“ခင်ဗျား အုတ်ဂူပေါ်ထိုင်နေကြမို့ ကျုပ်‌ေကျွး တာနော် ကြောက်လို့‌ေကျွးတာ မဟုတ်ဘူး သိလား”

“သိပါတယ်ကွာ ကျေးဇူးတင်ပါတယ် ငါမင်းကို ဘာကူညီရမလဲ ငါ့နာမည် ငနက်ပါ “

“မကူညီပါနဲ့ အကူညီတောင်းမိရင် နေ့တိုင်းကျွေးနေရမှာ မဟုတ်လား “

“မဟုတ်ပါဘူကွ ‌မင်းခိုင်းချင်တာ ခိုင်းပါ မင်းကျွေးလည်းရတယ် မကျွေးလည်းရတယ် “

မောင်ဘိုးထင် သရဲကြီးစကားကြောင့် ‌ေခတ္တတွေးလိုက်၏ ၊သူ့စိတ်ထဲတွင် ကြွက်သူခိုးမြင်နိုင်ကို မြင်ယောင်လာသည် ၊‌ေမာင်ဘိုးထင်တချက်ပြုံးလိုက်ပြီး စိတ်ထဲတွင်တော့ ဒီငနာတွေ တွေ့ပြီပေါ့ကွာဟု ကြိမ်းဝါးလိုက်ကာ

“အဲ့တာဆို တခု ကူညီ ဗျာ “

“ပြောပါ ကောင်လေး”

“ကျုပ်ကြွက်ကပ်ဘိတွေကို  ရွာကကောင်တွေ နှစ်ယောက် ဖော်ဖော်‌ပြီး ကြွက်တွေယူယူသွားတယ် အဲ့ကောင်တွေကို ခြောက်ပေးဗျာ “

“သေအောင်လုပ်ရမှာလား ကောင်လေး “

“‌ဟာ သေအောင်တော့ မလုပ်ပါနဲ့ဗျာ နောက်တခါ မခိုးရဲအောင်သာလုပ် “

“စိတ်ချကောင်လေး မင်းဒီမှာအိပ်မှာလား “

“ဟုတ်တယ် အဲ့ကောင် လာမဖော်ခင်  သန်းခေါင်‌ေကျာ် တခါဖော်မယ် ကြွက်မိရင် ပြန်ထောင်ပြီး မနက်တခါထပ်‌ဖော်မလို့ ဒီမှာ စောင့်အိပ်မှဗျ”။

“အဲ့တာဆို မင်းအိပ် ငါအဲ့ဒီကောင်တွေကိုခြောက်လွှတ်မယ် “

“အဲ့တာဆိုတော့လည်းကောင်းတာပေါ့ဗျာ ကျုပ်အိပ်နေတုန်း ကျုပ်ကိုတော့ ဂုတ်မချိုးပါဘူးနော် “

“ဘာလဲ အခုတော့ မင်းကြောက်နေပြီလား “

“မဟုတ်ပါဘူး ဘာမသိညာမသိပဲမသေချင်လို့ပါ ချိုးချင်ရင် အခုကျုပ်ဂုတ်ကိုချိုးဗျာ”

မောင်ဘိုးထင် ခပ်တည်တည်နှင့်ပြောလိုက်ပေမဲ့ သရဲကြီးသည် သူ၏ မြင်ကွင်းထဲမှ တရိပ်ရိပ်နှင့် ပျောက်ကွယ်လို့သွားပါတော့သည်။

▪️အခန်း-၄

မောင်ဘိုးထင်း ထမင်းစားပြီးသောအခါ အုတ်ဂူကြီးပေါ်တွင် ပက်လက်အိပ်လိုက်သည် ၊ သူ၏ မျက်လုံးထဲတွင်တော့ မမြင်ဘူးသော သူ၏ မိခင်ဖြစ်သူကိုပုံဖော်ကြည့်နေသည် ၊ အရပ်ထဲက သဘောကောင်းသော အဒေါ်ကြီးများသည် သူ၏ မိခင်၏ ရုပ်ပုံအားပြောပြသောအခါ မောင်ဘိုးထင်ငေး၍နားထောင်ခဲ့ဘူးသည်၊ သူ၏ စိတ်ထဲတွင်တော့ အမေသည် ရွာဘုရားပွဲတွင် ကပြဘူးသော အငြိမ့်မင်းသမီးလို့လေးဟု တွေးထားခဲ့သည်မဟုတ်ပါလား ၊ သူ့ကိုမွေးပေးသော အရပ်လက်သည် ဒေါ်ငယ်လေးကို သူ့အမေအကြောင်းသွားမေးဖူးသည် သဘောကောင်းသော အမေကြီးက သူ့အားစိတ်ရှည်လက်ရှည် ပြောပြနေသည်ကို ယခု အုတ်ဂူပေါ်အိပ်ရင်းတွေးနေမိသည်။

“အမေကြီးဒေါ်ငယ်လေး ကျနော့်အမေက ဘယ်လိုပုံစံလဲဗျ”

“မောင်ဘိုးထင်နဲ့ နည်းနည်းဆင်တယ် အပျိုတုန်းက နင့်အမေက ပန်းတောင်ကိုင်တော့ “

“ပန်းတောင်ကိုင်ဆိုတော့ အမခင်မေ တို့လိုလား အမေကြီး”

“အဲ့ ထက်တောင် လှသေးပါတယ်တော် ခင်‌ေမတို့လှတယ်ဆိုတာ  မြခင် လှတာကို မမှီပါဘူး”

“ဟုတ်လား ကျနော်မြင်ဖူးချင်လိုက်တာဗျာ “

“အေးဟယ် နင်ပြောမှ မြခင်ကိုတောင် သတိရလာတယ် “

အမေကြီးဒေါ်ငယ်လေးမှ ပြောင်းဖူးဆေးလိပ်ကြီးကို ဖွာရင်း အိမ်ရှေ့မှ ဝါးကပ်ခြံစည်းရိုးကိုငေးပြီးပြောနေသည်၊ မောင်ဘိုးထင်သည် သူ၏မိခင်ဖြစ်သူမှ ရွာကအလှဆုံးသောပန်းတောင်ကိုင်ထက် လှသည်ဟု ဒေါ်ငယ်လေးမှပြောသောအခါ များစွာပီတိဖြစ်နေပြီး မိခင်၏ ပုံရိပ်ကို စိတ်ထဲ၌ဖော်ကြည့်နေပါလေတော့သည်။

ယခုသင်္ချိုင်းထဲက အုတ်ဂူကြီးပေါ်တွင် အိပ်နေသော မောင်ဘိုးထင်အား မိခင်သာမြင်ရင် ရင်ကျိုးမှာဧကန်ပင်ဖြစ်သည် ၊ အခုတော့ စိတ်ပူသူမရှိ ကြင်နာသူမရှိသော မောင်ဘိုးထင်တယောက် အုတ်ဂူပေါ်တွင် အတွေးပေါင်းများစွာနှင့် အိပ်ပျော်သွားပါလေတော့သည်။

▪️အခန်း-၅

မောင်ဘိုးထင် အုတ်ဂူပေါ်တွင် အိပ်‌‌ေန၏၊အကင်းပါး အိပ်ရေးဆက်သော မောင်ဘိုးထင်၏ နားထဲသို့  သစ်ရွက် သစ်ကိုင်းများကို နင်းသံကြားရ၍ ထထိုင်လိုက်၏ အိပ်မှုံဝိုးတဝါးဖြစ်နေသော မောင်ဘိုးထင်၏ မျက်လံုးသည် ချက်ချင်းမပွင့်သေးပေ လက်နှင့် ပွတ်လိုက်မှ အတန်အသင့် ပွင့်လာပြီး  မီးအိမ်အလင်းရောင်တခုက သူအနားကပ်ကပ်လာ၏ ထိုအခါ မောင်ဘိုးထင်သည် လွယ်အိတ်ထဲမှ လေးဂွကိုထုတ်ပြီး လောက်စာကိုအသင့်ပြင်ထားသည်၊  မောင်ဘိုးထင် သရဲ တစ္ဆေတွေကိုမကြောက်ပါ ၊ ရွာနီးချုပ်စပ်တွင် နွားများပျောက်သည်ဟု သတင်းကြားသောကြောင့်  နွားသူခိုးများဖြစ်နေရင် ပစ်မည်လို့တွေးထားချင်ဖြစ်သည် ၊ အတန်ကြာသော အခါ မီးအိမ်၏ အလင်းရောင်ကြောင့် သူအနားလာသောသူကို သေချာတွေ့လိုက်ရသည် ။ သူ၏ အဖေ နှင့် အသက်မတိမ်းမယိမ်းရှိဟန်တူသော လူကြီးတယောက် ပေါက်တူးနှင့် ဂေါ်ပြားကို နှစ်လက်ပူးထမ်းလာပြီး လက်တဖက်မှ မီးအိမ်ကို ကိုင်လာချင်းဖြစ်သည် ၊ အုတ်ဂူပေါ်အိပ်နေသော မောင်ဘိုးထင်ကိုတွေ့သောအခါ ထိုလူးကြီး အံဩသွားပြီး မောင်ဘိုးထင်ကိုစကားဆိုလာသည်

“ကောင်လေး ဘာလုပ်နေတာလဲ အချိန်မတော်ကြီး သင်္ချိုင်းထဲမှာ “

“အိပ်နေတာလေဗျာ ခင်ဗျားကကော ဘာလုပ်တာလဲ “

“ငါ့မမေးနဲ့ မင်းနဲ့ဘယ်သူအဖော်ပါလဲ “

“ဘယ်သူမှ မပါဘူး ကျုပ်မေးတာဖြေဦး ခင်ဗျားက ကျုပ်တို့ရွာက မဟုတ်ဘူး”

“ဟုတ်တယ် လုပ်စရာရှိလို့လာတာ “

“ဒီချိန်ကြီး ဘာမဟုတ်တာလာလုပ်တာလဲဗျ “

“ကောင်လေး မင်းကအလာသားပဲ  ဒီအချိန်ကြီးမင်းက သင်္ချိုင်းထဲ တယောက်ထဲ အိပ်ရဲတယ်ဆိုတော့မခေဘူးကွ မင်းဘာလာလုပ်တာလဲ အမှန်တိုင်းပြောကွာ “

“ကျုပ်က ကြွက်လာထောင်တာဗျ “

“မင်းကြွက်ထောင်လို့ရရင် အဲ့ကြွက်တွေကို ရောင်းတာလား “

“ဟုတ်တယ်လေဗျာ ရောင်းတာပေါ့ “

“အေး ငွေဘယ်လောက်ရလဲ “

“တကောင်ကို ပြားငါးဆယ်လောက်တော့ရတယ် “

“ဒီည မင်းငါ့ကို ကူညီရင် ငါးဆယ် ပေးမယ်ကွာ ဘယ်သူမှတော့ လျှောက်မပြောရဘူး ဘယ်လိုလဲ  “

မောင်ဘိုးထင် ခေတ္တစဉ်းစားလိုက်သည် ၊ ကြွက်အကြီးစား တကောင်ရမှ ပြားငါးဆယ်ရတာ ၊တနေ့ ငါးကျပ်ရဖို့ ကြွက်ကြီးဆယ်ကောင်မိမှ ရသည် ၊ ယခု ဒီလူကြီးသည် တညထဲ ငါးဆယ်ပေးမည်ဆိုတော့ မောင်ဘိုးထင် လိုချင်မိသည် ၊သူစဉ်းစားနေချိန် ထိုလူကြီးသည် ထပ်ပြီးစကားဆိုလာပြန်သည်

“ကောင်လေး မင်းကြည့်ရတာ အကြောက်အလန့်ရှိပုံမပေါ်လို့ငါခေါ်တာနော် ငါးဆယ်ဆိုတာ ‌နည်းတဲ့ ပမာန မဟုတ်ဘူး “

“အေးဗျာ လုပ်မယ် “

“ကဲ ဒီလိုမှပေါ့ ဒါနဲ့ မင်းဘယ်သူမှ လျှောက်ပြောလို့တော့ မရဘူးနော်  ပြောရင် မင်းကို သေအောင်သတ်မှ ကြားလား “

သရဲ မကြောက်သော မောင်ဘိုးထင်ပင် ထိုလူကြီးသေချာကြည့်ပြီးပြောသော စကားကြောင့် ကြက်သီးပင်ထသွားမိသည် ၊ ထိုနောက် မောင်ဘိုးထင်သည် ထိုလူကြီးအားသေချာကြည့်ကာ

“စိတ်ချပါ ဘိုးထင်ဆိုတဲ့ ကျုပ်က ကတိတည်ပါတယ်ဗျ”

“ကြိုက်တယ်ကွာ လာခဲ့ ဒီမီးအိမ်ယူ  မင်းတို့ရွာက မနေ့က သေသွားတဲ့ မိန်းက‌ေလးတ‌ေယာက်မြှုပ်ထားတာ ရှိတယ် မဟုတ်လား “

“အင်း ရှိတယ် ကျုပ်နေ့လယ်က ငှက်လာပြစ်နေတုန်းက လာမြှုပ်နေကြတယ် ဟိုဘက်မှာ “

“အုတ်ဂူလား “

“မဟုတ်ပါဘူး မြေပုံပဲ ရွာလယ်က အမနွယ်ဝင်း ပိုးထိပြီးသေတာ “

“အပျိုမဟုတ်လား “

“ဟုတ်တယ် ဗျ”

“ငါကို လိုက်ပြကွာ “

မောင်ဘိုးထင်သည် မီးအိမ်ကိုယူပြီး နေ့လယ်က မြှုပ်ထားသော အမျိုးသမီး၏ မြေပုံကိုရှာလိုက်တော့သည် ၊ အချိန်သိပ်ကြာကြာမရှာလိုက်ရပါ ‌ချုံတောများအား ရှင်းလင်းထားသော  နေရာတွင် မြေပုံအသစ်တခုတွေရသည် ထိုမြေပုံ၏ထိပ်တွင် သစ်သားပြားကို နာမည်စာရေးထိုးထားသည့် မနွယ်ဝင်း အသက်၂၃ နှစ် ဟုမှတ်တိုင်လေးအား မောင်ဘိုးထင် လက်တွင်ကိုင်ထားသော မီးအိမ်အလင်းရောင်ကြောင့် အတိုင်းသားမြင်နေရသည် ၊ ထိုမြေပုံအနားရောက်သော အခါ ‌မောင်ဘိုးထင်နောက်မှ လိုက်လာသော လူကြီးသည် ပေါက်‌တူးနှင့်ဂေါ်ပြားကို အောက်သို့ပစ်ချလိုက်ပြီး ပုဆိုးကို တိုတိုဝတ်ကာ ပစ်ချထားသော ပေါက်တူး နှင့် ဂေါ်ပြား အနက် ပေါက်တူးကိုယူလိုက်ပြီး မြေပုံအားတူလိုက်ရာ မောင်ဘိုးထင်မျက်လုံးပြူးသွားပြီး အလျင်အမြန် တားလိုက်တော့သည်။

“ဟေ့လူကြီး ဘာလုပ်တာလဲဗျ “

“တူးမလို့လေကွာ “

“ခင်ဗျားက လူသေအလောင်းကို ဘာလုပ်မလို့လဲ “

“မင်းမသိပါဘူးကွာ ဘာခြေရာလက်ရမှ မပျက်စေရဘူး မင်းလူသွားလူလာစောင့်ပေး “

“ဒီအချိန် ဘယ်သူမှတော့မလာဘူး အုန်းမောင်းခေါက်ရင်တော့ ဟိုငနာတွေလာလိမ့်မယ် “

“အဲ့အချိန်ထိတော့မကြာလောက်ပါဘူးကွာ “

“ကျုပ်ကိုငွေပေးဖို့သာ မမေ့နဲ့ “

“အေးပါကွာ ဒီကောင်လေး မလွယ်ဘူးဟေ့ “,

“နေဦးခင်ဗျား နာမည်က ဘယ်သူလဲ “

“ဦးအုန်း လို့သာ မှတ်ထားကွာ စကားမများတော့နဲ့ ငါမြန်မြန်အ‌ေလာင်းဖော်လိုက်ဦးမယ် “

အချိန်အတော်ကြာ် ဦးအုန်းပေါက်တူးတလှည့်ဂေါ်ပြားတလှည့်နှင့် အလောင်းအားတူဖော်နေရာ  အချိန်တော်တော်ကြာပြီးချိန်တွင်တော့ အလောင်းထည့်ထားသော အခေါင်းအား ပေါက်တူးနှင့် ပေါက်မိပြီဖြစ်၏

“ဒုတ်”

“ကောင်လေးရေ အခေါင်းတော့ပေါ်ပြီကွ လာလာ ဒီဘက်တိုးပြီး မီးပြ “

“အေးပါဗျ “

မောင်ဘိုးထင်သည် မီးအိမ်ကို ယူပြီး ကျင်းပြန်ဖြစ်‌သွားသော မြေပုံအနားတွင် ထိုင်လိုက်ပြီး အတွင်းသို့မြင်နိုင်ရန် မီးအိမ်ကိုပြလိုက်သည် ၊ဦးအုန်းသည် သစ်သားအခေါင်းပေါ်တင်နေသော မြေများကို ဂေါ်နှင့်ထိုးပြီး အပေါ်သို့တင်လိုက်ပြီး ဂေါ်နှင့်ထိုး၍မရသော မြေများကို လက်ဖြစ်ဘေးသို့သပ်ချလိုက်ကာ  ပေါက်တူးနှင့် အခေါင်းအနားစ သံရိုက်ထားသောနေရာများကို ကန့်လန့်ပြီး ဖွင့်နေသည် ၊  ထိုနောက် ပွင့်သွားပြီဖြစ်သော အခေါင်းဖုံးကို အပေါ်သို့ မ တင်လိုက်တော့သည် ၊ ထိုနောက် ဦးအုန်သည် အခေါင်းထဲတွင် သေဆုံးနေပြီဖြစ်သော မနွယ်ဝင်း၏ အလောင်ကြီးအား မောင်ဘိုးထင်ဆီမှ မီးအိမ်ကိုယူပြီးသေချာကြည့်နေသည် ၊ ထိုနောက် ဦးအုန်းသည် အလောင်းပေါ်မှ လွှားထားသော အင်္ကျီအပိုကို ယူပြီးခေါက်နေသည် ၊ ခေါက်ပြီးသောအခါ မောင်ဘိုးထင်ကို ပေးလိုက်ကာ

“ဘေးမှ ခဏ ချ‌ထ‌ားပေး ကောင်လေး “

“ခင်ဗျားကလည်း ဘာတွေလုပ်နေမှန်းမသိဘူးဗျာ ပေးပေး”

မောင်ဘိုးထင်သည် ငွေငါးဆယ် မျက်နှာ ဖြစ် အင်္ကျီကိုယူပြီး ဘေးလွတ်ရချထားပေးလိုက်သည်၊ ဦးအုန်းသည် နောက်ထပ် အလောင်းကောင်မှ ဆံပင်‌ေမွှးများကို ဆွဲနုတ်ပြီး ခါးပိုက်ထဲသို့ထည့်နေသည် ၊ ထို့နောက် အလောင်းကောင်၏ ခြေမနှစ်ခုအား ပူးချီထားသော အပ်ချည်ကျိုးအားဖြုတ်ယူနေပြန်သည် ၊နောက်ထပ် အလောင်းကောင်၏ ‌ထမိန်စများကိုလည်း ပေါက်တူးသွားနှင့် ဖြတ်ပြီးယူနေသေးသည် ၊ ဦးအုန်းသည့် အလောင်းကောင်၏ မျက်နှာနားသို့ မီးအိမ်ကို တိုးကပ်လိုက်၏ မီးအိမ်၏အလင်းရောင်သည်က ကျင်းအတွင်းရှိ အခေါင်းထဲ၌ရှိသော အလောင်းကောင်၏ မျက်နှာကို ရှင်းလင်းစွာမြင်နေရသည် ၊ ဦးအုန်းသည် အလောင်း၏ ဦးခေါင်းကို လက်နှင့်ထိလိုက်ပြီး

“နွယ်ဝင်းဆိုတဲ့ ကောင်မ ဒီနားရှိရင် နင့်ကိုယ်ထဲ ခဏဝင်စမ်း “

ဦးအုန်းပြောလိုက်သည်နှင့် နွယ်ဝင်း၏ အလောင်းသည် မျက်းစိဖွင့်လာတော့သည် ၊ထိုအခါ မျက်စိဖွင့်လာသော အလောင်းကိုကြည့်ပြီး ဦးအုန်းပြုံးလိုက်ပြီး

“ကဲ နင်က  မကောင်းစိုးဝါးဖြစ်နေပြီ ငါနင်ကို ပိုင်တယ် ငါ့ကို ဂလန်ဂဆန်လုပ်ရင် မီးလောင်တိုက်သွင်းပြစ်မယ် ကြားလား ငါနင့်ရဲ့ အဝတ်အစားနဲ့ နင်ဆံပင်ကို ငါတနေရာမှာ ထားမယ် နင်အဲ့နေရာမှာသွားနေရမယ် ကြားလား   “

အလောင်းကောင်ကြီးသည် မျက်လုံးဖွင့်လိုက်ပိတ်လိုက် လုပ်၍သာနေနေ၏ ၊ ထို့နောက် ဦးအုန်းသည်အလောင်း၏ဦးခေါင်းကို ကိုင်ထားသော သူ၏ လက်လွှတ်လိုက်မှ အလောင်းကောင်ကြီး၏ မျက်စိများပိတ်သွားတော့သည် ၊ မောင်ဘိုးထင်သည် ထူးဆန်းလွန်း၍ မျက်တောင်မခက်ပင်ကြည့်နေလေသည် ၊ ဦးအုန်းသည် သူလုပ်ရမည့်ကိစ္စများပြီးပြီမို့ အလောင်းထည့်ထားသော အခေါင်း၏ အဖုံးကိုပိတ်လိုက်ပြီးနောက်  ကျင်းပေါ်သို့ပြန်တက်လာကာ ဂေါ်ဖြစ် ‌တူးထားသောမြေများအားပြန်ဖို့လေတော့သည် ။ အချိန်အတော်ကြာသောအခါ မနွယ်ဝင်းအားမြှုပ်နှံထားသော မြေပုံလေးသည် မူလပံုစံအတိုင်းပြန်ဖြစ်သွားတော့သည် ။ ထိုအခါမှ ဦးအုန်းသည် မောင်ဘိုးထင်ကိုပေးထားသော အလောင်းမှာ လွှားထားသော အင်္ကျီကိုတောင်းလိုက်ပြီး ခါးပိုက်ထဲထည့်ကာ မြေပုံဘေးတွင် ခြေပြစ်လက်ပြစ်ထိုင်လိုက်ပြီး

“ကောင်လေး မင်းကတော့ အာဂပဲကွ မင်းမကြောက်ဘူးလား”။

“ကြောက်ပါဘူးဗျာ “

“မင်းက ဒီသစ်စိမ့်ရွာကပဲလား “

“ဟုတ်တယ် ဗျ”

“မင်းအဖေ နဲ့ အမေနာမည်က ဘာတဲ့လဲ “

“အဖေနာမည်က ဦးကောင်း  အမေကတော့ မရှိတော့ဘူး နာမည်က ဒေါ်မြခင်”

“အော် အေးအေး မင်းကိုတော့သဘောကျသွားပြီကွာ ရော့ငွေငါးဆယ် “

မောင်ဘိုးထင်သည် ဦးအုန်းပေးသော ငါးကျပ်တန် ဆယ်ရွက်ကိုယူလိုက်ပြီး လွယ်အိတ်ထဲထည့်ကာ

“ဒီနေ့ကတော့ တွက်ခြေအကိုက်လွန်သွားပြီဗျာ ဒါနဲ့ ခင်ဗျားက  ဒါတွေဘာအတွက် လုပ်တာလဲဗျ “

“ငါက အောက်လမ်းဆရာလေကွာ သွားပြီကောင်လေးရေ “

ဦးအုန်းသည် ပြောပြောဆိုဆို မီးအိမ်ကိုယူပြီး လာတုန်းကအတိုင်း ပေါက်တူးနှင့်ဂေါ်ကို ပူး၍ ပုခုံးမှာ ထမ်းပြီး ပြန်သွားပါလေတော့သည် ၊ မောင်ဘိုးထင်လည်း အုတ်ဂူနားသို့ပြန်သွားလိုက်ပြီး သူ၏မီးအိမ်ကိုယူကာ ကြွက်ထောင်ထားသော ကပ်ဘိများဆီသို့ထွက်သွားပါလေတော့သည်။

▪️အခန်း-၆

မောင်ဘိုးထင် ဦးအုန်းနှင့်တွေ့ပြီးတာ သုံးရက်မျှကြာသွားပြီဖြစ်သည် ဦးအုန်းပေးခဲ့သော ပိုက်ဆံနှင့် အဖေဖြစ်သူ၏ အရက်ဖိုးများကို လိုက်ဆပ်ပေးလိုက်သည် ၊ ယခု ဦးစိုးကြီးဆိုင်သို့ရောက်လာ၏ အဖေ့အတွက် အရက်တလုံးဝယ်မည်ဖြစ်သည် ၊ ဦးစိုးကြီးသည် မောင်ဘိုးထင်ကို မြင်သည်နှင့်

“‌ဘိုးထင် မင်းအဖေ မင်းကိုလိုက်ရှာနေတယ် ငါ့ဆီ‌တောင်ရောက်လာသေးတယ် “

“ဘာလို့လဲဗျ ထူးထူးဆန်းဆန်း “

“မသိဘူးဟေ့  ဘိုးထင် ကြွက်လေး ရရင် လာပို့ဦး လုပ်ပါဦးကွ “

“ခင်ဗျားကောင် မြင့်နိုင်တို့ကော လာမရောင်းဘူးလား “,

“အဲ့ကောင်တွေအကြောင်းမပြောစမ်းပါနဲ့ကွာ ကြွက်ဖော်သွားရင် သရဲေခြာက်ခံရလို့ ဖျားနေတယ်တဲ့ကွာ တကယ့်ကောင်တွေ”

“ဟုတ်လားဗျ ကျုပ်သွားပြီဗျို့ “

မောင်ဘိုးထင်သည် အရက်တလုံးကိုယူကာ ဆိုင်အပြင်သို့ထွက်သွား‌တော့သည် ၊သူ၏မျက်နှာတွင် ပြုံးနေသည် ၊ သူ အမဲသားကျွေးသောသရဲကြီးက ကတိတည်ပါလားဟုလည်းတွေးနေမိသည်။ သူအိမ်သို့ပြန်ရောက်ချိန် ဖခင်ဖြစ်သူက ပုဆိုးနှင့်ထုပ်ထားသော အထုပ်တထုပ်ကို အိမ်ပေါ်မှ ယူလာပြီး မောင်ဘိုးထင် အရက်ပုလင်းကို ကွပ်ပြစ်ရှေ့ချလိုက်ပြီးသည်နှင့်  ပုဆိုးထုပ်ကို ပစ်ပေးလိုက်ကာ

“ဟေ့ကောင် မင်းပေပင်ရွာကို လူငှားသွားလုပ်တော့ မင်းကိုခဏနေလာခေါ်လိမ့်မယ် မင်းကိုစပါးနှစ်ဆယ်ပေးတယ် မင်းက အဲ့လောက်တောင်တန်တာလားကွ ငါစပါးအစား ငွေထုပ်ခဲ့ပြီ”

မောင်ဘိုးထင် ပုဆိုးနှင့် ထုပ်ထားသော သူ၏ အဝတ်ထုပ်ကို ကိုင်ရင်း ကြောင်အမ်းအမ်းနှင့် ရပ်၍သာနေလေပါတော့သည်။

▪️အောက်လမ်းဘိုးထင် နှင့် ဘဝအစ သည်က ဤမျှသာ
📝မောင်တင်ဆန်း