“အောက်လမ်းဘိုးထင် နှင့် ထူးဆန်းသော ဓားပြများ”(စ/ဆုံး)
———————————————
▪️အခန်း-၁
ဖိုးထွေးတို့ နွားကျောင်းသွားရာနောက်သို့ မောင်ဘိုးထင် လိုက်လာသည် ၊ မောင်ဘိုးထင်သည် သရဲကိုပြုံး သူတို့အားမှာကြားခဲ့ သည် များကို ဖိုးထွေး အားပြောပြနေလေသည် ၊
“ကိုဖိုးထွေး ကိုပြုံးနောက်ဆုံးပြောပုံအရ ရွာကို ထူးဆန်းတဲ့ ဓားပြတွေ လာလိမ့်မယ် တဲ့ဗျ အဲ့တာ ကိုဖိုးထွေး အဘကို ကျုပ်တို့ပြောထားသင့်တယ် “
“ပြောတာ တော့ ဟုတ်ပါပြီ ငါ့ကောင်တွေရာ ငါ့အဘက ငါ့ပြောစကားဆို တစက်ကလေးမှ မယုံတာ ခက်တယ် “
“အဲ့တာဆို လည်း ကိုဖိုးထွေး အဘကို ကျုပ်တို့ပါလိုက်ပြောပြရင်ကော “
မောင်ဘိုးထင်၏ စကားကို ဖိုးထွေးနားထောင်ပြီး တွေးနေလေသည် ၊ထိုအခါ ပေတူးသည် ကြံခင်းပေါက် သို့သွားရန်ပြင်နေသော နွားအား လေးဂွဖြင့် မသွားရန် ခြောက်လှန့်ပစ်လိုက်ပြီး
“ဟေ့ ကိုဖိုးထွေး ဘယ်သွားနေတာလဲ ဆုတ် ဆုတ် “
ပေးတူ၏ နွားလှမ်းခြောက်သော စကားကြောင့် ဖိုးထွေး ပေတူးအား မျက်လုံးပင့်ကြည့်နေလေရာ
“စကားတွေ လွဲကုန်တာ ပါဗျာ ကျုပ်က နွားမမောင်းခင် ကိုဖိုးထွေးအဘကို ကျုပ်တို့ပါ လိုက်ပြောရင်းကောင်းမယ် တွေးနေတာ နဲ့ ကိုဖိုးထွေးနာမည်ယောင်ခေါ်မိတာ ပါ “
“အေး ပါကွာ အဲ့တာဆိုလည်း ညနေ လာခဲ့ကြကွာ သာရ လည်းခေါ့် ခဲ့ ဦး”
“အင်း အဲ့တာဆို ကျုပ်တို့ ညနေ လာခဲ့မယ် ဗျာ နော် “
“အေးအေး “
ထို့နောက် မောင်ဘိုးထင်တို့ သည် နွားကျောင်းရင်း ရောက်ရာ ပေါက်ရာများကို ပြောဆိုရင်း နွားကျောင်းသည့်အချိန်အား ကုန်းဆုံးစေပါလေတော့သည်။
▪️အခန်း-၂
ရွာလူကြီးအိမ်တွင် မောင်ဘိုးထင်တို့ စုရုံးရောက်ရှိနေလေသည် လူပျိုပေါက် ကိုသာရ နှင့် အတူ ချိုးသိမ်း ဆိုသော သူတို့နှင့်တရွယ်တည်း သူငယ်ချင်း တယောက်ပါ ပိုပါလာသည် ၊ ချိုးးသိမ်းကို ခေါ်ရချင်းမှာ သာရ၏ အကြံဖြစ်သည် ၊ သာရသည် မောင်ဘိုးထင်မှ ဓားပြများ အကြောင်း ပြောလိုက်သော အခါ သူမျက်လုံးထဲ ချိုးသိမ်းကို ပြေးမြင်လေသည်၊ ကိုယ်ကာယ ကြံ့ခိုင်မှု နှင့် ကိုယ်ခံပညာကို လိုက်စားသူဖြစ်သော ကြောင့် သာရမှ ချိုးသိမ်းအား သူတို့ နှင့် အတူ ခေါ်လိုက်ရချင်းဖြစ်သည် ၊ချိုးသိမ်းသည် ချိုးသိမ်း ဆိုသော နာမည်နှင့် လိုက်အောင် မျက်လုံး ပြူးပြူး နှင့် ဖြစ်သည် သူအား ချိုးသိမ်းဟု အဘယ်ကြောင့် နာမည်ပေးထားသည်လဲ ဆိုတာတော့ သူတို့ မသိပေ သေချာသည်က ချိုးထောင်ပြီး အသက်မွေးဝမ်းကြောင် ပြုသည့်အတွက် ချိုးသိမ်း ဟုနာမည် ပေးထားချင်းတော့ မဟုတ်ပေ၊ မည်သို့ ဆိုစေကာမူ ချိုးသိမ်းသည်က မောင်ဘိုးထင်တို့ နှင့် အတူ ရွာလူကြီးအိမ်ရောက်နေလေပြီဖြစ်သည် ။ရွာလူကြီးသည် အတော်များသော လူငယ်လေးများကိုတွေ့သောအခါ
“ဟေ့ကောင်တွေ သီတင်းကျွတ်နဲ့ မှားလာတာလားဟ “
“မဟုတ်ပါဘူး ဗျာ ကျုပ် သာရက ရွာလူကြီးကို တင်ပြဆွေးနွေးစရာလေးရှိလို့ပါ “
ကြီးကြီးကျယ်ကျယ် သာရ၏ စကားကြောင့် ရွာလူကြီး မျက်လုံးကို ပင့်ကြည့်လိုက်ပြီး
“ကဲ ဆိုစမျးပါဦး “
“ပြောရမယ် ဆိုရင် တော့ ရပ်ကျိုးရွာကျိုးပေါ့ ရွာလူကြီးရယ် “
“အေး အဲ့တာကို ပြော “
“ရပ်ကျိုးရွာကျိုးဆိုတာ ဝိုင်းဝန်းဆွေးနွေး အဖြေရှာ ရမယ် မဟုတ်လား “
“တောက် ဒီသောက်ကမြင်းမသားကတော့ ငါ့ လက်ဆွဲတော် တုတ် နဲ့ တွေ့တော့မယ် “
ရွာလူကြီးသည် သည်းခံမှုအတိုင်းအတာကုန်ကာ တန်းလျားမှ ထပြီး တုတ်လိုက်ရှာနေလေသည် ထိုအခါမှ ရွာလူကြီးကတော် အရီးသေးသွယ် သည် သူမ ၏ ယေကျာ်းဖြစ်သူအား မာန်လိုက်လေသည်
“တော်က ကလေးတွေ နဲ့ တုပြီး ဘာဖြစ်နေတာလဲ သာရက လူကြီးလူကောင်း ဆန်ဆန် စကားပြောနေတာ ရှင်တော့နော် “
“ဟဲ့ သေးသွယ် နင့်သာရက စကားပြောတာ ဇရပ်မှာ တရားဆွေးနွေးနေတဲ့ ဘုန်းကြီးလူထွက် ရာကြီး လေသံနဲ့လေ ငါ့ အဲ့ရာကြီးကို ကြည့်မရပါဘူးဆို ဒင်းက ငါ့ရှေ့လာပြီး တောက်… ပြောရင် ဆိုရင် တုတ်ဆွဲ ချင်လာပြီ”
ရွာလူကြီးသည် စိတ်ကြီးသူဖြစ်ရာ သူအမြင်ကပ်သော ရာကြီးဆိုသော ဘုန်းကြီးလူထွက် ၏ မျက်နှာ ပြေးမြင်ပြီး သာရအား ဒေါသ ထွက်နေချင်းပင် ရွာလူကြီး ဒေါသထွက်သည်ကလည်း မလွန်ပေ နေပူပူ ရွာထိပ် အရိပ်ကောင်းသော ဇရပ်၌ ရွာလူကြီး အပါအဝင် တခြားသူများ တရားအကြောင်းဆွေးနွေးနေသည့်အချိန် ရာကြီး ရောက်လာသည် ရောက်ရောက်ချင်း ရွာလူကြီးကိုကြည့်၍ စကားဆိုရင် ဝင်ထိုင်လိုက်လေသည်
“ကာမ တဏှာဆိုတာ လူကြီးတာ ငယ်တာ နဲ့ မဆိုင်ဘူးဗျ လူတိုင်းရှိတယ် သူကို ရာဂစိတ် လို့လည်းခေါ်တယ် “
ရွာလူကြီးသည် သူ့အား ကြည့်ပြီးပြောနေပေမဲ့ သူကိုပြောသည် မဟုတ်သော ကြောင့် ငြိမ်နေလိုက်သည် ထို့နောက် ပေပင်ရွာမှ ဘုရားဒါယိကာ ဦးသန်းညွှန့်သည် စကားစပြီး တရားဆွေးေနွးပွဲဖွင့်လိုက်သည်
“ကျုပ်တို့ မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးက အဆုံးအမကို အဒီကထားပြီး ဟောကြားတော်မူတယ်ဗျ”
“အဆုံးအမကို တကယ်လိုက်နာတဲ့ သူကရှားပါတယ်ဗျာ “
“ဟုတ်တော့လည်း ဟုတ်ပါတယ် တရားရှာကိုမှာတွေ့ဆိုသလို တရားဆိုတာ ဘယ်မှာ မှသွားရှာ ဆရာ မလိုဘူးဗျို့ ကို့ရဲ့ ကိုယ်မှာပဲ ရှိတယ် “
“ဟုတ်တယ်ဗျ မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာ ဘုရား ဟောထားတာ ရှိတယ်ဗျ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ ၊ဓမ္မာနုပဿနာ ဆိုတဲ့ သတိပဋ္ဌာန်လေးပါးအကြောင်းကို ဟောထားတယ်ဗျ”
ရွာလူကြီးသည်မဟာသတိပဋ္ဌာနသုတ် အကြောင်းပြောနေစဉ် ဘုန်းကြီးလူထွက် ရာကြီးသည် ရွာလူကြီးကို ကြည့်ကာ
“အိုး ရွာလူကြီးရယ် နောက်မှ ဝိပဿနာ အကြောင်းပြောပါ အခုတော့ ခင်ဗျား မိန်းမ ဒေါ်သေးသွယ် ကြီးနဲ့ အရင် ခွဲအိပ်နိုင်အောင်ကြိူးစားပါဦးဗျာ ၊ ခင်ဗျားသား ဖိုးထွေးပြောပုံအရ သူကို့ တလင်း မာနေပြီ ပြောတာကို နေ့တိုင်း တလင်း သွားခေါက်ခိုင်းနေတယ် ဆိုဗျ ဟားးး “
“ရာကြီး မင်း ဘာပြောတယ် “
“အော် ရွာလူကြီးရယ် လောကီလူသားတွေပဲ မေထုံ အမှုပြုတာ ရှက်စရာမဟုတ်ပါဘူး “
“တောက် မင်းမေကြီးေတာ်ကို လမ်းလယ်ခေါင် မေထုံမှုပြုခိုင်း ခွေးမသား “
“ရွာလူကြီးရယ် ဒေါသနဲ့ သေ ငရဲပြည် မှန်စွာသွားရမည်ဆိုတဲ့ ဆောင်ပုဒ် “
“မင်းကြီးေတာ်ကို သွားပုဒ် “
ရွာလူကြီးသည် ဒေါသ ထွက်လွန်းသည့် ကြောင့် နားထင်းကြောများပင် ထောင်နေလေရာ ရွာမှ တရားဆွေးနွေး နေသော လူကြီးများ ရွာလူကြီးကို ထိန်းထားလိုက်ရသည် ၊ ထိုပြဿနာေကြာင့် အခုအချိန်ထိ ရွာလူကြီး စိတ်မပြေ ဘာမဆိုင် ညာမဆိုင် သာရ အား ရာကြီး စကားပြောပုံ နှင့် တူသည် ဟုပြောကာ ဒေါသပုံထနေချင်းဖြစ်သည် ။ ထို့နောက် ရွာလူကြီးသည် အသိစိတ်နှင့် ဒေါသစိတ်ကို ထိန်းကာ
“ကဲ ပြောကြစမ်းပါ ဦး မင်းတို့ ဘာကိစ္စရှိလို့လဲ “
“ဒီလိုပါ ရွာလူကြီး ဟိုတခါက သေသွားတဲ့ ကိုပြုံးက ပြောခဲ့တယ် ဒီရွာကို ထူးဆန်းတဲ့ ဓားပြတွေ လာလိမ့်မယ် တဲ့ “,
“မင်းတို့ဟာက ဟုတ် ကော ဟုတ်ရဲ့လားကွာ “
ရွာလူကြီးသည် သာရ၏စကားကို မယုံဟန်ပြောနေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည် ရွာလူကြီးအား သာရပြောသည်မှ မှန်ကန်ကြောင့်း ထောက်ခံစကားဆို လိုက်သည်
“ဟုတ်တယ် ဘကြီး ဘယ်လို ဓားပြတွေလည်း ဆိုးတာတော့ ကျုပ်တို့လည်း မသိဘူး ရွာကိုတော့ တကယ် ဓားပြတွေ ဝင်လိမ့်မယ် “
“ဘိုးထင်ရေ ငါတို့ နယ်တွေမှာ အများဆုံးရှိ နွားသူခိုးပေါ့ကွာ ဟိုတခါ ဓားမြဆိုတာကလည်း ကောလဟာလပါ ဘာဖြစ်ဖြစ် မင်းတို့တွေ ရွာကို ကာကွယ် ပေးချင်တဲ့ စိတ်ကိုတော့ လေးစားပါတယ် ကဲကဲ မင်းတို့ အရီး မြေပဲလှော် ကျွေးလိမ့်မယ် ထင်တယ် စားပြီးမှ သွားကြ ကြားလား “
ရွာလူကြီးသည် မောင်ဘိုးထင်တို့၏ စကားကို အလေးမထား သူပြောချင်တာများပြောပြီး အိမ်ပေါ်တက်သွားလေသည် ၊ ဖိုးထွေးသည် သူ၏ အဘ ထွက်သွားသော အခါ မောင်ဘိုးထင်တို့အား မြင်ပြီလားဟု သဘောရသော အကြည့်ဖြစ် ကြည့်ရင် မောင်ဘိုးထင်တို့အား မေးငေါ့ပြနေပါလေတော့သည် ။
▪️အခန်း-၃
ယခု မောင်ဘိုးထင်တို့ ထူးဆန်းသော ဓားပြများရန်ကာကွယ် ရန်တိုင်ပင်နေကြသည် ၊ သူတို့၏ ပြောစကားများကို ရွာလူကြီး မယုံ၍ ဦးအုန်းအားပြောပါသောလည်း ဦးအုန်းသည်လည်း မယုံကြည်ပေ ထို့ကြောင့် မောင်ဘိုးထင်တို့ အဖွဲ့ ဆွေးနွေးနေရပြန်သည် ဖိုးထွေးသည် ကျန်သူများအားလုံးထဲ မှ အသစ်ပါလာေသာ ချိုးသိမ်းကို ကြည့်ကာ
“ချိုးသိမ်း မင်းက ဗလလည်းကောင်းတယ် သိုင်းလည်း တက်တက် အဲ့တော့ မင်းက ခေါင်းဆောင်လုပ် ငါတို့ကိုလည်း သိုင်းသင်ပေးပါလား”
“မင်းတို့ ကို သိုင်းသင်ပေးဖို့ လောက်ထိ ငါ့မတက်သေးဘူး ငါ့ဆရာရှိတယ်လေ မင်းတို့ သင်ကြမလား”
“ဘယ်ရွာကလည်း “
“တို့ရွာကပဲလေကွာ ရွာလည်က ဆရာလေး မင်းနောင် လေ “
ချိုးသိမ်းမှ ထိုသို့ပြောလိုက်သောအခါ ပေတူးသည် ချိုးသိမ်းကို သေချာကြည့်ကာ
“ကိုချိုးသိမ်း ခင်ဗျားပြောတဲ့ လူက ရွာထဲက ရွာသားပြဇတ် က ရင် မင်းသာလုပ်တဲ့ ကိုမင်းနောင်ကြီးလား”
“အေးလေကွာ သူက ငါ့ဆရာ “
“ဟုတ်မှလည်း လုပ်ပါ ကိုချိုးသိမ်းရယ် ပြီးခဲ့တဲ့ နှစ် ရွာဘုရားပွဲတုန်းက ကိုမင်းနောင်ကြီးအရိုက်ခံလိုက်ရတာ ပြဇတ်တောင် မကနိုင်ဘူးပြောတယ် နော် “
“အော် ပေတူးရယ် နွားသိုးမှန်ရင် ချိုချက်တော့ ဘယ်ကင်းမလဲ ဒီမှာ ကြည့် စမ်း “
“ဘာကြီးလဲဗျာ “
“ကြည့်ဆို ကြည့်လိုက်ကြစမ်းပါ “
ချိုးသိမ်းသည် သူ၏ ဦးခေါင်း မှ ဆံပင်ကို ဖြဲပြီး ပေတူး အပါ အဝင်အားလုံးကို ပြလိုက်သည် ထိုအခါ ကျန်သူများသည် တယောက်တလှည့်ကြည့်လိုက်ပြီးး
“အမာ ရွက်ကြီးလေဗျာ “
“အေး အဲတာပြောတာ နွားသိုးမှန်ရင် ချို ချက်မကင်းဘူးဆိုတာ “
“ဟာ ဘယ်လိုဖြစ်တာ လဲ ဗျ ကျုပ်တို့လည်း မသိလိုက်ရပါလား “
“လေးေယာက်တယောက် ချတယ်ဆိုပါတော့ကွာ ငါက တယောက်ထဲလေ တယောက်တည်းသမားဆိုေတာ့ ဒီလောက်တော့ ခံရတာပေါ့ ငါနဲ့ ချတဲ့ လေးယောက်ကတော့ အဲ့နေရာမှာတင် မှောက်သွားတယ် “
ချိုးသိမ်း၏ စကားကြောင့် မောင်ဘိုးထင်တို့ ချိုးသိမ်းအား အတော်ကို လေးစားအားကျနေကြသည် ၊ စဥ်စစ် ချိုးသိမ်း၏ ခေါင်းမှ ဒဏ်ရာ သည် သူ၏ ဦးလေးနှင့် ထင်းသွားခုတ်ရင်း ဦးလေးဖြစ်သူမှ သိုင်းသင်ထားသည်ဟု နာမည်ကြီးနေသော ချိုးသိမ်းအားနောက်မှ တုတ်နှင့် ချောင်းပြီး ပညာစမ်းရိုက်ရာ ချိုးသိမ်း မေ့မြောပြီး ခေါင်းကွဲသွားရချင်းဖြစ်သည် ၊ ထိုအချင်းအရာကို ရွာထဲသို့ ပြန့်သွားက ရှက်စရာဖြစ်မည်ဆိုး၍ ဦးလေးဖြစ်သူ နှင့် ညှိကာ လူလေးယောက် နှင့် သူတယောက်တည်း ချရင်း ရသော ဒဏ်ရ ဟုသာ လိမ်ညာနေချင်း ဖြစ်ပါလေ တော့သည် ။
▪️အခန်း-၄
ချိုးသိမ်း ဦးဆောင်မှုဖြစ် ဖိုးထွေး နှင့် သာရ ထို့နောက် မောင်ဘိုးထင် သာအေး ပေတူးတို့ ရွာလယ်မှ မင်းနောင်တို့အိမ်သိူ့ ရောက်လာလေသည် မင်းနောင်၏ မိခင်ဖြစ်သူ ဒေါ်ပျိုေအးသည် မောင်ဘိုးထင်တို့ အဖွဲ့အား သူ၏ အိမ်ေရှ့ တန်းလျားတွင် ထိုင်စေပြီး စကားဆိုနေလေသည်
“ဟဲ့ ကလေးတွေ နင်တို့ အုပ်စုလိုက်ကြီး ငါ့အိမ်ဘာလာလုပ်တာလဲ “
“ဒီလို ပါ အရီးလေးပျို ဒီက ရွာလူကြီးသား ဖိုးထွေးတို့က ဆရာ မင်းနောင်ဆီမှာ တပည်ခံ မလို့ပါ “
“နင်တို့က ကိုယ်ခံပညာသင်ကြမှာလားဟဲ့ “
အရီးပျိုသည် ဖိုးထွေးအားကြည့်ကာ စကားဆိုလေရာ ဖိုးထွေးသည်
“ဟုတ်တယ် အရီးလေးရေ ကျုပ်တို့က ဆရာ မင်းနောင် ဆီမှာ ကိုယ်ခံပညာ သင်မှာပါ”
“အေးအေး နင်တို့က ကိုယ်ခံပညာသင်မှာဆိုတော့ တက်မှာပါ စိတ်ချ “
“ဟုတ်ပါတယ် အရီး ကျနော်တို့က ကြိုးစားသင်ယူမှာ ဆိုတော့ အတက်မြန်မှာပါ “
“ငါပြောတာက ကိုယ်ခံ ပညာ ဆိုတက်မယ် လို့ ပြောတာ သူများကိုချတဲ့ ပညာဆိုရင်တော့ နင်တို့ တခြား လူဆီသွားသင် သင့်တယ်” ‘
အရီးပျို၏ စကားကြောင့် ဖိုးထွေးတို့သည် မင်းနောင်အား လေးစားသွားကြသည် အတော်ကို စည်းကမ်းရှိပြီး ကိုယ်ခံပညာကို တန်ဖိုးထားသူဟုလည်း တွေး လိုက်မိကြသည် ၊ ကိုယ်တက်ထားသော ပညာဖြစ် သူတပါးအပေါ် အနိုင်ကျင့်ပြီး သူများကို ချ မည် အလုပ်ဆို မသင်ပေးဘူးဟု အရီးလေးပျိုက လိုတိုရှင်း ဆိုလိုက်သည် မဟုတ်ပါလား၊ စိတ်ထဲမှ လေးစား နေသည် ကို သာရသည် စကားလုံးများ အဖြစ် ပြောင်းလဲ ပေးလိုက်သည်
“ကိုမင်းနောင် ဒီလောက် လေးစား စရာလူဆိုတာ ကျုပ်မသိဘူး အရီးရေ “
“ဟဲ့ ဘာတွေ လေးစား နေတာ တုန်း”
“အရီးပြောတယ်လေ ကိုယ်ခံပညာဆို ကျုပ်တို့ကို တက်အောင်သင်ပေးမယ်ဆို သူများကို အနိုင်ကျင့် တဲ့ ပညာဆို တခြားသူ ဆီ သင်ခိုင်းတာ မဟုတ်ဘူးလား “
“ဟဲ့ ကောင်လေးတွေ နင်တို့ ဆရာ တင်မဲ့ ငါ့သား မင်းနောင်က ရွာက ပြဇတ်ထဲ မှာပဲ သူများတွေကို နိုင်အောင် ချ နိုင်တာ အပြင်မှာဆို သူကြည့်ခံရတာ အဲ့တာကြောင့် နင်တို့ပဲ ခံရမဲ့ ကိုယ်ပဲ ခံရမဲ့ပညာဆိုရင် ငါသားသင်ပေးရင် တက်မှာသေချာတယ်ပြောတာ သူများကို ချ တဲ့ ပညာဆိုရင်တော့ ငါ့သား မင်းနောင်က မသင်တက်လောက်ဘူးဟေ့ “
“ဗျာ”
မောင်ဘိုးထင်တို့ ဆရာတင်မည် မင်းနောင်၏ မာတာမိခင်ကြီး၏ စကားကြောင့် သူတို့အားလုံး မယုံမကြည်ဖြစ်နေစဉ် မင်းနောင်၏ တပည်ကြီး ချိုးသိမ်းမှ သူတိုအားကြည့်ကာ စိတ်ဓတ်မကျရန် စကားဆို လိုက်လေသည်
“မင်းတို့ တွေ အရီးစကားကြောင့် ဘာမှ မဝေ့ဝါးကြနဲ့ နွားသိုးမှန်ရင် ချိုချက်တော့ ဘယ်ကင်းမလဲ ကွာ ဒီမှာ ကြည့် “
ချိုးသိမ်းသည် သူ၏ ဦးခေါင်းမှာ ဒဏ်ရာအား ပြမည်ပြုရာ မောင်ဘိုးထင်တို့အားလုံး လက်ကာပြပြီး မကြည့်ချင်ဟုဆိုကာ ငြင်းလိုက်ရပါလေတော့သည် ။
▪️အခန်း-၅
ဖိုးထွေး နှင့် သာရ ၏ နားချမှုဖြစ် မောင်ဘိုးထင်တို့ မင်းနောင် ဆီမှာ သိုင်းပညာသင်ဖြစ်ကြသည် ၊ မင်းနောင်သည် သူ၏ သင်ထောက်ကူ ပစ္စည်း များဖြစ်သော လွှစာမှုန့် ထည့်ထားသော စပါးနှစ်တင်းဝင် အိတ်အား အိမ်ရှေ့ရှိ သရက်ပင် ကိုင်းတွင် ကြိုး နှင့် ချည်ပြီး တွဲလောင်းချထားသည် ၊ ထို့နောက် ဝါးလုံး နှင့် ပြုလုပ်ထားသော ဒိုက်စင် နှင့် သံကွင်းကို ပုဆိုးစ ရစ်ပက်ထားကာ သရက်ပင် အကိုင်းကြီးကြီး တွင် ချည်ထားသော ဘားကွင်းတို့ ဖြစ်ကြသည၊ ထိုနောက် မင်းနောင်သည် မောင်ဘိုးထင်တို့အား တန်းစီခိုင်းကာ ဩဝါဒ မိန့်ချွေနေလေသည် သူ၏ ဘေးတွင်တော့ ချိုးသိမ်းသည် လက်ထောက် နည်းပြ အဖြစ် တာဝန်ယူလေသည် ၊
‘ကဲ ကဲ မင်း တို့ကာ ဒီနေ့က စပြီး ငါ့တပည်တွေ ဖြစ်ပြီ “
“ဟုတ်”
“ငါက မင်းတို့ကို ငါတတ်ထားတဲ့ ပညာတွေ ဆရာစား မချန် အကုန်သင်ပေးမယ် ကြိုစားသင်ကြပါ “
“ဟုတ်ကဲ့ ဆရာမင်းနောင် ကျုပ်တခုပြောချင်ပါတယ် “
သာအေးသည် မာန်ပါပါနှင့် မင်းနောင်အား ပြောလေရာ
“ပြော သာအေး”
“ကျုပ်တို့ကိာ ဆရာမင်းနောင် နဲ့ ကိုချိုးသိမ်း ဝတ်ထားတဲ့ ဘောင်းဘီတွေ ပေးလို့ရမလား “
“ဟ အဲ့တာတော့ မဖြစ်ဘူးဟ ငါ့မှာလည်း ဒီတထည်တည်းရှိတာ “
“,တပည်တွေကို ဝယ် ပေးပါလား ဆရာမင်းနောင်း “
“မင်းေမကြီးတော် သိုင်းပညာ အလကားလည်း သင်ပေးရသေးတယ် ဘောင်းဘီလည်းဝယ် ပေးရဦးမယ် တော်တော် တရားတဲ့တပည်တွေ ငါတောင် အမေ့ကို မနည်းပြောပြီး ဒီဘောင်းဘီ ဝယ်ထားရတာ ခါးတောင်းကျိုက်ကြ ခါးတောင်း ကျိုက်တာ မမြဲတဲ့ကောင်တွေ ပုဆိုးချွတ်ထားကွာ ဘောင်းဘီတော့ မပေးနိုင်ဘူး”
မင်းနောင်၏ အပြတ်ပြောလိုက်သော စကားကြောင့် သာအေး အထွန့်မတက်ရဲတော့ပေ ထိုေနာက် မင်းနောင်မှ စကားဆက်လေသည်
“ပထမဆုံး ကီး ထိုင်ရမယ် “
“ဘာကို ပြောတာလဲ ဆရာမင်းနောင် “
“ချိုးသိမ်း ကီးထိုင်နည်း ပြလိုက်စမ်း “
ချိုးသိမ်းသည် မောင်ဘိုးထင်တို့ တေယာက်ချင်းဆီတိုင်းကို ကီးထိုင်နည်းပြလိုက်လေသည် လက်သီး နှစ်ဖက်ကို ခါးမှ တဖက်တချက် ဆီ ကပ်ထားရပြီး မောင်ဘိုးထင်တို့ ကီး ထိုင်နေကြသည် ၊ ထိုသို့ ပုံမကျပန်းမကျ ကီးထိုင်နေစဉ် မင်းနောင်၏ အမေဖြစ်သူ အရီပျို သည် မင်းနောင် အားစကား လှမ်းဆိုနေသည်
“မင်းနောင် နင် နွားစားကျင်းထဲ နွားစာဖြည့်လိုက်ဦး ဟိုမှာ နွားတွေက တမော့မော့ နဲ့ “
“ဟုတ် အမေ ကျုပ်ဖြည့်လိုက်ပါ့မယ် “
မင်းနောင်သည် သူ၏ အမေအား ပြန်ဖြေလိုက်ပြီး ကီးထိုင်နေကြသော မောင်ဘိုးထင်တို့ ဘက်ကို လက်နှစ်ဖက် နောက်ပြစ်ကာ ဟိုလျှောက် ဒီလျှောက် လုပ်ရင်း ကြ ည့်ကာ
“ကီးထိုင်တယ်ဆိုတာ အခြေခိုင်အောင် လေးကျင့်တဲ့ သဘောပဲကွာ တပည်တို့ “
“ဟဲ့ မင်းနောင် ငါပြောနေတာ မလုပ်သေးဘူးလား ယောင်းမပျံ နင့်ဆီ လွှတ်လိုက်ရမလား ဟဲ့ “
“အေးပါ ဗျာ လုပ်ပါမယ် “
မင်းနောင်သည် ကီး ထိုင်းနေကြသော မောင်ဘိုးထင်တို့အား ချိုးသိမ်းနှင့် လွှဲပေးကာ နွားစာစင်သို့ ခပ်မြန်မြန် ထွက်သွားပါလေတော့သည်။
▪️အခန်း-၆
“တောက် ခြေထောက်တွေကလည်း တောင့်နေတာပဲ အခုချိန် မီးလောင်ရင်တော့ ကျုပ်တော့ မပြေးနိုင်လို့ မီးထဲပါမှာပဲ “
“ဟုတ်တယ်ကွာ ကီး ထိုင် ကီး ထိုင် နဲ့ ထိုင်ခိုင်းလိုက်တာများ နွားစာဆင်းပြီးလို့ ပြန်လာမှ ပြီးေတာ့တယ် ဟိုကောင် ချိုးသိမ်းကလည်း ဘုမသိ ဘမသိနဲ့ နည်းနည်း လှုပ်တာ နဲ့ တန်းငေါက်ေတာ့တာပဲ “
“ဟုတ်ပါကွာ ဆရာမင်းနောင် ထက် သူက ပိုတယ် “
မောင်ဘိုးထင်တို့ ဦးအုန်း၏ အိမ်ရှေ့ကွပ်ပျစ် တွင် ခြေထောက်များကို တေယာက် တလှည့် နှိပ်နှယ်ပေးရင်း ပြောဆိုနေကြစဉ် ရွာထဲ မှ အသံများကျယ်လောင်စွာ ထွက်ပေါ်လာလေသည်
,ဓားပြဗျို့ ဓားပြ ရွာထဲကို ဓားပြတွေ ဝင်လာပြီဗျို့ “
ရွာထဲမှ အသံများကြားသော အခါ ဦးအုန်း သည် အိမ်ပေါ်မှ သုတ်သီးသုတ်ပြာဆင်းလာကာမောင်ဘိုးထင်တို့ကို ကြ ည့်ပြီး
“ဟေ့ကောင် တွေ ဘာလုပ်နေတ လဲ တုတ်တွေ ဓားတွေ ဆွဲပြီး ဓားပြရန် ကာကွယ်ကြလေကွာ ဖိုးထွေးနဲ့ သာရ မင်းတို့က အရွယ်ရောက်နေပြီ ရွာကိုကာကွယ်ကြလေ “
“ရွာကို ကာကွယ် ဖို့ သိုင်းသင် လိုက်တာပဲ ဆရာမင်းနောင်က တနေ့လယ်လုံး ကီးထိုင်းခိုင်းတာ ကျုပ်တို့ လမ်းလျှောက်လို့တောင် မရေတာ့ဘူး ဗျာ မတက်နိုင်တော့ဘူး”
“ဟေ့ကောင် ဘိုးထင် မင်းကော ဘာဖြစ်နေတာလဲ လာ ထ သွားမယ် “
“ကျုပ်တို့ နှိပ်ပေးပြီး ရင် ကိုဖိုးထွေးတို့ ပြန်နှိပ်ပေးရမှာ လမ်း မလျှောက်နိုင်ဘူး အဘ “
“တောက် အရေးဆို အရာက ပေါ်ပြီ ငါတို့ကလည်း မင်းတို့ ပြောတာကို အလေးမထားမိတာကိုက ငါတို့အမှား ဦးလေးတို့ အိမ်မှာ အေးအေးဆေးဆေး နေကြ ကျုပ်တို့ကပဲ သွားလိုက်ပါမယ် “
ဦးအုန်းသည် ကွပ်ပျစ်တွင် အိပ်သူအိပ် နှိပ်သူ နှိပ် နေကြသော မောင်ဘိုးထင်တို့ကို ထားရစ်ကာ အသံလာရာ ဆီသို့ ဓားတချောင်းကို ဆွဲ၍ ပြေးထွက် သွားပါလေတော့သည်။
▪️အခန်း-၇
ပေပင်ရွာထဲတွင် ဆူညံသံများ တိတ်သွားကြပြီဖြစ်သည် ညနေ နေဝင် ချိန်တွင် တိုက်သော ဓားပြများမှာ ကျွဲ၊နွားများကို သာ ဓားပြတိုက်သွားကြသည် ၊ ယခုတွင်တော့ ရွာသားများသည် ရွာလူကြီးအိမ်တွင် စုရုံးရောက်ရှိနေကြသည် ၊ မျက်နှာ ဖူးယောင်နေသော ရွာလူကြီး၏ ဘေးတွင် မျက်ကွင်းညိုနေသော ဦးအုန်း နှင့် တခြား ဒဏ်ရာ ဒဏ်ချက်များရှိသော လူလေးငါးယောက် တန်းလျားတွင်ထိုင်နေသည် ၊ သူတို့ ၏ ရှေ့တွင် တော့ သတိလစ်မေ့မျောနေသော မင်းနောင် နှင့် ချိုးသိမ်း အား ရွာသားများမှ ယက်ခပ်ပေးရင်း သတိရရန် နှာနှပ်ယူနေကြရသည်၊ မင်းနောင်သည် သတိရလာကာ ချက်ချင်း ငုတ်တုတ် ထိုင်လိုက်ပြီး
“ဓား ဓားပြဆိုတဲ့ကောင်တွေ ဘယ်မှာ တုန်း “
“တောက် သိုင်းဆရာ ဆိုလို့ အားကိုရမလား ရှေ့က တင်ပါတယ် ဟိုက လက်သီးနဲ့ သုံးချက်ပဲ ထိုးရေသးတယ် မေ့သွားတဲ့ ဆရာတပည်တွေ “
ရွာလူကြီးသည် သူ၏ ဇနီး ပေးသော ကြပ်ထုပ်ကို မျက်နှာ တွင် ကပ်ပြီး စကားဆိုလေရာ မင်းနောင်သည် ရွာလူကြီးကို ကြည့်ပြီး
“ကျုပ်က အကွက်လေးခင်းနေတာ ဒင်းတို့က တန်းထိုးတော့တာပဲဗျာ ကျုပ်လည်း ပြန်ချ ပါတယ် ဒီလူတွေကို ထိုးရ ကန်ရတာ ဖွဲအိတ် ကြီးကို ကန်နေရတဲ့ အတိုင်းပဲ “
“အဲ့တာတော့ ဟုတ်တယ် ကွ ဒီကောင်တွေကို ငါတို့ လည်း တုတ်နဲ့ ဝင်ရိုက်တာပဲ ဘယ်လိုမှ မနေဘူးဟေ့ “
“ဟုတ်ပါ ရွာလူကြီးရာ ကျုပ်ဆို ဓားနဲ့ ထိုးတာ ဒီကောင်တွေက သွေးတောင် မထွက်ဘူး ရိုးတော့ မရိုးဘူးဗျ”
ဦးအုန်းသည် ညိုနေသော မျက်ကွင်းကို လက်နှင့် ပွက်ရင်း စကားဆိုနေလေသည် ထိုအချိန် ရွာလူကြီးတို့ အနားသိူ့ ကွတ ကွတ နှင့် မောင်ဘိုးထင်တို့ အဖွဲ့ ရောက်လာပြီး ဖိုးထွေးမှ သူ၏ အဘ ရွာလူကြီးအား ပြစ်တင်ပြောဆိုနေလေသည်
“အဘကို ကျုပ်တို့ ပြောပါတယ် အဘတို့က လူကြီးတွေ ဖြစ်ပြီး ဘာအတွေးအခေါ်မှ မရှိဘူး လူငယ်တွေကိုလည်း နေရာ မပေးချင်ဘူး အခုတော့ ခံရပြီ မဟုတ်လား “
“တောင် ဒီကောင်ကတော့ နာရတဲ့ အထဲ လာပြီး စကားနာ ထိုးနေတယ် “
“ဘာလဲ ကိုမောင်ကြီး ရှင်က ကျမသား ဖိုးထွေးကို ရန်ရှာနေတာလား သူတို့ ရှင့်ကို ကြိုပြောတယ် မဟုတ်ဘူးလား “
“အေးပါ သေးသွယ် ရယ် ငါသိပါတယ် ဒီကောင် ပြောနေတဲ့ ပုံစံကြည့် သူက ရွာလူကြီးလား ငါက ရွာလူကြီးလား “
ရွာလူကြီးသည် သူ၏ သားတော်မောင် ဖိုးထွေးအား မကျေမနပ်နှင့်ကြည့်နေလေသည်၊ ထို့နောက် ဖိုးထွေးသည် သာရ နှင့် မောင်ဘိုးထင်ကို ကြည့်ကာ
“ဟေ့ကောင်တွေ ဓားပြတွေ နောက် ငါတို့ ညတွင်းချင်းလိုက်မယ် လလည်းသာနေတယ် ဆိုတော့ လိုက်လို့အဆင်ပြေမယ် မင်းတို့ ဘယ်သူတွေ လိုက်မလဲ “
“ကျုပ်လိုက်မယ် “
“ကျုပ်လိုက်မယ် “
ထုံးစံအတိုင်း ၊ သာရ၊ မောင်ဘိုးထင် ၊သာအေး ၊ပေတူး တို့ ဖိုးထွေးလောက်လိုက်မည်ဟု ပြောသူများဖြစ်သည် ၊ ထိုေနာက် အသံ ခပ်တိုးတိုးနှင့် လူနှစ်ယောက် အသံက ပေါ်လာ သည်
“ငါတို့ လည်းလိုက်မယ် လေ “
ထိုသူနှစ်ယောက်မှာ အခြားသူ မဟုတ် မင်းနောင် နှင့် ချိုးသိမ်းဖြစ်လေသည် ၊ ဤသို့ နှင့် မောင်ဘိုးထင်တို့ အဖွဲ့ ရွာမှ ကျွဲ၊နွားများကို ဓားပြတိုက်သွားသော ဓားပြများနောက်သိူ့ လိုက်ရန် ဟန်ပြင်လိုက်ကြပါလေတော့သည် ။
▪️အခန်း-၈
အခုချိန် မောင်ဘိုးထင်တို့ အဖွဲ့ကို ဦးဆောင်သူမှာ မင်းနောင်ဖြစ်သည် ၊ မင်းနောင်သည် ရှမ်းဘောင်းဘီကို ဝတ်ထားပြီး ဓား နှစ်လက်ကို ကြက်ခြေခက် လွယ်ထားရာ အမှန်တကယ်ကို ပင် သိုင်းဆရာနှင့် တူနေပေသည် ၊သူ၏ဘေးတွင်သူ သူ၏ တပည်ကျော် ချိုးသိမ်းသည် ရှမ်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ငှက်ကြီးတောင် ဓားကို ပုခုံးပေါ်ထမ်းထားသည် မောင်ဘိုးထင်တို့သည် သူတို့ ၏ နောက်မှာ လိုက်နေကြသည် ၊ ရှေ့သို့ လည်း အရမ်းမကပ်ရဲကြပေ မတော်လို့ ဓားထုတ်က သူတို့အား ထိခိုက်မိနိုင်သည်မဟုတ်ပါလား ၊ မည်သို့ပေဆိုစေကာမှု ရွာထဲ မှ ဓားပြတိုက်သွားသော ကျွဲ၊နွားများကို ဆွဲ သွားနိုင်သည် လမ်းသိူ့ သူတို့ လိုက်လာနေကြသည်၊ ရွာလူကြီး နှင့် ဦးအုန်းတို့ အတန်တန် တားသည့်ကြားက အတိုက်အခံ လုပ်ပြီး ရင်ကော ပြီးထွက်လာကြသော မောင်ဘိုးထင်တို့သည် ယခု လမင်းကြီး၏ အလင်းရောင်ရသော ညပိုင်းသိူ့ ရောက်ရှိလာပြီ ဖြစ်သည် ၊
“တပည်တို့ မင်းတို့တွေ သတိထားရမဲ့ အချိန်ရောက်လာပြီကွ”
“ဘယ်သူတွေက တပည်တွေလဲ ကိုမင်းနောင်”
“မင်းတို့တွေ လေကွာ သာရ ရ”
“ကျုပ်က တော့ ခင်ဗျား တပည် မလုပ်တော့ဘူးနော် ကျန်တဲ့ သူတွေက တော့ မပြောတက်ဘူး”
သာရမှ မောင်ဘိုးထင်တို့အား လှည့်ကြည့်ပြီး ပြောလိုက်ရာ မောင်ဘိုးထင်တို့ အားလုံး ခေါင်းကို တွင်တွင် ခါယမ်းနေသည်ကို ထွန်းလင်းနေသော လရောင်အောက်တွင် နောက်လှည်ကြည့်နေသော မင်းနောင် မြင်ရချိန်
“အေးပါကွာ ငါ တက်ထားတဲ့ ပညာဆိုတာ ဟော့ဒီက ငါတပည် ချိုးသိမ်းလို ပါရမီရှင် တွေမှ သင်ယူခွင့် ရတယ် ထင်ပါရဲ့ ကွာ “
ထို့ေနာက် မင်းနောင် နှင့် ချိုးသိမ်း ဦးဆောင်ပြီး ခရီး နှင်လာရာ ညသန်းခေါင်ယံ သို့ ရောက်လာပြီ ဖြစ်သည် ၊ ထို့နောက် ဖိုးထွေးသည် လရောင် အကူအညီ ဖြစ် လမ်းပေါ်မှ နွားခြေရာများကို ကြည့်ကာ
“ကိုမင်းနောင် နွားတွေက ဒီတောထဲ ဆွဲသွားပုံပဲဗျ ဒီဘက်မှာ ခြေရာတွေ မရှိတော့ဘူး “
မင်းနောင်သည် ဖိုးထွေးပြသော နေရာကိုသေချာကြည့်လိုက်သည် ဟုတ်ပေသည် နွားများရဲ့ ခြေရာများသည် တောထဲကို ဦးတည်နေလေသည်၊ ထိုအခါ မင်းနောင်သည် ပုဆိုးစ တခုအား ယူဆောင်လာသော ရေနံဆီပုလင်းထဲ မှရေနံဆီစွတ်လိုက်ပြီး လွယ်ထားသော ဓားနှစ်ချောင်း အနက် ဓားတချောင်း၏ ဓားဦးတွင် ပတ်လိုက်ကာ သစ်သားမီးခြစ်ဖြစ် မီးညှီလိုက်ရာ မီးတုတ် တခု ဖြစ်သွားလေသည် ၊ ထို့နောက် မင်းနောင်သည်နွားများကို ဆွဲသွားသော တောထဲ သို့ ဦးဆောင်၍ ဝင်သွားပါလေတော့သည်။
▪️အခန်း-၉
မင်းနောင် ၏ ဓားနှင့်ပြုလုပ်ထားေသာမီးတူတ် သည် လရောင် မကျရောက်နိုင်တော့သော တောထဲ တွင် လင်းထိန် နေလေသည် ၊သူတို့ အချိန် အတော်အကြာ တောထဲ ဝင်သွားချိန် သစ်ပင်ကြီးများအား ခုတ်လှဲထား၍ အပင်ကြီးများ မရှိတော့ပဲ အပင်အသေးလေးများ ကျို့တို့ကျဲတဲ ရှိရာနေသိူ့ ရောက်လာလေသည် ၊ ထိုနေရာသည် အခါ လရောင်သည် ဝိုးဝါး အလင်းရောင် ပေးစွမ်းနေသည် ၊ မင်းနောင်သည် သူ၏ ဓားထိပ်မှာ မီးစာကို ခါ ထုတ်ပြီး မီးကို ငြိမ်းလိုက်ကာ ကျန်သူများကို အသံ တိုးတိုး နှင့် ပြောလိုက်သည်
“ဟေ့ကောင်တွေ ဟိုရှေ့က မီးအလင်းရောင် ရတယ် တွေ့လား အဲ့ အနားမှာ လူရှိလောက်တယ် “
“ဟုတ်တယ်ဗျ မီးကတော့ တော်တော် လင်းထိန်နေတာပဲ မီးတုတ်တွေ ထွန်းထားတာဖြစ်မယ် “
“အေး တို့သွားကြမယ် ငါတို့ရွာကကျွဲတွေ နွားတွေ ပြန်ရဖို့ ငါတို့ကြိုးစားရမယ်။ တို့ရွာက နွားတွေ ကျွဲတွေ မရှိရင် ငါတို့ ရွာသားတွေ လယ်စိုက် ကြံစိုက် ခက်ခဲကုန်ကြမှာကွ”
ယခု မောင်ဘိုးထင်တို့ မင်းနောင်အား လေးစားသွားရပြန်သည် ၊ သိုင်းပညာကို အင်မတန် ချစ်မြတ်နိုးပြီး ရွာသားပြဇတ်မင်းသား ဖြစ်သည့် မင်းနောင်သည် ရွာကို ချစ်သည့် စိတ် အပြည့်ရှိကာ ဒုက္ခရောက်နေသော ရွာသားများအတွက် ရှေ့ဆုံးမှ ကူညီဖို့ ကြိုးစားနေသော ကြောင့် မင်းနောင်သည် အညတရာ ပြဇတ်မင်းသားဆိုပေမဲ့။ ပေါက်ကရ ပြဇတ်မင်းသားတော့ မဟုတ်ပေ ၊ ထို့အတွက် မောင်ဘိူထင်တို့ လေးစားနေကြချင်းဖြစ်သည်
“ကိုမင်းနောင် ခင်ဗျား စိတ်ဓတ်ကို ေတာ့ လေးစားတယ်ဗျာ ဒါနဲ့ လာမဲ့ ဘုရားပွဲ ပြဇတ်က ရင် ကျုပ်တို့ပါ ကမယ် ဗျာ ဒါ ခင်ဗျားတို့ နွားတွေ မပါပဲ ခင်ဗျားက ဘာလို့ကျုပ်တို့ နဲ့လိုက်လာတာလဲ ဗျ”
ဖိုးထွေး၏ စကားကို မင်းနောင် တချက်ပြုံးလိုက်ကာ
“ငါ့ရွာသားတွေက အခု ဓားပြတိုက်ခံလိုက်ရတဲ့ ကျွဲလေးတွေ နွားလေးတွေ နဲ့ စားဝတ်နေရေး ကြိုးပမ်းနေရတာလေကွာ သူတို့မှာ အခုကျွဲနွားမရှိတော့ဘူးဆိုတော့ ဘယ်လောက် ပူပင်သောက ရေေဝလြိက်မလဲ ငါက ရွာက ပြဇတ်မင်းသားလေ သူတို့တွေ ရွှင်း စီးပွားရေး အဆင်ပြေနေမှ ငါတို့ လည်းပြောရွှင်မှာပေါ့ အဲ့တော့ ငါတို့ မှာ တာဝန်အပ်ြည့ရှိတယ်ကွ ရွာသားတွေရဲ့ နွားတွေ မရရင် ရွာသားတွေ ပျော်မှာ မဟုတ်ဘူး စိတ်ညစ် နေကြပါမှာ စိတ်ညစ် စိတ်ဆင်းရဲနေတဲ့ အချိန်ငါက မျက်နှာပြောင်တိုက်ပြီး ပြဇတ်ကလို့ ဖြစ်မလား ငါကလည်း မက ပဲ မနေနိုင်ဆိုတော့ ရွာသားတွေ ပျော်ဖို့ နွားတွေ ကျွဲတွေ ပြန်ရမှ ဖြး်မှာကွ အဲ့ဒါမှ နောက်လ ဘုရားပွဲ ငါပျော်ပျော် ရွှင်ရွှင် နဲ့ ပြဇတ်က နိုင်မှာ “
“ကိုမင်းနောင် ကျုပ်လည်း ပြဇတ်မင်းသား ဖြစ်ချင်လိုက်တာ ဗျာ “
“ဘိုးထင် မင်းတို့က ဆိုင်းသအားတွေလေကွာ “
“ဆိုင်သမားသာ ဖြစ်တာပါဗျာ ရွာပြဇတ် တခါမှ မတီးရပါဘူး”
“အေး အဲ့တာဆို ငါတို့ ရွာက ကျွဲတွေ နွားတွေ က ပြန်ရရင် ငါမင်းတို့ကို ပြဇတ် ကဖို့ ဦးလူလေး ကို ပြောပေူမယ် ကွာ “
မောင်ဘိုးထင်တို့ သည် မင်းနောင် စကားကြားသောအခါ ဝမ်းသာသွားကြပြီး စကားတိုးတိုး ပြောရင် လမ်းလျှောက်လာရာ မီးများ ထိန်နေအောင်ထွန်းထာားသော နေရာ အနီးသို့ ရောက်ရှိလာကြပါေလတော့သည် ။
▪️အခန်း-၁၀
လေးပင်သုံးပင် အခန်းပွင့် အတော်ကျယ်ကျယ်ဆောက်ထားသော တဲ ကြီးတလုံးဖြစ်သည်။ ထိုတဲ ဝန်းကျင်တွင်တော့ ကညင်ဆီ မီးတိုင်များ။အတော်အများ ထွန်းညှိထားရာ တဲဝန်းကျင် တခုလုံးထိန်လင်းနေလေသည် ၊ ထိုမီးရောင်များ၏ အလင်းရောင်ကြောင့် တဲ ထဲ နှင့် တဲဝန်းကျင်ကို ရှင်းလင်းစွာ မြင်နေရသည် တဲထဲ တွင်တော့ လူသေများပမာ ခြေဆန့် လက်ဆန့် နှင့် အိပ်နေသော လူဆယ်ယောက် ရှိလေသည် ၊ တဲ၏ ရှေ့ တန်းလျားတွင် ပုတီးကြီး များကို လည်မှာ ဆွဲထားကာ တောင်ဝှေး တယောက် တချောင်းဆီ ကိုင်ထားကြသော အောက်လမ်း နှစ်ယောက် တစုံ တခုကို မျှော်နေလေသည် ၊ တဲ ဝင်းကျင် တွင်တော့ ပေပင်ရွာ မှာ ဓားပြတိုက်လာသော ကျွဲနွားများကို ငုတ်စိုက် ၍ ချည်ထားလေသည် ၊ ထိုမြင်ကွင်းကိုဖြစ် ထို တဲကြီး နှင့် မလှမ်းမကမ်း အမှောင် ရိပ်ထဲတွင် ရှိနေသော မင်းနောင် ဦးဆောင်သော မောင်ဘိုးထင်တို့သည် အပင်များနောက်ကွယ် တွင် ရှောင်းကြည့်နေကြချင်းဖြစ်သည်။
တဲအပြင် တန်းလျားတွင် ထိုင်နေသော အောက်လမ်းကြီးသည် စိတ်မရှည်ဟန် နှင့် သူနှင့် အတူရှိသော အောက်လမ်းကြီး အား ပြစ်တင်ပြောဆိုနေလေသည် ၊
“မင်းရဲ့ နွားဝယ်မဲ့ သူတွေက မလာသေးဘူးလား မိုးမလင်းခင် ဒီနွားတွေကို ဒီနယ် ထဲက အပြီးထုတ်ရမှာ “
“သန်းခေါင်ကျော် လောက် လာခဲ့လို့ ငါလည်း ပြောတာပဲ ဘမှန်ရာ အခု မလာသေးတာတော့ ငါလည်း မတက်နိုင်ဘူး “
ထိုလူကြ နှစ်ယောက်၏ ပြောစကားများကြားသော အခါ မောင်ဘိုးထင်တို့ အတော်ကို စိတ်တို နေကြသည် ၊ မောင်ဘိုးထင်သည် တဲ ထဲမှ လူသေများပမာ အိပ်နေကြသော လူများကို ကြည့်ပြီး
“ကိုမင်းနောင် တဲထဲက လူတွေကြည့်ရတာ တမျိုးကြီးပဲဗျ”
“အေးဟုတ်တယ် ဟို အစွန်း ဆုံးက လူကို ငါတို့ ဓားနဲ့ ဝိုင်း ခုတ်ထားတာပါ ဘယ်လို့ မှ မနေဘူး “
“ကျုပ် အထင် ဖုတ်တွေ သွင်းထားတာ ဖြစ်မယ် “
” မသိပါဘူးကွာ ကဲ နွားဝယ် မဲ့သူတွေ လာရင် သူတို့ အင်အား ပိုကောင်း လိမ်မယ် ဝင်ချကြရအောင်ကွာ သေရင် သေ မသေရင် လည်း မသေ ဘူးလို့ပဲ မှတ်ရတာပေါ့ဟေ့”
မင်းနောင် နှင့် ချိုးသိမ်းသည် ရှေ့ဆုံးမှ နေ၍ ပုတီးများ လည်ပင်း ဆွဲ ထားသော အောက်လမ်းကြီး နှစ်ယောက်ဆီ ပြေးဝင်လိုက်လေသည် ထို့နောက် မောင်ဘိုးထင်တို့သည် လည်း လေးဂွများထုတ်ကာ ပစ်လိုက်ကြသည် ၊ ဖိုးထွေး နှင့် သာရ သည်လည်း ယူလာသော ဓားများ ဖြစ် မင်းနောက်သို့ နောက်ပြေးလိုက်သွားနေသည် ၊ သူတို့ အာနားရောက်သောအခါ အောက်လမ်းကြီး နှစ်ယောက်အား ဓားဖြစ် ခုတ်ရန် ရွယ် လိုက်စဉ် လူကေအာက်လမ်း တယောက်မှ တောင်ဝှေးကို မြေပြင် နှင့် ဆောင့်လိုက်ရာ အနားကပ်လာသော သူတို့ နောက်သိူ့ လွင့်စင် ကုန်လေသည် ၊ ထို့နောက် ဘမှန်ဟု အမည်ရသော အောက်လမ်းသည် မောင်ဘိူးထင်တို့ ပစ်လိုက်သော နောက်စလုံးများကို ပါးစပ် နှင့် မှုတ်လိုက်ရာ လောက်စလုံးများ သည် လေပေါ်တွင် ရပ်တန့်နေ၏ ၊ ထို့နောက့် ဘမှန်သည် တောင်ဝှေးကို နောက်တချက် မြေပြင်ကိုေဆာင့်င့်လိုက်ပြီး
“ကဲ ငါ့ကောင်တွေ ဒီကောင်တွေကို ဖမ်းပြီး မင်းတို့ စားလိုက်ကြေတာ့ ဟေ့…. “
ထို အောက်လမ်းဆရာကြီး၏ စကားဆုံးသည် နှင့် တဲထဲမှာ လူသေပမာ အိပ်နေသော လူဆယ်ယောက်သည် ချက်ချင်းထလာကာ မောင်ဘိုးထင်တို့ အနားသို့ တရွေ့ရွေ တိုးလာေနကြသည် ၊ထို့နောက် တရွေ့ရွေ့သွားနေသော ဖုတ်ကောင်များသည် ရုတ်တရက် လျှင်မြန်လာကာ မောင်ဘိုးထင်တို့ အား အနောက်မှာ လည်ပင်းကို ညှစ်ပြီး သိုင်းဖတ်ထားလိုက်ကြတော့သည် ၊
မောင်ဘိုးထင်တို့သည် မည်သို့သော တိုက်ခိုက်မှု့မှ မစွမ်းနိုင်တော့ကာ အချင်းချင်း ကြည့်လိုက်ကြပြီး မောင်ဘိုးထင်မှ
“ကျုပ်သေရမှ မကြောက်ဘူး ကျုပ်စိတ်မကောင်းတာ တခုတော့ရှိတယ် ကျုပ်ချစ်တဲ့ ရွာသားတွေရဲ့ ခိုင်းကျွဲ ခိုင်းနွားတွေကို ရအောင် မလုပ်ေပးခဲ့နိုင်ဘူး ကဲ ကိုဖိုးထွေး ကိုသာရ ပြီးတော့ ပေးတူး နဲ့ သာအေး ကိုမင်းနောင် နဲ့ ကိုချိုးသိမ်းအားလုံးကို ကျုပ်နုတ်ဆက်ခဲ့တယ်ဗျာ “
“ဘိုးထင် ဘာတွေ နုတ်ဆက်နေတာလဲ မင်းတယောက်တည်း သေမှာ မဟုတ်ဘူး ငါတို့လည်းသေမှာ ဟ ကြောင်တောင်တောင် နဲ့ “
မောင်ဘိုးထင်၏ စကားကို ဖုတ်ကောင်ကြီး ချုပ်ထားသည့်ကြားမှ ခက်ခက်ခဲခဲ စကားပြန်ဆိုသူမှာ သာရဖြစ်သည် ထိုေနာက် အောက်လမ်းကြီး နှစ်ယောက်သည် မောင်ဘိုးထင်တို့အား ချုပ်ထားသည် ဖုတ်များကို ကြည့်ကာ
“ကဲ မင်းတို့ သွေးဖောက်သောက် လိုက သောက်နိုင်ပြီ အသားစားလိုကလည်း စားနိုင်ပြီ “
အောက်လမ်းကြီး၏ စကားဆုံးသည် နှင့် မောင်ဘိုးထင်တို့အား ချုပ်ထားသော ဖုတ်များသည် ပါးစမ်များ ဟလာသလို မည်သူကို မှ မချုပ်ထားသော ဖုတ်သုံးကောင်သည် လည်း လူကောင်ကြီးသော မင်းနောင် နှင့် သာရ ထို့နောက် ဖိုးထွေးဆီသို့ သွာနေချိန် အစိမ်း ရောင် အလင်းတန်းတခု သူတို့ဘက်သိို့ ထိုးထွက်လာပြီး ဖုတ်ကောင်ကြီးများ နောက်သို့ လွင့်စဉ်ကာ ငြိမ်သက်သွားပါေတာ့သည် ၊ အလင်းစတင် ထွက်ပေါ်လာရာသို့ မောင်ဘိုးထင်တို့ ကြည့်လိုက်သောအခါ ဦးအုန်းသည် မျက်ကွင်းညိုကြီးနှင့် မိုးကြိုးစက် တောင်ဝှေးအားကိုင်ထားသလို ဖူးယောင် နေသော ရွာလူကြီး နှင့် ရွာထဲမှ လူရွယ် များ တုတ်ဓားမီးတုတ်များကိုင် ပြီး အောက်လမ်းကြီး နှစ်ယောက်ကို ကြ ည့် နေလေသည် ၊ ဦးအုန်းသည် ဖုတ်ကောင်များ ချုပ်ထားရမှ လွတ်သွားသော မောင်ဘိုးထင်တို့အား လက်ယှက်ခေါ်လိုက်ကာ သူ၏ အေနာက်မှာ နေစေပြီး။ အောက်လမ်းကြီးအား လှမ်း၍ စကားဆိုလိုက်လေသည်။
“တောက် ငါတို့ အောက်လမ်းတွေ သိက္ခာ ကျအောင် မင်းတို့က အလောင်းကောင်တွေကို ဖုတ်သွင်းပြီး ကျွဲ နွားတွေကို ဓားပြတိုက်ခိုင်းရတယ် လို့ကွာ “
“မင်းတို့ ရွာမှာ တန်ဖိုးရှိတာ ဆိုလို့ ကျွဲ နွားပဲ ရှိတာ မဟုတ်လား ပြီးတော့ မင်းနေတဲ့ ရွာက လူတွေ ဒုက္ခရောက်စေချင်လို လုပ်တာ သိပြီလား “
“မင်းက ငါ့နာမည်တောင် သိနေမှပဲ ငါတို့လည်း ပြန်ရမှာ အချိန် မရှိဘူးဆိုေတာ့ မိုးကြိုးစက် တောင်ဝှေး အစွမ်းကို ခံကြည့်ေပဦးတော့ ကဲ မင်းတို့ မိုက်ပြစ် မင်းတုိ့ခံ ဟေ့ “
ဦးအုန်းသည် မိုးကြိုးစက်တောင်ဝှေးအား မြှောက်လိုက်ပြီး အဝေးမှ အောက်လမ်း နှစ်ဦးကို ရိုက်လိုက်ရာ လျှက်စီးလက်သည့်အလား တောင်ဝှေးမှ လျှက်စီးတန်းများ ထွက်ပေါ်လာပြီး အောက်လမ်း နှစ်ဦးအား လျှက်စီး တန်းများရစ်ပကတ်နေလေရာ အောက်လမ်းကြီးနှစ်ယောက် ငယ်သံပါအောင် အော်ဟစ်နေကြရလေသည်၊ ထို့ေနာက် လျှက်စီးတန်းများသည် တဖြည်းဖြည်းပျောက်ကွယ်သွားချိန် အောက်လမ်းကြီး နှစ် ဦး ဆီမှာ ရူးကြောင်ကြောင် စကား အသံများ ထွက်ပေါ် လာလေသည်။
“ဟို ကျွဲကြီးက ဘယ်သူကျွဲ ဘမှန်ကျွဲ ဟေ့ ဘမှန် ကျွဲ”
“ဟိုနွားကြီးက ဘယ်သူ နွား ငထွား နွားဟေ့ ငထွားနွား “
“ငါနွားပြန်ပေး ငါနွားတွေ ပြန်ပေး “
အောက်လမ်းကြီး နှစ်ယောက်သည် မြေပြင်မှာ လူလှိမ့်ပြီး သွက်သွက် ခါအောင် ရုးသွားပါေတာ့သည် ထို့နောက် ရွာလူကြီးသည် လူငယ်များကို ရွာမှ ကျွဲများ နွားများကို ဆွဲခိုင်းလိုက်ပြီး မောင်ဘိုးထင်တို့ အနားသွားကာ
“မင်းတို့ တကယ့်ကောင်တွေ သေမှ မကြောက်ဘူးလား ဦးအုန်း နဲ့ ငါတို့ အချိန်မှီ လိုက်လာလို့ပေါ့ “
“အဘရယ် ကျုပ်တို့ သေတာထက် ရွာက လူတွေ ခိုင်းကျွဲ ခိုင်းနွားမရှိမှာ ပို ကြောက်တယ် ဗျ”
“အေးပါကွာ မင်းက တကယ်လူတော်ပါ ငါ့သားရာ အဲ့တာကြောင့် မင်းကို အလို လိုက်ထားတာပေါ့ ကွာ”
“အဘ အဲ့တာ ဆို ကျုပ်တို့ အဖွဲ့ကို ကိုမင်းနောင် နောက်လ ပြဇတ် က ရင်ထည့်ပေး ကျုပ်တို့ ပြဇတ်က ချင်တယ် ဗျ”
“ဆိုင်း မတီးတော့ပြန်ဘူးလားမင်းတို့က “
“ကိုမင်းနောင် ကြီးကို လေးစားလို့ပါဗျာ ကျုပ်က သူကို ငပေါ်ကြီးလို့ ထင်ထားတာ အခုမှ ကိုမင်းနောင်က ရွာသားတွေ အတွက် ဆို ရှေ့ဆုံးက အသတ်ပေးဝံ့တဲ့ သူဆိုတာ သိတော့တယ် “
ဖိုးထွေးစကားကြားသောအခါ မင်းနောင်သည် သူ၏ မေးစေ့မှ ပါးကျဲကျဲ မုတ်ဆိတ်မေွးကို သပ်ရင်း
“ငါတေယာက် ထဲကြည့် မပြောပါနဲ့ကွာ င့ါရဲ့ တဦးတည်းသော တပည် ချိုးသိမ်းလည်းပါ ပါတယ် ကွ “
“ဟုတ်ပါတယ် အကုန်လုံးပါ ပါတယ် ကဲကဲ အဘရေ ကျုပ်တို့ ပြန်ကြဆို့ဗျာ ပြဇတ် ပညာကို ကိုမင်းနောင် ဆီ သင်ချင်ပြီဗျို့
ဤသို့ နှင့် မောင်ဘိုးထင်တို့သည် ပေပင်ရွာသားများနှင့်အတူ နွားများဆွဲ ပြီး ပေပင်ရွာသို့ ပြန်ကြပါလေတော့သည်။
ပြီးပါပြီ..
ရေးသားသူ-မောင်တင်ဆန်း
#crd