Unicode Version
” အောက်လမ်းဘိုးထင် နှင့် ဘောလုံးပြိုင်ပွဲ “(စ/ဆုံး)
—————————————————————–
(၁၉)
▪️အခန်း-၁
ပေပင်ရွာထိပ်ရှိ ရိုးပြတ်လယ်ကွင်းများအား ထယ်ကို အပေါ်ယံလေးထိုးပြီး ဂျုတ်တိုက်နေကြသည် ၊ မောင်ဘိုးထင်တို့ ကလေးမကျ လူပျိုမကျ အသက်တဆယ့်သံုးနှစ်အရွယ် လူငယ်လေးများသည် ဂျုတ်ပေါ်သို့ နွားမောင်သူ တဖက်တချက် တက်စီးပြီး ရယ်မောပျော် ရွှင်နေကြသည် ၊ မကြာခင် ကျင်းပမည့် ကျေးရွာအုပ်စုများ ဘောလုံး ပြိုင်ပွဲ အတွက် ပေပင်ရွာမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ ယခု ဘောလုံးကွင်းကို ဖော်ဆောင်နေကြချင်း ဖြစ်သည်၊ ဘောလုံးကွင်းမှာ သာရ၏ အဘ လယ်ကွင်း ကျယ်ကြီးကို ထယ်ထိုး ဂျုတ်တိုက် နှင့် ဘောလုံးကွင်း ပြုလုပ်နေချင်းဖြစ်သည် ၊၊ ဖိုးထွေး နှင့် သာရသည် မင်းနောင်တို့ နှင့် အတူ ဂိုးတိုင် ပြုလုပ်ရန် မျောတိုင်များ သွားခုတ် နေကြသည် ၊
မောင်ဘိုးထင်သည် ဂျုတ်ကို မပြုတ်ကျစေရန် ဂျုတ်ကိုင်းကို ကိုင်စီးရင်း ဂျုတ်ပေါ် မတ်တတ်ရပ်ပြီး နွားမောင်းနေသော ကိုကြည်အေး အား စကားဆိုလေသည်
“ကိုကြီးကြည်အေး မပူဘူးလား နေကမြင့်လာပြီ အင်္ကျီချွတ်ကြီးနဲ့”
“ပူပါဘူး ဘိုးထင်ရာ ဒီလို တောင့်တင်းတဲ့ ကိုယ်ခန္ဓာ ရဖို့ ဘယ်လောက် ကြိုးစားရတယ် ထင်လဲ “,
“သိပါတယ်ဗျာ ဗလကြီးကတော့ တောင့် ပါတယ် အသာကေတာ့ တော်တော် မဲတယ်ဗျ ”
“အသားမဲတော့ ဘာဖြစ်လဲကွ”
ဘိုးထင်မှ အသားမဲသည် ဟု ပြောသော အခါ ကိုကြည်အေးသည် မကျေမနပ် ပြန်ပြီးခွန်းတုန့်ပြန်နေစဉ် ကိုကြည်အေး၏ ဘေးတဖက်မှ မောင်ဘိုးထင် နည်းတူ ဂျုတ်စီးနေသော ပေတူး၏ စကားသံက ပေါ်လာလေသည်
“ဟေ့ကောင် ဘိုးထင် ကိုကြီး ကြည်အေးကို အသားမဲတယ် လို့ မပြောစမ်း နဲ့ကွာ ”
“ပြောလိုက် စမ်းပါ ပေတူးရာ ဒီကောင် ဘိုးထင် ဘာမှ သိတဲ့ကောင် မဟုတ် ဘူး”
“ပြောမယ် ကိုကြီးကြည်အေး ဒီကောင့်ကို ပြောမှကိုရမယ် သူများကို အသားမဲသလေး ဘာလေးနဲ့ ”
“အေးကွာ ”
“ဟေ့ကောင် ဘိုးထင်း ”
“ဘာလဲ ”
“မှတ်ထား ကိုကြီးကြည်အေးက ကောက်ရိုးပုံ မီးရှို့ထားတဲ့ ပြာပုံ ထက်တော့ ဖြူတယ် ကွ ”
“ဟာ ဒီေကောင်တွေ ကတော့ကွာ ”
ကိုကြည်အေးသည် နွားမောင်း ရင် မောင်ဘိုးထင်တို့ကို သဘောကျစွာ ပြူံရယ်၍နေပါတော့သည် ၊ ထိုစဉ် ရွာထဲ မှ အမျိုးသမီးများ တောင်းများကို ရွက်ပြီး ရောက်လာကြသည် အမျိုးသမီးများ၏ ရှေ့ဆုံး တွင်တော့ ရွာလူကြီးဦးမောင်ကြီးပါ ပါလာလေသည် ၊ ရွာလူကြီး နှင့် အမျိုးသမီးများသည် ဘောလုံးကွင်း ပြုလုပ်နေသော လယ်ကွက် နှင့် မလှမ်းမကမ်းရှိ ညောင်ပင်ကြီး အရိပ်အောက်သို့ ဝင်သွားပြီး ရွာလူကြီး ၏ ကျယ်လောင်သော အသံက ပေါ်လာလေသည်
“ဟေ့ကောင်တွေ ဒီမှာ ခဏ လာနားကြဦး ”
ရွာလူကြီး စကားဆုံးသည် နှင့် မရပ်သေးသော ဂျုတ်များပေါ်မှ မောင်ဘိုးထင်အပါအဝင် သူနှင့် ရွယ်တူလေးများ ဆင်းလိုက်ကြကာ ညောင်ပင်ရှိရာသို့ ပြေးသွားကြလေသည် ၊ ဖိုးထွေး နှင့် သာရသည် ဂိုးတိုင်လုပ်မည် မျောတိုင်များကို ဓားဖြစ် အချော ကိုင်နေရင်း သာရမှ ညောင်ပင်ကို ကြည့်ပြီးစကားဆိုလာသည်
“တောက် မင်းအဘက တော်တော် ရှုပ်တယ် ကွာ ”
“ဘာလို့လဲကွ”
“ဟိုမှာ မိန်းကလေးတွေ ကြားထဲ တယောက် ထဲ သူ့ကိုယ်သူ ကာလသမီးခေါင်းများထင်နေလား မသိဘူး ”
“ဟုတ်တယ် ကွာ အဲ့တာ ငါလက်ခံတယ် လာသွားမယ် ဟိုကောင် ဘိုးထင်တို့က နင်းကန်မြိုမှာ လက်နှေးရင် ဘာတခုမှ စားရမှာ မဟုတ်ဘူး ”
ဖိုးထွေး နှင့် သာရ သည် ဓားများကို ချပြီး ညောင်ပင် ဘက်ဆီသို့ ခြေလှမ်း ပြင်လိုက်ကြလေတော့သည် ။
▪️အခန်း-၂
ဘောလုံးကွင် ပြုလုပ်ရာ၌ လုပ်အားပေးနေကြသော လူကြီး လူရွယ် လူငယ် ကလေး များသည် ရွာမှ အမျိုးသမီးများ သယ်ယူလာသော ကောက်ညှင်းပေါင်း အကြော်တို့အား အားရပါးရစားနေကြသည် ၊ အပျိုကြီး အေးကြည် မှ ဖိုးထွေး နှင့် သာရ တို့အား အကြော်များ နင်းကန် ထည့်ပေးနေသော မိကျော့ နှင့် လှရင်ကို ကြည့်ကာ
“ဟို အပျို ပေါက်စ တွေ နင်တို့ လင်လောင်း တွေကြည့်ပဲ ထည့်ပေး မနေနဲ့ ဟိုမှာလည်း ကြည့်ဦး ခွာနာ လျှာနာ ဖြစ်နေတဲ့ နွာကြီးလို ငေးနေတဲ့ ချိုးသိမ်း ကိုလည်း ထည့်ပေးလိုက်ဦး”
“ဟာ ဗျာ အပျိုကြီး ကြည်အေး ကလည်း ဘာတွေပြော ”
“မင်းမေကြီးတော် အပျိုကြီး ကြည်အေး အဲ့တာ အေးကြည်ဟာ ငါက ယောက်ျားကြီး ကြည်အေး ”
“မှားသွား လို့ပါ ကိုကြည်အေးရယ် ခင် ဗျား နဲ့ အပျိုကြီး ကြည်အေး အယ် ဟုတ်ပါဘူး အေးကြည်က လည်း ပေးစရာ နာမည်ရှားလို့ဗျာ ”
“တောက် မင်းပြောရင်လည်း ပြောလောက်တယ် ”
သူ၏ နာမည်ကို ယူကြုံးမရဖြစ်နေသော ကိုကြည်အေးအား အပျိုကြီး အေးကြည်မှ သေချာကြည့်ကာ
“ဟဲ့ ကြည်အေး နင် နာမည် နဲ့ ငါ့နာမည် ဒီလောက်မှား နေတာ မထူးဘူး ငါတို့ ယူလိုက်ကြရအောင်ဟယ် ”
” ဟာ တော်တော် မယူဘူး မယူဘူး ကျုပ်ရဲ့ ခန္ဓာကိုယ် အလှနဲ့ဆို မြို့က ပြဇတ်မင်းသမီးလောက်ေတာ့ အသာလေး ရတယ် ”
“ဗလသာ ရှိတယ်ပါဟယ် ဟို ”
“ဒီအပျို ကြီး ဘာတွေ လျှောက်ပြော မလို့ လဲ မသိဘူး ဗျာ ”
စနောက်တက်သော အပျိုကြီး အေးကြည်ရှေ့ ကိုကြည်အေး မနေရဲတော့ကာ ဘောလုံးကွင်းဂျုတ်တိုက်နေသည့် ဂျုတ်ရှိရာသို့ ပြန်ဆင်း သွာပါတော့သည် ၊ ပေပင်ရွာ ဘောလုံးကွင်း ပြုလုပ်သည်က ရယ်မောပျော်ရွှင်သံ များ နှင့် အတူ ဆက်လက် လုပ်အားပေးနေကြပါလေတော့သည်။
▪️အခန်း-၃
ပေပင်ရွာလူကြီး ၏ အိမ်တွင် စည်းဝေ ပွဲ တခု ကျင်းပနေလေသည် ၊ ထိုစည်းဝေး ပွဲ မှာ အုပ်စုဒိုင်းအတွက် ညှို နှိုင်းပွဲ ဖြစ်သည် ၊ ညှိုနှိုင်းဆွေးနွှေး ပွဲတွင် ရေအိုးစင်အုပ်စု နှင့် ပေပင်အုပ်စု နှစ်စုမှ ရွာဆယ်နှစ်ရွာ လူကြီးများ ဆွေးနွေးနေကြသည် ၊ ရေအိုးစင်ရွာလူကြီးမှ စတင် ဆွေးနွေးလေသည်
“ကျုပ်တို့ ဒီပြိုင်ပွဲကို ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကာ မဟာဒူးလို ဘောလုံးသမားတွေပေါ်ပေါက်လာအောင်ပါ ”
စင်စစ် ရေအိုးစင် ရွာလူကြီး ပြောသော သူမှာ ဆွတ်ဗဟာဒူး ကိုပြောချင်းဖြစ်သည် ၊ ဆွတ်ဗဟာဒူးကိုဖြစ် ရွာများမှ နယ်မြို့လေးထိ တီးမိခေါက်မိရှိသူများ သည် မဟာဒူးလို့ သာ ပြောကြသည် ၊ ရွာသားများသည် ဘောလုံးပွဲ အကြောင်းပြော ရင် ဆွတ်ဗဟာဒူး (ဝါ )ရွာသားများအခေါ် မဟာဒူး အေကြာင်း မပါရင် မပြီးသည့် အထိ နာမည်ကြီးလေသည် ၊ ထိုကစားသမား ဘောလုံးကစားသည်ကို သူတို့ မမြင်ဘူး မေတွ့ဘူးကြပါ အများ အပြောဖြစ် လက်ရွေးစင် ကစား သမားများ ကစားသည်ကို မြိန်ရည် ချက်ရည် ပြောတက်ကြသည် ၊ ယခုလည်း ဘောလုံးပွဲ အကြောင်း ဆွေးနွေး နေသည်အတွက် ဘောလုံးသမား အေကြာင်း ပါသည်ကတော့ မထူးစမ်းပေ
“ဟုတ်တယ် မဟာဒူးလို ဘောလုံးသမားတွေ ကျုပ်တို့ နယ်မှာ မပေါ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ ”
“ဘောလုံး ပြိုင်ပွဲ စရင် ပုဆိုး ခါးတောင်းကျိုက်ပြီးတော့ ကစားလို့က မသင့်ပေဘူး ဘောင်းဘီ ဝယ် မှ ရမယ်ဗျ”
“အဲ့တာ တော့ ကို့ရွာအတွက် ကိုယ်ဝယ်ကြေပါ့ဗျာ ပြီးတော့ ဘောလုံးလည်း အရေးကြီးတယ် ကျုပ်တို့ ပေပင်မှာက ဘောလုံးက တလုံးပဲ ရှိတာ ခင်ဗျားတို့ ရွာတွေက ဘောလုံးတွေလည်း ယူခဲ့ကြဦး”
ပေပင်ရွာလူကြီးသည် ထိုသို့ပြောပြီး ရေအိုးစင် ရွာလူကြီးကို ကြည်ကာ စကာဆက်ေလသည်
“ကိုသန်းလှိုင် ခင်ဗျား ရွာက တုတ်ကြီးကို ဘောလုံး အသင်းထဲ မထည့်စေချင်ဘူးဗျာ ”
“ဘာလို့လဲဗျ”
“ခင်ဗျားလူ တုတ်ကြီးက ဘောလုံးတော့ ကန်တာကောင်းပါရဲ့ ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက အမောစို့သွားတာ ဘောလုံး ပြိင်ပွဲကနေ နာရေး ဖြစ်တော့မလို့ ”
“အေးဗျာ ဒီကောင့်ကို ကျုပ်နား ခိုင်းထားပါတယ် ”
ပေပင် ရွာလူကြီး ပြောသည်မှာ ဟုတ်ပေသည် ပြီးခဲသော ဘောလုံးပြိုင်ပွဲတွင် ရေအိုးစင်ရွာမှ တုတ်ကြီးသည် ဘောလုံးကန်ရင်း အမောစို့သွားသည် ၊ သူသည် ဘောလုံး သွားရာ တလျှောက် အမြဲ ရောက်နေတက်သည် ၊ ဂိုးသမားကန်လိုက်သည့် ဘောလုံး ရှေ့ရောက်သွားက ရှေ့သို့ လိုက်သည် ၊ အေနာက်ပြန်ရောက်က အနောက်သို့ လိုက်ပြန်သည် ထိုသို့ ဘောလုံး နှင့် အနီးကပ်ရှိနေလေသော တုတ်ကြီးအား ပေပင်ရွာလူကြီးလို တချို့သူများသည် ဘောလုံးကန်တာ ကောင်းသည်ဟု ထင်နေပုံရသည် ၊ ထိုသို့ဖြစ် ဘောလုံး နောက်အမြဲ လိုက်နေသော တုတ်ကြီးမှာ အမောစို့ပြီး သေမလိုဖြစ်၍ ပွဲရပ်လိုက် ကြရဖူးသည်။
ဤသို့ဖြစ် ဘောလုံးပွဲ ဖြစ်မြောက်ရေး အစည်းေဝးပွဲကပြီး ပြီမို့ ရွာလူကြီးများ ကြားဖူးနားဝ ဘောလုံး အကြောင်းများပြောနေကြသည်၊သူတို့ပြောသည့် စကားများသည်က
“တောက် မဟာဒူး ကောင်းချက်ဗျာ ဘောလုံးကို ကွင်းစကနေ ခေါင်းပေါ်တင်ပြေးတာ တခြားအသင်း ဂိုးထဲ ထိရောက်တယ် တဲ့ဗျ”
“ဟုတ်တယ်တဲ့ ဗျာ ကျုပ်တို့ နိုင်ငံကအသင်းက ဂိုးသမားကောင်း ချက်ဗျာ ဘောလုံး သူဆီမလာ ရင် ဂိုးဘားတန်ပေါ် ခြေလွှဲချထိုင် ပြီး တက်ကြည့်နေတာတဲ့ ဗျို့ ဘောလုံး လာမှ လွှားခနဲ ခုန်းဆင်းပြီး ဖမ်းတာ တဲ့ ဗျ ”
“ဂိုးသမားက ဘယ်ဟုတ် မလဲ ကျုပ်တိုအသင် နောက်တန်းက ကန်လိုက်တာ ဟိုဘက်ဂိုးသမား မဖမ်းနိုင်လို့ ဂိုးထဲပါဝင်သွားတယ်တဲ့ ဗျ ဘောလုံးဆို တောက်လျှောက်ကွဲလို့ ခဏ ခဏ လဲရတယ်ဆိုပဲ ”
“ဘောလုံး ခဏ ခဏ ကွဲရင်တော့ အဲ့လိုဘောလုံး သမား ကျုပ်တို့ ရွာကို လာကန်ရင် ဒုက္ခဗျို့ ရှိတာ မှ ဘောလုံးက တရွာ တလုံး ပဲရှိတာ ”
“ခင်ဗျား ပြောမှ ပဲ ကျုပ်တွေးမိတယ် အဲ့လိုဘောလုံးသမား မျိုးတော့ ကျုပ်တို့ ရွာပြိုင်ပွဲ နဲ့ မကိုက်ေပဘူးဗျ”
ဤသို့နှင့် ရွာလူကြီးများ၏ ဘောလုံး ပွဲ အကြောင်း ပြောရင်းဖြစ် ပေပင်ရွာဘောလုံပြိင်ပွဲ ဆွေးနွေးပွဲကြီးမှ အောင်မြင်စွာ ပြီး ဆုံးသွားပြီ ဖြစ်ပါလေတော့သည်။
▪️အခန်း-၄
ပေပင်ရွာ ဘောလုံးပြိုင်ပွဲ ကြီးက စတင်ပြီဖြစ်သည် ဘောလုံး ကွင်းကြီးသည် လယ်ကွင်းထဲတွင် လှလှပပ တည်ရှိနေလေသည် ၊ နယ်မြို့လေးမှာ ဘောလုံးဝါသနာအိုး မြင်လှည်းဆရာ ကိုအောင်မင်းကို ဒိုင်လုပ်ဖို့ခေါ်ထားကြလေသည်၊ မောင်ဘိုးထင်တို့သည် ကိုအောင်မင်း ဝတ်ထားသော အားကစား ဘောင်းဘီ အင်္ကျီကို သေဘာကျကာ ကိုအောင်မင်း အနားအမြဲ ကပ်ပြီး လိုအပ်တာများကူညီနေလေသည် ၊
“ကောင်လေး မင်းတို့ရွာလူကြီးကို ငါမြို့က ဝယ်လာတဲ့ ထုံးတွေ ယူလာခဲ့ဖို့ပြောဦး”
“ထုံးတွေက ဘာလုပ်မှာလဲ ဦးလေး ”
“စည်းတားမှာလေကွာ ”
“အော် သွားပြောလိုက်မယ် ကျုပ်တို့ တခါ တည်း သယ် လာခဲ့ မယ် ”
မောင်ဘိုးထင်တို့သည် ရွာသို့ အပြေးသွားပြီး ရွာလူကြီးအိမ်မှာ ထုံးအိတ်များသွားသယ်လေကြသည် ၊ မောင်ဘိုးထင်တို့ ပြန်ရောက်သော အခါ ပေပင်ရွာမှ ဘောလုံးသမားများသည် လေးကျင့်ခန်း ဆင်းနေကြသည် ၊ ရွာမှ မြို့ဘုန်းကြီးကျောင်းတွင် နေဖူးပြီး ဘောလုံး ပွဲ ဝါသနာပါသော ဦးဇင်းလူထွက် ကိုရာကြီး မှ ဦးဆောင်လာသည် ၊ ပါလေရာ ရာကြီးသည် ရွာလူကြီး နှင့် မတည့်ပေမဲ့ ဘောလုံး အကြောင်း သိ သည်မှာ သူတယောက် ထဲ ရှိသည်မို့ သူ့အား နေရာ ပေးထားရချင်းဖြစ်သည်၊ မောင်ဘိုးထင်တို့ သည် ထုံးမှုန့် အိတ်ကို ယူပေးပြီးနောက် ပေပင်ရွာ ဘောလုံး အသင်းနားသွားကာ
“ပေတူးရေ ကြည့်စမ်းပါ ဦး ဂိုးသမား လုပ်တဲ့ သူက ရွာထိပ်က ငါးရှဉ်မျှားကျွမ်းတဲ့ ကိုပြူးကျော် မဟုတ်လား ”
“ဟုတ်တယ်ဟ ဒီလူ ငါးရှဉ်ကိုတောင် မလွတ်အောင်ဖမ်း နိုင်တာ ဘောလုံး လောက်ေတာ့ အသာပဲ နေမှာပဲ ”
“ကိုသာရက ရှေ့တန်းလား ”
“ဟုတ်ပကွာ အခု တည်းက ဘေးကို ငေးနေပြီ ”
မောင်ဘိုးထင်တို့ ပေပင် ဘောလုံးသမားများအား ဂိုးတိုင်အနားထိုင်ရင်း ဝေဖန်နေကြစဉ် သာရ နှင့် ဖိုးထွေး သူတို့ အနားရောက်လာပြီး တိုးတိုး ပြောကာ တခုခု ကိုပေးနေလေသည်၊ ထိုအရာကို ကွင်းဘေးရှိ မျောက်ရှုံးရွာသားတယောက်မှ သူအနားတွင် ရှိသော လူတဦးအား တိုးတိုး ပြောကာ ဘောလုံးကွင်းဘေးမှ ထွက်သွားပါလေေတာ့သည် ။
▪️အခန်း-၅
ယနေ့ ဘောလုံးပွဲစဉ်မှာတော့ ပေပင်ရွာ နှင့် စိန်တလုံးရွာ ၏ ပွဲစဉ် ဖြစ်သည် ပေပင်ရွာဘောလုံး အသင်းသည် ဘောင်းဘီအဖြု အင်္ကျီ အနီကို ဝတ်ဆင်ထားပြီး ဂိုး ကိုပြုးကျော် နောက်တန်း မောင်ခိုင်ကြီး ၊ မြကြီး ၊ ချိုးသိမ်း၊ တာတီး၊ တို့ဖြစ်ပြီး
အလယ်တန်း စံလှ ၊ အောင်သောင်း ၊ မင်းနောင် ၊ ဖိုးထွေး၊ နှင့် ရှေ့တန်း သာရ နှင့် ကိုကြည်အေးတို့ ဖြစ်သည်
ကိုကြည်အေးသည် ဘောလုံး အင်္ကျီကို ချွတ်မည် တကဲကဲ ပြုေနေလရာ နည်းပြ ရာကြီး မှ ငေါက်ငမ်းထားရသည်
“ဟေ့ကောင် ကြည်အေး အင်္ကျီ ချွတ်လို့ရမလားဟ ”
“ကျုပ် ဗလကို ဘောလုံး ပရိတ်သတ်တွေ မမြင်မှာဆိုးလို့ပါ ဗျာ ”
“တောက် ကြည်အေး ကြောင်တောင်တောင် နဲ့ကွာ သွားစမ်း ”
တဖက် စိန်တလုံး ရွာ၏ ဘောလုံး သမား များသည်လည်း ကွင်းထဲ ဝင်လာနေပြီ ဖြစ်သည် ၊ ဘောလုံးပွဲ သည် မကြာ ခင် စေတာ့မည်ဖြစ်ရာ မောင်ဘိုးထင်တို့သည် စိန်တလုံး ရွာ ဘောလုံး အသင်း၏ ဂိုးတိုင်ဘေးတွင် ထိုင်ရင်း အားပေးနေလေသည်၊ မောင်ဘိုးထင် တို့ နည်းတူ ဂိုတိုင်ဘေးတွင် ထိုင်နေသူမှာ ရွာထဲမှ ဦးအန်းဂတ်ဆိုသော ဘောလုံး ဝါသနာ အိုးကြီး ဖြစ်သည် ၊
မြို့လေးမှ ငှားထားသော အသံချဲ့ စက်ဆရာသည် အတော်ကို အလုပ်များနေလေသည် ၊ ရွာလူကြီးမှ မိုက်ခွက်တောင်းလိုက် ဘုရားဒကာ ဦးသန်းညွန့်မှ မိုက်ခွက်ေတာင်းလိုက် နှင့် အတော်ကို အလုပ်များနေရသည် ရွာလူကြီးသည် မိုက်ခွက်ကို ကိုင်ကာ
“အဟမ်း ကျုပ်သည် ပေပင်ရွာလူကြီး ဖြစ်တယ် ဘောလုံး ပွဲမှာ ရန်ဖြစ်သူတွေ အတွက် ကျုပ်တို့ ရွာ ဆယ်နှစ်ရွာက ထိတ်တုံး ဆယ် နှစ်ခုကို ကျုပ်အိမ် မှာ အသင့်ပြင်ထားတယ် ထိတ်တံုး တခု ခြောက်ပေါက် ဆိုတော့ လူသုံးယောက် ဆယ်နှစ်ခုဆိုတော့ အင်း ခဏ ကျုပ်တွက်နေတယ် ထိတ်တုံး တခုကို သုံးယောက် ဆယ်ခုကို သုံးဆယ် ဟို နှစ်ခုက ”
“သုံးဆယ် ခြောက်ယောက်ဗျို့ ရွာလူကြီး လုပ်ပြီ ဘာမှလည်း မသိဘူး ဘောလုံးသမားတွေက ငါးခြောက်ဖြစ်တော့ မယ် ရွာလူကြီးက စကားများေနတယ် ”
ဘောလုံး ပရိတ်သတ်ထဲ မှ လူတယောက်သည် ရွာလူကြီး အသံ တိတ်ချိန် အော်လိုက်သည့် အတွက် ပရိတ်သတ်များ အားလုံး ကြားရ၍ ဝိုင်းဝန်း ထောက်ခံ လိုက်မှ ရွာလူကြီး မိုက်ခွက်ကို မကျေမနပ်နှင့် စက်ဆရာ ကိုပေးလိုက်လေပါတော့သည်။
▪️အခန်း-၆
ပေပင်ရွာ နှင့် စိန်တလုံး ရွာ ဘောလုံး ပြိုင်ပွဲက ကွင်းလယ် ဒိုင်လူကြီး ဝီစီမှုတ်သည် နှင့် စတင်လိုက်လေသည် ၊ကွင်လယ်ဒိုင်သာ ပါရှိပြီး စည်းကြပ် ဒိုင်တော့ မပါပေ ၊ယခုဆို ပေပင် ရွာမှ ဘောလုံး သမား အောင်သန်းသည် ဘောလုံးကို အုန်ုးခနဲ တချက်ကန်လိုက်ကာ အားပေးနေသော မိန်းမပျိုလေးများဘက်သို့ ရင်ကိုကော့ ပြီး လမ်းလျှောက်လို့ေနသည် အောင်သန်း အုန်းး ခနဲ ဘောလုံးကို မြောက်တက်အောင် ကန်လိုက်သည်ကို အမျိုသီးများက ညာသံပေးပြီးအော် ဟစ်အားပေး နေလေသည်
“ကိုအောင်သောင်း ကြီးက တော်လိုက်တာ ဘောလုံးကို အမြင့်ကြီး ရောက်အောင် ကန်နိုင်တယ် တော် ”
အမျိုးသားများသည်က အမျိုးသမီးများ နှင့် ဆန့်ကျင့်ဘက် ပြောဆိုကြာလေသည်။
“တောက် အောင်သောင်း ခွီးတယ် မှ ပဲ ဘောလံုးကို အပေါ်ေမြာက်အောင် ကန်နိုင်တာ နဲ့ မြောက်ကြွ ကြွ လုပ်နေတယ် ဘောလုံးက ကိုယ့် ဂဂိုးဘက်ကို ပြန်ရောက် နေပြီ ပြန်လှည့်ကြ ည့်ဦးလေကွာ ”
ပေပင်ရွာသား ဘောလုံးသမားများနည်းတူ စိန်တလုံး ရွာသား များသည်လည်း တအုန်းအုန်း နှင့် သာ ကန်နေလေသည် ၊ ပေပင် ရွာ နည်းပြ ရာကြီးသည်
“ဟာ ရှေ့တန်းက ကောင်တွေက မင်းမေကြီးတော် လင်ကြီးတွေ မဟုတ်ဘူး ဘောလုံးကို ပေးဟ ခွီးတယ် မှပဲ ဘောလုံး ဆိုတာ ဂိုးသွင်းရမှာ ကွ တွေ့ကရာ ကန်နေလို့ ရမလား ”
“ဟာ ကိုရာကြီးရ ကန်တာပဲ ခင်ဗျား ဘောလုံး ကကို သွားချင်တဲ့ နေရာ သွားနေတာ ”
ဤသို့ ဖြစ် တချက်ကန်လိုက် မိန်းကလေးများမှ ဝေး လို့ အော်လိုက် ဘောလုံးသမားကြီးများက ရင်ကော့ကာ လမ်းလျှောက်လိုက် နှင့် သာရဆီသို့ ဘောလုံး မတော်မစ ရောက်လာလေသည် သာရသည် ဘောလုံးကို ဆွဲ ပြေးလာရာ စိန်တလုံးကွင်းဘက်သို့ ရောက်လာလေသည် ၊ စိန်တလုံး ဘောလုံး အသင်းဂိုးသမားမှာ ဘောလုံးကိုဆွဲပြေးလားသော သာရအား သေချာကြည့်နေစဉ် ဂိုးတိုင်ဘေးတွင် ထိုင်နေသော မောင်ဘိုးထင်တို့မှ
“ဟို အရပ်ရှည်ရှည် အသားဖြူဖြူ ခန့်ခန့်ကြီး နဲ့ အကိုကြီး ခင်ဗျားက စိန်တလုံးသားကော ဟုတ်ရဲ့လားဗျာ ဒီလောက် ကြည့်ကောင်းတဲ့ သူမျိုး စိန်တလုံး ရွာမှာ ရှိလို့လား ”
“ဟေ့ ကိုဂိုးသမားကြီး နာမည် ဘယ်လို ခေါ်လဲ ဗျ”
မထူးမချင်း တယောက် တလှည့်ခေါ်နေသော မောင်ဘိုးထင်တို့ အား စိန်တလုံး ဂိုးသမားသည် တချက်ကြည့်ကာ
“ဘာလို့ခေါ်နေတာလဲကွာ ”
“အကိုကြီးက စိန်တလုံးသားကော ဟုတ်ရဲ့လားဗျာ မြို့က ငှားထားတဲ့ ဘောလံုးသမားကြီး မဟုတ်လား ”
“ဟုတ်ပါတယ် ကွ ငါက စိန်တလုံးသားပါ ဟ ”
“ဟုတ်လို့လား ဗျာ ကျုပ်ကတော့ မယုံပါဘူး နာမည် ဘယ်လိုေခါ်လဲ အကိုကြီး ”
“ကျော်ဝင်း လို့ခေါ်တယ် ကွ”
စိန်တလုံးဂိုးသမားသည် မောင်ဘိုးထင်တို့အား လှည့်၍ စကားပြောနေချိန် သာရသည် ဂိုးအနားးရောက်ပြီး ဘောလုံးကို ကန်လိုက်ရာ ဂိုးသွားပါလေတော့သည် ၊ ထိုအခါ စိန်တလုံး ဘောလုံးသမားများသည် သူတို့၏ ဂိုးသမားအား
“ဟေ့ကောင်ကျော်ဝင်း မင်းပထွေးလေးတွေ နဲ့ စကား ပြောမနေနဲ့ ဂိုးဖမ်းဟ ”
“သူတို့က လာပြောနေတာကို ”
“ဒိုင်လူကြီး အဲ့ ကလေးတွေ ညစ်နေတာ မြန်မြန်အဲ့ ဂိုးတိုင်နားက ဖယ်ပေး ခိုင်းဗျာ ”
စိန်တလုံးဘောလုံး သမားများသည် ဒိုင်လူကြီးကို ပြောကာ မောင်ဘိုးထင်တို့အား နေရာ ပြောင်းခိုင်းလိုက်သည် မောင်ဘိုးထင်တို့သည် သစ်ပင် ရိပ်အောက်တွင် အားကြိုး မာန်တက်အားပေးနေသော ပေပင်သား ကိုသာနိုး အနားတွင် သွားထိုင်ပြီး အားပေးနေလေသည် ၊ ကိုသာနိုး၏ အားပေးသံက ကျယ်လောင် လွန်းလှပေသည်
” ကြည်အေး ဘောလုံးကို ကန်နေတာ အေးကြည် ကန်နေတဲ့ အတိုင်းပဲ ဘောလုံးဆို အုန်းခနဲ အုန်းခနဲ ကန်ရတာဟ ”
“ဟာ သာရ ခွီးတယ် မှပဲ ကန်ဟကန် ဆွဲ မနေနဲ့ဟ အောင်သောင်း လို အုန်းကနည်းကန်ကွ ”
ထိုစဉ် မောင်ခိုင်ကြီးသည် ရှေ့သို့ ဘောလုံးကို ဆွဲလာကာ အားပါ ပြင်းထန်သော ကန်ချက် ဖြစ် အုန်းခနဲ ကန်လိုက်မှ ကိုသာနိုး အားရပါးရ အားပေး စကားပြောလေသည်
“ဘောလုံးဆိုတာ အဲ့လို ကန်ရ တာကွာ မောင်ခိုင်ကြီး ကန်လို့ရရင်တော့ ဂိုးးသမား အံပြုတ်သွားမယ် မှတ် ”
“ကိုကြီးသာနိုး ဟိုမှာ ဘာဖြစ်တာ လဲ မသိဘူး ဂိုးတိုင်နားကို ဟို ဘောလုံးသမားတွေကို ကုပေးမဲ့ လူတွေ သွားနေတာ ”
“အေး ဘိုးထင် ဘာဖြစ်တာလဲ မသိဘူး ”
ထိုအခါ အသံချဲ့ စက်မှ ရွာလူကြီး၏ အော်သံက ထွက်ပေါ် လာလေသည်။
“သာနိုးက အုန်းခနဲ မောင်ခိုင်ကြီးကို ကန်ခိုင်းလိုက်တာ အခု မောင်ခိုင်ကြီး အုန်း ခနဲ ကန်လိုက်တာ သာနိုး အဘ ဦးအန်းဂတ် ဂိုးတိုင် နားမှ ဘိုင်းကနည်း လဲကြသွားပါတယ် ခင်ဗျာ ”
ရွာလူကြီး၏ စကားသံကြားမှ ကိုသာနိုးသည် ပုဆိုးကို တိုတို ပြင်ဝတ်ကာ ဘောလုံးကွင်းထဲ ဆင်းပြေးရင်း ပါးစပ်မှလည်း
“ဟ ခွီး တဲ့ မှ မောင်ခိုင်ကြီး မင်းကို ဂိုးထဲ ကန်ခိုင်းတာကွ ငါအဘ ကို ကန်ခိုင်းတာမဟုတ်ဘူး ငါ့အဘ ဦးအန်းဂတ် အံကပ်ကော ရှိသေးရဲ့လား မသိပါဘူးကွာ”
ကံကောင်း ထောက်မ စွာနှင့်ဘောလုံး မှန်သော ဦးအန်းဂတ် တယောက် ခတ္တသာ သတိမေ့သွား ပြီး ပြန်လည် သက်သာလာရာ ဘောလုံးပွဲ ပြန်စလေသည် ဤသို့ ဖြစ် ပေပင် ရွာ နှင့် စိန်တလုံး ရွာ၏ ဘောလုံးပြိုင်ပွဲသည်က ပေပင်ရွာ တဂိုး စိန်တလုံးဂိုးမရှိ နှင့် ပွဲပြီးဆုံးသွားပါလေတော့သည်။
▪️အခန်း-၇
ဘောလုံးပွဲများ ကျင်းပလာရာ နောက်ဆုံး ဗိုလ်လုပွဲ သို့ မနက်ဖြန်ဆိုရောက်ရှိမည်ဖြစ်သည် ၊ ဗိုလ်လုပွဲ တွင်တော့ ပေပင် ရွာ နှင့် မျောက်ရှုံးရွာတို့ တွေ့ဆုံနေလေသည် ၊ ယခု ညအချိန် မောင်ဘိုးထင်တို့ သုံးယောက် ဘောလုံးကွင်းထဲ သို့ ရောက်ရှိလာပြီဖြစ်သည် ၊ သူတို့သည် လက်ထဲမှ အထုပ်လေး တထုတ်ကို ကိုင်ထားပြီး တရွင်းတချောင်းကို ယူလာလေသည် ၊ ထို့ေနာက် ဂိုးတိုင် အနားသို့ သွားကာ အထုပ် တထုပ်ကို တွင်းတူးပြီး မြှုပ်နေလေသည် ၊ ထိုမြင်ကွင်းကို လရောင် အတန်အသင့်ရသောကြောင် ဘောလုံးကွင်းဘေး ရှိညောင် ပင်ကြီး အောက်မှ လူနှစ်ယောက်သည် အံ့ကိုကြိတ်ကာ ကြည့်နေလေသည် ၊ ထို့ေနာက် မောင်ဘိုးထင်တို့ ပြန်သွားသည်အခါ မှ ထိုလူနှစ်ယောက်သည် ညောင်ပင် အောက်မှ ထွက်လာကာ
“ဟေ့ကောင် ဒီကောင်တွေတော့ အောက်လမ်း နဲ့ တိုက်နေပြီ ”
“သူတို့ အစီအရင်တွေကို ဖော်လိုက်ရမလား ”
“မလုပ် နဲ့ ထားလိုက် ငါတို့လည်း အစီအရင်တွေ ယူလာပါတယ်ကွာ သူတို့ အစီအရင် နဲ့ ငါတို့ အစီအရင် ဘယ်ဟာ စွမ်း လည်း ပြိုင်ကြတာပေါ့ကွာ ဟားးးဟားးး”,
“ဟေ့လူ အသံကျယ်ကြီး နဲ့ ရယ်မနေနဲ့ ဦး ဟိုက လေးဂွ နဲ့ လှမ်းထု မှ အလုံးကန်း နေဦးမယ် ”
“အေးပါကွာ မင်းကလည်း ရယ်တာတောင် ကောင်းကောင်း မရယ်ရဘူး လာလာ အစီအရင်တွေ သွားမြှုပ်ကြရအောင် ”
ထိုလူ နှစ်ယောက်သည် လည်း မောင်ဘိုးထင်တို့ နည်းတူ ဂိုးတိုင်များ အနားသို့ မြေတူးက အထုပ်လေးများကိုထည့် မြှုပ်ထားလိုက်ကြပါလေတော့သည် ။
▪️အခန်း-၈
ပေပင်ရွာ နှင့် မျောက်ရှုံးရွာ တို့၏ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကြီး ရောက်ရှိလာပြီဖြစ်သည် ၊ အားပေးသည့် ရွာသူရွာသားများသည် ကွင်း တဖက် တချက် အော်ဟစ် အားပေးနေကြလေသည်
“ပေပင်သားကွ ဘယ်လောက် ထု ထု မမူ့တဲ့ ပေပင်သားကွ ပေတသီး ကျီးတသား တဲ့ ဘာမှတ်နေလဲကွ”
“ဟေ့ လူ မူးမူး ရူးရူး နဲ့ ဘာတွေအော်နေတာလဲ ”
“ဟေ့ကောင်တွေ မျောက်ရှုံး မျောက်တောင် မနိုင်တဲ့ ကောင်တွေကို သမ လိုက်စမ်းကွာ”
“ဟေ့ လူ တိတ်တော့ ခင်ဗျား ရန်စကားတွေ လျှောက် မပြောနဲ့ ရန်ဖြစ်ရင် ခင်ဗျားက တန်းပြေး မှာ ကျန်တဲ့သူတွေက သာ ရိုက်ရ နှက်ရမှာ ခင်ဗျား ပါးစပ်ပိတ်ထား”
ပေပင်သား အချို့သည် မူးရူးပြီးအော်ဟစ်နေသော အရက်သမားကို မာန်မဲ ပြီး ငေါက်ငမ်းလိုက်မှ ငြိမ်သွားလေေတာ့သည် ။
မျောက်ရှုံးရွာပရိတ်သတ်များဘက်မှာလည်း အားကျမခံ အော်ဟစ်အားပေးနေလေသည် ။
“မျောက်ရှုံးသားကွ လျင်မြန်ပေါ့ပါး သွက်လက် ရာမှာ မျောက်တောင် ရှုံးလို့ မျောက်ရှုံးသားလို့ခေါ်တာ ”
“ဟေ့ စံပ ဟုတ်လို့လား ”
ဘေးမှ ရှိသော လူကြီးတယောက်မှ တိုးတိုး နှင့် မေးရာ အော်ဟစ်အားပေးနေသူသည်
“ဟာ ဘကြီးကလည်း ကျုပ်လည်း ပါးစပ် ထဲ ရှိရပြောတာပဲဗျာ ”
“အေးအေး ကောင်းပါတယ် ကွာ ”
စံပဆိုသော လူရွယ်သည် လည်း ဆက်လက်အော်ဟစ် အားပေးနေလေသည်
မောင်ဘိုးထင်တို့သည် ရေအိုးများကို ရွက်လာသော မိန်းမပျိုလေးတို့၏ ေနာက်တွင် သံပုရာသီးစိတ်များထည့်ထားသော ပန်းကန်လေးများကိုင်ပြီ လိုက်လာရင်း ဘောလုံး သမားများအနား ရောက်လာလေသည် ၊ မိန်းကလေးများသည် ဘောလံုးကန်ပြီး ဘောလုံးသမားများ သောက်သုံးရန် ရေအိုးများကို ချပေးပြီး ပရိတ်သတ်များဘက် သွားလိုက်ကြသည် ၊ ရာကြီးသည်လည်းသူ၏ ဘောလုံး သမားများအား သင်ပြပြောဆိုနေလေသည်
“သာရ နဲ့ ကြည်အေးက တယောက်ကို တယောက် ပေးကစား ”
“တောက် မကျေနပ်ဘူးဗျာ ”
တောက်ခေါက်ပြီး မကျေနပ် ပြောသူမှာ အရံကစားသမား မြင့်ဆွေ ဖြစ်ပေသည် မြင့်ဆွေသည်၊ စောင့်ကြောင့် ထိုင်ပြီး မကျေနပ်ကြောင်း ပြောနေလေရာ ရာကြီးမှ
“မင်းက ဘာကို မကျေနပ်တာလဲ”
“ဒီအချိန်မှာ သာရ ဖြစ်ဖြစ် ကြည်အေးဖြစ်ဖြစ် ကျိုးသင့်နေပြီ”
“ဘာ မင်းက ကို့ကစားသမားကို နာစေချင်နေတာလား ”
“သူတို့ မကျိုးေတာ့ ကျုပ်မကန်ရဘူးဗျာ ကျန်တဲ့ အရံတွေ အကုန်ကန်ရတယ် ကျုပ် ဘောလုံးကို တောင် ကောင်းကောင်း မထိရသေးဘူး ဘောလုံးက အလုံးကြီးလား အပြားကြီးလားတောင် မေးရမလို ဖြစ်နေပြီ ”
“ဒိုင်းရရင် တူတူရမှာကို ”
“ကျုပ်က ဘောလုံးကန်ချင်တာ ဗျ မကန်ရရင် ဒီထဲကို ကျုပ်နွားတွေ လွှတ်မှာနော် ”
မြင့်ဆွေ ၏ စကားကြောင့် အားလုံး ထိတ်ထိတ် ပြာပြာ ဖြစ်သွားကြရသည် ၊မြင့်ဆွေသည်က နွားအုပ် အတော်အများ ပိုင်ဆိုင်သူဖြစ်သည် ပြီးတော့ လူကလည်း ဇွတ်တရွတ်မို့ ပြောလို့ရသည် မဟုတ် တကယ်လုပ်နိုင်သည်ဟု ရာကြီးတွေးနေစဉ် မြင့်ဆွေ ရဲ့ အသံက ပေါ်လာပြန်သည်
“ကျုပ်ကို ထည့်ကန်ခိုင်း ရင် ကန်ခိုင်း မကန်ရလို့ကတော့ ဟော့ဟိုမှာ တွေ့လား ကျုပ်ကောင်တွေ ”
မြင့်ဆွေသည် သူတို့ နှင့် မလှမ်း မကမ်းမှ ကောင်လေး များကို လက်ညှိုးထိုးပြီး စကားဆိုလိုက်သည် ကောင်လေးများသည်လည်း လက်လှမ်း ပြနေလေရာ မြင့်ဆွေသည် လက်ကာ ပြလိုက်ပြီး
“တွေ့လား လွှတ်ရတော့ မလားလို့ ပြောနေတာ ”
“ဟ မလုပ်ပါနဲ့ကွာ သာရ မင်းထွက် မြင့်ဆွေ မင်းဝင် ”
နည်းပြအား အကြပ်ကိုင်ထားသော မြင်ဆွေသည် ပွဲထွက် ကစားသမား အဖြစ် စတင်ကစားရေတာ့မည်ဖြစ်သည် ၊
“မြင့်ဆွေ မင်းက ဘောလုံးကို ရရင် ကြည်အေးကိုပေး ”
“ဟ ဘာလို့ပေးရမှာလည်း ကျုပ်တိုင်း ကျုပ်ကန်မှာပေါ့ဗျ”
“တောက် ဒီကောင်နဲ့တော့ ခက်ပြီကွာ ”
ရာကြီးသည် ခေါင်းကို ကုတ်ကာ မြင့်ဆွေကို မပြောတော့ပဲ မင်းနောက်ဘက်လှည့်ကာ
“မင်းနောင် မင်းက အလယ်တန်း ကြည်အေးကို ဘောလုံးထိုးပေး ”
“ကိုရာကြီး ကြည်အေးကြည့်ပေးခိုင်း မနေနဲ့ မြင့်ဆွေလည်း ပါတယ် မြင့်ဆွေကိုလည်း ပေးခိုင်းဦး”
“တောက် ဒီမြင့်ဆွေကတော့ကွာ ခွီးတယ်မှပဲ အရေးကြီးတဲ့ ပွဲပါဆိုမှာ ဒီကောင်က ငါတို့ကို ခြိမ်းခြောက်ပြီး ဒုက္ခ ပေးနေရတယ်လို့ကွာ ငါမှားတာ ဒီကောင်ကို အရင် ပွဲတွေတည်းက နည်းနည်း ထည့်ကန်ပေးရမှာ ”
ဘောလုံးနည်းပြ ပါလေရာ ရာကြီးသည် ခေါင်းကို ကုတ်ပြီး ကန်ချင် သလို ကန်ဟုသာပြောလိုက်ပြီး သူ၏ အသင်းသားများကို ကွင်းထဲသို့ ဝင်ခိုင်းလိုက်ကြပါလေတော့သည် ။
▪️အခန်း-၉
ဘောလုံးပြိုင်ပွဲက အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည် ၊ မျောက်ရှုံး ရွာဘက်သို့ ဘောလုံးကန်လိုက်တိုင်း ဂိုးအနားမရောက် လွဲ၍သာ သွားရသည် မြင့်ေဆွမှ တယောက်တည်း ဘောလုံးသယ်လာက ဂိုးသမား နှင့် တယောက်ချင်းတွေ့သညည့်တိုင် ဂိုးမသွင်းနိုင် လဲကျနေလေသည် ၊ မြင့်ဆွေသည် အံ့သြနေကာ ကြည်အေးကို ကြည့်ပြီး
“ကြည်အေး ငါ့ကို တယောက်ေယာက်က ခြေထောက်ထိုးခံ လိုက်သလိုပဲ ကွ”
“ညံ့ရင် ညံ့တယ် ပေါ့ကွာ ”
ကြည်အေးသည်လည်း မြင့်ဆွေ နည်းတူ ဂိုးသမား နှင့် တယောက် ချင်းအတွေ့မှာ ဟန်ချက်ပျက် လဲကျသွားလေရာ ကြည်အေးသည် ဒိုင်လူကြီးအား
“ဒိုင်လူးကြီး မျောက်ရှုံးသားတွေ မကောင်းတဲ့ ပညာနဲ့ တိုက်ထားတာ ထင်တယ် ဗျ ”
“အဲ့တာ တွေ အယုံအကြည်မရှိဘူး ဆက်ကန် ”
ကြည်အေး ဘာစကားမှ မပြောသာတော့ မျောက်ရှုံးသားများရဲ့ ဂိုးကန်သွင်းမှု့ကို ငါးရှဉ့် ဖမမ်းသမား ကိုပြူးကျော် မှာ အကောင်းဆုံး လက်စွမ်း နှင့် ကာကွယ် နေလို့သာ ပေပင်အသင်း ဂိုးမပေးရချင်းပေ ၊ ဤသို့ နှင့် မျောက်ရှုံးေနာက်ခံလူသည် ပေပင် အသင်းမှ ကြည်အေးအား ပြစ်ဒဏ် ကျူးလွန်ရာ ပင်နယ်တီ ကို ပေပင်အသင်းရလေသည် ထိုဘောလုံးကို ကြည်အေးမှ ကန်သွင်း မည်ဖြစ်သည် ၊ကြည်အေးသည် ဘောလံုးကို သေချာတည်ပြီး ကန်သွင်းလိုက်ရာ ဂိုးပေါက်ထဲ ဝင်လုမှာ ဝေ့ဝဲ ပြီး ဂိုလွဲ သွား၍ အားလုံးကြောင်ငေး နေရာ မှ ပေပင် ပရိတ်သတ်များသည် ဒေါသ တကြီး အော်ဟစ်ကာ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်ကြေတာ့သည် ၊
“မျောက်ရှုံးသားတွေ မကောင်းတဲ့ ပညာတွေ နဲ့ လုပ်ထားတယ် ဒီကောင်တွေ လူညစ်တွေ ရိုက်ကြကွာ ‘
ပေပင်ရွာသားများနည်းတူ မျောက်ရှုံးရွာသားများသည်လည်း
“ပေပင် သားတွေလည်း အောက်လမ်း နဲ့ တိုက်ထားတယ် ငါတို့ ထိရင် ပြန်ချမယ် တရွာလုံး လည်း မကေကြာက် ဘူး မျောက်ရှုံးသားတွေ သွေးဘယ်လောက် ရဲ တယ်ဆိုတာ သိစေရမယ် ”
နှစ်ဖက်ပရိတ်သတ်များသည် ကွင်း ထဲ ဝင်လာပြီး ရန်ဖြစ်ရန် တာဆူနေကြသည် ၊ ထိုအခါ ဆယ် နှစ်ရွာ ရွာလူကြီးများ နှင့် ရပ်မိရပ်ဖများမှ ဝိုင်းဝန်းတားထားရသည် ၊ မျောက်ရှုံးသားများက စပြီး စကားဆိုလာသည်
“မင်းတို့ ရွာက ကောင်လေးတွေ ဂိုးတိုင် နားကို အောက်လမ်း အစီအရင်တွေ အရင် မြှုပ်တာ ကွ ငါတို့က မင်းတို့ရွာကို မယုံလို့ လိုက်ရှောင်းနေတာ အဲ့တာကြောင့် ငါတို့ လည်း အစီအရင် ပြန်လုပ်တာ ဘာဖြစ်လဲ ”
“ဘယ်ကောင် တွေ မြှုပ်တာ လဲ ပြောစမ်း တို့ရွာက ”
“ဘယ်ကောင် ရှိရမှာ လည်း မင်းတို့ ရွာက ဘိုးထင်ဆိုတဲ့ ကောင်လေး နေမှာ ပေါ့ ”
“မဟုတ်ရင် မင်းတို့ ရွာသားတွေကို တွေ့မယ် ဘိုးထင် တို့ကို သွာခေါ်စမ်း ”
မကြာသော အချိန်တွင် မောင်ဘိုးထင်တို့ ကုပ်ကုပ် ကုပ်ကုပ် နှင့် ရောက်လာကြလေသည် ၊ ထိုအခါ ပေပင်ရွာသားများမှ စတင်မေးလေသည်
“ဘိုးထင် မင်းအောက်လမး် အစီအရင်တွေ ဂိုးတိုင်နား မြှုပ်ထားတယ်ဆို ”
“မဟုတ်ပါဘူး”
မောင်ဘိုးထင်မှ ငြင်းသောအခါ မျောက်ရှုံးရွာသား နှစ်ယောက်မှ
“ဟေ့ကောင်လေး မင်းတို့ ဂိုးတိုင် နားကို အစီအရင်တွေ မြှုပ်တာ ငါတို့ သိတယ် ငြင်းမနေနဲ့ ”
“မြှုပ်တာတော့ ဟုတ်ပါတယ်ဗျာ အောက်လမ်း အစီအရင် မဟုတ်ပါဘူး ”
“မင်း မလိမ့် နဲ့ ”
“လိမ်တာ မဟုတ်ပါဘူးဗျာ ”
“ဟေ့ကောင် တွေ ငါတို့ ဘိုးထင်က မလိမ်ဘူးကွ ”
“အဲ့တာဆိုလည်း မင်းတို့ အစီအရင်ကော ငါတို့ အစီရင် ကော ဖော်ကြမယ် ”
“အေ ပြီးတာ ပဲ ”
ပေပင် ရွာသားများ နှင့် မျောက်ရှုံး ရွာသားများသည် မောင်ဘိုးထင်တို့ ကို ခေါ်ကာ သူတို့ မြှုပ်ထားသော ဂိုးတိုင်းနားကိုပြခိုက်းလိုက်ကြပြီး တူးဖော် လိုက်ကြပါလေတော့သည်။
▪️အခန်း-၁၀
ပေပင်ရွာသားများ နှင့် မျောက်ရှုံးရွာသားများသည် မောင်ဘိုးထင်တို့ မြှုပ်ထားသောအထုပ်လေးအား တူးဖော်ရရှိရာ မျောက်ရှုံးသားများမှ တွေပြီးလား ဟုသောအကြည့်ဖြစ် ကြည့်ပြီးစကားဆိုလေသည်
“တွေ့ပြီလား မင်းတို့ရွာက ကောင်လေးတွေ အရင် အစီအရင် လုပ်တယ် ဆိုတာ ”
ပေပင်သားများသည် မည်သည်စကားမှ မပြောနိုင် ေမာင်ဘိုးထင်တို့ကို သာ စူးဆိုက်ကြည့်နေလေသည် ထိုအခါ သာအေးသည် သူတို့အား ငေးကြည့်နေသော ရွာလူကြီးအား
“ဘကြီး အရင် အထုပ်ကို ဖြည်ကြည့်ပါဦး”
“မင်းတို့ တို့ရွာကို အိုးမဲ သုတ်တယ် ”
“ဟ ဘကြီးကလည်း ဖြည်ကြည့်ပါဦးဗျာ ”
ထိုအခါ ရွာလူကြီးသည် လူအများ၏ ရှေ့တွင် မောင်ဘိုးထင်တို့ မြှုပ်ထားသော အထုပ်ကို ဖြည်ကြည့်လိုက်ရာ
ပုဝါလေး တထည် ဖြစ်နေလေသည် ပုဝါထဲတွင်တော့ စာလေး တစောင်ပါပြီး စာထဲတွင်တော့
“ကိုသာရ သိမ့်ကို ဂရုစိုက်တဲ့ အတွက် ကျေးဇူးတင်ပါတယ် နောင်နှစ် သိမ် ပြဇတ်လာက ရင် ကိုသာရက ပြဇတ်မင်းသာ လုပ်ပါနော် အခုတော့ နုတ်ဆက်ခဲ့ပါတယ် ကိုသာရ အတွက် သိမ့်အရမ်းကြိုက်တဲ့ ပုဝါလေး လက်ဆောင်ပေးခဲ့ပါတယ် သိမ့်”
ထိုစာအားဖတ်ပြီး ချိန်တွင် ဝိုင်းကြည့်နေသော လူများအားလုံး နားမလည် နိုင် ဖြစ်နေပေသည် သာရသည်က ဘောလုံးကွင်းကို ကျောခိုင်းပြီး ပြေးပြီဖြစ်သည် မပြေးခင် ပါစပ်မှ မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ခွေးကောင်တွေ ဘယ်သူမှ မသိအောင် သေချာ သိမ်းပါဆိုမှာ တရွာလုံးတောင် မကဘူး မျောက်ရှုံးရွာသားတွေပါ သိကုန်ပြီး ခွီးတယ်မှ ပဲ လှရင်လေးကို ဘယ်လို ရှင်းပြရမှန်း မသိတော့ပါဘူးကွာ တောက် ”
မောင်ဘိုးထင်သည် ပေပင်သားများ နှင့် မျောက်ရှုံးသားများကို အကျိုး အေကြာင်း ရှင်းပြနေလေသည်
“ကျုပ်တို့ကို ကိုသာရက သူကို ပြဇတ်မင်းသမီးပေးတဲ့ လက်ဆောင်ကို သေချာသိမ်းခိုင်းထားတာ ဘယ်သူမှ မသိစေနဲ့ တဲ့ မြေမြှုပ်ထားလေကောင်းလေဆိုလို့ ကျုပ်တို့လည်း ဘောလုံးကွင်း ဘက် ကြွက်လည်ရင် ဂိုးတိုင်နားကို မြှုပ်ထားလိုက်တာ ပါ နောင်ပြန်တူးရင်ရင် မှတိမိလွယ်အောင်လို့ပါ ”
“တောက် ငါတို့က မင်းတို့ကို အစီအရင် မြှုပ်ထားတယ် ထင်ပြီး ငါတို့လည်း အောက်လမ်း အစီအရင်တွေ မြှုပ်ထားတာကွာ ”
“အဲ့တာဆိုလည်း ခင်ဗျားတို့ အစီအရင်တွေ ဖယ်လိုက်ကြ ကျုပ်တို့ သန့်သန်ရှင်းရှင်း ကစားမယ် အခုချိန်က စပြီး တရွာနဲ့ တရွာ အထင် မလွဲကြတော့နဲ့ ေတာ့ဗျာ ”
“အေးပါဗျာ ”
ဤသို့ နှင့် မျောက်ရှုံးရွာသား နှစ်ယောက်သည် သူတို့ မြှုပ်ထားသော အစီအရင်များကို ဖယ်ရှားလိုက်ပြီး ဘောလံုးပွဲကို ဆက်ပြီး ကစားနေကြပါလေတော့ သည် ။
▪️အခန်း-၁၁
ရွာအုပ်စုဒိုင်း ဗိုလ်လုပွဲ ကြီးက ပြီးဆုံးသွားပြီဖြစ်သည် ၊ ဒိုင်းကိုတော့ ပေပင်ရွာမှ ရရှိသွားပြီ ဖြစ်သည် ၊ မျောက်ရှုံးရွာသားများသည် သူတို့အရှုံးကို ကျေနပ်စွာ လက်ခံကာ ပြန်သွားကြပြီဖြစ်သည် ၊ ေမာင်ဘိုးထင်တို့သည်လည်း ဘောလုံးသမားများနှင့် အတူ ပျော်မြူးနေကြလေသည် ၊ ဒီပွဲ တွင် အကောင်းဆုံးကစားသမား မှာ ကိုကြည်အေးဖြစ်သည် ၊ မောင်ဘိုးထင်သည် ဒိုင်းဆု ကြီးကို ကိုင်ပြီး ပျော်ရွှင်နေသော ကိုကြည်အေးကိုကြည့်ကာ ရင်ထဲ လှိုက်တက်ပြီး ဝမ်းနည်းလာလေသည် ၊ သူ၏ စိတ်ထဲ မည်သို့ ဖြစ်မှန်းမသိ ကိုကြည်အေးကို ကြည့်သည် အခါတိုင်း ဝမ်းနည်ပူးဆွေသော စိတ် ဖြစ်ပေါ်နေရာ ကိုကြည်အေးအနားကိုသွားကာ
“ကိုကြီး ကြည်အေး ”
“အေး ဘိုးထင် ”
“ကျုပ် ကိုကြီးကြည်အေးကို မြင်ရင် ဝမ်းနည်းနေတယ် ဗျာ ဘာဖြစ်တာ လဲ မသိဘူး ”
“မင်းတို့ ငါ့ကို နောက်ဆုံး တွေ့ရေတာ့မှာမို့ ဝမ်းနည်းေနတာ နေမှာပေါ့ကွာ ဟားးးဟားး ”
ကိုကြည်အေးသည် သူ၏ စကားကို သူသဘောကျကာ ရယ်မောနေပေမဲ့ ေမာင်ဘိုးထင်တယောင် ဒိုင်းဆု ရသည်ကို မပျော်နိုင် ကိုကြ ည်အေးကို ကြည့်၍သာ ဝမ်းနည်းနေရပါလေတော့သည်။
▪️အောက်လမ်းဘိုးထင် နှင့် ဘောလုံးပြိုင်ပွဲ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ကိုကြည်အေး ဟု အမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
” ေအာက္လမ္းဘိုးထင္ ႏွင့္ ေဘာလုံးၿပိဳင္ပြဲ “(စ/ဆုံး)
—————————————————————–
(၁၉)
▪️အခန္း-၁
ေပပင္႐ြာထိပ္ရွိ ႐ိုးျပတ္လယ္ကြင္းမ်ားအား ထယ္ကို အေပၚယံေလးထိုးၿပီး ဂ်ဳတ္တိုက္ေနၾကသည္ ၊ ေမာင္ဘိုးထင္တို႔ ကေလးမက် လူပ်ိဳမက် အသက္တဆယ့္သံုးႏွစ္အ႐ြယ္ လူငယ္ေလးမ်ားသည္ ဂ်ဳတ္ေပၚသို႔ ႏြားေမာင္သူ တဖက္တခ်က္ တက္စီးၿပီး ရယ္ေမာေပ်ာ္ ႐ႊင္ေနၾကသည္ ၊ မၾကာခင္ က်င္းပမည့္ ေက်း႐ြာအုပ္စုမ်ား ေဘာလုံး ၿပိဳင္ပြဲ အတြက္ ေပပင္႐ြာမွ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည္ျဖစ္ရာ ယခု ေဘာလုံးကြင္းကို ေဖာ္ေဆာင္ေနၾကခ်င္း ျဖစ္သည္၊ ေဘာလုံးကြင္းမွာ သာရ၏ အဘ လယ္ကြင္း က်ယ္ႀကီးကို ထယ္ထိုး ဂ်ဳတ္တိုက္ ႏွင့္ ေဘာလုံးကြင္း ျပဳလုပ္ေနခ်င္းျဖစ္သည္ ၊၊ ဖိုးေထြး ႏွင့္ သာရသည္ မင္းေနာင္တို႔ ႏွင့္ အတူ ဂိုးတိုင္ ျပဳလုပ္ရန္ ေမ်ာတိုင္မ်ား သြားခုတ္ ေနၾကသည္ ၊
ေမာင္ဘိုးထင္သည္ ဂ်ဳတ္ကို မျပဳတ္က်ေစရန္ ဂ်ဳတ္ကိုင္းကို ကိုင္စီးရင္း ဂ်ဳတ္ေပၚ မတ္တတ္ရပ္ၿပီး ႏြားေမာင္းေနေသာ ကိုၾကည္ေအး အား စကားဆိုေလသည္
“ကိုႀကီးၾကည္ေအး မပူဘူးလား ေနကျမင့္လာၿပီ အက်ႌခြၽတ္ႀကီးနဲ႔”
“ပူပါဘူး ဘိုးထင္ရာ ဒီလို ေတာင့္တင္းတဲ့ ကိုယ္ခႏၶာ ရဖို႔ ဘယ္ေလာက္ ႀကိဳးစားရတယ္ ထင္လဲ “,
“သိပါတယ္ဗ်ာ ဗလႀကီးကေတာ့ ေတာင့္ ပါတယ္ အသာကေတာ့ ေတာ္ေတာ္ မဲတယ္ဗ် ”
“အသားမဲေတာ့ ဘာျဖစ္လဲကြ”
ဘိုးထင္မွ အသားမဲသည္ ဟု ေျပာေသာ အခါ ကိုၾကည္ေအးသည္ မေက်မနပ္ ျပန္ၿပီးခြန္းတုန္႔ျပန္ေနစဥ္ ကိုၾကည္ေအး၏ ေဘးတဖက္မွ ေမာင္ဘိုးထင္ နည္းတူ ဂ်ဳတ္စီးေနေသာ ေပတူး၏ စကားသံက ေပၚလာေလသည္
“ေဟ့ေကာင္ ဘိုးထင္ ကိုႀကီး ၾကည္ေအးကို အသားမဲတယ္ လို႔ မေျပာစမ္း နဲ႔ကြာ ”
“ေျပာလိုက္ စမ္းပါ ေပတူးရာ ဒီေကာင္ ဘိုးထင္ ဘာမွ သိတဲ့ေကာင္ မဟုတ္ ဘူး”
“ေျပာမယ္ ကိုႀကီးၾကည္ေအး ဒီေကာင့္ကို ေျပာမွကိုရမယ္ သူမ်ားကို အသားမဲသေလး ဘာေလးနဲ႔ ”
“ေအးကြာ ”
“ေဟ့ေကာင္ ဘိုးထင္း ”
“ဘာလဲ ”
“မွတ္ထား ကိုႀကီးၾကည္ေအးက ေကာက္႐ိုးပုံ မီးရႈိ႕ထားတဲ့ ျပာပုံ ထက္ေတာ့ ျဖဴတယ္ ကြ ”
“ဟာ ဒီေေကာင္ေတြ ကေတာ့ကြာ ”
ကိုၾကည္ေအးသည္ ႏြားေမာင္း ရင္ ေမာင္ဘိုးထင္တို႔ကို သေဘာက်စြာ ၿပဴံရယ္၍ေနပါေတာ့သည္ ၊ ထိုစဥ္ ႐ြာထဲ မွ အမ်ိဳးသမီးမ်ား ေတာင္းမ်ားကို ႐ြက္ၿပီး ေရာက္လာၾကသည္ အမ်ိဳးသမီးမ်ား၏ ေရွ႕ဆုံး တြင္ေတာ့ ႐ြာလူႀကီးဦးေမာင္ႀကီးပါ ပါလာေလသည္ ၊ ႐ြာလူႀကီး ႏွင့္ အမ်ိဳးသမီးမ်ားသည္ ေဘာလုံးကြင္း ျပဳလုပ္ေနေသာ လယ္ကြက္ ႏွင့္ မလွမ္းမကမ္းရွိ ေညာင္ပင္ႀကီး အရိပ္ေအာက္သို႔ ဝင္သြားၿပီး ႐ြာလူႀကီး ၏ က်ယ္ေလာင္ေသာ အသံက ေပၚလာေလသည္
“ေဟ့ေကာင္ေတြ ဒီမွာ ခဏ လာနားၾကဦး ”
႐ြာလူႀကီး စကားဆုံးသည္ ႏွင့္ မရပ္ေသးေသာ ဂ်ဳတ္မ်ားေပၚမွ ေမာင္ဘိုးထင္အပါအဝင္ သူႏွင့္ ႐ြယ္တူေလးမ်ား ဆင္းလိုက္ၾကကာ ေညာင္ပင္ရွိရာသို႔ ေျပးသြားၾကေလသည္ ၊ ဖိုးေထြး ႏွင့္ သာရသည္ ဂိုးတိုင္လုပ္မည္ ေမ်ာတိုင္မ်ားကို ဓားျဖစ္ အေခ်ာ ကိုင္ေနရင္း သာရမွ ေညာင္ပင္ကို ၾကည့္ၿပီးစကားဆိုလာသည္
“ေတာက္ မင္းအဘက ေတာ္ေတာ္ ရႈပ္တယ္ ကြာ ”
“ဘာလို႔လဲကြ”
“ဟိုမွာ မိန္းကေလးေတြ ၾကားထဲ တေယာက္ ထဲ သူ႔ကိုယ္သူ ကာလသမီးေခါင္းမ်ားထင္ေနလား မသိဘူး ”
“ဟုတ္တယ္ ကြာ အဲ့တာ ငါလက္ခံတယ္ လာသြားမယ္ ဟိုေကာင္ ဘိုးထင္တို႔က နင္းကန္ၿမိဳမွာ လက္ေႏွးရင္ ဘာတခုမွ စားရမွာ မဟုတ္ဘူး ”
ဖိုးေထြး ႏွင့္ သာရ သည္ ဓားမ်ားကို ခ်ၿပီး ေညာင္ပင္ ဘက္ဆီသို႔ ေျခလွမ္း ျပင္လိုက္ၾကေလေတာ့သည္ ။
▪️အခန္း-၂
ေဘာလုံးကြင္ ျပဳလုပ္ရာ၌ လုပ္အားေပးေနၾကေသာ လူႀကီး လူ႐ြယ္ လူငယ္ ကေလး မ်ားသည္ ႐ြာမွ အမ်ိဳးသမီးမ်ား သယ္ယူလာေသာ ေကာက္ညႇင္းေပါင္း အေၾကာ္တို႔အား အားရပါးရစားေနၾကသည္ ၊ အပ်ိဳႀကီး ေအးၾကည္ မွ ဖိုးေထြး ႏွင့္ သာရ တို႔အား အေၾကာ္မ်ား နင္းကန္ ထည့္ေပးေနေသာ မိေက်ာ့ ႏွင့္ လွရင္ကို ၾကည့္ကာ
“ဟို အပ်ိဳ ေပါက္စ ေတြ နင္တို႔ လင္ေလာင္း ေတြၾကည့္ပဲ ထည့္ေပး မေနနဲ႔ ဟိုမွာလည္း ၾကည့္ဦး ခြာနာ လွ်ာနာ ျဖစ္ေနတဲ့ ႏြာႀကီးလို ေငးေနတဲ့ ခ်ိဳးသိမ္း ကိုလည္း ထည့္ေပးလိုက္ဦး”
“ဟာ ဗ်ာ အပ်ိဳႀကီး ၾကည္ေအး ကလည္း ဘာေတြေျပာ ”
“မင္းေမႀကီးေတာ္ အပ်ိဳႀကီး ၾကည္ေအး အဲ့တာ ေအးၾကည္ဟာ ငါက ေယာက္်ားႀကီး ၾကည္ေအး ”
“မွားသြား လို႔ပါ ကိုၾကည္ေအးရယ္ ခင္ ဗ်ား နဲ႔ အပ်ိဳႀကီး ၾကည္ေအး အယ္ ဟုတ္ပါဘူး ေအးၾကည္က လည္း ေပးစရာ နာမည္ရွားလို႔ဗ်ာ ”
“ေတာက္ မင္းေျပာရင္လည္း ေျပာေလာက္တယ္ ”
သူ၏ နာမည္ကို ယူႀကဳံးမရျဖစ္ေနေသာ ကိုၾကည္ေအးအား အပ်ိဳႀကီး ေအးၾကည္မွ ေသခ်ာၾကည့္ကာ
“ဟဲ့ ၾကည္ေအး နင္ နာမည္ နဲ႔ ငါ့နာမည္ ဒီေလာက္မွား ေနတာ မထူးဘူး ငါတို႔ ယူလိုက္ၾကရေအာင္ဟယ္ ”
” ဟာ ေတာ္ေတာ္ မယူဘူး မယူဘူး က်ဳပ္ရဲ႕ ခႏၶာကိုယ္ အလွနဲ႔ဆို ၿမိဳ႕က ျပဇတ္မင္းသမီးေလာက္ေတာ့ အသာေလး ရတယ္ ”
“ဗလသာ ရွိတယ္ပါဟယ္ ဟို ”
“ဒီအပ်ိဳ ႀကီး ဘာေတြ ေလွ်ာက္ေျပာ မလို႔ လဲ မသိဘူး ဗ်ာ ”
စေနာက္တက္ေသာ အပ်ိဳႀကီး ေအးၾကည္ေရွ႕ ကိုၾကည္ေအး မေနရဲေတာ့ကာ ေဘာလုံးကြင္းဂ်ဳတ္တိုက္ေနသည့္ ဂ်ဳတ္ရွိရာသို႔ ျပန္ဆင္း သြာပါေတာ့သည္ ၊ ေပပင္႐ြာ ေဘာလုံးကြင္း ျပဳလုပ္သည္က ရယ္ေမာေပ်ာ္႐ႊင္သံ မ်ား ႏွင့္ အတူ ဆက္လက္ လုပ္အားေပးေနၾကပါေလေတာ့သည္။
▪️အခန္း-၃
ေပပင္႐ြာလူႀကီး ၏ အိမ္တြင္ စည္းေဝ ပြဲ တခု က်င္းပေနေလသည္ ၊ ထိုစည္းေဝး ပြဲ မွာ အုပ္စုဒိုင္းအတြက္ ညႇိဳ ႏႈိင္းပြဲ ျဖစ္သည္ ၊ ညႇိဳႏႈိင္းေဆြးေႏႊး ပြဲတြင္ ေရအိုးစင္အုပ္စု ႏွင့္ ေပပင္အုပ္စု ႏွစ္စုမွ ႐ြာဆယ္ႏွစ္႐ြာ လူႀကီးမ်ား ေဆြးေႏြးေနၾကသည္ ၊ ေရအိုးစင္႐ြာလူႀကီးမွ စတင္ ေဆြးေႏြးေလသည္
“က်ဳပ္တို႔ ဒီၿပိဳင္ပြဲကို က်င္းပရတဲ့ အဓိက ရည္႐ြယ္ခ်က္ကာ မဟာဒူးလို ေဘာလုံးသမားေတြေပၚေပါက္လာေအာင္ပါ ”
စင္စစ္ ေရအိုးစင္ ႐ြာလူႀကီး ေျပာေသာ သူမွာ ဆြတ္ဗဟာဒူး ကိုေျပာခ်င္းျဖစ္သည္ ၊ ဆြတ္ဗဟာဒူးကိုျဖစ္ ႐ြာမ်ားမွ နယ္ၿမိဳ႕ေလးထိ တီးမိေခါက္မိရွိသူမ်ား သည္ မဟာဒူးလို႔ သာ ေျပာၾကသည္ ၊ ႐ြာသားမ်ားသည္ ေဘာလုံးပြဲ အေၾကာင္းေျပာ ရင္ ဆြတ္ဗဟာဒူး (ဝါ )႐ြာသားမ်ားအေခၚ မဟာဒူး အေၾကာင္း မပါရင္ မၿပီးသည့္ အထိ နာမည္ႀကီးေလသည္ ၊ ထိုကစားသမား ေဘာလုံးကစားသည္ကို သူတို႔ မျမင္ဘူး မေတြ႕ဘူးၾကပါ အမ်ား အေျပာျဖစ္ လက္ေ႐ြးစင္ ကစား သမားမ်ား ကစားသည္ကို ၿမိန္ရည္ ခ်က္ရည္ ေျပာတက္ၾကသည္ ၊ ယခုလည္း ေဘာလုံးပြဲ အေၾကာင္း ေဆြးေႏြး ေနသည္အတြက္ ေဘာလုံးသမား အေၾကာင္း ပါသည္ကေတာ့ မထူးစမ္းေပ
“ဟုတ္တယ္ မဟာဒူးလို ေဘာလုံးသမားေတြ က်ဳပ္တို႔ နယ္မွာ မေပၚဘူးလို႔ ဘယ္သူ ေျပာႏိုင္မွာလဲ ”
“ေဘာလုံး ၿပိဳင္ပြဲ စရင္ ပုဆိုး ခါးေတာင္းက်ိဳက္ၿပီးေတာ့ ကစားလို႔က မသင့္ေပဘူး ေဘာင္းဘီ ဝယ္ မွ ရမယ္ဗ်”
“အဲ့တာ ေတာ့ ကို႔႐ြာအတြက္ ကိုယ္ဝယ္ၾကေပါ့ဗ်ာ ၿပီးေတာ့ ေဘာလုံးလည္း အေရးႀကီးတယ္ က်ဳပ္တို႔ ေပပင္မွာက ေဘာလုံးက တလုံးပဲ ရွိတာ ခင္ဗ်ားတို႔ ႐ြာေတြက ေဘာလုံးေတြလည္း ယူခဲ့ၾကဦး”
ေပပင္႐ြာလူႀကီးသည္ ထိုသို႔ေျပာၿပီး ေရအိုးစင္ ႐ြာလူႀကီးကို ၾကည္ကာ စကာဆက္ေလသည္
“ကိုသန္းလႈိင္ ခင္ဗ်ား ႐ြာက တုတ္ႀကီးကို ေဘာလုံး အသင္းထဲ မထည့္ေစခ်င္ဘူးဗ်ာ ”
“ဘာလို႔လဲဗ်”
“ခင္ဗ်ားလူ တုတ္ႀကီးက ေဘာလုံးေတာ့ ကန္တာေကာင္းပါရဲ႕ ၿပီးခဲ့တဲ့ ၿပိဳင္ပြဲတုန္းက အေမာစို႔သြားတာ ေဘာလုံး ၿပိင္ပြဲကေန နာေရး ျဖစ္ေတာ့မလို႔ ”
“ေအးဗ်ာ ဒီေကာင့္ကို က်ဳပ္နား ခိုင္းထားပါတယ္ ”
ေပပင္ ႐ြာလူႀကီး ေျပာသည္မွာ ဟုတ္ေပသည္ ၿပီးခဲေသာ ေဘာလုံးၿပိဳင္ပြဲတြင္ ေရအိုးစင္႐ြာမွ တုတ္ႀကီးသည္ ေဘာလုံးကန္ရင္း အေမာစို႔သြားသည္ ၊ သူသည္ ေဘာလုံး သြားရာ တေလွ်ာက္ အၿမဲ ေရာက္ေနတက္သည္ ၊ ဂိုးသမားကန္လိုက္သည့္ ေဘာလုံး ေရွ႕ေရာက္သြားက ေရွ႕သို႔ လိုက္သည္ ၊ အေနာက္ျပန္ေရာက္က အေနာက္သို႔ လိုက္ျပန္သည္ ထိုသို႔ ေဘာလုံး ႏွင့္ အနီးကပ္ရွိေနေလေသာ တုတ္ႀကီးအား ေပပင္႐ြာလူႀကီးလို တခ်ိဳ႕သူမ်ားသည္ ေဘာလုံးကန္တာ ေကာင္းသည္ဟု ထင္ေနပုံရသည္ ၊ ထိုသို႔ျဖစ္ ေဘာလုံး ေနာက္အၿမဲ လိုက္ေနေသာ တုတ္ႀကီးမွာ အေမာစို႔ၿပီး ေသမလိုျဖစ္၍ ပြဲရပ္လိုက္ ၾကရဖူးသည္။
ဤသို႔ျဖစ္ ေဘာလုံးပြဲ ျဖစ္ေျမာက္ေရး အစည္းေဝးပြဲကၿပီး ၿပီမို႔ ႐ြာလူႀကီးမ်ား ၾကားဖူးနားဝ ေဘာလုံး အေၾကာင္းမ်ားေျပာေနၾကသည္၊သူတို႔ေျပာသည့္ စကားမ်ားသည္က
“ေတာက္ မဟာဒူး ေကာင္းခ်က္ဗ်ာ ေဘာလုံးကို ကြင္းစကေန ေခါင္းေပၚတင္ေျပးတာ တျခားအသင္း ဂိုးထဲ ထိေရာက္တယ္ တဲ့ဗ်”
“ဟုတ္တယ္တဲ့ ဗ်ာ က်ဳပ္တို႔ ႏိုင္ငံကအသင္းက ဂိုးသမားေကာင္း ခ်က္ဗ်ာ ေဘာလုံး သူဆီမလာ ရင္ ဂိုးဘားတန္ေပၚ ေျခလႊဲခ်ထိုင္ ၿပီး တက္ၾကည့္ေနတာတဲ့ ဗ်ိဳ႕ ေဘာလုံး လာမွ လႊားခနဲ ခုန္းဆင္းၿပီး ဖမ္းတာ တဲ့ ဗ် ”
“ဂိုးသမားက ဘယ္ဟုတ္ မလဲ က်ဳပ္တိုအသင္ ေနာက္တန္းက ကန္လိုက္တာ ဟိုဘက္ဂိုးသမား မဖမ္းႏိုင္လို႔ ဂိုးထဲပါဝင္သြားတယ္တဲ့ ဗ် ေဘာလုံးဆို ေတာက္ေလွ်ာက္ကြဲလို႔ ခဏ ခဏ လဲရတယ္ဆိုပဲ ”
“ေဘာလုံး ခဏ ခဏ ကြဲရင္ေတာ့ အဲ့လိုေဘာလုံး သမား က်ဳပ္တို႔ ႐ြာကို လာကန္ရင္ ဒုကၡဗ်ိဳ႕ ရွိတာ မွ ေဘာလုံးက တ႐ြာ တလုံး ပဲရွိတာ ”
“ခင္ဗ်ား ေျပာမွ ပဲ က်ဳပ္ေတြးမိတယ္ အဲ့လိုေဘာလုံးသမား မ်ိဳးေတာ့ က်ဳပ္တို႔ ႐ြာၿပိဳင္ပြဲ နဲ႔ မကိုက္ေပဘူးဗ်”
ဤသို႔ႏွင့္ ႐ြာလူႀကီးမ်ား၏ ေဘာလုံး ပြဲ အေၾကာင္း ေျပာရင္းျဖစ္ ေပပင္႐ြာေဘာလုံၿပိင္ပြဲ ေဆြးေႏြးပြဲႀကီးမွ ေအာင္ျမင္စြာ ၿပီး ဆုံးသြားၿပီ ျဖစ္ပါေလေတာ့သည္။
▪️အခန္း-၄
ေပပင္႐ြာ ေဘာလုံးၿပိဳင္ပြဲ ႀကီးက စတင္ၿပီျဖစ္သည္ ေဘာလုံး ကြင္းႀကီးသည္ လယ္ကြင္းထဲတြင္ လွလွပပ တည္ရွိေနေလသည္ ၊ နယ္ၿမိဳ႕ေလးမွာ ေဘာလုံးဝါသနာအိုး ျမင္လွည္းဆရာ ကိုေအာင္မင္းကို ဒိုင္လုပ္ဖို႔ေခၚထားၾကေလသည္၊ ေမာင္ဘိုးထင္တို႔သည္ ကိုေအာင္မင္း ဝတ္ထားေသာ အားကစား ေဘာင္းဘီ အက်ႌကို သေဘာက်ကာ ကိုေအာင္မင္း အနားအၿမဲ ကပ္ၿပီး လိုအပ္တာမ်ားကူညီေနေလသည္ ၊
“ေကာင္ေလး မင္းတို႔႐ြာလူႀကီးကို ငါၿမိဳ႕က ဝယ္လာတဲ့ ထုံးေတြ ယူလာခဲ့ဖို႔ေျပာဦး”
“ထုံးေတြက ဘာလုပ္မွာလဲ ဦးေလး ”
“စည္းတားမွာေလကြာ ”
“ေအာ္ သြားေျပာလိုက္မယ္ က်ဳပ္တို႔ တခါ တည္း သယ္ လာခဲ့ မယ္ ”
ေမာင္ဘိုးထင္တို႔သည္ ႐ြာသို႔ အေျပးသြားၿပီး ႐ြာလူႀကီးအိမ္မွာ ထုံးအိတ္မ်ားသြားသယ္ေလၾကသည္ ၊ ေမာင္ဘိုးထင္တို႔ ျပန္ေရာက္ေသာ အခါ ေပပင္႐ြာမွ ေဘာလုံးသမားမ်ားသည္ ေလးက်င့္ခန္း ဆင္းေနၾကသည္ ၊ ႐ြာမွ ၿမိဳ႕ဘုန္းႀကီးေက်ာင္းတြင္ ေနဖူးၿပီး ေဘာလုံး ပြဲ ဝါသနာပါေသာ ဦးဇင္းလူထြက္ ကိုရာႀကီး မွ ဦးေဆာင္လာသည္ ၊ ပါေလရာ ရာႀကီးသည္ ႐ြာလူႀကီး ႏွင့္ မတည့္ေပမဲ့ ေဘာလုံး အေၾကာင္း သိ သည္မွာ သူတေယာက္ ထဲ ရွိသည္မို႔ သူ႔အား ေနရာ ေပးထားရခ်င္းျဖစ္သည္၊ ေမာင္ဘိုးထင္တို႔ သည္ ထုံးမႈန႔္ အိတ္ကို ယူေပးၿပီးေနာက္ ေပပင္႐ြာ ေဘာလုံး အသင္းနားသြားကာ
“ေပတူးေရ ၾကည့္စမ္းပါ ဦး ဂိုးသမား လုပ္တဲ့ သူက ႐ြာထိပ္က ငါးရွဥ္မွ်ားကြၽမ္းတဲ့ ကိုျပဴးေက်ာ္ မဟုတ္လား ”
“ဟုတ္တယ္ဟ ဒီလူ ငါးရွဥ္ကိုေတာင္ မလြတ္ေအာင္ဖမ္း ႏိုင္တာ ေဘာလုံး ေလာက္ေတာ့ အသာပဲ ေနမွာပဲ ”
“ကိုသာရက ေရွ႕တန္းလား ”
“ဟုတ္ပကြာ အခု တည္းက ေဘးကို ေငးေနၿပီ ”
ေမာင္ဘိုးထင္တို႔ ေပပင္ ေဘာလုံးသမားမ်ားအား ဂိုးတိုင္အနားထိုင္ရင္း ေဝဖန္ေနၾကစဥ္ သာရ ႏွင့္ ဖိုးေထြး သူတို႔ အနားေရာက္လာၿပီး တိုးတိုး ေျပာကာ တခုခု ကိုေပးေနေလသည္၊ ထိုအရာကို ကြင္းေဘးရွိ ေမ်ာက္ရႈံး႐ြာသားတေယာက္မွ သူအနားတြင္ ရွိေသာ လူတဦးအား တိုးတိုး ေျပာကာ ေဘာလုံးကြင္းေဘးမွ ထြက္သြားပါေလေတာ့သည္ ။
▪️အခန္း-၅
ယေန႔ ေဘာလုံးပြဲစဥ္မွာေတာ့ ေပပင္႐ြာ ႏွင့္ စိန္တလုံး႐ြာ ၏ ပြဲစဥ္ ျဖစ္သည္ ေပပင္႐ြာေဘာလုံး အသင္းသည္ ေဘာင္းဘီအျဖဳ အက်ႌ အနီကို ဝတ္ဆင္ထားၿပီး ဂိုး ကိုျပဳးေက်ာ္ ေနာက္တန္း ေမာင္ခိုင္ႀကီး ၊ ျမႀကီး ၊ ခ်ိဳးသိမ္း၊ တာတီး၊ တို႔ျဖစ္ၿပီး
အလယ္တန္း စံလွ ၊ ေအာင္ေသာင္း ၊ မင္းေနာင္ ၊ ဖိုးေထြး၊ ႏွင့္ ေရွ႕တန္း သာရ ႏွင့္ ကိုၾကည္ေအးတို႔ ျဖစ္သည္
ကိုၾကည္ေအးသည္ ေဘာလုံး အက်ႌကို ခြၽတ္မည္ တကဲကဲ ျပဳေနေလရာ နည္းျပ ရာႀကီး မွ ေငါက္ငမ္းထားရသည္
“ေဟ့ေကာင္ ၾကည္ေအး အက်ႌ ခြၽတ္လို႔ရမလားဟ ”
“က်ဳပ္ ဗလကို ေဘာလုံး ပရိတ္သတ္ေတြ မျမင္မွာဆိုးလို႔ပါ ဗ်ာ ”
“ေတာက္ ၾကည္ေအး ေၾကာင္ေတာင္ေတာင္ နဲ႔ကြာ သြားစမ္း ”
တဖက္ စိန္တလုံး ႐ြာ၏ ေဘာလုံး သမား မ်ားသည္လည္း ကြင္းထဲ ဝင္လာေနၿပီ ျဖစ္သည္ ၊ ေဘာလုံးပြဲ သည္ မၾကာ ခင္ စေတာ့မည္ျဖစ္ရာ ေမာင္ဘိုးထင္တို႔သည္ စိန္တလုံး ႐ြာ ေဘာလုံး အသင္း၏ ဂိုးတိုင္ေဘးတြင္ ထိုင္ရင္း အားေပးေနေလသည္၊ ေမာင္ဘိုးထင္ တို႔ နည္းတူ ဂိုတိုင္ေဘးတြင္ ထိုင္ေနသူမွာ ႐ြာထဲမွ ဦးအန္းဂတ္ဆိုေသာ ေဘာလုံး ဝါသနာ အိုးႀကီး ျဖစ္သည္ ၊
ၿမိဳ႕ေလးမွ ငွားထားေသာ အသံခ်ဲ႕ စက္ဆရာသည္ အေတာ္ကို အလုပ္မ်ားေနေလသည္ ၊ ႐ြာလူႀကီးမွ မိုက္ခြက္ေတာင္းလိုက္ ဘုရားဒကာ ဦးသန္းၫြန္႔မွ မိုက္ခြက္ေတာင္းလိုက္ ႏွင့္ အေတာ္ကို အလုပ္မ်ားေနရသည္ ႐ြာလူႀကီးသည္ မိုက္ခြက္ကို ကိုင္ကာ
“အဟမ္း က်ဳပ္သည္ ေပပင္႐ြာလူႀကီး ျဖစ္တယ္ ေဘာလုံး ပြဲမွာ ရန္ျဖစ္သူေတြ အတြက္ က်ဳပ္တို႔ ႐ြာ ဆယ္ႏွစ္႐ြာက ထိတ္တုံး ဆယ္ ႏွစ္ခုကို က်ဳပ္အိမ္ မွာ အသင့္ျပင္ထားတယ္ ထိတ္တံုး တခု ေျခာက္ေပါက္ ဆိုေတာ့ လူသုံးေယာက္ ဆယ္ႏွစ္ခုဆိုေတာ့ အင္း ခဏ က်ဳပ္တြက္ေနတယ္ ထိတ္တုံး တခုကို သုံးေယာက္ ဆယ္ခုကို သုံးဆယ္ ဟို ႏွစ္ခုက ”
“သုံးဆယ္ ေျခာက္ေယာက္ဗ်ိဳ႕ ႐ြာလူႀကီး လုပ္ၿပီ ဘာမွလည္း မသိဘူး ေဘာလုံးသမားေတြက ငါးေျခာက္ျဖစ္ေတာ့ မယ္ ႐ြာလူႀကီးက စကားမ်ားေနတယ္ ”
ေဘာလုံး ပရိတ္သတ္ထဲ မွ လူတေယာက္သည္ ႐ြာလူႀကီး အသံ တိတ္ခ်ိန္ ေအာ္လိုက္သည့္ အတြက္ ပရိတ္သတ္မ်ား အားလုံး ၾကားရ၍ ဝိုင္းဝန္း ေထာက္ခံ လိုက္မွ ႐ြာလူႀကီး မိုက္ခြက္ကို မေက်မနပ္ႏွင့္ စက္ဆရာ ကိုေပးလိုက္ေလပါေတာ့သည္။
▪️အခန္း-၆
ေပပင္႐ြာ ႏွင့္ စိန္တလုံး ႐ြာ ေဘာလုံး ၿပိဳင္ပြဲက ကြင္းလယ္ ဒိုင္လူႀကီး ဝီစီမႈတ္သည္ ႏွင့္ စတင္လိုက္ေလသည္ ၊ကြင္လယ္ဒိုင္သာ ပါရွိၿပီး စည္းၾကပ္ ဒိုင္ေတာ့ မပါေပ ၊ယခုဆို ေပပင္ ႐ြာမွ ေဘာလုံး သမား ေအာင္သန္းသည္ ေဘာလုံးကို အုႏ္ုးခနဲ တခ်က္ကန္လိုက္ကာ အားေပးေနေသာ မိန္းမပ်ိဳေလးမ်ားဘက္သို႔ ရင္ကိုေကာ့ ၿပီး လမ္းေလွ်ာက္လို႔ေနသည္ ေအာင္သန္း အုန္းး ခနဲ ေဘာလုံးကို ေျမာက္တက္ေအာင္ ကန္လိုက္သည္ကို အမ်ိဳသီးမ်ားက ညာသံေပးၿပီးေအာ္ ဟစ္အားေပး ေနေလသည္
“ကိုေအာင္ေသာင္း ႀကီးက ေတာ္လိုက္တာ ေဘာလုံးကို အျမင့္ႀကီး ေရာက္ေအာင္ ကန္ႏိုင္တယ္ ေတာ္ ”
အမ်ိဳးသားမ်ားသည္က အမ်ိဳးသမီးမ်ား ႏွင့္ ဆန႔္က်င့္ဘက္ ေျပာဆိုၾကာေလသည္။
“ေတာက္ ေအာင္ေသာင္း ခြီးတယ္ မွ ပဲ ေဘာလံုးကို အေပၚေျမာက္ေအာင္ ကန္ႏိုင္တာ နဲ႔ ေျမာက္ႂကြ ႂကြ လုပ္ေနတယ္ ေဘာလုံးက ကိုယ့္ ဂဂိုးဘက္ကို ျပန္ေရာက္ ေနၿပီ ျပန္လွည့္ၾက ည့္ဦးေလကြာ ”
ေပပင္႐ြာသား ေဘာလုံးသမားမ်ားနည္းတူ စိန္တလုံး ႐ြာသား မ်ားသည္လည္း တအုန္းအုန္း ႏွင့္ သာ ကန္ေနေလသည္ ၊ ေပပင္ ႐ြာ နည္းျပ ရာႀကီးသည္
“ဟာ ေရွ႕တန္းက ေကာင္ေတြက မင္းေမႀကီးေတာ္ လင္ႀကီးေတြ မဟုတ္ဘူး ေဘာလုံးကို ေပးဟ ခြီးတယ္ မွပဲ ေဘာလုံး ဆိုတာ ဂိုးသြင္းရမွာ ကြ ေတြ႕ကရာ ကန္ေနလို႔ ရမလား ”
“ဟာ ကိုရာႀကီးရ ကန္တာပဲ ခင္ဗ်ား ေဘာလုံး ကကို သြားခ်င္တဲ့ ေနရာ သြားေနတာ ”
ဤသို႔ ျဖစ္ တခ်က္ကန္လိုက္ မိန္းကေလးမ်ားမွ ေဝး လို႔ ေအာ္လိုက္ ေဘာလုံးသမားႀကီးမ်ားက ရင္ေကာ့ကာ လမ္းေလွ်ာက္လိုက္ ႏွင့္ သာရဆီသို႔ ေဘာလုံး မေတာ္မစ ေရာက္လာေလသည္ သာရသည္ ေဘာလုံးကို ဆြဲ ေျပးလာရာ စိန္တလုံးကြင္းဘက္သို႔ ေရာက္လာေလသည္ ၊ စိန္တလုံး ေဘာလုံး အသင္းဂိုးသမားမွာ ေဘာလုံးကိုဆြဲေျပးလားေသာ သာရအား ေသခ်ာၾကည့္ေနစဥ္ ဂိုးတိုင္ေဘးတြင္ ထိုင္ေနေသာ ေမာင္ဘိုးထင္တို႔မွ
“ဟို အရပ္ရွည္ရွည္ အသားျဖဴျဖဴ ခန႔္ခန႔္ႀကီး နဲ႔ အကိုႀကီး ခင္ဗ်ားက စိန္တလုံးသားေကာ ဟုတ္ရဲ႕လားဗ်ာ ဒီေလာက္ ၾကည့္ေကာင္းတဲ့ သူမ်ိဳး စိန္တလုံး ႐ြာမွာ ရွိလို႔လား ”
“ေဟ့ ကိုဂိုးသမားႀကီး နာမည္ ဘယ္လို ေခၚလဲ ဗ်”
မထူးမခ်င္း တေယာက္ တလွည့္ေခၚေနေသာ ေမာင္ဘိုးထင္တို႔ အား စိန္တလုံး ဂိုးသမားသည္ တခ်က္ၾကည့္ကာ
“ဘာလို႔ေခၚေနတာလဲကြာ ”
“အကိုႀကီးက စိန္တလုံးသားေကာ ဟုတ္ရဲ႕လားဗ်ာ ၿမိဳ႕က ငွားထားတဲ့ ေဘာလံုးသမားႀကီး မဟုတ္လား ”
“ဟုတ္ပါတယ္ ကြ ငါက စိန္တလုံးသားပါ ဟ ”
“ဟုတ္လို႔လား ဗ်ာ က်ဳပ္ကေတာ့ မယုံပါဘူး နာမည္ ဘယ္လိုေခၚလဲ အကိုႀကီး ”
“ေက်ာ္ဝင္း လို႔ေခၚတယ္ ကြ”
စိန္တလုံးဂိုးသမားသည္ ေမာင္ဘိုးထင္တို႔အား လွည့္၍ စကားေျပာေနခ်ိန္ သာရသည္ ဂိုးအနားးေရာက္ၿပီး ေဘာလုံးကို ကန္လိုက္ရာ ဂိုးသြားပါေလေတာ့သည္ ၊ ထိုအခါ စိန္တလုံး ေဘာလုံးသမားမ်ားသည္ သူတို႔၏ ဂိုးသမားအား
“ေဟ့ေကာင္ေက်ာ္ဝင္း မင္းပေထြးေလးေတြ နဲ႔ စကား ေျပာမေနနဲ႔ ဂိုးဖမ္းဟ ”
“သူတို႔က လာေျပာေနတာကို ”
“ဒိုင္လူႀကီး အဲ့ ကေလးေတြ ညစ္ေနတာ ျမန္ျမန္အဲ့ ဂိုးတိုင္နားက ဖယ္ေပး ခိုင္းဗ်ာ ”
စိန္တလုံးေဘာလုံး သမားမ်ားသည္ ဒိုင္လူႀကီးကို ေျပာကာ ေမာင္ဘိုးထင္တို႔အား ေနရာ ေျပာင္းခိုင္းလိုက္သည္ ေမာင္ဘိုးထင္တို႔သည္ သစ္ပင္ ရိပ္ေအာက္တြင္ အားႀကိဳး မာန္တက္အားေပးေနေသာ ေပပင္သား ကိုသာႏိုး အနားတြင္ သြားထိုင္ၿပီး အားေပးေနေလသည္ ၊ ကိုသာႏိုး၏ အားေပးသံက က်ယ္ေလာင္ လြန္းလွေပသည္
” ၾကည္ေအး ေဘာလုံးကို ကန္ေနတာ ေအးၾကည္ ကန္ေနတဲ့ အတိုင္းပဲ ေဘာလုံးဆို အုန္းခနဲ အုန္းခနဲ ကန္ရတာဟ ”
“ဟာ သာရ ခြီးတယ္ မွပဲ ကန္ဟကန္ ဆြဲ မေနနဲ႔ဟ ေအာင္ေသာင္း လို အုန္းကနည္းကန္ကြ ”
ထိုစဥ္ ေမာင္ခိုင္ႀကီးသည္ ေရွ႕သို႔ ေဘာလုံးကို ဆြဲလာကာ အားပါ ျပင္းထန္ေသာ ကန္ခ်က္ ျဖစ္ အုန္းခနဲ ကန္လိုက္မွ ကိုသာႏိုး အားရပါးရ အားေပး စကားေျပာေလသည္
“ေဘာလုံးဆိုတာ အဲ့လို ကန္ရ တာကြာ ေမာင္ခိုင္ႀကီး ကန္လို႔ရရင္ေတာ့ ဂိုးးသမား အံျပဳတ္သြားမယ္ မွတ္ ”
“ကိုႀကီးသာႏိုး ဟိုမွာ ဘာျဖစ္တာ လဲ မသိဘူး ဂိုးတိုင္နားကို ဟို ေဘာလုံးသမားေတြကို ကုေပးမဲ့ လူေတြ သြားေနတာ ”
“ေအး ဘိုးထင္ ဘာျဖစ္တာလဲ မသိဘူး ”
ထိုအခါ အသံခ်ဲ႕ စက္မွ ႐ြာလူႀကီး၏ ေအာ္သံက ထြက္ေပၚ လာေလသည္။
“သာႏိုးက အုန္းခနဲ ေမာင္ခိုင္ႀကီးကို ကန္ခိုင္းလိုက္တာ အခု ေမာင္ခိုင္ႀကီး အုန္း ခနဲ ကန္လိုက္တာ သာႏိုး အဘ ဦးအန္းဂတ္ ဂိုးတိုင္ နားမွ ဘိုင္းကနည္း လဲၾကသြားပါတယ္ ခင္ဗ်ာ ”
႐ြာလူႀကီး၏ စကားသံၾကားမွ ကိုသာႏိုးသည္ ပုဆိုးကို တိုတို ျပင္ဝတ္ကာ ေဘာလုံးကြင္းထဲ ဆင္းေျပးရင္း ပါးစပ္မွလည္း
“ဟ ခြီး တဲ့ မွ ေမာင္ခိုင္ႀကီး မင္းကို ဂိုးထဲ ကန္ခိုင္းတာကြ ငါအဘ ကို ကန္ခိုင္းတာမဟုတ္ဘူး ငါ့အဘ ဦးအန္းဂတ္ အံကပ္ေကာ ရွိေသးရဲ႕လား မသိပါဘူးကြာ”
ကံေကာင္း ေထာက္မ စြာႏွင့္ေဘာလုံး မွန္ေသာ ဦးအန္းဂတ္ တေယာက္ ခတၱသာ သတိေမ့သြား ၿပီး ျပန္လည္ သက္သာလာရာ ေဘာလုံးပြဲ ျပန္စေလသည္ ဤသို႔ ျဖစ္ ေပပင္ ႐ြာ ႏွင့္ စိန္တလုံး ႐ြာ၏ ေဘာလုံးၿပိဳင္ပြဲသည္က ေပပင္႐ြာ တဂိုး စိန္တလုံးဂိုးမရွိ ႏွင့္ ပြဲၿပီးဆုံးသြားပါေလေတာ့သည္။
▪️အခန္း-၇
ေဘာလုံးပြဲမ်ား က်င္းပလာရာ ေနာက္ဆုံး ဗိုလ္လုပြဲ သို႔ မနက္ျဖန္ဆိုေရာက္ရွိမည္ျဖစ္သည္ ၊ ဗိုလ္လုပြဲ တြင္ေတာ့ ေပပင္ ႐ြာ ႏွင့္ ေမ်ာက္ရႈံး႐ြာတို႔ ေတြ႕ဆုံေနေလသည္ ၊ ယခု ညအခ်ိန္ ေမာင္ဘိုးထင္တို႔ သုံးေယာက္ ေဘာလုံးကြင္းထဲ သို႔ ေရာက္ရွိလာၿပီျဖစ္သည္ ၊ သူတို႔သည္ လက္ထဲမွ အထုပ္ေလး တထုတ္ကို ကိုင္ထားၿပီး တ႐ြင္းတေခ်ာင္းကို ယူလာေလသည္ ၊ ထို႔ေနာက္ ဂိုးတိုင္ အနားသို႔ သြားကာ အထုပ္ တထုပ္ကို တြင္းတူးၿပီး ျမႇဳပ္ေနေလသည္ ၊ ထိုျမင္ကြင္းကို လေရာင္ အတန္အသင့္ရေသာေၾကာင္ ေဘာလုံးကြင္းေဘး ရွိေညာင္ ပင္ႀကီး ေအာက္မွ လူႏွစ္ေယာက္သည္ အံ့ကိုႀကိတ္ကာ ၾကည့္ေနေလသည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္တို႔ ျပန္သြားသည္အခါ မွ ထိုလူႏွစ္ေယာက္သည္ ေညာင္ပင္ ေအာက္မွ ထြက္လာကာ
“ေဟ့ေကာင္ ဒီေကာင္ေတြေတာ့ ေအာက္လမ္း နဲ႔ တိုက္ေနၿပီ ”
“သူတို႔ အစီအရင္ေတြကို ေဖာ္လိုက္ရမလား ”
“မလုပ္ နဲ႔ ထားလိုက္ ငါတို႔လည္း အစီအရင္ေတြ ယူလာပါတယ္ကြာ သူတို႔ အစီအရင္ နဲ႔ ငါတို႔ အစီအရင္ ဘယ္ဟာ စြမ္း လည္း ၿပိဳင္ၾကတာေပါ့ကြာ ဟားးးဟားးး”,
“ေဟ့လူ အသံက်ယ္ႀကီး နဲ႔ ရယ္မေနနဲ႔ ဦး ဟိုက ေလးဂြ နဲ႔ လွမ္းထု မွ အလုံးကန္း ေနဦးမယ္ ”
“ေအးပါကြာ မင္းကလည္း ရယ္တာေတာင္ ေကာင္းေကာင္း မရယ္ရဘူး လာလာ အစီအရင္ေတြ သြားျမႇဳပ္ၾကရေအာင္ ”
ထိုလူ ႏွစ္ေယာက္သည္ လည္း ေမာင္ဘိုးထင္တို႔ နည္းတူ ဂိုးတိုင္မ်ား အနားသို႔ ေျမတူးက အထုပ္ေလးမ်ားကိုထည့္ ျမႇဳပ္ထားလိုက္ၾကပါေလေတာ့သည္ ။
▪️အခန္း-၈
ေပပင္႐ြာ ႏွင့္ ေမ်ာက္ရႈံး႐ြာ တို႔၏ ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲႀကီး ေရာက္ရွိလာၿပီျဖစ္သည္ ၊ အားေပးသည့္ ႐ြာသူ႐ြာသားမ်ားသည္ ကြင္း တဖက္ တခ်က္ ေအာ္ဟစ္ အားေပးေနၾကေလသည္
“ေပပင္သားကြ ဘယ္ေလာက္ ထု ထု မမူ႔တဲ့ ေပပင္သားကြ ေပတသီး က်ီးတသား တဲ့ ဘာမွတ္ေနလဲကြ”
“ေဟ့ လူ မူးမူး ႐ူး႐ူး နဲ႔ ဘာေတြေအာ္ေနတာလဲ ”
“ေဟ့ေကာင္ေတြ ေမ်ာက္ရႈံး ေမ်ာက္ေတာင္ မႏိုင္တဲ့ ေကာင္ေတြကို သမ လိုက္စမ္းကြာ”
“ေဟ့ လူ တိတ္ေတာ့ ခင္ဗ်ား ရန္စကားေတြ ေလွ်ာက္ မေျပာနဲ႔ ရန္ျဖစ္ရင္ ခင္ဗ်ားက တန္းေျပး မွာ က်န္တဲ့သူေတြက သာ ႐ိုက္ရ ႏွက္ရမွာ ခင္ဗ်ား ပါးစပ္ပိတ္ထား”
ေပပင္သား အခ်ိဳ႕သည္ မူး႐ူးၿပီးေအာ္ဟစ္ေနေသာ အရက္သမားကို မာန္မဲ ၿပီး ေငါက္ငမ္းလိုက္မွ ၿငိမ္သြားေလေတာ့သည္ ။
ေမ်ာက္ရႈံး႐ြာပရိတ္သတ္မ်ားဘက္မွာလည္း အားက်မခံ ေအာ္ဟစ္အားေပးေနေလသည္ ။
“ေမ်ာက္ရႈံးသားကြ လ်င္ျမန္ေပါ့ပါး သြက္လက္ ရာမွာ ေမ်ာက္ေတာင္ ရႈံးလို႔ ေမ်ာက္ရႈံးသားလို႔ေခၚတာ ”
“ေဟ့ စံပ ဟုတ္လို႔လား ”
ေဘးမွ ရွိေသာ လူႀကီးတေယာက္မွ တိုးတိုး ႏွင့္ ေမးရာ ေအာ္ဟစ္အားေပးေနသူသည္
“ဟာ ဘႀကီးကလည္း က်ဳပ္လည္း ပါးစပ္ ထဲ ရွိရေျပာတာပဲဗ်ာ ”
“ေအးေအး ေကာင္းပါတယ္ ကြာ ”
စံပဆိုေသာ လူ႐ြယ္သည္ လည္း ဆက္လက္ေအာ္ဟစ္ အားေပးေနေလသည္
ေမာင္ဘိုးထင္တို႔သည္ ေရအိုးမ်ားကို ႐ြက္လာေသာ မိန္းမပ်ိဳေလးတို႔၏ ေနာက္တြင္ သံပုရာသီးစိတ္မ်ားထည့္ထားေသာ ပန္းကန္ေလးမ်ားကိုင္ၿပီ လိုက္လာရင္း ေဘာလုံး သမားမ်ားအနား ေရာက္လာေလသည္ ၊ မိန္းကေလးမ်ားသည္ ေဘာလံုးကန္ၿပီး ေဘာလုံးသမားမ်ား ေသာက္သုံးရန္ ေရအိုးမ်ားကို ခ်ေပးၿပီး ပရိတ္သတ္မ်ားဘက္ သြားလိုက္ၾကသည္ ၊ ရာႀကီးသည္လည္းသူ၏ ေဘာလုံး သမားမ်ားအား သင္ျပေျပာဆိုေနေလသည္
“သာရ နဲ႔ ၾကည္ေအးက တေယာက္ကို တေယာက္ ေပးကစား ”
“ေတာက္ မေက်နပ္ဘူးဗ်ာ ”
ေတာက္ေခါက္ၿပီး မေက်နပ္ ေျပာသူမွာ အရံကစားသမား ျမင့္ေဆြ ျဖစ္ေပသည္ ျမင့္ေဆြသည္၊ ေစာင့္ေၾကာင့္ ထိုင္ၿပီး မေက်နပ္ေၾကာင္း ေျပာေနေလရာ ရာႀကီးမွ
“မင္းက ဘာကို မေက်နပ္တာလဲ”
“ဒီအခ်ိန္မွာ သာရ ျဖစ္ျဖစ္ ၾကည္ေအးျဖစ္ျဖစ္ က်ိဳးသင့္ေနၿပီ”
“ဘာ မင္းက ကို႔ကစားသမားကို နာေစခ်င္ေနတာလား ”
“သူတို႔ မက်ိဳးေတာ့ က်ဳပ္မကန္ရဘူးဗ်ာ က်န္တဲ့ အရံေတြ အကုန္ကန္ရတယ္ က်ဳပ္ ေဘာလုံးကို ေတာင္ ေကာင္းေကာင္း မထိရေသးဘူး ေဘာလုံးက အလုံးႀကီးလား အျပားႀကီးလားေတာင္ ေမးရမလို ျဖစ္ေနၿပီ ”
“ဒိုင္းရရင္ တူတူရမွာကို ”
“က်ဳပ္က ေဘာလုံးကန္ခ်င္တာ ဗ် မကန္ရရင္ ဒီထဲကို က်ဳပ္ႏြားေတြ လႊတ္မွာေနာ္ ”
ျမင့္ေဆြ ၏ စကားေၾကာင့္ အားလုံး ထိတ္ထိတ္ ျပာျပာ ျဖစ္သြားၾကရသည္ ၊ျမင့္ေဆြသည္က ႏြားအုပ္ အေတာ္အမ်ား ပိုင္ဆိုင္သူျဖစ္သည္ ၿပီးေတာ့ လူကလည္း ဇြတ္တ႐ြတ္မို႔ ေျပာလို႔ရသည္ မဟုတ္ တကယ္လုပ္ႏိုင္သည္ဟု ရာႀကီးေတြးေနစဥ္ ျမင့္ေဆြ ရဲ႕ အသံက ေပၚလာျပန္သည္
“က်ဳပ္ကို ထည့္ကန္ခိုင္း ရင္ ကန္ခိုင္း မကန္ရလို႔ကေတာ့ ေဟာ့ဟိုမွာ ေတြ႕လား က်ဳပ္ေကာင္ေတြ ”
ျမင့္ေဆြသည္ သူတို႔ ႏွင့္ မလွမ္း မကမ္းမွ ေကာင္ေလး မ်ားကို လက္ညႇိဳးထိုးၿပီး စကားဆိုလိုက္သည္ ေကာင္ေလးမ်ားသည္လည္း လက္လွမ္း ျပေနေလရာ ျမင့္ေဆြသည္ လက္ကာ ျပလိုက္ၿပီး
“ေတြ႕လား လႊတ္ရေတာ့ မလားလို႔ ေျပာေနတာ ”
“ဟ မလုပ္ပါနဲ႔ကြာ သာရ မင္းထြက္ ျမင့္ေဆြ မင္းဝင္ ”
နည္းျပအား အၾကပ္ကိုင္ထားေသာ ျမင္ေဆြသည္ ပြဲထြက္ ကစားသမား အျဖစ္ စတင္ကစားရေတာ့မည္ျဖစ္သည္ ၊
“ျမင့္ေဆြ မင္းက ေဘာလုံးကို ရရင္ ၾကည္ေအးကိုေပး ”
“ဟ ဘာလို႔ေပးရမွာလည္း က်ဳပ္တိုင္း က်ဳပ္ကန္မွာေပါ့ဗ်”
“ေတာက္ ဒီေကာင္နဲ႔ေတာ့ ခက္ၿပီကြာ ”
ရာႀကီးသည္ ေခါင္းကို ကုတ္ကာ ျမင့္ေဆြကို မေျပာေတာ့ပဲ မင္းေနာက္ဘက္လွည့္ကာ
“မင္းေနာင္ မင္းက အလယ္တန္း ၾကည္ေအးကို ေဘာလုံးထိုးေပး ”
“ကိုရာႀကီး ၾကည္ေအးၾကည့္ေပးခိုင္း မေနနဲ႔ ျမင့္ေဆြလည္း ပါတယ္ ျမင့္ေဆြကိုလည္း ေပးခိုင္းဦး”
“ေတာက္ ဒီျမင့္ေဆြကေတာ့ကြာ ခြီးတယ္မွပဲ အေရးႀကီးတဲ့ ပြဲပါဆိုမွာ ဒီေကာင္က ငါတို႔ကို ၿခိမ္းေျခာက္ၿပီး ဒုကၡ ေပးေနရတယ္လို႔ကြာ ငါမွားတာ ဒီေကာင္ကို အရင္ ပြဲေတြတည္းက နည္းနည္း ထည့္ကန္ေပးရမွာ ”
ေဘာလုံးနည္းျပ ပါေလရာ ရာႀကီးသည္ ေခါင္းကို ကုတ္ၿပီး ကန္ခ်င္ သလို ကန္ဟုသာေျပာလိုက္ၿပီး သူ၏ အသင္းသားမ်ားကို ကြင္းထဲသို႔ ဝင္ခိုင္းလိုက္ၾကပါေလေတာ့သည္ ။
▪️အခန္း-၉
ေဘာလုံးၿပိဳင္ပြဲက အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေနၾကသည္ ၊ ေမ်ာက္ရႈံး ႐ြာဘက္သို႔ ေဘာလုံးကန္လိုက္တိုင္း ဂိုးအနားမေရာက္ လြဲ၍သာ သြားရသည္ ျမင့္ေဆြမွ တေယာက္တည္း ေဘာလုံးသယ္လာက ဂိုးသမား ႏွင့္ တေယာက္ခ်င္းေတြ႕သညည့္တိုင္ ဂိုးမသြင္းႏိုင္ လဲက်ေနေလသည္ ၊ ျမင့္ေဆြသည္ အံ့ၾသေနကာ ၾကည္ေအးကို ၾကည့္ၿပီး
“ၾကည္ေအး ငါ့ကို တေယာက္ေယာက္က ေျခေထာက္ထိုးခံ လိုက္သလိုပဲ ကြ”
“ညံ့ရင္ ညံ့တယ္ ေပါ့ကြာ ”
ၾကည္ေအးသည္လည္း ျမင့္ေဆြ နည္းတူ ဂိုးသမား ႏွင့္ တေယာက္ ခ်င္းအေတြ႕မွာ ဟန္ခ်က္ပ်က္ လဲက်သြားေလရာ ၾကည္ေအးသည္ ဒိုင္လူႀကီးအား
“ဒိုင္လူးႀကီး ေမ်ာက္ရႈံးသားေတြ မေကာင္းတဲ့ ပညာနဲ႔ တိုက္ထားတာ ထင္တယ္ ဗ် ”
“အဲ့တာ ေတြ အယုံအၾကည္မရွိဘူး ဆက္ကန္ ”
ၾကည္ေအး ဘာစကားမွ မေျပာသာေတာ့ ေမ်ာက္ရႈံးသားမ်ားရဲ႕ ဂိုးကန္သြင္းမႈ႕ကို ငါးရွဥ့္ ဖမမ္းသမား ကိုျပဴးေက်ာ္ မွာ အေကာင္းဆုံး လက္စြမ္း ႏွင့္ ကာကြယ္ ေနလို႔သာ ေပပင္အသင္း ဂိုးမေပးရခ်င္းေပ ၊ ဤသို႔ ႏွင့္ ေမ်ာက္ရႈံးေနာက္ခံလူသည္ ေပပင္ အသင္းမွ ၾကည္ေအးအား ျပစ္ဒဏ္ က်ဴးလြန္ရာ ပင္နယ္တီ ကို ေပပင္အသင္းရေလသည္ ထိုေဘာလုံးကို ၾကည္ေအးမွ ကန္သြင္း မည္ျဖစ္သည္ ၊ၾကည္ေအးသည္ ေဘာလံုးကို ေသခ်ာတည္ၿပီး ကန္သြင္းလိုက္ရာ ဂိုးေပါက္ထဲ ဝင္လုမွာ ေဝ့ဝဲ ၿပီး ဂိုလြဲ သြား၍ အားလုံးေၾကာင္ေငး ေနရာ မွ ေပပင္ ပရိတ္သတ္မ်ားသည္ ေဒါသ တႀကီး ေအာ္ဟစ္ကာ ႐ုတ္႐ုတ္ သဲသဲ ျဖစ္ကုန္ၾကေတာ့သည္ ၊
“ေမ်ာက္ရႈံးသားေတြ မေကာင္းတဲ့ ပညာေတြ နဲ႔ လုပ္ထားတယ္ ဒီေကာင္ေတြ လူညစ္ေတြ ႐ိုက္ၾကကြာ ‘
ေပပင္႐ြာသားမ်ားနည္းတူ ေမ်ာက္ရႈံး႐ြာသားမ်ားသည္လည္း
“ေပပင္ သားေတြလည္း ေအာက္လမ္း နဲ႔ တိုက္ထားတယ္ ငါတို႔ ထိရင္ ျပန္ခ်မယ္ တ႐ြာလုံး လည္း မကေၾကာက္ ဘူး ေမ်ာက္ရႈံးသားေတြ ေသြးဘယ္ေလာက္ ရဲ တယ္ဆိုတာ သိေစရမယ္ ”
ႏွစ္ဖက္ပရိတ္သတ္မ်ားသည္ ကြင္း ထဲ ဝင္လာၿပီး ရန္ျဖစ္ရန္ တာဆူေနၾကသည္ ၊ ထိုအခါ ဆယ္ ႏွစ္႐ြာ ႐ြာလူႀကီးမ်ား ႏွင့္ ရပ္မိရပ္ဖမ်ားမွ ဝိုင္းဝန္းတားထားရသည္ ၊ ေမ်ာက္ရႈံးသားမ်ားက စၿပီး စကားဆိုလာသည္
“မင္းတို႔ ႐ြာက ေကာင္ေလးေတြ ဂိုးတိုင္ နားကို ေအာက္လမ္း အစီအရင္ေတြ အရင္ ျမႇဳပ္တာ ကြ ငါတို႔က မင္းတို႔႐ြာကို မယုံလို႔ လိုက္ေရွာင္းေနတာ အဲ့တာေၾကာင့္ ငါတို႔ လည္း အစီအရင္ ျပန္လုပ္တာ ဘာျဖစ္လဲ ”
“ဘယ္ေကာင္ ေတြ ျမႇဳပ္တာ လဲ ေျပာစမ္း တို႔႐ြာက ”
“ဘယ္ေကာင္ ရွိရမွာ လည္း မင္းတို႔ ႐ြာက ဘိုးထင္ဆိုတဲ့ ေကာင္ေလး ေနမွာ ေပါ့ ”
“မဟုတ္ရင္ မင္းတို႔ ႐ြာသားေတြကို ေတြ႕မယ္ ဘိုးထင္ တို႔ကို သြာေခၚစမ္း ”
မၾကာေသာ အခ်ိန္တြင္ ေမာင္ဘိုးထင္တို႔ ကုပ္ကုပ္ ကုပ္ကုပ္ ႏွင့္ ေရာက္လာၾကေလသည္ ၊ ထိုအခါ ေပပင္႐ြာသားမ်ားမွ စတင္ေမးေလသည္
“ဘိုးထင္ မင္းေအာက္လမး္ အစီအရင္ေတြ ဂိုးတိုင္နား ျမႇဳပ္ထားတယ္ဆို ”
“မဟုတ္ပါဘူး”
ေမာင္ဘိုးထင္မွ ျငင္းေသာအခါ ေမ်ာက္ရႈံး႐ြာသား ႏွစ္ေယာက္မွ
“ေဟ့ေကာင္ေလး မင္းတို႔ ဂိုးတိုင္ နားကို အစီအရင္ေတြ ျမႇဳပ္တာ ငါတို႔ သိတယ္ ျငင္းမေနနဲ႔ ”
“ျမႇဳပ္တာေတာ့ ဟုတ္ပါတယ္ဗ်ာ ေအာက္လမ္း အစီအရင္ မဟုတ္ပါဘူး ”
“မင္း မလိမ့္ နဲ႔ ”
“လိမ္တာ မဟုတ္ပါဘူးဗ်ာ ”
“ေဟ့ေကာင္ ေတြ ငါတို႔ ဘိုးထင္က မလိမ္ဘူးကြ ”
“အဲ့တာဆိုလည္း မင္းတို႔ အစီအရင္ေကာ ငါတို႔ အစီရင္ ေကာ ေဖာ္ၾကမယ္ ”
“ေအ ၿပီးတာ ပဲ ”
ေပပင္ ႐ြာသားမ်ား ႏွင့္ ေမ်ာက္ရႈံး ႐ြာသားမ်ားသည္ ေမာင္ဘိုးထင္တို႔ ကို ေခၚကာ သူတို႔ ျမႇဳပ္ထားေသာ ဂိုးတိုင္းနားကိုျပခိုက္းလိုက္ၾကၿပီး တူးေဖာ္ လိုက္ၾကပါေလေတာ့သည္။
▪️အခန္း-၁၀
ေပပင္႐ြာသားမ်ား ႏွင့္ ေမ်ာက္ရႈံး႐ြာသားမ်ားသည္ ေမာင္ဘိုးထင္တို႔ ျမႇဳပ္ထားေသာအထုပ္ေလးအား တူးေဖာ္ရရွိရာ ေမ်ာက္ရႈံးသားမ်ားမွ ေတြၿပီးလား ဟုေသာအၾကည့္ျဖစ္ ၾကည့္ၿပီးစကားဆိုေလသည္
“ေတြ႕ၿပီလား မင္းတို႔႐ြာက ေကာင္ေလးေတြ အရင္ အစီအရင္ လုပ္တယ္ ဆိုတာ ”
ေပပင္သားမ်ားသည္ မည္သည္စကားမွ မေျပာႏိုင္ ေမာင္ဘိုးထင္တို႔ကို သာ စူးဆိုက္ၾကည့္ေနေလသည္ ထိုအခါ သာေအးသည္ သူတို႔အား ေငးၾကည့္ေနေသာ ႐ြာလူႀကီးအား
“ဘႀကီး အရင္ အထုပ္ကို ျဖည္ၾကည့္ပါဦး”
“မင္းတို႔ တို႔႐ြာကို အိုးမဲ သုတ္တယ္ ”
“ဟ ဘႀကီးကလည္း ျဖည္ၾကည့္ပါဦးဗ်ာ ”
ထိုအခါ ႐ြာလူႀကီးသည္ လူအမ်ား၏ ေရွ႕တြင္ ေမာင္ဘိုးထင္တို႔ ျမႇဳပ္ထားေသာ အထုပ္ကို ျဖည္ၾကည့္လိုက္ရာ
ပုဝါေလး တထည္ ျဖစ္ေနေလသည္ ပုဝါထဲတြင္ေတာ့ စာေလး တေစာင္ပါၿပီး စာထဲတြင္ေတာ့
“ကိုသာရ သိမ့္ကို ဂ႐ုစိုက္တဲ့ အတြက္ ေက်းဇူးတင္ပါတယ္ ေနာင္ႏွစ္ သိမ္ ျပဇတ္လာက ရင္ ကိုသာရက ျပဇတ္မင္းသာ လုပ္ပါေနာ္ အခုေတာ့ ႏုတ္ဆက္ခဲ့ပါတယ္ ကိုသာရ အတြက္ သိမ့္အရမ္းႀကိဳက္တဲ့ ပုဝါေလး လက္ေဆာင္ေပးခဲ့ပါတယ္ သိမ့္”
ထိုစာအားဖတ္ၿပီး ခ်ိန္တြင္ ဝိုင္းၾကည့္ေနေသာ လူမ်ားအားလုံး နားမလည္ ႏိုင္ ျဖစ္ေနေပသည္ သာရသည္က ေဘာလုံးကြင္းကို ေက်ာခိုင္းၿပီး ေျပးၿပီျဖစ္သည္ မေျပးခင္ ပါစပ္မွ ေမာင္ဘိုးထင္တို႔ကို ၾကည့္ကာ
“ေခြးေကာင္ေတြ ဘယ္သူမွ မသိေအာင္ ေသခ်ာ သိမ္းပါဆိုမွာ တ႐ြာလုံးေတာင္ မကဘူး ေမ်ာက္ရႈံး႐ြာသားေတြပါ သိကုန္ၿပီး ခြီးတယ္မွ ပဲ လွရင္ေလးကို ဘယ္လို ရွင္းျပရမွန္း မသိေတာ့ပါဘူးကြာ ေတာက္ ”
ေမာင္ဘိုးထင္သည္ ေပပင္သားမ်ား ႏွင့္ ေမ်ာက္ရႈံးသားမ်ားကို အက်ိဳး အေၾကာင္း ရွင္းျပေနေလသည္
“က်ဳပ္တို႔ကို ကိုသာရက သူကို ျပဇတ္မင္းသမီးေပးတဲ့ လက္ေဆာင္ကို ေသခ်ာသိမ္းခိုင္းထားတာ ဘယ္သူမွ မသိေစနဲ႔ တဲ့ ေျမျမႇဳပ္ထားေလေကာင္းေလဆိုလို႔ က်ဳပ္တို႔လည္း ေဘာလုံးကြင္း ဘက္ ႂကြက္လည္ရင္ ဂိုးတိုင္နားကို ျမႇဳပ္ထားလိုက္တာ ပါ ေနာင္ျပန္တူးရင္ရင္ မွတိမိလြယ္ေအာင္လို႔ပါ ”
“ေတာက္ ငါတို႔က မင္းတို႔ကို အစီအရင္ ျမႇဳပ္ထားတယ္ ထင္ၿပီး ငါတို႔လည္း ေအာက္လမ္း အစီအရင္ေတြ ျမႇဳပ္ထားတာကြာ ”
“အဲ့တာဆိုလည္း ခင္ဗ်ားတို႔ အစီအရင္ေတြ ဖယ္လိုက္ၾက က်ဳပ္တို႔ သန႔္သန္ရွင္းရွင္း ကစားမယ္ အခုခ်ိန္က စၿပီး တ႐ြာနဲ႔ တ႐ြာ အထင္ မလြဲၾကေတာ့နဲ႔ ေတာ့ဗ်ာ ”
“ေအးပါဗ်ာ ”
ဤသို႔ ႏွင့္ ေမ်ာက္ရႈံး႐ြာသား ႏွစ္ေယာက္သည္ သူတို႔ ျမႇဳပ္ထားေသာ အစီအရင္မ်ားကို ဖယ္ရွားလိုက္ၿပီး ေဘာလံုးပြဲကို ဆက္ၿပီး ကစားေနၾကပါေလေတာ့ သည္ ။
▪️အခန္း-၁၁
႐ြာအုပ္စုဒိုင္း ဗိုလ္လုပြဲ ႀကီးက ၿပီးဆုံးသြားၿပီျဖစ္သည္ ၊ ဒိုင္းကိုေတာ့ ေပပင္႐ြာမွ ရရွိသြားၿပီ ျဖစ္သည္ ၊ ေမ်ာက္ရႈံး႐ြာသားမ်ားသည္ သူတို႔အရႈံးကို ေက်နပ္စြာ လက္ခံကာ ျပန္သြားၾကၿပီျဖစ္သည္ ၊ ေမာင္ဘိုးထင္တို႔သည္လည္း ေဘာလုံးသမားမ်ားႏွင့္ အတူ ေပ်ာ္ျမဴးေနၾကေလသည္ ၊ ဒီပြဲ တြင္ အေကာင္းဆုံးကစားသမား မွာ ကိုၾကည္ေအးျဖစ္သည္ ၊ ေမာင္ဘိုးထင္သည္ ဒိုင္းဆု ႀကီးကို ကိုင္ၿပီး ေပ်ာ္႐ႊင္ေနေသာ ကိုၾကည္ေအးကိုၾကည့္ကာ ရင္ထဲ လႈိက္တက္ၿပီး ဝမ္းနည္းလာေလသည္ ၊ သူ၏ စိတ္ထဲ မည္သို႔ ျဖစ္မွန္းမသိ ကိုၾကည္ေအးကို ၾကည့္သည္ အခါတိုင္း ဝမ္းနည္ပူးေဆြေသာ စိတ္ ျဖစ္ေပၚေနရာ ကိုၾကည္ေအးအနားကိုသြားကာ
“ကိုႀကီး ၾကည္ေအး ”
“ေအး ဘိုးထင္ ”
“က်ဳပ္ ကိုႀကီးၾကည္ေအးကို ျမင္ရင္ ဝမ္းနည္းေနတယ္ ဗ်ာ ဘာျဖစ္တာ လဲ မသိဘူး ”
“မင္းတို႔ ငါ့ကို ေနာက္ဆုံး ေတြ႕ရေတာ့မွာမို႔ ဝမ္းနည္းေနတာ ေနမွာေပါ့ကြာ ဟားးးဟားး ”
ကိုၾကည္ေအးသည္ သူ၏ စကားကို သူသေဘာက်ကာ ရယ္ေမာေနေပမဲ့ ေမာင္ဘိုးထင္တေယာင္ ဒိုင္းဆု ရသည္ကို မေပ်ာ္ႏိုင္ ကိုၾက ည္ေအးကို ၾကည့္၍သာ ဝမ္းနည္းေနရပါေလေတာ့သည္။
▪️ေအာက္လမ္းဘိုးထင္ ႏွင့္ ေဘာလုံးၿပိဳင္ပြဲ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ ကိုၾကည္ေအး ဟု အမည္ရေသာ ဝတၳဳဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။
📝ေမာင္တင္ဆန္း
#mgtinsan