Unicode Version
” အောင်မြတ်သာနှင့်ငါ့အရိုးပြန်ပေး “(စ/ဆုံး)
——————————————————
ဇေယန(ရာမည)
ကျေးငှက်သာရကာတွေရဲ့ ချိုသာလှတဲ့အော်မြည်သံကလွဲပြီးမဟာမြိုင်တောတစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ အလွန်မွှေးပျံ့တဲ့ပန်းပေါင်းရနံ့တွေထုံသင်းနေတဲ့ ပန်းပင်တွေပတ်ပတ်လည်ပေါက်နေတဲ့
ကျောင်းသင်္ခန်းအတွင်းမှာတော့ ဖန်ရည်ဆိုးသင်္ကန်းဝတ်ထားတဲ့ရဟန်းတော်လေးပါးအပြင် အခြားလူပုဂ္ဂိုလ်ဆယ်ဦးနီးပါးခန့် ရှိနေခဲ့ကြတယ်။
အပြင်ကနေကြည့်ရင် ဆယ်ပေသာသာခန့်သာရှိတယ်ထင်ရပေမယ့် အတွင်းမှာတော့ ခန်းမတစ်ခုစာလောက်ကြီးမားနေတဲ့အတွက် သာမန်လူတစ်ယောက်သာမြင်မယ်ဆိုရင် ကိုယ့်မျက်လုံးကိုယ်ယုံနိုင်ဖွယ်ရှိမယ်မထင်။
“ အခုလိုဂိုဏ်းစုံညီအစည်းအဝေးကိုတက်ရောက် လာကြတဲ့သူတွေအားလုံးကို လုပ်ဆောင်ရမယ့်တာဝန်တွေပြောပြီးပြီဖြစ်လို့ မိမိတို့နေထိုင်ရာအရပ်ဆီကို ပြန်လို့ရပါပြီ”
အောင်မြင်လှတဲ့အသံနဲ့မိန့်လိုက်တာကြောင့် ထိုင်နေကြတဲ့သူတွေအားလုံး ဖျောက်ခနဲ ဖျောက်ခနဲ ပျောက်ကွယ်သွားခဲ့ကြတယ်။
“ အောင်မြတ်သာရှိနေသေးလား”
“ ရှိပါတယ်ဘုရား”
“ လူလေးကတော့ ဒီအရပ်မှာအချိန်တစ်ခုထိနေဖို့ ဘဘုန်းမေတ္တာရပ်ခံချင်တယ်”
“ တင်ပါဘုရား… တပည့်တော်ကို အခုလိုနေဖို့ပြောတယ်ဆိုထဲက အကြောင်းတစ်ခုခုများရှိနေမယ်ထင်ပါတယ်”
“ ဟုတ်တယ် လူလေး… အခုမြို့ရွာမှာကျန်ခဲ့တဲ့ ဒကာလေးနှစ်ယောက်နဲ့ပတ်သတ်ပြီး ပြောချင်တာတွေရှိတယ်”
“ တင်ပါဘုရား… မိန့်တော်မူပါဘုရား”
“ ဒီလူငယ်လေးနှစ်ယောက်က ပညာပါရမီအခံလဲရှိကြသလို၊ တစ်ဦးပေါ်တစ်ဦးလဲ အနွံတာခံ အနစ်နာခံပြီးချစ်ခင်ကြတဲ့စိတ်ကို တွေ့ရတယ်၊ ဒါကြောင့် လူလေးသာ သူတို့အနားမှာရှိမယ်ဆိုရင် နဂိုရှိနေတဲ့ပညာတွေက ပြာဖုံးနေတဲ့မီးခဲတွေလိုဖြစ်နေလိမ့်မယ်၊ ဘဘုန်းပြောတာ သဘောပေါက်လား”
“ တင်ပါဘုရား… တပည့်တော် နားလည်သဘောပေါက်ပါတယ်”
“ အိမ်း… ဒါဖြင့်လဲ ရောက်တုန်းရောက်ခိုက် စမ်းချောင်းဘေးကို သွားလိုက်ပါဦး”
“ တင်ပါဘုရား… တပည့်တော်ကိုခွင့်ပြုပေးပါဦး”
အောင်မြတ်သာလဲ ဂိုဏ်းရဲ့အဓိပဓိဆရာတော်ကို ရိုသေစွာကန်တော့လိုက်ပြီး မြက်ခင်းစိမ်းတွေရှိရာ စမ်းချောင်းဘက်ကိုထွက်လာခဲ့လိုက်တယ်။
+++++
အဖုအထစ်မရှိ ပြေပြစ်ချောမွေ့နေတဲ့ မြေပြင်ရဲ့အပေါ်မှာပေါက်နေတဲ့ မြက်ချိုနုတွေကို စားနေကြတဲ့ တောကောင်ငယ်လေးတွေက သူတို့အနားကနေဖြတ်သွားတဲ့အောင်မြတ်သာကို ခေါင်းလေးထောင်ကြည့်လိုက်ပြီး အနားကိုလာကာ ခြေထောက်ကို ခေါင်းနဲ့တိုးဝှေ့ကျီစယ်နေခဲ့ကြတယ်။
“ မင်းတို့က ငါ့ကိုကြိုဆိုကြတယ်ပေါ့လေ… အရမ်းလိမ်မာတဲ့ကောင်တွေပါလား”
အောင်မြတ်သာက ဒူးညွတ်ထိုင်လိုက်ပြီး ဆွတ်ဆွတ်ဖြူနေတဲ့ ယုန်ဖိုမတစ်စုံကို လက်နဲ့ပွတ်သပ်နေလိုက်တယ်။
“ ကဲကဲ… ငါလဲသွားစရာရှိသေးတာမို့.. မင်းတို့ကိုအချိန်မပေးနိုင်သေးဘူး၊ သွားကြသွားကြ”
ယုန်ဖိုမတစ်စုံလဲ လူစကားနားလည်တဲ့အလား ခုန်ဆွခုန်ဆွနဲ့ မြက်နုတွေပေါများတဲ့ဘက်ကို ထွက်သွားခဲ့ကြတယ်။ အောင်မြတ်သာလဲ မြက်ခင်းပြင်ကနေဖြတ်လျောက်လာခဲ့ရာ ကြည်လင်နေတဲ့ရေတွေစီးဆင်းနေတဲ့ စမ်းချောင်းနံဘေးကိုရောက်လာခဲ့တယ်။ ချောင်းရိုးဘေးမှာတော့ လူတစ်ကိုယ်စာအုပ်မိုးလို့ရတဲ့ ပိန်းပင်တွေအလေ့ကျပေါက်နေပြီး ထီးနှစ်လက်စာလောက်ကြီးမားတဲ့ ပိန်းရွက်နှစ်ရွက်အောက်မှာတော့ ငြိမ်သက်စွာ တရားထိုင်နေတဲ့လူနှစ်ယောက်။
အောင်မြတ်သာက တရားထိုင်နေတဲ့သူနှစ်ယောက်ကိုကြည့်ပြီးနှစ်လိုဖွယ်ပြုံးလိုက်တဲ့အချိန် အေးမြလှတဲ့လေက နားသယ်စပ်မှာဝေ့ဝဲကျနေတဲ့ ဆံပင်တွေကို ဖြတ်သန်းတိုက်ခတ်သွားခဲ့တယ်။
သဘာဝဆန်စွာသာယာလှပနေတဲ့ မဟာမြိုင်တောအတွင်းမှာတော့ မကြာမီအချိန်အတွင်း ရှေးဟောင်းနှောင်းဖြစ်စကားပြောသံ၊ ရယ်မောသံတွေထွက်ပေါ်လာပါတော့တယ်။
++++++++
(ညသန်းခေါင်အချိန်)
သူဌေးကုန်းတစ်ရွာလုံးငြိမ်သက်နေပေမယ့်
ပလိုင်းတစ်လုံး၊ မိန်းတစ်ချောင်းကို ကိုင်ထားတဲ့လူနှစ်ယောက်ကတော့
လယ်ကွင်းတွေရှိတဲ့ဘက်ကိုခပ်သုတ်သုတ် လမ်းလျောက်လာခဲ့တယ်။
“ ဖိုးထောင်က ကြွက်ဘယ်လောက်ယူမယ်ပြောလို့လဲ”
“ ရသလောက်ယူမယ်လို့ပြောတယ်၊ ဈေးကောင်းလဲပေးမှာတဲ့”
“ ဒီညတော့ မင်းနဲ့ငါ ကြွက်သတ်မုဆိုးဖြစ်ပြီပေါ့ကွာ၊ ဟဲဟဲ”
“ ဒီလိုနေ့မျိုးဆို ဂုတ်တိုကိုသတိရတယ်ကွ၊ သူသာရှိရင် တစ်ညကို ငါးပိဿာလောက်ကအသာလေးပဲ”
“ မရှိတာကို မတောင့်တနေတဲ့၊ အခုလောလောဆယ် ဒေါ်ဖွားမယ်လယ်ဘက်ကိုသွားရအောင်”
ကြွက်မုဆိုးနှစ်ယောက်လဲ ကန်သင်းရိုးပေါ်ကနေဖြတ်ပြီး ဒေါ်ဖွားမယ်လယ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ လယ်ကွင်းအစပ်အရောက်မှာတင် ဥဒဟိုဖြတ်ပြေးနေကြတဲ့ ဆူဖြိုးဖြိုးလယ်ကြွက်အကောင်ကြီးတွေကို မြင်လိုက်ရတာကြောင့် အားတက်သွားခဲ့ကြတယ်။
ညနှစ်နာရီခန့်အရောက်မှာတော့ ပလိုင်းထဲမှာ ကြွက်တွေပြည့်သလောက်ဖြစ်နေပြီမို့ နှစ်ယောက်သား သီချင်းလေးတစ်ကြော်ကြော်နဲ့ ရွာဘက်ကိုပြန်ထွက်လာတဲ့အချိန် ဦးအုန်းဖေပိုင်တဲ့လယ်ကွင်းထဲမှာ လူတစ်ယောက် ကုန်းကုန်းကွကွလုပ်နေတာကို မြင်လိုက်ရတယ်။
“ အော်ကြီး… ဟိုလူကိုကြည့်စမ်း.. အမှောင်ထဲဘာလိုက်စမ်းနေလဲမသိဘူး”
“ ငါတို့လိုပဲ ကြွက်လိုက်နေတာဖြစ်မှာပေါ့”
“ ဟာ.. ကြွက်လိုက်တယ်ဆိုရင် ဓါတ်မီးတော့ပါရမယ်လေ၊ အခုက တစ်ခုခုပျောက်လို့လိုက်ရှာနေသလိုပဲ၊ လာကွာ သွားမေးရအောင်”
စန်းလွင်က ခြေလှမ်းကျဲကြီးတွေနဲ့ ကန်သင်းရိုးပေါ်ကနေလျောက်သွားပြီး
“ ဟေ့လူ… ညကြီးအချိန်မတော် ဘာလိုက်ရှာနေတာလဲ”
“ ဟင်းဟင်းဟင်း…”
မေးတာကိုပြန်မဖြေပဲ ငှက်ဖျားတက်သလိုညီးနေတာကြောင့် စန်းလွင်က လေသံနည်းနည်းမြှင့်လိုက်ပြီး
“ ဟေ့လူ မေးတာဖြေလေဗျာ… ကျုပ်တို့ကူညီနိုင်ရင် ကူပေးမလို့မေးတာဗျ”
“ မင်း မင်းတို့ တကယ်ရှာပေးမှာလား”
ခြောက်ကပ်ကပ်အက်ကွဲကွဲထွက်ပေါ်လာတဲ့အသံကြောင့် စန်းလွင်က အော်ကြီးကိုကြည့်လိုက်ပြီး
“ ရှာပေးမယ်ဗျာ… ပြော ဘာပျောက်သွားတာလဲ”
“ ငါ့ ငါ့ အရိုးတွေ ငါ့အရိုးတွေ ပြန်ရှာပေးပါလား ဟီးဟီးဟီး”
အရိုးငေါငေါထွက်နေတဲ့မျက်နှာ၊ ချိုင့်ဝင်နေတဲ့မျက်လုံး၊ အရိုးပေါ်အရေတင်အသားအရည်နဲ့လူက သူ့ရဲ့ပိန်ကပ်ကပ်လက်တစ်ဖက်ကို ဆန့်ထုတ်ပြီးပြောလိုက်ရာ စန်းလွင်နဲ့အော်ကြီးတို့နှစ်ယောက် ငယ်သံပါအောင် အော်ပြီး ရွာဘက်ကို ပြေးကြပါလေရော။
“ ဟေ့… ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”
ရွာထိပ်မှာနေတဲ့ ဦးဖိုးမှန်က ကြောက်လန့်တကြားအော်ဟစ်လာတဲ့အသံကြောင့် အိမ်အောက်ကိုဆင်းကြည့်လိုက်ရာ ပုဆိုးကို ကွင်းသိုင်းပြီး အူယားဖားယားပြေးလာတဲ့ စန်းလွင်ကိုမြင်လိုက်ရတယ်။
“ ဟေ့ကောင် စန်းလွင်… စန်းလွင် ဘာဖြစ်တာလဲ”
“ သရဲ … သရဲခြောက်လို့ ဟောဟဲ ဟောဟဲ”
ရင်ဘတ်ကိုလက်နဲ့ဖိပြီး အသက်ကိုမနည်းရှုနေရတဲ့ စန်းလွင်က အနောက်ကိုလှည့်ကြည့်လိုက်ရာ
“ အော် အော် အော်ကြီးရော.. အော်ကြီး ဘယ်ရောက်သွားတာလဲ”
“ အော်ကြီးမှမပါလာတာ… မင်းတစ်ယောက်ထဲ ပြေးလာတာလေ”
“ မဟုတ်ဘူး… သူ ကျွန်တော်အနောက်က ပြေးလာတာ၊ ဘယ်မှာကျန်ခဲ့လဲမသိပါဘူး”
ခဏနေတော့ ရွာကလူတွေရောက်လာပြီး အနောက်မှာကျန်ခဲ့တဲ့ အော်ကြီးကို လိုက်ရှာခဲ့ကြရာ ကန်သင်းရိုးဘေးမှာ မျက်လုံးကြီးပြူးပြီး သတိလစ်နေတာကိုတွေ့လိုက်ရတယ်။
+++++++
“ ဂျုံး ဂျုံး ဖွတ် ဖွတ် ဖွတ် ဖွတ်”
ဖုန်တထောင်းထောင်းထအောင်မောင်းနှင်လာတဲ့ ဟိုင်းလက်ကားက သူဌေးကုန်းရွာအဝင်ဂိတ် အရောက်မှာတော့ အားအင်ကုန်ခမ်းသွားတဲ့သဖွယ် ထိုးရပ်သွားခဲ့တယ်။
“ ဟေ့လူတွေ ဟေ့လူတွေ ရောက်ပြီဗျ… ရောက်ပြီ”
ကားစပါယ်ရာ ကိုစံပေါလှုပ်နှိုးလိုက်တာကြောင့် အိပ်ပျော်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ ကျီးကြည့်ကြောင်ကြည့်နဲ့ ကားပေါ်ကနေဆင်းလာခဲ့ကြတယ်။
“ ကားခပေးပြီးပြီနော်”
“ ဟုတ်ပါတယ်… ပေးပြီးပါပြီ”
“ ဒါနဲ့ ရွာမှာ ထမင်းဆိုင်ဘယ်နားရှိလဲဗျ”
“ ထမင်းဆိုင်က ရှေ့ဘယ်တစ်ချိုးဆိုရောက်ပြီ”
မောင်ကောင်းတို့လဲ ဆာလောင်နေတဲ့ ဗိုက်ကိုဖြည့်တင်းရန်ထမင်းဆိုင်ရှိတဲ့ဘက်ကို ထွက်လာခဲ့ရာ လမ်းတစ်ဝက်အရောက်မှာတော့ ယွန်းစံရဲ့ ဘကြီးဖြစ်သူနဲ့ဆုံပါလေရော။
“ ဆရာလေးတို့ပါလား… ဘယ်ကနေ ဘယ်လိုပြန်ရောက်လာကြတာလဲ”
“ ဒီကောင်လေ… သူဌေးကုန်းရွာပြန်သွားမယ်ပြောလို့”
ခွန်းလှက မောင်ကောင်းစကားကြောင့် မျက်နှာရဲခနဲဖြစ်သွားပြီး
“ မဟုတ်ဘူးလေ… ကျွန်တော်ပြောတာက…”
“ ဘယ်လိုဖြစ်ဖြစ်ဗျာ… ဆရာလေးတို့ရောက်လာတာ ကျုပ်တို့ရွာအဖို့ ကံကောင်းတာပဲ”
“ ဟင်… ဘယ်လိုကံကောင်းတာလဲ”
“ ဆရာလေးတို့ထွက်သွားပြီး နောက်နေ့ ရွာမှာထူးဆန်းတာတွေကြုံပါလေရော၊ အော်ကြီးဆိုတဲ့ ကြွက်လိုက်သမားတစ်ယောက်ဆို သရဲခြောက်ခံရပြီး နှစ်ရက်လောက်ဖျားသွားသေးတယ်၊ အခုလဲ ညဘက်တွေဆို အရိုးပေါ်အရည်တင်ရုပ်နဲ့ သရဲတစ်ကောင် ရွာစဉ်လှည့်ပြီးခြောက်နေလေရဲ့ဗျာ”
“ ရွာထဲမှာအရင်ကအဲလိုအဖြစ်တွေရှိခဲ့ဖူးလား”
“ မရှိပါဘူးဆရာလေးတို့ရယ်…အခုကြုံနေရတာက ပထမဆုံးပဲ”
“ နောက်တော့ ထူးခြားတာဘာရှိသေးလဲ”
“ ထူးခြားတာဆိုလို့ ရွာတော်ရှင်နန်းမှာ ကပ်ထားတဲ့ပန်းတွေ တစ်ညထဲနွမ်းသွားတာပဲ၊ ဘယ်လောက်ပဲလန်းတဲ့ပန်းဖြစ်ပစေ မိုးလင်တာနဲ့ နွမ်းပြီးညိုးကျသွားတာ၊ ကျုပ်တို့များအမှားလုပ်မိထားလားမသိပါဘူး”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ဦးကြီးပြောတဲ့စကားကိုနားထောင်ပြီး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါကြည့်လိုက်ကြတယ်။
++++
“ တကူးကူး…ကူ၊ တကူးတကူး…ကူ”
အိမ်နောက်ဘက် ကောက်ရိုးပုံဘက်ကနေ ထွက်ပေါ်လာတဲ့ ချိုးကူသံကြောင့် အိပ်ယာခင်းနေတဲ့ နှင်းမေတစ်ယောက် ပြာသလဲလဲဖြစ်သွားခဲ့တယ်။
“ အမေ… ဒီနေ့ဘယ်နှစ်ရက်နေ့လဲ”
“ လပြည့်ကျော်၁၂ရက်နေ့လေ.. ဘာဖြစ်လို့လဲ”
“ ဟင်… ကိုမောင်မြင့်နဲ့တွေ့ဖို့ပြောထားတာ ဒီနေ့ပဲ… ငါ ဘယ်လိုသတိမေ့နေရပါလိမ့်”
နှင်းမေက ကိုယ့်နားထင်ကို လက်နဲ့ထုပြီး
“ ဘာမှမဖြစ်ဘူးအမေ.. ဒီတိုင်းမေးလိုက်တာ”
“ အေးအေး… နင့်အဖေအတွက် အိပ်ယာပြင်ပြီးပြီလား”
“ ပြင်ပြီးပြီအမေ…”
“ နင်လဲစောစောအိပ်ဦး”
“ သမီး စာအုပ်ဖတ်ဦးမှာမို့ အမေတို့အရင်အိပ်လေ”
နှင်းမေလဲ ဝတ္တုစာအုပ်ကိုကောက်ယူပြီး ပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရာ ကောက်ရိုးပုံဘေးမှာ မတ်တပ်ရပ်နေတဲ့ ကိုမောင်မြင့်ကိုမြင်လိုက်ရတယ်။
တစ်အောင့်လောက်ကြာတော့ နှင်းမေတစ်ယောက် အိမ်နောက်ဘေးပေါက်ကနေအသာဆင်းကာ ကောက်ရိုးပုံဘေးကိုထွက်လာတဲ့အချိန် ခပ်တည်တည်မျက်နှာနဲ့ရပ်နေတဲ့ ကိုမောင်မြင့်ကို မြင်လိုက်ရတယ်။
“ အကို.. စိတ်ဆိုးနေတာလား၊ နှင်းမေ တကယ်မေ့သွားလို့ပါ စိတ်မဆိုးနဲ့နော်”
“ အင်းပါ… နောက်ဆိုမမေ့နဲ့ဦး”
“ စိတ်ချပါ… နောက်ဆို နှင်းမေ မမေ့တော့ပါဘူး”
ကိုမောင်မြင့်က နှင်းမေစကားကြောင့် စိတ်မဆိုးနိုင်တော့ပဲ တင်းရင်းနေတဲ့လက်မောင်းသားကို ဆွဲယူပြီး ရင်ခွင်ထဲထည့်ထားလိုက်တယ်။
“ အကို…”
“ ပြောလေ နှင်း…”
“ အကိုနဲ့ချစ်သူဖြစ်နေတာ အိမ်ကရိပ်မိနေပြီသိလား”
“ ဟုတ်လား… အိမ်ကဘာပြောသေးလဲ”
“ ဘာမှတော့မပြောပါဘူး..ဒါပေမယ့် နှင်းမေလဲအရွယ်ရောက်နေပြီဆိုတော့ မိသားဖသားပီပီလာတောင်းရမ်းတာမျိုးလိုချင်တဲ့သဘောမျိုးတော့ပြောတယ်”
“ ဒီဝါကျွတ်တာနဲ့ လူကြီးစုံရာခေါ်ပြီး လာမြန်းမယ်လေ”
“ အကို တကယ်ပြောတာလား”
“ တကယ်ပေါ့ နှင်းရဲ့..”
မောင်မြင့်က နှင်းမေရဲ့ပါးကိုနမ်းမလို့ ကပ်သွားတဲ့အချိန် ကောက်ရိုးပုံဘေးမှာ လူတစ်ယောက် ကျောပေးပြီးထိုင်နေတာမြင်လိုက်ရတယ်။
“ နှင်း … နှင်းမေ…”
“ ပြောလေ အကို…”
“ အနောက်မှာ အနောက်မှာထိုင်နေတာ ဘယ်သူကြီးလဲ”
မောင်မြင့်စကားကြောင့် နှင်းမေလှည့်ကြည့်လိုက်ရာ ဖုန်တွေသဲတွေပေကျံနေတဲ့အဝတ်ကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက် သူတို့ကိုမျက်လုံးပြူးပြီးကြည့်နေတာမြင်လိုက်ရတယ်။
နှင်းမေလဲ ရုတ်တရက်မို့ အသံတောင်မထွက်နိုင်ပဲ ကြောက်လန့်သွားသလို တစ်ကိုယ်လုံးမှာရှိတဲ့ အားအင်တွေကုန်ခန်းသွားသလို ပျော့ခွေသွားခဲ့တယ်။
“ နှင်းမေ… ပြေး ပြေး…”
မောင်မြင့်က နှင်းမေလက်ကိုဆွဲကာ ထပြေးတဲ့အချိန် အရိုးငေါငေါနဲ့လူက အနောက်ကနေ ပြေးလိုက်လာတာမြင်လိုက်ရတယ်။
+++++++++
“ သရဲဆိုတာသေချာလား”
ဦးသံချောင်းအသံက မာထန်နေသလို နှင်းမေကိုကြည့်တဲ့အကြည့်တွေက စူးရှနေခဲ့တယ်။
“ ဟုတ် ဟုတ်ပါတယ် ဦးလေး… နှင်းမေဘေးမှာ ရုတ်တရက်ကြီးပေါ်လာတာဗျာ”
“ ဟေ့ကောင် မောင်မြင့် မင်းကိုငါမမေးဘူး… ငါ့သမီးကိုငါမေးနေတာ”
“ နှင်းမေလဲ သရဲလို့ထင်တာပဲ”
“ နှင်းမေပြောတာဟုတ်မှာပါ ကိုသံချောင်းရယ်၊ စန်းလွင်တို့ အော်ကြီးတို့ကြုံခဲ့ရတဲ့သရဲကလဲ အခုလိုမျိုးပုံစံပဲလို့ပြောကြတယ်”
ဒေါ်ရင်မြစကားကြောင့် ဦးသံချောင်းက နှင်းမေကိုတစ်လှည့် မောင်မြင့်ကိုတစ်လှည့်ကြည့်နေတဲ့အချိန်
“ ကိုသံချောင်း…”
“ ကိုထွန်းသိန်းပါလား… ဘယ်ကနေဘယ်လိုရောက်လာကြတာလဲ၊ ဧည့်သည်တွေလဲပါလာတာကိုး”
“ ဟုတ်တယ်… ခုနက အိမ်မှာစကားပြောနေရင်း အော်သံကြားလို့ ဆရာလေးတို့ကိုပါခေါ်ပြီး လာခဲ့တာ”
“ ဒါက နွားဝှေ့ပွဲတုန်းက ကူညီပေးခဲ့ကြတဲ့ဆရာတွေမဟုတ်လား”
“ ဟုတ်တယ် ကိုသံချောင်း၊ ဒါနဲ့ ဘယ်လိုဖြစ်ကြတာလဲ”
“ ဘယ်လိုဖြစ်ရမလဲ… ဒီဟာမလေးပေါ့… လူကြီးတွေမသိအောင်ချိန်းတွေ့ရင်း သရဲခြောက်ခံရတာလေ”
ဦးသံချောင်းစကားကြောင့်နှင်းမေရော မောင်မြင့်ပါ ဇက်ကလေးပုသွားခဲ့ကြတယ်။
“ လူငယ်သဘာဝချိန်းတွေတာ အထူးဆန်းမှမဟုတ်တာကိုသံချောင်းရယ်၊ ထူးဆန်းတာက အဲဒီသရဲ.. ဟိုနေရာပေါ်လိုက် ဒီနေရာပေါ်လိုက်နဲ့ တစ်ရွာလုံး ကျီးလန့်စာစားဖြစ်နေပြီ”
“ ကျွန်တော်တစ်ခုလောက်ဝင်ပြောလို့ရမလား”
“ ရပါတယ်ဆရာလေး ပြောပါ”
“ ညနေက ကျွန်တော်တို့ ရွာတော်ရှင်နန်းကိုသွားကြည့်တော့ ရွာအတော်နာနေတာမြင်ခဲ့ရတယ်”
“ ရွာနာတယ်ဆိုတာက ဘာကိုဆိုလိုတာလဲဆရာလေး”
“ ဒီလိုဗျာ… ရွာတိုင်းရွာတိုင်းမှာ စောင့်ကြပ်ရတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်၊ အဲဒီပုဂ္ဂိုလ်မရှိတော့ဘူးဆိုရင် ရွာနယ်နိမိတ်ထဲကို ပတ်ဝန်းကျင်ကနာနာဘာဝတွေဝင်လာတတ်ကြတယ်၊ ဒါကိုအရပ်စကားအရ ရွာနာတယ်လို့ခေါ်တာ”
“ ဟင်… ဒါဆို ဆရာလေးပြောချင်တာက ကျုပ်တို့ရွာတော်ရှင်နန်းမှာ ဘယ်သူမှမရှိတော့ဘူးဆိုတဲ့သဘောလား”
“ ဟုတ်တယ်… ဒါကြောင့် ပူဇော်သမျှပန်းတွေ ညိုးနွမ်းကုန်တာပဲ”
မောင်ကောင်းတို့ စကားပြောနေတဲ့အချိန် ခြံထဲကို အမောတကောပြေးဝင်လာတဲ့ ယွန်းစံကိုမြင်လိုက်ရတယ်။
“ ဘကြီး… ဘကြီး… အမေ သတိလစ်သွားလို့ လာကြည့်ပါဦး”
“ ဟေ… နင့်အမေက ဘယ်လိုဖြစ်တာလဲ”
“ ယွန်းစံလဲမပြောတတ်ဘူး… အော်သံကြားလို့သွားကြည့်တာ အိမ်သာရှေ့သတိလစ်နေတာပဲ”
“ အေးအေး… ငါအခုလာခဲ့မယ်”
“ ခွန်းလှ မင်းလိုက်သွားပေးလိုက်၊ ငါဒီမှာနေပြီး သိချင်တာတွေမေးလိုက်ဦးမယ်”
“ ဒါဆို ကျွန်တော်လိုက်သွားပေးလိုက်မယ်”
ခွန်းလှတို့ အိမ်ကိုရောက်တော့ ကြောက်လန့်ပြီး အမောမပြေသေးတဲ့ မိန်းမကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ မိစံ.. နင်ဘယ်လိုနေသေးလဲ”
“ အခုထိကြောက်စိတ်မပြေသေးဘူး ကိုကြီးရယ်၊ နှလုံးတွေတုန်နေတုန်းပဲ”
“ ဒေါ်လေး… ဘယ်လိုကြုံခဲ့တာလဲပြောပြလို့ရလား”
“ ပြောရမယ်ဆိုရင် အိမ်သာတက်နေတုန်း နံရံကို လက်နဲ့လာပုတ်တဲ့အသံကြားတယ်၊ ခဏနေတော့ အိမ်သာတံခါးကို လက်နဲ့ကုတ်တဲ့အသံထပ်ကြား ပြန်ရော၊ အိမ်မှာက ခွေးတွေမွေးထားတော့ သူတို့တွေအနောက်ကလိုက်လာတယ်ထင်နေတာ၊ အဲဒီအချိန် တအီးအီးနဲ့ငိုတဲ့အသံထွက်လာပါ လေရော၊ ဒေါ်လေးလဲအသံကြားတာနဲ့ ရင်တုန်နေတာမို့ အိမ်သာတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်တဲ့အချိန် မီးခိုးကြပ်တိုက်ထားသလို ခြောက်ကပ်နေတဲ့လူတစ်ယောက်က အိမ်သာရှေ့မှာ ငုတ်တုတ်ထိုင်ငိုနေတာ၊ အဲဒီမှာဒေါ်လေး အသိစိတ်လုံးဝလွတ်သွားပြီး မေ့လဲသွားတာပဲ”
“ ယွန်းစံရောက်သွားတော့ အခြားဘယ်သူကိုမြင်လိုက်သေးလဲ”
“ ဟအင်း… ဘယ်သူမှမရှိဘူး အမေတစ်ယောက်ထဲ ခွေခွေလေးလဲကျနေတာ”
“ တစ်ညထဲ နှစ်ယောက်တောင် ခြောက်ခံထိတာဆိုတော့ တစ်ရွာလုံးလန့်နေတော့မှာပဲ”
“ ဟုတ်တာပေါ့ဆရာလေးရယ်… ကျွန်တော်တို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲ”
“ ဒီကောင်က တစ်ရွာလုံးပတ်သွားနေတာဆိုတော့ ကြောက်တတ်တဲ့သူတွေအဖို့ အိမ်ပြင်မထွက်တာ အကောင်းဆုံးပဲ၊ ကျွန်တော်လဲ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကိုနဲ့ပြန်တိုင်ပင်လိုက်ပါဦးမယ်”
“ ယွန်းစံ.. ဆရာလေးပြောတာကြားတယ်မလား”
“ ဟုတ်ကဲ့ ဘကြီး.. ယွန်းစံလဲအပြင်မထွက်ပါဘူး”
ခွန်းလှတို့ ယွန်းစံတို့အိမ်ကထွက်လာတော့ လမ်းမှာ မောင်ကောင်းနဲ့ဆုံခဲ့ကြတယ်။
“ အကို … ကျွန်တော်တို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ”
“ အဲဒီကောင်က ငါတို့ကိုလာမရှာခင်၊ ငါတို့ကအရင်ရှာကြတာပေါ့၊ အော် ဦးကြီးအနေနဲ့ တစ်ခုလောက်ကူညီပေးလို့ရလား”
“ ပြောပါဆရာလေး… ကျုပ်ဘာလုပ်ပေးရမလဲ”
“ နွားရိုက်ကြိမ်ကောင်းကောင်းလေးတစ်ခုလောက် ရှာပေးပါလား”
“ ဘာများလဲလို့ဆရာလေးရယ်… ကျုပ်အိမ်မှာ ရှိပါတယ်ဗျ”
“ ဒါဆို အိမ်အရင်ပြန်ကြတာပေါ့”
မောင်ကောင်းတို့ ဦးထွန်းသိန်းအိမ်ရောက်တော့ ခွန်းလှကအနားကပ်လာပြီး
“ အကို နွားရိုက်ကြိမ်က ဘာလုပ်ဖို့တောင်းတာလဲ”
“ နောက်တော့သိရမှာပေါ့ကွာ…ဟဲဟဲ”
မောင်ကောင်းက ရယ်ကျဲကျဲလုပ်ပြီး ဦးထွန်းသိန်းပေးတဲ့ကြိမ်ကိုယူကာ အိမ်နောက်ဘေးဘက်ထွက်သွားခဲ့တယ်။
+++++
ညကားတစ်ချက်ထိုးအချိန်ရောက်နေပြီမို့ တစ်ရွာလုံးအပ်ကျသံပင်မကြားလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။
မောင်ကောင်းကတော့ ကြိမ်လုံးတစ်လုံးနဲ့ဘုရားကျောင်းဆောင်ရှေ့မှာ အလုပ်ရှုပ်နေပြီး ခွန်းလှကတော့ အိမ်ရှေ့ဝရန်တာမှာထွက်ကာရပ်နေခဲ့တယ် ခဏကြာတော့ မောင်ကောင်းရောက်လာပြီး
“ ခွန်းလှ ဒီမှာကြည့်စမ်း”
“ ဟင်… ကြိမ်လုံးမှာ ဟင်္သာပြဒါးတွေနဲ့ အင်းတွေဆွဲထားပါလား”
“ အင်း… ဘာဖြစ်လို့ဆွဲထားတာလဲမမေးတော့ဘူးလား”
“ မေးတာပဲ အကိုမှမဖြေတာ ဒါကြောင့်ထပ်မမေးတော့တာ”
“ ခုနက ဦးထွန်းသိန်းရှိနေလို့ ငါကမပြောတာပါကွာ”
“ ဘာကိစ္စမို့လို့လဲအကို”
“ ရွာထဲမှာ အခြားနာနာဘာဝတွေအများကြီး ရောက်နေတယ်”
“ အကိုက ဘယ်မှာတွေ့ခဲ့တာလဲ”
“ မင်းတို့ ယွန်းစံတို့အိမ်သွားတဲ့အချိန် ငါနဲ့ ဦးသံချောင်း သူတို့အိမ်အနောက်ဘက်ကို ရောက်ခဲ့သေးတယ်၊ လယ်ကွင်းထဲမှာ မျက်လုံးနီနီတွေဆိုတာ မရေမတွက်နိုင်အောင်ပဲကွ”
“ ဒီကောင်တွေကျတော့ ဘာလို့ရွာထဲမဝင်လာတာလဲ”
“ ငါ့စိတ်ထဲထင်တာပြောရရင် တစ်ရွာလုံးကို ခြောက်လှန့်နေတဲ့ကောင်ကို တစ်ယောက်ယောက်က ရွာထဲခေါ်သွင်းလာမိတာ”
“ ဒါကြောင့် ရွာတော်ရှင်ထွက်သွားတာများလား”
“ ဟုတ်လောက်တယ်၊ ပထမဆုံးခြောက်လှန့်ခံထိတဲ့သူတွေပြောစကားအရ အဲဒီကောင်က သူ့အရိုးကိုလိုက်ရှာနေတယ်ဆိုပဲ”
“ ဒါနဲ့ ဒီကြိမ်လုံးကဘာဆိုင်လို့လဲ”
“ ရွာထဲဝင်လာတဲ့ကောင်တွေထဲမှာ စရိုက်ကြမ်းတဲ့လောကသားတွေအများကြီးပါလာ မှာ၊ ဒါက သူတို့အတွက် သီးသန့်လုပ်ထားတာလေ”
“ ဒါဆို ဒီည ရွာထဲပတ်ကြမလား”
“ သွားရမှာပေါ့… တစ်ရွာလုံးပတ်မွှေနေတဲ့ကောင်နဲ့ ငါနဲ့တော့တွေ့ကြပြီလေ”
“ ခဏလေး… အပြင်မသွားခင် လုပ်စရာရှိသေးတယ်”
ခွန်းလှက ဘုရားကျောင်းဆောင်ရှေ့သွားပြီး အင်းတစ်ချပ်ပေါ်မှာဖယောင်းတိုင်ထွန်းကာ အရှေ့အနောက်တောင်မြောက်ကိုလက်ညိုးထိုးနေတာမြင်လိုက်ရတယ်။
“ ရပြီအကို သွားကြရအောင်”
“ ခုနက မင်းဘာလုပ်နေတာလဲ”
“ ဘာလုပ်ရမလဲ… ကျွန်တော်တို့ ဓါတ်မီးတကားကားနဲ့လျောက်သွားနေရင် ရွာကလူတွေတစ်မျိုးထင်ကြမှာပေါ့၊ ဒါကြောင့် ဘယ်သူမှမနိုးအောင် အင်းချထားတာ”
“ အေး… မင်းအကြံကကောင်းသားပဲ၊ လာ သွားကြရအောင်”
နှစ်ယောက်သား အိမ်ပေါ်ကနေဆင်းပြီး ရွာလမ်းမအတိုင်းလျောက်လာခဲ့ကြတယ်။ ဒီလိုနဲ့ အတန်သင့်ကြီးမားတဲ့စိန်ပန်းပင်ရှေ့အရောက်မှာတော့ သစ်ကိုင်းပေါ်မှာတွဲလောင်းခိုနေတဲ့ မဲမဲကောင် တစ်ကောင်ကိုမြင်လိုက်ရတယ်။
“ ဒီကောင်က ရွာခံသရဲပဲဖြစ်ရမယ်”
မောင်ကောင်းက တီးတိုးရေရွတ်ရင်း စိန်ပန်းပင်အောက်မှာရပ်လိုက်တဲ့အချိန် တွဲခိုနေတဲ့ကောင်ရဲ့လက်က ရော်ဘာလိုရှည်ထွက်လာပြီးခြေထောက်က မြေကြီးပေါ်ကိုရောက်လာခဲ့တယ်။
“ ဆရာတို့ကျုပ်ကိုမြင်နေရတာလား”
“ ညဦးပိုင်း ဒီအရှေ့ကနေဖြတ်ထဲက သင့်ကိုမြင်ရတာ၊ ဒါနဲ့လက်ကဘာဖြစ်လို့ သစ်ကိုင်းကိုကိုင်ထားတာလဲ”
“ သစ်ကိုင်းကိုလက်နဲ့မကိုင်ထားရင် မတ်တပ်ရပ်လို့မရဘူးဆရာ၊ ခြေထောက်တွေက သားရည်ပဲရှိပြီးအထဲမှာအရိုးမပါလို့ပါ”
မဲမဲကောင်က သူ့ခြေထောက်ကို လှုပ်ပြရာ ရော်ဘာအပျော့လိုပျော့ခွေနေတာမြင်လိုက်ရတယ်။
“ သင်ဒီမှာနေတာကြာပြီလား”
“ နှစ်ပေါင်းခြောက်ဆယ်ကျော်ပါပြီ”
“ ဒါဆို အခုရွာထဲမှာဖြစ်နေတာကိုသင်လဲသိမှာပေါ့”
“ သိပါတယ်…”
“ အခုအဲဒီကောင်ဘယ်မှာရှိနေလဲ”
“ အဲဒါတော့ ကျုပ်လဲမသိဘူး၊ သူက နေရာအနှံ့လိုက်သွားပြီး အရိုးတွေလိုက်ရှာနေတာပဲသိတယ်”
“ သူရောက်လာတော့ သင်တို့လို နှစ်ချို့ပုဂ္ဂိုလ်တွေ ဘာမှမပြောကြဘူးလား”
“ သူ့အရိုးတွေက ရွာထဲမှာရှိနေတာကြောင့် ဘယ်သူမှမောင်းထုတ်လို့မရဘူး၊ ရွာတော်ရှင်တောင် အခြားနေရာရှောင်ထွက်သွားတာ ဆရာတို့လဲသိမယ်ထင်ပါတယ်”
“ ဒါဆို သူ့အရိုးတွေကို ရွာထဲကနေ ထုတ်ပစ်ရမယ်လို့ပြောချင်တာလား”
“ ဟုတ်ပါတယ်… ဒါပေမယ့် အခြားကောင်တွေလဲ ရွာထဲကိုဝင်ဖို့ချောင်းနေကြတယ်ဆရာ”
“အဲဒီကိစ္စ ကျုပ်တို့လုပ်လိုက်မယ်၊ သင်လဲကိုယ့်နေရာကိုယ်ပြန်နေပါ”
မောင်ကောင်းစကားသံအဆုံးမှာ ရှည်ကျနေတဲ့လက်ကအပေါ်ကို တိုဝင်သွားခဲ့တယ်။
“ ငါထင်တော့ထင်သား… ဘယ်ကောင်လက်ကမြင်းပြီး အစိမ်းသေအရိုးအိုးကို ရွာထဲသယ်လာလဲမသိဘူး”
“ လောလောဆယ်အရိုးရှာနေတဲ့ကောင်ထက် ရွာထဲဝင်ဖို့ချောင်းနေတဲ့ကောင်တွေကိုအရင်မောင်းထုတ်ရမယ်ထင်တယ်နော်”
“ ဟုတ်တယ်… ဒီကောင်တွေသာ ရွာထဲရောက်လာရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်”
“ အခုဘယ်အချိန်ရှိပြီလဲ”
“ ညနှစ်နာရီမထိုးသေးဘူး”
“ ရွာအနောက်ဘက်ကွင်းစပ်ကိုသွားရအောင်”
“ နေဦးအကို… ကျွန်တော်တို့အနောက်ဘက်သွားရင် အရှေ့ဘက်ကနေဝင်လာလိမ့်မယ်”
“ အဲဒီအတွက် ရွာတော်ရှင်နန်းမှာ နေစင်္ကြာစမမြုပ်ထားခဲ့တယ်၊ နှစ်ခါသေမှာမကြောက်တဲ့ကောင်ဝင်ပေါ့ကွာ”
မောင်ကောင်းက ခပ်ထေ့ထေ့ပြောပြီး နွားရိုက်ကြိမ်ကို ပခုံးပေါ်တင်ကာ အနောက်ဘက်ကွင်းစပ်ဘက်ကို ထွက်သွားခဲ့တယ်။
++++++
“ အူး… ဝူးး ဝူးးး”
ခွေးအူသံကြောင့် မောင်ကောင်းက ကွင်းဘက်ကိုကြည့်ပြီး
“ ဒီကောင်တွေ အုပ်လိုက်တက်လာကြပြီထင်တယ်”
“ မြတ်စွာဘုရား… နည်းတဲ့အရေအတွက်မဟုတ်ပါလား”
ခွန်းလှ ပြောလဲပြောချင်စရာ၊ နီရဲနေတဲ့မျက်လုံးအစုံတွေက မျက်စိတစ်ဆုံး။
“ အကို တစ်ယောက်ထဲဖြစ်ပါ့မလား”
“ ဖြစ်ပါတယ်ကွ… ဒီကောင်တွေ ရွာထဲကိုခြေတစ်လှမ်းတောင်မချစေရဘူး”
မောင်ကောင်းက ကြိမ်ကိုလေထဲရွှပ်ခနဲ ရွပ်ခနဲရိုက်ကြည့်လိုက်တဲ့အချိန် မလှမ်းမကမ်းမှာရှိတဲ့သစ်ပင်ပေါ်ကနေ ဘုတ်ခနဲ ဘုတ်ခနဲ ခုန်ချပြီးထွက်ပြေးကြတဲ့ ခြေသံတွေကိုကြားလိုက်ရတယ်။
“ အသာလုပ်ပါအကိုရေ… ရွာထဲမှာရှိတဲ့ကောင်တွေတောင် လန့်ပြေးကုန်ပြီ”
“ အေးပါ… ငါက လက်ဆချိန်ကြည့်တာပါကွ”
အဲဒီအချိန် ရွာပြင်ကနေတက်လာတဲ့ နာနာဘာဝအုပ်တွေက မောင်ကောင်းနဲ့ ဝါးတစ်ပြန်အကွာကိုရောက်လာခဲ့တယ်။
“ ရှပ် ရှပ် ရှပ်”
ရုတ်တရက်ကြားလိုက်ရတဲ့ခြေသံကြောင့် ခွန်းလှအနောက်ကိုလှည့်ကြည့်လိုက်ရာ ကျိုးတိုးကျဲတဲဆံပင်၊ မွဲခြောက်နေတဲ့အသားအရည်၊ ဟောက်ပက်ဖြစ်နေတဲ့မျက်လုံးနဲ့လူတစ်ယောက် မြေကြီးကိုလက်နဲ့ယက်နေတာမြင်လိုက်ရတယ်။
“ အကို ဟိုကောင်ကိုတွေ့ပြီ… ကျွန်တော်သွားဖမ်းလာခဲ့မယ်”
“ ခွန်းလှ… မင်းဖြစ်ရဲ့လား”
“ ဖြစ်ပါတယ်ဗျ… အကိုသာ လက်အံမသေအောင် လုပ်ထား”
ခွန်းလှ အော်ပြောပြီး မြေကြီးကိုယက်နေတဲ့ဘက်ကို ပြေးထွက်လာရာ ဆယ်ပေလောက်အလိုမှာပဲ မျက်စိအောက်ကနေ ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။
“ ဒီကောင် ဘယ်ရောက်သွားပါလိမ့်…”
ဘေးဘယ်ညာကိုလိုက်ကြည့်ပြီးရေရွတ်နေတဲ့အချိန် ခပ်လှမ်းလှမ်းက အိမ်ကြားထဲကိုဝင်သွားတဲ့အရိပ် တစ်ခုကိုမြင်လိုက်ရတယ်။
ဒါပေမယ့် ခွန်းလှရောက်လာရင် လူရိပ်ကပျောက်ပျောက်သွားတာမို့ အနည်းငယ်ဒေါသထွက်လာခဲ့တယ်။
“ မဟုတ်သေးပါဘူး… ဒီကောင်က ငါ့ကို အရူးလုပ်နေတာများလား”
“ အဟီးအဟီး ဟက်ဟက်ဟက်”
ရယ်သံကကျောဘက်ကနေ ထွက်လာတာမို့ လှည့်ကြည့်လိုက်ရာ ဆောင့်ကြောင့်ထိုင်ပြီး ပြူးကြည့်နေတဲ့ငနဲသားကိုမြင်လိုက်ရတယ်။
ခွန်းလှလဲ သူ့ကိုထိုင်ကြည့်နေတဲ့ကောင်ကိုစေ့စေ့ကြည့်ပြီး
“ မင်းရဲ့ အရိုးတွေကိုလိုက်ရှာနေတာလား” လို့မေးလိုက်ရာဟိုက ခေါင်းညိမ့်ပြတယ်။
“ ငါကမင်းအရိုးတွေ တွေ့အောင်ကူညီပြီးရှာပေးမယ်၊ အရိုးတွေပြန်ရရင် ဒီရွာကနေထွက်သွားမလား”လို့မေးလိုက်တော့ ဟိုကခေါင်းညိမ့်ပြတယ်။
“ မင်းအရိုးတွေကို ဘယ်သူယူခဲ့တာလဲဆိုတာ ငါ့ကိုပြော၊ ဒါမှ မင်းနေတဲ့နေရာကိုပြန်ပို့ပေးလို့ရမှာ”
ခွန်းလှစကားကြောင့် ဆောင့်ကြောင့်ထိုင်နေတဲ့ကောင်က မဲနက်နေတဲ့လက်နဲ့ ရွာအရှေ့ဘက်ကိုလက်ညိုးထိုးပြီး
“ အုန်း… ဖေ” လို့ပီပီသသကြီးပြောကာ မျက်စိအောက်ကနေပျောက်ကွယ်သွားခဲ့တယ်။
ခွန်းလှလဲ နာမည်သိလိုက်ရပြီမို့ မောင်ကောင်းရှိတဲ့ဘက်ကိုပြေးထွက်လာခဲ့လိုက်တယ်။ ကွင်းစပ်နားရောက်တော့ ပုတ်လောက်ကြီးတဲ့နာနာဘာဝအကောင်သုံးဆယ်လောက် မြေကြီးမှာလူးလိမ့်နေပြီး ခန္ဓာကိုယ်မှာလဲ မီးစွဲလောင်နေတဲ့အရှိုးရာတွေပေါ်နေတာမြင်လိုက်ရတယ်။
“ ဒီလူ ဘယ်ရောက်သွားပြန်ပီလဲမသိဘူး”
ခွန်းလှက လူးလိမ့်နေတဲ့ နာနာဘာဝတွေကိုပဲမြင်ပြီး မောင်ကောင်းကိုမတွေ့တာကြောင့် ဘေးဘီကိုကြည့်လိုက်ရာ သစ်ခြောက်ပင်အောက်မှာ မဲမဲကောင်တစ်ကောင်ရဲ့လည်မြိုကိုတက်နင်းထားတဲ့ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။
“ အကို…. အဆင်ပြေလားဗျ”
“ အေး…. ပြေတယ်.. ဒီကောင်တစ်ကောင်ပဲ အချိုးမပြေလို့ ဆုံးမနေတာ”
ခွန်းလှလဲ မောင်ကောင်းအသံကြောင့် ရယ်လိုက်ပြီး သစ်ခြောက်ပင်အောက်ကိုသွားကြည့်ရာ မျက်နှာမှာ လောက်တွေတက်နေတဲ့ ဓါးဒဏ်ရာနဲ့နာနာဘာဝတစ်ကောင်ကို တက်နင်းထားတဲ့ မောင်ကောင်းကိုမြင်လိုက်ရတယ်။
“ မင်းရော ဟိုကောင်ကိုဖမ်းမိလား”
“ သူ့ကိုဖမ်းလို့မရဘူးဗျ… ဒါပေမယ့် အရိုးတွေဘယ်မှာရှိတယ်ဆိုတဲ့သဲလွန်စတော့ရခဲ့တယ်”
ခွန်းလှစကားကြောင့် မောင်ကောင်းက တက်နင်းထားတဲ့ကောင်ကို လွှတ်လိုက်ပြီး
“ နောက်တစ်ခါ ဒီရွာထဲကို ဝင်မယ်ဆိုရင် အကုန်လုံးမီးလောင်တိုက်သွင်းပစ်မယ် ကြားလား” လို့ပြောလိုက်ရာ အောက်မှာလဲကျနေတဲ့ကောင်က တုန်ရီတဲ့ဟန်နဲ့ ခေါင်းကိုညိမ့်ပြကာ ကွင်းဘက်ကို ထပြေးသွားခဲ့တယ်။
“ ဆရာရှိတုန်းကကျတော့ ဒီလိုမဟုတ်ဘူးနော် ဟဲဟဲ”
“ ဆရာရှိတော့လဲ ရှိသလို၊ မရှိတော့လဲ မရှိသလိုနေရတာပေါ့ကွာ၊ အချို့ကောင်တွေက အခုလိုလုပ်ပေးမှ တော်ကာကျတယ်၊ ဒါပေမယ့် ဆရာ့ကိုတော့ သတိရတယ်ကွ”
မောင်ကောင်းအသံက ခုနကလိုမဟုတ်တော့ပဲ ချက်ချင်းပျော့သွားတာကို ခွန်းလှသတိထားမိခဲ့တယ်။
“ မကြာခင်တော့ပြန်တွေ့ရမှာပေါ့ဗျာ… လောလောဆယ် ဟိုကောင်ရဲ့အရိုးကိုရှာဖို့အရေးကြီးတယ်”
“ အေး… အရိုးကဘယ်မှာရှိတယ်ပြောလဲ”
“ အရိုးဘယ်မှာရှိတယ်တော့မပြောဘူး… အုန်းဖေဆိုတဲ့နာမည်ကိုပဲပြောခဲ့တာဗျ”
“ အုန်းဖေ ဟုတ်လား… အဲဒီနာမည်ကိုတော့ မနက်ကျမှမေးကြည့်ရတာပေါ့”လို့ပြောကာ ရွာထဲကိုပြန်ဝင်လာခဲ့ကြတယ်။
++++++
“ အုန်းဖေ… ဟုတ်လား”
“ ဟုတ်တယ် ဦးကြီး… အဲဒီနာမည်ကိုကြားဖူးလား”
“ အုန်းဖေက သေသွားတာ လေးနှစ်လောက်ရှိရောပေါ့”
“ ဗျာ…”
“ ရွာမှာဖြစ်တဲ့ကိစ္စနဲ့ အုန်းဖေက ဘယ်လိုပတ်သတ်နေလို့လဲ”
“ ဒုက္ခပဲ… အဲဒါဆို ဘယ်ကနေ လိုက်ရပါ့မလဲ”
“ ဆရာလေးတို့ ဦးကြီးကို ပွင့်ပွင့်လင်းလင်းပြော၊ အုန်းဖေကိုဘာလို့မေးတာလဲ”
“ ညက ကျွန်တော်တို့ ခြောက်လှန့်နေတဲ့ကောင်နဲ့တွေ့ခဲ့တယ်”
“ ဟေ…”
“ ဟုတ်တယ် ဦးကြီး… အဲဒီမှာသူက အရိုးတွေယူထားတဲ့သူနာမည်ကိုပြောပြခဲ့တာ”
“ အုန်းဖေက အရိုးတွေကိုယူပြီး ဘာလုပ်ထားတာလဲ၊ မဟုတ်မှလွဲရော သူက အဲဒီကောင်ကိုမွေးထားတာများလား”
“ ဦးကြီးပြောတာဖြစ်နိုင်တယ်… အုန်းဖေဆိုတဲ့လူကရော အဲလိုပညာတွေတတ်တယ်လို့ကြားဖူးလား”
“ သူက အေးဆေးသမားပါပဲ… ခြံတွေ လယ်တွေလဲအများကြီးပိုင်တယ်၊ အဲ နေဦး… အော်ကြီးနဲ့ စန်းလွင်တို့ ခြောက်ခံထိတဲ့နေရာက အုန်းဖေပိုင်တဲ့လယ်ကွက်မှာပဲလေ”
“ ဒါဆို ဦးအုန်းဖေက သူ့လယ်တွေကို အစောင့်ချထားခဲ့တာများလား၊ အဲလိုဆိုရင်လဲ ဒီကောင်က လယ်ထဲမှာပဲရှိနေရမှာကို ဘယ်လိုကြောင့် ရွာထဲရောက်လာတာလဲ”
“ ဦးအုန်းဖေရဲ့မိသားစုက ရွာမှာပဲနေတာလား”
“ ဟုတ်တယ်… ရွာလယ်ဓမ္မာရုံဘေးက နှစ်ထပ်အိမ်ကသူတို့အိမ်ပဲလေ”
“ အခု ကျွန်တော်တို့သွားတွေ့လို့ရမလား”
“ ရပါတယ်… ဦးကြီးခေါ်သွားပေးမယ်လေ”
မောင်ကောင်းတို့လဲ ချက်ချင်းပဲ ဦးအုန်းဖေတို့အိမ်ရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ အသက်၅၀အရွယ် မိန်းမတစ်ယောက်သာရှိပြီး သားသမီးတွေက အခြားမြို့တွေမှာနေထိုင်တာကိုသိလိုက်ရတယ်။
အဲဒီအချိန် ခြံထဲကို ကောက်ရိုးတွေတင်လာတဲ့ နွားလှည်းတစ်စီး ဝင်လာတာကိုမြင်လိုက်ရတယ်။
“ ကြီးဒေါ်ရေ… ကောက်ရိုးတွေ အိမ်နောက်မှာပုံလိုက်ရမလား”
“ အေးအေး မောင်ဆန်း… ငါဒီမှာဧည့်သည်တွေရောက်နေလို့ ကိုယ့်ဘာသာလုပ်လိုက်နော်”
“ ဟုတ် ဟုတ်ကဲ့ ကြီးဒေါ်”
“ ကိုထွန်းသိန်း မြင်တဲ့အတိုင်း ကျွန်မမှာလဲ ဒီကောင်လေးကိုပဲအားကိုးနေရတာ၊ သားသမီးတွေကတော့ လယ်မလုပ်နိုင်လို့မြို့ပေါ်တက်နေလေရဲ့”
“ မောင်ဆန်းက အားကိုးရပါတယ်… အခုမခိုင်တို့လယ်တွေကိုသူပဲဦးစီးနေတာမလား
“ ဟုတ်တယ်… ခြံရောလယ်ရော သူပဲ ဦးစီးနေတာ”
ဦးထွန်းသိန်းနဲ့ မခိုင်တို့စကားပြောနေတဲ့အချိန် မောင်ကောင်းက ရုတ်တရက်အိမ်နောက်ဘေးဘက်ကိုထွက်သွားခဲ့တယ်။ခဏကြာတော့ မောင်ကောင်း ပြန်ရောက်လာပြီး ခွန်းလှဘေးမှာဝင်ထိုင်လိုက်တယ်။
ဦးအုန်းဖေတို့အိမ်ကထွက်လာတဲ့အချိန် မောင်ကောင်းက
“ အရိုးတွေရှိတဲ့နေရာကျွန်တော်သိပြီ” လို့ပြောတော့ ခွန်းလှရော ဦးထွန်းသိန်းပါ အံ့ဩသွားခဲ့တယ်။
“ အရိုးတွေကဘယ်မှာရှိနေတာလဲ”
“ ရွာအနောက်ဘက်ကအမှိုက်ပုံမှာသွားပစ် ထားတယ်တဲ့”
“ ဘယ်သူက အရိုးတွေကိုသွားပစ်ထားတာလဲ”
“ မောင်ဆန်းပေါ့..”
“ မခိုင် အိမ်မှာခိုင်းနေတဲ့ မောင်ဆန်းလား”
“ ဟုတ်တယ် ဦးကြီး… ခုနက ပြောတဲ့ထဲ လယ်ကိုသူပဲဦးစီးနေတယ်ဆိုတာ ပါတယ်လေ၊ တကယ်လို့ ဦးအုန်းဖေသာ အစောင့်ထားမယ်ဆိုရင် သူ့လယ်မှာပဲထားမှာ၊ အော်ကြီးနဲ့ စန်းလွင်တို့ ခြောက်ထံထိတာကလဲ ဦးအုန်းဖေ လယ်ထဲမှာပဲ၊ ဒါကြောင့် လယ်လုပ်နေတဲ့ မောင်ဆန်းကို သံသယဝင်သွားတာ၊ ဒါကြောင့် စကားပြောနေတဲ့အချိန် သူ့ကိုသွားမေးတာ မှန်းချက်နဲ့ကွက်တိပဲဗျို့၊ ဒီကောင်က လယ်လုပ်နေရင်း မြေအိုးတစ်လုံးတွေ့တာနဲ့ အခြားသူတွေမြင်မှာစိုးလို့ ထမင်းတောင်းထဲလုံချည်နဲ့အုပ်ပြီးရွာထဲသယ်လာတာဗျာ၊ အိမ်ရောက်တော့ အထဲမှာအရိုးနဲ့အထုပ်တစ်ထုပ်ပဲပါလို့ အမှိုက်ပုံထဲ သွားပစ်ထားတာတဲ့”
“ ဒါဆို အမှိုက်ပုံထဲသွားရှာရတော့မှာပေါ့၊ ရှိကောရှိပါတော့မလား”
“ အရိုးထည့်ထားတဲ့အိုးလိုက်ပစ်ထားတာဆိုရင် ရှိမှာသေချာတယ်”
“ ဒါဆို အခုပဲသွားကြရအောင်”
မောင်ကောင်းတို့လဲ ချက်ချင်းပဲ အမှိုက်ပုံရှိတဲ့နေရာကိုသွားရှာကြရာ စွန့်ပစ်အမှိုက်တွေကြားထဲကနေ
ကွဲအက်နေတဲ့မြေအိုးတစ်လုံးထွက်လာခဲ့တယ်။ အထဲမှာတော့ လူအရိုးအချို့။
“ ဦးကြီး.. အိမ်မှာပဲစောင့်နေလိုက်၊ ကျွန်တော်တို့ ဒီကောင်ကို အခြားနေရာတစ်ခုပို့ပေးလိုက်ဦးမယ်၊ ခွန်းလှ မင်းက ဓါတ်ဆီနဲ့မီးခြစ်ယူပြီး ရွာပြင်ကိုလိုက်လာခဲ့”
“ ကောင်းပါပြီဗျာ… ဆရာလေးတို့ကျေးဇူးကြောင့် အခုမှပဲအပူလုံးကျသွားတော့တယ်”
မောင်ကောင်းလဲ အရိုးအိုးကိုယူလာပြီး ရွာထိပ်ရောက်တာနဲ့ သက်ဆိုင်သူကိုခေါ်လိုက်ရာ ချက်ချင်းအနားကိုရောက်လာခဲ့တယ်။
“ ဒီမှာ မင်းအရိုးအိုး… အခုချိန်ကစပြီး မင်းမှာအနှောင်အဖွဲ့ဆိုတာမရှိတော့ဘူး၊ ဒီရွာကလဲ မင်းနဲ့မသက်ဆိုင်တော့ဘူး” လို့ပြောကာ အရိုးတွေကိုဓါတ်ဆီလောင်းပြီးမီးရှို့ပေးခဲ့ကြတယ်။
ဒီကိစ္စလုပ်ပြီးနောက်ပိုင်း ရွာထဲမှာခြောက်လှန့်တဲ့ဖြစ်ရပ်တွေမရှိခဲ့တော့သလို တစ်ရွာလုံးကလဲ မောင်ကောင်းနဲ့ ခွန်းလှကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့ကြတယ်။
မောင်ကောင်းတို့လဲ သူဌေးကုန်းရွာမှာ တစ်ပတ်လောက်နေပြီးတော့ ရွှေပြည်စံမြို့ကို သွားရောက်ဖို့အကြောင်းဖန်လာခဲ့တယ်။
+++++++
ဒီအကြောင်းအရာကိုတော့ “အောင်မြတ်သာနှင့် စိတ်ညှို့လူသတ်သမား”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Zawgyi Version
” ေအာင္ျမတ္သာႏွင့္ငါ့အ႐ိုးျပန္ေပး “(စ/ဆုံး)
——————————————————
ေဇယန(ရာမည)
ေက်းငွက္သာရကာေတြရဲ႕ ခ်ိဳသာလွတဲ့ေအာ္ျမည္သံကလြဲၿပီးမဟာၿမိဳင္ေတာတစ္ခြင္လုံး တိတ္ဆိတ္ၿငိမ္သက္ေနခဲ့တယ္။ အလြန္ေမႊးပ်ံ႕တဲ့ပန္းေပါင္းရနံ႔ေတြထုံသင္းေနတဲ့ ပန္းပင္ေတြပတ္ပတ္လည္ေပါက္ေနတဲ့
ေက်ာင္းသခၤန္းအတြင္းမွာေတာ့ ဖန္ရည္ဆိုးသကၤန္းဝတ္ထားတဲ့ရဟန္းေတာ္ေလးပါးအျပင္ အျခားလူပုဂၢိဳလ္ဆယ္ဦးနီးပါးခန႔္ ရွိေနခဲ့ၾကတယ္။
အျပင္ကေနၾကည့္ရင္ ဆယ္ေပသာသာခန႔္သာရွိတယ္ထင္ရေပမယ့္ အတြင္းမွာေတာ့ ခန္းမတစ္ခုစာေလာက္ႀကီးမားေနတဲ့အတြက္ သာမန္လူတစ္ေယာက္သာျမင္မယ္ဆိုရင္ ကိုယ့္မ်က္လုံးကိုယ္ယုံႏိုင္ဖြယ္ရွိမယ္မထင္။
“ အခုလိုဂိုဏ္းစုံညီအစည္းအေဝးကိုတက္ေရာက္ လာၾကတဲ့သူေတြအားလုံးကို လုပ္ေဆာင္ရမယ့္တာဝန္ေတြေျပာၿပီးၿပီျဖစ္လို႔ မိမိတို႔ေနထိုင္ရာအရပ္ဆီကို ျပန္လို႔ရပါၿပီ”
ေအာင္ျမင္လွတဲ့အသံနဲ႔မိန႔္လိုက္တာေၾကာင့္ ထိုင္ေနၾကတဲ့သူေတြအားလုံး ေဖ်ာက္ခနဲ ေဖ်ာက္ခနဲ ေပ်ာက္ကြယ္သြားခဲ့ၾကတယ္။
“ ေအာင္ျမတ္သာရွိေနေသးလား”
“ ရွိပါတယ္ဘုရား”
“ လူေလးကေတာ့ ဒီအရပ္မွာအခ်ိန္တစ္ခုထိေနဖို႔ ဘဘုန္းေမတၱာရပ္ခံခ်င္တယ္”
“ တင္ပါဘုရား… တပည့္ေတာ္ကို အခုလိုေနဖို႔ေျပာတယ္ဆိုထဲက အေၾကာင္းတစ္ခုခုမ်ားရွိေနမယ္ထင္ပါတယ္”
“ ဟုတ္တယ္ လူေလး… အခုၿမိဳ႕႐ြာမွာက်န္ခဲ့တဲ့ ဒကာေလးႏွစ္ေယာက္နဲ႔ပတ္သတ္ၿပီး ေျပာခ်င္တာေတြရွိတယ္”
“ တင္ပါဘုရား… မိန႔္ေတာ္မူပါဘုရား”
“ ဒီလူငယ္ေလးႏွစ္ေယာက္က ပညာပါရမီအခံလဲရွိၾကသလို၊ တစ္ဦးေပၚတစ္ဦးလဲ အႏြံတာခံ အနစ္နာခံၿပီးခ်စ္ခင္ၾကတဲ့စိတ္ကို ေတြ႕ရတယ္၊ ဒါေၾကာင့္ လူေလးသာ သူတို႔အနားမွာရွိမယ္ဆိုရင္ နဂိုရွိေနတဲ့ပညာေတြက ျပာဖုံးေနတဲ့မီးခဲေတြလိုျဖစ္ေနလိမ့္မယ္၊ ဘဘုန္းေျပာတာ သေဘာေပါက္လား”
“ တင္ပါဘုရား… တပည့္ေတာ္ နားလည္သေဘာေပါက္ပါတယ္”
“ အိမ္း… ဒါျဖင့္လဲ ေရာက္တုန္းေရာက္ခိုက္ စမ္းေခ်ာင္းေဘးကို သြားလိုက္ပါဦး”
“ တင္ပါဘုရား… တပည့္ေတာ္ကိုခြင့္ျပဳေပးပါဦး”
ေအာင္ျမတ္သာလဲ ဂိုဏ္းရဲ႕အဓိပဓိဆရာေတာ္ကို ႐ိုေသစြာကန္ေတာ့လိုက္ၿပီး ျမက္ခင္းစိမ္းေတြရွိရာ စမ္းေခ်ာင္းဘက္ကိုထြက္လာခဲ့လိုက္တယ္။
+++++
အဖုအထစ္မရွိ ေျပျပစ္ေခ်ာေမြ႕ေနတဲ့ ေျမျပင္ရဲ႕အေပၚမွာေပါက္ေနတဲ့ ျမက္ခ်ိဳႏုေတြကို စားေနၾကတဲ့ ေတာေကာင္ငယ္ေလးေတြက သူတို႔အနားကေနျဖတ္သြားတဲ့ေအာင္ျမတ္သာကို ေခါင္းေလးေထာင္ၾကည့္လိုက္ၿပီး အနားကိုလာကာ ေျခေထာက္ကို ေခါင္းနဲ႔တိုးေဝွ႔က်ီစယ္ေနခဲ့ၾကတယ္။
“ မင္းတို႔က ငါ့ကိုႀကိဳဆိုၾကတယ္ေပါ့ေလ… အရမ္းလိမ္မာတဲ့ေကာင္ေတြပါလား”
ေအာင္ျမတ္သာက ဒူးၫြတ္ထိုင္လိုက္ၿပီး ဆြတ္ဆြတ္ျဖဴေနတဲ့ ယုန္ဖိုမတစ္စုံကို လက္နဲ႔ပြတ္သပ္ေနလိုက္တယ္။
“ ကဲကဲ… ငါလဲသြားစရာရွိေသးတာမို႔.. မင္းတို႔ကိုအခ်ိန္မေပးႏိုင္ေသးဘူး၊ သြားၾကသြားၾက”
ယုန္ဖိုမတစ္စုံလဲ လူစကားနားလည္တဲ့အလား ခုန္ဆြခုန္ဆြနဲ႔ ျမက္ႏုေတြေပါမ်ားတဲ့ဘက္ကို ထြက္သြားခဲ့ၾကတယ္။ ေအာင္ျမတ္သာလဲ ျမက္ခင္းျပင္ကေနျဖတ္ေလ်ာက္လာခဲ့ရာ ၾကည္လင္ေနတဲ့ေရေတြစီးဆင္းေနတဲ့ စမ္းေခ်ာင္းနံေဘးကိုေရာက္လာခဲ့တယ္။ ေခ်ာင္း႐ိုးေဘးမွာေတာ့ လူတစ္ကိုယ္စာအုပ္မိုးလို႔ရတဲ့ ပိန္းပင္ေတြအေလ့က်ေပါက္ေနၿပီး ထီးႏွစ္လက္စာေလာက္ႀကီးမားတဲ့ ပိန္း႐ြက္ႏွစ္႐ြက္ေအာက္မွာေတာ့ ၿငိမ္သက္စြာ တရားထိုင္ေနတဲ့လူႏွစ္ေယာက္။
ေအာင္ျမတ္သာက တရားထိုင္ေနတဲ့သူႏွစ္ေယာက္ကိုၾကည့္ၿပီးႏွစ္လိုဖြယ္ၿပဳံးလိုက္တဲ့အခ်ိန္ ေအးျမလွတဲ့ေလက နားသယ္စပ္မွာေဝ့ဝဲက်ေနတဲ့ ဆံပင္ေတြကို ျဖတ္သန္းတိုက္ခတ္သြားခဲ့တယ္။
သဘာဝဆန္စြာသာယာလွပေနတဲ့ မဟာၿမိဳင္ေတာအတြင္းမွာေတာ့ မၾကာမီအခ်ိန္အတြင္း ေရွးေဟာင္းေႏွာင္းျဖစ္စကားေျပာသံ၊ ရယ္ေမာသံေတြထြက္ေပၚလာပါေတာ့တယ္။
++++++++
(ညသန္းေခါင္အခ်ိန္)
သူေဌးကုန္းတစ္႐ြာလုံးၿငိမ္သက္ေနေပမယ့္
ပလိုင္းတစ္လုံး၊ မိန္းတစ္ေခ်ာင္းကို ကိုင္ထားတဲ့လူႏွစ္ေယာက္ကေတာ့
လယ္ကြင္းေတြရွိတဲ့ဘက္ကိုခပ္သုတ္သုတ္ လမ္းေလ်ာက္လာခဲ့တယ္။
“ ဖိုးေထာင္က ႂကြက္ဘယ္ေလာက္ယူမယ္ေျပာလို႔လဲ”
“ ရသေလာက္ယူမယ္လို႔ေျပာတယ္၊ ေဈးေကာင္းလဲေပးမွာတဲ့”
“ ဒီညေတာ့ မင္းနဲ႔ငါ ႂကြက္သတ္မုဆိုးျဖစ္ၿပီေပါ့ကြာ၊ ဟဲဟဲ”
“ ဒီလိုေန႔မ်ိဳးဆို ဂုတ္တိုကိုသတိရတယ္ကြ၊ သူသာရွိရင္ တစ္ညကို ငါးပိႆာေလာက္ကအသာေလးပဲ”
“ မရွိတာကို မေတာင့္တေနတဲ့၊ အခုေလာေလာဆယ္ ေဒၚဖြားမယ္လယ္ဘက္ကိုသြားရေအာင္”
ႂကြက္မုဆိုးႏွစ္ေယာက္လဲ ကန္သင္း႐ိုးေပၚကေနျဖတ္ၿပီး ေဒၚဖြားမယ္လယ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။ လယ္ကြင္းအစပ္အေရာက္မွာတင္ ဥဒဟိုျဖတ္ေျပးေနၾကတဲ့ ဆူၿဖိဳးၿဖိဳးလယ္ႂကြက္အေကာင္ႀကီးေတြကို ျမင္လိုက္ရတာေၾကာင့္ အားတက္သြားခဲ့ၾကတယ္။
ညႏွစ္နာရီခန႔္အေရာက္မွာေတာ့ ပလိုင္းထဲမွာ ႂကြက္ေတြျပည့္သေလာက္ျဖစ္ေနၿပီမို႔ ႏွစ္ေယာက္သား သီခ်င္းေလးတစ္ေၾကာ္ေၾကာ္နဲ႔ ႐ြာဘက္ကိုျပန္ထြက္လာတဲ့အခ်ိန္ ဦးအုန္းေဖပိုင္တဲ့လယ္ကြင္းထဲမွာ လူတစ္ေယာက္ ကုန္းကုန္းကြကြလုပ္ေနတာကို ျမင္လိုက္ရတယ္။
“ ေအာ္ႀကီး… ဟိုလူကိုၾကည့္စမ္း.. အေမွာင္ထဲဘာလိုက္စမ္းေနလဲမသိဘူး”
“ ငါတို႔လိုပဲ ႂကြက္လိုက္ေနတာျဖစ္မွာေပါ့”
“ ဟာ.. ႂကြက္လိုက္တယ္ဆိုရင္ ဓါတ္မီးေတာ့ပါရမယ္ေလ၊ အခုက တစ္ခုခုေပ်ာက္လို႔လိုက္ရွာေနသလိုပဲ၊ လာကြာ သြားေမးရေအာင္”
စန္းလြင္က ေျခလွမ္းက်ဲႀကီးေတြနဲ႔ ကန္သင္း႐ိုးေပၚကေနေလ်ာက္သြားၿပီး
“ ေဟ့လူ… ညႀကီးအခ်ိန္မေတာ္ ဘာလိုက္ရွာေနတာလဲ”
“ ဟင္းဟင္းဟင္း…”
ေမးတာကိုျပန္မေျဖပဲ ငွက္ဖ်ားတက္သလိုညီးေနတာေၾကာင့္ စန္းလြင္က ေလသံနည္းနည္းျမႇင့္လိုက္ၿပီး
“ ေဟ့လူ ေမးတာေျဖေလဗ်ာ… က်ဳပ္တို႔ကူညီႏိုင္ရင္ ကူေပးမလို႔ေမးတာဗ်”
“ မင္း မင္းတို႔ တကယ္ရွာေပးမွာလား”
ေျခာက္ကပ္ကပ္အက္ကြဲကြဲထြက္ေပၚလာတဲ့အသံေၾကာင့္ စန္းလြင္က ေအာ္ႀကီးကိုၾကည့္လိုက္ၿပီး
“ ရွာေပးမယ္ဗ်ာ… ေျပာ ဘာေပ်ာက္သြားတာလဲ”
“ ငါ့ ငါ့ အ႐ိုးေတြ ငါ့အ႐ိုးေတြ ျပန္ရွာေပးပါလား ဟီးဟီးဟီး”
အ႐ိုးေငါေငါထြက္ေနတဲ့မ်က္ႏွာ၊ ခ်ိဳင့္ဝင္ေနတဲ့မ်က္လုံး၊ အ႐ိုးေပၚအေရတင္အသားအရည္နဲ႔လူက သူ႔ရဲ႕ပိန္ကပ္ကပ္လက္တစ္ဖက္ကို ဆန႔္ထုတ္ၿပီးေျပာလိုက္ရာ စန္းလြင္နဲ႔ေအာ္ႀကီးတို႔ႏွစ္ေယာက္ ငယ္သံပါေအာင္ ေအာ္ၿပီး ႐ြာဘက္ကို ေျပးၾကပါေလေရာ။
“ ေဟ့… ဘာျဖစ္တာလဲ ဘာျဖစ္တာလဲ”
႐ြာထိပ္မွာေနတဲ့ ဦးဖိုးမွန္က ေၾကာက္လန႔္တၾကားေအာ္ဟစ္လာတဲ့အသံေၾကာင့္ အိမ္ေအာက္ကိုဆင္းၾကည့္လိုက္ရာ ပုဆိုးကို ကြင္းသိုင္းၿပီး အူယားဖားယားေျပးလာတဲ့ စန္းလြင္ကိုျမင္လိုက္ရတယ္။
“ ေဟ့ေကာင္ စန္းလြင္… စန္းလြင္ ဘာျဖစ္တာလဲ”
“ သရဲ … သရဲေျခာက္လို႔ ေဟာဟဲ ေဟာဟဲ”
ရင္ဘတ္ကိုလက္နဲ႔ဖိၿပီး အသက္ကိုမနည္းရႈေနရတဲ့ စန္းလြင္က အေနာက္ကိုလွည့္ၾကည့္လိုက္ရာ
“ ေအာ္ ေအာ္ ေအာ္ႀကီးေရာ.. ေအာ္ႀကီး ဘယ္ေရာက္သြားတာလဲ”
“ ေအာ္ႀကီးမွမပါလာတာ… မင္းတစ္ေယာက္ထဲ ေျပးလာတာေလ”
“ မဟုတ္ဘူး… သူ ကြၽန္ေတာ္အေနာက္က ေျပးလာတာ၊ ဘယ္မွာက်န္ခဲ့လဲမသိပါဘူး”
ခဏေနေတာ့ ႐ြာကလူေတြေရာက္လာၿပီး အေနာက္မွာက်န္ခဲ့တဲ့ ေအာ္ႀကီးကို လိုက္ရွာခဲ့ၾကရာ ကန္သင္း႐ိုးေဘးမွာ မ်က္လုံးႀကီးျပဴးၿပီး သတိလစ္ေနတာကိုေတြ႕လိုက္ရတယ္။
+++++++
“ ဂ်ဳံး ဂ်ဳံး ဖြတ္ ဖြတ္ ဖြတ္ ဖြတ္”
ဖုန္တေထာင္းေထာင္းထေအာင္ေမာင္းႏွင္လာတဲ့ ဟိုင္းလက္ကားက သူေဌးကုန္း႐ြာအဝင္ဂိတ္ အေရာက္မွာေတာ့ အားအင္ကုန္ခမ္းသြားတဲ့သဖြယ္ ထိုးရပ္သြားခဲ့တယ္။
“ ေဟ့လူေတြ ေဟ့လူေတြ ေရာက္ၿပီဗ်… ေရာက္ၿပီ”
ကားစပါယ္ရာ ကိုစံေပါလႈပ္ႏႈိးလိုက္တာေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ က်ီးၾကည့္ေၾကာင္ၾကည့္နဲ႔ ကားေပၚကေနဆင္းလာခဲ့ၾကတယ္။
“ ကားခေပးၿပီးၿပီေနာ္”
“ ဟုတ္ပါတယ္… ေပးၿပီးပါၿပီ”
“ ဒါနဲ႔ ႐ြာမွာ ထမင္းဆိုင္ဘယ္နားရွိလဲဗ်”
“ ထမင္းဆိုင္က ေရွ႕ဘယ္တစ္ခ်ိဳးဆိုေရာက္ၿပီ”
ေမာင္ေကာင္းတို႔လဲ ဆာေလာင္ေနတဲ့ ဗိုက္ကိုျဖည့္တင္းရန္ထမင္းဆိုင္ရွိတဲ့ဘက္ကို ထြက္လာခဲ့ရာ လမ္းတစ္ဝက္အေရာက္မွာေတာ့ ယြန္းစံရဲ႕ ဘႀကီးျဖစ္သူနဲ႔ဆုံပါေလေရာ။
“ ဆရာေလးတို႔ပါလား… ဘယ္ကေန ဘယ္လိုျပန္ေရာက္လာၾကတာလဲ”
“ ဒီေကာင္ေလ… သူေဌးကုန္း႐ြာျပန္သြားမယ္ေျပာလို႔”
ခြန္းလွက ေမာင္ေကာင္းစကားေၾကာင့္ မ်က္ႏွာရဲခနဲျဖစ္သြားၿပီး
“ မဟုတ္ဘူးေလ… ကြၽန္ေတာ္ေျပာတာက…”
“ ဘယ္လိုျဖစ္ျဖစ္ဗ်ာ… ဆရာေလးတို႔ေရာက္လာတာ က်ဳပ္တို႔႐ြာအဖို႔ ကံေကာင္းတာပဲ”
“ ဟင္… ဘယ္လိုကံေကာင္းတာလဲ”
“ ဆရာေလးတို႔ထြက္သြားၿပီး ေနာက္ေန႔ ႐ြာမွာထူးဆန္းတာေတြႀကဳံပါေလေရာ၊ ေအာ္ႀကီးဆိုတဲ့ ႂကြက္လိုက္သမားတစ္ေယာက္ဆို သရဲေျခာက္ခံရၿပီး ႏွစ္ရက္ေလာက္ဖ်ားသြားေသးတယ္၊ အခုလဲ ညဘက္ေတြဆို အ႐ိုးေပၚအရည္တင္႐ုပ္နဲ႔ သရဲတစ္ေကာင္ ႐ြာစဥ္လွည့္ၿပီးေျခာက္ေနေလရဲ႕ဗ်ာ”
“ ႐ြာထဲမွာအရင္ကအဲလိုအျဖစ္ေတြရွိခဲ့ဖူးလား”
“ မရွိပါဘူးဆရာေလးတို႔ရယ္…အခုႀကဳံေနရတာက ပထမဆုံးပဲ”
“ ေနာက္ေတာ့ ထူးျခားတာဘာရွိေသးလဲ”
“ ထူးျခားတာဆိုလို႔ ႐ြာေတာ္ရွင္နန္းမွာ ကပ္ထားတဲ့ပန္းေတြ တစ္ညထဲႏြမ္းသြားတာပဲ၊ ဘယ္ေလာက္ပဲလန္းတဲ့ပန္းျဖစ္ပေစ မိုးလင္တာနဲ႔ ႏြမ္းၿပီးညိဳးက်သြားတာ၊ က်ဳပ္တို႔မ်ားအမွားလုပ္မိထားလားမသိပါဘူး”
ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ ဦးႀကီးေျပာတဲ့စကားကိုနားေထာင္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ အဓိပၸါယ္ပါပါၾကည့္လိုက္ၾကတယ္။
++++
“ တကူးကူး…ကူ၊ တကူးတကူး…ကူ”
အိမ္ေနာက္ဘက္ ေကာက္႐ိုးပုံဘက္ကေန ထြက္ေပၚလာတဲ့ ခ်ိဳးကူသံေၾကာင့္ အိပ္ယာခင္းေနတဲ့ ႏွင္းေမတစ္ေယာက္ ျပာသလဲလဲျဖစ္သြားခဲ့တယ္။
“ အေမ… ဒီေန႔ဘယ္ႏွစ္ရက္ေန႔လဲ”
“ လျပည့္ေက်ာ္၁၂ရက္ေန႔ေလ.. ဘာျဖစ္လို႔လဲ”
“ ဟင္… ကိုေမာင္ျမင့္နဲ႔ေတြ႕ဖို႔ေျပာထားတာ ဒီေန႔ပဲ… ငါ ဘယ္လိုသတိေမ့ေနရပါလိမ့္”
ႏွင္းေမက ကိုယ့္နားထင္ကို လက္နဲ႔ထုၿပီး
“ ဘာမွမျဖစ္ဘူးအေမ.. ဒီတိုင္းေမးလိုက္တာ”
“ ေအးေအး… နင့္အေဖအတြက္ အိပ္ယာျပင္ၿပီးၿပီလား”
“ ျပင္ၿပီးၿပီအေမ…”
“ နင္လဲေစာေစာအိပ္ဦး”
“ သမီး စာအုပ္ဖတ္ဦးမွာမို႔ အေမတို႔အရင္အိပ္ေလ”
ႏွင္းေမလဲ ဝတၱဳစာအုပ္ကိုေကာက္ယူၿပီး ျပဴတင္းေပါက္ကေန လွမ္းၾကည့္လိုက္ရာ ေကာက္႐ိုးပုံေဘးမွာ မတ္တပ္ရပ္ေနတဲ့ ကိုေမာင္ျမင့္ကိုျမင္လိုက္ရတယ္။
တစ္ေအာင့္ေလာက္ၾကာေတာ့ ႏွင္းေမတစ္ေယာက္ အိမ္ေနာက္ေဘးေပါက္ကေနအသာဆင္းကာ ေကာက္႐ိုးပုံေဘးကိုထြက္လာတဲ့အခ်ိန္ ခပ္တည္တည္မ်က္ႏွာနဲ႔ရပ္ေနတဲ့ ကိုေမာင္ျမင့္ကို ျမင္လိုက္ရတယ္။
“ အကို.. စိတ္ဆိုးေနတာလား၊ ႏွင္းေမ တကယ္ေမ့သြားလို႔ပါ စိတ္မဆိုးနဲ႔ေနာ္”
“ အင္းပါ… ေနာက္ဆိုမေမ့နဲ႔ဦး”
“ စိတ္ခ်ပါ… ေနာက္ဆို ႏွင္းေမ မေမ့ေတာ့ပါဘူး”
ကိုေမာင္ျမင့္က ႏွင္းေမစကားေၾကာင့္ စိတ္မဆိုးႏိုင္ေတာ့ပဲ တင္းရင္းေနတဲ့လက္ေမာင္းသားကို ဆြဲယူၿပီး ရင္ခြင္ထဲထည့္ထားလိုက္တယ္။
“ အကို…”
“ ေျပာေလ ႏွင္း…”
“ အကိုနဲ႔ခ်စ္သူျဖစ္ေနတာ အိမ္ကရိပ္မိေနၿပီသိလား”
“ ဟုတ္လား… အိမ္ကဘာေျပာေသးလဲ”
“ ဘာမွေတာ့မေျပာပါဘူး..ဒါေပမယ့္ ႏွင္းေမလဲအ႐ြယ္ေရာက္ေနၿပီဆိုေတာ့ မိသားဖသားပီပီလာေတာင္းရမ္းတာမ်ိဳးလိုခ်င္တဲ့သေဘာမ်ိဳးေတာ့ေျပာတယ္”
“ ဒီဝါကြၽတ္တာနဲ႔ လူႀကီးစုံရာေခၚၿပီး လာျမန္းမယ္ေလ”
“ အကို တကယ္ေျပာတာလား”
“ တကယ္ေပါ့ ႏွင္းရဲ႕..”
ေမာင္ျမင့္က ႏွင္းေမရဲ႕ပါးကိုနမ္းမလို႔ ကပ္သြားတဲ့အခ်ိန္ ေကာက္႐ိုးပုံေဘးမွာ လူတစ္ေယာက္ ေက်ာေပးၿပီးထိုင္ေနတာျမင္လိုက္ရတယ္။
“ ႏွင္း … ႏွင္းေမ…”
“ ေျပာေလ အကို…”
“ အေနာက္မွာ အေနာက္မွာထိုင္ေနတာ ဘယ္သူႀကီးလဲ”
ေမာင္ျမင့္စကားေၾကာင့္ ႏွင္းေမလွည့္ၾကည့္လိုက္ရာ ဖုန္ေတြသဲေတြေပက်ံေနတဲ့အဝတ္ကိုဝတ္ဆင္ထားတဲ့ လူတစ္ေယာက္ သူတို႔ကိုမ်က္လုံးျပဴးၿပီးၾကည့္ေနတာျမင္လိုက္ရတယ္။
ႏွင္းေမလဲ ႐ုတ္တရက္မို႔ အသံေတာင္မထြက္ႏိုင္ပဲ ေၾကာက္လန႔္သြားသလို တစ္ကိုယ္လုံးမွာရွိတဲ့ အားအင္ေတြကုန္ခန္းသြားသလို ေပ်ာ့ေခြသြားခဲ့တယ္။
“ ႏွင္းေမ… ေျပး ေျပး…”
ေမာင္ျမင့္က ႏွင္းေမလက္ကိုဆြဲကာ ထေျပးတဲ့အခ်ိန္ အ႐ိုးေငါေငါနဲ႔လူက အေနာက္ကေန ေျပးလိုက္လာတာျမင္လိုက္ရတယ္။
+++++++++
“ သရဲဆိုတာေသခ်ာလား”
ဦးသံေခ်ာင္းအသံက မာထန္ေနသလို ႏွင္းေမကိုၾကည့္တဲ့အၾကည့္ေတြက စူးရွေနခဲ့တယ္။
“ ဟုတ္ ဟုတ္ပါတယ္ ဦးေလး… ႏွင္းေမေဘးမွာ ႐ုတ္တရက္ႀကီးေပၚလာတာဗ်ာ”
“ ေဟ့ေကာင္ ေမာင္ျမင့္ မင္းကိုငါမေမးဘူး… ငါ့သမီးကိုငါေမးေနတာ”
“ ႏွင္းေမလဲ သရဲလို႔ထင္တာပဲ”
“ ႏွင္းေမေျပာတာဟုတ္မွာပါ ကိုသံေခ်ာင္းရယ္၊ စန္းလြင္တို႔ ေအာ္ႀကီးတို႔ႀကဳံခဲ့ရတဲ့သရဲကလဲ အခုလိုမ်ိဳးပုံစံပဲလို႔ေျပာၾကတယ္”
ေဒၚရင္ျမစကားေၾကာင့္ ဦးသံေခ်ာင္းက ႏွင္းေမကိုတစ္လွည့္ ေမာင္ျမင့္ကိုတစ္လွည့္ၾကည့္ေနတဲ့အခ်ိန္
“ ကိုသံေခ်ာင္း…”
“ ကိုထြန္းသိန္းပါလား… ဘယ္ကေနဘယ္လိုေရာက္လာၾကတာလဲ၊ ဧည့္သည္ေတြလဲပါလာတာကိုး”
“ ဟုတ္တယ္… ခုနက အိမ္မွာစကားေျပာေနရင္း ေအာ္သံၾကားလို႔ ဆရာေလးတို႔ကိုပါေခၚၿပီး လာခဲ့တာ”
“ ဒါက ႏြားေဝွ႔ပြဲတုန္းက ကူညီေပးခဲ့ၾကတဲ့ဆရာေတြမဟုတ္လား”
“ ဟုတ္တယ္ ကိုသံေခ်ာင္း၊ ဒါနဲ႔ ဘယ္လိုျဖစ္ၾကတာလဲ”
“ ဘယ္လိုျဖစ္ရမလဲ… ဒီဟာမေလးေပါ့… လူႀကီးေတြမသိေအာင္ခ်ိန္းေတြ႕ရင္း သရဲေျခာက္ခံရတာေလ”
ဦးသံေခ်ာင္းစကားေၾကာင့္ႏွင္းေမေရာ ေမာင္ျမင့္ပါ ဇက္ကေလးပုသြားခဲ့ၾကတယ္။
“ လူငယ္သဘာဝခ်ိန္းေတြတာ အထူးဆန္းမွမဟုတ္တာကိုသံေခ်ာင္းရယ္၊ ထူးဆန္းတာက အဲဒီသရဲ.. ဟိုေနရာေပၚလိုက္ ဒီေနရာေပၚလိုက္နဲ႔ တစ္႐ြာလုံး က်ီးလန႔္စာစားျဖစ္ေနၿပီ”
“ ကြၽန္ေတာ္တစ္ခုေလာက္ဝင္ေျပာလို႔ရမလား”
“ ရပါတယ္ဆရာေလး ေျပာပါ”
“ ညေနက ကြၽန္ေတာ္တို႔ ႐ြာေတာ္ရွင္နန္းကိုသြားၾကည့္ေတာ့ ႐ြာအေတာ္နာေနတာျမင္ခဲ့ရတယ္”
“ ႐ြာနာတယ္ဆိုတာက ဘာကိုဆိုလိုတာလဲဆရာေလး”
“ ဒီလိုဗ်ာ… ႐ြာတိုင္း႐ြာတိုင္းမွာ ေစာင့္ၾကပ္ရတဲ့ပုဂၢိဳလ္ဆိုတာရွိတယ္၊ အဲဒီပုဂၢိဳလ္မရွိေတာ့ဘူးဆိုရင္ ႐ြာနယ္နိမိတ္ထဲကို ပတ္ဝန္းက်င္ကနာနာဘာဝေတြဝင္လာတတ္ၾကတယ္၊ ဒါကိုအရပ္စကားအရ ႐ြာနာတယ္လို႔ေခၚတာ”
“ ဟင္… ဒါဆို ဆရာေလးေျပာခ်င္တာက က်ဳပ္တို႔႐ြာေတာ္ရွင္နန္းမွာ ဘယ္သူမွမရွိေတာ့ဘူးဆိုတဲ့သေဘာလား”
“ ဟုတ္တယ္… ဒါေၾကာင့္ ပူေဇာ္သမွ်ပန္းေတြ ညိဳးႏြမ္းကုန္တာပဲ”
ေမာင္ေကာင္းတို႔ စကားေျပာေနတဲ့အခ်ိန္ ၿခံထဲကို အေမာတေကာေျပးဝင္လာတဲ့ ယြန္းစံကိုျမင္လိုက္ရတယ္။
“ ဘႀကီး… ဘႀကီး… အေမ သတိလစ္သြားလို႔ လာၾကည့္ပါဦး”
“ ေဟ… နင့္အေမက ဘယ္လိုျဖစ္တာလဲ”
“ ယြန္းစံလဲမေျပာတတ္ဘူး… ေအာ္သံၾကားလို႔သြားၾကည့္တာ အိမ္သာေရွ႕သတိလစ္ေနတာပဲ”
“ ေအးေအး… ငါအခုလာခဲ့မယ္”
“ ခြန္းလွ မင္းလိုက္သြားေပးလိုက္၊ ငါဒီမွာေနၿပီး သိခ်င္တာေတြေမးလိုက္ဦးမယ္”
“ ဒါဆို ကြၽန္ေတာ္လိုက္သြားေပးလိုက္မယ္”
ခြန္းလွတို႔ အိမ္ကိုေရာက္ေတာ့ ေၾကာက္လန႔္ၿပီး အေမာမေျပေသးတဲ့ မိန္းမႀကီးတစ္ေယာက္ကိုျမင္လိုက္ရတယ္။
“ မိစံ.. နင္ဘယ္လိုေနေသးလဲ”
“ အခုထိေၾကာက္စိတ္မေျပေသးဘူး ကိုႀကီးရယ္၊ ႏွလုံးေတြတုန္ေနတုန္းပဲ”
“ ေဒၚေလး… ဘယ္လိုႀကဳံခဲ့တာလဲေျပာျပလို႔ရလား”
“ ေျပာရမယ္ဆိုရင္ အိမ္သာတက္ေနတုန္း နံရံကို လက္နဲ႔လာပုတ္တဲ့အသံၾကားတယ္၊ ခဏေနေတာ့ အိမ္သာတံခါးကို လက္နဲ႔ကုတ္တဲ့အသံထပ္ၾကား ျပန္ေရာ၊ အိမ္မွာက ေခြးေတြေမြးထားေတာ့ သူတို႔ေတြအေနာက္ကလိုက္လာတယ္ထင္ေနတာ၊ အဲဒီအခ်ိန္ တအီးအီးနဲ႔ငိုတဲ့အသံထြက္လာပါ ေလေရာ၊ ေဒၚေလးလဲအသံၾကားတာနဲ႔ ရင္တုန္ေနတာမို႔ အိမ္သာတံခါးကိုဖြင့္ၿပီး အျပင္ထြက္လိုက္တဲ့အခ်ိန္ မီးခိုးၾကပ္တိုက္ထားသလို ေျခာက္ကပ္ေနတဲ့လူတစ္ေယာက္က အိမ္သာေရွ႕မွာ ငုတ္တုတ္ထိုင္ငိုေနတာ၊ အဲဒီမွာေဒၚေလး အသိစိတ္လုံးဝလြတ္သြားၿပီး ေမ့လဲသြားတာပဲ”
“ ယြန္းစံေရာက္သြားေတာ့ အျခားဘယ္သူကိုျမင္လိုက္ေသးလဲ”
“ ဟအင္း… ဘယ္သူမွမရွိဘူး အေမတစ္ေယာက္ထဲ ေခြေခြေလးလဲက်ေနတာ”
“ တစ္ညထဲ ႏွစ္ေယာက္ေတာင္ ေျခာက္ခံထိတာဆိုေတာ့ တစ္႐ြာလုံးလန႔္ေနေတာ့မွာပဲ”
“ ဟုတ္တာေပါ့ဆရာေလးရယ္… ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကရင္ေကာင္းမလဲ”
“ ဒီေကာင္က တစ္႐ြာလုံးပတ္သြားေနတာဆိုေတာ့ ေၾကာက္တတ္တဲ့သူေတြအဖို႔ အိမ္ျပင္မထြက္တာ အေကာင္းဆုံးပဲ၊ ကြၽန္ေတာ္လဲ ဘယ္လိုလုပ္သင့္တယ္ဆိုတာ အကိုနဲ႔ျပန္တိုင္ပင္လိုက္ပါဦးမယ္”
“ ယြန္းစံ.. ဆရာေလးေျပာတာၾကားတယ္မလား”
“ ဟုတ္ကဲ့ ဘႀကီး.. ယြန္းစံလဲအျပင္မထြက္ပါဘူး”
ခြန္းလွတို႔ ယြန္းစံတို႔အိမ္ကထြက္လာေတာ့ လမ္းမွာ ေမာင္ေကာင္းနဲ႔ဆုံခဲ့ၾကတယ္။
“ အကို … ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ရင္ေကာင္းမလဲ”
“ အဲဒီေကာင္က ငါတို႔ကိုလာမရွာခင္၊ ငါတို႔ကအရင္ရွာၾကတာေပါ့၊ ေအာ္ ဦးႀကီးအေနနဲ႔ တစ္ခုေလာက္ကူညီေပးလို႔ရလား”
“ ေျပာပါဆရာေလး… က်ဳပ္ဘာလုပ္ေပးရမလဲ”
“ ႏြား႐ိုက္ႀကိမ္ေကာင္းေကာင္းေလးတစ္ခုေလာက္ ရွာေပးပါလား”
“ ဘာမ်ားလဲလို႔ဆရာေလးရယ္… က်ဳပ္အိမ္မွာ ရွိပါတယ္ဗ်”
“ ဒါဆို အိမ္အရင္ျပန္ၾကတာေပါ့”
ေမာင္ေကာင္းတို႔ ဦးထြန္းသိန္းအိမ္ေရာက္ေတာ့ ခြန္းလွကအနားကပ္လာၿပီး
“ အကို ႏြား႐ိုက္ႀကိမ္က ဘာလုပ္ဖို႔ေတာင္းတာလဲ”
“ ေနာက္ေတာ့သိရမွာေပါ့ကြာ…ဟဲဟဲ”
ေမာင္ေကာင္းက ရယ္က်ဲက်ဲလုပ္ၿပီး ဦးထြန္းသိန္းေပးတဲ့ႀကိမ္ကိုယူကာ အိမ္ေနာက္ေဘးဘက္ထြက္သြားခဲ့တယ္။
+++++
ညကားတစ္ခ်က္ထိုးအခ်ိန္ေရာက္ေနၿပီမို႔ တစ္႐ြာလုံးအပ္က်သံပင္မၾကားေလာက္ေအာင္ တိတ္ဆိတ္ေနခဲ့တယ္။
ေမာင္ေကာင္းကေတာ့ ႀကိမ္လုံးတစ္လုံးနဲ႔ဘုရားေက်ာင္းေဆာင္ေရွ႕မွာ အလုပ္ရႈပ္ေနၿပီး ခြန္းလွကေတာ့ အိမ္ေရွ႕ဝရန္တာမွာထြက္ကာရပ္ေနခဲ့တယ္ ခဏၾကာေတာ့ ေမာင္ေကာင္းေရာက္လာၿပီး
“ ခြန္းလွ ဒီမွာၾကည့္စမ္း”
“ ဟင္… ႀကိမ္လုံးမွာ ဟသၤာျပဒါးေတြနဲ႔ အင္းေတြဆြဲထားပါလား”
“ အင္း… ဘာျဖစ္လို႔ဆြဲထားတာလဲမေမးေတာ့ဘူးလား”
“ ေမးတာပဲ အကိုမွမေျဖတာ ဒါေၾကာင့္ထပ္မေမးေတာ့တာ”
“ ခုနက ဦးထြန္းသိန္းရွိေနလို႔ ငါကမေျပာတာပါကြာ”
“ ဘာကိစၥမို႔လို႔လဲအကို”
“ ႐ြာထဲမွာ အျခားနာနာဘာဝေတြအမ်ားႀကီး ေရာက္ေနတယ္”
“ အကိုက ဘယ္မွာေတြ႕ခဲ့တာလဲ”
“ မင္းတို႔ ယြန္းစံတို႔အိမ္သြားတဲ့အခ်ိန္ ငါနဲ႔ ဦးသံေခ်ာင္း သူတို႔အိမ္အေနာက္ဘက္ကို ေရာက္ခဲ့ေသးတယ္၊ လယ္ကြင္းထဲမွာ မ်က္လုံးနီနီေတြဆိုတာ မေရမတြက္ႏိုင္ေအာင္ပဲကြ”
“ ဒီေကာင္ေတြက်ေတာ့ ဘာလို႔႐ြာထဲမဝင္လာတာလဲ”
“ ငါ့စိတ္ထဲထင္တာေျပာရရင္ တစ္႐ြာလုံးကို ေျခာက္လွန႔္ေနတဲ့ေကာင္ကို တစ္ေယာက္ေယာက္က ႐ြာထဲေခၚသြင္းလာမိတာ”
“ ဒါေၾကာင့္ ႐ြာေတာ္ရွင္ထြက္သြားတာမ်ားလား”
“ ဟုတ္ေလာက္တယ္၊ ပထမဆုံးေျခာက္လွန႔္ခံထိတဲ့သူေတြေျပာစကားအရ အဲဒီေကာင္က သူ႔အ႐ိုးကိုလိုက္ရွာေနတယ္ဆိုပဲ”
“ ဒါနဲ႔ ဒီႀကိမ္လုံးကဘာဆိုင္လို႔လဲ”
“ ႐ြာထဲဝင္လာတဲ့ေကာင္ေတြထဲမွာ စ႐ိုက္ၾကမ္းတဲ့ေလာကသားေတြအမ်ားႀကီးပါလာ မွာ၊ ဒါက သူတို႔အတြက္ သီးသန႔္လုပ္ထားတာေလ”
“ ဒါဆို ဒီည ႐ြာထဲပတ္ၾကမလား”
“ သြားရမွာေပါ့… တစ္႐ြာလုံးပတ္ေမႊေနတဲ့ေကာင္နဲ႔ ငါနဲ႔ေတာ့ေတြ႕ၾကၿပီေလ”
“ ခဏေလး… အျပင္မသြားခင္ လုပ္စရာရွိေသးတယ္”
ခြန္းလွက ဘုရားေက်ာင္းေဆာင္ေရွ႕သြားၿပီး အင္းတစ္ခ်ပ္ေပၚမွာဖေယာင္းတိုင္ထြန္းကာ အေရွ႕အေနာက္ေတာင္ေျမာက္ကိုလက္ညိဳးထိုးေနတာျမင္လိုက္ရတယ္။
“ ရၿပီအကို သြားၾကရေအာင္”
“ ခုနက မင္းဘာလုပ္ေနတာလဲ”
“ ဘာလုပ္ရမလဲ… ကြၽန္ေတာ္တို႔ ဓါတ္မီးတကားကားနဲ႔ေလ်ာက္သြားေနရင္ ႐ြာကလူေတြတစ္မ်ိဳးထင္ၾကမွာေပါ့၊ ဒါေၾကာင့္ ဘယ္သူမွမႏိုးေအာင္ အင္းခ်ထားတာ”
“ ေအး… မင္းအႀကံကေကာင္းသားပဲ၊ လာ သြားၾကရေအာင္”
ႏွစ္ေယာက္သား အိမ္ေပၚကေနဆင္းၿပီး ႐ြာလမ္းမအတိုင္းေလ်ာက္လာခဲ့ၾကတယ္။ ဒီလိုနဲ႔ အတန္သင့္ႀကီးမားတဲ့စိန္ပန္းပင္ေရွ႕အေရာက္မွာေတာ့ သစ္ကိုင္းေပၚမွာတြဲေလာင္းခိုေနတဲ့ မဲမဲေကာင္ တစ္ေကာင္ကိုျမင္လိုက္ရတယ္။
“ ဒီေကာင္က ႐ြာခံသရဲပဲျဖစ္ရမယ္”
ေမာင္ေကာင္းက တီးတိုးေရ႐ြတ္ရင္း စိန္ပန္းပင္ေအာက္မွာရပ္လိုက္တဲ့အခ်ိန္ တြဲခိုေနတဲ့ေကာင္ရဲ႕လက္က ေရာ္ဘာလိုရွည္ထြက္လာၿပီးေျခေထာက္က ေျမႀကီးေပၚကိုေရာက္လာခဲ့တယ္။
“ ဆရာတို႔က်ဳပ္ကိုျမင္ေနရတာလား”
“ ညဦးပိုင္း ဒီအေရွ႕ကေနျဖတ္ထဲက သင့္ကိုျမင္ရတာ၊ ဒါနဲ႔လက္ကဘာျဖစ္လို႔ သစ္ကိုင္းကိုကိုင္ထားတာလဲ”
“ သစ္ကိုင္းကိုလက္နဲ႔မကိုင္ထားရင္ မတ္တပ္ရပ္လို႔မရဘူးဆရာ၊ ေျခေထာက္ေတြက သားရည္ပဲရွိၿပီးအထဲမွာအ႐ိုးမပါလို႔ပါ”
မဲမဲေကာင္က သူ႔ေျခေထာက္ကို လႈပ္ျပရာ ေရာ္ဘာအေပ်ာ့လိုေပ်ာ့ေခြေနတာျမင္လိုက္ရတယ္။
“ သင္ဒီမွာေနတာၾကာၿပီလား”
“ ႏွစ္ေပါင္းေျခာက္ဆယ္ေက်ာ္ပါၿပီ”
“ ဒါဆို အခု႐ြာထဲမွာျဖစ္ေနတာကိုသင္လဲသိမွာေပါ့”
“ သိပါတယ္…”
“ အခုအဲဒီေကာင္ဘယ္မွာရွိေနလဲ”
“ အဲဒါေတာ့ က်ဳပ္လဲမသိဘူး၊ သူက ေနရာအႏွံ႔လိုက္သြားၿပီး အ႐ိုးေတြလိုက္ရွာေနတာပဲသိတယ္”
“ သူေရာက္လာေတာ့ သင္တို႔လို ႏွစ္ခ်ိဳ႕ပုဂၢိဳလ္ေတြ ဘာမွမေျပာၾကဘူးလား”
“ သူ႔အ႐ိုးေတြက ႐ြာထဲမွာရွိေနတာေၾကာင့္ ဘယ္သူမွေမာင္းထုတ္လို႔မရဘူး၊ ႐ြာေတာ္ရွင္ေတာင္ အျခားေနရာေရွာင္ထြက္သြားတာ ဆရာတို႔လဲသိမယ္ထင္ပါတယ္”
“ ဒါဆို သူ႔အ႐ိုးေတြကို ႐ြာထဲကေန ထုတ္ပစ္ရမယ္လို႔ေျပာခ်င္တာလား”
“ ဟုတ္ပါတယ္… ဒါေပမယ့္ အျခားေကာင္ေတြလဲ ႐ြာထဲကိုဝင္ဖို႔ေခ်ာင္းေနၾကတယ္ဆရာ”
“အဲဒီကိစၥ က်ဳပ္တို႔လုပ္လိုက္မယ္၊ သင္လဲကိုယ့္ေနရာကိုယ္ျပန္ေနပါ”
ေမာင္ေကာင္းစကားသံအဆုံးမွာ ရွည္က်ေနတဲ့လက္ကအေပၚကို တိုဝင္သြားခဲ့တယ္။
“ ငါထင္ေတာ့ထင္သား… ဘယ္ေကာင္လက္ကျမင္းၿပီး အစိမ္းေသအ႐ိုးအိုးကို ႐ြာထဲသယ္လာလဲမသိဘူး”
“ ေလာေလာဆယ္အ႐ိုးရွာေနတဲ့ေကာင္ထက္ ႐ြာထဲဝင္ဖို႔ေခ်ာင္းေနတဲ့ေကာင္ေတြကိုအရင္ေမာင္းထုတ္ရမယ္ထင္တယ္ေနာ္”
“ ဟုတ္တယ္… ဒီေကာင္ေတြသာ ႐ြာထဲေရာက္လာရင္ အကုန္ဒုကၡေရာက္ကုန္လိမ့္မယ္”
“ အခုဘယ္အခ်ိန္ရွိၿပီလဲ”
“ ညႏွစ္နာရီမထိုးေသးဘူး”
“ ႐ြာအေနာက္ဘက္ကြင္းစပ္ကိုသြားရေအာင္”
“ ေနဦးအကို… ကြၽန္ေတာ္တို႔အေနာက္ဘက္သြားရင္ အေရွ႕ဘက္ကေနဝင္လာလိမ့္မယ္”
“ အဲဒီအတြက္ ႐ြာေတာ္ရွင္နန္းမွာ ေနစၾကၤာစမျမဳပ္ထားခဲ့တယ္၊ ႏွစ္ခါေသမွာမေၾကာက္တဲ့ေကာင္ဝင္ေပါ့ကြာ”
ေမာင္ေကာင္းက ခပ္ေထ့ေထ့ေျပာၿပီး ႏြား႐ိုက္ႀကိမ္ကို ပခုံးေပၚတင္ကာ အေနာက္ဘက္ကြင္းစပ္ဘက္ကို ထြက္သြားခဲ့တယ္။
++++++
“ အူး… ဝူးး ဝူးးး”
ေခြးအူသံေၾကာင့္ ေမာင္ေကာင္းက ကြင္းဘက္ကိုၾကည့္ၿပီး
“ ဒီေကာင္ေတြ အုပ္လိုက္တက္လာၾကၿပီထင္တယ္”
“ ျမတ္စြာဘုရား… နည္းတဲ့အေရအတြက္မဟုတ္ပါလား”
ခြန္းလွ ေျပာလဲေျပာခ်င္စရာ၊ နီရဲေနတဲ့မ်က္လုံးအစုံေတြက မ်က္စိတစ္ဆုံး။
“ အကို တစ္ေယာက္ထဲျဖစ္ပါ့မလား”
“ ျဖစ္ပါတယ္ကြ… ဒီေကာင္ေတြ ႐ြာထဲကိုေျခတစ္လွမ္းေတာင္မခ်ေစရဘူး”
ေမာင္ေကာင္းက ႀကိမ္ကိုေလထဲ႐ႊပ္ခနဲ ႐ြပ္ခနဲ႐ိုက္ၾကည့္လိုက္တဲ့အခ်ိန္ မလွမ္းမကမ္းမွာရွိတဲ့သစ္ပင္ေပၚကေန ဘုတ္ခနဲ ဘုတ္ခနဲ ခုန္ခ်ၿပီးထြက္ေျပးၾကတဲ့ ေျခသံေတြကိုၾကားလိုက္ရတယ္။
“ အသာလုပ္ပါအကိုေရ… ႐ြာထဲမွာရွိတဲ့ေကာင္ေတြေတာင္ လန႔္ေျပးကုန္ၿပီ”
“ ေအးပါ… ငါက လက္ဆခ်ိန္ၾကည့္တာပါကြ”
အဲဒီအခ်ိန္ ႐ြာျပင္ကေနတက္လာတဲ့ နာနာဘာဝအုပ္ေတြက ေမာင္ေကာင္းနဲ႔ ဝါးတစ္ျပန္အကြာကိုေရာက္လာခဲ့တယ္။
“ ရွပ္ ရွပ္ ရွပ္”
႐ုတ္တရက္ၾကားလိုက္ရတဲ့ေျခသံေၾကာင့္ ခြန္းလွအေနာက္ကိုလွည့္ၾကည့္လိုက္ရာ က်ိဳးတိုးက်ဲတဲဆံပင္၊ မြဲေျခာက္ေနတဲ့အသားအရည္၊ ေဟာက္ပက္ျဖစ္ေနတဲ့မ်က္လုံးနဲ႔လူတစ္ေယာက္ ေျမႀကီးကိုလက္နဲ႔ယက္ေနတာျမင္လိုက္ရတယ္။
“ အကို ဟိုေကာင္ကိုေတြ႕ၿပီ… ကြၽန္ေတာ္သြားဖမ္းလာခဲ့မယ္”
“ ခြန္းလွ… မင္းျဖစ္ရဲ႕လား”
“ ျဖစ္ပါတယ္ဗ်… အကိုသာ လက္အံမေသေအာင္ လုပ္ထား”
ခြန္းလွ ေအာ္ေျပာၿပီး ေျမႀကီးကိုယက္ေနတဲ့ဘက္ကို ေျပးထြက္လာရာ ဆယ္ေပေလာက္အလိုမွာပဲ မ်က္စိေအာက္ကေန ဖ်တ္ခနဲေပ်ာက္ကြယ္သြားခဲ့တယ္။
“ ဒီေကာင္ ဘယ္ေရာက္သြားပါလိမ့္…”
ေဘးဘယ္ညာကိုလိုက္ၾကည့္ၿပီးေရ႐ြတ္ေနတဲ့အခ်ိန္ ခပ္လွမ္းလွမ္းက အိမ္ၾကားထဲကိုဝင္သြားတဲ့အရိပ္ တစ္ခုကိုျမင္လိုက္ရတယ္။
ဒါေပမယ့္ ခြန္းလွေရာက္လာရင္ လူရိပ္ကေပ်ာက္ေပ်ာက္သြားတာမို႔ အနည္းငယ္ေဒါသထြက္လာခဲ့တယ္။
“ မဟုတ္ေသးပါဘူး… ဒီေကာင္က ငါ့ကို အ႐ူးလုပ္ေနတာမ်ားလား”
“ အဟီးအဟီး ဟက္ဟက္ဟက္”
ရယ္သံကေက်ာဘက္ကေန ထြက္လာတာမို႔ လွည့္ၾကည့္လိုက္ရာ ေဆာင့္ေၾကာင့္ထိုင္ၿပီး ျပဴးၾကည့္ေနတဲ့ငနဲသားကိုျမင္လိုက္ရတယ္။
ခြန္းလွလဲ သူ႔ကိုထိုင္ၾကည့္ေနတဲ့ေကာင္ကိုေစ့ေစ့ၾကည့္ၿပီး
“ မင္းရဲ႕ အ႐ိုးေတြကိုလိုက္ရွာေနတာလား” လို႔ေမးလိုက္ရာဟိုက ေခါင္းညိမ့္ျပတယ္။
“ ငါကမင္းအ႐ိုးေတြ ေတြ႕ေအာင္ကူညီၿပီးရွာေပးမယ္၊ အ႐ိုးေတြျပန္ရရင္ ဒီ႐ြာကေနထြက္သြားမလား”လို႔ေမးလိုက္ေတာ့ ဟိုကေခါင္းညိမ့္ျပတယ္။
“ မင္းအ႐ိုးေတြကို ဘယ္သူယူခဲ့တာလဲဆိုတာ ငါ့ကိုေျပာ၊ ဒါမွ မင္းေနတဲ့ေနရာကိုျပန္ပို႔ေပးလို႔ရမွာ”
ခြန္းလွစကားေၾကာင့္ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ေကာင္က မဲနက္ေနတဲ့လက္နဲ႔ ႐ြာအေရွ႕ဘက္ကိုလက္ညိဳးထိုးၿပီး
“ အုန္း… ေဖ” လို႔ပီပီသသႀကီးေျပာကာ မ်က္စိေအာက္ကေနေပ်ာက္ကြယ္သြားခဲ့တယ္။
ခြန္းလွလဲ နာမည္သိလိုက္ရၿပီမို႔ ေမာင္ေကာင္းရွိတဲ့ဘက္ကိုေျပးထြက္လာခဲ့လိုက္တယ္။ ကြင္းစပ္နားေရာက္ေတာ့ ပုတ္ေလာက္ႀကီးတဲ့နာနာဘာဝအေကာင္သုံးဆယ္ေလာက္ ေျမႀကီးမွာလူးလိမ့္ေနၿပီး ခႏၶာကိုယ္မွာလဲ မီးစြဲေလာင္ေနတဲ့အရႈိးရာေတြေပၚေနတာျမင္လိုက္ရတယ္။
“ ဒီလူ ဘယ္ေရာက္သြားျပန္ပီလဲမသိဘူး”
ခြန္းလွက လူးလိမ့္ေနတဲ့ နာနာဘာဝေတြကိုပဲျမင္ၿပီး ေမာင္ေကာင္းကိုမေတြ႕တာေၾကာင့္ ေဘးဘီကိုၾကည့္လိုက္ရာ သစ္ေျခာက္ပင္ေအာက္မွာ မဲမဲေကာင္တစ္ေကာင္ရဲ႕လည္ၿမိဳကိုတက္နင္းထားတဲ့ လူရိပ္တစ္ခုကိုျမင္လိုက္ရတယ္။
“ အကို…. အဆင္ေျပလားဗ်”
“ ေအး…. ေျပတယ္.. ဒီေကာင္တစ္ေကာင္ပဲ အခ်ိဳးမေျပလို႔ ဆုံးမေနတာ”
ခြန္းလွလဲ ေမာင္ေကာင္းအသံေၾကာင့္ ရယ္လိုက္ၿပီး သစ္ေျခာက္ပင္ေအာက္ကိုသြားၾကည့္ရာ မ်က္ႏွာမွာ ေလာက္ေတြတက္ေနတဲ့ ဓါးဒဏ္ရာနဲ႔နာနာဘာဝတစ္ေကာင္ကို တက္နင္းထားတဲ့ ေမာင္ေကာင္းကိုျမင္လိုက္ရတယ္။
“ မင္းေရာ ဟိုေကာင္ကိုဖမ္းမိလား”
“ သူ႔ကိုဖမ္းလို႔မရဘူးဗ်… ဒါေပမယ့္ အ႐ိုးေတြဘယ္မွာရွိတယ္ဆိုတဲ့သဲလြန္စေတာ့ရခဲ့တယ္”
ခြန္းလွစကားေၾကာင့္ ေမာင္ေကာင္းက တက္နင္းထားတဲ့ေကာင္ကို လႊတ္လိုက္ၿပီး
“ ေနာက္တစ္ခါ ဒီ႐ြာထဲကို ဝင္မယ္ဆိုရင္ အကုန္လုံးမီးေလာင္တိုက္သြင္းပစ္မယ္ ၾကားလား” လို႔ေျပာလိုက္ရာ ေအာက္မွာလဲက်ေနတဲ့ေကာင္က တုန္ရီတဲ့ဟန္နဲ႔ ေခါင္းကိုညိမ့္ျပကာ ကြင္းဘက္ကို ထေျပးသြားခဲ့တယ္။
“ ဆရာရွိတုန္းကက်ေတာ့ ဒီလိုမဟုတ္ဘူးေနာ္ ဟဲဟဲ”
“ ဆရာရွိေတာ့လဲ ရွိသလို၊ မရွိေတာ့လဲ မရွိသလိုေနရတာေပါ့ကြာ၊ အခ်ိဳ႕ေကာင္ေတြက အခုလိုလုပ္ေပးမွ ေတာ္ကာက်တယ္၊ ဒါေပမယ့္ ဆရာ့ကိုေတာ့ သတိရတယ္ကြ”
ေမာင္ေကာင္းအသံက ခုနကလိုမဟုတ္ေတာ့ပဲ ခ်က္ခ်င္းေပ်ာ့သြားတာကို ခြန္းလွသတိထားမိခဲ့တယ္။
“ မၾကာခင္ေတာ့ျပန္ေတြ႕ရမွာေပါ့ဗ်ာ… ေလာေလာဆယ္ ဟိုေကာင္ရဲ႕အ႐ိုးကိုရွာဖို႔အေရးႀကီးတယ္”
“ ေအး… အ႐ိုးကဘယ္မွာရွိတယ္ေျပာလဲ”
“ အ႐ိုးဘယ္မွာရွိတယ္ေတာ့မေျပာဘူး… အုန္းေဖဆိုတဲ့နာမည္ကိုပဲေျပာခဲ့တာဗ်”
“ အုန္းေဖ ဟုတ္လား… အဲဒီနာမည္ကိုေတာ့ မနက္က်မွေမးၾကည့္ရတာေပါ့”လို႔ေျပာကာ ႐ြာထဲကိုျပန္ဝင္လာခဲ့ၾကတယ္။
++++++
“ အုန္းေဖ… ဟုတ္လား”
“ ဟုတ္တယ္ ဦးႀကီး… အဲဒီနာမည္ကိုၾကားဖူးလား”
“ အုန္းေဖက ေသသြားတာ ေလးႏွစ္ေလာက္ရွိေရာေပါ့”
“ ဗ်ာ…”
“ ႐ြာမွာျဖစ္တဲ့ကိစၥနဲ႔ အုန္းေဖက ဘယ္လိုပတ္သတ္ေနလို႔လဲ”
“ ဒုကၡပဲ… အဲဒါဆို ဘယ္ကေန လိုက္ရပါ့မလဲ”
“ ဆရာေလးတို႔ ဦးႀကီးကို ပြင့္ပြင့္လင္းလင္းေျပာ၊ အုန္းေဖကိုဘာလို႔ေမးတာလဲ”
“ ညက ကြၽန္ေတာ္တို႔ ေျခာက္လွန႔္ေနတဲ့ေကာင္နဲ႔ေတြ႕ခဲ့တယ္”
“ ေဟ…”
“ ဟုတ္တယ္ ဦးႀကီး… အဲဒီမွာသူက အ႐ိုးေတြယူထားတဲ့သူနာမည္ကိုေျပာျပခဲ့တာ”
“ အုန္းေဖက အ႐ိုးေတြကိုယူၿပီး ဘာလုပ္ထားတာလဲ၊ မဟုတ္မွလြဲေရာ သူက အဲဒီေကာင္ကိုေမြးထားတာမ်ားလား”
“ ဦးႀကီးေျပာတာျဖစ္ႏိုင္တယ္… အုန္းေဖဆိုတဲ့လူကေရာ အဲလိုပညာေတြတတ္တယ္လို႔ၾကားဖူးလား”
“ သူက ေအးေဆးသမားပါပဲ… ၿခံေတြ လယ္ေတြလဲအမ်ားႀကီးပိုင္တယ္၊ အဲ ေနဦး… ေအာ္ႀကီးနဲ႔ စန္းလြင္တို႔ ေျခာက္ခံထိတဲ့ေနရာက အုန္းေဖပိုင္တဲ့လယ္ကြက္မွာပဲေလ”
“ ဒါဆို ဦးအုန္းေဖက သူ႔လယ္ေတြကို အေစာင့္ခ်ထားခဲ့တာမ်ားလား၊ အဲလိုဆိုရင္လဲ ဒီေကာင္က လယ္ထဲမွာပဲရွိေနရမွာကို ဘယ္လိုေၾကာင့္ ႐ြာထဲေရာက္လာတာလဲ”
“ ဦးအုန္းေဖရဲ႕မိသားစုက ႐ြာမွာပဲေနတာလား”
“ ဟုတ္တယ္… ႐ြာလယ္ဓမၼာ႐ုံေဘးက ႏွစ္ထပ္အိမ္ကသူတို႔အိမ္ပဲေလ”
“ အခု ကြၽန္ေတာ္တို႔သြားေတြ႕လို႔ရမလား”
“ ရပါတယ္… ဦးႀကီးေခၚသြားေပးမယ္ေလ”
ေမာင္ေကာင္းတို႔လဲ ခ်က္ခ်င္းပဲ ဦးအုန္းေဖတို႔အိမ္ရွိတဲ့ဘက္ကိုထြက္လာခဲ့လိုက္တယ္။ အိမ္ေရာက္ေတာ့ အသက္၅၀အ႐ြယ္ မိန္းမတစ္ေယာက္သာရွိၿပီး သားသမီးေတြက အျခားၿမိဳ႕ေတြမွာေနထိုင္တာကိုသိလိုက္ရတယ္။
အဲဒီအခ်ိန္ ၿခံထဲကို ေကာက္႐ိုးေတြတင္လာတဲ့ ႏြားလွည္းတစ္စီး ဝင္လာတာကိုျမင္လိုက္ရတယ္။
“ ႀကီးေဒၚေရ… ေကာက္႐ိုးေတြ အိမ္ေနာက္မွာပုံလိုက္ရမလား”
“ ေအးေအး ေမာင္ဆန္း… ငါဒီမွာဧည့္သည္ေတြေရာက္ေနလို႔ ကိုယ့္ဘာသာလုပ္လိုက္ေနာ္”
“ ဟုတ္ ဟုတ္ကဲ့ ႀကီးေဒၚ”
“ ကိုထြန္းသိန္း ျမင္တဲ့အတိုင္း ကြၽန္မမွာလဲ ဒီေကာင္ေလးကိုပဲအားကိုးေနရတာ၊ သားသမီးေတြကေတာ့ လယ္မလုပ္ႏိုင္လို႔ၿမိဳ႕ေပၚတက္ေနေလရဲ႕”
“ ေမာင္ဆန္းက အားကိုးရပါတယ္… အခုမခိုင္တို႔လယ္ေတြကိုသူပဲဦးစီးေနတာမလား
“ ဟုတ္တယ္… ၿခံေရာလယ္ေရာ သူပဲ ဦးစီးေနတာ”
ဦးထြန္းသိန္းနဲ႔ မခိုင္တို႔စကားေျပာေနတဲ့အခ်ိန္ ေမာင္ေကာင္းက ႐ုတ္တရက္အိမ္ေနာက္ေဘးဘက္ကိုထြက္သြားခဲ့တယ္။ခဏၾကာေတာ့ ေမာင္ေကာင္း ျပန္ေရာက္လာၿပီး ခြန္းလွေဘးမွာဝင္ထိုင္လိုက္တယ္။
ဦးအုန္းေဖတို႔အိမ္ကထြက္လာတဲ့အခ်ိန္ ေမာင္ေကာင္းက
“ အ႐ိုးေတြရွိတဲ့ေနရာကြၽန္ေတာ္သိၿပီ” လို႔ေျပာေတာ့ ခြန္းလွေရာ ဦးထြန္းသိန္းပါ အံ့ဩသြားခဲ့တယ္။
“ အ႐ိုးေတြကဘယ္မွာရွိေနတာလဲ”
“ ႐ြာအေနာက္ဘက္ကအမႈိက္ပုံမွာသြားပစ္ ထားတယ္တဲ့”
“ ဘယ္သူက အ႐ိုးေတြကိုသြားပစ္ထားတာလဲ”
“ ေမာင္ဆန္းေပါ့..”
“ မခိုင္ အိမ္မွာခိုင္းေနတဲ့ ေမာင္ဆန္းလား”
“ ဟုတ္တယ္ ဦးႀကီး… ခုနက ေျပာတဲ့ထဲ လယ္ကိုသူပဲဦးစီးေနတယ္ဆိုတာ ပါတယ္ေလ၊ တကယ္လို႔ ဦးအုန္းေဖသာ အေစာင့္ထားမယ္ဆိုရင္ သူ႔လယ္မွာပဲထားမွာ၊ ေအာ္ႀကီးနဲ႔ စန္းလြင္တို႔ ေျခာက္ထံထိတာကလဲ ဦးအုန္းေဖ လယ္ထဲမွာပဲ၊ ဒါေၾကာင့္ လယ္လုပ္ေနတဲ့ ေမာင္ဆန္းကို သံသယဝင္သြားတာ၊ ဒါေၾကာင့္ စကားေျပာေနတဲ့အခ်ိန္ သူ႔ကိုသြားေမးတာ မွန္းခ်က္နဲ႔ကြက္တိပဲဗ်ိဳ႕၊ ဒီေကာင္က လယ္လုပ္ေနရင္း ေျမအိုးတစ္လုံးေတြ႕တာနဲ႔ အျခားသူေတြျမင္မွာစိုးလို႔ ထမင္းေတာင္းထဲလုံခ်ည္နဲ႔အုပ္ၿပီး႐ြာထဲသယ္လာတာဗ်ာ၊ အိမ္ေရာက္ေတာ့ အထဲမွာအ႐ိုးနဲ႔အထုပ္တစ္ထုပ္ပဲပါလို႔ အမႈိက္ပုံထဲ သြားပစ္ထားတာတဲ့”
“ ဒါဆို အမႈိက္ပုံထဲသြားရွာရေတာ့မွာေပါ့၊ ရွိေကာရွိပါေတာ့မလား”
“ အ႐ိုးထည့္ထားတဲ့အိုးလိုက္ပစ္ထားတာဆိုရင္ ရွိမွာေသခ်ာတယ္”
“ ဒါဆို အခုပဲသြားၾကရေအာင္”
ေမာင္ေကာင္းတို႔လဲ ခ်က္ခ်င္းပဲ အမႈိက္ပုံရွိတဲ့ေနရာကိုသြားရွာၾကရာ စြန႔္ပစ္အမႈိက္ေတြၾကားထဲကေန
ကြဲအက္ေနတဲ့ေျမအိုးတစ္လုံးထြက္လာခဲ့တယ္။ အထဲမွာေတာ့ လူအ႐ိုးအခ်ိဳ႕။
“ ဦးႀကီး.. အိမ္မွာပဲေစာင့္ေနလိုက္၊ ကြၽန္ေတာ္တို႔ ဒီေကာင္ကို အျခားေနရာတစ္ခုပို႔ေပးလိုက္ဦးမယ္၊ ခြန္းလွ မင္းက ဓါတ္ဆီနဲ႔မီးျခစ္ယူၿပီး ႐ြာျပင္ကိုလိုက္လာခဲ့”
“ ေကာင္းပါၿပီဗ်ာ… ဆရာေလးတို႔ေက်းဇူးေၾကာင့္ အခုမွပဲအပူလုံးက်သြားေတာ့တယ္”
ေမာင္ေကာင္းလဲ အ႐ိုးအိုးကိုယူလာၿပီး ႐ြာထိပ္ေရာက္တာနဲ႔ သက္ဆိုင္သူကိုေခၚလိုက္ရာ ခ်က္ခ်င္းအနားကိုေရာက္လာခဲ့တယ္။
“ ဒီမွာ မင္းအ႐ိုးအိုး… အခုခ်ိန္ကစၿပီး မင္းမွာအေႏွာင္အဖြဲ႕ဆိုတာမရွိေတာ့ဘူး၊ ဒီ႐ြာကလဲ မင္းနဲ႔မသက္ဆိုင္ေတာ့ဘူး” လို႔ေျပာကာ အ႐ိုးေတြကိုဓါတ္ဆီေလာင္းၿပီးမီးရႈိ႕ေပးခဲ့ၾကတယ္။
ဒီကိစၥလုပ္ၿပီးေနာက္ပိုင္း ႐ြာထဲမွာေျခာက္လွန႔္တဲ့ျဖစ္ရပ္ေတြမရွိခဲ့ေတာ့သလို တစ္႐ြာလုံးကလဲ ေမာင္ေကာင္းနဲ႔ ခြန္းလွကို ေက်းဇူးတင္မဆုံးျဖစ္ခဲ့ၾကတယ္။
ေမာင္ေကာင္းတို႔လဲ သူေဌးကုန္း႐ြာမွာ တစ္ပတ္ေလာက္ေနၿပီးေတာ့ ေ႐ႊျပည္စံၿမိဳ႕ကို သြားေရာက္ဖို႔အေၾကာင္းဖန္လာခဲ့တယ္။
+++++++
ဒီအေၾကာင္းအရာကိုေတာ့ “ေအာင္ျမတ္သာႏွင့္ စိတ္ညႇိဳ႕လူသတ္သမား”ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။
ေလးစားစြာျဖင့္
ေဇယန(ရာမည)