”အောင်မြတ်သာနှင့်ဝေဘာဂကိုးနဝင်းစေတီ”(စ/ဆုံး)

Unicode Version

”အောင်မြတ်သာနှင့်ဝေဘာဂကိုးနဝင်းစေတီ”(စ/ဆုံး)
—————————————————————-

“ နောင် နောင် နောင် နောင်”

ညကြီးသန်းခေါင်ထွက်ပေါ်လာတဲ့ ရှမ်းအိုးစည်သံကြောင့် တောင်ခြေမှာနေတဲ့ သစ်ခုတ်သမားတွေ မျက်လုံးပြူးသွားခဲ့တယ်။

“ ဒီအချိန်ကြီး ရှမ်းအိုးစည်သံ ဘယ်ကနေ ထွက်လာတာလဲ”

“ ‌တောင်ပေါ်မှာလဲ ကိုးနဝင်းစေတီ တစ်ဆူပဲရှိတာ၊ ဒီအသံက ဘယ်ကထွက်လာတာလဲ”

“ တောင်ပေါ်တက်ကြည့်ရင်ကောင်းမလား”

“ နေစမ်းပါကွာ… ကိုယ်နဲ့မဆိုင်တာ ဝင်မစွက်ဖက်နဲ့.. အိပ်စရာရှိတာအိပ်”

အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဦးဘရီ ပြောလိုက်တော့မှ ကျန်တဲ့သူတွေငြိမ်သွားခဲ့ကြတယ်။

နောက်တစ်နေ့ မနက်ရောက်တော့ သစ်ခုတ်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေကိုယူပြီး ဝေဘာဂတောင်ပေါ်ကိုတက်လာခဲ့ကြတယ်။ ဝေဘာဂတောင်ကြောက တောထူပြီး သစ်ရိပ်ဝါးရိပ်များတာကြောင့် သစ်ခုတ်သမားတွေမျက်စိကြကြပေမယ့် အစောင့်အရှောက်ကြီးပြီး တောကြမ်းတာကြောင့် တော်ရုံလူတွေမလာရဲကြပေ။

“ မင်းတို့ပါးစပ်တွေ မချောင်ကြနဲ့… အချင်းချင်းစနောက်တာရော၊ အပေါ့အပါးသွားတာကအစ ငါ့ကိုအသိပေးပြီးမှသွားနော် ကြားလား”

“ ဟုတ်ကဲ့ ဦးကြီး”

ဦးဘရီတို့အဖွဲ့တောင်ပေါ်ရောက်ချိန်မှာ နေက ထန်းတစ်ဖျားရောက်နေပြီဖြစ်လို့ ပါလာတဲ့ပစ္စည်းတွေကိုနေရာချကာ သစ်ခုတ်တာကို စတင်ခဲ့ကြတယ်။

“ ကြိုးနဲ့ဆွဲတဲ့ကောင်တွေ သတိထား… အပင်က လည်ပြီး မင်းတို့ဆီပြန်ကျလာလိမ့်မယ်”

အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ဦးဘရီက စိုးရိမ်စိတ်နဲ့ လှမ်းပြောလိုက်တဲ့အချိန် ခုတ်လက်စဖြစ်နေတဲ့ ပျဉ်းကတိုးပင်ကြီးက ဝုန်းဆိုလဲကျလာခဲ့တယ်။

“ အားလုံး အဆင်ပြေလား…”

“ ပြေတယ် ဦးကြီး… နှစ်ချို့အပင်မို့လို့လားမသိဘူး အတော်ကိုနစ်နေတာပဲ”

“ အေးအေး… အားလုံးခဏနားပြီးတာနဲ့ ကိုင်းဖျားကိုင်းနားတွေ ခုတ်ဖို့ပြင်ကြ”

အလုပ်သမားတွေလဲ ခေတ္တနားချိန်မို့ ဆေးလိပ်သောက်သူကသောက်၊ စကားပြောသူက ပြောနဲ့ အနားယူနေခဲ့ကြတယ်။

“ ဝေါင်း….”

ရုတ်တရက်ကြားလိုက်ရတဲ့ ကျားဟိန်းသံကြောင့် အကုန်လုံးရုတ်ရုတ်သဲသဲဖြစ်သွားပြီး အသံကြားတဲ့ ဘက်ကို လှည့်ကြည့်လိုက်ကြတယ်။

“ အားလုံး လူစုမကွဲစေနဲ့…”

ဦးဘရီက လှမ်းအော်လိုက်ပြီး အနားမှာရှိတဲ့ ဒူးလေးကိုလှမ်းယူလိုက်တယ်။

“ ဒီတောမှာ ဟင်းမျိုး‌ကြီးရှိတယ်လို့ အရင်ကမကြားဖူးပါဘူး…”

“ ကျွန်တော်တို့လဲ ဒီမှာ သစ်ခုတ်တာ လေးငါးခါရှိပြီ ဒီလိုဟိန်းသံမျိုးတစ်ခါမှ မကြားဖူးတာအမှန်ပဲ”

“ ငါတို့ထဲက ဘယ်သူအမှားလုပ်မိပီလဲမသိပါဘူး၊ ဟေ့ကောင်တွေ မင်းတို့ ငါမသိပဲ ဘာလုပ်မိသေးလဲ ပြောကြစမ်း”

ဦးဘရီအသံက မာထန်နေတာကြောင့် ကျန်တဲ့သူတွေအားလုံး မလှုပ်ရဲပဲ ငြိမ်သက်နေခဲ့ကြတယ်။

“ ငါပြောနေတယ် ဘယ်သူ ဘာပြောမိသေးလဲ… မင်းတို့ပြောမှ ငါလုပ်စရာရှိတာ လုပ်ရမှာ… မပြောဘူးဆိုရင် အကုန်လုံး ဒုက္ခရောက်မှာကွ”

“ ကျွန်တော်… ကျွန်တော် တောင်ပေါ်တက်တုန်းက ပြောမိတာတစ်ခုတော့ရှိတယ် ဦးကြီး”

“ အေး… မင်း ဘာပြောခဲ့လဲ”

“ ဒီလိုတောနက်ထဲမှာ ကျားတွေရှိနိုင်တယ်နော်ဆိုပြီး ပွကြီးကိုပြောခဲ့မိပါတယ်”

“ မင်းကွာ… ငါအတန်တန်မှာထားရဲ့သားနဲ့… ဟေ့ ထွန်းစိန်… ဖယောင်းတိုင်အမွှေးတိုင်ယူလာခဲ့”

ဦးဘရီက ထွန်းစိန်ပေးတဲ့ ဖယောင်းတိုင်အမွှေးတိုင်ကိုယူပြီး အတန်သင့်မြင့်တဲ့ ကုန်းပေါ်မှာ ထွန်းညှိလိုက်တယ်။

“ တောပိုင်၊ တောင်ပိုင်များနှင့်တကွ အစောင့်အရှောက်များ ကို ကျွန်တော်မျိုးဘရီ တောင်းပန်အပ်ပါသည်။ မပြောသင့် မပြောအပ်သည်များကို ပြောခဲ့သည်ရှိသော် တောပိုင်၊တောင်ပိုင်များက ခွင့်လွှတ်ပေးကြပါ၊ ကျွန်ုပ်တို့၏ စားဦးစားဖျားများနှင့်လဲ ပူဇော်ပသပါသည်” လို့ပြောပြီး ပါလာတဲ့ ထမင်းထုပ်ကိုဖြေကာ ပသလိုက်တော့မှ ငြိမ်ကျသွားခဲ့တယ်။

ညရောက်တော့ တစ်နေကုန် ပင်ပန်းထားကြတဲ့ အလုပ်သမားတွေအားလုံး အိပ်မောကျနေပေမယ့် ဦးဘရီတစ်ယောက် အိပ်မပျော်ပဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ ဖြစ်နေခဲ့တယ်။

“ လူလေး… ထစမ်း ထစမ်း”

တဲအပြင်ဘက်ကနေ ခေါ်တဲ့အသံကြောင့် ဦးဘရီလဲ မီးအိမ်ကိုအလင်းမြှင့်လိုက်ပြီး ထွက်ကြည့်လိုက်ရာ တိုက်ပုံနဲ့တောင်ရှည်ပုဆိုးကိုဝတ်ထားတဲ့ အဖိုးကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ မင်းနာမည် ဘရီလား”

“ ဟုတ်ပါတယ်… အဖိုးက ဘယ်သူပါလဲ”

“ ငါက ဝေဘာဂတောင်စောင့်အဖိုးပဲ…”

“ ကျွန်တော်တို့ ဘာအမှားများလုပ်ခဲ့မိလို့ အခုလို ကိုယ်ထင်ပြတာလဲအဖိုး”

“ ဒီနေရာက မင်းတို့တွေနဲ့မအပ်စပ်ဘူး…မနက်အရုဏ်တက်တာနဲ့ တောင်အောက်ကိုပြန်ဆင်းကြတော့”

“ သစ်တွေလဲ ခုတ်ပြီးသားဖြစ်နေပါပြီ အဖိုးရယ်… မနက်ဖြန်တစ်ရက်လောက် နေပြီးရင် တောင်အောက်ဆင်းပေးပါမယ်”

“ ငါသတိလာပေးပြီးပြီနော်… နေတာမနေတာ မင်းတို့ကိစ္စဖြစ်သွားပြီ”

တောင်စောင့်အဖိုးက လေသံမာမာနဲ့ပြောပြီး တောင်ဝှေးကို တဒေါက်ဒေါက် ခေါက်ကာ အမှောင်ထုထဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

ဦးဘရီလဲ ချက်ချင်းပဲ အလုပ်သမားတွေကို နှိုးပြီး အကျိုးအကြောင်းပြောပြလိုက်ရာ အချို့ကလက်ခံပြီး အချို့ကလက်မခံတာကို သိလိုက်ရတယ်။

“ ဒီလောက်ထိ လုပ်ပြီးကာမှ ချက်ချင်းပြန်ဆင်းရမယ်ဆိုတာ မဟုတ်သေးပါဘူး ဦးကြီးရာ”

“ ဟေ့ကောင် မောင်ခွေး.. ငါက အန္တရာယ်ဖြစ်မှာစိုးလို့ပြောနေတာ၊ သစ်‌ဆိုတာ ဒီမှာခုတ်မရလဲ အခြားနေရာခုတ်လို့ရတယ်ကွ၊ အသက်ဆိုအပိုမပါဘူး နားလည်လား”

“ အဲဒါဆို ကျွန်တော်နေခဲ့မယ်ဗျာ… ငါနဲ့ဘယ်သူနေခဲ့မလဲ”

မောင်ခွေးစကားကြောင့် သစ်ခုတ်သမား‌လေးယောက်လောက်က နေခဲ့ကြပေမယ့် ကျန်တဲ့သူတွေကတော့ ဘကြီးနဲ့အတူ တောင်အောက်ပြန်ဆင်းဖို့ သဘောတူခဲ့ကြတယ်။

ဦးဘရီတို့ တောင်အောက်ဆင်းသွားတော့ မောင်ခွေးက ကိုးတောင်ပြည့်စေတီဘက်ကို လှမ်းကြည့်လိုက်ပြီး

“ ငါတို့ကဘာအမှားမှလုပ်ထားတာမရှိဘူး… အလကား အကြောက်လွန်နေတာ” လို့ရေရွတ်ပြီး သစ်ခုတ်တဲထဲကိုပြန်ဝင်သွားခဲ့တယ်။

နောက်တစ်နေ့ မနက်ရောက်တော့ ခုတ်ထားတဲ့အပင်တွေကို ဖြတ်တောက်စုပြုံပြီးတဲ့အထိ ဘာမှမဖြစ်လာတာကြောင့် ကျန်ခဲ့တဲ့သူတွေ စိတ်ထဲ အနည်းငယ်ရဲတင်းလာခဲ့တယ်။

“ ဟေ့ကောင်တွေ ငါပြောတယ်မဟုတ်လား… ဒီလူကြီး အကြောက်လွန်နေတာပါလို့”

“ အေးနော်… သူတို့မရှိတော့ ငါတို့သစ်ပိုရတာပေါ့၊ ဒါနဲ့ စေတီရှိတဲ့ တောင်ကုန်းဘက်တက်ခုတ်ကြမလား”

“ နောက်တစ်ခေါက်မှ တက်ကြတာပေါ့… အခုက ခုတ်ထားတာတွေကိုပဲ အရင်သယ်ဖို့လုပ်”

မောင်ခွေးစကားပြောနေတဲ့အချိန် အဖွဲ့ထဲက တစ်ယောက်က ငိုင်တိငိုင်တိုင်နဲ့ ထသွားပြီး သစ်ခုတ်ပုဆိန်ကိုယူကာ အနားမှာရှိတဲ့ တစ်ယောက်ရဲ့ ဇက်ကိုပိုင်းချလိုက်တယ်။

“ ဒုတ်”

“ အား”

“ ဟေ့ကောင် ဘာလုပ်တာလဲ”

သွေးတွေပေကျံနေတဲ့ ပုဆိန်ကို ကိုင်ထားတဲ့လူက သဘောကျစွာရယ်မောရင်း ကျန်နေတဲ့သူတွေကိုပါ ထပ်ခုတ်ပါလေရော။

ရုတ်တရက်မို့ ‌မောင်ခွေးတို့ ရှောင်ချိန်မရလိုက်ပဲ သစ်ခုတ်ပုဆိန်ကိုင်ထားသူရဲ့ ခုတ်ချက်အောက်မှာ ငြိမ်ကျသွားခဲ့တယ်။

“ အဟီး အဟီး ဟက်ဟက်…”

ပုဆိန်ကိုင်ထားတဲ့သူကလဲ အသံနက်နဲ့ရယ်လိုက်ပြီး မိမိလည်ပင်းကို ပုဆိန်သွားနဲ့ ဖိဆွဲချလိုက်တယ်။

ရုတ်တရက်ထပျံသွားတဲ့ ငှက်တစ်အုပ်ရဲ့ တောင်ပံခတ်သံ‌ကြားထံမှာ သွေးညှီနံ့က လှိုင်ခနဲ ထွက်ပေါ်လာခဲ့တယ်။

++++++

“ ဒါဆို အဘတို့အဖွဲ့က အသက်ဘေးကနေ လွတ်သွားတာပေါ့”

“ ဟုတ်တယ် လူလေး… အဲဒီကိစ္စဖြစ်ပြီး အဘလဲ ဝေဘာဂတောင်ပေါ်ကို မတက်တော့တာ အခုထိပဲပေါ့”

“ နောက်တော့ရော ဝေဘာဂစေတီနဲ့ပတ်သတ်ပြီး ဘာကြားသေးလဲအဘ”

“ ကြားရတာကတော့ ဝေဘာဂစေတီကိုလာတဲ့သူ မှန်သမျှ ရူးရင်ရူး မရူးရင်သေကြတာများတယ်”

“ အသက်ရှင်တဲ့သူရော မရှိဘူးလား”

“ ရှိရင်လဲရှိမှာပေါ့… ဒါနဲ့ လူလေးတို့က တေဘာဂစေတီကိုသွားကြမလို့လား”

“ ဟုတ်တယ်အဘ… အိမ်မက်အဓိဌာန်အရ သေချာပေါက်သွားမှရမယ်”

“ ဖြစ်နိုင်ရင်မသွားကြပါနဲ့လားကွယ်… လူလေးတို့ကို စိတ်ပူလို့ပြောတာနော်”

“ အဘ‌ စေတနာကိုနားလည်ပါတယ်… ကျွန်တော်တို့ ဘာမှမဖြစ်ပဲ ပြန်လာမှာပါ”

“ တားမရတော့လဲ လူလေးတို့သဘောပါကွယ်… ဒါနဲ့ စေတီမှာ ဘယ်နှစ်ရက်အဓိဌာန်ဝင်ကြမလို့လဲ”

“ သုံးရက်ဆို လုံလောက်ပါပြီအဘ”

“ အေးအေး… လိုအပ်တဲ့ရိက္ခာတွေကိုတော့ ရွာထဲကနေ ဝယ်သွားကြပေါ့”

“ မနက်ထဲက လိုတာတွေဝယ်ထားပြီးပါပြီ… ဈေးဝယ်နေရင်း ဝေဘာဂစေတီအကြောင်း မေးလိုက်မိရာကနေ အဘဆီ ညွှန်လိုက်တာပဲ”

“ ဒါနဲ့ လူလေးတို့ နာမည်ကို မိတ်ဆက်ပေးဦးလေ”

“ ဟုတ်သားပဲ… ပြောဖို့မေ့နေကြတာ… ကျွန်တော် နာမည်က အောင်မြတ်သာပါ၊ ဒီနှစ်‌ယောက်က မောင်ကောင်းနဲ့ ခွန်းလှတဲ့”

“ လူလေးတို့ ဘာအန္တရာယ်မှမကြုံပဲ အဓိဌာန်အောင်မြင်ကြပါစေကွယ်”

အဖိုးဘရီဆီ‌ကနေ ထွက်လာပြီးတာနဲ့ အောင်မြတ်သာတို့လဲ ဝေဘာဂစေတီတည်ထားရာ တောင်ပေါ်ကိုတက်လာခဲ့ပါတော့တယ်။

ရွာကနေ တောင်ခြေကိုရောက်တော့ မိုးချုပ်နေပြီမို့ ပါလာတဲ့ပစ္စည်းတွေကိုချကာ တစ်ညတာ အိပ်စက်အနားယူခဲ့ကြတယ်။

မနက်မိုးလင်းတော့ လိုအပ်တဲ့ပစ္စည်းတွေကို သယ်ပြီး တောင်ပေါ်ကိုစတက်ခဲ့ရာ ‌မွန်းတည့်ချိန်အရောက်မှာတော့ ဝေဘာဂစေတီကို လှမ်းမြင်တဲ့ နေရာထိရောက်လာခဲ့တယ်။

“ တောင်က အတော်မတ်တာပဲ… နောက်ပြီး လူသူအရောက်ပေါက်နည်းလို့ထင်တယ် သစ်ကြီးဝါးကြီးတွေအများကြီးကျန်သေးတယ်”

“ မင်းတို့လဲ မောနေကြပြီထင်တယ်… ခဏအနားယူလိုက်ပါဦး…”

အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှတို့ နားနေတဲ့အချိန် တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို မေတ္တာပို့နေခဲ့လိုက်တယ်။

“ ဆရာ… ဒီတောင်ကြောမှာရှိတဲ့ အစောင့်တွေက အတော်ကြမ်းမယ့်ပုံပဲ”

“ ဘာဖြစ်လို့လဲ မောင်ကောင်း”

“ ဟိုမှာလေဆရာ… ကျွန်တော်တို့ကို လူတစ်ယောက် ခါးထောက်ရပ်ကြည့်နေတယ်”

မောင်ကောင်းပြတဲ့နေရာကို ကြည့်လိုက်ရာ အပေါ်ပိုင်းဗလာကျင်းထားပြီး လုံချည်တိုတိုဝတ်ထားတဲ့ လူတစ်ယောက် တောင်စောင်းတစ်ခုပေါ်ကနေ ရပ်ကြည့်နေတာမြင်လိုက်ရတယ်။

“ ဒါတောင် စေတီပရ၀ဏ်ထဲမရောက်သေးဘူး… ဇာတ်လမ်းတွေကစလာပြီထင်တယ်ဆရာ”

ခွန်းလှစကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ ပြုံးရုံပြုံးကာ တောင်ပေါ်ကို စိုက်ကြည့်နေခဲ့လိုက်တယ်။

မကြာခင် ရုတ်တရက်ဆိုသလို လေကြမ်းတွေတိုက်ခတ်လာပြီး သစ်ပင်ကြီးငယ်တွေ ယိမ်းထိုးလှုပ်ရှားလာတာကြောင့် တောင်ပေါ်ကို အထုပ်အပိုးတွေနဲ့တက်နေကြတဲ့ မောင်ကောင်းတို့လဲ လေကွယ်ရာ သစ်ပင်နောက်ကို ဝင်ပြီး နားလိုက်ကြရတယ်။

“ လေကကြမ်းလိုက်တာ… မိုးရိပ်လဲမတွေ့ပဲ ဘာကြောင့် ဒီလိုဖြစ်လာတာလဲမသိဘူး”

“ သူတို့တွေက ငါတို့လာတာကို မနှစ်သက်တာကြောင့် ဖြစ်မယ်ထင်တယ်၊ ဦးဘရီပြောတဲ့ပုံအရဆိုရင် ဒီစေတီမှာရှိနေကြတဲ့ အစောင့်တွေက ကောင်းတဲ့စိတ်ရင်းရှိမယ့်ပုံမပေါ်ဘူး”

“ ဆရာ… ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ.. အထုပ်အပိုးတွေနဲ့ ဆက်တက်ဖို့မလွယ်လောက်ဘူးထင်တယ်”

ခွန်းလှစကားကြောင့် အောင်မြတ်သာက လေကွယ်ရာ အရပ်ကနေထွက်ပြီး လွယ်အိတ်ထဲပါလာတဲ့ နတ်မင်းကြီးလေးပါးအင်းကို ညာလက်ဝါးပေါ်တင်ပြီး မြေကြီးနဲ့ ထိကပ်လိုက်ရာ တိုက်ခတ်နေတဲ့လေကြမ်းတွေက ချက်ချင်းရပ်သွားခဲ့တယ်။

“ ခဏတော့ ထိန်းထားနိုင်ပြီ.. ဆက်တက်ကြစို့”

မောင်ကောင်းနဲ့ ခွန်းလှလဲ လေငြိမ်တာနဲ့ အထုပ်တွေကိုလွယ်ကာ တောင်ပေါ်ကို ပြန်တက်ခဲ့ကြတယ်။ ဝေဘာဂစေတီကိုရောက်ဖို့ တောင်ကြောတစ်ကွေ့လောက်အလိုမှာတော့ အလွန်မွှေးအီလွန်းတဲ့ရနံ့တွေထွက်ပေါ်လာခဲ့တယ်။

“ မွှေးလိုက်တဲ့အနံ့ဗျာ… ဒါမျိုးတစ်ခါမှ မရဘူးဘူး”

မောင်ကောင်းက မျက်စိကိုမှိတ်ပြီး ရနံ့ကိုရှုရှိုက်ကာပြောလိုက်တဲ့အချိန် အောင်မြတ်သာက ရုတ်တရက်အနားရောက်လာပြီး နှာခေါင်းကိုဆွဲပိတ်ထားလိုက်တယ်။

“ ခွန်းလှ.. အမွှေးနံ့တွေထဲစိတ်မရောက်နဲ့၊ ဒါက ငါတို့ရဲ့စိတ်ကိုပျံ့လွှင့်အောင်လုပ်နေတာ”

အောင်မြတ်သာစကားကြောင့် ခွန်းလှလဲ နှာခေါင်းကို လက်နဲ့အုပ်ပြီး မရှုမိအောင်သတိထားနေခဲ့လိုက်တယ်။ အဲဒီတော့မှ မောင်ကောင်းသတိဝင်လာပြီး လွယ်အိတ်ထဲပါလာတဲ့ အဝတ်တစ်ထည်ကို နှာခေါင်းဝမှာတေ့ထားလိုက်တယ်။

အောင်မြတ်သာကတော့ ဝေဘာဂစေတီရဲ့အနောက်ဘက်အစွန်းမှာ ထွက်နေတဲ့ ကမူကိုစိုက်ကြည့်ပြီး လက်နဲ့ဆွဲဖယ်လိုက်ရာ အဆမတန်ကြီးမားတဲ့ ငှက်ပျောရွက်တစ်ရွက်ကို ယပ်တောင်သဖွယ် ခပ်နေတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်။ သူ့အရှေ့မှာတော့ အငွေ့တထောင်းထောင်းထနေတဲ့ ကြေးလင်ဗန်းတစ်ခု။

“ ငါထင်တဲ့အတိုင်းပါပဲလား…”

“ ဆရာ… ဟိုလူက ကျွန်တော်တို့ရှိတဲ့ဘက်ကို အငွေ့တွေခပ်ထုတ်နေပါလား”

“ ခုနကရတဲ့ ရနံ့တွေက အဲဒီကနေလာတာပဲ… သူ့ရဲ့အမွှေးနံ့ကို ရှုရှိုက်တာကြာလာရင် လူ မူးမေ့ပြီးသတိလစ်သွားတတ်တယ်… ဒီအနံ့ကို ဥစ္စာစောင့်မတွေအသုံးများကြတယ်”

ငှက်ပျောရွက်နဲ့ယပ်ခတ်နေတဲ့လူက သူ့အကြံမအောင်မြင်တာနဲ့ အခိုးငွေ့တွေထွက်နေတဲ့ ကြေးလင်ဗန်းကိုပင့်ပြီး စေတီဘေးကို ပြန်လည်ဝင်ရောက်သွားတာကို ခပ်ရေးရေးမြင်လိုက်ရတယ်။

“ ဒီစေတီမှာရှိတဲ့ အစောင့်တွေက ထင်တာထက်ပိုကြမ်းနေပါလား”

“ ဒါကအစပဲရှိ‌သေးတယ်… မကြာခင် ပိုကြောက်ဖို့ကောင်းတဲ့စမ်းသပ်မှုတွေလာလိမ့်မယ်”

အောင်မြတ်သာက ခပ်အေးအေးပြောလိုက်ပေမယ့် မောင်ကောင်းနဲ့ ခွန်းလှတို့ကတော့ ကြက်သီးတဖြန်းဖြန်းထကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။

ဒီလိုနဲ့ အောင်မြတ်သာတို့လဲ စေတီတည်ထားရာဆီကိုရောက်လာခဲ့ပြီး အနီးကပ်ဖူးလိုက်ရာ ထုံးသင်္ကန်းသုတ်ထားတဲ့ လှိုဏ်ခေါင်းပေါ်မှာ ကိုးတောင်ပြည့်စေတီတစ်ဆူ ထပ်တည်ထားတာကိုမြင်လိုက်ရတယ်။ စေတီရဲ့ အောက်ခြေ လေးထောင့်ကျတဲ့နေရာတွေမှာတော့ မုတ်ဆိတ်ကျင်စွယ်တွေပါတဲ့ ဇော်ဂျီရုပ်တွေအပြင်၊ ခါးတောင်းကိုမြောက်နေအောင် ကျိုက်ထားတဲ့ လူသန်ကြီးတွေရဲ့ပုံကို ထွင်းထုထားတာကိုလဲမြင်လိုက်ရတယ်။

“ စေတီက ထူးဆန်းလိုက်တာ…”

“ ထူးဆန်းလို့လဲ ငါတို့ကို ဒီနေရာမှာ အဓိဌာန်ဝင်ဖို့ လွှတ်လိုက်တာပေါ့… လောလောဆယ် စေတီဘေးကပ်ရပ်က ဇရပ်ပျက်မှာပဲ နေကြရအောင်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းတို့လဲ ပြိုကျလုဆဲဆဲဖြစ်နေတဲ့ ဇရပ်ပေါ်ကို အထုပ်အပိုးတွေ တင်လိုက်ပြီး ဖုန်နဲ့အမှိုက်သရိုက်တွေကို လှဲကျင်းလိုက်ကြတယ်။

“ မင်းတို့လဲ တစ်နေကုန်ပင်ပန်းလာတာဆိုတော့ စေတီဘေးက တောင်ကျချောင်းမှာ ကိုယ်လက်သန့်စင်လိုက်ကြ…”

မောင်ကောင်းတို့ စေတီရဲ့ဘေးက လျှိုထဲမှာ သဘာဝအလျောက်ဖြစ်နေတဲ့ တောင်ကျချောင်းဘက်ထွက်သွားတဲ့အချိန် အောင်မြတ်သာက ဇရပ်ပတ်ပတ်လည်ကို လက်ညိုးနဲ့စည်းတားပြီး

“ မကောင်းသောအကြံ၊ မကောင်းသောအကျင့်ဖြင့် ဤဇရပ်ထဲကိုဝင်ရောက်လာပါက ငရဲကြီးရှစ်ထပ်မှာရှိတဲ့ မီးတောက်တို့ဝါးမြိုစေသား” လို့သစ္စာဆိုကာ ဇရပ်ပေါ်ကိုတက်သွားခဲ့လိုက်တယ်။

မကြာခင် တောင်ကျချောင်းကိုသွားတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ ဇရပ်ရှိတဲ့ဘက်ကို လမ်းလျောက်လာတာမြင်လိုက်ရတယ်။

“ ဆရာ… ကိုယ်လက်မသန့်စင်ဘူးလား”

“ ငါက မင်းတို့လောက်မပင်ပန်းတာမို့ မလိုက်ခဲ့တော့တာ”

အောင်မြတ်သာက ဇရပ်အပြင်ကို တစ်ချက်မျှ လှည့်ကြည့်ပြီးပြောလိုက်ပေမယ့် မောင်ကောင်းနဲ့ ခွန်းလှတို့က အထဲကိုမဝင်လာပဲ အပြင်မှာ မတ်တပ်ရပ်နေသေးတာကြောင့် စိတ်ထဲ သင်္ကာမကင်းဖြစ်လာပြီး

“ ရေစိုအဝတ်တွေနဲ့ ဘာလို့ရပ်နေကြတာလဲ… အထဲဝင်ခဲ့ကြလေ” လို့ပြောလိုက်တဲ့အချိန် ဘာမှမတုံ့ပြန်တာကြောင့် ညာလက်ညိုးနဲ့ ထိုးပြီး

“ ဟိတ်… မူလပြန်စမ်း” လို့ အမိန့်ပေးလိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့မျက်နှာက အဖုအထစ်တွေထလာပြီး အစွယ်တဖွေးဖွေးနဲ့ ဘီလူးကြီးတွေအဖြစ်ကိုပြောင်းသွားခဲ့တယ်။

“ သင်တို့ရဲ့ပရိယာယ်က ကျုပ်ကို လှည့်စားနိုင်မယ်ထင်နေတာလား”

ခပ်ပြုံးပြုံးမျက်နှာထားနဲ့ပြောလိုက်တဲ့ အောင်မြတ်သာစကားကြောင့် အသွင်ပြောင်းလာတဲ့ ဘီလူးနှစ်ကောင်က တောက်တစ်ချက်ခတ်ကာ ပျောက်ကွယ်သွားခဲ့တယ်။

ခဏနေတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ အလောတကြီးပြေးလာပြီး

“ ဆရာ… ဒီနေရာက အတော်ဆိုးဆိုးပဲ”

“ ဘာဖြစ်လို့လဲ ပြောပါဦး”

“ ကျွန်တော်တို့ရေချိုးဖို့ ချောင်းထဲဆင်းသွားတော့ ချောင်းစပ်သစ်ပင်အနောက်မှာ လူရိပ်တစ်ခုကို တွေ့လိုက်တယ်၊ အဲဒါနဲ့ နှစ်‌ယောက်သား ရေချိုးတဲ့နေရာကိုစည်းချပြီးချိုးနေတဲ့အချိန် စည်းအပြင်ဘက်ရေထဲကနေ လက်တစ်ထွာသာသာရှိတဲ့ ငါးတစ်ကောင် ကူးလာတာ နှစ်ယောက်လုံးမြင်လိုက်ရတယ်၊ ကျွန်တော်တို့လဲ သာမန်ပဲထင်ပြီး ရေဆက်ချိုးနေတာပေါ့၊ အဲဒီမှာ တစ်ထွာသာသာရှိတဲ့ ငါးက မျက်စိရှေ့မှာတင် တစ်ဖြေးဖြေးကြီးလာပြီး တစ်လံလောက်ရှိတဲ့ ငါးတစ်ကောင်ဖြစ်သွားတာဆရာရေ… အဲဒီငါးရဲ့ပါးစပ်ထဲမှာရှိတဲ့အစွယ်တွေက လက်ညိုးတစ်ချောင်းစာလောက်ရှိတယ်။ ဒီကောင်က စည်းအပြင်ကနေသာ ဝုန်းဒိုင်းကျဲနေပေမယ့် အထဲကိုတော့ မဝင်လာဘူး၊ ကျွန်တော်တို့လဲ ကမန်းကတမ်း အဝတ်တွေယူပြီး ပြန်တက်လာခဲ့လိုက်တာ၊ ဟူး… ဒီနေရာက အချိန်ပြည့်သတိထားရမယ့်ပုံပဲ”

“ ခုနကတောင် ဘီလူးနှစ်ကောင် မင်းတို့အယောင်ဆောင်ပြီး ဇရပ်ပေါ်တက်လာဖို့ လုပ်သေးတယ်… ဒါပေမယ့် စည်းကိုမကျော်ရဲတာမို့ မကျေမချမ်းဖြစ်ပြီး ပြန်ထွက်သွားကြတယ်လေ”

“ ဆရာလဲ ကျွန်တော်တို့လိုကြုံလိုက်ရတာပေါ့”

“ ဒါတွေ အသာထားလိုက်ကြဦး… ညမှောင်စပျိုးတာနဲ့ စေတီပေါ်တက်ပြီး အဓိဌာန်ဝင်ဖို့လုပ်ရမယ်၊ ဖယောင်းတိုင်နဲ့ လိုအပ်တဲ့အင်းတွေကို ပြန်စစ်ထားကြ”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့လဲ လွယ်အိတ်ထဲပါလာတဲ့ အင်းတွေကို စစ်ဆေးပြီး အားလုံးစုံပြီဆိုတာနဲ့ စေတီရှိတဲ့ဘက်ကို ထွက်လာခဲ့ကြတယ်။

+++++

တဖြူးဖြူးတိုက်ခတ်နေတဲ့ လေပြေက ဝေဘာဂတောင်တန်းတစ်ခုလုံးကို မထိတထိ ကျီစယ်နေခဲ့တယ်။ အဲဒီအချိန် စေတီရဲ့ထီးတော်မှာ ကပ်လှူထားတဲ့ ဆည်းလည်းတစ်လုံးက တချွင်ချွင်နဲ့ ထမြည်ပါလေရော။

“ ဒီလောက်လေတိုက်နေတာ ဆည်းလည်းက ဘာလို့ တစ်လုံးထဲမြည်နေတာလဲ”

ခွန်းလှစကားကြောင့် အောင်မြတ်သာရော မောင်ကောင်းပါမော့ကြည့်လိုက်ရာ အဟုတ်ကို တစ်လုံးထဲလှုပ်ခတ်ပြီးအသံမြည်နေတာမြင်လိုက်ရတယ်။

“ အခြားကိစ္စတွေ သိပ်အာရုံမထားနဲ့… စေတီပတ်ပတ်လည်ကို ဆီမီးတွေ လိုက်ထွန်းကြ”

“ ဟုတ်ကဲ့ဆရာ”

မောင်ကောင်းတို့ စေတီပတ်ပတ်လည်ကို မီးတွေပြည့်နေအောင်ထွန်းပြီးချိန်မှာတော့ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်ရလောက်တဲ့ထိ လင်းထိန်သွားခဲ့တယ်။

“ ဆရာ အဓိဌာန်ဘယ်ချိန်စဝင်ရမှာလဲ”

“ ခဏနေဦး… အဓိဌာန်မဝင်ခင် လုပ်စရာရှိသေးတယ်”

အောင်မြတ်သာက ‌စေတီပေါ်ကိုမတက်သေးပဲ ဘီလူးနှစ်ကောင် ထိုင်နေတဲ့ပုံထုဆစ်ထားတဲ့ လှေကားအတက်အဆင်းအောက်ခြေမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သိမ်ဝင်သပိတ်ကွဲအင်းကို ပြောင်းပြန်လှန်ကာ မီးထွန်းလိုက်တယ်ဆိုရင်ပဲ နာကျင်စွာအော်ဟစ်သံနဲ့အတူ မီးသွေးခဲလိုမဲနက်တဲ့အသားရည်ရှိတဲ့အကောင် တစ်ကောင် ပြုတ်ကျလာခဲ့တယ်။

“ အမလေး… ပူလိုက်တာ… တစ်ကိုယ်လုံး မီးလောင်နေသလိုပါပဲလား… အင်းဇောက်ထိုးပေါ်က မီးကိုငြိမ်းပေးပါ… နောက်မလုပ်တော့ပါဘူး… မီးကိုငြိမ်းပေးပါတော့”

“ မီးကိုငြိမ်းပေးရင် သင်က ကျုပ်မေးတာတွေကို အမှန်တိုင်းဖြေမှာလား”

“ အမှန်တိုင်းဖြေပေးမယ်… အမလေးး.. မခံနိုင်တော့ဘူး”

အောင်မြတ်သာက လှေကားအပေါ်မှာ ထွန့်ထွန့်လူးနေတဲ့ကောင်ကို ခနဲ့ပြုံးလေးပြုံးကာ ကြည့်လိုက်ပြီး ဖယောင်းတိုင်မီးကို လက်နဲ့ငြိမ်းပေးလိုက်ပြီး

“ သင်ဘယ်သူလဲ…”လို့မေးလိုက်တဲ့အချိန် မဲမဲကောင်က ထပြေးတာကြောင့်

“ ဂိုဏ်းစောင့်တွေ ဒီငမိုက်သားကို မပြေးနိုင်အောင် ချုပ်ထားစမ်း” လို့အမိန့်ပေးလိုက်ရာ ပြေးနေတဲ့ကောင်က ဘုန်းဆိုလဲကျပြီး လည်ပင်းကိုလက်နဲ့ဖိကိုင်ကာ တအစ်အစ်ဖြစ်နေခဲ့တယ်။

“ စကားပြောလို့ရအောင် ကြိုးကိုလျော့ပေးလိုက်” လို့ပြောလိုက်တော့မှ မဲမဲကောင်က ငုတ်တုတ်ထထိုင်လာခဲ့တယ်။

“ ကြောက်ပါပြီဆရာရယ်… နောက်ထွက်မပြေးတော့ပါဘူး၊ ကြာပွတ်ကိုင်ထားတဲ့ အစောင့်ကို ဖယ်ပေးပါ”

“ သင်ဘယ်သူလဲဆိုတာ အမှန်တိုင်းဖြေစမ်း.. လိမ်ပြောရင် ဒီသကောင့်သား လည်ပင်းကို ကြိုးနဲ့ချည်ပြီး စင်္ကြာဝဠာအပြင်ဘက်ရောက်အောင် ဆွဲပစ်လိုက်ကြ”

“ မလိမ်ရဲတော့ပါဘူး… ငါက စေတီရဲ့လှေကားမှာ စောင့်တဲ့သူပါ.. နာမည်က နက်ကျော်လို့ခေါ်ပါတယ်”

“ လှေကားမှာ စောင့်တဲ့သူက ဘယ်လိုကြောင့် စေတီပေါ်တက်နေရတာလဲ”

“ သံသေခေါင်းလောင်းသုံးလုံးအသံမြည်ရင် သူတို့တွေနားထဲ သံရည်ပူလောင်းထည့်သလိုဖြစ်တာကြောင့် ငါ့ကို ကိုင်ခိုင်းထားတာ”

“ သူတို့ဆိုတာက ဘယ်သူတွေလဲ”

အောင်မြတ်သာစကားကို နက်ကျော်က ပြန်မဖြေပဲ ချွန်မြနေတဲ့လက်သည်းတွေနဲ့ ခေါင်းကိုတဗြစ်ဗြစ် ကုတ်ပြီး

“ ငါနာမည်မပြောရဲဘူး”

“ သင့်ကို ဘယ်သူမှဘာမှမလုပ်စေရဘူး… ကျုပ်ကတိပေးတယ်”

“ သူ သူတို့ဆိုတာက ငလှအောင်နဲ့ ငလှဆောင်ပါ”

“ သူတို့နှစ်ယောက်က ဒီစေတီနဲ့ဘယ်လိုပတ်သတ်နေတာလဲ”

“ သူတို့က ဒီမှာနေတာကြာလှပြီ…”

“ သင်က စေတီလှေကားမှာနေတာ ဘယ်လောက်ကြာပြီလဲ”

“ နှစ်၅၀ကျော်လောက်ရှိပြီထင်တယ်”

“ အခု သူတို့နှစ်ကောင်မရှိကြဘူးလား”

“ ဒီနေ့က သံသေခေါင်းလောင်းမြည်တဲ့နေ့ဆိုတော့ သူတို့အဝေးမှာရှောင်နေကြတာဖြစ်မယ်”

“ သံသေခေါင်းလောင်းမမြည်အောင် သင်က ကိုင်ထားရတာဆို”

“ ငါက လက်နှစ်ဖက်ပဲရှိလို့ နှစ်လုံးပဲကိုင်လို့ရတာ၊ နောက်တစ်လုံးကအသံတွေထွက်နေတာ ဆရာတို့လဲကြားတယ်မဟုတ်လား”

“ ဒီအသံကိုသင်နားထောင်နိုင်တယ်ပေါ့လေ”

“ ဟုတ်တယ်.. ငါကသံသေခေါင်းလောင်းသံကို နားထောင်နိုင်တယ်.. ဒါကြောင့် ဒီတာဝန်ယူထားရတာ”

“ ညနေက ကျုပ်တို့ကို နှောက်ယှက်တဲ့သူတွေက ဘယ်သူတွေလဲ”

“ ငလှအောင်နဲ့ ငလှဆောင်တို့ရဲ့ လက်ပါးစေတွေဖြစ်မှာပေါ့…”

“ ဒီလောက်သိရတာ ပြည့်စုံပါပြီ… ဂိုဏ်းစောင့်များ အနေနဲ့ ဒီပုဂ္ဂိုလ်ကို အခြားတစ်နေရာမှာ ခေတ္တထိန်းသိမ်းထားပေးပါ” လို့ပြောလိုက်ရာ နက်ကျော်တစ်ယောက် ယက်ကန်ယက်ကန်နဲ့ ဒရွတ်တိုက်ပါသွားခဲ့တယ်။

အဲဒီအချိန်မှာပဲ ဆည်းလည်းသုံးလုံးဆီကနေ တချွင်ချွင်အသံတွေ ပြန်လည်ထွက်ပေါ်လာခဲ့သလို အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်တို့ရဲ့ ဘုရားဂုဏ်တော်ပွားများသံကလဲ ညီညာစွာထွက်ပေါ်လာခဲ့တယ်။

ဘုရားရှိခိုးပြီးလို့ တရားထိုင်နေတဲ့ အချိန်ဘယ်လောက်ကြာလို့ ကြာမှန်းမသိပေမယ့် သံသေခေါင်းလောင်းမြည်သံမကြားရတော့တာကိုတော့ အောင်မြတ်သာ သတိထားမိခဲ့တယ်။

“ ဝေါ… ဝေါ…ဝေါ…”

“ အာ.. အာ.. အာ..”

ကျီးတစ်အုပ်ပြိုကျသံနဲ့အတူ တော်လဲသံလို အသံကြီးထွက်ပေါ်လာတာနဲ့အတူ အောင်မြတ်သာရဲ့ မျက်ခွံကလဲဖြေးညှင်းစွာ ပွင့်ဟလာခဲ့တယ်။ ဒါပေမယ့် တရားမထိုင်ခင်က စေတီပေါ်ကျရောက်နေတဲ့ လရောင်ကို မမြင်ရတာကြောင့် အပေါ်ကိုမော့ကြည့်လိုက်ရာ လှည်းဘီးတစ်လုံးစာလောက် ကြီးမားတဲ့ မျက်လုံးဝါဝါနှစ်လုံးကို မြင်လိုက်ရတယ်။

သာမန်လူတွေဆိုရင် အဲဒီနေရာမှာပဲ နှလုံးသွေးရပ်ကာ သေဆုံးသွားနိုင်တဲ့ ခြောက်လှန့်မှုက အောင်မြတ်သာကိုတော့ တိုးမပေါက်နိုင်ခဲ့ပေ။

“ သင်က ငလှအောင်လား၊ ငလှဆောင်လား”

လေသံအေးအေးနဲ့ တစ်ခွန်းချင်းမေးလိုက်တာကြောင့် အပေါ်ကနေမိုးထားတဲ့ အတ္တဘောကြီးက ဆောင့်ကြောင့်ထိုင်ကာ ချွန်မြနေတဲ့သွားစွယ်တွေပေါ်အောင် ရယ်လိုက်ပြီး

“ ငါက ငလှအောင်ပဲ… ငလှဆောင်က ဟိုမှာ”

သစ်ခြောက်ပင်လို ရွတ်တွနေတဲ့ လက်ညိုးတစ်ချောင်းနဲ့ ညွှန်ပြတာကြောင့် ကြည့်လိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှရဲ့ ဘေးမှာ ထိုင်နေတဲ့ ငလှဆောင်ကိုမြင်လိုက်ရတယ်။

“ မောင်ကောင်း၊ ခွန်းလှ မင်းတို့ ဒီရုပ်သွင်တွေကိုမြင်တော့ ထွက်ပြေးရလောက်တဲ့ထိ ကြောက်စိတ်ဖြစ်လား”

“ အမှန်တိုင်းပြောရရင်ဆရာရယ်… ထွက်ပြေးရလောက်တဲ့ထိမဖြစ်ပေမယ့် ကြက်သီးမွှေးညှင်းထတာလောက်တော့ဖြစ်ပါတယ်”

ငလှအောင်နဲ့ ငလှဆောင်က သူတို့ကို မကြောက်လန့်ပဲ တည်ငြိမ်စွာနဲ့တုံ့ပြန်တဲ့ အောင်မြတ်သာတို့ကိုမြင်တော့ ခံပြင်းသွားပြီး ကြီးမားတဲ့ လက်အစုံနဲ့ ရိုက်ချလိုက်တယ်။

“ ဖြောင်း”

“ ဝုန်း”

လေကိုခွင်းပြီးကျလာတဲ့ အရှိန်က လမ်းတစ်ဝက်မှာတင် ရပ်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အောင်မြတ်သာတို့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်ကနေ အင်းစမစာလုံးတွေနဲ့ချိတ်ဆက်ထားတဲ့ပုံစံ စက်ဝိုင်းတစ်ခုပေါ်လာပြီး ကြားထဲမှာခံနေခဲ့လို့ပဲ။

“ သင်တို့ရဲ့ကြိုဆိုမှုက ကြမ်းတမ်းလိုက်တာ”

အောင်မြတ်သာက ဒေါသထွက်ခြင်းမရှိတဲ့ လေသံပြောပြီး မတ်တပ်ထရပ်လိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့ပါ အနားရောက်လာခဲ့ကြတယ်။

“ ဒီနေရာက သာသနာ‌နယ်မြေမဟုတ်လား… ဒါကို ဘာကြောင့် အရိုင်းဆန်အောင် ဖန်တီးချင်ကြတာလဲ”

“ နင်တို့လာတာကို မလိုချင်ဘူး… ဘယ်သူမှ ဒီနားကိုလာတာမကြိုက်ဘူးကွ”

ငလှအောင်က ဝမ်းခေါင်းသံနဲ့အော်ပြောပြီး မြေကြီးကို လက်သီးနဲ့ထုချလိုက်ရာ မြေတွေပါတုန်ခါသွားခဲ့တယ်။

“ ဒီလောက်ကြမ်းချင်သပဆိုရင်လဲ သင်တို့အကြိုက်လိုက်ပေးရတော့မှာပေါ့”

အောင်မြတ်သာက ရှေ့ကိုတိုးလာကာငလှအောင်ရဲ့ ခြေထောက်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး

“ ဒီပညာပြိုင်ပွဲမှာ အရှုံးအနိုင်တစ်ခုတော့ သတ်မှတ်ရလိမ့်မယ်… ကျုပ်ရှုံးရင် ကျုပ်တို့အသက်ကိုပေးမယ်၊ သင်တို့ရှုံးရင် ဘာပြန်လုပ်ပေးမလဲ”

“ ငါတို့ရှုံးရင် နင်တို့ရဲ့ လက်ပါးစေတပည့်အဖြစ် ခံယူမယ်၊ နင်တို့အပေါ်သစ္စာဖောက်ခဲ့ရင် ‌ပြာအတိဖြစ်ပါစေ”

“ ဟုတ်ပြီ… သင်တို့ပြောတာကို ကျုပ်သဘောတူတယ်… ဒီနယ်မြေက သင်တို့နယ်ဖြစ်တာကြောင့် ပထမအခွင့်အရေးပေးလိုက်မယ်… ကျုပ်တို့အသက်ကိုနှုတ်ယူပေတော့”

အောင်မြတ်သာက လက်နောက်ပစ်ပြီး ငလှအောင်နဲ့ ငလှဆောင်ကို စိုက်ကြည့်နေခဲ့လိုက်တယ်။

မောင်ကောင်းနဲ့ ခွန်းလှကတော့ ဆရာဖြစ်သူရဲ့ ပညာကိုယုံကြည်တာကြောင့် ဘေးထွက်လိုက်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြတယ်။

ငလှအောင်နဲ့ ငလှဆောင်က အောင်မြတ်သာရဲ့ အရှေ့နဲ့အနောက်မှာ ရပ်လိုက်ပြီး ကြီးမားတဲ့လက်တွေနဲ့ ပြိုင်တူဆုပ်ကိုင်ကာ တစ်စစီဆွဲဖြဲဖို့ကြိုးစားပေမယ့် ယောဂီလုံချည်စတောင်မလှုပ်တာကို သတိထားမိခဲ့ကြတယ်။

နှစ်ယောက်သား အားကုန်သုံးပြီး ဆွဲမကြပေမယ့် အောင်မြတ်သာရဲ့ခန္ဓာကိုယ်က သစ်သားထဲထိုးစိုက်ထားတဲ့သံမှိုလို မြဲမြံနေတာကိုမြင်တော့ အနည်းငယ်တုန်လှုပ်သွားခဲ့ကြတယ်။

“ အခြားနည်းလမ်းရှိရင် ကျုပ်ကိုသေအောင် သတ်နိုင်ပါတယ်၊ သင်တို့မသတ်နိုင်ဘူးဆိုရင်တော့ ကျုပ်အလှည့်ဖြစ်ပြီနော်”

အောင်မြတ်သာက တည်ငြိမ်စွာပြောနေပေမယ့် ငလှအောင်နဲ့ ငလှဆောင်ကတော့ လှုပ်လှုပ်ရှားရှားဖြစ်လာပြီးဒေါသပိုထွက်လာခဲ့ကြတယ်။ ဒါကြောင့် အနားမှာရှိနေတဲ့ တောင်နံရံကိုဖဲ့ယူပြီး ဦးခေါင်းတည့်တည့်ကနေ ပစ်ချလိုက်ရာ ကျောက်တုံးက ဦးခေါင်းပေါ်မရောက်ခင်မှာပဲ အစိပ်စိပ်အမွှာမွှာကွဲထွက်ပြီး ဘေးကိုလွင့်ထွက်သွားခဲ့တယ်။

ဒါလဲမကျေနပ်သေးတဲ့ နှစ်ကောင်က တောင်စောင်းမှာပေါက်နေတဲ့ သစ်‌ေခြာက်ပင်ကိုအမြစ်ကနေဆွဲနှုတ်ပြီး ရိုက်သတ်ဖို့ဟန်ပြင်လိုက်ချိန်မှာတော့ အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ကနေ အလျှံညီးညီးတောက်လောင်နေတဲ့ အခိုးငွေ့တွေထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။

အခိုးငွေ့တွေက လေထဲမှာ မြွေတစ်ကောင်လို လူးလွန့်ရင်း သစ်ခြောက်ပင်နှစ်ပင်ကိုင်ထားတဲ့ ငလှဆောင်နဲ့ ငလှအောင်ရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ရာ ခန္ဓာကိုယ်နှစ်ခုက‌နေ

လူတစ်ကိုယ်ခေါင်းနှစ်လုံးရှိတဲ့ ဘီလူးအသွင်အဖြစ်ပြောင်းလဲသွားတာမြင်လိုက်ရတယ်။

ခေါင်းနှစ်လုံးနဲ့ဘီလူးက လက်ထဲကိုင်ထားတဲ့ သစ်ခြောက်ပင်နှစ်ပင်ကို အောင်မြတ်သာဆီ အားကုန်လွှဲရိုက်လိုက်ပေမယ့် လေထဲမှာပင် လက်နှစ်ဖက်ကကျောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။

“ သင်အရှုံးပေးပြီလား…”

“ နင်က လူလား နတ်လားဆိုတာ ငါ့ကိုအရင်ပြော”

တစ်ဖြေးဖြေးချင်း ကျောက်ရုပ်အသွင်ပြောင်းနေတဲ့ ခေါင်းနှစ်လုံးဘီလူးက အောင်မြတ်သာကို ထိတ်လန့်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တယ်။

“ ကျုပ်က လူသားစစ်စစ်ပါ… သင်ပိုင်နက်ထဲကို လာတယ်ဆိုတာကလဲ မိုက်မဲနေတာတွေကို ဆုံးမဖို့လာခဲ့တာ၊ဒါကြောင့်သင်အရှုံးကိုလက်ခံလိုက်ပါ”

အောင်မြတ်သာရဲ့ မေတ္တာဓါတ်ပါတဲ့ စကားသံတွေအောက်မှာ ခေါင်းနှစ်လုံးပါတဲ့ဘီလူးကြီးက မျက်ရည်သွင်သွင်ကျပြီး

“ ကျုပ်ရှုံးပြီ… ကျုပ်ရှုံးခဲ့ပြီ…ဒီနေရာမှာ နှစ်ပေါင်းများစွာ ဗိုလ်ကျလာခဲ့ပေမယ့် အခုတော့ ရှုံးခဲ့ရပြီ… ကျုပ်ရဲ့မိုက်မဲမှုတွေကို ခွင့်လွှတ်ပေးပါ”

“ ခွင့်လွှတ်ပါတယ်… သင့်အနေနဲ့ အမှားတွေကိုပြင်ဆင်လိုစိတ်ရှိဖို့ပဲလိုတာပါ”

အောင်မြတ်သာက ခွင့်လွှတ်တယ်ဆိုတဲ့စကားပြောလိုက်တာနဲ့ ကျောက်ရုပ်အဖြစ်ပြောင်းလဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မူလအတိုင်းပြန်ဖြစ်လာခဲ့တယ်။

“ ကျုပ်ကို တပည့်အဖြစ်လက်ခံပေးပါဆရာ”

“ သင့်အနေနဲ့ ကျုပ်တပည့်အဖြစ်နေမယ်ဆိုရင် သူတစ်ပါးအသက်သတ်ခြင်းကို ရှောင်ကြည်ရမှာဖြစ်သလို ပံ့သကူအသားကိုပဲ စားသုံးပါမယ်ဆိုတဲ့ကတိကိုလဲပေးရမယ်၊ သင်ထိန်းသိမ်းနိုင်ပါ့မလား”

“ ထိန်းသိမ်းပါမယ်ဆရာ… ကတိလဲပေးပါတယ်”

“ ကောင်းပြီ… ဒါဆိုရင် သင့်နာမည်ကို အခုကစပြီး ရာဇာဟိယက္ခလို့ခေါ်စေ၊ သင့်တာဝန်က ဝေဘာဂကိုးတောင်ပြည့်စေတီကို စောင့်ရှောက်ရမယ်”

“ တပည့် မှတ်သားပြီး လိုက်နာဆောင်ရွက်ပါ့မယ်”

“ သာဓု သာဓု သာဓု”

အောင်မြတ်သာလဲ ဦးခေါင်းနှစ်လုံးရှိတဲ့ဘီလူးကို ရာဇာဟိယက္ခလို့ခေါ်တွင်စေပြီး စေတီကိုစောင့်ရှောက်ဖို့တာဝန်ပေးအပ်ခဲ့တယ်။

အဓိဌာန်ပြီးဆုံးတဲ့ရက်မှာတော့ စေတီမှာထွင်းထုထားတဲ့ရုပ်ထုတွေကို အသက်သွင်းနေတဲ့အချိန် ကိုးတောင်ပြည့်ကျားကိုစီးပြီးရောက်လာတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။

“ အဖိုးက ဒီတောင်ကိုစောင့်ကြပ်နေတဲ့ တောင်စောင့်အဖိုးလား”

“ ဟုတ်ပါတယ်ဆရာ… ဆရာတို့ဒီအရပ်ကနေ မထွက်ခွာခင် လာနှုတ်ဆက်တာပါ”

“ အဖိုးအနေနဲ့လဲ ‌စေတီကို ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်”

“ အဖိုးကအမြဲတမ်းစောင့်ရှောက်ပေးပါတယ်… စေတီကိုပြုပြင်ထိန်းသိမ်းဖို့ ရဟန်းတစ်ပါးလဲ မကြာခင်ရောက်လာပါလိမ့်မယ်”

“ ဒီလိုဆိုရင် စေတီအတွက်ပိုပြီးပြည့်စုံသွားတာပေါ့ဗျာ..”

“ ဆရာကြောင့် ဒီနေရာလေးက ဘုရားသံတရားသံတွေနဲ့ပြန်လည်စည်ကားလာ တော့မှာပါ” လို့ပြောပြီးစေတီပေါ်မှာ သာမန်ရုပ်သွင်ပြောင်းပြီး တရားထိုင်နေတဲ့ ရာဇာဟိယက္ခ(ခေါ်)ငလှအောင်၊ငလှဆောင်ကိုကြည့်ပြီး ပီတိပြုံးပြုံးကာ ပြန်ထွက်သွားခဲ့တယ်။

ဒီကိစ္စတွေဖြစ်ပြီး လေးလလောက်အကြာမှာတော့ ဝေဘာဂစေတီဆီကို အသက်၆၀အရွယ် ရဟန်းတစ်ပါးကြွရောက်သီတင်းသုံးခဲ့တယ်။ အဲဒီရဟန်းက တောင်စောင့်အဖိုးရဲ့ ကျေးဇူးကြောင့် အသက်ဘေးကနေလွတ်ခဲ့ရတဲ့ ဦးဘရီဖြစ်တယ်ဆိုတဲ့အကြောင်း အသိပေးရင်း ဝတ္တုလေးကိုအဆုံးသတ်လိုက်ပါတယ်။

+++++

အောင်မြတ်သာတို့ဆရာတပည့်တွေ ဝေဘာဂတောင်ပေါ်ကနေဆင်းလာပြီးနောက်ပိုင်း စိန်တစ်လုံးရွာကိုရောက်လာခဲ့တယ်။ အဲဒီရွာမှာတော့ သူငယ်ချင်း အချင်းချင်းစနောက်ရာကနေ မလိုလားအပ်တဲ့ဖြစ်ရပ်တွေဖြစ်လာခဲ့ပုံကိုတော့

အောင်မြတ်သာနှင့် ‌ကျောက်ခဲအပင်းဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

”ေအာင္ျမတ္သာႏွင့္ေဝဘာဂကိုးနဝင္းေစတီ”(စ/ဆုံး)
—————————————————————-

“ ေနာင္ ေနာင္ ေနာင္ ေနာင္”

ညႀကီးသန္းေခါင္ထြက္ေပၚလာတဲ့ ရွမ္းအိုးစည္သံေၾကာင့္ ေတာင္ေျခမွာေနတဲ့ သစ္ခုတ္သမားေတြ မ်က္လုံးျပဴးသြားခဲ့တယ္။

“ ဒီအခ်ိန္ႀကီး ရွမ္းအိုးစည္သံ ဘယ္ကေန ထြက္လာတာလဲ”

“ ‌ေတာင္ေပၚမွာလဲ ကိုးနဝင္းေစတီ တစ္ဆူပဲရွိတာ၊ ဒီအသံက ဘယ္ကထြက္လာတာလဲ”

“ ေတာင္ေပၚတက္ၾကည့္ရင္ေကာင္းမလား”

“ ေနစမ္းပါကြာ… ကိုယ္နဲ႔မဆိုင္တာ ဝင္မစြက္ဖက္နဲ႔.. အိပ္စရာရွိတာအိပ္”

အဖြဲ႕ထဲမွာ အသက္အႀကီးဆုံးျဖစ္တဲ့ ဦးဘရီ ေျပာလိုက္ေတာ့မွ က်န္တဲ့သူေတြၿငိမ္သြားခဲ့ၾကတယ္။

ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့ သစ္ခုတ္ရာမွာအသုံးျပဳတဲ့ပစၥည္းေတြကိုယူၿပီး ေဝဘာဂေတာင္ေပၚကိုတက္လာခဲ့ၾကတယ္။ ေဝဘာဂေတာင္ေၾကာက ေတာထူၿပီး သစ္ရိပ္ဝါးရိပ္မ်ားတာေၾကာင့္ သစ္ခုတ္သမားေတြမ်က္စိၾကၾကေပမယ့္ အေစာင့္အေရွာက္ႀကီးၿပီး ေတာၾကမ္းတာေၾကာင့္ ေတာ္႐ုံလူေတြမလာရဲၾကေပ။

“ မင္းတို႔ပါးစပ္ေတြ မေခ်ာင္ၾကနဲ႔… အခ်င္းခ်င္းစေနာက္တာေရာ၊ အေပါ့အပါးသြားတာကအစ ငါ့ကိုအသိေပးၿပီးမွသြားေနာ္ ၾကားလား”

“ ဟုတ္ကဲ့ ဦးႀကီး”

ဦးဘရီတို႔အဖြဲ႕ေတာင္ေပၚေရာက္ခ်ိန္မွာ ေနက ထန္းတစ္ဖ်ားေရာက္ေနၿပီျဖစ္လို႔ ပါလာတဲ့ပစၥည္းေတြကိုေနရာခ်ကာ သစ္ခုတ္တာကို စတင္ခဲ့ၾကတယ္။

“ ႀကိဳးနဲ႔ဆြဲတဲ့ေကာင္ေတြ သတိထား… အပင္က လည္ၿပီး မင္းတို႔ဆီျပန္က်လာလိမ့္မယ္”

အေတြ႕အႀကဳံရင့္ေနၿပီျဖစ္တဲ့ ဦးဘရီက စိုးရိမ္စိတ္နဲ႔ လွမ္းေျပာလိုက္တဲ့အခ်ိန္ ခုတ္လက္စျဖစ္ေနတဲ့ ပ်ဥ္းကတိုးပင္ႀကီးက ဝုန္းဆိုလဲက်လာခဲ့တယ္။

“ အားလုံး အဆင္ေျပလား…”

“ ေျပတယ္ ဦးႀကီး… ႏွစ္ခ်ိဳ႕အပင္မို႔လို႔လားမသိဘူး အေတာ္ကိုနစ္ေနတာပဲ”

“ ေအးေအး… အားလုံးခဏနားၿပီးတာနဲ႔ ကိုင္းဖ်ားကိုင္းနားေတြ ခုတ္ဖို႔ျပင္ၾက”

အလုပ္သမားေတြလဲ ေခတၱနားခ်ိန္မို႔ ေဆးလိပ္ေသာက္သူကေသာက္၊ စကားေျပာသူက ေျပာနဲ႔ အနားယူေနခဲ့ၾကတယ္။

“ ေဝါင္း….”

႐ုတ္တရက္ၾကားလိုက္ရတဲ့ က်ားဟိန္းသံေၾကာင့္ အကုန္လုံး႐ုတ္႐ုတ္သဲသဲျဖစ္သြားၿပီး အသံၾကားတဲ့ ဘက္ကို လွည့္ၾကည့္လိုက္ၾကတယ္။

“ အားလုံး လူစုမကြဲေစနဲ႔…”

ဦးဘရီက လွမ္းေအာ္လိုက္ၿပီး အနားမွာရွိတဲ့ ဒူးေလးကိုလွမ္းယူလိုက္တယ္။

“ ဒီေတာမွာ ဟင္းမ်ိဳး‌ႀကီးရွိတယ္လို႔ အရင္ကမၾကားဖူးပါဘူး…”

“ ကြၽန္ေတာ္တို႔လဲ ဒီမွာ သစ္ခုတ္တာ ေလးငါးခါရွိၿပီ ဒီလိုဟိန္းသံမ်ိဳးတစ္ခါမွ မၾကားဖူးတာအမွန္ပဲ”

“ ငါတို႔ထဲက ဘယ္သူအမွားလုပ္မိပီလဲမသိပါဘူး၊ ေဟ့ေကာင္ေတြ မင္းတို႔ ငါမသိပဲ ဘာလုပ္မိေသးလဲ ေျပာၾကစမ္း”

ဦးဘရီအသံက မာထန္ေနတာေၾကာင့္ က်န္တဲ့သူေတြအားလုံး မလႈပ္ရဲပဲ ၿငိမ္သက္ေနခဲ့ၾကတယ္။

“ ငါေျပာေနတယ္ ဘယ္သူ ဘာေျပာမိေသးလဲ… မင္းတို႔ေျပာမွ ငါလုပ္စရာရွိတာ လုပ္ရမွာ… မေျပာဘူးဆိုရင္ အကုန္လုံး ဒုကၡေရာက္မွာကြ”

“ ကြၽန္ေတာ္… ကြၽန္ေတာ္ ေတာင္ေပၚတက္တုန္းက ေျပာမိတာတစ္ခုေတာ့ရွိတယ္ ဦးႀကီး”

“ ေအး… မင္း ဘာေျပာခဲ့လဲ”

“ ဒီလိုေတာနက္ထဲမွာ က်ားေတြရွိႏိုင္တယ္ေနာ္ဆိုၿပီး ပြႀကီးကိုေျပာခဲ့မိပါတယ္”

“ မင္းကြာ… ငါအတန္တန္မွာထားရဲ႕သားနဲ႔… ေဟ့ ထြန္းစိန္… ဖေယာင္းတိုင္အေမႊးတိုင္ယူလာခဲ့”

ဦးဘရီက ထြန္းစိန္ေပးတဲ့ ဖေယာင္းတိုင္အေမႊးတိုင္ကိုယူၿပီး အတန္သင့္ျမင့္တဲ့ ကုန္းေပၚမွာ ထြန္းညႇိလိုက္တယ္။

“ ေတာပိုင္၊ ေတာင္ပိုင္မ်ားႏွင့္တကြ အေစာင့္အေရွာက္မ်ား ကို ကြၽန္ေတာ္မ်ိဳးဘရီ ေတာင္းပန္အပ္ပါသည္။ မေျပာသင့္ မေျပာအပ္သည္မ်ားကို ေျပာခဲ့သည္ရွိေသာ္ ေတာပိုင္၊ေတာင္ပိုင္မ်ားက ခြင့္လႊတ္ေပးၾကပါ၊ ကြၽႏ္ုပ္တို႔၏ စားဦးစားဖ်ားမ်ားႏွင့္လဲ ပူေဇာ္ပသပါသည္” လို႔ေျပာၿပီး ပါလာတဲ့ ထမင္းထုပ္ကိုေျဖကာ ပသလိုက္ေတာ့မွ ၿငိမ္က်သြားခဲ့တယ္။

ညေရာက္ေတာ့ တစ္ေနကုန္ ပင္ပန္းထားၾကတဲ့ အလုပ္သမားေတြအားလုံး အိပ္ေမာက်ေနေပမယ့္ ဦးဘရီတစ္ေယာက္ အိပ္မေပ်ာ္ပဲ ဟိုလွိမ့္ဒီလွိမ့္နဲ႔ ျဖစ္ေနခဲ့တယ္။

“ လူေလး… ထစမ္း ထစမ္း”

တဲအျပင္ဘက္ကေန ေခၚတဲ့အသံေၾကာင့္ ဦးဘရီလဲ မီးအိမ္ကိုအလင္းျမႇင့္လိုက္ၿပီး ထြက္ၾကည့္လိုက္ရာ တိုက္ပုံနဲ႔ေတာင္ရွည္ပုဆိုးကိုဝတ္ထားတဲ့ အဖိုးႀကီးတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ မင္းနာမည္ ဘရီလား”

“ ဟုတ္ပါတယ္… အဖိုးက ဘယ္သူပါလဲ”

“ ငါက ေဝဘာဂေတာင္ေစာင့္အဖိုးပဲ…”

“ ကြၽန္ေတာ္တို႔ ဘာအမွားမ်ားလုပ္ခဲ့မိလို႔ အခုလို ကိုယ္ထင္ျပတာလဲအဖိုး”

“ ဒီေနရာက မင္းတို႔ေတြနဲ႔မအပ္စပ္ဘူး…မနက္အ႐ုဏ္တက္တာနဲ႔ ေတာင္ေအာက္ကိုျပန္ဆင္းၾကေတာ့”

“ သစ္ေတြလဲ ခုတ္ၿပီးသားျဖစ္ေနပါၿပီ အဖိုးရယ္… မနက္ျဖန္တစ္ရက္ေလာက္ ေနၿပီးရင္ ေတာင္ေအာက္ဆင္းေပးပါမယ္”

“ ငါသတိလာေပးၿပီးၿပီေနာ္… ေနတာမေနတာ မင္းတို႔ကိစၥျဖစ္သြားၿပီ”

ေတာင္ေစာင့္အဖိုးက ေလသံမာမာနဲ႔ေျပာၿပီး ေတာင္ေဝွးကို တေဒါက္ေဒါက္ ေခါက္ကာ အေမွာင္ထုထဲကိုဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။

ဦးဘရီလဲ ခ်က္ခ်င္းပဲ အလုပ္သမားေတြကို ႏႈိးၿပီး အက်ိဳးအေၾကာင္းေျပာျပလိုက္ရာ အခ်ိဳ႕ကလက္ခံၿပီး အခ်ိဳ႕ကလက္မခံတာကို သိလိုက္ရတယ္။

“ ဒီေလာက္ထိ လုပ္ၿပီးကာမွ ခ်က္ခ်င္းျပန္ဆင္းရမယ္ဆိုတာ မဟုတ္ေသးပါဘူး ဦးႀကီးရာ”

“ ေဟ့ေကာင္ ေမာင္ေခြး.. ငါက အႏၲရာယ္ျဖစ္မွာစိုးလို႔ေျပာေနတာ၊ သစ္‌ဆိုတာ ဒီမွာခုတ္မရလဲ အျခားေနရာခုတ္လို႔ရတယ္ကြ၊ အသက္ဆိုအပိုမပါဘူး နားလည္လား”

“ အဲဒါဆို ကြၽန္ေတာ္ေနခဲ့မယ္ဗ်ာ… ငါနဲ႔ဘယ္သူေနခဲ့မလဲ”

ေမာင္ေခြးစကားေၾကာင့္ သစ္ခုတ္သမား‌ေလးေယာက္ေလာက္က ေနခဲ့ၾကေပမယ့္ က်န္တဲ့သူေတြကေတာ့ ဘႀကီးနဲ႔အတူ ေတာင္ေအာက္ျပန္ဆင္းဖို႔ သေဘာတူခဲ့ၾကတယ္။

ဦးဘရီတို႔ ေတာင္ေအာက္ဆင္းသြားေတာ့ ေမာင္ေခြးက ကိုးေတာင္ျပည့္ေစတီဘက္ကို လွမ္းၾကည့္လိုက္ၿပီး

“ ငါတို႔ကဘာအမွားမွလုပ္ထားတာမရွိဘူး… အလကား အေၾကာက္လြန္ေနတာ” လို႔ေရ႐ြတ္ၿပီး သစ္ခုတ္တဲထဲကိုျပန္ဝင္သြားခဲ့တယ္။

ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့ ခုတ္ထားတဲ့အပင္ေတြကို ျဖတ္ေတာက္စုၿပဳံၿပီးတဲ့အထိ ဘာမွမျဖစ္လာတာေၾကာင့္ က်န္ခဲ့တဲ့သူေတြ စိတ္ထဲ အနည္းငယ္ရဲတင္းလာခဲ့တယ္။

“ ေဟ့ေကာင္ေတြ ငါေျပာတယ္မဟုတ္လား… ဒီလူႀကီး အေၾကာက္လြန္ေနတာပါလို႔”

“ ေအးေနာ္… သူတို႔မရွိေတာ့ ငါတို႔သစ္ပိုရတာေပါ့၊ ဒါနဲ႔ ေစတီရွိတဲ့ ေတာင္ကုန္းဘက္တက္ခုတ္ၾကမလား”

“ ေနာက္တစ္ေခါက္မွ တက္ၾကတာေပါ့… အခုက ခုတ္ထားတာေတြကိုပဲ အရင္သယ္ဖို႔လုပ္”

ေမာင္ေခြးစကားေျပာေနတဲ့အခ်ိန္ အဖြဲ႕ထဲက တစ္ေယာက္က ငိုင္တိငိုင္တိုင္နဲ႔ ထသြားၿပီး သစ္ခုတ္ပုဆိန္ကိုယူကာ အနားမွာရွိတဲ့ တစ္ေယာက္ရဲ႕ ဇက္ကိုပိုင္းခ်လိုက္တယ္။

“ ဒုတ္”

“ အား”

“ ေဟ့ေကာင္ ဘာလုပ္တာလဲ”

ေသြးေတြေပက်ံေနတဲ့ ပုဆိန္ကို ကိုင္ထားတဲ့လူက သေဘာက်စြာရယ္ေမာရင္း က်န္ေနတဲ့သူေတြကိုပါ ထပ္ခုတ္ပါေလေရာ။

႐ုတ္တရက္မို႔ ‌ေမာင္ေခြးတို႔ ေရွာင္ခ်ိန္မရလိုက္ပဲ သစ္ခုတ္ပုဆိန္ကိုင္ထားသူရဲ႕ ခုတ္ခ်က္ေအာက္မွာ ၿငိမ္က်သြားခဲ့တယ္။

“ အဟီး အဟီး ဟက္ဟက္…”

ပုဆိန္ကိုင္ထားတဲ့သူကလဲ အသံနက္နဲ႔ရယ္လိုက္ၿပီး မိမိလည္ပင္းကို ပုဆိန္သြားနဲ႔ ဖိဆြဲခ်လိုက္တယ္။

႐ုတ္တရက္ထပ်ံသြားတဲ့ ငွက္တစ္အုပ္ရဲ႕ ေတာင္ပံခတ္သံ‌ၾကားထံမွာ ေသြးညႇီနံ႔က လႈိင္ခနဲ ထြက္ေပၚလာခဲ့တယ္။

++++++

“ ဒါဆို အဘတို႔အဖြဲ႕က အသက္ေဘးကေန လြတ္သြားတာေပါ့”

“ ဟုတ္တယ္ လူေလး… အဲဒီကိစၥျဖစ္ၿပီး အဘလဲ ေဝဘာဂေတာင္ေပၚကို မတက္ေတာ့တာ အခုထိပဲေပါ့”

“ ေနာက္ေတာ့ေရာ ေဝဘာဂေစတီနဲ႔ပတ္သတ္ၿပီး ဘာၾကားေသးလဲအဘ”

“ ၾကားရတာကေတာ့ ေဝဘာဂေစတီကိုလာတဲ့သူ မွန္သမွ် ႐ူးရင္႐ူး မ႐ူးရင္ေသၾကတာမ်ားတယ္”

“ အသက္ရွင္တဲ့သူေရာ မရွိဘူးလား”

“ ရွိရင္လဲရွိမွာေပါ့… ဒါနဲ႔ လူေလးတို႔က ေတဘာဂေစတီကိုသြားၾကမလို႔လား”

“ ဟုတ္တယ္အဘ… အိမ္မက္အဓိဌာန္အရ ေသခ်ာေပါက္သြားမွရမယ္”

“ ျဖစ္ႏိုင္ရင္မသြားၾကပါနဲ႔လားကြယ္… လူေလးတို႔ကို စိတ္ပူလို႔ေျပာတာေနာ္”

“ အဘ‌ ေစတနာကိုနားလည္ပါတယ္… ကြၽန္ေတာ္တို႔ ဘာမွမျဖစ္ပဲ ျပန္လာမွာပါ”

“ တားမရေတာ့လဲ လူေလးတို႔သေဘာပါကြယ္… ဒါနဲ႔ ေစတီမွာ ဘယ္ႏွစ္ရက္အဓိဌာန္ဝင္ၾကမလို႔လဲ”

“ သုံးရက္ဆို လုံေလာက္ပါၿပီအဘ”

“ ေအးေအး… လိုအပ္တဲ့ရိကၡာေတြကိုေတာ့ ႐ြာထဲကေန ဝယ္သြားၾကေပါ့”

“ မနက္ထဲက လိုတာေတြဝယ္ထားၿပီးပါၿပီ… ေဈးဝယ္ေနရင္း ေဝဘာဂေစတီအေၾကာင္း ေမးလိုက္မိရာကေန အဘဆီ ၫႊန္လိုက္တာပဲ”

“ ဒါနဲ႔ လူေလးတို႔ နာမည္ကို မိတ္ဆက္ေပးဦးေလ”

“ ဟုတ္သားပဲ… ေျပာဖို႔ေမ့ေနၾကတာ… ကြၽန္ေတာ္ နာမည္က ေအာင္ျမတ္သာပါ၊ ဒီႏွစ္‌ေယာက္က ေမာင္ေကာင္းနဲ႔ ခြန္းလွတဲ့”

“ လူေလးတို႔ ဘာအႏၲရာယ္မွမႀကဳံပဲ အဓိဌာန္ေအာင္ျမင္ၾကပါေစကြယ္”

အဖိုးဘရီဆီ‌ကေန ထြက္လာၿပီးတာနဲ႔ ေအာင္ျမတ္သာတို႔လဲ ေဝဘာဂေစတီတည္ထားရာ ေတာင္ေပၚကိုတက္လာခဲ့ပါေတာ့တယ္။

႐ြာကေန ေတာင္ေျခကိုေရာက္ေတာ့ မိုးခ်ဳပ္ေနၿပီမို႔ ပါလာတဲ့ပစၥည္းေတြကိုခ်ကာ တစ္ညတာ အိပ္စက္အနားယူခဲ့ၾကတယ္။

မနက္မိုးလင္းေတာ့ လိုအပ္တဲ့ပစၥည္းေတြကို သယ္ၿပီး ေတာင္ေပၚကိုစတက္ခဲ့ရာ ‌မြန္းတည့္ခ်ိန္အေရာက္မွာေတာ့ ေဝဘာဂေစတီကို လွမ္းျမင္တဲ့ ေနရာထိေရာက္လာခဲ့တယ္။

“ ေတာင္က အေတာ္မတ္တာပဲ… ေနာက္ၿပီး လူသူအေရာက္ေပါက္နည္းလို႔ထင္တယ္ သစ္ႀကီးဝါးႀကီးေတြအမ်ားႀကီးက်န္ေသးတယ္”

“ မင္းတို႔လဲ ေမာေနၾကၿပီထင္တယ္… ခဏအနားယူလိုက္ပါဦး…”

ေအာင္ျမတ္သာက ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ နားေနတဲ့အခ်ိန္ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္ေတြကို ေမတၱာပို႔ေနခဲ့လိုက္တယ္။

“ ဆရာ… ဒီေတာင္ေၾကာမွာရွိတဲ့ အေစာင့္ေတြက အေတာ္ၾကမ္းမယ့္ပုံပဲ”

“ ဘာျဖစ္လို႔လဲ ေမာင္ေကာင္း”

“ ဟိုမွာေလဆရာ… ကြၽန္ေတာ္တို႔ကို လူတစ္ေယာက္ ခါးေထာက္ရပ္ၾကည့္ေနတယ္”

ေမာင္ေကာင္းျပတဲ့ေနရာကို ၾကည့္လိုက္ရာ အေပၚပိုင္းဗလာက်င္းထားၿပီး လုံခ်ည္တိုတိုဝတ္ထားတဲ့ လူတစ္ေယာက္ ေတာင္ေစာင္းတစ္ခုေပၚကေန ရပ္ၾကည့္ေနတာျမင္လိုက္ရတယ္။

“ ဒါေတာင္ ေစတီပရ၀ဏ္ထဲမေရာက္ေသးဘူး… ဇာတ္လမ္းေတြကစလာၿပီထင္တယ္ဆရာ”

ခြန္းလွစကားကို ေအာင္ျမတ္သာက ဘာမွျပန္မေျပာပဲ ၿပဳံး႐ုံၿပဳံးကာ ေတာင္ေပၚကို စိုက္ၾကည့္ေနခဲ့လိုက္တယ္။

မၾကာခင္ ႐ုတ္တရက္ဆိုသလို ေလၾကမ္းေတြတိုက္ခတ္လာၿပီး သစ္ပင္ႀကီးငယ္ေတြ ယိမ္းထိုးလႈပ္ရွားလာတာေၾကာင့္ ေတာင္ေပၚကို အထုပ္အပိုးေတြနဲ႔တက္ေနၾကတဲ့ ေမာင္ေကာင္းတို႔လဲ ေလကြယ္ရာ သစ္ပင္ေနာက္ကို ဝင္ၿပီး နားလိုက္ၾကရတယ္။

“ ေလကၾကမ္းလိုက္တာ… မိုးရိပ္လဲမေတြ႕ပဲ ဘာေၾကာင့္ ဒီလိုျဖစ္လာတာလဲမသိဘူး”

“ သူတို႔ေတြက ငါတို႔လာတာကို မႏွစ္သက္တာေၾကာင့္ ျဖစ္မယ္ထင္တယ္၊ ဦးဘရီေျပာတဲ့ပုံအရဆိုရင္ ဒီေစတီမွာရွိေနၾကတဲ့ အေစာင့္ေတြက ေကာင္းတဲ့စိတ္ရင္းရွိမယ့္ပုံမေပၚဘူး”

“ ဆရာ… ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကမလဲ.. အထုပ္အပိုးေတြနဲ႔ ဆက္တက္ဖို႔မလြယ္ေလာက္ဘူးထင္တယ္”

ခြန္းလွစကားေၾကာင့္ ေအာင္ျမတ္သာက ေလကြယ္ရာ အရပ္ကေနထြက္ၿပီး လြယ္အိတ္ထဲပါလာတဲ့ နတ္မင္းႀကီးေလးပါးအင္းကို ညာလက္ဝါးေပၚတင္ၿပီး ေျမႀကီးနဲ႔ ထိကပ္လိုက္ရာ တိုက္ခတ္ေနတဲ့ေလၾကမ္းေတြက ခ်က္ခ်င္းရပ္သြားခဲ့တယ္။

“ ခဏေတာ့ ထိန္းထားႏိုင္ၿပီ.. ဆက္တက္ၾကစို႔”

ေမာင္ေကာင္းနဲ႔ ခြန္းလွလဲ ေလၿငိမ္တာနဲ႔ အထုပ္ေတြကိုလြယ္ကာ ေတာင္ေပၚကို ျပန္တက္ခဲ့ၾကတယ္။ ေဝဘာဂေစတီကိုေရာက္ဖို႔ ေတာင္ေၾကာတစ္ေကြ႕ေလာက္အလိုမွာေတာ့ အလြန္ေမႊးအီလြန္းတဲ့ရနံ႔ေတြထြက္ေပၚလာခဲ့တယ္။

“ ေမႊးလိုက္တဲ့အနံ႔ဗ်ာ… ဒါမ်ိဳးတစ္ခါမွ မရဘူးဘူး”

ေမာင္ေကာင္းက မ်က္စိကိုမွိတ္ၿပီး ရနံ႔ကိုရႈရႈိက္ကာေျပာလိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာက ႐ုတ္တရက္အနားေရာက္လာၿပီး ႏွာေခါင္းကိုဆြဲပိတ္ထားလိုက္တယ္။

“ ခြန္းလွ.. အေမႊးနံ႔ေတြထဲစိတ္မေရာက္နဲ႔၊ ဒါက ငါတို႔ရဲ႕စိတ္ကိုပ်ံ႕လႊင့္ေအာင္လုပ္ေနတာ”

ေအာင္ျမတ္သာစကားေၾကာင့္ ခြန္းလွလဲ ႏွာေခါင္းကို လက္နဲ႔အုပ္ၿပီး မရႈမိေအာင္သတိထားေနခဲ့လိုက္တယ္။ အဲဒီေတာ့မွ ေမာင္ေကာင္းသတိဝင္လာၿပီး လြယ္အိတ္ထဲပါလာတဲ့ အဝတ္တစ္ထည္ကို ႏွာေခါင္းဝမွာေတ့ထားလိုက္တယ္။

ေအာင္ျမတ္သာကေတာ့ ေဝဘာဂေစတီရဲ႕အေနာက္ဘက္အစြန္းမွာ ထြက္ေနတဲ့ ကမူကိုစိုက္ၾကည့္ၿပီး လက္နဲ႔ဆြဲဖယ္လိုက္ရာ အဆမတန္ႀကီးမားတဲ့ ငွက္ေပ်ာ႐ြက္တစ္႐ြက္ကို ယပ္ေတာင္သဖြယ္ ခပ္ေနတဲ့ လူတစ္ေယာက္ေပၚလာခဲ့တယ္။ သူ႔အေရွ႕မွာေတာ့ အေငြ႕တေထာင္းေထာင္းထေနတဲ့ ေၾကးလင္ဗန္းတစ္ခု။

“ ငါထင္တဲ့အတိုင္းပါပဲလား…”

“ ဆရာ… ဟိုလူက ကြၽန္ေတာ္တို႔ရွိတဲ့ဘက္ကို အေငြ႕ေတြခပ္ထုတ္ေနပါလား”

“ ခုနကရတဲ့ ရနံ႔ေတြက အဲဒီကေနလာတာပဲ… သူ႔ရဲ႕အေမႊးနံ႔ကို ရႈရႈိက္တာၾကာလာရင္ လူ မူးေမ့ၿပီးသတိလစ္သြားတတ္တယ္… ဒီအနံ႔ကို ဥစၥာေစာင့္မေတြအသုံးမ်ားၾကတယ္”

ငွက္ေပ်ာ႐ြက္နဲ႔ယပ္ခတ္ေနတဲ့လူက သူ႔အႀကံမေအာင္ျမင္တာနဲ႔ အခိုးေငြ႕ေတြထြက္ေနတဲ့ ေၾကးလင္ဗန္းကိုပင့္ၿပီး ေစတီေဘးကို ျပန္လည္ဝင္ေရာက္သြားတာကို ခပ္ေရးေရးျမင္လိုက္ရတယ္။

“ ဒီေစတီမွာရွိတဲ့ အေစာင့္ေတြက ထင္တာထက္ပိုၾကမ္းေနပါလား”

“ ဒါကအစပဲရွိ‌ေသးတယ္… မၾကာခင္ ပိုေၾကာက္ဖို႔ေကာင္းတဲ့စမ္းသပ္မႈေတြလာလိမ့္မယ္”

ေအာင္ျမတ္သာက ခပ္ေအးေအးေျပာလိုက္ေပမယ့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ကေတာ့ ၾကက္သီးတျဖန္းျဖန္းထကာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကတယ္။

ဒီလိုနဲ႔ ေအာင္ျမတ္သာတို႔လဲ ေစတီတည္ထားရာဆီကိုေရာက္လာခဲ့ၿပီး အနီးကပ္ဖူးလိုက္ရာ ထုံးသကၤန္းသုတ္ထားတဲ့ လႈိဏ္ေခါင္းေပၚမွာ ကိုးေတာင္ျပည့္ေစတီတစ္ဆူ ထပ္တည္ထားတာကိုျမင္လိုက္ရတယ္။ ေစတီရဲ႕ ေအာက္ေျခ ေလးေထာင့္က်တဲ့ေနရာေတြမွာေတာ့ မုတ္ဆိတ္က်င္စြယ္ေတြပါတဲ့ ေဇာ္ဂ်ီ႐ုပ္ေတြအျပင္၊ ခါးေတာင္းကိုေျမာက္ေနေအာင္ က်ိဳက္ထားတဲ့ လူသန္ႀကီးေတြရဲ႕ပုံကို ထြင္းထုထားတာကိုလဲျမင္လိုက္ရတယ္။

“ ေစတီက ထူးဆန္းလိုက္တာ…”

“ ထူးဆန္းလို႔လဲ ငါတို႔ကို ဒီေနရာမွာ အဓိဌာန္ဝင္ဖို႔ လႊတ္လိုက္တာေပါ့… ေလာေလာဆယ္ ေစတီေဘးကပ္ရပ္က ဇရပ္ပ်က္မွာပဲ ေနၾကရေအာင္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းတို႔လဲ ၿပိဳက်လုဆဲဆဲျဖစ္ေနတဲ့ ဇရပ္ေပၚကို အထုပ္အပိုးေတြ တင္လိုက္ၿပီး ဖုန္နဲ႔အမႈိက္သ႐ိုက္ေတြကို လွဲက်င္းလိုက္ၾကတယ္။

“ မင္းတို႔လဲ တစ္ေနကုန္ပင္ပန္းလာတာဆိုေတာ့ ေစတီေဘးက ေတာင္က်ေခ်ာင္းမွာ ကိုယ္လက္သန႔္စင္လိုက္ၾက…”

ေမာင္ေကာင္းတို႔ ေစတီရဲ႕ေဘးက လွ်ိဳထဲမွာ သဘာဝအေလ်ာက္ျဖစ္ေနတဲ့ ေတာင္က်ေခ်ာင္းဘက္ထြက္သြားတဲ့အခ်ိန္ ေအာင္ျမတ္သာက ဇရပ္ပတ္ပတ္လည္ကို လက္ညိဳးနဲ႔စည္းတားၿပီး

“ မေကာင္းေသာအႀကံ၊ မေကာင္းေသာအက်င့္ျဖင့္ ဤဇရပ္ထဲကိုဝင္ေရာက္လာပါက ငရဲႀကီးရွစ္ထပ္မွာရွိတဲ့ မီးေတာက္တို႔ဝါးၿမိဳေစသား” လို႔သစၥာဆိုကာ ဇရပ္ေပၚကိုတက္သြားခဲ့လိုက္တယ္။

မၾကာခင္ ေတာင္က်ေခ်ာင္းကိုသြားတဲ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ ဇရပ္ရွိတဲ့ဘက္ကို လမ္းေလ်ာက္လာတာျမင္လိုက္ရတယ္။

“ ဆရာ… ကိုယ္လက္မသန႔္စင္ဘူးလား”

“ ငါက မင္းတို႔ေလာက္မပင္ပန္းတာမို႔ မလိုက္ခဲ့ေတာ့တာ”

ေအာင္ျမတ္သာက ဇရပ္အျပင္ကို တစ္ခ်က္မွ် လွည့္ၾကည့္ၿပီးေျပာလိုက္ေပမယ့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔က အထဲကိုမဝင္လာပဲ အျပင္မွာ မတ္တပ္ရပ္ေနေသးတာေၾကာင့္ စိတ္ထဲ သကၤာမကင္းျဖစ္လာၿပီး

“ ေရစိုအဝတ္ေတြနဲ႔ ဘာလို႔ရပ္ေနၾကတာလဲ… အထဲဝင္ခဲ့ၾကေလ” လို႔ေျပာလိုက္တဲ့အခ်ိန္ ဘာမွမတုံ႔ျပန္တာေၾကာင့္ ညာလက္ညိဳးနဲ႔ ထိုးၿပီး

“ ဟိတ္… မူလျပန္စမ္း” လို႔ အမိန႔္ေပးလိုက္ရာ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔မ်က္ႏွာက အဖုအထစ္ေတြထလာၿပီး အစြယ္တေဖြးေဖြးနဲ႔ ဘီလူးႀကီးေတြအျဖစ္ကိုေျပာင္းသြားခဲ့တယ္။

“ သင္တို႔ရဲ႕ပရိယာယ္က က်ဳပ္ကို လွည့္စားႏိုင္မယ္ထင္ေနတာလား”

ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔ေျပာလိုက္တဲ့ ေအာင္ျမတ္သာစကားေၾကာင့္ အသြင္ေျပာင္းလာတဲ့ ဘီလူးႏွစ္ေကာင္က ေတာက္တစ္ခ်က္ခတ္ကာ ေပ်ာက္ကြယ္သြားခဲ့တယ္။

ခဏေနေတာ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ အေလာတႀကီးေျပးလာၿပီး

“ ဆရာ… ဒီေနရာက အေတာ္ဆိုးဆိုးပဲ”

“ ဘာျဖစ္လို႔လဲ ေျပာပါဦး”

“ ကြၽန္ေတာ္တို႔ေရခ်ိဳးဖို႔ ေခ်ာင္းထဲဆင္းသြားေတာ့ ေခ်ာင္းစပ္သစ္ပင္အေနာက္မွာ လူရိပ္တစ္ခုကို ေတြ႕လိုက္တယ္၊ အဲဒါနဲ႔ ႏွစ္‌ေယာက္သား ေရခ်ိဳးတဲ့ေနရာကိုစည္းခ်ၿပီးခ်ိဳးေနတဲ့အခ်ိန္ စည္းအျပင္ဘက္ေရထဲကေန လက္တစ္ထြာသာသာရွိတဲ့ ငါးတစ္ေကာင္ ကူးလာတာ ႏွစ္ေယာက္လုံးျမင္လိုက္ရတယ္၊ ကြၽန္ေတာ္တို႔လဲ သာမန္ပဲထင္ၿပီး ေရဆက္ခ်ိဳးေနတာေပါ့၊ အဲဒီမွာ တစ္ထြာသာသာရွိတဲ့ ငါးက မ်က္စိေရွ႕မွာတင္ တစ္ေျဖးေျဖးႀကီးလာၿပီး တစ္လံေလာက္ရွိတဲ့ ငါးတစ္ေကာင္ျဖစ္သြားတာဆရာေရ… အဲဒီငါးရဲ႕ပါးစပ္ထဲမွာရွိတဲ့အစြယ္ေတြက လက္ညိဳးတစ္ေခ်ာင္းစာေလာက္ရွိတယ္။ ဒီေကာင္က စည္းအျပင္ကေနသာ ဝုန္းဒိုင္းက်ဲေနေပမယ့္ အထဲကိုေတာ့ မဝင္လာဘူး၊ ကြၽန္ေတာ္တို႔လဲ ကမန္းကတမ္း အဝတ္ေတြယူၿပီး ျပန္တက္လာခဲ့လိုက္တာ၊ ဟူး… ဒီေနရာက အခ်ိန္ျပည့္သတိထားရမယ့္ပုံပဲ”

“ ခုနကေတာင္ ဘီလူးႏွစ္ေကာင္ မင္းတို႔အေယာင္ေဆာင္ၿပီး ဇရပ္ေပၚတက္လာဖို႔ လုပ္ေသးတယ္… ဒါေပမယ့္ စည္းကိုမေက်ာ္ရဲတာမို႔ မေက်မခ်မ္းျဖစ္ၿပီး ျပန္ထြက္သြားၾကတယ္ေလ”

“ ဆရာလဲ ကြၽန္ေတာ္တို႔လိုႀကဳံလိုက္ရတာေပါ့”

“ ဒါေတြ အသာထားလိုက္ၾကဦး… ညေမွာင္စပ်ိဳးတာနဲ႔ ေစတီေပၚတက္ၿပီး အဓိဌာန္ဝင္ဖို႔လုပ္ရမယ္၊ ဖေယာင္းတိုင္နဲ႔ လိုအပ္တဲ့အင္းေတြကို ျပန္စစ္ထားၾက”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ လြယ္အိတ္ထဲပါလာတဲ့ အင္းေတြကို စစ္ေဆးၿပီး အားလုံးစုံၿပီဆိုတာနဲ႔ ေစတီရွိတဲ့ဘက္ကို ထြက္လာခဲ့ၾကတယ္။

+++++

တျဖဴးျဖဴးတိုက္ခတ္ေနတဲ့ ေလေျပက ေဝဘာဂေတာင္တန္းတစ္ခုလုံးကို မထိတထိ က်ီစယ္ေနခဲ့တယ္။ အဲဒီအခ်ိန္ ေစတီရဲ႕ထီးေတာ္မွာ ကပ္လႉထားတဲ့ ဆည္းလည္းတစ္လုံးက တခြၽင္ခြၽင္နဲ႔ ထျမည္ပါေလေရာ။

“ ဒီေလာက္ေလတိုက္ေနတာ ဆည္းလည္းက ဘာလို႔ တစ္လုံးထဲျမည္ေနတာလဲ”

ခြန္းလွစကားေၾကာင့္ ေအာင္ျမတ္သာေရာ ေမာင္ေကာင္းပါေမာ့ၾကည့္လိုက္ရာ အဟုတ္ကို တစ္လုံးထဲလႈပ္ခတ္ၿပီးအသံျမည္ေနတာျမင္လိုက္ရတယ္။

“ အျခားကိစၥေတြ သိပ္အာ႐ုံမထားနဲ႔… ေစတီပတ္ပတ္လည္ကို ဆီမီးေတြ လိုက္ထြန္းၾက”

“ ဟုတ္ကဲ့ဆရာ”

ေမာင္ေကာင္းတို႔ ေစတီပတ္ပတ္လည္ကို မီးေတြျပည့္ေနေအာင္ထြန္းၿပီးခ်ိန္မွာေတာ့ ပတ္ဝန္းက်င္ကို ရွင္းရွင္းလင္းလင္းျမင္ရေလာက္တဲ့ထိ လင္းထိန္သြားခဲ့တယ္။

“ ဆရာ အဓိဌာန္ဘယ္ခ်ိန္စဝင္ရမွာလဲ”

“ ခဏေနဦး… အဓိဌာန္မဝင္ခင္ လုပ္စရာရွိေသးတယ္”

ေအာင္ျမတ္သာက ‌ေစတီေပၚကိုမတက္ေသးပဲ ဘီလူးႏွစ္ေကာင္ ထိုင္ေနတဲ့ပုံထုဆစ္ထားတဲ့ ေလွကားအတက္အဆင္းေအာက္ေျခမွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး သိမ္ဝင္သပိတ္ကြဲအင္းကို ေျပာင္းျပန္လွန္ကာ မီးထြန္းလိုက္တယ္ဆိုရင္ပဲ နာက်င္စြာေအာ္ဟစ္သံနဲ႔အတူ မီးေသြးခဲလိုမဲနက္တဲ့အသားရည္ရွိတဲ့အေကာင္ တစ္ေကာင္ ျပဳတ္က်လာခဲ့တယ္။

“ အမေလး… ပူလိုက္တာ… တစ္ကိုယ္လုံး မီးေလာင္ေနသလိုပါပဲလား… အင္းေဇာက္ထိုးေပၚက မီးကိုၿငိမ္းေပးပါ… ေနာက္မလုပ္ေတာ့ပါဘူး… မီးကိုၿငိမ္းေပးပါေတာ့”

“ မီးကိုၿငိမ္းေပးရင္ သင္က က်ဳပ္ေမးတာေတြကို အမွန္တိုင္းေျဖမွာလား”

“ အမွန္တိုင္းေျဖေပးမယ္… အမေလးး.. မခံႏိုင္ေတာ့ဘူး”

ေအာင္ျမတ္သာက ေလွကားအေပၚမွာ ထြန႔္ထြန႔္လူးေနတဲ့ေကာင္ကို ခနဲ႔ၿပဳံးေလးၿပဳံးကာ ၾကည့္လိုက္ၿပီး ဖေယာင္းတိုင္မီးကို လက္နဲ႔ၿငိမ္းေပးလိုက္ၿပီး

“ သင္ဘယ္သူလဲ…”လို႔ေမးလိုက္တဲ့အခ်ိန္ မဲမဲေကာင္က ထေျပးတာေၾကာင့္

“ ဂိုဏ္းေစာင့္ေတြ ဒီငမိုက္သားကို မေျပးႏိုင္ေအာင္ ခ်ဳပ္ထားစမ္း” လို႔အမိန႔္ေပးလိုက္ရာ ေျပးေနတဲ့ေကာင္က ဘုန္းဆိုလဲက်ၿပီး လည္ပင္းကိုလက္နဲ႔ဖိကိုင္ကာ တအစ္အစ္ျဖစ္ေနခဲ့တယ္။

“ စကားေျပာလို႔ရေအာင္ ႀကိဳးကိုေလ်ာ့ေပးလိုက္” လို႔ေျပာလိုက္ေတာ့မွ မဲမဲေကာင္က ငုတ္တုတ္ထထိုင္လာခဲ့တယ္။

“ ေၾကာက္ပါၿပီဆရာရယ္… ေနာက္ထြက္မေျပးေတာ့ပါဘူး၊ ၾကာပြတ္ကိုင္ထားတဲ့ အေစာင့္ကို ဖယ္ေပးပါ”

“ သင္ဘယ္သူလဲဆိုတာ အမွန္တိုင္းေျဖစမ္း.. လိမ္ေျပာရင္ ဒီသေကာင့္သား လည္ပင္းကို ႀကိဳးနဲ႔ခ်ည္ၿပီး စၾကၤာဝဠာအျပင္ဘက္ေရာက္ေအာင္ ဆြဲပစ္လိုက္ၾက”

“ မလိမ္ရဲေတာ့ပါဘူး… ငါက ေစတီရဲ႕ေလွကားမွာ ေစာင့္တဲ့သူပါ.. နာမည္က နက္ေက်ာ္လို႔ေခၚပါတယ္”

“ ေလွကားမွာ ေစာင့္တဲ့သူက ဘယ္လိုေၾကာင့္ ေစတီေပၚတက္ေနရတာလဲ”

“ သံေသေခါင္းေလာင္းသုံးလုံးအသံျမည္ရင္ သူတို႔ေတြနားထဲ သံရည္ပူေလာင္းထည့္သလိုျဖစ္တာေၾကာင့္ ငါ့ကို ကိုင္ခိုင္းထားတာ”

“ သူတို႔ဆိုတာက ဘယ္သူေတြလဲ”

ေအာင္ျမတ္သာစကားကို နက္ေက်ာ္က ျပန္မေျဖပဲ ခြၽန္ျမေနတဲ့လက္သည္းေတြနဲ႔ ေခါင္းကိုတျဗစ္ျဗစ္ ကုတ္ၿပီး

“ ငါနာမည္မေျပာရဲဘူး”

“ သင့္ကို ဘယ္သူမွဘာမွမလုပ္ေစရဘူး… က်ဳပ္ကတိေပးတယ္”

“ သူ သူတို႔ဆိုတာက ငလွေအာင္နဲ႔ ငလွေဆာင္ပါ”

“ သူတို႔ႏွစ္ေယာက္က ဒီေစတီနဲ႔ဘယ္လိုပတ္သတ္ေနတာလဲ”

“ သူတို႔က ဒီမွာေနတာၾကာလွၿပီ…”

“ သင္က ေစတီေလွကားမွာေနတာ ဘယ္ေလာက္ၾကာၿပီလဲ”

“ ႏွစ္၅၀ေက်ာ္ေလာက္ရွိၿပီထင္တယ္”

“ အခု သူတို႔ႏွစ္ေကာင္မရွိၾကဘူးလား”

“ ဒီေန႔က သံေသေခါင္းေလာင္းျမည္တဲ့ေန႔ဆိုေတာ့ သူတို႔အေဝးမွာေရွာင္ေနၾကတာျဖစ္မယ္”

“ သံေသေခါင္းေလာင္းမျမည္ေအာင္ သင္က ကိုင္ထားရတာဆို”

“ ငါက လက္ႏွစ္ဖက္ပဲရွိလို႔ ႏွစ္လုံးပဲကိုင္လို႔ရတာ၊ ေနာက္တစ္လုံးကအသံေတြထြက္ေနတာ ဆရာတို႔လဲၾကားတယ္မဟုတ္လား”

“ ဒီအသံကိုသင္နားေထာင္ႏိုင္တယ္ေပါ့ေလ”

“ ဟုတ္တယ္.. ငါကသံေသေခါင္းေလာင္းသံကို နားေထာင္ႏိုင္တယ္.. ဒါေၾကာင့္ ဒီတာဝန္ယူထားရတာ”

“ ညေနက က်ဳပ္တို႔ကို ေႏွာက္ယွက္တဲ့သူေတြက ဘယ္သူေတြလဲ”

“ ငလွေအာင္နဲ႔ ငလွေဆာင္တို႔ရဲ႕ လက္ပါးေစေတြျဖစ္မွာေပါ့…”

“ ဒီေလာက္သိရတာ ျပည့္စုံပါၿပီ… ဂိုဏ္းေစာင့္မ်ား အေနနဲ႔ ဒီပုဂၢိဳလ္ကို အျခားတစ္ေနရာမွာ ေခတၱထိန္းသိမ္းထားေပးပါ” လို႔ေျပာလိုက္ရာ နက္ေက်ာ္တစ္ေယာက္ ယက္ကန္ယက္ကန္နဲ႔ ဒ႐ြတ္တိုက္ပါသြားခဲ့တယ္။

အဲဒီအခ်ိန္မွာပဲ ဆည္းလည္းသုံးလုံးဆီကေန တခြၽင္ခြၽင္အသံေတြ ျပန္လည္ထြက္ေပၚလာခဲ့သလို ေအာင္ျမတ္သာတို႔ဆရာတပည့္သုံးေယာက္တို႔ရဲ႕ ဘုရားဂုဏ္ေတာ္ပြားမ်ားသံကလဲ ညီညာစြာထြက္ေပၚလာခဲ့တယ္။

ဘုရားရွိခိုးၿပီးလို႔ တရားထိုင္ေနတဲ့ အခ်ိန္ဘယ္ေလာက္ၾကာလို႔ ၾကာမွန္းမသိေပမယ့္ သံေသေခါင္းေလာင္းျမည္သံမၾကားရေတာ့တာကိုေတာ့ ေအာင္ျမတ္သာ သတိထားမိခဲ့တယ္။

“ ေဝါ… ေဝါ…ေဝါ…”

“ အာ.. အာ.. အာ..”

က်ီးတစ္အုပ္ၿပိဳက်သံနဲ႔အတူ ေတာ္လဲသံလို အသံႀကီးထြက္ေပၚလာတာနဲ႔အတူ ေအာင္ျမတ္သာရဲ႕ မ်က္ခြံကလဲေျဖးညႇင္းစြာ ပြင့္ဟလာခဲ့တယ္။ ဒါေပမယ့္ တရားမထိုင္ခင္က ေစတီေပၚက်ေရာက္ေနတဲ့ လေရာင္ကို မျမင္ရတာေၾကာင့္ အေပၚကိုေမာ့ၾကည့္လိုက္ရာ လွည္းဘီးတစ္လုံးစာေလာက္ ႀကီးမားတဲ့ မ်က္လုံးဝါဝါႏွစ္လုံးကို ျမင္လိုက္ရတယ္။

သာမန္လူေတြဆိုရင္ အဲဒီေနရာမွာပဲ ႏွလုံးေသြးရပ္ကာ ေသဆုံးသြားႏိုင္တဲ့ ေျခာက္လွန႔္မႈက ေအာင္ျမတ္သာကိုေတာ့ တိုးမေပါက္ႏိုင္ခဲ့ေပ။

“ သင္က ငလွေအာင္လား၊ ငလွေဆာင္လား”

ေလသံေအးေအးနဲ႔ တစ္ခြန္းခ်င္းေမးလိုက္တာေၾကာင့္ အေပၚကေနမိုးထားတဲ့ အတၱေဘာႀကီးက ေဆာင့္ေၾကာင့္ထိုင္ကာ ခြၽန္ျမေနတဲ့သြားစြယ္ေတြေပၚေအာင္ ရယ္လိုက္ၿပီး

“ ငါက ငလွေအာင္ပဲ… ငလွေဆာင္က ဟိုမွာ”

သစ္ေျခာက္ပင္လို ႐ြတ္တြေနတဲ့ လက္ညိဳးတစ္ေခ်ာင္းနဲ႔ ၫႊန္ျပတာေၾကာင့္ ၾကည့္လိုက္ရာ ေမာင္ေကာင္းနဲ႔ ခြန္းလွရဲ႕ ေဘးမွာ ထိုင္ေနတဲ့ ငလွေဆာင္ကိုျမင္လိုက္ရတယ္။

“ ေမာင္ေကာင္း၊ ခြန္းလွ မင္းတို႔ ဒီ႐ုပ္သြင္ေတြကိုျမင္ေတာ့ ထြက္ေျပးရေလာက္တဲ့ထိ ေၾကာက္စိတ္ျဖစ္လား”

“ အမွန္တိုင္းေျပာရရင္ဆရာရယ္… ထြက္ေျပးရေလာက္တဲ့ထိမျဖစ္ေပမယ့္ ၾကက္သီးေမႊးညႇင္းထတာေလာက္ေတာ့ျဖစ္ပါတယ္”

ငလွေအာင္နဲ႔ ငလွေဆာင္က သူတို႔ကို မေၾကာက္လန႔္ပဲ တည္ၿငိမ္စြာနဲ႔တုံ႔ျပန္တဲ့ ေအာင္ျမတ္သာတို႔ကိုျမင္ေတာ့ ခံျပင္းသြားၿပီး ႀကီးမားတဲ့ လက္အစုံနဲ႔ ႐ိုက္ခ်လိုက္တယ္။

“ ေျဖာင္း”

“ ဝုန္း”

ေလကိုခြင္းၿပီးက်လာတဲ့ အရွိန္က လမ္းတစ္ဝက္မွာတင္ ရပ္သြားခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ေအာင္ျမတ္သာတို႔ရဲ႕ ခႏၶာကိုယ္ပတ္ပတ္လည္ကေန အင္းစမစာလုံးေတြနဲ႔ခ်ိတ္ဆက္ထားတဲ့ပုံစံ စက္ဝိုင္းတစ္ခုေပၚလာၿပီး ၾကားထဲမွာခံေနခဲ့လို႔ပဲ။

“ သင္တို႔ရဲ႕ႀကိဳဆိုမႈက ၾကမ္းတမ္းလိုက္တာ”

ေအာင္ျမတ္သာက ေဒါသထြက္ျခင္းမရွိတဲ့ ေလသံေျပာၿပီး မတ္တပ္ထရပ္လိုက္ရာ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ပါ အနားေရာက္လာခဲ့ၾကတယ္။

“ ဒီေနရာက သာသနာ‌နယ္ေျမမဟုတ္လား… ဒါကို ဘာေၾကာင့္ အ႐ိုင္းဆန္ေအာင္ ဖန္တီးခ်င္ၾကတာလဲ”

“ နင္တို႔လာတာကို မလိုခ်င္ဘူး… ဘယ္သူမွ ဒီနားကိုလာတာမႀကိဳက္ဘူးကြ”

ငလွေအာင္က ဝမ္းေခါင္းသံနဲ႔ေအာ္ေျပာၿပီး ေျမႀကီးကို လက္သီးနဲ႔ထုခ်လိုက္ရာ ေျမေတြပါတုန္ခါသြားခဲ့တယ္။

“ ဒီေလာက္ၾကမ္းခ်င္သပဆိုရင္လဲ သင္တို႔အႀကိဳက္လိုက္ေပးရေတာ့မွာေပါ့”

ေအာင္ျမတ္သာက ေရွ႕ကိုတိုးလာကာငလွေအာင္ရဲ႕ ေျခေထာက္ေရွ႕မွာ မတ္တပ္ရပ္လိုက္ၿပီး

“ ဒီပညာၿပိဳင္ပြဲမွာ အရႈံးအႏိုင္တစ္ခုေတာ့ သတ္မွတ္ရလိမ့္မယ္… က်ဳပ္ရႈံးရင္ က်ဳပ္တို႔အသက္ကိုေပးမယ္၊ သင္တို႔ရႈံးရင္ ဘာျပန္လုပ္ေပးမလဲ”

“ ငါတို႔ရႈံးရင္ နင္တို႔ရဲ႕ လက္ပါးေစတပည့္အျဖစ္ ခံယူမယ္၊ နင္တို႔အေပၚသစၥာေဖာက္ခဲ့ရင္ ‌ျပာအတိျဖစ္ပါေစ”

“ ဟုတ္ၿပီ… သင္တို႔ေျပာတာကို က်ဳပ္သေဘာတူတယ္… ဒီနယ္ေျမက သင္တို႔နယ္ျဖစ္တာေၾကာင့္ ပထမအခြင့္အေရးေပးလိုက္မယ္… က်ဳပ္တို႔အသက္ကိုႏႈတ္ယူေပေတာ့”

ေအာင္ျမတ္သာက လက္ေနာက္ပစ္ၿပီး ငလွေအာင္နဲ႔ ငလွေဆာင္ကို စိုက္ၾကည့္ေနခဲ့လိုက္တယ္။

ေမာင္ေကာင္းနဲ႔ ခြန္းလွကေတာ့ ဆရာျဖစ္သူရဲ႕ ပညာကိုယုံၾကည္တာေၾကာင့္ ေဘးထြက္လိုက္ၿပီး အေျခအေနကို ေစာင့္ၾကည့္ေနခဲ့ၾကတယ္။

ငလွေအာင္နဲ႔ ငလွေဆာင္က ေအာင္ျမတ္သာရဲ႕ အေရွ႕နဲ႔အေနာက္မွာ ရပ္လိုက္ၿပီး ႀကီးမားတဲ့လက္ေတြနဲ႔ ၿပိဳင္တူဆုပ္ကိုင္ကာ တစ္စစီဆြဲၿဖဲဖို႔ႀကိဳးစားေပမယ့္ ေယာဂီလုံခ်ည္စေတာင္မလႈပ္တာကို သတိထားမိခဲ့ၾကတယ္။

ႏွစ္ေယာက္သား အားကုန္သုံးၿပီး ဆြဲမၾကေပမယ့္ ေအာင္ျမတ္သာရဲ႕ခႏၶာကိုယ္က သစ္သားထဲထိုးစိုက္ထားတဲ့သံမႈိလို ၿမဲၿမံေနတာကိုျမင္ေတာ့ အနည္းငယ္တုန္လႈပ္သြားခဲ့ၾကတယ္။

“ အျခားနည္းလမ္းရွိရင္ က်ဳပ္ကိုေသေအာင္ သတ္ႏိုင္ပါတယ္၊ သင္တို႔မသတ္ႏိုင္ဘူးဆိုရင္ေတာ့ က်ဳပ္အလွည့္ျဖစ္ၿပီေနာ္”

ေအာင္ျမတ္သာက တည္ၿငိမ္စြာေျပာေနေပမယ့္ ငလွေအာင္နဲ႔ ငလွေဆာင္ကေတာ့ လႈပ္လႈပ္ရွားရွားျဖစ္လာၿပီးေဒါသပိုထြက္လာခဲ့ၾကတယ္။ ဒါေၾကာင့္ အနားမွာရွိေနတဲ့ ေတာင္နံရံကိုဖဲ့ယူၿပီး ဦးေခါင္းတည့္တည့္ကေန ပစ္ခ်လိုက္ရာ ေက်ာက္တုံးက ဦးေခါင္းေပၚမေရာက္ခင္မွာပဲ အစိပ္စိပ္အမႊာမႊာကြဲထြက္ၿပီး ေဘးကိုလြင့္ထြက္သြားခဲ့တယ္။

ဒါလဲမေက်နပ္ေသးတဲ့ ႏွစ္ေကာင္က ေတာင္ေစာင္းမွာေပါက္ေနတဲ့ သစ္‌ေျခာက္ပင္ကိုအျမစ္ကေနဆြဲႏႈတ္ၿပီး ႐ိုက္သတ္ဖို႔ဟန္ျပင္လိုက္ခ်ိန္မွာေတာ့ ေအာင္ျမတ္သာရဲ႕ ခႏၶာကိုယ္ကေန အလွ်ံညီးညီးေတာက္ေလာင္ေနတဲ့ အခိုးေငြ႕ေတြထြက္လာတာကိုျမင္ေတြ႕လိုက္ရတယ္။

အခိုးေငြ႕ေတြက ေလထဲမွာ ေႁမြတစ္ေကာင္လို လူးလြန႔္ရင္း သစ္ေျခာက္ပင္ႏွစ္ပင္ကိုင္ထားတဲ့ ငလွေဆာင္နဲ႔ ငလွေအာင္ရဲ႕ခႏၶာကိုယ္ကို ရစ္ပတ္လိုက္ရာ ခႏၶာကိုယ္ႏွစ္ခုက‌ေန

လူတစ္ကိုယ္ေခါင္းႏွစ္လုံးရွိတဲ့ ဘီလူးအသြင္အျဖစ္ေျပာင္းလဲသြားတာျမင္လိုက္ရတယ္။

ေခါင္းႏွစ္လုံးနဲ႔ဘီလူးက လက္ထဲကိုင္ထားတဲ့ သစ္ေျခာက္ပင္ႏွစ္ပင္ကို ေအာင္ျမတ္သာဆီ အားကုန္လႊဲ႐ိုက္လိုက္ေပမယ့္ ေလထဲမွာပင္ လက္ႏွစ္ဖက္ကေက်ာက္အျဖစ္ေျပာင္းလဲသြားခဲ့တယ္။

“ သင္အရႈံးေပးၿပီလား…”

“ နင္က လူလား နတ္လားဆိုတာ ငါ့ကိုအရင္ေျပာ”

တစ္ေျဖးေျဖးခ်င္း ေက်ာက္႐ုပ္အသြင္ေျပာင္းေနတဲ့ ေခါင္းႏွစ္လုံးဘီလူးက ေအာင္ျမတ္သာကို ထိတ္လန႔္တဲ့မ်က္လုံးေတြနဲ႔စိုက္ၾကည့္ေနခဲ့တယ္။

“ က်ဳပ္က လူသားစစ္စစ္ပါ… သင္ပိုင္နက္ထဲကို လာတယ္ဆိုတာကလဲ မိုက္မဲေနတာေတြကို ဆုံးမဖို႔လာခဲ့တာ၊ဒါေၾကာင့္သင္အရႈံးကိုလက္ခံလိုက္ပါ”

ေအာင္ျမတ္သာရဲ႕ ေမတၱာဓါတ္ပါတဲ့ စကားသံေတြေအာက္မွာ ေခါင္းႏွစ္လုံးပါတဲ့ဘီလူးႀကီးက မ်က္ရည္သြင္သြင္က်ၿပီး

“ က်ဳပ္ရႈံးၿပီ… က်ဳပ္ရႈံးခဲ့ၿပီ…ဒီေနရာမွာ ႏွစ္ေပါင္းမ်ားစြာ ဗိုလ္က်လာခဲ့ေပမယ့္ အခုေတာ့ ရႈံးခဲ့ရၿပီ… က်ဳပ္ရဲ႕မိုက္မဲမႈေတြကို ခြင့္လႊတ္ေပးပါ”

“ ခြင့္လႊတ္ပါတယ္… သင့္အေနနဲ႔ အမွားေတြကိုျပင္ဆင္လိုစိတ္ရွိဖို႔ပဲလိုတာပါ”

ေအာင္ျမတ္သာက ခြင့္လႊတ္တယ္ဆိုတဲ့စကားေျပာလိုက္တာနဲ႔ ေက်ာက္႐ုပ္အျဖစ္ေျပာင္းလဲေနတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြက မူလအတိုင္းျပန္ျဖစ္လာခဲ့တယ္။

“ က်ဳပ္ကို တပည့္အျဖစ္လက္ခံေပးပါဆရာ”

“ သင့္အေနနဲ႔ က်ဳပ္တပည့္အျဖစ္ေနမယ္ဆိုရင္ သူတစ္ပါးအသက္သတ္ျခင္းကို ေရွာင္ၾကည္ရမွာျဖစ္သလို ပံ့သကူအသားကိုပဲ စားသုံးပါမယ္ဆိုတဲ့ကတိကိုလဲေပးရမယ္၊ သင္ထိန္းသိမ္းႏိုင္ပါ့မလား”

“ ထိန္းသိမ္းပါမယ္ဆရာ… ကတိလဲေပးပါတယ္”

“ ေကာင္းၿပီ… ဒါဆိုရင္ သင့္နာမည္ကို အခုကစၿပီး ရာဇာဟိယကၡလို႔ေခၚေစ၊ သင့္တာဝန္က ေဝဘာဂကိုးေတာင္ျပည့္ေစတီကို ေစာင့္ေရွာက္ရမယ္”

“ တပည့္ မွတ္သားၿပီး လိုက္နာေဆာင္႐ြက္ပါ့မယ္”

“ သာဓု သာဓု သာဓု”

ေအာင္ျမတ္သာလဲ ဦးေခါင္းႏွစ္လုံးရွိတဲ့ဘီလူးကို ရာဇာဟိယကၡလို႔ေခၚတြင္ေစၿပီး ေစတီကိုေစာင့္ေရွာက္ဖို႔တာဝန္ေပးအပ္ခဲ့တယ္။

အဓိဌာန္ၿပီးဆုံးတဲ့ရက္မွာေတာ့ ေစတီမွာထြင္းထုထားတဲ့႐ုပ္ထုေတြကို အသက္သြင္းေနတဲ့အခ်ိန္ ကိုးေတာင္ျပည့္က်ားကိုစီးၿပီးေရာက္လာတဲ့ အဖိုးအိုတစ္ေယာက္ကိုျမင္ေတြ႕လိုက္ရတယ္။

“ အဖိုးက ဒီေတာင္ကိုေစာင့္ၾကပ္ေနတဲ့ ေတာင္ေစာင့္အဖိုးလား”

“ ဟုတ္ပါတယ္ဆရာ… ဆရာတို႔ဒီအရပ္ကေန မထြက္ခြာခင္ လာႏႈတ္ဆက္တာပါ”

“ အဖိုးအေနနဲ႔လဲ ‌ေစတီကို ဝိုင္းဝန္းေစာင့္ေရွာက္ေပးဖို႔ ေမတၱာရပ္ခံပါတယ္”

“ အဖိုးကအၿမဲတမ္းေစာင့္ေရွာက္ေပးပါတယ္… ေစတီကိုျပဳျပင္ထိန္းသိမ္းဖို႔ ရဟန္းတစ္ပါးလဲ မၾကာခင္ေရာက္လာပါလိမ့္မယ္”

“ ဒီလိုဆိုရင္ ေစတီအတြက္ပိုၿပီးျပည့္စုံသြားတာေပါ့ဗ်ာ..”

“ ဆရာေၾကာင့္ ဒီေနရာေလးက ဘုရားသံတရားသံေတြနဲ႔ျပန္လည္စည္ကားလာ ေတာ့မွာပါ” လို႔ေျပာၿပီးေစတီေပၚမွာ သာမန္႐ုပ္သြင္ေျပာင္းၿပီး တရားထိုင္ေနတဲ့ ရာဇာဟိယကၡ(ေခၚ)ငလွေအာင္၊ငလွေဆာင္ကိုၾကည့္ၿပီး ပီတိၿပဳံးၿပဳံးကာ ျပန္ထြက္သြားခဲ့တယ္။

ဒီကိစၥေတြျဖစ္ၿပီး ေလးလေလာက္အၾကာမွာေတာ့ ေဝဘာဂေစတီဆီကို အသက္၆၀အ႐ြယ္ ရဟန္းတစ္ပါးႂကြေရာက္သီတင္းသုံးခဲ့တယ္။ အဲဒီရဟန္းက ေတာင္ေစာင့္အဖိုးရဲ႕ ေက်းဇူးေၾကာင့္ အသက္ေဘးကေနလြတ္ခဲ့ရတဲ့ ဦးဘရီျဖစ္တယ္ဆိုတဲ့အေၾကာင္း အသိေပးရင္း ဝတၱဳေလးကိုအဆုံးသတ္လိုက္ပါတယ္။

+++++

ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ေဝဘာဂေတာင္ေပၚကေနဆင္းလာၿပီးေနာက္ပိုင္း စိန္တစ္လုံး႐ြာကိုေရာက္လာခဲ့တယ္။ အဲဒီ႐ြာမွာေတာ့ သူငယ္ခ်င္း အခ်င္းခ်င္းစေနာက္ရာကေန မလိုလားအပ္တဲ့ျဖစ္ရပ္ေတြျဖစ္လာခဲ့ပုံကိုေတာ့

ေအာင္ျမတ္သာႏွင့္ ‌ေက်ာက္ခဲအပင္းဆိုတဲ့ဝတၱဳမွာ ဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)