Unicode Version
“အောင်မြတ်သာနှင့်သေရွာပြန်ဖိုးဒေါင်း”(စ/ဆုံး)
—————————————————————
“ ဘယ်ကောင်မှ ဂရုမစိုက်လို့ သေရာကနေ ပြန်ရှင်လာတာကွ၊ ဟိုကောင် မင်းကဘာကြည့်နေတာလဲ”
အရက်ပုလင်းကိုလက်မှာကိုင်ပြီး ဒယီးဒယိုင်လမ်းလျောက်လာတဲ့ ဖိုးဒေါင်းကို ကြည့်နေတဲ့ လူက အခြားတစ်ဖက်ကို မျက်နှာလွှဲလိုက်ပြီး ရှောင်ထွက်သွားခဲ့တယ်။
“ ဖိုးဒေါင်းတို့ကတော့ မနက်စောစောစီးစီး မူးနေပြန်ပြီ၊ စိတ်ညစ်ပါတယ်”
“ တိုးတိုးပြောပါ စိန်တင်ရယ်၊ ဟိုကကြားသွားလို့ နင့်ဆိုင်ကိုလာသောင်းကျန်းနေပါဦးမယ်”
မုန့်ဟင်းဆိုင်ထဲမှာ ထိုင်နေကြတဲ့ မိန်းမနှစ်ယောက်ရဲ့ တီးတိုးစကားပြောသံအဆုံးမှာ ဆိုင်ထဲကို ဖိုးဒေါင်းရောက်ချလာခဲ့တယ်။
“ မစိန်တင် ကျုပ်ဖို့ မုန့်ဟင်းခါးတစ်ပွဲ လုပ်ပေးစမ်းပါ”
“ ဖိုးဒေါင်း… နင်အရင်ကစားထားတဲ့ အကြွေးတွေလဲ မပေးသေးဘူးနော်၊ အခုလဲ အကြွေးပဲလား”
“ ကျုပ်ကပေးမှာပါဗျ… အခုလောလောဆယ်မရှိသေးဘူး၊ မြန်မြန်လုပ်ဗျာ ဗိုက်ဆာနေပြီ”
မစိန်တင်က ဖိုးဒေါင်းကို မကြည်တဲ့အကြည့်တဲ့ ကြည့်လိုက်ပြီး မုန့်ဟင်းခါးတစ်ပွဲကိုထည့်ကာ ကမ်းပေးလိုက်တယ်။
“ အစ်မကြီး… ဒီလူက ဘာလဲ၊ ပုံစံကြည့်ရတာ အကြောကြီးနဲ့ဗျာ”
“ ငါ့မောင်တို့က ဖိုးဒေါင်းအကြောင်းမသိကြသေးဘူးနဲ့တူတယ်”
“ ကျွန်တော်တို့က အခုမှ ဒီမြို့ကိုရောက်လာကြတဲ့ ခရီးသွားတွေပါ”
“ ဒါဆို သူ့နဲ့ဝေးဝေးကရှောင်နော်၊ ငါ့မောင်တို့ ဒုက္ခရောက်မှာစိုးလို့ပြောပြတာ”
“ သူကို ဘာလို့ကြောက်နေကြတာလဲ၊ လူလူချင်း အခုလိုအနိုင်ကျင့်တာမျိုးတော့ လက်မခံနိုင်ဘူး”
“ ဖိုးဒေါင်းက သေရွာကနေ ပြန်လာတဲ့ကောင်၊ သူ့ကို ရန်ပြုဖို့ကြိုးစားတဲ့သူတွေသာ တစ်ခုပြီးတစ်ခုဖြစ်သွားကြပေမယ့် သူကတော့ အခုထိအသက်ရှင်နေတာပဲကြည့်၊ ဒါကြောင့် ဖိုးဒေါင်းဆိုရင် ဘယ်သူမှ ထိပ်တိုက်မတွေ့ရဲကြဘူး”
“ အဲဒီလိုလား…ဟက်ဟက်၊ ငတိုး ပိုက်ဆံရှင်းလိုက် ငါတို့လဲစားပြီးပြီမဟုတ်လား”
အနက်ရောင်ဂျာကင်ကိုဝတ်ထားတဲ့လူငယ်ရဲ့စကားကြောင့် ဘေးမှာပါလာတဲ့လူက အိတ်ကပ်ထဲက ပိုက်ဆံအချို့ထုတ်ပေးကာ ဆိုင်ထဲကနေ ထွက်လာခဲ့လိုက်တယ်။
+++++
“ ထွီ… မုန့်ဟင်းခါးကလဲ ကျဲတောက်နေတာပဲ၊ မစိန်တင်ကတော့ ရေရောထားပြန်ပြီထင်တယ်”
ဖိုးဒေါင်းက မုန့်ဟင်းခါးထည့်ထားတဲ့ အထုပ်ကို ဇရပ်အပြင်ဘက်လွှင့်ပစ်လိုက်တဲ့အချိန် အရပ်မြင့်မြင့်ခန္ဓာကိုယ်တောင့်တောင့်လူငယ်နှစ်ယောက် ဇရပ်ပေါ်တက်လာတာမြင်လိုက်ရတယ်။
“ ကိုဖိုးဒေါင်းဆိုတာများလား”
“ အေး… ဖိုးဒေါင်းဆိုတာ ငါပဲ၊ ဘာကိစ္စရှိလို့လဲ”
“ သေရွာပြန်ဖိုးဒေါင်းဆိုမျိုးနာမည်ကြီးနေတဲ့လူက တကယ်တမ်းကျတော့ အရက်သမားသာသာပဲရှိပါလား”
“ အဟက်… မင်းတို့က အလာကြီးပါလား”
ဖိုးဒေါင်းက လုံချည်ကို ခပ်တိုတိုပြင်ဝတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။
“ မင်းတို့နဲ့ငါက ဘာရန်ငြိုးရန်စရှိခဲ့လဲပြောပါဦး”
“ ခင်ဗျားကို ဒီမြို့မှာ အကုန်ကြောက်ကြတယ်လို့ ပြောသံကြားတယ်၊ ဒါက တကယ်ဟုတ်မဟုတ် သိချင်လို့ ရောက်လာတာ”
“ ဟေ့ကောင်လေး… မင်းတို့မနက်ဖြန် မျက်နှာမသစ်ချင်တော့ဘူးထင်တယ် အဟီးအဟီး”
“ ဒါဆိုလဲ စမ်းကြည့်ပေါ့ဗျာ”
အနက်ရောင်ဂျာကင်ဝတ်ထားတဲ့လူငယ်ရဲ့ စကားကြောင့် ဖိုးဒေါင်းက ကွမ်းဂျိုးတွေနဲ့မဲနေတဲ့ သွားပေါ်အောင်ရယ်လိုက်ပြီး ခန္ဓာကိုယ်ကို ဖျတ်ခနဲလှုပ်ရှားလိုက်တယ်။
အားပါပြင်းထန်တဲ့လက်သီးက ဂျာကင်ဝတ်လူငယ်ရဲ့ မျက်နှာနားကနေ ဝှီးခနဲ ဖြတ်သွားတာကြောင့် ဖိုးဒေါင်းကိုယ်ရှိန်သတ်လိုက်ပြီး ဘေးကိုပြန်လှည့်ကြည့်လိုက်တယ်။
“ ဘယ်လိုလဲဗျ… ကျုပ်ကိုထိအောင်လဲမထိုးနိုင်ပါလား”
ခနဲ့တဲ့တဲ့စကားကြောင့် ဖိုးဒေါင်းမျက်နှာရဲခနဲဖြစ်သွားပြီး ရပ်နေတဲ့လူရဲ့ ခန္ဓာကိုယ်အနှံ့ကို လက်သီးချက်တွေပစ်သွင်းလိုက်တယ်။
ဖိုးဒေါင်းရဲ့လက်သီးချက်တွေကို ရပ်နေတဲ့လူက ခန္ဓာကိုယ်ယိမ်းနွဲ့ပြီးရှောင်တိမ်းနေရာကနေ ပင့်လက်သီးတစ်ချက် မေးရိုးအောက်ကို ဝင်လာခဲ့တယ်။
ပြင်းထန်လှတဲ့လက်သီးချက်ကြောင့် ဖိုးဒေါင်း မေးရိုးတစ်ချောင်းလုံး ကျင်တက်သွားပြီး လူက အနောက်ကိုယိုင်ကျသွားခဲ့တယ်။
“ လုပ်စမ်းပါဦး သေရွာပြန်ကြီးရဲ့…”
“ ဒီခွေးမသားတော့… ရော့ကွာ”
ဖိုးဒေါင်းက မျက်လုံးတွေ ပြာဝေလာတဲ့အထိ တရစပ်လိုက်ထိုးပေမယ့် အနက်ရောင်ဂျာကင်ဝတ်ထားတဲ့လူကို တစ်ချက်မှမထိပဲ သူကိုယ်တိုင်သာမောလာခဲ့တယ်။ သောက်ထားတဲ့အရက်ရှိန်ကလဲ ကုန်စပြုလာတာမို့ ဖိုးဒေါင်းရဲ့ လက်ရှိန်က ထင်သလောက်မသွက်တော့ပဲ နှေးကွေးလာတဲ့အချိန် ဂျာကင်ဝတ်လူငယ်ရဲ့ လက်သီးချက်တွေက ခန္ဓာကိုယ်အနှံ့ကိုကျရောက်လာခဲ့တယ်။
“ ခွပ်”
ပါးစောင်ရိုးကိုလက်သီးနဲ့ထိတဲ့အသံနဲ့အတူ ဖိုးဒေါင်းတစ်ယောက် ဇရပ်ကြမ်းပြင်ပေါ်မှာ ဗိုင်းခနဲလဲကျသွားခဲ့တယ်။
“ အဟက်အဟက်… သေရွာပြန်ဖိုးဒေါင်းဆိုပြီး နာမည်ကြီးနေတာ တကယ်တော့အလကားပါလား”
ဖိုးဒေါင်းက သူ့ကိုငုံ့ကြည့်ကာ ပြောနေတဲ့ လူငယ်ကို ကြည့်ပြီး နှုတ်ခမ်းဖျားကနေ စီးကျလာတဲ့ သွေးစတွေကို သုတ်ယူကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်တယ်။
“ အဟား အဟား.. မင်းတို့ ငါ့ကိုသွေးထွက်အောင်လုပ်ခဲ့တဲ့ အကျိုးဆက်ကို ညကျရင်သိရလိမ့်မယ်၊ ကောင်လေးတွေ မင်းတို့ ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ”
“ ဟေ့ကောင် ငတိုး… ဒီလူကြီး သွေးရူးသွေးတန်းနဲ့ ဘာတွေပြောနေလဲမသိဘူး”
“ ထားလိုက်ပါ ခန့်မော်ရာ၊ ဒီလောက်ဆို သူလဲ မှတ်လောက်ပြီထင်ပါတယ်”
“ ဟေ့လူ… နောက်တစ်ခါ ကျုပ်တို့အရှေ့မှာ ဘယ်သူ့ကိုမှ နိုင်ထက်စီးနင်းမလုပ်မိစေနဲ့၊ ကြားလား”
ခန့်မော်ရဲ့စကားကိုကြားတော့ ဖိုးဒေါင်းက ဘာမှပြန်မပြောပဲ ငုတ်တုတ်ထထိုင်ကာ ရယ်မောနေတာကိုမြင်လိုက်ရတယ်။
“ ခန့်မော်… သွားကြရအောင်၊ ငါတို့ကိုစောင့်နေကြတဲ့သူတွေကိုအားနာနေရဦး မယ်”
ငတိုးစကားကြောင့် ခန့်မော်က ဂျာကင်အင်္ကျီကို ဇစ်ဆွဲတင်ကာ ဇရပ်ပေါ်ကနေ ဆင်းသွားတဲ့အချိန် ဇရပ်ထုပ်တန်းပေါ်ကနေ အရိပ်မဲတစ်ခု ဇောက်ထိုးဆင်းလာတာကို ဖိုးဒေါင်းမြင်လိုက်ရတယ်။
+++++++
“ ဖြောင်း ဖြောင်း ဖြောင်း”
လက်ခုပ်တီးသံတွေ ထွက်ပေါ်လာတဲ့ ခန်းမအလယ်မှာတော့ ရွှေရောင်လည်ဆွဲကိုဝတ်ဆင်ထားတဲ့ ခန့်မော်က ခန့်ခန့်ကြီးရပ်နေခဲ့တယ်။
“ ဒီနှစ် ရိုးရာလက်ဝှေ့မှာ ရွှေတံဆိပ် ရယူပေးခဲ့တဲ့အတွက် ဆရာတို့အနေနဲ့ အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်၊ နောင်နှစ်တွေလဲ မြို့ရဲ့ဂုဏ်ကို မြှင့်တင်ပေးပါဦး”
“ စိတ်ချပါဆရာ… ကျွန်တော်က ဒီမြို့မှာမွေးခဲ့တဲ့သူမို့လို့ မြို့ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ဖို့ ကြိုးစားပေးပါ့မယ်”
“ ညကျရင် ရွှေတံဆိပ်ဆုရတဲ့အတွက် ဂုဏ်ပြုပွဲလေးတစ်ခုစီစဉ်ထားတယ်”
“ လာရမှာပေါ့ဗျာ… ဒီညတော့ နည်းနည်းသောက်လို့ရတယ်မဟုတ်လား”
ခန့်မော်က ရယ်ကျဲကျဲလုပ်ရင်းပြောလိုက်တော့ နည်းပြဆရာက မကြည်တဲ့အကြည့်နဲ့ လှမ်းကြည့်တာကိုမြင်လိုက်ရတယ်။
+++++
ခြံဝင်းကျယ်ထဲမှာ ကျင်းပတဲ့ဂုဏ်ပြုညစာစားပွဲမှာတော့ ခန့်မော်တစ်ယောက် အပျော်လွန်နေခဲ့သလို သောက်ထားတဲ့အရက်ရှိန်ကလဲ တစ်ဖြေးဖြေးတက်လာခဲ့တယ်။
“ ခန့်မော်… မင်း သောက်တာများနေပြီနော်”
“ ငတိုး… ငါ မများသေးပါဘူးကွ၊ လမ်းကောင်းကောင်းလျောက်နိုင်ပါတယ်”
“ မင်းအိမ်ရောပြန်နိုင်ရဲ့လား…”
“ ပြန်နိုင်ပါတယ်… ငါ့ဆိုင်ကယ်သော့ မင်းကိုပေးထားတယ်မဟုတ်လား”
“ အင်း…မင်းပြန်ရမယ့်အချိန်ကိုလဲကြည့်ဦး၊ နောက်ကျနပြီ”
“ အေးပါ… ခဏနေ ငါပြန်တော့မှာ”
ခန့်မော်လဲ ငတိုးဆီက ဆိုင်ကယ်သော့တောင်းပြီး လူကြီးတွေကို နှုတ်ဆက်ကာ ပြန်ထွက်လာတဲ့အချိန် ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။
“ ငတိုး… ငါ့ဆိုင်ကယ်မှာ ဘယ်သူထိုင်နေတာလဲ”
“ ဟင်… ဘယ်သူမှမရှိပါဘူး၊ ဟေ့ကောင် မင်းမူးနေတာ သေချာပြီ၊ ငါပြန်လိုက်ပို့ပေးမယ်”
“ မမူးပါဘူးကွ… ငါမျက်စိမှားတာဖြစ်မှာပါ”
ခန့်မော်က ဆိုင်ကယ်ကိုသော့ဖွင့်ပြီး စက်နှိုးလိုက်တဲ့အချိန် ဘေးကိုယိုင်သွားတာကြောင့် ငတိုးမနေသာတော့ပဲ ဆိုင်ကယ်ပေါ်တက်ခွလိုက်တယ်။
“ ဟေ့ကောင်… ငါမင်းကိုပြန်ပို့ပေးမယ်၊ ထပ်မရစ်နဲ့”
ငတိုးက အရက်မသောက်ထားတာမို့ ခန့်မော်ကို အနောက်ပြောင်းထိုင်ခိုင်းပြီး ဆိုင်ကယ်ကို ဖြေးဖြေးမှန်မှန်မောင်းကာ ထွက်လာခဲ့လိုက်တယ်။
ခန့်မော်နေတဲ့အိမ်က မြို့အစွန်ဘက်ကျတာမို့ ကားလမ်းမအတိုင်းမမောင်းတော့ပဲ မြို့ပတ်လမ်းကနေ မောင်းထွက်လာခဲ့ရာ ထန်းခြောက်ပင်သင်္ချိုင်းဟောင်းနေရာရောက်တော့ ဆိုင်ကယ်အရှိန်က တစ်ဖြေးဖြေးလျော့လာတာကို သတိထားမိခဲ့တယ်။
“ ခန့်မော်… မင်းဆိုင်ကယ်က သိပ်လဲမပြေးပါလား”
“ ပြေး.. ပြေးပါတယ်ဟ၊ မင်း လီဗာမဆွဲဘူးထင်တယ်”
“ မဟုတ်ဘူးနော်… ငါလီဗာအကုန်ဆွဲထားတာကွ”
ငတိုးက ခန့်မော်ကိုလှမ်းပြောရင်း နောက်ကြည့်မှန်ကို ကြည့်လိုက်ရာ ခန့်မော်ရဲ့အနောက်မှာ လူတစ်ယောက် နောက်ပြန်ထိုင်စီးလာတာကိုမြင်လိုက်ရတယ်။
“ ခန့်မော်… မင်းအနောက်မှာ ဘယ်သူကြီးလဲ”
ငတိုးရဲ့အလန့်တကြားအော်သံကြောင့် နောက်ပြန်ထိုင်စီးလာတဲ့သူရဲ့ ခေါင်းကအရှေ့ဘက်ကို လည့်ကြည့်လာသလို သစ်ကိုင်းခြောက်လို ပိန်ကပ်နေတဲ့ လက်တစ်ဖက်က ခန့်မော်ရဲ့ လည်ပင်းဆီကို ရောက်လာခဲ့တယ်။
အေးစက်စက်အထိတွေ့ကြောင့် ခန့်မော်တစ်ယောက် အလန့်တကြားအော်လိုက်သလို ငတိုးရဲ့ဆိုင်ကယ်ကလဲ လမ်းဘေးကို ထိုးကျသွားခဲ့တယ်။
မကြာခင်အချိန်အတွင်း မြို့ပတ်လမ်းထဲကနေ ကြောက်မယ်ဖွယ်အော်သံအချို့ထွက်ပေါ်လာခဲ့တာကို အနီးနားမှာနေသူအချို့ ကြားလိုက်ရတယ်။
+++++++
မိုးတစ်ဖွဲဖွဲကျနေတဲ့ မနက်ခင်းမှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် အရိပ်ခိုဖို့နေရာလိုက်ရှာရင်း လမ်းလျောက်လာခဲ့ရာ မီးခိုးတလူလူထွက်နေတဲ့ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ရှေ့ကိုရောက်လာခဲ့တယ်။
“ မိုးက ဒီထက်ပိုရွာဖို့များလိမ့်မယ်ထင်တယ်၊ လောလောဆယ် ဒီဆိုင်ထဲဝင်ခိုရင်ကောင်းမလားလို့”
ခွန်းလှစကားမဆုံးခင်မှာပဲ တဝေါဝေါနဲ့ အော်မြည်လာတဲ့မိုးသံကြောင့် နှစ်ယောက်သား မုန့်ဟင်းခါးဆိုင်ထဲကိုဝင်လာခဲ့လိုက်တယ်။
“ အစ်မရေ.. မုန့်တီဖတ်ကို သက်သက်လွတ်သုပ်ပေးလို့ရလား”
“ ရတယ်လေ မောင်လေး၊ ပဲကြော်ရော ထည့်ဦးမလား”
“ ထည့်မယ်ဗျ… နှစ်ပွဲလုပ်ပေး”
မောင်ကောင်းတို့လဲ မုန့်တီဖတ်သုတ်ကိုစောင့်နေတဲ့အချိန် ဆိုင်ထဲကို မိန်းမတစ်ယောက်ဝင်လာပြီး
“ စိန်တင်… မနေ့ကသတင်းကြားပြီးပြီလား”
“ ဘာသတင်းလဲပြောပါဦး”
“ ဖိုးဒေါင်း နင့်ဆီက မုန့်ဟင်းခါးလာတောင်းတဲ့နေ့က ဒီခုံမှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကို သတိထားမိလား”
“ အော် မှတ်မိပြီ၊ ဖိုးဒေါင်းအကြောင်းမေးတဲ့ နှစ်ယောက်လား”
“ ဟုတ်တယ် ဟုတ်တယ်၊ အဲဒီနှစ်ယောက် မနေ့မနက်က ဆုံးသွားပြီ”
“ ဟင်… ဘယ်လိုဖြစ်ရတာလဲ၊ ကောင်လေးတွေက ငယ်ငယ်လေးပဲရှိသေးတာကို”
“ ငါမနေ့က ဟိုဘက်မြို့ကိုသွားတော့ လမ်းမှာလူတွေအုံနေတာနဲ့ ဘာဖြစ်တာလဲဆိုပြီးသွားကြည့်တာ၊ အဲဒီကောင်လေးနှစ်ယောက်ဖြစ်နေတယ်၊ နှစ်ယောက်လုံး မျက်လုံးတွေပြူးပြီး တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံနဲ့ သေနေတာ”
“ အမလေး… နင်ပြောတဲ့အတိုင်းဆိုရင် ဆန်းထွန်းသေတဲ့အတိုင်းဖြစ်နေတာပေါ့”
“ အေး… ငါ့စိတ်ထင် သူတို့နှစ်ယောက် ဖိုးဒေါင်းနဲ့ ပြဿနာတက်ခဲ့ပြီထင်တယ်”
မောင်ကောင်းနဲ့ ခွန်းလှလဲ မုန့်တီဖတ်သုတ်ကိုစားနေရင်း မိန်းမနှစ်ယောက်ပြောနေတာကို နားစွင့်နေခဲ့တယ်။
“ ငါတော့ ဖိုးဒေါင်းကို လန့်နေပြီ၊ သူနဲ့ပြဿနာတက်တဲ့သူတိုင်း အခုလိုအသေဆိုးနဲ့ သေတာ အမြဲလိုလိုဖြစ်နေတယ်”
“ အေး… နင်လဲ သူမုန့်ဟင်းခါးလာတောင်းရင် အသာတကြည်ပေးလိုက်၊ ပြဿနာတော့အတက်မခံနဲ့”
“ အေးပါ… ငါလဲပြဿနာအတက်မခံပါဘူး၊ နင်အခုဘာစားမလဲ”
“ ဘာမှမစားတော့ဘူး… ဈေးဝယ်စရာရှိသေးလို့ သွားလိုက်ဦးမယ်”
ထီးတစ်ချောင်းနဲ့ဝင်လာတဲ့မိန်းမကြီး ပြန်ထွက်သွားတော့ မောင်ကောင်းက
“ ခုနက အစ်မတို့ပြောတဲ့ ဖိုးဒေါင်းဆိုတဲ့သူက ဘယ်သူများလဲ”
“ ဖိုးဒေါင်းက ဒီမြို့ရဲ့ အော်ကြောလန်၊ ဒါပေမယ့် သူ့ကိုဘယ်သူမှ မပြောရဲဘူး၊ သူနဲ့ထိပ်တိုက်တွေ့တဲ့ သူတိုင်း ခုနကလိုအဖြစ်မျိုးနဲ့သေကြတာပဲ”
“ ဒါဆို သူ့ကိုဖမ်းရမှာပေါ့”
“ အဖြစ်က မင်းတို့ပြောသလောက် မလွယ်ဘူး၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဖိုးဒေါင်းနဲ့ ပြဿနာတက်ခဲ့တဲ့ ဆန်းထွန်းဆိုတဲ့ သူတစ်ယောက်ရှိတယ်၊ ဖိုးဒေါင်းက ဆန်းထွန်းကြောင့် နဖူးဟက်တက်ကွဲသွားတာ၊ ဒါပေမယ့် အဲဒီညမှာပဲ ဆန်းထွန်းတစ်ယောက် အိမ်သာရှေ့မှာ မျက်လုံးကြီးပြူးပြီးသေတာပဲ”
“ ဘာဖြစ်လို့သေတာလဲအစ်မ၊ အခြားဒဏ်ရာတွေရောမတွေ့ဘူးလား”
“ မတွေ့ဘူး… ဆရာဝန်ပြောတာကတော့ နှလုံးသွေးရပ်ပြီးသေတာတဲ့”
“ အခုဆို ဖိုးဒေါင်းနဲ့ပတ်သတ်ပြီး သေတဲ့သူ ဘယ်နှစ်ယောက်ရှိပြီလဲအစ်မ”
“ အစ်မသိရသလောက်ကတော့ ငါးယောက်လောက်ရှိပြီထင်တယ်၊မှတ်မှတ်ရရ သူ သေရာကနေ ပြန်ရှင်လာတဲ့နောက်ပိုင်း အခုလိုဖြစ်ရပ်တွေ စတော့တာပဲ”
“ သေရာကနေ ပြန်ရှင်လာတယ် ဟုတ်လား”
“ ဟုတ်တယ်… ဖိုးဒေါင်းအကြောင်း အစ်မပြောတယ်လို့မပြောနဲ့နော်၊ နောက်ပြီး မင်းတို့လဲ သူနဲ့မပတ်သတ်မိစေနဲ့”
“ ကျွန်တော်တို့မပြောပါဘူး… စိတ်ချပါ”
“ ဖိုးဒေါင်းက မြစ်ဝကျွန်းပေါ်ဒေသဘက်ကလို့ကြား တယ်၊ သူဒီကိုစရောက်တော့ ဦးဖိုးဝပွဲရုံမှာ ကုန်ထမ်းတဲ့အလုပ်လုပ်ရာကနေ အလုပ်သမားအချင်းချင်း စကားများပြီး ဓါးထိုးခံရတယ်၊ ဆရာဝန်ကတောင် သေပြီလို့ သတ်မှတ်ပြီး အလောင်းကို ရင်ခွဲရုံထဲထည့်ထားတာ၊ နောက်တစ်နေ့မနက်အစောကြီး ရင်ခွဲရုံထဲကနေ တံခါးထုသံကြားလို့ သွားကြည့်တာ ဖိုးဒေါင်းဖြစ်နေတယ်၊ အဲဒီလိုပြန်ရှင်လာတဲ့ နောက်နေ့ပဲ သူ့ကိုဓါးနဲ့ထိုးတဲ့ အလုပ်သမား သေတယ်၊ ပြင်ပဒဏ်ရာမရှိပဲ သေတာနော်၊ နောက်တော့ ထန်းတောထဲမှာ ကျွဲကြီးဆိုတဲ့ မြို့ခံလူမိုက်နဲ့ပြဿနာဖြစ်တယ်၊ အဲဒီနေ့ ညပဲ ကျွဲကြီးသေတယ်၊ နောက်တော့ ဆန်းထွန်းနဲ့ အရက်ဆိုင်မှာ ပြဿနာဖြစ်တယ်၊ ဒီတစ်ခါတော့ ဖိုးဒေါင်းကိုရော ဆန်းထွန်းကိုပါ တစ်နေရာစီ ထိန်းသိမ်းထားလိုက်တယ်၊ မနက်ကျတော့ ဆန်းထွန်းသေပြန်ရော၊ အဲဒီထဲက ဖိုးဒေါင်းကို ဘယ်သူမှ ပြဿနာမရှာရဲတော့ဘူး”
“ ထူးဆန်းလိုက်တာ… ဒီလိုဖြစ်စဉ်မျိုး အခုမှကြားဖူးတာပဲ”
“ မောင်လေးတို့လဲ ဖိုးဒေါင်းကို ပြဿနာမရှာကြနဲ့နော်၊ သူ့ကိုတွေ့ရင် အခြားလမ်းကနေသာပတ်သွား၊ အစ်မက စေတနာနဲ့ပြောပြတာ”
“ ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်အစ်မ၊ အခုလိုသိရတော့လဲ ရှောင်လို့ရတာပေါ့၊ ဒါနဲ့ သူက ဘယ်နေရာတွေအလာများလဲ”
“ ဖိုးဒေါင်းက ငတေရဲ့ အရက်ဆိုင်ကိုသွားတာများတယ်၊ အဲဒီဆိုင်ပိုင်ရှင်က သူပြောသလိုရတယ်လေ”
“ ဟုတ်ကဲ့အစ်မ၊ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုဦး”
မောင်ကောင်းတို့လဲ မုန့်ဟင်းခါးဆိုင်ထဲကနေ ထွက်လာပြီးနောက်မှာတော့ ဖိုးဒေါင်းဆိုတဲ့သူအကြောင်းကိုပိုပြီးသိချင်လာတာကြောင့် အရက်ပုန်းရောင်းတဲ့ ငတေရဲ့ဆိုင်ထဲကိုဝင်လာခဲ့လိုက်တယ်။
ဆိုင်ထဲရောက်တော့ အရက်တစ်ပုလင်းမှာပြီး ခွက်နှစ်ခွက်ထဲထည့်ကာ ထိုင်နေကြတဲ့အချိန် မျက်နှာတစ်ခုလုံးဖူးယောင်နေတဲ့ လူတစ်ယောက် ဆိုင်ထဲဝင်လာတာကိုမြင်လိုက်ရတယ်။
“ ငတေ… ငါ့အတွက် အရက်နှစ်လုံးချပေး”
“ ဟုတ် ဟုတ်ကဲ့”
“ အရက်ဖိုးက အကြွေးမှတ်ထားပေးဦး၊ ငါ အခုတစ်လော အလုပ်မရှိသေးလို့”
“ ရပါတယ် ကိုဖိုးဒေါင်းရယ်… အဆင်ပြေမှပေး”
“ ဟေ့ စိုးနိုင်… မင်းတို့ ဘာအမြည်းတွေမှာထားလဲ ငါ့လဲမျှပေးဦး”
ဖိုးဒေါင်းစကားကြောင့် စိုးနိုင်ဆိုတဲ့သူက သူတို့ဝိုင်းမှာရှိတဲ့ အမြည်းအချို့ကိုပန်းကန်တစ်ခုထဲထည့်ကာ လာချပေးခဲ့တယ်။
“ ဒီလူက လူတိုင်းကို မိုက်ကြေးခွဲနေတာပဲ”
“ အင်း… အဖြစ်အပျက်တွေက တိုက်ဆိုင်တာမဟုတ်လို့ ပြဿနာမဖြစ်ချင်တာလဲဖြစ်မယ်”
မောင်ကောင်းတို့စကားပြောနေတဲ့အချိန် ဖိုးဒေါင်းက ထိုင်ရာကနေ ထလာတာကိုမြင်လိုက်ရတယ်။
“ ခွန်းလှ ဟိုကောင် ငါတို့ဘက်လာနေပြီ၊ အလိုက်သင့်နေ”
“ အဟမ်း…မင်းတို့ကို အရင်ကဒီဆိုင်မှာ မမြင်ဖူးဘူး၊ ဧည့်သည်တွေလား”
“ ဟုတ်ပါတယ်… ကျွန်တော်တို့က ဧည့်သည်တွေပါ”
“ ဒါဆို မင်းတို့ငါ့ကိုမသိဘူးပေါ့”
“ ကိုဖိုးဒေါင်းအကြောင်း သိသင့်သလောက်သိထားပါတယ်… အခုမှသိတာဆိုတော့ နှုတ်မဆက်ရဲလို့ပါ”
“ ဟက်ဟက်…နောက်ဆို ငါ့ကိုနှုတ်ဆက်ဖို့မမေ့နဲ့”
ဖိုးဒေါင်းက စားပွဲပေါ်တင်ထားတဲ့အရက်ပုလင်းကို မော့ချလိုက်ပြီး သူထိုင်တဲ့စားပွဲဘက်ကို ပြန်ထွက်သွားခဲ့တယ်။
“ ခွန်းလှ … မင်း ဖိုးဒေါင်းကို ပြဿနာသွားရှာလိုက်”
“ ဗျာ…”
“ မြို့ခံလူတွေ ပြောတဲ့အတိုင်း တကယ်ဟုတ်မဟုတ် သိရအောင်လို့”
“ ပြဿနာကဘယ်လိုရှာရမလဲ… ကျွန်တော် မရှာတတ်ဘူးဗျ”
“ သူသောက်နေတဲ့အရက်ခွက်ကို ပစ်ထုတ်တာတို့၊ အမြည်းပန်းကန်ကိုလုစားတာတို့လုပ်လေကွ”
“ အဲလိုလုပ်လို့ ဟိုက တကယ်ထထိုးရင်ကော”
“ မင်း ကိုယ်ခံပညာနည်းနည်းပါးပါး မတတ်ဘူးလား”
“ ဘုန်းကြီးကျောင်းမှာနေတုန်းက ကပ္ပိယကြီးဆီက နည်းနည်းပါးပါးသင်ထားတာတော့ရှိတယ်၊ ဒါပေမယ့် အဆင်မပြေလောက်ဘူးထင်တယ်နော်”
“ ပြေပါတယ်ကွ… မင်းကို ငါယုံတယ်”
မောင်ကောင်းက ခွန်းလှပခုံးကို ပုတ်ကာ အားပေးလိုက်ပြီး ဖိုးဒေါင်းထိုင်နေတဲ့ဘက်ကို အရက်နဲ့လှမ်းပက်လိုက်တယ်။
လျှပ်တပြက်ဖြစ်သွားတာမို့ ဖိုးဒေါင်းက သူ့ကိုအရက်နဲ့ပက်တဲ့သူကို လှည့်ကြည့်လိုက်ရာ အရက်ခွက်ကိုင်ပြီးရပ်နေတဲ့ ခွန်းလှကိုမြင်လိုက်ရတယ်။
“ ကျွန်တော် … ကျွန်တော် ပက်တာမဟုတ်..”
ခွန်းလှက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောပြီး လှည့်ကြည့်လိုက်ရာ မောင်ကောင်းကို မတွေ့ရတော့တာကြောင့်
“ ဒီလူကတော့ ငါ့ကို မွှေပြန်ပြီ”လို့ရေရွတ်ကာ အရက်ခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။
ဖိုးဒေါင်းလဲ လူကြားထဲ သူ့ကိုအရှက်ခွဲသလိုဖြစ်သွားတာကြောင့် ခွန်းလှရှိတဲ့ဘက်ကို ဒေါသတစ်ကြီးနဲ့ လျောက်လာတဲ့အချိန် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့တယ်။
အဲဒါကတော့ ဖိုးဒေါင်းအနားမရောက်ခင်မှာပဲ ခွန်းလှက အရက်ခွက်နဲ့ မျက်နှာကိုကောက်ပေါက်ကာ ဆိုင်အပြင်ကိုပြေးထွက်သွားခဲ့တယ်။
အပြင်ရောက်တော့ ပုဆိုးတိုတိုဝတ်ပြီး ရပ်စောင့်နေတဲ့မောင်ကောင်းကိုမြင်လိုက်ရတာ ကြောင့်
“ အစ်ကိုရေ… ပြေးတော့ဗျ၊ ဟိုလူကြီးကို ရန်စခဲ့ပြီးပြီ” လို့အော်ကာ နှစ်ယောက်သား ပြေးကြပါလေရော။
ဖိုးဒေါင်းလဲ သူ့ကို တမင်တကာ ခွက်နဲ့ပေါက်သွားတဲ့ ခွန်းလှတို့နောက်ကိုပြေးလိုက်လာရာ ဇောတိကာရာမဘုန်းကြီးကျောင်းအနောက်ဘက်အရောက်မှာတော့ နှစ်ယောက်သား ပိတ်မိသွားခဲ့တယ်။
“ အစ်ကို ပြေးဖို့နေရာမရှိတော့ဘူး၊ ဘယ်လိုလုပ်ကြမလဲ”
“ ပြေးဖို့နေရာမရှိရင်တော့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပေါ့”
“ ဗျာ…”
ခွန်းလှက တအံ့တဩနဲ့ ရေရွတ်လိုက်တဲ့အချိန် မောင်ကောင်းက လွယ်အိတ်ကိုချွတ်ကာ ရှေ့ကိုတက်သွားခဲ့တယ်။
“ အစ်ကို ဖြစ်ပါ့မလား”
“ မီးစင်ကြည့်ကရတော့မှာပေါ့”
ဖိုးဒေါင်းက ဖားဖိုဆွဲနေတဲ့ ရင်ဘတ်ကို လက်နဲ့ဖိကာ အမောဖြေရင်း မောင်ကောင်းနဲ့ ခွန်းလှကိုလက်ညိုးထိုးပြီး
“ မင်းတို့ကောင်တွေ ဖိုးဒေါင်းအကြောင်း မသိသေးဘူးနဲ့တူတယ်”
“ လူတကာကို မိုက်ကြေးခွဲပြီး အနိုင်ကျင့်တဲ့သူဆိုတာ သိတယ်လေ”
“ ဘာကွ”
မောင်ကောင်း စကားကြောင့် ဖိုးဒေါင်း ဒေါသူပုန်ထသွားပြီး ထိုးကြိတ်ရန်အနားကို ကပ်လာခဲ့တယ်။
“ မင်းတို့သေဖို့သာပြင်ထား”
ဖိုးဒေါင်းက သူ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်သီးနဲ့ မောင်ကောင်းကို လိုက်ထိုးရာ ပထမနှစ်ချက်လောက်အထိ ရှောင်နိုင်ပေမယ့် တတိယအကြိမ်မှာတော့ ဖိုးဒေါင်းရဲ့ လက်သီးချက်က ပါးစောင်ရိုးပေါ်ကို ခွပ်ခနဲကျသွားခဲ့တယ်။
“ အစ်ကို… အဆင်ပြေလား”
ခွန်းလှရဲ့အသံက ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေပြီး အနားမှာရှိတဲ့ သစ်ပင်တွေ ချားရဟတ်လိုလည်နေခဲ့တယ်။
ခွန်းလှလဲ မောင်ကောင်း အခြေအနေ မကောင်းတာကြောင့် ရှေ့တက်ပြီး ဖိုးဒေါင်းနဲ့ ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်
“ ခွန်းလှ နောက်ဆုတ်စမ်း… ဆရာက မင်းကိုစောင့်ရှောက်ဖို့ ငါ့ကိုမှာထားတယ်”
“ အစ်ကို … မဖြစ်နိုင်ဘူးထင်တယ်နော်”
“ မောင်ကောင်းပါကွ… ခုနက ငါသတိလွတ်သွားလို့ ခံလိုက်ရတာ”
မောင်ကောင်းက လဲကျနေတာကနေ မတ်တပ်ထရပ်လိုက်တဲ့အချိန် ဖိုးဒေါင်းရဲ့ ကြီးမားတဲ့လက်ဝါးက မျက်နှာပေါ်ကို ကျလာကို သတိထားမိလိုက်တယ်။
ထူခနဲ ပူခနဲဖြစ်သွားတဲ့ အထိအတွေ့နဲ့အတူ မောင်ကောင်း လည်ကျသွားတဲ့အချိန် မလှမ်းမကမ်းက သစ်ပင်အောက်မှာ မှီပြီးရပ်နေတဲ့ လူတစ်ယောက်ကို ဝိုးတဝါးလှမ်းမြင်လိုက်ရတယ်။
“ ဆရာ… ဆရာ”
အသံက လည်ချောင်းတစ်ဝက်လောက်မှာတင် ပျောက်သွားပြီး အရာအားလုံးမဲမှောင်သွားခဲ့တယ်။
++++++++
ပုဇင်းရင်ကွဲတွေရဲ့ စူးရှရှအော်မြည်သံနဲ့အတူ အေးစက်တဲ့လေရဲ့အထိအတွေ့ကို ခံစားလိုက်ရတယ်။
“ ခွန်းလှ… ငါ ငါဘယ်ရောက်နေတာလဲ”
စကားပြောလိုက်တိုင်း တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ ပါးစောင်နှစ်ဘက်ကို လက်နဲ့အုပ်ရင်း မျက်လုံး ဖွင့်ကြည့်လိုက်ရာ အညိုရောင်ဖျင်ကြမ်းအင်္ကျီကို ဝတ်ကာထိုင်နေတဲ့ လူတစ်ယောက်။
“ ဆရာ… ဆရာပါလား၊ ငါ့မျက်လုံးတွေ မကောင်းတော့ဘူးထင်တယ်၊ ခွန်းလှကို ဘာလို့ဆရာလို့မြင်နေရတာလဲ”
“ အဟစ် အဟစ်”
ဘေးကနေ ရီနေတဲ့အသံကြောင့် မျက်လုံးကိုလှန်ပြီးကြည့်လိုက်ရာ အသံထွက်တဲ့ထိရီနေတဲ့ ခွန်းလှကိုမြင်လိုက်ရတယ်။
“ ဆရာသာမကယ်ရင် အစ်ကိုနဲ့ ကျွန်တော်
အဲဒီနေရာမှာတင် သတိမေ့နေပြီ”
“ ဟင်… ဆရာ ပြန်ရောက်လာတာလား၊ ဒါဆို ကျွန်တော်နောက်ဆုံးမြင်ခဲ့တာ တကယ်ပေါ့”
“ မင်းတို့က သာမန်လူရမ်းကားအဆင့်တွေနဲ့ဆိုရင် အဆင်ပြေနိုင်ပေမယ့် ဒီလို ကိုယ်ခံပညာတတ်တဲ့ သူနဲ့ကျတော့ အလူးအလဲကိုခံရတာပါလား”
“ ဟုတ်တယ်ဆရာ… သူတိုက်ခိုက်တဲ့ပုံက ကိုယ်ခံပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသလိုပဲ၊ ဒါပေမယ့် ဆရာက သူ့ထက်ပိုတော်တယ်”
ခွန်းလှက မျက်လုံးတစ်ဖက်ပိတ်နေတဲ့ မောင်ကောင်းကို ကြပ်ထုပ်ထိုးပေးရင်း လှမ်းပြောလိုက်တယ်။
“ ဖိုးဒေါင်းရော ဘယ်လိုဖြစ်သွားလဲ”
“ ဒီကောင် ဆရာကိုမယှဉ်နိုင်ပဲ ထွက်ပြေးသွားတာဗျ၊ နောက်တော့ သူပြောသွားတာက ဒီညမင်းတို့သေစေရမယ်ဆိုပဲ”
“ ဆရာ… ဒီကောင်က သူမနိုင်ဘူးဆိုရင် အခုလို ပြောတော့တာပဲ၊ အဲဒီလူတွေက နောက်နေ့ဆို တကယ်သေရော”
“ ဒါဆို ဒီညတော့ တစ်ခုခုထူးခြားမယ်လို့ထင်တယ်”
“ ဟိုလေ … ဆရာက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ပေါ်လာခဲ့တာလဲ”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက သဘောကျစွာရယ်လိုက်ပြီး
“ မင်းတို့ အန္တရာယ်ကြုံနေတာကြောင့် ပြန်လာခဲ့ရတာပဲ၊ လောကီပညာရပ်ပိုင်းမှာ မင်းတို့ကို မျက်နှာလွှဲလို့ရပေမယ့် အခုလို အခြေအနေမျိုးမှာတော့ မင်းတို့ရင်ဆိုင်နိုင်စွမ်းနည်းသေးတယ်”
“ ကျွန်တော်လဲ ငယ်ငယ်က ရန်ပွဲတွေဖြစ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် ဖိုးဒေါင်းကိုတော့ မယှဉ်နိုင်ခဲ့ဘူး”
“ သူက အခြေခံသိုင်းပညာအပြင် ဗန်တိုဗန်ရှည်ပညာကိုပါ တတ်မြောက်ထားတာတွေ့ရတယ်၊ ပညာရှင်အဆင့်မဟုတ်ပေမယ့် သာမန်ထက်တော့ ထူးချွန်တဲ့သူတစ်ယောက်ပဲ”
အောင်မြတ်သာစကားပြောနေတဲ့အချိန် ကင်းတဲပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးက လေမတိုက်ပဲ ယိမ်းထိုးလှုပ်ရှားလာတာကို မြင်လိုက်ရတယ်။
“ အပုတ်နံ့ရတယ်ဗျ…”
“ ဟုတ်တယ်… ခွန်းလှ၊ ဖယောင်းတိုင်မီးကလဲ လေမတိုက်ပဲယိမ်းထိုးနေတယ်ဆိုတော့ မကောင်းဆိုးဝါးတစ်ကောင်ကောင် အနားကိုရောက်နေတယ်ဆိုတဲ့သဘောပဲ”
အောင်မြတ်သာက စကားဆုံးတာနဲ့ ကင်းတဲအပြင်ဘက်ကို ကြည့်လိုက်ရာ ဝါးတစ်ပြန်စာအကွာလောက်မှာ ငုတ်တုတ်ထိုင်နေတဲ့ အရိပ်မဲတစ်ခုကိုမြင်လိုက်ရတယ်။
“ ဆရာ… ဆရာ… ဟိုမှာ ထိုင်နေတာ မြင်နေရတယ်”
“ ဒီကောင် အနားကိုမလာရဲဘူး၊ ဒါကြောင့် ခပ်လှမ်းလှမ်းမှာ ထိုင်နေတာ”
“ ဒီအကောင်နဲ့ ဖိုးဒေါင်းက ပတ်သတ်မှုရှိနေမလား”
“ အခုချိန်အဖြေပေးဖို့က ခက်လိမ့်မယ်၊ ငါတို့ကိုယ်မှာရှိတဲ့ ဆေးစောင့်၊အင်းစောင့်တွေကို ဖယ်ပြီး စမ်းကြည့်ရမှာပဲ၊ မင်းတို့လဲ ကိုယ်မှာရှိတဲ့ အစောင့်တွေကို ဖယ်ထုတ်လိုက်ကြ”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့လဲ မိမိတို့ရဲ့အစောင့်တွေကို ခေတ္တဖယ်ထုတ်လိုက်ရာ ငုတ်တုတ်ထိုင်နေတဲ့ မဲမဲကောင်ကြီးက ချက်ချင်းဆိုသလို ကင်းတဲရှေ့ကိုရောက်ချလာခဲ့တယ်။
တစ်ကိုယ်လုံး မီးလောင်ထားသလို မဲနက်နေတဲ့အသားအရည်၊ ပြူးကျယ်နေတဲ့မျက်လုံး၊ ငေါထွက်နေတဲ့အစွယ်ကားကားနဲ့ကောင်က ကင်းတဲပေါ်မှာရှိနေတဲ့ အောင်မြတ်သာတို့ကို လှည့်ပတ်ကြည့်ပြီး လှေကားပေါ်ကို တစ်ထစ်ခြင်းတက်လာတာကိုမြင်လိုက်ရတယ်။
လှေကားအပေါ်ဆင့်လဲရောက်ကော မသိချင်ယောင် ဆောင်နေတဲ့ခွန်းလှက ညာဘက်လက်ဝါးနဲ့ ပိတ်ရိုက်လိုက်ရာ မဲကျုတ်ကျုတ်ကောင်က လှေကားပေါ်ကနေ အောက်ကို ဇောက်ထိုးဆင်းသွားခဲ့တယ်။
ရုတ်တရက်ခံလိုက်ရတာမို့ နာနာဘာဝကောင်လဲ ကုန်းထပြီးထွက်ပြေးဖို့အလုပ် ခွန်းလှက ကင်းတဲအပေါ်ကနေ ခုန်ဆင်းပြီး သွားမယ့်လမ်းကို စည်းတားကာ ပိတ်ထားခဲ့လိုက်တယ်။
နာနာဘာဝကောင်လဲ ထွက်ပြေးနေရင်း မြေကြီးထဲကနေ အပြာရောင်မီးတောက်တွေ ဟုန်းခနဲထွက်ပေါ်လာတာကြောင့် အနောက်ကိုဆုတ်လိုက်တဲ့အချိန် ခွန်းလှက ထွက်မရအောင်စည်းဝိုင်းတစ်ခုတားပြီး ပိတ်လှောင်ထားလိုက်တယ်။
“ ဟိုကောင်… နင့်ကိုဘယ်သူလွှတ်လိုက်တာလဲ”
“ ဟင်း ဟင်း ဟင်း ဟင်း…”
ကြောက်မက်ဖွယ် ညဉ်းညူသံကလွဲပြီး ဘာသံမှမထွက်လာတာကြောင့် ခွန်းလှက လေးကွင်အင်းတစ်ချပ်ကို ထုတ်ယူပြီး ပစ်ထည့်ဖို့အလုပ်
“ ဘိုးနက် ဘိုးနက်ကြီး လွှတ်လိုက်တာ” ဆိုတဲ့အသံနက်ကြီးထွက်လာခဲ့တယ်။
“ ဘိုးနက်ဆိုတာ ဘယ်သူတုန်း”
“ နယ်လေးနယ်ကို အပိုင်စားရထားတဲ့သူပါ”
“ သူနဲ့ငါတို့က ဘာမှပတ်သတ်မှုမရှိဘူးလေ၊ ဘာကြောင့် နင့်ကိုလွှတ်တာလဲ”
“ နင်တို့က သူ့မြေးကို နာကျင်အောင်လုပ်လို့ ခြောက်လှန့်ခိုင်းတာ”
“ သူ့မြေး ဟုတ်လား… ဆရာ ဒီကောင်ပြောတာ ဖိုးဒေါင်းပဲဖြစ်ရမယ်”
“ လက်စသတ်တော့ ဒင်းလက်ချက်ကိုး”
မောင်ကောင်းက ကင်းတဲပေါ်ကနေ ဆင်းလာပြီး
“ ဖိုးဒေါင်းကို နာကျင်အောင်လုပ်တဲ့သူတိုင်း နင်ပဲခြောက်လှန့်ခဲ့တာလား၊ ဟေ့ကောင် ငါမေးနေတယ်လေ”
မောင်ကောင်းအသံက မာထန်နေတာကြောင့် မီးတောက်တွေထဲပိတ်မိနေတဲ့ကောင်က မြေကြီးကိုလက်နဲ့ကုတ်ခြစ်ရင်း
“ ဟုတ်ပါတယ်… ငါကိုယ်တိုင် ခြောက်လှန့်ပြီး သွေးပျက်အောင်လုပ်ခဲ့တာ”
“ ခွေးသူတောင်းစား ဖိုးဒေါင်း… ဒင်းက ဒါကြောင့် လူပါးဝနေတာကိုး၊ ဆရာ ဒီကောင်ကို မှတ်လောက်သားလောက်အောင်ဆုံးမမှရတော့မယ်”
“ မလောနဲ့ဦး မောင်ကောင်း၊ အခုငါတို့ ဆုံးမရမှာက ဖိုးဒေါင်းမဟုတ်ဘူး”
“ ဆရာပြောတာမှန်တယ်အစ်ကို၊ အခုလက်ရှိ ဘိုးနက်ဆိုတဲ့ နယ်ပိုင်ကို ဆုံးမရမှာ၊ ဟေ့ ငမဲကောင် နင်ပြောတဲ့ ဘိုးနက်ဆိုတဲ့တစ္ဆေဘယ်မှာနေလဲ”
“ သူ သူက နယ်လေးနယ်အစပ်က ညောင်ပင်မှာနေပါတယ်”
“ နယ်လေးနယ်အစပ်ဆိုတာ မင်းတို့ လောကသားတွေပဲသိတာလေ၊ ငါတို့သိအောင် သေချာပြောစမ်း”
“ မြို့အဝင်လမ်းလေးခွဆုံတဲ့နေရာမှာ ညောင်ပင်ကြီး တစ်ပင်ရှိတယ်၊ အဲဒီညောင်ပင်ရဲ့ ထိပ်ဆုံးအကိုင်းမှာ သူ့ဗိမ္မာန်ရှိပါတယ်”
“ သူကဒီနယ်မှာနေတာ သက်တမ်းဘယ်လောက်ရှိပြီလဲ”
“ နှစ်အတိအကျတော့မသိဘူး၊ ကြာတာတော့အတော်ကြာပြီ”
“ ဆရာ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ”
“ မင်းတို့စခဲ့တဲ့ဇာတ်လမ်းဆိုတော့ မင်းတို့ သဘောအတိုင်းလုပ်ကြပါ”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ဝမ်းသာအားရနဲ့ရှေ့ကိုတက်လာပြီး
“ ဒီကောင်လူသတ်ခဲ့တာ ငါးယောက်ရှိပြီဆိုတော့ ရွှေပြည်အေးတရားတော့မဟောနိုင်ဘူးဆရာ၊ မှတ်သားလောက်အောင် ဆုံးမမယ်”
“ ဟုတ်တယ် အစ်ကိုပြောတာ လက်ခံတယ်”
“ ဒါဖြင့်လဲ မင်းတို့နှစ်ယောက်ကို လွှဲလိုက်ပြီ၊ သင့်တော်သလို စီရင်ကြ”
မောင်ကောင်းနဲ့ ခွန်းလှလဲ ခွင့်ပြုချက်ရပြီမို့ မြေကြီးပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး အထက်ဆရာကြီးများနဲ့တကွ နတ်မင်းကြီးလေးပါးကိုတိုင်တည်ကာ နယ်လေးနယ်ကိုအပိုင်စားရထားတဲ့ ဘိုးနက်ဆိုတဲ့ပုဂ္ဂိုလ်ကိုဆင့်ခေါ်ပါလေရော။
ဆင့်ခေါ်ပြီးမကြာမီအချိန်အတွင်း ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်က လေပြင်းတွေတိုက်ခတ်လာပြီး ကြိမ်းဝါးတောက်ခတ်သံတွေအရပ်လေးမျက်နှာကနေထွက်ပေါ်လာခဲ့တယ်။ ထူးဆန်းတာက လေပြင်းတွေတိုက်ခတ်နေပေမယ့် ထွန်းထားတဲ့ ဖယောင်းတိုင်မီးက အနည်းငယ်မျှတောင် လှုပ်ရှားခြင်းမရှိခဲ့တာပဲ။
“ သင်ရောက်လာပြီဆိုတာ ကျုပ်တို့သိတယ်၊ ဘာကြောင့် မြင်သာအောင်မပြတာလဲ”
မောင်ကောင်းက အရပ်လေးမျက်နှာကိုကြည့်ပြီး ပြောလိုက်တဲ့အချိန် ခြောက်ကပ်ကပ်ရယ်သံတစ်ခု ဟိုတစ်စဒီတစ်စ ထွက်ပေါ်လာခဲ့တယ်။
“ သင်မထွက်လာမှတော့ ကျုပ်တို့က ထွက်လာအောင်လုပ်ရတော့မှာပေါ့”
ခွန်းလှက အရပ်လေးမျက်နှာမှာရှိတဲ့ စက်တွေကို ဖြတ်တောက်ပြီး ကြေးပြားအင်းတစ်ချပ်ကို ဇောက်ထိုးလှန်ကာ အင်းဖယောင်းတိုင်ထွန်း လိုက်တယ်ဆိုရင်ပဲ လူနှစ်ရပ်ခန့်မြင့်တဲ့ သစ်ပင်တွေကြားထဲကနေ အိမ်တစ်လုံးစာလောက်ကြီးမားတဲ့ ဦးခေါင်းတစ်လုံးထွက်ပေါ်လာခဲ့တယ်။
“ ဟာ… နည်းတဲ့ကောင်ကြီးမဟုတ်ပါလား”
လှည်းဘီးတစ်လုံးစာလောက်ကြီးမားတဲ့ မျက်လုံးရဲရဲတွေနဲ့စိုက်ကြည့်နေတဲ့ကောင်ကိုမြင်တော့ မောင်ကောင်း မျက်လုံးပြူးသွားခဲ့တယ်။
“ ဒီကောင်က တစ္ဆေမှမဟုတ်တာ ဘီလူးအဆင့်ဖြစ်နေပြီ”
“ ဘီလူးအဆင့်လဲ ခေါ်ရင်လာရတာပဲမဟုတ်လား၊ လုပ်စရာရှိတာလုပ်ရအောင်”
ခွန်းလှစကားကြောင့် ကင်းတဲပေါ်မှာရှိနေတဲ့ အောင်မြတ်သာ သဘောကျစွာရယ်လိုက်ပြီး အခြေအနေကိုဆက်ကြည့်နေခဲ့တယ်။
“ ဟေ့ လူသတ်ကောင်… နင့်အပြစ်နင်သိလား”
ဘိုးနက်ဆိုတဲ့ဘီလူးက ခွန်းလှကို မျက်လုံးပြူးကာ စိုက်ကြည့်နေရုံကလွဲပြီး ဘာမှပြန်မပြောတာကိုမြင်လိုက်ရတယ်။
“ ဒီကောင် ငါပြောတာ နားမလည်ဘူးထင်တယ်”
“ နားမလည်တာမဟုတ်ဘူး… ဂရုမစိုက်တာ”
မောင်ကောင်းက စိတ်မရှည်တဲ့ဟန်နဲ့ ရှေ့တက်လိုက်ပြီး
“ ဖန်ဆင်းထားတဲ့ ရုပ်သွင်ပျောက်ပြီး မူလပြန်စေ” လို့အမိန့်ပေးလိုက်ပေမယ့် အတ္တဘောရုပ်သွင်က ပြောင်းလဲမသွားပဲ နဂိုအတိုင်းရှိနေတာမြင်လိုက်ရတယ်။
“ ဒီကောင် ရုပ်သွင်က ဖန်ဆင်းထားတာမဟုတ်ဘူးထင်တယ်နော် အစ်ကို”
“ ဘယ်လိုဖြစ်ဖြစ်ကွာ… ဆုံးမစရာရှိဆုံးမရမှာပဲ”
မောင်ကောင်းက အင်းတစ်ချပ်ကိုအသက်သွင်းပြီး မြေမှာထိုးစိုက်လိုက်ရာ အင်းကွက်ထဲပါတဲ့ အင်းဆံတွေက အသက်ရှိတဲ့အလား လှုပ်ရှားလာကာဘိုးနက်ဆိုတဲ့ဘီလူးကြီးရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ရွေ့လျားနေခဲ့တယ်။
အစပိုင်းမှာတော့ အင်းဆံတွေရဲ့အရောင်က အဝါဖျော့ဖျော့လေးဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ မီးကျီခဲလို နီရဲလာပြီး ဘီလူးကြီးရဲ့ ခန္ဓာကိုယ်ကို မီးနဲ့မြိုက်သလိုဖြစ်လာခဲ့တယ်။
ဒီတစ်ခါမှာတော့ ဘိုးနက်ဆိုတဲ့ကောင် မနေနိုင်တော့ပဲ အင်းဆံတွေကို သူ့ရဲ့ကြီးမားတဲ့ လက်တွေနဲ့ ဆွဲဖယ်ပြီး အဝေးကိုလွှင့်ပစ်ဖို့ကြိုးစားပါလေရော။
သို့ပေမယ့် ရဲရဲနီနေတဲ့ အင်းဆံတွေကို ထိကိုင်လိုက်တာနဲ့ ထိတဲ့နေရာကနေ အခိုးငွေ့တွေ ထွက်ပေါ်လာပြီး တီကောင်ကိုဆားနဲ့တို့သလို လူးလွန့်လာခဲ့တယ်။
“ ခွန်းလှ … မင်းက ဘီလူးလေးကောင်စမနဲ့ရိုက်”
ခွန်းလှလဲ ဘီလူးလေးကောင်ပုံစံရေးဆွဲထားတဲ့ စမကိုထုတ်ယူပြီး လက်ပေါ်ရိုက်ချလိုက်ရာ အရပ်လေးမျက်နှာကနေ အသားနီနီ၊ မျက်လုံးပြူးပြူးနဲ့ ဘီလူးလေးကောင် ပေါ်လာပြီး နယ်ပိုင်ဘီလူးရဲ့ ခေါင်းကို သင်္ဘောရွက်ပုံစံရှိတဲ့ လက်ဝါးတွေနဲ့ အတင်းဖိနှိပ်ထားခဲ့တယ်။
နယ်ပိုင်ဘီလူးကလဲ ဘာမှပြန်မလုပ်နိုင်ပေမယ့် လုံးဝကိုဒူးမထောက်ပဲ တင်းခံနေတဲ့အချိန် ကောင်းကင်ထက်ကနေ မိုးခြိမ်းသံတွေနဲ့အတူ လျှပ်စီးတွေတလက်လက်ထနေတဲ့ တင်းပုတ်ကိုင် ဘီလူးတစ်ကောင် ခုန်ထွက်လာခဲ့တယ်။
ပြိုးပြိုးပျက်ပျက်အရောင်ဆင်းရှိတဲ့ ဘီလူးက လက်ထဲကိုင်ထားတဲ့ တင်းပုတ်နဲ့ နယ်ပိုင်ဘီလူးခေါင်းကို ထုဟန်ပြင်ပြီး
“ ဟဲ့ ငမိုက်သား… ဒီနယ်က သင့်ကိုအပိုင်စားပေးထားတဲ့ နယ်မြေဆိုပေမယ့် အခုလိုမျိုး တရားမဲ့လူသတ်တာကိုတော့ ခွင့်မလွှတ်ဘူး၊ ချက်ချင်း တောင်းပန်စမ်း” လို့ အမိန့်ပေးလိုက်တော့မှ နယ်ပိုင်ဘီလူးက ပြာသလဲလဲ ဒူးထောက်ခဲ့တယ်။
“ ငမိုက်သား… နင့်အပြစ်ကိုနင်သိလား”
“ သိပါတယ်”
“ အပြစ်ကိုသိရင် အမှားကိုဝန်ခံစမ်း၊ နင်ဘာကြောင့် လူတွေကိုသတ်ခဲ့တာလဲ”
“ အတိတ်ဘဝက တော်စပ်ခဲ့တဲ့ မြေးဖြစ်သူကြောင့် သတ်ခဲ့ရပါတယ်”
“ တယ်… ငါလုပ်လိုက်ရ ခေါင်းရှစ်စိပ်ကွဲတော့မယ်၊ အခုချိန်ကစပြီး ကုဝေရနတ်မင်းကြီးရဲ့အမိန့်အရ သင့်ကို နယ်ပိုင်ရာထူးကနေ အနားပေးလိုက်ပြီ၊ သင့်မိုက်ပြစ်တွေကို ဆေးကြောဖို့အတွက် ငါနဲ့လိုက်ခဲ့ပေတော့”
တင်းပုတ်ကိုင် နတ်ဘီလူးက နယ်ပိုင်ဘီလူးရဲ့ ဂုတ်ကိုပေါ့ပါးစွာဆွဲယူကာ မိုးတိမ်တွေကြားထဲကို ပျံတက်သွားခဲ့တယ်။
အလားတူ မောင်ကောင်းတို့ပင့်ဖိတ်ထားတဲ့ အင်းစောင့်ပုဂ္ဂိုလ်၊ စမစောင့်ပုဂ္ဂိုလ်တွေလဲ မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားကာ နောက်ဆုံးမှာတော့စည်းဝိုင်းထဲမှာချုပ်နှောင်ထားတဲ့ နာနာဘာဝကောင်သာ တုန်ရီစွာကျန်ရစ်ခဲ့တယ်။
“ ဆရာ… ဒီကောင်ကို ဘယ်လိုလုပ်ရမလဲ”
“ သူက နယ်ပိုင်ဘီလူးခိုင်းစေလို့ လုပ်ခဲ့တာဆိုပေမယ့် သူ့မှာလဲအပြစ်ရှိတယ်၊ ဒါကြောင့် အပြစ်ပေးတဲ့အနေနဲ့ တာဝန်တစ်ခုပေးမယ်၊ လိုက်နာနိုင်မလား”
“ လိုက်နာပါ့မယ်… ကြိုက်တဲ့အပြစ်ပေးပါ”
“ မင်းက ဒီနေ့ကစပြီး သေရွာပြန်ဖိုးဒေါင်းကို စိတ်ရူးသွပ်တဲ့ထိ ခြောက်လှန့်ရမယ်”
အောင်မြတ်သာစကားကိုကြားတော့ မောင်ကောင်းနဲ့ ခွန်းလှက လက်ဖျောက်တီးပြီး
“ ဆရာပေးတဲ့အပြစ်ကိုသဘောကျတယ်၊ ဒါပေမယ့် ဖိုးဒေါင်းက နယ်ပိုင်နဲ့ဘယ်လို သိကျွမ်းခဲ့တာလဲဆိုတာ မေးချင်သေးတယ်” လို့ပြောတော့ ချုပ်နှောင်ခံထားရတဲ့ကောင်က
“ ဖိုးဒေါင်း ဓါးထိုးခံရပြီး မျောနေတဲ့အချိန် လမ်းလေးခွက ညောင်ပင်ကိုရောက်လာတယ်၊ ဒါပေမယ့် သူ့မှာသေကံမပါသေးတာကြောင့် လူ့ဘဝကိုပြန်သွားခွင့်ရခဲ့တယ်။အတိတ်ဘဝကလဲ ဖိုးဒေါင်းနဲ့ နယ်ပိုင်က မြေးအဖိုးတော်စပ်ခဲ့ဖူးတယ်၊ ဒါကြောင့် သူ့နယ်ထဲမှာ ဖိုးဒေါင်းကို သွေးထွက်သံယိုဖြစ်အောင် လုပ်တဲ့သူတိုင်းကို ခြောက်လှန့်သတ်ဖြတ်ဖို့ငါ့ကိုခိုင်းစေခဲ့တာပဲ”
“ ဒါကို ဖိုးဒေါင်းက သိနေတာပေါ့”
“ သူ့ကိုထိခိုက်အောင်လုပ်တဲ့သူတွေ အခုလိုဖြစ်တာကို သူကကျေနပ်နေခဲ့တာ”
“ ထိခိုက်အောင်လုပ်တယ်ဆိုတာက သူအနေနဲ့ လူပါးဝတာကိုး၊ ဒီလို ကောင်မျိုးကို ဘယ်လိုမှခွင့်လွှတ်မပေးနိုင်ဘူး”
“ ငါ့ကိုလွှတ်ပေးရင် နင်တို့ပြောတဲ့အတိုင်း လုပ်ပေးမယ်”
“ မောင်ကောင်း… သူ့ကိုလွှတ်ပေးလိုက်တော့”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ တားထားတဲ့စည်းကို ပြန်ရုတ်သိမ်းကာ လွှတ်ပေးလိုက်တယ်။
များမကြာမီအချိန်အတွင်း ဖိုးဒေါင်းရဲ့ ထိတ်လန့်ဖွယ်အော်ဟစ်သံက အိပ်မောကျနေတဲ့ သူတွေကိုလန့်နိုးစေခဲ့တယ်။
အဲဒီနေ့ကစပြီး သေရွာပြန်ဖိုးဒေါင်းရဲ့ မိုက်ကြေးခွဲမှုတွေပျောက်ဆုံးသွားခဲ့ပြီး ညဘက်ရောက်တိုင်း အရူးတစ်ယောက်လို အော်ဟစ်ပြေးလွှားနေတဲ့ ဖိုးဒေါင်းသာကျန်ရစ်ခဲ့တော့တယ်။
အောင်မြတ်သာလဲ တပည့်ဖြစ်သူတွေဆီပြန်ရောက်ပြီး တစ်ပတ်ခန့်အကြာမှာတော့ အိမ်ကိုစွဲလန်းကာ ခြောက်လှန့်နေတဲ့ဖြစ်စဉ်တစ်ခုကို ခရီးသွားဟန်လွှဲ ကူညီပေးခဲ့ရတယ်။
ပစ္စည်းဥစ္စာတွေကိုစွဲလမ်းတဲ့စိတ်ကြောင့် သေဆုံးသွားတာကိုတောင် သာဓုမခေါ်နိုင်ပဲ ကျန်ရစ်သူတွေကိုခြောက်လှန့်နေတဲ့သူ။
ကျန်ရစ်သူမိသားစုကို နေ့ရောညပါခြောက်လှန့်ပြီး သူ့ပစ္စည်းဥစ္စာတွေပျောက်မှာစိတ်ပူနေတဲ့သူ။
တရားလာဟောတဲ့ သံဃာတော်တွေကိုတောင် သူ့အိမ်ကနေထွက်သွားဖို့ မောင်းထုတ်တဲ့သူ။
ဒီဖြစ်ရပ်ကိုတော့ အောင်မြတ်သာနှင့် အိမ်စောင့်သရဲမဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Zawgyi Version
“ေအာင္ျမတ္သာႏွင့္ေသ႐ြာျပန္ဖိုးေဒါင္း”(စ/ဆုံး)
—————————————————————
“ ဘယ္ေကာင္မွ ဂ႐ုမစိုက္လို႔ ေသရာကေန ျပန္ရွင္လာတာကြ၊ ဟိုေကာင္ မင္းကဘာၾကည့္ေနတာလဲ”
အရက္ပုလင္းကိုလက္မွာကိုင္ၿပီး ဒယီးဒယိုင္လမ္းေလ်ာက္လာတဲ့ ဖိုးေဒါင္းကို ၾကည့္ေနတဲ့ လူက အျခားတစ္ဖက္ကို မ်က္ႏွာလႊဲလိုက္ၿပီး ေရွာင္ထြက္သြားခဲ့တယ္။
“ ဖိုးေဒါင္းတို႔ကေတာ့ မနက္ေစာေစာစီးစီး မူးေနျပန္ၿပီ၊ စိတ္ညစ္ပါတယ္”
“ တိုးတိုးေျပာပါ စိန္တင္ရယ္၊ ဟိုကၾကားသြားလို႔ နင့္ဆိုင္ကိုလာေသာင္းက်န္းေနပါဦးမယ္”
မုန႔္ဟင္းဆိုင္ထဲမွာ ထိုင္ေနၾကတဲ့ မိန္းမႏွစ္ေယာက္ရဲ႕ တီးတိုးစကားေျပာသံအဆုံးမွာ ဆိုင္ထဲကို ဖိုးေဒါင္းေရာက္ခ်လာခဲ့တယ္။
“ မစိန္တင္ က်ဳပ္ဖို႔ မုန႔္ဟင္းခါးတစ္ပြဲ လုပ္ေပးစမ္းပါ”
“ ဖိုးေဒါင္း… နင္အရင္ကစားထားတဲ့ အေႂကြးေတြလဲ မေပးေသးဘူးေနာ္၊ အခုလဲ အေႂကြးပဲလား”
“ က်ဳပ္ကေပးမွာပါဗ်… အခုေလာေလာဆယ္မရွိေသးဘူး၊ ျမန္ျမန္လုပ္ဗ်ာ ဗိုက္ဆာေနၿပီ”
မစိန္တင္က ဖိုးေဒါင္းကို မၾကည္တဲ့အၾကည့္တဲ့ ၾကည့္လိုက္ၿပီး မုန႔္ဟင္းခါးတစ္ပြဲကိုထည့္ကာ ကမ္းေပးလိုက္တယ္။
“ အစ္မႀကီး… ဒီလူက ဘာလဲ၊ ပုံစံၾကည့္ရတာ အေၾကာႀကီးနဲ႔ဗ်ာ”
“ ငါ့ေမာင္တို႔က ဖိုးေဒါင္းအေၾကာင္းမသိၾကေသးဘူးနဲ႔တူတယ္”
“ ကြၽန္ေတာ္တို႔က အခုမွ ဒီၿမိဳ႕ကိုေရာက္လာၾကတဲ့ ခရီးသြားေတြပါ”
“ ဒါဆို သူ႔နဲ႔ေဝးေဝးကေရွာင္ေနာ္၊ ငါ့ေမာင္တို႔ ဒုကၡေရာက္မွာစိုးလို႔ေျပာျပတာ”
“ သူကို ဘာလို႔ေၾကာက္ေနၾကတာလဲ၊ လူလူခ်င္း အခုလိုအႏိုင္က်င့္တာမ်ိဳးေတာ့ လက္မခံႏိုင္ဘူး”
“ ဖိုးေဒါင္းက ေသ႐ြာကေန ျပန္လာတဲ့ေကာင္၊ သူ႔ကို ရန္ျပဳဖို႔ႀကိဳးစားတဲ့သူေတြသာ တစ္ခုၿပီးတစ္ခုျဖစ္သြားၾကေပမယ့္ သူကေတာ့ အခုထိအသက္ရွင္ေနတာပဲၾကည့္၊ ဒါေၾကာင့္ ဖိုးေဒါင္းဆိုရင္ ဘယ္သူမွ ထိပ္တိုက္မေတြ႕ရဲၾကဘူး”
“ အဲဒီလိုလား…ဟက္ဟက္၊ ငတိုး ပိုက္ဆံရွင္းလိုက္ ငါတို႔လဲစားၿပီးၿပီမဟုတ္လား”
အနက္ေရာင္ဂ်ာကင္ကိုဝတ္ထားတဲ့လူငယ္ရဲ႕စကားေၾကာင့္ ေဘးမွာပါလာတဲ့လူက အိတ္ကပ္ထဲက ပိုက္ဆံအခ်ိဳ႕ထုတ္ေပးကာ ဆိုင္ထဲကေန ထြက္လာခဲ့လိုက္တယ္။
+++++
“ ထြီ… မုန႔္ဟင္းခါးကလဲ က်ဲေတာက္ေနတာပဲ၊ မစိန္တင္ကေတာ့ ေရေရာထားျပန္ၿပီထင္တယ္”
ဖိုးေဒါင္းက မုန႔္ဟင္းခါးထည့္ထားတဲ့ အထုပ္ကို ဇရပ္အျပင္ဘက္လႊင့္ပစ္လိုက္တဲ့အခ်ိန္ အရပ္ျမင့္ျမင့္ခႏၶာကိုယ္ေတာင့္ေတာင့္လူငယ္ႏွစ္ေယာက္ ဇရပ္ေပၚတက္လာတာျမင္လိုက္ရတယ္။
“ ကိုဖိုးေဒါင္းဆိုတာမ်ားလား”
“ ေအး… ဖိုးေဒါင္းဆိုတာ ငါပဲ၊ ဘာကိစၥရွိလို႔လဲ”
“ ေသ႐ြာျပန္ဖိုးေဒါင္းဆိုမ်ိဳးနာမည္ႀကီးေနတဲ့လူက တကယ္တမ္းက်ေတာ့ အရက္သမားသာသာပဲရွိပါလား”
“ အဟက္… မင္းတို႔က အလာႀကီးပါလား”
ဖိုးေဒါင္းက လုံခ်ည္ကို ခပ္တိုတိုျပင္ဝတ္လိုက္ၿပီး မတ္တပ္ထရပ္လိုက္တယ္။
“ မင္းတို႔နဲ႔ငါက ဘာရန္ၿငိဳးရန္စရွိခဲ့လဲေျပာပါဦး”
“ ခင္ဗ်ားကို ဒီၿမိဳ႕မွာ အကုန္ေၾကာက္ၾကတယ္လို႔ ေျပာသံၾကားတယ္၊ ဒါက တကယ္ဟုတ္မဟုတ္ သိခ်င္လို႔ ေရာက္လာတာ”
“ ေဟ့ေကာင္ေလး… မင္းတို႔မနက္ျဖန္ မ်က္ႏွာမသစ္ခ်င္ေတာ့ဘူးထင္တယ္ အဟီးအဟီး”
“ ဒါဆိုလဲ စမ္းၾကည့္ေပါ့ဗ်ာ”
အနက္ေရာင္ဂ်ာကင္ဝတ္ထားတဲ့လူငယ္ရဲ႕ စကားေၾကာင့္ ဖိုးေဒါင္းက ကြမ္းဂ်ိဳးေတြနဲ႔မဲေနတဲ့ သြားေပၚေအာင္ရယ္လိုက္ၿပီး ခႏၶာကိုယ္ကို ဖ်တ္ခနဲလႈပ္ရွားလိုက္တယ္။
အားပါျပင္းထန္တဲ့လက္သီးက ဂ်ာကင္ဝတ္လူငယ္ရဲ႕ မ်က္ႏွာနားကေန ဝွီးခနဲ ျဖတ္သြားတာေၾကာင့္ ဖိုးေဒါင္းကိုယ္ရွိန္သတ္လိုက္ၿပီး ေဘးကိုျပန္လွည့္ၾကည့္လိုက္တယ္။
“ ဘယ္လိုလဲဗ်… က်ဳပ္ကိုထိေအာင္လဲမထိုးႏိုင္ပါလား”
ခနဲ႔တဲ့တဲ့စကားေၾကာင့္ ဖိုးေဒါင္းမ်က္ႏွာရဲခနဲျဖစ္သြားၿပီး ရပ္ေနတဲ့လူရဲ႕ ခႏၶာကိုယ္အႏွံ႔ကို လက္သီးခ်က္ေတြပစ္သြင္းလိုက္တယ္။
ဖိုးေဒါင္းရဲ႕လက္သီးခ်က္ေတြကို ရပ္ေနတဲ့လူက ခႏၶာကိုယ္ယိမ္းႏြဲ႕ၿပီးေရွာင္တိမ္းေနရာကေန ပင့္လက္သီးတစ္ခ်က္ ေမး႐ိုးေအာက္ကို ဝင္လာခဲ့တယ္။
ျပင္းထန္လွတဲ့လက္သီးခ်က္ေၾကာင့္ ဖိုးေဒါင္း ေမး႐ိုးတစ္ေခ်ာင္းလုံး က်င္တက္သြားၿပီး လူက အေနာက္ကိုယိုင္က်သြားခဲ့တယ္။
“ လုပ္စမ္းပါဦး ေသ႐ြာျပန္ႀကီးရဲ႕…”
“ ဒီေခြးမသားေတာ့… ေရာ့ကြာ”
ဖိုးေဒါင္းက မ်က္လုံးေတြ ျပာေဝလာတဲ့အထိ တရစပ္လိုက္ထိုးေပမယ့္ အနက္ေရာင္ဂ်ာကင္ဝတ္ထားတဲ့လူကို တစ္ခ်က္မွမထိပဲ သူကိုယ္တိုင္သာေမာလာခဲ့တယ္။ ေသာက္ထားတဲ့အရက္ရွိန္ကလဲ ကုန္စျပဳလာတာမို႔ ဖိုးေဒါင္းရဲ႕ လက္ရွိန္က ထင္သေလာက္မသြက္ေတာ့ပဲ ေႏွးေကြးလာတဲ့အခ်ိန္ ဂ်ာကင္ဝတ္လူငယ္ရဲ႕ လက္သီးခ်က္ေတြက ခႏၶာကိုယ္အႏွံ႔ကိုက်ေရာက္လာခဲ့တယ္။
“ ခြပ္”
ပါးေစာင္႐ိုးကိုလက္သီးနဲ႔ထိတဲ့အသံနဲ႔အတူ ဖိုးေဒါင္းတစ္ေယာက္ ဇရပ္ၾကမ္းျပင္ေပၚမွာ ဗိုင္းခနဲလဲက်သြားခဲ့တယ္။
“ အဟက္အဟက္… ေသ႐ြာျပန္ဖိုးေဒါင္းဆိုၿပီး နာမည္ႀကီးေနတာ တကယ္ေတာ့အလကားပါလား”
ဖိုးေဒါင္းက သူ႔ကိုငုံ႔ၾကည့္ကာ ေျပာေနတဲ့ လူငယ္ကို ၾကည့္ၿပီး ႏႈတ္ခမ္းဖ်ားကေန စီးက်လာတဲ့ ေသြးစေတြကို သုတ္ယူကာ ဟက္ဟက္ပက္ပက္ရယ္ေမာလိုက္တယ္။
“ အဟား အဟား.. မင္းတို႔ ငါ့ကိုေသြးထြက္ေအာင္လုပ္ခဲ့တဲ့ အက်ိဳးဆက္ကို ညက်ရင္သိရလိမ့္မယ္၊ ေကာင္ေလးေတြ မင္းတို႔ ကိုယ့္ေသတြင္းကိုယ္တူးလိုက္တာပဲ”
“ ေဟ့ေကာင္ ငတိုး… ဒီလူႀကီး ေသြး႐ူးေသြးတန္းနဲ႔ ဘာေတြေျပာေနလဲမသိဘူး”
“ ထားလိုက္ပါ ခန႔္ေမာ္ရာ၊ ဒီေလာက္ဆို သူလဲ မွတ္ေလာက္ၿပီထင္ပါတယ္”
“ ေဟ့လူ… ေနာက္တစ္ခါ က်ဳပ္တို႔အေရွ႕မွာ ဘယ္သူ႔ကိုမွ ႏိုင္ထက္စီးနင္းမလုပ္မိေစနဲ႔၊ ၾကားလား”
ခန႔္ေမာ္ရဲ႕စကားကိုၾကားေတာ့ ဖိုးေဒါင္းက ဘာမွျပန္မေျပာပဲ ငုတ္တုတ္ထထိုင္ကာ ရယ္ေမာေနတာကိုျမင္လိုက္ရတယ္။
“ ခန႔္ေမာ္… သြားၾကရေအာင္၊ ငါတို႔ကိုေစာင့္ေနၾကတဲ့သူေတြကိုအားနာေနရဦး မယ္”
ငတိုးစကားေၾကာင့္ ခန႔္ေမာ္က ဂ်ာကင္အက်ႌကို ဇစ္ဆြဲတင္ကာ ဇရပ္ေပၚကေန ဆင္းသြားတဲ့အခ်ိန္ ဇရပ္ထုပ္တန္းေပၚကေန အရိပ္မဲတစ္ခု ေဇာက္ထိုးဆင္းလာတာကို ဖိုးေဒါင္းျမင္လိုက္ရတယ္။
+++++++
“ ေျဖာင္း ေျဖာင္း ေျဖာင္း”
လက္ခုပ္တီးသံေတြ ထြက္ေပၚလာတဲ့ ခန္းမအလယ္မွာေတာ့ ေ႐ႊေရာင္လည္ဆြဲကိုဝတ္ဆင္ထားတဲ့ ခန႔္ေမာ္က ခန႔္ခန႔္ႀကီးရပ္ေနခဲ့တယ္။
“ ဒီႏွစ္ ႐ိုးရာလက္ေဝွ႔မွာ ေ႐ႊတံဆိပ္ ရယူေပးခဲ့တဲ့အတြက္ ဆရာတို႔အေနနဲ႔ အမ်ားႀကီးဝမ္းသာဂုဏ္ယူမိပါတယ္၊ ေနာင္ႏွစ္ေတြလဲ ၿမိဳ႕ရဲ႕ဂုဏ္ကို ျမႇင့္တင္ေပးပါဦး”
“ စိတ္ခ်ပါဆရာ… ကြၽန္ေတာ္က ဒီၿမိဳ႕မွာေမြးခဲ့တဲ့သူမို႔လို႔ ၿမိဳ႕ရဲ႕ဂုဏ္ကို ျမႇင့္တင္ႏိုင္ဖို႔ ႀကိဳးစားေပးပါ့မယ္”
“ ညက်ရင္ ေ႐ႊတံဆိပ္ဆုရတဲ့အတြက္ ဂုဏ္ျပဳပြဲေလးတစ္ခုစီစဥ္ထားတယ္”
“ လာရမွာေပါ့ဗ်ာ… ဒီညေတာ့ နည္းနည္းေသာက္လို႔ရတယ္မဟုတ္လား”
ခန႔္ေမာ္က ရယ္က်ဲက်ဲလုပ္ရင္းေျပာလိုက္ေတာ့ နည္းျပဆရာက မၾကည္တဲ့အၾကည့္နဲ႔ လွမ္းၾကည့္တာကိုျမင္လိုက္ရတယ္။
+++++
ၿခံဝင္းက်ယ္ထဲမွာ က်င္းပတဲ့ဂုဏ္ျပဳညစာစားပြဲမွာေတာ့ ခန႔္ေမာ္တစ္ေယာက္ အေပ်ာ္လြန္ေနခဲ့သလို ေသာက္ထားတဲ့အရက္ရွိန္ကလဲ တစ္ေျဖးေျဖးတက္လာခဲ့တယ္။
“ ခန႔္ေမာ္… မင္း ေသာက္တာမ်ားေနၿပီေနာ္”
“ ငတိုး… ငါ မမ်ားေသးပါဘူးကြ၊ လမ္းေကာင္းေကာင္းေလ်ာက္ႏိုင္ပါတယ္”
“ မင္းအိမ္ေရာျပန္ႏိုင္ရဲ႕လား…”
“ ျပန္ႏိုင္ပါတယ္… ငါ့ဆိုင္ကယ္ေသာ့ မင္းကိုေပးထားတယ္မဟုတ္လား”
“ အင္း…မင္းျပန္ရမယ့္အခ်ိန္ကိုလဲၾကည့္ဦး၊ ေနာက္က်နၿပီ”
“ ေအးပါ… ခဏေန ငါျပန္ေတာ့မွာ”
ခန႔္ေမာ္လဲ ငတိုးဆီက ဆိုင္ကယ္ေသာ့ေတာင္းၿပီး လူႀကီးေတြကို ႏႈတ္ဆက္ကာ ျပန္ထြက္လာတဲ့အခ်ိန္ ဆိုင္ကယ္ေပၚမွာ ထိုင္ေနတဲ့ အရိပ္တစ္ခုကိုျမင္လိုက္ရတယ္။
“ ငတိုး… ငါ့ဆိုင္ကယ္မွာ ဘယ္သူထိုင္ေနတာလဲ”
“ ဟင္… ဘယ္သူမွမရွိပါဘူး၊ ေဟ့ေကာင္ မင္းမူးေနတာ ေသခ်ာၿပီ၊ ငါျပန္လိုက္ပို႔ေပးမယ္”
“ မမူးပါဘူးကြ… ငါမ်က္စိမွားတာျဖစ္မွာပါ”
ခန႔္ေမာ္က ဆိုင္ကယ္ကိုေသာ့ဖြင့္ၿပီး စက္ႏႈိးလိုက္တဲ့အခ်ိန္ ေဘးကိုယိုင္သြားတာေၾကာင့္ ငတိုးမေနသာေတာ့ပဲ ဆိုင္ကယ္ေပၚတက္ခြလိုက္တယ္။
“ ေဟ့ေကာင္… ငါမင္းကိုျပန္ပို႔ေပးမယ္၊ ထပ္မရစ္နဲ႔”
ငတိုးက အရက္မေသာက္ထားတာမို႔ ခန႔္ေမာ္ကို အေနာက္ေျပာင္းထိုင္ခိုင္းၿပီး ဆိုင္ကယ္ကို ေျဖးေျဖးမွန္မွန္ေမာင္းကာ ထြက္လာခဲ့လိုက္တယ္။
ခန႔္ေမာ္ေနတဲ့အိမ္က ၿမိဳ႕အစြန္ဘက္က်တာမို႔ ကားလမ္းမအတိုင္းမေမာင္းေတာ့ပဲ ၿမိဳ႕ပတ္လမ္းကေန ေမာင္းထြက္လာခဲ့ရာ ထန္းေျခာက္ပင္သခ်ႋဳင္းေဟာင္းေနရာေရာက္ေတာ့ ဆိုင္ကယ္အရွိန္က တစ္ေျဖးေျဖးေလ်ာ့လာတာကို သတိထားမိခဲ့တယ္။
“ ခန႔္ေမာ္… မင္းဆိုင္ကယ္က သိပ္လဲမေျပးပါလား”
“ ေျပး.. ေျပးပါတယ္ဟ၊ မင္း လီဗာမဆြဲဘူးထင္တယ္”
“ မဟုတ္ဘူးေနာ္… ငါလီဗာအကုန္ဆြဲထားတာကြ”
ငတိုးက ခန႔္ေမာ္ကိုလွမ္းေျပာရင္း ေနာက္ၾကည့္မွန္ကို ၾကည့္လိုက္ရာ ခန႔္ေမာ္ရဲ႕အေနာက္မွာ လူတစ္ေယာက္ ေနာက္ျပန္ထိုင္စီးလာတာကိုျမင္လိုက္ရတယ္။
“ ခန႔္ေမာ္… မင္းအေနာက္မွာ ဘယ္သူႀကီးလဲ”
ငတိုးရဲ႕အလန႔္တၾကားေအာ္သံေၾကာင့္ ေနာက္ျပန္ထိုင္စီးလာတဲ့သူရဲ႕ ေခါင္းကအေရွ႕ဘက္ကို လည့္ၾကည့္လာသလို သစ္ကိုင္းေျခာက္လို ပိန္ကပ္ေနတဲ့ လက္တစ္ဖက္က ခန႔္ေမာ္ရဲ႕ လည္ပင္းဆီကို ေရာက္လာခဲ့တယ္။
ေအးစက္စက္အထိေတြ႕ေၾကာင့္ ခန႔္ေမာ္တစ္ေယာက္ အလန႔္တၾကားေအာ္လိုက္သလို ငတိုးရဲ႕ဆိုင္ကယ္ကလဲ လမ္းေဘးကို ထိုးက်သြားခဲ့တယ္။
မၾကာခင္အခ်ိန္အတြင္း ၿမိဳ႕ပတ္လမ္းထဲကေန ေၾကာက္မယ္ဖြယ္ေအာ္သံအခ်ိဳ႕ထြက္ေပၚလာခဲ့တာကို အနီးနားမွာေနသူအခ်ိဳ႕ ၾကားလိုက္ရတယ္။
+++++++
မိုးတစ္ဖြဲဖြဲက်ေနတဲ့ မနက္ခင္းမွာေတာ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ႏွစ္ေယာက္ အရိပ္ခိုဖို႔ေနရာလိုက္ရွာရင္း လမ္းေလ်ာက္လာခဲ့ရာ မီးခိုးတလူလူထြက္ေနတဲ့ မုန႔္ဟင္းခါးဆိုင္တစ္ဆိုင္ေရွ႕ကိုေရာက္လာခဲ့တယ္။
“ မိုးက ဒီထက္ပို႐ြာဖို႔မ်ားလိမ့္မယ္ထင္တယ္၊ ေလာေလာဆယ္ ဒီဆိုင္ထဲဝင္ခိုရင္ေကာင္းမလားလို႔”
ခြန္းလွစကားမဆုံးခင္မွာပဲ တေဝါေဝါနဲ႔ ေအာ္ျမည္လာတဲ့မိုးသံေၾကာင့္ ႏွစ္ေယာက္သား မုန႔္ဟင္းခါးဆိုင္ထဲကိုဝင္လာခဲ့လိုက္တယ္။
“ အစ္မေရ.. မုန႔္တီဖတ္ကို သက္သက္လြတ္သုပ္ေပးလို႔ရလား”
“ ရတယ္ေလ ေမာင္ေလး၊ ပဲေၾကာ္ေရာ ထည့္ဦးမလား”
“ ထည့္မယ္ဗ်… ႏွစ္ပြဲလုပ္ေပး”
ေမာင္ေကာင္းတို႔လဲ မုန႔္တီဖတ္သုတ္ကိုေစာင့္ေနတဲ့အခ်ိန္ ဆိုင္ထဲကို မိန္းမတစ္ေယာက္ဝင္လာၿပီး
“ စိန္တင္… မေန႔ကသတင္းၾကားၿပီးၿပီလား”
“ ဘာသတင္းလဲေျပာပါဦး”
“ ဖိုးေဒါင္း နင့္ဆီက မုန႔္ဟင္းခါးလာေတာင္းတဲ့ေန႔က ဒီခုံမွာထိုင္ေနတဲ့ ေကာင္ေလးႏွစ္ေယာက္ကို သတိထားမိလား”
“ ေအာ္ မွတ္မိၿပီ၊ ဖိုးေဒါင္းအေၾကာင္းေမးတဲ့ ႏွစ္ေယာက္လား”
“ ဟုတ္တယ္ ဟုတ္တယ္၊ အဲဒီႏွစ္ေယာက္ မေန႔မနက္က ဆုံးသြားၿပီ”
“ ဟင္… ဘယ္လိုျဖစ္ရတာလဲ၊ ေကာင္ေလးေတြက ငယ္ငယ္ေလးပဲရွိေသးတာကို”
“ ငါမေန႔က ဟိုဘက္ၿမိဳ႕ကိုသြားေတာ့ လမ္းမွာလူေတြအုံေနတာနဲ႔ ဘာျဖစ္တာလဲဆိုၿပီးသြားၾကည့္တာ၊ အဲဒီေကာင္ေလးႏွစ္ေယာက္ျဖစ္ေနတယ္၊ ႏွစ္ေယာက္လုံး မ်က္လုံးေတြျပဴးၿပီး တစ္ခုခုကိုေၾကာက္လန႔္ေနတဲ့ပုံနဲ႔ ေသေနတာ”
“ အမေလး… နင္ေျပာတဲ့အတိုင္းဆိုရင္ ဆန္းထြန္းေသတဲ့အတိုင္းျဖစ္ေနတာေပါ့”
“ ေအး… ငါ့စိတ္ထင္ သူတို႔ႏွစ္ေယာက္ ဖိုးေဒါင္းနဲ႔ ျပႆနာတက္ခဲ့ၿပီထင္တယ္”
ေမာင္ေကာင္းနဲ႔ ခြန္းလွလဲ မုန႔္တီဖတ္သုတ္ကိုစားေနရင္း မိန္းမႏွစ္ေယာက္ေျပာေနတာကို နားစြင့္ေနခဲ့တယ္။
“ ငါေတာ့ ဖိုးေဒါင္းကို လန႔္ေနၿပီ၊ သူနဲ႔ျပႆနာတက္တဲ့သူတိုင္း အခုလိုအေသဆိုးနဲ႔ ေသတာ အၿမဲလိုလိုျဖစ္ေနတယ္”
“ ေအး… နင္လဲ သူမုန႔္ဟင္းခါးလာေတာင္းရင္ အသာတၾကည္ေပးလိုက္၊ ျပႆနာေတာ့အတက္မခံနဲ႔”
“ ေအးပါ… ငါလဲျပႆနာအတက္မခံပါဘူး၊ နင္အခုဘာစားမလဲ”
“ ဘာမွမစားေတာ့ဘူး… ေဈးဝယ္စရာရွိေသးလို႔ သြားလိုက္ဦးမယ္”
ထီးတစ္ေခ်ာင္းနဲ႔ဝင္လာတဲ့မိန္းမႀကီး ျပန္ထြက္သြားေတာ့ ေမာင္ေကာင္းက
“ ခုနက အစ္မတို႔ေျပာတဲ့ ဖိုးေဒါင္းဆိုတဲ့သူက ဘယ္သူမ်ားလဲ”
“ ဖိုးေဒါင္းက ဒီၿမိဳ႕ရဲ႕ ေအာ္ေၾကာလန္၊ ဒါေပမယ့္ သူ႔ကိုဘယ္သူမွ မေျပာရဲဘူး၊ သူနဲ႔ထိပ္တိုက္ေတြ႕တဲ့ သူတိုင္း ခုနကလိုအျဖစ္မ်ိဳးနဲ႔ေသၾကတာပဲ”
“ ဒါဆို သူ႔ကိုဖမ္းရမွာေပါ့”
“ အျဖစ္က မင္းတို႔ေျပာသေလာက္ မလြယ္ဘူး၊ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က ဖိုးေဒါင္းနဲ႔ ျပႆနာတက္ခဲ့တဲ့ ဆန္းထြန္းဆိုတဲ့ သူတစ္ေယာက္ရွိတယ္၊ ဖိုးေဒါင္းက ဆန္းထြန္းေၾကာင့္ နဖူးဟက္တက္ကြဲသြားတာ၊ ဒါေပမယ့္ အဲဒီညမွာပဲ ဆန္းထြန္းတစ္ေယာက္ အိမ္သာေရွ႕မွာ မ်က္လုံးႀကီးျပဴးၿပီးေသတာပဲ”
“ ဘာျဖစ္လို႔ေသတာလဲအစ္မ၊ အျခားဒဏ္ရာေတြေရာမေတြ႕ဘူးလား”
“ မေတြ႕ဘူး… ဆရာဝန္ေျပာတာကေတာ့ ႏွလုံးေသြးရပ္ၿပီးေသတာတဲ့”
“ အခုဆို ဖိုးေဒါင္းနဲ႔ပတ္သတ္ၿပီး ေသတဲ့သူ ဘယ္ႏွစ္ေယာက္ရွိၿပီလဲအစ္မ”
“ အစ္မသိရသေလာက္ကေတာ့ ငါးေယာက္ေလာက္ရွိၿပီထင္တယ္၊မွတ္မွတ္ရရ သူ ေသရာကေန ျပန္ရွင္လာတဲ့ေနာက္ပိုင္း အခုလိုျဖစ္ရပ္ေတြ စေတာ့တာပဲ”
“ ေသရာကေန ျပန္ရွင္လာတယ္ ဟုတ္လား”
“ ဟုတ္တယ္… ဖိုးေဒါင္းအေၾကာင္း အစ္မေျပာတယ္လို႔မေျပာနဲ႔ေနာ္၊ ေနာက္ၿပီး မင္းတို႔လဲ သူနဲ႔မပတ္သတ္မိေစနဲ႔”
“ ကြၽန္ေတာ္တို႔မေျပာပါဘူး… စိတ္ခ်ပါ”
“ ဖိုးေဒါင္းက ျမစ္ဝကြၽန္းေပၚေဒသဘက္ကလို႔ၾကား တယ္၊ သူဒီကိုစေရာက္ေတာ့ ဦးဖိုးဝပြဲ႐ုံမွာ ကုန္ထမ္းတဲ့အလုပ္လုပ္ရာကေန အလုပ္သမားအခ်င္းခ်င္း စကားမ်ားၿပီး ဓါးထိုးခံရတယ္၊ ဆရာဝန္ကေတာင္ ေသၿပီလို႔ သတ္မွတ္ၿပီး အေလာင္းကို ရင္ခြဲ႐ုံထဲထည့္ထားတာ၊ ေနာက္တစ္ေန႔မနက္အေစာႀကီး ရင္ခြဲ႐ုံထဲကေန တံခါးထုသံၾကားလို႔ သြားၾကည့္တာ ဖိုးေဒါင္းျဖစ္ေနတယ္၊ အဲဒီလိုျပန္ရွင္လာတဲ့ ေနာက္ေန႔ပဲ သူ႔ကိုဓါးနဲ႔ထိုးတဲ့ အလုပ္သမား ေသတယ္၊ ျပင္ပဒဏ္ရာမရွိပဲ ေသတာေနာ္၊ ေနာက္ေတာ့ ထန္းေတာထဲမွာ ကြၽဲႀကီးဆိုတဲ့ ၿမိဳ႕ခံလူမိုက္နဲ႔ျပႆနာျဖစ္တယ္၊ အဲဒီေန႔ ညပဲ ကြၽဲႀကီးေသတယ္၊ ေနာက္ေတာ့ ဆန္းထြန္းနဲ႔ အရက္ဆိုင္မွာ ျပႆနာျဖစ္တယ္၊ ဒီတစ္ခါေတာ့ ဖိုးေဒါင္းကိုေရာ ဆန္းထြန္းကိုပါ တစ္ေနရာစီ ထိန္းသိမ္းထားလိုက္တယ္၊ မနက္က်ေတာ့ ဆန္းထြန္းေသျပန္ေရာ၊ အဲဒီထဲက ဖိုးေဒါင္းကို ဘယ္သူမွ ျပႆနာမရွာရဲေတာ့ဘူး”
“ ထူးဆန္းလိုက္တာ… ဒီလိုျဖစ္စဥ္မ်ိဳး အခုမွၾကားဖူးတာပဲ”
“ ေမာင္ေလးတို႔လဲ ဖိုးေဒါင္းကို ျပႆနာမရွာၾကနဲ႔ေနာ္၊ သူ႔ကိုေတြ႕ရင္ အျခားလမ္းကေနသာပတ္သြား၊ အစ္မက ေစတနာနဲ႔ေျပာျပတာ”
“ ဟုတ္ကဲ့… ေက်းဇူးတင္ပါတယ္အစ္မ၊ အခုလိုသိရေတာ့လဲ ေရွာင္လို႔ရတာေပါ့၊ ဒါနဲ႔ သူက ဘယ္ေနရာေတြအလာမ်ားလဲ”
“ ဖိုးေဒါင္းက ငေတရဲ႕ အရက္ဆိုင္ကိုသြားတာမ်ားတယ္၊ အဲဒီဆိုင္ပိုင္ရွင္က သူေျပာသလိုရတယ္ေလ”
“ ဟုတ္ကဲ့အစ္မ၊ ဒါဆို ကြၽန္ေတာ္တို႔ကို ခြင့္ျပဳဦး”
ေမာင္ေကာင္းတို႔လဲ မုန႔္ဟင္းခါးဆိုင္ထဲကေန ထြက္လာၿပီးေနာက္မွာေတာ့ ဖိုးေဒါင္းဆိုတဲ့သူအေၾကာင္းကိုပိုၿပီးသိခ်င္လာတာေၾကာင့္ အရက္ပုန္းေရာင္းတဲ့ ငေတရဲ႕ဆိုင္ထဲကိုဝင္လာခဲ့လိုက္တယ္။
ဆိုင္ထဲေရာက္ေတာ့ အရက္တစ္ပုလင္းမွာၿပီး ခြက္ႏွစ္ခြက္ထဲထည့္ကာ ထိုင္ေနၾကတဲ့အခ်ိန္ မ်က္ႏွာတစ္ခုလုံးဖူးေယာင္ေနတဲ့ လူတစ္ေယာက္ ဆိုင္ထဲဝင္လာတာကိုျမင္လိုက္ရတယ္။
“ ငေတ… ငါ့အတြက္ အရက္ႏွစ္လုံးခ်ေပး”
“ ဟုတ္ ဟုတ္ကဲ့”
“ အရက္ဖိုးက အေႂကြးမွတ္ထားေပးဦး၊ ငါ အခုတစ္ေလာ အလုပ္မရွိေသးလို႔”
“ ရပါတယ္ ကိုဖိုးေဒါင္းရယ္… အဆင္ေျပမွေပး”
“ ေဟ့ စိုးႏိုင္… မင္းတို႔ ဘာအျမည္းေတြမွာထားလဲ ငါ့လဲမွ်ေပးဦး”
ဖိုးေဒါင္းစကားေၾကာင့္ စိုးႏိုင္ဆိုတဲ့သူက သူတို႔ဝိုင္းမွာရွိတဲ့ အျမည္းအခ်ိဳ႕ကိုပန္းကန္တစ္ခုထဲထည့္ကာ လာခ်ေပးခဲ့တယ္။
“ ဒီလူက လူတိုင္းကို မိုက္ေၾကးခြဲေနတာပဲ”
“ အင္း… အျဖစ္အပ်က္ေတြက တိုက္ဆိုင္တာမဟုတ္လို႔ ျပႆနာမျဖစ္ခ်င္တာလဲျဖစ္မယ္”
ေမာင္ေကာင္းတို႔စကားေျပာေနတဲ့အခ်ိန္ ဖိုးေဒါင္းက ထိုင္ရာကေန ထလာတာကိုျမင္လိုက္ရတယ္။
“ ခြန္းလွ ဟိုေကာင္ ငါတို႔ဘက္လာေနၿပီ၊ အလိုက္သင့္ေန”
“ အဟမ္း…မင္းတို႔ကို အရင္ကဒီဆိုင္မွာ မျမင္ဖူးဘူး၊ ဧည့္သည္ေတြလား”
“ ဟုတ္ပါတယ္… ကြၽန္ေတာ္တို႔က ဧည့္သည္ေတြပါ”
“ ဒါဆို မင္းတို႔ငါ့ကိုမသိဘူးေပါ့”
“ ကိုဖိုးေဒါင္းအေၾကာင္း သိသင့္သေလာက္သိထားပါတယ္… အခုမွသိတာဆိုေတာ့ ႏႈတ္မဆက္ရဲလို႔ပါ”
“ ဟက္ဟက္…ေနာက္ဆို ငါ့ကိုႏႈတ္ဆက္ဖို႔မေမ့နဲ႔”
ဖိုးေဒါင္းက စားပြဲေပၚတင္ထားတဲ့အရက္ပုလင္းကို ေမာ့ခ်လိုက္ၿပီး သူထိုင္တဲ့စားပြဲဘက္ကို ျပန္ထြက္သြားခဲ့တယ္။
“ ခြန္းလွ … မင္း ဖိုးေဒါင္းကို ျပႆနာသြားရွာလိုက္”
“ ဗ်ာ…”
“ ၿမိဳ႕ခံလူေတြ ေျပာတဲ့အတိုင္း တကယ္ဟုတ္မဟုတ္ သိရေအာင္လို႔”
“ ျပႆနာကဘယ္လိုရွာရမလဲ… ကြၽန္ေတာ္ မရွာတတ္ဘူးဗ်”
“ သူေသာက္ေနတဲ့အရက္ခြက္ကို ပစ္ထုတ္တာတို႔၊ အျမည္းပန္းကန္ကိုလုစားတာတို႔လုပ္ေလကြ”
“ အဲလိုလုပ္လို႔ ဟိုက တကယ္ထထိုးရင္ေကာ”
“ မင္း ကိုယ္ခံပညာနည္းနည္းပါးပါး မတတ္ဘူးလား”
“ ဘုန္းႀကီးေက်ာင္းမွာေနတုန္းက ကပၸိယႀကီးဆီက နည္းနည္းပါးပါးသင္ထားတာေတာ့ရွိတယ္၊ ဒါေပမယ့္ အဆင္မေျပေလာက္ဘူးထင္တယ္ေနာ္”
“ ေျပပါတယ္ကြ… မင္းကို ငါယုံတယ္”
ေမာင္ေကာင္းက ခြန္းလွပခုံးကို ပုတ္ကာ အားေပးလိုက္ၿပီး ဖိုးေဒါင္းထိုင္ေနတဲ့ဘက္ကို အရက္နဲ႔လွမ္းပက္လိုက္တယ္။
လွ်ပ္တျပက္ျဖစ္သြားတာမို႔ ဖိုးေဒါင္းက သူ႔ကိုအရက္နဲ႔ပက္တဲ့သူကို လွည့္ၾကည့္လိုက္ရာ အရက္ခြက္ကိုင္ၿပီးရပ္ေနတဲ့ ခြန္းလွကိုျမင္လိုက္ရတယ္။
“ ကြၽန္ေတာ္ … ကြၽန္ေတာ္ ပက္တာမဟုတ္..”
ခြန္းလွက အထစ္ထစ္အေငါ့ေငါ့နဲ႔ ေျပာၿပီး လွည့္ၾကည့္လိုက္ရာ ေမာင္ေကာင္းကို မေတြ႕ရေတာ့တာေၾကာင့္
“ ဒီလူကေတာ့ ငါ့ကို ေမႊျပန္ၿပီ”လို႔ေရ႐ြတ္ကာ အရက္ခြက္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားလိုက္တယ္။
ဖိုးေဒါင္းလဲ လူၾကားထဲ သူ႔ကိုအရွက္ခြဲသလိုျဖစ္သြားတာေၾကာင့္ ခြန္းလွရွိတဲ့ဘက္ကို ေဒါသတစ္ႀကီးနဲ႔ ေလ်ာက္လာတဲ့အခ်ိန္ မထင္မွတ္ထားတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္သြားခဲ့တယ္။
အဲဒါကေတာ့ ဖိုးေဒါင္းအနားမေရာက္ခင္မွာပဲ ခြန္းလွက အရက္ခြက္နဲ႔ မ်က္ႏွာကိုေကာက္ေပါက္ကာ ဆိုင္အျပင္ကိုေျပးထြက္သြားခဲ့တယ္။
အျပင္ေရာက္ေတာ့ ပုဆိုးတိုတိုဝတ္ၿပီး ရပ္ေစာင့္ေနတဲ့ေမာင္ေကာင္းကိုျမင္လိုက္ရတာ ေၾကာင့္
“ အစ္ကိုေရ… ေျပးေတာ့ဗ်၊ ဟိုလူႀကီးကို ရန္စခဲ့ၿပီးၿပီ” လို႔ေအာ္ကာ ႏွစ္ေယာက္သား ေျပးၾကပါေလေရာ။
ဖိုးေဒါင္းလဲ သူ႔ကို တမင္တကာ ခြက္နဲ႔ေပါက္သြားတဲ့ ခြန္းလွတို႔ေနာက္ကိုေျပးလိုက္လာရာ ေဇာတိကာရာမဘုန္းႀကီးေက်ာင္းအေနာက္ဘက္အေရာက္မွာေတာ့ ႏွစ္ေယာက္သား ပိတ္မိသြားခဲ့တယ္။
“ အစ္ကို ေျပးဖို႔ေနရာမရွိေတာ့ဘူး၊ ဘယ္လိုလုပ္ၾကမလဲ”
“ ေျပးဖို႔ေနရာမရွိရင္ေတာ့ ထိပ္တိုက္ရင္ဆိုင္ရေတာ့မွာေပါ့”
“ ဗ်ာ…”
ခြန္းလွက တအံ့တဩနဲ႔ ေရ႐ြတ္လိုက္တဲ့အခ်ိန္ ေမာင္ေကာင္းက လြယ္အိတ္ကိုခြၽတ္ကာ ေရွ႕ကိုတက္သြားခဲ့တယ္။
“ အစ္ကို ျဖစ္ပါ့မလား”
“ မီးစင္ၾကည့္ကရေတာ့မွာေပါ့”
ဖိုးေဒါင္းက ဖားဖိုဆြဲေနတဲ့ ရင္ဘတ္ကို လက္နဲ႔ဖိကာ အေမာေျဖရင္း ေမာင္ေကာင္းနဲ႔ ခြန္းလွကိုလက္ညိဳးထိုးၿပီး
“ မင္းတို႔ေကာင္ေတြ ဖိုးေဒါင္းအေၾကာင္း မသိေသးဘူးနဲ႔တူတယ္”
“ လူတကာကို မိုက္ေၾကးခြဲၿပီး အႏိုင္က်င့္တဲ့သူဆိုတာ သိတယ္ေလ”
“ ဘာကြ”
ေမာင္ေကာင္း စကားေၾကာင့္ ဖိုးေဒါင္း ေဒါသူပုန္ထသြားၿပီး ထိုးႀကိတ္ရန္အနားကို ကပ္လာခဲ့တယ္။
“ မင္းတို႔ေသဖို႔သာျပင္ထား”
ဖိုးေဒါင္းက သူ႔ရဲ႕ ႀကီးမားတုတ္ခိုင္တဲ့ လက္သီးနဲ႔ ေမာင္ေကာင္းကို လိုက္ထိုးရာ ပထမႏွစ္ခ်က္ေလာက္အထိ ေရွာင္ႏိုင္ေပမယ့္ တတိယအႀကိမ္မွာေတာ့ ဖိုးေဒါင္းရဲ႕ လက္သီးခ်က္က ပါးေစာင္႐ိုးေပၚကို ခြပ္ခနဲက်သြားခဲ့တယ္။
“ အစ္ကို… အဆင္ေျပလား”
ခြန္းလွရဲ႕အသံက ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ျဖစ္ေနၿပီး အနားမွာရွိတဲ့ သစ္ပင္ေတြ ခ်ားရဟတ္လိုလည္ေနခဲ့တယ္။
ခြန္းလွလဲ ေမာင္ေကာင္း အေျခအေန မေကာင္းတာေၾကာင့္ ေရွ႕တက္ၿပီး ဖိုးေဒါင္းနဲ႔ ရင္ဆိုင္ဖို႔ဆုံးျဖတ္လိုက္တဲ့အခ်ိန္
“ ခြန္းလွ ေနာက္ဆုတ္စမ္း… ဆရာက မင္းကိုေစာင့္ေရွာက္ဖို႔ ငါ့ကိုမွာထားတယ္”
“ အစ္ကို … မျဖစ္ႏိုင္ဘူးထင္တယ္ေနာ္”
“ ေမာင္ေကာင္းပါကြ… ခုနက ငါသတိလြတ္သြားလို႔ ခံလိုက္ရတာ”
ေမာင္ေကာင္းက လဲက်ေနတာကေန မတ္တပ္ထရပ္လိုက္တဲ့အခ်ိန္ ဖိုးေဒါင္းရဲ႕ ႀကီးမားတဲ့လက္ဝါးက မ်က္ႏွာေပၚကို က်လာကို သတိထားမိလိုက္တယ္။
ထူခနဲ ပူခနဲျဖစ္သြားတဲ့ အထိအေတြ႕နဲ႔အတူ ေမာင္ေကာင္း လည္က်သြားတဲ့အခ်ိန္ မလွမ္းမကမ္းက သစ္ပင္ေအာက္မွာ မွီၿပီးရပ္ေနတဲ့ လူတစ္ေယာက္ကို ဝိုးတဝါးလွမ္းျမင္လိုက္ရတယ္။
“ ဆရာ… ဆရာ”
အသံက လည္ေခ်ာင္းတစ္ဝက္ေလာက္မွာတင္ ေပ်ာက္သြားၿပီး အရာအားလုံးမဲေမွာင္သြားခဲ့တယ္။
++++++++
ပုဇင္းရင္ကြဲေတြရဲ႕ စူးရွရွေအာ္ျမည္သံနဲ႔အတူ ေအးစက္တဲ့ေလရဲ႕အထိအေတြ႕ကို ခံစားလိုက္ရတယ္။
“ ခြန္းလွ… ငါ ငါဘယ္ေရာက္ေနတာလဲ”
စကားေျပာလိုက္တိုင္း တစ္ဆစ္ဆစ္ကိုက္ခဲေနတဲ့ ပါးေစာင္ႏွစ္ဘက္ကို လက္နဲ႔အုပ္ရင္း မ်က္လုံး ဖြင့္ၾကည့္လိုက္ရာ အညိဳေရာင္ဖ်င္ၾကမ္းအက်ႌကို ဝတ္ကာထိုင္ေနတဲ့ လူတစ္ေယာက္။
“ ဆရာ… ဆရာပါလား၊ ငါ့မ်က္လုံးေတြ မေကာင္းေတာ့ဘူးထင္တယ္၊ ခြန္းလွကို ဘာလို႔ဆရာလို႔ျမင္ေနရတာလဲ”
“ အဟစ္ အဟစ္”
ေဘးကေန ရီေနတဲ့အသံေၾကာင့္ မ်က္လုံးကိုလွန္ၿပီးၾကည့္လိုက္ရာ အသံထြက္တဲ့ထိရီေနတဲ့ ခြန္းလွကိုျမင္လိုက္ရတယ္။
“ ဆရာသာမကယ္ရင္ အစ္ကိုနဲ႔ ကြၽန္ေတာ္
အဲဒီေနရာမွာတင္ သတိေမ့ေနၿပီ”
“ ဟင္… ဆရာ ျပန္ေရာက္လာတာလား၊ ဒါဆို ကြၽန္ေတာ္ေနာက္ဆုံးျမင္ခဲ့တာ တကယ္ေပါ့”
“ မင္းတို႔က သာမန္လူရမ္းကားအဆင့္ေတြနဲ႔ဆိုရင္ အဆင္ေျပႏိုင္ေပမယ့္ ဒီလို ကိုယ္ခံပညာတတ္တဲ့ သူနဲ႔က်ေတာ့ အလူးအလဲကိုခံရတာပါလား”
“ ဟုတ္တယ္ဆရာ… သူတိုက္ခိုက္တဲ့ပုံက ကိုယ္ခံပညာကို ကြၽမ္းကြၽမ္းက်င္က်င္တတ္ေျမာက္ထားသလိုပဲ၊ ဒါေပမယ့္ ဆရာက သူ႔ထက္ပိုေတာ္တယ္”
ခြန္းလွက မ်က္လုံးတစ္ဖက္ပိတ္ေနတဲ့ ေမာင္ေကာင္းကို ၾကပ္ထုပ္ထိုးေပးရင္း လွမ္းေျပာလိုက္တယ္။
“ ဖိုးေဒါင္းေရာ ဘယ္လိုျဖစ္သြားလဲ”
“ ဒီေကာင္ ဆရာကိုမယွဥ္ႏိုင္ပဲ ထြက္ေျပးသြားတာဗ်၊ ေနာက္ေတာ့ သူေျပာသြားတာက ဒီညမင္းတို႔ေသေစရမယ္ဆိုပဲ”
“ ဆရာ… ဒီေကာင္က သူမႏိုင္ဘူးဆိုရင္ အခုလို ေျပာေတာ့တာပဲ၊ အဲဒီလူေတြက ေနာက္ေန႔ဆို တကယ္ေသေရာ”
“ ဒါဆို ဒီညေတာ့ တစ္ခုခုထူးျခားမယ္လို႔ထင္တယ္”
“ ဟိုေလ … ဆရာက ဘယ္လိုျဖစ္ၿပီး ႐ုတ္တရက္ေပၚလာခဲ့တာလဲ”
ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာက သေဘာက်စြာရယ္လိုက္ၿပီး
“ မင္းတို႔ အႏၲရာယ္ႀကဳံေနတာေၾကာင့္ ျပန္လာခဲ့ရတာပဲ၊ ေလာကီပညာရပ္ပိုင္းမွာ မင္းတို႔ကို မ်က္ႏွာလႊဲလို႔ရေပမယ့္ အခုလို အေျခအေနမ်ိဳးမွာေတာ့ မင္းတို႔ရင္ဆိုင္ႏိုင္စြမ္းနည္းေသးတယ္”
“ ကြၽန္ေတာ္လဲ ငယ္ငယ္က ရန္ပြဲေတြျဖစ္ခဲ့ဖူးပါတယ္၊ ဒါေပမယ့္ ဖိုးေဒါင္းကိုေတာ့ မယွဥ္ႏိုင္ခဲ့ဘူး”
“ သူက အေျခခံသိုင္းပညာအျပင္ ဗန္တိုဗန္ရွည္ပညာကိုပါ တတ္ေျမာက္ထားတာေတြ႕ရတယ္၊ ပညာရွင္အဆင့္မဟုတ္ေပမယ့္ သာမန္ထက္ေတာ့ ထူးခြၽန္တဲ့သူတစ္ေယာက္ပဲ”
ေအာင္ျမတ္သာစကားေျပာေနတဲ့အခ်ိန္ ကင္းတဲေပၚမွာ ထြန္းထားတဲ့ ဖေယာင္းတိုင္မီးက ေလမတိုက္ပဲ ယိမ္းထိုးလႈပ္ရွားလာတာကို ျမင္လိုက္ရတယ္။
“ အပုတ္နံ႔ရတယ္ဗ်…”
“ ဟုတ္တယ္… ခြန္းလွ၊ ဖေယာင္းတိုင္မီးကလဲ ေလမတိုက္ပဲယိမ္းထိုးေနတယ္ဆိုေတာ့ မေကာင္းဆိုးဝါးတစ္ေကာင္ေကာင္ အနားကိုေရာက္ေနတယ္ဆိုတဲ့သေဘာပဲ”
ေအာင္ျမတ္သာက စကားဆုံးတာနဲ႔ ကင္းတဲအျပင္ဘက္ကို ၾကည့္လိုက္ရာ ဝါးတစ္ျပန္စာအကြာေလာက္မွာ ငုတ္တုတ္ထိုင္ေနတဲ့ အရိပ္မဲတစ္ခုကိုျမင္လိုက္ရတယ္။
“ ဆရာ… ဆရာ… ဟိုမွာ ထိုင္ေနတာ ျမင္ေနရတယ္”
“ ဒီေကာင္ အနားကိုမလာရဲဘူး၊ ဒါေၾကာင့္ ခပ္လွမ္းလွမ္းမွာ ထိုင္ေနတာ”
“ ဒီအေကာင္နဲ႔ ဖိုးေဒါင္းက ပတ္သတ္မႈရွိေနမလား”
“ အခုခ်ိန္အေျဖေပးဖို႔က ခက္လိမ့္မယ္၊ ငါတို႔ကိုယ္မွာရွိတဲ့ ေဆးေစာင့္၊အင္းေစာင့္ေတြကို ဖယ္ၿပီး စမ္းၾကည့္ရမွာပဲ၊ မင္းတို႔လဲ ကိုယ္မွာရွိတဲ့ အေစာင့္ေတြကို ဖယ္ထုတ္လိုက္ၾက”
ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ မိမိတို႔ရဲ႕အေစာင့္ေတြကို ေခတၱဖယ္ထုတ္လိုက္ရာ ငုတ္တုတ္ထိုင္ေနတဲ့ မဲမဲေကာင္ႀကီးက ခ်က္ခ်င္းဆိုသလို ကင္းတဲေရွ႕ကိုေရာက္ခ်လာခဲ့တယ္။
တစ္ကိုယ္လုံး မီးေလာင္ထားသလို မဲနက္ေနတဲ့အသားအရည္၊ ျပဴးက်ယ္ေနတဲ့မ်က္လုံး၊ ေငါထြက္ေနတဲ့အစြယ္ကားကားနဲ႔ေကာင္က ကင္းတဲေပၚမွာရွိေနတဲ့ ေအာင္ျမတ္သာတို႔ကို လွည့္ပတ္ၾကည့္ၿပီး ေလွကားေပၚကို တစ္ထစ္ျခင္းတက္လာတာကိုျမင္လိုက္ရတယ္။
ေလွကားအေပၚဆင့္လဲေရာက္ေကာ မသိခ်င္ေယာင္ ေဆာင္ေနတဲ့ခြန္းလွက ညာဘက္လက္ဝါးနဲ႔ ပိတ္႐ိုက္လိုက္ရာ မဲက်ဳတ္က်ဳတ္ေကာင္က ေလွကားေပၚကေန ေအာက္ကို ေဇာက္ထိုးဆင္းသြားခဲ့တယ္။
႐ုတ္တရက္ခံလိုက္ရတာမို႔ နာနာဘာဝေကာင္လဲ ကုန္းထၿပီးထြက္ေျပးဖို႔အလုပ္ ခြန္းလွက ကင္းတဲအေပၚကေန ခုန္ဆင္းၿပီး သြားမယ့္လမ္းကို စည္းတားကာ ပိတ္ထားခဲ့လိုက္တယ္။
နာနာဘာဝေကာင္လဲ ထြက္ေျပးေနရင္း ေျမႀကီးထဲကေန အျပာေရာင္မီးေတာက္ေတြ ဟုန္းခနဲထြက္ေပၚလာတာေၾကာင့္ အေနာက္ကိုဆုတ္လိုက္တဲ့အခ်ိန္ ခြန္းလွက ထြက္မရေအာင္စည္းဝိုင္းတစ္ခုတားၿပီး ပိတ္ေလွာင္ထားလိုက္တယ္။
“ ဟိုေကာင္… နင့္ကိုဘယ္သူလႊတ္လိုက္တာလဲ”
“ ဟင္း ဟင္း ဟင္း ဟင္း…”
ေၾကာက္မက္ဖြယ္ ညဥ္းညဴသံကလြဲၿပီး ဘာသံမွမထြက္လာတာေၾကာင့္ ခြန္းလွက ေလးကြင္အင္းတစ္ခ်ပ္ကို ထုတ္ယူၿပီး ပစ္ထည့္ဖို႔အလုပ္
“ ဘိုးနက္ ဘိုးနက္ႀကီး လႊတ္လိုက္တာ” ဆိုတဲ့အသံနက္ႀကီးထြက္လာခဲ့တယ္။
“ ဘိုးနက္ဆိုတာ ဘယ္သူတုန္း”
“ နယ္ေလးနယ္ကို အပိုင္စားရထားတဲ့သူပါ”
“ သူနဲ႔ငါတို႔က ဘာမွပတ္သတ္မႈမရွိဘူးေလ၊ ဘာေၾကာင့္ နင့္ကိုလႊတ္တာလဲ”
“ နင္တို႔က သူ႔ေျမးကို နာက်င္ေအာင္လုပ္လို႔ ေျခာက္လွန႔္ခိုင္းတာ”
“ သူ႔ေျမး ဟုတ္လား… ဆရာ ဒီေကာင္ေျပာတာ ဖိုးေဒါင္းပဲျဖစ္ရမယ္”
“ လက္စသတ္ေတာ့ ဒင္းလက္ခ်က္ကိုး”
ေမာင္ေကာင္းက ကင္းတဲေပၚကေန ဆင္းလာၿပီး
“ ဖိုးေဒါင္းကို နာက်င္ေအာင္လုပ္တဲ့သူတိုင္း နင္ပဲေျခာက္လွန႔္ခဲ့တာလား၊ ေဟ့ေကာင္ ငါေမးေနတယ္ေလ”
ေမာင္ေကာင္းအသံက မာထန္ေနတာေၾကာင့္ မီးေတာက္ေတြထဲပိတ္မိေနတဲ့ေကာင္က ေျမႀကီးကိုလက္နဲ႔ကုတ္ျခစ္ရင္း
“ ဟုတ္ပါတယ္… ငါကိုယ္တိုင္ ေျခာက္လွန႔္ၿပီး ေသြးပ်က္ေအာင္လုပ္ခဲ့တာ”
“ ေခြးသူေတာင္းစား ဖိုးေဒါင္း… ဒင္းက ဒါေၾကာင့္ လူပါးဝေနတာကိုး၊ ဆရာ ဒီေကာင္ကို မွတ္ေလာက္သားေလာက္ေအာင္ဆုံးမမွရေတာ့မယ္”
“ မေလာနဲ႔ဦး ေမာင္ေကာင္း၊ အခုငါတို႔ ဆုံးမရမွာက ဖိုးေဒါင္းမဟုတ္ဘူး”
“ ဆရာေျပာတာမွန္တယ္အစ္ကို၊ အခုလက္ရွိ ဘိုးနက္ဆိုတဲ့ နယ္ပိုင္ကို ဆုံးမရမွာ၊ ေဟ့ ငမဲေကာင္ နင္ေျပာတဲ့ ဘိုးနက္ဆိုတဲ့တေစၦဘယ္မွာေနလဲ”
“ သူ သူက နယ္ေလးနယ္အစပ္က ေညာင္ပင္မွာေနပါတယ္”
“ နယ္ေလးနယ္အစပ္ဆိုတာ မင္းတို႔ ေလာကသားေတြပဲသိတာေလ၊ ငါတို႔သိေအာင္ ေသခ်ာေျပာစမ္း”
“ ၿမိဳ႕အဝင္လမ္းေလးခြဆုံတဲ့ေနရာမွာ ေညာင္ပင္ႀကီး တစ္ပင္ရွိတယ္၊ အဲဒီေညာင္ပင္ရဲ႕ ထိပ္ဆုံးအကိုင္းမွာ သူ႔ဗိမၼာန္ရွိပါတယ္”
“ သူကဒီနယ္မွာေနတာ သက္တမ္းဘယ္ေလာက္ရွိၿပီလဲ”
“ ႏွစ္အတိအက်ေတာ့မသိဘူး၊ ၾကာတာေတာ့အေတာ္ၾကာၿပီ”
“ ဆရာ ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကမလဲ”
“ မင္းတို႔စခဲ့တဲ့ဇာတ္လမ္းဆိုေတာ့ မင္းတို႔ သေဘာအတိုင္းလုပ္ၾကပါ”
ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းက ဝမ္းသာအားရနဲ႔ေရွ႕ကိုတက္လာၿပီး
“ ဒီေကာင္လူသတ္ခဲ့တာ ငါးေယာက္ရွိၿပီဆိုေတာ့ ေ႐ႊျပည္ေအးတရားေတာ့မေဟာႏိုင္ဘူးဆရာ၊ မွတ္သားေလာက္ေအာင္ ဆုံးမမယ္”
“ ဟုတ္တယ္ အစ္ကိုေျပာတာ လက္ခံတယ္”
“ ဒါျဖင့္လဲ မင္းတို႔ႏွစ္ေယာက္ကို လႊဲလိုက္ၿပီ၊ သင့္ေတာ္သလို စီရင္ၾက”
ေမာင္ေကာင္းနဲ႔ ခြန္းလွလဲ ခြင့္ျပဳခ်က္ရၿပီမို႔ ေျမႀကီးေပၚမွာ ဖေယာင္းတိုင္ထြန္းၿပီး အထက္ဆရာႀကီးမ်ားနဲ႔တကြ နတ္မင္းႀကီးေလးပါးကိုတိုင္တည္ကာ နယ္ေလးနယ္ကိုအပိုင္စားရထားတဲ့ ဘိုးနက္ဆိုတဲ့ပုဂၢိဳလ္ကိုဆင့္ေခၚပါေလေရာ။
ဆင့္ေခၚၿပီးမၾကာမီအခ်ိန္အတြင္း ၿငိမ္သက္ေနတဲ့ ပတ္ဝန္းက်င္က ေလျပင္းေတြတိုက္ခတ္လာၿပီး ႀကိမ္းဝါးေတာက္ခတ္သံေတြအရပ္ေလးမ်က္ႏွာကေနထြက္ေပၚလာခဲ့တယ္။ ထူးဆန္းတာက ေလျပင္းေတြတိုက္ခတ္ေနေပမယ့္ ထြန္းထားတဲ့ ဖေယာင္းတိုင္မီးက အနည္းငယ္မွ်ေတာင္ လႈပ္ရွားျခင္းမရွိခဲ့တာပဲ။
“ သင္ေရာက္လာၿပီဆိုတာ က်ဳပ္တို႔သိတယ္၊ ဘာေၾကာင့္ ျမင္သာေအာင္မျပတာလဲ”
ေမာင္ေကာင္းက အရပ္ေလးမ်က္ႏွာကိုၾကည့္ၿပီး ေျပာလိုက္တဲ့အခ်ိန္ ေျခာက္ကပ္ကပ္ရယ္သံတစ္ခု ဟိုတစ္စဒီတစ္စ ထြက္ေပၚလာခဲ့တယ္။
“ သင္မထြက္လာမွေတာ့ က်ဳပ္တို႔က ထြက္လာေအာင္လုပ္ရေတာ့မွာေပါ့”
ခြန္းလွက အရပ္ေလးမ်က္ႏွာမွာရွိတဲ့ စက္ေတြကို ျဖတ္ေတာက္ၿပီး ေၾကးျပားအင္းတစ္ခ်ပ္ကို ေဇာက္ထိုးလွန္ကာ အင္းဖေယာင္းတိုင္ထြန္း လိုက္တယ္ဆိုရင္ပဲ လူႏွစ္ရပ္ခန႔္ျမင့္တဲ့ သစ္ပင္ေတြၾကားထဲကေန အိမ္တစ္လုံးစာေလာက္ႀကီးမားတဲ့ ဦးေခါင္းတစ္လုံးထြက္ေပၚလာခဲ့တယ္။
“ ဟာ… နည္းတဲ့ေကာင္ႀကီးမဟုတ္ပါလား”
လွည္းဘီးတစ္လုံးစာေလာက္ႀကီးမားတဲ့ မ်က္လုံးရဲရဲေတြနဲ႔စိုက္ၾကည့္ေနတဲ့ေကာင္ကိုျမင္ေတာ့ ေမာင္ေကာင္း မ်က္လုံးျပဴးသြားခဲ့တယ္။
“ ဒီေကာင္က တေစၦမွမဟုတ္တာ ဘီလူးအဆင့္ျဖစ္ေနၿပီ”
“ ဘီလူးအဆင့္လဲ ေခၚရင္လာရတာပဲမဟုတ္လား၊ လုပ္စရာရွိတာလုပ္ရေအာင္”
ခြန္းလွစကားေၾကာင့္ ကင္းတဲေပၚမွာရွိေနတဲ့ ေအာင္ျမတ္သာ သေဘာက်စြာရယ္လိုက္ၿပီး အေျခအေနကိုဆက္ၾကည့္ေနခဲ့တယ္။
“ ေဟ့ လူသတ္ေကာင္… နင့္အျပစ္နင္သိလား”
ဘိုးနက္ဆိုတဲ့ဘီလူးက ခြန္းလွကို မ်က္လုံးျပဴးကာ စိုက္ၾကည့္ေန႐ုံကလြဲၿပီး ဘာမွျပန္မေျပာတာကိုျမင္လိုက္ရတယ္။
“ ဒီေကာင္ ငါေျပာတာ နားမလည္ဘူးထင္တယ္”
“ နားမလည္တာမဟုတ္ဘူး… ဂ႐ုမစိုက္တာ”
ေမာင္ေကာင္းက စိတ္မရွည္တဲ့ဟန္နဲ႔ ေရွ႕တက္လိုက္ၿပီး
“ ဖန္ဆင္းထားတဲ့ ႐ုပ္သြင္ေပ်ာက္ၿပီး မူလျပန္ေစ” လို႔အမိန႔္ေပးလိုက္ေပမယ့္ အတၱေဘာ႐ုပ္သြင္က ေျပာင္းလဲမသြားပဲ နဂိုအတိုင္းရွိေနတာျမင္လိုက္ရတယ္။
“ ဒီေကာင္ ႐ုပ္သြင္က ဖန္ဆင္းထားတာမဟုတ္ဘူးထင္တယ္ေနာ္ အစ္ကို”
“ ဘယ္လိုျဖစ္ျဖစ္ကြာ… ဆုံးမစရာရွိဆုံးမရမွာပဲ”
ေမာင္ေကာင္းက အင္းတစ္ခ်ပ္ကိုအသက္သြင္းၿပီး ေျမမွာထိုးစိုက္လိုက္ရာ အင္းကြက္ထဲပါတဲ့ အင္းဆံေတြက အသက္ရွိတဲ့အလား လႈပ္ရွားလာကာဘိုးနက္ဆိုတဲ့ဘီလူးႀကီးရဲ႕ ခႏၶာကိုယ္ပတ္လည္မွာ ေ႐ြ႕လ်ားေနခဲ့တယ္။
အစပိုင္းမွာေတာ့ အင္းဆံေတြရဲ႕အေရာင္က အဝါေဖ်ာ့ေဖ်ာ့ေလးျဖစ္ေနေပမယ့္ ေနာက္ပိုင္းမွာေတာ့ မီးက်ီခဲလို နီရဲလာၿပီး ဘီလူးႀကီးရဲ႕ ခႏၶာကိုယ္ကို မီးနဲ႔ၿမိဳက္သလိုျဖစ္လာခဲ့တယ္။
ဒီတစ္ခါမွာေတာ့ ဘိုးနက္ဆိုတဲ့ေကာင္ မေနႏိုင္ေတာ့ပဲ အင္းဆံေတြကို သူ႔ရဲ႕ႀကီးမားတဲ့ လက္ေတြနဲ႔ ဆြဲဖယ္ၿပီး အေဝးကိုလႊင့္ပစ္ဖို႔ႀကိဳးစားပါေလေရာ။
သို႔ေပမယ့္ ရဲရဲနီေနတဲ့ အင္းဆံေတြကို ထိကိုင္လိုက္တာနဲ႔ ထိတဲ့ေနရာကေန အခိုးေငြ႕ေတြ ထြက္ေပၚလာၿပီး တီေကာင္ကိုဆားနဲ႔တို႔သလို လူးလြန႔္လာခဲ့တယ္။
“ ခြန္းလွ … မင္းက ဘီလူးေလးေကာင္စမနဲ႔႐ိုက္”
ခြန္းလွလဲ ဘီလူးေလးေကာင္ပုံစံေရးဆြဲထားတဲ့ စမကိုထုတ္ယူၿပီး လက္ေပၚ႐ိုက္ခ်လိုက္ရာ အရပ္ေလးမ်က္ႏွာကေန အသားနီနီ၊ မ်က္လုံးျပဴးျပဴးနဲ႔ ဘီလူးေလးေကာင္ ေပၚလာၿပီး နယ္ပိုင္ဘီလူးရဲ႕ ေခါင္းကို သေဘၤာ႐ြက္ပုံစံရွိတဲ့ လက္ဝါးေတြနဲ႔ အတင္းဖိႏွိပ္ထားခဲ့တယ္။
နယ္ပိုင္ဘီလူးကလဲ ဘာမွျပန္မလုပ္ႏိုင္ေပမယ့္ လုံးဝကိုဒူးမေထာက္ပဲ တင္းခံေနတဲ့အခ်ိန္ ေကာင္းကင္ထက္ကေန မိုးၿခိမ္းသံေတြနဲ႔အတူ လွ်ပ္စီးေတြတလက္လက္ထေနတဲ့ တင္းပုတ္ကိုင္ ဘီလူးတစ္ေကာင္ ခုန္ထြက္လာခဲ့တယ္။
ၿပိဳးၿပိဳးပ်က္ပ်က္အေရာင္ဆင္းရွိတဲ့ ဘီလူးက လက္ထဲကိုင္ထားတဲ့ တင္းပုတ္နဲ႔ နယ္ပိုင္ဘီလူးေခါင္းကို ထုဟန္ျပင္ၿပီး
“ ဟဲ့ ငမိုက္သား… ဒီနယ္က သင့္ကိုအပိုင္စားေပးထားတဲ့ နယ္ေျမဆိုေပမယ့္ အခုလိုမ်ိဳး တရားမဲ့လူသတ္တာကိုေတာ့ ခြင့္မလႊတ္ဘူး၊ ခ်က္ခ်င္း ေတာင္းပန္စမ္း” လို႔ အမိန႔္ေပးလိုက္ေတာ့မွ နယ္ပိုင္ဘီလူးက ျပာသလဲလဲ ဒူးေထာက္ခဲ့တယ္။
“ ငမိုက္သား… နင့္အျပစ္ကိုနင္သိလား”
“ သိပါတယ္”
“ အျပစ္ကိုသိရင္ အမွားကိုဝန္ခံစမ္း၊ နင္ဘာေၾကာင့္ လူေတြကိုသတ္ခဲ့တာလဲ”
“ အတိတ္ဘဝက ေတာ္စပ္ခဲ့တဲ့ ေျမးျဖစ္သူေၾကာင့္ သတ္ခဲ့ရပါတယ္”
“ တယ္… ငါလုပ္လိုက္ရ ေခါင္းရွစ္စိပ္ကြဲေတာ့မယ္၊ အခုခ်ိန္ကစၿပီး ကုေဝရနတ္မင္းႀကီးရဲ႕အမိန႔္အရ သင့္ကို နယ္ပိုင္ရာထူးကေန အနားေပးလိုက္ၿပီ၊ သင့္မိုက္ျပစ္ေတြကို ေဆးေၾကာဖို႔အတြက္ ငါနဲ႔လိုက္ခဲ့ေပေတာ့”
တင္းပုတ္ကိုင္ နတ္ဘီလူးက နယ္ပိုင္ဘီလူးရဲ႕ ဂုတ္ကိုေပါ့ပါးစြာဆြဲယူကာ မိုးတိမ္ေတြၾကားထဲကို ပ်ံတက္သြားခဲ့တယ္။
အလားတူ ေမာင္ေကာင္းတို႔ပင့္ဖိတ္ထားတဲ့ အင္းေစာင့္ပုဂၢိဳလ္၊ စမေစာင့္ပုဂၢိဳလ္ေတြလဲ မ်က္စိေရွ႕မွာတင္ ေပ်ာက္ကြယ္သြားကာ ေနာက္ဆုံးမွာေတာ့စည္းဝိုင္းထဲမွာခ်ဳပ္ေႏွာင္ထားတဲ့ နာနာဘာဝေကာင္သာ တုန္ရီစြာက်န္ရစ္ခဲ့တယ္။
“ ဆရာ… ဒီေကာင္ကို ဘယ္လိုလုပ္ရမလဲ”
“ သူက နယ္ပိုင္ဘီလူးခိုင္းေစလို႔ လုပ္ခဲ့တာဆိုေပမယ့္ သူ႔မွာလဲအျပစ္ရွိတယ္၊ ဒါေၾကာင့္ အျပစ္ေပးတဲ့အေနနဲ႔ တာဝန္တစ္ခုေပးမယ္၊ လိုက္နာႏိုင္မလား”
“ လိုက္နာပါ့မယ္… ႀကိဳက္တဲ့အျပစ္ေပးပါ”
“ မင္းက ဒီေန႔ကစၿပီး ေသ႐ြာျပန္ဖိုးေဒါင္းကို စိတ္႐ူးသြပ္တဲ့ထိ ေျခာက္လွန႔္ရမယ္”
ေအာင္ျမတ္သာစကားကိုၾကားေတာ့ ေမာင္ေကာင္းနဲ႔ ခြန္းလွက လက္ေဖ်ာက္တီးၿပီး
“ ဆရာေပးတဲ့အျပစ္ကိုသေဘာက်တယ္၊ ဒါေပမယ့္ ဖိုးေဒါင္းက နယ္ပိုင္နဲ႔ဘယ္လို သိကြၽမ္းခဲ့တာလဲဆိုတာ ေမးခ်င္ေသးတယ္” လို႔ေျပာေတာ့ ခ်ဳပ္ေႏွာင္ခံထားရတဲ့ေကာင္က
“ ဖိုးေဒါင္း ဓါးထိုးခံရၿပီး ေမ်ာေနတဲ့အခ်ိန္ လမ္းေလးခြက ေညာင္ပင္ကိုေရာက္လာတယ္၊ ဒါေပမယ့္ သူ႔မွာေသကံမပါေသးတာေၾကာင့္ လူ႔ဘဝကိုျပန္သြားခြင့္ရခဲ့တယ္။အတိတ္ဘဝကလဲ ဖိုးေဒါင္းနဲ႔ နယ္ပိုင္က ေျမးအဖိုးေတာ္စပ္ခဲ့ဖူးတယ္၊ ဒါေၾကာင့္ သူ႔နယ္ထဲမွာ ဖိုးေဒါင္းကို ေသြးထြက္သံယိုျဖစ္ေအာင္ လုပ္တဲ့သူတိုင္းကို ေျခာက္လွန႔္သတ္ျဖတ္ဖို႔ငါ့ကိုခိုင္းေစခဲ့တာပဲ”
“ ဒါကို ဖိုးေဒါင္းက သိေနတာေပါ့”
“ သူ႔ကိုထိခိုက္ေအာင္လုပ္တဲ့သူေတြ အခုလိုျဖစ္တာကို သူကေက်နပ္ေနခဲ့တာ”
“ ထိခိုက္ေအာင္လုပ္တယ္ဆိုတာက သူအေနနဲ႔ လူပါးဝတာကိုး၊ ဒီလို ေကာင္မ်ိဳးကို ဘယ္လိုမွခြင့္လႊတ္မေပးႏိုင္ဘူး”
“ ငါ့ကိုလႊတ္ေပးရင္ နင္တို႔ေျပာတဲ့အတိုင္း လုပ္ေပးမယ္”
“ ေမာင္ေကာင္း… သူ႔ကိုလႊတ္ေပးလိုက္ေတာ့”
ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းလဲ တားထားတဲ့စည္းကို ျပန္႐ုတ္သိမ္းကာ လႊတ္ေပးလိုက္တယ္။
မ်ားမၾကာမီအခ်ိန္အတြင္း ဖိုးေဒါင္းရဲ႕ ထိတ္လန႔္ဖြယ္ေအာ္ဟစ္သံက အိပ္ေမာက်ေနတဲ့ သူေတြကိုလန႔္ႏိုးေစခဲ့တယ္။
အဲဒီေန႔ကစၿပီး ေသ႐ြာျပန္ဖိုးေဒါင္းရဲ႕ မိုက္ေၾကးခြဲမႈေတြေပ်ာက္ဆုံးသြားခဲ့ၿပီး ညဘက္ေရာက္တိုင္း အ႐ူးတစ္ေယာက္လို ေအာ္ဟစ္ေျပးလႊားေနတဲ့ ဖိုးေဒါင္းသာက်န္ရစ္ခဲ့ေတာ့တယ္။
ေအာင္ျမတ္သာလဲ တပည့္ျဖစ္သူေတြဆီျပန္ေရာက္ၿပီး တစ္ပတ္ခန႔္အၾကာမွာေတာ့ အိမ္ကိုစြဲလန္းကာ ေျခာက္လွန႔္ေနတဲ့ျဖစ္စဥ္တစ္ခုကို ခရီးသြားဟန္လႊဲ ကူညီေပးခဲ့ရတယ္။
ပစၥည္းဥစၥာေတြကိုစြဲလမ္းတဲ့စိတ္ေၾကာင့္ ေသဆုံးသြားတာကိုေတာင္ သာဓုမေခၚႏိုင္ပဲ က်န္ရစ္သူေတြကိုေျခာက္လွန႔္ေနတဲ့သူ။
က်န္ရစ္သူမိသားစုကို ေန႔ေရာညပါေျခာက္လွန႔္ၿပီး သူ႔ပစၥည္းဥစၥာေတြေပ်ာက္မွာစိတ္ပူေနတဲ့သူ။
တရားလာေဟာတဲ့ သံဃာေတာ္ေတြကိုေတာင္ သူ႔အိမ္ကေနထြက္သြားဖို႔ ေမာင္းထုတ္တဲ့သူ။
ဒီျဖစ္ရပ္ကိုေတာ့ ေအာင္ျမတ္သာႏွင့္ အိမ္ေစာင့္သရဲမဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။
ေလးစားစြာျဖင့္
ေဇယန(ရာမည)