ဦးဖိုးဝေ နှင့် ကြာကန်ရွာသူ မသဲဖြူ
အခန်း-၁
ကြာကန်ရွာ၏ အိမ်လေးတလုံးပေါ်တွင် ရွာသူရွာသားများ စုရုံးရောက်ရှိနေလေ၏၊ အကြောင်းသည်က ဤအိမ်တွင်ရှိသော မသဲဖြူအား အပထုတ်မည်ဖြစ်သောကြောင်တည် ၊ အိမ်လေးပေါ်တွင် လူကြီးလူငယ် မိန်းမကြီး မိန်းကလေး စုံလှပေသည် မသဲဖြူအားအပ ထုတ်ပေးမည့် လက်လုပ်တောင်ပေါ်မှ ဆရာကြီး ဦးဖိုးဝေအား စောင့်နေကြချင်းဖြစ်သည်၊
“ပီးရော် …ကတော့ ကတော့ “
ရွာသူဖြစ်ပေမဲ့ အသားရည်အဖြူဖက်ပါသော မသဲဖြူ ယခုမူ နနွန်းများလိမ်းကြံထား၍ ဝါဝင်းနေ၏ ၊ လှပခဲ့သော မျက်နှာသည်က ယခုအချိန်တွင်တော့ ပုံစံအမျိုးမျိုးလုပ်ပြနေပေသည် ၊ မဲ့ပြလိုက် ပြုံးပြလိုက်နှင့် အံ့ကြိတ်သည့်အခါ ရှိသလို မျက်ထောင့်နီနှင့်လည်း လူအများကို ကြည့်နေတက်သေး၏ ပါးစပ်မှလည်း ကြက်အော်သံလိုလို ငှက်အော်သံလိုလို အော်နေလေ၏ သမီးဖြစ်သူ၏ အော်သံကြောင့် စိတ်မချမ်းမမြေ့ဖြစ်ကာ သမီးဖြစ်သူအား
“သမီး သဲဖြူ စိတ်ထိန်းပါဦးကွယ် “
“ငါက နင့်သမီးမဟုတ်ဘူး “
“သမီးက အမေ့သမီး မဟုတ်လို့ ဘယ်သူသမီးဖြစ်ရမှာလဲ “
“မဟုတ်ဘူး မဟုတ်ဘူး နင့်သမီး”
ထိုင်နေသော အရီးလှသည် သမီးဖြစ်သူ သဲဖြူနားတိုးပြီးကပ်သွား၏ ၊ထိုအခါ သဲဖြုသည် မိခင်အား လက်နှင့် စောင့် တွန်းလိုက်သည်၊ သဲဖြူ၏ အားနှင် တွန်းလိုက်သောကြောင့် နောက်သို့ အရီးလှလဲကျသွားလေသည် ထိုအချင်းအရာကိုမြင်သော သဲဖြူ၏ အကိုနှစ်ယောက်အနက် ကိုလင်းဆိုသူသည်
“အမေ အဲ့တာ သရဲ ဒါမှမဟုတ် စုန်းပူးနေတာ ကျုပ်တို့ ထုတ်လိုက်မယ် “
“နေစမ်း နင်တို့ ဘာတက်လို့ ထုတ်မှာ လဲ “
“ကျုပ်တို့ ဆရာကြီးစံတင် ဂိုဏ်ထဲ ဝင်ထားတယ် ဗျ ဒီလောက်ကတော့ ရတယ် “
“အိုး နင်တို့ ဘာဂိုဏ်ပဲဝင်ဝင် ငါသမီးကို မထိနဲ့ ငါဆရာကြီးကို ပင့်ထားတယ် “
အရီးလှသည် သူ၏ သားများအား ခပ်မာမာပြောလိုက်ပြီး ဦးဖိုးဝေအလာကိုသာ စောင့်နေလေ၏။ အိမ်လေးပေါ်တွင်ရှိသောသူများသည်လည်း လက်လုပ်တောင်မှ ဦးဖိုးဝေကို စောင့်နေကြ၏ ထိုအချိန် အိမ်ပေါက်ဝ မှ ကလေးတဦး ရဲ့ အော်ပြီး စကားပြောတဲ့အသံက ထွက်ပေါ်လာချေသည်
“ဆရာကြီးလာပြီဟေ့ “
ရွာသူရွာသား များ ထိုအသံကြောင့် အိမ်လေး၏ တံခါးဝဆီသို့ အကြည့်များ ရောက်ရှိသွားကြသည် ၊ အိမ်လေးပေါ်သို့ ဦးဖိုးဝေ ရှေ့မှ တက်လာပြီး သူ၏နောက်တွင် သူရိယပါ တက်လာ၏ ဦးဖိုးဝေကို မြင်သောအခါ အရီး လှသည်
“ဆရာကြီး ကြွပါ ရှင် ကြွပါ။ ကျမ သမီးလေးကို ကယ်ပါဦး”
အရီးလှက ခရီးဦးကြိုပြုရင်း သမီးဖြစ်သူကို ကယ်တင်ဖို့ တဆက်ထဲ စကားကို ဆိုလိုက်သည်
“စိတ်ချပါ အမကြီး ကျုပ် တက်စွမ်းသလောက်ကူညီပါမယ် “
“ကျေးဇူးတင်ပါတယ် ဆရာကြီးရယ် “
“ကျုပ်တို့ ကေလေးမကို အရင်ကြ ည့် ကြတာပေါ့ “
ဦးဖိုးဝေသည် ပြောပြောဆိုဆို အရီးလှနှင့် အတူ ကယောင်ကတမ်း ဖြစ်နေသော မသဲဖြူအနားသို့ သွားကြလေတော့သည်၊ သူရိယ သည်လည်း လွယ်လာသော ဦးဖိုးဝေ၏ လွယ်အိတ်ကို လက်သို့ပြောင်ကိုင်ပြီး သူတို့နောက်မှ လိုက်သွားတော့သည်။ပြီးနောက် ဦးဖိုးဝေမှ သဲဖြူအား သေချာကြည့်ကာ
“သမီး စိတ်ကိုထိန်းနော်”
“ဘာသမီးလဲ နင်က ဘယ်က အဖိုးကြီးလဲ “
သဲဖြူက မျက်နှာထားတင်းမာပြီး နီရဲနေသော မျက်လုံးဖြစ်ကြည့်၍ မာထန်သော စကားသံနှင့် ပြောနေသောလည်း ဦးဖိုးဝေသည်က စိတ်းဆိုးချင်းအမှုအယာ ဖြစ်ပေါ်ချင်းအမှု့မပြုပေ ထိုနောက် ငြိမ်းအေးသော စကားသံဖြစ်
“သမီး စိတ်ကိုထိန်းကွယ် သမီးအမေလည်း စိတ်ညစ်နေတယ် “
“အို ဘာအမေလဲ ငါ့မှာ အမေမရှိဘူး ထွက်သွားစမ်း သွားကြ အကုန်လုံး”
သဲဖြူသည် ဦးဖိုးဝေနှင့် တခြားသူများကိုပါ ထွက်သွားရန် အော်ဟစ်နေသည် ထိုအခါ ဦးဖိုးဝေက
“အမကြီး ကျုပ်တက်ထားတဲ့ ပညာတွေအရ အမကြီး သမီးမှာ အမှောင့်ပရောက မရှိပါဘူး”
“ရှင် အဲ့တာဆို ကျမ သမီးလေးက ဘာဖြစ်တာလဲ ရှင် “
“ကျုပ်အထင်တော့ အမျိုးသမီးရောဂါတခု စွဲကပ်နေတယ်ထင်တယ် အဲ့ကိစ္စတော့ ကျုပ်လည်း တက်အပ်မပြောတက်ပါဘူး”
“စိတ်ညစ်လိုက်တာ ဆရာကြီးရယ် ကျမ သမီးလေးကို ဘယ်လို လုပ်ရပ”
“ကျုပ်အကြံပေးချင်တာတော့ ဆေးရုံဆေးခန်း သွားပြသင့်တယ် “
“ကျမ တို့ရွာက တောအရမ်းကျတော့ မြို့သွားဖို့ဆိုတာ မလွယ်ပါဘူး ရှင် “
“ဒါနဲ့ အမကြီးသမီးရဲ့ ကလေးကိုလည်း မတွေ့ပါလည်း “
“ဘေးအိမ်က တူမတယောက် ခေါ်သွားတယ် သမီးက ဒီလိုဖြစ်နေတော့ ကလေးအတွက် စိုးရိမ်လို့ပါ တဲ့ သူကလည်း နှစ်လသား ကလေးရှိတယ်လေ “
“အင်း အချိန်စွဲလို့တော့မရဘူး အမကြီး ကျုပ်အထင် မီးဖွားပြီးက စ သွေးနုသားနုမှာ လန့်စရာတွေဘာတွေများ မြင်တွေ့ခဲ့ရလို့လား “
ဦးဖိုးဝေ၏ အမေးကို အရီးလှ ချက်ချင်းမဖြေပဲ ခေတ္တငြိမ်နေပြီး နောက်
“ကျမ လည်း ဂရုစိုက်ပါတယ် ဒါပေမဲ့ “
အရီးလှ ထိုသို့ပြောဆိုနေစဉ် သူမ၏ သားများ ဖြစ်သော ကိုလင်း နှင့် ကိုဇော်သည် အရီးလှအား
“အမေကို မဟုတ်ေတွမေးနေတာကို စဉ်းစားမနေနဲ့ ဒီလူကြီး မနိုင်လို့ လျှောက်ပြောနေတာ ဖြစ်မယ် “
“ဟဲ့ ကို လင်း ဆရာကြီးကို အားနာ စရာ ဘာတွေ ပြောနေတာလဲ “
“ဘာဆရာကြီးလဲ ရွာကလူတွေ ပေးတာကို အလကားစားနေတဲ့လူကြီး ဘာမှ အားနာစရာ မလို ဘူး “
“တော်စမ်း ငလင်း နင်ပြောလေကဲလေပါလား “
“အမေ ကိုလင်းပြောတာ မှန်တယ် ဘာဆရာကြီးလဲ ကျုပ်ကတော့ မယုံဘူး သရဲပူနေတာ မထုတ်နိုင်လို့ လျှောက်ပြောနေတာ သူမထုတ်နိုင် ရင် ကျုပ်တို့ ထုတ်မယ် “
“ငဇော် နင်တို့ ဘယ်လိုတွေဖြစ်နေတာလဲ “
အရီးလှသည် သူမ၏ သားနှစ်ယောက်က ဆရာကြီးအား ရိုင်းပြစွာပြောနေသော စကားများကြောင့် အားနာကာ မျက်စိမျက်နှာ ပျက်နေသလို ထိုသို့ပြောသော စကားများကြောင့် ဦးဖိုးဝေအား လေးစားသော သူများကလည်း မကျေမနပ် ဖြစ်ကာ တိုးတိုးနှင့် အချင်းချင်းတိုင်ပင်နေကြ၏။ သားများ၏ စကားများေကြာင့် ဦးဖိုးဝေအား မျက်နှာချင်း မဆိုင် ဝန့်သော အရီးလှအား ဦးဖိုးဝေမှ
“အမကြီး ရပါတယ် ကျုပ်ခွှင့်လွှတ်ပါတယ် အမကြီး သမီးကိုသာ ဆေးကုသဖို့ ကြိုးစားစေချင်တယ် “
” ဟုတ် ကဲ့ ပါ ဆရာကြီးရယ် “
ဦးဖိုးဝေသည် အရီးလှအား စကားပြောနေစဉ် ကိုဇော်သည် ခက်ထန်မာကျောသော လေသံဖြစ်
“ဘိုးတော် မကုနိုင်ရင် ပြန်တော့ ထမင်း အလကားစားရမလားဆိုပြီးတော့ အချိန်စွဲ မနေနဲ့ “
ကို ဇော်၏ ထိုသောရိုင်းဆိုင်းသော စကားကို အိမ်ပေါ်တွင်ရှိနေကြသော လူများထဲမှ ကလေးကို ပွေ့ထားသော ရွာထဲမှ မိနွယ်က ကိုဇော်အား စိတ်ဆိုးကာ
“ငဇော် ရိုင်းလှပါလား ဆရာကြီးက တို့ရွာမှာ ဘယ်သူ အိမ် ထမင်း စားစားရတယ် အကုန်လုံး ကျွေးမဲ့ လူတွေ ကြည့်ပဲ “,
“ခင်ဗျာ အိမ်ခေါ်သွား အဲ့တာဆို “
“စိတ်ချ နင် မခေါ် ခိုင်းလဲ ခေါ်မှာ နင်တို့ လို ရိုင်းတဲ့ သူတွေဆီလာချင် လို့ လာတာမဟုတ်ဘူး သဲဖြူလေးကို သနား လို့ လာတာ “
မိနွယ်သည် ထိုသို့ပြောပြီး ဆရာကြီးအနား ထိုင်နေသော သူရိယအား လှမ်း၍
“မောင်လေး ဆရာကြီးကို အမတို့ အိမ် ပင့်ခဲ့ ပါ အမ ပြန်နှင့် မယ် “
“ဟုတ်ကဲ့ အမ “
မိနွယ်သည် ကလေးကို ချီထားလျှက် မက်တပ်ထရပ်လိုက်ပြီး ရွာသားများဘက်
“ဒီနေ့ အိမ် မှာ ဟင်းသိပ်မကောင်းဘူး ဆရာကြီးအတွက် ဟင်းလာပို့ကြဉီး “
ထိုသို့ ရွာသားများ အားပြောလိုက်သောအခါ ရွာသူရွာသားများသည်
“အမလေ မိနွယ် နင်မပို့ခိုင်းလည်း ပို့မဲ့ သူတွေပါ ဟယ် “
“ဟုတ်ပ “
ရွာသားများက တယောက်တပေါက်ပြောနေသည်ကို ဂရုမပြုပဲ မိနွယ်ကတော့ ကလေးကို ချီ လျက် အရီးလှအိမ်ပေါ်ကလေ ဆင်းသွားပါလေတော့သည် ရွာသူရွာသားများလည်း အရီးလှ၏ သားနှစ်ယောက်ကို ပြစ်တင်ပြောဆိုပြီး အိမ်ပေါ်က နေအချို အချို ဆင်၍သွားကြပါလေတော့သည်။
အခန်း -၂
ညွှန့်ဝင်း နှင့် မိနွယ် တို့၏ အိမ်တွင် ဦးဖိုးဝေ နှင့် သူရိယ ထမင်းစားသောက်လိုက်၏ ၊ ထို့နောက် အချိုပွဲဖြစ်သော ထန်းလျှက်ခဲ ဘဲဥကြော် လဘက် မြေပဲစံ တို့နှင့် ရေနွေးပွဲ ပြင်ပေးပြီး ဦးဖိုးဝေ တို့အား ဧည့်ခံနေ၏ ဦးဖိုးဝေ သည်လည်း အနားတွင်ရှိသော ညွှန့်ဝင်းအား
“ငါ့တူ ကို ဦးရီး မေးဦးမယ် “
“ဟုတ် ဆရာကြီး မေးပါ “
“မသဲဖြူဆိုတဲ့ ကလေးမက ဘယ်လို ဖြစ်တာ လဲကွဲ့ “
“အဲ့တာ တော့ ကျနော်လည်း သိပ်မသိဘူး သဲဖြူအကြောင်းဆို မိနွယ်က ပိုသိတယ် မိနွယ် နဲ့ သဲဖြူက အမြဲတတွဲတွဲ ဆိုတော့ သူ့ကိုပြောခိုင်း လိုက်မယ် ဆရာကြီး “
ညွှန့်ဝင်းလည်း ဦးဖိုးဝေအားပြောပြီး အိမ်နောက်ဖေးတွင် ပနခးကန်ဆေးေနသော မိနွယ်အား အော်ခေါ်လိုက်တော့သည် ၊ မိနွယ် ရောက်လာသောအခါ
“မိနွယ် ဆရာကြီး က သဲဖြူ အကြောင်းသိချင်လို့တဲ့ပြောလိုက်ဦး “
ညွှန်ဝင်းက သူ၏ မိန်းမဖြစ်သူကို ပြောလိုက်၏ ထိုအခါ မိနွယ်သည် ဦးဖိုးဝေတို့ နှင့် မလှမ်းမကမ်းတွင် ထိုင်လိုက်ပြီး
“သဲဖြူ အကြောင်းပြောရရင် စိတ်မကောင်းဖြစ်ရတယ် သဲဖြူက သဘောကောင်းတယ် ရွာထဲမှာအလှဆုံး “
“ဟုတ်လား”
“ကျမ ပြည့်ပြည့်စုံစုံ ပြောပြပါမယ် “
ဦးဖိုးဝေ သည် ရေနွေးကြမ်းခွက်ကို တကြိုက်သောက်လိုက်ပြီး မိနွယ် ပြောမည့်စကားကို အာရုံစိုက်လိုက်ပါလေတော့သည်။
အခန်း-၃
ကြာကန်ရွာ၏ အလှပဂေး မသဲဖြူဆို ကြာကန်ရွာတင်မက ရွာနီးချုပ်စပ်ကပါ အကုန်သိသည် တောသူဖြစ်လင့်ကစား စက်နှင့် ဖြောင့်စရာမလိုသော ဆံကောသာ နက်မှောင်သော ဆံပင်နှင့် လိုက်ဖက်စွာ ရှင်းသန့်ကြည့်လင်သော မျက်နှာ ဥဥလေးသည်က ကျော့ရှင်းနေသော ကိုယ်လုံးလေးနှင့် လိုက်ဖက်စွာ ရှိနေသောကြောင့် ၊ ကာလာသား များတင်မက အခြားသောပုရိသများ ပါ သဲဖြူ နှင့် ရွှေ တပိဿာ ဘယ်ဟာယူမည်နည်းဆို သဲဖြူသာယူမည် ဟု ဖြေကြသူများမှ အကုန်လံုဖြစ်မည်ထင်၏ ၊ လှပသော ရုပ်ရည်နှင့် လိုက်ဖက်စွာ ကောင်းမွန်သော သဘောထားကို လည်း ပိုင်ဆိုင်နေပြန်သည် ၊ သနားတက်သည် ကြင်နာတက်သည် ကိုယ်ချင်းစာတက်၏ ထိုသိူ့သော စိတ်ထားများကြောင့် သဲဖြူသည် သူမ၏ အိမ်တွင် သူရင်းငှား လုပ်သော နှင်းမောင် ဆိုသော လူငယ်လေးနှင့် လူငယ် သဘာဝ ရည်ငံမိသောအခါ၊ ဖတဆိုးဖြစ်သော သဲဖြူကို မိခင်ဖြစ်သူက ဆူငေါက်ချင်း အမှု့ မပြုပေမဲ့ အကိုနှစ်ယောက်သည်က
“ဟဲ့ မိသဲဖြူ နင် ရူးများ ရူးနေလား “
“ဘာလို့လဲ အကိုဇော် “
“ဘာရမှာလဲ ငါ ရွာထဲ မှာ ကြားခဲ့တယ် နင်နဲ့ အိမ်က လူငှား နှင်းမောင် နဲ့ ကြိုက်နေတယ် ဆို “
“အကို့ ကိုဘယ်သူပြောလဲ “
“ဘယ်သူပြောလဲ မေး မနေနဲ့ ဟုတ် လား မဟုတ်ဘူးလား “
အကိုဖြစ်သူ၏ စကားကို သဲဖြူ ပြန်လည်ဖြေးကြားချင်းမပြုသောအခါ ကိုဇော် ဒေါသထွက်ပြီး
“ဟဲ့ မိသဲဖြူ နင်က ငါ့ကို အရေး မစိုက်တာလား “
“အမေ တောင်ဘာမှ မမေးတာ အကိုတို့က ဘာဖြစ်နေတာလဲ ညီမလေးလည်း မငယ်တော့ဘူး ရည်းစားထားတာ ဘာဖြစ်လဲ “
“အဲ့တာ ဆို အဲ့ကောင်နဲ့ ကြိုက်နေတာ ဟုတ်တယ်လို့ပြောတာလား “
“အင်း “
“နင်ရုးးနေလား နင့်ကို ကြိုက်တဲ့ လူ ဒီလောက်ပေါ်တာ အဲ့ငမွဲကိုမှ ရွေးရလား ဦးနှောက် မပါဘူးလား “
“ညီမ ယူမှာပါ အကိုတို့ကိုယူရမှာ မဟုတ်ပါဘူး ကို့အကြိုက်နဲ့ ကိုပဲ “,
“တောက်။ မိသဲဖြူ နင်တော့နော် “
သဲဖြူသည် ဒေါ်သထွက်နေသော အကို နှစ်ယောက်အား ကျောခိုင်းကာ မိနွယ်၏အိမ်သို့ အိမ်လည် ထွက်သွားတော့သည် ၊ တယောက်ထဲ ရှိသော ညီမ ဖြစ်သူအား ရိုက်ပုတ်ချင်းက ကိုလင်း နှင့် ကိုဇော် ငယ်ငယ်ကတည်းက မပြုပါ သူတို့၏ ညီမ လေးကို ချစ်၏ သူတို့ပြောရင် ပြန်ခံပြောတက်သော သူတို့၏ ညီမအား စိတ်ဆိုးဒေါသထွက်ရုံသာ တက်နိုင်ကြပါလေတော့သည်။
အခန်း -၄
လယ်ကွင်းတွေဘေးရှိလက်ပံပင်းကြီး၏ ပင်စည်တွင် နှင်မောင် နှင့် သဲဖြူ သမီးရည်းစားသဘာဝ ချိန်းတွေ့နေကြသည် သဲဖြူသည် နှင်းမောင်၏ ပခုံးလေးပေါ် မေးတင်ရင် ချစ်သူဖြစ်သော လယ်သမားလေး၏ လက်ဖဝါးများကို ဆုပ်ကိုင်လိုက်ချိန်
“သဲဖြူ အကိုလက်တွေ ကြမ်းလား “
“အင်း”
“သဲဖြူရဲ့ လက်လေးတွေက တော့ နုနေတာ ပဲ”
“အကိုတွေက အလုပ် မလုပ်ခိုင်းလို့လေ လက်ကြောမတင်းဘူးဖြစ်နေတာ “
“တခါတခါ အကိုတွေးမိတယ် နှင်းဖြူက ကိုယ်နဲ့ မထိုက်တန်ဘူးလို့ “
“အကိုက မဟုတ်တော့ဘူး ဘာမထိုက်တန်တာလဲ ကိုဘိုကြီး ဗီဒီယိုရုံက ဇတ်ကား တွေကြည့်ပြီးပြောနေတာမဟုတ်လား သိတယ်နော်”
ရယ်သွေးသမ်းပြီးပြောနေသော အပြစ်ကင်းစင်လှတဲ့ ချစ်သူ သဲဖြူရဲ့ မျက်နှာလေးကိုကြည့်ပြီး နှင်းမောင် သူမ၏ နဖူးလေးကို နမ်းလိုက်၏
“မဟုတ်ပါဘူး တကယ် မထိုက်တန်ဘူး ထင်လို့ပြောတာပါ “
ချစ်သူ နှစ်ဦး စကားတွေ ပြောနေစဉ် သူတို့၏ မလှမ်းမကမ်း မှ
“မိသဲဖြူ ငါတို့ပြော ထားရက်နဲ့ အရှက်မရှိ ဒီမှာ လာတွေ့ နေတယ်ပေါ့ “
ထိုအသံသည် အရက်မူး နေသော သူမ ၏ အကို နှစ်ယောက်ထံမှ ထွက်လာသည်ကို သိသောအခါ
“အကို သဲဖြူကို တကယ်ချစ်လား “
“ချစ်တာပေါ့ “
ချစ်ရင် သဲ ဖြူကို ခိုးတော့ “
“ဗျာ”
ဤသို့ အရက်မူးသော အကို နှစ်ယောက်၏ ကောင်းမှု့ ကြောင့် နှင်း မောင် နှင့် သဲဖြူ အိမ်ထောင်ကျပါလေတော့သည် ၊ နှမကို ခိုးသွားသော နှင်း မောင်အား အခဲမကြေသော ကိုဇော် နှင့် ကိုလင်းသည်က အရီးလှ နှင့် ရွာမှ လူကြီးများ စကားကြောင့် လက်မခံချင်ပေမဲ့ လက်ခံလိုက်ရသောလည်း ယောက်ဖ နှင်းမောင်ကို အမြဲအမြင်မကြည်ဖြစ်ကာ အနိုင်ကျင့်လေ၏ နှင်းမောင်သည်က အစကတည်းက လူရိုးဖြစ်သည်က တကြောင်း သဲဖြူ၏ အကိုများဖြစ်သည်က တကြောင်း အကြာင်းကြောင်း ကြောင့် ယောက်ဖ နှစ်ယောက်၏ အနိုင်ကျင့် ဗိုလ်ကြမှု့ကို သည်းခံနေရေလတော့သည်။
အခန်း -၅
ရက်တို့လတို့ က ပြောင်းမှန်မသိပြောင်းကုန်လေ၏ ပြောင်လဲသွားသော အချိန်ကာလ နှင့်အတူ နှင်းမောင်၏ ဇနီးဖြစ်သော သဲဖြူမှာလည်း ကိုယ်လေးလက်ဝန်ရှိလေတော့သည် မွေးဖွာရန်နီးလာသော သဲဖြူအား နှင်းေမာင်တယောက် သေချာဂရုစိုက်ချင်ပေမဲ့ အလုပ်များ မတရားခိုင်းသော ယောက်ဖများကြောင့် ထိုက်သင့်သော ဂရုစိုက်ကြင်နာ မှု့ချင်းက မစွမ်းနိုင်ဖြစ်နေလေ၏ ယခုအချိန်တွင်လည်း မွေးဖွာရန်အလွန်နီးကပ်နေသော မသဲဖြူအား အိမ်ဝိုင်းထဲတွင် တွဲပြီးလမ်းကူလျှောက်ပေးနေရင်း နှင်းမောင် သည် သူ၏ မိန်းမဖြစ်သူ၏ ပူနေသောဗိုက်ကိုကြည့်ကာ
“သဲဖြူ အကို့အထင်တော့ ယောက်ျားလေးဖြစ်မယ် “
“ဘာလို့လဲ အကို”
“ကြည့်ပါလား သဲဖြူရဲ့ ဗိုက်ကို ခြေထောက်နဲ့ ကန်နေတာ ဘောလုံးသမားလိုပဲ့ ယောက်ျားလေးပဲနေမှာ “
“အကိုကတော့ ပြောတော့မယ် ပေါက်ကရ “
“လိုချင်တာတော့ သမီးလေး သဲဖြူရေ”
“သဲဖြူကတော့ ယောက်ျားလေး လိုချင်တာ “
“သဲဖြူက ယောက်ျားလေးဆို အကိုလည်း ယောက်ျားလေးပဲ လိုချင်လိုက်တော့မယ် မိန်းမစကားမပယ်ရှာတာ ယောက်ျားကောင်းမည်သည်တဲ့ “
“အကိုကတော့လေ ပြောတက်နေတာ “
ဇနီးမောင်နှံ နှစ်ယောက် ကြည်နူးပျော်ရွှင်စွာ စကားပြောနေစဉ်
“ဟေ့ကောင် နှင်းမောင် “
“ဗျာ ကို လင်း “
“မင်း တောထဲ ဝင်ရမယ် မက်ပဲတွေ စောင့်ရမယ် “
“ကျနော် အိမ်မှာပဲ နေပါရစေလား သဲဖြူက မွေးခါနီးနေလို့ ပါ”
“ဘာလဲ မင်းက ငါ့စကား ကို နားမထောင်ဘူးဆိုတဲ့ သဘောလား”
“မဟုတ်ပါဘူး အကို ကျနော်မိန်းမ ကမွေးခါနီးနေလို့ပါ “
ကိုလင်းသည် နှင်းမောင်၏စကားကို ခွန့်တုန့်ပြန်ရန်ပြင်နေစဉ် အိမ်ဝိုင်းထဲ ဝင်လာသော ကိုဇော်မှ လူမရောက်ခင် အသံနှင့် လှမ်း၍
“ဘာလဲ ကိုလင်း အကို့ကို ပြန်ပြောနေတာလား အဲ့ကောင် “
ဒေါကြီးမောကြီးနှင့် ဝင်လားသော ကိုဇော် အနားရောက်ခါနီးတွင် သဲဖြူမှ
“မဟုတ်ပါဘူး အကိုဇော် အဲ့ မှာ အကိုလင်းက ညီမ ယောက်ျားကို တောထဲ သွားခိုင်းနေတယ် “
“သွားရမှာပေါ့ နှင်းဖြူရ ဒီကောင် တို့အိမ်မှာနေတာ ငါတို့ခိုင်းတာလုပ်ရမယ် အရင်းကတည်းက လူငှားက အခုမှ သခင် လာလုပ်လို့မရဘူး”
“အကိုတို့ အဲ့လို မတရား မပြောပါနဲ့ ကိုနှင်းမောင်ကို အကိုတို့ အနိုင်ကျင့်တာ မတရားအလုပ်တွေခိုင်းတာ များနေပြီ “
ငိုမဲ့မဲ့နှင့်ပြောနေသော သဲဖြူအား နှင်းမောင် သေချာကြည့်လိုက်၏ ထိုအတူ ယောက်ဖ များကိုလည်း အကဲခက်လိုက်သည် ယောက်ဖနှစ်ယောက်သည်က အေလျှာ့ပေးမည့်ပုံက မပေါ်ချေ ထို့အတွက် မျက်နှာမကောင်းဖြစ်နေသော သဲဖြူ၏ ပခုံလေးကို ဖက်ပြီး
“သဲဖြူ စိတ်မကောင်း မဖြစ်တော့နဲ့ အကိုတောထဲ သွားလိုက်ပါ့မယ် အမေလည်း ရှိတယ်ဆိုတော့ အကိုစိတ်ချတယ် မီးနေခန်းလည်း အမေနဲ့ အကို သေချာစီစဉ်ထားပါတယ် မွေးခါနီး စိတ်မကောင်း မဖြစ်နဲ့နော် “
“အကိုလည်း သဲဖြူနဲ့ယူပြီးမှ အရမ်းပင်ပန်းနေရပြီ သဲဖြူစိတ်မကောင်းဘူး “
“မပင်ပန်းပါဘူး သဲဖြူရယ် ကို့အတွက်စိတ်မကောင်း မဖြစ်နဲ့ သဲဖြူသာ ကျန်းမာအောင်နေ”
ဇနီးမောင်နှံနှစ်ဦး စကားပြောနေကြချိန် ကိုလင်း နှင့် ကိုဇော်သည်က အိမ်ပေါ်သို့ တက်သွားကြ၏ အိမ်ပေါ်သို့ တက်သွားကြသော အကိုနှစ်ယောက်အား ကြည့်ကာ သဲဖြူ သည် နှင်းမောင်အား စကားဆို လေသည်
“သဲဖြူရဲ့ အကို နှစ်ယောက်က အကို့ပေါ် နိုင်ထက်စီးနင်းလုပ်တာ သဲဖြူ စိတ်မကောင်းဘူး”
“ထားလိုက်ပါ သဲဖြူရယ် အကို့အပေါ် မကောင်းပေမဲ့ သဲဖြူအပေါ်ဂရုစိုက်ပေးတာကို အကို ကျေနပ်နေပါပြီ ယောက်ဖတွေ သဲဖြူကို ဂရုစိုက်ပေးနေလို့ ကိုစိတ်ချနေရတာ”
“ဟုတ်တယ်နော် အကိုလင်း နဲ့ အကိုဇော်က အကိုမရှိရင် သဲဖြူကို ဂရုစိုက်တယ် သူတို့ အကို့ကို အခဲမကျေဖြစ်နေတာ “
“ကိုယ်ချင်းစာပါတယ် ယောက်ဖတွေကို သူတို့နှမ အလှပဂေးလေးကို ခိုးသွားတာဆိုတော့ ဘယ်ကြည့်မလဲ “
နှင်းမောင်သည် ရင်ကိုမောပြီး ဂုဏ်ယူစွာပြုံးပြီးပြောနေတာကို သံဖြူသဘောကျစွာရယ် လိုက်ပြီး သူတို့နှစ်ဦး ပြုံးရွှင်စွာလမ်းပြန်လည်လျှောက်နေကြပါတော့သည်။
အခန်း -၆
တနေ့သော နေ့လယ်တွင် သဲဖြူ ဗိုက်နာလေ၏ ထိုအတွက်ကြောင့် အရီးလှသည် အိမ်းဘေးမှ မိန်းမသားများကိုခေါ်လိုက်သည်
“မိလှတို့ မိနွယ်တို့ လာကြဦးဟေ့ သဲဖြူဗိုက်နာလို့ “
အရီးလှ၏ အော်သံက မကျယ်ဝန်းလှသော ရွာလေး ၏ အလယ်ပိုင်းတွင် ရှိ အိမ်တော်တော်များက ကြားရ၏ ထို့အတွက်ကြောင့် မိန်းမသားအချို့ အရီးလှ၏ အိမ်သို့ ရောက်ရှိလာပြီး
“အရီးလှ သဲဖြူမွေးတော့မှာလား “
“မွေးတော့မယ်ထင်တယ် ညည်းတို့ထဲက တယောက် လက်သည် ဒေါ်ငယ်လေးကို ခေါ်ချေဦး”
“ဟုတ် ကဲ့ “
“ဟို လမ်းလျှောက်နေတာ သန်းတင်သား သာအေးလား “
“ဟုတ်တယ် အရီး ကျနော် သာအေးပါ “
“အေးအေး နင် လယ်ထဲ လိုက်သွားပြီး နှင်းမောင် နဲ့ သူ့အကိုတွေကို သွားပြောပေးဦး “
“ဟုတ်ကဲ့ ဟုတ်ကဲ့ “
သာအေးလည်း အရီးလှ ပြောထားသည့်အတိုင်း နှင်းမောင်တို့အား သွားခေါ်ရန် ထွက်သွားလေတော့သည် ။
အရီးလှသည်လည်း သဲဖြူကို မီးနေခန်းထဲ ဝင်စေပြီး မီးဖွားရန်အသင့်ပြင်လိုက်တော့သည် ၊ အရပ်လက်သည် ဒေါ်ငယ်လေး နှင့် အခြားသော အမျိုးသမီးအချို့လည် မီးနေခန်း အတွင်း ဝင်ပြီး မီးဖွားရာတွင် ကူညီ နေပါတော့သည် ။
ရွာနှင့်အတန်ဝေးသော ကြောင့် သာအေး တယောက် နှင်းမောင်တို့ ဆီ အချိန်အတော်ကြာမှရောက်သွား၏ သူရောက်ချိန်တွင်တော့ နှင်းမောင် နှင့် ယောက်ဖ နှစ်ယောက် ပြဿနာ တက်နေဟန်ရှိ၏
“အကိုတို့ မက်ပဲတွေကို အမေမသိပဲ ရောင်းလို့မဖြး်ဘူးထင်တယ် ကျနော်က စောင့်အိပ်ရတာဆိုတော့ အမေက လျော့တာသိရငါ ကျနော်ကို အထင်လွဲနေလိမ့်မယ် “
“ဟေ့ကောင် ငါတို့ အရက်ကျွေး ဆပ်ဖို့ ပြောပြီးသာ အမေ့ကို မင်း မပြောရင် ဘယ်သူမှ မသိဘူး “
“အကို အမေကို ပြောတာပိုကောင်းမယ်နော် ဟိုနေ့က မက်ပဲ ဘယ်လောက်ထွက်တယ် ဆိုတာ အမေသိတယ် “
“မင်းမပြော ရင်မသိဘူး ငါတို့ညီမကို ယူလို့ လယ်ပိုင်ရှင်ဖြး်ပြီးထင်မနေနဲ့ “
“အဲ့လို သဘော ပြောတာမဟုတ်ပါဘူး အကို တို့က နှစ်တင်းဆိုတော့ အတော်များတယ် အမေသိမှာ “
မက်ပဲ နှစ်အိတ်ကို တယောက် တအိတ်ထမ်းရန်ဟန်ပြင်နေသော ယောက်ဖ နှစ်ယောက်အား သူတို့ ထမ်းမည် မက်ပဲ အိတ်ကို လက်နှင့် ဖိရင်းဆိုနေရာ အရက်မူးနေကြသော ကိုလင်း နှင့်ကိုဇော်နှစ်ယောက် အနက် ကိုဇော်မှ
“ကိုလင်း ဒီကောင် လျှာရှည်တယ် ဗျာ “
ပြောပြောဆိုဆို လှည်းရှေ့မှ နွားတပိုးကြီးတုတ်အား ယူပြီး မက်ပဲအိတ်ကို ဖိထားသော နှင်းမောင်၏ ခေါင်းအားရိုက်လိုက်ရာ
“အားးး “
နှင့်မောင် အော်သံနှင့် အတူ သွေးများ ဖြာကျလာ၏ ထိုမြင်ကွင်းကို မြင်ရသော သာအေးမှာ သဲဖြူမီးဖွားနေသည်ကို မပြောတော့ပဲ အိမ်သို့ ပြန်လှည့်ပြေးလေတော့သည်။
အခန်း- ၇
သဲဖြူရဲ့ နာကျင်းလို့အော်ဟစ်သံက ငြိမ်သွားချေပြီဖြစ်၏ ၊ လက်သည် ဒေါ်ငယ်လေး နှင့် အရီးလှ အပါအတင် တခြားအမျိုးသမီးများရဲ့ ဝမ်းသာအားရပြောသော စကားသံများက ကလေးငိုသံနှင့်အတူ မီးနေခန်းလေးအတွင်းမှ လွင့်ပျံလာသည်
“ဟဲ့ သဲဖြူ ကြည့်ပါဦး ယောက်ျားလေးဟဲ့ လူကလည်း လှပါတော် အမေကချော အဖေက ခန့် ဆိုတော့ ကလေးက ပြောစရာမရှိပါဘူးတော် “
“ဟုတ်ပ ကျုပ်မြေးလေးက ချစ်စရာလေးနော် အမကြီး”
“အေးဟဲ့ မလှရဲ့ နင့်မြေးက လူချောပဲ “
အခန်းလေးအတွင်းမှ မွေးခါစ ကလေးအား ချီးမွန်းနေစဉ် အိမ်ဝိုင်းအပြင်မှ အိမ်ထဲသို့ သာအေး အော်ကြီးဟစ်ကျယ် နှင့်ပြေးဝင်လာသည်
“အရီးလှ အရီးလှ မသဲဖြူ မသဲဖြူ “
သာအေး အော်ဟစ်ကာ အိမ်ထဲ ဝင်လာပြီး မီးနေခန်း နားအရောက် အထဲ ဝင်မယ် ပြုစဉ် အပေါက်ဝမှ အမျိုးသမီးဦးက တားလိုက်သည်
“ဟဲ့သာအေး နင်ဝင်လို့ မရဘူး”
ထိုသိုတားလိုက်သောအခါ သာအေးသည် ကျ
ယ်လောင်သော လေသံ ဖြစ်
“အရီး လှ အရီးလှသားတွေး မသဲဖြူယောက်ျား ကိုနှင်းမောင်ကို လှည်းကတပိုးကြီးတုတ်နဲ့ ရိုက်နေတာ သေပြီး လားမသိဘူး ကို နှင်းမောင် ခေါင်းမှာ သွေးတွေ နဲ့ လုပ်ပါဦး “
သာအေး၏ စကားအဆုံးတွင်တော့ မီးနေခန်းလေး အတွင်းမှ သဲဖြူ၏ အော်သံ နှင့် အတူ အရီးလှနှင့် တခြားအမျိုးသမီးများရဲ့ အသံက ပေါ်လာတော့သည်။
“အမေ ကို နှင်း နှင်းမောင် “
“သဲ ဖြူ စိတ်အေးအေးထား”
“သမီး စိတ်အေးအေးထား “
ထိုသို့သော အသံများနှင့်အတူ သဲဖြူ၏ အော်ငိုသံသည်က အခန်းလေးထဲမှ ကျယ်လောင်စွာ ထွက်ပေါ်လာပါလေတော့သည်။
အခန်း -၈
မိနွယ်၏ ပြောစကားများကို ကျန်သော လူသုံးယောက်က စိတ်ပါဝင်စားစွား နားထောင်ပြီး ထိုအထဲမှ ဦးဖိုးဝေက
“သွေးနုသားနုနဲ့ လန့်သွားတာဖြစ်မယ် “
“ဟုတ်မယ် ဆရာကြီး “
“ဒါနဲ့ နှင်းမောင် က ဘယ် လိုဖြစ်သွားလဲ “
“ခေါင်းကွဲသွားတယ် ဆရာကြီး မြို့ကို ရွာလူကြီးက လိုက်ပို့ ထားတယ် ဆေးရုံတက်နေတုန်း သူ့ကလေးတောင် မြင်ရသေးပါဘူး “
“ဟို နှစ်ယောက်ကိုက အရေးမယူဘူးလား”
“နှင်းမောင်က သူမိန်းမကို စိတ်မချလို့ အေရေးယူဖို့နေနေသာသာ သူယောက်ဖတွေကို အိမ်အတင်းပြန်ခိုင်းတာတဲ့”
“အင်း အသက်မသေတာ ကံကောင်းတာပေါ့ “
ဦးဖိုးဝေတို့သည် လည်း အချိန်အတန်အသင့်ကြာသောအခါ အိမ်ရှင်တွေဖြစ်သော ညွှန့်ဝင်း နှင် မိနွယ်ကို နုတ်ဆက်၍ လက်လုပ်တောင်ပေါ်သိူ့ ပြန်သွားကြပါလေတော့သည် ၊
ရွာအရှေ့ပိုင်းရှိ ပရောဂ ဆရာ ဦးစံတင့်အိမ်တွင်တော့ ကိုလင်း နှင့်ကိုဇော် ရောက်ရှိနေပြီး သူတို့၏ ဆရာကြီးအား
“ဆရာကြီး ကျနော်တို့ အမေရဲ့ လက်လုပ်တောင်ပေါ်က လူကြီးကတော့ အပမထုတ်ပေးဘူး “
“ဟုတ်လား “
“ဟုတ်တယ် အဲ့တာ ဆရာကြီး ဘဲ ထုတ်ပေးပါ “
“အင်း ငါက တခြားရွာက လာပင့်ထားတာရှိတယ် ညအိပ်သွားရမှာ မင်းအမေ့ကလည်း ငါ့ကို ယုံဟန်မရှိလေတော့ မင်းတို့ပဲ ထုတ်ပေးလိုက်ကြပါ လား”
“ကျနော်တို့ ဖြစ်ပမလား “
“ဖြစ်ပါတယ် ငါဆေးကြိမ်လုံးပေးလိုက်မယ် မင်းတို့အဲ့တာနဲ့ အမှောက်ပရောဂကို ရိုက်ပြီး ထုတ်ချေ”
“ကျနော် ညီမကို ရိုက်ရမှာလား “,
“ဟ ငဇော်နဲ့ ငလင်းရ မင်းညီမကို ရိုက်တာ မဟုတ် မင်းညီမ ဘာမှ မဖြစ်ဘူး သူ့ကို ပူးကပ်နေတဲ့ အမှောက်ပရောဂ ကို ထိတာ “
ကိုလင်း နှင့် ကိုဇော်လည်း ဦးစံတင်၏ပြောစကားကို နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်ပြီး ဦးစံတင်ပေးသော ဆေးကြိမ်လုံးဟုပြောသော အဆစ်ပိတ် ဝါးကြိမ်တခုကို ယူ၍ နှစ်ယောက်သား အိမ်သို့ပြန်သွားကြပါလေတော့သည်။
ဦးဖိုးဝေနှင့် ကြာကန်ရွာသူ မသဲဖြူ ပထမပိုင်းက ဤမျှဖြစ် ခဏ နားပါရစေဦး ခင်ဗျာ မကြာမီ နောက်ထပ်အပိုင်း အား တင်ဆက်ပေးပါမည်။
အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ကို Follow နှိပ်ပြီး Comment လေးတွေရေးပေးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။
မောင်တင်ဆန်း