ကတိမတည်သောအခါဝယ်(စ/ဆုံး)

Unicode Version

ကတိမတည်သောအခါဝယ်(စ/ဆုံး)
——————————————
ဒေါ်ခလေးမတို့နေသောအရပ်တွင်ရှေးဟောင်းဘုရားတဆူရှိလေသည် ။ ဆုတောင်းပြည့်သည်ဟုလဲရှေးကထဲကအဆိုရှိတာကြောင့်ဆုတောင်းပြည့်စေတီဟုလဲခေါ်ကြသည်။ ထိုစေတီကလေး၏အဝင်မုဒ်ဦးနားတွင်ဘီလူရုပ်ထုလည်းရှိလေသည် ။ ထိုဘီလူးရုပ်ထုသည်အသက်ဝင်လှသည်။

အရပ်ထဲကတချိုု့သူများပြောတာကတော့အရေးကိစ္စပေါ်လာပါကထိုဘီလူးအားအကူအညီသွားတောင်းလျှင်ရသည်ဟုနံမည်ကြီးနေသည် ။ လူဆိုတာမျိုးကနဲနဲကိုများများဖြစ်အောင်ကိုယ့်စရိတ်ကိုယ်စားကာပုံကြီးချဲ့ကာပြောတတ်ကြသည့်အမျိုးဖြစ်သည် ။

ထိုဘီလူးသည်ရာဇဝင်ထဲကသူရဲကောင်းဖြစ်နေပြန်သည်တခါတုန်းကဘုရားခိုးဂိုဏ်းတဖွဲ့မှလူများ
ဆုတောင်းပြည့်စေတီအတွင်းအများကိုးကွယ်ရန်ထားသောရှေးဟောင်းဘုရားတဆူအားလာခိုးကြလေသည်။
ညသန်ခေါင်အချိန်လူတွေအိမ်မောကျနေချိန်ကိုရွေးကာခိုးကြခြင်းဖြစ်သည် ။

ဘုရားခိုးအဖွဲ့ဘုရားခိုးရန်ပြင်ဆင်နေချိန်တွင်ဘုရားရင်ပြင်တော်ပေါ်သို့တက်လာသောကြီးမားလေးလံလှသည့်ခြေသံကြီးကိုအဆန်းတကျယ်ကြားရလေသည် ။
”ဒုန်း—ဒုန်း–”

ထိုခြေသံသည်ဘုရားရင်ပြင်တခုလုံးတုန်ခါသွားလေသည်ထိုအခါဘုရားခိုးအဖွဲ့လဲ
ဘာများလဲလို့အံ့သြစွာစောင့်ကြည့်နေရင်းဘုရားခိုးလက်စရပ်ကာအခြေအနေလေ့လာကြည့်လိုက်တဲ့အခါ
သူတို့အဖွဲ့ပေါ်သို့အရိပ်မဲကြီးတခုဖုံးအုပ်လာရာအလန့်တကြားမော့ကြည့်လိုက်သည့်အခါမှာတော့
လွန်စွာကြီးမားသောဘီလူးကြီးတကောင်သည်လက်ထဲကကိုင်ထားသောတင်းပုတ်ကိုရွယ်ကာ
သူတို့အားထုရန်မြှောက်လိုက်လေသည်။

ဘုရားခိုးအဖွဲ့လဲအော်ဖို့တောင်အချိန်မရသေပြေးရှင်ပြေးပြေးကြသည်မှာမာရသွန်ပြိုင်ပွဲဝင်နေသလားထင်ရလေသည် ။
ထိုသတင်းကြောင့်ဘီလူးရုပ်ထုသည်နံမည်ပိုကြီးသွားလေသည်။
ထိုဘီလူးရုပ်ထုရှေ့တွင်ကန်တော့ပွဲများခေါင်းစီးပုဝါများစီးကရက်ဘူးများမုန့်ပဲသရေစာများလာဆက်ထားသည်မှာမနဲမနောပင်
စာမေးပွဲအောင်လိုသူများစီးပွားရေးလုပ်သူများအခြားအပူသည်များနှင့်အမြဲစည်ကားနေသည်။
တိုက်ဆိုင်၍ပဲလားဘီလူးကစွမ်းတာလားတော့အသေအချာမသိပေမဲ့သူများယောင်ရင်လိုက်ယောင်တတ်သော့လူတွေအကျင့်အတိုင်းဘီလူးတန်ခိုးထွားနေသည်။

တနေ့ဒေါ်ခလေးမယောင်္ကျားအရက်သမားတင်ငွေအဆက်အသွယ်ဖြင့်အချီကြီးပွနိုင်သောအလုပ်တခုလုပ်ရန်အတွက်
အိမ်ဂရံပေါင်ကာရှိသမျှပစ္စည်းများရောင်းချကာထည့်လိုက်လေသည်။
သူတို့လင်မယားမျှော်လင့်ချက်ဖြင့်စိတ်ကူးယာဉ်ကာလေထဲတိုက်ဆောက်လျှက်ရှိသည်။
ဒါပေမဲ့အချိန်လွန်လာတော့သူတို့ငွေပေးလိုက်သောလူသည်လိမ်သလိုလိုနှင့်ရှောင်နေလေသည်။

ဒီမှာတင်ဒေါ်ခလေးမတို့လင်မယားမျက်ကလူးဆန်ပြာဖြစ်လာသည်ရှိတာတွေလဲကုန်လို့အကြွေးများပင်တင်နေချေပြီဒုခ္ခနဲ့လှလှတွေ့တော့မည်လေကြံရာမရဖြစ်နေတုန်း
တရက်အရပ်ထဲမှမိတ်ဆွေတယောက်က
”’– ဒေါ်ခလေးမရယ်ဘုရားကဘီလူးဆီမှာသွားပြီးအဓိဌာန်ကြည့်ပါလား–ကျုပ်အိမ်ဘေးကကလေးမလေးတောင်အလုပ်ရအောင်ပွဲသွားပေးတာချက်ချင်အလုပ်ရတယ်—””
ဒေါ်ခလေးမလဲစိတ်ဝင်စားသွားသည်ဟုတ်သော်ရှိမဟုတ်သော်ရှိအကျပ်အတည်းနဲ့တွေ့နေချိန်တွင်
အားကိုးရာရှာကြစမြဲမို့ဘီလူးရုပ်ဆီအပြေးအလွှားသွားလိုက်သည်
””အရှင်ဘီလူးကျမတို့မိသားစုအခက်အခဲကိုကူညီဖြေရှင်းပေးပါဆုံးရှုံးတော့မည့်ငွေများတလအတွင်းပြန်ရအောင်ကူညီပါ—-
——-ပြန်ရပါကဘုရားနောက်ကနတ်လမ်းလဲပြုပြင်ပေးမယ်အရှင်ဘီလူးအားလဲစာဖွယ်သောက်ဖွယ်များလာဆက်သပါ့မယ်———-””””””

ဒေါ်ခလေးမဘီလူးအားတိုင်တည်ပြီးတလမပြည့်ခင်တွင်ထွက်ပြေးနေသောလူလိမ်သည်
ဒေါ်ခလေးမတို့အိမ်သို့ရောက်လာကာအတိုးကောအရင်းကောလာပေးလေသည်။
ဆုံးပြီဟုယူဆထားသောငွေများပြန်ရ၍ဒေါ်ခလေးမတို့မိသားစုမိုးမမြင်လေမမြင်ဝမ်းသာနေကြသည်။

ကားဝယ်မယ်ဟိုဟာဝယ်မယ်ဒီဟာဝယ်မယ်နှင့်ဘီလူးအားမေ့သွားလေသည်။
ဘီလူးအားကတိပေးထားသည်ကိုလဲအရေးမထားတော့ပေကိုယ်ကံနဲ့ကိုယ်ပြန်ရသည်ဟုသဘောထားသည်။
ဥစ္စာမှန်လို့ပြန်ရသည်ဟုအရပ်ထဲကြွားထားလေသည်အားကျသူတွေကလဲမြှောက်ပင့်ပေးလေသည်။

တညတွင်ဒေါ်ခလေးမထိတ်လန့်စရာအိမ်မက်မြင်မက်လေသည်အိမ်မက်ထဲဘုရားကဘီလူးကြီး
အိမ်ပေါ်တက်လာကာဒေါ်ခလေးမအားလက်ညိုးထိုးပြီးပြောလိုက်သည်
”ဟဲ့နင်ကတိမတည်ပါလားနင်တို့ဆုံးတော့မဲ့ငွေတွေငါခြိမ်းခြောက်ပြီးရအောင်တောင်းပေးထားတာ———
ကတိအတိုင်းလာလုပ်လေ—-”’
”” ပိုက်ဆံကမပိုဘူးဖြစ်နေလို့ပါငွေပိုငွေရှံရလာရင်လာလုပ်ပါမယ်—–””
ထိုအခါဘီလူးသည်ဒေါသတကြီးအိမ်ပေါ်ကဆင်းသွားလေသည်။
ဒေါ်ခလေးမမနက်မိုးလင်းတော့ထိုအိမ်မက်အားသတိမရတော့မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။

နောက်တရက်တွင်ဒေါ်ခလေးမယောင်္ကျားတင်ငွေသည်မူးမူးနှင့်အိပ်နေရာ
”ဒုန်း–ဒုန်း–”’
ပြင်းထန်လှသောခြေသံကြောင့်အိမ်ပါသိမ်ကနဲသိမ်ကနဲတုန်ခါသွားလေသည်။
ထိုအခါအိပ်နေသောအရက်သမားတင်ငွေခေါင်းသည်အပေါ်သို့ကြွတက်သွားသည်။
ထို့ကြောင့်တင်ငွေကဒေါသဖြစ်သွားကာ
”ဘယ်ခွေးမသား——————#$$$###@@@####———”

အဆဲနည်းပေါင်းစုံဖြင့်ဝေဝေဆာဆာဆဲကာခေါင်းထောင်ကြည့်လိုက်တော့
အံ့သြမကုန်နိုင်စွာမြင်လိုက်ရသည်ကလွန်စွာကြီးမားသောဘီလူးကြီးတကောင်သည်ဒေါသကြီစွာအိမ်ပေါ်တက်လာပြီး
”’မင်းမိန်းမကငါ့ဆီမှာကတိလာခံပြီးမင်းတို့ဆုံးမဲ့ငွေပြန်ရအောင်လုပ်ပေးရင်ဘုရားနတ်လမ်းပြင်မယ်ငါ့ဆီပွဲလာဆက်မယ်ပြောပြီးအခုကတိမတည်ဘူး–””’
””–အခုမင်းကိုပါသတိလာပေးတာ—မင်းကများငါ့ကိုစော်ကားရဲသေးတယ်””
”’လူ့စည်းဘီလူးစည်းဆိုတာနားလည်လား–””’
””’ကိုယ်မလုပ်နိုင်ရင်ဘယ်ဟာမှကတိလွယ်လွယ်မပေးနဲ့ဘဝပျက်လိမ့်မယ်”””
ဟုဆိုကာတင်ငွေအားနရင်းရိုက်ကာပြန်သွားလေသည်။

နာကျင်သွားသောဒဏ်ရာကြောင့်အရက်သမားတင်ငွေဒေါသပိုထွက်သွားကာဘီလူးအားထပ်ဆဲရင်းလန့်နိုးသွားလေသည်။
အသွင်တူ၍အိမ်သူဖြစ်သောသူတို့လင်မယားကလူရမှာလက်တွန့်နေသည်။
ကားတစီးဝယ်ကာအပန်းဖြေခရီးထွက်ကြလေသည်။
အပျော်အပါးမက်သောသူတို့မိသားစုကဘာကိုမှအလေးမထားစိတ်ညစ်ခဲ့တာများအတိုးချကာပျော်နေသည်။

နောက်တရက်အရပ်ထဲကလူများသတင်းတခုကိုဖောက်သယ်ချနေကြသည်”
””’ညကဒေါ်ခလေးမတို့လင်မယားကားမှောက်ပြီးပွဲချင်းပြီးဆုံးသွားသတဲ့—-”’
”’စိတ်မကောင်းစရာပဲနော်ကတိတလုံးအလွယ်ပေးခြင်းအကျိုးလို့ဆိုရမလိုဖြစ်နေပြီ””
ဒေါ်ခလေးမတို့လင်မယားကတော့တမလွန်မှာနောင်တတွေရနေမည်ထင်ပါသည်။
******ပြီး******
————–DMoe Moe–

Zawgyi Version

ကတိမတည္ေသာအခါဝယ္(စ/ဆုံး)
——————————————
ေဒၚခေလးမတို႔ေနေသာအရပ္တြင္ေရွးေဟာင္းဘုရားတဆူရွိေလသည္ ။ ဆုေတာင္းျပည့္သည္ဟုလဲေရွးကထဲကအဆိုရွိတာေၾကာင့္ဆုေတာင္းျပည့္ေစတီဟုလဲေခၚၾကသည္။ ထိုေစတီကေလး၏အဝင္မုဒ္ဦးနားတြင္ဘီလူ႐ုပ္ထုလည္းရွိေလသည္ ။ ထိုဘီလူး႐ုပ္ထုသည္အသက္ဝင္လွသည္။

အရပ္ထဲကတခ်ိဳု႔သူမ်ားေျပာတာကေတာ့အေရးကိစၥေပၚလာပါကထိုဘီလူးအားအကူအညီသြားေတာင္းလွ်င္ရသည္ဟုနံမည္ႀကီးေနသည္ ။ လူဆိုတာမ်ိဳးကနဲနဲကိုမ်ားမ်ားျဖစ္ေအာင္ကိုယ့္စရိတ္ကိုယ္စားကာပုံႀကီးခ်ဲ႕ကာေျပာတတ္ၾကသည့္အမ်ိဳးျဖစ္သည္ ။

ထိုဘီလူးသည္ရာဇဝင္ထဲကသူရဲေကာင္းျဖစ္ေနျပန္သည္တခါတုန္းကဘုရားခိုးဂိုဏ္းတဖြဲ႕မွလူမ်ား
ဆုေတာင္းျပည့္ေစတီအတြင္းအမ်ားကိုးကြယ္ရန္ထားေသာေရွးေဟာင္းဘုရားတဆူအားလာခိုးၾကေလသည္။
ညသန္ေခါင္အခ်ိန္လူေတြအိမ္ေမာက်ေနခ်ိန္ကိုေ႐ြးကာခိုးၾကျခင္းျဖစ္သည္ ။

ဘုရားခိုးအဖြဲ႕ဘုရားခိုးရန္ျပင္ဆင္ေနခ်ိန္တြင္ဘုရားရင္ျပင္ေတာ္ေပၚသို႔တက္လာေသာႀကီးမားေလးလံလွသည့္ေျခသံႀကီးကိုအဆန္းတက်ယ္ၾကားရေလသည္ ။
”ဒုန္း—ဒုန္း–”

ထိုေျခသံသည္ဘုရားရင္ျပင္တခုလုံးတုန္ခါသြားေလသည္ထိုအခါဘုရားခိုးအဖြဲ႕လဲ
ဘာမ်ားလဲလို႔အံ့ၾသစြာေစာင့္ၾကည့္ေနရင္းဘုရားခိုးလက္စရပ္ကာအေျခအေနေလ့လာၾကည့္လိုက္တဲ့အခါ
သူတို႔အဖြဲ႕ေပၚသို႔အရိပ္မဲႀကီးတခုဖုံးအုပ္လာရာအလန႔္တၾကားေမာ့ၾကည့္လိုက္သည့္အခါမွာေတာ့
လြန္စြာႀကီးမားေသာဘီလူးႀကီးတေကာင္သည္လက္ထဲကကိုင္ထားေသာတင္းပုတ္ကို႐ြယ္ကာ
သူတို႔အားထုရန္ေျမႇာက္လိုက္ေလသည္။

ဘုရားခိုးအဖြဲ႕လဲေအာ္ဖို႔ေတာင္အခ်ိန္မရေသေျပးရွင္ေျပးေျပးၾကသည္မွာမာရသြန္ၿပိဳင္ပြဲဝင္ေနသလားထင္ရေလသည္ ။
ထိုသတင္းေၾကာင့္ဘီလူး႐ုပ္ထုသည္နံမည္ပိုႀကီးသြားေလသည္။
ထိုဘီလူး႐ုပ္ထုေရွ႕တြင္ကန္ေတာ့ပြဲမ်ားေခါင္းစီးပုဝါမ်ားစီးကရက္ဘူးမ်ားမုန႔္ပဲသေရစာမ်ားလာဆက္ထားသည္မွာမနဲမေနာပင္
စာေမးပြဲေအာင္လိုသူမ်ားစီးပြားေရးလုပ္သူမ်ားအျခားအပူသည္မ်ားႏွင့္အၿမဲစည္ကားေနသည္။
တိုက္ဆိုင္၍ပဲလားဘီလူးကစြမ္းတာလားေတာ့အေသအခ်ာမသိေပမဲ့သူမ်ားေယာင္ရင္လိုက္ေယာင္တတ္ေသာ့လူေတြအက်င့္အတိုင္းဘီလူးတန္ခိုးထြားေနသည္။

တေန႔ေဒၚခေလးမေယာက်ၤားအရက္သမားတင္ေငြအဆက္အသြယ္ျဖင့္အခ်ီႀကီးပြႏိုင္ေသာအလုပ္တခုလုပ္ရန္အတြက္
အိမ္ဂရံေပါင္ကာရွိသမွ်ပစၥည္းမ်ားေရာင္းခ်ကာထည့္လိုက္ေလသည္။
သူတို႔လင္မယားေမွ်ာ္လင့္ခ်က္ျဖင့္စိတ္ကူးယာဥ္ကာေလထဲတိုက္ေဆာက္လွ်က္ရွိသည္။
ဒါေပမဲ့အခ်ိန္လြန္လာေတာ့သူတို႔ေငြေပးလိုက္ေသာလူသည္လိမ္သလိုလိုႏွင့္ေရွာင္ေနေလသည္။

ဒီမွာတင္ေဒၚခေလးမတို႔လင္မယားမ်က္ကလူးဆန္ျပာျဖစ္လာသည္ရွိတာေတြလဲကုန္လို႔အေႂကြးမ်ားပင္တင္ေနေခ်ၿပီဒုခၡနဲ႔လွလွေတြ႕ေတာ့မည္ေလႀကံရာမရျဖစ္ေနတုန္း
တရက္အရပ္ထဲမွမိတ္ေဆြတေယာက္က
”’– ေဒၚခေလးမရယ္ဘုရားကဘီလူးဆီမွာသြားၿပီးအဓိဌာန္ၾကည့္ပါလား–က်ဳပ္အိမ္ေဘးကကေလးမေလးေတာင္အလုပ္ရေအာင္ပြဲသြားေပးတာခ်က္ခ်င္အလုပ္ရတယ္—””
ေဒၚခေလးမလဲစိတ္ဝင္စားသြားသည္ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိအက်ပ္အတည္းနဲ႔ေတြ႕ေနခ်ိန္တြင္
အားကိုးရာရွာၾကစၿမဲမို႔ဘီလူး႐ုပ္ဆီအေျပးအလႊားသြားလိုက္သည္
””အရွင္ဘီလူးက်မတို႔မိသားစုအခက္အခဲကိုကူညီေျဖရွင္းေပးပါဆုံးရႈံးေတာ့မည့္ေငြမ်ားတလအတြင္းျပန္ရေအာင္ကူညီပါ—-
——-ျပန္ရပါကဘုရားေနာက္ကနတ္လမ္းလဲျပဳျပင္ေပးမယ္အရွင္ဘီလူးအားလဲစာဖြယ္ေသာက္ဖြယ္မ်ားလာဆက္သပါ့မယ္———-””””””

ေဒၚခေလးမဘီလူးအားတိုင္တည္ၿပီးတလမျပည့္ခင္တြင္ထြက္ေျပးေနေသာလူလိမ္သည္
ေဒၚခေလးမတို႔အိမ္သို႔ေရာက္လာကာအတိုးေကာအရင္းေကာလာေပးေလသည္။
ဆုံးၿပီဟုယူဆထားေသာေငြမ်ားျပန္ရ၍ေဒၚခေလးမတို႔မိသားစုမိုးမျမင္ေလမျမင္ဝမ္းသာေနၾကသည္။

ကားဝယ္မယ္ဟိုဟာဝယ္မယ္ဒီဟာဝယ္မယ္ႏွင့္ဘီလူးအားေမ့သြားေလသည္။
ဘီလူးအားကတိေပးထားသည္ကိုလဲအေရးမထားေတာ့ေပကိုယ္ကံနဲ႔ကိုယ္ျပန္ရသည္ဟုသေဘာထားသည္။
ဥစၥာမွန္လို႔ျပန္ရသည္ဟုအရပ္ထဲႂကြားထားေလသည္အားက်သူေတြကလဲေျမႇာက္ပင့္ေပးေလသည္။

တညတြင္ေဒၚခေလးမထိတ္လန႔္စရာအိမ္မက္ျမင္မက္ေလသည္အိမ္မက္ထဲဘုရားကဘီလူးႀကီး
အိမ္ေပၚတက္လာကာေဒၚခေလးမအားလက္ညိဳးထိုးၿပီးေျပာလိုက္သည္
”ဟဲ့နင္ကတိမတည္ပါလားနင္တို႔ဆုံးေတာ့မဲ့ေငြေတြငါၿခိမ္းေျခာက္ၿပီးရေအာင္ေတာင္းေပးထားတာ———
ကတိအတိုင္းလာလုပ္ေလ—-”’
”” ပိုက္ဆံကမပိုဘူးျဖစ္ေနလို႔ပါေငြပိုေငြရွံရလာရင္လာလုပ္ပါမယ္—–””
ထိုအခါဘီလူးသည္ေဒါသတႀကီးအိမ္ေပၚကဆင္းသြားေလသည္။
ေဒၚခေလးမမနက္မိုးလင္းေတာ့ထိုအိမ္မက္အားသတိမရေတာ့ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားသည္။

ေနာက္တရက္တြင္ေဒၚခေလးမေယာက်ၤားတင္ေငြသည္မူးမူးႏွင့္အိပ္ေနရာ
”ဒုန္း–ဒုန္း–”’
ျပင္းထန္လွေသာေျခသံေၾကာင့္အိမ္ပါသိမ္ကနဲသိမ္ကနဲတုန္ခါသြားေလသည္။
ထိုအခါအိပ္ေနေသာအရက္သမားတင္ေငြေခါင္းသည္အေပၚသို႔ႂကြတက္သြားသည္။
ထို႔ေၾကာင့္တင္ေငြကေဒါသျဖစ္သြားကာ
”ဘယ္ေခြးမသား——————#$$$###@@@####———”

အဆဲနည္းေပါင္းစုံျဖင့္ေဝေဝဆာဆာဆဲကာေခါင္းေထာင္ၾကည့္လိုက္ေတာ့
အံ့ၾသမကုန္ႏိုင္စြာျမင္လိုက္ရသည္ကလြန္စြာႀကီးမားေသာဘီလူးႀကီးတေကာင္သည္ေဒါသႀကီစြာအိမ္ေပၚတက္လာၿပီး
”’မင္းမိန္းမကငါ့ဆီမွာကတိလာခံၿပီးမင္းတို႔ဆုံးမဲ့ေငြျပန္ရေအာင္လုပ္ေပးရင္ဘုရားနတ္လမ္းျပင္မယ္ငါ့ဆီပြဲလာဆက္မယ္ေျပာၿပီးအခုကတိမတည္ဘူး–””’
””–အခုမင္းကိုပါသတိလာေပးတာ—မင္းကမ်ားငါ့ကိုေစာ္ကားရဲေသးတယ္””
”’လူ႔စည္းဘီလူးစည္းဆိုတာနားလည္လား–””’
””’ကိုယ္မလုပ္ႏိုင္ရင္ဘယ္ဟာမွကတိလြယ္လြယ္မေပးနဲ႔ဘဝပ်က္လိမ့္မယ္”””
ဟုဆိုကာတင္ေငြအားနရင္း႐ိုက္ကာျပန္သြားေလသည္။

နာက်င္သြားေသာဒဏ္ရာေၾကာင့္အရက္သမားတင္ေငြေဒါသပိုထြက္သြားကာဘီလူးအားထပ္ဆဲရင္းလန႔္ႏိုးသြားေလသည္။
အသြင္တူ၍အိမ္သူျဖစ္ေသာသူတို႔လင္မယားကလူရမွာလက္တြန႔္ေနသည္။
ကားတစီးဝယ္ကာအပန္းေျဖခရီးထြက္ၾကေလသည္။
အေပ်ာ္အပါးမက္ေသာသူတို႔မိသားစုကဘာကိုမွအေလးမထားစိတ္ညစ္ခဲ့တာမ်ားအတိုးခ်ကာေပ်ာ္ေနသည္။

ေနာက္တရက္အရပ္ထဲကလူမ်ားသတင္းတခုကိုေဖာက္သယ္ခ်ေနၾကသည္”
””’ညကေဒၚခေလးမတို႔လင္မယားကားေမွာက္ၿပီးပြဲခ်င္းၿပီးဆုံးသြားသတဲ့—-”’
”’စိတ္မေကာင္းစရာပဲေနာ္ကတိတလုံးအလြယ္ေပးျခင္းအက်ိဳးလို႔ဆိုရမလိုျဖစ္ေနၿပီ””
ေဒၚခေလးမတို႔လင္မယားကေတာ့တမလြန္မွာေနာင္တေတြရေနမည္ထင္ပါသည္။
******ၿပီး******
————–DMoe Moe–