ကမ္ဘာခြားက ဆန်ရေ

ကမ္ဘာခြားက ဆန်ရေ(စ/ဆုံး)

—————————

“”ဝေါ….ဝေါ…..ဂျိန်းး…ဂျလိန်း

ည၈နာရီအချိန်….
….အားကောင်းသောမိုးရေတို့သည် ဘဲဂယက်ရွာပေါ်သို့ သဲသဲမဲမဲရွာသွန်းချလျှက်ရှိသည်။

ထို့အတူ ဘဲဂရယ်ရွာ၏ဘုံဆိုင်တဆိုင်တွင် ယစ်ထုပ်ကြီး ယစ်ထုပ်လေးအပေါင်းတို့သည် ဆိုင်ရှင်လှဦး ကိုယ်တိုင်ချက်ရောင်းသော မီတောက်အရက်ကို အားပါးတရသောက်ရင်း စကားဖောင်ဖွဲ့နေကြ၏။
သောက်သုံးသူများသဖြင့် ဆိုင်ရှင်လှဦးရော ဇနီးလုပ်သူ မသေးသေးပါ လက်မလည်အောင်ရှိနေတော့သည်။ အရက်ကောင်းသလို အမြည်းကလည်းစွန်သဖြင့် ယစ်ထုတ်အပေါင်း အတော်လေး ခံတွင်းတွေ့နေခြင်းဖြစ်သည်။

…..ထိုကဲ့သို့ ဆိုင်အတွင်း လူစည်ကားနေချိန်မှာ….

…ဝေါ….ဖြော……
…ဂလုံ…..ဂွမ်

….ဟဲ့…သောက်ခွေး
…ဘာကောင်တုန်းဟ….
..ဟ
…ဟင်
…အလို….
..
…….ရွေအလေး ပါ့လား….မိုးထဲလေထဲ ဘာဖြစ်လာတာတုန်းကွ…

…အ…..အ……အီး…..
……
….ဘာ….
…အရက်တလုံး….
..ဟုတ်လား….

…အီး….အီး…..

…ဟေ….အရက်တလုံးကို ၁ကျပ်ကွ…
…မင်းမှာပိုက်ဆံပါလို့လား….

….အ……အိ…..
..ချလွင်…..အူး….

…ယော်…..အဟုတ်ဟ…..

…ဘာလဲ….မင်းအဖေ သံချောင်းသောက်ဖို့မို့လား…..
…ဒီကောင်ကွာ….
..ဒီလောက် မိုးကြီးလေကြီးထဲမှာ ခလေးကို အရက်ဝယ်ခိုင်းရတယ်လို့…..
..ကဲ…ရော့…ရော့….
…မနက်ကြ ပုလင်းခွံပြန်ပို့…ဟုတ်ပြီလား….

…အီ…အီ……
..ဝေါ…ဖရေ…..

…အသက်အားဖြင့် ၁၀နှစ်လောက်သာရှိဦးမည့်ခလေးတဦးဟာ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော ကျပ်စေ့တစေ့ကိုပေးကာ လှဦးပေးသောအရက်တလုံးကိုပိုက်ပြီး ဆိုင်အပြင် မိုးသည်းထဲသို့ ပြေးထွက်သွားလေတော့သည်။

…ဟူးးး
…သံချောင်းတယောက်လဲ အတော်ခက်တာပဲကွာ….ခြေတဘက်ပြတ်ပြီးဒုက္ခိတဖြစ်နေတာတောင် အရက်လေးတမျမျနဲ့….အရက်သောက်တာကအကြောင်းမဟုတ်ဘူး ရွှေအလေးအပေါ် မညှာမတာ လုပ်နေတာတော့ တကယ်မကောင်းဘူးကွာ…..

…မှန်တယ် လှဦး
…သံချောင်းဆိုတဲ့ကောင်က ရွှေအလေးရှိနေ့လို့ ထမင်းနပ်မှန်နေတာကွ…
..ဒီကောင် ခြေထောက်ပြတ်ပြီး ကားမမောင်းရ ထဲက ဘာဝင်ငွေမှရှိတော့တာမဟုတ်ဘူး…ရွှေအလေးခင်ဗျာ သူ့အဖေအပေါ် အတော်သံယောဇဉ်ကြီးရှာတာကွ….နေ့တဒူပ ရွာထဲမှာ တောက်တိုမယ်ရလျှောက်လုပ်ပြီး ရလာတဲ့မုန့်ဖိုးလေးနဲ့ ထမင်းစရိတ်ရှာပေးနေတာ….သံချောင်းဆိုတဲ့ကောင်က အိမ်မှာနေပြီး ထမင်းတောင် ချက်ဖော်ရတာမဟုတ်ဘူး….
…..
…..အေးကွာ….
…သာဒင်ပြောသလိုပဲ ရွှေအလေးက သံချောင်းအပေါ်ကောင်းသလောက် သံချောင်းက ဘာ့ကြောင့် ရွှေအလေးအပေါ် မကောင်းရတာလဲမသိဘူး….ဟို့နေ့က ငါ့အိမ်မှာ ရေလာခက်ပေးရင်း သူ့ကျောက်ကုန်းမှာ ညိုညိုအကွက်ကြီးတခုမြင်လို့ မေးကြည့်သေးတယ် ဘယ်လိုမှမေးမရဘူး…အဲ့ဒါ သူ့အိမ်နားက ဒေါ်အောင်စပြောမှ သံချောင်း လေးဂွနဲ့ပစ်လိုက်တဲ့ဒဏ်ရာမှန်းသိရတယ်။
…အရက်ကုန်နေတာကို ဝယ်မထားရကောင်းလားဆိုပြီးလေ…..

….ဟူးးး
….ဘာပဲဖြစ်ဖြစ်ပါ ကို့သွေးရင်းသားရင်းကို ဒီလောက်တော့ မလုပ်သင့်ပါဘူး….

….မတတ်နိုင်ဘူးသာဒင်….ဒီခလေးရဲ့ဝဋ်ကြွေးပေါ့…..မင်းတို့တွေလည်း ရွှေအလေးအပေါ် အတက်နိုင်ဆုံး ကူညီစောင့်ရှောက်ကြပါကွာ….သံချောင်းတယောက်လဲ ဖခင်စိတ် အမြန်ဆုံးဝင်ပါစေလို့ ဆုတောင်းပေးရမှာပဲ…ဟူးးး
………………………………………………..

…..တကယ်တော့ ရွှေအလေးဟာ သံချောင်း၏ သားအရင်းတယောက်ဖြစ်ပါသည်။
..သံချောင်းဟာ ယခုလိုဒုက္ခိတမဖြစ်ခင်မှာ အုံနာဦးဟံတင်ထောင်ထားသော ပုသိမ်..ဘဲကယက် သို့ပြေးဆွဲနေတဲ့ လိုင်းကားမှာ လခစားအဖြစ်ကားမောင်းပါတယ်။
သံချောင်းမှာ ခင်ခင်လှဆိုတဲ့ ဇနီးတဦးရှိခဲ့ပါတယ်…ရွှေအလေးကိုမွေးပြီး ၃လအကြာမှာ ခင်ခင်လှက သံချောင်းမောင်းသောကား၏ စပယ်ယာ သန်းမြင့်နှင့်လိုက်ပြေးပြီး ပင်လယ်ဘက်ပါသွားခဲပါတယ်။ ဒါ့ကြောင့် မိန်းမအပေါ်စိတ်နာပြီး သံချောင်းလေးအပေါ် မေတ္တာခမ်းခဲ့ခြင်းဖြစ်သည်။ အဲ့နောက်ပိုင်း ခင်ခင်လှအပေါ်နာကျဉ်းစိတ်နဲ့ အရက်ကိုဖိသောက်ရင်းက အရက်သမားလုံးလုံးဖြစ်သွားတယ်….အဲ့တော့ အမူးသမားဒရိုင်ဘာတို့၏ ဖြစ်လေ့ဖြစ်ထ သဘောရိုးအတိုင်း ကားမှောက်ပြီး ခြေတဘက်ဖြတ်လိုက်ရတယ်။
…သူ ယခုလို ဒုက္ခိတဖြစ်ရခြင်းဟာ ခင်ခင်လှ၏စနက်ကြောင့် ဒီတော့ ခင်ခင်လှ၏သွေးပါနေသော သံချောင်းလေးအပေါ် လုံးဝ လုံးဝ မေတ္တာခမ်းနေခြင်းပင်ဖြစ်သည်။ ခမ်းဆို ရွှေအလေးရဲ့မျက်နှာက သံချောင်းနဲ့မတူပဲ ခင်ခင်လှနှင့်ပိုပြီးဆင်နေ၍ ရွှေအမျက်နှာကိုမြင်တိုင်း သံချောင်းအဖို့ အနာဟောင်းကိုတုတ်နဲ့ဆွနေသလိုသာဖြစ်နေလေ၏။
ရွေအလေးဟာ မွေးရာပါ စကားမပြောတတ်တာကလွဲလို့ အားလုံးလူဆင်မှီပါတယ်။ ဉာဏ်လဲအလွန်ကောင်းသဖြင့် အခြားခလေးတွေလို ကျောင်းမနေရသည့်တိုင် သူများ စာဖတ်တာ စာရေးတာကိုကြည့်ပြီး ရေးတတ်ဖတ်တတ်တဲ့အဆင့်ရှိသည်။ ဖခင်ဘယ်လောက်ပဲ မုန်းနေဦးတော့ ဖအေလုပ်သူကို အရမ်းချစ်သည်။ ကျောင်းနေအရွယ်မှာပဲ ကြုံရာကျပန်းအလုပ်ကိုလိုက်လုပ်ပြီး သားအဖနှစ်ယောက်ရဲ့ဝမ်းရေးကိုဖြေရှင်းနေရသူပါ။
မနက်မိုးလင်းတာနဲ့ ဘဲကယက်ဈေးကိုသွားပြီး ဈေးကူခင်းပေခြင်း၊ဈေးတောင်းသယ်ပေးခြင်း၊ရေခက်ပေးခြင်းတို့ကိုလုပ်ဆောင်ပြီး ရလာတဲ့မုန့်ဖိုး၊ဟင်းစားလေးတွေနဲ့ တနေ့စာဟင်းတခွက်ကိုဖန်တီးတယ်။ ဈေးပွဲသွားရင် အိမ်ကိုအပြေးပြန်ပြီး ထမင်းချက်၊ဟင်းချက်၊ဖခင်ချိုးဖို့၊အိမ်သုံးဖို့ရေခက်တယ်။ အားလုံးပြီးရင် ရွာထဲတပါတ်ပါတ်ပြီး တောက်တိုမယ်ရ အိမ်အကူအလုပ်လေးတွေလိုက်လုပ်ရင်း ဖခင်ရဲ့အရက်ဖိုးကိုလှည့်ရှာပြန်ပါသေးတယ်။
ဒုက္ခိတဖခင်ကို ထမင်းပွဲရှေ့အရောက်၊ရေချိုးဖို့အရံသင့်၊အိပ်ဖို့ အိပ်ယာကအစ အဆင်သင့်ခင်းပေးတယ်။
ဒါ့ကြောင့် ရွှေအလေးကို တရွားလုံးက သနားကြသည်၊ချစ်ခင်ကြပါသည်။

သံချောင်းကတော့ နာမည်နဲ့လိုက်အောင် ခက်မာမာရယ်ပါ ခုလို လူမမယ်သားလေးက လုပ်ကိုင်ကျွေးမွေးနေတာကို လုံးဝအကောင်းမြင်ရိုးထုံးစံမရှိသည့်အပြင် စိတ်မထင်ရင်မထင်သလို ဂွနဲ့ပစ်သည်၊ချိုင်းထောက်နှင့်ရိုက်သည်၊ငါမိုးမွှန်အောင်ဆဲသည်။
….ဘယ်လောက်ထိ လုပ်သလဲဆိုရင်
….တနေ့သောမနက်မှာ….ရွေအလေးဈေးထဲသို့ အလုပ်သွားခါနီး အိပ်နေတဲ့ဖခင်ကို ဦးသုံးကြိမ်ချနေတုန်း သံချောင်းနိုးလာပြီး ဦးကုန်းချနေတဲ့ရွှေအလေးကို ခြေထောက်နဲ့ဆောင့်ကန်လိုက်ရာ အိမ်အောက်သို့ ပက်လက်လန်ကျသွားတဲ့အခြေနေထိပေါ့ဗျာ။
ရွေအဆိုတဲ့ခလေးကလည်း ထုလေမာလေပဲ။ သံချောင်းသက်မယ်ဆိုရင်တောင် လည်စဉ်းပေးမဲ့အနေအထား သူ့တကိုယ်လုံးလည်း သံချောင်းနှိပ်စက်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေကိုပြည့်လို့။ ကိုယ်သားကိုယ် ဒီလိုလုပ်ရကောင်းလားလို့ ပတ်ဝန်းကျင်ကပြောရင်လည်း ငါမိုးမွှန်အောင်ဆဲတတ်သဖြင့် မည်သူမှ မပြောကြတော့ပေ။

ယနေ့ညနေတော့ ရွှေအလေး အလုပ်သစ်တခုကို အားကျိုးမာန်တက်လုပ်ဆောင်နေလျှက်ရှိသည်။ ထိုအလုပ်က သဲတူးသည့်အလုပ်ဖြစ်သည်။ ဘဲကယက်ဘူတာအနီး ရထားလမ်းဘေးမှာ သဲကျင်းချောက်တခုရှိပါသည်။ နှစ်တိုင်း နွေပေါက်ရင် သဲလာဝယ်သော ဖောက်သည်တွေကို မီးရထားအလုပ်သမားရွေဖာက သဲတူးပြီးရောင်းသည်။ အဲ့အခါမှာ ရွေအလေးက သဲကူသယ်ရင်း လှည်းတစီးကို ငွေတမတ်ရသည်။ စုစုပေါင်း သဲတူးသူ၁ဦး သဲလောင်းသူ၃ဦးဖြစ်သည်။ ရွေအလေးက ကွမ်းမစားဆေးမစား အိမ်ဖြည့်ပေါ့။ ဒါပေသည့် အများနည်းတူ မခိုမကပ်ပဲလုပ်သဖြင့် ရွေဆာက အများနည်းတူငွေရှင်းပေးသည်။ ဖောက်သည်အကျများရင်များသလို အလုပ်ကောင်းသဖြင့် နေညိုတာနဲ့ ရွေအလေးရဲ့အိတ်ထဲမှာ ၅ကျပ်လောက်ရောက်နေပေပြီ။ ဒီတော့ ဖခင်ရဲ့အရက်တလုံးဖိုး၁ကျုပ်ဖယ်လိုက်ဦး ၄ကျပ်ကျန်သေးသည်။ ထို့ကြောင့် ပိုတဲ့ငွေကို လုံခြုံတဲ့နေရာမှာဝှက်ပြီးစုထားလိုက်လေသည်။
နောက်ရက်များမှာ သယ်ဝယ်သူများက အော်ဒါမှာခဲ့သဖြင့် နေ့ရောညပါ သဲတူးပြီး ကျင်းပေါ်မှာ လှည်းတစီးစာတပုံစီပုံပြီး ကြိုတူးထားရသည်။ ဒီအခါမျိုးကြ ရွှေဖာမယူတော့ဘူး ကိုယ်ရ ကိုယ်ယူဆိုပြီး ငယ်သားများကို ပေးလုပ်ပါတယ်။
ဒီတော့ အလုပ်သမားများက ကို့အပုံကိုယ်ပုံပြီး ကိုယ်ရကိုယ်ယူလုပ်ကြတာပေါ့။ သဲတပုံကို ငွေ၅ကျပ်ဆိုတာအဲ့ခါတ်က အတော်လေးတာသွားပါတယ်။ သို့သော် တဦးထဲလုပ်ဖို့ကြ ရွှေအလေးအတွက်အခက်အခဲဖြစ်နေလေသည်။ သဲတူးတယ်ဆိုတာ အင်မတန် အန္တရာယ်များပါတယ် ချောက်အတွင်းက သဲဂလိုင်ကို ဖြေးဖြေးခြင်းနှိုက်တူး၍ သဲကောင်းကိုတူးရတယ်။ ဂလိုင်နက်သွားရင် တွင်းနှုတ်ခမ်းကိုပေါက်တူးနဲ့ဖဲ့ချပြီး ထပ်တူးရပါတယ်။ အဲ့လိုမှမဖဲ့ရင် ကျင်းပြိုကျတတ်ပြီး ကျင်းထဲကလူအတွက် မတွေးဝံ့စရာပါ။
ထိုအချိန်ဟာ ရွှေအလေးရဲ့အသက်၁၂နှစ်ရှိပါပြီ။ ဘဝပေးအခြေနေကြောင့် အလုပ်ကြမ်းတွေကို နေပူမရှောင် မိုးရွာမရှောင်လုပ်ရင်း အသားအရည်တွေကြေးနီရောင်သန်းနေသလို ကျစ်ကျစ်လစ်လစ်စုထားသော ကျပ်စေ့၃ရာလည်းပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထိုအချိန်က ငွေ၃ရာရှိရင် ၃ပင်အိမ်တလုံးဆောက်လို့ရပါသည်။ ရွှေအရဲ့စိတ်ထဲမှာမိုးမကျခင် လက်ရှိနေတဲ့ တဲစုတ်လေးကိုဖျက်ပြီး ဝါးအိမ်ကောင်းကောင်းလေးတလုံးဆောက်ဖို့ရည်ရွယ်ထားလေသည်။
ထို့ကြောင့် ရွှေအကိုအရမ်းခင်သော လက်သမားဆရာဦးဖိုးစီထံမှာ ၃၀၀အက်ပြီး မိုးမကျခင် အိမ်အသစ်ဆောက်ရန်ကြံရွယ်ထားလေတော့သည်။

..ကဲ…
….ငါ့လူတွေရေ…သဲတူးတာ သတိထားပြီးတူးကြ….
..ညက သင်္ကြန်လက်ဆေးမိုးရွာထားတော့ မြေကနူးနေတယ်…ဂလိုင်တအားမနက်စေနဲ့ ဒေါက်တွေကို သေသေချာချာထောက်ထား…

….ဟုတ်ကဲ့ ဆရာရွှေဖာ….အစစအရာရာ သတိထားနေပါတယ်….

…အေးကွာ ဆိတ်သိုးရယ်….သင်္ကြန်ပြီးထဲက ဖောက်သည်တွေတအားဝင်နေတော့ သဲက မနိုင်ဘူးဖြစ်နေတယ်….သဲကူသယ်တဲ့ခလေးတွေကို ကျင်းထဲအဆင်းမခံနဲ့…

..စိတ်ချ ဆရာ

…အေး….ခုည ငါတို့အဖွဲ့ ဒါးကဘူတာဘက်ကို တွဲသွားတင်ဖို့ရှိတယ်…ငါ့လခွမ်း စာပို့ရထားကြီးလမ်းချော်ကျထားတာ ၆တွဲတောင်….၂ရက်လောက်ကြာမယ်…အစစအရာရာစိတ်ချမယ် ဆိတ်သိုး….

…ထိုကဲ့သို့ လမ်းဗိုလ်ရွှေဖာထွက်သွားပြီး ခဏအကြာမှာ ရွာထဲမှ ဒေါ်မြင့်မြင့်အုန်းဆိုတဲ့ မိန်းမကြီးတဦးရောက်လာလေသည်။

….ဟဲ့ ဆိတ်သိုး…..
..သဲတစီးလောက် အရေးတကြီးလိုလို့ အမြန်တူးပေးပါ့လား….

…ဗျာ…..
….ရှေ့မှာ မှာထားတဲ့အော်ဒါတွေဖို့တောင်တူးလို့မပြီးသေးဘူးဗျ……

…အမလေးဟယ်….
…ကို့ရွာသားခြင်းပဲ ကြည့်လုပ်ပေးပါဟယ်
…အိမ်မှာ မီဖိုကို သမံတလင်း အချောကိုင်နေတာ သဲပျက်သွားလို့ပါ…မနက်ဖြန်မနက်လာယူမယ်…..နှစ်ဆပေးမယ်ဟယ်….နော်….နော်………
….ပြောလဲပြော ထွက်သွားသော ဒေါ်မြင်းမြင့်အုန်းကိုကြည့်ပြီး ဆိတ်သိုး အတော်စိတ်ညစ်သွားသည်။ ညကမိုးကြောင့် သဲက အရင်လိုတူးလို့မကောင်းတော့…..မှာထားသောဖောက်သည်တွေအတွက်တောင် မနဲတူးပေးရမည့်အနေအထား…..
…သာမန်ဆို သဲတပုံကို ငွေ၅ကျပ်ကျပါတယ် နှစ်ဆဆိုရင် ငွေ၁၀…..မက်တော့ မက်လောက်စရာပါ…ဒါပေမဲ့ ဆရာရွှေဖာက တထစ်ကျ…စကားကိုလုံးဝ အပျက်ခံလို့မဖြစ်…ဒါ့ကြောင့် အဲ့နေ့ညနေမှာပဲ တူးပြီးသားသဲအားလုံးကို ဖောက်သည်များဆီသို့ အပြီးအက်လိုက်လေတော့သည်။

” ထိုည ၉နာရီအချိန်ခန့်တွင်”

” ဒိန်း…..ဂျိမ်း….ဂျလိန်း
..ဖြော…ဝေါ….ဝေါ……
…ဝုန်း……ဗြုံး……

…သင်္ကြန်လက်ဆေးမိုး၏ လက်ကျန်မိုးတလုံးဟာ ဘဲဂရက်ရွာပေါ်သို့ အလုံးအရင်းနှင့်ရွာချလျက်ရှိလေသည်။ လေရောမိုးပါ ကြမ်းလွန်းသဖြင့် သစ်ပင်ငယ်အချို့ ကျိုးပဲ့ကုန်တော့သည်။
…မိုးကြီးလွန်းသဖြင့် လက်သမားကြီးဖိုးစီ အိပ်မရပဲ ဆေးလိပ်တိုကိုကောက်ဖွာ၍ တောင်တွေး မြောက်တွေး တွေးနေသောအချိန်မှာ….

…ဝှီးးးဝေါ…….ဖြော…
..ဒေါက်…ဒေါက်…..
…ရှပ်….ရှပ်…

…ဟ….မိုးထဲလေထဲမှာ..ဘယ်သူတုန်း တံခါးလာခေါက်တာ….

…အ…အ….အီ..အီ…..

…အလို …..ဒီအသံ ကြားဖူးသလိုပဲ
…မှန်းစမ်း…
…ကျွီ…….
…ဟာ……
…အမလေး…..
…ရွှေအ…..အချိန်မတော်ကြီး ဘာလာလုပ်တာတုန်းဟ……

…ဖိုးစီလန့်မယ်ဆိုလည်း လန့်စရာပါ….တကိုယ်လုံး သဲ၊ရွံ့တွေပေကျန်ပြီး မျက်လုံးများ ပုံမှန်ထက်ပြူးထွက်နေသော ရွှေအလေးကိုကြည့်ပြီး ဖိုးစီရဲ့ ဆံပင်များထောင်သွားလေ၏…..
ပြီးတော့ ရွှေအရဲ့လက်ထဲမှာ အထုပ်တထုပ်ကပါလာသေး….

…ဘာလဲ ရှအေ…ဘာကိစ်စလဲ
..မင်းလက်ထဲက ဘာအထုပ်လဲ….

…အ…..ဟီးဟီ…. အီးး……
….အီး……အူးး

..ဟေ…ဒီအထုပ်က ငါ့ကိုပေးဖို့လား
…ဘာအတွက်လဲ….

…အ….အ…..အီးးး

…ဘာ….အိမ်ဆောက်ဖို့…..
…ဘယ်သူ့အိမ်လည်း…..

…အမ်း….အမ်းး……အူးး

…ဘာ….မင်းတို့အိမ်ဆောက်ဖို့….
…လခွီး…နောက်စရာရှားလို့ မိုးထဲလေထဲတောင် လာနောက်ရတယ်လို့…အအေးပတ်ပြီး မာလကီးယားနေဦးမယ် သွား…သွား….ပြန်တော့….လခွမ်းမှပဲ….

….ကျွီ…..
.ဝှစ်…..ဖုတ်….
…တံခါးပြန်စေ့မယ်လုပ်တော့ အထုပ်တထုပ် အိမ်ပေါ်ရောက်လာလေသည်…
…ဟာ….
..ဒီခလေးတော့……

….စိတ်တိုပြီး တံခါးပြန်ဖွင့်ကြည့်လိုက်သောအခါ…
….အလို….
…ဘယ့်နယ်ဟာတုန်း…
…ချက်ချင်းကြီး ဘယ်ရောက်သွားပါလိမ့်…
….
…………………………………………………
…….

……”၃ရက်ခန့်ကြာသောအခါ……

” ကိုင်း”
… လှဦးတို့ သာဒင်တို့….
မင်းတို့ကို တခုပြောစရာရှိလို့ကွ….

…ဗျာ….ဘာများလည်း ဆရာစီ….

..အရက်ဆိုင်အတွင်းက လူအားလုံး ခါးများစန့်သွားလေသည်။

…ဒီလိုကြ…
…ဟော့ဒီမယ် ငွေထုပ်…အထဲမှာ ကျပ်စေ့၃ရာတိတိရှိတယ်….

…ဟာ
…အလို
…အင်း…
…များလှချေလား…..
…….
…အေး…ဟုတ်တယ်
…အဲ့ငွေက ရွှေအလေး လာအက်သွားတဲ့ငွေတွေ….အိမ်ဆောက်ချင်လို့တဲ့…..

..ဟာ……
….ဘယ်လို
…ဒီ…ဒီငွေတွေကို…ရွှေအလေးက ဘယ်လိုရှာလာတာလည်း

…ဒါတော့ငါလဲမသိလား
…မိုးတအားကြီးတဲ့ညက ရွှေအလေး လာပေးသွားတာ….

…ဒါဆို ဒီခလေး ရိုးမှရိုးရဲ့လားဟ

…ဟ….ဘာလို့မရိုးရမှတုန်း
…ရိုးလို့မက……
…အဲ့ငွေက ငါတို့သဲကျင်းမှာ သဲကူသယ်ရင်းစုထားတဲ့ငွေတွေ…

..ဘယ်လို ရွှေဆာ….

..ဟုတ်တယ်….ဒီတနွေလုံး ငါတို့ရဲ့သဲလုပ်ငန်းမှ ရွေအလေး သဲကူသယ်နေတာ…အဲ့အိတ်ကလည်း…ငွေစုချင်တယ်ဆိုလို့ ငါ့ဆီကတောင်းသွားတဲ့အိတ်….

..သြော်…ဒါဆိုရင်တော့ ရှင်းသွားပြီပေါ့
…ဒီလိုဆို တော်တော် လေးစားဖို့ကောင်းတဲ့ခလေးပဲကွ….
…အရွယ်နဲ့မလိုက်အောင်ကို တော်လွန်းတယ်……
….ဒီတော့…သူ့ငွေလေးနဲ့ သူ့အိမ်ကို ငါဆောက်ပေးရတော့မှာပေါ့…..
…လက္ခမယူဘူးကြာ
…အလကားဆောက်ပေးမယ်….
..မင်းတို့လဲ ဝိုင်းကူကြပါကွာ
…ဒီလိုခလေးမျိုးဆိုတာ တရွာမှာတယောက်တောင်ရှိခဲတယ်မို့လား…

…အေး
…ဟုတ်တယ်
…ကူကြတာပေါ့
…ငွေ၃၀၀ဆိုတာ ဝါးအိမ်တလုံးကောင်းကောင်းရပေမဲ့…ပိုပြီးကောင်းအောင် သစ်အိမ်လေးဆောက်ပေးရအောင်….

…ဟ…
..သစ်အိမ်ဆောက်ရအောင် ဘယ်မတုန်း သစ်က……

…ငါ့ဆီမှာ….

…ဗျာ……
…အလို…
..တောခေါင်းကြီးသာအေးပါ့လား
…ဘယ်…ဘယ်လိုလုပ်ပြီးရောက်နေတာလည်း……

…ရောက်နေတာကြာပေါ့….မင်းတို့ပြောတာအကုန်လုံးငါကြားတယ်…..
…ငါ့စခန်းမှာ ဖမ်းမိထားတဲ့သစ်တွေရှိတယ်..ဒီခလေးရဲ့အိမ်ကိုဆောက်ဖို့……..အိမ်တဆောင်စာလာသယ်လှည့် ငွေ၁ရာပဲပေး…..

…ဗျာ….
…..အလို……..
…..အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

…………………………………..
..
……ရွေအ…..
…..ခွေးသခိုးကောင်
….အိမ်ပြန်မလာတာ ၃ရက်ရှိပြီ
…တွေ့မယ်…….
…ပြန်လာရင် ဒင်းကို မသေမခြင်း ရိုက်သက်မယ်…..တောက်…….

…ရွာလမ်းတွင် ချိုင်းထောက်တချောင်းထောက်၍ လျှောက်လာသော သံချောင်းကိုကြည့်ပြီး တရွားလုံး စိတ်ညစ်သွားလေသည်။

…ပြောချေအရ ရွှေအပြန်မလာတာ၃ရက်ရှိပြီတဲ့…အေးလေ…ရွှေအပြန်မလာတော့ သံချောင်းရဲ့ ဝမ်းရေးကိစ္စနဲ့ အရက်သောက်ဖို့ကိစ္စက ပြသနာဖြစ်လာပြီလေ။

…တရွားလုံးကလဲ သံချောင်းဆိုရင် မေတ္တာခမ်းနေသဖြင့် မည်သူမျှ အဖတ်မလုပ်ကြပေ…..

…ဒီလိုနှင့် ရွာထိတ်သို့ သံချောင်းရောက်လာသောအခါ….

…ဒါကာသံချောင်း…..

…ဟင်…..
…ရွာဦးကျောင်းဆရာတော်ပါလား……
..
….တင်….တင်ပါ့ဘုရား…..

…ဟင်းး
..ဒါကာ့ကိုကြည့်ရတာ ဒေါသ၊မောဟတွေ ကြီးလိုက်တာကွယ်….
….ဘာ့ကြောင့် ဒီလောက်ဖြစ်နေရတာလဲကွဲ့…

…တင်ပါ့…
..တပည့်တော်ရဲ့သား ရွှေအ ပြန်မလာလို့ပါဘုရား

…ဟေ…ဘယ်လောက်ကြာပြီလည်းဒါက

..၃ရက်နဲ့ တမနက်ရှိပါပြီဘုရား..

…ဟေ….ဘာကြောင့်ပျောက်နေတယ်ဆိုတာကိုရော မစဉ်းစားမိဘူးလား…..သူ့ကို ဘယ်အချိန် နောက်ဆုံးတွေ့လိုက်လဲ ဒါကာ

…တင်ပါ့….မိုးတအားကြီးတဲ့ညက ၉နာရီအချိန်လောက် အိမ်ပြန်လာပါတယ်ဘုရား…မှန်ရာပြောရရင် အဲ့အချိန်ဟာ တပည့်တော်အရက်သောက်ချိန် မသောက်ရလို့ စိတ်တိုနေတဲ့အချိန်ပါဘုရား…ရွှေအပြန်လာတော့ အရက်ပါမလာတဲ့အပြင် သူ့တကိုယ်လုံး မိုးရေ ရွှံ့ရေတွေနဲ့ ပေကျန်နေပါတယ်ဘုရား…..ဒါ့ကြောင့် စိတ်တိုပြီး ရွှေအမျက်နှာကို လေးခွနဲ့ သုံး လေးချက်လောက်ဆင့်ပစ်မိပါတယ်….အဲ့အချိန်ထဲက ထွက်သွားပြီးပြန်မလာတာ ခုထိပါဘုရား။

….ဒီလို ဆရာတော်နှင့် သံချောင်းတို့ အပြန်အလှန်ပြောနေတာကိုမြင်ပြီး ရွာသားတွေပါဝိုင်းလာကြလေသည်။

…ဒီမယ် ဒါကာ
…ဒါကာတို့ သားအဖနှစ်ယောက်ရဲ့အကြောင်းကို ဘုန်းကြီးအကုန်သိပါတယ်….ဒီတော့ ဘုန်းကြီးမေးမယ်….မှန်ရာကိုဖြေ….

…တင်ပဘုရား…..

..ဒါကကိုးကွယ်တဲ့ဘာသာကိုပြောစမ်း…

..ဟင်…..
…တင်ပါ့
…ဗုဒ်ဓဘာသပါဘုရား

..ကောင်းပြီ…ဗုဒ္ဓဘာသာဝင်ဆိုတာ “ကံ ကံ၏အကျိုး”ကိုယုံကြည့်ရမယ်ဒါကာ….

…ရွှေအလေးဟာ အတိတ်ကံမကောင်းလို့ ဒီဘဝမှာ ဆွံ့အနေပေမဲ့ ဒါကာ့အပေါ်မှာ သားသမီးတို့ ပြုသင့်ပြုထိုက်တဲ့ဝတ္တရားတွေကို အရွယ်နဲ့မမျှအောင်တာဝန်ကျေခဲ့တယ်ဆိုတာ ဒါကာသံချောင်း လက်ခံပါသလား…..

…တင်ပ…..လိုလေသေးမရှိအောင်ပါဘုရား

…အိမ်း….ဒါဖြင့် ဒါကာ့ဘက်ကရော မိဘတွေ ပြုအက်တဲ့ဝတ္တရားတွေရော ကျေပြန်ခဲ့ပြီလားဒါကာ……

…ဟင်……
….ဘာ……ဘာ…..တခုမှ……မ…ကျေ…..

…ထားတော့….လောကမှာ လူရယ်လို့ဖြစ်လာရင် လူစိတ်တော့ မွေးသင့်တယ်ဒါကာ…..ငါ နိုင်ရတယ်ဆိုပြီး နိုင်းခြင်းတိုင်းနိုင်နေတာ လူမဟုတ်ဘူးကွဲ့……ပြီးတော့ ရွှေအလေးက ဒါကာ့ရဲ့ သားအရင်း……ရွှေအလေးအပေါ် မနှိပ်စက်ပါတော့နဲ့ကွယ်…..

….အီးးးဟီးးးဟီးးး
…တင်….တင်ပါ့…..
…တပည့်တော် သိပါပြီဘုရား…..
…တပည့်တော်ရဲ့မိန်းမကို နာကျည်းစိတ်နဲ့ သားလေးအပေါ်ကို လူမဆန်စွာဆက်ဆံမိခဲ့ပါတယ်….တပည့်တော် မှားပါပြီဘုရား…..သားလေး….သားလေးရွှေအ….သားလေးရေ…..
…ကူရှာပေးကြပါဦးဗျာ….ကျုပ်သားလေးကို ရှာပေးကြပါ……..

…..လူပုံအလယ်မှာ အရူးတယောက်လို အော်ဟစ်နေသော သံချောင်းကိုကြည့်ပြီး ရွာသားတွေလဲ သို့လော သို့လောဖြစ်ကုန်ကြသည်။

…ထိုအချိန်မှာ လက်သမားဆရာဖိုးစီနဲ့ လှမိုးတို့ဦးဆောင်သော သစ်လှည်းများရွာထဲဝင်လာကြသည်။

…ဟေ့….
..ရှေ့က စုစု စုစုနဲ့ ဘာဖြစ်နေကြတာလည်း…

..ယော်…သံချောင်းပါ့လား
…ဟေ့ သံချောင်း…ဒီမှာ မင်းအိမ်ကိုဆောက်ဖို့ မင်းသားရွှေအပိုက်ဆံနဲ့ ဝယ်လာတဲ့သစ်တွေပါလာပြီ….ချဖို့နေရာလိုက်ပြဦး…..

…ဟေ…..ဘယ်…..လို…….
…ငါ့သားက အိမ်ဆောက်ဖို့ သစ်ဝယ်…ဝယ်…..အ…..သား….သားလေး…..အဖေ့ရဲ့သားလေး…..အီးးဟီးးဟီးး

………………………………………..

ကိုင်း….
…ရွှေအလေးပျောက်နေတာ ဒီနေ့ရောဆို ၅ရက်ရှိပြီ…ဒီခလေး ဘယ်ကိုများထွက်သွားပါလိမ့်……
…အိမ်တိုင်ထူနေသော ဦးဖိုးစီနဲ့ ရွာသားအားလုံး ခေါင်းခြင်းဆိုင်ကုန်တော့သည်။

..အဲ့ဒါကို တွေးမရတာဗျ
…ကျုပ်တို့နဲ့ သဲကူသယ်တဲ့ညနေက နောက်ဆုံး တွေ့လိုက်တာပဲ…အဲ့နေ့က ဒေါ်မြင့်မြင့်ခင်တောင် ကျုပ်တို့ဆီသဲလာဝယ်လို့ မရတော့ဘူးပြောလိုက်သေးတယ်….အဲ့ညနေက အဲ့သဲကို သူတူမယ်ပြောလို့ ကျွန်တော် ငေါက်လွှတ်လိုက်သေးတယ် ဆရာစီ ။

…ဟေ…ဒါဆို တခုခုမှားနေပြီဆိတ်သိုး
…အဲ့ညက ရွှေအ ငါ့ဆီလာတာ သူတကိုယ်လုံး သဲတွေပေနေတယ်…မဟုတ်မှလွဲရော..
….ဒီခလေး…..
…ဟုတ်ပြီ….
…မြင့်မြင့်အုန်းဆီသွားမေးရအောင်…မင်းတို့ပါလိုက်ခဲ့…..

ဟုတ်ကဲ့…..သွားကြမယ်လေ……

…………………………………………….

နင်တို့ပြောတာအမှန်ပဲ ဆိတ်သိုး
…အဲ့ညနေက နင့်ဆီသဲလာဝယ်ပြီးအပြန် ခဏကြာတော့ ရွှေအလေးရောက်လာတယ်…..မနက်ကြ သဲလာယူပါတဲ့….ငွေ၁၀ကိုလဲ ဆရာဆိတ်သိုးက တောင်းခိုင်းလိုက်တယ်ဆိုလို့ ချက်ချင်းထုတ်ပေးလိုက်တယ်လေ..ဟော့ဒီမယ် သူပေးတဲ့စာ….နင့်လက်ရေးမို့လားဆိတ်သိုး…
…နောက်မနက်ပဲ ငါ့လူတွေကို လှည်းလွှတ်ပြီး သဲယူခိုင်းလို့ အလုပ်တောင်ပြီးပါပကောအေ…

….ဒေါ်မြင့်မြင့်အုန်းပေးသော စာရွာက်ကိုကြည့်ပြီး ဆိတ်သိုးရဲ့မျက်လုံးများပြူးထွက်သွားသည်။ ဒီလက်ရေးက သူ့လက်ရေး လုံးဝမဟုတ် ရွှေအ၏လက်ရေးသာ….

…ဒါ…ဒါဆို
…ဟုတ်ပြီ….သဲ…..ကျင်း…….
…သဲကျင်းကိုပြေးရအောင်…..

…ဘာ…..
…ဘယ်လို ဆိတ်သိုး…..

….လာဗျာ….နောင်မှ ပြောပြမယ်…သဲကျင်းကိုအရင်ပြေးရအောင်…..
…ဖြော….ဖရော……….

…ဖြေးဖြေးတူး……
…ပေါက်တူးကိုတအားမခုတ်နဲ့….
…ဖြော…..
..ဖေရာ
…ရှဲ….
..ဟာ….ပုဆိုးစ…..တွေ့ပြီ
…ဟင်….
…အမလေး…
..ဝေါ့…..အော့…..
…အလောင်း……အလောင်းတွေ့ပြီ………
….အို….
..ရွှေ…..ရွှေအလေး……….
…လာကြဟေ့….လာကြ
….ရွှေအ ကိုတွေ့ပြီ….
…ရွှေအလေး သဲကျင်းပိပြီးသေနေတာကွ
…ဖြစ်…ဖြစ်မှဖြစ်ရလေခလေးရယ်…..

…သီတင်းကြားသဖြင့် သံချောင်းလဲ အလဲလဲအကွဲကွဲဖြင့်ရောက်လာလေတော့သည်……

…သား…..သားလေး….အဖေ့ရဲ့သားလေး
…ဖြစ်….ဖြစ်မှဖြစ်ရလေသားရယ်…….

….ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရွှေအလေးရဲ့အလောင်းကိုဖက်ပြီး သံချောင်း တအားအော်ငိုလိုက်သည်။

….ထို့နောက် ရွှေအလေး၏ ဘောင်းဘီအိတ်ထဲမှ စာရွက်ခေါက်လေးတလောက်ကိုတွေ့သဖြင့် ဖွင့်ကြည့်လိုက်ရာ……

“အိမ်ဆောက်ဖို့=၃၀၀ကျပ်(ပြည့်ပြီး)
အဖေ့အတွက် အထွေထွေသုံးဖို့စရိတ်=၂၀၀ကျပ်….ဆက်လက်စုဆဲ…….
….
…အို…သားရယ်
…….
……စာရွက်ခေါက်လေးကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး သံချောင်းတအား အော်လိုက်လေတောသည်………………….

………သား……….
……..သား……….
……..သား………

(ပြီးပါပြီ)

မောင်ဂေါ်လီ (ဟင်္သာတ)
#လေးစားစွာcreditပေးပါသည်