ကံကြမ္မာက ပေးတဲ့ပြစ်ဒဏ်(စ/ဆုံး)

Unicode Version

ကံကြမ္မာက ပေးတဲ့ပြစ်ဒဏ်(စ/ဆုံး)
—————————–
စာရေးသူ – ဝေဘုန်းဇျာန်(မိုင်းဝယ်သား)
တိတ်ဆိတ်မှောင်မိုက်နေတဲ့ အဆောက်အဦးတစ်ခုဆီမှာ ငြင်းခုန်အော်ဟစ်သံများက တဖြည်းဖြည်းချင်းကျယ်လောင် တိုးထွက်လာကြသည်။
“ဟေ့ကောင်မင်းတို့ ဒါဘာလုပ်တာလဲ ငါ့ကိုလွတ်”
“ဘာလို့လွတ်ရမှာလဲ မင်းငါတို့ဆီက လိမ်ရိုက်လို့ရမယ်ထင်နေလား ပြန်ပေးစမ်း အဲ့ပိုက်ဆံ”
လူငယ်များဝိုင်းဖွဲ့ကစားနေတဲ့ ဖဲဝိုင်းဆီက ထွက်ပေါ်လာတဲ့ စကားသံများသာဖြစ်သည်။
“ငါမင်းတို့ကိုဘာမှလိမ်မရိုက်ဘူး ငါ့ကိုလွတ်လို့ပြောနေတယ်နော် ရှုံးမဲမဲတယ်ဆိုတာ လူကောင်းအလုပ်မဟုတ်ဘူးဖယ်ကွာ”
“အာ… ဒီလောက် လက်ပေါက်ကပ်တဲ့ကောင် ကဲ့ကွာ”
“အာ့….”
အချုပ်ခံထားရတဲ့ လူငယ်က တိုးဝင်လာတဲ့ ဓားမြှောင်ကို လျင်မြန်စွာ တိမ်းရှောင်လိုက်တဲ့အခါ အနောာက်မှနေပြီး သူ့ကိုဖမ်းချုပ်ထားတဲ့ကောင်ကို ထိုးမိသွားသည်။
“ဟာ တိုးအောင်ကို ဓားထိသွားပြီ ”
လူငယ်က ဒါကိုအခွင့်ကောင်းယူပြီး ရုန်းကန်လို့ ထိုနေရာမှ ပြေးထွက်သွားခဲ့သည်။
“ဟေ့ကောင်တွေ ဟိုကောင်ထွက်ပြေးသွားပြီ လိုက်ကြလေကွာ မိရင်တော့ အသေသာသ-တ်ပစ်ခဲ့ ”
သူ့အော်သံအဆုံး ကျန်တဲ့သုံးယောက်က ထွက်ပြေးသွားတဲ့ လူငယ်နောက်ကို ပြေးလိုက်သွားကြသည်။ သူကတော့ဓားထိုးခံလိုက်ရတဲ့ တိုးအောင်ကို လှုပ်နိုးခေါ်ငင်ရင်း ကျန်ခဲ့ပါတော့သည်။
………….
……………….
…………………….
အမှောင်ထုများ ကြီးစိုးနေတဲ့ လမ်းသွယ်လေးမှာ အမျိုးသမီးငယ်တစ်ဦးက တစုံတခုကို ရင်မှာပိုက်ပြီး လျှောက်လာနေသည်။ သူမ၏ မျက်လုံးများက ဂနာမငြိမ်သလို မျက်နှာအမူအယာကလည်း ကျီးကန်းတောမောက်တကဲသို့ ရှိနေသည်။
ဖဲဝိုင်းအတွင်းမှ ပြေးထွက်လာသော လူငယ်က ထိတ်လန့်တုန်လှုပ်မှုများနဲ့အတူ ရထားသံလမ်းတစ်ခုဆီ ရောက်ရှိလာခဲ့သည်။ သူက အနောက်ကို လှည့်ကြည့်လိုက် ပြေးလိုက်ဖြင့် သံလမ်းဘေးကညှောင်ပင်အောက်က ချုံတစ်ခုအနား ရောက်သောအခါ ခုန်ဝင်ပုန်းအောင်းနေလိုက်သည်။ သူ့နောက်ကို လိုက်လာကြတဲ့ လူတစုက သူ့အားမျက်ခြည်ပြတ်သွားသဖြင့် ဒေါ်သတကြီးဆဲဆို ကြိမ်းမောင်း၍ လှည့်ပြန်သွားကြသည်။ ဒီတော့မှ သက်ပြင်းကိုချပြီး ချုံအပြင်သို့ ထွက်ဖို့ပြင်လိုက်စဉ်မှာပဲ လမ်းတဖက်ဆီမှ အထုပ်ပိုက်ပြီး ဟိုကြည့်ဒီကြည့်ဖြင့် လျှောက်လာနေသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက သူပုန်းအောင်းနေတဲ့ ချုံအနားကိုရောက်တဲ့အခါ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ပြီးနောက် ဘေးဘီဝဲယာကို အကဲခတ်ကြည့်ရင်း သူ့လက်ထဲက အထုပ်ကိုအသာချပြီး ပြေးထွက်သွားတော့သည်။ လူငယ်က သူမ ထွက်သွားတာနဲ့ ချုံထဲကထွက်လာပြီး တလှုပ်လှုပ်ရှိနေတဲ့ အထုပ်အနားကို တိုးကပ်သွားသည်။ အထုပ်အနားရောက်တော့ သူအတော်အံ့သြသွားရသည်။
“ဟန်…”
အကြောင်းမှာ ထိုအမျိုးသမီး ချသွားခဲ့တဲ့အထုပ်က အမိုက်မဟုတ်ပဲ ကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။
“ကလေးလေးပါလား”
သူကပြောရင်းဆိုရင်းနဲ့ ကလေးငယ်လေးကို ကောက်ချီလိုက်ပြီး။
” တောက်…! ခလေးတစ်ယောက်ကို အဲ့တိုင်းပစ်သွားရသလား။ အေးပေါ့လေ ဒီလိုမိခင်မျိုးတွေရှိလို့လည်း အပစ်မရှိတဲ့ခလေးတွေ ဒုက္ခရောက်ကုန်ကြတာပေါ့။ ”
ခလေးငယ်လေးရဲ့ မျက်နှာကို သေချာကြည့်မိတော့ ချစ်စရာကောင်းလွန်းလှသည်။ ထို့ကြောင့် စွန့်ပစ်ခံ သနားစရာကောင်းတဲ့ ကလေးငယ်လေးကို ဂရုဏာသက်စွာဖြင့်..။
“ကဲ့ကလေးလေးရေ မင်းနဲ့ငါတော့ အရင်ဘဝက ရေစက်ကြောင့်ထင်ပါရဲ့…. အခုတော့ ငါကမင်းရဲ့မွေးစားအဖေ မင်းရဲ့အဖေ ဖြစ်ရပြီပေါ့ကွာ”
ဟု ကြည်နူးစွာ ပြုံးလိုက်မိပါတော့သည်။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
…..
………
အချိန်ကာလများက တရွေ့ရွေ့ပြောင်းလာရာ ဆယ့်ခြောက်နှစ်ကာလသို့ပင် ရောက်ရှိခဲ့လေပြီ။
“အင်း ဘာလိုလိုနဲ့ ငါ့သားလေးတောင် အရွယ်ရောက်ပြီး ငါ့ကိုလုပ်ကိုင်ကျွေးမွေးနေပြီပဲ။ ငါ့လို လူဆိုးလူမိုက်တစ်ယောက်က ဒီလိုလိမ္မာတဲ့သားလေးကို ရလိမ့်မယ်လို့ တစ်ခါမှထင်မထားခဲ့ဖူးဘူး။ ကျေးဇူးတင်ပါတယ် ကံတရားကြီးရယ် ”
အိမ်ရှေ့က တံခါးဖွင့်သံနှင့်အတူ သားငယ်လေး လင်းရှိန်ခန့် ပြန်ရောက်လာမှ ကြက်ဥကြော်ရင်းတွေးနေမိတဲ့ အတွေးစများလည်း ပြတ်သွားခဲ့ရသည်။
“အဖေရေ သားပြန်ရောက်ပြီ”
“ဟော့ သားတောင်ပြန်ရောက်ပြီပဲ ကဲ့ရေမိုးချိုးတော့ ပြီးရင်ထမင်းစားမယ်ကွ ”
“ဟုတ်ဖေဖေ ဖေဖေဗိုက်ဆာရင် အရင်စားနှင့်လေ”
“သြော်ငါ့သားကလည်းကွာ ဖေဖေကသားမပါပဲ ဘယ်တုန်းကများ တစ်ယောက်ထဲစားဖူးလို့လဲ”
“ဟီး ဟုတ်ပြီဖေဖေ ဒါဆိုခဏပဲစောင့် သားရေချိုးတာမြန်ပါတယ်။”
“အေးပါသားရယ် ကဲ့သွား ရေသွားချိုးတော့ ဖေဖေထမင်းဝိုင်းပြင်ထားမယ်”
“ဟုတ်ကဲ့ဖေဖေ”
………
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
မေဝင့်ထည်သည် ပန်းကုံးလေးများကို လက်မှာဆွဲလျှက် လမ်းမပေါ်က ကားကျိုကားကြား များတွင် လှည့်ပတ်ရောင်းနေသည်။ ထိုစဉ် ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူငယ်လေးကိုတွေ့တော့ သူမသဘောကျသွားခဲ့သည်။ ထို့ကြောင့် ကားမှတ်တိုင်ဘက် အပြေးတပိုင်း ကူးလာပြီး သူမပန်းကုံးများကိုရောင်းလေသည်။
“မောင်လေး ပန်းဝယ်ပါဦးလား မမဈေးဦးမပေါက်သေးလို့ပါ”
“သြော်ဟုတ်ကဲ့အမ ညနေပြန်လာတော့မှ ဝယ်လို့ရမလားဗျ အခုက ကျွန်တော် အလုပ်သွားရမှာမို့လို့ ”
“ရတယ် ရတယ်မောင်လေး မမဒီမှတ်တိုင်မှာပဲ စောင့်နေမယ်နော်။ မောင်လေးဘယ်အချိန်လောက် ပြန်ရောက်မှာလဲဟင်”
“ဟုတ်ကဲ့အမ ကျွန်တော် ညနေ ငါးနာရီခွဲလောက်ဆိုရင် ပြန်ရောက်ပြီအမ”
“ဟုတ်ပြီမောင်လေး မညာရဘူးနော် မမတကယ်စောင့်နေမှာ”
“စိတ်ချပါအမရယ် ကျွန်တော်မညာတတ်ပါဘူးဗျ။ ဟော့ ကျွန်တော်စီးရမယ့်ကားလာပြီ သွားပြီနော်အမ။”
“ဟုတ်ပြီမောင်လေး ဂရုစိုက်နော် ညနေကျ မမဒီမှာပဲစောင့်နေမှာနော်။”
ကောင်လေးက ခေါင်းငြိမ့်ပြပြီး ကားပေါ်တက်သွားခဲ့သည်။ သူမက ကောင်လေးစီးသွားတဲ့ကားကို ပြုံးရွှင်ငေးကြည့်နေရာက မည်မျှကြာသွားသည်မသိ လူတစ်ယောက် ပန်းလာဝယ်နေတော့မှ သတိပြန်ဝင်လာခဲ့သည်။
ကောင်လေးမှတ်တိုင်က ဆင်းလာသည်နှင့် သူ့ကို အသင့်စောင့်နေတဲ့ ပန်းသည်အမကြီးကို လှမ်းမြင်ရတော့ သဘောကျစွာပြုံးမိသည်။
“အမတို့ကများ အချိန်တိကျလိုက်တာ ကျွန်တော့်ကို စောင့်နေရတာ ကြာသွားပြီလားဗျ”
ဟု ရွတ်နှောက်နှောက် စလိုက်သည်။
“အဟင်း…. မကြာသေးပါဘူးမောင်လေးရဲ့ ဒီလိုပဲလေ ကိုယ့်မောင်လေးကို တွေ့ချင်မှတော့ ဝိရိရရှိရှိ စောင့်ရတာပေါ့လို့”
“ခင်ဗျာ”
သူမစကားကိုကြားတော့ ကောင်လေး ရှက်သလိုလို ဖြစ်သွားပြီး မျက်နှာပေါ်မှာရဲခနဲ ဖြတ်သန်းသွားသည်။
“သြော်…မဟုတ်ပါဘူး…. မမပြောချင်တာက မောင်လေးကို တွေ့မှပန်းရောင်းရမှာမို့ မမက ကြိုစောင့်နေရတာလို့ပြောတာပါ”
“သြော် ဟုတ်ပါပြီမမရယ် ကဲ့ရွှေပန်း တစ်ထောင်ဖိုးလောက်ပေးဗျာ”
“ဟုတ်ပြီမောင်လေး ခနနော်”
သူကပန်းကုံးငါးကုံးကို ထုံးချည်ပြီး ကောင်လေးလက်ထဲ ထည့်ပေးလိုက်သည်။
“ကဲ့ ရပြီမောင်လေး ရော့”
“ဟုတ်အမ ကျေးဇူးပါဗျ ဒါဆိုကျွန်တော်သွားပြီနော်အမ”
“အေးအေးမောင်လေး ကျေးဇူးပါကွယ်”
သူမက ကောင်လေးကို လက်ပြ နုတ်ဆက်တော့ ကောင်လေးကလည်း ယောင်နနနဲ့ သူမကိုပြန်ပြီး လက်ပြကာ ထွက်ခွာသွားလေတော့သည်။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
ကောင်လေးအလုပ်သွား အလုပ်ပြန်တိုင်း ထိုပန်းသည်အမျိုးသမီးနဲ့အမြဲလိုလို နုတ်ဆက် စကားပြောဖြစ်ကြရာက ခင်မင်လာခဲ့ကြသည်။
တစ်နေ့ လင်းရှိန်ခန့် အလုပ်ကပြန်လာတဲ့ ညနေခင်းတစ်ခုမှာ သူ့ဆီပြေးလာနေတဲ့ ပန်းသည်အမ ခြေခေါက်လှဲကျသွားသည်။ သူမလှဲကျသွားတာကို မြင်မြင်ချင်း ကောင်လေးက စိတ်ပူပြီး အပြေးရောက်သွားကာ ထူမပေးရှာသည်။
“အဆင်ပြေရဲ့လားအမ ဘယ်နားထိသွားသေးလဲ ”
” အား.. မပြေဘူးမောင်လေး မမခြေထောက် အရမ်းနာတယ် အား…နာလိုက်တာ”
“ဟာ ဟုတ်လား ဒါဆို ကျွန်တော် ဆေးခန်းလိုက်ပို့ပေးမယ်နော်အမ ”
“ဟင့်အင် မမဆေးခန်းမသွားချင်ဘူး ဖြစ်နိုင်ရင်လေ အိမ်ကိုပဲလိုက်ပို့ပေးပါလားဟင် ”
“ရရဲ့လားအမရယ် တော်ကြာတခုခုဖြစ်နေမှာစိုးလို့ပါအမရဲ့ ”
“ဖြစ်ပါတယ် မောင်လေးရယ် အမကဆေးရုံဆေးခန်းဆို ကြောက်တယ်။ အိမ်မှာလည်း လိမ်းဆေး၊သောက်ဆေးတွေ ရှိနေတော့ မမအဆင်ပြေပါတယ်။ အာ့ကြောင့်မမကို အိမ်ပဲ ပြန်လိုက်ပို့ပေးပါနော် ”
“အင်း ဟုတ်ပြီအမ ဒါဆိုကျွန်တော် အမရဲ့အိမ်ကိုလိုက်ပို့ပေးပါ့မယ်။ ”
“ကျေးဇူးပါမောင်လေးရယ်”
သူမက ခေါင်းလေးကိုငုံ့ပြီး နှစ်သက်စွာ ပြုံးလိုက်သည်ကိုတော့ ကောင်လေးမမြင်လိုက်ပါ။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
“ဖေဖေ သားဒီအရွယ်မှာ ရည်းစားထားရင် အပြစ်ဖြစ်လားဟင်”
ဦးလင်းရှိန်စာအုပ်ဖတ်နေတုန်း အနားရောက်လာတဲ့ သားငယ်ကမေးလိုက်ခြင်းဖြစ်သည်။
“ဟ ငါ့သားစကားက အဆန်းကြီးပါလား။ ရည်းစားထားတယ်ဆိုတာ ဘယ်အရွယ်ဖြစ်ဖြစ် အပြစ်မှမရှိပါဘူးသားရဲ့။ ဒါနဲ့နေစမ်းပါဦး သားကဖေ့ဖေ့ကို ဒီလိုမေးခွန်းမျိုးမေးတယ်ဆိုတော့ သားမှာ ချစ်သူရှိနေလို့လား ”
“အဟီး… ဟုတ်တယ်ဖေဖေ သားမှာချစ်သူရှိနေတာ ကြာပြီ ဖေဖေဆူမှာစိုးလို့မပြောရဲတာ ”
” ဟေ ဟုတ်လား ငါ့သားကဘယ်ဆိုးလို့လဲ ကဲ့ပြောစမ်းပါဦး သားရဲ့ချစ်သူက ဘယ်သူလဲ ဘယ်ကလဲ”
” ဟုတ်ဖေဖေ သူ့နာမည်က မေဝင့်ထည်တဲ့ သူက ကားလမ်းပေါ်မှာ ပန်းရောင်းဖေဖေရဲ့။ ပြီးတော့ သားထက်လည်း အသက်အများကြီး ကြီးတယ်”
” သြော် နာမည်ကတော့ လှသားကွ။ အေးအေး အသက်ကြီးတာငယ်တာတော့ ကိစ္စမရှိပါဘူး။ အဓိကက ငါ့သားအပေါ်မှာ ချစ်ခင်ကြင်နာပြီး ဂရုစိုက်ပေးရင်ပြီးတာပဲမလား။”
” ဟုတ်ကဲ့ဖေဖေ သူကသားကိုတော့ တော်တော်ချစ်ပါတယ်ဖေဖေရ”
“ဒါဆိုရင်ဘာလိုသေးလဲ သားရယ်။ သားအလုပ်အားတဲ့ရက် အိမ်ကိုခေါ်လာခဲ့ ဖေဖေအကဲခတ်ကြည့်ရတာပေါ့ ဟုတ်လား”
“ဟုတ်ကဲ့ဖေဖေ ဟို… ဖေဖေသားတို့ကို သဘောတူမှာလားဟင် ”
“ဖေဖေက သားကိုစိတ်ဆင်းရဲအောင် ဘယ်တုန်းကများ လုပ်ဖူးလို့လဲသားရယ်”
“ကျေးဇူးတင်ပါတယ်ဖေဖေရယ်”
ဘယ်လောက်ပဲ သဘောတူစေဦးတော့ တဦးတည်းသောသားလေးမို့ နှမြှောမိတာတော့အမှန်။
“အင်း သီးချိန်တန်သီး ပွင့်ချိန်ပွင့်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ။ ငါ့သားစိတ်ချမ်းရင် အဆင်ပြေရင် ငါလည်းကျေနပ်ရမှာပေါ့။ ”
လင်းရှိန်ခန့်က အတွေးများနဲ့ တွေဝေငြိမ်ကျသွားတဲ့ ဖခင်မျက်နှာကိုမြင်ရတော့ အပြစ်မကင်းသလို ခံစားလိုက်ရသည်။။
“ဖေဖေ စိတ်မကောင်းဖြစ်နေတာလားဟင် ။ စိတ်မကောင်း မဖြစ်ပါနဲ့ဖေဖေရယ်။ တကယ်လို့ဖေဖေ သဘောမတူရင် သားအိမ်ထောင်မပြုပါဘူး ”
ဦးလင်းရှိန်က ငိုင်ကျနေတဲ့မျက်နှာထားကို အပြုံးယဲ့ယဲ့လေးဖြင့် အရောင်ပြန်တင်လိုက်ရင်း။
“မဟုတ်ပါဘူးငါ့သားရယ် ဖေဖေက သားလေးကို အခုချိန်ထိ ကလေးပဲရှိသေးတယ်လို့ ထင်နေတာ။ အခုမှငါ့သားက အရွယ်ရောက်နေပြီဆိုတာကို သတိထားမိလို့ပါကွယ်။ သီးချိန်တန်လို့သီးတယ် ပွင့်ချိန်တန်လို့ပွင့်တာကို ဖေဖေက ဘာလို့သဘောမတူရမှာလဲ။ ငါ့သားစိတ်ချမ်းသာပြီး ပြုံးနေရင်ကို ဖေဖေက အလိုလို ပျော်နေရတာပါကွယ်။ ”
“သားက ဖေ့ဖေ့အတွက် အမြဲတမ်း ကလေးပါပဲဖေဖေရယ်”
လင်းရှိန်ခန့်ထိုသို့ပြောရင်း ဖခင်ရဲ့ပေါင်ပေါ်ကို ခေါင်းလေးအုံးပြီး ချွဲနေမိသည်။ ဦးလင်းရှိန်က သားလေးရဲ့ ခေါင်းလေးကို ဖြေးဖြေးချင်း ပုတ်ပေးရင်းနဲ့….။
“ဟုတ်ပါပြီ ဖေဖေ့ရဲ့ ချစ်သားလေးရာ ”
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-
မေဝင့်ထည်က ပန်းကုံးလေးများကို ခါတိုင်းကဲ့သို့ ကားကျိုကားကြား လမ်းမပေါ် ဟိုသည်ကူးသန်းရောင်းနေပေမယ့် ပန်းများက တစ်ကုံးမှ ရောင်းမထွက်သေး အချိန်က နေ့ခင်းဘက်တောင် ရောက်လို့နေပါပြီ။
“စိတ်ညစ်လိုက်တာ ဒီနေ့ကျမှ ပန်းတွေကလည်း မရောင်းရ။ ဈေးဦးကလည်းမပေါက်နဲ့ ငါ့ဘဝကြီးကလည်း စိတ်ပျက်စရာ ကောင်းလိုက်တာ ”
သူမထိုသို့ တွေးနေစဉ်မှာပဲ။
“ညီမလေး ”
ခေါ်သံကြားရာဘက်ကို လှည့်ကြည့်မိတော့ ကားပေါ်ကနေ သူမကို မျက်စပျစ်ပြပြီး လှမ်းခေါ်နေတဲ့လူတစ်ယောက်ကို တွေ့ရသည်။ သူမ အချိန်ဆိုင်းမနေပဲ ထိုနေရာသို့ အပြေးလေးရောက်သွားခဲ့သည်။
” ဘယ်ဟာလေးယူမလဲအကိုလေး ”
ထိုလူက မျက်မှောင်ကျုံ့လိုက်ပြီး။
“ညီမမှာ ဒီပန်းလေးပဲရှိတာမလား အကိုက ဘာတွေများ ထပ်ရနိုင်သေးလို့လဲ ”
“သြော်အကိုရယ် အကိုသာလိုချင်တယ်ဆိုရင် ညီမမှာရှိတဲ့ အရာအားလုံးက အကို့အတွက်ပါပဲ”
လူကြီးရဲ့မျက်လုံးက အရောင်လက်သွားပြီး…။
” သေချာလို့လား ”
ထိုသို့ ပြန်မေးလိုက်တဲ့အခါ မေဝင့်ထည်က တချက်ပြုံးလိုက်သည်။
“ညီမ ဘာလို့ဒီပန်းတွေကိုရောင်းတာလဲ အကိုလေးမသိချင်ဘူးလား ”
“အင်း… သိခွင့်ရရင်ပေါ့”
” ညီမက ရွှေပန်းတွေဆို သိပ်…ကြိုက်ပြီး သိပ်…ပန်ချင်တာလေ အဲ့ဒါကြောင့် ညီမအကြိုက်ဆုံးဖြစ်တဲ့ ဒီရွှေပန်းတွေကိုပဲ ရောင်းဖြစ်နေတာပေါ့အကိုရဲ့”
“ဒါဆိုပွဲကပြီးပြီပေါ့။ ရော့ ဒီလိပ်စာအတိုင်း ဒီနေ့ည ၉နာရီအရောက်လာခဲ့။ မင်းရဲ့အပြုအစုသာကောင်းရင် ထိုက်တန်တဲ့ တုန့်ပြန်မှုရဖို့ အကိုအာမခံတယ် ”
” ဒီအပိုင်းတော့ စိတ်ချအကို ဒါက ညီမရဲ့အကျွမ်းကျင်ဆုံးမို့လေ ”
“ကောင်းပြီလေ ဘယ်လောက်ထိကျွမ်းကျင်လဲဆိုတာ ဒီညလက်တွေ့စမ်းကြည့်ရတာပေါ့။ ကဲ့အကိုသွားပြီနော်။”
“ဟုတ်ကဲ့အကိုလေး”
မျက်နှာပေါ်မှာ ကာလာအစုံခြယ်သထားပြီး ခန္ဓာကိုယ်ပေါ်မှ လှပကျော့ရှင်းစွာဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် လိပ်စာကဒ်လေးကို သေချာငုံ့ကြည့်သည်။ ပြီးနောက် hotelရဲ့ အပေါ်ထပ်ဆီသို့ မောကြည့်ကာ ပြုံးလိုက်တော့သည်။ သူမကတော့ ကားလမ်းပေါ်တွေမှာ အဝတ်ခတ်နွမ်းနွမ်းနဲ့ ပန်းလိုက်နေတဲ့ မေဝင့်ထည် တစ်ယောက်ပင် မဟုတ်ပါလား။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
ပန်းခြံက ခုံတန်းလေးတစ်ခုမှာ မေဝင့်ထည်နှင့် လင်းရှိန်ခန့် တို့ ချစ်သူနှစ်ဦး ရှိနေကြသည်။ လင်းရှိန်ခန့်က မျက်နှာမသာမယာရှိနေတဲ့ သူမကိုကြည့်လိုက်ပြီး ထိုသို့မေးလိုက်သည်။
” မမဘာတွေ အဲ့လောက်ထိ တွေးနေတာလဲဟင် ”
“မောင့်အကြောင်းပေါ့”
“ဟင့် မောင့်အကြောင်း ဟုတ်လား ကဲ့ပြောစမ်းပါဦးဗျာ မောင့်အကြောင်း ဘာတွေတွေးပြီး စိတ်မကောင်းဖြစ်နေတာလဲဆိုတာ”
“ဘာဖြစ်ရမလဲမောင်ရယ်။ မမက မောင့်ထက် အသက်အများကြီးကြီးတော့ တချိန်ချိန်ကျရင် ထားသွားခံရမှာကို တွေးပြီး စိတ်ပူနေတာလေ ”
“ဟာ မဟုတ်တာ မမရယ် မောင်ကလေ မမကိုသိပ်ချစ်လွန်းလို့ ဖေဖေ့ကိုတောင် ပြောပြီးသွားပြီ ”
“ဟင်… ဟုတ်လား ဒါဆို ဖေဖေက ဘာပြောလဲဟင် မမနဲ့သဘောတူရဲ့လား ”
ကောင်းလေးက မျက်နှာညိုးကျသွားသည်။
” အင်း…. ဖေဖေက ဘာပြောလဲဆိုတော့”
လင်းရှိန်ခန့်ရဲ့မျက်နှာကို အကဲ့ခတ်နေတဲ့ မေဝင့်ထည်တစ်ယောက် အနည်းငယ် ထိတ်လန့်သွားရသည်။
“မြန်မြန်ပြောပါမောင်ရယ် မမစိတ်ပူလှပြီ မောင့်ဖေဖေက သူ့သားနုနုထွဋ်ထွဋ်လေးနဲ့ မမနဲ့ကို သဘောမတူဘူးတဲ့လားဟင်”
” ဖေဖေက ဘာပြောလဲဆိုတော့ ”
သူက မေဝင့်ထည်ရဲ့မျက်နှာကို ငေးစိုက်ကြည့်ရင်း…။
“သူ့ရဲ့ချွေးမလောင်းနဲ့ တွေ့ချင်လို့ အိမ်ကိုအမြန်ဆုံးခေါ်ခဲ့ပါတဲ့လေ ”
ဟုပြောလိုက်သည်။ သည်အခါမှ မေဝင့်ထည်တစ်ယောက် ရင်ထဲကအစိုင်အခဲတခု ပြုတ်ကျသွားရတော့သည်။
“ဟယ် မောင်ကသိပ်ဆိုးတာပဲ။ ဒီကဖြင့်စိတ်ပူလိုက်ရတာဟွန့်”
“ချစ်လို့စတာပါမမရယ်။ ဘယ်လိုလဲ မောင်နဲ့အခု တစ်ခါတည်းလိုက်ခဲ့မယ်မလား ”
“မောင့်သဘောပါတဲ့ရှင်……. ”
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
“ဖေဖေ ”
အိမ်တံခါးဖွင့်သံနှင့်အတူ သားရဲ့ခေါ်သံကြားလို့ ကြည့်လိုက်တော့ သားဖြစ်သူကဝင်မလာပဲ တံခါးဝမှာရပ်နေသည်ကို တွေ့လိုက်ရသည်။
“အော့ သား လာလေ အဲ့မှာဘာရပ်လုပ်နေတာလဲ ”
“ဟုတ် ဟို ဟိုလေ ဖေဖေ သား သားရဲ့ချစ်သူကို ခေါ်လာတာ”
လင်းရှိန်ခန့်က ထိုသို့မရဲတရဲပြောရင်း သူ့နောက်မှာ ရှိနေတဲ့အမျိုးသမီးတစ်ယောက်ကို ခေါ်ပြသည်။
“သြော် ဟုတ်လား အေးအေး ဒါဆိုသမီးကို အိမ်ထဲခေါ်ခဲ့လေသားရဲ့”
” ဟုတ်ကဲ့ဖေဖေ”
“လာမမ ”
“ဖြစ်ပါ့မလားမောင်ရယ် ”
“ဖြစ်ပါတယ်မမရဲ့ မောင့်ဖေဖေကသဘောကောင်းတယ် ဘာမှမကြောက်နဲ့နော် မောင်ရှိတယ် ”
” အင်းပါ”
ဦးလင်းရှိန်က အိမ်ထဲဝင်လာတဲ့ သူမကိုတွေ့တော့ ထိုမျက်နှာကို တနေရာရာမှာ တရင်းတနှီးတွေ့ဖူးသလို ခံစားလိုက်ရသည်။ သူက သူ့ရှေ့ရောက်လာတဲ့ ထိုအမျိုးသမီးကို သေချာကြည့်ပြီး ပြန်လည်တွေးတောရင်းက တစုံတခုကို မှတ်မိသွားခဲ့သည်။
“ဟင်… ဒါ…ဒါ ဟိုမိန်းခလေးပဲမလား။ ဘုရားဘုရား ဘာတွေဖြစ်ကုန်တာပါလိမ့်”
” ဖေဖေ”
သားငယ်ရဲ့ခေါ်သံကြားမှ အတွေးကမ္ဘာထဲရောက်နေတဲ့ ဦးလင်းရှိန် သတိပြန်ဝင်လာခဲ့သည်။ ပြီးနောက် ရင်ထဲကအပူများကို ခဏမျိုသိပ်သိမ်းဆည်းလိုက်ပြီး ဟန်မပျက်ပြုံးပြလျှက်။
” ဟေ အေး သား ”
” ဒါက သားပြောပြတဲ့ သားရဲ့ချစ်သူမေဝင့်ထည်ပါဖေဖေ”
“သြော်အေးကွယ် ငါ့သားကသိပ်တော်တာပဲ ကြည့်စမ်း တကယ်လိုလှတဲ့ချွေးမလေးကို ရလာတာပဲ ”
ဦးလင်းရှိန်စကားတွေထဲမှာ တစုံတခုသော အဓိပ္ပါယ်က နစ်ဝင်နေသည်ကိုတော့ သူတို့သိမည်မထင်။
“ကဲ့သား ချွေးမလေးစားဖို့ တခုခုသွားဝယ်ပါဦးကွယ် ”
” ဟုတ်ကဲ့ဖေဖေ”
” ဟို ရပါတယ်အန်ကယ် သမီးမစားတော့ပါဘူး”
သူမကအားနာဟန်ဖြင့် ငြင်းရှာသည်။ သို့ပေမယ့် ဦးလင်းထိန်ကတော့။
“အိုဘယ်ဟုတ်ပါ့မလဲကွယ် ကဲ့သားလေး သွားဝယ်ကွယ် သွား”
” ဟုတ်ကဲ့ဖေဖေ မမခဏစောင့်နော်”
သူမခမျာ ယောက္ခမရှေ့မှာ ကောင်လေးကိုသူနဲအတူ ရှိနေစေချင်သော်လည်း ခေါင်းငြိမ့်ပြပြီးကျန်ခဲ့ရုံသာ တတ်နိုင်ရှာတော့သည်။
“သမီးအသက် ဘယ်လောက်ရှိပြီလဲ”
“သမီးအသက် ၃၈နှစ်ပါအန်ကယ်”
“သြော် ဒါဆို သားလေးနဲ့တော်တော်ကွာတာပဲ”
ဦးလင်းရှိန်ဘဝင်မကျဟန်ဖြင့် သူမကိုစေ့စေ့ကြည့်ကာ ဆက်၍ပြောသည်။
” သမီး အသက်နှစ်ဆယ်အရွယ်မှာ အိမ်ထောင်ကျပြီး ကလေးရခဲ့မယ်ဆိုရင် အန်ကယ့်သားက သမီးရဲ့ သားအရွယ်ပဲရှိဦးမှာနော်”
ဒီစကားကိုကြားတေယ့ ဘာရယ်မသိပဲ သူမလန့်ဖြန့်သွားရသည်။
“ရှင်…သြော်.. ဟုတ်.. ဟုတ်ကဲ့အန်ကယ်”
“အေးကွယ် စိတ်မရှိနဲ့နော် အန်ကယ်က သဘောရိုးနဲ့ပြောတာပါ”
“ဟုတ်ကဲ့ ရပါတယ်အန်ကယ် ”
“အေးအေး ဒါနဲ့သမီးကို အန်ကယ်မေးစရာရှိတယ်။ စောနက သားလေးရှေ့မှာဆိုတော့ မေးလို့ မကောင်းလို့လေ။ အဲ့ဒါ သမီး အမှန်တိုင်းဖြေနော် ”
“ဟင်….ဒုက္ခပါပဲ ငါညဉ့်ငှက်အလုပ်လုပ်တာ သူသိသွားပြီလား မသိဘူး ဟူး မဟုတ်ပါစေနဲ့”
သူမထိုသို့တွေးလိုက်ပြီး မလုံမလဲဖြစ်နေတဲ့စိတ်ကို အတတ်နိုင်ဆုံးထိန်းကာ ပြန်ပြောသည်။
“ဟုတ် ဟုတ်ကဲ့ မေးပါအန်ကယ် သမီး အမှန်တိုင်းဖြေပါ့မယ်”
သူမအမူအရာကို မြင်တော့ ဦးလင်းရှိန် ဘုရားတမိသွားသည်။
“ဘုရားဘုရား ဒီမိန်းမ မဟုတ်ပါစေနဲ့…..”
“အင်း …. ဟိုး…လွန်ခဲ့တဲ့ ၁၈နှစ်လောက်တုန်းက သင်္ဃန်းကျွန်းဘူတာနှဘေးက ညောင်ပင်အောက်မှာ သမီး အထုပ်တစ်ထုပ်လာပစ်သွားတယ် မဟုတ်လား… ”
” ရှင်….”
သူမထိတ်လန့်စွာ အော်မိသွားသည်။
” အန်ကယ်မေးတာ ဖြေလေ ဟုတ်တယ်မလား”
ဦးလင်းရှိန်ရဲ့ ဒေါသတကြီး မေးလိုက်သံကြောင့် ကြောက်လန့်တုန်လှုပ်စွာနဲ့ပဲ အလိုလိုဖြေမိရက်သား ဖြစ်သွားသည်။
“ဟုတ်… ဟုတ်ပါတယ် အန်ကယ် ”
“မိန်းမယုတ် ”
“ဖြန်း…. “အာ့…..”
ခန္ဓာကိုယ်မှာ ရှိသမျှအားအင်ကို စုပြီး သူမပါးပြင်ကို တအားလွဲကာရိုက်ချပစ်လိုက်တော့သည်။
” မင်း အဲ့ဒီထဲမှာ ကလေးတစ်ယောက်ထည့်ပြီး လာပစ်သွားတာမဟုတ်လား… ဟန်”
အလိပ်လိပ်တက်လာတဲ့ ဒေါသများအကြား ဝမ်းနည်းမှုပူလောင်မှုတို့က ရောထွေးနေကာ သူမကို အော်ဟစ်မေးပစ်လိုက်သည်။
“ဟုတ် ဟုတ်ကဲ့ ပစ်မိပါတယ် အဟင်းဟင်းဟင်း ”
သူမတုန်ရီငိုရှိုက်နေရင်းက ဝန်ခံလိုက်ရရှာသည်။
” အေး အဲ့ဒါ မင်းအခုလက်ထပ်မယ့် ငါမွေးစားထားတဲ့ ငါ့ရဲ့သားပဲကွ ”
” ရှင်”
ကြားလိုက်ရတဲ့ စကားသံက သူ့ခေါင်းကို ပြင်းထန်တဲ့မိုးကျိုးစက်ကွင်းများစွာက ပစ်ချလိုက်သလို ခံစားလိုက်ရသည်။ သူမရဲ့ ပြူးကျယ်နေတဲ့ မျက်ဝန်းတွေထဲမှာ မယုံနိုင်ခြင်းများစွာ နာကျင်ခြင်းများတို့က နေရာယူလို့ထားသည်။
” မဟုတ်တာ မဖြစ်နိုင်တာ ဒါကျွန်မသားလား… မဟုတ်ဘူး မဟုတ်ပါဘူး မဖြစ်နိုင်ဘူး ဒါ… ဒါ.. မဟုတ်ဘူး လုံးဝမဖြစ်နိုင်ဘူး အဟင်းဟင်းဟင်းဟင်း”
ခေါင်းငိုက်စိုက်ကျပြီး မျက်ရည်များတသွင်သွင်စီးကျနေတဲ့ ဦးလင်းရှိန်က ယူကျုံးမရဖြစ်နေရှာသည်။ ပြီးတော့ မေဝင့်ထည်၏ မျက်နှာအား မော့ကြည့်လိုက်ပြီး။
“သွားပါပြီကွာ ငါ့သားလေးဘဝတော့ သွားပါပြီ။ ကြည့်စမ်းပါဦး မင်းတို့လို မိခင်စိတ်မရှိတဲ့ မိန်းမယုတ်တွေကြောင့် ငါတို့နိုင်ငံမှာ ခလေးတွေရဲ့ အသက်ပေါင်းများစွာ ဘယ်လောက်ထိတောင် ဆုံးရှုံးခဲ့ပြီးပြီလဲ ..ဟန်။ ”
ဟု ရွံရှာမုန်းတီးစွာ ပြောချလိုက်သည်။ သူမကတော့ လင်းရှိန်ခန့်က သူ့သားဆိုသည်ကို လက်မခံနိုင် လုံးဝလက်မခံချင်ပါ။ ထို့ကြောင့် ဦးလင်းထိန်ကို လက်ညိုးငေါက်ငေါက်ထိုးရင်း ပြန်လည်ငြင်းဆန် ပြောဆိုနေတော့သည်။
“ဟင့်အင်း မဟုတ်ဘူး မဖြစ်နိုင်ဘူး ငါ့သားမဖြစ်နိုင်ပါဘူး ရှင်လိမ်နေတာ လိမ်နေတာ”
“ဖြန်း….”အာ့……”
“မင်းပါးစပ်ကိုပိတ်ထား မင်းတို့သိပ်ရက်စက်တဲ့မိန်းမတွေ ခွေးထက်ယုတ်တဲ့မိန်းမတွေ။ အခုတော့မင်းသားနဲ့မင်း ပြန်ညားကြမယ့် အခြေနေတောင်ရောက်ကုန်ပြီ ကဲ့ကောင်းကြသေးရဲ့လား ။ ကောင်းကြသေးရဲ့လား။ သွားမင်းအခုချက်ချင်း ငါ့အိမ်ကထွက်သွား…ထွက်သွားလေ မိန်းမယုတ်ရဲ့”
ဦးလင်းရှိန်ရဲ့အော်ဟစ် မောင်းထုတ်သံအဆုံး လင်းရှိန်ခန့်လည်း ပြန်လို့ရောက်လာခဲ့သည်။ ရောက်ရောက်ခြင်းကြားလိုက်ရတဲ့ အကြောင်းအရာက သူ့ကို အံ့သြထိတ်လန့်သွားစေသည်။
“ဖေဖေဘာဖြစ်တာလဲ မမ မမကော ဘာလို့ငိုနေတာလဲ ဘာဖြစ်ကြတာလဲဟင်။ သားကိုပြောကြပါဦး ဘာဖြစ်ကြတာလဲလို့”
မေဝင့်ထည် က လင်းရှိန်ခန့်ကို မြင်ရတော့ ရင်မဆိုင်ရဲတော့ပဲ အိမ်ထဲမှ ပြေးထွက်သွားတော့သည်။ လင်းရှိန်ခန့်မှာတော့ သူဈေးဝယ်ထွက်သွားချိန်ခဏအတွင်းမှာ ဖခင်နဲ့သူ့ရဲ့ချစ်သူတို့ ဘယ်လိုပြဿနာတွေဖြစ်သွားကြသည်ကို နားမလည်နိုင်စွာဖြင့် မျက်ရည်များ ဝိုးစို့လာကာ ထိုသို့မေးရှာသည်။
“ဖေဖေ ဘယ်လိုဖြစ်တာလဲဖေဖေရယ် သားကိုရှင်းပြပါဦး ဖေဖေတို့ဘာဖြစ်ကြတာလဲဟင်”
ဦးလင်းရှိန် ပါးစပ်အဟောင်းသားဖြစ်နေရာက… ။
“သား …..သားရယ်”
ဦးလင်းရှိန်ရဲ့အသံများက ဆို့နစ်နစ်ရှိနေပြီး သားငယ်လေးကို ဆွဲဖက်ကာ မျက်ရည်များကလည်း အဆက်မပြတ် စီးကျလိုလာပါတော့သည်။
“ဖေဖေဘယ်လိုပြောရမလဲသားရယ်။ ဒီမိန်းမယုတ် မင်းအမေအရင်းပါလို့ ဖေဖေဘယ်လိုစိတ်မျိုးနဲ့ ပြောထွက်ရက်မှာလဲ။ ကံဆိုးလိုက်တဲ့ငါ့သားလေး…. ငါ့သားလေးကံဆိုးလိုက်တာ……”
“ဖေဖေ သားကိုသနားရင် ဘာဖြစ်ကြတာလဲဆိုတာလေး သားကိုရှင်းပြပါဦးဖေဖေရယ်”
သားငယ်ရဲ့မျက်နှာလေးကို ဂရုဏာသက်စွာကြည့်ရင်း အမှန်တိုင်းပြောမပြရက်တာကြောင့် ထိုသို့လီ-းလွဲကာ ပြောဖို့ ဆုံးဖြတ်လိုက်သည်။
“သား…. ဖေဖေ…. ဖေဖေဘယ်လိုပြောရမလဲသားရယ်။ သူက သူကသားရဲ့… သားရဲ့အမေ……သားရဲ့အမေကို… အဆိပ်ခတ်သတ်ခဲ့တဲ့မိန်းမ သားရဲ့ ”
“ဗျာ”
“ဟုတ်… ဟုတ်ရဲ့လားဖေဖေရယ် ဒါ ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ဖေဖေသားတို့ကို သဘောမတူချင်လို့ ညှာနေတာမဟုတ်လား ဟုတ်တယ်မလားဟင်”
“မဟုတ်ဘူးသား မဟုတ်ဘူး ဖေဖေ ဖေဖေမညာပါဘူးသားရယ်။ သားမေမေက ဆရာဝန်လို့ ဖေဖေပြောဖူးတာ သားမှတ်မိတယ်မလား”
“ဟုတ် ဟုတ်ကဲ့ဖေဖေ”
“အေးသူက သားမေမေရဲ့ အချစ်ဆုံး သူငယ်ချင်း။ သားမေမေက သူ့ထက်ပညာကျွမ်းကျင်ပြီးရာထူးမြင့်တော့ သူကမနာလိုစိတ်မွေးပြီး သားမေမေကို အယုံသွင်းအဆိပ်ခတ်သတ်လိုက်တာ။”
“ဗျာ…ရက်စက်လိုက်တာဗျာ ဒါဆို အဲ့မိန်းမက သားကိုအမိမဲ့သားဖြစ်အောင် လုပ်လိုက်တာပေါ့ ဟုတ်လားဖေဖေ ”
“ဟုတ်တယ်သား ။ သူရောက်လာတုန်းက ဖေဖေသူ့ကိုသေချာကြည့်နေတာ သားသတိထားမိမှာပေါ့။ ဖေဖေက သားရှေ့မပြောချင်လို့ သားကိုရှောင်ခိုင်းပြီး သားပြန်မလာခင်သူ့ကိုမောင်းထုပ်ပေမယ့် အဲ့ဒီမိန်းမက မျက်နှာပြောင်တိုက်ပြီး ပေကပ်နေတယ်။ ဒါနဲ့ပဲ သားရဲ့မြင်ကွင်းရှေ့မှာ ဒီလိုတွေတွေ့ရတော့တာပါပဲသားရယ်။ ဘယ်လိုကံများပါလိမ့် ကိုယ့်အမေကိုသတ်ခဲ့တဲ့သူနဲ့ ချစ်သူဖြစ်ရတယ်လို့ ဖေဖေရင်ကျိုးရပါပြီသားရယ် ဖေဖေရင်ကျိုးရပါပြီကွာ ”
“ဖေဖေရယ် သားမသိလို့ပါ သားတကယ်မသိလို့ပါဖေဖေရယ်။ စိတ်ချဖေဖေ သားရဲ့မေမေ့ကို ရက်ရက်စက်သက်သတ်ခဲ့တဲ့ အဲ့ဒီမိန်းမိကို သားကလဲ့စားပြန်ချေမယ် ”
နာနာကျင်ကျင်အံကြိတ်ပြီး ပြောထွက်ပေါ်လာတဲ့ သားငယ်လေးရဲ့စကားကြောင့် ဦးလင်းရှိန် အထိတ်တလန့်ဖြစ်သွားရသည်။
“မလုပ်ရဘူးသား။ သားသူ့ကို ဘာမှမလုပ်ရဘူးနော်။ သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ဥပေဒက သူ့ကိုအပြစ်ပေးပြီးပါပြီသားရယ်။ ဘာမဟုတ်တဲ့ ဒီမိန်းအတွက်နဲ့ ငါ့သားတခုခုဖြစ်မှာ ဖေဖေမလိုလားဘူး။ ဒါကြောင့်သူ့ကိုဘာမှမလုပ်နဲ့နော်။ ဖေဖေက ငါ့သားအတွက် ငါ့သားအတွက်ပြောနေတာပါသားရယ်”
“ဖေဖေကလည်းဗျာ ကိုယ့်အမေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့သူကို သားကဘာမွ လက်တုန်မပြန်ရတော့ဘူးလား။ သူ့ကြောင့် သူ့ကြောင့်သား အမေဆိုပြီး ခေါ်လို့မရတဲ့ဘဝ ဖြစ်ခဲ့ရတာလေ။ သားမွာ ဘာမှတောင် တုန့်ပြန်ပိုင်ခွင့် မရှိဘူးလားဖေဖေရယ်။ မေ့မေ့တွက် ကျွန်တော့်အတွက် ဘာမှ ဘာမှတုန့်ပြန်ခွင့်မရှိတော့ဘူးလား”
လင်းရှိန်ခန့်တစ်ယောက် ခံပြင်းဒေါသများနဲ့အတူ နာကျည်း ပေါက်ကွဲလို့ နေရှာသည်။
“စိတ်လျော့ပါသားရယ် ငါ့သားစိတ်လျော့ပါ။ ဖေဖေကသားကို မဖြစ်သင့်တာမဖြစ်အောင်… မဖြစ်သင့်တာ မဖြစ်အောင်တားနေရတာပါ။ သူလည်းဥပဒေကပေးတဲ့ ပြစ်ဒဏ်ကို ခံရပြီးပါပြီကွယ် ။ မကြာခင် သူ့ရဲ့ဝဋ်ကြွေးအတိုင်း သူ့ဘာသာဇာတ်သိမ်းသွားပါလိမ့်မယ်။ ငါ့သားဘာမွ လုပ္စရာမလိုဘူး ဖေဖေ့ကိုယုံနော် ငါ့သားသူ့ကိုဘာမှမလုပ်ရဘဲ သူ့ဇာတ်သူသိမ်းသွားပါလိမ့်မယ်ကွယ်”
“လောကကြီးက စိတ်နာဖို့ ကောင်းလိုက်တာဖေဖေရာ။ ကံတရားက သားဘဝကိုရက်ရက်စက်စက် ကစားပစ်တယ်။ သားမှာဘာအပြစ်ရှိလို့ ဒီလိုဘဝမျိုးကိုပိုင်ဆိုင်ခွင့် ပေးရတာလဲ။ သားဘာအမှားတွေများလုပ်မိလို့ သားကို မိစုံဖစုံဘဝမျိုးမပေးနိုင်ရတာလဲဗျာ ”
“ဝမ်းမနည်းပါနဲ့သားရယ် ငါ့သားမှာဘာအပြစ်မှမရှိပါဘူး။ မျက်နှာလိုက်တဲ့ လောကဓံတရားတွေကြားမှာ ငါ့သားတစ်ယောက်ထဲ အထီးနေကျန်နေတာမျိုး မဟုတ်ပါဘူးကွယ်။ လောက်ကမှာ သားထက် ဘဝဆိုးတဲ့ ကလေးတွေအများကြီး ရှိပါသေးတယ်။ သားမွာ ဖေဖေတစ်ယောက်လုံးရှိတာပဲ ဘာမှဝမ်းမနည်းနဲ့ အားလည်းမငယ်နဲ့ ဖေဖေရှိတယ်။ ဟုတ်ပြီနော်သား”
“ဟုတ်ကဲ့ ဟုတ်ကဲ့ပါဖေဖေရယ်”
ဦးလင်းရှိန်သည် သူ့ဘဝကို စိတ်ပျက်ဝမ်းနည်းပြီး နာကျင်ငိုကြွေးနေရှာတဲ့ သားငယ်လေးကို ထွေးပွေ့ နှစ်သိမ့်ပေးလိုက်သည်။
…………..
………………
သူမအိမ်ကို ပြန်ရောက်သည်နှင့် ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။ ထိုအခိုက် ဖြစ်ခဲ့ပြီးသော အဖြစ်အပျက်များက သူမအာရုံထဲမှာ ရုပ်ရှင်ပြကွက်သဖွယ် တရိပ်ရိပ်ပေါ်လို့လာသည်။ သူမခြေထောက်နာဟန်ဆောင်ပြီး အိမ်ပြန်ပို့ခိုင်းတဲ့ ညနေခင်းမှာ သူမ၏သားကို သူမကိုယ်တိုင် မြူစွယ်ဖျားရောင်းခဲ့ပြီး သူ့မ၏သားနှင့် ရမ္မက်နွံထဲလက်ပစ်ကူးခဲ့မိသည်။ ပုံရိပ်များလွင့်ပြယ်သွားချိန်မှာတော့ သူမကိုသူမခွင့်မလွတ်နိုင်အောင် ရွံရှာမုန်းတီး စက်စုတ် လာခဲ့သည်။
” ငါကမိန်းမယုတ်ပဲ။ ဟုတ်တယ် ငါကမိန်းမယုတ်။ ငါ့သားကို ငါကိုယ်တိုင် ရက်ရက်စက်စက်စွန့်ပစ်ခဲ့တယ်။ ပြီးတော့ ငါကိုယ်တိုင်ငရဲယူရတာ အားမရလို့ ငါ့သားကိုပါ ငါ့ရဲငရဲတွေကိုခွဲဝေပေးခဲ့မိတယ်။ ငါလိုမိန်းမက ဒီလောကမှာမရှိသင့်တဲ့ မိန်းမ။ ငါကလူလို့မခေါ်ထိုက်တဲ့ မိန်းမယုတ် ။ငါက တကယ့်ကို ခွေးထက်မိုက်တဲ့ ခွေးထက်ယုတ်တဲ့ မိန်းမယုတ်မ။….. မေမေ့ကို ခွင့်လွတ်ပါ…. ခွင့်လွတ်ပါသားလေးရယ်… မေမေ့ကိုခွင့်လွတ်ပါ….အဟင်းဟင်းဟင်းဟင်း”
သူမအားရအောင် အော်ဟစ်ငိုကြွေးလို့အပြီးမှာတော့ နံရံထောင့်က ပိုးသတ်ဆေးပုလင်းကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲအကုန် လောင်းထည့်လိုက်ပါတော့သည်။
စာရေးသူ -ဝေဘုန်းဇျာန်(မိုင်းဝယ်သား)
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^^-^-^
(ပြီး) ဝတ္ထု – ဝေဘုန်းဈာန်(မိုင်းဝယ်သား)
#စာရေးသူ – #ဝေဘုန်းဇျာန်(မိုင်းဝယ်သား)
ဒီဝတ္ထုကို လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က ရေးသားခဲ့တာပါ။ ဒါကြောင့် လိုအပ်ချက်နဲ့ အမှားများကိုနားလည်ပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
သွေးကစကားပြောတယ်ဆိုတာ ရုပ်ရှင်ဇာတ်လမ်းမှာပဲရှိပါတယ်။ အပြင်မှာစကားမပြောတဲ့ သွေးတွေနဲ့ ပြန်မပတ်သက်မိနိုင်ဘူးလို့ မပြောနိုင်ပါဘူးခင်ဗျ။ လောကကြီးမှာ ကိုယ့်သွေးသားမှန်းသိသိကြီးနဲ့တောင် တဏှာရမ္မက်ကို လက်ပစ်ကူးနေသူတွေကြားဖူးမှာပါ။ မကြားဖူးရင်လည်း ကျွန်တော်ရေးထားတဲ့ “အမကြီးအမိအရာ” ဆိုတဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုဖတ်ကြည့်ပြီး အဲ့ပိုစ့်အောက်က ဖြစ်ရပ်မှန်မန့်တွေကိုလည်းဖတ်ကြည့်လေ့လာနိုင်ပါတယ်။ ဒီတော့ ကိုယ့်သွေးမှန်းမသိတဲ့ စကားမပြောတဲ့သွေးတွေနဲ့ပြန်ဆုံပြီး အဖြစ်ဆိုးမျိုးမကြုံရအောင် ကိုယ့်သားကိုယ့်သမီးကို မွေးပြီးရင် စွန့်မပစ်ကြဖို့နဲ့ မကျွေးမွေးနိုင်ရင် အိမ်မပိုင်ရင် ကလေးမမွေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
မှတ်ချက် -(မြန်မာစာ မကျွမ်းကျင်တဲ့အပြင် သိမ်းထားတဲ့စာမူကို copy ပြန်ချတာဖြစ်လို့ စာလုံးပေါင်းအမှားနဲ့ စာပြောင်းပြန်များအတွက် နားလည်ခွင့်လွတ်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ ဒီလောက်အဆင်မပြေမှုများတဲ့ ဝတ္ထုကို အခုလိုသည်းခံ ဖတ်ရှုပေးခဲ့ပေးခဲ့ကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ )

Zawgyi Version

ကံၾကမၼာက ေပးတဲ့ျပစ္ဒဏ္(စ/ဆုံး)
—————————–
စာေရးသူ – ေဝဘုန္းဇ်ာန္(မိုင္းဝယ္သား)
တိတ္ဆိတ္ေမွာင္မိုက္ေနတဲ့ အေဆာက္အဦးတစ္ခုဆီမွာ ျငင္းခုန္ေအာ္ဟစ္သံမ်ားက တျဖည္းျဖည္းခ်င္းက်ယ္ေလာင္ တိုးထြက္လာၾကသည္။
“ေဟ့ေကာင္မင္းတို႔ ဒါဘာလုပ္တာလဲ ငါ့ကိုလြတ္”
“ဘာလို႔လြတ္ရမွာလဲ မင္းငါတို႔ဆီက လိမ္႐ိုက္လို႔ရမယ္ထင္ေနလား ျပန္ေပးစမ္း အဲ့ပိုက္ဆံ”
လူငယ္မ်ားဝိုင္းဖြဲ႕ကစားေနတဲ့ ဖဲဝိုင္းဆီက ထြက္ေပၚလာတဲ့ စကားသံမ်ားသာျဖစ္သည္။
“ငါမင္းတို႔ကိုဘာမွလိမ္မ႐ိုက္ဘူး ငါ့ကိုလြတ္လို႔ေျပာေနတယ္ေနာ္ ရႈံးမဲမဲတယ္ဆိုတာ လူေကာင္းအလုပ္မဟုတ္ဘူးဖယ္ကြာ”
“အာ… ဒီေလာက္ လက္ေပါက္ကပ္တဲ့ေကာင္ ကဲ့ကြာ”
“အာ့….”
အခ်ဳပ္ခံထားရတဲ့ လူငယ္က တိုးဝင္လာတဲ့ ဓားေျမႇာင္ကို လ်င္ျမန္စြာ တိမ္းေရွာင္လိုက္တဲ့အခါ အေနာာက္မွေနၿပီး သူ႔ကိုဖမ္းခ်ဳပ္ထားတဲ့ေကာင္ကို ထိုးမိသြားသည္။
“ဟာ တိုးေအာင္ကို ဓားထိသြားၿပီ ”
လူငယ္က ဒါကိုအခြင့္ေကာင္းယူၿပီး ႐ုန္းကန္လို႔ ထိုေနရာမွ ေျပးထြက္သြားခဲ့သည္။
“ေဟ့ေကာင္ေတြ ဟိုေကာင္ထြက္ေျပးသြားၿပီ လိုက္ၾကေလကြာ မိရင္ေတာ့ အေသသာသ-တ္ပစ္ခဲ့ ”
သူ႔ေအာ္သံအဆုံး က်န္တဲ့သုံးေယာက္က ထြက္ေျပးသြားတဲ့ လူငယ္ေနာက္ကို ေျပးလိုက္သြားၾကသည္။ သူကေတာ့ဓားထိုးခံလိုက္ရတဲ့ တိုးေအာင္ကို လႈပ္ႏိုးေခၚငင္ရင္း က်န္ခဲ့ပါေတာ့သည္။
………….
……………….
…………………….
အေမွာင္ထုမ်ား ႀကီးစိုးေနတဲ့ လမ္းသြယ္ေလးမွာ အမ်ိဳးသမီးငယ္တစ္ဦးက တစုံတခုကို ရင္မွာပိုက္ၿပီး ေလွ်ာက္လာေနသည္။ သူမ၏ မ်က္လုံးမ်ားက ဂနာမၿငိမ္သလို မ်က္ႏွာအမူအယာကလည္း က်ီးကန္းေတာေမာက္တကဲသို႔ ရွိေနသည္။
ဖဲဝိုင္းအတြင္းမွ ေျပးထြက္လာေသာ လူငယ္က ထိတ္လန႔္တုန္လႈပ္မႈမ်ားနဲ႔အတူ ရထားသံလမ္းတစ္ခုဆီ ေရာက္ရွိလာခဲ့သည္။ သူက အေနာက္ကို လွည့္ၾကည့္လိုက္ ေျပးလိုက္ျဖင့္ သံလမ္းေဘးကေညႇာင္ပင္ေအာက္က ခ်ဳံတစ္ခုအနား ေရာက္ေသာအခါ ခုန္ဝင္ပုန္းေအာင္းေနလိုက္သည္။ သူ႔ေနာက္ကို လိုက္လာၾကတဲ့ လူတစုက သူ႔အားမ်က္ျခည္ျပတ္သြားသျဖင့္ ေဒၚသတႀကီးဆဲဆို ႀကိမ္းေမာင္း၍ လွည့္ျပန္သြားၾကသည္။ ဒီေတာ့မွ သက္ျပင္းကိုခ်ၿပီး ခ်ဳံအျပင္သို႔ ထြက္ဖို႔ျပင္လိုက္စဥ္မွာပဲ လမ္းတဖက္ဆီမွ အထုပ္ပိုက္ၿပီး ဟိုၾကည့္ဒီၾကည့္ျဖင့္ ေလွ်ာက္လာေနေသာ အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ ထိုအမ်ိဳးသမီးက သူပုန္းေအာင္းေနတဲ့ ခ်ဳံအနားကိုေရာက္တဲ့အခါ ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္သည္။ ၿပီးေနာက္ ေဘးဘီဝဲယာကို အကဲခတ္ၾကည့္ရင္း သူ႔လက္ထဲက အထုပ္ကိုအသာခ်ၿပီး ေျပးထြက္သြားေတာ့သည္။ လူငယ္က သူမ ထြက္သြားတာနဲ႔ ခ်ဳံထဲကထြက္လာၿပီး တလႈပ္လႈပ္ရွိေနတဲ့ အထုပ္အနားကို တိုးကပ္သြားသည္။ အထုပ္အနားေရာက္ေတာ့ သူအေတာ္အံ့ၾသသြားရသည္။
“ဟန္…”
အေၾကာင္းမွာ ထိုအမ်ိဳးသမီး ခ်သြားခဲ့တဲ့အထုပ္က အမိုက္မဟုတ္ပဲ ကေလးတစ္ေယာက္ ျဖစ္ေနျခင္းေၾကာင့္ပင္။
“ကေလးေလးပါလား”
သူကေျပာရင္းဆိုရင္းနဲ႔ ကေလးငယ္ေလးကို ေကာက္ခ်ီလိုက္ၿပီး။
” ေတာက္…! ခေလးတစ္ေယာက္ကို အဲ့တိုင္းပစ္သြားရသလား။ ေအးေပါ့ေလ ဒီလိုမိခင္မ်ိဳးေတြရွိလို႔လည္း အပစ္မရွိတဲ့ခေလးေတြ ဒုကၡေရာက္ကုန္ၾကတာေပါ့။ ”
ခေလးငယ္ေလးရဲ႕ မ်က္ႏွာကို ေသခ်ာၾကည့္မိေတာ့ ခ်စ္စရာေကာင္းလြန္းလွသည္။ ထို႔ေၾကာင့္ စြန႔္ပစ္ခံ သနားစရာေကာင္းတဲ့ ကေလးငယ္ေလးကို ဂ႐ုဏာသက္စြာျဖင့္..။
“ကဲ့ကေလးေလးေရ မင္းနဲ႔ငါေတာ့ အရင္ဘဝက ေရစက္ေၾကာင့္ထင္ပါရဲ႕…. အခုေတာ့ ငါကမင္းရဲ႕ေမြးစားအေဖ မင္းရဲ႕အေဖ ျဖစ္ရၿပီေပါ့ကြာ”
ဟု ၾကည္ႏူးစြာ ၿပဳံးလိုက္မိပါေတာ့သည္။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
…..
………
အခ်ိန္ကာလမ်ားက တေ႐ြ႕ေ႐ြ႕ေျပာင္းလာရာ ဆယ့္ေျခာက္ႏွစ္ကာလသို႔ပင္ ေရာက္ရွိခဲ့ေလၿပီ။
“အင္း ဘာလိုလိုနဲ႔ ငါ့သားေလးေတာင္ အ႐ြယ္ေရာက္ၿပီး ငါ့ကိုလုပ္ကိုင္ေကြၽးေမြးေနၿပီပဲ။ ငါ့လို လူဆိုးလူမိုက္တစ္ေယာက္က ဒီလိုလိမၼာတဲ့သားေလးကို ရလိမ့္မယ္လို႔ တစ္ခါမွထင္မထားခဲ့ဖူးဘူး။ ေက်းဇူးတင္ပါတယ္ ကံတရားႀကီးရယ္ ”
အိမ္ေရွ႕က တံခါးဖြင့္သံႏွင့္အတူ သားငယ္ေလး လင္းရွိန္ခန႔္ ျပန္ေရာက္လာမွ ၾကက္ဥေၾကာ္ရင္းေတြးေနမိတဲ့ အေတြးစမ်ားလည္း ျပတ္သြားခဲ့ရသည္။
“အေဖေရ သားျပန္ေရာက္ၿပီ”
“ေဟာ့ သားေတာင္ျပန္ေရာက္ၿပီပဲ ကဲ့ေရမိုးခ်ိဳးေတာ့ ၿပီးရင္ထမင္းစားမယ္ကြ ”
“ဟုတ္ေဖေဖ ေဖေဖဗိုက္ဆာရင္ အရင္စားႏွင့္ေလ”
“ေၾသာ္ငါ့သားကလည္းကြာ ေဖေဖကသားမပါပဲ ဘယ္တုန္းကမ်ား တစ္ေယာက္ထဲစားဖူးလို႔လဲ”
“ဟီး ဟုတ္ၿပီေဖေဖ ဒါဆိုခဏပဲေစာင့္ သားေရခ်ိဳးတာျမန္ပါတယ္။”
“ေအးပါသားရယ္ ကဲ့သြား ေရသြားခ်ိဳးေတာ့ ေဖေဖထမင္းဝိုင္းျပင္ထားမယ္”
“ဟုတ္ကဲ့ေဖေဖ”
………
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
ေမဝင့္ထည္သည္ ပန္းကုံးေလးမ်ားကို လက္မွာဆြဲလွ်က္ လမ္းမေပၚက ကားက်ိဳကားၾကား မ်ားတြင္ လွည့္ပတ္ေရာင္းေနသည္။ ထိုစဥ္ ကားမွတ္တိုင္မွာ ဘတ္စ္ကားေစာင့္ေနတဲ့ လူငယ္ေလးကိုေတြ႕ေတာ့ သူမသေဘာက်သြားခဲ့သည္။ ထို႔ေၾကာင့္ ကားမွတ္တိုင္ဘက္ အေျပးတပိုင္း ကူးလာၿပီး သူမပန္းကုံးမ်ားကိုေရာင္းေလသည္။
“ေမာင္ေလး ပန္းဝယ္ပါဦးလား မမေဈးဦးမေပါက္ေသးလို႔ပါ”
“ေၾသာ္ဟုတ္ကဲ့အမ ညေနျပန္လာေတာ့မွ ဝယ္လို႔ရမလားဗ် အခုက ကြၽန္ေတာ္ အလုပ္သြားရမွာမို႔လို႔ ”
“ရတယ္ ရတယ္ေမာင္ေလး မမဒီမွတ္တိုင္မွာပဲ ေစာင့္ေနမယ္ေနာ္။ ေမာင္ေလးဘယ္အခ်ိန္ေလာက္ ျပန္ေရာက္မွာလဲဟင္”
“ဟုတ္ကဲ့အမ ကြၽန္ေတာ္ ညေန ငါးနာရီခြဲေလာက္ဆိုရင္ ျပန္ေရာက္ၿပီအမ”
“ဟုတ္ၿပီေမာင္ေလး မညာရဘူးေနာ္ မမတကယ္ေစာင့္ေနမွာ”
“စိတ္ခ်ပါအမရယ္ ကြၽန္ေတာ္မညာတတ္ပါဘူးဗ်။ ေဟာ့ ကြၽန္ေတာ္စီးရမယ့္ကားလာၿပီ သြားၿပီေနာ္အမ။”
“ဟုတ္ၿပီေမာင္ေလး ဂ႐ုစိုက္ေနာ္ ညေနက် မမဒီမွာပဲေစာင့္ေနမွာေနာ္။”
ေကာင္ေလးက ေခါင္းၿငိမ့္ျပၿပီး ကားေပၚတက္သြားခဲ့သည္။ သူမက ေကာင္ေလးစီးသြားတဲ့ကားကို ၿပဳံး႐ႊင္ေငးၾကည့္ေနရာက မည္မွ်ၾကာသြားသည္မသိ လူတစ္ေယာက္ ပန္းလာဝယ္ေနေတာ့မွ သတိျပန္ဝင္လာခဲ့သည္။
ေကာင္ေလးမွတ္တိုင္က ဆင္းလာသည္ႏွင့္ သူ႔ကို အသင့္ေစာင့္ေနတဲ့ ပန္းသည္အမႀကီးကို လွမ္းျမင္ရေတာ့ သေဘာက်စြာၿပဳံးမိသည္။
“အမတို႔ကမ်ား အခ်ိန္တိက်လိုက္တာ ကြၽန္ေတာ့္ကို ေစာင့္ေနရတာ ၾကာသြားၿပီလားဗ်”
ဟု ႐ြတ္ေႏွာက္ေႏွာက္ စလိုက္သည္။
“အဟင္း…. မၾကာေသးပါဘူးေမာင္ေလးရဲ႕ ဒီလိုပဲေလ ကိုယ့္ေမာင္ေလးကို ေတြ႕ခ်င္မွေတာ့ ဝိရိရရွိရွိ ေစာင့္ရတာေပါ့လို႔”
“ခင္ဗ်ာ”
သူမစကားကိုၾကားေတာ့ ေကာင္ေလး ရွက္သလိုလို ျဖစ္သြားၿပီး မ်က္ႏွာေပၚမွာရဲခနဲ ျဖတ္သန္းသြားသည္။
“ေၾသာ္…မဟုတ္ပါဘူး…. မမေျပာခ်င္တာက ေမာင္ေလးကို ေတြ႕မွပန္းေရာင္းရမွာမို႔ မမက ႀကိဳေစာင့္ေနရတာလို႔ေျပာတာပါ”
“ေၾသာ္ ဟုတ္ပါၿပီမမရယ္ ကဲ့ေ႐ႊပန္း တစ္ေထာင္ဖိုးေလာက္ေပးဗ်ာ”
“ဟုတ္ၿပီေမာင္ေလး ခနေနာ္”
သူကပန္းကုံးငါးကုံးကို ထုံးခ်ည္ၿပီး ေကာင္ေလးလက္ထဲ ထည့္ေပးလိုက္သည္။
“ကဲ့ ရၿပီေမာင္ေလး ေရာ့”
“ဟုတ္အမ ေက်းဇူးပါဗ် ဒါဆိုကြၽန္ေတာ္သြားၿပီေနာ္အမ”
“ေအးေအးေမာင္ေလး ေက်းဇူးပါကြယ္”
သူမက ေကာင္ေလးကို လက္ျပ ႏုတ္ဆက္ေတာ့ ေကာင္ေလးကလည္း ေယာင္နနနဲ႔ သူမကိုျပန္ၿပီး လက္ျပကာ ထြက္ခြာသြားေလေတာ့သည္။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
ေကာင္ေလးအလုပ္သြား အလုပ္ျပန္တိုင္း ထိုပန္းသည္အမ်ိဳးသမီးနဲ႔အၿမဲလိုလို ႏုတ္ဆက္ စကားေျပာျဖစ္ၾကရာက ခင္မင္လာခဲ့ၾကသည္။
တစ္ေန႔ လင္းရွိန္ခန႔္ အလုပ္ကျပန္လာတဲ့ ညေနခင္းတစ္ခုမွာ သူ႔ဆီေျပးလာေနတဲ့ ပန္းသည္အမ ေျခေခါက္လွဲက်သြားသည္။ သူမလွဲက်သြားတာကို ျမင္ျမင္ခ်င္း ေကာင္ေလးက စိတ္ပူၿပီး အေျပးေရာက္သြားကာ ထူမေပးရွာသည္။
“အဆင္ေျပရဲ႕လားအမ ဘယ္နားထိသြားေသးလဲ ”
” အား.. မေျပဘူးေမာင္ေလး မမေျခေထာက္ အရမ္းနာတယ္ အား…နာလိုက္တာ”
“ဟာ ဟုတ္လား ဒါဆို ကြၽန္ေတာ္ ေဆးခန္းလိုက္ပို႔ေပးမယ္ေနာ္အမ ”
“ဟင့္အင္ မမေဆးခန္းမသြားခ်င္ဘူး ျဖစ္ႏိုင္ရင္ေလ အိမ္ကိုပဲလိုက္ပို႔ေပးပါလားဟင္ ”
“ရရဲ႕လားအမရယ္ ေတာ္ၾကာတခုခုျဖစ္ေနမွာစိုးလို႔ပါအမရဲ႕ ”
“ျဖစ္ပါတယ္ ေမာင္ေလးရယ္ အမကေဆး႐ုံေဆးခန္းဆို ေၾကာက္တယ္။ အိမ္မွာလည္း လိမ္းေဆး၊ေသာက္ေဆးေတြ ရွိေနေတာ့ မမအဆင္ေျပပါတယ္။ အာ့ေၾကာင့္မမကို အိမ္ပဲ ျပန္လိုက္ပို႔ေပးပါေနာ္ ”
“အင္း ဟုတ္ၿပီအမ ဒါဆိုကြၽန္ေတာ္ အမရဲ႕အိမ္ကိုလိုက္ပို႔ေပးပါ့မယ္။ ”
“ေက်းဇူးပါေမာင္ေလးရယ္”
သူမက ေခါင္းေလးကိုငုံ႔ၿပီး ႏွစ္သက္စြာ ၿပဳံးလိုက္သည္ကိုေတာ့ ေကာင္ေလးမျမင္လိုက္ပါ။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
“ေဖေဖ သားဒီအ႐ြယ္မွာ ရည္းစားထားရင္ အျပစ္ျဖစ္လားဟင္”
ဦးလင္းရွိန္စာအုပ္ဖတ္ေနတုန္း အနားေရာက္လာတဲ့ သားငယ္ကေမးလိုက္ျခင္းျဖစ္သည္။
“ဟ ငါ့သားစကားက အဆန္းႀကီးပါလား။ ရည္းစားထားတယ္ဆိုတာ ဘယ္အ႐ြယ္ျဖစ္ျဖစ္ အျပစ္မွမရွိပါဘူးသားရဲ႕။ ဒါနဲ႔ေနစမ္းပါဦး သားကေဖ့ေဖ့ကို ဒီလိုေမးခြန္းမ်ိဳးေမးတယ္ဆိုေတာ့ သားမွာ ခ်စ္သူရွိေနလို႔လား ”
“အဟီး… ဟုတ္တယ္ေဖေဖ သားမွာခ်စ္သူရွိေနတာ ၾကာၿပီ ေဖေဖဆူမွာစိုးလို႔မေျပာရဲတာ ”
” ေဟ ဟုတ္လား ငါ့သားကဘယ္ဆိုးလို႔လဲ ကဲ့ေျပာစမ္းပါဦး သားရဲ႕ခ်စ္သူက ဘယ္သူလဲ ဘယ္ကလဲ”
” ဟုတ္ေဖေဖ သူ႔နာမည္က ေမဝင့္ထည္တဲ့ သူက ကားလမ္းေပၚမွာ ပန္းေရာင္းေဖေဖရဲ႕။ ၿပီးေတာ့ သားထက္လည္း အသက္အမ်ားႀကီး ႀကီးတယ္”
” ေၾသာ္ နာမည္ကေတာ့ လွသားကြ။ ေအးေအး အသက္ႀကီးတာငယ္တာေတာ့ ကိစၥမရွိပါဘူး။ အဓိကက ငါ့သားအေပၚမွာ ခ်စ္ခင္ၾကင္နာၿပီး ဂ႐ုစိုက္ေပးရင္ၿပီးတာပဲမလား။”
” ဟုတ္ကဲ့ေဖေဖ သူကသားကိုေတာ့ ေတာ္ေတာ္ခ်စ္ပါတယ္ေဖေဖရ”
“ဒါဆိုရင္ဘာလိုေသးလဲ သားရယ္။ သားအလုပ္အားတဲ့ရက္ အိမ္ကိုေခၚလာခဲ့ ေဖေဖအကဲခတ္ၾကည့္ရတာေပါ့ ဟုတ္လား”
“ဟုတ္ကဲ့ေဖေဖ ဟို… ေဖေဖသားတို႔ကို သေဘာတူမွာလားဟင္ ”
“ေဖေဖက သားကိုစိတ္ဆင္းရဲေအာင္ ဘယ္တုန္းကမ်ား လုပ္ဖူးလို႔လဲသားရယ္”
“ေက်းဇူးတင္ပါတယ္ေဖေဖရယ္”
ဘယ္ေလာက္ပဲ သေဘာတူေစဦးေတာ့ တဦးတည္းေသာသားေလးမို႔ ႏွေျမႇာမိတာေတာ့အမွန္။
“အင္း သီးခ်ိန္တန္သီး ပြင့္ခ်ိန္ပြင့္ဆိုေတာ့လည္း ဘယ္တတ္ႏိုင္မလဲေလ။ ငါ့သားစိတ္ခ်မ္းရင္ အဆင္ေျပရင္ ငါလည္းေက်နပ္ရမွာေပါ့။ ”
လင္းရွိန္ခန႔္က အေတြးမ်ားနဲ႔ ေတြေဝၿငိမ္က်သြားတဲ့ ဖခင္မ်က္ႏွာကိုျမင္ရေတာ့ အျပစ္မကင္းသလို ခံစားလိုက္ရသည္။။
“ေဖေဖ စိတ္မေကာင္းျဖစ္ေနတာလားဟင္ ။ စိတ္မေကာင္း မျဖစ္ပါနဲ႔ေဖေဖရယ္။ တကယ္လို႔ေဖေဖ သေဘာမတူရင္ သားအိမ္ေထာင္မျပဳပါဘူး ”
ဦးလင္းရွိန္က ငိုင္က်ေနတဲ့မ်က္ႏွာထားကို အၿပဳံးယဲ့ယဲ့ေလးျဖင့္ အေရာင္ျပန္တင္လိုက္ရင္း။
“မဟုတ္ပါဘူးငါ့သားရယ္ ေဖေဖက သားေလးကို အခုခ်ိန္ထိ ကေလးပဲရွိေသးတယ္လို႔ ထင္ေနတာ။ အခုမွငါ့သားက အ႐ြယ္ေရာက္ေနၿပီဆိုတာကို သတိထားမိလို႔ပါကြယ္။ သီးခ်ိန္တန္လို႔သီးတယ္ ပြင့္ခ်ိန္တန္လို႔ပြင့္တာကို ေဖေဖက ဘာလို႔သေဘာမတူရမွာလဲ။ ငါ့သားစိတ္ခ်မ္းသာၿပီး ၿပဳံးေနရင္ကို ေဖေဖက အလိုလို ေပ်ာ္ေနရတာပါကြယ္။ ”
“သားက ေဖ့ေဖ့အတြက္ အၿမဲတမ္း ကေလးပါပဲေဖေဖရယ္”
လင္းရွိန္ခန႔္ထိုသို႔ေျပာရင္း ဖခင္ရဲ႕ေပါင္ေပၚကို ေခါင္းေလးအုံးၿပီး ခြၽဲေနမိသည္။ ဦးလင္းရွိန္က သားေလးရဲ႕ ေခါင္းေလးကို ေျဖးေျဖးခ်င္း ပုတ္ေပးရင္းနဲ႔….။
“ဟုတ္ပါၿပီ ေဖေဖ့ရဲ႕ ခ်စ္သားေလးရာ ”
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-
ေမဝင့္ထည္က ပန္းကုံးေလးမ်ားကို ခါတိုင္းကဲ့သို႔ ကားက်ိဳကားၾကား လမ္းမေပၚ ဟိုသည္ကူးသန္းေရာင္းေနေပမယ့္ ပန္းမ်ားက တစ္ကုံးမွ ေရာင္းမထြက္ေသး အခ်ိန္က ေန႔ခင္းဘက္ေတာင္ ေရာက္လို႔ေနပါၿပီ။
“စိတ္ညစ္လိုက္တာ ဒီေန႔က်မွ ပန္းေတြကလည္း မေရာင္းရ။ ေဈးဦးကလည္းမေပါက္နဲ႔ ငါ့ဘဝႀကီးကလည္း စိတ္ပ်က္စရာ ေကာင္းလိုက္တာ ”
သူမထိုသို႔ ေတြးေနစဥ္မွာပဲ။
“ညီမေလး ”
ေခၚသံၾကားရာဘက္ကို လွည့္ၾကည့္မိေတာ့ ကားေပၚကေန သူမကို မ်က္စပ်စ္ျပၿပီး လွမ္းေခၚေနတဲ့လူတစ္ေယာက္ကို ေတြ႕ရသည္။ သူမ အခ်ိန္ဆိုင္းမေနပဲ ထိုေနရာသို႔ အေျပးေလးေရာက္သြားခဲ့သည္။
” ဘယ္ဟာေလးယူမလဲအကိုေလး ”
ထိုလူက မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး။
“ညီမမွာ ဒီပန္းေလးပဲရွိတာမလား အကိုက ဘာေတြမ်ား ထပ္ရႏိုင္ေသးလို႔လဲ ”
“ေၾသာ္အကိုရယ္ အကိုသာလိုခ်င္တယ္ဆိုရင္ ညီမမွာရွိတဲ့ အရာအားလုံးက အကို႔အတြက္ပါပဲ”
လူႀကီးရဲ႕မ်က္လုံးက အေရာင္လက္သြားၿပီး…။
” ေသခ်ာလို႔လား ”
ထိုသို႔ ျပန္ေမးလိုက္တဲ့အခါ ေမဝင့္ထည္က တခ်က္ၿပဳံးလိုက္သည္။
“ညီမ ဘာလို႔ဒီပန္းေတြကိုေရာင္းတာလဲ အကိုေလးမသိခ်င္ဘူးလား ”
“အင္း… သိခြင့္ရရင္ေပါ့”
” ညီမက ေ႐ႊပန္းေတြဆို သိပ္…ႀကိဳက္ၿပီး သိပ္…ပန္ခ်င္တာေလ အဲ့ဒါေၾကာင့္ ညီမအႀကိဳက္ဆုံးျဖစ္တဲ့ ဒီေ႐ႊပန္းေတြကိုပဲ ေရာင္းျဖစ္ေနတာေပါ့အကိုရဲ႕”
“ဒါဆိုပြဲကၿပီးၿပီေပါ့။ ေရာ့ ဒီလိပ္စာအတိုင္း ဒီေန႔ည ၉နာရီအေရာက္လာခဲ့။ မင္းရဲ႕အျပဳအစုသာေကာင္းရင္ ထိုက္တန္တဲ့ တုန႔္ျပန္မႈရဖို႔ အကိုအာမခံတယ္ ”
” ဒီအပိုင္းေတာ့ စိတ္ခ်အကို ဒါက ညီမရဲ႕အကြၽမ္းက်င္ဆုံးမို႔ေလ ”
“ေကာင္းၿပီေလ ဘယ္ေလာက္ထိကြၽမ္းက်င္လဲဆိုတာ ဒီညလက္ေတြ႕စမ္းၾကည့္ရတာေပါ့။ ကဲ့အကိုသြားၿပီေနာ္။”
“ဟုတ္ကဲ့အကိုေလး”
မ်က္ႏွာေပၚမွာ ကာလာအစုံျခယ္သထားၿပီး ခႏၶာကိုယ္ေပၚမွ လွပေက်ာ့ရွင္းစြာဝတ္ဆင္ထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ လိပ္စာကဒ္ေလးကို ေသခ်ာငုံ႔ၾကည့္သည္။ ၿပီးေနာက္ hotelရဲ႕ အေပၚထပ္ဆီသို႔ ေမာၾကည့္ကာ ၿပဳံးလိုက္ေတာ့သည္။ သူမကေတာ့ ကားလမ္းေပၚေတြမွာ အဝတ္ခတ္ႏြမ္းႏြမ္းနဲ႔ ပန္းလိုက္ေနတဲ့ ေမဝင့္ထည္ တစ္ေယာက္ပင္ မဟုတ္ပါလား။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
ပန္းၿခံက ခုံတန္းေလးတစ္ခုမွာ ေမဝင့္ထည္ႏွင့္ လင္းရွိန္ခန႔္ တို႔ ခ်စ္သူႏွစ္ဦး ရွိေနၾကသည္။ လင္းရွိန္ခန႔္က မ်က္ႏွာမသာမယာရွိေနတဲ့ သူမကိုၾကည့္လိုက္ၿပီး ထိုသို႔ေမးလိုက္သည္။
” မမဘာေတြ အဲ့ေလာက္ထိ ေတြးေနတာလဲဟင္ ”
“ေမာင့္အေၾကာင္းေပါ့”
“ဟင့္ ေမာင့္အေၾကာင္း ဟုတ္လား ကဲ့ေျပာစမ္းပါဦးဗ်ာ ေမာင့္အေၾကာင္း ဘာေတြေတြးၿပီး စိတ္မေကာင္းျဖစ္ေနတာလဲဆိုတာ”
“ဘာျဖစ္ရမလဲေမာင္ရယ္။ မမက ေမာင့္ထက္ အသက္အမ်ားႀကီးႀကီးေတာ့ တခ်ိန္ခ်ိန္က်ရင္ ထားသြားခံရမွာကို ေတြးၿပီး စိတ္ပူေနတာေလ ”
“ဟာ မဟုတ္တာ မမရယ္ ေမာင္ကေလ မမကိုသိပ္ခ်စ္လြန္းလို႔ ေဖေဖ့ကိုေတာင္ ေျပာၿပီးသြားၿပီ ”
“ဟင္… ဟုတ္လား ဒါဆို ေဖေဖက ဘာေျပာလဲဟင္ မမနဲ႔သေဘာတူရဲ႕လား ”
ေကာင္းေလးက မ်က္ႏွာညိဳးက်သြားသည္။
” အင္း…. ေဖေဖက ဘာေျပာလဲဆိုေတာ့”
လင္းရွိန္ခန႔္ရဲ႕မ်က္ႏွာကို အကဲ့ခတ္ေနတဲ့ ေမဝင့္ထည္တစ္ေယာက္ အနည္းငယ္ ထိတ္လန႔္သြားရသည္။
“ျမန္ျမန္ေျပာပါေမာင္ရယ္ မမစိတ္ပူလွၿပီ ေမာင့္ေဖေဖက သူ႔သားႏုႏုထြဋ္ထြဋ္ေလးနဲ႔ မမနဲ႔ကို သေဘာမတူဘူးတဲ့လားဟင္”
” ေဖေဖက ဘာေျပာလဲဆိုေတာ့ ”
သူက ေမဝင့္ထည္ရဲ႕မ်က္ႏွာကို ေငးစိုက္ၾကည့္ရင္း…။
“သူ႔ရဲ႕ေခြၽးမေလာင္းနဲ႔ ေတြ႕ခ်င္လို႔ အိမ္ကိုအျမန္ဆုံးေခၚခဲ့ပါတဲ့ေလ ”
ဟုေျပာလိုက္သည္။ သည္အခါမွ ေမဝင့္ထည္တစ္ေယာက္ ရင္ထဲကအစိုင္အခဲတခု ျပဳတ္က်သြားရေတာ့သည္။
“ဟယ္ ေမာင္ကသိပ္ဆိုးတာပဲ။ ဒီကျဖင့္စိတ္ပူလိုက္ရတာဟြန႔္”
“ခ်စ္လို႔စတာပါမမရယ္။ ဘယ္လိုလဲ ေမာင္နဲ႔အခု တစ္ခါတည္းလိုက္ခဲ့မယ္မလား ”
“ေမာင့္သေဘာပါတဲ့ရွင္……. ”
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
“ေဖေဖ ”
အိမ္တံခါးဖြင့္သံႏွင့္အတူ သားရဲ႕ေခၚသံၾကားလို႔ ၾကည့္လိုက္ေတာ့ သားျဖစ္သူကဝင္မလာပဲ တံခါးဝမွာရပ္ေနသည္ကို ေတြ႕လိုက္ရသည္။
“ေအာ့ သား လာေလ အဲ့မွာဘာရပ္လုပ္ေနတာလဲ ”
“ဟုတ္ ဟို ဟိုေလ ေဖေဖ သား သားရဲ႕ခ်စ္သူကို ေခၚလာတာ”
လင္းရွိန္ခန႔္က ထိုသို႔မရဲတရဲေျပာရင္း သူ႔ေနာက္မွာ ရွိေနတဲ့အမ်ိဳးသမီးတစ္ေယာက္ကို ေခၚျပသည္။
“ေၾသာ္ ဟုတ္လား ေအးေအး ဒါဆိုသမီးကို အိမ္ထဲေခၚခဲ့ေလသားရဲ႕”
” ဟုတ္ကဲ့ေဖေဖ”
“လာမမ ”
“ျဖစ္ပါ့မလားေမာင္ရယ္ ”
“ျဖစ္ပါတယ္မမရဲ႕ ေမာင့္ေဖေဖကသေဘာေကာင္းတယ္ ဘာမွမေၾကာက္နဲ႔ေနာ္ ေမာင္ရွိတယ္ ”
” အင္းပါ”
ဦးလင္းရွိန္က အိမ္ထဲဝင္လာတဲ့ သူမကိုေတြ႕ေတာ့ ထိုမ်က္ႏွာကို တေနရာရာမွာ တရင္းတႏွီးေတြ႕ဖူးသလို ခံစားလိုက္ရသည္။ သူက သူ႔ေရွ႕ေရာက္လာတဲ့ ထိုအမ်ိဳးသမီးကို ေသခ်ာၾကည့္ၿပီး ျပန္လည္ေတြးေတာရင္းက တစုံတခုကို မွတ္မိသြားခဲ့သည္။
“ဟင္… ဒါ…ဒါ ဟိုမိန္းခေလးပဲမလား။ ဘုရားဘုရား ဘာေတြျဖစ္ကုန္တာပါလိမ့္”
” ေဖေဖ”
သားငယ္ရဲ႕ေခၚသံၾကားမွ အေတြးကမာၻထဲေရာက္ေနတဲ့ ဦးလင္းရွိန္ သတိျပန္ဝင္လာခဲ့သည္။ ၿပီးေနာက္ ရင္ထဲကအပူမ်ားကို ခဏမ်ိဳသိပ္သိမ္းဆည္းလိုက္ၿပီး ဟန္မပ်က္ၿပဳံးျပလွ်က္။
” ေဟ ေအး သား ”
” ဒါက သားေျပာျပတဲ့ သားရဲ႕ခ်စ္သူေမဝင့္ထည္ပါေဖေဖ”
“ေၾသာ္ေအးကြယ္ ငါ့သားကသိပ္ေတာ္တာပဲ ၾကည့္စမ္း တကယ္လိုလွတဲ့ေခြၽးမေလးကို ရလာတာပဲ ”
ဦးလင္းရွိန္စကားေတြထဲမွာ တစုံတခုေသာ အဓိပၸါယ္က နစ္ဝင္ေနသည္ကိုေတာ့ သူတို႔သိမည္မထင္။
“ကဲ့သား ေခြၽးမေလးစားဖို႔ တခုခုသြားဝယ္ပါဦးကြယ္ ”
” ဟုတ္ကဲ့ေဖေဖ”
” ဟို ရပါတယ္အန္ကယ္ သမီးမစားေတာ့ပါဘူး”
သူမကအားနာဟန္ျဖင့္ ျငင္းရွာသည္။ သို႔ေပမယ့္ ဦးလင္းထိန္ကေတာ့။
“အိုဘယ္ဟုတ္ပါ့မလဲကြယ္ ကဲ့သားေလး သြားဝယ္ကြယ္ သြား”
” ဟုတ္ကဲ့ေဖေဖ မမခဏေစာင့္ေနာ္”
သူမခမ်ာ ေယာကၡမေရွ႕မွာ ေကာင္ေလးကိုသူနဲအတူ ရွိေနေစခ်င္ေသာ္လည္း ေခါင္းၿငိမ့္ျပၿပီးက်န္ခဲ့႐ုံသာ တတ္ႏိုင္ရွာေတာ့သည္။
“သမီးအသက္ ဘယ္ေလာက္ရွိၿပီလဲ”
“သမီးအသက္ ၃၈ႏွစ္ပါအန္ကယ္”
“ေၾသာ္ ဒါဆို သားေလးနဲ႔ေတာ္ေတာ္ကြာတာပဲ”
ဦးလင္းရွိန္ဘဝင္မက်ဟန္ျဖင့္ သူမကိုေစ့ေစ့ၾကည့္ကာ ဆက္၍ေျပာသည္။
” သမီး အသက္ႏွစ္ဆယ္အ႐ြယ္မွာ အိမ္ေထာင္က်ၿပီး ကေလးရခဲ့မယ္ဆိုရင္ အန္ကယ့္သားက သမီးရဲ႕ သားအ႐ြယ္ပဲရွိဦးမွာေနာ္”
ဒီစကားကိုၾကားေတယ့ ဘာရယ္မသိပဲ သူမလန႔္ျဖန႔္သြားရသည္။
“ရွင္…ေၾသာ္.. ဟုတ္.. ဟုတ္ကဲ့အန္ကယ္”
“ေအးကြယ္ စိတ္မရွိနဲ႔ေနာ္ အန္ကယ္က သေဘာ႐ိုးနဲ႔ေျပာတာပါ”
“ဟုတ္ကဲ့ ရပါတယ္အန္ကယ္ ”
“ေအးေအး ဒါနဲ႔သမီးကို အန္ကယ္ေမးစရာရွိတယ္။ ေစာနက သားေလးေရွ႕မွာဆိုေတာ့ ေမးလို႔ မေကာင္းလို႔ေလ။ အဲ့ဒါ သမီး အမွန္တိုင္းေျဖေနာ္ ”
“ဟင္….ဒုကၡပါပဲ ငါညဥ့္ငွက္အလုပ္လုပ္တာ သူသိသြားၿပီလား မသိဘူး ဟူး မဟုတ္ပါေစနဲ႔”
သူမထိုသို႔ေတြးလိုက္ၿပီး မလုံမလဲျဖစ္ေနတဲ့စိတ္ကို အတတ္ႏိုင္ဆုံးထိန္းကာ ျပန္ေျပာသည္။
“ဟုတ္ ဟုတ္ကဲ့ ေမးပါအန္ကယ္ သမီး အမွန္တိုင္းေျဖပါ့မယ္”
သူမအမူအရာကို ျမင္ေတာ့ ဦးလင္းရွိန္ ဘုရားတမိသြားသည္။
“ဘုရားဘုရား ဒီမိန္းမ မဟုတ္ပါေစနဲ႔…..”
“အင္း …. ဟိုး…လြန္ခဲ့တဲ့ ၁၈ႏွစ္ေလာက္တုန္းက သဃၤန္းကြၽန္းဘူတာႏွေဘးက ေညာင္ပင္ေအာက္မွာ သမီး အထုပ္တစ္ထုပ္လာပစ္သြားတယ္ မဟုတ္လား… ”
” ရွင္….”
သူမထိတ္လန႔္စြာ ေအာ္မိသြားသည္။
” အန္ကယ္ေမးတာ ေျဖေလ ဟုတ္တယ္မလား”
ဦးလင္းရွိန္ရဲ႕ ေဒါသတႀကီး ေမးလိုက္သံေၾကာင့္ ေၾကာက္လန႔္တုန္လႈပ္စြာနဲ႔ပဲ အလိုလိုေျဖမိရက္သား ျဖစ္သြားသည္။
“ဟုတ္… ဟုတ္ပါတယ္ အန္ကယ္ ”
“မိန္းမယုတ္ ”
“ျဖန္း…. “အာ့…..”
ခႏၶာကိုယ္မွာ ရွိသမွ်အားအင္ကို စုၿပီး သူမပါးျပင္ကို တအားလြဲကာ႐ိုက္ခ်ပစ္လိုက္ေတာ့သည္။
” မင္း အဲ့ဒီထဲမွာ ကေလးတစ္ေယာက္ထည့္ၿပီး လာပစ္သြားတာမဟုတ္လား… ဟန္”
အလိပ္လိပ္တက္လာတဲ့ ေဒါသမ်ားအၾကား ဝမ္းနည္းမႈပူေလာင္မႈတို႔က ေရာေထြးေနကာ သူမကို ေအာ္ဟစ္ေမးပစ္လိုက္သည္။
“ဟုတ္ ဟုတ္ကဲ့ ပစ္မိပါတယ္ အဟင္းဟင္းဟင္း ”
သူမတုန္ရီငိုရႈိက္ေနရင္းက ဝန္ခံလိုက္ရရွာသည္။
” ေအး အဲ့ဒါ မင္းအခုလက္ထပ္မယ့္ ငါေမြးစားထားတဲ့ ငါ့ရဲ႕သားပဲကြ ”
” ရွင္”
ၾကားလိုက္ရတဲ့ စကားသံက သူ႔ေခါင္းကို ျပင္းထန္တဲ့မိုးက်ိဳးစက္ကြင္းမ်ားစြာက ပစ္ခ်လိုက္သလို ခံစားလိုက္ရသည္။ သူမရဲ႕ ျပဴးက်ယ္ေနတဲ့ မ်က္ဝန္းေတြထဲမွာ မယုံႏိုင္ျခင္းမ်ားစြာ နာက်င္ျခင္းမ်ားတို႔က ေနရာယူလို႔ထားသည္။
” မဟုတ္တာ မျဖစ္ႏိုင္တာ ဒါကြၽန္မသားလား… မဟုတ္ဘူး မဟုတ္ပါဘူး မျဖစ္ႏိုင္ဘူး ဒါ… ဒါ.. မဟုတ္ဘူး လုံးဝမျဖစ္ႏိုင္ဘူး အဟင္းဟင္းဟင္းဟင္း”
ေခါင္းငိုက္စိုက္က်ၿပီး မ်က္ရည္မ်ားတသြင္သြင္စီးက်ေနတဲ့ ဦးလင္းရွိန္က ယူက်ဳံးမရျဖစ္ေနရွာသည္။ ၿပီးေတာ့ ေမဝင့္ထည္၏ မ်က္ႏွာအား ေမာ့ၾကည့္လိုက္ၿပီး။
“သြားပါၿပီကြာ ငါ့သားေလးဘဝေတာ့ သြားပါၿပီ။ ၾကည့္စမ္းပါဦး မင္းတို႔လို မိခင္စိတ္မရွိတဲ့ မိန္းမယုတ္ေတြေၾကာင့္ ငါတို႔ႏိုင္ငံမွာ ခေလးေတြရဲ႕ အသက္ေပါင္းမ်ားစြာ ဘယ္ေလာက္ထိေတာင္ ဆုံးရႈံးခဲ့ၿပီးၿပီလဲ ..ဟန္။ ”
ဟု ႐ြံရွာမုန္းတီးစြာ ေျပာခ်လိုက္သည္။ သူမကေတာ့ လင္းရွိန္ခန႔္က သူ႔သားဆိုသည္ကို လက္မခံႏိုင္ လုံးဝလက္မခံခ်င္ပါ။ ထို႔ေၾကာင့္ ဦးလင္းထိန္ကို လက္ညိဳးေငါက္ေငါက္ထိုးရင္း ျပန္လည္ျငင္းဆန္ ေျပာဆိုေနေတာ့သည္။
“ဟင့္အင္း မဟုတ္ဘူး မျဖစ္ႏိုင္ဘူး ငါ့သားမျဖစ္ႏိုင္ပါဘူး ရွင္လိမ္ေနတာ လိမ္ေနတာ”
“ျဖန္း….”အာ့……”
“မင္းပါးစပ္ကိုပိတ္ထား မင္းတို႔သိပ္ရက္စက္တဲ့မိန္းမေတြ ေခြးထက္ယုတ္တဲ့မိန္းမေတြ။ အခုေတာ့မင္းသားနဲ႔မင္း ျပန္ညားၾကမယ့္ အေျခေနေတာင္ေရာက္ကုန္ၿပီ ကဲ့ေကာင္းၾကေသးရဲ႕လား ။ ေကာင္းၾကေသးရဲ႕လား။ သြားမင္းအခုခ်က္ခ်င္း ငါ့အိမ္ကထြက္သြား…ထြက္သြားေလ မိန္းမယုတ္ရဲ႕”
ဦးလင္းရွိန္ရဲ႕ေအာ္ဟစ္ ေမာင္းထုတ္သံအဆုံး လင္းရွိန္ခန႔္လည္း ျပန္လို႔ေရာက္လာခဲ့သည္။ ေရာက္ေရာက္ျခင္းၾကားလိုက္ရတဲ့ အေၾကာင္းအရာက သူ႔ကို အံ့ၾသထိတ္လန႔္သြားေစသည္။
“ေဖေဖဘာျဖစ္တာလဲ မမ မမေကာ ဘာလို႔ငိုေနတာလဲ ဘာျဖစ္ၾကတာလဲဟင္။ သားကိုေျပာၾကပါဦး ဘာျဖစ္ၾကတာလဲလို႔”
ေမဝင့္ထည္ က လင္းရွိန္ခန႔္ကို ျမင္ရေတာ့ ရင္မဆိုင္ရဲေတာ့ပဲ အိမ္ထဲမွ ေျပးထြက္သြားေတာ့သည္။ လင္းရွိန္ခန႔္မွာေတာ့ သူေဈးဝယ္ထြက္သြားခ်ိန္ခဏအတြင္းမွာ ဖခင္နဲ႔သူ႔ရဲ႕ခ်စ္သူတို႔ ဘယ္လိုျပႆနာေတြျဖစ္သြားၾကသည္ကို နားမလည္ႏိုင္စြာျဖင့္ မ်က္ရည္မ်ား ဝိုးစို႔လာကာ ထိုသို႔ေမးရွာသည္။
“ေဖေဖ ဘယ္လိုျဖစ္တာလဲေဖေဖရယ္ သားကိုရွင္းျပပါဦး ေဖေဖတို႔ဘာျဖစ္ၾကတာလဲဟင္”
ဦးလင္းရွိန္ ပါးစပ္အေဟာင္းသားျဖစ္ေနရာက… ။
“သား …..သားရယ္”
ဦးလင္းရွိန္ရဲ႕အသံမ်ားက ဆို႔နစ္နစ္ရွိေနၿပီး သားငယ္ေလးကို ဆြဲဖက္ကာ မ်က္ရည္မ်ားကလည္း အဆက္မျပတ္ စီးက်လိုလာပါေတာ့သည္။
“ေဖေဖဘယ္လိုေျပာရမလဲသားရယ္။ ဒီမိန္းမယုတ္ မင္းအေမအရင္းပါလို႔ ေဖေဖဘယ္လိုစိတ္မ်ိဳးနဲ႔ ေျပာထြက္ရက္မွာလဲ။ ကံဆိုးလိုက္တဲ့ငါ့သားေလး…. ငါ့သားေလးကံဆိုးလိုက္တာ……”
“ေဖေဖ သားကိုသနားရင္ ဘာျဖစ္ၾကတာလဲဆိုတာေလး သားကိုရွင္းျပပါဦးေဖေဖရယ္”
သားငယ္ရဲ႕မ်က္ႏွာေလးကို ဂ႐ုဏာသက္စြာၾကည့္ရင္း အမွန္တိုင္းေျပာမျပရက္တာေၾကာင့္ ထိုသို႔လီ-းလြဲကာ ေျပာဖို႔ ဆုံးျဖတ္လိုက္သည္။
“သား…. ေဖေဖ…. ေဖေဖဘယ္လိုေျပာရမလဲသားရယ္။ သူက သူကသားရဲ႕… သားရဲ႕အေမ……သားရဲ႕အေမကို… အဆိပ္ခတ္သတ္ခဲ့တဲ့မိန္းမ သားရဲ႕ ”
“ဗ်ာ”
“ဟုတ္… ဟုတ္ရဲ႕လားေဖေဖရယ္ ဒါ ဒါဘယ္လိုလုပ္ၿပီးျဖစ္ႏိုင္မွာလဲ ေဖေဖသားတို႔ကို သေဘာမတူခ်င္လို႔ ညႇာေနတာမဟုတ္လား ဟုတ္တယ္မလားဟင္”
“မဟုတ္ဘူးသား မဟုတ္ဘူး ေဖေဖ ေဖေဖမညာပါဘူးသားရယ္။ သားေမေမက ဆရာဝန္လို႔ ေဖေဖေျပာဖူးတာ သားမွတ္မိတယ္မလား”
“ဟုတ္ ဟုတ္ကဲ့ေဖေဖ”
“ေအးသူက သားေမေမရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္း။ သားေမေမက သူ႔ထက္ပညာကြၽမ္းက်င္ၿပီးရာထူးျမင့္ေတာ့ သူကမနာလိုစိတ္ေမြးၿပီး သားေမေမကို အယုံသြင္းအဆိပ္ခတ္သတ္လိုက္တာ။”
“ဗ်ာ…ရက္စက္လိုက္တာဗ်ာ ဒါဆို အဲ့မိန္းမက သားကိုအမိမဲ့သားျဖစ္ေအာင္ လုပ္လိုက္တာေပါ့ ဟုတ္လားေဖေဖ ”
“ဟုတ္တယ္သား ။ သူေရာက္လာတုန္းက ေဖေဖသူ႔ကိုေသခ်ာၾကည့္ေနတာ သားသတိထားမိမွာေပါ့။ ေဖေဖက သားေရွ႕မေျပာခ်င္လို႔ သားကိုေရွာင္ခိုင္းၿပီး သားျပန္မလာခင္သူ႔ကိုေမာင္းထုပ္ေပမယ့္ အဲ့ဒီမိန္းမက မ်က္ႏွာေျပာင္တိုက္ၿပီး ေပကပ္ေနတယ္။ ဒါနဲ႔ပဲ သားရဲ႕ျမင္ကြင္းေရွ႕မွာ ဒီလိုေတြေတြ႕ရေတာ့တာပါပဲသားရယ္။ ဘယ္လိုကံမ်ားပါလိမ့္ ကိုယ့္အေမကိုသတ္ခဲ့တဲ့သူနဲ႔ ခ်စ္သူျဖစ္ရတယ္လို႔ ေဖေဖရင္က်ိဳးရပါၿပီသားရယ္ ေဖေဖရင္က်ိဳးရပါၿပီကြာ ”
“ေဖေဖရယ္ သားမသိလို႔ပါ သားတကယ္မသိလို႔ပါေဖေဖရယ္။ စိတ္ခ်ေဖေဖ သားရဲ႕ေမေမ့ကို ရက္ရက္စက္သက္သတ္ခဲ့တဲ့ အဲ့ဒီမိန္းမိကို သားကလဲ့စားျပန္ေခ်မယ္ ”
နာနာက်င္က်င္အံႀကိတ္ၿပီး ေျပာထြက္ေပၚလာတဲ့ သားငယ္ေလးရဲ႕စကားေၾကာင့္ ဦးလင္းရွိန္ အထိတ္တလန႔္ျဖစ္သြားရသည္။
“မလုပ္ရဘူးသား။ သားသူ႔ကို ဘာမွမလုပ္ရဘူးေနာ္။ သူလုပ္ခဲ့တဲ့ လုပ္ရပ္အတြက္ ဥေပဒက သူ႔ကိုအျပစ္ေပးၿပီးပါၿပီသားရယ္။ ဘာမဟုတ္တဲ့ ဒီမိန္းအတြက္နဲ႔ ငါ့သားတခုခုျဖစ္မွာ ေဖေဖမလိုလားဘူး။ ဒါေၾကာင့္သူ႔ကိုဘာမွမလုပ္နဲ႔ေနာ္။ ေဖေဖက ငါ့သားအတြက္ ငါ့သားအတြက္ေျပာေနတာပါသားရယ္”
“ေဖေဖကလည္းဗ်ာ ကိုယ့္အေမကို ရက္ရက္စက္စက္ သတ္ခဲ့တဲ့သူကို သားကဘာမြ လက္တုန္မျပန္ရေတာ့ဘူးလား။ သူ႔ေၾကာင့္ သူ႔ေၾကာင့္သား အေမဆိုၿပီး ေခၚလို႔မရတဲ့ဘဝ ျဖစ္ခဲ့ရတာေလ။ သားမြာ ဘာမွေတာင္ တုန႔္ျပန္ပိုင္ခြင့္ မရွိဘူးလားေဖေဖရယ္။ ေမ့ေမ့တြက္ ကြၽန္ေတာ့္အတြက္ ဘာမွ ဘာမွတုန႔္ျပန္ခြင့္မရွိေတာ့ဘူးလား”
လင္းရွိန္ခန႔္တစ္ေယာက္ ခံျပင္းေဒါသမ်ားနဲ႔အတူ နာက်ည္း ေပါက္ကြဲလို႔ ေနရွာသည္။
“စိတ္ေလ်ာ့ပါသားရယ္ ငါ့သားစိတ္ေလ်ာ့ပါ။ ေဖေဖကသားကို မျဖစ္သင့္တာမျဖစ္ေအာင္… မျဖစ္သင့္တာ မျဖစ္ေအာင္တားေနရတာပါ။ သူလည္းဥပေဒကေပးတဲ့ ျပစ္ဒဏ္ကို ခံရၿပီးပါၿပီကြယ္ ။ မၾကာခင္ သူ႔ရဲ႕ဝဋ္ေႂကြးအတိုင္း သူ႔ဘာသာဇာတ္သိမ္းသြားပါလိမ့္မယ္။ ငါ့သားဘာမြ လုပၥရာမလိုဘူး ေဖေဖ့ကိုယုံေနာ္ ငါ့သားသူ႔ကိုဘာမွမလုပ္ရဘဲ သူ႔ဇာတ္သူသိမ္းသြားပါလိမ့္မယ္ကြယ္”
“ေလာကႀကီးက စိတ္နာဖို႔ ေကာင္းလိုက္တာေဖေဖရာ။ ကံတရားက သားဘဝကိုရက္ရက္စက္စက္ ကစားပစ္တယ္။ သားမွာဘာအျပစ္ရွိလို႔ ဒီလိုဘဝမ်ိဳးကိုပိုင္ဆိုင္ခြင့္ ေပးရတာလဲ။ သားဘာအမွားေတြမ်ားလုပ္မိလို႔ သားကို မိစုံဖစုံဘဝမ်ိဳးမေပးႏိုင္ရတာလဲဗ်ာ ”
“ဝမ္းမနည္းပါနဲ႔သားရယ္ ငါ့သားမွာဘာအျပစ္မွမရွိပါဘူး။ မ်က္ႏွာလိုက္တဲ့ ေလာကဓံတရားေတြၾကားမွာ ငါ့သားတစ္ေယာက္ထဲ အထီးေနက်န္ေနတာမ်ိဳး မဟုတ္ပါဘူးကြယ္။ ေလာက္ကမွာ သားထက္ ဘဝဆိုးတဲ့ ကေလးေတြအမ်ားႀကီး ရွိပါေသးတယ္။ သားမြာ ေဖေဖတစ္ေယာက္လုံးရွိတာပဲ ဘာမွဝမ္းမနည္းနဲ႔ အားလည္းမငယ္နဲ႔ ေဖေဖရွိတယ္။ ဟုတ္ၿပီေနာ္သား”
“ဟုတ္ကဲ့ ဟုတ္ကဲ့ပါေဖေဖရယ္”
ဦးလင္းရွိန္သည္ သူ႔ဘဝကို စိတ္ပ်က္ဝမ္းနည္းၿပီး နာက်င္ငိုေႂကြးေနရွာတဲ့ သားငယ္ေလးကို ေထြးေပြ႕ ႏွစ္သိမ့္ေပးလိုက္သည္။
…………..
………………
သူမအိမ္ကို ျပန္ေရာက္သည္ႏွင့္ ၾကမ္းျပင္ေပၚ အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်လိုက္သည္။ ထိုအခိုက္ ျဖစ္ခဲ့ၿပီးေသာ အျဖစ္အပ်က္မ်ားက သူမအာ႐ုံထဲမွာ ႐ုပ္ရွင္ျပကြက္သဖြယ္ တရိပ္ရိပ္ေပၚလို႔လာသည္။ သူမေျခေထာက္နာဟန္ေဆာင္ၿပီး အိမ္ျပန္ပို႔ခိုင္းတဲ့ ညေနခင္းမွာ သူမ၏သားကို သူမကိုယ္တိုင္ ျမဴစြယ္ဖ်ားေရာင္းခဲ့ၿပီး သူ႔မ၏သားႏွင့္ ရမၼက္ႏြံထဲလက္ပစ္ကူးခဲ့မိသည္။ ပုံရိပ္မ်ားလြင့္ျပယ္သြားခ်ိန္မွာေတာ့ သူမကိုသူမခြင့္မလြတ္ႏိုင္ေအာင္ ႐ြံရွာမုန္းတီး စက္စုတ္ လာခဲ့သည္။
” ငါကမိန္းမယုတ္ပဲ။ ဟုတ္တယ္ ငါကမိန္းမယုတ္။ ငါ့သားကို ငါကိုယ္တိုင္ ရက္ရက္စက္စက္စြန႔္ပစ္ခဲ့တယ္။ ၿပီးေတာ့ ငါကိုယ္တိုင္ငရဲယူရတာ အားမရလို႔ ငါ့သားကိုပါ ငါ့ရဲငရဲေတြကိုခြဲေဝေပးခဲ့မိတယ္။ ငါလိုမိန္းမက ဒီေလာကမွာမရွိသင့္တဲ့ မိန္းမ။ ငါကလူလို႔မေခၚထိုက္တဲ့ မိန္းမယုတ္ ။ငါက တကယ့္ကို ေခြးထက္မိုက္တဲ့ ေခြးထက္ယုတ္တဲ့ မိန္းမယုတ္မ။….. ေမေမ့ကို ခြင့္လြတ္ပါ…. ခြင့္လြတ္ပါသားေလးရယ္… ေမေမ့ကိုခြင့္လြတ္ပါ….အဟင္းဟင္းဟင္းဟင္း”
သူမအားရေအာင္ ေအာ္ဟစ္ငိုေႂကြးလို႔အၿပီးမွာေတာ့ နံရံေထာင့္က ပိုးသတ္ေဆးပုလင္းကို ေကာက္ယူလိုက္ၿပီး ပါးစပ္ထဲအကုန္ ေလာင္းထည့္လိုက္ပါေတာ့သည္။
စာေရးသူ -ေဝဘုန္းဇ်ာန္(မိုင္းဝယ္သား)
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^^-^-^
(ၿပီး) ဝတၳဳ – ေဝဘုန္းဈာန္(မိုင္းဝယ္သား)
#စာေရးသူ – #ေဝဘုန္းဇ်ာန္(မိုင္းဝယ္သား)
ဒီဝတၳဳကို လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္ေလာက္က ေရးသားခဲ့တာပါ။ ဒါေၾကာင့္ လိုအပ္ခ်က္နဲ႔ အမွားမ်ားကိုနားလည္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္ခင္ဗ်ာ။
ေသြးကစကားေျပာတယ္ဆိုတာ ႐ုပ္ရွင္ဇာတ္လမ္းမွာပဲရွိပါတယ္။ အျပင္မွာစကားမေျပာတဲ့ ေသြးေတြနဲ႔ ျပန္မပတ္သက္မိႏိုင္ဘူးလို႔ မေျပာႏိုင္ပါဘူးခင္ဗ်။ ေလာကႀကီးမွာ ကိုယ့္ေသြးသားမွန္းသိသိႀကီးနဲ႔ေတာင္ တဏွာရမၼက္ကို လက္ပစ္ကူးေနသူေတြၾကားဖူးမွာပါ။ မၾကားဖူးရင္လည္း ကြၽန္ေတာ္ေရးထားတဲ့ “အမႀကီးအမိအရာ” ဆိုတဲ့ ျဖစ္ရပ္မွန္ဝတၳဳကိုဖတ္ၾကည့္ၿပီး အဲ့ပိုစ့္ေအာက္က ျဖစ္ရပ္မွန္မန႔္ေတြကိုလည္းဖတ္ၾကည့္ေလ့လာႏိုင္ပါတယ္။ ဒီေတာ့ ကိုယ့္ေသြးမွန္းမသိတဲ့ စကားမေျပာတဲ့ေသြးေတြနဲ႔ျပန္ဆုံၿပီး အျဖစ္ဆိုးမ်ိဳးမႀကဳံရေအာင္ ကိုယ့္သားကိုယ့္သမီးကို ေမြးၿပီးရင္ စြန႔္မပစ္ၾကဖို႔နဲ႔ မေကြၽးေမြးႏိုင္ရင္ အိမ္မပိုင္ရင္ ကေလးမေမြးၾကဖို႔ ေမတၱာရပ္ခံပါတယ္ခင္ဗ်ာ။
မွတ္ခ်က္ -(ျမန္မာစာ မကြၽမ္းက်င္တဲ့အျပင္ သိမ္းထားတဲ့စာမူကို copy ျပန္ခ်တာျဖစ္လို႔ စာလုံးေပါင္းအမွားနဲ႔ စာေျပာင္းျပန္မ်ားအတြက္ နားလည္ခြင့္လြတ္ေပးဖို႔ ေတာင္းဆိုပါတယ္ခင္ဗ်ာ။ ဒီေလာက္အဆင္မေျပမႈမ်ားတဲ့ ဝတၳဳကို အခုလိုသည္းခံ ဖတ္ရႈေပးခဲ့ေပးခဲ့ၾကတဲ့ မိတ္ေဆြမ်ားကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ။ )