ကျက်ကုန်းမြေကနာနာဘာဝ

*ကျတ်ကုန်းမြေက နာနာဘာဝ*📖📖(စ-ဆုံး)

********************************
မောင်မှိုင်းညို့(ချောင်ဦး)

ညက မှောင်မည်းနေတယ်။ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ည
ဒီကြားထဲ တိမ်မည်းမည်းတွေက ဖုံးအုပ်ထားတာကြောင့် ကြယ်ရောင်လရောင် မှုံမွှားမွှားတောင်မရှိဘူး။

အမှောင်လောကကြီး တစ်ခုလုံးကို အဆက်မပြတ်အောင် အော်မြည်နေတဲ့ ညပိုးပုရစ်တွေရဲ့
“ကျည် … ကျည် … ကျည် …. ကျည် … ကျည် ဆိုတဲ့အသံကြီးကပဲ စိုးမိုးမင်းမူနေတယ်။ဆိုရရင် ချောက်ချောက်ချားချား တိတ်ဆိတ်လွန်းတဲ့ည ပြောရမယ်။ဒီလို ညမှောင်ကြီးထဲမှာမှ လူနှစ်ယောက်က လက်နှိပ်ဓာတ် ရောင်ကို အားကိုးပြီး တရွေ့ရွေ့ တိုးဝင်နေကြတယ်။

သူတို့နှစ်ယောက်က နိုင်ကြီးနှင့်သူ့ မယား မသီတို့ပဲ။လေသေနတ်တစ်လက်နှင့် ငှက်ပစ်ထွက်လာကြတာလေ။

ဒီလိုများငှက်ပစ်ရမယ်ဆိုရင် အင်မတန်ကို လိုက်ဖက်ညီးလင်မယားပေါ့။
မောင်တစ်ထမ်း၊ မယ်တစ်ရွက်၊ ရောင်နောက်ဆံထုံးပါဆိုသလိုပဲ။

နိုင်ကြီးက ငှက်ပစ်၊ မသီက ငှက်ကောက်၊အဆင်ကိုပြေလို့ …။ နိုင်ကြီးက အရပ် ၆ ပေလောက်မြင့်တယ်။သန်မာထွားကျိုင်းတယ်။ ခန္ဓာကိုယ်ကလည်း တောင့်တင်းတယ်။ဒါကြောင့် ဗလအားကိုးနှင့် ဘာကိုမှ ကြောက်တတ် လန့်တတ်တဲ့သူ မဟုတ်ဘူး။မသီကတော့ ခပ်ပုပုရယ်။
အရပ်က ၅ ပေလောက်ပဲရှိတယ်။ကိုယ်လုံးကိုယ်ပေါက်ကလည်း ညှက်တဲ့အထဲ ပိန်သေး။ ဒါပေမယ့် သူလည်း ကြောက်တတ်တဲ့စာရင်းထဲမှာ မပါဘူး။

တစ်ခုတော့ ရှိတာပေါ့။ သူမကြောက်တတ်တာက သူ့ လင်နိုင်ကြီးရဲ့ ဗလအားကိုးနှင့်၊ ခုလည်းကြည့်လေ။အသဲထိတ်စရာ ညအမှောင်ကြီးထဲမှာ ငှက်ပစ်ထွက်လာတယ်တဲ့။ပိုဆိုးတာက ငှက်ပစ်ထွက်တဲ့နေရာ။
ရွာအနောက်ဘက်ကဲ ကျက်ကုန်းတောထဲမှာ။ကျတ်၊ တစ္ဆေ၊ သရဲ၊ ဇုတ်၊ ပြိတ္တာစတဲ့ နာနာဘာဝတွေ ကျက်စားနေထိုင်ကြတယ်လို့ အရမ်းနာမည်ကြီးတဲ့ နေရာပေါ့။ ကျတ်ကုန်းက တကယ်လည်း ဆိုးတယ်။

ဒီလို လူပြောသူပြောများပြီး နာမည်ကြီးလွန်းတဲ့ ကျတ်ကုန်း ထဲကို နိုင်ကြီးတို့ လင်မယား ငှက်ပစ်လာကြတယ်ဆိုကတည်းက ဘာကိုမှ မကြောက်၊ မလန့် တတ်တဲ့ လင်မယားဆိုတာသိလောက်ပါပြီ။နိုင်ကြီးရဲ့ညာဘက်လက်မှာ လေသေနတ်ကို ခါးလယ်ကဘယ်ဘက်လက်မှာက လေးဆထိုး ဓာတ်မီးတစ်လက်ကိုင်ထားတယ်။နိုင်ကြီးတို့ လင်မယား အရင်ဦးဆုံးရောက်သွားတဲ့အပင်ကပေါက်ပင်ကြီး။

သက်တမ်းရင့်ပေါက်ပင်ကြီးဆိုတော့ အကိုင်းအခက်တွေ အလက်အရွက်တွေ အုပ်ဆိုင်းပြီး နည်းတဲ့အပင်ကြီးမဟုတ်ဘူးနိုင်ကြီးက ပေါက်ပင်ကြီးရဲ့ အကိုင်းအခက်တွေကြားကဓာတ်မီးနှင့် ထိုးကြည့်တယ်။တစ်ကိုင်းပြီးတစ်ကိုင်း၊ တစ်နေရာပြီးတစ်နေရာ ဝေ့ဝေ့ပြီးထိုးကြည့်တယ်။အိပ်တန်းတက်နေတဲ့ ငှက်ရဲ့ ဝမ်းဗိုက်ဖွေးဖွေး ဓါတ်မီးရောထဲမှာ ပေါ်လာတယ်။နိုင်ကြီးက သေနတ်ရဲ့ ပြောင်းကာအောက်မှာ ဓါတ်မီးကး
ကိုင်လိုက်ပြီး၊ ငှက်ကိုချိန်တယ်။စူးရှလင်းထိန်တဲ့ဓာတ်မီးရောင်ကြောင့် ငှက်က ခေါင်းထောင်ကြည့်တယ်။

နိုင်ကြီး ခလုပ်မောင်းပေါ်တင်ထားတဲ့ လက်ညှိုးလေးကိုဒုတိယအဆင့်ထိ ကွေးချလိုက်တယ်။
“ဖောင်းခနဲ”ခပ်အုပ်အုပ် အသံပေးပြီး ထွက်သွားတဲ့
ခဲကျည်က ငှက်ရဲ့ ခေါင်းထဲ တန်းဝင်သွားတယ်။ငှက်၊ ချာလပတ်လည်ပြီး ပေါက်ပင်ပေါ်က ပြုတ်ကျလာတယ်။နိုင်ကြီးက ငှက်ကျတဲ့နေရာကို ဓာတ်မီးတစ်ချက်ဝေ့ပြလိုက်တယ်။

မသိက ငှက်ကို ပြေးကောက်ပြီး ဘေးမှာ လွယ်ထားတဲ့လွယ်အိတ်ထဲ ထည့်လိုက်တယ်။နိုင်ကြီးက လေသေနတ်ပစ် အရမ်းလက်တည့်တယ်။ရင်အုံဆိုရင်အုံ၊ ခေါင်းဆိုခေါင်းပဲ။ဒါပေမယ့်၊ နိုင်ကြီးကတော့ ခေါင်းကိုပဲ ရွေးပစ်တယ်။ကြွားပြောတာမဟုတ်ဘူး။တစ်ချက်၊ တစ်တောင့်၊ တစ်ကောင်၊ ကျိန်းသေပဲ။ပေါက်ပင်ကြီးမှာ ငှက်တော်တော် ရလိုက်တယ်။အဲဒီကနေ၊ နောက်တစ်ပင်၊ နောက်တစ်ပင်၊မသီရဲ့ လွယ်အိတ် တစ်ဝက်ကျော်ကျော် ဖောင်းကားနေပြီ။လွယ်ရတာလည်း တော်တော်နင့်နေပြီ၊
ဒါပေမယ့် လောဘဇောနှင့် မပြန်နိုင်သေးဘူး။တစ်ပင်ပြီးတစ်ပင်ကူးပြီး ပစ်နေကြတုန်း။ဒီလိုနှင့် အလွန်ကြီးမားတဲ့ အပင်ကြီးတစ်ပင်ရဲ့ အောက်ကိုသူတို့ လင်မယားရောက်သွားတယ်။

ဓာတ်မီးနှင့်ထိုးကြည့်လိုက်တော့မှ ညောင်ပင်အိုကြီးတစ်ပင်ဖြစ်နေတာသိလိုက်ရတယ်။ညောင်ပင်အိုကြီးက လူကြီးခြောက်ယောက်၊ ခုနစ်ယောက်ဖက် မကဘူး။မြစ်ပါးပျဉ်းတွေကလည်း ခုံးခုံးထလို့။ပင်စည်အိုကြီးမှာ အမြစ်ဇကာကွက်တွေက ကိုယ်လုံးပြည့်နှင့်။ ညောင်မုတ်ဆိတ်စွယ်တွေကလည်း၊ တိုးလို့တွဲလောင်း လှုပ်လို့၊ယမ်းလို့။ကြီးမားပြန် ကားနေတဲ့ ညောင်ကိုင်းကြီးတွေကနေ တိုင်း ထောက်မြစ်တွေ ထွက်ကျနေပုံက အဖိုးအိုတစ်ယောက် ခါးကုန်းနေပုံမျိုး …။

နိုင်ကြီး အံ့ဩမိတယ် …။

“ဒီလို ညောင်ပင်ကြီးမျိုး၊ ဒီကျက်ကုန်းထဲမှာ မရှိပါဘူး”လို့လည်း တွေးမိတယ်။ဒါကြောင့် မသီကို မေးလိုက်တယ်။

“မသိ၊ တို့ဘယ်နေရာ ရောက်နေတာလဲဟ၊
ဒီကွင်းထဲမှာ ဒီလိုညောင်ပင်ကြီးမျိုး မတွေ့ ဖူးပါဘူး …မသိလည်း အံ့အားသင့်နေပုံပဲ။

“ဟုတ်တယ်တော့၊ ကျုပ်လည်း အဲဒါပဲ စဉ်းစားနေတာ။

ဒီလိုညောင်ပင်ကြီးမျိုး ဒီတွင်းမှာ မရှိပါဘူးလို့၊ညောင်ပင်ကြီးကလည်း ကြီးလိုက်တာ၊
ကျုပ်တော့ ကြောက်တောင်ကြောက်လာပြီ . …”

မသိက စိုးရိမ်မကင်းတဲ့လေသံလေးနှင့် ပြောတယ်
နိုင်ကြီးက သူ့ပယားမသိ ကြောတ်မှာစိုးလို့ အရေးမလုပ်
လောက်တဲ့ပုံနှင့် ပြောတယ်။
“နင်ကလည်းတာ၊ ဒါကြောက်စရာမှ မဟုတ်တာ …”
ပြောမယ့်သာပြောလိုက်ရတာ သူကိုယ်တိုင်ကလည်း ညောင်
ကြီးနှင့်ပတ်သက်ပြီး စိတ်ထဲမှာ တစ်မျိုးကြီးခံစားနေရတယ်။ကျတ်ကုန်းမြေ ကွင်းတစ်ကွင်းလုံး ဘယ်နေရာ ဘယ်သူ့ လယ်၊ ဘယ်နေရာပယ်ပြောင်း၊ ဘယ်နေရာ ဘာပင်ရှိတယ်ဆိုတာ ကအစ သူအလွတ်ရပြီးသာ။သူ၊ လင်မယား၊ ကွင်းကျော်ပြီး သင်မန်းခင်၊ သရက်တော ကွင်းဘက် ရောက်လာတာများလား၊

ဒါလည်း မဖြစ်နိုင်ပြန်ဘူး။အိမ်ကထွက်လာတဲ့အချိန်နှင့် ငှက်ပစ်နေတဲ့အချိန် တွက်ကြည့်ရင် ဘာမှ မကြာသေးဘူး။ကွင်းကျော်စရာအကြောင်း ပရှိဘူး။ဒါဆို၊ ကျတ်ကုန်းမြေကွင်းထဲမှာပဲလားလို့ တွေးပြန်တော့ လည်း …မဖြစ်နိုင်ဘူး။ ကျတ်ကုန်းမြေတစ်ကွင်လုံးမှာ ဒီလိုအဓိကရ ညောင်ပင်ကြီးမျိုး၊ တစ်ပင်ဆိုတစ်ပင်မှ မရှိပါဘူးဆို။ ခက်နေတာက သူကိုယ်တိုင်လည်း ဘယ်နေရာရောက် တယ်ဆိုတော့ မတွေးတတ်ဘူး။

တစ်လောကလုံးကလည်း မှောင်မဲနေတော့ ဘယ်လိုမှ ခန့်မှန် လို့မရဘူး။

တွေးလို့ မရတဲ့အဆုံး နိုင်ကြီး ဦးနှောက်ခြောက်မခံတော့ဘူး။ ဆက်ပြီး တွေးမနေတော့ဘူး။ သူ့ ့အာရုံက သူလုပ်ရမယ့်အလုပ်ဆီ ပြန်ရောက်သွားတယ်။ လေးဆထိုးဓာတ်မီးနှင့် ညောင်တိုင်းတွေကြားထဲကို ဟိုဟို သည်သည် ဝေ့ကြည့်တယ်၊ ထိုးကြည့်တယ် …။

နိုင်ကြီးဝမ်းသာပြီး၊ အသံတောင် ထွက်သွားလေရဲ့ …။ သူ့အသံကြားလို့၊ မသီက ခပ်အုပ်အုပ်၊ ခပ်တိုးတိုးပေးတယ်။ “ဘာလဲ … ဘာလဲတော်၊ ဘာတွေ့ လို့လဲ

“ငူကြီးတွေဗာ၊ အုပ်လိုက်ပဲ” နိုင်ကြီးကလည်း လေသံတိုးတိုးနှင့် ပြန်ဖြေတယ်။ တစ်ဆက်တည်း၊ ငှက်တွေဆီကို ပီးနှင့်ထိုးပြတယ်။ တုတ်တယ်၊ ငှက်တွေ၊ညောင်ကိုင်းပေါ်မှာ တန်းစီပြီး အိပ်တန်းတက်နေကြတယ်။ “တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်၊ လေးကောင်၊ ငါးကောင်၊ ခြောက်ကောင်၊ ဟိုမှာတစ်ကောင်၊ ဟိုးမှာ တစ်ကောင်၊စုစုပေါင်း ရှစ်ကောင် …”

မသီတစ်ကောင်ပြီးတစ်ကောင် ရေတွက်ကြည့်နေတယ်။ “ဒါတောင် မတွေ့ တဲ့အကောင်ကျန်ဦးမယ် …”မသီတောင် လောဘဇောဝင်ပြီး တော်တော်ဝမ်းသာသွားတယ်။ ငူငှက်ဆိုတာ၊ အနီးစပ်ဆုံးပြောရရင်၊ ခိုလိုအကောင်မျိုးတွေပဲ။ ဒါပေမယ့် ခိုထက်ကြီးတယ်။ ကြက်မတမ်းလောက်ရှိတယ်။

အရောင်ကတော့ အဖြူ၊ အဝါဖျော့ဖျော့၊ ငှက်ထဲမှာ သူလည်း အကောင်ကြီးမျိုးပဲ။ တစ်ကောင်နှင့်တစ်ကောင် ပူးကပ်ပြီး တန်းစီအိပ်နေကြတယ်။ ပစ်ကွင်းတလည်း ကောင်းမှကောင်း၊သေနတ်နှင့်ငှက်ရဲ့ကြားမှာ ညောင်ခက်၊ ညောင်ရွတ်တစ်ခု မရှိဘူး။အေးအေးဆေးဆေး ပစ်လို့ရတဲ့ အနေအထားပဲ။နိုင်ကြီးက အစွန်ဆုံးကအကောင်ကိုကွက်ပြီး မီးထိုးတယ် လေသေနတ်နှင့်ချိန်တယ်။ပြီးတော့မှ ခလုပ်မောင်းကို ညှစ်ချလိုက်တယ်။ ထိချက်ကတော့ ထုံစံအတိုင်းပဲ။အိပ်နေတဲ့ ငူတောင်ဘာမှန်း သိလိုက်မှာမဟုတ်ဘူး။

ခေါင်းကိုမှန်ပြီး ပြုတ်ကျလာတယ်။နိုင်ကြီးက မသီငှက်ကောက်နိုင်အောင် ကျလာတဲ့ ငူငှက်ကိုဓာတ်မီးနှင့်လိုက်ထိုးပြနေတယ် …၊အဲဒီမှာပဲမထင်မှတ်တဲ့ အဖြစ်အပျက်ကို သူတို့ လင်မယား စတွေ့လိုက်ရတာပါပဲ။
ငူငှက်ဟာ ညောင်ကိုင်းတွေ၊ ညောင်ရွက်တွေကြားကနေတစ်ဆင့်ပြီးတစ်ဆင့် ပြုတ်ကျလာတယ်။ကျတာမှ ဇောက်ထိုး၊ ပက်လက်၊
အဲဒီငှက်ဟာ မြေပြင်နှင့်ထိကာနီးမှ “ဗရူး”ဆို အပေါ်ပြန်တက်သွားတယ်။နိင်ကြီး ဓာတ်မီးနှင့် လိုက်ထိုးကြည့်တော့ စောစောက
ညောင်ကိုင်း၊ စောစောက အစွန်ဆုံးနေရာမှာပဲ ပြန်နားတာ တွေ့
လိုက်ရတယ်။
“ဘာဖြစ်တာလဲ”နိုင်ကြီးပါးစပ်က အသံထွက်သွားတယ်။ ကျောထဲကတောင် စိမ့်ခနဲ ခံစားလိုက်ရတယ်။ “နင့်ဟာက၊ ဟုတ်မှ ဟုတ်ရဲ့လား …” မသိတောင် လန့်သွားတဲ့ပုံပဲ၊ အသံက တုန်နေတယ်။ “အေးလေ၊ ငါလည်း ဒါမျိုးတစ်ခါမှ မကြုံဖူးသေးဘူး။ ဒါပေမယ့်၊ နင်မကြောက်နှင့်၊ ဒါ ချက်ကောင်းမထိလို့ပဲဖြစ်မှာပါ နိုင်ကြီး၊ မသီကို အားပေးပြီး ငူအိပ်တန်းရှိရာဆီ ဓာတ်မီးပြန်ထိုးလိုက်တယ်။

“ကိုနိုင်၊ အစွန်ဆုံးအကောင်က ခုန နင်ပစ်တဲ့အကောင်မဟုတ်လား။

သေချာကြည့် မျက်နှာတစ်ခြမ်းတောင် မရှိတော့ဘူး၊ ဗိုက်မှာလည်း သွေးတွေပေနေတယ် မတုတ်လား .. မသီပြောတာနှင့် နိုင်ကြီး သေသေချာချာ ပြန်ကြည့်တယ်။ “ဟုတ်တယ်ဟ၊ အစွန်ဆုံးအကောင်မှာ ခေါင်းတစ်ခြမ်းမရှိတော့ဘူး။သေချာကြည့်စမ်းမသိ၊ ခေါင်းကနေ သွေးတွေတစ်စက်စက်ကျနေတယ်

မသီကြည့်လိုက်တော့။ တုတ်တယ်၊ သွေးတွေက တစ်စက်စက်နေတယ်။
မီးရောင်ထိုးထားလို့ အစိမ်းရောင်တောက်နေတဲ့ မျက်လုံး စ်လုံးနှင့်သူတို့ ကို စူးစိုက်ကြည့်နေတယ် …။နိုင်ကြီးက ဒုတိယမြောက်အကောင်ကို ချိန်ပြီး ပစ်ချလိုက် တယ်။ဒီတစ်ခါတော့၊ ငှက်က ညောင်ပင်အောက်ထိ ပြုတ်ကျ တယ်။ညောင်ရွက်ခြောက်တွေပေါ်မှာ သွေးအလူးလူး၊ တောင်ပံ ထုတ်ဖျတ်ခတ်ပြီး အသက်ငင်နေတယ် …။

မသီ အပြေးသွားပြီး၊ ငှက်ကို ကောက်လိုက်တယ်။

“အမလေး”

မသီလန့်ပြီး အော်လိုက်တယ်။ မသီရဲ့လက်နှင့်၊ ငှက်၊ ထိရုံရှိသေး။ ငှက်က “ဗရူး”ခနဲ ထပျံသွားတာကိုး။နိုင်ကြီးသိလိုက်ပြီ၊ ဒါ၊ မရိုးဘူး။

တောချောက်တာလား၊ အပမှီတာလား၊နာနာဘာဝတွေ လှည့်စားနေတာလား …၊တစ်ခုခုတော့၊ တစ်ခုခုပဲ။

နိုင်ကြီး အံကြိတ်ပြီး၊ ကြိမ်းလိုက်တယ်။ “လုပ်လိုက်လေ၊ လုပ်လိုက်စမ်း …၊ နင်တို့ကပဲ ကြမ်းနိုင်မလား …၊ ငါကပဲကြမ်းနိုင်မလား …။ တစ်ပွဲတစ်လမ်း တွေ့ကြသေးတာပေါ့ ကြိမ်းဝါးရင်း၊ အော်ဟစ်ရင်း၊ “ငါ”နှင့် ကိုင်တုတ်ပြီးပါ ဆဲလိုက်သေးတယ်။

“ကဲဟာ သေစမ်းဟာ

နိုင်ကြီးဟာဒေါသထွက်ထွက်နှင့် ငူငှက်တွေကို တစ်ပေပြီးတစ်ကောင်
တဖောင်းဖောင်း ပစ်ချတယ်။ငူငှက်တွေကလည်းလေသေနတ်မှန်ပြီး ဇောက်ထိုး၊ ကျလာလိုက် ဖရူးခနဲ အလန့် တကြား ပျံတက်သွားလိုက်

အရင်နားတဲ့ ညောင်ကိုင်းပေါ်မှာပဲ သွေးသံတရဲရဲနှင့် ပြန် နားလိုက် လုပ်နေတယ် …။နိုင်ကြီးဆိုတာက နဂိုကတည်းက ကြောက်စိတ် လန့် စိတ်လည်း မရှိ၊ ဒေသကလည်း ထွက်နေဆိုတော့ ဘာကိုမှမ မြင်တော့ဘူး။

မသိကတော့ တစ်စတစ်စ သွေးပျက်လာတယ်။ချောက်ချောက်ချားများ ဖြစ်လာတယ်။

“ကိုနိုင် ပြန်ကြစို့

“ကိုနိုင် ပြန်ကြရအောင် …”ဆိုပြီး တဖွဖွ ပြောနေတယ်။

“ဒါ၊ တောချောက်နေတာက ဘာမှ မကြောက်နဲ့ငါတစ်ယောက်လုံးရှိတယ်။ ဘာမှ မဖြစ်ဘူး ….”မသိကြောက်နေတာ သိပေမယ့်၊ နိုင်ကြီး မပြန်ဘူး။ငူတွေတို သဲကြီးမဲကြီး လေသေနတ်နှင့် တဖောင်းဖောင်းစ်နေတယ်။

မသီ ငှက်အိပ်တန်းကို လှမ်းကြည့်လိုက်တယ်။မြင်နေရတဲ့မြင်ကွင်းက သွေးပျက်စရာပဲ။အကြိမ်ကြိမ်၊ အထပ်ထပ် လေသေနတ်နှင့် အပစ်ခံထား ရတာကြောင့် ငှက်တွေအကုန်လုံး သွေးချင်းချင်းရဲနေကြပြီ … ငှက်တစ်ချို့က တစ်ကိုယ်လုံး ကျည်တွေမှန်ပြီး ဆန်ကာပေါက်တွေဖြစ်လို့ …။ တစ်ချို့တွေက ခေါင်းမှာ ဖွာလန်ကြဲနေတယ်။ အတောင်ပံမှန်ထားတဲ့အကောင်တွေက တောင်ပံစေ ကျိုးကျလို့။

တစ်ချို့ အကောင်တွေဆို ခေါင်းတောင်မရှိတော့ဘူး၊ လည်ပါ
မသိ ငူငှက်တွေကိုကြည့်ပြီး ပိုကြောက်လာတယ်။ “ကိုနိုင်၊ ပြန်စို့၊ငါကြောက်လာပြီနော် နိုင်ကြီးရဲ့ လက်ကို အတင်းဆွဲပြီးခေါ်တယ်။ နိုင်ကြီး၊ သူ့ မယားရဲ့ တုန်နေတဲ့အသံကို သတိထားလိုက်တယ်။ ကြောက်ရွံ့စိုးရိမ်နေတဲ့ မျက်နှာပေါ်မှာ ချွေးတွေပြန်နေ ကိုလည်း ဓာတ်မီးအလင်းရောင်နှင့် တွေ့ လိုက်တယ် …. နိုင်ကြီး မသီကို သနားသွားတယ်။

သူတစ်ယောက်တည်းအနေနှင့်ကတော့ သရဲတစ္ဆေမပြောနှင့်။ သရဲတစ္ဆေရဲ့ အဖေလာတောင် ကြောက်မှာမဟုတ်ဘူး …။ ဒါပေမယ့်၊ အခုက မသိပါနေတယ်။ မသိကလည်း အကြောက်နည်းနည်း လွန်နေပြီ၊ ပြီးတော့
လက်ငင်းကြုံနေရတဲ့အဖြစ်ကလည်း ပုံမှန်မဟုတ်ဘူး။ ဒါ့ထက် ကြာလာရင်၊ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာမသိ နိုင်ဘူး။

မသီကို ခဲ့ပြီး ပြန်ဖို့ တွေးလိုက်တယ်။ “အေး၊ အေး၊ ပြန်မယ်၊ ပြန်မယ်
အဲဒီအချိန်မှာပဲ လေပြင်းမုန်တိုင်း တိုက်သလို ညောင်ပင်ကြီး တစ်ပင်လုံး တဂုန်းဝုန်း ယိမ်းထိုးလှုပ်ခါသွားတယ်။ ငှက်တွေကလည်း ဝုန်းခနဲ ထပျံကြတယ် …. ငှက်တွေဟာ လန့် ့ထိတ်စရာအသံတွေ အဆက်မပြတ်အော်ရင်း၊ ပြည်ရင်းနိုင်ကြီးနှင့် မသိရဲ့ခေါင်းပေါ် ခပ်မြင့်မြင့်ဆီကနေ ..မရပ်မနား ဝဲပျံနေကြတယ် မသီမျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ နိုင်ကြီးရဲ့ လက်မောင်းကို အတင်းတွယ်ဖက်လိုက်တယ်။

ခေါင်းပေါ်အမြင့်မှာ ပတ်ခြာလည်ဝိုင်းပြီး ပျံဝဲနေကြတဲ့ သွေး တရဲရဲ၊ သံတရဲရဲ ငှတ်တွေကို နိုင်ကြီး ဓာတ်မီးနှင့် လိုက်ထိုး ကြည့်နေတယ် …။
အဲဒီအချိန်မှာပဲ

မြွေကြီး … မြွေကြီး …” မသီရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့အသံကို ကြားလိုက် ရတယ်။နိုင်ကြီးရင်ထဲ ထိတ်ခနဲ ခံစားလိုက်ရတယ်။
“မြွေကြီး
မသီက အဆက်မပြတ်အော်ရင်း၊ နိုင်ကြီးရဲ့ ဓာတ်မီးကိုင် ထားတဲ့လက်ကို ဆွဲတယ် …ဓာတ်မီးကိုအုပ်ကိုင်ပြီး ညောင်ပင်ကြီးပေါ်ကို မီးရောင် လှမ်း၊ ထိုးပြတယ် …။
ငူ အိပ်တန်းတက်တဲ့ ညောင်တိုင်းပေါ်မှာ ‌ေြမွကြီး တစ်ကောင် …။
သူတို့ဘက်ကိုလှည့်ပြီး တရွေ့ရွေ့ လာနေတာ တွေ့ရတယ်။
မြွ‌ေရဲ့ လုံးပတ်က လူကြီးခြေသလုံးလောက်ရှိတယ်။
‌ေြမွရဲ့ပျက်လုံးနှစ်လုံးက မီးကျီးခဲတွေလို နီရဲနေတယ်။လျှာကို ပြူတစ်၊ ပြူးတစ်လုပ်နေတဲ့ပုံကလည်း ထိတ်လန့်နိုင်ကြီးတာ ချက်ချင်းပဲ လေသေနတ်ကို မောင်းဆွဲတင်၊ကျည်ဖြည့်တယ်။
ပြီးတာနှင့် ချက်ချင်းထိုးချိန်လိုက်တယ်။နိုင်ကြီးသေနတ်မောင်းခလုပ်ကို ဖြုတ်လုဆဲဆဲမှာမြွေကြီးက လျောချပြီး အောက်ဘက်က ညောင်ကိုင်းကိုလာတယ် …။
ထူးခြားတာက မြွေရဲ့မျက်လုံးနှစ်လုံးဟာ သူတို့လင်မယားကို
က်ခြေမပြတ်ကြည့်နေသလိုပဲ။နိုင်ကြီး၊ သေနတ်မောင်းကို ဗြုတ်လိုက်တယ်။
“ဖောင်း
စိတ်လှုပ်ရှားနေလို့လားမသိဘူး။
ခဲကျည်က မြွေရဲ့ ခေါင်းပေါ်က ကပ်ပြီး လွဲချော်သွားတယ်။နိုင်ကြီးဘေးမောင်းကို ဆွဲတင်လိုက်ပြန်တယ်။ကျည်ကို စမ်းဖြည့်နေတုန်းမှာ မသိကတားတယ်။“ကိုနိုင် ပစ်နှင့်တော့ဒါ ရိုးရိုးမြွေ မဟုတ်ဘူး

သွားစို့ သွားစို့

မသီက နိုင်ကြီးကို ပြောလည်းပြော ဆွဲလည်း ဆွဲခေါ်တယ်။ စိုးရိမ်ပူပန်လွန်အားကြီးနေတဲ့ မသီရဲ့အသံက ငိုသံပါကြီးနှင့်ဒီညောင်ပင်ကြီးအောက်က မြန်မြန်ထွက်မှ ဖြစ်တော့မယ် နိုင်ကြီးရဲ့ အတွေးတောင် မဆုံးသေးဘူး၊

မြွေကြီးတာ သူတို့ ခေါင်းပေါ်တည့်တည့်က ညောင်တိုင်းရောက်နေပြီ …။နိုင်ကြီးသဘောပေါက်သွားတယ်။
မြွေကြီးဟာ သူတို့ဆီကို တမင်တန်းတန်းမတ်မတ် လာတာပါလား …။ လျှပ်တစ်ပြက် အချိန်လေးအတွင်းမှာပဲ မြွေကြီးက သူင

အပေါ်ကို လျှောချဖို့ ပြင်နေပြီ …။

အဲဒီတုန်းမှာမှ ဓာတ်မီးက ဘာဖြစ်သွားလဲမသိဘူး။မီးမလင်းတော့ဘူး။တစ်လောကလုံး မှောင်မိုက်သွားတယ်။နိုင်ကြီး။ စိုးရိမ်သွား၊ ဘာလုပ်ရမှန်းမသိ။အမြန်၊ အမြန် …၊ဓာတ်မီးတို လက်ဖဝါးပေါ်ခေါက်၊ပေါင်ကိုခေါက်ပြီး လှုပ်တယ်။သူဘယ်လိုပဲလုပ်လုပ်၊ ဓာတ်မီးကတော့ လုံးဝပြန်မလင်း၊ဘယ်လိုမှ လုပ်မရတဲ့အဆုံးမှာ၊ဓာတ်မီးကို မြွေကြီးရှိရာမှန်းပြီး ပစ်ပေါက်လိုက်တယ် …၊ပြီးတော့ ချက်ချင်းပဲ၊

မသီရဲ့ လက်ကိုဆွဲပြီး၊ ညောင်ပင်ကြီးအောက်ကနေ ပြေးထွက်လာ ခဲ့ကြတယ် …။
ခြေဦးတည်ရာ မှောင်ထုကြီးထဲ။ညကတော့ ပိန်းပိတ်အောင် မှောင်မိုက်နေဆဲပဲ။နက်ရှိုင်းသိပ်သည်းတဲ့ အမှောင်ထုကြီးထဲမှာ နိုင်ကြီးတို့လင်မယားနှစ်ယောက်ရဲ့ထိတ်လန့် တကြား ခြေသံတွေပဲ တဖျပ်ဖျပ် ထွက်ပေါ်နေလေရဲ့ ..။စိုးရိမ်စိတ်တွေထိတ်လန့် စိတ်တွေနှင့်နိုင်ကြီးရော၊ မသီပါ မောတိုက်နေကြပြီချွေးတွေကလည်း တစ်ကိုယ်လုံး ရွှဲနစ်လို့။နက်ရှိုင်းတဲ့ အမှောင်ကြီးထဲမှာ တစ်ယောက်ကိုတစ်ယောက်၊အရိပ်လောက်၊ အရောင်လောက်ပဲ မြင်ကြရတယ်။

ဒါတောင်၊ အင်္ကျီအရောင်ကြောင့်၊ဒီလို အမှောင်ထုကြီးထဲမှာ ကျင်းမှန်းမသိ၊ ချိုင့်မှန်းမသိ၊ခလုပ်ကန်သင်းမှန်းမသိ။သူတို့ လင်မယားပြေးခဲ့ကြတယ်။ကြောက်စိတ်မွှန်နေလို့ ဘာမှ ဂရုမစိုက်နိုင်တော့ဘူး …။ခလုပ်ငြိလို့ လဲရင်လည်း၊ အတင်းကုန်းရုန်းထ၊ ဆက်ပြေး။ဒီလိုနှင့် သူတို့လင်မယားနှစ်ယောက် ခြုံကြီးတစ်ခြုံကိုဝင်တိုးမိတယ်

ခြုံက တော်တော်ထူပုံရတယ်။ အမှောင်ထဲမှာ တိုးဖို့ ့ မလွယ်ဘူး။ ဒီတော့မှ မောပန်းဖြေဖို့ သတိရကြတော့တယ်။သူတို့ လင်မယားနှစ်ယောက်စလုံး ရောက်နေတဲ့ ခြုံကြီးရဲ့အစပ်မှာပဲ ထိုင်ချလိုက်ကြတယ်။

“မသီ နင်တော်တော် ကြောက်သွားလား နိုင်ကြီးက သူ့ ့မိန်းမကို ကြင်ကြင်နာနာ ပေးတယ်။ “ကြောက်တာပေါ့တ၊ သေးတောင်ထွက်ကျလို့ ထမီတစ်ထည် ရွဲလို့…”

“နင်ကတော့ လုပ်ပြီ …နိုင်ကြီး ရယ်ပြီး. ပြောလိုက်တယ်။

သူ့မိန်းမ မသီက ဒီလိုပဲ။

ကြောက်လည်းသေးထွတ်၊ ရယ်ရင်လည်း သေးထွက်နှင့်။

ဒါကြောင့်၊ နိုင်ကြီးက တစ်ခါတစ်ခါ မသိကို “မသက်ထွေး”
လို့ ခေါ်တယ်,နိုင်ကြီးက အမှောင်ထဲမှာပဲစမ်းပြီး လေသေနတ်မောင်း ဆွဲတင်၊ကျည်တစ်လုံး ထည့်လိုက်တယ်။
တော်တော်ကြာကြာ နားမိတော့ နှစ်ယောက်စလုံး အမောပြေသွားတယ်။
ပြန်နေတဲ့ အသက်ရှူနှုန်းတွေလည်း ပုံမှန်နီးပါး ဖြစ်သွား
ယ် …။“မသီ နင်တစ်ယောက်ထဲ နေရဲလား … “နင်၊ ဘာလုပ်ဦးမလို့လဲ …”

“ငါး သွားလမ်းရှာဦးမယ်လေ၊ အဝေးကြီးပသွားဘူး။ မြို့ကြီးရဲ့အစွန်ထိပဲ သွားကြည့်မလို့
“အေး၊ သွားလေဝေးဝေးတော့ မသွားနှင့်၊ပြီးတော့ ချက်ချင်းပြန်လာနော် …. နိုင်ကြီး၊ ခြုံကိုင်းတွေ စမ်းကိုင်ရင်း၊ အမှောင်ထဲကို တရွေ့ရွေ့
ဝင်သွားတယ် …။“သွားလေ”လို့သာ ပြောလိုက်ရတာ၊ နိုင်ကြီး မရှိတာနှင့် မသိ အသဲငယ်ပြီး လန့်မိပြန်ရော၊ မသီဟာ ထိုင်လျက်ကပဲ ခြုံကြီးထဲကို နည်းနည်းလောက် တိုးဝင်လိုက်တယ် …။
ခဏနေတော့ သူ့လက်က တစ်ခုခုကို စမ်းမိလိုက်တယ်။ လက်ထဲပါလာတဲ့အရာကို သေသေချာချာ လက်နှင့်စမ်းစင်ကြည့်တယ်။ အုတ်ခဲကျိုးပိုင်းတစ်ခုပဲ။ “အုတ်ခဲပုံနှင့် တူတယ် …တွေးရင်းနှင့်ပဲ သူလျှောက်စမ်းကြည့်တယ်။ အုတ်ခဲပုံရဲ့ မျက်နှာပြင်ချောနေတဲ့နေရာကို စမ်းမိတယ်။ အလယ်မှာ အခေါင်းပေါက် တစ်ပေါက်ရှိတာ သတိပြုမိ လိုက်တယ် …။

မြွေတွေ၊ ကင်းတွေ၊ ခိုအောင်းနေတတ်တာမို့ မသီအခေါင်း ထဲကို နှိုက်မကြည့်ရဲဘူး။ဒါပေမယ့်၊ အခေါင်းပေါက်ရဲ့ အတွင်းမှာ လေးထောင့်ကျကျ သစ်သားပျဉ်ချပ်လိုလိုအရာကို သူစမ်းမိလိုက်တယ်။ရုတ်တရက် ဝင်လာတဲ့အတွေးကြောင့် မသီ လန့် သွားတယ်။ ကြက်သီးမွှေးညှင်းတွေထပြီး ခေါင်းနားပန်းကြီးသွားတယ်။

ခဏအကြာမှာပဲမသီရဲ့ ကြောက်လန့် တကြား၊ ငယ်သံပါအောင် အော်လိုက်တဲ့ အသံကို နိုင်ကြီးကြားလိုက်ရတယ်။
“ကိုနိုင်ကိုနိုင်မြန်မြန်ပြန်လာခဲ့။

နင်၊ ဒီ့ကိုထားခဲ့တာ သင်္ချိုင်းကုန်းကြီးဟဲ့ မသာရဲ့

“ကျုပ်လည်း၊ ကြောက်လည်းကြောက်၊ လန့်လည်းလန့်၊ စိတ်လည်းတိုတာနှင့် ကိုနိုင့်ကိုတောင်အော်ပြီး ဆဲတော့တာပဲ

မသီက ပြောရင်းရယ်နေတယ်။
“ခုတော့လည်း၊ ရယ်နိုင်ပြီပေါ့လေ၊ဟုတ်လား”

“ဟုတ်ပါ့ဆရာရယ်၊ ကျုပ်တောင်၊ ဒီကောင်မအကြောက်လွန်ပြီး သေပြီလားလို့၊

အော်သံကြားတာနှင့် ပြေးလာလိုက်ရတာ၊ကံကောင်းချင်တော့၊ သင်္ချိုင်းက ကျုပ်တို့ ကွန်းနောက်ရွာ သင်္ချိုင်းကုန်း ဖြစ်နေတယ်။

ကျုပ်တို့ ထိုင်နားနေတဲ့ ခြုံကြီးထဲမှာက ဂူပျက်ကြီးပဲ။ အဲဒီဂူပျက်ကို မသိက သွားစမ်းမိတာ။ အဲဒါကြောင့် သင်္ချိုင်းကုန်းဆိုတာသိပြီး လန့်အော်တာ။ ထိုင်နားနေတာကလည်း လူသေမြှုပ်ထားတဲ့ မြေပုံပေါ်မှာပဲ။ ကိုယ့်ရွာက သင်္ချိုင်းဆိုတော့ ဘယ်နေရာဘာရှိတယ်ဆိုတာသိတယ်လေ။

ဒါနှင့်ပဲ၊ နှစ်ယောက်လက်တွဲ့၊ အမှောင်ကြီးထဲ စမ်းသွားပြီး၊အိမ်ကိုပြန်ရောက်သွားကြတာ …”

“တော်သေးတာပေါ့ဗျာ၊ ဘာမှ မဖြစ်ကြလို့ …၊

ပြီးပါပြီ။

မောင်မှိုင်းညို့(ချောင်းဦး)