ကျိန်စာသင့်နယ်မြေ(စ/ဆုံး)
————————-
`ည´
တိတ်ဆိတ်မှောင်မိုက်တဲ့ည အသံပလံဆိုလို့ပိုးကောင်မွှားကောင်
အော်မြည်သံပဲကြားရ။ဒီလိုမှောင်မိုက်တဲ့ညမှာ မလာသင့်တဲ့နယ်
မြေတစ်ခုထဲကို ဝင်ရောက်လာတဲ့လူသုံးဦး ထိုသူတွေကတော့
စံရ ထွန်းမောင် အောင်ကြီးတို့သုံးဦး ကျိန်စာသင့်နယ်မြေထဲ
သို့ဝင်ရောက်လာခဲ့ ကျိန်စာသင့်နယ်မြေထဲဝင်လာတဲ့လူတွေ
ဟာ လာလမ်းရှိပေမဲ့ပြန်လမ်းမရှိ ထိုအကြောင်းတွေကိုစံရ
တို့သုံးဦးသိပေမဲ့ လောဘရမ္မက်တည်းဟူသောစိတ်ကကြောက်
စိတ်ကိုတွန်းလှန်နိုင်ခဲ့
ထိုကျိန်စာသင့်နယ်မြေက ဖက်ဆစ်ဂျပန်တွေမြန်မာပြည်ကို
သိမ်းပိုက်တုန်းက အဖြူရောင်နယ်မြေလေးကနေကျိန်စာသင့်
ပြီး လူတွေကိုဒုက္ခပေးသော နယ်မြေတစ်ခုဖြစ်သွားထိုဇာတ်
လမ်းလေးရဲ့အစကဒီလို
**ကန်သာယာရွာ အေးချမ်းစည်ပင်သောရွာလေးတစ်ရွာ
အိမ်ခြေ၃၀၀ခန့်ရှိ **
ကန်သာယာသူကြီးကဦးဘငွေ သူကြီးဦးဘငွေဟာတရားသဖြင့်
ရွာကိုအုပ်ချုပ် ရပ်ရွာစည်ပင်တိုးတက်အောင်အမြဲကြိုးစား
သူကြီးကတော်ဒေါ်စံပယ်ကလည်း စိတ်သဘောထားနူးညံ့သိမ့်
မွေ့
သူကြီးဦးဘငွေနဲ့သူကြီးကတော်ဒေါ်စံပယ်တိုရဲ့သမီးချောများ
ဖြစ်သော ရွှေဝတ်မှုံနှင့်ငွေဝတ်မှုံကလည်း လယ်ပိုင် ယာပိုင်
ချမ်းသာကြွယ်ဝသောသူဌေးသမီးတွေဖြစ်ပေမဲ့ မာန်မာနမရှိ
စိတ်သဘောထားနူးညံ့ကြ
**ကိုဘငွေ ကျုပ်သမီးတွေကအရမ်းချောတာပဲနော်**
ဘယ်နှယ့်ပြောလိုက်သလဲကွာ ငါတို့တစ်နယ်လုံးငါ့သမီးတွေ
အလွဆုံးကြ
**အဘနဲ့အမ(အဘဆိုတာအဖေကိုခေါ်တာ အမကအမေကို
ခေါ်တာ)ဘာတွေပြောနေကြတာတုန်း
–ငါ့သမီးတွေချောကြောင်း လှကြောင်းပြောနေတာပါ–
အကြီးမရွှေဝတ်မှုံက၁၇နှစ် အငယ်မငွေဝတ်မှုံက၁၅နှစ် အကြီး
မရွှေဝတ်မှုံကပိုချောသည် ဝင်းဝါအိစက်သောအသားအရေ
တောသူဆိုပေမဲ့ကိုယ်လုံးကိုယ်ပေါက်အရမ်းလှ ထူတန်းသော
မျက်ခုံး ကော့ညွတ်သောမျက်တောင် ဝိုင်းစက်ပြီးအရည်လဲ့နေ
သောမျက်လုံး ကကြီးပုံနှုတ်ခမ်းလေးနဲ့ရက်ရက်စက်စက်မြင်သူ
ငေးအောင်လှသောမိန်းမလှလေး ရွှေမှုံနဲ့ငွေမှုံဟာအိမ်ထဲကအိမ်
ပြင်မထွက် ယောကျာင်္းဆိုဖခင်နဲ့သာစကားပြောဖူး ယင်ဖိုတောင်မသန်းဖူးတဲ့အပျိုစင်နုနုထွတ်ထွတ်အလှလေးတွေ
**ထိုအလှတွေက သူမတို့ရွာနှင့်သူမတို့မိသားစုကိုဒုက္ခပေးခဲ့
မယ်ဆိုတာသိခဲ့လျှင် အခုတော့**
**သူမတို့ရွာနှင့်သူမမိသားစု သူမဘဝကိုဒုက္ခရောက်အောင်လုပ်
သူက ဂျပန်အလိုတော်ရိမောင်ဌေး**
**မောင်ဌေး ဘယ်သူတေတေငတေမာ သစ္စာဖောက်လောက်
ကောင် အခုလည်းဂျပန်စစ်ဗိုလ်ဇူကာနိုရဲ့ခိုင်းဖတ်**
—ဂျပန်စစ်ဗိုလ်ဇူကာနို အလွန်ရက်စက်ကြမ်းကြုတ်သူ
တဏှာရမ္မက်ကြီးသူ မိန်းမလှမြင်တိုင်းလိုချင်သူ ဗမာမိန်းကလေးပေါင်းများစွာကိုဖျက်ဆီးသူ အခုလည်း
မောင်ဌေးသတင်းပေးမှုနဲ့ ကန်သာယာရွာကိုရောက်ရှိ—
**ဗျို့သူကြီးဦးဘငွေ သူကြီးဦးဘငွေ**
ဂျပန်စစ်ဗိုလ်ဇူကာနိုနဲ့မောင်ဌေးတို့အကြောင်းကို ဦးဘငွေသိပြီး
သမီးနဲ့ဇနီးကိုအမျိုးတွေရှိရာရွာဘက်ပို့ထားမလို့ စီစဉ်သော်
လည်း အခုအခါပို့ချိန်မရတော့ သမီးနှစ်ယောက်နဲ့ဇနီးကို
အိမ်ထဲအပုန်းခိုင်းပြီး
**ကျုပ်ဒီမှာရှိပါတယ်မောင်ဌေး ဘာကိစ္စများရှိလို့လဲ**
ဂျပန်စစ်ဗိုလ်ဇူကာနိုက ခင်ဗျားသမီးတွေနဲ့တွေ့ချင်လို့တဲ့
–ငါ့သမီးတွေကဘာအပြစ်ရှိလို့တွေ့ရမှာလဲကွ–
**ခင်ဗျားသမီးတွေကိုဂျပန်စစ်ဗိုလ်နဲ့သာတွေ့ပေး ခင်ဗျားအကျိုး
မယုတ်စေရပါဘူးတဲ့ ဟဲဟဲ ဟဲ**
ခွေးကောင် သစ္စာဖောက် ခွေးစကားမပြောနဲ့ ငါ့သမီးတွေဒီလို
အမျိုးယုတ်နဲ့မပေးစားနိုင်ဘူးကွ
**ဖြန်း**
မှတ်ထားအဖိုးကြီး ဗိုလ်ကြီးကိုကောင်းကောင်းပြော ခင်ဗျားသေ
သွားမယ်
**မင်းတို့ခေတ်အခါပဲ သတ်လည်းသေရုံပေါ့ကွာ တစ်ခါပဲသေရ
မှာသတ်လိုက်ဟေ့ကောင်မောင်ဌေး**
**ခင်ဗျားကြီးကအသားနာချင်တယ်ဆိုတော့လည်းပြောပေးရတာ
ပေါ့**
မောင်ဌေးဂျပန်စစ်ဗိုလ်ကိုဂျပန်ဘာသာစကားနဲ့ပြောအပြီး ဂျပန်
စစ်ဗိုလ် ဦးဘငွေမျက်နှာလက်ညှိုးထိုးလိုက်တဲ့အခါ ဂျပန်စစ်သားတွေက ဦးဘငွေကို လက်သီးနဲ့ထိုး သေနတ်ဒင်နဲ့
ထု ခြေထောက်နဲ့ကန်
**ခင်ပွန်းသည်ကိုနှိပ်စက်နေတာမြင်သောအခါ ဒေါ်စံပယ်မခံနိုင်
သမီးရွှေမှုံနဲ့ငွေမှုံ အမေတို့လက်ဝတ်လက်စားရတနာထုပ်ကိုယူ
ပြီးအိမ်နောက်ပေါက်ကထွက်ပြေး မှာစရာရှိတာမှာပြီး ပုန်းနေရာ
မှခင်ပွန်းသည်ဆီထွက်လာ**
–ခင်ပွန်းသည်နှိပ်စက်ခံရတာသက်သာလို သက်သာရာရ
အောင် ခင်ပွန်းသည်ကိုယ်ပေါ်မိမိကိုယ်နဲ့ကာထား–
**ဒီမှာ မောင်ဌေးမင်းနဲ့အဒေါ်တို့ရန်ငြိုးရန်စမရှိပါဘူး မင်းကို
အဒေါ်တို့ဘာအပြစ်လုပ်မိလို့အဒေါ်တို့အပေါ်ဒီလိုလုပ်ရတာလဲ**
**စံပယ် ဘာလို့ထွက်လာရတာလဲ**
–ကိုဘငွေ လင်မယားဆိုတာဆိုးအတူ ကောင်းအတူပါကျုပ်
ကျေနပ်ပါတယ်တော်–
ကျေးဇူးတင်ပါတယ်မိန်းမရယ် ဒါပေမဲ့မင်းမလာသင့်ဘူး
**အဖိုးကြီးနဲ့အဖွားကြီး အလွမ်းသယ်နေကြ ကဲသူတို့သမီး
တွေရှာကြ**
ဦးဘငွေဂျပန်စစ်သားတွေအိမ်ထဲမဝင်အောင် ခြေထောက်တွေ
ကိုလက်နဲ့လှမ်းဖက်ထား
ရွှေမှုံ အဘနဲ့အမကိုနှိပ်စက်တဲ့မြင်ကွင်းကိုထရံပေါက်ကချောင်း
ကြည့်ပြီးအံ့ကိုတင်းတင်းကြိတ်ထား မောင်ဌေး မောင်ဌေး
နင်ရယ်ဟိုတဏှာရူးဂျပန်စစ်ဗိုလ်ရယ် ငါ့မိဘတွေအတွက်တစ်
ချိန်မှာကလဲ့စားချေပြမယ်
**ညီမလေးငွေမှုံ ထထ အခုထွက်ပြေးမယ် ညီမလေးကလိမ်
မာပါတယ် ထွက်ပြေးရအောင်နော်**
–မမ ညီမလေးအဖေနဲ့အမေကိုဒီလိုထားပြီးထွက်မသွားရက်
ဘူး–
**မမစကားနားထောင်စမ်း အခုထွက်ပြေးမယ်လာထထ**
**အားခနဲအော်သံနဲ့အတူသွေးများဖြာခနဲရဲ သွေးအိုင်ထဲကလူက**
–အမလေးကိုဘငွေ ကိုဘငွေရဲ့ ကျုပ်ကိုထားသွားပြီလား–
**အဘကိုရက်ရက်စက်စက်သတ်လိုက်တာမြင်ရတဲ့အခါငွေမှုံ
မမတားနေတဲ့ကြားက အမဆီသွား**
ငွေမှုံထွက်လာတာမြင်တဲ့အခါ ဇူကာနို စကားမပြောနိုင်အောင်
ဆွံ့အသွား လှလိုက်တဲ့ကောင်မလေး
**ဇူကာနို ငွေမှုံအနားသွားငွေမှုံလက်ကိုဆွဲ**
**ဒေါ်စံပယ် မိမိရှေ့မိမိခင်ပွန်းရက်ရက်စက်စက်သတ် အခု
မိမိသမီးကိုဂျပန်စစ်ဗိုလ်လက်ဆွဲတာမြင်တဲ့အခါ သွေးတွေပွတ်
ပွတ်ဆူလာ သမီးဇောနဲ့ဘာမှမမြင်တော့ ရှေ့မှာရှိသောဂျပန်
စစ်သားလက်ထဲကသေနတ်ကိုဆွဲလု ဂျပန်စစ်သားကလည်းပြန်
လု ဒေါ်စံပယ်ဂျပန်စစ်သားလက်ကိုသွားနဲ့ကိုက်ပြီးသေနတ်ကို
လုယူ သေနတ်ရတာနဲ့ဂျပန်စစ်ဗိုလ်ဇူကာနိုခေါင်းတည့်တည့်ကို
ချိန်**
ဒီလိုဖြစ်မယ်မထင်ထားအားလုံးအံ့သြမှင်သက်စွာငေးမောကြည့်
နေကြ
**ဒိုင်းခနဲ သေနတ်မြည်သံဟာ ကန်သာယာတစ်ရွာလုံးမြည်
ဟီးသွား သူကြီးဦးဘငွေတို့အိမ်ဘယ်သူမှမသွာရဲကြ**
–သွေးအိုင်ထဲလဲကျသွားသူဒေါ်စံပယ် ဂျပန်စစ်ဗိုလ်ခေါင်းကို
သေနတ်နဲ့ချိန်ထားတုန်း သတိဝင်လာသူမောင်ဌေးမှဒေါ်စံပယ်
ကိုသေနတ်နဲ့ပစ်သတ်–
ဂျပန်စစ်ဗိုလ်ဇူကာနိုလည်း ငွေမှုံကိုဖျက်ဆီးမလို့အိပ်ခန်းဆီ
ဇွတ်ဆွဲခေါ်သွား
**ရပ်စမ်း**
အခုရပ်လိုက်စမ်း အမိန့်ပေးသံတစ်ခု အသံသြဇာကောင်း၍
အေးစက်စက်အသံတစ်ခု
**ရွှေမှုံ ထင်းခုတ်ဓားမိမိလည်ပင်းမှာကပ်ရင်း ပြောခြင်းဖြစ်
သည်**
မောင်ဌေး ဂျပန်စစ်ဗိုလ်ကိုပြောလိုက်ပါ ငါ့ညီမကိုလွှတ်လိုက်
ငါ့ညီမကိုဒုက္ခမပေးရင် သူခိုင်းတာငါဘာမဆိုလုပ်မယ်လို့
**ဂျပန်စစ်ဗိုလ်လည်း အလှနတ်သမီးရွှေမှုံကိုငေးကြည့်ရင်း
ငွေမှုံကိုလွှတ်ပေးလိုက်တယ်**
**ဇူကာနိုရွှေမှုံကိုမြင်မြင်ချင်းချစ်သွား သူတွေ့ဖူးတဲ့မိန်းကလေး
ထဲမှာရွှေမှုံအလှဆုံး ရွှေမှုံရယ်မင်းကိုကိုယ်ချစ်မိပြီ**
–မမ–
ပြောလေညီမလေးဘာလဲ
**ညီမလေးကိုထားပြီးဘာလို့ထွက်မပြေးတာလဲ ဇူကာနိုရဲ့
မယားငယ်အဖြစ်ဘာလို့လက်ခံရတာလဲ**
–ညီမလေး အဘနဲ့အမအသတ်ခံရပြီးတဲ့နောက်မမဟာ
ညီမလေးရဲ့အဘနဲ့အမပဲ ငါ့ညီမလေးမှာကျရောက်မဲ့အန္တရာယ်
ဟူသမျှ အမအသက်နဲ့ရင်းရ ရင်းရ ညီမလေးကိုကာကွယ်
မယ်–
**ရွှေမှုံ အဘနဲ့အမသေပြီးတဲ့နောက်ရွှေမှုံရဲ့သနားမှု ရိုးသား
ဖြူစင်မှု စာနာမှုတွေနေရာမှာ နာကြည်းမှု ရက်စက်မှု
မုန်းတီးမှုတွေနေရာယူထား**
–မောင်ဌေးထိုနေ့က မောင်ဌေးထမင်းနောက်ဆုံးစားရတဲ့နေ့
မောင်ဌေးအသက်နောက်ဆုံးရှုရတဲ့နေ့–
***ထိုနေ့က ***
***ကျိန်စာသင့် နယ်မြေ***(အပိုင်း-၂)
ထိုနေ့ကမောင်ဌေးကို ဂျပန်တွေကလာရောက်ဖမ်းခေါ်သွား
ပါတော့သည်။မောင်ဌေးဘုမသိဘမသိ ယောနနနဲ့ခေါ်ဆောင်
ရာလိုက်သွားပါတော့သည်။
***တော်လှန်ရေးသမားတွေကို ငါတို့လှုပ်ရှားမှုအကြောင်း
သတင်းပေးတာမင်းမဟုတ်လား***
—အား အားးးး မဟုတ်ပါဘူးဗိုလ်ကြီးရယ်—
***ဒီကောင်လက်သည်းခွံတွေခွာစမ်းကွာ****
—မလုပ်ပါနဲ့ဗိုလ်ကြီးရယ် ကျွန်တော်ဘယ်သူကိုမှသတင်း
မပေးတာအမှန်ပါ ယုံပါဗျာ—
***အား အား အားးးးး အသဲခိုက်အောင်နာကျင်မှုများ
မောင်ဌေးခံစားရပါတော့သည်***
—ငါကမင်းကို ဗမာစကားသင်ပေးတယ် မင်းကမင်းကိုဗမာ
စကားသင်ပေးတဲ့သူကို အခုလိုနှိပ်စက်ရသလားဇူကာနို—
***ဇူကာနို သူကိုပြန်ခံပြောရမလားဆိုပြီး မောင်ဌေးကို
လှိမ့်ရိုက်ပစ်သည်***
ဇူကာနိုတို့အကြောင်းကိုတော်လှန်ရေးသမားတွေဆီ သတင်း
ပေးသူကရွှေမှုံပါ ရွှေမှုံရဲ့သတင်းပေးမှုကြောင့် ဖက်ဆစ်တွေချုံခို
တိုက်ခိုက်မှုခံရပြီး သေကြေပျက်စီးရတာအများကြီးပါ။မောင်ဌေး
သတင်းပေးပါတယ်ဆိုပြီး ဇူကာနိုကိုရွှေမှုံလိမ်လက်ထောက်ချ
ပစ်လိုက်တယ်။ငါ့မိသားစုကိုဒုက္ခပေးတဲ့မောင်ဌေးအခုတော့
ဘာတတ်နိုင်သေးလဲ။
ထိုနေ့ည၁၀နာရီမှာ ညှင်းပန်းနှိပ်စက်မှုဒဏ်တွေမချိမဆံ့ခံရင်း
မောင်ဌေးသေသွားပါတော့သည်။
***ဘာတတ်နိုင်သေးလဲမောင်ဌေး ဟား ဟား ဟား မောင်ဌေး
သေပြီဆိုတော့ နောက်ထပ်ရန်သူတစ်ဦးပဲကျန်တော့တယ်
ကလဲ့စားချေဖို့ ထိုသူကတော့ဇူကာနိုပေါ့***
ရွှေမှုံ ဇူကာနိုတို့အကြောင်းကို တော်လှန်ရေးသမားတွေကို
သတင်းပေးတာ ဇူကာနိုသိသွားပြီးတဲ့အခါမှာတော့။
***ဖြန်း ဖြန်း ဖြန်း ကောင်မ မင်းကိုငါအရမ်းချစ်လွန်းလို့
မင်းကိုကတိပေးထားတဲ့အတိုင်း မင်းညီမကိုဘာမှမလုပ်တာ
အခုမင်းကငါတို့အကြောင်းကို တော်လှန်ရေးသမားတွေဆီ
သတင်းပေးတယ်။
ဇူကာနိုရွှေမှုံကိုစိတ်ကြိုက်ရိုက်နှက်ပြီး အခန်းအပြင်ထွက်
သွားပါတော့သည်။
ငွေမှုံ ငွေမှုံတံခါးဖွင့် အခုဖွင့်စမ်း မဖွင့်ဘူးလား။ငွေမှုံက
တရားမဖွင့်ပေးသဖြင့် ဇူကာနိုတရားကိုပုဆိန်နဲ့ခွဲဖျက်စီးပစ်
လိုက်ပါတော့သည်။
အခန်းထဲဝင်ဝင်ခြင်း တွေ့လိုက်ရတာကငွေမှုံ ငွေမှုံရဲ့
အသက်မဲ့နေသောအလောင်းကြီးပါ ဆွဲကြိုးချသေထားသဖြင့်
မျက်လုံးကြီးကပြူးထွက်နေတယ်။
ရွှေမှုံကိုရိုက်နှက်သံတွေကြားကတည်း မမကိုရိုက်ပြီးရင်
သူမဘဝကိုဖျက်ဆီးတော့မှာ ငွေမှုံကြိုသိသဖြင့် အသက်ကို
အရှက်နဲ့လဲလှယ်လိုက်ပါတော့သည်။
ငွေမှုံသေတာ ရွှေမှုံသိသွားတဲ့အခါ နှလုံးသားတစ်ခုလုံး
လစ်ဟာသွားကာ မျက်ရည်များက မျက်ဝန်းအိမ်မှသူ့အလိုလို
ကျလာပါတော့သည်။
အခုဆိုဇူကာနိုကသူမကို အကျဉ်းချထားပါတော့သည်။အိမ်
ထဲကအိမ်ပြင်မထွက်ရ ဘယ်မှမသွားရ သတင်းထပ်မပေး
အောင်ပေါ့ ဒီတစ်ခါသတင်းပေးရင် သူမကိုအသေသတ်မယ်
ဆိုပြီးခြိမ်းခြောက်ထားသေးတယ် သူမသေမှာမကြောက်ပါဘူး
မသေခင် ဇူကာနိုကိုကလဲ့စားမချေရမှာကြောက်တာ သူမအဘ
ကိုသတ်တဲ့သူကိုပြန်သတ်ရမယ်။သူမ အမေကိုသတ်တဲ့
မောင်ဌေးတော့ သူမပယောဂကြောင့်သေပြီ။
သူမစာပို့ခိုမှာစာရေးပြီး ဇူကာနိုတို့အကြောင်းကိုတော်လှန်
ရေးသမားတွေဆီ ဇူကာနိုမသိအောင် သတင်းပို့ခဲ့တယ်။
***ရွှေမှုံ မင်းငါ့ကိုဘာလို့ကြိုးတုပ်ထားတာလဲ ****
ရှင့်ကိုသတ်မလို့ ရှင့်ကိုကလဲ့စားချေမလို့ ရှင့်တပည့်တွေကို ရှင်ကပေးခိုင်းတယ်ဆိုပြီးကြက်သားဟင်း ချက်ကျွေးတာ အဲဒီ့ဟင်းထဲအိပ်ဆေးတွေထည့်ထားတယ် အခုရှင့်တပည့်တွေ အကုန်လုံးအိပ်ကုန်ပြီ ရှင့်ကိုသတ်မယ် ပြီးရင်ရှင့်တပည့်တွေအကုန်လုံးကို တော်လှန်ရေးသမားတွေက သတ်ပစ်လိမ့်မယ် ဒါတွေအားလုံးကကျွန်မတို့
မိသားစုကိုဒုက္ခပေးတဲ့အတွက် ကျွန်မတို့မိသားစုအားလုံးသေကွဲ
ကွဲအောင်လုပ်တဲ့အတွက် မသေခင်ရှင်လိုချင်တဲ့ဆုတောင်းပေ
တော့။
အေး ငါ့ကိုသတ်တဲ့အတွက် မင်းတို့ရွာဘေးဒုက္ခဆိုးနဲ့တွေ့
ပါစေ မင်းတို့ရွာပျက်ပါစေ မင်းလည်းအသေဆိုးနဲ့သေပါစေ။
ရွှေမှုံဇူကာနိုရင်အုံကို ဓားနဲ့ဆက်ခါဆက်ခါထိုးချပစ်လိုက်
တယ် ဇူကာနိုတပည့်တွေကိုလည်း တော်လှန်ရေးသမားတွေက
သုတ်သင်ရှင်းပစ်လိုက်သည်။
ရွှေမှုံထင်တာ ဇူကာနိုလည်းသေပြီ ဇာတ်သိမ်းသွားပြီပေါ့။
ရွှေမှုံအထင်မှားခဲ့တာပါ ဇာတ်လမ်းကအခုမှစမှာ။
ဇူကာနိုကသူ့ကိုသတ်တဲ့ ရွှေမှုံကိုနာကျည်းစိတ် သူပိုင်
ပစ္စည်းဥစ္စာတွေ ဗမာလူမျိုးတွေဆီကမတရားလုယူထားတဲ့
စိန် ရွှေ ငွေရတနာတွေကို ဘယ်သူမှမသိအောင် အိမ်မှာ မြေမြုပ်ထားကာ ထိုရတနာတွေကိုစွဲလန်းတဲ့စိတ်ကြောင့်
မကျွန်မလွတ်ဖြစ်ကာ ဆိုးသွမ်းသောသရဲဖြစ်သွားပါတော့သည်။
***ကျိန်စာသင့် နယ်မြေ***(ဇာတ်သိမ်းပိုင်း)
***ဇူကာနိုသေဆုံးပြီးနောက် ရွှေမှုံတို့ရွာလေးမှာ ကာလဝမ်း
ရောဂါကျရောက်ပြီး အသေအကျေအပျက်အစီးများလာတဲ့
အခါ အသက်ရှင်ကျန်ရစ်သူတွေက အသက်ဆက်ရှင်ဖို့ရွာ
ပြောင်းကြရတယ် ရွာပြောင်းသူတွေထဲမှာရွှေမှုံလည်းအပါအဝင်
ပြောင်းပြေးကြရတာပေါ့***
ဇူကာနို မသေခင်ကျိန်ဆိုသွားတဲ့အရာတွေ တကယ်ဖြစ်
လာတော့မှာလား။ရွှေမှုံစိတ်ထဲ သို့လော သို့လော ဖြစ်နေရ
တယ်။
ကန်သာယာတစ်ရွာလုံး အသက်ရှင်သူတစ်ယောက်မကျန်
ပြောင်းရွေ့တဲ့ည ထိုညအဖြစ်အပျက်ကဒီလို။
****တော့် ကိုလှကြိုင် ကျုပ်တို့ပါရောဂါကူးစက်ခံရလိမ့်မယ်
ကျုပ်သေရမှာကြောက်တယ် ရွာပြောင်းရအောင်တော်***
–အေးပါ ခင်မိရယ် ငါလည်းသေရမှာကြောက်တယ် ရွာပြောင်းကြတာပေါ့—
***ပြောင်းမယ်ဆိုလည်းမြန်မြန်ပြောင်းရအောင်တော် ရှိတဲ့လက်
ဝတ်လက်စားတွေယူ ကြက်တွေ ဝက်တွေနဲ့လိုတဲ့ပစ္စည်းလှည်း
ပေါ်တင် အမြန်ပြေးကြရအောင်***
—အေး အေးပြောင်းကြတာပေါ့—
ကိုလှကြိုင်နဲ့မခင်မိစကားပြောနေတုန်း ရွာထဲမှတလူလူ
တက်လာတဲ့မိးခိုးတွေကြည့်ပြီး အံ့သြမှင်သက်ကာငေးနေမိ
တယ်။
ဗျို့ဦးလှကြိုင်တို့ အရီးခင်မိတို့ အရူးဖိုးထောင် ကာလဝမ်း
ရောဂါကြောင့် သေသွားတဲ့ဒွေးလေးစံမြတို့မြေးအဖွားအလောင်း
ကိုကြည့်ပြီး ကြောက်လှန့်စိတ်နဲ့စိတ်ရူးပေါက်ပြီး ရွာထဲက
ကောက်ရိုးပုံမီးရှို့တာ ကောက်ရိုးပုံကတစ်ဆင့် ဒေါ်ငွေမြအိမ်
မီးကူးနေပြီ ရွာထဲကလူတွေကလည်း ရွာပြောင်းပြေးကုန်ပြီ
မီးကိုမငြိမ်းတော့ဘူးတဲ့ ကာလဝမ်းကြောင့် မြေမမြုပ်ရသေးတဲ့
အလောင်းတွေတစ်ခါတည်းမီးသဂြိုလ်သလိုဖြစ်အောင် မီးမငြိမ်း
တာနဲ့ ဦးကြီးနဲ့အရီးလေး မြန်မြန်ပြောင်းကြတော့။
—ကျေးဇူးပါ မောင်မြင့်ရေ အရီးလေးတို့လည်း အခုပြောင်းဖို့
ပြင်နေတာ—
ဒီလိုနဲ့ကန်သာယာရွာဟာ တစ်ရွာလုံးမီးလောင်ပြီး ရွာပျက်
ကြီးဖြစ်သွားတော့တယ်။ကန်သာယာရွာဟာ မီးလောင်ကွင်းပဲရှိ
တော့တယ်။
မောင်ဌေးကိုသတ်ပြီး မောင်ဌေးအစားအသစ်ခန့်ထားတဲ့
စကားပြန်ဟောင်းဘသောင်းရဲ့ ပြောပြမှုကြောင့် ဇူကာနိုမတရား
လုယူထားသောပစ္စည်းတွေ ကန်သာယာရွာမှာရှိတာ သိရှိသွား
ကြတယ်။
တစ်ချို့လူတွေကကျိန်စာတိုက်ပြီးသေသွားတဲ့ဇူကာနိုကို
ကြောက်ပြီး ကန်သာယာရွာကိုမသွားရဲကြသော်လည်းပဲ တစ်ချို့
လူတွေကတော့ ရတနာတွေလိုချင်တဲ့ လောဘစိတ်ကြောင့်
ကန်သာယာရွာသွားပြီး ရတနာတွေသွားရှာကြတယ်။ရတနာသွား
ရှာတဲ့လူတွေဟာ အသက်ရှင်ရက်ပြန်မလာကြဘူး။
ထိုကြောင့် ကျိန်စာသင့်နေတဲ့ ကန်သာယာရွာကို
ဘယ်သူမှ မသွားရဲကြဘူး။စံရတို့သုံးယောက် ရတနာသွားရှာ
တာ မနက်ရောက်တော့ မျက်လုံးပြူးပြီး အသက်ထွက်နေတဲ့
အလောင်းတွေပဲ တွေ့ကြရတယ်။
ထိုကျိန်စာသင့်နေရာကို ဘယ်သူမှထပ်မသွားကြပေမဲ့
အနှစ်၃၀ကြာတဲ့အခါမှာ ကန်သာယာရွာလေးကို သွားရောက်
တဲ့လူတစ်ယောက်ရှိလာခဲ့ပါတယ် ထိုသူက။
*** ရွှေမှုံ ***
ဟုတ်ပါတယ် ကန်သာယာရွာကိုနောက်တစ်ခါခြေပြန်ချသူက
ရွှေမှုံပါ မပြီးပြတ်သေးတဲ့ကိစ္စတွေကိုရှင်းလင်းဖို့ ကန်သာယာ
ရွာကိုနောက်တစ်ခါ ပြန်လာတာပါ။
ရွှေမှုံ ရွာလမ်းကနေမိမိတို့အိမ်ကြီးဆီလာခဲ့တယ်
မီးလောင်ဒဏ်ကြောင့် ပြာကျသွားပြီး ရွှေမှုံတို့နေထိုင်ခဲ့တဲ့အိမ်
ကြီးဟာ ပြာပုံပဲကျန်တော့တယ် ရွှေမှုံပြာပုံကြီးကိုကြည့်ပြီး
ဒီနေရာမှာအရင်က ရွှေမှုံတို့မိသားစုပျော်ရွှင်စွာ နေထိုင် စားသောက်ခဲ့တာပြန်တွေးမိပြီး မျက်ရည်တွေဝိုင်းလာခဲ့တယ်။
အခုတော့လည်း အရာရာဟာဝမ်းနည်းလွမ်းဆွတ်စရာပဲပေါ့။
ရွှေမှုံကန်သာယာရွာကို ပြန်လာတာက ဇူကာနိုဝိညာဉ်ကို
တိုက်ခိုက်ပြီး ဇူကာနိုမြေမြုပ်ခဲ့တဲ့ရတနာပစ္စည်းတွေကို တူးဖော်
ပြီး နိုင်ငံတော်အတွက်လိုအပ်တဲ့နေရာမှာသုံးမယ် ဘုရားတည်
ကျောင်းဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။
*** ရွှေမှုံ ***
အသံအက်ရှရှကြီးနဲ့ ရွှေမှုံနာမည်ခေါ်နေတယ်။
ဒီအသံ ဒီအသံ သြော် မှတ်မိပြီ ဒါဇူကာနိုအသံ ဇူကာနိုအသံ
သူမရင်ထဲကြောက်စိတ်နည်းနည်း ဝင်လာတယ်။
**ရွှေမှုံမင်းပြန်လာရဲသေးတယ်နော် မင်းငါ့ကိုမကြောက်ဖူးလား*
—ဘာလို့ကြောက်ရမှာလဲ ရှင်ကျွန်မအဘကိုသတ်တယ်
ကျွန်မတို့မိသားစုသေကွဲကွဲအောင်လုပ်တယ် ကျွန်မညီမလေး
ရှင့်ပယောဂကြောင့်သေရတယ် ကျွန်မဘဝကိုဖျက်ဆီးခဲ့တယ်
ရှင့်လိုလူယုတ်မာကိုမကြောက်ဘူးရှင့် မကြောက်ဘူး—
မင်းငါ့ကိုမကြောက်တာ ငါဝမ်းသာပါတယ် ငါလည်းငါလုပ်ခဲ့
တဲ့အပြစ်တွေကြောင့် အနေဆင်းရဲ အစာဆင်းရဲနဲ့ ဒီဘဝဆိုးက
လွတ်ချင်ပြီ ငါမြုပ်ထားတဲ့ရတနာတွေ ဒီနေရာနဲ့ကိုက်၂၀၀
အကွာမှာရှိတယ် ရတနာသေတ္တာမြုပ်ထားတဲ့နေရာမှာ အခု
မန်ကျည်းပင်သေးသေးလေးပေါက်နေတယ် မင်းရှာပြီး တူးလိုက်ပါ။
ရတနာတွေတူးဖော်ပြီးရင် ၃ပုံပုံ ၁ပုံမင်းယူလိုက်ပါ ကျန်တာ
လှူပေးပါ။ မင်းအဖေ မင်းအမေ မင်းညီမနဲ့တကွ ကာလဝမ်း
ရောဂါကြောင့်သေသွားတဲ့ရွာသူရွာသားတွေဟာ အခုထိအမျှမရ
ကြသေးတော့ သူတို့လည်းအခုအထိမကျွတ်မလွတ်သေးဘူး။
**** ရှင် ******
မအံ့သြနဲ့ရွှေမှုံ မင်းမိသားစုသေတော့မင်းအမျှမဝေခဲ့ဘူးလေ
ကာလဝမ်းရောဂါကြောင့်သေသွားတဲ့ ရွာသူရွာသားတွေကိုလည်း
ဘယ်သူမှအမျှမဝေခဲ့ဘူး ငါတို့အားလုံးအတွက်ကုသိုလ်ကောင်းမှု
ပြုပြီးအမျှဝေပေးပါ။
ဒီနေရာကိုလောဘစိတ်ကြောင့်လာတဲ့သူတွေဟာ မမြင့်သင့်
တာတွေမြင်ပြီးကြောက်လန့်သေကြတယ်။မင်းကတော့လောဘ
စိတ်ကြောင့်လာတာမဟုတ်ဘူး ဒါကြောင့်ငါကရတနာတွေရှိတဲ့
နေရာမင်းကိုပြောပြတာပါ။ငါတို့အားလုံးကိုဒုက္ခဆိုးကလွတ်အောင်
အမျှဝေပေးပါ ရွှေမှုံ။
ကောင်းပါပြီဇူကာနို။
ရွှေမှုံလည်းရတနာတွေတူးဖော်ပြီး နိုင်ငံတော်အတွက်လိုအပ်
တဲ့နေရာတွေမှာလှူဒါန်းခဲ့ပြီး သူမဝေစု၁ပုံကို ဘုရားတစ်ဆူ ူတည်ပြီး ဇူကာနိုနှင့်တကွ သူမမိသားစုအပါအဝင်ရွာသူရွာသား
များနင့် မကျွတ်မလွတ်သေးသော သူများကိုသူမတည်ထားသော ဘုရားထီးတင်ပွဲမှာ အမျှဝေခဲ့တယ် ။
အခုတော့ ရွှေမှုံလည်းသာသနဘောင်ဝင်သွားပြီး သူမဘဝ
ဟာရာသက်ပန်အေးချမ်းသွားပါတော့သည်။
ပြီးပါပြီ
30.05.2017(3:1pm)
အစအဆုံးဖတ်ပေးတာကျေးဇူးပါ။အားလုံးကိုချစ်
တယ်။၃၁ဘုံသားအားလုံးကျန်းမာချမ်းသာကြပါစေ။
#လေးစားစွာcreditပေးပါသည်