ခရမ်းနယ်မှသိုက်ညီအမများ(စ/ဆုံး)

Unicode Version

ခရမ်းနယ်မှသိုက်ညီအမများ(စ/ဆုံး)
—————————————–
“တူ……တူ…….တူ….”
“ဟဲလို…ဟုတ်ကဲ့ပြောပါ”
“ဆရာ….ကျွန်တော်ပါဗျ။ ဖိုးသားပါ ”
“သြော်..ဖိုးသား..အေး..ပြောလေ..ဘာလို့တုန်းဟ”
“ဆရာပြန်ရောက်ပြီလား လှမ်းမေးတာပါဗျ”
“အေး…နှစ်ရက်၊သုံးရက်လောက်တော့ကြာဦး
မယ်ကွ ။ ဘာလို့တုန်း ရေးစရာကုန်နေလို့လား
ဟားဟား”
“ဟုတ်ပါဘူးဗျ…..ဆရာ့ဆီကစာအုပ်ငှါးမယ်ဆိုလို့ပါ”
“အေးပါကွာ.. နှစ်ရက်သုံးရက်တော့ကြာဦးမယ်ဟေ့
မင်းရောသက်သာလား မောနေသေးလား”
“အလကားနေရင်းတော့မမောတော့ပါဘူးဆရာ”
“အေး မောလဲရေသောက်ပေါ့ကွာ ဟားဟား”
“ဟာဗျာ ဆရာကလဲ ။ ဆရာဒါပဲနော်အာ့ဆို”
“အေး…အေး…ဟုတ်ပါပြီ ”

******

အမှန်ပြောရရင် ဖိုးသားလဲဆရာပြန်လာစေချင်နေတာဗျ။ ဆရာပြန်လာရင်ကုခဲ့တာတွေသိရမယ်လေ။
ဗဟုသုတတိုးတာပေါ့ဗျာ။

*******

” 🎼ထားမသွားနဲ့🎼 ငါ့ရဲ့နံဘေးမှာနင်နေပါနော်
🎼 အတူမျှော်လင့်တဲ့လက်ထပ်ပွဲ🎼”
“သားရေ ဖုန်းလာနေတယ်ဟေ့”
“ဗျာ၊ ဟုတ်အမေ လာပြီ”
“ဟဲလို ”
“အေး၊ ဖိုးသား၊ ငါပြန်ရောက်ပြီဟေ့
အခုမိုးကောင်းကင်မှာ မင်းလာချင်လာခဲ့လေ”
“ဟာ လာမှာပေါ့ဆရာကြယ်ရ အတော်ပဲဗျ ၊
ကျတော်လဲအခုမှ အလုပ်ကပြန်ရောက်တာ။
ကံတလူပါခေါ်ခဲ့မယ်ဆရာ
သူလဲသူ့အိမ်မှာရှိမယ်ထင်တယ်”
“အေး လိုက်ရင်ခေါ်ခဲ့လေကွာ”
“ဟုတ်ကဲ့ဆရာ ၊ ဒါပဲနော် အာ့ဆို”
“အေး အေး အေး”
တူ
“အမေရေ ။ သား ငပိုင်တို့အိမ်ခဏသွားလိုက်ဦးမယ်
ဆရာကြယ်ပြန်ရောက်ပြီဗျ ဆရာ့ဆီတခါတည်းသွားမလို့”
“အေး အေး သွားလေ ။ ဦးထုပ်လဲဆောင်းသွားဦး.
အဖမ်းခံနေရဦးမယ်”
“ဟုတ် အမေ သွားပြီဗျို့”

*********

“ဟေး….ကံတလူရေ….ဟေး”
“ဟာ ဖိုးသား ဂိမ်းကစားမလို့လား ငါ့ဖုန်းအားမရှိသေးဘူးဟ”
“ဟုတ်ပါဘူးကွ ဆရာကြယ်ပြန်ရောက်ပြီလေ
အာ့တာ မိုးကောင်းကင် လိုက်သွားမလို့ လိုက်မှာလား လာခေါ်တာ”
“လိုက်မယ်လေ သွားတာပေါ့ဟ”

*******

ဒီလိုနဲ့ပဲ မိုးကောင်းကင် လက်ဖက်ရည်ဆိုင်ကို
ရောက်ခဲ့ကြတာပေါ့။ ဟိုရောက်တော့ဆရာကြယ်က လက်လှမ်းပြတယ်။ သူဒီမှာပေါ့ဗျာ။
ဖိုးသားနဲ့ကံတလူလဲ အသာသွားထိုင်တာပေါ့။

“အေး… ဖိုးသား ၊ ထိုင်ကွာ ။ ဝေဒနာသည်တွေများနေလို့ ကြာလာခဲ့တာကွ။ တကယ်ဆို မနေ့ကတည်းကပြန်ရောက်ရမှာ”
“ဟုတ်ဆရာ။ ဆရာကုခဲ့တာတွေပြောပြပါဦး
ဖိုးသားတို့ ဗဟုသုတရတာပေါ့”
“အေးကွ ငါတို့ပညာရပ်ကစည်းကမ်းဘောင်ထဲကနေ နည်းလမ်းတကျကုသရင်မပျောက်နိုင်တဲ့ မိစ္ဆာဓာတ်ဆိုတာ မရှိဘူးကွ။ဒါပေမဲ့ စည်းကမ်းနဲ့မညီညွတ်ရင် ဘဘဆရာကြီးနဲ့ အထက်ပုဂ္ဂိုလ်ကြီးများကလက်မခံဘူး။ မင်းလဲနောင်တချိန်မှာကုမယ့်သူဆိုတော့ စည်းကမ်းလေးတွေသေချာမှတ်ထားပေါ့ကွာ”
“အခု ငါကြုံခဲ့ရတဲ့ အဖြစ်အပျက်တခုကိုငါပြောပြမယ်။ ဖြစ်ပုံကဒီလိုကွ”

******
(ဆရာကြယ်၏ပြောပြချက်များကို
ကျွန်တော်ဖိုးသားမှ စာဖတ်သူတို့အတွက်
အဆင်ပြေစွာဖတ်ရှုနိုင်ရန်ရည်ရွယ်ရေးသားထားခြင်းဖြစ်ပါသည်။ မည်သူ့ကိုမျှထိခိုက်စေလိုခြင်းမရှိပါ။
ကာယကံရှင်များဖတ်မိပါက နားလည်ပေးစေလိုပါသည်။)
*******

အချိန်ကား
သာသနာတော်နှစ် ၂၅၆၃ ခု
ကောဇာသက္ကရာဇ် ၁၃၈၁ခုနှစ်
ခရစ်နှစ် ၂၀၁၉၏ ဒီဇင်ဘာလ
ညနေ ၄နာရီဝန်းကျင်။
ခရမ်း-သုံးခွ နယ်ဘက်ရှိရွာလေးတရွာတွင်ရှိသော
ဝေဒနာသည်အားကုသ၍ပြီးကာစ
ဆရာကြယ်လဲပွဲဆက်များနေသဖြင့်ပင်ပန်းနေပြီ။
လူခန္ဓာပင်ပန်းနေပေမဲ့ စိတ်စေတနာထက်သန်နေလေတော့
ခုနက ကောင်မလေးတယောက် လာပင့်ထားသော
တဲသာသာအိမ်လေးကို လှမ်းခဲ့တော့တယ်။
ဝေဒနာသည်က အဒေါ်ကြီးဗျ
လက်တဖက်ကောင်းကောင်းမလှုပ်နိုင်ဘူး
တလောကမှလေဖြန်းထားတော့စကားလဲ ဝူးဝူးဝါးဝါး ခြေတဖက်လဲဆာတာတာပေါ့ဗျာ။
တခါတလေ စိတ်နောက်တတ်တယ်တဲ့
အင်းခက်ချေပြီ ယောက်ျားစစ်စစ်ဖြစ်သော်တောင်မှ
စိတ်ဝေဒနာသည်တို့ အနာကြီးရောဂါသည်တို့ဆိုရင် ဘုန်းကြီးရဟန်းအဖြစ်ကို ဝတ်ခွင့်မရှိဘူးလေဗျာ။
အခုဝေဒနာသည်က စိတ်မမှန်တတ်တဲ့သူဆိုတော့
ပညာခွင်ကိုခေါ်ဆောင်ပြီပညာအပ်နှင်းလို့မရဘူးဗျ။
ပြောပြီးပါပကောဗျာ ပညာရပ်ကနုနယ်သိမ်မွေ့တော့ စည်းကမ်းတကျလုပ်ဆောင်ရတယ်လေ။
ဝေဒနာသည်က စစ်လို့ဆေးလို့မဖြစ်နိုင်တဲ့အခြေအနေဗျ။ အဲ့တော့လဲ ခုနကလာပင့်တဲ့ ကောင်မလေးကိုပဲ ဝေဒနာသည် ကိုယ်စား ဓာတ်စီးခိုင်းရတော့တာပေါ့။
ဘုရားကန်တော့တာတွေ
ဆရာကြီးတွေကိုတိုင်တည်တာတွေတော့
သိပြီးနေကြမှာပါဗျ။
ဝေဒနာသည်ကိုယ်စား ဓာတ်စီးပေးရတဲ့ကောင်မလေးက ဓာတ်လေးသဗျ။ လေးလေးမှန်မှန်နဲ့ပဲ ဆရာလူနာဝေဒနာစစ်နေတာပေါ့ဗျာ
“တောက်”
ဟာ တောက်ခနဲခေါက်လိုက်သံကြီးက အကျယ်ကြီးပဲဗျို့
ဆရာကြယ်ဝေဒနာကုနေတဲ့အိမ်ဝိုင်းရှေ့ကထွက်လာတာဗျ
လှမ်းကြည့်လိုက်တော့ တအိမ်ကျော်က အမျိုးသမီးလို့ပြောကြတယ်ဗျ
ဆရာ့ကိုတောက်ခေါက်ပြီးထွက်သွားတယ်ဗျို့။
“ဆရာ သူကဒီတအိမ်ကျော်ကဗျ ဒါမျိုးပယောဂကုဘာညာလဲ ဝင်အပူးခံရဖူးတယ်ဆရာ ကုလားသိုက်ဆက်လားလဲမသိဘူးလို့ပြောကြတယ်ဗျ”
“ဆရာ အခုကောင်မလေး က ပူးတာပြုတာအဆင်မပြေရင် သူ့ခေါ်ပေးရမလား သူကတအားမြန်တယ်ဆရာရဲ့”
ဆရာကဘာမှဆက်မပြောတော့ဘဲ
ဓာတ်စီးရှင်ကောင်မလေးကိုဆက်စစ်တယ်ဗျ

“သင်က ဘယ်ကလဲ အခုဝေဒနာရှင်ကျု ဘာလို့လုပ်ထားတာလဲ”
“သိုက်တူးကန် ထိပ်ကသိုက်ကပါဆရာ ”
“ဟာ” ”သိုက်နန်းကတဲ့ဟ”
“ဟေးသိုက်တူးကန်ထိပ်ကသိုက်ကတဲ့ဟေ့”
အသံတွေစီစီညံညံထွက်လာတယ်ဗျ
သူတို့ရွာဘက်တွေမှာ အဲ့ဒီသိုက်ကနာမည်ကြီးဆိုပဲဗျ
“ဒီအဒေါ်ကြီးက ကျွန်မတို့သိုက်နန်းနယ်နမိတ်မှာ အပေါ့လာသွားတယ်ဆရာ
ကျွန်မတို့က ညီအမ ငါးယောက်ရှိတာ
အခုလုပ်တာကအငယ်ဆုံး ညီမထွေးပါ
သူကအငယ်ဆုံးဆိုပေမဲ့ အထက်ဆုံး ဆရာရဲ့”
“အေး. ..ဒါဖြင့် အငယ်ဆုံးကိုခေါ်လိုက်ကွဲ့”
ဖြောင်း ….. ဖြောင်း ….. ဖြောင်း…….

“ဟာ ဘေးဖယ်ပေးကြဟေ့”

ခုနက တောက်ခေါက်သွားတဲ့အမျိုးသမီးဗျ ဘယ်တုန်းက ဘယ်သူသွားခေါ်ထားမှန်းကိုမသိဘူး
တဲသာသာအိမ်လေးမှာလူးကာလှိမ့်ကာနဲ့ဝင်ပူးကပ်လာတယ်

“ဟဲ့ကောင်မ နင်လိမ်နေတာ” လို့အော်ပြီးတော့
ရှေ့ကကောင်မလေးရဲ့တင်ပါးကို လက်နဲ့လှမ်းရိုက်တယ်ဗျ
ရိုးရိုးရိုက်တာမဟုတ်ဘူးဗျ လက်နှစ်ဖက်ကိုမိုးပေါ်ထောင်ပြီး လက်ဖဝါးကမြွေဟောက်ကြီး ပါးပျဉ်းထောင်သလိုလုပ်ပြီးမှပေါက်ချတာဗျ ရှေ့ကအရင်စစ်နေတဲ့ ကောင်မလေးကဖြင့် ထိမှန်းတောင်မသိဘူးထင်တယ်ဗျို့. တုတ်တုတ်တောင်မလှုပ်ဘူးဗျ
နောက်မှဝင်လာတဲ့ဓာတ်ကလည်း ပေါက်တာပေါက်တာဆိုတာ
ဘာပြောကောင်းမလဲဗျာ ခေါင်းအုံးရိုက်ပွဲတွေလို တဖောင်းဖောင်းနဲ့ပေါ့
ရှေ့ကကောင်မလေး ဓာတ်ပြန်ရုပ်ပြီး ငြိမ်ခါမှကို ရပ်သွားတာပေါ့ဗျာ
ဆရာကလဲဝင်တားတာပေါ့

“ကဲ……. အခုဝင်လာတဲ့ဓာတ်ပိုင်ရှင်
သင်ဘယ်သူလဲပြောပါ
သင်ဘယ်ကလဲ”

(§@x%&^**^$*#)
ဟာ ကုလားလိုတွေပြောတာဗျ
ဆရာကမြန်မာလေဗျာ

“သင်ဘယ်သူလဲ သင့်ဘာသာစကားကို
ဆရာနားမလည်ဘူး
ဆရာနားလည်မယ့်ဘာသာစကားနဲ့ပြောပါ
သင်ပြောတဲ့စကားလဲဆရာနားလည်နိုင်ပါစေ
သင်လဲဆရာနားလည်တဲ့ဘာသာစကားနဲ့ပြောလာပါစေ ကဲပြောပါသင်ဘယ်သူလဲ”

“ကျွန်မက သိုက်တူးကန်သိုက်က ညီအမငားယောက်ထဲက ညီမအထွေးဆုံးပဲ
ရှေ့ကကောင်မလိမ်နေလို့ ကျမဝင်လာတာ”

“လိမ်တာမလိမ်တာကဆရာသတ်မှတ်ရမယ့်ကိစ္စပါလေ
အသင်က အခုဝေဒနာသည်ကို ဘာကြောင့်အခုလိုလုပ်ထားလဲ”

“သူက သိုက်နယ်မြေလဲလာသေးတယ် နှုတ်ကလဲမဆင်ခြင်တတ်ဘူး
တို့သိုက်ဘက်ကို အပေါ့လဲသွားသေးတယ်
တောင်းပန်တာလဲမရှိလို့လုပ်တာဟေ့”

“အခု အသင်လုပ်ထားတဲ့ဝေဒနာတွေကို ပြန်ယူသွားပါ”

“မယူနိုင်ဘူး။မယူနိုင်ဘူးဆရာ
ကျွန်မ မကျေနပ်ဘူး”

“ဘယ်သူ့ကိုမကျေနပ်တာလဲ ဆရာ့ကိုလား”

“မဟုတ်ပါဘူးဆရာ
ကျွန်မကိုမတောင်းပန်ပဲနဲ့တော့ ကျွန်မကျေအေးမပေးနိုင်ဘူး”

“သြော် အသင်က ဘယ်လိုတောင်းပန်စေချင်လို့တုန်း’

“ကျွန်မတို့သိုက်နန်းကို အမွှေးတိုင်
၉ထုတ်နဲ့ပူူဇော်တောင်းပန်ပေးရမယ်”

“ဆရာတို့ရဲ့လောကမှာ
ပူဇော်စရာ ကိုးကွယ်စရာ
ရတနာမြတ်သုံးပါးရှိနေပြီပဲ
သင်တို့ရဲ့သိုက်ကိုပူဇော်မှုမပေးနိုင်ဘူး
အသင်တို့မှ လိုချင်မယ်ဆိုရင်တော့
အခုဆရာက မြတ်စွာဘုရားရှင် ကိုရည်မှန်းပြီး
အမွှေးတိုင်ကပ်လှူပေးမယ်
ကုသိုလ်အဖို့ကို အမျှဝေပေးမယ် သင်ကျေနပ်မလား”

“ကျေနပ်ပေးပါ့မယ်ဆရာ”

ကဲ အာ့တာဆို ဘုရားကိုအာရုံပြုဟုတ်ပြီလား”

ဆရာကြယ် က ဘုရားကိုရည်မှန်းပြီး
အမွှေးတိုင်ထုတ်ကိုမီးညှိ ပူဇော်ပေးတယ်ဗျ
ပြီးတော့ သိုက်တူးကန်သိုက်က ညီအမငါးဖော်ကိုရည်စူးပြီး အမျှဝေတယ်

“သာဓု……သာဓု……… သာဓု ”

ဟော သာဓုခေါ်သဗျ

“ဆရာ ကျမကို အမွှေးတိုင်တထုပ်ပေးပါ”
တကိုယ်လုံးကိုတုန်ခါလို့ဗျာ
အားမတန်လို့မာန်လျော့တယ်ထင်ပါရဲ့
ဆရာကြယ်ကအမွှေးတိုင်ထုပ်လေးပေးလိုက်တော့ ဖောက်သဗျ
ဘေးကကြည့်နေတဲ့လူအုပ်ကို ခေါင်းငဲ့ကြည့်တယ်

“အချစ်တော်ပေးစမ်းဟဲ့ အချစ်တော်”

ဘာတုန်းဟ အချစ်တော်လို့တွေးမိသေးတယ်ဗျ

“အောင်မယ် အချစ်တော်တဲ့လား
ကဲကဲ မီးခြစ်ပေးလိုက်စမ်းပါဗျာ”

“ဆရာ ကန်တော့ဆရာ ဒီမှာရှိတယ်ဗျ”

“ကဲ ရော့ ဒီမှာ မင်းအချစ်တော်”

မီးခြစ်ကိုထောက်ခနဲခြစ်တယ်ဗျ။
မီးတော့တောက်ပါရဲ့ လူကတုန်နေတာဆိုတော့ပြန်ငြိမ်းတယ်ဗျ
ဟောနောက်တကြိမ်ထပ်ညှိတယ်
တောက်တယ်ဗျ ဒီတခါတော့ အမွှေးတိုင်ပါမီးညှိလိုက်ပြီဗျ
အမွှေးတိုင်ကမီးကို မညှိမ်းဘူးဗျို့
လက်တွေကို အပေါ်ကနေအောက် အမွှေးတိုင်မီးနဲ့မြိုက်တယ်
မွေးညှင်းတပင်တောင်မလောင်ဘူးဗျ
ဖိုးသားကလဲကွာ အာ့လောက်လေးများလို့တော့မထင်နဲ့ဗျို့
ဖိုးသားလုပ်ကြည့်ဖူးတယ် လက်ကအမွှေးလေးတွေမီးလောင်တယ်ဗျ ညှော်တောင်နံတယ် မယုံစမ်းကြည့်ကြဗျို့
ဟောလက်တွေကိုမီးနဲ့မြိုက်တာ လက်ဖဝါးနားရောက်တော့
မီးကိုလက်နဲ့အုပ်ပြီး အဝေးကိုတခုခုလွှင့်ပစ်သလိုပစ်တယ်ဗျ
လေးငါးခေါက်လုပ်ပြီးတော့
အမွှေးတိုင်တဝက်နားရောက်နေပြီဗျ

“ဟာ”

ပါးစပ်ထဲထည့်ငုံလိုက်တာဗျ
ခဏနေတော့ ပြန်ထုတ်တယ်
သုံးခါလောက်အပြီးမှာတော့
ဝေဒနာသည်အဒေါ်ကြီး လက်တွေအရောင်လျော့ပြီူ လှုပ်ရှားနိုင်လာတယ်ဗျ
ဝေဒနာကုန်ပါပြီဆရာဆိုပြီးပြောလာတယ်
ဆရာကြယ်လဲသစ္စာပေး မေတ္တာထားလို့ ဝေဒနာပြန်စစ်ပြီးပြန်ခွင့်ပြုတယ်ဆိုရင်ပဲ
ချက်ချင်းပြန်ထွက်သွားတယ်ဗျ။
ဝေဒနာသည်အဒေါ်ကြီးသက်သာသွားပေမဲ့
ဓာတ်စီးနေတဲ့ကောင်မလေးမှာဓာတ်တွေမရှင်းသေးတာကိုဆရာကြယ်တွေ့လိုက်ရတယ်
့ဝေဒနာသည်မိသားစုကိုဆရာကမေးတယ်ဗျ

“အဒေါ်ကြီးအခြေအနေကတော့ ပညာပေးလို့ရနိုင်တဲ့ကျန်းမာရေးမဟုတ်ဘူး။
ဒီကညီမက ပညာခွင်ရဲ့အစောင့်အရှောက်အောက်ခိုလှုံပြီး ပညာယူချင်တဲ့စိတ်ဆန္ဒရှိရဲ့လား”

ဆရာကစေတနာထားကာမေးပေမဲ့
ကောင်မလေးက မိရိုးဖလာ နတ်ကိုးကွယ်မှုကိုမစွန့်လွှတ်နိုင်တော့ ဆရာကြယ်လဲ ဘဘဆရာကြီးနဲ့
တကွ အထက်ပုဂ္ဂိုလ်ကြီးတွေကိုတိုင်တည်တော့တာပေါ့

“ယခုရောက်ရှိနေသောနေရာမှမိသားစုမှာ
မိရိုးဖလာ နတ်ကိုးကွယ်မှုကို မစွန့်လွှတ်နိုင်ပါဘုရား။
သို့ပါကြောင့် ဆက်လက်ကုသရန်အကြောင်းရှိပါက
ကုသရန်အခွင့်ကြုံပါစေဘုရား
စည်းကမ်းမညီညွတ်၍ကုသရန်မသင့်သောအရာဖြစ်ပါက အထက်ဆရာကြီးများမှတာဝန်ယူကာ
ယနေ့အတွက် သာသနာပြုသတ္တဝါကယ်ခြင်းမှ
ခေတ္တနားခွင့်ပြုပါဘုရား။
အဖြစ်များကိုလဲ ရှင်းလင်းစွာသိရပါစေဘုရား”

ဆရာကြယ်ရဲ့သစ္စာဆုံးတော့
အကုန်လုံးကပုံမှန်ဖြစ်နေကြပြီမို့
ဆရာလဲ တည်းခိုရာအိမ်ကိုပြန်လာခဲ့တော့တယ်
အထက်ကစည်းကမ်းနဲ့မကိုက်ဖြစ်နေတာကြောင့်နောက်ရက်တွေမှာတခြားဝေဒနာသည်တွေကိုကုခဲ့ရတယ်။

ပြန်တော့မယ့်ရက်နားကြခါမှ
ဆရာ့သစ္စာစကားအရ အဖြစ်မှန်ကိုသိလိုက်ရတော့တာပေါ့။
ဆရာကြယ့်ကို အထက်ကမကုစေချင်တဲ့အကြောင်းအရာလို့ပဲသတ်မှတ်ရမှာပေါ့ဗျာ

အဖြစ်မှန်ကတော့

ခရမ်းသုံးခွနယ်ဘက်မှာ
ပေလကပ်ဘုရားကျောင်းဆိုတာရှိတယ်။
အဲ့ဒီဘုရားကျောင်းမှာ ကာလီမယ်တော်ဆိုတဲ့
ရုပ်တုကြီးရှိသေးတယ်ဗျ။
ကာလီမယ်တော်ဆိုတာ
ပုံထဲကလိုပုံပဲဗျ
အဲ့အရုပ်ရှေ့မှာကြ ယဇ်စင်တခုရှိနေသေးပြန်ရော
ရွာတွေထဲက ပစ္စည်းပျောက်တဲ့သူတွေက
ပေလကပ်ဘုရားကျောင်းကိုလာ
ဘုရားကျောင်းက နတ်ဆရာနဲ့အတူ
ဘယ်နေ့ဘယ်အချိန်မှာဘာပစ္စည်းပျောက်သွားပါတယ်အမေကာလီ
ပစ္စည်းပြန်ရအောင်လုပ်ပေးပါ
ပစ္စည်းပြန်ရရင် အမေ့ကို ဆိတ်ကောင်ရဲ့လည်ချောင်းသွေးနဲ့ယဇ်ပူဇော်ပါ့မယ်လို့ကတိပေးပြီး
နတ်ဆရာဆီကအုန်းသီးခွဲရတယ်တဲ့ဗျ။
ကုလားကားတွေထဲမှာခဏခဏပါတယ်လေဗျာ
အာ့လိုမျိုးပဲတဲ့ဗျို့
တချို့များယူသွားတဲ့သူခိုးပါဘာဖြစ်ပါစေဆိုပြီးနွားနဲ့ယဇ်ပူဇော်တာမျိုးလဲရှိသတဲ့ဗျ။

တအိမ်ကျော်ကနေဝင်လာတဲ့ ဓာတ်သွက်တယ်ဆိုတဲ့ကောင်မလေးကဆိုရင်
ကာလီဓာတ်အဆက်အနွယ်တဲ့ဗျို့
ဟိုးရန်ကုန်မှာ မီးနင်းပွဲတွေလုပ်ကြချိန်မျိုးဆိုရင်
သူကလဲရွာမှာ မြေကြီးပေါ်မီးခဲတွေချနင်းတော့တာပဲတဲ့ဗျို့
ပြီးရင်တော့သူဘာမှမသိတော့ဘူးတဲ့
ဖြစ်တာများတော့လဲ အရပ်အဖို့မထူးဆန်းတော့တာပေါ့ဗျာ
အဲ့ကောင်မလေးက သူ့အမျိုးထဲက ဖုန်းပျောက်သွားလို့ ကာလီမယ်တော်ရုပ်တုရှေ့မှာ အုန်းသီးခွဲထားတာတဲ့ဗျ။ ယူမိသူကလဲ ဝေဒနာသည်တို့အသိုင်းဝိုင်းကလို့ပြောသဗျ။
အာ့တာကြောင့်သိုက်ဓာတ်အကုန်မှာ တခြားဓာတ်တွေဝင်လာတာပေါ့ဗျာ။
သူတို့တွေကလဲ ရှိရင်းစွဲအားကိုးရာတွေကိုမစွန့်ပယ်နိုင်တော့ ဆရာကြယ်ကိုအထက်က ကုသခွင့်မပေးတော့တာပေါ့ဗျ
တကယ်တော့ မနောမယိဒ္ဓိပညာ ကိုယူထားသည်ဖြစ်စေ
မယူထားသည်ဖြစ်စေ
ဘုရားတရားသံဃာ ရတနာသုံးပါးသည်သာ
လောကမှာအမွန်မြတ်ဆုံးသော
အစစ်မှန်ဆုံးသော ကိုးကွယ်ရာမဟုတ်ပါလားဗျ
နောက်များမကြာလှတဲ့အချိန်တွေမှာတောရွာလေးတွေလဲအမြင်မှန်ရပါစေလို့စေတနာထားရင်းနဲ့ပဲ
ဆရာကြယ်တယောက် ပုဂံညောင်ဦးကိုပြန်လာခဲ့တော့တယ်။

******
စာရေးဆရာမဟုတ်တဲ့စာရေးသူဖိုးသားမို့ ရည်ရွယ်ချက်မပါရှိဘဲတစုံတယောက်အားစော်ကားမိထိခိုက်စေမိပါကမေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။

မနောမယိဒ္ဓိပညာဖြင့်သာသနာပြုလျက်ရှိသောဆရာများဖတ်မိပါကလဲ ဖိုးသားအားလိုအပ်ချက်များညွှန်ပြပေးကြစေလိုပါသည်

ဗုဒ္ဓသာသနံ စိရံတိဌတု

လေးစားစွာဖြင့်
ဖိုးသား(အညာမြေ)

Zawgyi Version

ခရမ္းနယ္မွသိုက္ညီအမမ်ား(စ/ဆုံး)
—————————————–
“တူ……တူ…….တူ….”
“ဟဲလို…ဟုတ္ကဲ့ေျပာပါ”
“ဆရာ….ကြၽန္ေတာ္ပါဗ်။ ဖိုးသားပါ ”
“ေၾသာ္..ဖိုးသား..ေအး..ေျပာေလ..ဘာလို႔တုန္းဟ”
“ဆရာျပန္ေရာက္ၿပီလား လွမ္းေမးတာပါဗ်”
“ေအး…ႏွစ္ရက္၊သုံးရက္ေလာက္ေတာ့ၾကာဦး
မယ္ကြ ။ ဘာလို႔တုန္း ေရးစရာကုန္ေနလို႔လား
ဟားဟား”
“ဟုတ္ပါဘူးဗ်…..ဆရာ့ဆီကစာအုပ္ငွါးမယ္ဆိုလို႔ပါ”
“ေအးပါကြာ.. ႏွစ္ရက္သုံးရက္ေတာ့ၾကာဦးမယ္ေဟ့
မင္းေရာသက္သာလား ေမာေနေသးလား”
“အလကားေနရင္းေတာ့မေမာေတာ့ပါဘူးဆရာ”
“ေအး ေမာလဲေရေသာက္ေပါ့ကြာ ဟားဟား”
“ဟာဗ်ာ ဆရာကလဲ ။ ဆရာဒါပဲေနာ္အာ့ဆို”
“ေအး…ေအး…ဟုတ္ပါၿပီ ”

******

အမွန္ေျပာရရင္ ဖိုးသားလဲဆရာျပန္လာေစခ်င္ေနတာဗ်။ ဆရာျပန္လာရင္ကုခဲ့တာေတြသိရမယ္ေလ။
ဗဟုသုတတိုးတာေပါ့ဗ်ာ။

*******

” 🎼ထားမသြားနဲ႔🎼 ငါ့ရဲ႕နံေဘးမွာနင္ေနပါေနာ္
🎼 အတူေမွ်ာ္လင့္တဲ့လက္ထပ္ပြဲ🎼”
“သားေရ ဖုန္းလာေနတယ္ေဟ့”
“ဗ်ာ၊ ဟုတ္အေမ လာၿပီ”
“ဟဲလို ”
“ေအး၊ ဖိုးသား၊ ငါျပန္ေရာက္ၿပီေဟ့
အခုမိုးေကာင္းကင္မွာ မင္းလာခ်င္လာခဲ့ေလ”
“ဟာ လာမွာေပါ့ဆရာၾကယ္ရ အေတာ္ပဲဗ် ၊
က်ေတာ္လဲအခုမွ အလုပ္ကျပန္ေရာက္တာ။
ကံတလူပါေခၚခဲ့မယ္ဆရာ
သူလဲသူ႔အိမ္မွာရွိမယ္ထင္တယ္”
“ေအး လိုက္ရင္ေခၚခဲ့ေလကြာ”
“ဟုတ္ကဲ့ဆရာ ၊ ဒါပဲေနာ္ အာ့ဆို”
“ေအး ေအး ေအး”
တူ
“အေမေရ ။ သား ငပိုင္တို႔အိမ္ခဏသြားလိုက္ဦးမယ္
ဆရာၾကယ္ျပန္ေရာက္ၿပီဗ် ဆရာ့ဆီတခါတည္းသြားမလို႔”
“ေအး ေအး သြားေလ ။ ဦးထုပ္လဲေဆာင္းသြားဦး.
အဖမ္းခံေနရဦးမယ္”
“ဟုတ္ အေမ သြားၿပီဗ်ိဳ႕”

*********

“ေဟး….ကံတလူေရ….ေဟး”
“ဟာ ဖိုးသား ဂိမ္းကစားမလို႔လား ငါ့ဖုန္းအားမရွိေသးဘူးဟ”
“ဟုတ္ပါဘူးကြ ဆရာၾကယ္ျပန္ေရာက္ၿပီေလ
အာ့တာ မိုးေကာင္းကင္ လိုက္သြားမလို႔ လိုက္မွာလား လာေခၚတာ”
“လိုက္မယ္ေလ သြားတာေပါ့ဟ”

*******

ဒီလိုနဲ႔ပဲ မိုးေကာင္းကင္ လက္ဖက္ရည္ဆိုင္ကို
ေရာက္ခဲ့ၾကတာေပါ့။ ဟိုေရာက္ေတာ့ဆရာၾကယ္က လက္လွမ္းျပတယ္။ သူဒီမွာေပါ့ဗ်ာ။
ဖိုးသားနဲ႔ကံတလူလဲ အသာသြားထိုင္တာေပါ့။

“ေအး… ဖိုးသား ၊ ထိုင္ကြာ ။ ေဝဒနာသည္ေတြမ်ားေနလို႔ ၾကာလာခဲ့တာကြ။ တကယ္ဆို မေန႔ကတည္းကျပန္ေရာက္ရမွာ”
“ဟုတ္ဆရာ။ ဆရာကုခဲ့တာေတြေျပာျပပါဦး
ဖိုးသားတို႔ ဗဟုသုတရတာေပါ့”
“ေအးကြ ငါတို႔ပညာရပ္ကစည္းကမ္းေဘာင္ထဲကေန နည္းလမ္းတက်ကုသရင္မေပ်ာက္ႏိုင္တဲ့ မိစာၦဓာတ္ဆိုတာ မရွိဘူးကြ။ဒါေပမဲ့ စည္းကမ္းနဲ႔မညီၫြတ္ရင္ ဘဘဆရာႀကီးနဲ႔ အထက္ပုဂၢိဳလ္ႀကီးမ်ားကလက္မခံဘူး။ မင္းလဲေနာင္တခ်ိန္မွာကုမယ့္သူဆိုေတာ့ စည္းကမ္းေလးေတြေသခ်ာမွတ္ထားေပါ့ကြာ”
“အခု ငါႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္တခုကိုငါေျပာျပမယ္။ ျဖစ္ပုံကဒီလိုကြ”

******
(ဆရာၾကယ္၏ေျပာျပခ်က္မ်ားကို
ကြၽန္ေတာ္ဖိုးသားမွ စာဖတ္သူတို႔အတြက္
အဆင္ေျပစြာဖတ္ရႈႏိုင္ရန္ရည္႐ြယ္ေရးသားထားျခင္းျဖစ္ပါသည္။ မည္သူ႔ကိုမွ်ထိခိုက္ေစလိုျခင္းမရွိပါ။
ကာယကံရွင္မ်ားဖတ္မိပါက နားလည္ေပးေစလိုပါသည္။)
*******

အခ်ိန္ကား
သာသနာေတာ္ႏွစ္ ၂၅၆၃ ခု
ေကာဇာသကၠရာဇ္ ၁၃၈၁ခုႏွစ္
ခရစ္ႏွစ္ ၂၀၁၉၏ ဒီဇင္ဘာလ
ညေန ၄နာရီဝန္းက်င္။
ခရမ္း-သုံးခြ နယ္ဘက္ရွိ႐ြာေလးတ႐ြာတြင္ရွိေသာ
ေဝဒနာသည္အားကုသ၍ၿပီးကာစ
ဆရာၾကယ္လဲပြဲဆက္မ်ားေနသျဖင့္ပင္ပန္းေနၿပီ။
လူခႏၶာပင္ပန္းေနေပမဲ့ စိတ္ေစတနာထက္သန္ေနေလေတာ့
ခုနက ေကာင္မေလးတေယာက္ လာပင့္ထားေသာ
တဲသာသာအိမ္ေလးကို လွမ္းခဲ့ေတာ့တယ္။
ေဝဒနာသည္က အေဒၚႀကီးဗ်
လက္တဖက္ေကာင္းေကာင္းမလႈပ္ႏိုင္ဘူး
တေလာကမွေလျဖန္းထားေတာ့စကားလဲ ဝူးဝူးဝါးဝါး ေျခတဖက္လဲဆာတာတာေပါ့ဗ်ာ။
တခါတေလ စိတ္ေနာက္တတ္တယ္တဲ့
အင္းခက္ေခ်ၿပီ ေယာက္်ားစစ္စစ္ျဖစ္ေသာ္ေတာင္မွ
စိတ္ေဝဒနာသည္တို႔ အနာႀကီးေရာဂါသည္တို႔ဆိုရင္ ဘုန္းႀကီးရဟန္းအျဖစ္ကို ဝတ္ခြင့္မရွိဘူးေလဗ်ာ။
အခုေဝဒနာသည္က စိတ္မမွန္တတ္တဲ့သူဆိုေတာ့
ပညာခြင္ကိုေခၚေဆာင္ၿပီပညာအပ္ႏွင္းလို႔မရဘူးဗ်။
ေျပာၿပီးပါပေကာဗ်ာ ပညာရပ္ကႏုနယ္သိမ္ေမြ႕ေတာ့ စည္းကမ္းတက်လုပ္ေဆာင္ရတယ္ေလ။
ေဝဒနာသည္က စစ္လို႔ေဆးလို႔မျဖစ္ႏိုင္တဲ့အေျခအေနဗ်။ အဲ့ေတာ့လဲ ခုနကလာပင့္တဲ့ ေကာင္မေလးကိုပဲ ေဝဒနာသည္ ကိုယ္စား ဓာတ္စီးခိုင္းရေတာ့တာေပါ့။
ဘုရားကန္ေတာ့တာေတြ
ဆရာႀကီးေတြကိုတိုင္တည္တာေတြေတာ့
သိၿပီးေနၾကမွာပါဗ်။
ေဝဒနာသည္ကိုယ္စား ဓာတ္စီးေပးရတဲ့ေကာင္မေလးက ဓာတ္ေလးသဗ်။ ေလးေလးမွန္မွန္နဲ႔ပဲ ဆရာလူနာေဝဒနာစစ္ေနတာေပါ့ဗ်ာ
“ေတာက္”
ဟာ ေတာက္ခနဲေခါက္လိုက္သံႀကီးက အက်ယ္ႀကီးပဲဗ်ိဳ႕
ဆရာၾကယ္ေဝဒနာကုေနတဲ့အိမ္ဝိုင္းေရွ႕ကထြက္လာတာဗ်
လွမ္းၾကည့္လိုက္ေတာ့ တအိမ္ေက်ာ္က အမ်ိဳးသမီးလို႔ေျပာၾကတယ္ဗ်
ဆရာ့ကိုေတာက္ေခါက္ၿပီးထြက္သြားတယ္ဗ်ိဳ႕။
“ဆရာ သူကဒီတအိမ္ေက်ာ္ကဗ် ဒါမ်ိဳးပေယာဂကုဘာညာလဲ ဝင္အပူးခံရဖူးတယ္ဆရာ ကုလားသိုက္ဆက္လားလဲမသိဘူးလို႔ေျပာၾကတယ္ဗ်”
“ဆရာ အခုေကာင္မေလး က ပူးတာျပဳတာအဆင္မေျပရင္ သူ႔ေခၚေပးရမလား သူကတအားျမန္တယ္ဆရာရဲ႕”
ဆရာကဘာမွဆက္မေျပာေတာ့ဘဲ
ဓာတ္စီးရွင္ေကာင္မေလးကိုဆက္စစ္တယ္ဗ်

“သင္က ဘယ္ကလဲ အခုေဝဒနာရွင္က်ဳ ဘာလို႔လုပ္ထားတာလဲ”
“သိုက္တူးကန္ ထိပ္ကသိုက္ကပါဆရာ ”
“ဟာ” ”သိုက္နန္းကတဲ့ဟ”
“ေဟးသိုက္တူးကန္ထိပ္ကသိုက္ကတဲ့ေဟ့”
အသံေတြစီစီညံညံထြက္လာတယ္ဗ်
သူတို႔႐ြာဘက္ေတြမွာ အဲ့ဒီသိုက္ကနာမည္ႀကီးဆိုပဲဗ်
“ဒီအေဒၚႀကီးက ကြၽန္မတို႔သိုက္နန္းနယ္နမိတ္မွာ အေပါ့လာသြားတယ္ဆရာ
ကြၽန္မတို႔က ညီအမ ငါးေယာက္ရွိတာ
အခုလုပ္တာကအငယ္ဆုံး ညီမေထြးပါ
သူကအငယ္ဆုံးဆိုေပမဲ့ အထက္ဆုံး ဆရာရဲ႕”
“ေအး. ..ဒါျဖင့္ အငယ္ဆုံးကိုေခၚလိုက္ကြဲ႕”
ေျဖာင္း ….. ေျဖာင္း ….. ေျဖာင္း…….

“ဟာ ေဘးဖယ္ေပးၾကေဟ့”

ခုနက ေတာက္ေခါက္သြားတဲ့အမ်ိဳးသမီးဗ် ဘယ္တုန္းက ဘယ္သူသြားေခၚထားမွန္းကိုမသိဘူး
တဲသာသာအိမ္ေလးမွာလူးကာလွိမ့္ကာနဲ႔ဝင္ပူးကပ္လာတယ္

“ဟဲ့ေကာင္မ နင္လိမ္ေနတာ” လို႔ေအာ္ၿပီးေတာ့
ေရွ႕ကေကာင္မေလးရဲ႕တင္ပါးကို လက္နဲ႔လွမ္း႐ိုက္တယ္ဗ်
႐ိုး႐ိုး႐ိုက္တာမဟုတ္ဘူးဗ် လက္ႏွစ္ဖက္ကိုမိုးေပၚေထာင္ၿပီး လက္ဖဝါးကေႁမြေဟာက္ႀကီး ပါးပ်ဥ္းေထာင္သလိုလုပ္ၿပီးမွေပါက္ခ်တာဗ် ေရွ႕ကအရင္စစ္ေနတဲ့ ေကာင္မေလးကျဖင့္ ထိမွန္းေတာင္မသိဘူးထင္တယ္ဗ်ိဳ႕. တုတ္တုတ္ေတာင္မလႈပ္ဘူးဗ်
ေနာက္မွဝင္လာတဲ့ဓာတ္ကလည္း ေပါက္တာေပါက္တာဆိုတာ
ဘာေျပာေကာင္းမလဲဗ်ာ ေခါင္းအုံး႐ိုက္ပြဲေတြလို တေဖာင္းေဖာင္းနဲ႔ေပါ့
ေရွ႕ကေကာင္မေလး ဓာတ္ျပန္႐ုပ္ၿပီး ၿငိမ္ခါမွကို ရပ္သြားတာေပါ့ဗ်ာ
ဆရာကလဲဝင္တားတာေပါ့

“ကဲ……. အခုဝင္လာတဲ့ဓာတ္ပိုင္ရွင္
သင္ဘယ္သူလဲေျပာပါ
သင္ဘယ္ကလဲ”

(§@x%&^**^$*#)
ဟာ ကုလားလိုေတြေျပာတာဗ်
ဆရာကျမန္မာေလဗ်ာ

“သင္ဘယ္သူလဲ သင့္ဘာသာစကားကို
ဆရာနားမလည္ဘူး
ဆရာနားလည္မယ့္ဘာသာစကားနဲ႔ေျပာပါ
သင္ေျပာတဲ့စကားလဲဆရာနားလည္ႏိုင္ပါေစ
သင္လဲဆရာနားလည္တဲ့ဘာသာစကားနဲ႔ေျပာလာပါေစ ကဲေျပာပါသင္ဘယ္သူလဲ”

“ကြၽန္မက သိုက္တူးကန္သိုက္က ညီအမငားေယာက္ထဲက ညီမအေထြးဆုံးပဲ
ေရွ႕ကေကာင္မလိမ္ေနလို႔ က်မဝင္လာတာ”

“လိမ္တာမလိမ္တာကဆရာသတ္မွတ္ရမယ့္ကိစၥပါေလ
အသင္က အခုေဝဒနာသည္ကို ဘာေၾကာင့္အခုလိုလုပ္ထားလဲ”

“သူက သိုက္နယ္ေျမလဲလာေသးတယ္ ႏႈတ္ကလဲမဆင္ျခင္တတ္ဘူး
တို႔သိုက္ဘက္ကို အေပါ့လဲသြားေသးတယ္
ေတာင္းပန္တာလဲမရွိလို႔လုပ္တာေဟ့”

“အခု အသင္လုပ္ထားတဲ့ေဝဒနာေတြကို ျပန္ယူသြားပါ”

“မယူႏိုင္ဘူး။မယူႏိုင္ဘူးဆရာ
ကြၽန္မ မေက်နပ္ဘူး”

“ဘယ္သူ႔ကိုမေက်နပ္တာလဲ ဆရာ့ကိုလား”

“မဟုတ္ပါဘူးဆရာ
ကြၽန္မကိုမေတာင္းပန္ပဲနဲ႔ေတာ့ ကြၽန္မေက်ေအးမေပးႏိုင္ဘူး”

“ေၾသာ္ အသင္က ဘယ္လိုေတာင္းပန္ေစခ်င္လို႔တုန္း’

“ကြၽန္မတို႔သိုက္နန္းကို အေမႊးတိုင္
၉ထုတ္နဲ႔ပူူေဇာ္ေတာင္းပန္ေပးရမယ္”

“ဆရာတို႔ရဲ႕ေလာကမွာ
ပူေဇာ္စရာ ကိုးကြယ္စရာ
ရတနာျမတ္သုံးပါးရွိေနၿပီပဲ
သင္တို႔ရဲ႕သိုက္ကိုပူေဇာ္မႈမေပးႏိုင္ဘူး
အသင္တို႔မွ လိုခ်င္မယ္ဆိုရင္ေတာ့
အခုဆရာက ျမတ္စြာဘုရားရွင္ ကိုရည္မွန္းၿပီး
အေမႊးတိုင္ကပ္လႉေပးမယ္
ကုသိုလ္အဖို႔ကို အမွ်ေဝေပးမယ္ သင္ေက်နပ္မလား”

“ေက်နပ္ေပးပါ့မယ္ဆရာ”

ကဲ အာ့တာဆို ဘုရားကိုအာ႐ုံျပဳဟုတ္ၿပီလား”

ဆရာၾကယ္ က ဘုရားကိုရည္မွန္းၿပီး
အေမႊးတိုင္ထုတ္ကိုမီးညႇိ ပူေဇာ္ေပးတယ္ဗ်
ၿပီးေတာ့ သိုက္တူးကန္သိုက္က ညီအမငါးေဖာ္ကိုရည္စူးၿပီး အမွ်ေဝတယ္

“သာဓု……သာဓု……… သာဓု ”

ေဟာ သာဓုေခၚသဗ်

“ဆရာ က်မကို အေမႊးတိုင္တထုပ္ေပးပါ”
တကိုယ္လုံးကိုတုန္ခါလို႔ဗ်ာ
အားမတန္လို႔မာန္ေလ်ာ့တယ္ထင္ပါရဲ႕
ဆရာၾကယ္ကအေမႊးတိုင္ထုပ္ေလးေပးလိုက္ေတာ့ ေဖာက္သဗ်
ေဘးကၾကည့္ေနတဲ့လူအုပ္ကို ေခါင္းငဲ့ၾကည့္တယ္

“အခ်စ္ေတာ္ေပးစမ္းဟဲ့ အခ်စ္ေတာ္”

ဘာတုန္းဟ အခ်စ္ေတာ္လို႔ေတြးမိေသးတယ္ဗ်

“ေအာင္မယ္ အခ်စ္ေတာ္တဲ့လား
ကဲကဲ မီးျခစ္ေပးလိုက္စမ္းပါဗ်ာ”

“ဆရာ ကန္ေတာ့ဆရာ ဒီမွာရွိတယ္ဗ်”

“ကဲ ေရာ့ ဒီမွာ မင္းအခ်စ္ေတာ္”

မီးျခစ္ကိုေထာက္ခနဲျခစ္တယ္ဗ်။
မီးေတာ့ေတာက္ပါရဲ႕ လူကတုန္ေနတာဆိုေတာ့ျပန္ၿငိမ္းတယ္ဗ်
ေဟာေနာက္တႀကိမ္ထပ္ညႇိတယ္
ေတာက္တယ္ဗ် ဒီတခါေတာ့ အေမႊးတိုင္ပါမီးညႇိလိုက္ၿပီဗ်
အေမႊးတိုင္ကမီးကို မညႇိမ္းဘူးဗ်ိဳ႕
လက္ေတြကို အေပၚကေနေအာက္ အေမႊးတိုင္မီးနဲ႔ၿမိဳက္တယ္
ေမြးညႇင္းတပင္ေတာင္မေလာင္ဘူးဗ်
ဖိုးသားကလဲကြာ အာ့ေလာက္ေလးမ်ားလို႔ေတာ့မထင္နဲ႔ဗ်ိဳ႕
ဖိုးသားလုပ္ၾကည့္ဖူးတယ္ လက္ကအေမႊးေလးေတြမီးေလာင္တယ္ဗ် ေညႇာ္ေတာင္နံတယ္ မယုံစမ္းၾကည့္ၾကဗ်ိဳ႕
ေဟာလက္ေတြကိုမီးနဲ႔ၿမိဳက္တာ လက္ဖဝါးနားေရာက္ေတာ့
မီးကိုလက္နဲ႔အုပ္ၿပီး အေဝးကိုတခုခုလႊင့္ပစ္သလိုပစ္တယ္ဗ်
ေလးငါးေခါက္လုပ္ၿပီးေတာ့
အေမႊးတိုင္တဝက္နားေရာက္ေနၿပီဗ်

“ဟာ”

ပါးစပ္ထဲထည့္ငုံလိုက္တာဗ်
ခဏေနေတာ့ ျပန္ထုတ္တယ္
သုံးခါေလာက္အၿပီးမွာေတာ့
ေဝဒနာသည္အေဒၚႀကီး လက္ေတြအေရာင္ေလ်ာ့ၿပီဴ လႈပ္ရွားႏိုင္လာတယ္ဗ်
ေဝဒနာကုန္ပါၿပီဆရာဆိုၿပီးေျပာလာတယ္
ဆရာၾကယ္လဲသစၥာေပး ေမတၱာထားလို႔ ေဝဒနာျပန္စစ္ၿပီးျပန္ခြင့္ျပဳတယ္ဆိုရင္ပဲ
ခ်က္ခ်င္းျပန္ထြက္သြားတယ္ဗ်။
ေဝဒနာသည္အေဒၚႀကီးသက္သာသြားေပမဲ့
ဓာတ္စီးေနတဲ့ေကာင္မေလးမွာဓာတ္ေတြမရွင္းေသးတာကိုဆရာၾကယ္ေတြ႕လိုက္ရတယ္
့ေဝဒနာသည္မိသားစုကိုဆရာကေမးတယ္ဗ်

“အေဒၚႀကီးအေျခအေနကေတာ့ ပညာေပးလို႔ရႏိုင္တဲ့က်န္းမာေရးမဟုတ္ဘူး။
ဒီကညီမက ပညာခြင္ရဲ႕အေစာင့္အေရွာက္ေအာက္ခိုလႈံၿပီး ပညာယူခ်င္တဲ့စိတ္ဆႏၵရွိရဲ႕လား”

ဆရာကေစတနာထားကာေမးေပမဲ့
ေကာင္မေလးက မိ႐ိုးဖလာ နတ္ကိုးကြယ္မႈကိုမစြန႔္လႊတ္ႏိုင္ေတာ့ ဆရာၾကယ္လဲ ဘဘဆရာႀကီးနဲ႔
တကြ အထက္ပုဂၢိဳလ္ႀကီးေတြကိုတိုင္တည္ေတာ့တာေပါ့

“ယခုေရာက္ရွိေနေသာေနရာမွမိသားစုမွာ
မိ႐ိုးဖလာ နတ္ကိုးကြယ္မႈကို မစြန႔္လႊတ္ႏိုင္ပါဘုရား။
သို႔ပါေၾကာင့္ ဆက္လက္ကုသရန္အေၾကာင္းရွိပါက
ကုသရန္အခြင့္ႀကဳံပါေစဘုရား
စည္းကမ္းမညီၫြတ္၍ကုသရန္မသင့္ေသာအရာျဖစ္ပါက အထက္ဆရာႀကီးမ်ားမွတာဝန္ယူကာ
ယေန႔အတြက္ သာသနာျပဳသတၱဝါကယ္ျခင္းမွ
ေခတၱနားခြင့္ျပဳပါဘုရား။
အျဖစ္မ်ားကိုလဲ ရွင္းလင္းစြာသိရပါေစဘုရား”

ဆရာၾကယ္ရဲ႕သစၥာဆုံးေတာ့
အကုန္လုံးကပုံမွန္ျဖစ္ေနၾကၿပီမို႔
ဆရာလဲ တည္းခိုရာအိမ္ကိုျပန္လာခဲ့ေတာ့တယ္
အထက္ကစည္းကမ္းနဲ႔မကိုက္ျဖစ္ေနတာေၾကာင့္ေနာက္ရက္ေတြမွာတျခားေဝဒနာသည္ေတြကိုကုခဲ့ရတယ္။

ျပန္ေတာ့မယ့္ရက္နားၾကခါမွ
ဆရာ့သစၥာစကားအရ အျဖစ္မွန္ကိုသိလိုက္ရေတာ့တာေပါ့။
ဆရာၾကယ့္ကို အထက္ကမကုေစခ်င္တဲ့အေၾကာင္းအရာလို႔ပဲသတ္မွတ္ရမွာေပါ့ဗ်ာ

အျဖစ္မွန္ကေတာ့

ခရမ္းသုံးခြနယ္ဘက္မွာ
ေပလကပ္ဘုရားေက်ာင္းဆိုတာရွိတယ္။
အဲ့ဒီဘုရားေက်ာင္းမွာ ကာလီမယ္ေတာ္ဆိုတဲ့
႐ုပ္တုႀကီးရွိေသးတယ္ဗ်။
ကာလီမယ္ေတာ္ဆိုတာ
ပုံထဲကလိုပုံပဲဗ်
အဲ့အ႐ုပ္ေရွ႕မွာၾက ယဇ္စင္တခုရွိေနေသးျပန္ေရာ
႐ြာေတြထဲက ပစၥည္းေပ်ာက္တဲ့သူေတြက
ေပလကပ္ဘုရားေက်ာင္းကိုလာ
ဘုရားေက်ာင္းက နတ္ဆရာနဲ႔အတူ
ဘယ္ေန႔ဘယ္အခ်ိန္မွာဘာပစၥည္းေပ်ာက္သြားပါတယ္အေမကာလီ
ပစၥည္းျပန္ရေအာင္လုပ္ေပးပါ
ပစၥည္းျပန္ရရင္ အေမ့ကို ဆိတ္ေကာင္ရဲ႕လည္ေခ်ာင္းေသြးနဲ႔ယဇ္ပူေဇာ္ပါ့မယ္လို႔ကတိေပးၿပီး
နတ္ဆရာဆီကအုန္းသီးခြဲရတယ္တဲ့ဗ်။
ကုလားကားေတြထဲမွာခဏခဏပါတယ္ေလဗ်ာ
အာ့လိုမ်ိဳးပဲတဲ့ဗ်ိဳ႕
တခ်ိဳ႕မ်ားယူသြားတဲ့သူခိုးပါဘာျဖစ္ပါေစဆိုၿပီးႏြားနဲ႔ယဇ္ပူေဇာ္တာမ်ိဳးလဲရွိသတဲ့ဗ်။

တအိမ္ေက်ာ္ကေနဝင္လာတဲ့ ဓာတ္သြက္တယ္ဆိုတဲ့ေကာင္မေလးကဆိုရင္
ကာလီဓာတ္အဆက္အႏြယ္တဲ့ဗ်ိဳ႕
ဟိုးရန္ကုန္မွာ မီးနင္းပြဲေတြလုပ္ၾကခ်ိန္မ်ိဳးဆိုရင္
သူကလဲ႐ြာမွာ ေျမႀကီးေပၚမီးခဲေတြခ်နင္းေတာ့တာပဲတဲ့ဗ်ိဳ႕
ၿပီးရင္ေတာ့သူဘာမွမသိေတာ့ဘူးတဲ့
ျဖစ္တာမ်ားေတာ့လဲ အရပ္အဖို႔မထူးဆန္းေတာ့တာေပါ့ဗ်ာ
အဲ့ေကာင္မေလးက သူ႔အမ်ိဳးထဲက ဖုန္းေပ်ာက္သြားလို႔ ကာလီမယ္ေတာ္႐ုပ္တုေရွ႕မွာ အုန္းသီးခြဲထားတာတဲ့ဗ်။ ယူမိသူကလဲ ေဝဒနာသည္တို႔အသိုင္းဝိုင္းကလို႔ေျပာသဗ်။
အာ့တာေၾကာင့္သိုက္ဓာတ္အကုန္မွာ တျခားဓာတ္ေတြဝင္လာတာေပါ့ဗ်ာ။
သူတို႔ေတြကလဲ ရွိရင္းစြဲအားကိုးရာေတြကိုမစြန႔္ပယ္ႏိုင္ေတာ့ ဆရာၾကယ္ကိုအထက္က ကုသခြင့္မေပးေတာ့တာေပါ့ဗ်
တကယ္ေတာ့ မေနာမယိဒၶိပညာ ကိုယူထားသည္ျဖစ္ေစ
မယူထားသည္ျဖစ္ေစ
ဘုရားတရားသံဃာ ရတနာသုံးပါးသည္သာ
ေလာကမွာအမြန္ျမတ္ဆုံးေသာ
အစစ္မွန္ဆုံးေသာ ကိုးကြယ္ရာမဟုတ္ပါလားဗ်
ေနာက္မ်ားမၾကာလွတဲ့အခ်ိန္ေတြမွာေတာ႐ြာေလးေတြလဲအျမင္မွန္ရပါေစလို႔ေစတနာထားရင္းနဲ႔ပဲ
ဆရာၾကယ္တေယာက္ ပုဂံေညာင္ဦးကိုျပန္လာခဲ့ေတာ့တယ္။

******
စာေရးဆရာမဟုတ္တဲ့စာေရးသူဖိုးသားမို႔ ရည္႐ြယ္ခ်က္မပါရွိဘဲတစုံတေယာက္အားေစာ္ကားမိထိခိုက္ေစမိပါကေမတၱာရပ္ခံေတာင္းပန္အပ္ပါသည္။

မေနာမယိဒၶိပညာျဖင့္သာသနာျပဳလ်က္ရွိေသာဆရာမ်ားဖတ္မိပါကလဲ ဖိုးသားအားလိုအပ္ခ်က္မ်ားၫႊန္ျပေပးၾကေစလိုပါသည္

ဗုဒၶသာသနံ စိရံတိဌတု

ေလးစားစြာျဖင့္
ဖိုးသား(အညာေျမ)