ခေါင်းတလားစေရာ ချစ်ကြမ္မာ

ခေါင်းတလားစေရာ ချစ်ကြမ္မာ(စ/ဆုံး)

————————————–
အချိန်ကာလကား ၁၉၃၂ ခုနှစ် ဝန်းကျင်
နေမဝင်အင်ပါယာ၏အရှိန်အဝါလွှမ်းမိုးသော
မြန်မာနိုင်ငံ။မကွေးမြို့၏အရှေ့ဘက် မိုင်(၂၀)ခန့်
အကွာတွင် တည်ရှိနေကြသော
အညာကျေးလတ်တောရွာများထဲမှ
သပြေယဉ်ရွာ။ထိုရွာတွင်ရပ်ကျော်ရွာကျော်
ပြောမဆုံးနိုင်သော ဂမ္ဘီရ ဖြစ်ရပ်ဆန်းတစ်ခု
ရှိခဲ့ဖူးပါသည်။
အံ့သြထိန့်လန့်ဖွယ်ဟု ဆိုပါကလည်း မမှားနိုင်ပေ။
သံဝေဂယူဖွယ်ရာဟု ပြောပါကလည်း မှန်ပေမည်။

“ဟဲ့ မိခင်ဆက် တွေ့လား ဟိုမှာလေ”

“ဘာလဲ မိနှောင်းရဲ့ ဘာကိုတွေ့လို့လဲ။
ဟိတ်တယ် ဟိုဆိတ်သိုးက တစ်မှောင့်
ညည်း နွားပြာကြီးကလည်း ခြေရှည်ရန်ကော
ကိုဘထယ် ယာဘက်ကို သွားနေပြီ။
နောက်မှပြတော့ သြား သြား နွားမောင်းချေဦး”

“အေး အေး ညည်း ဆိတ်သိုးကြီးကိုပါ
စားကျက်ဘက်ကို လှန်ခဲ့မယ်”

မခင်ဆက်က ကန်ဘောင်ပေါ်ရှိ ထနောင်းပင်ရိပ်သို့
ဝင်ထိုင်ရင်း မိနှောင်းပြန်အလာကို ထိုင်စောင့်နေ
လိုက်သည်။လက်ထဲတွင် ကိုင်ထားသော လေးခွဖြင့်
ယာခင်းများဆီသို့ ဦးတည်နေသော ဆိတ်များကိုလည်း
အေဝးမွေန၍ ပစ်ခတ်ခြောက်လှန့်နေရသေး၏။
အညာကျေးလက်ဒေသ၏ တပေါင်းနေကား စူးစူးရဲရဲ။
တံလ်ွပ္မ်ား တရိပ်ရိပ်ထ၍ အလုအယက်
ပြေးလွှားနေကြပုံမှာ ရေလှိုင်းများ ထနေသည့်ပမာ။

ဤပတ်ဝန်းကျင်အကြောင်းကို သိထားခဲ့သူသာ
ဖြစ်ခဲ့မည်ပါလျှင် ရေတွေဝိုင်းနေပြီဟု ထင်မှတ်နေမည်မှာ
သေချာလှပေ၏။မည်သို့ဆိုစေ ထနောင်းပင်၏
အရိပ်သည် ကျိုးတိုကျဲတဲသာ ရှိမြဲဖြစ်နေပေမယ့်
အခြားသော သစ်ပင်ရိပ်များထက် ပိုမိုအေးမြလှသည်
ကေတာ့ အမှန်ပင်။

ကန်ဘောင်၏ အောက်ဘက်(၁)ဖာလုံခန့်မျှသာ
ဝေးသောနေရာတွင် သင်္ချိုင်းကုန်းတစ်ခု တည်ရှိနေပါ၏
သပြေယဉ်ရွာ၏ သင်္ချိုင်းကုန်းပင် ဖြစ်သည်။
မခင်ဆက်နှင့် မနှောင်းတို့သည် ငယ်သူငယ်ချင်း
ဖြစ်ကြရုံမျှမက နွားကျောင်းဘက် ဆိတ်ကျောင်းဘက်
အတူသြား အတူလာ နေလာကြသူတွေ။
ထိုခေတ်အခါက တောရွာများတွင် စာသင်ကျောင်း
မရှိကြ။ရွာဦးဘုန်းကြီးကျောင်းမှာပင် သေစာ
ရှင်စာမျှကို သင်ယူကြရပြီးနောက် လုပ်ငန်းခွင်ဘက်
သို့သာ ဦးတည်ကြရလေသည်။

တစ်ရွာမှာ တစ်ယောက်ဆိုသလောက်သာ
မြို့ကျောင်းသို့ တတ်နိုင်သူ ရှိခဲတတ်၏။
ထိုကဲ့သို့ ရှိခဲ့ပါကလည်း လောကဓါတ်ကျောင်းသားကြီး
လောကဓါတ်ကျောင်းသူကြီး ဟူ၍မော့ကြည့်
ရလောက်အောင်ပင် အထင်ကြီး လေးစားကြပေသည်။

မျကာမီ မနှောင်းလည်း နကန်(နှင်တန်)တဝင့်ဝင့်ဖြင့်
ထနောင်းပင်ရိပ်သို့ ရောက်လာကာ မခင်ဆက်အနီးတွင်
ယှဉ်တွဲထိုင်လိုက်ပြီး အမောဖြေနေလိုက်၏။
မခင်ဆက်က ပြတ်သွားသောစကားစကို
ဆက်လိုက်သည်။

“ကဲ ပြစမ်းပါဦး ညည်း ဘယ်ကိုသွားတာလဲ”

“ဟိုမှာလေ မမြင်ဘူးလား အရင်လထဲက
သေသွားတဲ့ တို့ရွာက ကိုသာပုကြီးရဲ့ မြေပုံပေါ်မှာ
ထောင်ထားတာလေ”

“ဒါမ်ား အဆန်းလုပ်လို့အေ မသာပျဉ်တစ်ချပ်ပဲ
ဘယ်သူလက်ကမြင်းဆော့ပြီး ထောင်သွားတယ်
မသိဘူး အဲသည်လို အစိမ်းသေရဲ့ မြေပုံပေါ်မှာ
ဘယ်သူမ်ား လာပြီး လုပ်သွားပါလိမ့်”

ထိုအခါ မနှောင်းက ရှက်သွေးဖြန်းနေသော
မျက်နှာထားဖြင့်

“ဘယ်သူ ဖြစ်ရမှာလဲ ကိုစံငြိမ်းပေါ့ ငါတို့ ဒီစားကျက်
ဘက်ကို နွားကျောင်းလာမယ်ဆိုတာ သိလို့
တို့မရောက်ခင် အဲဒါကြီးကို လာလုပ်သွားတာနေမှာ”

“ဟဲ့ မိနှောင်းရဲ့ ။ အဲဒါကြီးကို ထောင်စိုက်ထားတာနဲ့
တို့နဲ့ ဘာဆိုင်လို့တုန်း။ နေစမ်းပါဦး နင့်မျက်နှာကရော
ဘာဖြစ်နေရတာလဲ”

“နင်ကလည်းဟာ အနားကို သွားကြည့်လိုက်ပါလား
သိရေတာ့မေပါ့”

မခင်ဆက်က စိတ်မြန်လက်မြန် လက်တွေ့ဆန်သူ
မည်သည့်သရဲ တစ္ဆေကိုမှလည်း လုံးဝမကြောက်တတ်။
ချက်ချင်းပင် ထိုမြေပုံပေါ်တွင် စိုက်ထောင်ထားသော
ပျဉ်ချပ်ဆီသို့ အရောက်သွားလိုက်တော့၏။
ထိုအချိန်အခါက သုသာန်ဆီသို့ အသုဘလာပို့ပြီးတိုင်း
လူသေထည့်သော ခေါင်းတလားများကို ရွာသို့
ပြန်ယူလေ့မရှိကြ။ထိုနေရာမှာပင် ပျဉ်များကို
ခြာ၍ ထားရစ်ခဲ့ကြ၏။

ထိုသာပုကဲ့သို့ လူသတ္ခံရရ၍ သေသော
အစိမ်းသေမျိုးဆိုလျှင် ထိုကဲ့သို့ ပြုလုပ်လေ့ရှိကြ၏။
နာမကျန်းဖြစ်၍ သေသောသူမျိုးကိုမူ
ခေါင်တလားကိုပါ မြေမြှပ်ခြင်း ပြုကြသည်။
အနှီကိုသာပုသည် တစ်ရွာမှ မိန်းခလေးအား
ကျူးကျော်စော်ကားမိရာမှ အစပြု၍ လူသတ်ခံရခြင်း
ဖြစ်သည်။သို့အတွက် ရွာခံမိန်းခလေးများကလည်း
ထိုသာပုအား မနှစ်မြို့ကြပေ။မခင်ဆက်က
မြေပုံပေါ်တွင် စိုက်ထောင်ထားသော ပျဉ်ချပ်က
ိုကြည့်လိုက်ရာ စာမ်ား ရေးထားသည်ကို တွေ့ရ၏။
ရေးထားသောစာမှာ “မိနှောင်းကိုချစ်တယ်” “စံငြိမ်း”
ဟူ၍ဖြစ်သည်။စာဖတ်ပြီးနောက် မခင်ဆက်သည်
ထနောင်းကုန်းပင်ရိပ်သို့ ပြန်လာခဲ့၏။မနှောင်းအား
အကဲခတ်လျက်

“မိနှောင်း နင်တို့ ရည်းစားဖြစ်နေကြပြီလား။
ဘယ်လောက်တောင် ကြာပြီလဲ”

“အရင်တစ်ပတ် ဥပုသ်နေ့ကမှ စခဲ့တာပါဟယ်
အဲဒီလူကြီး တော်တော့ကို ကဲတယ်။ငါကတော့
သူ့ကို အဖြေမပေးရသေးပါဘူး”

“ကဲတာက အရေးမကြီးဘူးအေ့။အဲဒီမီးသွေးတွေက
ဟိုနေရာကများ ယူလာပြီး ရေးထားတာလား မသိဘူး”

ထိုအခါ မနှောင်းက သူ၏လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့
ဖိထားလျက်

“အယ်ဟုတ်ပါရဲ့တော် နီးနီးနားနားဆိုလို့
အဲဒါပဲရှိတာလေ။ အဲဒါနဲ့ ဘာကိုမှ မရေးကောင်းဘူးလို့
လူကြီးသူမတွေ ပြောတာ ကြားဖူးတယ်။
အဲဒီ ကိုစံငြိမ်းကတော့ ခက္တာပါပဲ”

မှန်ပေသည်။သပြေယဉ် ရွာဦးကျောင်းသို့
တောထွက်ကိုရင်ကြီးတစ်ပါး ခေတ္တလာရောက်နေစဉ်
ပျံလွန်တော်မူသွားသဖြင့် မီးသင်္ဂြ ိုဟ်ခြင်း
ပြုခဲ့ရပေသည်။ထိုနေရာမှာလည်း သင်္ချိုင်းကုန်းနှင့်
တစ်ခေါ်လောက်မျှသာဝေးသော
တောင်ကုန်းတစ်ခုပေါ်တွင် ဖြစ်၏။ဘုန်းကြီး၏အမေ
ဖြစ်စေ။အဖေဖြစ်စေ သေဆုံးခဲ့ပါကလည်း
ထိုနေရာမှာပင် မီးသင်္ဂြ ိုဟ်လေ့ရှိသည်။
မီးသင်္ဂြ ိုဟ်လေ့ရှိသောနေရာက
မီးသွေးခဲကို လွယ်လင့်တကူယူပြီး
ရေးထားတာပဲနေမှာဟု နှစ်ယောက်သား
ယူဆကြသည်။
မခင်ဆက်က

“ဟဲ့ မိနှောင်း ညည်းလူက လုပ်ချင်တာပဲ သိတယ်
လုပ်သင့်တာ မလုပ်သင့်တာကိုတောင် မစဉ်းစား
နိုင်လောက်အောင် ဖြစ်နေတယ်ဆိုရင်
အင်းငါ့တော့ ညည်းအတွက် ရင်လေးမိသေးတယ်”

“ဒါကေတာ့ မိခင်ဆက်ရယ် သူငါကို ချစ်လို့နေမှာပေါ့”

မနှောင်း၏ ပုံစံက မဆွတ်ခင်ကပင် ညွှတ်ချင်နေပုံရ၏။
မခင်ဆက်က သူချစ်သော သူငယ်ချင်းနှင့် အတိုက်အခံ
စကား မပြောလိုတော့ပေ။သို့အတွက် စကားလမ်းကြောင်းကို
လွှဲလိုက်တော့၏။

“ညည်း ပြောတဲ့အတိုင်း ဖြစ်ပါစေအေ ။ ငါတို့
ဒီနေ့ညနေ့ စောစောပြန်ကြရအောင် နွားတွေရော
ဆိတ်တွေရော ဗိုက်ပြည့်နေကြပြီပဲ”

“အေး ကောင်းတယ် တို့ ဒီနေ့ စောစောပြန်ကြမယ်”

ထိုတစ်ချိန်က လူပျို အပျိုများသည် တစ်ရွာတည်း
ဖြစ်ခဲ့ကြပါက အိမ်ထောင်မပြုမိကာလအထိ
ရည်းစားဖြစ်ကြသော်ငြားလည်း မောင်နှမများ
ကဲ့သို့သာ နေထိုင်သော အစဉ်အလာရှိခဲ့ကြသည်။
မခင်ဆက် ။မနှောင်း။မဂွမ်းဖြူ စသည့် အပျိုတစ်သိုက်နှင့်
ကိုညီခွေး။ကိုစံငြိမ်း။ကိုတင်မောင် စေသာ လူပျိုတစ်
သိုက်တို့သည် တစ်ဦးနှင့်တစ်ဦး ခင်မင်ကြသူများ
ဖြစ်ကြသည်။ရွာဓလေ့အရ စည်းကမ်းရှိစွာ
နေထိုင်ကြပေသည်။ထိုနှစ်က သပြေယဉ်ရွာတွင်
ချစ်သူရည်းစားများအဖြစ်သို့ ရောက်ရှိသွားကြသူများမှာ
မခင်ဆက်နှင့် ကိုညီခွေး။ မနှောင်းနှင့် ကိုစံငြိမ်းတို့
ဖြစ်ကြသည်။

သို့သော် အများရိပ်မိသိရှိကြသည်မှာ မခင်ဆက်နှင့်
ကိုညီခွေးတို့ကိုသာ ဖြစ်ပြီး မနှောင်းနှင့်ကိုစံငြိမ်းတို့ကို
တော့ မည်သူမျှ မသိကြပေ။သူတို့က အနေအထိုင်
ကျစ်လျစ်ကြသည်။သိသူဆို၍ မခင်ဆက်တစ်ယောက်
တည်းသာ။

နွေကာလသည် ရင့်ရော်အိုဟောင်းစ ပြုချေပြီ။
မိုးဦးပင် ကျတော့မည်ဖြစ်၏။မိုးဦးနောက်ကျသော
ယခုလို နှစ်မျိုးတွင် ကဆုန်လသည် ဇရာနှင့်မလိုက်အောင်
အရှိန်အဟုန်မြင့်စွာဖြင့် ပူပြင်းလေ့ရှိသည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် ပတ်ဝန်းကျင်တစ်ခွင်လုံးရှိ
မြင်ကွင်း အားလုံးလောက် နီးနီးစိမ်းစိုသော
အရောင်များ ကင်းမဲ့နေလေ့ ရွိစျမဲ။
နွား ။ ဆိတ်။ သိုး စသည့်တို့အတွက်တော့
စားကျက်ရှားပါးချိန်ဟု ဆိုမည်။
“နယုန်မိုးသေး မြက်သားမွေး”ဆိုသည့်အတိုင်း
ရှေ့လကျမှသာလျှင် စားက်က်သစ္မ်ား
စတင်ဖွံ့ထွားလာမည်ဖြစ်သည်။ဤလရာသီမျိုးတွင်
နွား ။ဆိတ်။ သိုးတို့ကို ထိန်းကျောင်းကြရသော
သူမ်ားမွာ ရွာနှင့်အလှမ်းဝေးသော နေရာများအထိ
သွားကြသည်။

မခင်ဆက်သည် သူ၏နွားနှင့် ဆိတ်များကို
ခြံထဲမှ မထုတ်မီ ရွာလယ်မှ မနှောင်းတို့အိမ်သို့
သွားရသေး၏။ယနေ့အဖို့ အုတ်ရှစ်ပင်ကွင်းအထိ
နွားကျောင်းသွားကြရန် အဖော်ညှိခြင်းပင်။
တစ်ခါတစ်ရံတွင် သူတို့နှစ်ယောက်ပေါင်း၍
နွားကျောင်းသွားတက်ကြ၏။နွားကျောင်းရန်
စားကျက်ကျဉ်းခဲ့မှာသာ တစ်နေရာစီ သွားလေ့ရှိသည်။

“မိခင်ဆက်ရေ ညည်း နွားတွေ လွှတ်ခဲ့ပေတော့”

ရွာလယ်မှ မနှောင်းအသံကိုကြားရပြီး
မခင်ဆက်လည်း ခြံတံခါးကို ဖွင့်လျက်

“အေး ဟေ့ လွှတ်ခဲ့ပြီ”

သူတို့၏ပင်တိုင်အလုပ်သည် နွားကျောင်းခြင်းပင်
ဖြစ်၏။ဆိတ်နှင့်သိုးများကိုလည်း တွဲခေါ်ရသေး၏။
အညာတောရွာသူများ၏ လုပ်ငန်းများမှာ ပေါင်းထိုး။
မြက်သင်း။နှမ်းနှုတ်။နှမ်းခါ။မြေပဲကောက်။
ပြောင်းနှံထစ် စေသာ အလုပ်များပင် ဖြစ်ကြပေသည်။
အုတ်ရှစ်ပင်ကွင်းသို့ ရောက်အောင် နာရီဝက်ခန့်
နွားများကို မောင်းသွားရ၏။စားကျက်သို့ရောက်သောအခါ
နွားများနှင့် ဆိတ်များကို လွှတ်ထားလိုက်ကြပြီး
အရိပ်ကောင်းသော မန်ကျည်းပင်အောက်တွင်
သူတို့နှစ်ယောက် နားနေလိုက်ကြသည်။
ပါလာသော ထန်းလျက်ခဲထုတ်မှ ထန်းလျက်ခဲတချို့ကို
အမောပြေ စားလိုက်ကြသည်။ဘူးသီးခြောက်
ရေဘူးထဲမှ ရေကို အနည်းငယ်စီ သောက်လိုက်ကြပြီး
နောက် မခင်ဆက်က

“မိနှောင်း နင် ကိုစံငြိမ်းကို အဖြေပေးလိုက်ပြီ မဟုတ္လား”

ဒီတစ်ခါတော့ မနှောင်းမျက်နှာက သိပ်မကောင်း။
ခေါင်းကိုငုံ့ထားလျက်မှ

“အင်းပေးလိုက်ပြီ”

“နင်မျက်နှာက အိုအောက်အောက်နဲ့ ဘာဖြစ်နေရတာလဲ
နင်တို့က အခုမွ ဖြစ်ခါစရှိသေးတာ။ငါကလွဲလို့
ဘယ်သူမွ သိသေးတာမှ မဟုတ်တာ။ဘာဖြစ်လို့
နင့်မျက်နှာက ပျက်နေရတာလဲ ။ငါ့ကိုပြောစမ်း
ငါ့ကို မပြောရင် နင် ဘယ်သူ့ကို ပြောစရာရှိလဲ”

မခင်ဆက်၏ စကားဆုံးသည်နှင့်မနှောင်းသည်ချုံးပွဲချ၍
ငိုပါလေတော့သည်။

“တိတ်စမ်းပမိနှောင်းရယ် ငါတို့က ငယ်ပေါင်းကြီးဖော်
တွေပါ။ ညည်းဘက်က ငါ အမြဲရှိနေမှာပါ ။
ငါဘာကူညီရမလဲ ။ပြောလေ နင် ပြောမှ ငါသိတော့မပေါ့”

“အဟင့် ဟင့်ဟင့် ကိုစံငြိမ်းက ညည်းလူ
ကိုညီခွေးလို တည်တည်တံ့တံ့ မဟုတ်ဘူးအေ့။
နင်တယ်ပင်ကန်ပေါက်ရွာဘက်ကို နွားကျောင်းသွားတဲ့
နေ့ကပေါ့။ငါကသုသာန်ကုန်းဘက်ကို သြားတာ
အဲဒီနေ့က ကိုစံငြိမ်း ငါ့နောက်ကို လိုက်လာတယ်”

“ဟဲ့ နင်က အဖြေပေးပြီသားလေ။ဘာဖြစ်လို့
နောက်က လိုက္လာရတာတဲ့လဲ”

မနှောင်းသည် ခေါင်းတွင်ပတ်ထားသော
တဘက်အနွမ်းကို ဖြုတ်၍ မျက်ရည်များကို
သုတ်လိုက်သည်။အငိုရပ်၍ ခဏမ်ွ စဉ်းစားလိုက်ပြီးနောက်

“ငါလည်း အဲဒီလို ပြောတာပါပဲအေ။သူက ငါ့ကို
ချစ်တဲ့အကြောင်းသက်သေပြစရာရှိလို့ ငါ့နောက်ကို
လိုက်လာတာလို့ ပြောတော့ ငါလည်း သိချင်လာတာပေါ့”

“ညည်းတို့ ဟာက အဆန်းဘဲ ။ဘာကို သက်သေပြတာလဲ
မကြားဖူးပါဘူးတော်”

“ငါလည်း သိချင်တာနဲ့ သူခေါ်တဲ့နေရာကို ရဲရဲတင်းတင်းပဲ
လိုက်သွားတာပေါ့။ဘာမှ စိုးရိမ်စိတ်မဖြစ်မိဘူး။
ထုံးစံမွ မရှိတာကိုး။သင်္ချိုင်းကုန်းဘေးနားက
ရိုးထဲကို ခေါ်သွားတာ။ရိုးထဲရောက်တော့
သူက ပြောတယ်။ငါ နင့်ကို ဘယ်လောက်အထိ
ခ်စ္တယ်ဆိုတာ သက်သေပြမယ်တဲ့။တကယ်လို့သာ
နင်က ငါ့ကို မချစ်ဘူးဆိုရင် ငါက ဟောဒီပျဉ်ပြားကြီးကို
အမွတ္တရ တစ်သက္လုံး သိမ်းထားပြီး နင့်ကို
လွမ်းနေမှာလို့ပြောပြီး နဘူးချုံထဲမှာ ဖြတ္ထားတဲ့
ဟိုတစ်နေ့က ပျဉ်ပြားကြီးကို ထုတ်ပြတယ်
အဲဒါနဲ့ပဲ ငါငါလည်း သူ့ကို သနားသွားတယ်
ယုံလည်း ယုံလိုက်မိတယ်။ နောက်ပြီးတော့ ပေ့ါအေ”

မနှောင်းစကားက အလို,လိုရပ်သွားပြန်သဖြင့်
မခင်ဆက်က

“နောက်ပြီးတော့ ဘာတွေဆက်ဖြစ်သေးသလဲ။
ပြောစမ်းပါမိနှောင်းရယ်”

“သူသူက အေ ငါ့ကို အတည်ယူမှာပါလို့
ပြောပြီးတော့ ”

မနှောင်းစကားက ရပ်သွားပြန်၏။မခင်ဆက်
သဘောပေါက်လိုက်ပေပြီ။

“မိနှောင်းရယ် ညည်းမို့လို့ လက်ခံတယ်အေ။
တို့ရွာမှာ ဒီလိုမျိုး ကိစ္စတွေ ဘယ္တုံးကမွ မရွိခဲ့တာပဲ။
ညည်းကိုက”

“နေနေပါဦး မိခင်ဆက်ရယ်။ငါ့ ဆက်ပြောပါဦးမယ်
သူက အဲဒီလို ပြောပြီး ချက်ချင်းသစ္စာဆိုတယ်
သစ္စာဆိုတာက ဘုရားတပည့်တော် မိနှောင်းအပေါ်မှာ
သေအတူ ရှင်မကွာ သစ္စာထားပြီး ချစ်ပါ့မယ်လို့
ပြောပြီး သူ့လက်ညှိုးထိပ်ကို သွားနဲ့ကိုက်လိုက်တယ်
သွေးတွေက ငေါက်တောက်ပန်းထွက်လာတာ။
အဲဒီသွေးတွေနဲ့ ဟိုပျဉ်ပြားကြီးပေါ်မှာ”သစ္စာ”
ဆိုတဲ့စာကို ရေးပြတယ်။ငါလည်း အဲဒီပျဉ်ပြားကြီး
ပေါ်မှာ ရေးထားတဲ့စာကို စိုက်ကြည့်နေရင်းက
သူကို ပိုယုံသွားတာနဲ့ ”

“ကဲပါအေ ။ သူ့ဘက်က အဲဒီလောက် ဖြစ်နေတယ်မှဆိုရင်
ညည်းပြောသလို သူ့ဘက်က စဉ်းစားပြီးသာ နေမှာပါ”

မခင်ဆက်၏ ပြောစကားကြောင့် မနှောင်းအားတက်
သြားပုံရ၏။

“သူက ထပ်ပြောသေးတယ်။ဒီနှစ် တန်ဆောင်မုန်း
လကျရင် နှမ်းရောင်းလို့ပြီး ငါ့ကို တောင်းရမ်းယူမှာတဲ့။
စိတ်ချဖို့အကြောင်းကိုလည်း ထပ်ခါ ထပ်ခါ
ပြောတာပဲအေ”

“ဒီကြားထဲမှာ တကယ်လို့များ အဝွာက ဟိုဒင်းပြုလာရင်
ဘယ်နှယ့်လုပ်မလဲ”

“အဲဒါကိုလည်း ငါ ပြောတာပေါ့ဟယ် သူကပြောပါတယ်
အရေးပေါ်လာရင် နှမ်းကြိုပေးငွေယူပြီးတော့
ချက်ချင်းဖြစ်အောင် စီစဉ်မယ်လို့ ပြောတာပဲ”

“ဒီလိုဆိုရင်လည်းပဲ သိပ်တော့ စိုးရိမ်စရာ မလိုလောက်ဘူး
ထင်ပါတယ်။ညည်းတို့ ကိစ္စက အစကတည်းက
ငါ မပြောလိုက်ချင်ဘူး ။ ထုံးမရွိ စံမရှိနဲ့”

“ငါလည်းအေ ညည်းမို့လို့ ပြောရဲတာပါ။
ဘယ်သူမွေတာ့ မသိပါစေနဲ့နော်”

“အေးပါ ဘယ်သူမွ မသိစေရပါဘူး စိတ္ခ်ပါ”

ထိုနေ့က သူငယ်ချင်းနှစ်ယောက် မိုးချုပ်ခါနီးမှ
ရွာသို့ နွားများ ပြန်သွင်းခဲ့လေသည်။

ဝါတွင်းသုံးလကြာ ကာလတွင် တစ်ရွာနှင့်တစ်ရွာ
အကြောင်းစပ်ရန်ရှိသော သားရေးသမီးရေးကိစ္စများကို
လူကြီးမိဘအချင်းချင်း တိုင်ပင်နှီးနှောလေ့ရှိသော
အချိန်မျိုးပင် ဖြစ်သည်။သို့အတွက် ဝါကျွတ်သည်နှင့်
ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲများ ပေါ်ထွက်လာကြစမြဲပင်။
ထိုနှစ် ဝါတွင်းကာလတွင် သပြေယဉ်ရွာမှ ကိုစံငြိမ်း
မိဘမ်ားက ကုန်းကြီးရွာမှ မိန်းခလေးတစ်ယောက်နှင့်
စေ့စပ်ထားမည်ဟု သတင်းထွက်ပေါ်လာသည်။
ကုန်းကြီးရွာနှင့်လမ်းသပြေယဉ်ရွာတို့မှာ သိပ္မေဝးလွ။

မေကြးမွ နတ်မောက်သို့သွားသော ကားကတ္တရာ
လမ်းမကြီး၏(၁၄)မိုင်ခန့်အကွာတွင် တည်ရှိကြ၏။
ကုန်းကြီးရွာသည် ကတ္တရာလမ်းမကြီး၏ တောင်ဘက်
ဘေးတွင် ကပ်လျက် တစ်ဖာလုံခန့် အကွာတွင်
တည်ရှိသည်။သပြေယဉ်ရွာကတော့
ထိုလမ်းမကြီး၏မြောက်ဘက်တစ်မိုင်
သာသာခန့်အကွာတွင် တည်ရှိသော်ကြောင့်
ရွာနီးချင်းများဟု ဆိုနိုင်ပေသည်။

ထိုသတင်း ထွက်ပေါ်လာသောကြောင့်
မခင်ဆက်သည် မနှောင်းအတွက် စိတ္ပူရေလျပီ။
မိုးတွင်းကာလများ ဖြစ်သည့်အတွက် ရွာနီးဝန်းကျင်မှာပင်
နွားကျောင်းနိုင်ပေပြီ။သို့ဖြစ်၍ ငယ်ရွယ်သူများကို
နွားကျောင်းစေပြီး အရွယ်ရောက်ကြသူများမှာ
တောင်သူတို့သဘာဝအရ လုပ်ငန်းခွင်ဝင်ကြရပေသည်
မခင်ဆက်နှင့် မနှောင်းတို့သည်လည်း
ကိုယ်စီကိုယ်ငအလုပ်ခွင် ဝင်နေကြရသဖြင့်
မတွေ့ဖြစ်ကြရသည်မှာ အတော်ပင် ကြာပေပြီ။

ယနေ့သည် တောရွာများ၏ အစဉ်အလာအရ
ဗလိနတ္စ ပ,သကြမည့် နတ်ပွဲရှိသည့်နေ့ဖြစ်သည်။
ဝါဝင်ချိန်မှာဖြစ်စေ ။ဝါထွက်ချိန်မှာဖြစ်စေ နတ်ပွဲ
ကျင်းပလေ့ရှိကြ၏။သို့အတွက် တစ်ရွာလုံး
အလုပ်နားကြပြီးနောက် နတ်ပွဲအတွက် ပြင်ဆင်
နေကြချိန်လည်း ဖြစ်၏။မခင်ဆက်သည်
အိမ်မှ ပြုလုပ်ထားသော မုန့်များမှ အဦးအဖ်ား
မုန့်များကို ယူ၍ ရွာဦးကျောင်းသို့ သွားရောက်
လှူဒါန်းလိုက်သည်။ရွာဦးကျောင်းမှ ပြန်အလာတွင်
ရွာဝင်တံခါးအနီးရှိ တမာဝင်အောက်တွင် ခေတ္တမျှ
နေထိုင်မိသည်။အမှန်မှာတော့ ချစ်သူငယ်ချင်း
မိနှောင်းအတွက် အတွေးပေါင်းစုံစွာဖြင့် ပူပန်နေမိခြင်းပင် ဖြစ်ပါသည်။

မိနှောင်းအတွက် မည်ကဲ့သို့ အကူအညီပေးရမည်ကို
စဉ်းစားခန့်ဖွင့်နေမိတော့၏။ထိုစဉ်မှာပင် ရွာအရှေ့ဘက်
ထန်းတောဆီမှ မြူအိုးများကို ရှေ့နောက်ထမ်းလျက်ဖြင့်
ကိုညီခွေးလာနေသည်ကို မြင်နေရ၏။မခင်ဆက်အနီးသို့
ကိုညီခွေး ရောက်လာသောအခါ

“ကိုညီခွေး ဒီနေ့ ရှေ့မှာလည်း ငါးလုံး။နောက်မှာလည်း
ခြောက်လုံးတောင်မှပါလား။မြူအိုးတွေ ဒီလောက်
အများကြီး ဘာလုပ်မှာလဲ”

ကိုညီခွေးသည် တမာပင်အောက်တွင် မြူအိုးများကို
ခေတ္တချလိုက်ပြီး ထမ်းပိုးကိုပါ ဖြုတ်လိုက်သည်။

“အေးဟဒီနေ့ တို့ရွာက သူကြီးအိမ်ကို ရောက်နေတဲ့
အစိုးရကြီးသောက်ဖို့ သူကြီးက မွာထားတာ။
အဲဒါကြောင့် သူကြီးအိမ်ကို သွားပို့ရမှာလေ”

“သြော် သိပြီး သိပြီ။ ဟုတ်ပါတော် အဲဒီအစိုးရကြီးလေ။
မနေ့ညနေက ရွာလယ်လမ်းမှာ မူးပြီးလမ်းလျှောက်လာတာ
လမ်းလုံးပြည့်ပဲ။ကျုပ်ကိုတောင် ဝင်တိုက်တော့လို့
မနည်းပဲ ရှောင်ပြေးခဲ့ရတယ်”

“တို့ရွာကို လာဖူးတဲ့ အစိုးရတွေထဲမှာတော့
အဲဒီကုလားကြီးက တော်တော်သောက်နိုင်တာပဲ။
ငါဆိုရင် ထန်းပင်သုံးပင်ထွက်တဲ့ ထန်းရည်ပြုတ်တာပဲ”

ပြောပြောဆိုဆို ကိုညီခွေးသည် မခင်ဆက်အနီးတွင်
ထိုင်လိုက်ပြီး ခေတ္တ အနားယူလိုက်သည်။
သူ့အလုပ်က ထန်းတက်သောအလုပ်နှင့်
ရွာဆော်အလုပ်များပင် ဖြစ်ကြသည်။သူတို့ပြောသော
အစိုးရကြီးသူမှာ နယ်ချဲ့လက်အောက်ခံ
အိန္ဒိယတပ်မှ ပုလိပ်တစ်ဦးပင် ဖြစ်၏။
ရွာသို့ အခွန်ကိစ္စဖြင့် ရောက်လာလေ့ရှိသည်။
ထိုခေတ်အခါက အညာကျေးလက်များတွင်
ဤကဲ့သို့ ကာကီရောင် ဘောင်းဘီတိုဝတ်၍
လာကြသော ပုလိပ်များကို ရွာသူရွာသားများက
အစိုးရဟု ခေါ်ဆိုလေ့ရှိကြလေသည်။
ကိုညီခွေးသည် ခဏမ်ွ အမောဖြေပြီးနောက်

“ဟဲ့ မိခင်ဆက် နင်သူငယ်ချင်း မိနှောင်းတစ်ယောက်
အခုတေလာ မမြင်ပါလား အိမ်တွင်းပုန်းလုပ်နေတာလား
မသိဘူး”

“မသိပါဘူးတော် ဘာတွေ လုပ်နေတယ်ဆိုတာ
ကိုညီခွေး တော် အဲဒါတွေ သူကြီးအိမ် သွားပို့ရမှာဆိုရင်
မိနှောင်းတို့အိမ်ကို ဝင်ပြီး ပြောခဲ့စမ်းပါ ညနေကျရင်
နတ်ပွဲလာရင် ကျောင်းမြောက်ဘက်က မန်ကျည်းတန်းမှာ
ကျုပ်စောင့်နေမယ်လို့ ပြောပေးပါနော် ။
ကျုပ် သူငယ်ချင်းနဲ့ မတွေ့တာ တော်,တော်ကြာသွားပြီ”

“အေးပါငါဝင်ပြီး ပြောခဲ့လိုက်မယ် ကဲ ငါသွားဦးမယ်နော်”

ကိုညီခွေးသည် ထမ်းပိုးဖြင့် မြူအိုးများကို လျှိုကာ
ထမ်းလိုက်ပြီ ရွာဘက်သို့ ဝင်သွားတော့သည်။
မခင်ဆက်ကတော့ လေးတွဲ့သော သက်ပြင်းတစ်ချက်ကို
မှုတ်ထုတ်လိုက်ပြီးနောက် ရွာထဲသို့ ဝင်ခဲ့လေသည်။
ညနေအချိန်တွင် မနှောင်းနှင့် အေးအေးဆေးဆေး
စကားပြောချိန်ရရန်အတွက် မိမိလုပ်စရာရှိသည်များကို
မြန်မြန်ပြီးအောင် လုပ်လိုက်သည်။ထို့နောက်
ကျောင်းမြောက်ရှိ မန်ကျည်းတန်းဆီသို့ ထွက်လာခဲ့သည်
မိနှောင်းရောက်နှင့်နေသည်ကို အတန်ဝေးသော
နေရာမှပင် မြင်လိုက်ရ၏။မခင်ဆက်လည်း
မိနှောင်းထိုင်နေသော မန်ကျည်းပင်အောက်သို့
ဝင်ထိုင်လိုက်ပြီး

“မိနှောင်း မတွေ့တာ ကြာလို့လား မသိဘူး
နင်ပိန်သွားသလိုပဲ”

မနှောင်း၏မျက်နှာမှာ မတုန်မလှုပ် အေးတိအေးစက်
ဖြစ်နေသည်။

“မိခင်ဆက်နင်ဟို သတင်းကို ကြားပြီးပြီလား”

“အေး ကြားပြီးလို့ စိတ်ပူတာနဲ့ ညည်းနဲ့တွေ့ရအောင်
ကိုညီခွေးနောက်ကို မှာလိုက်တာ။ညည်း ကိုစံငြိမ်းနဲ့
တစ်ခါလောက် တွေ့ဖို့ကောင်းတယ်”

“ငါ သူနဲ့တွေ့ပြီးပါပြီ ။ သူပြောတာကတော့
မိဘေတြ စီမံတာကို ဘယ်လိုနည်းနှင့် လွန်ဆန်ရမလဲ
ဆိုတာကို စဉ်းစာနေပါတယ်တဲ့။အခုချက်ချင်းတော့
ခေါင်းတွေ ပူထူနေပြီး စဉ်းစားလို့ကို မရသေးဘူးလို့
ပြောတာပဲ။ငါလည်းပဲ အခုတေလာ ခေါင်းတွေ
မူးရတာနဲ့။တစ်ခါတစ်လေ အန်ရတာနဲ့ ငါအထင်တော့
ဟိုဥစ္စာများ ဖြစ်နေပြီလား မပြောတတ်တော့ပါဘူးအေ
အခု ငါ ဘာလုပ်ရမလဲ”

အလွန်နှုတ်သွက်လက်သွက်ရှိလှသော မခင်ဆက်
တစ်ယောက်မလှုပ်ပြီ။ နှစ်ယောက်သား အတန်ကြာအောင်
ငြိမ်သက်နေဖြစ်ကြ၏။ခဏကြာမှာ မခင်နှောင်းက

“ငါအခုဆိုရင်လည်း အလုပ် မလုပ်နိုင်ပဲဖြစ်နေတယ်
ညဘက်မှာခွေးတွေ အူတဲ့ အသံကို ကြားရပြီဆိုရင်
ရင်ခေါင်းထဲမှာ အောင့်အောင့်လာပြီး တဒုန်းဒုန်းနဲ့။
တော်တော်ကြာအောင် ခံစားရတယ်။ပြီးရင်
မောဟိုက်သွားတော့တာပဲ။တစ်ခါမှ ဒီလိုမျိုး မဖြစ်ခဲ့ပါဘူးအေ
ညောင်ပင်သာရွာက ဗိနွေဆရာကြီး ဦးဖြူပြောတာ
ကေတာ့ နှလုံးရောဂါဆိုလားပဲ။ဟိုကိစ္စက တစ်မျိုး
ရောဂါကတစ်မျိုးနဲ့ ငါတော့ သေချင်တော့တာပါပဲ
သူငယ်ချင်းရယ်”

“မိနှောင်းကလည်း ရောဂါက ကုလို့ရပါတယ်
ဟိုကိစ္စအတွက်လည်း ပူမနေပါနဲ့ ငါ ကိုစံငြိမ်းနဲ့တွေ့ပြီး
ဖြေရှင်းပေးပါမယ် စိတ်ချနေဟုတ်ပြီလား”

“မိခင်ဆက်ရယ် နင်တစ်ယောက်ပဲ ငါ့ဘဝကို
နားလည်စာနာပေးနိုင်တာပါ”

“ဘာမွ ပူမနေနဲ့ သူငယ်ချင်း ကိုစံငြိမ်းကိုတွေ့အောင်
ရှာပြီး ငါရှင်းပေးမယ်”

မနှောင်းက မျက်ရည်များဝဲလျက် မခင်ဆက်၏မျက်နှာကို
အတော်ကြာအောင်ပင် စိုက်ကြည့်နေ၏။
ငယ်သူငယ်ချင်းများ ဖြစ်ကြသော်ငြားလည်း
ဤမ်ွအထိ ကြာအောင် တစ်ခါသော်မျှ စိုက်မကြည့်ဘူးခဲ့ပေ။
ထို့နောက် ရင်ခေါင်းသံဖြင့်

“အေးပါမိခင်ဆက်ရယ် သူငယ်ချင်း”

ထုံးစံထက်ပို၍ သူငယ်ချင်းရယ်ဟုပါ ထပ်ဆင့်
ပြောလာသဖြင့် မခင်ဆက် အဖို့ ပိုမိုစိတ်ထိခိုက်
ရတော့သည်။နတ်ပွဲကျင်းပရန် လူများရောက်ရှိလာတော့မှာမို့
သူတို့နှစ်ယောက် လူချင်းခွဲလိုက်ကြတော့၏။
ထိုနေ့က မခင်ဆက်သည် ည(၇)နာရီခန့်တွင် ရွာ၏
အရှေ့ဘက်သို့ အရဲစွန့်၍ သွားခဲ့ပေသည်။

ယခုလို အချိန်မျိုးတွင် ကိုညီခွေး၏ ထန်းတောမှ
ထန်းရည်သောက်ပြီး ပြန်လာနေကျဖြစ်သော
ကိုစံငြိမ်းကို စောင့်ရန်ဖြစ်သည်။လက်ထဲတွင်လည်း
တံတောင့်ထွာခန့်ရှိမည့် ဝါးရင်းတုတ်တစ်ချောင်းကို
ကိုင်ဆောင်ထားလျက်။စကားပြော အဆင်မပြေခဲ့ပါက
မှတ်လောက်သားလောက်အောင် လက်စွမ်းပြလိုက်
မည်ဟုလည်း စိတ်ထဲ၌ ကြုံးဝါးထားသည်။
မခင်ဆက် လက်မြန်ပုံကိုတော့ သပြေယဉ်ရွာလုံး
သိပြီးသား ဖြစ်၏။သိပ်မကြာပါချေ။ကိုစံငြိမ်းတစ်ယောက်
ယိုင်တိ ယိုင်ထိုးဖြင့် သိုင်းကွက်နင်းကာ ပြန်လာ
ပါချေပြီ။မခင်ဆက်အနီးသို့ အရောက်တွင်

“ကိုစံငြိမ်း”
မာကျောသောအသံ။ကိုင်ထားသော တုတ်နှင့်
မခင်ဆက်ကို မြင်လိုက်ရသည့်အခါ

“ဟိုက်ဝူး လန့်လိုက်တာဟာ မိခင်ဆက်ပါလား
သောက်ထားတာလေးတွေတောင် ဘယ်ရောက်ကုန်မှန်း
မသိတော့ဘူး နင်ညီခွေးထန်းတဲကို သွားမလို့လား”

“ဒီမွာ စကားကို စည်းကမ်းနဲ့ပြောပါ ကျုပ်တို့က
စည်းနဲ့ ကမ်းနဲ့ ဓလေ့နဲ့ နေတဲ့လူတွေ
တော်လိုချည်းများ အောက်မေ့နေသလား
ကျုပ်က အခုတော့်ကို စောင့်နေတာက
မိနှောင်းကိစ္စအတွက် ရှင်းချင်လို့ ”

“ဟာအထင်မလွဲပါနဲ့ မိခင်ဆက်ရယ် ငါမိဘေတြက
စီစဉ်ပေမယ့် ငါကေတာ့ မိနှောင်းကလွဲပြီး ဘယ်သူကိုမှ
မယူနိုင်ဘူး စိတ်သာခ် ဒါကြောင့် မနက်ဖြန်ကျရင်
ငါဒီရွာက ထွက်သွားမှာ။ညီခွေးကိုလည်း
ငါထွက်သွားမယ်လို့ ပြောခဲ့ပြီ။နင် မေးကြည့်ပေါ့ဟာ
နင်သိအောင်တော့ ပြောခဲ့မယ်။ရေနံချောင်းအနောက်
ဘက္က ရှားတောရွာကိုသွားပြီး ရှောင်နေမှာ။
မိဘတွေစီစဉ်ထားတဲ့ကိစ္စတွေ ပျက်လောက်ပြီလို့
သတင်းရမှ ငါ ပြန်လာမှာ။အဲဒါကို မိနှောင်းသိအောင်
ပြောဖြစ်အောင်တော့ ပြောပေးပါ။မိခင်ဆက်ရယ်
ငါ့သွားတော့မယ်နော်”

မခင်ဆက် ဘာမှပြန်မပြောမိ။အာစေးထည့်ထားသလို
ဖြစ်သွားရ၏။သူကိုင်ထားသော ဝါးရင်တုတ်အရှိန်
ကြောင့် လေပြည်တိုးသွားတာပဲလာ။
ဒါမှမဟုတ် တကယ့်စိတ်ရင်းအမှန်ပဲလား။
မခွဲခြားတတ်ပါပေ။ကိုညီခွေးနှင့် တွေ့ဖြစ်သောအခါကျမှ
မေးကြည့်ရဦးမယ်ဟု စိတ်ထဲတွင် မှတ်ထားလိုက်သည်
ကိုစံငြိမ်းရွာထဲသို့ ရောက်လာပြီဆိုမှ မခင်ဆက်လည်း
ရွာဘက်သို့ ပြန်ခဲ့တော့၏။ချစ်သူငယ်ချင်း မိနှောင်း
အတွက်တော့ ဝမ်းသာရမလိုလို။

XXXX

နောက်တနေ့ နံနက်ပိုင်းတွင် ကိုစံငြိမ်း ထွက်သွားသည့်
အကြောင်း ရွာထဲတွင် သတင်းပြန့်နှံနေပေပြီ။
ထိုသတင်းကိုတော့ မခင်ဆက် သဘောကျမိလေသည်။

ဤလရာသီမျိုးသည် တောရွာများတွင် အလွန်အရေး
ကြီးသော နှမ်းခါချိန်ဖြစ်ပေသည်။တစ်ရွာလုံး
အလုပ်ရှုပ်ကြရသော နေ့ရက်များဟုလည်း ဆိုနိုင်သည်။
နှမ်းစိုက်သူများ၏ ဘဝမွာ မလွယ်လှပေ။
နှမ်းခါချိန်ရောက်ပြီဆိုလျှင် တစ်နေကုန် တစ်နေခန်း
မနားကြရတော့ပေ။ယနေ့ မခင်ဆက် နှမ်းခါသွားရသည့်
ယာခင်းသည် ရွာနှင့် အလှမ်းဝေးပြီး နှမ်းဆိုင်တန်း
ကလည်း များလှသည်။ည(၇)နာရီလောက်မှာသာ
အိမ်ပြန်ရောက်တော့၏။ပင်ပန်းသည့်ဒဏ်ကြောင့်
ထမင်းဆာလွန်းပြီး အူများပင် နာသလို ဖြစ်နေသည်။
အိမ်သို့ရောက်လျှင် ရောက်ချင်း ထမင်းစားပွဲခုံဝိုင်းသို့
ဝင်ထိုင်ပြီး နှီးအုပ်ဆောင်းကို ဖွင့်လိုက်သည်။

“အေမဘာဟင်းချက်ထားလဲ”

အဘြားသာမယ္က လေးလေးပင်ပင်လေသံမျိုးဖြင့်

“ကဆစ်သီးနဲ့ ချဉ်ပေါင်ရွက်ချက်ထားတယ် မိန်းခလေး”

ဆာနေသော မခင်ဆက်အဖို့ အဖြေမရမီကပင်
ထမင်းတစ်လုတ် ဝင်ပြီး နေပေပြီ။အမေ၏လေသံသည်
ခါတိုင်းနှင့်မတူ ။လျော့ရိလျောရဲ ဖြစ်နေသဖြင့်

“အေမ နေမကောင်းဘူးလား”

“ကောင်းပါတယ် မိန်းခလေးရယ် အေမ ဘာမှမဖြစ်ပါဘူး”

မခင်ဆက် စိတ်ထဲ၌ စနိုးစနောင့်တော့ ဖြစ်မိ၏။
ထမင်းလုတ်ကို ဝါးနေရင်းမှ ဗလုံးဗထွေးဖြင့်

“အေမ သမီးကို တစ္ခု,ခုပြောစရာ ရှိတယ် ထင်တယ်
ပြောစရာရှိရင် ပြောသာပြော”

“အင်းလေ သမီးထမင်းစားနေလို့ အမေမပြောဘူးလို့
နေမလို့ဘဲ အခု သမီးမေးနေမှာတော့ ပြောရတော့မှာပေါ့
သမီး သူငယ်ချင်း မိနှောင်းတစ်ယောက်တော့
ဒီနေ့ နေဝင်ချိန်လောက်ကပဲ ဆုံးသွားရှာပြီ”

“ရှင့် ဖလူးဝူး ဝူး ဝေါ့”

ပါးစပ်ထဲမှ ထမင်းများ ထွက်ကျကုန်တော့၏။
မခင်ဆက်သည် ထမင်းကို ဆက်မစားတော့ဘဲ
ရွာလယ်ပိုင်းသို့ အပြေးအလွှား သွားပေပြီ။
ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံလျက်။
မနက်ပိုင်းကမှ ကိုစံငြိမ်း ရွာကထွက်သွားသည်။
နေဝင်ချိန်ကျတော့ မိနှောင်းက လူ့လောကမှ
ထွက်ခွာသွားပြန်သည်။တွေ့ခွင့်မရလိုက်။
သည်လောက် မြန်မည်ဟုလည်း နည်းနည်းသော်မျှ
မတွေးမိ။ရင်ထဲမှာလည်း ဝန်ထုတ်ဝန်ပိုးတွေက
တစ်သိုက်တစ်ဝန်း။တစ်သက်လုံး ပေါ့ပေါ့ပါးပါး
နေလာခဲ့သော မခင်ဆက်အဖို့ မနှောင်းအတွက်
ဝမ်းနည်းနေရုံမှနှင့် မပြီးတော့။မပြောလိုက်ရသည်
ဝန်တာကိုလည်း ရင်ဖွင့်စရာ ရှာမတွေ့။

သောကတွေပါ ပွါးခဲ့ရတော့သည်။မိနှောင်းတို့
အိမ်မှာ လူတွေက များနေသောကြောင့်
အလောင်းနားရောက်အောင် အတော်ကြိုးစားရသည်။
ဆေးဆရာကြီး၏ပြောကြားချက်အရ နှလုံးရပ်သွား
သည့်အတွက် သေသွားသည်ဟု သိကြရ၏။
အလောင်းကို ခေါင်းသွင်း၍ အိမ်မှာ သုံးရက်ထားမည်။
ဆွေမျိုးစုံအောင် စောင့်ပြီး သုံးရက်မြောက်နေ့မှာပင်
ကိစ္စပြီးဆောင်ရွက်မည်ကို သိလိုက်ရသည်။

မိနှောင်း၏အလောင်းကို ကြာကြာမကြည့်ရက်တော့သဖြင့်
မျက်ရည်သုတ်လျက် ပြန်ခဲ့တော့သည်။
ချစ်သူငယ်ချင်းအား ဝမ်းသာစရာစကား မပြောလိုက်
ရခြင်းကို တွေးမိတိုင်း မကျေမနပ် ဖြစ်မိ၏။
ညအိပ်ယာဝင်သည့်အချိန်မှာလည်း တော်တော်နှင့်
အိပ်မပျော်နိုင်။မိနှောင်းတို့၏ အဖြစ်မှန်ကို
သူတစ်ယောက်မှလွဲ၍ မည်သူမျှလည်းမသိ။
နောက်ဆုံး၌ မြန်လွန်းသည့် သေခြင်းတရားကိုသာ
ထပ်ခါထပ်ခါ အပြစ်ရင်း သက်ကြီးခေါင်းချ
ကြက်တွန်သံများ ထွက်ပေါ်လာမှသာ
အိတ်ပျော်သွားတော့သည်။

XXXXX

မနှောင်းဆုံးပြီး နှစ်ရက်အကြာတွင် ကိုစံငြိမ်းရွာသို့
ပြန်ရောက်လာသည်။မည်သို့မည်ပုံ သတင်းကြား
ရသည်ကိုတော့ မသိကြရ။ရောက်လျှင်ရောက်ချင်း
အလောင်းပြင်ထားသော ခေါင်းတလားနားတွင်
တစ်နာရီလောက်အထိ ထိုင်ပြီးမှ သူ့အိမ်သို့ ပြန်သွား
ရှာသည်။ငိုချင်ပါသော်လည်း ငို၍ မဖြစ်ပါ။
ရွာသူရွာသားအချင်း,ချင်းဆိုသည့် သဘောမျှလောက်သော
အမူအရာ ပြရပေသည်။သူ့ရင်ထဲ၌ အမှန်တကယ်
ရှိနေသော ခံစားချက်များကိုတော့ ကြိတ်မှိတ်မျိုသိပ်
ဖုံးကွယ်ထားရ၏။အိမ်ပြန်ရောက်သည်နှင့်
ကိုညီခွေး၏ ထန်းတောသို့ သွားပြီး ထန်းပင်ကျရည်
နှစ်မြူခန့် ကုန်သည်အထိ ဆက်တိုက်သောက်ပစ်လိုက်
သည်။ကိုညီခွေးက တားသည်ကိုပင် လက်မခံ။

ကိုညီခွေးနှင့်စကားအနည်းငယ် ပြောကြပြီးနောက်
လမ်းကို အနိုင်,နိုင်လျှောက်လျက် ရွာဘက်သို့
ပြန်ခဲ့လေသည်။နေဝင်လုလု ဆည်းဆာအချိန်ဝယ်
တိမ်ပန်ချီ အဆင်ဆန်းများအား အံ့မခန်း အလှဆင်
ပေးနေသော တိလျာအလင်းရှင်ကြီးသည်ပင်
ဖျော့တော့သော စွမ်းအင်များဖြင့် နှုတ်ဆက်စ
ပြုနေပေပြီ။ဤမျှလှပနေသော နောက်ခံပန်ချီကား
တစ်ချပ်ရှေ့ဝယ် ဦးတည်မဲ့နေသည့် ဟန်ပန်ဖြင့်
ဒယီးဒယိုင်း လမ်းလျှောက်နေသော ကိုစံငြိမ်း၏
ပုံရိပ္ကေတာ့ အကျည်းတန်ပေစွ။

ရွာသို့ ရောက်နိုင်ခဲလှသည်ထင်၍ လှမ်းမျှော်ကြည့်လိုက်
တော့လည်း ရွာကို မမြင်ရသေး။အားစိုက်သွားနေရ
သဖြင့် ပင်ပန်းလွန်းလှပြီ။စိတ်မရှည်နိုင်တော့။
တတ်လည်း မတတ်နိုင်တော့သဖြင့် ရောက်သည့်
နေရာမှာပင် အိပ်လိုက်တော့မည်ဟု ဆုံးဖြတ်ပြီး
ထိုင်ချလိုက်ရာ အရှိန်ကို မထိန်းနိုင်ဘဲ ရှေ့သို့
မှောက်လျားထိုးလဲသွားတော့သည်။
လက်နှစ်ဖက်ကို ထောင်၍ ကုန်းထလိုက်ချိန်တွင်
နေဝင်စအချိန် အလင်းရောင်ဖျော့ဖျော့ဖြင့်
မြင်လိုက်ရသော မြင်ကွင်းကြောင့်အလွန်ပင်
ထိတ်လန့်သွားမိတော့သည်။မူးနေသည်မှာလည်း
ဘယ်ဆီသို့ ရောက်သွားပြီကိုမသိရတော့။

သူဖွက်ထားခဲ့သောပျဉ်ချပ်ကြီးသည် အဘယ်ကြောင့်
သူ့ရင်ဘတ်အောက်တွင် ရောက်ရှိနေရသည်ကို
စဉ်းစား၍ မရ။အမူးပြေသွားသောကြောင့်
ဘေးဝဲယာကို သေချာစွာ ဂရုစိုက်ကြည့်လိုက်မိသည်။
ထိုအခါကျမှပင် ပိုမိုလန့်ဖျပ်သွားရုံမျှမက
ချက်ချင်းချွေးစေးများ ထွက်လာသည်အထိ
ကြောက်စိတ်များ ဖြစ်ပေါ်လာရလေတော့သည်။
အဘယ့်ဆိုသော် သူ ရောက်နေသောနေရာမှာ
သင်္ချိုင်းကုန်းဖြစ်နေသောကြောင့်ပင်။ထိုမျှမက
သူလဲကျသွားသည်မှာလည်း ကိုသာပု၏
မြေပုံပေါ်မှာ သူ့ခေါင်းသည် တဖြည်းဖြည်း ကြီး၍
ကြီး၍ လာသည်ဟု ခံစားနေရပြီး ဆံပင်များမှာလည်း
ထောင်နေပေပြီ။တစ်ကိုယ်လုံး ကြက်သီးမွေညင်းများ
ဖြိုးဖြိုး ဖြန်းဖြန်း ထလာပြီးနောက် ရင်တုန်ပန်းတုန်
ဖြစ်ခါ ထိုနေရာမှာပင် မေ့မြောလဲကျသွားတော့သည်။

သူပြန်လည်သတိရလာသောအချိန်တွင်
သူငယ်အိပ်ဆိတ် ကြက်တွန်သံများကို ကြားလိုက်ရသည်။
ရင်ခေါင်းထဲတွင် ဆို့ကျပ်,ကျပ် ဖြစ်နေပြီး ဇက်လေး
နေသောကြောင့် ခေါင်းထူနိုင်ရန်ပင် ကြိုးစားနေရသည်။
အမူးပြေနေပြီ ဖြစ်သဖြင့် ရွာသို့ တန်းတန်းမတ်မတ်
ပြန်နိုင်ခဲ့ပေသည်။အိပ်ရာထဲသို့ရောက်သည်တိုင်မည်သို့မျှ
အိပ်မပျော်။တစ်ခါတစ်ခါ ရင်ထဲမှ အလုံးကြီးက
ဆောင့်၍ ဆောင့်၍ထိုးနေသေး၏။ထိုအခါမျိုးတွင်
အသက်ရှု ရပ်သွားမလားပင် ထင်မှတ်ရသည်။
သန်းခေါင်ကြက်များ တွန်ကြလေပြီ။ထိုအခိုက်
အိမ်ရှေ့ဆူးတံခါး အပြင်ဘက်မှ

“ကိုစံငြိမ်း ကိုစံငြိမ်း”

မနှောင်း၏ ခေါ်သံကို ကြားလိုက်ရသဖြင့် ဆူးတံခါးဆီသို့
ထိတ်လန့်စွာ ကြည့်လိုက်သည်။ဘာကိုမှ မမြင်ရ။
ငါးသေတ္တာဘူးခွံထဲတွင် ထည့်၍ထွန်းထားသည့်
ရေနံဆီမီးခွက်၏မီးရောင်မှိန်မှိန်တွင် ဆူးတံခါးကို
ကောင်းစွာ မြင်နေရသည်။တောရွာများတွင်
အိမ်ရှေ့အဝင်ပေါက်ကို ပြုလုပ်ရာဝယ် ဆီးခက်များကို
ထပ်၍ ထပ်၍ ဝါးဖြင့် ညှပ်ချည်ပြီးနောက်
မ,၍ပိတ်ရ။မ,၍ဖွင့်ရသော ဆူးတံခါးများကိုသာ
ပြုလုပ်လုပ်လေ့ရှိကြသည်။နောက်ထပ်တစ်နာရီလောက်
အကြာတွင်

“ကိုစံငြိမ်းကိုစံငြိမ်းကျုပ် ဒီမွာ ရှိတယ်လေ”

မနှောင်း၏ ခေါ်သံကို ထပ်မံကြားရပြန်သောအခါ
ကိုစံငြိမ်းမှာ များစွာတုန်လှုပ်ချောက်ချားလျက်
အကြောက်လွန်ပေပြီ။ပြူးကျယ်ဝိုင်းစက်သော
မျက်လုံးအစုံဖြင့် အိမ်အဝင်ဝရှိ ဆူးတံခါးဆီသို့သာ
မမှိတ်မသုန် စိုက်ကြည့်နေတော့သည်။
တုံးလုံးပင် မလှဲနိုင်တော့။မကြာမီ ရွာဦးကျောင်းမှ
တုံးခေါက်သံကို ကြားရပြီ။မတုန်မလှုပ် ငုတ်တုတ်
ထိုင်လျက် ကြည့်နေသော ကိုစံငြိမ်းအဖို့
အားတက္လာသလိုလို ။မျကာမီ အရုဏ်ကျင်းရှိ
အလင်းရောင် ပေါ်လာတော့သည်။

“ကိုစံငြိမ်းကိုစံငြိမ်း တော်မလာရင် ကျုပ်မလာလို့
မဖြစ်တော့ဘူး လာရတော့မယ်”

ဒီတစ်ကြိမ်တော့ ဆူးတံခါးအပြင်ဘက်တွင် ရပ်နေသော
မနှောင်းကို ကောင်းစွာ မြင်လိုက်ရလိုက်ရပါသည်။
မနှောင်း၏ဘယ်ဘက်လက်သည် နောက်ဘက်တွင်
ရှိနေပြီး အဖုံးမပါသော ခေါင်းတလားကို ဆွဲထားသည်။
ခေါင်းတလားကြီးသည် လက်ကိုင်မထားသော
ဘက်မှာ မြေကြီးနှင့် ထိလျက် တရွတ်တိုက်ဆွဲထား
သည့် ပုံစံဖြစ်နေသည်။

ခေါင်းတလားကြီး၏ ဘေးဘက်များတွင်လည်း
“မနှောင်း” “အသက်(၂၆)နှစ်” ဟု ရေးထားသည်ကို
မြင်နေရပေသည်။မနှောင်း၏ညာဘက်လက်ကတော့
ရှေ့ဘက်မှာ ရှိနေပြီး သူ့လက်ထဲတွင် ပျဉ်ချပ်ကြီးကို
ကိုင်ထား၏။ကိုစံငြိမ်း နဘူးချုံထဲတွင် ဖွက်ထားခဲ့သော
ပျဉ်ချပ်ကြီးပင် ဖြစ်နေပြန်သည်ကို တွေ့ရသည်။
ခဏအကြာတွင် မနှောင်းသည် ဆူးတံခါး၏
အပြင်ဘက်မှာ ရပ်လျက်ဖြင့် အိမ်ဘက်သို့လှည့်ကာ
ညာဘက်လက်တွင် ကိုင်ထားသော ပျဉ်ချပ်ကြီးအား
ထောင်ပြလိုက်သည်။ထိုပျဉ်ချပ်ကြီးပေါ်တွင် ကိုစံငြိမ်း၏
လက်ညှိုးမှ ထွက်လာသောသွေးဖြင့် ရေးထားခဲ့သည်
သစ္စာ ဆိုသည် စာလုံးနှစ်လုံးကို အထင်းသား
မြင်လိုက်ရသည်။

ထိုသို့ ပျဉ်ချပ်ကို ထောင်ပြပြီးနောက် မနှောင်းသည်
ကိုယ်ထည်မပျက်။ခေါင်းတလားကြီးကို တရွတ်တိုက်ဆွဲ
လျက်ဖြင့် ဆူးတံခါးကို ဖြတ်ကျော်ဝင်ရောက်လာလေသည်။
ကိုစံငြိမ်းသည် နောက်ဖေးလှေခါးမှ အပြေးဆင်းပြီးနောက်
ဦးတည်ရာ ပြေးလေတော့၏။ပါးစပ်မှလည်း

“လုပ်ပါဦးဗျို့ ကယ်ကြပါဦး မိနှောင်း ကျုပ်နောက်ကို
လိုက်နေတယ် ကယ်ကြပါဗျို့ ”

ထပ္တလဲလဲ အော်ဟစ်အကူအညီတောင်းရင်း
ခြေဦးတည့်ရာ ပြေးလွှားနေတော့သည်။
အရုဏ်ဆွမ်းခံရန် ထွက်လာသော ဦးဇင်းနှင့်ကိုရင်များကို
ရွာလယ်လမ်းတွင် တွေ့လိုက်ရသောအခါ အားတက်
လာပြီး ရှေ့ဆုံးမှ ကြွလာသော ဦးဇင်းတိလောက၏
ခြေတော်ကို ဖက်လျက်

“ဦးဇင်းဦးဇင်း တပည့်တော်ကို ကယ်ပါဦးဘုရား
တပည့်တော်နောက်ကို မိနှောင်း လိုက်လာတယ်
ခေါင်းတလားကြီးကို ဆွဲပြီး လိုက်နေတာ ဘုရား
ဟို ဟို ဟိုမြာ ဘုရား”

ကိုစံငြိမ်းက နောက်ဘက်သို့ တုန်တုန်ရင်ရင်ဖြင့်
လက်ညှိုးထိုးပြလိုက်သည်။အရှင်တိလောကသည်
ကိုစံငြိမ်း လက်ညှိုးထိုးပြသော နေရာကို ကြည့်ပါသော်လည်း
ဘာကိုမျှ မမြင်ရပေ။

“ဒကာကြီး .စိတ်ချောက်ချားနေတာပါ ဦးဇင်းတော့
ဘာကိုမှ မမြင်ရပါလား သရဏဂုံဖြစ်ဖြစ် ဂုဏ်တော်
ဖြစ်ဖြစ် ရွတ်လိုက်ပါလား”

“တင် တင့်ပါ့ဘုရား ဗုဓ် ..ဗုဓ်ဒ္ဓံ ..ဒ္ဓံ..သ..သ ဏံ
ဟိုဟိုမွာ ရပ်ကြည့်နေတယ် ဘုရား”

ကိုစံငြိမ်းသည် ကြိုးစားရွတ်ဆိုပါသော်လည်း
ပီပီသသ ဖြစ်မလာနိုင်။မနှောင်းကို တောက်လျှောက်
မြင်တွေ့နေရသည်ကလည်း သူ၏အကြောက်လွန်နေသော
စိတ်ကို မြင့်မားစေသည်သာ။ထိုစဉ်မှာပင် နောက်ဆုံးမှ
ကိုရင်ငယ် နှစ်ပါးက ဦးတိလောက၏ ရှေ့ဝါးတစ်ပြန်
အကွာခန့်ကို လက်ညှိုးထိုးလျက် ပါးစပ်မှလည်း

“ဦးဇင်းဘုရား ဦးဇင်ဘုရား ဒကာကြီး ပြောတာ
ဟုတ်တယ် ဘုရား ဦးဇင်းရှေ့နားလေးမှာ
သေသွားတဲ့ ဒကာမျကီး ခေါင်းတလားကိုင်ပြီး
ရပ်နေတယ် လက်တစ်ဖက်မှာလည်း ပျဉ်ပြားကြီးကို
ကိုင်ထားတယ် ဘုရား”

“ဟဲ့ ကိုရင်တွေ နင်ဒို့ တကယ် မြင်နေရတာလား”

“တင့်ပါ ဟုတ်ပါတယ် ဘုရား”

ထိုအခါ အရှင်တိလောကသည် ခေတ္တမျှရပ်တော်မူ၍
မေတ္တာသုတ်တော်ကို ရွတ်ဖတ်ပူဇော်လိုက်ပေသည်။
မနှောင်းပျောက်ကွယ်သွားသည်ကို ကိုရင်လေးများ
မြင်လိုက်ကြရသည်။ဦးတိလောကသည် ကိုစံငြိမ်းအား
ကျောင်းသို့ သွားနေနှင့်ရန် မှာကြားလိုက်ပြီးနောက်
ဆက်လက်၍ ဆွမ်းခံ ကြွသွားသည်။ရွာလယ်လမ်း
တစ်လျှောက်တွင် ရှိကြသော အိမ္မ်ားမွ ဆွမ်းလောင်းရန်
စောင့်နေကြသော ရွာသူရွာသားများသည် ထိုအဖြစ်အပျက်ကို
မြင်တွေ့လိုက်ကြ၏။

ကံနိမ့်သူတစ်ချို့သည် ခေါင်းတလားကြီးကို
မြေကြီးတွင် တရွတ်ဆွဲလျက် ပျဉ်ချပ်တစ်ခုကိုကိုင်ကာ
ကိုစံငြိမ်းနောက်မှ လိုက်ပါနေသော မနှောင်းကို
မြင်တွေ့လိုက်ကြရပေသည်။တချို့ဆိုလျှင် အရုဏ်ဆွမ်းကိုပင်
မလောင်းရဲတော့ပဲ အိမ်ထဲသို့ ဝင်ပြေးကုန်ကြသဖြင့်
ရွာလယ်လမ်း တစ်လျှောက် ရုတ်ရုတ်သဲသဲ
ဖြစ်သွားခဲ့ရသည်။ကိုစံငြိမ်းအား အိမ်စောင့်နတ်
ဝိုင်းစောင့်နတ် ရွာစောင့်နတ်တို့လည်း မကယ်နိုင်ပြီ။

နောက်ဆုံးတွင်တော့ ဦးတိလောက၏ မိန့်မှာစကားအရ
ရွာဦးကျောင်းသို့ သာ ပြေးရတော့သည်။ကျောင်းဝိုင်း
အတွင်းသို့ ရောက်သောအခါ လုံခြုံပြီအထင်ဖြင့်
နောက်သို့ လိုက်ကြည့်လိုက်သည်။မနှောင်းသည်
ကျောင်းအဝင်ဝတွင်ရပ်ပြီး ပျဉ်ချပ်ကို ထောင်ပြလိုက်သည်။

ထိုနောက် ကိုစံငြိမ်းနောက်သို့ အပြေးအလွှားဆက်
လိုက်လာသည်။ကြံရာမသိ ဖြစ်နေသော ကိုစံငြိမ်းသည်
ကျောင်းပေါ်အထိ တက်ပြေးရ၏။ဘုရားခန်းရှိ
ဘုရားပလ္လင်ကို ကိုင်တွယ်လျက် ပုန်းနေလိုက်သည်။
ထိုအချိန်တွင် ကျောင်း၌ ကျောင်းထိုင်ဘုန်းကြီး
ဦးဣန္ဒက မရှိပေ။သုံးမိုင်ခန့်ဝေးသော အင်ကြင်းရွာသို့
ပဋ္ဌာန်းပူဇော်ပွဲအတွက် ကြွသွားနေသည်။
ကိုစံငြိမ်းသည် ခေါင်းပြူ၍ ကြည့်လိုက်သည်။
မနှောင်းကား ခေါင်းတလားဆွဲလျက် လိုက်လာဆဲပင်။
ကျောင်းကြီးပေါ်တွင်လည်း သူ့လက်ထဲရှိ ပျဉ်ချပ်ကို
ထောင်ပြခြင်းအားဖြင့် ဝင်ခွင့်ရသွားပြန်ပါသည်။

ကိုစံငြိမ်းအဖို့ ကယ်မည့်သူ မရှိတော့သလို
ပြေးစရာလည်း မရှိတော့ပြီ။ကျောင်းနောက်ဘက်
စင်ပြင်ပေါ်တွင် သပိတ်များကို ဆေးကြေနေသော
ကပ္ပိကြီး ဦးစံဒွေးက ဘုရားခန်းဆီမှ ဆူညံသော
အသံဗလံများကို ကြားနေရသဖြင့်

“ဟိတ် ဘယ်သူတွေလဲကွ ကျောင်းပေါ်မှာ
ဆူညံ ဆူညံ လုပ်နေတာ”

ထိုအသံကြောင့် မနှောင်းသည် လိုက်နေရာမှ
ခေတ္တရပ်သွားသည်။ကျောင်းရှိ လူရှိကြောင်း
သိသွားသောကိုစံငြိမ်းသည် ပလ္လင်ကိုပတ်ပြေးနေရာမှ
ဦးစံဒွေးရှိရာ သပိတ်ဆေးစင်ပြင်ဘက်သို့
အရှိန်ပြင်းစွာ ပြေးသွားလိုက်ရင်း

“ဘကြီးစံဒွေး ဘကြီးစံဒွေး ကျနော့်ကို မကယ်နိုင်တော့ဘူးလား
ကယ်ပါဦးဗျာကျနော့်နောက်ကို မိခင်နှောင်းတောက်လျှောက်
လိုက်နေလို့ပါ”

ကိုစံငြိမ်းသည် သွေးရူးသွေးတန်းဖြင့် ဘစံဒွေးကို
ပြေးဖက်လိုက်သည်။ဘစံဒွေးခမျာ နောက်သို့
ဖင်ထိုင်လဲကျသွားသဖြင့် လက်ထောက်ထားလျက်
ရ၏။ကိုစံငြိမ်း၏နောက်မှ ကပ်၍လိုက်လာသော
မနှောင်း၏ ပုံစံကို ဘစံဒွေးမြင်လိုက်ရသောအခါ
လိပ်ပြာလွင့်မတတ် လန့်သွားပြီး

“ဟဲ့ ဟဲ့ မိ မိနှောင်း ။ အလိုလေး လေး
ခေါင်တလားကြီးလည်း ဆွဲလို့ပါလား ။နင့် နင့်လက်ထဲက
ဘာကြီးလဲ။ဘယ်လို ဖြစ်ကြတာလဲ။
ဟုတ်ကော ဟုတ်ကြသေးရဲ့လား”

ကပ္ပိယကြီးဦးစံဒွေးသည်လည်း ကယောင်ကတမ်း
ဖြစ်ရပြီ။မနှောင်းက ဘစံဒွေးအား ပျဉ်ချပ်ကို
ထောင်ပြလိုက်ပြန်သည်။ဦးစံဒွေးလည်း အထစ်ထစ်
အငေါ့ငေါ့ ဖြင့် ဖတ်လိုက်သည်။

“သစ် သစ်စာ ဆို ဆိုပါလား။ဟဲ့ စံငြိမ်း
နင်ကရော လူပဲလား”

ကိုစံငြိမ်းက သွေးရူးသွေးတန်း။ကပ္ပိယကြီးလည်း
ကြောင်စီစီဖြစ်နေ၏။မထူးတော့ပြီဖြစ်၍ ကိုစံငြိမ်းသည်
လက်ခုပ်တစ်ဖောင် ကျော်ကျော်မြင့်သော
သပိတ်ဆေးစင်ပေါ်မှ အောက်သို့ ခုန်ချလိုက်သည်။
မြေကြီးပေါ်သို့ ဝမ်းလျားမှောက်လျက် လဲက်သြား၏။
အကျနာသဖြင့် တော်တော်နှင့် မလှုပ်။ဆက်လက်
ထွက်ပြေးရန်အတွက် လူးလွန့်လာစဉ်မှာပင်
နောက်မှ လိုက်လာသော မနှောင်းက ခုန်ချလိုက်ပြီး
သူဆွဲလာသော ခေါင်းတလားဖြင့် ကိုစံငြိမ်းအပေါ်မှ
အုပ်ချလိုက်သည်။ထို မြင်ကွင်းကို မြင်လိုက်ရသော
ဦးစံဒွေးလည်း အကြောက်လွန်ကာ ရွာသူရွာသား
မ်ားအား ပြောပြပြီးနောက် လူစုလျက် ကျောင်းသို့
စုဝေးရောက်ရှိလာခဲ့သည်။သပိတ်ဆေးစင်ပြင်အောက်ရှိ
မြေပြင်ပေါ်၌ မှောက်လျက်အနေအထားဖြင့်
မလှုပ်မရှားရှိနေသော ကိုစံငြိမ်းအား ဝိုင်းဝန်ကြည့်ရှု
စစ်ဆေးသောအခါ အသက်မရှိတော့ပေ။
ထိုအချိန်မှာပင် အရှေ့ဂါယာဆီမှ အလင်းတန်းများ
ဖြာလျက် အာဒိစ္စ စက်ဝန်းကြီးသည်လည်း
ဝတ္ထုရားမပျက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါသည်။

XXXXX

ကိုစံငြိမ်း၏အလောင်းကို ရွာအတွင်းသို့ သယ်ယူခွင့်
မရှိပေ။ယခုကဲ့သို့ သေမျိုးကိုလည်း အစိမ်းသေစာရင်းသို့
သွတ်သွင်းကြသည်။ဌင်းအပြင် နေ့ချင်းပြီး ကိစ္စတုံးရသော
ဓလေ့ရှိ၏။ထိုကြောင့် ကိုစံငြိမ်း၏အလောင်းကို ရွာ၏
အပြင်ဘက်ရှိ ကုက္ကိုပင်အောက်တွင် အလောင်းစင်
ပြင်၍ ထားရသည်။မနှောင်း၏ အသုဘသည်လည်း
ယနေ့ဆိုလျှင် သုံးရက်ပြည့်ပီ ဖြစ်၏။တစ်ရွာတည်းမှာ
တစ်နေ့တည်း နှစ်လောင်းပြိုင် အသုဘခ်ရေသာ
အဖြစ်မျိုး ကြုံတောင့်ကြုံခဲကိစ္စမျိုးပင်။

အစဉ်အလာအရ အစိမ်းသေဖြစ်သော ကိုစံငြိမ်း၏
အလောင်းကို ဦးစြာ မြေချရန် ဖြစ်သော်ငြားလည်း
တစ်ရက်တည်း တိုက်ဆိုင်နေသည့်အတွက် ရှေ့မသာကို
နောက်မသာက မကျော်ကောင်းဟု ပြောကြပြန်သည်။
ထိုကြောင့် ရွာလူကြီးများ တိုင်ပင်ကြပြီး မနှောင်း၏
အလောင်းကို ရှေ့မှာထားလျက် မြေချမည်။
သင်္ချိုင်းမြေသို့ မနှောင်းအလောင်းရောက်သောအခါမှ
နောက်ကနေ၍ ကိုစံငြိမ်းအလောင်းကို ပို့ဆောင်ကြ
မည်ဟု ဆုံးဖြတ်လိုက်ကြသည်။

မစည်ကားအပ်သော အရာကိစ္စဖြစ်သော်ငြားလည်း
ထိုနေ့က နှစ်လောင်းပြိုင် အသုဘအခမ်းအနားသည်
စည်းကားလှသည်ဟု ဆိုရမည် ။ရွာနီးချုပ်များသို့
တစ်မုဟုတ်ချင်း ပြန်နှံသွားခဲ့သောကြောင့်ပင် ဖြစ်သည်။
မသာပို့ လာကြသော လူများ၏ပြောဆိုဝေဖန်သံများမှာ
လည်း အမျိုးမျိုးအဖုံဖုံ ကြား၍ပင် မကုန်နိုင်။
မခင်ဆက်က မသာပို့မလိုက်။သူငယ်ချင်းနှစ်ယောက်
အတူတူထိုက်နေကျဖြစ်သော ကန်ပေါင်ပေါ်မှ
ထနောင်းပင်အောက်တွင်ထိုင်စောင့်၍ နေလိုက်သည်။

သူတို့နှစ်ယောက် အဘယ္မ်ွ ချစ်ကြသည်ကို
သပြေယဉ်ရွာသာမက ရွာနီးချင်းများပါ သိထားကြပေသည်။
သို့အတွက် မခင်ဆက်ကို အမေးအမြန်း ထူကြမည်ဟု
မလွဲနိုင်။ကြာလာလျှင် မခင်ဆက် ရင်ထဲမှ ဝန်ထုတ်
ဝန်ပိုးကြီးသည် ပွင့်ထွက်ကုန်ပါက ရှင်းလေရှုပ်လေ
ဖြစ်ကုန်တော့မည်။ထိုအခါဝယ် သူငယ်ချင်းကို
ပေးထားခဲ့သော ကတိစကားပျက်သွားပေလိမ့်မည်။
မည်သည့်နည်းနှင့်မျှ ကတိအပျက်မခံနိုင်ဟု
ဆုံးဖြတ်ချက် ချထားသောကြောင့် ဤနေရာတွင်
လာထိုင်နေရခြင်း ဖြစ်သည်။

ထနောင်းပင်နှင့် သင်္ချိုင်းကုန်းမှာ နီးကပ်လျက်
ရှိသဖြင့် သူ့ သူငယ်ချင်းကို နောက်ဆုံး အနေနှင့်
ကြည့်မြင်နိုင်ပေသည်။မကြာပါချေ။မနှောင်း၏
ခေါသ်းတလားအား မြေသို့ ချလိုက်ကြပြီ။
ဤသို့နှစ်လောင်းပြိုင် သေရခြင်းကို နှစ်ဖက်သော
ဆွေမျိုးများက အမျိုးမျိုး ဖွဲ့နွဲ့ငိုယိုခြင်း ပြုကြကုန်၏။
ထိုငိုယိုသံများကို ကြားနေရသော မခင်ဆက်သည်လည်း
ငိုချင်စိတ်ကို ထိန်းမရတော့။ဘေးဝဲယာတို့ကို လှည့်ပတ်
ကြည့်ရှုလိုက်ရာ မည်သူ့ကိုမျှ မတွေ့ရပေ။
သို့အတွက် အားရပါးရ ငိုချလိုက်မိသည်။

“အဟီး ဟီးတော်တို့တွေ ပြောနေကြသလို
နှစ်လောင်းပြိုင်မသာ ခ်လာတာ မဟုတ်ဘူးတော့်။
အဟီးဟီး ဟင့် သုံးလောင်းပြိုင်တော့်
သုံးလောင်းပြိုင်။အဟီး အဟီး ဟင့် ဟင့် ”

သို့ကလို ငိုချလိုက်ရသည့်အတွက် မခင်ဆက်ရင်ထဲ၌
အနည်းငယ်ပေါ့ပါးသွားရသည်။အသုဘကိစ္စတွေ
ပြီးသွားအောင်လည်း မနေချင်တော့။
သင်္ချိုင်းကုန်းထဲမှာလည်း သူ့အလုပ်နှင့်သူ
ရှုပ်နေကြသဖြင့် မခင်ဆက်ကို မည်သူမျှ သတိမထားမိကြ။
မခင်ဆက်သည် ပြန်ရန်အတွက် မတ်တပ်ရပ်လိုက်သည်။
လိပ်ပြာလုံစေရန် ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုစစ်ဆေး
လိုက်သည်။မည်သူမျှ မရှိကြောင်း သေချာသွားပေပြီ။
သို့ဖြစ်၍

“ထနောင်းပင်ကြီးရယ် ကျုပ်တို့အကြောင်းကို
တော်သိပြီးသားပါ။ သူတို့အကြောင်းကို
ဘယ်သူမွ မသိပါစေနဲ့တဲ့။ တော်လည်း မိနှောင်းကို
ကျုပ်လိုပဲ ခင်တယ်ဆိုရင် ကျုပ် ဘယ်သူ့ကိုမှ
မပြောပါဘူးလို့ ပြောပေးပါတော်။ကျုပ်မှာ
တော်ကလွဲပြီး ဘယ်သူ့ကိုမှ ပြောစရာ မရှိတော့လို့ပါ။
ကဲသွားမယ်တော်ရေ့”

ကြံရာမသိတော့ပြီမို့ ထနောင်းပင်မှန်း သိသိကြီးဖြင့်
ရင့်ဖွင့်ပြောကြားမိလေသည်။မည်သို့ဆိုစေအပြန်လမ်း
တွင် မခင်ဆက်ရင်ထဲမှာ လေးပင်သော အရာမ်ား
မရှိတော့သလို ခံစာရပေသည်။

XXXXXX

ရာသီစက်ဝန်း(၃)ပတ်ပင် လည်ပြီးခဲ့ပေပြီ။
ကိုညီခွေးနှင့် မခင်ဆက်တို့ အိမ်ထောင်ကျပြီး
သမီးဦး မကြည်စိန်ကို မွေးဖွားခဲ့သည်။ထိုနှစ်မှာပင်
ထူးဆန်းသော သတင်းတစ်ခု ပြန့်နှံ့လာပါသည်။
သပြေယဉ်ရွာနှင့် နီးနားဝန်းကျင်မှ ရွာသူရွာသားများသည်
အကြောင်းအားလျော်စွာ သုသာန်ကုန်းအနီးရှိ
ကန်ဘောင်နားမှ ဖြတ်သန်းသွားလာကြရပေသည်။
တစ်ခါတစ်ရံ ထနောင်းပင်တွင် အဝတ်ကို
ကြိုးပြုလိုက်ပြီး ပျဉ်ချပ်ကိုချည်လျက်
ဒန်းလွှဲနေသော မိသားစုကို မြင်တွေ့ကြရသည့်
သတင်းပင် ဖြစ်ပါသည်။

တွေ့မြင်ရသူများ၏ ပြောကြားစကားအရ
သုံးနှစ်နီးနီးခန့် အရွယ်ရှိ ဒန်းစီးနေသော
ယောင်္ကျားငယ်လေးတစ်ယောက် တစ်ဖက်
တစ္ခ်က္စီမွ ပျော်ပျော်ရွှင်ရွှင် ဒန်းလွှဲပေးနေသော
ကိုစံငြိမ်းနှင့်မနှောင်း။အထူးသဖြင့် နေဝင်ဖျိုးဖျ
မှောင်ရီသမ်းစအချိန်နှင့် နံနက်စော နေထွက်ခါနီး
အချိန်များတွင် အတွေ့များသည်ဟု ဆိုကြ၏။
သို့ဖြင့် ကြာလာပြန်တော့လည်း ဤကိစ္စမှာ
ရိုးသွားပြန်ပါသည်။မည်သူမျှ ကြောက်လန့်ခြင်း
မဖြစ်တော့။သူတို့နှင့် ရွာနီးချုပ်စပ်မှ လူမ်ား
အဘယ္မ်ွ ရင်းနှီးလာကြပါသနည်းဆိုသော်
မြင်ချင်လို့ပါ ဟု တောင်းဆိုပါလျှင် ပြပေးသည်ဟူ၏။

ကံနိမ့်သူသူများဖြစ်လျှင် မြင်ကြသည်ဟု ဆိုပါသည်။
မည်သူကိုမျှလည်း ခြောက်လှန့်ခြင်း ပြုသည်ဟု
မကြားရပေ။သူတို့ဘဝလေးကို သာယာစြာ
ဆောက်တည်နေကြသော ပရလောကမိသားစုဘဝသည်
ချမ်းငြိမ်းလှသည်ဟုပင် ဆိုရပေမည်။

ဒန်းစီးနေသော ကလေးငယ်ပင် လူပျိုပေါက်အရွယ်သို့
ရောက်နေပြီဟု မြင်တွေ့ကြရသူက ပြောနေကြချိန်။
ကမ္ဘစစ်မီးက လောင်မြိုက်ခြင်း ပြုခဲ့လေသည်။
ကျွဲကြီးနှစ်ကောင်ဟု ခေါ်ဆိုကြသော
လေယာဉ်ပျံအမည်းကြီးနှစ်စင်းမှ ပစ်ချထားခဲ့သော
ဗုံးတစ်လုံးသည် ပရလောကမိသားစုတို့
ပျော်ရွှင်ရာ ဗိမာန်ဖြစ်သော ထနောင်းကုန်းပင်ပေါ်သို့
တည့်တည့်မတ်မတ် ကျရောက်ခဲ့လေသည်။
အမြစ်မှ တိုင်ကျွတ်ထွက်သွားပြီး ထနောင်းပင်လည်း
သေသွားတော့၏။ ထိုမွ နောက်ပိုင်းကာလများတွင်
ကိုစံငြိမ်း မနှောင်းနှင့် လူပျိုပေါက်အရွယ်သို့ရောက်သော
ကလေးငယ်တို့အား မြင်တွေ့ရသည်ဟူ၍
မကြားရတော့ပေ။

ဒီဇာတ်လမ်းတွင် ပါဝင်သောမခင်ဆက်နှင့်ကိုညီခွေးမှာ
မူရင်းရေးသူ ဆရာဇာတိဂုဏ် မျိုးမြင့်အောင်၏
မိဘမ်ား ဖြစ်ပြီး။အမေ ဒေါ်ခင်ဆက်မှာ
လွန်ခဲ့သောနှစ်(၂၅)နှစ်ခန့်က အသက်(၇၅)နှစ်
အရွယ်တွင် ကွယ်လွန့်ခဲ့သည်။
အေဖျဖစ်သူ ဦးညီခွေးမှာလည်း ဇနီးဖြစ်သူသေပြီး
(၃)နှစ်အကြာတွင် ကွယ်လွန်ခဲ့သည်။
မူရင်းစာရေးသူ၏အစ်မအကြီးဆုံး မကြည်စိန်သည်
ဤစာကို ရေးချိန်တွင် အသက်(၈၀)ကျော်ရှိနေပေပြီ။
မကွေးမြို့ ဒုံကပ်ကျွန်းအုပ်စု အေးမြသာယာ
ကျေးရွာတွင် နေထိုင်လျက်ရှိသည်။
သပြေယဉ်ရွာတွင် ပြောစမှတ်စကားတစ်ခွန်း
ကျန်ရစ်ခဲ့သည်။ထိုစကားမှာ
“စံငြိမ်းနဲ့ မိနှောင်းတို့လို ဝဋ်ကြွေးမျိုးတော့
ဘယ်တော့မှ မကြုံပါရစေနဲ့ “ဟူသတည်း။

မူရင်းရေးသူ ဆရာ ဇာတိဂုဏ်မျိုးမြင့်အောင်
စာဖတ်သူကို ပြန်လည်ကူးယူဝေမျှသူ လက္ခ
ပြီးပါပြီ
မူရင်းရေးသားသူကို crd ပေးပါတယ်ဗျာ