ချစ်ဦးသူရဲ့ကျိန်စာ(စ/ဆုံး)

Unicode Version

ချစ်ဦးသူရဲ့ကျိန်စာ(စ/ဆုံး)
——————————–
သူနှင့် ကျွန်မသည် ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ သူဟာ ကျွန်မရဲ့အချစ်ဦးဖြစ်ခဲ့သလိုကျွန်မသည်လည်း သူရဲ့အချစ်ဦးဖြစ်ခဲ့ ပါသည်။ သူ့ရဲ့နာမည်ကတော့တိုလပြည့်တဲ့။ ကျွန်မနှင့် သူသည် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သလို လုပ်ဖော်ကိုင်ဖတ်လည်း
ဖြစ်သည်။
သူနှင့်ကျွန်မတို့ အရမ်းကိုချစ်ခဲ့ကြပေမယ့် ကောင်မလေး တွေနှင့် ရောရောထွေးထွေးနေတတ်သောသူကြောင့်ကျွန်မတို့ရဲ့ ချစ်သူချင်း ဆက်ဆံရေးပြိုကွဲခဲ့သည်။ နောက်ဆုံးတွင်အထင်လွဲမှု တွေသံသယတွေနှင့်ရှေ့မဆက်ချင်သောကျွန်မသည်သူနှင့်လမ်းခွဲ ဖို့ဆုံးဖြတ်ခဲ့ပါသည်။ဒီနောက်ပိုင်းသူနှင့်ကျွန်မအဆက်အသွယ်မရှိ
တော့သလိုသူလည်း အလုပ်မှထွက်သွားခဲ့၍မတွေ့ဖြစ်တော့ပေ။
တစ်နေ့တွင်ကျွန်မသည်မိဘတွေသဘောတူထားတဲ့သူ
နှင့်လက်ထပ်ဖို့ဖြစ်လာခဲ့ပါသည်။ သူ့နာမည်ကကိုမိုးထက်တဲ့။ သူ့ မိဘတွေက မိုးကုတ်မှာကျောက်မျက်ရတနာဆိုင်ဖွင့်လှစ်ထား သည်။ သူကိုယ်တိုင်လည်း မိဘရဲ့လက်ငုတ်လက်ရင်း ဖြစ်သော
ကျောက်မျက်ရတနာလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူဖြစ်သည်။ သူတို့က မိုးကုတ် ဇာတိဖြစ်ပြီးရန်ကုန်သို့အလည်လာရင်းနှစ်ဖက်မိဘ စကားဆိုကြတာဖြစ်သည်။
အချစ်ရေးကို စိတ်ကုန်စပြုနေပြီးဖြစ်သော ကျွန်မသည် မိဘများ သဘော တူတဲ့လူနှင့်လက်ထပ်ရန်ခေါင်းညိတ်ခဲ့သည်။ သူတို့ဘက်ကစတင်ကမ်းလှမ်းလာ၍ ကျွန်မလက်ခံခဲ့တာလည်းဖြစ်ပါသည်။ သူကကျွန်မဘဝရဲ့အကောင်းမွန်ဆုံးလက် တွဲဖော်ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်၊ သူနှင့် ကျွန်မသည် အသက်အရွယ်အား ဖြင့် ငါးနှစ်လောက်ကွာသည်။ သူ့အသက်က ၃ဝ နှစ်ဖြစ်ပြီး ကျွန်မရဲ့အသက်က ၂၅ နှစ်ဖြစ်သည်။ ထို့ကြောင့် လူပျိုကြီးနှင့်အပျိုကြီးစာရင်းဝင်နေပြီဖြစ်သော ကျွန်မတို့ နှစ်ယောက်ကို မိဘများကအမြန်ဆုံးလက်ထပ်စေချင်နေပြီလေ။ ဒီတော့ နှစ်ဖက် မိဘရဲ့သဘောတူညီချက်အရ ကျွန်မတို့နှစ်ယောက်အမြန်ဆုံးလက်ထပ်ဖို့ဖြစ်လာ
ခဲ့သည်။
ကျွန်မတို့ မင်္ဂလာပွဲကို သူတို့ ဇာတိဖြစ်သော မိုးကုတ်သို့ မပြန်မီအချိန်တွင်
ရန်ကုန်မှာပဲကျင်းပဖြစ်ခဲ့ပါသည်။နာမည်ကြီးဟိုတယ်တစ်ခုမှာခန်းမငှားပြီးကျွန်မ တို့ရဲ့မင်္ဂလာပွဲလေးကို နှစ်ဖက်မိဘသဘောတူညီစွာ ကျင်းပဖြစ်ခဲ့သည်။ ကျွန်မတို့ မင်္ဂလာပွဲလေးသည် ဧည့်လာပရိသတ်တွေ့နှင့် စည်ကားသိုက်မြိုက်ခဲ့ပါသည်။
မင်္ဂလာပွဲပြီး၍အိမ်သို့ပြန်ရောက်သောအခါလူလည်း ပင်ပန်းနေပြီဖြစ်လေ သည်။ထို့ကြောင့် ကျွန်မ ရေချိုးခန်းဝင်ပြီး ရေချိုးလိုက်သည်။ မင်္ဂလာပွဲပြီးပြီးချင်း သူ့မိဘတွေကမိုးကုတ်မှာအလုပ်ကိစ္စရှိသေးလို့ဆိုပြီးပြန်ဖို့စီစဉ်နေကြသည်။ သူက တော့ သူ့မိဘတွေကိုအဝေးပြေးကားဂိတ်အထိ လိုက်ပို့ပေးလေသည်။ ထို့ကြောင့် နှစ်ဖက်မိဘများက ကျွန်မတို့နှစ်ယောက်အတွက် စီစဉ်ပေးထားသော အိမ်တွင်
ကျွန်မတစ်ယောက်တည်းဖြစ်နေသည်။
ရေချိုးလိုက်ရ၍ လူက အနည်းငယ်လန်းဆန်းသွားသည်။ ဗီရိုထဲမှအဝတ် အစားတစ်စုံထုတ်ယူ၍ လဲလှယ်လိုက်သည်။ထို့နောက်ပျင်းပျင်းရှိတာနှင့်ပင် ခုတင် ထက်ဝယ်တင်ထားသောကျွန်မတို့မင်္ဂလာပွဲအတွက်မင်္ဂလာလက်ဖွဲ့အနေနှင့်လက် ဖွဲ့ထားသည့် ပါကင် ဘူးများကို ကြည့်မိစဉ်ထိုအထဲမှ ပါကင်ဘူးတစ်ဘူးကို ယူ၍ ဖောက်ဖွင့်လိုက်သည်။ထုပ်ပိုးထားသောပါကင်ဘူးအရောင်ကအသည်းကွဲအရောင် ဖြစ်သောပန်းရောင်ဖြစ်သည်။ဖောက်ဖွင့်ကြည့်မိတော့အထဲမှထွက်လာသည်ကား ရွှေပေါင်ဘောင်ကွပ်ထားသော ပန်းချီကားတစ်ချပ်ပင်။
ထိုပန်းချီကားထဲမှာရေးဆွဲထားတဲ့ပုံရိပ်တွေကလူတစ်ယောက်လဲလျောင်း နေသောပုံစံမျိုး ရေးဆွဲထားကာ ထိုလူရဲ့ မလှမ်းမကမ်းတစ်နေရာတွင် ခပ်ချွန်ချွန် ဓားရှည်တစ်လက်၊ပြီးတော့ ထိုလူရဲ့ လက်ကောက်အစစ်ကို သုံးထားသလိုပင် အသက်ဝင်ကာ ထိတ်လန့်စေသည်။
ပထမတော့ ကျွန်မသည် ထိုပန်းချီကားချပ်ကို လွှင့်ပစ်ဖို့ စိတ်ကူးမိပါသည်။ နောက်မှကျွန်မစိတ်ထဲ အတွေးတစ်မျိုး ဝင်လာကာထိုပန်းချီကားချပ်ကို ကျွန်မတို့ အိပ်ခန်းရဲ့နံရံမှာ ချိတ်ဆွဲထားလိုက်သည်။ တကယ်တော့ မည်သည့်အထူးအဆန်း အရာဝတ္ထုကိုမဆို စိတ်ဝင်စားတတ်သော ကျွန်မရဲ့အကျင့်ကြောင့်ဖြစ်သည်။ထိုနေ့ က သူသည် အိမ်သို့ ပြန်ရောက်မလာခဲ့ချေ။ ကျွန်မသည် သူ့ကိုစောင့်ရင်း အိပ်ပျော် သွားခဲ့ပါသည်။ကျွန်မ ခုတင်ထက်ဝယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေစဉ်…

“ကလင်…ကလင်…ကလင်”
ဖုန်းမြည်သံတစ်ချက် နားထဲဝင်လာပါသည်။ ထို့ကြောင့် လန့်နိုးသွားကာ
ခုတင်ထက်ဝယ် လဲလျောင်းနေရာမှ ထထိုင်ရင်း ဘေးရှိ မြည်နေဆဲ ဟမ်းဖုန်းဆီ လက်လှမ်းလိုက်သည်။
“ဟဲလို-အမိန့်ရှိပါရှင်”
ကျွန်မသည် ဖုန်းကိုင်ရင်း အိပ်ချင်မူးတူးလေသံဖြင့် ပြောသည်။ သို့သော် တစ်ဖက်မှ ပြောစကားကြောင့်ကျွန်မရဲ့မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။ “ကိုမိုးထက်တို့အိမ်ကပါလား ခင်ဗျာ၊ ကိုမိုးထက်-ည ၁၂နာရီလောက်က ကားအက်ဆီးဒင့်ဖြစ်ပြီးဆုံးသွားပါပြီ ခင်ဗျာ”
တဲ့။ ဘုရားရေ- သူ ဆုံးသွားပြီတဲ့။ ဘယ်လိုဖြစ်ရတာပါလိမ့်။ ကျွန်မ ရင်တွေ တလှပ်လှပ်ခုန်နေကာ ခေါင်းက မိုက်ခနဲ ဖြစ်သွားသည်။ ထို့နောက် ကျွန်မရဲ့ကမ္ဘာ ဟာအမှောင်ကျသွားခဲ့ပြီ၊

ကျွန်မ သတိပြန်ရလာတော့ ဘေးတွင် ခပ်ရှည်ရှည် ပေါင်တစ်ခုကိုလက်က စမ်းမိသွားသည်။ ထိုအရာကတော့ ပန်းချီကားချပ်တစ်ချပ်ပါပဲ။ ကျွန်မ သတိ
မလစ်ခင်ကအခန်းနံရံတွင်ချိတ်ဆွဲထားသောပန်းချီကားချပ်သည်အခုခုတင်ဘေးရှိ ကြမ်းပြင်ထက်ဝယ် လဲကျနေသော ကျွန်မရဲ့ ဘေးတွင် ဘာကြောင့်ရှိနေရတာ ပါလိမ့်၊
ကျွန်မသည် အံ့ဩကြီးစွာ ပန်းချီကားချပ်ကိုကိုင်ရင်း လဲကျနေရာမှထထိုင် မိသည်။ ပန်းချီကားချပ်ကိုသေချာကြည့်မိတော့ပန်းချီကားချုပ်ရဲ့အောက်ခြေနားမှာ
အနီရောင်စကားလုံးတချို့တွေ့လိုက်ရသည်။ ထိုစကားလုံးများကတော့ ယမင်းခင် ဆိုတဲ့ နာမည်ပဲ ဖြစ်ပါသည်။ ယမင်းခင်ဆိုတာ ကျွန်မရဲ့နာမည်ပါ။ အပေါင်းအသင်း တချို့ကကျွန်မရဲ့နာမည်ကိုယမင်းပဲဖြစ်ဖြစ်၊ ခင်ပဲဖြစ်ဖြစ်ခွဲ၍ခေါ်လေ့ရှိပေမယ့်ကျွန်မ
ရဲ့အချစ်ဦးကတော့ကျွန်မရဲ့နာမည်ကိုယမင်းခင်လိုပဲအပြည့်အစုံခေါ်ခဲ့သည်။

ဒါဆို ဒီပန်းချီကားချပ်က သူပေးသွားခဲ့တာပေါ့။ ဒီပန်းချီကားချပ်နှင့် ကျွန်မ အခုရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေက ဆက်စပ်မှုရှိနေတာများလား။ ကျွန်မ အတွေးများဖြင့် ရှုပ်ထွေးနေခဲ့သည်။

ကျွန်မနှင့်လက်ထပ်ပြီးပြီးချင်း သေဆုံးသွားခဲ့သော ကိုမိုးထက်ရဲ့ဈာပနကို ကျွန်မရဲ့မိဘများကပဲ စီစဉ်ပေးခဲ့သည်။ ကိုမိုးထက်ရဲ့ မိဘများကတော့အဝေးက ပင် စိတ်မကောင်းဖြစ်ရုံကလွဲလို့ ရန်ကုန်သို့မလာနိုင်ခဲ့ပေ။ ရေဝေးသုသာန်တွင် အသုဘပို့ပြီးအပြန်တွင်အိမ်သို့ပင်တန်းပြန်ခဲ့သည်။အိမ်ရောက်တော့ကျွန်မအခန်း
ထဲဝင်ကာ အသုဘဝတ်စုံအား ဗီရိုထဲမှအဝတ်အစားတစ်စုံ ထုတ်ယူကာ လဲလှယ် လိုက်သည်။ထိုစဉ်…
“ကလင်-ကလင်-ကလင်
ခုတင်ဘေးရှိစာရေးစားပွဲပေါ်တွင်တင်ထားသောကျွန်မရဲ့ဟမ်းဖုန်းကလေး
က ထမြည်လာသည်။ ကျွန်မသည် ဟမ်းဖုန်းကလေးအား ကောက်ကိုင်လိုက်
ရင်..
“ဟဲလို-အမိန့်ရှိပါ”
“ငါပါ- နင့်သူငယ်ချင်၊ မိုးမိုး”
“ဪ- မိုး ပြော၊ ဘာကိစ္စလဲ”
“ကိစ္စကတော့ အရေးကြီးတယ် ယမင်းရေ။ နင့်သတင်းတွေလည်း ငါကြား ပါတယ်၊ နင်လည်း နင့်ကိစ္စနဲ့ နင်ရှုပ်နေတာဆိုတော့ ငါလည်းမပြောဖြစ်ခဲ့ဘူး။ အခု တော့ငါပြောမှဖြစ်တော့မယ်”
“ဘာများလဲ – မိုးရယ်၊ မထိတ်သာမလန့်သာရှိလိုက်တာ”
“နင်အရမ်းလန့်မသွားနဲ့နော်၊ ငါပြောတာတွေကို နင် စိတ်ငြိမ်ငြိမ်ထားပြီး
နားထောင်”
“နင့်ရဲ့အချစ်ဦး လပြည့်လေ၊ နင်မင်္ဂလာဆောင်တဲ့အချိန်မှာပဲ သူ့ရဲ့လက် ကောက်ဝတ်ကို ဓားနဲ့လှီးပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့”
“ဘုရားရေ – အလိုလေး”
ကျွန်မရဲ့ဟမ်းဖုန်းလေးကြမ်၊ပြင်ပေါ်သို့လွတ်ကျသွားကာကျွန်မ ခေါင်းတွေ
ချာချာလည်ကာ မူးချင်လာသည်။ တစ်ချိန်က ကျွန်မ သိပ်ချစ်ခဲ့ရသောလပြည့်တစ် ယောက် ဆုံးသွားပြီတဲ့။ လပြည့် သေဆုံးသွားတာက ရောဂါဝေဒနာကြောင့် မဟုတ် ဘဲ သူ့ကိုယ်သူ သတ်သေသွားခဲ့တာတဲ့။ ကျွန်မ မင်္ဂလာကျင်းပတဲ့အချိန်မှာလပြည့် ဆုံးတာဆိုတော့ကျွန်မရဲ့ပယောဂများ မကင်းဖြစ်နေမလား။
လေ၏အလျင်နှုန်းဖြင့်မောင်းနှင်လာသောကျွန်မရဲ့ကားလေးသည်လပြည့်
တို့ရဲ့အိမ်ရှေ့တွင် ထိုးရပ်သွားသည်။ ကျွန်မသည်ကားပေါ်မှ ဆင်းရင်း အိမ်ထဲသို့ လှမ်းဝင်ခဲ့သည်။
“ဪ- သမီးရောက်လာပြီကိုး၊ လာထိုင်ပါ”
ဧည့်ခန်းထဲရှိ ဆိုဖာခုံတွင်ထိုင်ကာ ပါဝါမျက်မှန်ထူထူကြီးတပ်ထားသော လပြည့်ရဲ့မေမေက ကျွန်မကို မြင်၍ လှမ်းပြောသည်။ ကျွန်မလည်း ရှေ့သို့ ဆက်၍ လျှောက်သွားရင်းလပြည့် မေမေရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
“အန်တီ – လပြည့်”
“ဘာမှမပြောပါနဲ့ဦး – သမီးရယ်၊ ဒီစာအုပ်ကလေးကို ဖတ်ကြည့်လိုက်ပါ။ ဒါ သားရဲ့ဒိုင်ယာရီစာအုပ်လေးပါပဲ”
လပြည့်မေမေ လှမ်းပေးလာသောလပြည့်ရဲ့ ဒိုင်ယာရီစာအုပ်ကလေးကို ကျွန်မ လက်လှမ်းယူလိုက်သည်။ထို့နောက်လပြည့်ရဲ့ဒိုင်ယာရီစာအုပ်ကလေးအား အဖုံးပွင့်ကာ ဖတ်ကြည့်မိစဉ်…
“ယမင်းခင်
မင်းကိုငါသိပ်ချစ်ပါတယ်။ ဒါပေမဲ့မင်းကငါချစ်တာကိုမယုံကြည်ခဲ့ဘူး။ မင်း ငါ့အချစ်တွေကိုနားမလည်ခဲ့ဘူး။ ငါ့မှာ မိန်းကလေးသူငယ်ချင်းတွေများပေမဲ့ ငါချစ် ခဲ့တာ မင်းတစ်ယောက်တည်းပါပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ နားလည်မှုတွေလွဲနေ တဲ့ ငါတို့နှစ်ယောက်လမ်းခွဲခဲ့ရတယ်”
ငါနဲ့ လမ်းခွဲခဲ့ပြီး သိပ်မကြာခင်မှာပဲ မင်း လက်ထပ်တော့မယ်ဆိုတဲ့ သတင်း ကြားလိုက်ရတယ်။ ငါ သိပ်အံ့ဩတယ်။ အချစ်ကို ပေါ့ပေါ့တန်တန်ထားတဲ့ မင်း၊

နောက်ပြီး ငါဆုံးဖြတ်ချက်ချခဲ့တယ်။ မင်း မချစ်တဲ့ ဒီလူလောကကြီးမှာ ငါမနေချင် တော့ဘူး။
ငါအခုလိုအဖြစ်ဆိုးမျိုးနဲ့ သေရသလိုမင်းကိုချစ်မိသူတိုင်း မင်းနဲ့ ပေါင်းဖက် ရသူတိုင်း သေရပါစေလို့ငါကျိန်ဆိုကျိန်တွယ်ခဲ့တယ်။ ဒီကျိန်စာကို ဘယ်အရာကမှ မပယ်ဖျောက်နိုင်ပါစေသား။ ဒါမင်းအတွက်ထားခဲ့တဲ့ ငါ့ရဲ့ကျိန်စာပဲ” ကျွန်မသည်ဖတ်နေသောစာအုပ်ကိုပြန်ပိတ်လိုက်ရင်းမျက်ဝန်းမှမျက်ရည်စ
တွေအိုင်ထွန်းလာခဲ့သည်။
လပြည့်ရယ်၊ ငါကလည်း နင့်ကို ချစ်ပါတယ်။ ဒါပေမဲ့ နင်ငါ့ကိုတကယ်ချစ်ခဲ့ တယ်ဆိုတာမသိခဲ့ရိုးအမှန်ပါ။ နင် – နင်- ငါ့ကြောင့်ကိုယ့်ကိုယ်ကိုယ်သတ်သေသွား ခဲ့တယ်ဆိုတာကိုရောပေါ့… ငါ တောင်းပန်ပါတယ် လပြည့်ရယ်။ နင့်ရဲ့ကျိန်စာတွေ ကြောင့်အခုငါရူးနေပါပြီ၊ နင် ကျေနပ်ပါတော့နော်။

နောက်တစ်နေ့မနက်ခင်းတွင်တော့ ဘုရားရင်ပြင်ထက်ဝယ်ဒူးတုပ်ထိုင်ကာ လက်အုပ်ချီ၍ ဘုရားဝတ်ပြုနေသော ယောဂီဝတ်စုံနှင့် ကောင်မလေးတစ်ယောက် ကိုသင်တွေ့ရပေလိမ့်မည်။ထိုကောင်မလေးသည် ဘုရားဝတ်ပြုပြီးတိုင်း နှုတ်ဖျားမှ အမျှပေးဝေနေကျ နာမည်တစ်ခုရှိသည်။ အဲဒါကတော့ လပြည့် ကောင်းရာမွန်ရာ ရောက်ပါစေတဲ့။
ထို့နောက်လက်ထပ်ပြီးပြီးချင်း ရုတ်တရက် သေဆုံးသွားတဲ့ကိုမိုးထက်…. ကိုမိုးထက်နှင့် လပြည့် ဆိုသည့် ကောင်လေးကို ရည်စူးပြီးတော့လည်း ကုသိုလ်ကောင်းမှုအမြဲပြုလုပ်ပေးလေ့ရှိသည်။ လောကီအရေးကို စိတ်ကုန်သွားပြီ ဖြစ်တဲ့ ယောဂီဝတ်စုံနှင့် လောကုတ္တရာတရားကို ကြိုးပမ်းအားထုတ်နေသော ထို ကောင်မလေးရဲ့နာမည်ကတော့ ယမင်းခင်ပါတဲ့ရှင်၊
# ထူးသင်ာအောင်

Zawgyi Version

ခ်စ္ဦးသူရဲ႕က်ိန္စာ(စ/ဆုံး)
——————————–
သူႏွင့္ ကြၽန္မသည္ ခ်စ္သူေတြ ျဖစ္ခဲ့ၾကသည္။ သူဟာ ကြၽန္မရဲ႕အခ်စ္ဦးျဖစ္ခဲ့သလိုကြၽန္မသည္လည္း သူရဲ႕အခ်စ္ဦးျဖစ္ခဲ့ ပါသည္။ သူ႔ရဲ႕နာမည္ကေတာ့တိုလျပည့္တဲ့။ ကြၽန္မႏွင့္ သူသည္ ေက်ာင္းေနဖက္သူငယ္ခ်င္းျဖစ္သလို လုပ္ေဖာ္ကိုင္ဖတ္လည္း
ျဖစ္သည္။
သူႏွင့္ကြၽန္မတို႔ အရမ္းကိုခ်စ္ခဲ့ၾကေပမယ့္ ေကာင္မေလး ေတြႏွင့္ ေရာေရာေထြးေထြးေနတတ္ေသာသူေၾကာင့္ကြၽန္မတို႔ရဲ႕ ခ်စ္သူခ်င္း ဆက္ဆံေရးၿပိဳကြဲခဲ့သည္။ ေနာက္ဆုံးတြင္အထင္လြဲမႈ ေတြသံသယေတြႏွင့္ေရွ႕မဆက္ခ်င္ေသာကြၽန္မသည္သူႏွင့္လမ္းခြဲ ဖို႔ဆုံးျဖတ္ခဲ့ပါသည္။ဒီေနာက္ပိုင္းသူႏွင့္ကြၽန္မအဆက္အသြယ္မရွိ
ေတာ့သလိုသူလည္း အလုပ္မွထြက္သြားခဲ့၍မေတြ႕ျဖစ္ေတာ့ေပ။
တစ္ေန႔တြင္ကြၽန္မသည္မိဘေတြသေဘာတူထားတဲ့သူ
ႏွင့္လက္ထပ္ဖို႔ျဖစ္လာခဲ့ပါသည္။ သူ႔နာမည္ကကိုမိုးထက္တဲ့။ သူ႔ မိဘေတြက မိုးကုတ္မွာေက်ာက္မ်က္ရတနာဆိုင္ဖြင့္လွစ္ထား သည္။ သူကိုယ္တိုင္လည္း မိဘရဲ႕လက္ငုတ္လက္ရင္း ျဖစ္ေသာ
ေက်ာက္မ်က္ရတနာလုပ္ငန္းကို ဦးစီးလုပ္ကိုင္ေနသူျဖစ္သည္။ သူတို႔က မိုးကုတ္ ဇာတိျဖစ္ၿပီးရန္ကုန္သို႔အလည္လာရင္းႏွစ္ဖက္မိဘ စကားဆိုၾကတာျဖစ္သည္။
အခ်စ္ေရးကို စိတ္ကုန္စျပဳေနၿပီးျဖစ္ေသာ ကြၽန္မသည္ မိဘမ်ား သေဘာ တူတဲ့လူႏွင့္လက္ထပ္ရန္ေခါင္းညိတ္ခဲ့သည္။ သူတို႔ဘက္ကစတင္ကမ္းလွမ္းလာ၍ ကြၽန္မလက္ခံခဲ့တာလည္းျဖစ္ပါသည္။ သူကကြၽန္မဘဝရဲ႕အေကာင္းမြန္ဆုံးလက္ တြဲေဖာ္ျဖစ္လိမ့္မည္ဟု ယုံၾကည္ခဲ့သည္၊ သူႏွင့္ ကြၽန္မသည္ အသက္အ႐ြယ္အား ျဖင့္ ငါးႏွစ္ေလာက္ကြာသည္။ သူ႔အသက္က ၃ဝ ႏွစ္ျဖစ္ၿပီး ကြၽန္မရဲ႕အသက္က ၂၅ ႏွစ္ျဖစ္သည္။ ထို႔ေၾကာင့္ လူပ်ိဳႀကီးႏွင့္အပ်ိဳႀကီးစာရင္းဝင္ေနၿပီျဖစ္ေသာ ကြၽန္မတို႔ ႏွစ္ေယာက္ကို မိဘမ်ားကအျမန္ဆုံးလက္ထပ္ေစခ်င္ေနၿပီေလ။ ဒီေတာ့ ႏွစ္ဖက္ မိဘရဲ႕သေဘာတူညီခ်က္အရ ကြၽန္မတို႔ႏွစ္ေယာက္အျမန္ဆုံးလက္ထပ္ဖို႔ျဖစ္လာ
ခဲ့သည္။
ကြၽန္မတို႔ မဂၤလာပြဲကို သူတို႔ ဇာတိျဖစ္ေသာ မိုးကုတ္သို႔ မျပန္မီအခ်ိန္တြင္
ရန္ကုန္မွာပဲက်င္းပျဖစ္ခဲ့ပါသည္။နာမည္ႀကီးဟိုတယ္တစ္ခုမွာခန္းမငွားၿပီးကြၽန္မ တို႔ရဲ႕မဂၤလာပြဲေလးကို ႏွစ္ဖက္မိဘသေဘာတူညီစြာ က်င္းပျဖစ္ခဲ့သည္။ ကြၽန္မတို႔ မဂၤလာပြဲေလးသည္ ဧည့္လာပရိသတ္ေတြ႕ႏွင့္ စည္ကားသိုက္ၿမိဳက္ခဲ့ပါသည္။
မဂၤလာပြဲၿပီး၍အိမ္သို႔ျပန္ေရာက္ေသာအခါလူလည္း ပင္ပန္းေနၿပီျဖစ္ေလ သည္။ထို႔ေၾကာင့္ ကြၽန္မ ေရခ်ိဳးခန္းဝင္ၿပီး ေရခ်ိဳးလိုက္သည္။ မဂၤလာပြဲၿပီးၿပီးခ်င္း သူ႔မိဘေတြကမိုးကုတ္မွာအလုပ္ကိစၥရွိေသးလို႔ဆိုၿပီးျပန္ဖို႔စီစဥ္ေနၾကသည္။ သူက ေတာ့ သူ႔မိဘေတြကိုအေဝးေျပးကားဂိတ္အထိ လိုက္ပို႔ေပးေလသည္။ ထို႔ေၾကာင့္ ႏွစ္ဖက္မိဘမ်ားက ကြၽန္မတို႔ႏွစ္ေယာက္အတြက္ စီစဥ္ေပးထားေသာ အိမ္တြင္
ကြၽန္မတစ္ေယာက္တည္းျဖစ္ေနသည္။
ေရခ်ိဳးလိုက္ရ၍ လူက အနည္းငယ္လန္းဆန္းသြားသည္။ ဗီ႐ိုထဲမွအဝတ္ အစားတစ္စုံထုတ္ယူ၍ လဲလွယ္လိုက္သည္။ထို႔ေနာက္ပ်င္းပ်င္းရွိတာႏွင့္ပင္ ခုတင္ ထက္ဝယ္တင္ထားေသာကြၽန္မတို႔မဂၤလာပြဲအတြက္မဂၤလာလက္ဖြဲ႕အေနႏွင့္လက္ ဖြဲ႕ထားသည့္ ပါကင္ ဘူးမ်ားကို ၾကည့္မိစဥ္ထိုအထဲမွ ပါကင္ဘူးတစ္ဘူးကို ယူ၍ ေဖာက္ဖြင့္လိုက္သည္။ထုပ္ပိုးထားေသာပါကင္ဘူးအေရာင္ကအသည္းကြဲအေရာင္ ျဖစ္ေသာပန္းေရာင္ျဖစ္သည္။ေဖာက္ဖြင့္ၾကည့္မိေတာ့အထဲမွထြက္လာသည္ကား ေ႐ႊေပါင္ေဘာင္ကြပ္ထားေသာ ပန္းခ်ီကားတစ္ခ်ပ္ပင္။
ထိုပန္းခ်ီကားထဲမွာေရးဆြဲထားတဲ့ပုံရိပ္ေတြကလူတစ္ေယာက္လဲေလ်ာင္း ေနေသာပုံစံမ်ိဳး ေရးဆြဲထားကာ ထိုလူရဲ႕ မလွမ္းမကမ္းတစ္ေနရာတြင္ ခပ္ခြၽန္ခြၽန္ ဓားရွည္တစ္လက္၊ၿပီးေတာ့ ထိုလူရဲ႕ လက္ေကာက္အစစ္ကို သုံးထားသလိုပင္ အသက္ဝင္ကာ ထိတ္လန႔္ေစသည္။
ပထမေတာ့ ကြၽန္မသည္ ထိုပန္းခ်ီကားခ်ပ္ကို လႊင့္ပစ္ဖို႔ စိတ္ကူးမိပါသည္။ ေနာက္မွကြၽန္မစိတ္ထဲ အေတြးတစ္မ်ိဳး ဝင္လာကာထိုပန္းခ်ီကားခ်ပ္ကို ကြၽန္မတို႔ အိပ္ခန္းရဲ႕နံရံမွာ ခ်ိတ္ဆြဲထားလိုက္သည္။ တကယ္ေတာ့ မည္သည့္အထူးအဆန္း အရာဝတၳဳကိုမဆို စိတ္ဝင္စားတတ္ေသာ ကြၽန္မရဲ႕အက်င့္ေၾကာင့္ျဖစ္သည္။ထိုေန႔ က သူသည္ အိမ္သို႔ ျပန္ေရာက္မလာခဲ့ေခ်။ ကြၽန္မသည္ သူ႔ကိုေစာင့္ရင္း အိပ္ေပ်ာ္ သြားခဲ့ပါသည္။ကြၽန္မ ခုတင္ထက္ဝယ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနစဥ္…

“ကလင္…ကလင္…ကလင္”
ဖုန္းျမည္သံတစ္ခ်က္ နားထဲဝင္လာပါသည္။ ထို႔ေၾကာင့္ လန႔္ႏိုးသြားကာ
ခုတင္ထက္ဝယ္ လဲေလ်ာင္းေနရာမွ ထထိုင္ရင္း ေဘးရွိ ျမည္ေနဆဲ ဟမ္းဖုန္းဆီ လက္လွမ္းလိုက္သည္။
“ဟဲလို-အမိန႔္ရွိပါရွင္”
ကြၽန္မသည္ ဖုန္းကိုင္ရင္း အိပ္ခ်င္မူးတူးေလသံျဖင့္ ေျပာသည္။ သို႔ေသာ္ တစ္ဖက္မွ ေျပာစကားေၾကာင့္ကြၽန္မရဲ႕မ်က္လုံးမ်ားျပဴးက်ယ္သြားခဲ့ရသည္။ “ကိုမိုးထက္တို႔အိမ္ကပါလား ခင္ဗ်ာ၊ ကိုမိုးထက္-ည ၁၂နာရီေလာက္က ကားအက္ဆီးဒင့္ျဖစ္ၿပီးဆုံးသြားပါၿပီ ခင္ဗ်ာ”
တဲ့။ ဘုရားေရ- သူ ဆုံးသြားၿပီတဲ့။ ဘယ္လိုျဖစ္ရတာပါလိမ့္။ ကြၽန္မ ရင္ေတြ တလွပ္လွပ္ခုန္ေနကာ ေခါင္းက မိုက္ခနဲ ျဖစ္သြားသည္။ ထို႔ေနာက္ ကြၽန္မရဲ႕ကမာၻ ဟာအေမွာင္က်သြားခဲ့ၿပီ၊

ကြၽန္မ သတိျပန္ရလာေတာ့ ေဘးတြင္ ခပ္ရွည္ရွည္ ေပါင္တစ္ခုကိုလက္က စမ္းမိသြားသည္။ ထိုအရာကေတာ့ ပန္းခ်ီကားခ်ပ္တစ္ခ်ပ္ပါပဲ။ ကြၽန္မ သတိ
မလစ္ခင္ကအခန္းနံရံတြင္ခ်ိတ္ဆြဲထားေသာပန္းခ်ီကားခ်ပ္သည္အခုခုတင္ေဘးရွိ ၾကမ္းျပင္ထက္ဝယ္ လဲက်ေနေသာ ကြၽန္မရဲ႕ ေဘးတြင္ ဘာေၾကာင့္ရွိေနရတာ ပါလိမ့္၊
ကြၽန္မသည္ အံ့ဩႀကီးစြာ ပန္းခ်ီကားခ်ပ္ကိုကိုင္ရင္း လဲက်ေနရာမွထထိုင္ မိသည္။ ပန္းခ်ီကားခ်ပ္ကိုေသခ်ာၾကည့္မိေတာ့ပန္းခ်ီကားခ်ဳပ္ရဲ႕ေအာက္ေျခနားမွာ
အနီေရာင္စကားလုံးတခ်ိဳ႕ေတြ႕လိုက္ရသည္။ ထိုစကားလုံးမ်ားကေတာ့ ယမင္းခင္ ဆိုတဲ့ နာမည္ပဲ ျဖစ္ပါသည္။ ယမင္းခင္ဆိုတာ ကြၽန္မရဲ႕နာမည္ပါ။ အေပါင္းအသင္း တခ်ိဳ႕ကကြၽန္မရဲ႕နာမည္ကိုယမင္းပဲျဖစ္ျဖစ္၊ ခင္ပဲျဖစ္ျဖစ္ခြဲ၍ေခၚေလ့ရွိေပမယ့္ကြၽန္မ
ရဲ႕အခ်စ္ဦးကေတာ့ကြၽန္မရဲ႕နာမည္ကိုယမင္းခင္လိုပဲအျပည့္အစုံေခၚခဲ့သည္။

ဒါဆို ဒီပန္းခ်ီကားခ်ပ္က သူေပးသြားခဲ့တာေပါ့။ ဒီပန္းခ်ီကားခ်ပ္ႏွင့္ ကြၽန္မ အခုရင္ဆိုင္ေနရတဲ့ အျဖစ္အပ်က္ေတြက ဆက္စပ္မႈရွိေနတာမ်ားလား။ ကြၽန္မ အေတြးမ်ားျဖင့္ ရႈပ္ေထြးေနခဲ့သည္။

ကြၽန္မႏွင့္လက္ထပ္ၿပီးၿပီးခ်င္း ေသဆုံးသြားခဲ့ေသာ ကိုမိုးထက္ရဲ႕ဈာပနကို ကြၽန္မရဲ႕မိဘမ်ားကပဲ စီစဥ္ေပးခဲ့သည္။ ကိုမိုးထက္ရဲ႕ မိဘမ်ားကေတာ့အေဝးက ပင္ စိတ္မေကာင္းျဖစ္႐ုံကလြဲလို႔ ရန္ကုန္သို႔မလာႏိုင္ခဲ့ေပ။ ေရေဝးသုသာန္တြင္ အသုဘပို႔ၿပီးအျပန္တြင္အိမ္သို႔ပင္တန္းျပန္ခဲ့သည္။အိမ္ေရာက္ေတာ့ကြၽန္မအခန္း
ထဲဝင္ကာ အသုဘဝတ္စုံအား ဗီ႐ိုထဲမွအဝတ္အစားတစ္စုံ ထုတ္ယူကာ လဲလွယ္ လိုက္သည္။ထိုစဥ္…
“ကလင္-ကလင္-ကလင္
ခုတင္ေဘးရွိစာေရးစားပြဲေပၚတြင္တင္ထားေသာကြၽန္မရဲ႕ဟမ္းဖုန္းကေလး
က ထျမည္လာသည္။ ကြၽန္မသည္ ဟမ္းဖုန္းကေလးအား ေကာက္ကိုင္လိုက္
ရင္..
“ဟဲလို-အမိန႔္ရွိပါ”
“ငါပါ- နင့္သူငယ္ခ်င္၊ မိုးမိုး”
“ဪ- မိုး ေျပာ၊ ဘာကိစၥလဲ”
“ကိစၥကေတာ့ အေရးႀကီးတယ္ ယမင္းေရ။ နင့္သတင္းေတြလည္း ငါၾကား ပါတယ္၊ နင္လည္း နင့္ကိစၥနဲ႔ နင္ရႈပ္ေနတာဆိုေတာ့ ငါလည္းမေျပာျဖစ္ခဲ့ဘူး။ အခု ေတာ့ငါေျပာမွျဖစ္ေတာ့မယ္”
“ဘာမ်ားလဲ – မိုးရယ္၊ မထိတ္သာမလန႔္သာရွိလိုက္တာ”
“နင္အရမ္းလန႔္မသြားနဲ႔ေနာ္၊ ငါေျပာတာေတြကို နင္ စိတ္ၿငိမ္ၿငိမ္ထားၿပီး
နားေထာင္”
“နင့္ရဲ႕အခ်စ္ဦး လျပည့္ေလ၊ နင္မဂၤလာေဆာင္တဲ့အခ်ိန္မွာပဲ သူ႔ရဲ႕လက္ ေကာက္ဝတ္ကို ဓားနဲ႔လွီးၿပီး သူ႔ကိုယ္သူ သတ္ေသသြားခဲ့တယ္တဲ့”
“ဘုရားေရ – အလိုေလး”
ကြၽန္မရဲ႕ဟမ္းဖုန္းေလးၾကမ္၊ျပင္ေပၚသို႔လြတ္က်သြားကာကြၽန္မ ေခါင္းေတြ
ခ်ာခ်ာလည္ကာ မူးခ်င္လာသည္။ တစ္ခ်ိန္က ကြၽန္မ သိပ္ခ်စ္ခဲ့ရေသာလျပည့္တစ္ ေယာက္ ဆုံးသြားၿပီတဲ့။ လျပည့္ ေသဆုံးသြားတာက ေရာဂါေဝဒနာေၾကာင့္ မဟုတ္ ဘဲ သူ႔ကိုယ္သူ သတ္ေသသြားခဲ့တာတဲ့။ ကြၽန္မ မဂၤလာက်င္းပတဲ့အခ်ိန္မွာလျပည့္ ဆုံးတာဆိုေတာ့ကြၽန္မရဲ႕ပေယာဂမ်ား မကင္းျဖစ္ေနမလား။
ေလ၏အလ်င္ႏႈန္းျဖင့္ေမာင္းႏွင္လာေသာကြၽန္မရဲ႕ကားေလးသည္လျပည့္
တို႔ရဲ႕အိမ္ေရွ႕တြင္ ထိုးရပ္သြားသည္။ ကြၽန္မသည္ကားေပၚမွ ဆင္းရင္း အိမ္ထဲသို႔ လွမ္းဝင္ခဲ့သည္။
“ဪ- သမီးေရာက္လာၿပီကိုး၊ လာထိုင္ပါ”
ဧည့္ခန္းထဲရွိ ဆိုဖာခုံတြင္ထိုင္ကာ ပါဝါမ်က္မွန္ထူထူႀကီးတပ္ထားေသာ လျပည့္ရဲ႕ေမေမက ကြၽန္မကို ျမင္၍ လွမ္းေျပာသည္။ ကြၽန္မလည္း ေရွ႕သို႔ ဆက္၍ ေလွ်ာက္သြားရင္းလျပည့္ ေမေမရဲ႕ေဘးမွာ ဝင္ထိုင္လိုက္သည္။
“အန္တီ – လျပည့္”
“ဘာမွမေျပာပါနဲ႔ဦး – သမီးရယ္၊ ဒီစာအုပ္ကေလးကို ဖတ္ၾကည့္လိုက္ပါ။ ဒါ သားရဲ႕ဒိုင္ယာရီစာအုပ္ေလးပါပဲ”
လျပည့္ေမေမ လွမ္းေပးလာေသာလျပည့္ရဲ႕ ဒိုင္ယာရီစာအုပ္ကေလးကို ကြၽန္မ လက္လွမ္းယူလိုက္သည္။ထို႔ေနာက္လျပည့္ရဲ႕ဒိုင္ယာရီစာအုပ္ကေလးအား အဖုံးပြင့္ကာ ဖတ္ၾကည့္မိစဥ္…
“ယမင္းခင္
မင္းကိုငါသိပ္ခ်စ္ပါတယ္။ ဒါေပမဲ့မင္းကငါခ်စ္တာကိုမယုံၾကည္ခဲ့ဘူး။ မင္း ငါ့အခ်စ္ေတြကိုနားမလည္ခဲ့ဘူး။ ငါ့မွာ မိန္းကေလးသူငယ္ခ်င္းေတြမ်ားေပမဲ့ ငါခ်စ္ ခဲ့တာ မင္းတစ္ေယာက္တည္းပါပဲ။ ဒါေပမဲ့ ေနာက္ဆုံးေတာ့ နားလည္မႈေတြလြဲေန တဲ့ ငါတို႔ႏွစ္ေယာက္လမ္းခြဲခဲ့ရတယ္”
ငါနဲ႔ လမ္းခြဲခဲ့ၿပီး သိပ္မၾကာခင္မွာပဲ မင္း လက္ထပ္ေတာ့မယ္ဆိုတဲ့ သတင္း ၾကားလိုက္ရတယ္။ ငါ သိပ္အံ့ဩတယ္။ အခ်စ္ကို ေပါ့ေပါ့တန္တန္ထားတဲ့ မင္း၊

ေနာက္ၿပီး ငါဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ မင္း မခ်စ္တဲ့ ဒီလူေလာကႀကီးမွာ ငါမေနခ်င္ ေတာ့ဘူး။
ငါအခုလိုအျဖစ္ဆိုးမ်ိဳးနဲ႔ ေသရသလိုမင္းကိုခ်စ္မိသူတိုင္း မင္းနဲ႔ ေပါင္းဖက္ ရသူတိုင္း ေသရပါေစလို႔ငါက်ိန္ဆိုက်ိန္တြယ္ခဲ့တယ္။ ဒီက်ိန္စာကို ဘယ္အရာကမွ မပယ္ေဖ်ာက္ႏိုင္ပါေစသား။ ဒါမင္းအတြက္ထားခဲ့တဲ့ ငါ့ရဲ႕က်ိန္စာပဲ” ကြၽန္မသည္ဖတ္ေနေသာစာအုပ္ကိုျပန္ပိတ္လိုက္ရင္းမ်က္ဝန္းမွမ်က္ရည္စ
ေတြအိုင္ထြန္းလာခဲ့သည္။
လျပည့္ရယ္၊ ငါကလည္း နင့္ကို ခ်စ္ပါတယ္။ ဒါေပမဲ့ နင္ငါ့ကိုတကယ္ခ်စ္ခဲ့ တယ္ဆိုတာမသိခဲ့႐ိုးအမွန္ပါ။ နင္ – နင္- ငါ့ေၾကာင့္ကိုယ့္ကိုယ္ကိုယ္သတ္ေသသြား ခဲ့တယ္ဆိုတာကိုေရာေပါ့… ငါ ေတာင္းပန္ပါတယ္ လျပည့္ရယ္။ နင့္ရဲ႕က်ိန္စာေတြ ေၾကာင့္အခုငါ႐ူးေနပါၿပီ၊ နင္ ေက်နပ္ပါေတာ့ေနာ္။

ေနာက္တစ္ေန႔မနက္ခင္းတြင္ေတာ့ ဘုရားရင္ျပင္ထက္ဝယ္ဒူးတုပ္ထိုင္ကာ လက္အုပ္ခ်ီ၍ ဘုရားဝတ္ျပဳေနေသာ ေယာဂီဝတ္စုံႏွင့္ ေကာင္မေလးတစ္ေယာက္ ကိုသင္ေတြ႕ရေပလိမ့္မည္။ထိုေကာင္မေလးသည္ ဘုရားဝတ္ျပဳၿပီးတိုင္း ႏႈတ္ဖ်ားမွ အမွ်ေပးေဝေနက် နာမည္တစ္ခုရွိသည္။ အဲဒါကေတာ့ လျပည့္ ေကာင္းရာမြန္ရာ ေရာက္ပါေစတဲ့။
ထို႔ေနာက္လက္ထပ္ၿပီးၿပီးခ်င္း ႐ုတ္တရက္ ေသဆုံးသြားတဲ့ကိုမိုးထက္…. ကိုမိုးထက္ႏွင့္ လျပည့္ ဆိုသည့္ ေကာင္ေလးကို ရည္စူးၿပီးေတာ့လည္း ကုသိုလ္ေကာင္းမႈအၿမဲျပဳလုပ္ေပးေလ့ရွိသည္။ ေလာကီအေရးကို စိတ္ကုန္သြားၿပီ ျဖစ္တဲ့ ေယာဂီဝတ္စုံႏွင့္ ေလာကုတၱရာတရားကို ႀကိဳးပမ္းအားထုတ္ေနေသာ ထို ေကာင္မေလးရဲ႕နာမည္ကေတာ့ ယမင္းခင္ပါတဲ့ရွင္၊
# ထူးသင္ာေအာင္