ခွန်ဆန်လောနဲ့နန်းဦးပျဉ်(စ/ဆုံး)

Unicode Version

ခွန်ဆန်လောနဲ့နန်းဦးပျဉ်(စ/ဆုံး)
—————————————-
ဇာတ်ကြောင်းလေးတနေရာမှာမှားခဲ့ရင်လည်းအမှန်ပြန်ပြင်ပေးကြပါနော်။ ဒဏ္ဍာရီလေးကတော့ဒီလိုပါ
“ဟိုတခါတုန်းက ကျိုင်းတောင်းမှာ အရမ်းချမ်းသာတဲ့ မိသားစုတစ်ခုရှိတယ်တဲ့
မိသားစုဝင်သုံးယောက်ရှိတာတဲ့ အဖေရယ် အမေရယ် သားရယ်ပေါ့နော်..
သူ့သားနာမည်က ခွန်စံလောတဲ့ကွဲ့
ခွန်စံလောက်အသက်အရွယ်ရလာချိန်မှာ မိခင်က အိမ်ထောင်ချပေးချင်တာတဲ့
အဲ့ဒါနဲ့ကျိုင်းတောင်းမှာရှိတဲ့ နန်းဦးပဲန်း (င်္ပမ်း) ဆိုတဲ့ကောင်မလေးနဲ့ အိမ်ထောင်ချပေးချင်တာပေါ့နော် ….အဲ့ဒီကောင်မလေးက အလုပ်လုပ်တာတော်တယ်….

ပြီးတော့ သူလည်းခွန်စံလောကို ကြိတ်ကြိုက်နေတာပေါ့နော် အဲ့ဒါ ခွန်စံလော အမေကို နေ့တိုင်းဆိုသလို မျက်စိကျအောင် အလုပ်တွေဘာတွေ လုပ်ကူပေါ့နော်…
ဒါပေမဲ့ ခွန်စံလောက သူ့ကိုလုံးဝမကြိုက်ဘူး
သူ့အမေကတော့ သူ့သားကို နေ့တိုင်းတိုက်တွန်းပါရဲ့ ဒါပေမဲ့ ခွန်စံလောလည်း ဒီအရာကို ဘယ်လိုကျော်ဖြတ်နိုင်မှာလဲဆိုတာ နေ့တိုင်းစဉ်းစားတာပေါ့နော်…..
အဲ့ဒါနဲ့အကြံတစ်ခုရလာတယ်တဲ့
အဲ့ဒါကတော့ သူ့အပေါင်းအသင်းတွေနဲ့အတူ ရှမ်းပြည်အနှံ့ နွားပေါင်း ၅၀၀ နှင့်အတူ လက်ဖက် ကုန်ကူးတာပေါ့နော်…..
သူ က သူ့အမေကိုပြောတာတဲ့ မေမေ ကျွန်တော် စီးပွားရှာချင်သေးတယ်
ကျွန်တော် ခရီးက ပြန်လာမှ ကြည့်စဉ်းစားတာပေါ့တဲ့ ဒီမင်္ဂလာကိစ္စတဲ့
အဲ့ဒါ သူ့အမေလည်း သဘောတူလိုက်တာတဲ့ကွယ်….
ခွန်စံလောလည်း သူ့အပေါင်းအပါတွေနဲ့အတူ စပြီး ခရီးဆန့်ကြတာပေါ့နော်…..
သူ ကုန်ကူးသန်းရောင်းဝယ်ရေးလုပ်ပြီးဖြတ်သန်းတဲ့ မြို့တွေကတော့ သီပေါမြို့လည်းပါတာပေါ့နော်…..
အဲ့ဒီမြို့မှာ သူကောင်မလေးတစ်ယောက်နဲ့လည်း ရည်းစားဖြစ်ခဲ့သေးတယ်တဲ့ကွဲ့…
အဲ့ဒီအချိန်မှာ ခွန်စံလောဟာ အသက်အရွယ်ငယ်ပေမဲ့ စီးပွားတွေ ဘာတွေလုပ်တတ်တော့ ရှမ်းပြည်မှာ နာမည်ကြီးနေတာတဲ့ကွယ်….
ခရီးသွားရင်း သွားရင်းနောက်ဆုံးတော့ နန်းဦးပျဉ်နေတဲ့မိုင်းကိုင်မြို့ကိုရောက်လာတာတဲ့ကွယ်…..
ခွန်စံလောက ဘယ်လောက်ချောကြောင်း
ဘယ်လောက်တော်ကြောင်း မိုင်းကိုင်သူ မိုင်းကိုင်သားတွေက အရမ်းအားကျတာပေါ့နော် ချီးကျူးသံ ချီးမွမ်းသံလည်း အမြဲကြားနေရတာပေါ့နော်……
အဲ့ဒီအချိန်မှာ မိုင်းကိုင်မြို့အနောက်ဘက်နေ ဝမ်းလိန်း ကျေးရွာမှ နန်းဦးပျဉ်ဆိုတဲ့ကောင်မလေးလည်း သူများဒီလောက်ချီးကျူးတာကိုသူလည်း မြင်ဖူးချင်လေရဲ့ ဆိုပြီး မိုင်းကိုင်မြို့ဈေးမှာ ဈေးဝယ်ထွက်ရင်း ခွန်စံလောကို ရှာဖွေ မိတယ်တဲ့ကွယ်…..
အဲ့ချိန်မှာ ခွန်စံလောလည်း ဈေးထဲမှာ ရှိနေတုန်းဆိုတော့ သူတို့နှစ်ဦးတွေ့.ဆုံသွားသတဲ့ကွယ်…..
အဲ့ဒီအချိန်မှာတစ်ယောက်နှစ်တစ်ယောက်ကြည့်တဲ့အကြည့်ဟာ မိုင်းကိုင်ဈေးတိုင်တွေတောင် ယိုင်သွားသတဲ့ ဒါကြောင့် မိုင်းကိုင်မြို့ကို အရင်က မိုင်းကိန်း (မိူင်းဂိုင်း) (ယိုင်မြို့)လို့ခေါ်ပြီး နောက်ပိုင်းမှာ (မိုင်းကိုင် ) (မိူင်းဂိုင်) လို့ဖြစ်လာပါတယ်…..
နောက်နေ့လည်းရောက်ရော ခွန်စံလောက နန်းဦးပျဉ်ကို သဘောကျကြောင်းသူငယ်ချင်းအပေါင်းအပါတွေ ပြောပြတော့ သူငယ်ချင်းတွေလည်း တိုက်တွန်းတာပေါ့နော် သူ့အချစ်ရေး ဆိုအောင် ဘာညာသလကာ ကွိကွပေါ့…..
ခွန်စံလောလည်းစပြီး ချည်းကပ်တာပေါ့နော်..
သူတို့ဆုံတွေ့နေတဲ့ နေရာမှာတော့ မိုင်းကိုင်မြို့တိမ်းချောင်း နားမှာဆိုတော့ ခွန်စံလောပြောတာ နန်းဦးပျဉ် ကောင်းကောင်းမကြားရတော့ သူမက တိမ်းချောင်းကို တိမ်းချောင်းရယ် တိတ်တိတ်နေပေးပါလား ….နင့်အစ်ကိုခွန်စံလော ပြောသွားတာ ငါဘာမှ မကြားရဘူးကွယ် တဲ့……
အဲ့ချိန်ကစပြီး တိန်းချောင်းက အခုထက်ထိ တိတ်ဆိတ်ငြိမ်သက်နေလေရဲ့……
အဲ့ဒီတိန်းချောင်းဟာ ရှမ်းပြည် လင်းခေးမြို့အထိ စီးဆင်းတဲ့ ချောင်းရေတစ်ခုပါ…
အဲ့ဒီနောက်ပိုင်း ခွန်စံလောနဲ့နန်းဦးပျဉ် ချစ်ကျွမ်းဝင်သွားကြတာပေါ့နော်…
တစ်နေ့ခွန်စံလောက နန်းဦးပျဉ် မိသားစုတွေနဲ့တွေ့ဆုံပြီး သူ ကျိုင်းတောင်းကိုပြန်ပြီး မိဘတွေနဲ့အတူလာတောင်းရမ်းမယ်တို့ဘာတို့ပြောတော့ နန်းဦးပျဉ်မိဘလည်း လက်ခံတာတဲ့….
အဲ့ဒါ ခွန်စံလောက ကျိုင်းတောင်းကိုပြန်သွားပါလေရော
သူ့အမေကို အကြောင်းဆုံပြောပြတော့ သူ့အမေက လုံးဝသဘောမတူဘူးတဲ့ ခွန်စံလောလည်း နန်းဦးပျဉ်မှ နန်းဦးပျဉ်ပဲတဲ့ကွယ်….
နန်းဦးပျဉ်က ဘယ်လောက်လိမ္မာယဉ်ကျေးကြောင်း ရေပေါ်မှာ လမ်းလျှောက်ရင်တောင် ရေက လှိုင်းလုံးအထတဲ့အပြင် တုတ်တုတ်မှ မလုပ်တဲ့အထိ
နူး ညံ့တိမ်မွေ့ကြောင်း
ဒါပေမဲ့ သူ့စကားလုံးတွေက သူ့မိခင်ရဲ့စိတ်ကို လုံး၀ အနိုင်မရနိုင်ဘူး…..
နောက်ဆုံးတော့ သူက သူ့ဦးလေးကို အကူအညီတောင်းတာပေါ့နော် ..
သူ့ဦးလေးလည်း သဘောတူပြီး သူနဲ့အတူ မိုင်းကိုင်ကိုခရီးထွက်သွားကြတာတဲ့ကွယ်…
နောက်ဆုံး မိုင်းကိုင်ရောက်ရော မင်္ဂလာကိစ္စတွေ လုပ်အပြီး ခွန်စံလောက နေခဲ့ပြီး သူ့ဦးလေးသာ ပြန်သွားခဲ့တာတဲ့…
အဲ့ဒါနဲ့လအနည်းငယ်ကြာသွားတဲ့အခါမှာ နန်းဦးပျဉ်ရင်သွေးရသွားတာပေါ့နော်…
အဲ့ချိန်မှာ ခွန်စံလောလည်း သူ့မိဘတွေကိုအရမ်း သတိရတာတဲ့ကွယ် အဲ့ဒါကို ကျိုင်းတောင်းကို အတူတူပြန်မယ်လို့နန်းဦးပျဉ်ကို တိုင်ပင်တာတဲ့ နန်းဦးပျဉ်လည်းသူချစ်တဲ့သူ သွားလေရာမှာ လိုက်ပါမယ်ဟုပြောပြီး လိုက်သွားတာတဲ့ကွယ်….
နွားလှည်းတွေနဲ့ခရီးထွက်ကြတာပေါ့နော်….
နောက်ဆုံးကျိုင်းတောင်းလည်းရောက်ရော နန်းဦးပျဉ်ရဲ့ယောက္ခမဟာနန်းဦးပျဉ်က ဘယ်လောက်ချောကြောင်း ချီးမွမ်းတာတဲ့ ချစ်ဟန်ဆောင်တာပေါ့နော် အဲ့ဒါနဲ့
သူ့သားကိုပြောတာတဲ့ကွယ် …
သားရယ် နင့်မိန်းမနဲ့သူ့အပေါင်းအပါတွေ ခရီးပန်းရောပေါ့ ဟင်းဟောင်းလည်းမရှိဘူး အဲ့ဒါ အသားရွာ ငါရွာသွားပြီး အသားငါးလေးရှာခဲ့ မရရအောင်ရှာခဲ့ မေမေက မေ့မေ့ချွေးမကိုကိုချက်ကျွေးမယ်တဲ့ကွယ်….
ဒါပေမဲ့ ခွန်စံလော အမေက စီစဉ်ထားပြီးသား အသားငါးရောင်းတဲ့ရွာကိုသွားပြီး အသားငါးမရောင်းပါနဲ့ဆိုပြီး ပိုက်ဆံတွေ ပေးထားတာတဲ့ကွယ်….
အဲ့ဒါခွန်စံလောလည်းသွားရှာတာပေါ့နော် ခွန်စံလောက ထမင်းစားချိန်တောင် ရောက်မလာနိုင်သေးဘူးတဲ့ကွယ်..
အဲ့ဒါနဲ့ ခွန်စံလောအမေက ကဲကွယ် သမီးတို့်လည်းဆာရောပေါ့ ရှိတာလေးနဲ့စားမယ်လေတဲ့ သမီးတို့မောပန်းလာတော့ နားဦးပေါ့နော် …
အမေပဲ ပြင်ဆင်လိုက်မယ်တဲ့..
ပြင်ဆင်လည်းပြီးရော နန်းဦးပျဉ်လည်း သူ့အပေါင်းအပါတွေနဲ့အတူ ထမင်းဝိုင်းမှာထမင်းစားကြတာပေါ့နော် ခွန်စံလောမေမေက ထမင်းဝင်မစားဘူးအဲ့ချိန်
အရင်တုန်းက ထမင်းစားရင် လက်တွေနဲ့ပဲစားတာကို
နန်းဦးပျဉ်က ထမင်းကို လက်နဲ့လှမ်းအယူ ထမင်းပုံထဲမှာ အပ်ချောင်းတွေ ထိုးထားတော့ သူ့လက်ကို ထိုးမိတာတဲ့ကွယ်…
သူလည်း ဒါဟာ မတော်တဆပါဆိုပြီး ဘာမှကို မပြောဖြစ်ဘူးတဲ့
ပြီးတော့ သူ့မေမေက ဒီနေ့သမီးတို့ စရောက်တယ်ဆိုတော့ ဘုရားပန်းအိုးလည်းရအောင် ရေလေးဘာလေးသွားရှာပြီးတော့ ဘုရားပန်းအိုးလည်းကြဦးလေ သမီးတဲ့ကွယ်….
နန်းဦးပျဉ်ကလည်း သူ့အပေါင်းအပါနှင့်အတူ ရေလေးပုခုံးပေါ်ထမ်းပြီးလက်မှာလည်း ဘုရားပန်းတွေ ကိုင်ရင်း အိမ်အပေါ်ထပ်ကို တက်ဖို့ လှေကားပေါ်မှာ ခြေလှမ်းစလှမ်းတာပေါ့နော် …
ထိပ်ဆုံးရောက်ခါနီး လှေကားက ပြိုကျတာတဲ့ကွယ်
နောက်ဆုံးတော့ ဝမ်းမှာလွယ်ထားတဲ့ကလေး တစ်ခုခုဖြစ်သွားပြီဆိုတာလည်း သူသိလိုက်တယ် သွေးတွေ ဘာတွေပေါ့နော်..
ဒါဟာ သွေးရိုးသားရိုးတော့မဟုတ်ဘူး လုပ်ကြံနေတာလို့သိလည်းသိရော နန်းဦးပျဉ်ဟာ သူ့အပေါင်းအပါတွေနဲ့အတူ မိုင်းကိုင်ပြန်ဖို့စိတ်ဆုံးဖြတ်ကြတာတဲ့ကွယ် …
ငိုယိုပြီးတော့ ပြန်သွားတာပေါ့နော်…
နောက်ဆုံး ညအချိန်လည်းရောက်ရော ခွန်စံလောက ရောက်လာတာတဲ့ လက်ထဲမှာလည်း အသားငါးတွေနဲ့ပေါ့နော် သူ့မိန်းမစားဖို့ဆိုပြီး ခက်ခက်ခဲခဲရှာထားရတာကို
အိမ်မှာလည်းရောက်ရော တိတ်ဆိတ်နေတာပဲ …
အဲ့ဒါ သူ့မေမေကို မေးတာပေါ့နော် ကျွန်တော့မိန်းမဘယ်ရောက်သွားလဲတဲ့ …
သူ့မေမေက ငါ့က နင့်မိန်းမကို လိုက်ထိန်းတာမှ မဟုတ်တာ ငါဘယ်သိမှာလဲတဲ့…
ခွန်စံလောလည်းစိတ်ပူပြီးအမေ တစ်ခုခုလုပ်လိုက်တာလားတဲ့ ..
ငါဘာမှမလုပ်ဘူးတဲ့…
ခွန်စံလောလည်းမသင်္ကာလို့ဘေးအိမ်ကလူတွေ မေးတာတဲ့
ဘေးအိမ်ကလူလည်း မိသဘူး သူ တို့ငိုယိုပြီးထွက်သွားတာတော့တွေ့လိုက်တယ်တဲ့…
အဲ့ဒါ ခွန်စံလောလည်း လှေခါးမှာ သွေးတွေ တွေ့တော့ သိလိုက်တယ်…
သူ့မေမေရဲ့လက်ချက်ဆိုတာ
စိတ်ပူပြီး ရွှေငွေ အနည်းငယ်ယူပြီး သူ့မိန်းမတွေ နောက် လိုက်သွားသတဲ့ကွယ်…
နန်းဦးပျဉ်က အိမ်အပြန်လမ်းတစ်ဝက်လည်းရောက်ရေဗာ ဗိုက်အရမ်းနာတော့ ကလေးမွေးချပါလေရော မွေးမွေးချင်းကလေးက အသက်မပါဘူးတဲ့ကွယ်… သူက သူ့ကလေးကို နမ်းပြီး နင့်ဖေဖေကို အော်ခေါ်ပါတော့ကလေးရယ်တဲ့
အဲ့ဒါနဲ့ကလေးဝိညာဉ်လေးဟာ ဥသြငှက် ဖြစ်သွားပြီး ချက်ချင်းဆိုသလို ပေါဟွေ ပေါဟွေ ဆိုပြီး အော်ခေါ်တော့သတဲ့ကွယ်….
နန်းဦးပျဉ်တို့လည်း ခရီးထပ်ဆက်ကြတာတဲ့
ခွန်စံလောကလည်း သူ့မြင်းကို အသာကုန် မောင်းပြီး ရိုက်ပြီး နန်းဦးပျဉ်တို့နောက် လိုက်တာပေါ့နော်…
နောက်ဆုံးသူ့မြင်းအမောဆို့ပြီး သေဆုံးတဲ့အထိ ပေါ့နော်..
တောလည်ခေါင်မှာရောက်ရော သစ်ပင်ငုတ်တိုပေါ်မှာ သူ့သားကိုတွေ့လိုက်ရသတဲ့ကွယ်…
ပြီးတော့ ဥသြကလည်း ပေါဟွေး ပေါဟွေး လို့လည်း တောတစ်ခုလုံးဆူညံနေတာတဲ့
နောက်ဆုံးသူဆက်ပြီး ခရီးဆက်တာပေါ့နော….
် မိုင်းကိုင်မြို့ ဝမ်းလိန်းကျေးရွာလည်းရောက်ရော ရွာသူရွာသားတွေက သူ တို့အချစ်တော် နန်းဦးပျဉ်ဆုံးတာဟာ သူ့ကြောင့်ဆိုပြီး နန်းဦးပျဉ်ဈာပနာထဲကို ပေးမဝင်ဘူးတဲ့ သူလည်း နောက်ဆုံး ကြံရာမရပါလာတဲ့ ပိုက်ဆံတွေ ရွှေငွေတွေ ကျဲပစ်လိုက်တာပေါ့နော်….
လူတွေက အဲ့ဒါတွေကို လုနေတဲ့အချိန်မှာ ခွန်စံလောက နန်းဦးပျဉ် အလောင်းရှိရာသို့ဝင်သွားလိုက်တာတဲ့ကွယ်….
သူ့မိန်းမ လဲလျောင်းနေတာကို တွေ့ပြီး သူလည်း အတူတူေ*သ မယ်ဆိုပြီး ပါလာတဲ့ဓား ရှည်ကိုထုတ်ရင် သူ့ ရ*င်ဝမှာ ထိုး ပ*စ်လိုက်တာတဲ့ကွယ်…
နောက်ဆုံး ခွန်စံလောအမေကဒီသီတင်းကို ကြားလည်းကြားရော ဒီလောက်ထိချစ်နေကြသလား နောင်ဘဝအထိတောင် နင်တို့ကို ပေးမပေါင်းစေရဘူးဆိုပြီး သူတို့ကိုမြုပ်ခဲ့တဲ့ ဝမ်းလိန်းရွာကို လိုက်လာပြီး ဝါးဆစ်သုံးဆစ်နဲ့ သူတို့ကို မြုပ်ထားတဲ့ အုတ်ဂူနှစ်ခုကြား ခြားထားလိုက်တာတဲ့…
ချစ်သူနှစ်ယောက်က ကောင်းကင်ပေါ်မှာ ကြယ်နှစ်လုံးဖြစ်သွားပြီး အလယ်မှာ ကြယ်သုံးလုံးခြားနေတာကို တွေ့ရမှာပါ လမိုက်ညဆိုရင် ပိုပြီးတောင် မြင်သာပါသေးတယ် …
ခွန်စံလောနဲ့ ကြယ်လေးဟာ သွေးတွေနဲ့ေ*သ ဆုံးရသောကြောင့် သူ့ရဲ့ကြယ်လေးဟာ အနီရောင်လေးပါ တစ်ခါလောက်တော့ ရှာကြည့်လိုက်ပေါ့ မတွေ့ဖူးသောသူများ
သွားရောက်ချင်တယ်ဆိုရင် မိုင်းကိုင်မြို့မှာရှိပါတယ်။

Zawgyi Version

ခြန္ဆန္ေလာနဲ႔နန္းဦးပ်ဥ္(စ/ဆံုး)
—————————————-
ဇာတ္ေၾကာင္းေလးတေနရာမွာမွားခဲ့ရင္လည္းအမွန္ျပန္ျပင္ေပးၾကပါေနာ္။ ဒ႑ာရီေလးကေတာ့ဒီလိုပါ
“ဟိုတခါတုန္းက က်ိဳင္းေတာင္းမွာ အရမ္းခ်မ္းသာတဲ့ မိသားစုတစ္ခုရွိတယ္တဲ့
မိသားစု၀င္သုံးေယာက္ရွိတာတဲ့ အေဖရယ္ အေမရယ္ သားရယ္ေပါ့ေနာ္..
သူ႔သားနာမည္က ခြန္စံေလာတဲ့ကြဲ႕
ခြန္စံေလာက္အသက္အ႐ြယ္ရလာခ်ိန္မွာ မိခင္က အိမ္ေထာင္ခ်ေပးခ်င္တာတဲ့
အဲ့ဒါနဲ႔က်ိဳင္းေတာင္းမွာရွိတဲ့ နန္းဦးပဲန္း (ပၤမ္း) ဆိုတဲ့ေကာင္မေလးနဲ႔ အိမ္ေထာင္ခ်ေပးခ်င္တာေပါ့ေနာ္ ….အဲ့ဒီေကာင္မေလးက အလုပ္လုပ္တာေတာ္တယ္….

ၿပီးေတာ့ သူလည္းခြန္စံေလာကို ႀကိတ္ႀကိဳက္ေနတာေပါ့ေနာ္ အဲ့ဒါ ခြန္စံေလာ အေမကို ေန႔တိုင္းဆိုသလို မ်က္စိက်ေအာင္ အလုပ္ေတြဘာေတြ လုပ္ကူေပါ့ေနာ္…
ဒါေပမဲ့ ခြန္စံေလာက သူ႔ကိုလုံး၀မႀကိဳက္ဘူး
သူ႔အေမကေတာ့ သူ႔သားကို ေန႔့တိုင္းတိုက္တြန္းပါရဲ႕ ဒါေပမဲ့ ခြန္စံေလာလည္း ဒီအရာကို ဘယ္လိုေက်ာ္ျဖတ္ႏိုင္မွာလဲဆိုတာ ေန႔တိုင္းစဥ္းစားတာေပါ့ေနာ္…..
အဲ့ဒါနဲ႔အႀကံတစ္ခုရလာတယ္တဲ့
အဲ့ဒါကေတာ့ သူ႔အေပါင္းအသင္းေတြနဲ႔အတူ ရွမ္းျပည္အႏွံ႔ ႏြားေပါင္း ၅၀၀ ႏွင့္အတူ လက္ဖက္ ကုန္ကူးတာေပါ့ေနာ္…..
သူ က သူ႔အေမကိုေျပာတာတဲ့ ေမေမ ကြၽန္ေတာ္ စီးပြားရွာခ်င္ေသးတယ္
ကြၽန္ေတာ္ ခရီးက ျပန္လာမွ ၾကည့္စဥ္းစားတာေပါ့တဲ့ ဒီမဂၤလာကိစၥတဲ့
အဲ့ဒါ သူ႔အေမလည္း သေဘာတူလိုက္တာတဲ့ကြယ္….
ခြန္စံေလာလည္း သူ႔အေပါင္းအပါေတြနဲ႔အတူ စၿပီး ခရီးဆန္႔ၾကတာေပါ့ေနာ္…..
သူ ကုန္ကူးသန္းေရာင္း၀ယ္ေရးလုပ္ၿပီးျဖတ္သန္းတဲ့ ၿမိဳ႕ေတြကေတာ့ သီေပါၿမိဳ႕့လည္းပါတာေပါ့ေနာ္…..
အဲ့ဒီၿမိဳ႕မွာ သူေကာင္မေလးတစ္ေယာက္နဲ႔လည္း ရည္းစားျဖစ္ခဲ့ေသးတယ္တဲ့ကြဲ႕…
အဲ့ဒီအခ်ိန္မွာ ခြန္စံေလာဟာ အသက္အ႐ြယ္ငယ္ေပမဲ့ စီးပြားေတြ ဘာေတြလုပ္တတ္ေတာ့ ရွမ္းျပည္မွာ နာမည္ႀကီးေနတာတဲ့ကြယ္….
ခရီးသြားရင္း သြားရင္းေနာက္ဆုံးေတာ့ နန္းဦးပ်ဥ္ေနတဲ့မိုင္းကိုင္ၿမိဳ႕ကိုေရာက္လာတာတဲ့ကြယ္…..
ခြန္စံေလာက ဘယ္ေလာက္ေခ်ာေၾကာင္း
ဘယ္ေလာက္ေတာ္ေၾကာင္း မိုင္းကိုင္သူ မိုင္းကိုင္သားေတြက အရမ္းအားက်တာေပါ့ေနာ္ ခ်ီးက်ဴးသံ ခ်ီးမြမ္းသံလည္း အၿမဲၾကားေနရတာေပါ့ေနာ္……
အဲ့ဒီအခ်ိန္မွာ မိုင္းကိုင္ၿမိဳ႕အေနာက္ဘက္ေန ၀မ္းလိန္း ေက်း႐ြာမွ နန္းဦးပ်ဥ္ဆိုတဲ့ေကာင္မေလးလည္း သူမ်ားဒီေလာက္ခ်ီးက်ဴးတာကိုသူလည္း ျမင္ဖူးခ်င္ေလရဲ႕့ ဆိုၿပီး မိုင္းကိုင္ၿမိဳ႕ေစ်းမွာ ေစ်း၀ယ္ထြက္ရင္း ခြန္စံေလာကို ရွာေဖြ မိတယ္တဲ့ကြယ္…..
အဲ့ခ်ိန္မွာ ခြန္စံေလာလည္း ေစ်းထဲမွာ ရွိေနတုန္းဆိုေတာ့ သူတို႔ႏွစ္ဦးေတြ႕.ဆုံသြားသတဲ့ကြယ္…..
အဲ့ဒီအခ်ိန္မွာတစ္ေယာက္ႏွစ္တစ္ေယာက္ၾကည့္တဲ့အၾကည့္ဟာ မိုင္းကိုင္ေစ်းတိုင္ေတြေတာင္ ယိုင္သြားသတဲ့ ဒါေၾကာင့္ မိုင္းကိုင္ၿမိဳ႕ကို အရင္က မိုင္းကိန္း (မိူင္းဂိုင္း) (ယိုင္ၿမိဳ႕)လို႔ေခၚၿပီး ေနာက္ပိုင္းမွာ (မိုင္းကိုင္ ) (မိူင္းဂိုင္) လို႔ျဖစ္လာပါတယ္…..
ေနာက္ေန႔လည္းေရာက္ေရာ ခြန္စံေလာက နန္းဦးပ်ဥ္ကို သေဘာက်ေၾကာင္းသူငယ္ခ်င္းအေပါင္းအပါေတြ ေျပာျပေတာ့ သူငယ္ခ်င္းေတြလည္း တိုက္တြန္းတာေပါ့ေနာ္ သူ႔အခ်စ္ေရး ဆိုေအာင္ ဘာညာသလကာ ကြိကြေပါ့…..
ခြန္စံေလာလည္းစၿပီး ခ်ည္းကပ္တာေပါ့ေနာ္..
သူတို႔ဆုံေတြ႕ေနတဲ့ ေနရာမွာေတာ့ မိုင္းကိုင္ၿမိဳ႕တိမ္းေခ်ာင္း နားမွာဆိုေတာ့ ခြန္စံေလာေျပာတာ နန္းဦးပ်ဥ္ ေကာင္းေကာင္းမၾကားရေတာ့ သူမက တိမ္းေခ်ာင္းကို တိမ္းေခ်ာင္းရယ္ တိတ္တိတ္ေနေပးပါလား ….နင့္အစ္ကိုခြန္စံေလာ ေျပာသြားတာ ငါဘာမွ မၾကားရဘူးကြယ္ တဲ့……
အဲ့ခ်ိန္ကစၿပီး တိန္းေခ်ာင္းက အခုထက္ထိ တိတ္ဆိတ္ၿငိမ္သက္ေနေလရဲ႕……
အဲ့ဒီတိန္းေခ်ာင္းဟာ ရွမ္းျပည္ လင္းေခးၿမိဳ႕့အထိ စီးဆင္းတဲ့ ေခ်ာင္းေရတစ္ခုပါ…
အဲ့ဒီေနာက္ပိုင္း ခြန္စံေလာနဲ႔နန္းဦးပ်ဥ္ ခ်စ္ကြၽမ္း၀င္သြားၾကတာေပါ့ေနာ္…
တစ္ေန႔ခြန္စံေလာက နန္းဦးပ်ဥ္ မိသားစုေတြနဲ႔ေတြ႕ဆုံၿပီး သူ က်ိဳင္းေတာင္းကိုျပန္ၿပီး မိဘေတြနဲ႔အတူလာေတာင္းရမ္းမယ္တို႔ဘာတို႔ေျပာေတာ့ နန္းဦးပ်ဥ္မိဘလည္း လက္ခံတာတဲ့….
အဲ့ဒါ ခြန္စံေလာက က်ိဳင္းေတာင္းကိုျပန္သြားပါေလေရာ
သူ႔အေမကို အေၾကာင္းဆုံေျပာျပေတာ့ သူ႔အေမက လုံး၀သေဘာမတူဘူးတဲ့ ခြန္စံေလာလည္း နန္းဦးပ်ဥ္မွ နန္းဦးပ်ဥ္ပဲတဲ့ကြယ္….
နန္းဦးပ်ဥ္က ဘယ္ေလာက္လိမၼာယဥ္ေက်းေၾကာင္း ေရေပၚမွာ လမ္းေလွ်ာက္ရင္ေတာင္ ေရက လႈိင္းလုံးအထတဲ့အျပင္ တုတ္တုတ္မွ မလုပ္တဲ့အထိ
ႏူး ညံ့တိမ္ေမြ႕ေၾကာင္း
ဒါေပမဲ့ သူ႔စကားလုံးေတြက သူ႔မိခင္ရဲ႕စိတ္ကို လုံး၀ အႏိုင္မရႏိုင္ဘူး…..
ေနာက္ဆုံးေတာ့ သူက သူ႔ဦးေလးကို အကူအညီေတာင္းတာေပါ့ေနာ္ ..
သူ႔ဦးေလးလည္း သေဘာတူၿပီး သူနဲ႔အတူ မိုင္းကိုင္ကိုခရီးထြက္သြားၾကတာတဲ့ကြယ္…
ေနာက္ဆုံး မိုင္းကိုင္ေရာက္ေရာ မဂၤလာကိစၥေတြ လုပ္အၿပီး ခြန္စံေလာက ေနခဲ့ၿပီး သူ႔ဦးေလးသာ ျပန္သြားခဲ့တာတဲ့…
အဲ့ဒါနဲ႔လအနည္းငယ္ၾကာသြားတဲ့အခါမွာ နန္းဦးပ်ဥ္ရင္ေသြးရသြားတာေပါ့ေနာ္…
အဲ့ခ်ိန္မွာ ခြန္စံေလာလည္း သူ႔မိဘေတြကိုအရမ္း သတိရတာတဲ့ကြယ္ အဲ့ဒါကို က်ိဳင္းေတာင္းကို အတူတူျပန္မယ္လို႔နန္းဦးပ်ဥ္ကို တိုင္ပင္တာတဲ့ နန္းဦးပ်ဥ္လည္းသူခ်စ္တဲ့သူ သြားေလရာမွာ လိုက္ပါမယ္ဟုေျပာၿပီး လိုက္သြားတာတဲ့ကြယ္….
ႏြားလွည္းေတြနဲ႔ခရီးထြက္ၾကတာေပါ့ေနာ္….
ေနာက္ဆုံးက်ိဳင္းေတာင္းလည္းေရာက္ေရာ နန္းဦးပ်ဥ္ရဲ႕ေယာကၡမဟာနန္းဦးပ်ဥ္က ဘယ္ေလာက္ေခ်ာေၾကာင္း ခ်ီးမြမ္းတာတဲ့ ခ်စ္ဟန္ေဆာင္တာေပါ့ေနာ္ အဲ့ဒါနဲ႔
သူ႔သားကိုေျပာတာတဲ့ကြယ္ …
သားရယ္ နင့္မိန္းမနဲ႔သူ႔အေပါင္းအပါေတြ ခရီးပန္းေရာေပါ့ ဟင္းေဟာင္းလည္းမရွိဘူး အဲ့ဒါ အသား႐ြာ ငါ႐ြာသြားၿပီး အသားငါးေလးရွာခဲ့ မရရေအာင္ရွာခဲ့ ေမေမက ေမ့ေမ့ေခြၽးမကိုကိုခ်က္ေကြၽးမယ္တဲ့ကြယ္….
ဒါေပမဲ့ ခြန္စံေလာ အေမက စီစဥ္ထားၿပီးသား အသားငါးေရာင္းတဲ့႐ြာကိုသြားၿပီး အသားငါးမေရာင္းပါနဲ႔ဆိုၿပီး ပိုက္ဆံေတြ ေပးထားတာတဲ့ကြယ္….
အဲ့ဒါခြန္စံေလာလည္းသြားရွာတာေပါ့ေနာ္ ခြန္စံေလာက ထမင္းစားခ်ိန္ေတာင္ ေရာက္မလာႏိုင္ေသးဘူးတဲ့ကြယ္..
အဲ့ဒါနဲ႔ ခြန္စံေလာအေမက ကဲကြယ္ သမီးတို႔္လည္းဆာေရာေပါ့ ရွိတာေလးနဲ႔စားမယ္ေလတဲ့ သမီးတို႔ေမာပန္းလာေတာ့ နားဦးေပါ့ေနာ္ …
အေမပဲ ျပင္ဆင္လိုက္မယ္တဲ့..
ျပင္ဆင္လည္းၿပီးေရာ နန္းဦးပ်ဥ္လည္း သူ႔အေပါင္းအပါေတြနဲ႔အတူ ထမင္းဝိုင္းမွာထမင္းစားၾကတာေပါ့ေနာ္ ခြန္စံေလာေမေမက ထမင္း၀င္မစားဘူးအဲ့ခ်ိန္
အရင္တုန္းက ထမင္းစားရင္ လက္ေတြနဲ႔ပဲစားတာကို
နန္းဦးပ်ဥ္က ထမင္းကို လက္နဲ႔လွမ္းအယူ ထမင္းပုံထဲမွာ အပ္ေခ်ာင္းေတြ ထိုးထားေတာ့ သူ႔လက္ကို ထိုးမိတာတဲ့ကြယ္…
သူလည္း ဒါဟာ မေတာ္တဆပါဆိုၿပီး ဘာမွကို မေျပာျဖစ္ဘူးတဲ့
ၿပီးေတာ့ သူ႔ေမေမက ဒီေန႔သမီးတို႔ စေရာက္တယ္ဆိုေတာ့ ဘုရားပန္းအိုးလည္းရေအာင္ ေရေလးဘာေလးသြားရွာၿပီးေတာ့ ဘုရားပန္းအိုးလည္းၾကဦးေလ သမီးတဲ့ကြယ္….
နန္းဦးပ်ဥ္ကလည္း သူ႔အေပါင္းအပါႏွင့္အတူ ေရေလးပုခုံးေပၚထမ္းၿပီးလက္မွာလည္း ဘုရားပန္းေတြ ကိုင္ရင္း အိမ္အေပၚထပ္ကို တက္ဖို႔ ေလွကားေပၚမွာ ေျခလွမ္းစလွမ္းတာေပါ့ေနာ္ …
ထိပ္ဆုံးေရာက္ခါနီး ေလွကားက ၿပိဳက်တာတဲ့ကြယ္
ေနာက္ဆုံးေတာ့ ၀မ္းမွာလြယ္ထားတဲ့ကေလး တစ္ခုခုျဖစ္သြားၿပီဆိုတာလည္း သူသိလိုက္တယ္ ေသြးေတြ ဘာေတြေပါ့ေနာ္..
ဒါဟာ ေသြး႐ိုးသား႐ိုးေတာ့မဟုတ္ဘူး လုပ္ႀကံေနတာလို႔သိလည္းသိေရာ နန္းဦးပ်ဥ္ဟာ သူ႔အေပါင္းအပါေတြနဲ႔အတူ မိုင္းကိုင္ျပန္ဖို႔စိတ္ဆုံးျဖတ္ၾကတာတဲ့ကြယ္ …
ငိုယိုၿပီးေတာ့ ျပန္သြားတာေပါ့ေနာ္…
ေနာက္ဆုံး ညအခ်ိန္လည္းေရာက္ေရာ ခြန္စံေလာက ေရာက္လာတာတဲ့ လက္ထဲမွာလည္း အသားငါးေတြနဲ႔ေပါ့ေနာ္ သူ႔မိန္းမစားဖို႔ဆိုၿပီး ခက္ခက္ခဲခဲရွာထားရတာကို
အိမ္မွာလည္းေရာက္ေရာ တိတ္ဆိတ္ေနတာပဲ …
အဲ့ဒါ သူ႔ေမေမကို ေမးတာေပါ့ေနာ္ ကြၽန္ေတာ့မိန္းမဘယ္ေရာက္သြားလဲတဲ့ …
သူ႔ေမေမက ငါ့က နင့္မိန္းမကို လိုက္ထိန္းတာမွ မဟုတ္တာ ငါဘယ္သိမွာလဲတဲ့…
ခြန္စံေလာလည္းစိတ္ပူၿပီးအေမ တစ္ခုခုလုပ္လိုက္တာလားတဲ့ ..
ငါဘာမွမလုပ္ဘူးတဲ့…
ခြန္စံေလာလည္းမသကၤာလို႔ေဘးအိမ္ကလူေတြ ေမးတာတဲ့
ေဘးအိမ္ကလူလည္း မိသဘူး သူ တို႔ငိုယိုၿပီးထြက္သြားတာေတာ့ေတြ႕လိုက္တယ္တဲ့…
အဲ့ဒါ ခြန္စံေလာလည္း ေလွခါးမွာ ေသြးေတြ ေတြ႕ေတာ့ သိလိုက္တယ္…
သူ႔ေမေမရဲ႕လက္ခ်က္ဆိုတာ
စိတ္ပူၿပီး ေ႐ႊေငြ အနည္းငယ္ယူၿပီး သူ႔မိန္းမေတြ ေနာက္ လိုက္သြားသတဲ့ကြယ္…
နန္းဦးပ်ဥ္က အိမ္အျပန္လမ္းတစ္၀က္လည္းေရာက္ေရဗာ ဗိုက္အရမ္းနာေတာ့ ကေလးေမြးခ်ပါေလေရာ ေမြးေမြးခ်င္းကေလးက အသက္မပါဘူးတဲ့ကြယ္… သူက သူ႔ကေလးကို နမ္းၿပီး နင့္ေဖေဖကို ေအာ္ေခၚပါေတာ့ကေလးရယ္တဲ့
အဲ့ဒါနဲ႔ကေလးဝိညာဥ္ေလးဟာ ဥၾသငွက္ ျဖစ္သြားၿပီး ခ်က္ခ်င္းဆိုသလို ေပါေဟြ ေပါေဟြ ဆိုၿပီး ေအာ္ေခၚေတာ့သတဲ့ကြယ္….
နန္းဦးပ်ဥ္တို႔လည္း ခရီးထပ္ဆက္ၾကတာတဲ့
ခြန္စံေလာကလည္း သူ႔ျမင္းကို အသာကုန္ ေမာင္းၿပီး ႐ိုက္ၿပီး နန္းဦးပ်ဥ္တို႔ေနာက္ လိုက္တာေပါ့ေနာ္…
ေနာက္ဆုံးသူ႔ျမင္းအေမာဆို႔ၿပီး ေသဆုံးတဲ့အထိ ေပါ့ေနာ္..
ေတာလည္ေခါင္မွာေရာက္ေရာ သစ္ပင္ငုတ္တိုေပၚမွာ သူ႔သားကိုေတြ႕့လိုက္ရသတဲ့ကြယ္…
ၿပီးေတာ့ ဥၾသကလည္း ေပါေဟြး ေပါေဟြး လို႔လည္း ေတာတစ္ခုလုံးဆူညံေနတာတဲ့
ေနာက္ဆုံးသူဆက္ၿပီး ခရီးဆက္တာေပါ့ေနာ….
္ မိုင္းကိုင္ၿမိဳ႕ ၀မ္းလိန္းေက်းရြာလည္းေရာက္ေရာ ႐ြာသူ႐ြာသားေတြက သူ တို႔အခ်စ္ေတာ္ နန္းဦးပ်ဥ္ဆုံးတာဟာ သူ႔ေၾကာင့္ဆိုၿပီး နန္းဦးပ်ဥ္စ်ာပနာထဲကို ေပးမ၀င္ဘူးတဲ့ သူလည္း ေနာက္ဆုံး ႀကံရာမရပါလာတဲ့ ပိုက္ဆံေတြ ေ႐ႊေငြေတြ က်ဲပစ္လိုက္တာေပါ့ေနာ္….
လူေတြက အဲ့ဒါေတြကို လုေနတဲ့အခ်ိန္မွာ ခြန္စံေလာက နန္းဦးပ်ဥ္ အေလာင္းရွိရာသို႔၀င္သြားလိုက္တာတဲ့ကြယ္….
သူ႔မိန္းမ လဲေလ်ာင္းေနတာကို ေတြ႕ၿပီး သူလည္း အတူတူ​ေ*သ မယ္ဆိုၿပီး ပါလာတဲ့ဓား ရွည္ကိုထုတ္ရင္ သူ႔ ရ*င္၀မွာ ထိုး ပ*စ္လိုက္တာတဲ့ကြယ္…
ေနာက္ဆုံး ခြန္စံေလာအေမကဒီသီတင္းကို ၾကားလည္းၾကားေရာ ဒီေလာက္ထိခ်စ္ေနၾကသလား ေနာင္ဘ၀အထ္ိေတာင္ နင္တို႔ကို ေပးမေပါင္းေစရဘူးဆိုၿပီး သူတို႔ကိုျမဳပ္ခဲ့တဲ့ ၀မ္းလိန္း႐ြာကို လိုက္လာၿပီး ဝါးဆစ္သုံးဆစ္နဲ႔ သူတို႔ကို ျမဳပ္ထားတဲ့ အုတ္ဂူႏွစ္ခုၾကား ျခားထားလိုက္တာတဲ့…
ခ်စ္သူႏွစ္ေယာက္က ေကာင္းကင္ေပၚမွာ ၾကယ္ႏွစ္လုံးျဖစ္သြားၿပီး အလယ္မွာ ၾကယ္သုံးလုံးျခားေနတာကို ေတြ႕ရမွာပါ လမိုက္ညဆိုရင္ ပိုၿပီးေတာင္ ျမင္သာပါေသးတယ္ …
ခြန္စံေလာနဲ႔ ၾကယ္ေလးဟာ ေသြးေတြနဲ႔​ေ*သ ဆုံးရေသာေၾကာင့္ သူ႔ရဲ႕ၾကယ္ေလးဟာ အနီေရာင္ေလးပါ တစ္ခါေလာက္ေတာ့ ရွာၾကည့္လိုက္ေပါ့ မေတြ႕ဖူးေသာသူမ်ား
သြားေရာက္ခ်င္တယ္ဆိုရင္ မိုင္းကိုင္ၿမိဳ႕မွာရွိပါတယ္။