ခွေးယောင်ဆောင်သောလူ(စ/ဆုံး)

Unicode Version

ခွေးယောင်ဆောင်သောလူ(စ/ဆုံး)
—————————————-
အမရပူရရွှေမြို့တော်ကြီးမှာ ညအချိန်ရောက်သည့်တိုင် စည်ကားနေဆဲဖြစ်သည်။ မြို့တွင်းရပ်ကွက်များတွင် စားပွဲသောက်ပွဲများသာမက အကပွဲများ၊ မြေဝိုင်းဇာတ်ထုပ်များနှင့် စည်ကားနေသည်။ ငခမ်းနှင့်မုန်တိုင်းတို့လည်း ခံတပ်ထဲတွင်ပျင်းလာသဖြင့် ထိုညတော့ထွက်လည်ကြသည်။ မြို့တွင်းတွင် ပွဲဈေးတန်းတစ်ခုရှိသဖြင့် ပွဲဈေးလျောက်ကြသည်။ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသူများက သူတို့သယ်ယူလာသည့် ကုန်စည်များကိုရောင်းချဖောက်ကားကြသည်။ လဲလှယ်ကြသည့်နေရာဖြစ်သည်။ ထိုခေတ်က ကုန်စည်လဲလှယ်သည့်စနစ်မှာ တွင်ကျယ်နေသေးသည်။ မြင်းတစ်ကောင်ဆိုလျှင် ဆိတ်ဆယ်ကောင်ရှိသည့် ဆိတ်အုပ်နှင့်လဲလှယ်နိုင်သည်။ စပါးတစ်တင်းလျှင် ငါးပိအိုးကလေးတစ်အိုးနှင့် လဲလှယ်ကြသည်။ ထို့အပြင် လဲလှယ်သူနှစ်ဦးက တစ်ယောက်နှင့်တစ်ယောက်ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် သဘောတူလျှင် ကုန်စည်များကိုလဲလှယ်တတ်ကြသေးသည်။

တောင်ခြေရွာကလေးတွင် နေထိုင်ခဲ့ဖူးသော မုန်တိုင်းအဖို့တော့ ထိုဈေးမြင်ကွင်းက စည်ကားလွန်းနေလေသည်။ ငခမ်းအနေနှင့်လည်း သူရောက်ပြီးနောက်ပိုင်း ထိုတစ်ကြိမ်သာ ပွဲဈေးတန်းကိုကြုံတွေ့ရခြင်းဖြစ်ရာ အရာအားလုံးက အသစ်အဆန်းဖြစ်နေလေသည်။ တစ်နေရာရောက်သည့်အခါ ရှမ်းကုန်သည်များကိုတွေ့ရသည်။ ရှမ်းကုန်သည်များက သူတို့သယ်ယူလာသည့် ကောက်ပဲသီးနှံများ၊ လယ်ယာသုံးကိရိယာများကို ရောင်းချနေရာ ခေါင်းပေါင်းကြီးပေါင်းထားသည့် ရှမ်းတစ်ယောက်ကိုတွေ့သည့်အခါ ငခမ်းအလွန်အံ့ဩသွားလေသည်။

“ဟေ့ ခင်၊ ခင်ဗျားဘိုထီးမဟုတ်လား”

ခေါင်းပေါင်းကြီးပေါင်းထားပြီး သစ်သားဆေးတံအကြီးကြီးဖွာနေသည့် လူကြီးတစ်ဦးမှာ ငခမ်းကိုသေသေချာချာကြည့်နေလေသည်။

“ဘိုထီးကျုပ်ကိုမမှတ်မိဘူးလား၊ စိုင်းဆေခမ်းရဲ့သား၊ စိုင်းကွမ်ခမ်းလေ”

ဘိုထီးဆိုသည့်သူက အခုမှမှတ်မိသွားပြီး ငခမ်းအားပြုံးပြကာ ငခမ်းလက်များကိုဖမ်းဆွဲလိုက်သည်။

“ကွမ်ခမ်း၊ မင်းကိုသေဒဏ်ပေးလိုက်ပြီမဟုတ်လား၊ မင်း ငါ့ကိုသရဲလာခြောက်နေတာတော့ မဟုတ်ပါဘူးနော်”

“မဟုတ်ပါဘူးဗျာ၊ ဒီမှာကိုင်ကြည့်ပါလား၊ ကျုပ်ကလူပါဗျ”

ငခမ်းနှင့် ဘိုထီးတို့မှာ ရှမ်းဘာသာစကားဖြင့်ပြောနေလေရာ ရှမ်းစကားနားမလည်သည့် မုန်တိုင်းမှာ သူတို့နှစ်ယောက်ကို ငေးကြည့်နေလေသည်။

“မင်းကြည့်ရတာ ကောင်းစားနေတဲ့ပုံပါလားကွ၊ အဝတ်အစားတွေလည်းကောင်းလိုက်တာ၊ ခါးပတ်တွေဘာတွေနဲ့”

“ကျုပ်ဒီမှာ ဘုရင့်တပ်မှာ အမှုထမ်းနေတယ်ဗျ”

ဘိုထီးအံ့ဩသွားပုံရသည်။

“ဟာ၊ ဟုတ်ရဲ့လားကွ၊ မင်းကသိုင်းတတ်တယ်ဆိုပေမယ့် ဘုရင့်တပ်က မင်းလိုရှမ်းတစ်ယောက်ကိုလက်ခံလိုက်တာကိုတော့ ငါသံသယဖြစ်မိတယ်ကွ”

“ကျုပ်မညာပါဘူးဗျာ၊ ဒါနဲ့ ခင်ဗျားသားတွေ၊ သမီးတွေရော ပါမလာဘူးလား”

ဘိုထီးမျက်နှာတစ်ချက်ပျက်သွားသည်။

“သူတို့ဆုံးပြီကွ”

“ဘယ်လိုဖြစ်တာလဲ ဘိုထီး၊ ရောဂါဖြစ်သွားတာလား”

“ဒီအကြောင်းတွေပြောရင် ဇာတ်လမ်းရှည်နေပါအုံးမယ်ကွာ”

ဘိုထီးက လမ်းဘေးတွင် သူ့လက်နက်များကိုခင်းကျင်းရောင်းချနေလေသည်။ ဘိုထီးဆိုသူမှာ သူတို့ပန်းပဲဖိုတွင် လယ်ယာသုံးကိရိယာများဝယ်ယူနေကျဖောက်သည်ဖြစ်သည်။ ထိုလက်နက်များ၊ လယ်ယာသုံးကိရိယာများကို ဝယ်ယူကာ မြေပြန့်ဒေသများတွင် ရောင်းချကုန်ကူးနေသူတစ်ယောက်ဖြစ်သည်။

“ဒါနဲ့ ဘိုထီး၊ ရှဲန်ဆိုင်အကြောင်း ကြားမိသေးလား”

ဘိုထီးက ငခမ်းကိုသေချာကြည့်လိုက်သည်။

“မင်းသူ့ကိုတကယ်ချစ်တာလား”

“ဘယ်လိုပြောလိုက်တာလဲဘိုထီးရယ်၊ ကျွန်တော့်စိတ်ကို ဘိုထီးသိတယ်မဟုတ်လား”

“ဒါဆိုရင်တော့ မင်းတို့ရွာကိုပြန်တော့ကွာ၊ ရှဲန်ဆိုင်က အခုလာမယ့် ဝါကျွတ်ရင် ယောက်ျားယူတော့မှာကွ”

ငခမ်းရင်ထဲ ဒိန်းခနဲထိတ်လန့်တုန်လှုပ်သွားလေသည်။ ဘိုထီးက ဆက်လက်ပြီး

“သူကတော့ မယူချင်ပါဘူးကွာ၊ မင်းနဲ့ကွဲသွားပြီးကတည်းက ရှဲန်ဆိုင်က ငိုယိုနေတတ်တယ်၊ မှိုင်နေတတ်တယ်ကွ၊ အခုပေးစားတဲ့လူနဲ့တောင်မှ သူ့မိဘတွေက အတင်းအကြပ်စီစဉ်ပေးလို့ ယူရတော့မှာ၊ သူ့အသက်ကလည်း မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင် အသက်ကြီးနေပြီမဟုတ်လား”

ဘိုထီးစကားတွေ သူသိပ်မကြားချင်တော့ပေ။ သူအရမ်းချစ်ခဲ့သည့် ရှဲန်ဆိုင်တစ်ယောက် အခုတော့ တစ်ပါးသူနဲ့ အိမ်ထောင်ပြုတော့မည်မဟုတ်ပါလား၊ ငယ်ငယ်ကတည်းက အတူတူကစားခဲ့ပြီး ကြီးလာတော့လည်း အတူတူချစ်ခဲ့သည့် ရှဲန်ဆိုင်အကြောင်းကိုတွေးမိပြီး မျက်ရည်တွေဝဲလာခဲ့သည်။

“မင်းပြန်သင့်တယ်ကွမ်ခမ်း၊ ရှဲန်ဆိုင်က ငါကုန်ကူးပြီးပြန်လာတိုင်း မင်းရဲ့အကြောင်းကိုမေးနေတာကွ၊ တို့တစ်ရွာလုံးက မင်းကို မောက်မယ်စော်ဘွားကွပ်မျက်လိုက်ပြီလို့ထင်နေပေမယ့် သူကတော့ မင်းမသေဘူးဆိုတာကို သူသိတယ်တဲ့၊ အခုတော့ သူပြောတာတကယ်မှန်နေပြီကွာ”

“ရှဲ်န်ဆိုင်က ကျုပ်အကြောင်းကိုမေးနေတယ်၊ ဟုတ်လား၊ ကျုပ်ကတော့ သူကျုပ်ကိုသိပ်မုန်းနေတယ်လို့ ထင်နေတာဗျ”

“မင်းကလဲကွာ၊ မင်းကိုမုန်းတယ်ဆိုတာ ခဏပါကွ၊ ရွာကလူတွေက မင်းက မင်းရဲ့အမေကိုပြန်သတ်လိုက်တာ်ကို ယုံပေမယ့် ရှဲန်ဆိုင်က မင်းသတ်တယ်ဆိုတာ အခုထိမယုံနိုင်သေးဘူးလေ၊ မင်းတစ်နေ့ပြန်လာရင် သူ့ကိုရှင်းပြမယ်လို့ထင်နေသေးတယ်”

“ဒါဖြင့်ရင်၊ ဘိုးထီးတို့ ဘယ်နေ့ပြန်မလဲ၊ ကျုပ်လည်း ရွာကိုပြန်လိုက်ခဲ့မယ်ဗျာ”

ဘိုးထီးက ဆေးတံကြီးကို တစ်ဖွာ ဖွာလိုက်သည်။

“အေးကွ၊ ငါတို့ဒီမှာသုံးရက်လောက်နေမယ်၊ သုံးရက်ပြည့်ရင်တော့ ကုန်တွေလဲပြီးလောက်ပြီဆိုတော့ ငါတို့ပြန်မယ်ကွာ”

ငခမ်းလည်းခေါင်းညိတ်လိုက်သည်။

“ကောင်းပြီဘိုးထီး၊ ခင်ဗျားတို့အခုဘယ်မှာနေသလဲ”

“မြို့စွန်က ရှမ်းကျောင်းကြီးမှာ တည်းတယ်ကွ”

“ကောင်းပြီဘိုးထီး ဒါဆိုကျုပ်ကိုစောင့်နေပါ၊ ကျုပ်သုံးရက်ပြည့်တဲ့အခါ အဲဒီကိုလာခဲ့မယ်”

ငခမ်းက ဘိုးထီးအားသူရရှိထားသည့် ငွေကြေးအချို့ကိုပေးလိုက်သည်။ ထို့နောက် မုန်တိုင်းနှင့်အတူတူပြန်လာခဲ့သည်။ လမ်းခရီးတွင် ငခမ်းက မှိုင်တွေနေလေရာ မုန်တိုင်းက သတိထားမိလိုက်သည်။

“ဘာဖြစ်နေတာလဲငခမ်း”

“ကျုပ်ရွာကိုပြန်မှဖြစ်မယ်၊ ကျုပ်ရဲ့ချစ်သူက တပါးသူနဲ့ မင်္ဂလာဆောင်တော့မယ်တဲ့ဗျာ၊ ကျုပ်သူ့ဆီပြန်ရမယ်၊ သူ့ကိုသွားခေါ်မှဖြစ်မယ်”

မုန်တိုင်းက ငခမ်းပုခုံးကိုပုတ်လိုက်သည်။

“မင်းအောင်မြင်ပါစေကွာ”

(၂)

အတွင်းဝန်မင်းမှာ အလုပ်အရမ်းများနေသဖြင့် သူတို့ထံသို့ နှစ်ရက်လောက်မလာအားပေ၊ နောက်တစ်ရက်ညနေတော့ မြင်းရထားဖြင့် သူတို့ခံတပ်ကြီးဆီသို့ရောက်လာသည်။

“အတွင်းဝန်မင်းကြွလာပြီ”

သူတို့အားလုံးအသင့်ပြင်ထားလိုက်ကာ အတွင်းဝန်မင်းကိုကြိုဆိုကြသည်။ အတွင်းဝန်မင်းမျက်နှာမှာ အလွန်ဖျော့တော့နေလေသည်။ သို့သော်လည်း မျက်စောင်းကြီးခဲပြီး ဒေါသအလွန်ထွက်နေပုံရသည်။ သလွန်တွင်ဝင်ထိုင်လိုက်သည့်အခါ စည်သူတို့အားလုံးက အတွင်းဝန်မင်းရှေ့တွင် ပြားနေအောင်ဝပ်ထားလိုက်သည်။ စည်သူက လက်အုပ်ချီလျှက်

“မှန်ပါ၊ ကျွန်တော်မျိုးတို့ လင်းနို့ရာဇာကြီးနဲ့တွေ့ပေမယ့် . . .”

“တော်စမ်း၊ ငါအကုန်သိပြီးပြီ”

အတွင်းဝန်မင်းကြီးက ဟိန်းဟောက်လိုက်သဖြင့် စည်သူစကားဆက်မပြောဝံ့တော့ပေ၊ အတွင်းဝန်မင်းကြီးက စိတ်ဆိုးဆိုးဖြင့်

“မင်းတို့ကောင်တွေ တစ်ယောက်မှ အသုံးမကျဘူး”

ထိုအခါ ပျံချီက လက်အုပ်ချီလိုက်ပြီး

“မှန်ပါ၊ ကျွန်တော်မျိုးရဲ့အစွမ်းနဲ့ လင်းနို့ရာဇာကြီးကို တိုက်ခိုက်နှိမ်နင်းပြီးတော့ ဖမ်းဆီးမယ်ဆိုပြီးလုပ်နေတဲ့အချိန်မှာ ဟောဒီက ငခမ်းက ဘာမပြောညာမပြောနဲ့ လင်းနို့ရာဇာကြီးကို သတ်လိုက်တာပါ ဝန်မင်းကြီးဘုရား”

အတွင်းဝန်မင်းကြီးက ငခမ်းကိုလက်ညှိုးထိုးလိုက်သည်။

“မောင်မင်းက ဘာလို့သတ်လိုက်ရတာလဲ”

ငခမ်းဘာဖြေရမှန်းမသိပေ။

“ဟို၊ ဟိုလေ”

“ကဲ မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်း၊ စာချီတွေ ငါတို့မိစ္ဆာဖမ်းသူတွေ လိုက်နာရမယ့် စည်းမျဉ်းကိုရွတ်စမ်းဟဲ့”

အတွင်းဝန်မင်းကြီးက အမိန့်ပေးလိုက်သဖြင့် သူ့နောက်လိုက်စာချီတစ်ယောက်က လက်ထဲမှစာထုပ်ကိုချကာ ပုရပိုက်တစ်ခုကိုယူလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့်

“စည်းမျဉ်း အမှတ်ကိုး၊ မိစ္ဆာဖမ်းသူသည် မိစ္ဆာကိုသတ်ခဲ့ပါက ထိုသူအားကွပ်မျက်ရမည်”

ငခမ်းတံတွေးမြိုချလိုက်သည်။ အတွင်းဝန်မင်းက ငခမ်းအား ဘယ့်နှယ့်ရှိစဟူသည့် အပြုံးဖြင့်ပြုံးပြလေသည်။ စည်သူက လက်အုပ်ချီလိုက်ပြီး

“မှန်ပါ၊ စည်းမျဉ်းနံပါတ် နှစ်ဆယ့်ခုနစ်တွင် ရေးသားထားသည်မှာ၊ မိစ္ဆာဖမ်းသူတစ်ယောက်အနေနှင့် လိုအပ်လာလျှင် မိစ္ဆာကိုသတ်ပိုင်ခွင့်ရှိသည်ဟု ရေးသားထားကြောင်းပါ”

စည်သူတင်လျှောက်လိုက်သည့်အခါ အတွင်းဝန်မင်း မျက်နှာကွက်ခနဲပျက်သွားသည်။

“စည်သူ မောင်မင်းက ငါ့ကိုကန့်လန့်တိုက်ချင်တာလား”

“မဟုတ်ပါဝန်မင်းကြီး၊ ကျွန်တော်မျိုးက စည်းမျဉ်းရေးသားထားသည့်အတိုင်းတင်ပြရခြင်းပါ၊ ကျွန်တော့်အမြင်ကိုပြောရရင်တော့ ငခမ်းကိုမကွပ်မျက်သင့်ပါဘူး”

“ကောင်းပြီစည်သူ၊ မင်းက သူ့ရှေ့ကနေ ရှေ့နေလိုက်ပေးနေတာပေါ့လေ၊ ဒါဆိုရင်လည်းပြောစမ်းပါအုံး၊ ငါက သူ့ကိုဘာလို့ မကွပ်မျက်ရမှာလဲ”

“မှန်ပါ၊ အခုအချိန်က မိစ္ဆာဖမ်းသူများ အင်အားနည်းနေသည့်အချိန်ဖြစ်ပါသည်။ ငခမ်းကလည်း မိစ္ဆာဖမ်းသူများထဲတွင် ရဲသွေးတက်ကြွပြီး တိုက်ရည်ခိုက်ရည်ကောင်းသူတစ်ဦးမှန်း ခံတပ်မှလူများအားလုံးသိကြပါသည်။ နသန်ကောင်ကြီးကိုတောင်မှ တစ်ယောက်တည်း တိုက်ခိုက်နိုင်ခဲ့ပါသည်။ ဒါကြောင့်မို့ ငခမ်းကိုကွပ်မျက်လိုက်လျှင် မိစ္ဆာဖမ်းတပ်သားတွေ အင်အားထိခိုက်မှာ အမှန်ပါဝန်မင်းကြီး”

အတွင်းဝန်မင်းကြီးက သူ့မုတ်ဆိတ်မွှေးများကိုပွတ်သပ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ဒါပေမယ် မင်းတို့ကို ငါမကျေနပ်ဘူး၊ ဒါကြောင့် မင်းတို့ကိုအပြစ်ပေးတဲ့အနေနဲ့ မင်းတို့ကိုတာဝန်တစ်ခုပေးအပ်မယ်”

“တာဝန်ကိုထမ်းဆောင်ရန်အသင့်ပါ ဝန်မင်းကြီး”

“စည်သူတပ်ဖွဲ့ အမိန့်နာခံစေ၊ မြို့စွန် ရှမ်းကျောင်းကြီးလို့ခေါ်တဲ့ ရှမ်းဘုန်းကြီးကျောင်းအနားမှာ ခွေးနက်ကြီးတစ်ကောင် ကျက်စားနေသတဲ့၊ မင်းတို့အဲဒီခွေးနက်ကြီးကို ဖမ်းဆီးလို့ရရင်ဖမ်းဆီး၊ ဖမ်းဆီးလို့မရရင်လည်း ရှင်းလင်းပစ်ရမယ်”

“အမိန့်အတိုင်းပါ ဝန်မင်းကြီး”

“တစ်ခုသတိထားစည်သူ၊ ဒီခွေးနက်ကြီးက မြို့ရိုးအတွင်းမှဝင်ရောက်နေတာမို့လို့ လူတွေအထိတ်တလန့်မဖြစ်အောင်လို့ ဖမ်းဆီးရမယ်”

ပျံချီက လက်အုပ်ချီလိုက်ပြီး

“မှန်ပါ၊ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် . . .”

“မင်းလိုက်သွားစရာမလိုဘူးပျံချီ”

ပျံချီစကားပင်မဆုံးသေး အတွင်းဝန်မင်းက ပြောလိုက်သဖြင့် ပျံချီနှုတ်ဆိတ်သွားသည်။

“မင်းက ဒီခံတပ်မှာပဲနေရမယ်၊ မကြာခင် နန်းတွင်းတပ်ထဲက အရည်အချင်းရှိတဲ့သူတွေ ရောက်လာကြလိမ့်မယ်၊ သူတို့ကို မိစ္ဆာဖမ်းတဲ့တပ်ထဲသွင်းပြိး တပ်အားဖြည့်ဖို့လိုတယ်၊ ဒါတွေကို မင်းလုပ်ဆောင်ရမယ်၊ ကဲ ငွေကိုင်စာရေးများ၊ စည်သူကို အသပြာ တစ်ရာထုတ်ပေးလိုက်စမ်း”

ပျံချီက မျက်လုံးများအရောင်လက်သွားသည်။

“ဒါဆို ကျွန်တော်မျိုးကိုလည်း ချီးမြှင့်ပေးပါ”

“မလိုဘူးလေ ပျံချီရ၊ မင်းက ခံတပ်ထဲကနေ သွားရမှာမှမဟုတ်ဘဲ၊ ဒီငွေတွေမင်းဘာလုပ်မှာလဲ”

စည်သူက စိတ်ထဲကနေကြိတ်ပြီးရယ်လိုက်သည်။ ပျံချီကတော့ မကျေနပ်သဖြင့် မျက်နှာကြီးစူပုပ်နေလေသည်။ ညနေရောက်သည့်အခါ သူတို့တိုင်ပင်ဆွေးနွေးရသည်။

“ခွေးတစ်ကောင်လောက်များဗျာ၊ အရေးတယူလုပ်လို့”

မုန်တိုင်းက ဝင်ပြောသည်။ ပျံလွှားကလည်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ဒါသက်သက်မဲ့ ကျုပ်တို့ကို အရှက်ခွဲချင်တာပဲ”

စည်သူက ခေါင်းခါလိုက်သည်။

“မင်းတို့ကလဲကွာ၊ ငါတို့က သူခိုင်းတာလုပ်ရမယ့် တာဝန်ရှိတယ်မဟုတ်လား၊ ငြင်းခွင့်မှ မရှိတာကိုကွာ။

ထိုစဉ် ပျံချီက သူတို့အနားတွင်ရောက်လာသည်။

“ဟား၊ ဟား အသပြာတစ်ရာတန် ခွေးဖမ်းသမားကြီးတွေပါလားကွ၊ ဟား၊ ဟား”

သူတို့အားလုံး ပျံချီကိုမျက်စောင်းထိုးကြည့်လိုက်ကြသည်။

“ခွေးကိုဖမ်းရင် သေချာဖမ်းကြနော်၊ ခွေးသေသွားရင် မင်းတို့ပဲ အဲဒီခွေးကိုစားရမှာကွ၊ ဟား၊ ဟား”

ပျံချီဘာပြောပြော သူတို့လျစ်လျူရှုထားလိုက်ကြသည်။ မကြာခင် ညနေစောင်းလာသည်ဖြစ်ရာ သူတို့အားလုံး မြင်းကိုယ်စီနှင့် ထွက်ခဲ့ကြသည်။ မြို့တံခါးမပိတ်ခင်တွင် မြို့ပြင်သို့ထွက်လာခဲ့ကြသည်။

(၃)

ရှမ်းကျောင်းကြီးခေါ်နေရာမှာ မြို့စွန်တွင်ရှိပြီး တစ်ဖက်တွင် ကိုင်းတောကြီးရှိကာ တစ်ဖက်တွင်တော့ မြစ်ကမ်းပါးကြီးရှိသည်။ သစ်သားဖြင့်ထုထည်ကြီးမားစွာတည်ဆောက်ထားသည့် ဘုန်းကြီးကျောင်းကြီးကို အဝေးမှပင်လှမ်းမြင်တွေ့ရသည်။ ထိုဘုန်းကြီးကျောင်း၏ အရှေ့ဘက်တွင် တစ်မြို့လုံးမှ လူသေများမြှုပ်နှံသည့် သချိုင်းကြီးတစ်ခုရှိသည်။

ထိုသချိုင်းကြီးကိုဖြတ်သန်းလာပြီးမှ ရှမ်းကျောင်းကြီးကိုရောက်သည်။ ဘုန်းကြီးကျောင်းတိုက်အတွင်း ဇရပ်ကြီးလေးဆောင်ရှိပြီး ခရီးသွားများတည်းခိုကြသည့်နေရာဖြစ်သည်။ အထူးသဖြင့် ရှမ်းများတည်းခိုသည့်နေရာတစ်ခုဖြစ်သည်။

“အနားကလူတွေကို ငါတို့တစ်ခုခုမေးကြည့်မှရမယ်ကွ”

စည်သူက

“ငါက ရှမ်းကျောင်းကြီးပေါ်ကိုတက်ပြီး ဘုန်းကြီးတွေနဲ့သွားတွေ့မယ်၊ ပျံလွှားက ကျောင်းအနားပတ်လည်မှာ တစ်ခုခုသဲလွန်စရှာကြည့်fကွာ၊ ငခမ်းနဲ့ မုန်တိုင်းကတော့ ဇရပ်တွေပတ်လည်ကို ရှာကြည့်စမ်း၊ မေးလည်းမေးကြည့်စမ်းကွာ”

သူတို့အားလုံးခေါင်းညိတ်လိုက်သည်။ စည်သူက ငခမ်းလက်ကိုကြည့်ပြီးနောက်

“ငခမ်း၊ မင်းလက်က ဘာဖြစ်တာလဲ”

ငခမ်းလန့်သွားသည်။ သူ့လက်ဖဝါးတွင်ရှိနေသော အသေးလေးခေါ် ပါးစပ်ကို ဖုံးအုပ်ထားရန်အတွက် လက်ကိုအဖြူရောင်အဝတ်စနှင့် ကျပ်စီးသလိုစီးထားခြင်းကို စည်သူသတိထားမိသွားခြင်းဖြစ်မည်။

“ဟို၊ ဟိုလေ လေ့ကျင့်ရင်းနဲ့ လက်မှာမတော်တဆ ဒဏ်ရာရသွားလို့ပါ”

“မင်းသက်သာရဲ့လား၊ ပျံလွှားဆီက ဒဏ်ကြေလိမ်းဆေးယူအုံးမလား”

“ရ၊ ရပါတယ်၊ တစ်ရက်နှစ်ရက်နေရင် ကောင်းသွားမှာပါ”

သို့နှင့် ဇရပ်များဆီသို့ထွက်ခဲ့သည်။ ငခမ်းက ဇရပ်လေးဆောင်လုံးပေါ်တက်ပြီး လူတစ်ယောက်ကိုရှာဖွေလိုက်သည်။

“ဘိုထီး၊ ဘိုထီး”

သို့သော် ဘိုထီးကိုရှာမတွေ့ပေ။ မုန်တိုင်းက ဇရပ်အောက်ဘက်တွင် လှည့်လည်နေသည်။ ဇရပ်ပေါ်တွင်လူများသူ့အစုနှင့်သူ အနားယူနေကြသည်မို့ ဇရပ်ပေါ်တက်လာသည့် သူတို့ကို ဝိုင်းပြီးကြည့်နေကြသည်။ အထူးသဖြင့် မုန်တိုင်းက လေးနှင့်မြားကိုကိုင်ထားရာ ခရီးသွားများထိတ်လန့်နေကြသည်။

ငခမ်းလည်းဇရပ်ပေါ်မှပြန်ဆင်းခဲ့သည်။ မုန်တိုင်းက အခြားဇရပ်ကြီးတစ်ခုထံသို့ ထွက်သွားလေသည်။

“မကောင်းတဲ့အနံ့အသက်တစ်ခုရတယ်”

သူ့လက်မှ အသံထွက်လာရာ ငခမ်းက လက်ဝါးကိုကြည့်လိုက်သည်။ ကျပ်စီးထားသည့် အဝတ်စကိုအနည်းငယ် ဖြေလိုက်ရာ နတ်ဆိုးပါးစပ်က ထွက်ပေါ်လာသည်။

“ခင်ဗျားဘာသိထားလဲ၊ နောက်ပြီးခင်ဗျားက ပါးစပ်ပဲရှိတာမဟုတ်လား၊ ဘယ်လိုလုပ် အနံ့ခံလို့ရတာလဲ”

“မင်းနဲ့ငါက တစ်ကိုယ်တည်းမှာ နှစ်ယောက်အတူရှိနေတာဆိုတော့ မင်းရဲ့အာရုံခံတဲ့အင်္ဂါတွေကို ငါအသုံးချပြီး သိလိုက်တာပဲကွ၊ ဒီနားမှာ ညှီစို့စို့ အနံ့တစ်ခုရှိနေတယ်”

ငခမ်းက နှာခေါင်းကိုရှုံ့လိုက်ပြီး လေထဲတွင်အနံ့ခံနေလိုက်သည်။ သို့သော် ဘာအနံ့မှမရပေ။

“ကျုပ်ကျတော့ ဘာအနံ့မှမရပါလား”

“ဟား၊ ဟား၊ မင်းက ကျိန်စာသင့်နေတဲ့ကောင်လေကွ၊ မင်းမှာ အနံ့တို့၊ အရသာတို့၊ အထိအတွေ့တို့မှ မခံစားနိုင်တာကွ၊ မင်းမြင်နေတာတောင်မှ ကျေးဇူးတင်သင့်တယ်”

ငခမ်းခေါင်းညိတ်လိုက်သည်။

“ဒါဆို ခင်ဗျားအနံ့ခံကြည့်ဗျာ၊ ကျုပ်ကိုဘယ်သွားရမလဲဆိုတာကိုသာပြောဗျာ”

“အနံ့အရဆိုရင်တော့ အပြင်ကနေလာတာပဲကွ၊ ငါ့အထင်တော့ သချိုင်းကုန်းနားက လာတာဖြစ်မယ်”

ငခမ်းလည်း ရှမ်းကျောင်းကြီးအတွင်းမှ မအူမလည်နှင့်ထွက်ခဲ့ပြီး သချိုင်းကုန်းအနားသို့တိုးကပ်လာသည်။ ထိုအနားတစ်ဝိုက်တွင် လူသူရှင်းနေသည်။

“အေးကွ၊ အနံ့က တဖြည်းဖြည်းနဲ့ပိုပြီးဆိုးလာတယ်ကွာ၊ ဆက်သွားစမ်း”

သချိုင်းအဝင်ဝတွင် ငခမ်းရပ်လိုက်သည်။ ထိုနေရာတွင် သန်းပင်ကြီးနှစ်ပင်က သရဲကြီးနှစ်ကောင်ကဲ့သို့ အခက်အလက်များဝေဝေဆာဆာနှင့် ပေါက်ရောက်နေသည်။ သချိုင်းအတွင်းသို့ဝင်သည့် မြေလမ်းကလေးအတိုင်း ငခမ်းလိုက်ဝင်လာသည်။ လမ်းနံဘေးတွင်တော့ လူတစ်ရပ်ခန့်မြင့်မားသည့် ကိုင်းပင်၊ ချုံပင်များပေါက်နေသည့် တောကြီးများဖြစ်သည်။ မကြာခင် သချိုင်းအတွင်းသို့ရောက်သည့်အခါ ဇရပ်ပျက်တစ်လုံးနှင့် မြေပုံများ၊ မှတ်တိုင်များကိုတွေ့နေရသည်။

“အောက်ကိုကြည့်လိုက်စမ်း”

ငခမ်းက အောက်သို့ကြည့်လိုက်ရာ သူ့ရှေ့တွင် ခြေရာများနှင့် ခွေးချေးပုံတစ်ပုံကိုတွေ့လိုက်ရသည်။ ထိုချေးပုံနှင့်အတူ လူကြီးလက်သီးဆုပ်ခန့်ရှိသည့် ခြေရာကြီးများကိုလည်းတွေ့ရသည်။ ချေးပုံမှာလည်း အကြီးကြီးဖြစ်သည်။ ထိုအခါ အသေးလေးက

“အနားတိုးကြည့်လိုက်စမ်း၊ ခွေးချေးပုံကို ငါ့ကိုပြစမ်း”

ငခမ်းလည်းငုတ်တုတ်ထိုင်လိုက်ပြီး ခွေးချေးပုံကို လက်ဝါးဖြင့်ပြလိုက်သည်။ ထိုအခါ လက်ဝါးရှိ အသေးလေး၏ ပါးစပ်မှ သွေးသွယ်ပြီးချွန်နေသည့် လျှာကလေးတစ်ခုထွက်လာကာ ချေးပုံကိုလျှက်နေလေသည်။

“ခင်၊ ခင်ဗျား ချေးပုံကိုလျက်နေတာ မရွံ့ဘူးလား”

“မဟုတ်ဘူးကွ၊ ဒီချေးပုံက စားလို့ကောင်းတယ်၊ ငါ့အထင်တော့ လူသားတွေစားပြီး ပါထားတဲ့ချေးပုံဖြစ်မယ်ကွ”

ငခမ်းက ခေါင်းညိတ်လိုက်မိသည်။

“သေချာတာကတော့ ဒီအနားတစ်ဝိုက်မှာ လူသားစားတဲ့ခွေးလို တစ်ကောင်ကောင်ရှိနေပြီပဲကွ၊ မင်း ငါ့ကိုတစ်ခုကတိပေးရမယ်ငခမ်း”

“ဘာကတိလဲ”

“ဒီခွေးကိုဖမ်းမိရင် မင်းငါ့ကိုအဲဒီခွေးကို ကျွေးရမယ်”

“ဟာဗျာ၊ ကျုပ်မှခွေးသားမစားချင်တာဗျ”

“ငါပြောတာအဲဒီလိုမဟုတ်ဘူးငခမ်း၊ မိစ္ဆာ တွေမှာ အမြုတေလုံးလို့ခေါ်တဲ့ မိစ္ဆာဓါတ်တွေ ကိန်းအောင်းနေတဲ့ စွမ်းအင်လုံးကလေးရှိတယ်၊ အဲဒီဟာကို ငါစားမယ်”

“ကျုပ်က အဲဒီအလုံးကိုထုတ်ပေးရမှာလား”

“မလိုပါဘူးကွာ၊ မင်းသာ ငါ့ရဲ့ပါးစပ်နဲ့ အဲဒီမိစ္ဆာကောင်ကို ကိုက်ခွင့်ပေးလိုက်ပါ”

ငခမ်းခေါင်းညိတ်လိုက်သည်။ ထိုစဉ်

“ဟေ့ငခမ်း၊ မင်းဘာတွေကြည့်နေတာလဲ”

သူ့နံဘေးတွင် မုန်တိုင်းက လာထိုင်ချသည်။ ထို့နောက် မြေပြင်တွင်ရှိသည့် ခွေးချေရာများကိုကြည့်နေလေသည်။

“ခြေရာကြည့်ရတာကတော့ ခွေးက အထီးပဲကွ၊ ဒါပေမယ့် ခြေရာက မတူဘူးဖြစ်နေတယ်၊ ငါ့အထင် ခွေးက နှစ်ကောင်ဖြစ်မယ်”

ထို့နောက် မုန်တိုင်းက ငခမ်းရှေ့တွင်ရှိနေသည့် ခွေးချေးပုံထဲသို့ လက်သန်းကလေးကို စွပ်ခနဲထိုးထည့်လိုက်သည်။ ငခမ်းမှာ ရွံ့ရှာလှသဖြင့် ပျို့တက်လာလေသည်။ မုန်တိုင်းက အသေအချာအာရုံခံကြည့်ပြီး

“ချေးပုံအနေအထားအရဆိုရင်တော့ မနေ့ကပါခဲ့တာဖြစ်မယ်၊ အပြင်ယံတွေက မာကြောပြီး ခြောက်နေပေမယ့်အတွင်းမှာတော့ အစိုဓါတ်ပျော့ပျော့ရှိသေးတယ်ကွ”

မုန်တိုင်းကထိုသို့ပြောပြီး သူ့လက်သန်းတွင်ပေနေသည့် ချေးများကိုလျှာဖြင့်လျက်လိုက်လေသည်။ ငခမ်းအောင့်မထားနိုင်တော့ဘဲ ဝေါခနဲအန်ချလိုက်မိသည်။ မုန်တိုင်းက မရွံသည့်အပြင် မျက်စိကိုထောင့်ကပ်ပြီး သေသေချာချာအရသာခံနေပုံရသည်။

“ခင်ဗျားတို့မုဆိုးတွေက အဲဒီလိုပဲ ချေးတွေစားကြတာလား”

“အမြဲတော့မဟုတ်ဘူးပေါ့ကွာ၊ ချေးကိုစားကြည့်ရင်းနဲ့ ဒီကောင်ဘာအစာတွေစားတာလဲ၊ အဲဒီအစာတွေက တောထဲက ဘယ်နားမှာပေါက်နေသလဲဆိုပြီးတော့ တွေးပြီး သားကောင်ကိုစောင့်ပစ်ရတာမဟုတ်လား”

“ဒါဆိုလည်း အခုချေးစားတော့ ဘာထူးသလဲဗျာ”

“တစ်ခုခုတော့ တစ်ခုခုပဲကွ၊ ငါလည်းမပြောတတ်ဘူး၊ အသားတစ်မျိုးပဲဖြစ်မယ်”

ငခမ်းက လူသားမှန်းသိလိုက်သော်လည်း ဆက်ပြီးမပြောတော့ပေ၊ သူသာပြောလိုက်လျှင် သူဘယ်လိုသိသလဲဆိုသည့်အဖြေကို ပြန်မဖြေတတ်သောကြောင့်ဖြစ်သည်။

(၄)

ခြံတိုးသံများကိုကြားလိုက်ရသည်မို့ ငခမ်းနှင့်မုန်တိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် ချုံတောထဲသို့ တိုးခဲ့လိုက်သည်။ ချုံတောတစ်နေရာတွင်တော့ လူခြေရာများကိုတွေ့ရသဖြင့် ထိုခြေရာများအတိုင်းလိုက်လာခဲ့လိုက်သည်။ ညနေက စောင်းနေပြီဖြစ်ပြီး ကောင်းကင်တွင် အလင်းရောင်နည်းနေလေပြီ၊ မကြာမီ ကိုင်းတောကြီးအတွင်းမှထွက်လိုက်သည့်အခါ သစ်ပင်အိုကြီးတစ်ပင်ကိုတွေ့လိုက်ရလေသည်။ သစ်ပင်အိုကြီး၏ ပင်စည်တွင် မိန်းကလေးတစ်ယောက်ကို ကြိုးနှင့်ပတ်ချည်ထားသည်။

“ကျုပ်ကိုလွှတ်ပေးပါ၊ ကျုပ်ကိုလွှတ်ပေးပါ”

ထိုအခါ သစ်ပင်အနောက်မှ လူကြီးတစ်ဦးထွက်လာသည်။ ရှမ်းများဝတ်ဆင်လေ့ရှိသည့် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခေါင်းပေါင်းကြီးတစ်ခုပေါင်းထားလေသည်။ ငခမ်းလည်းထိုလူကြီးကိုကြည့်ပြီး အံ့ဩသွားသည်။ သူနှင့်အသိ ဘိုးထီးဆိုသည့်လူကြီးပင်ဖြစ်သည်။

“ကျုပ်ကိုလွှတ်ပေးပါ၊ မလွှတ်ပေးရင် ကျုပ်အော်မှာနော်”

“အော်စမ်းပါကောင်မလေးရဲ့၊ မင်းကြိုက်သလောက်အော်၊ မင်းအော်သံကို ဒီနားမှာဘယ်သူမှ မကြားနိုင်ဘူးကွ”

ဘိုထီးက ပြုံးလိုက်ပြီးနောက် ဆေးတံကြီးကိုထုတ်ကာ ဖွာရှိုက်နေလေသည်။

“ဦးလေးကြီး ကျုပ်ကိုဘာလုပ်ဖို့ ဖမ်းထားတာလဲ”

“မင်းကိုလား၊ မင်းကို ငါ့သားနဲ့ ငါ့မိန်းမကို ကျွေးမလို့ပေါ့ကွ”

ထိုအခိုက်တွင် ကျယ်လောင်သည့် ခွေးအူသံကြီးများကိုကြားလိုက်ရသည်။ ထို့နောက် သူတို့နှင့်တစ်ဖက် ချုံတောအတွင်းမှ လူနှစ်ဦးထွက်လာခဲ့သည်။ တစ်ဦးမှာ ဘိုထီး၏ သားဖြစ်ကာ၊ နောက်တစ်ဦးမှာတော့ မိန်းမကြီးတစ်ယောက်ဖြစ်သည်။ ဘိုထီး၏ မိန်းမကို ငခမ်းမြင်ဖူးသော်လည်း ထိုမိန်းမကြီးတော့မဟုတ်ပေ။ သူတို့က သစ်ပင်ကြီးအနီးသို့လာခဲ့ပြီး ဘိုထီးအနားတွင်ရပ်နေလိုက်သည်။

“ဗိုက်ဆာလိုက်တာအဖေရာ”

သူတို့က ရှမ်းလိုပြောနေခြင်းဖြစ်သည်။

“ဆာရင် ဟောဟိုက ကောင်မလေးကို စားလိုက်ပါတော့သားရဲ့”

“ကိုဘိုထီး ရှင် ကျုပ်အတွက်ရော မပါဘူးလား”

ဘိုထီးက ခေါင်းခါလိုက်သည်။

“မလွယ်ဘူးကွ၊ ဒီနေ့တောင်မှ ဒီရူးရူးပေါပေါကောင်မလေးကိုတောင် မနည်းဖမ်းခေါ်လာရတာ၊ တစ်ယောက်ကို အတူတူမျှဝေစားကြပေါ့ကွာ”

ထိုမိန်းမကြီးက ဘိုထီးကိုမကျေမနပ်နှင့်ကြည့်သည်။

“ကျုပ်ပြောထားပြီးသားနော် ကိုဘိုထီး၊ ကျုပ်က လူတစ်ယောက်နဲ့တောင် ဗိုက်မဝတာ ဒီလိုပိန်ပိန်ပါးပါး အရိုးပြိုင်းပြိုင်းနဲ့ကောင်မလေးကို ကျုပ်တို့နှစ်ယောက်ခွဲစားရမှာ ဝမယ်လို့ရှင်ထင်နေတာလား”

“အေးပါကွာ၊ ငါတိုးရှာပေးပါ့မယ်”

“တိုးမရှာပေးရင်တော့ ရှင့်ကိုပဲစားရမှာပဲတော်”

ထို့နောက် သူတို့နှစ်ယောက် အဝတ်အစားများကိုချွတ်လိုက်ကြသည်။ ဘိုထီးသားရော ထိုမိန်းမကြီးပါ ဝတ်လစ်စားလစ်ဖြစ်သွားကြလေသည်။ ထို့နောက် သူတို့နှစ်ယောက်က မြေပြင်တွင် လေးဘက်ထောက်လိုက်ပြီး ခေါင်းကိုမော့ကာ ခွေးလိုအူလိုက်လေသည်။

“အူ၊ ဝု၊ ဝူး”

ထိုအချိန်မှာပင် သူတို့၏ ခြေများလက်များမှ အမွှေးများထွက်လာသည်။ တစ်ခဏအတွင်းမှာပင် ခွေးနက်ကြီးနှစ်ကောင်အဖြစ်ပြောင်းသွားလေသည်။ ဘိုထီးမိန်းမမှာ အလွန်ကြီးမားသည့် ခွေးနက်ကြီးဖြစ်သွားပြီး ဘိုထီးသားကတော့ သိပ်မကြီးသေးပေ။ ခွေးကြီးများကိုမြင်သည့်အခါ ထိုမိန်းကလေးက အသံကုန်ဟစ်လျက် အော်တော့သည်။

“ကယ်ကြပါအုံးရှင်၊ ကယ်ကြပါအုံး”

ဘိုထီးကတော့ ဆေးတံဖွာလျှက် တစ်ဖက်သို့မျက်နှာလွှဲနေလေသည်။ ခွေးကြီးနှစ်ကောင်က မိန်းကလေးအနီးသို့တိုးကပ်လိုက်လေသည်။

“ကိန်၊ ကိန်”

ခွေးတစ်ကောင်က အော်ဟစ်လိုက်ပြီး မြေပြင်တွင်ခွေကျသွားသည်။ ထိုခွေးမှာ ဘိုထီး၏သားဖြစ်သည်။ မြားတံတစ်ချောင်းက မျက်လုံးကိုဖောက်ဝင်သွားပြီး မြေပြင်တွင် လူးလှိမ့်နေသည်။ ထိုအခါ ခွေးနက်ကြီးက သူတို့ဆီသို့လှည့်ကြည့်လေသည်။ ငခမ်းကတော့ သူ့ခါးစည်းပုဝါစကို မျက်နှာတွင်ပတ်လိုက်ပြီး ရုပ်ဖျက်လိုက်သည်။ မုန်တိုင်းက ပုန်းနေရာမှ ခုန်ထွက်လိုက်ပြီး မြားသုံးစင်းကို ခွေးအကြီးကြီးထံသို့ ပစ်လွှတ်လိုက်သည်။

ခွေးအကြီးကြီးမျက်နှာသို့ မြားတံများက ထိသွားသော်လည်း မဖောက်ဝင်ဘဲ မြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။ ဘိုထီးလည်းအလွန်အံ့ဩသွားလေသည်။

“မင်း၊ မင်းတို့ဘယ်သူတွေလဲ”

“ကျုပ်တို့က မိစ္ဆာဖမ်းသမားတွေပဲ၊ ကဲလာစမ်း၊ ခွေးနက်ကြီး”

မုန်တိုင်းထံသို့ ခွေးကြီးက တစ်ဟုန်ထိုးပြေးလာလေသည်။ မုန်တိုင်းက နောက်ထပ်မြားတံများဖြင့် ပစ်လွှတ်လိုက်သော်လည်း ခွေးနက်ကြီး၏ အမွှေးအတောင်များတွင် မြားတံများက ကပ်နေပြန်သည်။ မုန်တိုင်းအနီးသို့ ခွေးနက်ကြီးရောက်လာသောအခါ ငခမ်းက ရွှေကြာပွင့်နှင့် လွှဲရိုက်ထည့်လိုက်သည်။

“ကိန်၊ ကိန်”

ခွေးနက်ကြီး၏ ငယ်ထိပ်တည့်တည့်သို့ ရွှေကြာပွင့်က ထိသွားသည့်အခါ ခွေးနက်ကြီးမှာ ချော်လဲကျသွားသည်။ အရှိန်နှင့်မို့ မြေပြင်တွင် တရွတ်ဆွဲကာ လည်ထွက်သွားလေသည်။ ထိုစဉ် ခွေးနက်အငယ်ကလေးမှာ သူ့မျက်လုံးတွင်စိုက်ဝင်နေသည့် မြားတံကို ဆွဲဖြုတ်ပြီး မုန်တိုင်းထံသို့ အပြေးဝင်လာလေသည်။ မုန်တိုင်းနှင့် ခွေးနက်ကလေးမှာ မြေပြင်တွင်လုံးထွေးနေကြလေသည်။ ငခမ်းကတော့ ရွှေကြာပွင့်ကိုလွှဲရင်း ခွေးနက်ကောင်ကြီးထလာမည်ကို စောင့်နေလိုက်သည်။ ခွေးနက်ကောင်ကြီးက ခေါင်းကိုခါလိုက်ပြီး ငခမ်းကိုမီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“အာ၊ ဝူး”

ထိုသို့အူလိုက်ပြီး ငခမ်းဆီဝင်လာပြန်သည်။ ငခမ်းကလည်း ခွေးနက်ကြီးကိုက်သည်ကို ရှောင်ရှားလိုက်ပြီးနောက် ရွှေကြာပွင့်လက်နက်မှ သံကြိုးဖြင့် ခွေးနက်ကြီး၏ နောက်ခြေထောက်ကိုလှမ်းဆွဲပတ်လိုက်လေသည်။ ထို့နောက် အားကုန်သုံးပြီး သံကြိုးကိုလွှဲလိုက်ရာ ခွေးနက်ကြီးက မိုးပေါ်သို့မြောက်တက်သွားလေသည်။ ငခမ်းအချိန်မဆိုင်းတော့ဘဲ သံကြိုးကိုမြေကြီးထံသို့လွှဲရိုက်ထည့်လိုက်ရာ မိုးပေါ်ရောက်နေသည့် ခွေးနက်ကြီးမှာ မြေကြီးပေါ်သို့ အရှိန်ဖြင့်ပြုတ်ကျလေသည်။ ခွေးနက်ကြီးမှာ မြေသို့ကျပြီး မနည်းပြန်ထရသည်။

“လာစမ်းပါ၊ မင်းကိုငါဖမ်းမယ် ခွေးနက်ကြီး”

ငခမ်းက သံကြိုးကိုလွှဲနေလေသည်။ ခွေးနက်ကြီးက ကုန်းထပြီး သူ့ကိုသေသေချာချာစိုက်ကြည့်နေသည်။ ထိုစဉ် ဘိုထီးမှာပြေးလာပြီး ငခမ်းကိုအနောက်ကနေ သိုင်းဖက်ထားလိုက်သည်။ ငခမ်းလည်း ဘိုထီးအားလက်နက်ထိမည်စိုးသဖြင့် လက်နက်ကိုရုပ်သိမ်းလိုက်သည်။

“ဘိုထီး၊ ကျုပ်ကိုဘာလုပ်တာလဲ”

ဘိုထီးက ငခမ်းကိုပင်မကြည့်ဘဲ ခွေးနက်ကြီးအားကြည့်ပြီး

“လာဟေ့၊ ဒီကောင့်ကိုအမြန်လာစားစမ်း၊ ငါမင်းအတွက်ဖမ်းပေးထားတယ်”

ခွေးနက်ကြီးက ပါးစပ်ကြီးကိုဖွင့်လိုက်ပြီး အရှိန်ဖြင့်ထိုးဟောင်လိုက်သည်။ ကျယ်လောင်သည့် ခွေးဟောင်သံကြီးက ပတ်ဝန်းကျင်တွင်ထွက်ပေါ်လာလေသည်။ ခွေးဟောင်သံနှင့်အတူ ခွေးနက်ကြီးအာခေါင်အတွင်းမှ ဝင်းလက်သွားပြီး အနီရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများကို ငခမ်းကကြည့်နေမိသည်။ ထို့နောက် သူ့အနောက်မှ ဘိုထီးကလည်း ငြိမ်သက်သွားပြီး ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေလေသည်။

“ဘိုထီး ဘာဖြစ်တာလဲ”

ဘိုထီးမျက်လုံးက နီရဲနေပြီး လူက မလှုပ်တော့ပေ။ ငခမ်းလည်း ဘိုထီးလက်မှ ရုန်းထွက်လိုက်သည်။ အနောက်သို့ကြည့်လိုက်ရာ မုန်တိုင်းမှာလည်း ဘိုထီးကဲ့သို့ပင် မျက်လုံးကြီးနီနေပြီး ရပ်တန့်နေလေသည်။ ရပ်တန့်နေသည့် မုန်တိုင်းအား ခွေးနက်ကလေးက ကိုက်ဆွဲရန်ပြင်နေလေသည်။

“မလုပ်နဲ့ကွ”

ငခမ်းက ခွေးနက်ကလေးကို ရွှေကြာပွင့်နှင့် ပစ်ပေါက်လိုက်လေသည်။ ထို့နောက် ရွှေကြာပွင့်နှင့်ဆယ်ချက်ခန့် အဆက်မပြတ်ရိုက်ထည့်လိုက်ရာ ခွေးနက်ကလေးမှာ မြေပြင်တွင်လဲကျသွားလေသည်။

“ငခမ်း၊ ငခမ်း၊ မင်းငါ့ကို ကတိပေးထားတယ်နော်”

လက်မှ အသေးလေးက စကားပြောလာသဖြင့် ငခမ်းအံ့ဩသွားမိသည်။

“ကျုပ်၊ ကျုပ်ဘာလုပ်ရမှာလဲ”

“ခွေးကလေးရဲ့ခေါင်းကို ငါနဲ့ထိလိုက်စမ်းပါ”

ငခမ်းက လက်ဝါးဖြန့်လိုက်ပြီး သူ့လက်ထဲမှ နတ်ဆိုးပါးစပ်အား ခွေးနက်ကလေး၏ ဦးခေါင်းအနီးသို့တိုးကပ်လိုက်သည်။ ထိုအခါ ပါးစပ်က ပွင့်အာသွားပြီး အရှေ့သို့စူထွက်လာလေသည်။ ထို့နောက် ပါးစပ်အတွင်းသို့ လေများစုပ်သွင်းရာ ခွေးနက်ကလေး၏ ငယ်ထိပ်မှ ကြက်သွေးရောင်မီးလုံးကလေးတစ်ခု ထွက်လာသည်ကိုမြင်တွေ့လိုက်ရသည်။ ထိုကြက်သွေးရောင်မီးလုံးကလေးမှာ နတ်ဆိုးပါးစပ်အတွင်းသို့ တိုးဝင်သွားလေသည်။

ငခမ်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး မြေပြင်သို့ဖင်ထိုင်လဲကျသွားသည်။ သူ့ကိုယ်အတွင်းတွင် ထူးဆန်းသည့်စွမ်းအားများကို ခံစားလိုက်ရသည်။ နတ်ဆိုးပါးစပ်က

“ငခမ်း၊ အဲဒီကောင်ကိုလည်း ငါစားချင်တယ်”

ခွေးနက်ကြီးက ငခမ်းအားခုန်အုပ်လိုက်တော့သည်။ ငခမ်းလည်းရုတ်တရက်မို့ ခုန်အုပ်ခံလိုက်ရပြီး ခွေးနက်ကြီးကို ဒူးဖြင့်တိုက်၊ တံတောင်ဖြင့်ရိုက်ထည့်သည်။ ခွေးနက်ကြီးက ငခမ်း၏လည်ပင်းကို သူ့ပါးစပ်ကြီးနှင့်ဖြဲပြီးကိုက်ထည့်လိုက်သည်။ ငခမ်းလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ ညာဖက်လက်နှင့်ကာထည့်လိုက်လေသည်။

“ဝုန်း”

ခွေးနက်ကြီးမှာ အနောက်သို့လွင့်ထွက်သွားသည်။ နတ်ဆိုးပါးစပ်ရှိနေသည့် လက်ကို ကိုင်မိသောကြောင့်ဟု ငခမ်းကထင်လိုက်သည်။

“ပျံလွှား၊ လုပ်လိုက်တော့”

ထိုစဉ် စည်သူတို့ရောက်လာသည်။ ပျံလွှားက ခွေးနက်ကြီးကို ဓါးမြန်ကလေးများနှင့်ပစ်ပေါက်လိုက်ပြီး အနီးသို့ကပ်သွားသည်။ ထိုအခါ ခွေးနက်ကြီးက ပါးစပ်ကြီးဖြဲပြီး ထပ်ဟောင်ရန်ပြင်ဆင်နေရာ ငခမ်းက ခွေးနက်ကြီးဆီသို့အတင်းခုန်ဝင်သွားပြီး ခွေးနက်ကြီး၏ ပါးစပ်ကို သူ့လက်များနှင့်ဖိပိတ်ထားလေသည်။

“မြန်မြန်လုပ်”

ပျံလွှားက ခုန်ပျံဝင်လာပြီး ခွေးနက်ကြီး၏ ဦးခေါင်းတွင် ကြေးပြားကလေးကပ်လိုက်လေသည်။ ထိုအခါ ခွေးနက်ကြီးမှာ ခုန်ပေါက်နေပြီးနောက် မကြာခင် မိန်းမကြီးတစ်ဦးအဖြစ်ပြောင်းလဲသွားသည်။ ငခမ်းက ခွေးနက်ကြီးပါးစပ်ကိုဖမ်းထားရာ လူဖြစ်သွားသည့်အခါတွင်တော့ ထိုမိန်းမကြီးကို ဖက်ထားလျက်သားဖြစ်နေသည်။

“နင်၊ နင် ဘယ်လိုလုပ်လိုက်တာလဲ၊ ငါ့ရဲ့ အာခံတွင်းထဲက မီးတောက်ကိုမြင်တဲ့လူတိုင်း အသိပျောက်ပြီး ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားတတ်ကြတယ်မဟုတ်လား”

“ဟား၊ ဟား ဘယ်ဖြစ်မလဲဗျ၊ ကျုပ်က ခင်ဗျားတို့ထက်အဆင့်မြင့်တာကိုး”

စည်သူနှင့် ပျံလွှားတို့က ရောက်လာပြီး ထိုမိန်းမကြီးကိုဖမ်းချုပ်လိုက်လေသည်။

“ကဲ လာကြဟေ့၊ မြိုတံခါးမပိတ်ခင် မြို့ထဲဝင်ကြစို့”

ပျံလွှားနှင့် စည်သူက ထိုမိန်းမကြီးကို မြင်းပေါ်တင်ပြီးခေါ်သွားသည်။ ခွေးနက်ကြီးထွက်သွားသည့်တိုင်အောင် မုန်တိုင်းနှင့် ဘိုထီးမှာ ကျောက်ရုပ်ကြီးများကဲ့သို့ဖြစ်နေသေးသည်။

“မုန်တိုင်း”

မုန်တိုင်းပုခုံးကိုပုတ်လိုက်တော့မှ မုန်တိုင်းသတိပြန်ရလာပြီး ကြောင်တောင်တောင်ဖြစ်နေသည်။ မကြာမီတွင် ဘိုထီးမှာလည်း သတိရလာလေသည်။

“ဟင်၊ ကွမ်ခမ်း၊ မင်းကွမ်ခမ်း မဟုတ်လား”

“ဟုတ်တယ်ဘိုထီး”

ဘိုထီးက မြေပြင်တွင်လဲကျသေဆုံးနေသည့် သူ့သားဖြစ်သူထံသို့ပြေးသွားလိုက်သည်။ ဘိုထီး၏သားဖြစ်သူ ခွေးနက်ကလေးမှာ နတ်ဆိုးပါးစပ်က စားလိုက်သဖြင့် လူပြန်ဖြစ်ပြီး သေဆုံးနေခြင်းဖြစ်သည်။ ဘိုထီးက သူ့သားအလောင်းကိုဖက်ပြီး အော်ဟစ် ငိုယိုနေလေသည်။

“ကျုပ်တို့စိတ်မကောင်းပါဘူးဗျာ၊ ဒါနဲ့ဘိုထီးတို့ ဘယ်လိုဖြစ်ခဲ့တာလဲ၊ ဟိုမိန်းမကြီးကရောဘယ်သူလဲ”

ဘိုထီးက မျက်ရည်စက်လက်ဖြင့် သူတို့အဖြစ်များကိုပြောပြလေသည်။

(၅)

ဘိုထီးနှင့် သူ့သား စိုင်းလုံတို့မှာ ဝန်တင်လားကလေးပေါ်တွင် ကုန်စည်များတင်ဆောင်ပြီး တောင်ပေါ်မှဆင်းလာခဲ့ကြသည်။ ကုန်သည်များမို့ လမ်းခရီးတွင်ရွာစဉ်တစ်လျှောက်လှည့်ပတ်ကာ ကုန်များကိုလဲလှယ်ကြရသည်။ သုံးရက်ခန့်ကြာပြီးအခါတွင် အလွန်ဝေးလံခေါင်သီသည့် ဒေသတစ်ခုသို့ရောက်ခဲ့သည်။ ထိုဒေသတွင် ရှားပါးသည့် ကျောက်သွေးများထွက်ရှိပြီး ထိုကျောက်သွေးများမှာလည်း ဈေးကောင်းရသဖြင့် ဘိုထီးက ထိုရွာကိုမှတ်သားထားခြင်းဖြစ်သည်။ အလွန်မြင့်မားသည့် ကျောက်တောင်ကြီးများကို ကွေ့ပတ်ဖောက်လုပ်ထားသည့် လမ်းကလေးအတိုင်း ဆက်လာခဲ့ကြရာ မကြာမီတွင် ရွာကြီးတစ်ရွာသို့ရောက်ခဲ့ကြလေသည်။

“ဗျို့၊ ဘယ်သူမှ မရှိကြဘူးလား”

တစ်ရွာလုံးတိတ်ဆိတ်နေသည်။ သစ်ကြီး၊ ဝါးကြီးများဖြင့်ဆောက်လုပ်ထားသည့် ခိုင်မာသည့်အိမ်ကြီးများပင် ဖြစ်လင့်ကစား အိမ်တွင်လူတစ်ဦးတစ်ယောက်မှမရှိသလို တစ်ရွာလုံးလည်း လူတစ်ယောက်မှ မတွေ့ရပေ။

“ဒီလူတွေဘယ်ရောက်သွားတာလဲမသိဘူးနော်”

သူတို့သားအဖစကားပြောရင်း အလွန်ညည့်နက်လာပြီမို့ ရွာအပြင်ခရီးသွားများတည်းခိုလေ့ရှိသည့် ဇရပ်ကလေးတွင် စခန်းချလိုက်သည်။

ဇရပ်ပေါ်တွင် လူတွေရှင်းနေသည်။ ဇရပ်အောက်တွင် မီးပုံကလေးဖိုလိုက်ပြီး သားအဖနှစ်ယောက်ထိုင်နေလိုက်ကြသည်။ ထိုစဉ်မိန်းကလေးတစ်ဦး သူတို့အနားသို့ရောက်လာသည်။ အသက်လတ်ပိုင်းအရွယ်အမျိုးသမီးဖြစ်သည်။

“ဒီဇရပ်မှာ နားမလို့လား”

အမျိုးသမီးက ခေါင်းညိတ်ပြပြီးဇရပ်ပေါ်သို့တက်သွားသည်။ ဘိုထီးတို့လည်းမကြာခင် ဇရပ်ပေါ်တက်လိုက်ကြသည်။ ညတစ်ရေးနိုးသည့်အခါ ထိုအမျိုးသမီးက ဘိုထီးနံဘေးသို့ရောက်နေခဲ့လေသည်။

“ဟိတ်၊ မင်းဘာလုပ်တာတုန်း”

“အကိုကြီးရယ်၊ ကျွန်မက အပျော်မယ်တစ်ယောက်ပါ၊ ကျွန်မကိုပိုက်ဆံနည်းနည်းလောက်ပေးပါ၊ ကျွန်မတတ်တဲ့ပညာနဲ့ အကိုကြီးကိုကျေးဇူးဆပ်ပါမယ်”

ထိုအမျိုးသမီးက ဘိုထီးအား ပွတ်သပ်နှိုးဆွနေရာ ဘိုထီးလည်းယောက်ျားပေမို့ ကာမစိတ်များထကြွလာပြီး မှားမိတော့သည်။ ထိုအခါ အိပ်နေသည့် သူ့သားဖြစ်သူ စိုင်းလုံလည်း နိုးလာခဲ့လေသည်။

“အဖေ၊ ဟာ ဘာတွေဖြစ်နေတာကြတာလဲ”

“ဘာမှမဖြစ်ဘူးသား၊ ဒီကောင်မလေးက အခကြေးငွေနဲ့ ပျော်ပါးလို့ရတဲ့မိန်းကလေးပဲ”

သို့နှင့် သူတို့သားအဖနှစ်ယောက် ထိုဇရပ်တွင် ထိုအမျိုးသမီးနဲ့ တစ်ညလုံးပျော်ပါးခဲ့မိသည်။ မနက်အာရုံမတက်ခင်အချိန်တွင် အိပ်ပျော်နေသော သားဖြစ်သူစိုင်းလုံကို ပါးစပ်ဖြဲက ထိုအမျိုးသမီးက တစ်ခုခုကိုအန်ထည့်လိုက်သည်ကို ဘိုထီးမြင်တွေ့လိုက်သည်။

“ဟေ့၊ မင်း၊ မင်းဘာလုပ်တာလဲ”

ထိုအချိန်မှာပင် ထိုအမျိုးသမီးက လေးဘက်ထောက်ချလိုက်ပြီး ခွေးနက်ကြီးတစ်ကောင်အသွင်ပြောင်းလဲသွားလေသည်။

“ရှင့်သားကို ကျုပ်ချစ်လို့ကျုပ်နဲ့အတူတူနေခိုင်းမယ်၊ ရှင့်ကိုတော့ ကျုပ်စားရလိမ့်မယ်”

ဘိုထီးအလွန်ကြောက်လန့်နေမိသည်။

“မစားပါနဲ့၊ ငါ့ကိုမစားပါနဲ့”

“ဒါဆိုရင် ကျုပ်လူသားစားချင်တယ်”

“ငါ့၊ ငါ့ကိုမစားဘူးဆိုရင် ငါမင်းကိုလူသားရှာကျွေးပါ့မယ်”

နောက်ပိုင်းမှသိရသည်မှာ ထိုမိန်းကလေးက တောင်ပေါ်မှဆင်းလာသည့် တောခွေးမိစ္ဆာ္ဆကြီးဖြစ်နေသည်။ တောခွေးမိစ္ဆာ္ဆဆိုးလွန်းသဖြင့် ထိုအနီးတစ်ဝိုက်တွင်ရှိသော ရွာများမှ ရွာသူရွာသူများမှာ ထွက်ပြေးပြောင်းရွှေ့ နေထိုင်ကြလေသည်။ ဘိုထီးကပြောရင်း မျက်ရည်တွေသုတ်နေလေသည်။

“ဒါနဲ့ပဲ ဘိုထီးက လူတွေကိုဖမ်းပြီးတော့ သူတို့ကိုကျွေးနေတာပေါ့လေ”

ဘိုထီးခေါင်းညိတ်သည်။

“ငါ့သားကိုလည်းငါချစ်တယ်လေကွာ၊ နောက်ပြီး အဲဒီမိန်းကလေးကိုလည်း ငါချစ်တယ်”

“အပိုတွေဗျာ၊ ခင်ဗျားသားက မိစ္ဆာဖြစ်သွားပြီလေ၊ လူမှမဟုတ်တာ”

“ဘာပဲဖြစ်ဖြစ် ငါ့သားပဲလေကွာ”

“ကဲ ထားပါတော့၊ ဘိုထီးသွားတော့၊ ကျုပ်ခင်ဗျားကိုမဖမ်းချင်ဘူးဗျာ”

ဘိုထီးက မတ်တပ်ရပ်ပြီးထထွက်သွားသည်။ ငခမ်းနှင့် မုန်တိုင်းလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထွက်ခွာရန်လုပ်လိုက်စဉ်

“ရှင်တို့ ကျွန်မကို မကယ်ကြတော့ဘူးလား”

ထိုတော့မှ သစ်ပင်တွင်ချည်နှောင်ထားသည့်မိန်းကလေးကို သူတို့သတိရသွားမိသည်။ ငခမ်းက ထိုမိန်းကလေးကို ကြိုးဖြည်ပေးလိုက်သည်။ ထိုမိန်းကလေးက အသားအရည်ဖြူဖြူဝင်းဝင်းနှင့် ချစ်စရာကောင်းသောမျက်နှာရှိသည်။ ဗမာတစ်ဦးမဟုတ်ဘဲ တိုင်းရင်းသူတစ်ဦးဖြစ်ဟန်တူသည်။

“မင်းလည်းပြန်တော့၊ မင်းအိမ်ကိုမင်းသွားတော့”

“ကျုပ်မှာ သွားစရာအိမ်မရှိဘူး”

“ဟဲ့ကောင်မလေး၊ မင်းဒီအရွယ်နဲ့လျှောက်သွားနေလို့ အခုလိုဖြစ်ရတာ၊ မင်းငါတို့အတွေ့စောလို့ ကံကောင်းတယ်မှတ်၊ မဟုတ်ရင် မင်းခွေးစာဖြစ်နေလောက်ပြီကွ”

“ဒါဆိုလည်း အကိုကြီးတို့ ကျုပ်ကိုခေါ်ထားလေ”

ငခမ်းမျက်လုံးပြူးသွားသည်။ မုန်တိုင်းကတော့ သူ့ကိုရယ်ကျဲကျဲနှင့်ကြည့်နေသည်။

“ငါက ဘာလို့မင်းကိုခေါ်သွားရမှာလဲ”

“အကိုကြီးပဲ ကျုပ်ကိုစိတ်ပူပေးနေတယ်မဟုတ်လား”

“စိတ်မပူပါဘူးကွာ၊ မင်းသွားချင်တဲ့နေရာသွားတော့၊ ငါတို့လည်းသွားမယ်၊ သွားစို့ကွာ မုန်တိုင်း”

သူတို့ထွက်လာရာ ထိုမိန်းကလေးက သူတို့အနောက်မှပြေးလိုက်လာလေသည်။ သူတို့မြင်းပေါ်တက်စီးလိုက်သည့်အချိန် မြင်းအနောက်မှပြေးလိုက်လာပြန်သည်။ ပြေးရင်းနှင့် ချော်လဲပြီး လမ်းတွင်လူးလိမ့်ကာ ကျန်နေခဲ့သည်။ ငခမ်းတို့လည်း မြင်းကိုဒုန်းစိုင်းစီးလာကြသည်။ တစ်နေရာရောက်တော့ ငခမ်းက မြင်းကိုအရှိန်သတ်လိုက်သည်။

“ဘာလဲငခမ်း၊ မင်းက အဲဒီကောင်မလေးကို ကယ်ချင်နေပြန်ပြီလား”

“ကယ်ချင်တာတော့မဟုတ်ဘူး၊ ဒါပေမယ့် ငါတို့သူ့ကိုလုံခြုံတဲ့နေရာတစ်ခုအထိ ခေါ်သွားသင့်တယ်မဟုတ်လား၊ မြို့ပြင်မှာလည်းဖြစ်နေပြန်၊ ညကလည်းမိုးချုပ်နေပြီဆိုတော့ မသမာသူတွေနဲ့ထပ်တွေ့သွားရင် သူနစ်နာသွားမယ်မဟုတ်လား”

မုန်တိုင်းက ရယ်ကျဲကျဲဖြင့်

“ဟား၊ ဟား ငခမ်းရာ ခြေနှစ်ချောင်းမကယ်ကောင်းဘူးတဲ့ကွ၊ မနေ့က ငါနဲ့စည်သူပြောနေကြတာ”

ငခမ်းက မြင်းကိုပြန်လှည့်လိုက်ကာ

“ဘာပဲဖြစ်ဖြစ် လူတစ်ယောက်နစ်နာသွားမှာကို သိလျက်နဲ့တော့ ကျုပ်လက်ပိုက်ကြည့်မနေနိုင်ဘူး”

“ဟေ့ငခမ်း၊ ကောင်မလေးက ချောလို့မဟုတ်လားကွ”

မုန်တိုင်းစကားကိုငခမ်းပြန်မဖြေတော့ဘဲ မြင်းကိုပြန်လှည့်ကာ စီးထွက်လာခဲ့သည်။ လရောင်က ဝင်းပစွာသာနေသောကြောင့် ပတ်ဝန်းကျင်တစ်ခွင်က ထိန်လင်းနေသည်။ မကြာခင် လမ်းဘေးတွင် ငုတ်တုတ်ထိုင်နေသည့် ထိုကောင်မလေးကိုတွေ့လိုက်ရသည်။

“မင်းမသွားဘူးလား”

“ရှင်ရောမသွားဘူးလား၊ ဘာလို့ပြန်လှည့်လာတာလဲ”

ငခမ်းက ဘာမှမပြောတော့ဘဲ မြင်းပေါ်မှနေပြီး လက်ကိုလှမ်းပေးလိုက်သည်။

“တက်၊ မင်းကိုလုံခြုံတဲ့နေရာကို ခေါ်သွားပေးမယ်”

“မတက်ပါဘူး အကိုကြီးတို့ကမှ ကျုပ်ကိုမခေါ်ချင်တာ”

“မူမနေပါနဲ့ကွာ၊ အခုခေါ်တယ်၊ ဟုတ်ပြီလား၊ မြင်းပေါ်တက်စမ်း”

ထိုကောင်မလေးက မတ်တပ်ထရပ်ပြီး သူ့ကိုပြုံးပြသည်။ ထို့နောက် သူ့လက်ကိုဆွဲကာမြင်းပေါ်သို့ လွှားခနဲခုန်တက်လိုက်သည်။

“မင်းက မဆိုးပါဘူး၊ မြင်းပေါ်တော့ တက်တတ်သားပဲ”

“ဒါပေါ့ရှင် ကျုပ်က သိုင်းပညာသင်ဖူးပါတယ်”

“အောင်မယ်၊ သိုင်းပညာသင်ဖူးလို့ ခုနက ဘာမှမတတ်တဲ့ ဘိုထီးကို မနိုင်ဘူးမဟုတ်လား”

“အဲဒါကတော့ အဲဒီလူကြီးက ညစ်ပတ်တာကိုး၊ သူက အိပ်မွှေ့သီးတွေနဲ့ အိပ်မွှေ့ချတာကိုး”

ငခမ်းကမြင်းကိုပြန်လှည့်လိုက်ပြီး ဒုန်းစိုင်းမောင်းနှင့်ပြန်သည်။ ထိုကောင်မလေးက သူ့အရှေ့တွင်လိုက်ပါစီးနင်းနေခြင်းဖြစ်သည်။

“ဖြေးဖြေးမောင်းပါရှင့်၊ မြင်းက တအားဆောင့်တာပဲ”

ငခမ်းလည်းအရှိန်နှေးလိုက်ပြီး ဖြေးဖြေးမှန်မှန်မောင်းလာခဲ့ရာ မကြာခင်တွင် မုန်တိုင်းနှင့်ဆုံသည်။

“ကျုပ်တို့ဘယ်ကိုသွားကြမလဲငခမ်း၊ မြို့တံခါးကလည်းပိတ်ပြီးနေပြီမဟုတ်လား”

“မပူပါနဲ့မုန်တိုင်းရာ မြို့ပြင်မှာ ညောင်ပင်ရိပ်ဆိုတဲ့ စားတဲကြီးတစ်ခုရှိပါတယ်ကွ၊ အဲဒီမှာ ငါတို့ တစ်ညလောက်ဖြတ်သန်းတာပေါ့ကွ၊ မနက်လင်းမှမြို့ထဲဝင်တာပေါ့”

သူတို့မြင်းကိုအသာမောင်းနှင်ရင်း မကြာမီ မီးရောင်စုံထိန်လင်းနေသည့် ညောင်ပင်ရိပ်ဆီသို့ရောက်လာခဲ့ကြတော့သည်။

Zawgyi Version

ေခြးေယာင္ေဆာင္ေသာလူ(စ/ဆံုး)
—————————————-
အမရပူရေ႐ႊၿမိဳ႕ေတာ္ႀကီးမွာ ညအခ်ိန္ေရာက္သည့္တိုင္ စည္ကားေနဆဲျဖစ္သည္။ ၿမိဳ႕တြင္းရပ္ကြက္မ်ားတြင္ စားပြဲေသာက္ပြဲမ်ားသာမက အကပြဲမ်ား၊ ေျမဝိုင္းဇာတ္ထုပ္မ်ားႏွင့္ စည္ကားေနသည္။ ငခမ္းႏွင့္မုန္တိုင္းတို႔လည္း ခံတပ္ထဲတြင္ပ်င္းလာသျဖင့္ ထိုညေတာ့ထြက္လည္ၾကသည္။ ၿမိဳ႕တြင္းတြင္ ပြဲေဈးတန္းတစ္ခုရွိသျဖင့္ ပြဲေဈးေလ်ာက္ၾကသည္။ အနယ္နယ္အရပ္ရပ္မွလာေရာက္ၾကသူမ်ားက သူတို႔သယ္ယူလာသည့္ ကုန္စည္မ်ားကိုေရာင္းခ်ေဖာက္ကားၾကသည္။ လဲလွယ္ၾကသည့္ေနရာျဖစ္သည္။ ထိုေခတ္က ကုန္စည္လဲလွယ္သည့္စနစ္မွာ တြင္က်ယ္ေနေသးသည္။ ျမင္းတစ္ေကာင္ဆိုလွ်င္ ဆိတ္ဆယ္ေကာင္ရွိသည့္ ဆိတ္အုပ္ႏွင့္လဲလွယ္ႏိုင္သည္။ စပါးတစ္တင္းလွ်င္ ငါးပိအိုးကေလးတစ္အိုးႏွင့္ လဲလွယ္ၾကသည္။ ထို႔အျပင္ လဲလွယ္သူႏွစ္ဦးက တစ္ေယာက္ႏွင့္တစ္ေယာက္ညႇိႏႈိင္းၿပီး ႏွစ္ဦးႏွစ္ဖက္ သေဘာတူလွ်င္ ကုန္စည္မ်ားကိုလဲလွယ္တတ္ၾကေသးသည္။

ေတာင္ေျခ႐ြာကေလးတြင္ ေနထိုင္ခဲ့ဖူးေသာ မုန္တိုင္းအဖို႔ေတာ့ ထိုေဈးျမင္ကြင္းက စည္ကားလြန္းေနေလသည္။ ငခမ္းအေနႏွင့္လည္း သူေရာက္ၿပီးေနာက္ပိုင္း ထိုတစ္ႀကိမ္သာ ပြဲေဈးတန္းကိုႀကဳံေတြ႕ရျခင္းျဖစ္ရာ အရာအားလုံးက အသစ္အဆန္းျဖစ္ေနေလသည္။ တစ္ေနရာေရာက္သည့္အခါ ရွမ္းကုန္သည္မ်ားကိုေတြ႕ရသည္။ ရွမ္းကုန္သည္မ်ားက သူတို႔သယ္ယူလာသည့္ ေကာက္ပဲသီးႏွံမ်ား၊ လယ္ယာသုံးကိရိယာမ်ားကို ေရာင္းခ်ေနရာ ေခါင္းေပါင္းႀကီးေပါင္းထားသည့္ ရွမ္းတစ္ေယာက္ကိုေတြ႕သည့္အခါ ငခမ္းအလြန္အံ့ဩသြားေလသည္။

“ေဟ့ ခင္၊ ခင္ဗ်ားဘိုထီးမဟုတ္လား”

ေခါင္းေပါင္းႀကီးေပါင္းထားၿပီး သစ္သားေဆးတံအႀကီးႀကီးဖြာေနသည့္ လူႀကီးတစ္ဦးမွာ ငခမ္းကိုေသေသခ်ာခ်ာၾကည့္ေနေလသည္။

“ဘိုထီးက်ဳပ္ကိုမမွတ္မိဘူးလား၊ စိုင္းေဆခမ္းရဲ႕သား၊ စိုင္းကြမ္ခမ္းေလ”

ဘိုထီးဆိုသည့္သူက အခုမွမွတ္မိသြားၿပီး ငခမ္းအားၿပဳံးျပကာ ငခမ္းလက္မ်ားကိုဖမ္းဆြဲလိုက္သည္။

“ကြမ္ခမ္း၊ မင္းကိုေသဒဏ္ေပးလိုက္ၿပီမဟုတ္လား၊ မင္း ငါ့ကိုသရဲလာေျခာက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္”

“မဟုတ္ပါဘူးဗ်ာ၊ ဒီမွာကိုင္ၾကည့္ပါလား၊ က်ဳပ္ကလူပါဗ်”

ငခမ္းႏွင့္ ဘိုထီးတို႔မွာ ရွမ္းဘာသာစကားျဖင့္ေျပာေနေလရာ ရွမ္းစကားနားမလည္သည့္ မုန္တိုင္းမွာ သူတို႔ႏွစ္ေယာက္ကို ေငးၾကည့္ေနေလသည္။

“မင္းၾကည့္ရတာ ေကာင္းစားေနတဲ့ပုံပါလားကြ၊ အဝတ္အစားေတြလည္းေကာင္းလိုက္တာ၊ ခါးပတ္ေတြဘာေတြနဲ႔”

“က်ဳပ္ဒီမွာ ဘုရင့္တပ္မွာ အမႈထမ္းေနတယ္ဗ်”

ဘိုထီးအံ့ဩသြားပုံရသည္။

“ဟာ၊ ဟုတ္ရဲ႕လားကြ၊ မင္းကသိုင္းတတ္တယ္ဆိုေပမယ့္ ဘုရင့္တပ္က မင္းလိုရွမ္းတစ္ေယာက္ကိုလက္ခံလိုက္တာကိုေတာ့ ငါသံသယျဖစ္မိတယ္ကြ”

“က်ဳပ္မညာပါဘူးဗ်ာ၊ ဒါနဲ႔ ခင္ဗ်ားသားေတြ၊ သမီးေတြေရာ ပါမလာဘူးလား”

ဘိုထီးမ်က္ႏွာတစ္ခ်က္ပ်က္သြားသည္။

“သူတို႔ဆုံးၿပီကြ”

“ဘယ္လိုျဖစ္တာလဲ ဘိုထီး၊ ေရာဂါျဖစ္သြားတာလား”

“ဒီအေၾကာင္းေတြေျပာရင္ ဇာတ္လမ္းရွည္ေနပါအုံးမယ္ကြာ”

ဘိုထီးက လမ္းေဘးတြင္ သူ႔လက္နက္မ်ားကိုခင္းက်င္းေရာင္းခ်ေနေလသည္။ ဘိုထီးဆိုသူမွာ သူတို႔ပန္းပဲဖိုတြင္ လယ္ယာသုံးကိရိယာမ်ားဝယ္ယူေနက်ေဖာက္သည္ျဖစ္သည္။ ထိုလက္နက္မ်ား၊ လယ္ယာသုံးကိရိယာမ်ားကို ဝယ္ယူကာ ေျမျပန႔္ေဒသမ်ားတြင္ ေရာင္းခ်ကုန္ကူးေနသူတစ္ေယာက္ျဖစ္သည္။

“ဒါနဲ႔ ဘိုထီး၊ ရွဲန္ဆိုင္အေၾကာင္း ၾကားမိေသးလား”

ဘိုထီးက ငခမ္းကိုေသခ်ာၾကည့္လိုက္သည္။

“မင္းသူ႔ကိုတကယ္ခ်စ္တာလား”

“ဘယ္လိုေျပာလိုက္တာလဲဘိုထီးရယ္၊ ကြၽန္ေတာ့္စိတ္ကို ဘိုထီးသိတယ္မဟုတ္လား”

“ဒါဆိုရင္ေတာ့ မင္းတို႔႐ြာကိုျပန္ေတာ့ကြာ၊ ရွဲန္ဆိုင္က အခုလာမယ့္ ဝါကြၽတ္ရင္ ေယာက္်ားယူေတာ့မွာကြ”

ငခမ္းရင္ထဲ ဒိန္းခနဲထိတ္လန႔္တုန္လႈပ္သြားေလသည္။ ဘိုထီးက ဆက္လက္ၿပီး

“သူကေတာ့ မယူခ်င္ပါဘူးကြာ၊ မင္းနဲ႔ကြဲသြားၿပီးကတည္းက ရွဲန္ဆိုင္က ငိုယိုေနတတ္တယ္၊ မႈိင္ေနတတ္တယ္ကြ၊ အခုေပးစားတဲ့လူနဲ႔ေတာင္မွ သူ႔မိဘေတြက အတင္းအၾကပ္စီစဥ္ေပးလို႔ ယူရေတာ့မွာ၊ သူ႔အသက္ကလည္း မိန္းကေလးတစ္ေယာက္အေနနဲ႔ဆိုရင္ အသက္ႀကီးေနၿပီမဟုတ္လား”

ဘိုထီးစကားေတြ သူသိပ္မၾကားခ်င္ေတာ့ေပ။ သူအရမ္းခ်စ္ခဲ့သည့္ ရွဲန္ဆိုင္တစ္ေယာက္ အခုေတာ့ တစ္ပါးသူနဲ႔ အိမ္ေထာင္ျပဳေတာ့မည္မဟုတ္ပါလား၊ ငယ္ငယ္ကတည္းက အတူတူကစားခဲ့ၿပီး ႀကီးလာေတာ့လည္း အတူတူခ်စ္ခဲ့သည့္ ရွဲန္ဆိုင္အေၾကာင္းကိုေတြးမိၿပီး မ်က္ရည္ေတြဝဲလာခဲ့သည္။

“မင္းျပန္သင့္တယ္ကြမ္ခမ္း၊ ရွဲန္ဆိုင္က ငါကုန္ကူးၿပီးျပန္လာတိုင္း မင္းရဲ႕အေၾကာင္းကိုေမးေနတာကြ၊ တို႔တစ္႐ြာလုံးက မင္းကို ေမာက္မယ္ေစာ္ဘြားကြပ္မ်က္လိုက္ၿပီလို႔ထင္ေနေပမယ့္ သူကေတာ့ မင္းမေသဘူးဆိုတာကို သူသိတယ္တဲ့၊ အခုေတာ့ သူေျပာတာတကယ္မွန္ေနၿပီကြာ”

“ရွဲ္န္ဆိုင္က က်ဳပ္အေၾကာင္းကိုေမးေနတယ္၊ ဟုတ္လား၊ က်ဳပ္ကေတာ့ သူက်ဳပ္ကိုသိပ္မုန္းေနတယ္လို႔ ထင္ေနတာဗ်”

“မင္းကလဲကြာ၊ မင္းကိုမုန္းတယ္ဆိုတာ ခဏပါကြ၊ ႐ြာကလူေတြက မင္းက မင္းရဲ႕အေမကိုျပန္သတ္လိုက္တာ္ကို ယုံေပမယ့္ ရွဲန္ဆိုင္က မင္းသတ္တယ္ဆိုတာ အခုထိမယုံႏိုင္ေသးဘူးေလ၊ မင္းတစ္ေန႔ျပန္လာရင္ သူ႔ကိုရွင္းျပမယ္လို႔ထင္ေနေသးတယ္”

“ဒါျဖင့္ရင္၊ ဘိုးထီးတို႔ ဘယ္ေန႔ျပန္မလဲ၊ က်ဳပ္လည္း ႐ြာကိုျပန္လိုက္ခဲ့မယ္ဗ်ာ”

ဘိုးထီးက ေဆးတံႀကီးကို တစ္ဖြာ ဖြာလိုက္သည္။

“ေအးကြ၊ ငါတို႔ဒီမွာသုံးရက္ေလာက္ေနမယ္၊ သုံးရက္ျပည့္ရင္ေတာ့ ကုန္ေတြလဲၿပီးေလာက္ၿပီဆိုေတာ့ ငါတို႔ျပန္မယ္ကြာ”

ငခမ္းလည္းေခါင္းညိတ္လိုက္သည္။

“ေကာင္းၿပီဘိုးထီး၊ ခင္ဗ်ားတို႔အခုဘယ္မွာေနသလဲ”

“ၿမိဳ႕စြန္က ရွမ္းေက်ာင္းႀကီးမွာ တည္းတယ္ကြ”

“ေကာင္းၿပီဘိုးထီး ဒါဆိုက်ဳပ္ကိုေစာင့္ေနပါ၊ က်ဳပ္သုံးရက္ျပည့္တဲ့အခါ အဲဒီကိုလာခဲ့မယ္”

ငခမ္းက ဘိုးထီးအားသူရရွိထားသည့္ ေငြေၾကးအခ်ိဳ႕ကိုေပးလိုက္သည္။ ထို႔ေနာက္ မုန္တိုင္းႏွင့္အတူတူျပန္လာခဲ့သည္။ လမ္းခရီးတြင္ ငခမ္းက မႈိင္ေတြေနေလရာ မုန္တိုင္းက သတိထားမိလိုက္သည္။

“ဘာျဖစ္ေနတာလဲငခမ္း”

“က်ဳပ္႐ြာကိုျပန္မွျဖစ္မယ္၊ က်ဳပ္ရဲ႕ခ်စ္သူက တပါးသူနဲ႔ မဂၤလာေဆာင္ေတာ့မယ္တဲ့ဗ်ာ၊ က်ဳပ္သူ႔ဆီျပန္ရမယ္၊ သူ႔ကိုသြားေခၚမွျဖစ္မယ္”

မုန္တိုင္းက ငခမ္းပုခုံးကိုပုတ္လိုက္သည္။

“မင္းေအာင္ျမင္ပါေစကြာ”

(၂)

အတြင္းဝန္မင္းမွာ အလုပ္အရမ္းမ်ားေနသျဖင့္ သူတို႔ထံသို႔ ႏွစ္ရက္ေလာက္မလာအားေပ၊ ေနာက္တစ္ရက္ညေနေတာ့ ျမင္းရထားျဖင့္ သူတို႔ခံတပ္ႀကီးဆီသို႔ေရာက္လာသည္။

“အတြင္းဝန္မင္းႂကြလာၿပီ”

သူတို႔အားလုံးအသင့္ျပင္ထားလိုက္ကာ အတြင္းဝန္မင္းကိုႀကိဳဆိုၾကသည္။ အတြင္းဝန္မင္းမ်က္ႏွာမွာ အလြန္ေဖ်ာ့ေတာ့ေနေလသည္။ သို႔ေသာ္လည္း မ်က္ေစာင္းႀကီးခဲၿပီး ေဒါသအလြန္ထြက္ေနပုံရသည္။ သလြန္တြင္ဝင္ထိုင္လိုက္သည့္အခါ စည္သူတို႔အားလုံးက အတြင္းဝန္မင္းေရွ႕တြင္ ျပားေနေအာင္ဝပ္ထားလိုက္သည္။ စည္သူက လက္အုပ္ခ်ီလွ်က္

“မွန္ပါ၊ ကြၽန္ေတာ္မ်ိဳးတို႔ လင္းႏို႔ရာဇာႀကီးနဲ႔ေတြ႕ေပမယ့္ . . .”

“ေတာ္စမ္း၊ ငါအကုန္သိၿပီးၿပီ”

အတြင္းဝန္မင္းႀကီးက ဟိန္းေဟာက္လိုက္သျဖင့္ စည္သူစကားဆက္မေျပာဝံ့ေတာ့ေပ၊ အတြင္းဝန္မင္းႀကီးက စိတ္ဆိုးဆိုးျဖင့္

“မင္းတို႔ေကာင္ေတြ တစ္ေယာက္မွ အသုံးမက်ဘူး”

ထိုအခါ ပ်ံခ်ီက လက္အုပ္ခ်ီလိုက္ၿပီး

“မွန္ပါ၊ ကြၽန္ေတာ္မ်ိဳးရဲ႕အစြမ္းနဲ႔ လင္းႏို႔ရာဇာႀကီးကို တိုက္ခိုက္ႏွိမ္နင္းၿပီးေတာ့ ဖမ္းဆီးမယ္ဆိုၿပီးလုပ္ေနတဲ့အခ်ိန္မွာ ေဟာဒီက ငခမ္းက ဘာမေျပာညာမေျပာနဲ႔ လင္းႏို႔ရာဇာႀကီးကို သတ္လိုက္တာပါ ဝန္မင္းႀကီးဘုရား”

အတြင္းဝန္မင္းႀကီးက ငခမ္းကိုလက္ညႇိဳးထိုးလိုက္သည္။

“ေမာင္မင္းက ဘာလို႔သတ္လိုက္ရတာလဲ”

ငခမ္းဘာေျဖရမွန္းမသိေပ။

“ဟို၊ ဟိုေလ”

“ကဲ မင္းပါးစပ္ကိုပိတ္ထားလိုက္စမ္း၊ စာခ်ီေတြ ငါတို႔မိစာၦဖမ္းသူေတြ လိုက္နာရမယ့္ စည္းမ်ဥ္းကို႐ြတ္စမ္းဟဲ့”

အတြင္းဝန္မင္းႀကီးက အမိန႔္ေပးလိုက္သျဖင့္ သူ႔ေနာက္လိုက္စာခ်ီတစ္ေယာက္က လက္ထဲမွစာထုပ္ကိုခ်ကာ ပုရပိုက္တစ္ခုကိုယူလိုက္ၿပီးေနာက္ အသံက်ယ္က်ယ္ျဖင့္

“စည္းမ်ဥ္း အမွတ္ကိုး၊ မိစာၦဖမ္းသူသည္ မိစာၦကိုသတ္ခဲ့ပါက ထိုသူအားကြပ္မ်က္ရမည္”

ငခမ္းတံေတြးၿမိဳခ်လိုက္သည္။ အတြင္းဝန္မင္းက ငခမ္းအား ဘယ့္ႏွယ့္ရွိစဟူသည့္ အၿပဳံးျဖင့္ၿပဳံးျပေလသည္။ စည္သူက လက္အုပ္ခ်ီလိုက္ၿပီး

“မွန္ပါ၊ စည္းမ်ဥ္းနံပါတ္ ႏွစ္ဆယ့္ခုနစ္တြင္ ေရးသားထားသည္မွာ၊ မိစာၦဖမ္းသူတစ္ေယာက္အေနႏွင့္ လိုအပ္လာလွ်င္ မိစာၦကိုသတ္ပိုင္ခြင့္ရွိသည္ဟု ေရးသားထားေၾကာင္းပါ”

စည္သူတင္ေလွ်ာက္လိုက္သည့္အခါ အတြင္းဝန္မင္း မ်က္ႏွာကြက္ခနဲပ်က္သြားသည္။

“စည္သူ ေမာင္မင္းက ငါ့ကိုကန႔္လန႔္တိုက္ခ်င္တာလား”

“မဟုတ္ပါဝန္မင္းႀကီး၊ ကြၽန္ေတာ္မ်ိဳးက စည္းမ်ဥ္းေရးသားထားသည့္အတိုင္းတင္ျပရျခင္းပါ၊ ကြၽန္ေတာ့္အျမင္ကိုေျပာရရင္ေတာ့ ငခမ္းကိုမကြပ္မ်က္သင့္ပါဘူး”

“ေကာင္းၿပီစည္သူ၊ မင္းက သူ႔ေရွ႕ကေန ေရွ႕ေနလိုက္ေပးေနတာေပါ့ေလ၊ ဒါဆိုရင္လည္းေျပာစမ္းပါအုံး၊ ငါက သူ႔ကိုဘာလို႔ မကြပ္မ်က္ရမွာလဲ”

“မွန္ပါ၊ အခုအခ်ိန္က မိစာၦဖမ္းသူမ်ား အင္အားနည္းေနသည့္အခ်ိန္ျဖစ္ပါသည္။ ငခမ္းကလည္း မိစာၦဖမ္းသူမ်ားထဲတြင္ ရဲေသြးတက္ႂကြၿပီး တိုက္ရည္ခိုက္ရည္ေကာင္းသူတစ္ဦးမွန္း ခံတပ္မွလူမ်ားအားလုံးသိၾကပါသည္။ နသန္ေကာင္ႀကီးကိုေတာင္မွ တစ္ေယာက္တည္း တိုက္ခိုက္ႏိုင္ခဲ့ပါသည္။ ဒါေၾကာင့္မို႔ ငခမ္းကိုကြပ္မ်က္လိုက္လွ်င္ မိစာၦဖမ္းတပ္သားေတြ အင္အားထိခိုက္မွာ အမွန္ပါဝန္မင္းႀကီး”

အတြင္းဝန္မင္းႀကီးက သူ႔မုတ္ဆိတ္ေမႊးမ်ားကိုပြတ္သပ္ၿပီးေနာက္ ေခါင္းညိတ္လိုက္သည္။

“ေကာင္းၿပီ၊ ဒါေပမယ္ မင္းတို႔ကို ငါမေက်နပ္ဘူး၊ ဒါေၾကာင့္ မင္းတို႔ကိုအျပစ္ေပးတဲ့အေနနဲ႔ မင္းတို႔ကိုတာဝန္တစ္ခုေပးအပ္မယ္”

“တာဝန္ကိုထမ္းေဆာင္ရန္အသင့္ပါ ဝန္မင္းႀကီး”

“စည္သူတပ္ဖြဲ႕ အမိန႔္နာခံေစ၊ ၿမိဳ႕စြန္ ရွမ္းေက်ာင္းႀကီးလို႔ေခၚတဲ့ ရွမ္းဘုန္းႀကီးေက်ာင္းအနားမွာ ေခြးနက္ႀကီးတစ္ေကာင္ က်က္စားေနသတဲ့၊ မင္းတို႔အဲဒီေခြးနက္ႀကီးကို ဖမ္းဆီးလို႔ရရင္ဖမ္းဆီး၊ ဖမ္းဆီးလို႔မရရင္လည္း ရွင္းလင္းပစ္ရမယ္”

“အမိန႔္အတိုင္းပါ ဝန္မင္းႀကီး”

“တစ္ခုသတိထားစည္သူ၊ ဒီေခြးနက္ႀကီးက ၿမိဳ႕႐ိုးအတြင္းမွဝင္ေရာက္ေနတာမို႔လို႔ လူေတြအထိတ္တလန႔္မျဖစ္ေအာင္လို႔ ဖမ္းဆီးရမယ္”

ပ်ံခ်ီက လက္အုပ္ခ်ီလိုက္ၿပီး

“မွန္ပါ၊ ေပးအပ္တဲ့တာဝန္ကို ေက်ပြန္ေအာင္ . . .”

“မင္းလိုက္သြားစရာမလိုဘူးပ်ံခ်ီ”

ပ်ံခ်ီစကားပင္မဆုံးေသး အတြင္းဝန္မင္းက ေျပာလိုက္သျဖင့္ ပ်ံခ်ီႏႈတ္ဆိတ္သြားသည္။

“မင္းက ဒီခံတပ္မွာပဲေနရမယ္၊ မၾကာခင္ နန္းတြင္းတပ္ထဲက အရည္အခ်င္းရွိတဲ့သူေတြ ေရာက္လာၾကလိမ့္မယ္၊ သူတို႔ကို မိစာၦဖမ္းတဲ့တပ္ထဲသြင္းၿပိး တပ္အားျဖည့္ဖို႔လိုတယ္၊ ဒါေတြကို မင္းလုပ္ေဆာင္ရမယ္၊ ကဲ ေငြကိုင္စာေရးမ်ား၊ စည္သူကို အသျပာ တစ္ရာထုတ္ေပးလိုက္စမ္း”

ပ်ံခ်ီက မ်က္လုံးမ်ားအေရာင္လက္သြားသည္။

“ဒါဆို ကြၽန္ေတာ္မ်ိဳးကိုလည္း ခ်ီးျမႇင့္ေပးပါ”

“မလိုဘူးေလ ပ်ံခ်ီရ၊ မင္းက ခံတပ္ထဲကေန သြားရမွာမွမဟုတ္ဘဲ၊ ဒီေငြေတြမင္းဘာလုပ္မွာလဲ”

စည္သူက စိတ္ထဲကေနႀကိတ္ၿပီးရယ္လိုက္သည္။ ပ်ံခ်ီကေတာ့ မေက်နပ္သျဖင့္ မ်က္ႏွာႀကီးစူပုပ္ေနေလသည္။ ညေနေရာက္သည့္အခါ သူတို႔တိုင္ပင္ေဆြးေႏြးရသည္။

“ေခြးတစ္ေကာင္ေလာက္မ်ားဗ်ာ၊ အေရးတယူလုပ္လို႔”

မုန္တိုင္းက ဝင္ေျပာသည္။ ပ်ံလႊားကလည္း ေခါင္းညိတ္လိုက္သည္။

“ဟုတ္တယ္၊ ဒါသက္သက္မဲ့ က်ဳပ္တို႔ကို အရွက္ခြဲခ်င္တာပဲ”

စည္သူက ေခါင္းခါလိုက္သည္။

“မင္းတို႔ကလဲကြာ၊ ငါတို႔က သူခိုင္းတာလုပ္ရမယ့္ တာဝန္ရွိတယ္မဟုတ္လား၊ ျငင္းခြင့္မွ မရွိတာကိုကြာ။

ထိုစဥ္ ပ်ံခ်ီက သူတို႔အနားတြင္ေရာက္လာသည္။

“ဟား၊ ဟား အသျပာတစ္ရာတန္ ေခြးဖမ္းသမားႀကီးေတြပါလားကြ၊ ဟား၊ ဟား”

သူတို႔အားလုံး ပ်ံခ်ီကိုမ်က္ေစာင္းထိုးၾကည့္လိုက္ၾကသည္။

“ေခြးကိုဖမ္းရင္ ေသခ်ာဖမ္းၾကေနာ္၊ ေခြးေသသြားရင္ မင္းတို႔ပဲ အဲဒီေခြးကိုစားရမွာကြ၊ ဟား၊ ဟား”

ပ်ံခ်ီဘာေျပာေျပာ သူတို႔လ်စ္လ်ဴရႈထားလိုက္ၾကသည္။ မၾကာခင္ ညေနေစာင္းလာသည္ျဖစ္ရာ သူတို႔အားလုံး ျမင္းကိုယ္စီႏွင့္ ထြက္ခဲ့ၾကသည္။ ၿမိဳ႕တံခါးမပိတ္ခင္တြင္ ၿမိဳ႕ျပင္သို႔ထြက္လာခဲ့ၾကသည္။

(၃)

ရွမ္းေက်ာင္းႀကီးေခၚေနရာမွာ ၿမိဳ႕စြန္တြင္ရွိၿပီး တစ္ဖက္တြင္ ကိုင္းေတာႀကီးရွိကာ တစ္ဖက္တြင္ေတာ့ ျမစ္ကမ္းပါးႀကီးရွိသည္။ သစ္သားျဖင့္ထုထည္ႀကီးမားစြာတည္ေဆာက္ထားသည့္ ဘုန္းႀကီးေက်ာင္းႀကီးကို အေဝးမွပင္လွမ္းျမင္ေတြ႕ရသည္။ ထိုဘုန္းႀကီးေက်ာင္း၏ အေရွ႕ဘက္တြင္ တစ္ၿမိဳ႕လုံးမွ လူေသမ်ားျမႇဳပ္ႏွံသည့္ သခ်ိဳင္းႀကီးတစ္ခုရွိသည္။

ထိုသခ်ိဳင္းႀကီးကိုျဖတ္သန္းလာၿပီးမွ ရွမ္းေက်ာင္းႀကီးကိုေရာက္သည္။ ဘုန္းႀကီးေက်ာင္းတိုက္အတြင္း ဇရပ္ႀကီးေလးေဆာင္ရွိၿပီး ခရီးသြားမ်ားတည္းခိုၾကသည့္ေနရာျဖစ္သည္။ အထူးသျဖင့္ ရွမ္းမ်ားတည္းခိုသည့္ေနရာတစ္ခုျဖစ္သည္။

“အနားကလူေတြကို ငါတို႔တစ္ခုခုေမးၾကည့္မွရမယ္ကြ”

စည္သူက

“ငါက ရွမ္းေက်ာင္းႀကီးေပၚကိုတက္ၿပီး ဘုန္းႀကီးေတြနဲ႔သြားေတြ႕မယ္၊ ပ်ံလႊားက ေက်ာင္းအနားပတ္လည္မွာ တစ္ခုခုသဲလြန္စရွာၾကည့္fကြာ၊ ငခမ္းနဲ႔ မုန္တိုင္းကေတာ့ ဇရပ္ေတြပတ္လည္ကို ရွာၾကည့္စမ္း၊ ေမးလည္းေမးၾကည့္စမ္းကြာ”

သူတို႔အားလုံးေခါင္းညိတ္လိုက္သည္။ စည္သူက ငခမ္းလက္ကိုၾကည့္ၿပီးေနာက္

“ငခမ္း၊ မင္းလက္က ဘာျဖစ္တာလဲ”

ငခမ္းလန႔္သြားသည္။ သူ႔လက္ဖဝါးတြင္ရွိေနေသာ အေသးေလးေခၚ ပါးစပ္ကို ဖုံးအုပ္ထားရန္အတြက္ လက္ကိုအျဖဴေရာင္အဝတ္စႏွင့္ က်ပ္စီးသလိုစီးထားျခင္းကို စည္သူသတိထားမိသြားျခင္းျဖစ္မည္။

“ဟို၊ ဟိုေလ ေလ့က်င့္ရင္းနဲ႔ လက္မွာမေတာ္တဆ ဒဏ္ရာရသြားလို႔ပါ”

“မင္းသက္သာရဲ႕လား၊ ပ်ံလႊားဆီက ဒဏ္ေၾကလိမ္းေဆးယူအုံးမလား”

“ရ၊ ရပါတယ္၊ တစ္ရက္ႏွစ္ရက္ေနရင္ ေကာင္းသြားမွာပါ”

သို႔ႏွင့္ ဇရပ္မ်ားဆီသို႔ထြက္ခဲ့သည္။ ငခမ္းက ဇရပ္ေလးေဆာင္လုံးေပၚတက္ၿပီး လူတစ္ေယာက္ကိုရွာေဖြလိုက္သည္။

“ဘိုထီး၊ ဘိုထီး”

သို႔ေသာ္ ဘိုထီးကိုရွာမေတြ႕ေပ။ မုန္တိုင္းက ဇရပ္ေအာက္ဘက္တြင္ လွည့္လည္ေနသည္။ ဇရပ္ေပၚတြင္လူမ်ားသူ႔အစုႏွင့္သူ အနားယူေနၾကသည္မို႔ ဇရပ္ေပၚတက္လာသည့္ သူတို႔ကို ဝိုင္းၿပီးၾကည့္ေနၾကသည္။ အထူးသျဖင့္ မုန္တိုင္းက ေလးႏွင့္ျမားကိုကိုင္ထားရာ ခရီးသြားမ်ားထိတ္လန႔္ေနၾကသည္။

ငခမ္းလည္းဇရပ္ေပၚမွျပန္ဆင္းခဲ့သည္။ မုန္တိုင္းက အျခားဇရပ္ႀကီးတစ္ခုထံသို႔ ထြက္သြားေလသည္။

“မေကာင္းတဲ့အနံ႔အသက္တစ္ခုရတယ္”

သူ႔လက္မွ အသံထြက္လာရာ ငခမ္းက လက္ဝါးကိုၾကည့္လိုက္သည္။ က်ပ္စီးထားသည့္ အဝတ္စကိုအနည္းငယ္ ေျဖလိုက္ရာ နတ္ဆိုးပါးစပ္က ထြက္ေပၚလာသည္။

“ခင္ဗ်ားဘာသိထားလဲ၊ ေနာက္ၿပီးခင္ဗ်ားက ပါးစပ္ပဲရွိတာမဟုတ္လား၊ ဘယ္လိုလုပ္ အနံ႔ခံလို႔ရတာလဲ”

“မင္းနဲ႔ငါက တစ္ကိုယ္တည္းမွာ ႏွစ္ေယာက္အတူရွိေနတာဆိုေတာ့ မင္းရဲ႕အာ႐ုံခံတဲ့အဂၤါေတြကို ငါအသုံးခ်ၿပီး သိလိုက္တာပဲကြ၊ ဒီနားမွာ ညႇီစို႔စို႔ အနံ႔တစ္ခုရွိေနတယ္”

ငခမ္းက ႏွာေခါင္းကိုရႈံ႕လိုက္ၿပီး ေလထဲတြင္အနံ႔ခံေနလိုက္သည္။ သို႔ေသာ္ ဘာအနံ႔မွမရေပ။

“က်ဳပ္က်ေတာ့ ဘာအနံ႔မွမရပါလား”

“ဟား၊ ဟား၊ မင္းက က်ိန္စာသင့္ေနတဲ့ေကာင္ေလကြ၊ မင္းမွာ အနံ႔တို႔၊ အရသာတို႔၊ အထိအေတြ႕တို႔မွ မခံစားႏိုင္တာကြ၊ မင္းျမင္ေနတာေတာင္မွ ေက်းဇူးတင္သင့္တယ္”

ငခမ္းေခါင္းညိတ္လိုက္သည္။

“ဒါဆို ခင္ဗ်ားအနံ႔ခံၾကည့္ဗ်ာ၊ က်ဳပ္ကိုဘယ္သြားရမလဲဆိုတာကိုသာေျပာဗ်ာ”

“အနံ႔အရဆိုရင္ေတာ့ အျပင္ကေနလာတာပဲကြ၊ ငါ့အထင္ေတာ့ သခ်ိဳင္းကုန္းနားက လာတာျဖစ္မယ္”

ငခမ္းလည္း ရွမ္းေက်ာင္းႀကီးအတြင္းမွ မအူမလည္ႏွင့္ထြက္ခဲ့ၿပီး သခ်ိဳင္းကုန္းအနားသို႔တိုးကပ္လာသည္။ ထိုအနားတစ္ဝိုက္တြင္ လူသူရွင္းေနသည္။

“ေအးကြ၊ အနံ႔က တျဖည္းျဖည္းနဲ႔ပိုၿပီးဆိုးလာတယ္ကြာ၊ ဆက္သြားစမ္း”

သခ်ိဳင္းအဝင္ဝတြင္ ငခမ္းရပ္လိုက္သည္။ ထိုေနရာတြင္ သန္းပင္ႀကီးႏွစ္ပင္က သရဲႀကီးႏွစ္ေကာင္ကဲ့သို႔ အခက္အလက္မ်ားေဝေဝဆာဆာႏွင့္ ေပါက္ေရာက္ေနသည္။ သခ်ိဳင္းအတြင္းသို႔ဝင္သည့္ ေျမလမ္းကေလးအတိုင္း ငခမ္းလိုက္ဝင္လာသည္။ လမ္းနံေဘးတြင္ေတာ့ လူတစ္ရပ္ခန႔္ျမင့္မားသည့္ ကိုင္းပင္၊ ခ်ဳံပင္မ်ားေပါက္ေနသည့္ ေတာႀကီးမ်ားျဖစ္သည္။ မၾကာခင္ သခ်ိဳင္းအတြင္းသို႔ေရာက္သည့္အခါ ဇရပ္ပ်က္တစ္လုံးႏွင့္ ေျမပုံမ်ား၊ မွတ္တိုင္မ်ားကိုေတြ႕ေနရသည္။

“ေအာက္ကိုၾကည့္လိုက္စမ္း”

ငခမ္းက ေအာက္သို႔ၾကည့္လိုက္ရာ သူ႔ေရွ႕တြင္ ေျခရာမ်ားႏွင့္ ေခြးေခ်းပုံတစ္ပုံကိုေတြ႕လိုက္ရသည္။ ထိုေခ်းပုံႏွင့္အတူ လူႀကီးလက္သီးဆုပ္ခန႔္ရွိသည့္ ေျခရာႀကီးမ်ားကိုလည္းေတြ႕ရသည္။ ေခ်းပုံမွာလည္း အႀကီးႀကီးျဖစ္သည္။ ထိုအခါ အေသးေလးက

“အနားတိုးၾကည့္လိုက္စမ္း၊ ေခြးေခ်းပုံကို ငါ့ကိုျပစမ္း”

ငခမ္းလည္းငုတ္တုတ္ထိုင္လိုက္ၿပီး ေခြးေခ်းပုံကို လက္ဝါးျဖင့္ျပလိုက္သည္။ ထိုအခါ လက္ဝါးရွိ အေသးေလး၏ ပါးစပ္မွ ေသြးသြယ္ၿပီးခြၽန္ေနသည့္ လွ်ာကေလးတစ္ခုထြက္လာကာ ေခ်းပုံကိုလွ်က္ေနေလသည္။

“ခင္၊ ခင္ဗ်ား ေခ်းပုံကိုလ်က္ေနတာ မ႐ြံ႕ဘူးလား”

“မဟုတ္ဘူးကြ၊ ဒီေခ်းပုံက စားလို႔ေကာင္းတယ္၊ ငါ့အထင္ေတာ့ လူသားေတြစားၿပီး ပါထားတဲ့ေခ်းပုံျဖစ္မယ္ကြ”

ငခမ္းက ေခါင္းညိတ္လိုက္မိသည္။

“ေသခ်ာတာကေတာ့ ဒီအနားတစ္ဝိုက္မွာ လူသားစားတဲ့ေခြးလို တစ္ေကာင္ေကာင္ရွိေနၿပီပဲကြ၊ မင္း ငါ့ကိုတစ္ခုကတိေပးရမယ္ငခမ္း”

“ဘာကတိလဲ”

“ဒီေခြးကိုဖမ္းမိရင္ မင္းငါ့ကိုအဲဒီေခြးကို ေကြၽးရမယ္”

“ဟာဗ်ာ၊ က်ဳပ္မွေခြးသားမစားခ်င္တာဗ်”

“ငါေျပာတာအဲဒီလိုမဟုတ္ဘူးငခမ္း၊ မိစာၦ ေတြမွာ အျမဳေတလုံးလို႔ေခၚတဲ့ မိစာၦဓါတ္ေတြ ကိန္းေအာင္းေနတဲ့ စြမ္းအင္လုံးကေလးရွိတယ္၊ အဲဒီဟာကို ငါစားမယ္”

“က်ဳပ္က အဲဒီအလုံးကိုထုတ္ေပးရမွာလား”

“မလိုပါဘူးကြာ၊ မင္းသာ ငါ့ရဲ႕ပါးစပ္နဲ႔ အဲဒီမိစာၦေကာင္ကို ကိုက္ခြင့္ေပးလိုက္ပါ”

ငခမ္းေခါင္းညိတ္လိုက္သည္။ ထိုစဥ္

“ေဟ့ငခမ္း၊ မင္းဘာေတြၾကည့္ေနတာလဲ”

သူ႔နံေဘးတြင္ မုန္တိုင္းက လာထိုင္ခ်သည္။ ထို႔ေနာက္ ေျမျပင္တြင္ရွိသည့္ ေခြးေခ်ရာမ်ားကိုၾကည့္ေနေလသည္။

“ေျခရာၾကည့္ရတာကေတာ့ ေခြးက အထီးပဲကြ၊ ဒါေပမယ့္ ေျခရာက မတူဘူးျဖစ္ေနတယ္၊ ငါ့အထင္ ေခြးက ႏွစ္ေကာင္ျဖစ္မယ္”

ထို႔ေနာက္ မုန္တိုင္းက ငခမ္းေရွ႕တြင္ရွိေနသည့္ ေခြးေခ်းပုံထဲသို႔ လက္သန္းကေလးကို စြပ္ခနဲထိုးထည့္လိုက္သည္။ ငခမ္းမွာ ႐ြံ႕ရွာလွသျဖင့္ ပ်ိဳ႕တက္လာေလသည္။ မုန္တိုင္းက အေသအခ်ာအာ႐ုံခံၾကည့္ၿပီး

“ေခ်းပုံအေနအထားအရဆိုရင္ေတာ့ မေန႔ကပါခဲ့တာျဖစ္မယ္၊ အျပင္ယံေတြက မာေၾကာၿပီး ေျခာက္ေနေပမယ့္အတြင္းမွာေတာ့ အစိုဓါတ္ေပ်ာ့ေပ်ာ့ရွိေသးတယ္ကြ”

မုန္တိုင္းကထိုသို႔ေျပာၿပီး သူ႔လက္သန္းတြင္ေပေနသည့္ ေခ်းမ်ားကိုလွ်ာျဖင့္လ်က္လိုက္ေလသည္။ ငခမ္းေအာင့္မထားႏိုင္ေတာ့ဘဲ ေဝါခနဲအန္ခ်လိုက္မိသည္။ မုန္တိုင္းက မ႐ြံသည့္အျပင္ မ်က္စိကိုေထာင့္ကပ္ၿပီး ေသေသခ်ာခ်ာအရသာခံေနပုံရသည္။

“ခင္ဗ်ားတို႔မုဆိုးေတြက အဲဒီလိုပဲ ေခ်းေတြစားၾကတာလား”

“အၿမဲေတာ့မဟုတ္ဘူးေပါ့ကြာ၊ ေခ်းကိုစားၾကည့္ရင္းနဲ႔ ဒီေကာင္ဘာအစာေတြစားတာလဲ၊ အဲဒီအစာေတြက ေတာထဲက ဘယ္နားမွာေပါက္ေနသလဲဆိုၿပီးေတာ့ ေတြးၿပီး သားေကာင္ကိုေစာင့္ပစ္ရတာမဟုတ္လား”

“ဒါဆိုလည္း အခုေခ်းစားေတာ့ ဘာထူးသလဲဗ်ာ”

“တစ္ခုခုေတာ့ တစ္ခုခုပဲကြ၊ ငါလည္းမေျပာတတ္ဘူး၊ အသားတစ္မ်ိဳးပဲျဖစ္မယ္”

ငခမ္းက လူသားမွန္းသိလိုက္ေသာ္လည္း ဆက္ၿပီးမေျပာေတာ့ေပ၊ သူသာေျပာလိုက္လွ်င္ သူဘယ္လိုသိသလဲဆိုသည့္အေျဖကို ျပန္မေျဖတတ္ေသာေၾကာင့္ျဖစ္သည္။

(၄)

ၿခံတိုးသံမ်ားကိုၾကားလိုက္ရသည္မို႔ ငခမ္းႏွင့္မုန္တိုင္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီးေနာက္ ခ်ဳံေတာထဲသို႔ တိုးခဲ့လိုက္သည္။ ခ်ဳံေတာတစ္ေနရာတြင္ေတာ့ လူေျခရာမ်ားကိုေတြ႕ရသျဖင့္ ထိုေျခရာမ်ားအတိုင္းလိုက္လာခဲ့လိုက္သည္။ ညေနက ေစာင္းေနၿပီျဖစ္ၿပီး ေကာင္းကင္တြင္ အလင္းေရာင္နည္းေနေလၿပီ၊ မၾကာမီ ကိုင္းေတာႀကီးအတြင္းမွထြက္လိုက္သည့္အခါ သစ္ပင္အိုႀကီးတစ္ပင္ကိုေတြ႕လိုက္ရေလသည္။ သစ္ပင္အိုႀကီး၏ ပင္စည္တြင္ မိန္းကေလးတစ္ေယာက္ကို ႀကိဳးႏွင့္ပတ္ခ်ည္ထားသည္။

“က်ဳပ္ကိုလႊတ္ေပးပါ၊ က်ဳပ္ကိုလႊတ္ေပးပါ”

ထိုအခါ သစ္ပင္အေနာက္မွ လူႀကီးတစ္ဦးထြက္လာသည္။ ရွမ္းမ်ားဝတ္ဆင္ေလ့ရွိသည့္ အနက္ေရာင္ဝတ္စုံကိုဝတ္ဆင္ထားၿပီး ေခါင္းေပါင္းႀကီးတစ္ခုေပါင္းထားေလသည္။ ငခမ္းလည္းထိုလူႀကီးကိုၾကည့္ၿပီး အံ့ဩသြားသည္။ သူႏွင့္အသိ ဘိုးထီးဆိုသည့္လူႀကီးပင္ျဖစ္သည္။

“က်ဳပ္ကိုလႊတ္ေပးပါ၊ မလႊတ္ေပးရင္ က်ဳပ္ေအာ္မွာေနာ္”

“ေအာ္စမ္းပါေကာင္မေလးရဲ႕၊ မင္းႀကိဳက္သေလာက္ေအာ္၊ မင္းေအာ္သံကို ဒီနားမွာဘယ္သူမွ မၾကားႏိုင္ဘူးကြ”

ဘိုထီးက ၿပဳံးလိုက္ၿပီးေနာက္ ေဆးတံႀကီးကိုထုတ္ကာ ဖြာရႈိက္ေနေလသည္။

“ဦးေလးႀကီး က်ဳပ္ကိုဘာလုပ္ဖို႔ ဖမ္းထားတာလဲ”

“မင္းကိုလား၊ မင္းကို ငါ့သားနဲ႔ ငါ့မိန္းမကို ေကြၽးမလို႔ေပါ့ကြ”

ထိုအခိုက္တြင္ က်ယ္ေလာင္သည့္ ေခြးအူသံႀကီးမ်ားကိုၾကားလိုက္ရသည္။ ထို႔ေနာက္ သူတို႔ႏွင့္တစ္ဖက္ ခ်ဳံေတာအတြင္းမွ လူႏွစ္ဦးထြက္လာခဲ့သည္။ တစ္ဦးမွာ ဘိုထီး၏ သားျဖစ္ကာ၊ ေနာက္တစ္ဦးမွာေတာ့ မိန္းမႀကီးတစ္ေယာက္ျဖစ္သည္။ ဘိုထီး၏ မိန္းမကို ငခမ္းျမင္ဖူးေသာ္လည္း ထိုမိန္းမႀကီးေတာ့မဟုတ္ေပ။ သူတို႔က သစ္ပင္ႀကီးအနီးသို႔လာခဲ့ၿပီး ဘိုထီးအနားတြင္ရပ္ေနလိုက္သည္။

“ဗိုက္ဆာလိုက္တာအေဖရာ”

သူတို႔က ရွမ္းလိုေျပာေနျခင္းျဖစ္သည္။

“ဆာရင္ ေဟာဟိုက ေကာင္မေလးကို စားလိုက္ပါေတာ့သားရဲ႕”

“ကိုဘိုထီး ရွင္ က်ဳပ္အတြက္ေရာ မပါဘူးလား”

ဘိုထီးက ေခါင္းခါလိုက္သည္။

“မလြယ္ဘူးကြ၊ ဒီေန႔ေတာင္မွ ဒီ႐ူး႐ူးေပါေပါေကာင္မေလးကိုေတာင္ မနည္းဖမ္းေခၚလာရတာ၊ တစ္ေယာက္ကို အတူတူမွ်ေဝစားၾကေပါ့ကြာ”

ထိုမိန္းမႀကီးက ဘိုထီးကိုမေက်မနပ္ႏွင့္ၾကည့္သည္။

“က်ဳပ္ေျပာထားၿပီးသားေနာ္ ကိုဘိုထီး၊ က်ဳပ္က လူတစ္ေယာက္နဲ႔ေတာင္ ဗိုက္မဝတာ ဒီလိုပိန္ပိန္ပါးပါး အ႐ိုးၿပိဳင္းၿပိဳင္းနဲ႔ေကာင္မေလးကို က်ဳပ္တို႔ႏွစ္ေယာက္ခြဲစားရမွာ ဝမယ္လို႔ရွင္ထင္ေနတာလား”

“ေအးပါကြာ၊ ငါတိုးရွာေပးပါ့မယ္”

“တိုးမရွာေပးရင္ေတာ့ ရွင့္ကိုပဲစားရမွာပဲေတာ္”

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ အဝတ္အစားမ်ားကိုခြၽတ္လိုက္ၾကသည္။ ဘိုထီးသားေရာ ထိုမိန္းမႀကီးပါ ဝတ္လစ္စားလစ္ျဖစ္သြားၾကေလသည္။ ထို႔ေနာက္ သူတို႔ႏွစ္ေယာက္က ေျမျပင္တြင္ ေလးဘက္ေထာက္လိုက္ၿပီး ေခါင္းကိုေမာ့ကာ ေခြးလိုအူလိုက္ေလသည္။

“အူ၊ ဝု၊ ဝူး”

ထိုအခ်ိန္မွာပင္ သူတို႔၏ ေျခမ်ားလက္မ်ားမွ အေမႊးမ်ားထြက္လာသည္။ တစ္ခဏအတြင္းမွာပင္ ေခြးနက္ႀကီးႏွစ္ေကာင္အျဖစ္ေျပာင္းသြားေလသည္။ ဘိုထီးမိန္းမမွာ အလြန္ႀကီးမားသည့္ ေခြးနက္ႀကီးျဖစ္သြားၿပီး ဘိုထီးသားကေတာ့ သိပ္မႀကီးေသးေပ။ ေခြးႀကီးမ်ားကိုျမင္သည့္အခါ ထိုမိန္းကေလးက အသံကုန္ဟစ္လ်က္ ေအာ္ေတာ့သည္။

“ကယ္ၾကပါအုံးရွင္၊ ကယ္ၾကပါအုံး”

ဘိုထီးကေတာ့ ေဆးတံဖြာလွ်က္ တစ္ဖက္သို႔မ်က္ႏွာလႊဲေနေလသည္။ ေခြးႀကီးႏွစ္ေကာင္က မိန္းကေလးအနီးသို႔တိုးကပ္လိုက္ေလသည္။

“ကိန္၊ ကိန္”

ေခြးတစ္ေကာင္က ေအာ္ဟစ္လိုက္ၿပီး ေျမျပင္တြင္ေခြက်သြားသည္။ ထိုေခြးမွာ ဘိုထီး၏သားျဖစ္သည္။ ျမားတံတစ္ေခ်ာင္းက မ်က္လုံးကိုေဖာက္ဝင္သြားၿပီး ေျမျပင္တြင္ လူးလွိမ့္ေနသည္။ ထိုအခါ ေခြးနက္ႀကီးက သူတို႔ဆီသို႔လွည့္ၾကည့္ေလသည္။ ငခမ္းကေတာ့ သူ႔ခါးစည္းပုဝါစကို မ်က္ႏွာတြင္ပတ္လိုက္ၿပီး ႐ုပ္ဖ်က္လိုက္သည္။ မုန္တိုင္းက ပုန္းေနရာမွ ခုန္ထြက္လိုက္ၿပီး ျမားသုံးစင္းကို ေခြးအႀကီးႀကီးထံသို႔ ပစ္လႊတ္လိုက္သည္။

ေခြးအႀကီးႀကီးမ်က္ႏွာသို႔ ျမားတံမ်ားက ထိသြားေသာ္လည္း မေဖာက္ဝင္ဘဲ ေျမျပင္ေပၚသို႔ျပဳတ္က်သြားေလသည္။ ဘိုထီးလည္းအလြန္အံ့ဩသြားေလသည္။

“မင္း၊ မင္းတို႔ဘယ္သူေတြလဲ”

“က်ဳပ္တို႔က မိစာၦဖမ္းသမားေတြပဲ၊ ကဲလာစမ္း၊ ေခြးနက္ႀကီး”

မုန္တိုင္းထံသို႔ ေခြးႀကီးက တစ္ဟုန္ထိုးေျပးလာေလသည္။ မုန္တိုင္းက ေနာက္ထပ္ျမားတံမ်ားျဖင့္ ပစ္လႊတ္လိုက္ေသာ္လည္း ေခြးနက္ႀကီး၏ အေမႊးအေတာင္မ်ားတြင္ ျမားတံမ်ားက ကပ္ေနျပန္သည္။ မုန္တိုင္းအနီးသို႔ ေခြးနက္ႀကီးေရာက္လာေသာအခါ ငခမ္းက ေ႐ႊၾကာပြင့္ႏွင့္ လႊဲ႐ိုက္ထည့္လိုက္သည္။

“ကိန္၊ ကိန္”

ေခြးနက္ႀကီး၏ ငယ္ထိပ္တည့္တည့္သို႔ ေ႐ႊၾကာပြင့္က ထိသြားသည့္အခါ ေခြးနက္ႀကီးမွာ ေခ်ာ္လဲက်သြားသည္။ အရွိန္ႏွင့္မို႔ ေျမျပင္တြင္ တ႐ြတ္ဆြဲကာ လည္ထြက္သြားေလသည္။ ထိုစဥ္ ေခြးနက္အငယ္ကေလးမွာ သူ႔မ်က္လုံးတြင္စိုက္ဝင္ေနသည့္ ျမားတံကို ဆြဲျဖဳတ္ၿပီး မုန္တိုင္းထံသို႔ အေျပးဝင္လာေလသည္။ မုန္တိုင္းႏွင့္ ေခြးနက္ကေလးမွာ ေျမျပင္တြင္လုံးေထြးေနၾကေလသည္။ ငခမ္းကေတာ့ ေ႐ႊၾကာပြင့္ကိုလႊဲရင္း ေခြးနက္ေကာင္ႀကီးထလာမည္ကို ေစာင့္ေနလိုက္သည္။ ေခြးနက္ေကာင္ႀကီးက ေခါင္းကိုခါလိုက္ၿပီး ငခမ္းကိုမီးဝင္းဝင္းေတာက္ေနသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။

“အာ၊ ဝူး”

ထိုသို႔အူလိုက္ၿပီး ငခမ္းဆီဝင္လာျပန္သည္။ ငခမ္းကလည္း ေခြးနက္ႀကီးကိုက္သည္ကို ေရွာင္ရွားလိုက္ၿပီးေနာက္ ေ႐ႊၾကာပြင့္လက္နက္မွ သံႀကိဳးျဖင့္ ေခြးနက္ႀကီး၏ ေနာက္ေျခေထာက္ကိုလွမ္းဆြဲပတ္လိုက္ေလသည္။ ထို႔ေနာက္ အားကုန္သုံးၿပီး သံႀကိဳးကိုလႊဲလိုက္ရာ ေခြးနက္ႀကီးက မိုးေပၚသို႔ေျမာက္တက္သြားေလသည္။ ငခမ္းအခ်ိန္မဆိုင္းေတာ့ဘဲ သံႀကိဳးကိုေျမႀကီးထံသို႔လႊဲ႐ိုက္ထည့္လိုက္ရာ မိုးေပၚေရာက္ေနသည့္ ေခြးနက္ႀကီးမွာ ေျမႀကီးေပၚသို႔ အရွိန္ျဖင့္ျပဳတ္က်ေလသည္။ ေခြးနက္ႀကီးမွာ ေျမသို႔က်ၿပီး မနည္းျပန္ထရသည္။

“လာစမ္းပါ၊ မင္းကိုငါဖမ္းမယ္ ေခြးနက္ႀကီး”

ငခမ္းက သံႀကိဳးကိုလႊဲေနေလသည္။ ေခြးနက္ႀကီးက ကုန္းထၿပီး သူ႔ကိုေသေသခ်ာခ်ာစိုက္ၾကည့္ေနသည္။ ထိုစဥ္ ဘိုထီးမွာေျပးလာၿပီး ငခမ္းကိုအေနာက္ကေန သိုင္းဖက္ထားလိုက္သည္။ ငခမ္းလည္း ဘိုထီးအားလက္နက္ထိမည္စိုးသျဖင့္ လက္နက္ကို႐ုပ္သိမ္းလိုက္သည္။

“ဘိုထီး၊ က်ဳပ္ကိုဘာလုပ္တာလဲ”

ဘိုထီးက ငခမ္းကိုပင္မၾကည့္ဘဲ ေခြးနက္ႀကီးအားၾကည့္ၿပီး

“လာေဟ့၊ ဒီေကာင့္ကိုအျမန္လာစားစမ္း၊ ငါမင္းအတြက္ဖမ္းေပးထားတယ္”

ေခြးနက္ႀကီးက ပါးစပ္ႀကီးကိုဖြင့္လိုက္ၿပီး အရွိန္ျဖင့္ထိုးေဟာင္လိုက္သည္။ က်ယ္ေလာင္သည့္ ေခြးေဟာင္သံႀကီးက ပတ္ဝန္းက်င္တြင္ထြက္ေပၚလာေလသည္။ ေခြးေဟာင္သံႏွင့္အတူ ေခြးနက္ႀကီးအာေခါင္အတြင္းမွ ဝင္းလက္သြားၿပီး အနီေရာင္အလင္းတန္းမ်ား ထြက္ေပၚလာေလသည္။ ထိုအလင္းတန္းမ်ားကို ငခမ္းကၾကည့္ေနမိသည္။ ထို႔ေနာက္ သူ႔အေနာက္မွ ဘိုထီးကလည္း ၿငိမ္သက္သြားၿပီး ေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္ေနေလသည္။

“ဘိုထီး ဘာျဖစ္တာလဲ”

ဘိုထီးမ်က္လုံးက နီရဲေနၿပီး လူက မလႈပ္ေတာ့ေပ။ ငခမ္းလည္း ဘိုထီးလက္မွ ႐ုန္းထြက္လိုက္သည္။ အေနာက္သို႔ၾကည့္လိုက္ရာ မုန္တိုင္းမွာလည္း ဘိုထီးကဲ့သို႔ပင္ မ်က္လုံးႀကီးနီေနၿပီး ရပ္တန႔္ေနေလသည္။ ရပ္တန႔္ေနသည့္ မုန္တိုင္းအား ေခြးနက္ကေလးက ကိုက္ဆြဲရန္ျပင္ေနေလသည္။

“မလုပ္နဲ႔ကြ”

ငခမ္းက ေခြးနက္ကေလးကို ေ႐ႊၾကာပြင့္ႏွင့္ ပစ္ေပါက္လိုက္ေလသည္။ ထို႔ေနာက္ ေ႐ႊၾကာပြင့္ႏွင့္ဆယ္ခ်က္ခန႔္ အဆက္မျပတ္႐ိုက္ထည့္လိုက္ရာ ေခြးနက္ကေလးမွာ ေျမျပင္တြင္လဲက်သြားေလသည္။

“ငခမ္း၊ ငခမ္း၊ မင္းငါ့ကို ကတိေပးထားတယ္ေနာ္”

လက္မွ အေသးေလးက စကားေျပာလာသျဖင့္ ငခမ္းအံ့ဩသြားမိသည္။

“က်ဳပ္၊ က်ဳပ္ဘာလုပ္ရမွာလဲ”

“ေခြးကေလးရဲ႕ေခါင္းကို ငါနဲ႔ထိလိုက္စမ္းပါ”

ငခမ္းက လက္ဝါးျဖန႔္လိုက္ၿပီး သူ႔လက္ထဲမွ နတ္ဆိုးပါးစပ္အား ေခြးနက္ကေလး၏ ဦးေခါင္းအနီးသို႔တိုးကပ္လိုက္သည္။ ထိုအခါ ပါးစပ္က ပြင့္အာသြားၿပီး အေရွ႕သို႔စူထြက္လာေလသည္။ ထို႔ေနာက္ ပါးစပ္အတြင္းသို႔ ေလမ်ားစုပ္သြင္းရာ ေခြးနက္ကေလး၏ ငယ္ထိပ္မွ ၾကက္ေသြးေရာင္မီးလုံးကေလးတစ္ခု ထြက္လာသည္ကိုျမင္ေတြ႕လိုက္ရသည္။ ထိုၾကက္ေသြးေရာင္မီးလုံးကေလးမွာ နတ္ဆိုးပါးစပ္အတြင္းသို႔ တိုးဝင္သြားေလသည္။

ငခမ္းတစ္ကိုယ္လုံး တဆတ္ဆတ္တုန္သြားၿပီး ေျမျပင္သို႔ဖင္ထိုင္လဲက်သြားသည္။ သူ႔ကိုယ္အတြင္းတြင္ ထူးဆန္းသည့္စြမ္းအားမ်ားကို ခံစားလိုက္ရသည္။ နတ္ဆိုးပါးစပ္က

“ငခမ္း၊ အဲဒီေကာင္ကိုလည္း ငါစားခ်င္တယ္”

ေခြးနက္ႀကီးက ငခမ္းအားခုန္အုပ္လိုက္ေတာ့သည္။ ငခမ္းလည္း႐ုတ္တရက္မို႔ ခုန္အုပ္ခံလိုက္ရၿပီး ေခြးနက္ႀကီးကို ဒူးျဖင့္တိုက္၊ တံေတာင္ျဖင့္႐ိုက္ထည့္သည္။ ေခြးနက္ႀကီးက ငခမ္း၏လည္ပင္းကို သူ႔ပါးစပ္ႀကီးႏွင့္ၿဖဲၿပီးကိုက္ထည့္လိုက္သည္။ ငခမ္းလည္း ဘာလုပ္ရမွန္းမသိေတာ့ဘဲ ညာဖက္လက္ႏွင့္ကာထည့္လိုက္ေလသည္။

“ဝုန္း”

ေခြးနက္ႀကီးမွာ အေနာက္သို႔လြင့္ထြက္သြားသည္။ နတ္ဆိုးပါးစပ္ရွိေနသည့္ လက္ကို ကိုင္မိေသာေၾကာင့္ဟု ငခမ္းကထင္လိုက္သည္။

“ပ်ံလႊား၊ လုပ္လိုက္ေတာ့”

ထိုစဥ္ စည္သူတို႔ေရာက္လာသည္။ ပ်ံလႊားက ေခြးနက္ႀကီးကို ဓါးျမန္ကေလးမ်ားႏွင့္ပစ္ေပါက္လိုက္ၿပီး အနီးသို႔ကပ္သြားသည္။ ထိုအခါ ေခြးနက္ႀကီးက ပါးစပ္ႀကီးၿဖဲၿပီး ထပ္ေဟာင္ရန္ျပင္ဆင္ေနရာ ငခမ္းက ေခြးနက္ႀကီးဆီသို႔အတင္းခုန္ဝင္သြားၿပီး ေခြးနက္ႀကီး၏ ပါးစပ္ကို သူ႔လက္မ်ားႏွင့္ဖိပိတ္ထားေလသည္။

“ျမန္ျမန္လုပ္”

ပ်ံလႊားက ခုန္ပ်ံဝင္လာၿပီး ေခြးနက္ႀကီး၏ ဦးေခါင္းတြင္ ေၾကးျပားကေလးကပ္လိုက္ေလသည္။ ထိုအခါ ေခြးနက္ႀကီးမွာ ခုန္ေပါက္ေနၿပီးေနာက္ မၾကာခင္ မိန္းမႀကီးတစ္ဦးအျဖစ္ေျပာင္းလဲသြားသည္။ ငခမ္းက ေခြးနက္ႀကီးပါးစပ္ကိုဖမ္းထားရာ လူျဖစ္သြားသည့္အခါတြင္ေတာ့ ထိုမိန္းမႀကီးကို ဖက္ထားလ်က္သားျဖစ္ေနသည္။

“နင္၊ နင္ ဘယ္လိုလုပ္လိုက္တာလဲ၊ ငါ့ရဲ႕ အာခံတြင္းထဲက မီးေတာက္ကိုျမင္တဲ့လူတိုင္း အသိေပ်ာက္ၿပီး ေက်ာက္႐ုပ္တစ္႐ုပ္လိုျဖစ္သြားတတ္ၾကတယ္မဟုတ္လား”

“ဟား၊ ဟား ဘယ္ျဖစ္မလဲဗ်၊ က်ဳပ္က ခင္ဗ်ားတို႔ထက္အဆင့္ျမင့္တာကိုး”

စည္သူႏွင့္ ပ်ံလႊားတို႔က ေရာက္လာၿပီး ထိုမိန္းမႀကီးကိုဖမ္းခ်ဳပ္လိုက္ေလသည္။

“ကဲ လာၾကေဟ့၊ ၿမိဳတံခါးမပိတ္ခင္ ၿမိဳ႕ထဲဝင္ၾကစို႔”

ပ်ံလႊားႏွင့္ စည္သူက ထိုမိန္းမႀကီးကို ျမင္းေပၚတင္ၿပီးေခၚသြားသည္။ ေခြးနက္ႀကီးထြက္သြားသည့္တိုင္ေအာင္ မုန္တိုင္းႏွင့္ ဘိုထီးမွာ ေက်ာက္႐ုပ္ႀကီးမ်ားကဲ့သို႔ျဖစ္ေနေသးသည္။

“မုန္တိုင္း”

မုန္တိုင္းပုခုံးကိုပုတ္လိုက္ေတာ့မွ မုန္တိုင္းသတိျပန္ရလာၿပီး ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည္။ မၾကာမီတြင္ ဘိုထီးမွာလည္း သတိရလာေလသည္။

“ဟင္၊ ကြမ္ခမ္း၊ မင္းကြမ္ခမ္း မဟုတ္လား”

“ဟုတ္တယ္ဘိုထီး”

ဘိုထီးက ေျမျပင္တြင္လဲက်ေသဆုံးေနသည့္ သူ႔သားျဖစ္သူထံသို႔ေျပးသြားလိုက္သည္။ ဘိုထီး၏သားျဖစ္သူ ေခြးနက္ကေလးမွာ နတ္ဆိုးပါးစပ္က စားလိုက္သျဖင့္ လူျပန္ျဖစ္ၿပီး ေသဆုံးေနျခင္းျဖစ္သည္။ ဘိုထီးက သူ႔သားအေလာင္းကိုဖက္ၿပီး ေအာ္ဟစ္ ငိုယိုေနေလသည္။

“က်ဳပ္တို႔စိတ္မေကာင္းပါဘူးဗ်ာ၊ ဒါနဲ႔ဘိုထီးတို႔ ဘယ္လိုျဖစ္ခဲ့တာလဲ၊ ဟိုမိန္းမႀကီးကေရာဘယ္သူလဲ”

ဘိုထီးက မ်က္ရည္စက္လက္ျဖင့္ သူတို႔အျဖစ္မ်ားကိုေျပာျပေလသည္။

(၅)

ဘိုထီးႏွင့္ သူ႔သား စိုင္းလုံတို႔မွာ ဝန္တင္လားကေလးေပၚတြင္ ကုန္စည္မ်ားတင္ေဆာင္ၿပီး ေတာင္ေပၚမွဆင္းလာခဲ့ၾကသည္။ ကုန္သည္မ်ားမို႔ လမ္းခရီးတြင္႐ြာစဥ္တစ္ေလွ်ာက္လွည့္ပတ္ကာ ကုန္မ်ားကိုလဲလွယ္ၾကရသည္။ သုံးရက္ခန႔္ၾကာၿပီးအခါတြင္ အလြန္ေဝးလံေခါင္သီသည့္ ေဒသတစ္ခုသို႔ေရာက္ခဲ့သည္။ ထိုေဒသတြင္ ရွားပါးသည့္ ေက်ာက္ေသြးမ်ားထြက္ရွိၿပီး ထိုေက်ာက္ေသြးမ်ားမွာလည္း ေဈးေကာင္းရသျဖင့္ ဘိုထီးက ထို႐ြာကိုမွတ္သားထားျခင္းျဖစ္သည္။ အလြန္ျမင့္မားသည့္ ေက်ာက္ေတာင္ႀကီးမ်ားကို ေကြ႕ပတ္ေဖာက္လုပ္ထားသည့္ လမ္းကေလးအတိုင္း ဆက္လာခဲ့ၾကရာ မၾကာမီတြင္ ႐ြာႀကီးတစ္႐ြာသို႔ေရာက္ခဲ့ၾကေလသည္။

“ဗ်ိဳ႕၊ ဘယ္သူမွ မရွိၾကဘူးလား”

တစ္႐ြာလုံးတိတ္ဆိတ္ေနသည္။ သစ္ႀကီး၊ ဝါးႀကီးမ်ားျဖင့္ေဆာက္လုပ္ထားသည့္ ခိုင္မာသည့္အိမ္ႀကီးမ်ားပင္ ျဖစ္လင့္ကစား အိမ္တြင္လူတစ္ဦးတစ္ေယာက္မွမရွိသလို တစ္႐ြာလုံးလည္း လူတစ္ေယာက္မွ မေတြ႕ရေပ။

“ဒီလူေတြဘယ္ေရာက္သြားတာလဲမသိဘူးေနာ္”

သူတို႔သားအဖစကားေျပာရင္း အလြန္ညည့္နက္လာၿပီမို႔ ႐ြာအျပင္ခရီးသြားမ်ားတည္းခိုေလ့ရွိသည့္ ဇရပ္ကေလးတြင္ စခန္းခ်လိုက္သည္။

ဇရပ္ေပၚတြင္ လူေတြရွင္းေနသည္။ ဇရပ္ေအာက္တြင္ မီးပုံကေလးဖိုလိုက္ၿပီး သားအဖႏွစ္ေယာက္ထိုင္ေနလိုက္ၾကသည္။ ထိုစဥ္မိန္းကေလးတစ္ဦး သူတို႔အနားသို႔ေရာက္လာသည္။ အသက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသမီးျဖစ္သည္။

“ဒီဇရပ္မွာ နားမလို႔လား”

အမ်ိဳးသမီးက ေခါင္းညိတ္ျပၿပီးဇရပ္ေပၚသို႔တက္သြားသည္။ ဘိုထီးတို႔လည္းမၾကာခင္ ဇရပ္ေပၚတက္လိုက္ၾကသည္။ ညတစ္ေရးႏိုးသည့္အခါ ထိုအမ်ိဳးသမီးက ဘိုထီးနံေဘးသို႔ေရာက္ေနခဲ့ေလသည္။

“ဟိတ္၊ မင္းဘာလုပ္တာတုန္း”

“အကိုႀကီးရယ္၊ ကြၽန္မက အေပ်ာ္မယ္တစ္ေယာက္ပါ၊ ကြၽန္မကိုပိုက္ဆံနည္းနည္းေလာက္ေပးပါ၊ ကြၽန္မတတ္တဲ့ပညာနဲ႔ အကိုႀကီးကိုေက်းဇူးဆပ္ပါမယ္”

ထိုအမ်ိဳးသမီးက ဘိုထီးအား ပြတ္သပ္ႏႈိးဆြေနရာ ဘိုထီးလည္းေယာက္်ားေပမို႔ ကာမစိတ္မ်ားထႂကြလာၿပီး မွားမိေတာ့သည္။ ထိုအခါ အိပ္ေနသည့္ သူ႔သားျဖစ္သူ စိုင္းလုံလည္း ႏိုးလာခဲ့ေလသည္။

“အေဖ၊ ဟာ ဘာေတြျဖစ္ေနတာၾကတာလဲ”

“ဘာမွမျဖစ္ဘူးသား၊ ဒီေကာင္မေလးက အခေၾကးေငြနဲ႔ ေပ်ာ္ပါးလို႔ရတဲ့မိန္းကေလးပဲ”

သို႔ႏွင့္ သူတို႔သားအဖႏွစ္ေယာက္ ထိုဇရပ္တြင္ ထိုအမ်ိဳးသမီးနဲ႔ တစ္ညလုံးေပ်ာ္ပါးခဲ့မိသည္။ မနက္အာ႐ုံမတက္ခင္အခ်ိန္တြင္ အိပ္ေပ်ာ္ေနေသာ သားျဖစ္သူစိုင္းလုံကို ပါးစပ္ၿဖဲက ထိုအမ်ိဳးသမီးက တစ္ခုခုကိုအန္ထည့္လိုက္သည္ကို ဘိုထီးျမင္ေတြ႕လိုက္သည္။

“ေဟ့၊ မင္း၊ မင္းဘာလုပ္တာလဲ”

ထိုအခ်ိန္မွာပင္ ထိုအမ်ိဳးသမီးက ေလးဘက္ေထာက္ခ်လိုက္ၿပီး ေခြးနက္ႀကီးတစ္ေကာင္အသြင္ေျပာင္းလဲသြားေလသည္။

“ရွင့္သားကို က်ဳပ္ခ်စ္လို႔က်ဳပ္နဲ႔အတူတူေနခိုင္းမယ္၊ ရွင့္ကိုေတာ့ က်ဳပ္စားရလိမ့္မယ္”

ဘိုထီးအလြန္ေၾကာက္လန႔္ေနမိသည္။

“မစားပါနဲ႔၊ ငါ့ကိုမစားပါနဲ႔”

“ဒါဆိုရင္ က်ဳပ္လူသားစားခ်င္တယ္”

“ငါ့၊ ငါ့ကိုမစားဘူးဆိုရင္ ငါမင္းကိုလူသားရွာေကြၽးပါ့မယ္”

ေနာက္ပိုင္းမွသိရသည္မွာ ထိုမိန္းကေလးက ေတာင္ေပၚမွဆင္းလာသည့္ ေတာေခြးမိစာၦၦႀကီးျဖစ္ေနသည္။ ေတာေခြးမိစာၦၦဆိုးလြန္းသျဖင့္ ထိုအနီးတစ္ဝိုက္တြင္ရွိေသာ ႐ြာမ်ားမွ ႐ြာသူ႐ြာသူမ်ားမွာ ထြက္ေျပးေျပာင္းေ႐ႊ႕ ေနထိုင္ၾကေလသည္။ ဘိုထီးကေျပာရင္း မ်က္ရည္ေတြသုတ္ေနေလသည္။

“ဒါနဲ႔ပဲ ဘိုထီးက လူေတြကိုဖမ္းၿပီးေတာ့ သူတို႔ကိုေကြၽးေနတာေပါ့ေလ”

ဘိုထီးေခါင္းညိတ္သည္။

“ငါ့သားကိုလည္းငါခ်စ္တယ္ေလကြာ၊ ေနာက္ၿပီး အဲဒီမိန္းကေလးကိုလည္း ငါခ်စ္တယ္”

“အပိုေတြဗ်ာ၊ ခင္ဗ်ားသားက မိစာၦျဖစ္သြားၿပီေလ၊ လူမွမဟုတ္တာ”

“ဘာပဲျဖစ္ျဖစ္ ငါ့သားပဲေလကြာ”

“ကဲ ထားပါေတာ့၊ ဘိုထီးသြားေတာ့၊ က်ဳပ္ခင္ဗ်ားကိုမဖမ္းခ်င္ဘူးဗ်ာ”

ဘိုထီးက မတ္တပ္ရပ္ၿပီးထထြက္သြားသည္။ ငခမ္းႏွင့္ မုန္တိုင္းလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ထြက္ခြာရန္လုပ္လိုက္စဥ္

“ရွင္တို႔ ကြၽန္မကို မကယ္ၾကေတာ့ဘူးလား”

ထိုေတာ့မွ သစ္ပင္တြင္ခ်ည္ေႏွာင္ထားသည့္မိန္းကေလးကို သူတို႔သတိရသြားမိသည္။ ငခမ္းက ထိုမိန္းကေလးကို ႀကိဳးျဖည္ေပးလိုက္သည္။ ထိုမိန္းကေလးက အသားအရည္ျဖဴျဖဴဝင္းဝင္းႏွင့္ ခ်စ္စရာေကာင္းေသာမ်က္ႏွာရွိသည္။ ဗမာတစ္ဦးမဟုတ္ဘဲ တိုင္းရင္းသူတစ္ဦးျဖစ္ဟန္တူသည္။

“မင္းလည္းျပန္ေတာ့၊ မင္းအိမ္ကိုမင္းသြားေတာ့”

“က်ဳပ္မွာ သြားစရာအိမ္မရွိဘူး”

“ဟဲ့ေကာင္မေလး၊ မင္းဒီအ႐ြယ္နဲ႔ေလွ်ာက္သြားေနလို႔ အခုလိုျဖစ္ရတာ၊ မင္းငါတို႔အေတြ႕ေစာလို႔ ကံေကာင္းတယ္မွတ္၊ မဟုတ္ရင္ မင္းေခြးစာျဖစ္ေနေလာက္ၿပီကြ”

“ဒါဆိုလည္း အကိုႀကီးတို႔ က်ဳပ္ကိုေခၚထားေလ”

ငခမ္းမ်က္လုံးျပဴးသြားသည္။ မုန္တိုင္းကေတာ့ သူ႔ကိုရယ္က်ဲက်ဲႏွင့္ၾကည့္ေနသည္။

“ငါက ဘာလို႔မင္းကိုေခၚသြားရမွာလဲ”

“အကိုႀကီးပဲ က်ဳပ္ကိုစိတ္ပူေပးေနတယ္မဟုတ္လား”

“စိတ္မပူပါဘူးကြာ၊ မင္းသြားခ်င္တဲ့ေနရာသြားေတာ့၊ ငါတို႔လည္းသြားမယ္၊ သြားစို႔ကြာ မုန္တိုင္း”

သူတို႔ထြက္လာရာ ထိုမိန္းကေလးက သူတို႔အေနာက္မွေျပးလိုက္လာေလသည္။ သူတို႔ျမင္းေပၚတက္စီးလိုက္သည့္အခ်ိန္ ျမင္းအေနာက္မွေျပးလိုက္လာျပန္သည္။ ေျပးရင္းႏွင့္ ေခ်ာ္လဲၿပီး လမ္းတြင္လူးလိမ့္ကာ က်န္ေနခဲ့သည္။ ငခမ္းတို႔လည္း ျမင္းကိုဒုန္းစိုင္းစီးလာၾကသည္။ တစ္ေနရာေရာက္ေတာ့ ငခမ္းက ျမင္းကိုအရွိန္သတ္လိုက္သည္။

“ဘာလဲငခမ္း၊ မင္းက အဲဒီေကာင္မေလးကို ကယ္ခ်င္ေနျပန္ၿပီလား”

“ကယ္ခ်င္တာေတာ့မဟုတ္ဘူး၊ ဒါေပမယ့္ ငါတို႔သူ႔ကိုလုံၿခဳံတဲ့ေနရာတစ္ခုအထိ ေခၚသြားသင့္တယ္မဟုတ္လား၊ ၿမိဳ႕ျပင္မွာလည္းျဖစ္ေနျပန္၊ ညကလည္းမိုးခ်ဳပ္ေနၿပီဆိုေတာ့ မသမာသူေတြနဲ႔ထပ္ေတြ႕သြားရင္ သူနစ္နာသြားမယ္မဟုတ္လား”

မုန္တိုင္းက ရယ္က်ဲက်ဲျဖင့္

“ဟား၊ ဟား ငခမ္းရာ ေျခႏွစ္ေခ်ာင္းမကယ္ေကာင္းဘူးတဲ့ကြ၊ မေန႔က ငါနဲ႔စည္သူေျပာေနၾကတာ”

ငခမ္းက ျမင္းကိုျပန္လွည့္လိုက္ကာ

“ဘာပဲျဖစ္ျဖစ္ လူတစ္ေယာက္နစ္နာသြားမွာကို သိလ်က္နဲ႔ေတာ့ က်ဳပ္လက္ပိုက္ၾကည့္မေနႏိုင္ဘူး”

“ေဟ့ငခမ္း၊ ေကာင္မေလးက ေခ်ာလို႔မဟုတ္လားကြ”

မုန္တိုင္းစကားကိုငခမ္းျပန္မေျဖေတာ့ဘဲ ျမင္းကိုျပန္လွည့္ကာ စီးထြက္လာခဲ့သည္။ လေရာင္က ဝင္းပစြာသာေနေသာေၾကာင့္ ပတ္ဝန္းက်င္တစ္ခြင္က ထိန္လင္းေနသည္။ မၾကာခင္ လမ္းေဘးတြင္ ငုတ္တုတ္ထိုင္ေနသည့္ ထိုေကာင္မေလးကိုေတြ႕လိုက္ရသည္။

“မင္းမသြားဘူးလား”

“ရွင္ေရာမသြားဘူးလား၊ ဘာလို႔ျပန္လွည့္လာတာလဲ”

ငခမ္းက ဘာမွမေျပာေတာ့ဘဲ ျမင္းေပၚမွေနၿပီး လက္ကိုလွမ္းေပးလိုက္သည္။

“တက္၊ မင္းကိုလုံၿခဳံတဲ့ေနရာကို ေခၚသြားေပးမယ္”

“မတက္ပါဘူး အကိုႀကီးတို႔ကမွ က်ဳပ္ကိုမေခၚခ်င္တာ”

“မူမေနပါနဲ႔ကြာ၊ အခုေခၚတယ္၊ ဟုတ္ၿပီလား၊ ျမင္းေပၚတက္စမ္း”

ထိုေကာင္မေလးက မတ္တပ္ထရပ္ၿပီး သူ႔ကိုၿပဳံးျပသည္။ ထို႔ေနာက္ သူ႔လက္ကိုဆြဲကာျမင္းေပၚသို႔ လႊားခနဲခုန္တက္လိုက္သည္။

“မင္းက မဆိုးပါဘူး၊ ျမင္းေပၚေတာ့ တက္တတ္သားပဲ”

“ဒါေပါ့ရွင္ က်ဳပ္က သိုင္းပညာသင္ဖူးပါတယ္”

“ေအာင္မယ္၊ သိုင္းပညာသင္ဖူးလို႔ ခုနက ဘာမွမတတ္တဲ့ ဘိုထီးကို မႏိုင္ဘူးမဟုတ္လား”

“အဲဒါကေတာ့ အဲဒီလူႀကီးက ညစ္ပတ္တာကိုး၊ သူက အိပ္ေမႊ႕သီးေတြနဲ႔ အိပ္ေမႊ႕ခ်တာကိုး”

ငခမ္းကျမင္းကိုျပန္လွည့္လိုက္ၿပီး ဒုန္းစိုင္းေမာင္းႏွင့္ျပန္သည္။ ထိုေကာင္မေလးက သူ႔အေရွ႕တြင္လိုက္ပါစီးနင္းေနျခင္းျဖစ္သည္။

“ေျဖးေျဖးေမာင္းပါရွင့္၊ ျမင္းက တအားေဆာင့္တာပဲ”

ငခမ္းလည္းအရွိန္ေႏွးလိုက္ၿပီး ေျဖးေျဖးမွန္မွန္ေမာင္းလာခဲ့ရာ မၾကာခင္တြင္ မုန္တိုင္းႏွင့္ဆုံသည္။

“က်ဳပ္တို႔ဘယ္ကိုသြားၾကမလဲငခမ္း၊ ၿမိဳ႕တံခါးကလည္းပိတ္ၿပီးေနၿပီမဟုတ္လား”

“မပူပါနဲ႔မုန္တိုင္းရာ ၿမိဳ႕ျပင္မွာ ေညာင္ပင္ရိပ္ဆိုတဲ့ စားတဲႀကီးတစ္ခုရွိပါတယ္ကြ၊ အဲဒီမွာ ငါတို႔ တစ္ညေလာက္ျဖတ္သန္းတာေပါ့ကြ၊ မနက္လင္းမွၿမိဳ႕ထဲဝင္တာေပါ့”

သူတို႔ျမင္းကိုအသာေမာင္းႏွင္ရင္း မၾကာမီ မီးေရာင္စုံထိန္လင္းေနသည့္ ေညာင္ပင္ရိပ္ဆီသို႔ေရာက္လာခဲ့ၾကေတာ့သည္။