ခွေးသရဲနှင့်နပမ်းလုံးသောည

*ခွေးသရဲနှင့် နပမ်းလုံးသောည*📖📖📖

*******************************

မနေ့က ရှစ်နာရီကားနဲ့ ရွာပြန်ခဲ့တယ် ဒီနေ့မနက်ရွာရောက်တယ် ရွာနဲ့ရန်ကုန်က အတော်ဝေးတယ် ကားကိုရှစ်နာရီလောက်စီးရတယ်
ကျွန်တော်က မန္တလေးတိုင်း တံတားဦးမြိုနယ် ဂွေးကုန်းရွာမှာမွေးတာဆိုတော့ တနှစ်ကို တခေါက်ရွာပြန်ဖြစ်တယ် ခုလဲ သီတင်းကျွတ် ဘိုးဘွားများကို ကန်တော့ဖို့ ရန်ကုန်ကနေ ပြန်လာခဲ့တယ်။

အညာဆိုတော့ ရန်ကုန်ထက် နေပူတယ်ဗျ ရွာမှာလေကောင်းလေသန့်တော့ရတယ်ဗျ နေလည်ဆို အိမ်အပြင်တောင် မထွက်ရဲဘူး နေပူဒဏ်ကို မခံနိုင်လို့ အိမ်မှာနေရတာပျင်းတာနဲ့ အိမ်တကာကို လိုက်လည်မယ် စိတ်ကူးပြီး ထီးလေးယူကာ ထွက်လာခဲ့တယ်။

ရွာလမ်းအတိုင်း လျှောက်လာတာ နှစ်အိမ်ကျော်လောက်လဲရောက်ရော ဦးလေးနဲ့ တွေ့တော့တာဘဲ ဦးလေးက ကျွန်တော်မြင်တော့ ၀မ်းသာအားရနဲ့ နုတ်ဆက်စကားဆိုတယ်။

“ဟာ ငါတူကြီး ရန်ကုန်သူလေးတွေမပါဘူးလားကွ”

“ဟာ ဦးလေးကလဲဗျာ ကျွန်တော်က ငယ်သေးတယ်လေ မိန်းမမယူသေးပါဘူးဗျာ”

“ဟုတ်မှလုပ်ပါမောင်ရာ ငါတော့ မယုံဘူး ရီးစားဘယ်နှစ်ယောက်ရနေပြီလဲ မလိမ်နဲ့နော် မှန်မှန်ဖြေ”

“တကယ်ဟြေတာပါဗျာ ဘာရီးစားမှမရှိဘူး”

“ကဲ့လာကွာ သစ်ပင်အောက်သွားပြီး  စကားအေးဆေးဟြေရအောင်”

“ရပါ့ဗျာ ကျွန်တော်က အလုပ်မရှိဘူးနော် ဦးလေး မိန်းမကဆူနေဦးမယ် မိန်းမလဲနိုင်တာ မဟုတ်ဘဲနဲ့”

ဟြေရဦးမယ်ဗျ ကျွန်တော်ဦးလေးက အရင်တုန်းက ရွာမှာ ပျိုတိုင်းလိုလိုနဲ့ ကြိုက်ခဲ့တာဗျ ခုသူယူတဲ့မိန်းမနဲ့ ရီးစားဖြစ်တော့ ဘာမှမလုပ်ရဲဘူး အရင်လိုလဲ ပွေလို့မရဘူး မရသေးတဲ့မိန်းမကို ကြောက်ရတယ် အဲ့ချိန်ကတဲ့က ကြောက်လိုက်တာ ယူပြီးတဲ့အထိကို ကြောက်တုန်းဘဲ ။

“ခွေးကောင် မင်းက ကိုယ့်ဦးလေးကို နှိမ်တာလားကွ မိန်းမဆိုတာ ကိုလုပ်ရင် ခံရမှာကွ နိုင်တိုင်းအနိုင်မကျင့်ရဘူး။

“ဦးလေးရာ မဆဲပါနဲ့ မသိလို့ပါ ဟီးဟီး ဆော်တီး ဆော်တီး”

“မင်းရွာကို အလည်ပြန်လာတာလား ရန်ကုန်မှာ အလုပ်လုပ်ရတာအဆင်ပြေလား “

“ဟုတ်ပြေပါတယ် အလုပ်လုပ်ရင်း ဝါသနာအရ စာလေးဘာလေးလဲရေးတယ်ဗျ”

“ဟေ ဟုတ်လား ဘာစာတွေရေးတာလဲကွ ပြေပါဦး”

“ပရလောကအကြောင်းပါ ဦးလေးရယ် ခုတော့ ရေးစရာမရှိလို့ မရေးသေးဘူးဗျ”

“ဟကောင်ရ မင်းအတော်အတာဘဲ ငါတို့နဲ့နပမ်းလုံးခဲ့တဲ့ ခွေးသရဲအကြောင်းထည့်ရေးကွာ”

“ဟာဟုတ်သားဘဲ မေ့နေတာ တကယ်ဆို ကျွန်တော်ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့အကြောင်းကို ရေးရမှာ တကယ့်အဖြစ်မှန်ဘဲဗျ သွားပြီးရေးလိုက်ဦးမယ်။

ကျွန်တော်လဲ အိမ်ပြန်လာကာ ဖုန်းလေးယူပြီး အိမ်ရှေ့က သစ်ပင်အောက်ကို လာပြီး ငယ်ငယ်တုန်းကအကြောင်းကို ရေးလိုက်တယ်။

လွန်ခဲ့တဲ့ ၇နှစ်လောက်က ကျွန်တော်ဟာ ရန်ကုန်မရောက်သေးဘူးဗျ အသက်ကလဲ ၁၃နှစ်ရှိသေးတာ တောသွားပြီး နွားကျောင်းလိုက် ညနေကြရွာထဲပြန်လာလိုက်နဲ့ နေစဉ်အလုပ်ကိုဖြစ်နေတာ။

တနေ့တော့ ကျွန်တော်နွားကျောင်းပြီး နွားတွေကိုခြံထဲသွင်းကာ ရွာထဲပြန်ရန်လည်းလမ်းအတိုင်းလျှောက်လာခဲ့တယ် တနေရာအရောက်မှာတော့ နောက်ကနေ လည်းတစ်စီးလာနေတယ် ကျွန်တော်လဲ ခြေလျှင်မပြန်ချင်တာနဲ့ လည်းကိုစောင့်နေလိုက်တယ် လည်းကဦးလေးလည်းဗျ။

“ဦးလေး နောက်ကြပါလားဗျ မှောင်နေပြီ ကျွန်တော်လိုက်ခဲ့မယ် ခြေလျှင်သွားရမှာ အတော်ဝေးသေးလို့”

“မကြောက်တက်ရင် လိုက်ခဲ့ပေါ့ကွာ”

“မကြောက်ပါဘူးဗျာ ဒီလမ်းဒီခရီးက နေတိုင်းသွားနေကြဘဲ ဘာမှမကြောက်ပါဘူးဗျာ”

တကယ်တော့ ရွာပြန်တဲ့လည်းလမ်းက ရွာပြင်သချိင်္ုင်းကို ဖြတ်သွားရတာဗျ ကြောက်တဲ့သူဆို မသွားကြဘူး ဒါပေမယ့်  လည်းပါရင်တော့ ဒီလမ်းအတိုင်းဘဲ သွားမှရတာဗျ ။

ကျွန်တော်တို့လဲ စကားဟြေရင်း လည်းမောင်းလာခဲ့တာ သချိင်္ုင်းထဲမ၀င်ခင်မှာ ရှေ့ကနေ ခွေးသေးသေးလေးတကောင် ကျွန်တော်တို့ကို လမ်းပိတ်ရပ်ထားတယ် နွားတွေကလဲရှေ့ဆက်မသွားကြဘူးဒါနဲ့ပဲ ဦးလေးက နွားနှင်တံနဲ့ ဆင်းမောင်းလိုက်တယ်။

ဦးလေး ဆင်းမောင်းတော့ ခွေးက လမ်းဘေးကပ်သွားတယ် ဒါနဲ့ဦးလေးလဲ လည်းပေါ်ပြန်တက်လာပြီး လည်းကိုဆက်မောင်းတယ် ဒါပေမယ့်ခွေးက လည်းနောက်ကနေ ကပ်လိုက်လာတယ် ကျွန်တော်လဲ ခွေးကိုကြည့်နေတယ်ဗျ ခွေးကနည်းနည်းကြီးလာသလိုဘဲဗျ။

စတွေ့တုန်းက ခွေးကသေးသေးလေးပါ ခုမှဘာလို့ကြီးလာတာလဲ ကျွန်တော်လဲ နည်းနည်းတော့ ကြက်သီးထသွားတယ် ကြောက်တော့မကြောက်ဘူး ဒါနဲ့ဦးလေးကို ဟြေလိုက်တယ်။

“ဦးလေး ခွေးကကြီးလာသလိုဘဲဗျ ကျွန်တော်စိတ်ထင်တာလား တကယ်လားဗျ”

“အေးကွ ငါလဲကြည့်နေတာ ခွေးသေးသေးလေးက ခုဆိတ်လောက်ကြီးလာတယ်ကွ ငါကိုလာခြောက်လို့ကတော့ သေဖို့ပြင်ထား”

“ဟုတ်တယ် ဦးလေး ကျွန်တော်လဲ မကြောက်ဘူး သူချကိုယ်ချဘဲ”

ဦးလေးလဲ လည်းပေါ်ကနေ ဆင်းသွားပြီး ခွေးကို နွားနှင့်တံနဲ့ ရိုက်လိုကိတယ် ခွေးကမအော်ဘူးဗျ နည်းနည်းကြီးလာတယ် ဦးလေးကို မာန်ဖီနေတယ်ဗျ ပြနိကိုက်တော့မယ် ထင်တယ်ဗျ။

“ဂီး “ဂီး” တဂီးဂီးနဲ့ ဦးလေးကို ခုန်ကိုက်တော့တာဘဲဗျာ ဦးလေးလဲ
တုတ်နဲ့ရိုက်လိုက်တာ နောက်ကို လွင့်သွားတယ် ခွေးကသူကိုရိုက်တော့ အတော်ဒေါသထွက်နေတယ်ဗျ ဦးလေးကလဲ ဒေါသထွက်ကာ ဆဲဆိုပြီးခွေးကို ရန်လုပ်နေတယ်ဗျ။

“တောက် ခွေးစုတ်ခွေးနာ ငါကိုလာကိုက်ရအောင် ဘယ်သုမှတ်လို့လဲ သေသွားချင်တာလား သန်းမင်းတဲ့ကွ မိုက်ရင် ရှေ့တိုးခဲ့ ခွေးစုတ်”

ဦးလေး ဟြေလိုက်မှခွေးက နွားလောက်ကြီးလာတယ်ဗျ ကျွန်တော်လဲအတော်အံဩသွားတယ် ဒီတိုင်းဆိုခွေးကို မနိုင်လောက်ဘူး ဒါပေမယ့်ဦးလေးက တော့ တုတ်ချောင်းကို ကျစ်ကျစ်လျစ်လျစ် ဆုတ်ကိုင်ကာ ခွေးအလာကိုစောင့်နေတယ်ဗျ။

ကျွန်တော်သာမပါရင် ဦးလေးမနိုင်လောက်ဘူး ကျွန်တော်လဲ ဦးလေးကူညီရန် ပြင်လိုက်တယ် ဒါပေမယ့်လက်ဗလာနဲ့ဆို နိုင်မှာမဟုတ်ဘူး လက်နက်လိုက်ရှာတော့ လည်းမှာထိုးထားတဲ့ ဓားတချောင်းတွေ့တာနဲ့ ဓားဆွဲကာ လည်းအောက်ဆင်းလိုက်တယ်။

ခွေးကလဲ အပိုင်ထင်ပြီး ဦးလေးအားခုန်အုပ်လိုက်တယ် ဦးလေးလဲလက်နဲ့တားပေမယ့် နွားလောက်ရှိတဲ့ခွေးကို မတားနိုင်ဘူး အင်အားချင်းက မမျှဘူးလေ ဦးလေးအပေါ်ကနေစီးကာ ဦးလေးကို ကိုက်တယ်ဗျ ဦးလေးလဲ တုတ်နဲ့ကာထားတယ် ခွေးကတုတ်ကို ကိုက်မိတော့ တုတ်လဲဖြတ်ပိုင်းကျိုးသွားတယ်။

ကျွန်တော်လဲ ဓားနဲ့ပြေး၀င်ခုတ်လိုက်တယ် ဘောလုံးကြီးခုတ်မိသလို ပြန်ကန်ထွက်လာတယ် ခွေးရဲ့နောက်ကျောကို ခုတ်လို့မရဘူးလို့ ရှေလူကြီးတွေဟြေကြတာကြားဘူးတယ် ဒါနဲ့ဓားကို လွတ်ချကာ လက်သီးနဲ့ထိုးတယ် လေးလုံးကြီးထိုးရသလိုဘဲဗျ။

ခွေးတကောင်ကို ကျွန်တော်တို့နှစ်ယောက်ဝိုင်းချတာ မနိုင်ဘူးဗျ ခွေးကကြီးကြီးလာတယ် ပုတ်လောက်ကို ရှိလာတယ် ကြာတော့ မနိုင်တော့ဘူးဗျ ခွေးရောလူရော သွေးတွေပေပွကာ မြင်မကောင်းအောင် ဖြစ်နေပေမယ့် အသက်မသေဖို့အရေး ပြန်ခုခံနေရတယ် ဦးလေးကကြာတော့ မနိုင်မှန်းသိသွားတယ် ဒါနဲ့ပဲ ကျွန်တော်ကို တခုခုလုပ်ခိုင်းတယ်ဗျ။

“ငါတူ တခုခု လုပ်ကွာ မဟုတ်ရင် ငါတို့သေတော့မယ် ဒီတိုင်းဆို ငါတို့မနိုင်ဘူး သေဖို့ဘဲရှိတယ်”

ကျွန်တော်လဲ အတော်မောနေတယ်ဗျ လက်တွေလဲ မလှုပ်ချင်တော့ဘူး ဒါပေမယ့် ဦးလေးခိုင်းတာတော့ လုပ်ရမှာဘဲ ဦးလေးက ပုတ်လောက်ကြီးတဲ့ခွေးနဲ့ သူတပြန်ကိုတပြန် ချနေတယ်  ဦးလေးလဲ အသက်မသေဖို့အရေး မလှုပ်နိုင်လဲ ပြန်ခုခံနေရတယ် ။

ကျွန်တော်လဲ ရှေးလူကြီးတွေဟြေတာကို သတိရလိုက်တယ် ခွေးသရဲနဲ့တွေရင် ဓားကိုသေးနဲ့ပမ်းကာ ထိုးရင် ခွေးသရဲကိုနိုင်တယ်တဲ့ ကျွန်တော်လဲ ရှေးလူကြီးတွေစကားအရ ဓားကိုပြေးယူကာ သေးနဲ့ပမ်းလိုက်တယ် ဓားတချောင်းလုံးကို သေးနဲ့ပမ်းပြီး ခွေးအားပြေးထိုးလိုက်တယ် ခွေးရဲ့လက်ပြင်ကို ထိုးမိကာ ဓားတချောင်းလုံး၀င်သွားတယ်။

ဓားနဲ့လဲထိုးမိရောခွေးက သေးသေးလာတယ် ဒါကိုအခွင့်ကောင်းယူပြီး ဦးလေးက ကျိုးနေတဲ့တုတ်နဲ့ရိုက်ကာ ရွာကို ဦးတည်ကာ ပြေးကြတယ် ခွေးက ဓားတန်းလန်းနဲ့ နောက်က လိုက်လာတယ် ကျွန်တော်တို့လဲ တအားကုန်ပြေးလိုက်တာ ရွာတံခါးရောက်လာတယ် ။

ရွာတံခါးရောက်လာမှ နောက်ပြန်ကြည့်လိုက်တာ ခွေးက ဓားတန်းလန်းလဲ ကျွန်တော်တို့ကို ကြည့်ကာ “အူ”အူ”တအူအူနဲ့ ငြိမ်ကြသွားတယ် ဒီတော့မှ ကျွန်တော်တို့လဲ ခြေကုန်လက်ပန်းကျကာ လှဲကြသွားတယ် ဘာမှကို မသိတော့ဘူး။

ကျွန်တော်သာ အဲ့ချိန်က သေခဲ့ရင် ခုလိုဇာတ်လမ်းလေးကို ရေးနိုင်မယ်မထင်ဘူး လို့တွေးပြီး ဇာတ်လမ်းလေးကို သိမ်းလိုက်ပါတယ် ။

                          လေးစားစွာဖြင့်  နယ်နမိတ်(ငမိုးရိပ်)