ခွေးသားကြိုက်တဲ့ကိုဘခက်(စ/ဆုံး)

Unicode Version

ခွေးသားကြိုက်တဲ့ကိုဘခက်(စ/ဆုံး)
—————————————–
“ဂိန် ဂိန်”
မနက်စောစော နာကြင်စွာအော်ဟစ်လိုက်သည့်
ခွေးသံအားစိတ်မချမ်းမြေ့ဖွယ်
ကြားလိုက်ရသည်။
မှန်ပေသည် ကိုဘခက်တစ်ယောက်
ခွေးတစ်ကောင်အား ဓားမတစ်ချောင်းဖြင့် ရက်ရက်စက်စက်
ခုတ်ကာသ တ်လိုက်ခြင်းဖြစ်သည်။
ကိုဘခက်ကခွေးသားအားအလွန်ခုံမင်
နှစ်သက်သူဖြစ်သည်။
ခွေးဆိုလျှင်၃လသားနှင့်အထက်
အကုန်သ တ်ဖြတ်စားလေသည်။
ထို့ကြောင့်ရွာထဲ၌ရှိသောခွေးများက
ကိုဘခက်ဆိုလျှင်မြင်ရုံနှင့်ဝိုင်းဟောင်
ကြလေသည်။
ခွေးရှင်များကလည်း မိမိခွေး
ဘခက်လက်ချက်ဖြင့်အသတ်ခံရမည်
ဖြစ်စိုး၍လိုက်လံထိန်းနေရလေသည်။
ပိုင်ရှင်မဲ့သည့်ခွေးတစ်ကောင်က
ကိုဘခက်အားလိုက်ဆွဲပါက နောက်တစ်နေ့ရောက်လျှင်တော့
ထိုခွေးဘခက်လက်ချက်ဖြင့် အသက်ပျောက်ရလေသည်။
ဟိုအရင်ကခွေးသားအား
ဈေးကြီးပေး၍ဝယ်စားတတ်သည့်
ကိုဘခက်တစ်ယောက် ယခုတွင်တော့
မိမိကိုယ်တိုင်သတ်စားပါမှ
ပို၍အရသာတွေ့သည်ဟုဆိုကာ
ခွေးအရှင်များအားဝယ်ယူကာ မိမိကိုယ်တိုင်သ တ်ဖြတ်စားသောက်လေ
သည်။
ကိုဘခက်၏မိဘများကလည်း
ပြောဆိုမရသည့်သားဖြစ်သူအား
မပြောပဲလွှတ်ထားလိုက်တော့သည်။
ငွေကြေးတတ်နိုင်သူမို့ ခွေးအား
၃ရက်တစ်ကောင်ခန့်ဖြင့် ဝယ်ယူသတ်ဖြတ်ကာ စားလေသည်။
ယနေ့လည်းခွေးတစ်ကောင်အား
စောစောစီးစီးသ တ်ကာ အသားများအား ခုတ်ထစ်၍ကိုင်တွယ်နေလေသည်။
မိဘနှစ်ပါးနှင့်ပတ်ဝန်းကျင်မှလူများ
လည်း စိတ်မချမ်းမြေ့ရုံမှတပါး
ဘာမှမတတ်နိုင်ကြပေ။
ခုတ်ထစ်ပြီးသည့်ခွေးသားများအား
နနွင်း၊မဆလာ၊အချိုမှုန့်များ၊ငံပြာရည်၊
ကြက်သွန်ဖြူ ၊ချင်းတို့ဖြင့်သမအောင်နယ်လိုက်သည်။
ပြီးနောက်မီးဖိုပေါ်တင်၍ ချက်ပြုတ်
တော့သည်။
ချက်ပြုတ်ပြီးစီးသွားသည်နှင့်
ပူပူလောလောခွေးသားများကို
ဟင်းပန်းကန်လုံးထဲထည့်ကာ
အားပါးတရစားသောက်တော့သည်။
အရက်နှင့်မြည်းရန်အတွက်
သပ်သပ်ချန်ထားသော ခွေးသားများကို
တော့ကြောင်အိမ်ထဲထည့်ကာ
သိမ်းထားလေသည်။
ကိုဘခက်စားသောက်ထားသည့်
ပန်းကန်များ၊ရေခွက်များအား
ကိုဘခက်၏မိဘနှစ်ပါးက သပ်သပ်စီခွဲထားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ခွေးအသားမှ
ထွက်သည့်အနံ့အားမခံနိုင်၍
ယခုလိုသပ်သပ်စီခွဲထားရဖြင်းဖြစ်သည်။
=================
“စိန်မြင့်ရေ အရက်နှစ်ပုလင်းဟေ့”
“အေးအေး ရမယ်”
“ဟေ့ ဘခက် ဆိုင်ထိုင်ပြီးမသောက်
ဘူးလားကွ ”
“မသောက်တော့ဘူး မင်းနိုင်ရေ
အိမ်မှာပဲခွေးသားနဲ့မြည်းပြီး
အေးဆေးဇိမ်ယူတော့မယ် ”
“ငါ့တို့ဖို့ ခွေးသားနည်းနည်းလောက်
ပေးပါဦး ဘခက်ရ ”
“စားချင်အိမ်လာခဲ့ကွာ
ဒီမှာကြ ဟိုလူချန်မကောင်း၊ဒီလူချန်မကောင်းနဲ့မလို့ မင်းစားချင်
ငါ့အိမ်လာစားလှည့်ကွာ ”
“အေး ဒါဖြင့်ရင် ငါနောက်နေ့လာခဲ့မယ်ကွာ”
“အေးလာခဲ့ လာခဲ့”
“ရော့ ဘခက်အရက်နှစ်လုံး”
“ရော့ ပိုက်ဆံ”
“ဘခက်မင်းလည်းလျှော့သောက်ဦးဟ
မျက်လုံးတွေရော၊လက်သည်းတွေပါ
ဝါနေပြီ ”
“လျှော့တော့မသောက်နိုင်ဘူး
စိန်မြင့်ရေ၊သေခါမှသေစေတော့
ထမင်းမစားပဲနေနိုင်တယ်။
ခွေးသားနဲ့အရက်တော့ မစားမသောက်ရရင်မနေနိုင်ဘူးဟေ့”
“ငါကမင်းကျန်းမာရေးထိမှာစိုးလို့
ပြောနေတာပါကွာ ”
“ငါသိပါတယ် စိန်မြင့်ရာ
ကဲ ငါသွားပြီဟေ့ ၊မင်းနိုင်ငါပြန်ပြီ
နောက်ရက်ဆက်ဆက်လာခဲ့ကွာ။
မင်းနဲ့ငါအိမ်မှာနည်းနည်းပါးပါး
ကစ်ကြတာပေါ့ ”
“အိုစကေ ပါကိုယ့်လူရေ ဟား ဟား”
ကိုဘခက်လည်းအရက်နှစ်လုံးဆွဲကာ
အိမ်သို့ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်သည်နှင့်ကြောင်အိမ်ထဲမှ
ချန်ထားသည့်ခွေးသားပန်းကန်အား
ထုတ်ယူလိုက်သည်။
ထို့နောက်စားပွဲပေါ်တင်၍
အရက်ဖြင့်မြည်းနေတော့သည်။
ထိုအချိန် ကိုဘခက်၏ မိခင်ရောက်လာကာ………”
“သား ဘခက်”
“ပြောအမေ”
“မင်းအရက်တွေလျှော့သောက်ပါဦး
မင်းကြည့်ရတာတစ်ကိုယ်လုံး
ဝါဖတ်နေပြီ၊မျက်နှာကြီးကလည်း
မည်းပုတ်နေပေါ့။
တစ်ရက်တလေ မသောက်ပဲနေစမ်းပါလားသားရယ်”
“ဟာ…ဒီအမေကလည်း
သောက်ရတာဇိမ်ပျက်အောင်
တရားတွေလာဟောနေပြန်ပါပြီ။
ကျုပ်ဟာကျုပ်ကြိုက်လို့သောက်တာ
ဘာဖြစ်သလဲ၊ဘယ်သူ့ထိခိုက်နေလို့လဲ
ကျုပ်ကကျုပ်အရက်ကိုအေးဆေး
သောက်တယ်၊ဘယ်သူ့မှမစော်ကားဘူး
ဘယ်သူ့မှလည်းမရမ်းကားဘူး။
“မခင်နွယ်ရာ မင်းသားဘယ်တုန်းက
ပြောလို့ဆိုလို့ရလို့လဲ၊သူ့ဟာသူ
သေသေကွာကြိုက်သလောက်သောက်
မြန်မြန်သေအေးရော။
“အို…ကိုတင့်ရယ်
ဒီလိုတော့လည်းမပြောနဲ့လေ
ကျွန်မကဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့
မိခင်လေ ကိုယ့်သားသမီးကို
ချစ်လို့ပြောရမလားလို့ပြောကြည့်ရတာ
ပေါ့ရှင်။
ရှင်ကကျွန်မလိုဝမ်းနဲ့လွယ်ပြီး
မွေးရတာမှမဟုတ်တာ
အခုလိုပြောနိုင်နေနိုင်မှာပေါ့ရှင်။
“ဟငါလည်းဝမ်းနဲ့လွယ်ပြီး
မမွေးရတာပဲရှိမယ်၊ကိုယ့်သားသမီးကို
လိမ္မာတာပဲမြင်ချင်တာပေါ့။
အခုဟာကတစ်ရက်လည်းပြောမရ
တစ်လလည်းပြောမရ၊တစ်နှစ်လည်း
ပြောမရမှာချင်းအတူတူတော့
မြန်မြန်သေသွားအေးတာပေါ့ကွာ။
ဒါမှသူ့ကြည့်ပြီးစိတ်မချမ်းမြေ့ရတဲ့
ဘဝကလွတ်မှာကွ။
“ဟာ…အာရုံနောက်တယ်ဗျာ
သွားကြ အရက်ကိုအေးဆေး
မသောက်ရဘူး။
သွားကြသွားကြဗျာ ”
ကိုဘခက်ကမိဘနှစ်ပါးအား
အော်ဟစ်မောင်းထုတ်မှ ဦးတင့်နဲ့ဒေါ်ခင်နွယ်လည်း ကိုဘခက်
အနီးမှထွက်သွားကြသည်။
ကိုဘခက်လည်းခွေးသားတစ်တုံးပြီး
တစ်တုံးစားကာ အရက်ထိုင်သောက်
နေလိုက်သည်။
===================
“ဘခက်ရေ ဘခက်”
“ဟာ…မင်းနိုင်ပါလားကွ
ဟင်…လက်ထဲမှာလည်းခွေးမကြီးနဲ့ ”
“ဟုတ်တယ်ကွ
ငါ့အိမ်ကခွေးမနီတုတ်လေကွာ
မင်းကိုအကူအညီတောင်းစရာရှိလို့
ဆွဲလာခဲ့တာ။
“ဘာအကူအညီလဲ မင်းနိုင်ရ”
“ငါအရက်ဖိုးမရှိလို့ မင်းကိုငါ့အိမ်က
ခွေးကိုပြန်ရောင်းချင်လို့ကွာ။
ငါ့ကိုကြိုက်တဲ့ဈေးပဲပေးပါ
ငါအရက်အရမ်းသောက်ချင်လို့ပါကွာ”
“ငါမင်းကို၂၀၀၀၀ပေးမယ်ဘယ်လိုလဲ”
“ဖြစ်တယ်ကွာ ဖြစ်တယ်”
“ဟဲ့သား ဘခက်
ခွေးကြီးကိုဘာလုပ်ဖို့ဝယ်နေတာလဲ”
“အမေကလည်းဗျာ
သိရဲ့သားနဲ့မေးနေတယ်၊ဝယ်မှတော့
သ တ်စားဖို့ပေါ့ဗျ။
“ဟေ…မ မလုပ်ပါနဲ့သားရယ်
ခွေးမကြီးကသားတွေနဲ့ဒီခွေးမကြီး
ကိုတော့လွှတ်ပေးလိုက်ပါသားရယ်။
မင်းနိုင်မင်းကလည်းကွယ်
ရောင်းစရာရှားလို့ ကိုယ့်အိမ်မှာမွေးထားတဲ့ ဗိုက်ကြီးကြီးနဲ့
ခွေးကိုမှလာရောင်းရသလား။
မင်းမိန်းမမိရီလှလည်း ဗိုက်ကြီးကြီးနဲ့ဆိုတာ မင်းမေ့နေပြီလား
ဝဋ်တွေငရဲတွေတော့ခံရတော့မှာပဲ။
“မမေ့ပါဘူး အန်တီခင်နွယ်ရာ
အခုလည်းသူမရှိတုန်းလာရောင်းတာဗျ။
ဝဋ်တွေငရဲတွေကနောက်မှခံရမှာ
အခုလောလောဆယ်တော့
အရက်သောက်စရာမရှိတာက
ကျုပ်အတွက်ငရဲပဲ အန်တီခင်နွယ်ရေ”
“ရော့မင်းနိုင် ၂၀၀၀၀
ငါမင်းခွေးမကိုသတ်ပြီးတာနဲ့
မင်းအတွက်အရက်နဲ့မြည်းဖို့
သပ်သပ်ပေးဦးမယ်၊ငါ့ကိုအခုလိုလာရောင်းတာ ကျေးဇူးပါကွာ…………”
“ကဲငါပြန်ဦးမယ် ဘခက်
ရော့ဒီမှာ ခွေးထားခဲ့ပြီ …”
“အေးအေး”
မင်းနိုင်လည်းငွေ၂၀၀၀၀ကို
ကိုင်ကာပြုံးပြုံးကြီးထွက်သွားလေသည်။
“သားအမေပြောတာနားထောင်စမ်းပါ
သားဒီခွေးမကိုမသတ်ပါနဲ့သားရယ်။
သူ့ဗိုက်ထဲမှာသားပေါက်တွေနဲ့
ငါ့သားဝဋ်ကြီးပါတယ်သားရယ်”
“အမေ့ ဘာတွေတရားလာချနေပြန်တာလဲဗျာ
သူ့ဟာသူသားပေါက်ပါရုံမကလို့
ဘာဖြစ်ဖြစ်ကျုပ်ကငွေချေပြီးပြီ
သ တ်ရမှာပဲ…”
“အမေ့စကားကို နည်းနည်းလေးတောင်
နားမထောင်တော့ဘူးလားသားရယ်”
“နားထောင်စရာအကြောင်းမှမရှိတာ
သတ္တဝါဆိုတာလူချွတ်မှကျွတ်တာဗျ။
ဒါကြောင့်ကျုပ်ကိုဘာမှထပ်မပြောနဲ့
ကျုပ်နားထောင်မှာမဟုတ်ဘူး။
“သားရယ်…”
ဒေါ်ခင်နွယ်လည်းပြောမရသည့်
သားအားကြည့်ပဲကြည့်နေရတော့
သည်။
ကိုဘခက်လည်းဗိုက်ကြီးကြီးနဲ့
ခွေးမနီတုတ်အားတိုင်၌ကြိုးချည်ပြီး
ထားလိုက်သည်။
ထို့နောက်အိမ်ထဲမှခွေးသတ်ရာတွင်
အသုံးပြုသောဓားမတစ်ချောင်းနှင့်
ဓားမြှောင်တစ်ချောင်းအားယူလာခဲ့
သည်။
နီတုတ်သည်လည်း အသတ်ခံရတော့မည်ကို သိနေ၍
မျက်ဝန်းအိမ်မှမျက်ရည်များ
သိသိသာသာကျဆင်းနေလေသည်။
နီတုတ်၏မျက်လုံးများက ကိုဘခက်ကို
မိမိအားမသတ်ရန်အတွက်တောင်းပန်
နေသည့်အလားသနားဖွယ်ကောင်းလွန်း
လှပေသည်။
အသည်းနှလုံးမရှိသည့်ကိုဘခက်
ကတော့ ဓားမကြီးအား အားပါးတရ
လွှဲကာနီတုတ်၏လည်ပင်းဆီသို့
ခုတ်ချလိုက်တော့သည်။
အားပါလှသည့်ဓားချက်
ထက်မြက်သည့်ဓားသွားကြောင့်
နီတုတ်ခင်မျာအော်ချိန်ပင်မရလိုက်ပဲ
ဇတ်မှာတိကနဲပြတ်သွားရလေသည်။
အိမ်နောက်ဘေး၌ သူတစ်ပါးအသက်ကိုအားပါးတရ
သတ်နေသောသားဖြစ်သူအား
ဒေါ်ခင်နွယ်တစ်ယောက်မျက်ရည်များ
ဖြင့်ကြည့်နေမိသည်။
မိမိကိုယ်တိုင်သည်လည်းမိခင်
တစ်ယောက်မို့ သေဆုံးသွားသည့်
နီတုတ်နှင့်နီတုတ်ဗိုက်ထဲမှ
ခွေးသားပေါက်လေးများကိုလည်း
စိတ်မကောင်းဖြစ်ရသည်။
ပါဏာတိပါတာကံကို မကျူးလွန်စေရန်
ပြောမရသည့်သားအတွက်လည်း
ဝမ်းနည်းနေမိသည်။
ကိုဘခက်လည်းနီတုတ်၏
ဝမ်းဗိုက်အားဓားမြှောင်ဖြင့်
ထိုးခွဲလိုက်သည်။
နီတုတ်ဗိုက်ထဲမှနီနီရဲရဲခွေးသားပေါက်
လေးများအားတစ်ကောင်ပြီးတစ်ကောင်
ထုတ်ယူကာဘေး၌ချထားလိုက်သည်။
နီတုတ်ဗိုက်ထဲမှအူများအသည်းများကို
ထုတ်ယူပြီးဇလုံထဲထည့်လိုက်သည်။
ထို့နောက်နီတုတ်၏ခြေလက်များအား
ခုတ်ထစ်လိုက်သည်။
ပြီးနောက်အသားတုံးလေးများစွာအား
ခုတ်ထစ်ကာတုံးထားလိုက်သည်။
================
“နီတုတ်ရေ နီတုတ်”
“တောက်တောက်တောက်”
“နီတုတ်ရေ ထမင်းစားမယ် လာလာလာ”
“ဒီခွေးမဘယ်တွေလျှောက်သွားနေသလဲမသိဘူး။
မရီလှလည်းနီတုတ်အားမတွေ့သဖြင့်
အော်ခေါ်ကာလိုက်လံရှာဖွေနေသည်။
“နီတုတ်ရေ နီတုတ်”
“မမမြင့်နီတုတ်ကိုတွေ့မိသေးလား”
“ဟင့်အင်းမတွေ့မိဘူး
ငါ့အိမ်ဘက်လည်းမလာဘူးအေ့”
“ဟုတ်လားနီတုတ်ပျောက်နေလို့
ခါတိုင်းဘယ်မှမသွားပဲအိမ်မှာပဲ
ရှိတာကိုဒီနေ့ကြမှဘယ်တွေလျှောက်
သွားနေလဲမသိဘူး။
“ဌေးဌေးတို့အိမ်ဘက်မေးကြည့်ပါလား
အဲဒီအိမ်ဘက်မှာတစ်ခါတလေ
ရှိနေတတ်တယ်။
“ဟုတ်ဟုတ် မမမြင့်
ကျွန်မသွားမေးကြည့်လိုက်ဦးမယ်”
မရီလှလည်းမဌေးဌေးအိမ်ဘက်သို့
ထွက်လာခဲ့သည်။
“မဌေးဌေး နီတုတ်များမဌေးဌေး
တို့အိမ်ဘက်လာသေးလားမသိဘူး”
“အေးအဲဒီကိစ္စညည်းကိုငါပြောမလို့
မနက်ကညည်းယောကျ်ား မင်းနိုင်
နီတုတ်ကိုကြိုးနဲ့ဆွဲပြီးခေါ်သွားတာ
တွေ့လိုက်တယ်။
ဘယ်ခေါ်သွားသလဲတော့ငါလဲမသိဘူး
ဧကန္တရောင်းစားဖို့ခေါ်သွားတာလား
မသိဘူး”
“တောက်…လူယုတ်မာ
ဒင်းငါ့အကြောင်းသိရသေးတာပေါ့
အခုလိုပြောပြတာကျေးဇူးပါ မဌေးဌေး
ဟိုသေနာပြန်လာလို့ကတော့
သေဖို့သာပြင်ပေတော့။
ငါ့သမီးလေးကိုဘာလုပ်ပစ်သလဲမသိဘူး
ရောင်းစားလို့ကတော့ အသေပဲ။
သွားပြီမဌေးဌေးရေ …”
“အေးအေး ညည်းယောကျ်ားကို
ငါကပြောတာလို့မပြောနဲ့နော် ”
“စိတ်ချမပြောပါဘူး”
မရီလှလည်းဒေါကြီးမောကြီးဖြင့်
အိမ်သို့ပြန်လာခဲ့သည်။
အိမ်ကကုလားထိုင်ပေါ်၌ ဝါးရင်းတုတ်
တစ်ချောင်းကိုကိုင်ကာ ကိုမင်းနိုင်
ပြန်အလာကိုစောင့်နေလိုက်သည်။
နာရီဝက်ခန့်ကြာတော့
ဒယီးဒယိုင်ဖြင့်အိမ်ထဲဝင်လာသော
ကိုမင်းနိုင်အားမြင်လိုက်ရသည်။
“ကိုမင်းနိုင်…”
“ဟာ ဖြည်းဖြည်းအော်ပါမိန်းမရာ
လန့်တုန်သွားတာပဲ”
“သေနာကြီး နင်ငါ့သမီးနီတုတ်ကို
ဘာလုပ်ပစ်လိုက်တာလဲ ပြောစမ်း
ငါ့ကိုပြော။
“ငါ ငါ ဘာမှမလုပ်ပါဘူး
သူအိမ်မှာမနေချင်လို့ထွက်သွားတာ
ဖြစ်မှာပေါ့ဟာ။
“တော်တိတ် နင်မပလီနဲ့
နင်မနက်ကနီတုတ်ကိုကြိုးနဲ့ဆွဲခေါ်သွားတာအကုန်လုံးမြင်လိုက်ကြတယ်တဲ့။
ငါ့သမီးကိုနင်ဘာလုပ်လိုက်တာလဲ
မှန်မှန်ပြော မပြောရင်လက်ထဲက
ဝါးရင်းတုတ်စာမိမယ်နော်”
မရီလှကဝါးရင်းတုတ်ဖြင့်
ချိန်းခြောက်သဖြင့် နဂိုကတည်းကမိန်းမာကိုကြောက်ရ
သော ကိုမင်းနိုင်လည်း
အမှန်အတိုင်းဝန်ခံလိုက်သည်။
“ငါ ငါ ဘခက်ဆီမှာသွားရောင်းလိုက်တာပါ.
“ဘာ ဘာပြောတယ်
ဘခက်ဆီမှာသွားရောင်းတယ်ဟုတ်လား
“ဟုတ် ဟုတ်တယ် ငါအရက်ဖိုးမရှိလို့
ရောင်းလိုက်ရတာပါဟာ၊ငါ့ကိုခွင့်လွှတ်
ပါ။
“သေနာကောင် နီတုတ်က
ကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတာ
နင်မသိဘူးလား
ကျက်သတုံးကောင်ရဲ့။
နင်အဲလောက်တောင် ငတ်နေရင်လည်း
ကိုယ့်ဟာကိုရှာသောက်ပါလား။
အခုတော့ငါတယုတယမွေးထားတဲ့
ခွေးကိုမှနင်ကခွေးသတ်သမားဆီ
ရောင်းစားရတယ်လို့ သေပေတော့”
“ကဲဟယ်”
“ဒုတ်”
“အား…ကွဲပါပြီဗျာ”
မရီလှကကိုမင်းနိုင်၏
ခေါင်းအားဝါးရင်းတုတ်ဖြင့်ရိုက်ချ
လိုက်ရာကိုမင်းနိုင်ခေါင်းမှ
သွေးများဖျာကနဲစီးကျလာတော့သည်။
“သေ သေ နင့်ကိုဖြစ်နိုင်ရင်
အသေပါသ တ်ပစ်လိုက်ချင်တာ”
“ငါ့ခွေးမကိုရက်ရက်စက်စက်
သ တ်စားပစ်တဲ့ ဘခက်လည်း
ငါ့သမီးနီတုတ်လို အသေဆိုးနဲ့
ခွေးလိုသေပါစေ။
ခွေးဝိုင်းဆွဲလို့သေပါစေ၊သေပြီးတာတောင်မှနင့်အလောင်းကို
ခွေးဖော်စားတာခံရပါစေ!
မရီလှလည်းနာကျည်းစွာဖြင့်
ကိုဘခက်အပေါ်အားကျိန်စာတိုက်
လိုက်လေသည်။
=================
“အဟွတ် အဟွတ်အဟွတ်”
“အော့”
“ဝေါ့”
“ဟယ်သားဘခက်သွေးတွေ
အန်နေပါလား၊ကိုတင့်ရေ ကိုတင့်
လာပါဦး”
“ဘာဖြစ်တာလဲမခင်နွယ်”
“ဒီမှာလေရှင့်သားသွေးတွေအန်နေလို့
“သားဘခက် ဘယ်လိုနေသေးလဲ
“ရတယ် ရတယ်ဘာမှမဖြစ်ဘူး
“ခက်တာပဲ ဒီလိုညကြီးအချိန်မတော်မှ
ဖြစ်ရတယ်လို့သားရယ်၊ဘယ်ဆေးခန်း
မှလည်းသွားလို့မရတော့ဘူး။
“သားနေသာရဲ့လားကွာ
မင်းကြည့်ရတာမဟန်ဘူးနော်”
“အဟွတ် အဟွတ်”
“ဝေါ့”
“သွေးတွေကမနည်းမနောပါလား
ဒီအတိုင်းထားရင်သေတော့မှာပဲ။
တစ်ခုခုလုပ်ပါဦးကိုတင့်ရေ။
“ဘာမှမလုပ်နဲ့ ကျုပ်ဘာမှမဖြစ်ဘူး
“ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲသားရယ်
“ရပါတယ်ဆိုဗျာ သွားခင်ဗျားတို့
သွားအိပ်ကြတော့ ကျုပ်ဘာမှမဖြစ်ဘူး”
“သားရတယ်ဆိုရင်ပြီးတာပါပဲ
မိဘများလည်းလှည့်ကြည့်လှည့်ကြည့်
လုပ်ပြီးမှထွက်သွားကြသည်။
အသက်ပြင်းသည့်ကိုဘခက်လည်း
ဘာမှမဖြစ်တော့ပဲ အိပ်ရာထဲလှဲနေ
လိုက်သည်။
မနက်လင်းတော့ရွာမှကျန်းမာရေးမှူးကိုအိမ်သို့ပင့်ကာသားဖြစ်သူ၏
ကျန်းမာရေးအားပြသကြသည်။
“အင်း…အမှန်အတိုင်းပြောရရင်
လူနာရဲ့အသည်းကလုံးဝမကောင်း
တော့ဘူး။
အရက်ကိုလုံးဝမသောက်ဖို့ပြောပါရစေ
ထပ်သောက်မယ်ဆိုရင်တော့
မြန်မြန်အသက်တိုမှာပါပဲ”
“သားလေးကိုဆေးရုံပို့ပြီး
ကုလို့မရဘူးလားဆရာ”
“ရတာကရပါတယ်
ဒါပေမယ့်အသည်းကလုံးဝမကောင်းဘူး
ပျက်စီးနေပြီဗျ။
ဆေးရုံ့ပို့ပြီးကုသရင်လည်း
အရှင်းကြီးပြန်ကောင်းလာမှာတော့
မဟုတ်ဘူးခင်ဗျ။
အရက်ကိုလုံးဝထပ်မသောက်ဖို့ပဲ
အထူးမှာချင်ပါတယ် ”
“ပြောလို့လည်းမရပါဘူးဆရာရယ်
ကျွန်မတို့လည်းပြောဆိုဆုံးမနေတာပါပဲ
သူကိုကခေါင်းမာလွန်းတာဆရာရေ။
“ကျွန်တော်ပြောသလိုပဲ
အရက်ထပ်သောက်ရင်တော့
မြန်မြန်အသက်ဆုံးရှုံးစေမှာပါ။
ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး”
“ကျွန်တော်လိုက်ပို့ပါရစေဆရာ
ဦးတင့်ကကျန်းမာရေးမှူအား
လိုက်လံပို့ဆောင်ပေးလေသည်။
“သားဘခက် ဆရာပြောသွားတာ
ကြားတယ်မလား၊အရက်သောက်ရင်
မင်းအသက်မြန်မြန်သေလိမ့်မယ်။
ဒါကြောင့်အရက်ကိုဖြတ်လိုက်ပါတော့”
“ဒီအချိန်ရောက်မှဖြတ်လည်း
ကျုပ်ကသေတော့မှာပဲလေ။
ဆက်သောက်ရင်လည်းသေမှာပဲ
ဒီတော့သောက်မြဲအတိုင်းသောက်မှာပဲ
ကျုပ်ကတော့။
“ငါ့သားရယ် မင်းအမေ့ဘက်ကို
နည်းနည်းလောက်တောက်မတွေးမိ
ဘူးလား။
အမေ့မှာမင်းကိုဆုံးရှုံးမှာကြောက်လို့
ဘယ်လောက်ထိစိုးရိမ်နေရသလဲ
ဆိုတာမင်းမသိဘူးလား။
အမေ့ရင်တွေပူလောင်နေတာ
မင်းလုံးဝမသိဘူးလားဟမ်”
“ကျုပ်မသေခင်မှာ ကိုယ်ကြိုက်တာကို
လုပ်ခွင့်ပြုပါအမေ ”
ဒေါ်ခင်နွယ်လည်းသားဖြစ်သူ၏
နောက်ဆုံးဆန္ဒအားလိုက်လျောရန်
သာရှိတော့သည်။
မလိုက်လျော၍လည်းမရပေ
သားဖြစ်သူဟာမိဘစကားကိုနားထောင်
သည့်လူစားမဟုတ်ပေ။
ထို့ကြောင့်လက်ပိုက်ကြည့်နေရုံမှ
တပါးအခြားမရှိတော့ပေ။
================
တစ်နေ့ကိုဘခက်တစ်ယောက်
ညနေစောင်းအချိန်အိမ်မှထွက်ကာ
အရက်ဆိုင်သို့လာခဲ့သည်။
ကျန်းမာရေးကမကောင်းသဖြင့်
ခြေလှမ်းများကလေးလံနေပေသည်။
အရက်သောက်ချင်စိတ်ဖြင့်
အားတင်းကာအရက်ဆိုင်သို့ လာခဲ့သည်။
“စိန်မြင့်ရေ ”
အားအင်မရှိသောအသံလေးဖြင့်
ကိုစိန်မြင့်အားခေါ်လိုက်သည်။
“ဟာဘခက် မင်းဘာလာလုပ်တာလဲကွာ
ကျန်းမာရေးကလည်းကောင်းတာမှ
မဟုတ်ပဲ။
“ငါအရက်သောက်ချင်လို့ လာခဲ့တာ
ငါ့ကိုအရက်တစ်ပုလင်းပေးပါ”
“မသောက်ပါနဲ့တော့ ဘခက်ရာ
မင်းသောက်ရင်မြန်မြန်သေလိမ့်မယ်ကွ။
“သေသေကွာ
အခုတော့ငါအရက်အရမ်းသောက်ချင်
နေပြီငါ့စိတ်ကိုငါထိန်းလို့မရလို့ပါကွာ။
ငါ့ကိုအရက်တစ်ပုလင်းပေးပါ စိန်မြင့်”
“မင်းကပြောရင်ဘယ်တော့မှ
နားထောင်တဲ့ကောင်စားမဟုတ်ဘူး
ပေးမယ်ကွာပေးမယ် ခဏစောင့်ဦး
ဟုတ်ပြီလား။
“အေး”
ကိုစိန်မြင့်လည်းအိမ်ထဲဝင်ပြီး
မကြာခင်အရက်တစ်ပုလင်းအား
ယူလာခဲ့သည်။
“ရော့ဒီမှာ အရက် အိမ်ပြန်နိုင်ရဲ့လား
ဘခက် ငါပြန်လိုက်ပို့ရဦးမလား။
တောလမ်းကလူပြတ်တယ် ဘခက်ရ”
“ပြန်နိုင်ပါတယ် စိန်မြင့်ရာ
င့ါအတွက်မပူပါနဲ့ ”
“ပြန်နိုင်ရင်ပြီးတာပါပဲ
ဂရုစိုက်သွားဦး။
ကိုဘခက်ကခေါင်းညိတ်ပြပြီး
အရက်ဆိုင်ထဲမှထွက်လာခဲ့တော့
သည်။
အရက်ကိုအိမ်ရောက်သည်အထိ
မစောင့်နိုင်ပဲ တောလမ်း၌
အဖုံးဖွင့်ကာသောက်လိုက်သည်။
“အား,အခုမှပဲနေသာထိုင်သာရှိ
တော့တယ်ကွာ ။
“ဝုတ် ဝုတ် ဝုတ်”
“ဟဲ့ခွေး သွားစမ်း
ငါသတ်မိတော့မယ် သွားစမ်း”
လူပြတ်သည့်တောလမ်းထဲမှ
ခွေးတစ်ကောင်ကကိုဘခက်အား
အသည်းအသန်ထိုးပြီးဟောင်နေ
လေသည်။
ထိုစဉ်ရွာထဲမှခွေးတချို့လည်း
တောလမ်းမှခွေးဟောင်သံကြားသဖြင့်
အချင်းချင်းချိတ်ဆက်ထားကြသည့်
အလားရွာထဲမှ ပြေးထွက်လာကြပြီး
ကိုဘခက်အားဝိုင်းဟောင်ကြလေသည်။
“ဟိတ်ခွေးတွေသွားကြစမ်း
သွား ရှူ း ရှူး ”
“ဝုတ် ဝုတ် ဝုတ်”
လူပြတ်လှသည့်တောလမ်းတွင်မို့
ခွေးများအားမောင်းထုတ်ပေးမည့်သူ
မရှိပေ။
ကိုဘခက်တစ်ယောက်အားအင်ချိနဲ့
နေသည့်အချိန်မို့ ခွေးများအားနိုင်အောင်
မောင်းမထုတ်နိုင်ပေ။
“ဝုတ် ဂီး”
“အား…”
ခွေးတစ်ကောင်ကိုဘခက်၏
ခြေသလုံးအားအလစ်ဝင်ကာ
ကိုက်လိုက်လေသည်။
ကိုဘခက်လည်းနာကျင်လွန်း၍
အားကနဲအော်လိုက်မိသည်။
ကိုဘခက်၏ခြေသလုံး၌သွေးများက
ရဲရဲတောက်စီးကျနေပေသည်။
“ဝုတ် ဝုတ် ဝုတ်”
“ဝူး ဝူ ဝုတ် ဝုတ်”
“သွားကြစမ်း သွားကြ
ငါကျန်းမာရေးမကောင်းတုန်းမလို့
မင်းတို့ကိုငါမသတ်နိုင်တာ။
သွားစမ်းခွေးစုတ်တွေ ”
“ဝုတ်”
“ဂီး ဂီး”
ခွေးများကအစွယ်များထုတ်ကာ
မာန်ဖီနေကြလေသည်။
ကိုဘခက်လည်းမြေပြင်၌ လဲကျနေရင်း
လက်တို့ဖြင့်အကြောက်အကန်
ခြောက်လှန့်နေတော့သည်။
“မလာနဲ့သွားကြ သွားကြ”
“ဝုတ် ဝုတ်”
“အား,အား”
ခွေးများကကိုဘခက်အား
အငြိုးကြီးစွာဖြင့်ဝိုင်းကိုက်ကြတော့သည်
ကိုဘခက်၏လက်များ၊ခြေထောက်များအား အားပါးတရကိုက်ဖြတ်ကြလေသည်။
ခွေးတစ်ကောင်ကကိုဘခက်၏
နားရွက်အားကိုက်ဆွဲလိုက်ရာ
နားရွက်အရင်းမှပြတ်ထွက်သွားလေ
သည်။
ကိုဘခက်တစ်ယောက်လည်း
တကိုယ်လုံးသွေးချင်းချင်းနီရဲနေသည်။
“ဂီး ”
“အ…အု အု”
ခွေးတစ်ကောင်ကကိုဘခက်၏
ငယ်ပါအားကိုက်ဖျက်ပစ်လေသည်။
ကျန်သည့်ခွေးများကကိုဘခက်၏
လည်မျိုအားဝိုင်းဝန်းကိုက်ဖြတ်ကြ
လေသည်။
ကိုဘခက်တစ်ယောက် လောကငရဲအား
အရှင်လတ်လတ်ခံရပြီးမှသေဆုံးသွားရ
လေသည်။
==================
“မခင်နွယ် မင့်သားနောက်ကျလှချေလား
အခုထိပြန်မလာသေးဘူး”
“ဟုတ်ပါ့တော်
ဘာတွေလုပ်နေလဲမသိဘူး ဒီကောင်လေး အရက်ဆိုင်မှာများ
အိပ်နေရော့သလား”
“တစ်ခါမှတော့အရက်ဆိုင်မှာ
မအိပ်ဖူးဘူး မင့်သားက၊လမ်းတစ်နေ
ရာရာမှမူးပြီးခွေလဲကျနေသလား
မသိဘူး။
“ရှင်နဲ့ကျွန်မလိုက်ကြည့်ကြမလား”
“အေးကွာ
ပြန်မလာသေးတာချင်းအတူတူတော့
လိုက်ကြည့်ကြတာပေါ့ကွာ။
ဦးတင့်နှင့်ဒေါ်ခင်နွယ်လည်း
ဓာတ်မီးတစ်လက်စီကိုယ်စီ
ကိုင်ကာအိမ်မှထွက်လာခဲ့ကြသည်။
“မိဘဆိုတော့လည်း
သားသမီးကောင်းတာမကောင်းတာ
အပထား၊သူတို့ကိုချစ်တော့ စိုးရိမ်ပူပန်နေရတာတော့ အမှန်ပဲ
မခင်နွယ်။
“ကျွန်မလည်းထို့အတူပါပဲရှင်
သားလေးကအလိုလိုက်ခံခဲ့ရတော့
ဘယ်လောက်ဆိုးဆိုး မိဘဆိုတော့
သည်းခံခွင့်လွှတ်ပြီးချစ်နေရတာပါပဲရှင်။
လင်မယားနှစ်ယောက် စကားတပြောပြောနှင့်လျှောက်လာခဲ့
ကြသည်။
“ဟင်ဟိုရှေ့မှာ လဲကျနေတာ
ဘယ်သူများပါလိမ့် ”
ဦးတင့်လည်းဓာတ်မီးဖြင့်အနီးကပ်
ထိုးပြီးကြည့်လိုက်ရာ……………
“ဟာ သား”
“သားလေး သားလေး တကိုယ်လုံးလည်း
စုတ်ပြတ်သက်လို့ပါလား။
ကိုတင့်သားလေးကိုစမ်းကြည့်ပါဦး
အသက်များရှိသေးရဲ့လားလို့ ”
ဦးတင့်လည်း သားဖြစ်သူဘခက်၏
နှာခေါင်းအားလက်ဖြင့်စမ်းသပ်
ကြည့်လိုက်သည်။
“ဟင်…သားအသက်မရှိတော့ဘူး
မခင်နွယ်…”
“ရှင်…ဖြစ်မှဖြစ်ရလေ သားရယ်”
အီးဟီးဟီး
“ငါတို့သားကို အစွယ်ပါတဲ့အကောင်တွေ
ဝိုင်းပြီးကိုက်ကြပုံပဲ၊တကိုယ်လုံးကိုက်ရာ
တွေနဲ့သေနေတာကွ။
“သားလေးအလောင်းကိုအိမ်ပြန်ပြီး
သယ်ရအောင်ကိုတင့်”
“ဖြစ်မှဖြစ်ရလေ ငါ့သားရာ
မင်းဘဝကဆိုးလိုက်ပါဘိ။
ဦးတင့်လည်းသားဖြစ်သူအလောင်းအား
မချီရင်းမျက်ရည်များကျဆင်းလာရ
သည်။
ကိုဘခက်၏အလောင်းမှာ လူရုပ်ပင်
မပေါ်တော့အောင်စုတ်ပြတ်သက်နေ
သည်။
ကိုဘခက်သေဆုံးသည့်ညတွင်
တစ်ညလုံးခွေးများထိုးအူကြလေ
သည်။
ကိုဘခက်သေဆုံးသွားသည်ကို
ခွေးများကဝမ်းသာနေသည့်အလား
အမြှီးများနှံ့ကာဆွဲဆွဲငင်ငင်အူနေကြ
တော့သည်။
“ဘခက်သေပြီတဲ့ မိရီလှ”
“ဟင်ဟုတ်လား မဌေး
ဘာလို့သေတာလဲ မဌေး”
“မနေ့ညကအရက်ဆိုင်ကအပြန်
တောလမ်းမှာခွေးတွေဝိုင်းကိုက်
တာတဲ့၊နဂိုကတည်းကရောဂါအခံ
ရှိတာရောခွေးတွေဝိုင်းကိုက်တာရော
ကြောင့်အသေဆိုးနဲ့သေသွားတာအေ့။
ခွေးတွေကသူ့ငယ်ပါကိုပါ ကိုက်ဖြတ်သွားတာတဲ့ ညည်းပဲစဉ်းစားကြည့်လေ ခွေးတွေကို
ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တော့
ခွေးတွေကသူ့ကိုမြင်တာနဲ့မုန်းနေကြ
တာလေ။
ပြန်မလုပ်နိုင်တဲ့နေ့ရောက်တော့
ဟောကြည့် အခုသူပြန်ခံလိုက်ရပြီလေ
ဝဋ်ကနောင်ဘဝတောင်မကူးလိုက်ဘူး
သူခံလိုက်ရတာ……”
“ကောင်းတယ် ကောင်းတယ်
ဒီလိုလူမျိုးဒီလိုပဲသေသင့်တယ်
ငါ့သမီးလေးကိုဗိုက်ကြီးကြီးနဲ့တောင်
မသနားပဲရက်ရက်စက်စက်
သတ်ပစ်တဲ့အကောင်အခုတော့
ဘယ့်နှယ့်ရှိစဝမ်းသာလိုက်တာ မဌေးရယ် ”
“ညည်းတင်မဟုတ်ဘူး
သူသေလို့သနားမဲ့သူ ၅ယောက်တောင်
မပြည့်ဘူး။
သူ့မိဘတွေကလွဲရင်ပေါ့”
“သူ့မိဘတွေလည်းဝဋ်ကျွတ်တာပေါ့
အလုပ်မရှိအကိုင်မရှိ မိဘပိုက်ဆံ
သုံးဖြုန်းပြီးသောက်စားသတ်ဖြတ်နေတဲ့
အကောင်လူ့ပြည်မှာမရှိသင့်ဘူး။
“အမှန်ပဲ မွေးကိုမွေးမလာသင့်တာပါအေ”
ရပ်ထဲရွာထဲမှ ကိုဘခက်အား
သနားသည့်သူမရှိလောက်အောင်
ကိုဘခက်သေဆုံးခြင်းအား
ဝမ်းသာနေကြလေသည်။
ညနေသုံးနာရီခန့် ကိုဘခက်နာရေးအားရွာထဲမှ
လူများကလိုက်လံပို့ဆောင်ကြလေ
သည်။
ဘခက်အားသနား၍လိုက်ပို့ကြသည်
တော့မဟုတ်ပေ၊မိဘနှစ်ပါး၏
မျက်နှာကြောင့်သာနာရေးအား
လိုက်လံပို့ဆောင်ကြခြင်းဖြစ်သည်။
ကိုဘခက်အားမြေမြှုပ်သင်္ဂြိုလ်တော့
ကိုဘခက်၏မိခင်လည်း သားဖြစ်သူအတွက် ယူကျုံးမရဖြစ်ကာ
ငိုကြွေးနေလေသည်။
ဖခင်ဖြစ်သူဦးတင့်ကတော့ အပူလုံးကို
ရင်ထဲမှာမြိုသိပ်ကာဖုံးဖိထားလေသည်။
မြေမြှုပ်ပြီးသည်နှင့်နာရေးအား
လိုက်ပို့ကြသည့်လူများအသျှိုသျှို
ပြန်သွားကြလေသည်။
သုဘရာဇာနှင့်ကိုဘခက်၏
မိဘနှစ်ပါးသာကျန်ခဲ့လေသည်။
ဦးတင့်လည်းဇနီးသည်အား
ဖြောင်းဖျပြောဆိုပြီး သုသာန်အတွင်းမှ
ပြန်ထွက်လာခဲ့ကြသည်။
နောက်တစ်နေ့မနက်ရောက်တော့
“ဦးတင့်ရေ ဦးတင့်”
“သုဘရာဇာကြီးပါလား
ဘာလာလုပ်တာလဲဗျာ,
ခင်ဗျားရွာထဲဝင်လာလို့ အပြောခံနေရပါဦးမယ်…”
“အရေးကြီးလို့လာပြောတာဗျ
ခင် ခင်ဗျားသား ဘခက် အလောင်းကို
မနေ့ညကခွေးတွေဝိုင်းတူးပြီး
စားပစ်လိုက်ကြတယ်ဗျ။
“ဘာ…”
“ရှင်…သားလေးအလောင်းကို
ခွေးတွေတူးဖော်ပြီးစားပစ်တယ်
ဟုတ်လား။
“ဟုတ်ပါတယ် ဒေါ်ခင်နွယ်
ကျုပ်လည်းခွေးတွေကိုခြောက်ပါသေး
တယ်။
ဒါပေမယ့်အကောင်ရေက မနည်းဘူးဗျ
အနည်းဆုံးအကောင်၃၀လောက်ရှိမယ်,
ကျုပ်ဘယ်လိုခြောက်ခြောက်
ဘခက်အလောင်းကိုတူးပြီးအရိုးပါမကျန်စားသွားကြတယ်ဗျာ။
ကျုပ်အံ့သြနေတာဗျာ
ဒီလောက်အခေါင်းရိုက်ထားပြီး
သေချာမြှုပ်ထားတာကို ဒီကောင်တွေ
တူးဖောက်ပြီးစားပစ်နိုင်ကြတယ်ဗျ။
“အင်း…အခုလိုလာပြောပြလို့
ကျေးဇူးပါပဲ သုဘရာဇာကြီးရယ်
သူပြုခဲ့တဲ့ကံတွေက သူ့နောက်ကို
လိုက်လာကြတယ်လို့ပဲသတ်မှတ်
ပါတယ်။
“သားလေးရယ် မင်းလုပ်ခဲ့တဲ့
လုပ်ရက်တွေကမင်းကိုဒဏ်ခက်
သွားလေရော့သလားကွယ်။
အီးဟီးဟီး
ခွေးသားကြိုက်သည့်
ကိုဘခက်၏အကြောင်းအား
တစ်ရွာလုံးပြောမဆုံးနိုင်အောင်
ဖြစ်ခဲ့ရတော့သည်။
သက်ရောက်မှုတိုင်းအတွက်
တန်ပြန်သက်ရောက်ခြင်းဆိုတဲ့
စကားဟာကိုဘခက်အတွက်ပင်
ထားခဲ့လေရော့သလား,
{ပြီးပါပြီ}အောင်ဓူဝံ
ဇာတ်လမ်းလေးအား ကြိုက်ပါက
လက်မလေးတွေနှိပ်ပြီး အားပေးပါ။
စာဖတ်သူ၏Likeတစ်ချက်ဟာ
စာရေးသူအတွက် ခွန်အားတွေပါ,
ph:billဖြည့်ပေးချင်သူများလည်း
ဖြည့်ပေးလို့ရပါကြောင်း
(09 970 655 701) ပါ

Zawgyi Version

ေခြးသားႀကိဳက္တဲ့ကိုဘခက္(စ/ဆံုး)
—————————————–
“ဂိန္ ဂိန္”
မနက္ေစာေစာ နာၾကင္စြာေအာ္ဟစ္လိုက္သည့္
ေခြးသံအားစိတ္မခ်မ္းေျမ့ဖြယ္
ၾကားလိုက္ရသည္။
မွန္ေပသည္ ကိုဘခက္တစ္ေယာက္
ေခြးတစ္ေကာင္အား ဓားမတစ္ေခ်ာင္းျဖင့္ ရက္ရက္စက္စက္
ခုတ္ကာသ တ္လိုက္ျခင္းျဖစ္သည္။
ကိုဘခက္ကေခြးသားအားအလြန္ခုံမင္
ႏွစ္သက္သူျဖစ္သည္။
ေခြးဆိုလွ်င္၃လသားႏွင့္အထက္
အကုန္သ တ္ျဖတ္စားေလသည္။
ထို႔ေၾကာင့္႐ြာထဲ၌ရွိေသာေခြးမ်ားက
ကိုဘခက္ဆိုလွ်င္ျမင္႐ုံႏွင့္ဝိုင္းေဟာင္
ၾကေလသည္။
ေခြးရွင္မ်ားကလည္း မိမိေခြး
ဘခက္လက္ခ်က္ျဖင့္အသတ္ခံရမည္
ျဖစ္စိုး၍လိုက္လံထိန္းေနရေလသည္။
ပိုင္ရွင္မဲ့သည့္ေခြးတစ္ေကာင္က
ကိုဘခက္အားလိုက္ဆြဲပါက ေနာက္တစ္ေန႔ေရာက္လွ်င္ေတာ့
ထိုေခြးဘခက္လက္ခ်က္ျဖင့္ အသက္ေပ်ာက္ရေလသည္။
ဟိုအရင္ကေခြးသားအား
ေဈးႀကီးေပး၍ဝယ္စားတတ္သည့္
ကိုဘခက္တစ္ေယာက္ ယခုတြင္ေတာ့
မိမိကိုယ္တိုင္သတ္စားပါမွ
ပို၍အရသာေတြ႕သည္ဟုဆိုကာ
ေခြးအရွင္မ်ားအားဝယ္ယူကာ မိမိကိုယ္တိုင္သ တ္ျဖတ္စားေသာက္ေလ
သည္။
ကိုဘခက္၏မိဘမ်ားကလည္း
ေျပာဆိုမရသည့္သားျဖစ္သူအား
မေျပာပဲလႊတ္ထားလိုက္ေတာ့သည္။
ေငြေၾကးတတ္ႏိုင္သူမို႔ ေခြးအား
၃ရက္တစ္ေကာင္ခန႔္ျဖင့္ ဝယ္ယူသတ္ျဖတ္ကာ စားေလသည္။
ယေန႔လည္းေခြးတစ္ေကာင္အား
ေစာေစာစီးစီးသ တ္ကာ အသားမ်ားအား ခုတ္ထစ္၍ကိုင္တြယ္ေနေလသည္။
မိဘႏွစ္ပါးႏွင့္ပတ္ဝန္းက်င္မွလူမ်ား
လည္း စိတ္မခ်မ္းေျမ့႐ုံမွတပါး
ဘာမွမတတ္ႏိုင္ၾကေပ။
ခုတ္ထစ္ၿပီးသည့္ေခြးသားမ်ားအား
နႏြင္း၊မဆလာ၊အခ်ိဳမႈန႔္မ်ား၊ငံျပာရည္၊
ၾကက္သြန္ျဖဴ ၊ခ်င္းတို႔ျဖင့္သမေအာင္နယ္လိုက္သည္။
ၿပီးေနာက္မီးဖိုေပၚတင္၍ ခ်က္ျပဳတ္
ေတာ့သည္။
ခ်က္ျပဳတ္ၿပီးစီးသြားသည္ႏွင့္
ပူပူေလာေလာေခြးသားမ်ားကို
ဟင္းပန္းကန္လုံးထဲထည့္ကာ
အားပါးတရစားေသာက္ေတာ့သည္။
အရက္ႏွင့္ျမည္းရန္အတြက္
သပ္သပ္ခ်န္ထားေသာ ေခြးသားမ်ားကို
ေတာ့ေၾကာင္အိမ္ထဲထည့္ကာ
သိမ္းထားေလသည္။
ကိုဘခက္စားေသာက္ထားသည့္
ပန္းကန္မ်ား၊ေရခြက္မ်ားအား
ကိုဘခက္၏မိဘႏွစ္ပါးက သပ္သပ္စီခြဲထားၾကေလသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ေခြးအသားမွ
ထြက္သည့္အနံ႔အားမခံႏိုင္၍
ယခုလိုသပ္သပ္စီခြဲထားရျဖင္းျဖစ္သည္။
=================
“စိန္ျမင့္ေရ အရက္ႏွစ္ပုလင္းေဟ့”
“ေအးေအး ရမယ္”
“ေဟ့ ဘခက္ ဆိုင္ထိုင္ၿပီးမေသာက္
ဘူးလားကြ ”
“မေသာက္ေတာ့ဘူး မင္းႏိုင္ေရ
အိမ္မွာပဲေခြးသားနဲ႔ျမည္းၿပီး
ေအးေဆးဇိမ္ယူေတာ့မယ္ ”
“ငါ့တို႔ဖို႔ ေခြးသားနည္းနည္းေလာက္
ေပးပါဦး ဘခက္ရ ”
“စားခ်င္အိမ္လာခဲ့ကြာ
ဒီမွာၾက ဟိုလူခ်န္မေကာင္း၊ဒီလူခ်န္မေကာင္းနဲ႔မလို႔ မင္းစားခ်င္
ငါ့အိမ္လာစားလွည့္ကြာ ”
“ေအး ဒါျဖင့္ရင္ ငါေနာက္ေန႔လာခဲ့မယ္ကြာ”
“ေအးလာခဲ့ လာခဲ့”
“ေရာ့ ဘခက္အရက္ႏွစ္လုံး”
“ေရာ့ ပိုက္ဆံ”
“ဘခက္မင္းလည္းေလွ်ာ့ေသာက္ဦးဟ
မ်က္လုံးေတြေရာ၊လက္သည္းေတြပါ
ဝါေနၿပီ ”
“ေလွ်ာ့ေတာ့မေသာက္ႏိုင္ဘူး
စိန္ျမင့္ေရ၊ေသခါမွေသေစေတာ့
ထမင္းမစားပဲေနႏိုင္တယ္။
ေခြးသားနဲ႔အရက္ေတာ့ မစားမေသာက္ရရင္မေနႏိုင္ဘူးေဟ့”
“ငါကမင္းက်န္းမာေရးထိမွာစိုးလို႔
ေျပာေနတာပါကြာ ”
“ငါသိပါတယ္ စိန္ျမင့္ရာ
ကဲ ငါသြားၿပီေဟ့ ၊မင္းႏိုင္ငါျပန္ၿပီ
ေနာက္ရက္ဆက္ဆက္လာခဲ့ကြာ။
မင္းနဲ႔ငါအိမ္မွာနည္းနည္းပါးပါး
ကစ္ၾကတာေပါ့ ”
“အိုစေက ပါကိုယ့္လူေရ ဟား ဟား”
ကိုဘခက္လည္းအရက္ႏွစ္လုံးဆြဲကာ
အိမ္သို႔ျပန္လာခဲ့သည္။
အိမ္ျပန္ေရာက္သည္ႏွင့္ေၾကာင္အိမ္ထဲမွ
ခ်န္ထားသည့္ေခြးသားပန္းကန္အား
ထုတ္ယူလိုက္သည္။
ထို႔ေနာက္စားပြဲေပၚတင္၍
အရက္ျဖင့္ျမည္းေနေတာ့သည္။
ထိုအခ်ိန္ ကိုဘခက္၏ မိခင္ေရာက္လာကာ………”
“သား ဘခက္”
“ေျပာအေမ”
“မင္းအရက္ေတြေလွ်ာ့ေသာက္ပါဦး
မင္းၾကည့္ရတာတစ္ကိုယ္လုံး
ဝါဖတ္ေနၿပီ၊မ်က္ႏွာႀကီးကလည္း
မည္းပုတ္ေနေပါ့။
တစ္ရက္တေလ မေသာက္ပဲေနစမ္းပါလားသားရယ္”
“ဟာ…ဒီအေမကလည္း
ေသာက္ရတာဇိမ္ပ်က္ေအာင္
တရားေတြလာေဟာေနျပန္ပါၿပီ။
က်ဳပ္ဟာက်ဳပ္ႀကိဳက္လို႔ေသာက္တာ
ဘာျဖစ္သလဲ၊ဘယ္သူ႔ထိခိုက္ေနလို႔လဲ
က်ဳပ္ကက်ဳပ္အရက္ကိုေအးေဆး
ေသာက္တယ္၊ဘယ္သူ႔မွမေစာ္ကားဘူး
ဘယ္သူ႔မွလည္းမရမ္းကားဘူး။
“မခင္ႏြယ္ရာ မင္းသားဘယ္တုန္းက
ေျပာလို႔ဆိုလို႔ရလို႔လဲ၊သူ႔ဟာသူ
ေသေသကြာႀကိဳက္သေလာက္ေသာက္
ျမန္ျမန္ေသေအးေရာ။
“အို…ကိုတင့္ရယ္
ဒီလိုေတာ့လည္းမေျပာနဲ႔ေလ
ကြၽန္မကဝမ္းနဲ႔လြယ္ၿပီးေမြးထားတဲ့
မိခင္ေလ ကိုယ့္သားသမီးကို
ခ်စ္လို႔ေျပာရမလားလို႔ေျပာၾကည့္ရတာ
ေပါ့ရွင္။
ရွင္ကကြၽန္မလိုဝမ္းနဲ႔လြယ္ၿပီး
ေမြးရတာမွမဟုတ္တာ
အခုလိုေျပာႏိုင္ေနႏိုင္မွာေပါ့ရွင္။
“ဟငါလည္းဝမ္းနဲ႔လြယ္ၿပီး
မေမြးရတာပဲရွိမယ္၊ကိုယ့္သားသမီးကို
လိမၼာတာပဲျမင္ခ်င္တာေပါ့။
အခုဟာကတစ္ရက္လည္းေျပာမရ
တစ္လလည္းေျပာမရ၊တစ္ႏွစ္လည္း
ေျပာမရမွာခ်င္းအတူတူေတာ့
ျမန္ျမန္ေသသြားေအးတာေပါ့ကြာ။
ဒါမွသူ႔ၾကည့္ၿပီးစိတ္မခ်မ္းေျမ့ရတဲ့
ဘဝကလြတ္မွာကြ။
“ဟာ…အာ႐ုံေနာက္တယ္ဗ်ာ
သြားၾက အရက္ကိုေအးေဆး
မေသာက္ရဘူး။
သြားၾကသြားၾကဗ်ာ ”
ကိုဘခက္ကမိဘႏွစ္ပါးအား
ေအာ္ဟစ္ေမာင္းထုတ္မွ ဦးတင့္နဲ႔ေဒၚခင္ႏြယ္လည္း ကိုဘခက္
အနီးမွထြက္သြားၾကသည္။
ကိုဘခက္လည္းေခြးသားတစ္တုံးၿပီး
တစ္တုံးစားကာ အရက္ထိုင္ေသာက္
ေနလိုက္သည္။
===================
“ဘခက္ေရ ဘခက္”
“ဟာ…မင္းႏိုင္ပါလားကြ
ဟင္…လက္ထဲမွာလည္းေခြးမႀကီးနဲ႔ ”
“ဟုတ္တယ္ကြ
ငါ့အိမ္ကေခြးမနီတုတ္ေလကြာ
မင္းကိုအကူအညီေတာင္းစရာရွိလို႔
ဆြဲလာခဲ့တာ။
“ဘာအကူအညီလဲ မင္းႏိုင္ရ”
“ငါအရက္ဖိုးမရွိလို႔ မင္းကိုငါ့အိမ္က
ေခြးကိုျပန္ေရာင္းခ်င္လို႔ကြာ။
ငါ့ကိုႀကိဳက္တဲ့ေဈးပဲေပးပါ
ငါအရက္အရမ္းေသာက္ခ်င္လို႔ပါကြာ”
“ငါမင္းကို၂၀၀၀၀ေပးမယ္ဘယ္လိုလဲ”
“ျဖစ္တယ္ကြာ ျဖစ္တယ္”
“ဟဲ့သား ဘခက္
ေခြးႀကီးကိုဘာလုပ္ဖို႔ဝယ္ေနတာလဲ”
“အေမကလည္းဗ်ာ
သိရဲ႕သားနဲ႔ေမးေနတယ္၊ဝယ္မွေတာ့
သ တ္စားဖို႔ေပါ့ဗ်။
“ေဟ…မ မလုပ္ပါနဲ႔သားရယ္
ေခြးမႀကီးကသားေတြနဲ႔ဒီေခြးမႀကီး
ကိုေတာ့လႊတ္ေပးလိုက္ပါသားရယ္။
မင္းႏိုင္မင္းကလည္းကြယ္
ေရာင္းစရာရွားလို႔ ကိုယ့္အိမ္မွာေမြးထားတဲ့ ဗိုက္ႀကီးႀကီးနဲ႔
ေခြးကိုမွလာေရာင္းရသလား။
မင္းမိန္းမမိရီလွလည္း ဗိုက္ႀကီးႀကီးနဲ႔ဆိုတာ မင္းေမ့ေနၿပီလား
ဝဋ္ေတြငရဲေတြေတာ့ခံရေတာ့မွာပဲ။
“မေမ့ပါဘူး အန္တီခင္ႏြယ္ရာ
အခုလည္းသူမရွိတုန္းလာေရာင္းတာဗ်။
ဝဋ္ေတြငရဲေတြကေနာက္မွခံရမွာ
အခုေလာေလာဆယ္ေတာ့
အရက္ေသာက္စရာမရွိတာက
က်ဳပ္အတြက္ငရဲပဲ အန္တီခင္ႏြယ္ေရ”
“ေရာ့မင္းႏိုင္ ၂၀၀၀၀
ငါမင္းေခြးမကိုသတ္ၿပီးတာနဲ႔
မင္းအတြက္အရက္နဲ႔ျမည္းဖို႔
သပ္သပ္ေပးဦးမယ္၊ငါ့ကိုအခုလိုလာေရာင္းတာ ေက်းဇူးပါကြာ…………”
“ကဲငါျပန္ဦးမယ္ ဘခက္
ေရာ့ဒီမွာ ေခြးထားခဲ့ၿပီ …”
“ေအးေအး”
မင္းႏိုင္လည္းေငြ၂၀၀၀၀ကို
ကိုင္ကာၿပဳံးၿပဳံးႀကီးထြက္သြားေလသည္။
“သားအေမေျပာတာနားေထာင္စမ္းပါ
သားဒီေခြးမကိုမသတ္ပါနဲ႔သားရယ္။
သူ႔ဗိုက္ထဲမွာသားေပါက္ေတြနဲ႔
ငါ့သားဝဋ္ႀကီးပါတယ္သားရယ္”
“အေမ့ ဘာေတြတရားလာခ်ေနျပန္တာလဲဗ်ာ
သူ႔ဟာသူသားေပါက္ပါ႐ုံမကလို႔
ဘာျဖစ္ျဖစ္က်ဳပ္ကေငြေခ်ၿပီးၿပီ
သ တ္ရမွာပဲ…”
“အေမ့စကားကို နည္းနည္းေလးေတာင္
နားမေထာင္ေတာ့ဘူးလားသားရယ္”
“နားေထာင္စရာအေၾကာင္းမွမရွိတာ
သတၱဝါဆိုတာလူခြၽတ္မွကြၽတ္တာဗ်။
ဒါေၾကာင့္က်ဳပ္ကိုဘာမွထပ္မေျပာနဲ႔
က်ဳပ္နားေထာင္မွာမဟုတ္ဘူး။
“သားရယ္…”
ေဒၚခင္ႏြယ္လည္းေျပာမရသည့္
သားအားၾကည့္ပဲၾကည့္ေနရေတာ့
သည္။
ကိုဘခက္လည္းဗိုက္ႀကီးႀကီးနဲ႔
ေခြးမနီတုတ္အားတိုင္၌ႀကိဳးခ်ည္ၿပီး
ထားလိုက္သည္။
ထို႔ေနာက္အိမ္ထဲမွေခြးသတ္ရာတြင္
အသုံးျပဳေသာဓားမတစ္ေခ်ာင္းႏွင့္
ဓားေျမႇာင္တစ္ေခ်ာင္းအားယူလာခဲ့
သည္။
နီတုတ္သည္လည္း အသတ္ခံရေတာ့မည္ကို သိေန၍
မ်က္ဝန္းအိမ္မွမ်က္ရည္မ်ား
သိသိသာသာက်ဆင္းေနေလသည္။
နီတုတ္၏မ်က္လုံးမ်ားက ကိုဘခက္ကို
မိမိအားမသတ္ရန္အတြက္ေတာင္းပန္
ေနသည့္အလားသနားဖြယ္ေကာင္းလြန္း
လွေပသည္။
အသည္းႏွလုံးမရွိသည့္ကိုဘခက္
ကေတာ့ ဓားမႀကီးအား အားပါးတရ
လႊဲကာနီတုတ္၏လည္ပင္းဆီသို႔
ခုတ္ခ်လိုက္ေတာ့သည္။
အားပါလွသည့္ဓားခ်က္
ထက္ျမက္သည့္ဓားသြားေၾကာင့္
နီတုတ္ခင္မ်ာေအာ္ခ်ိန္ပင္မရလိုက္ပဲ
ဇတ္မွာတိကနဲျပတ္သြားရေလသည္။
အိမ္ေနာက္ေဘး၌ သူတစ္ပါးအသက္ကိုအားပါးတရ
သတ္ေနေသာသားျဖစ္သူအား
ေဒၚခင္ႏြယ္တစ္ေယာက္မ်က္ရည္မ်ား
ျဖင့္ၾကည့္ေနမိသည္။
မိမိကိုယ္တိုင္သည္လည္းမိခင္
တစ္ေယာက္မို႔ ေသဆုံးသြားသည့္
နီတုတ္ႏွင့္နီတုတ္ဗိုက္ထဲမွ
ေခြးသားေပါက္ေလးမ်ားကိုလည္း
စိတ္မေကာင္းျဖစ္ရသည္။
ပါဏာတိပါတာကံကို မက်ဴးလြန္ေစရန္
ေျပာမရသည့္သားအတြက္လည္း
ဝမ္းနည္းေနမိသည္။
ကိုဘခက္လည္းနီတုတ္၏
ဝမ္းဗိုက္အားဓားေျမႇာင္ျဖင့္
ထိုးခြဲလိုက္သည္။
နီတုတ္ဗိုက္ထဲမွနီနီရဲရဲေခြးသားေပါက္
ေလးမ်ားအားတစ္ေကာင္ၿပီးတစ္ေကာင္
ထုတ္ယူကာေဘး၌ခ်ထားလိုက္သည္။
နီတုတ္ဗိုက္ထဲမွအူမ်ားအသည္းမ်ားကို
ထုတ္ယူၿပီးဇလုံထဲထည့္လိုက္သည္။
ထို႔ေနာက္နီတုတ္၏ေျခလက္မ်ားအား
ခုတ္ထစ္လိုက္သည္။
ၿပီးေနာက္အသားတုံးေလးမ်ားစြာအား
ခုတ္ထစ္ကာတုံးထားလိုက္သည္။
================
“နီတုတ္ေရ နီတုတ္”
“ေတာက္ေတာက္ေတာက္”
“နီတုတ္ေရ ထမင္းစားမယ္ လာလာလာ”
“ဒီေခြးမဘယ္ေတြေလွ်ာက္သြားေနသလဲမသိဘူး။
မရီလွလည္းနီတုတ္အားမေတြ႕သျဖင့္
ေအာ္ေခၚကာလိုက္လံရွာေဖြေနသည္။
“နီတုတ္ေရ နီတုတ္”
“မမျမင့္နီတုတ္ကိုေတြ႕မိေသးလား”
“ဟင့္အင္းမေတြ႕မိဘူး
ငါ့အိမ္ဘက္လည္းမလာဘူးေအ့”
“ဟုတ္လားနီတုတ္ေပ်ာက္ေနလို႔
ခါတိုင္းဘယ္မွမသြားပဲအိမ္မွာပဲ
ရွိတာကိုဒီေန႔ၾကမွဘယ္ေတြေလွ်ာက္
သြားေနလဲမသိဘူး။
“ေဌးေဌးတို႔အိမ္ဘက္ေမးၾကည့္ပါလား
အဲဒီအိမ္ဘက္မွာတစ္ခါတေလ
ရွိေနတတ္တယ္။
“ဟုတ္ဟုတ္ မမျမင့္
ကြၽန္မသြားေမးၾကည့္လိုက္ဦးမယ္”
မရီလွလည္းမေဌးေဌးအိမ္ဘက္သို႔
ထြက္လာခဲ့သည္။
“မေဌးေဌး နီတုတ္မ်ားမေဌးေဌး
တို႔အိမ္ဘက္လာေသးလားမသိဘူး”
“ေအးအဲဒီကိစၥညည္းကိုငါေျပာမလို႔
မနက္ကညည္းေယာက်္ား မင္းႏိုင္
နီတုတ္ကိုႀကိဳးနဲ႔ဆြဲၿပီးေခၚသြားတာ
ေတြ႕လိုက္တယ္။
ဘယ္ေခၚသြားသလဲေတာ့ငါလဲမသိဘူး
ဧကႏၲေရာင္းစားဖို႔ေခၚသြားတာလား
မသိဘူး”
“ေတာက္…လူယုတ္မာ
ဒင္းငါ့အေၾကာင္းသိရေသးတာေပါ့
အခုလိုေျပာျပတာေက်းဇူးပါ မေဌးေဌး
ဟိုေသနာျပန္လာလို႔ကေတာ့
ေသဖို႔သာျပင္ေပေတာ့။
ငါ့သမီးေလးကိုဘာလုပ္ပစ္သလဲမသိဘူး
ေရာင္းစားလို႔ကေတာ့ အေသပဲ။
သြားၿပီမေဌးေဌးေရ …”
“ေအးေအး ညည္းေယာက်္ားကို
ငါကေျပာတာလို႔မေျပာနဲ႔ေနာ္ ”
“စိတ္ခ်မေျပာပါဘူး”
မရီလွလည္းေဒါႀကီးေမာႀကီးျဖင့္
အိမ္သို႔ျပန္လာခဲ့သည္။
အိမ္ကကုလားထိုင္ေပၚ၌ ဝါးရင္းတုတ္
တစ္ေခ်ာင္းကိုကိုင္ကာ ကိုမင္းႏိုင္
ျပန္အလာကိုေစာင့္ေနလိုက္သည္။
နာရီဝက္ခန႔္ၾကာေတာ့
ဒယီးဒယိုင္ျဖင့္အိမ္ထဲဝင္လာေသာ
ကိုမင္းႏိုင္အားျမင္လိုက္ရသည္။
“ကိုမင္းႏိုင္…”
“ဟာ ျဖည္းျဖည္းေအာ္ပါမိန္းမရာ
လန႔္တုန္သြားတာပဲ”
“ေသနာႀကီး နင္ငါ့သမီးနီတုတ္ကို
ဘာလုပ္ပစ္လိုက္တာလဲ ေျပာစမ္း
ငါ့ကိုေျပာ။
“ငါ ငါ ဘာမွမလုပ္ပါဘူး
သူအိမ္မွာမေနခ်င္လို႔ထြက္သြားတာ
ျဖစ္မွာေပါ့ဟာ။
“ေတာ္တိတ္ နင္မပလီနဲ႔
နင္မနက္ကနီတုတ္ကိုႀကိဳးနဲ႔ဆြဲေခၚသြားတာအကုန္လုံးျမင္လိုက္ၾကတယ္တဲ့။
ငါ့သမီးကိုနင္ဘာလုပ္လိုက္တာလဲ
မွန္မွန္ေျပာ မေျပာရင္လက္ထဲက
ဝါးရင္းတုတ္စာမိမယ္ေနာ္”
မရီလွကဝါးရင္းတုတ္ျဖင့္
ခ်ိန္းေျခာက္သျဖင့္ နဂိုကတည္းကမိန္းမာကိုေၾကာက္ရ
ေသာ ကိုမင္းႏိုင္လည္း
အမွန္အတိုင္းဝန္ခံလိုက္သည္။
“ငါ ငါ ဘခက္ဆီမွာသြားေရာင္းလိုက္တာပါ.
“ဘာ ဘာေျပာတယ္
ဘခက္ဆီမွာသြားေရာင္းတယ္ဟုတ္လား
“ဟုတ္ ဟုတ္တယ္ ငါအရက္ဖိုးမရွိလို႔
ေရာင္းလိုက္ရတာပါဟာ၊ငါ့ကိုခြင့္လႊတ္
ပါ။
“ေသနာေကာင္ နီတုတ္က
ကိုယ္ဝန္အရင့္အမာႀကီးနဲ႔ဆိုတာ
နင္မသိဘူးလား
က်က္သတုံးေကာင္ရဲ႕။
နင္အဲေလာက္ေတာင္ ငတ္ေနရင္လည္း
ကိုယ့္ဟာကိုရွာေသာက္ပါလား။
အခုေတာ့ငါတယုတယေမြးထားတဲ့
ေခြးကိုမွနင္ကေခြးသတ္သမားဆီ
ေရာင္းစားရတယ္လို႔ ေသေပေတာ့”
“ကဲဟယ္”
“ဒုတ္”
“အား…ကြဲပါၿပီဗ်ာ”
မရီလွကကိုမင္းႏိုင္၏
ေခါင္းအားဝါးရင္းတုတ္ျဖင့္႐ိုက္ခ်
လိုက္ရာကိုမင္းႏိုင္ေခါင္းမွ
ေသြးမ်ားဖ်ာကနဲစီးက်လာေတာ့သည္။
“ေသ ေသ နင့္ကိုျဖစ္ႏိုင္ရင္
အေသပါသ တ္ပစ္လိုက္ခ်င္တာ”
“ငါ့ေခြးမကိုရက္ရက္စက္စက္
သ တ္စားပစ္တဲ့ ဘခက္လည္း
ငါ့သမီးနီတုတ္လို အေသဆိုးနဲ႔
ေခြးလိုေသပါေစ။
ေခြးဝိုင္းဆြဲလို႔ေသပါေစ၊ေသၿပီးတာေတာင္မွနင့္အေလာင္းကို
ေခြးေဖာ္စားတာခံရပါေစ!
မရီလွလည္းနာက်ည္းစြာျဖင့္
ကိုဘခက္အေပၚအားက်ိန္စာတိုက္
လိုက္ေလသည္။
=================
“အဟြတ္ အဟြတ္အဟြတ္”
“ေအာ့”
“ေဝါ့”
“ဟယ္သားဘခက္ေသြးေတြ
အန္ေနပါလား၊ကိုတင့္ေရ ကိုတင့္
လာပါဦး”
“ဘာျဖစ္တာလဲမခင္ႏြယ္”
“ဒီမွာေလရွင့္သားေသြးေတြအန္ေနလို႔
“သားဘခက္ ဘယ္လိုေနေသးလဲ
“ရတယ္ ရတယ္ဘာမွမျဖစ္ဘူး
“ခက္တာပဲ ဒီလိုညႀကီးအခ်ိန္မေတာ္မွ
ျဖစ္ရတယ္လို႔သားရယ္၊ဘယ္ေဆးခန္း
မွလည္းသြားလို႔မရေတာ့ဘူး။
“သားေနသာရဲ႕လားကြာ
မင္းၾကည့္ရတာမဟန္ဘူးေနာ္”
“အဟြတ္ အဟြတ္”
“ေဝါ့”
“ေသြးေတြကမနည္းမေနာပါလား
ဒီအတိုင္းထားရင္ေသေတာ့မွာပဲ။
တစ္ခုခုလုပ္ပါဦးကိုတင့္ေရ။
“ဘာမွမလုပ္နဲ႔ က်ဳပ္ဘာမွမျဖစ္ဘူး
“ဒီလိုလည္းဘယ္ဟုတ္ပါ့မလဲသားရယ္
“ရပါတယ္ဆိုဗ်ာ သြားခင္ဗ်ားတို႔
သြားအိပ္ၾကေတာ့ က်ဳပ္ဘာမွမျဖစ္ဘူး”
“သားရတယ္ဆိုရင္ၿပီးတာပါပဲ
မိဘမ်ားလည္းလွည့္ၾကည့္လွည့္ၾကည့္
လုပ္ၿပီးမွထြက္သြားၾကသည္။
အသက္ျပင္းသည့္ကိုဘခက္လည္း
ဘာမွမျဖစ္ေတာ့ပဲ အိပ္ရာထဲလွဲေန
လိုက္သည္။
မနက္လင္းေတာ့႐ြာမွက်န္းမာေရးမႉးကိုအိမ္သို႔ပင့္ကာသားျဖစ္သူ၏
က်န္းမာေရးအားျပသၾကသည္။
“အင္း…အမွန္အတိုင္းေျပာရရင္
လူနာရဲ႕အသည္းကလုံးဝမေကာင္း
ေတာ့ဘူး။
အရက္ကိုလုံးဝမေသာက္ဖို႔ေျပာပါရေစ
ထပ္ေသာက္မယ္ဆိုရင္ေတာ့
ျမန္ျမန္အသက္တိုမွာပါပဲ”
“သားေလးကိုေဆး႐ုံပို႔ၿပီး
ကုလို႔မရဘူးလားဆရာ”
“ရတာကရပါတယ္
ဒါေပမယ့္အသည္းကလုံးဝမေကာင္းဘူး
ပ်က္စီးေနၿပီဗ်။
ေဆး႐ုံ႔ပို႔ၿပီးကုသရင္လည္း
အရွင္းႀကီးျပန္ေကာင္းလာမွာေတာ့
မဟုတ္ဘူးခင္ဗ်။
အရက္ကိုလုံးဝထပ္မေသာက္ဖို႔ပဲ
အထူးမွာခ်င္ပါတယ္ ”
“ေျပာလို႔လည္းမရပါဘူးဆရာရယ္
ကြၽန္မတို႔လည္းေျပာဆိုဆုံးမေနတာပါပဲ
သူကိုကေခါင္းမာလြန္းတာဆရာေရ။
“ကြၽန္ေတာ္ေျပာသလိုပဲ
အရက္ထပ္ေသာက္ရင္ေတာ့
ျမန္ျမန္အသက္ဆုံးရႈံးေစမွာပါ။
ကြၽန္ေတာ့္ကိုျပန္ခြင့္ျပဳပါဦး”
“ကြၽန္ေတာ္လိုက္ပို႔ပါရေစဆရာ
ဦးတင့္ကက်န္းမာေရးမႉအား
လိုက္လံပို႔ေဆာင္ေပးေလသည္။
“သားဘခက္ ဆရာေျပာသြားတာ
ၾကားတယ္မလား၊အရက္ေသာက္ရင္
မင္းအသက္ျမန္ျမန္ေသလိမ့္မယ္။
ဒါေၾကာင့္အရက္ကိုျဖတ္လိုက္ပါေတာ့”
“ဒီအခ်ိန္ေရာက္မွျဖတ္လည္း
က်ဳပ္ကေသေတာ့မွာပဲေလ။
ဆက္ေသာက္ရင္လည္းေသမွာပဲ
ဒီေတာ့ေသာက္ၿမဲအတိုင္းေသာက္မွာပဲ
က်ဳပ္ကေတာ့။
“ငါ့သားရယ္ မင္းအေမ့ဘက္ကို
နည္းနည္းေလာက္ေတာက္မေတြးမိ
ဘူးလား။
အေမ့မွာမင္းကိုဆုံးရႈံးမွာေၾကာက္လို႔
ဘယ္ေလာက္ထိစိုးရိမ္ေနရသလဲ
ဆိုတာမင္းမသိဘူးလား။
အေမ့ရင္ေတြပူေလာင္ေနတာ
မင္းလုံးဝမသိဘူးလားဟမ္”
“က်ဳပ္မေသခင္မွာ ကိုယ္ႀကိဳက္တာကို
လုပ္ခြင့္ျပဳပါအေမ ”
ေဒၚခင္ႏြယ္လည္းသားျဖစ္သူ၏
ေနာက္ဆုံးဆႏၵအားလိုက္ေလ်ာရန္
သာရွိေတာ့သည္။
မလိုက္ေလ်ာ၍လည္းမရေပ
သားျဖစ္သူဟာမိဘစကားကိုနားေထာင္
သည့္လူစားမဟုတ္ေပ။
ထို႔ေၾကာင့္လက္ပိုက္ၾကည့္ေန႐ုံမွ
တပါးအျခားမရွိေတာ့ေပ။
================
တစ္ေန႔ကိုဘခက္တစ္ေယာက္
ညေနေစာင္းအခ်ိန္အိမ္မွထြက္ကာ
အရက္ဆိုင္သို႔လာခဲ့သည္။
က်န္းမာေရးကမေကာင္းသျဖင့္
ေျခလွမ္းမ်ားကေလးလံေနေပသည္။
အရက္ေသာက္ခ်င္စိတ္ျဖင့္
အားတင္းကာအရက္ဆိုင္သို႔ လာခဲ့သည္။
“စိန္ျမင့္ေရ ”
အားအင္မရွိေသာအသံေလးျဖင့္
ကိုစိန္ျမင့္အားေခၚလိုက္သည္။
“ဟာဘခက္ မင္းဘာလာလုပ္တာလဲကြာ
က်န္းမာေရးကလည္းေကာင္းတာမွ
မဟုတ္ပဲ။
“ငါအရက္ေသာက္ခ်င္လို႔ လာခဲ့တာ
ငါ့ကိုအရက္တစ္ပုလင္းေပးပါ”
“မေသာက္ပါနဲ႔ေတာ့ ဘခက္ရာ
မင္းေသာက္ရင္ျမန္ျမန္ေသလိမ့္မယ္ကြ။
“ေသေသကြာ
အခုေတာ့ငါအရက္အရမ္းေသာက္ခ်င္
ေနၿပီငါ့စိတ္ကိုငါထိန္းလို႔မရလို႔ပါကြာ။
ငါ့ကိုအရက္တစ္ပုလင္းေပးပါ စိန္ျမင့္”
“မင္းကေျပာရင္ဘယ္ေတာ့မွ
နားေထာင္တဲ့ေကာင္စားမဟုတ္ဘူး
ေပးမယ္ကြာေပးမယ္ ခဏေစာင့္ဦး
ဟုတ္ၿပီလား။
“ေအး”
ကိုစိန္ျမင့္လည္းအိမ္ထဲဝင္ၿပီး
မၾကာခင္အရက္တစ္ပုလင္းအား
ယူလာခဲ့သည္။
“ေရာ့ဒီမွာ အရက္ အိမ္ျပန္ႏိုင္ရဲ႕လား
ဘခက္ ငါျပန္လိုက္ပို႔ရဦးမလား။
ေတာလမ္းကလူျပတ္တယ္ ဘခက္ရ”
“ျပန္ႏိုင္ပါတယ္ စိန္ျမင့္ရာ
င့ါအတြက္မပူပါနဲ႔ ”
“ျပန္ႏိုင္ရင္ၿပီးတာပါပဲ
ဂ႐ုစိုက္သြားဦး။
ကိုဘခက္ကေခါင္းညိတ္ျပၿပီး
အရက္ဆိုင္ထဲမွထြက္လာခဲ့ေတာ့
သည္။
အရက္ကိုအိမ္ေရာက္သည္အထိ
မေစာင့္ႏိုင္ပဲ ေတာလမ္း၌
အဖုံးဖြင့္ကာေသာက္လိုက္သည္။
“အား,အခုမွပဲေနသာထိုင္သာရွိ
ေတာ့တယ္ကြာ ။
“ဝုတ္ ဝုတ္ ဝုတ္”
“ဟဲ့ေခြး သြားစမ္း
ငါသတ္မိေတာ့မယ္ သြားစမ္း”
လူျပတ္သည့္ေတာလမ္းထဲမွ
ေခြးတစ္ေကာင္ကကိုဘခက္အား
အသည္းအသန္ထိုးၿပီးေဟာင္ေန
ေလသည္။
ထိုစဥ္႐ြာထဲမွေခြးတခ်ိဳ႕လည္း
ေတာလမ္းမွေခြးေဟာင္သံၾကားသျဖင့္
အခ်င္းခ်င္းခ်ိတ္ဆက္ထားၾကသည့္
အလား႐ြာထဲမွ ေျပးထြက္လာၾကၿပီး
ကိုဘခက္အားဝိုင္းေဟာင္ၾကေလသည္။
“ဟိတ္ေခြးေတြသြားၾကစမ္း
သြား ရႉ း ရႉး ”
“ဝုတ္ ဝုတ္ ဝုတ္”
လူျပတ္လွသည့္ေတာလမ္းတြင္မို႔
ေခြးမ်ားအားေမာင္းထုတ္ေပးမည့္သူ
မရွိေပ။
ကိုဘခက္တစ္ေယာက္အားအင္ခ်ိနဲ႔
ေနသည့္အခ်ိန္မို႔ ေခြးမ်ားအားႏိုင္ေအာင္
ေမာင္းမထုတ္ႏိုင္ေပ။
“ဝုတ္ ဂီး”
“အား…”
ေခြးတစ္ေကာင္ကိုဘခက္၏
ေျခသလုံးအားအလစ္ဝင္ကာ
ကိုက္လိုက္ေလသည္။
ကိုဘခက္လည္းနာက်င္လြန္း၍
အားကနဲေအာ္လိုက္မိသည္။
ကိုဘခက္၏ေျခသလုံး၌ေသြးမ်ားက
ရဲရဲေတာက္စီးက်ေနေပသည္။
“ဝုတ္ ဝုတ္ ဝုတ္”
“ဝူး ဝူ ဝုတ္ ဝုတ္”
“သြားၾကစမ္း သြားၾက
ငါက်န္းမာေရးမေကာင္းတုန္းမလို႔
မင္းတို႔ကိုငါမသတ္ႏိုင္တာ။
သြားစမ္းေခြးစုတ္ေတြ ”
“ဝုတ္”
“ဂီး ဂီး”
ေခြးမ်ားကအစြယ္မ်ားထုတ္ကာ
မာန္ဖီေနၾကေလသည္။
ကိုဘခက္လည္းေျမျပင္၌ လဲက်ေနရင္း
လက္တို႔ျဖင့္အေၾကာက္အကန္
ေျခာက္လွန႔္ေနေတာ့သည္။
“မလာနဲ႔သြားၾက သြားၾက”
“ဝုတ္ ဝုတ္”
“အား,အား”
ေခြးမ်ားကကိုဘခက္အား
အၿငိဳးႀကီးစြာျဖင့္ဝိုင္းကိုက္ၾကေတာ့သည္
ကိုဘခက္၏လက္မ်ား၊ေျခေထာက္မ်ားအား အားပါးတရကိုက္ျဖတ္ၾကေလသည္။
ေခြးတစ္ေကာင္ကကိုဘခက္၏
နား႐ြက္အားကိုက္ဆြဲလိုက္ရာ
နား႐ြက္အရင္းမွျပတ္ထြက္သြားေလ
သည္။
ကိုဘခက္တစ္ေယာက္လည္း
တကိုယ္လုံးေသြးခ်င္းခ်င္းနီရဲေနသည္။
“ဂီး ”
“အ…အု အု”
ေခြးတစ္ေကာင္ကကိုဘခက္၏
ငယ္ပါအားကိုက္ဖ်က္ပစ္ေလသည္။
က်န္သည့္ေခြးမ်ားကကိုဘခက္၏
လည္မ်ိဳအားဝိုင္းဝန္းကိုက္ျဖတ္ၾက
ေလသည္။
ကိုဘခက္တစ္ေယာက္ ေလာကငရဲအား
အရွင္လတ္လတ္ခံရၿပီးမွေသဆုံးသြားရ
ေလသည္။
==================
“မခင္ႏြယ္ မင့္သားေနာက္က်လွေခ်လား
အခုထိျပန္မလာေသးဘူး”
“ဟုတ္ပါ့ေတာ္
ဘာေတြလုပ္ေနလဲမသိဘူး ဒီေကာင္ေလး အရက္ဆိုင္မွာမ်ား
အိပ္ေနေရာ့သလား”
“တစ္ခါမွေတာ့အရက္ဆိုင္မွာ
မအိပ္ဖူးဘူး မင့္သားက၊လမ္းတစ္ေန
ရာရာမွမူးၿပီးေခြလဲက်ေနသလား
မသိဘူး။
“ရွင္နဲ႔ကြၽန္မလိုက္ၾကည့္ၾကမလား”
“ေအးကြာ
ျပန္မလာေသးတာခ်င္းအတူတူေတာ့
လိုက္ၾကည့္ၾကတာေပါ့ကြာ။
ဦးတင့္ႏွင့္ေဒၚခင္ႏြယ္လည္း
ဓာတ္မီးတစ္လက္စီကိုယ္စီ
ကိုင္ကာအိမ္မွထြက္လာခဲ့ၾကသည္။
“မိဘဆိုေတာ့လည္း
သားသမီးေကာင္းတာမေကာင္းတာ
အပထား၊သူတို႔ကိုခ်စ္ေတာ့ စိုးရိမ္ပူပန္ေနရတာေတာ့ အမွန္ပဲ
မခင္ႏြယ္။
“ကြၽန္မလည္းထို႔အတူပါပဲရွင္
သားေလးကအလိုလိုက္ခံခဲ့ရေတာ့
ဘယ္ေလာက္ဆိုးဆိုး မိဘဆိုေတာ့
သည္းခံခြင့္လႊတ္ၿပီးခ်စ္ေနရတာပါပဲရွင္။
လင္မယားႏွစ္ေယာက္ စကားတေျပာေျပာႏွင့္ေလွ်ာက္လာခဲ့
ၾကသည္။
“ဟင္ဟိုေရွ႕မွာ လဲက်ေနတာ
ဘယ္သူမ်ားပါလိမ့္ ”
ဦးတင့္လည္းဓာတ္မီးျဖင့္အနီးကပ္
ထိုးၿပီးၾကည့္လိုက္ရာ……………
“ဟာ သား”
“သားေလး သားေလး တကိုယ္လုံးလည္း
စုတ္ျပတ္သက္လို႔ပါလား။
ကိုတင့္သားေလးကိုစမ္းၾကည့္ပါဦး
အသက္မ်ားရွိေသးရဲ႕လားလို႔ ”
ဦးတင့္လည္း သားျဖစ္သူဘခက္၏
ႏွာေခါင္းအားလက္ျဖင့္စမ္းသပ္
ၾကည့္လိုက္သည္။
“ဟင္…သားအသက္မရွိေတာ့ဘူး
မခင္ႏြယ္…”
“ရွင္…ျဖစ္မွျဖစ္ရေလ သားရယ္”
အီးဟီးဟီး
“ငါတို႔သားကို အစြယ္ပါတဲ့အေကာင္ေတြ
ဝိုင္းၿပီးကိုက္ၾကပုံပဲ၊တကိုယ္လုံးကိုက္ရာ
ေတြနဲ႔ေသေနတာကြ။
“သားေလးအေလာင္းကိုအိမ္ျပန္ၿပီး
သယ္ရေအာင္ကိုတင့္”
“ျဖစ္မွျဖစ္ရေလ ငါ့သားရာ
မင္းဘဝကဆိုးလိုက္ပါဘိ။
ဦးတင့္လည္းသားျဖစ္သူအေလာင္းအား
မခ်ီရင္းမ်က္ရည္မ်ားက်ဆင္းလာရ
သည္။
ကိုဘခက္၏အေလာင္းမွာ လူ႐ုပ္ပင္
မေပၚေတာ့ေအာင္စုတ္ျပတ္သက္ေန
သည္။
ကိုဘခက္ေသဆုံးသည့္ညတြင္
တစ္ညလုံးေခြးမ်ားထိုးအူၾကေလ
သည္။
ကိုဘခက္ေသဆုံးသြားသည္ကို
ေခြးမ်ားကဝမ္းသာေနသည့္အလား
အျမႇီးမ်ားႏွံ႔ကာဆြဲဆြဲငင္ငင္အူေနၾက
ေတာ့သည္။
“ဘခက္ေသၿပီတဲ့ မိရီလွ”
“ဟင္ဟုတ္လား မေဌး
ဘာလို႔ေသတာလဲ မေဌး”
“မေန႔ညကအရက္ဆိုင္ကအျပန္
ေတာလမ္းမွာေခြးေတြဝိုင္းကိုက္
တာတဲ့၊နဂိုကတည္းကေရာဂါအခံ
ရွိတာေရာေခြးေတြဝိုင္းကိုက္တာေရာ
ေၾကာင့္အေသဆိုးနဲ႔ေသသြားတာေအ့။
ေခြးေတြကသူ႔ငယ္ပါကိုပါ ကိုက္ျဖတ္သြားတာတဲ့ ညည္းပဲစဥ္းစားၾကည့္ေလ ေခြးေတြကို
ရက္ရက္စက္စက္သတ္ျဖတ္ခဲ့ေတာ့
ေခြးေတြကသူ႔ကိုျမင္တာနဲ႔မုန္းေနၾက
တာေလ။
ျပန္မလုပ္ႏိုင္တဲ့ေန႔ေရာက္ေတာ့
ေဟာၾကည့္ အခုသူျပန္ခံလိုက္ရၿပီေလ
ဝဋ္ကေနာင္ဘဝေတာင္မကူးလိုက္ဘူး
သူခံလိုက္ရတာ……”
“ေကာင္းတယ္ ေကာင္းတယ္
ဒီလိုလူမ်ိဳးဒီလိုပဲေသသင့္တယ္
ငါ့သမီးေလးကိုဗိုက္ႀကီးႀကီးနဲ႔ေတာင္
မသနားပဲရက္ရက္စက္စက္
သတ္ပစ္တဲ့အေကာင္အခုေတာ့
ဘယ့္ႏွယ့္ရွိစဝမ္းသာလိုက္တာ မေဌးရယ္ ”
“ညည္းတင္မဟုတ္ဘူး
သူေသလို႔သနားမဲ့သူ ၅ေယာက္ေတာင္
မျပည့္ဘူး။
သူ႔မိဘေတြကလြဲရင္ေပါ့”
“သူ႔မိဘေတြလည္းဝဋ္ကြၽတ္တာေပါ့
အလုပ္မရွိအကိုင္မရွိ မိဘပိုက္ဆံ
သုံးျဖဳန္းၿပီးေသာက္စားသတ္ျဖတ္ေနတဲ့
အေကာင္လူ႔ျပည္မွာမရွိသင့္ဘူး။
“အမွန္ပဲ ေမြးကိုေမြးမလာသင့္တာပါေအ”
ရပ္ထဲ႐ြာထဲမွ ကိုဘခက္အား
သနားသည့္သူမရွိေလာက္ေအာင္
ကိုဘခက္ေသဆုံးျခင္းအား
ဝမ္းသာေနၾကေလသည္။
ညေနသုံးနာရီခန႔္ ကိုဘခက္နာေရးအား႐ြာထဲမွ
လူမ်ားကလိုက္လံပို႔ေဆာင္ၾကေလ
သည္။
ဘခက္အားသနား၍လိုက္ပို႔ၾကသည္
ေတာ့မဟုတ္ေပ၊မိဘႏွစ္ပါး၏
မ်က္ႏွာေၾကာင့္သာနာေရးအား
လိုက္လံပို႔ေဆာင္ၾကျခင္းျဖစ္သည္။
ကိုဘခက္အားေျမျမႇဳပ္သၿဂႋဳလ္ေတာ့
ကိုဘခက္၏မိခင္လည္း သားျဖစ္သူအတြက္ ယူက်ဳံးမရျဖစ္ကာ
ငိုေႂကြးေနေလသည္။
ဖခင္ျဖစ္သူဦးတင့္ကေတာ့ အပူလုံးကို
ရင္ထဲမွာၿမိဳသိပ္ကာဖုံးဖိထားေလသည္။
ေျမျမႇဳပ္ၿပီးသည္ႏွင့္နာေရးအား
လိုက္ပို႔ၾကသည့္လူမ်ားအသွ်ိဳသွ်ိဳ
ျပန္သြားၾကေလသည္။
သုဘရာဇာႏွင့္ကိုဘခက္၏
မိဘႏွစ္ပါးသာက်န္ခဲ့ေလသည္။
ဦးတင့္လည္းဇနီးသည္အား
ေျဖာင္းဖ်ေျပာဆိုၿပီး သုသာန္အတြင္းမွ
ျပန္ထြက္လာခဲ့ၾကသည္။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့
“ဦးတင့္ေရ ဦးတင့္”
“သုဘရာဇာႀကီးပါလား
ဘာလာလုပ္တာလဲဗ်ာ,
ခင္ဗ်ား႐ြာထဲဝင္လာလို႔ အေျပာခံေနရပါဦးမယ္…”
“အေရးႀကီးလို႔လာေျပာတာဗ်
ခင္ ခင္ဗ်ားသား ဘခက္ အေလာင္းကို
မေန႔ညကေခြးေတြဝိုင္းတူးၿပီး
စားပစ္လိုက္ၾကတယ္ဗ်။
“ဘာ…”
“ရွင္…သားေလးအေလာင္းကို
ေခြးေတြတူးေဖာ္ၿပီးစားပစ္တယ္
ဟုတ္လား။
“ဟုတ္ပါတယ္ ေဒၚခင္ႏြယ္
က်ဳပ္လည္းေခြးေတြကိုေျခာက္ပါေသး
တယ္။
ဒါေပမယ့္အေကာင္ေရက မနည္းဘူးဗ်
အနည္းဆုံးအေကာင္၃၀ေလာက္ရွိမယ္,
က်ဳပ္ဘယ္လိုေျခာက္ေျခာက္
ဘခက္အေလာင္းကိုတူးၿပီးအ႐ိုးပါမက်န္စားသြားၾကတယ္ဗ်ာ။
က်ဳပ္အံ့ၾသေနတာဗ်ာ
ဒီေလာက္အေခါင္း႐ိုက္ထားၿပီး
ေသခ်ာျမႇဳပ္ထားတာကို ဒီေကာင္ေတြ
တူးေဖာက္ၿပီးစားပစ္ႏိုင္ၾကတယ္ဗ်။
“အင္း…အခုလိုလာေျပာျပလို႔
ေက်းဇူးပါပဲ သုဘရာဇာႀကီးရယ္
သူျပဳခဲ့တဲ့ကံေတြက သူ႔ေနာက္ကို
လိုက္လာၾကတယ္လို႔ပဲသတ္မွတ္
ပါတယ္။
“သားေလးရယ္ မင္းလုပ္ခဲ့တဲ့
လုပ္ရက္ေတြကမင္းကိုဒဏ္ခက္
သြားေလေရာ့သလားကြယ္။
အီးဟီးဟီး
ေခြးသားႀကိဳက္သည့္
ကိုဘခက္၏အေၾကာင္းအား
တစ္႐ြာလုံးေျပာမဆုံးႏိုင္ေအာင္
ျဖစ္ခဲ့ရေတာ့သည္။
သက္ေရာက္မႈတိုင္းအတြက္
တန္ျပန္သက္ေရာက္ျခင္းဆိုတဲ့
စကားဟာကိုဘခက္အတြက္ပင္
ထားခဲ့ေလေရာ့သလား,
{ၿပီးပါၿပီ}ေအာင္ဓူဝံ
ဇာတ္လမ္းေလးအား ႀကိဳက္ပါက
လက္မေလးေတြႏွိပ္ၿပီး အားေပးပါ။
စာဖတ္သူ၏Likeတစ္ခ်က္ဟာ
စာေရးသူအတြက္ ခြန္အားေတြပါ,
ph:billျဖည့္ေပးခ်င္သူမ်ားလည္း
ျဖည့္ေပးလို႔ရပါေၾကာင္း
(09 970 655 701) ပါ