ခွေးသားကြိုက်တဲ့ကိုဘခက်

ခွေးသားကြိုက်တဲ့ ကိုဘခက်

#စဆုံး

===============

 

“ဂိန် ဂိန်”

 

မနက်စောစော နာကြင်စွာအော်ဟစ်လိုက်သည့်

ခွေးသံအားစိတ်မချမ်းမြေ့ဖွယ်

ကြားလိုက်ရသည်။

မှန်ပေသည် ကိုဘခက်တစ်ယောက်

ခွေးတစ်ကောင်အား ဓားမတစ်ချောင်းဖြင့် ရက်ရက်စက်စက်

ခုတ်ကာသ တ်လိုက်ခြင်းဖြစ်သည်။

ကိုဘခက်ကခွေးသားအားအလွန်ခုံမင်

နှစ်သက်သူဖြစ်သည်။

ခွေးဆိုလျှင်၃လသားနှင့်အထက်

အကုန်သ တ်ဖြတ်စားလေသည်။

ထို့ကြောင့်ရွာထဲ၌ရှိသောခွေးများက

ကိုဘခက်ဆိုလျှင်မြင်ရုံနှင့်ဝိုင်းဟောင်

ကြလေသည်။

 

ခွေးရှင်များကလည်း မိမိခွေး

ဘခက်လက်ချက်ဖြင့်အသတ်ခံရမည်

ဖြစ်စိုး၍လိုက်လံထိန်းနေရလေသည်။

ပိုင်ရှင်မဲ့သည့်ခွေးတစ်ကောင်က

ကိုဘခက်အားလိုက်ဆွဲပါက နောက်တစ်နေ့ရောက်လျှင်တော့

ထိုခွေးဘခက်လက်ချက်ဖြင့် အသက်ပျောက်ရလေသည်။

 

ဟိုအရင်ကခွေးသားအား

စျေးကြီးပေး၍ဝယ်စားတတ်သည့်

ကိုဘခက်တစ်ယောက် ယခုတွင်တော့

မိမိကိုယ်တိုင်သတ်စားပါမှ

ပို၍အရသာတွေ့သည်ဟုဆိုကာ

ခွေးအရှင်များအားဝယ်ယူကာ မိမိကိုယ်တိုင်သ တ်ဖြတ်စားသောက်လေ

သည်။

ကိုဘခက်၏မိဘများကလည်း

ပြောဆိုမရသည့်သားဖြစ်သူအား

မပြောပဲလွှတ်ထားလိုက်တော့သည်။

ငွေကြေးတတ်နိုင်သူမို့ ခွေးအား

၃ရက်တစ်ကောင်ခန့်ဖြင့် ဝယ်ယူသတ်ဖြတ်ကာ စားလေသည်။

 

ယနေ့လည်းခွေးတစ်ကောင်အား

စောစောစီးစီးသ တ်ကာ အသားများအား ခုတ်ထစ်၍ကိုင်တွယ်နေလေသည်။

မိဘနှစ်ပါးနှင့်ပတ်ဝန်းကျင်မှလူများ

လည်း စိတ်မချမ်းမြေ့ရုံမှတပါး

ဘာမှမတတ်နိုင်ကြပေ။

 

ခုတ်ထစ်ပြီးသည့်ခွေးသားများအား

နနွင်း၊မဆလာ၊အချိုမှုန့်များ၊ငံပြာရည်၊

ကြက်သွန်ဖြူ ၊ချင်းတို့ဖြင့်သမအောင်နယ်လိုက်သည်။

ပြီးနောက်မီးဖိုပေါ်တင်၍ ချက်ပြုတ်

တော့သည်။

ချက်ပြုတ်ပြီးစီးသွားသည်နှင့်

ပူပူလောလောခွေးသားများကို

ဟင်းပန်းကန်လုံးထဲထည့်ကာ

အားပါးတရစားသောက်တော့သည်။

 

အရက်နှင့်မြည်းရန်အတွက်

သပ်သပ်ချန်ထားသော ခွေးသားများကို

တော့ကြောင်အိမ်ထဲထည့်ကာ

သိမ်းထားလေသည်။

ကိုဘခက်စားသောက်ထားသည့်

ပန်းကန်များ၊ရေခွက်များအား

ကိုဘခက်၏မိဘနှစ်ပါးက သပ်သပ်စီခွဲထားကြလေသည်။

အဘယ်ကြောင့်ဆိုသော် ခွေးအသားမှ

ထွက်သည့်အနံ့အားမခံနိုင်၍

ယခုလိုသပ်သပ်စီခွဲထားရဖြင်းဖြစ်သည်။

 

=================

 

“စိန်မြင့်ရေ အရက်နှစ်ပုလင်းဟေ့”

 

“အေးအေး ရမယ်”

 

“ဟေ့ ဘခက် ဆိုင်ထိုင်ပြီးမသောက်

ဘူးလားကြ ”

 

“မသောက်တော့ဘူး မင်းနိုင်ရေ

အိမ်မှာပဲခွေးသားနဲ့မြည်းပြီး

အေးဆေးဇိမ်ယူတော့မယ် ”

 

“ငါ့တို့ဖို့ ခွေးသားနည်းနည်းလောက်

ပေးပါဦး ဘခက်ရ ”

 

“စားချင်အိမ်လာခဲ့ကွာ

ဒီမှာကြ ဟိုလူချန်မကောင်း၊ဒီလူချန်မကောင်းနဲ့မလို့ မင်းစားချင်

ငါ့အိမ်လာစားလှည့်ကွာ ”

 

“အေး ဒါဖြင့်ရင် ငါနောက်နေ့လာခဲ့မယ်ကွာ”

 

“အေးလာခဲ့ လာခဲ့”

 

“ရော့ ဘခက်အရက်နှစ်လုံး”

 

“ရော့ ပိုက်ဆံ”

 

“ဘခက်မင်းလည်းလျှော့သောက်ဦးဟ

မျက်လုံးတွေရော၊လက်သည်းတွေပါ

ဝါနေပြီ ”

 

“လျှော့တော့မသောက်နိုင်ဘူး

စိန်မြင့်ရေ၊သေခါမှသေစေတော့

ထမင်းမစားပဲနေနိုင်တယ်။

ခွေးသားနဲ့အရက်တော့ မစားမသောက်ရရင်မနေနိုင်ဘူးဟေ့”

 

“ငါကမင်းကျန်းမာရေးထိမှာစိုးလို့

ပြောနေတာပါကွာ ”

 

“ငါသိပါတယ် စိန်မြင့်ရာ

ကဲ ငါသွားပြီဟေ့ ၊မင်းနိုင်ငါပြန်ပြီ

နောက်ရက်ဆက်ဆက်လာခဲ့ကွာ။

မင်းနဲ့ငါအိမ်မှာနည်းနည်းပါးပါး

ကစ်ကြတာပေါ့ ”

 

“အိုစကေ ပါကိုယ့်လူရေ ဟား ဟား”

 

ကိုဘခက်လည်းအရက်နှစ်လုံးဆွဲကာ

အိမ်သို့ပြန်လာခဲ့သည်။

အိမ်ပြန်ရောက်သည်နှင့်ကြောင်အိမ်ထဲမှ

ချန်ထားသည့်ခွေးသားပန်းကန်အား

ထုတ်ယူလိုက်သည်။

ထို့နောက်စားပွဲပေါ်တင်၍

အရက်ဖြင့်မြည်းနေတော့သည်။

 

ထိုအချိန် ကိုဘခက်၏ မိခင်ရောက်လာကာ………”

 

“သား ဘခက်”

 

“ပြောအမေ”

 

“မင်းအရက်တွေလျှော့သောက်ပါဦး

မင်းကြည့်ရတာတစ်ကိုယ်လုံး

ဝါဖတ်နေပြီ၊မျက်နှာကြီးကလည်း

မည်းပုတ်နေပေါ့။

တစ်ရက်တလေ မသောက်ပဲနေစမ်းပါလားသားရယ်”

 

“ဟာ…ဒီအမေကလည်း

သောက်ရတာဇိမ်ပျက်အောင်

တရားတွေလာဟောနေပြန်ပါပြီ။

ကျုပ်ဟာကျုပ်ကြိုက်လို့သောက်တာ

ဘာဖြစ်သလဲ၊ဘယ်သူ့ထိခိုက်နေလို့လဲ

ကျုပ်ကကျုပ်အရက်ကိုအေးဆေး

သောက်တယ်၊ဘယ်သူ့မှမစော်ကားဘူး

ဘယ်သူ့မှလည်းမရမ်းကားဘူး။

 

“မခင်နွယ်ရာ မင်းသားဘယ်တုန်းက

ပြောလို့ဆိုလို့ရလို့လဲ၊သူ့ဟာသူ

သေသေကွာကြိုက်သလောက်သောက်

မြန်မြန်သေအေးရော။

 

“အို…ကိုတင့်ရယ်

ဒီလိုတော့လည်းမပြောနဲ့လေ

ကျွန်မကဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့

မိခင်လေ ကိုယ့်သားသမီးကို

ချစ်လို့ပြောရမလားလို့ပြောကြည့်ရတာ

ပေါ့ရှင်။

ရှင်ကကျွန်မလိုဝမ်းနဲ့လွယ်ပြီး

မွေးရတာမှမဟုတ်တာ

အခုလိုပြောနိုင်နေနိုင်မှာပေါ့ရှင်။

 

“ဟငါလည်းဝမ်းနဲ့လွယ်ပြီး

မမွေးရတာပဲရှိမယ်၊ကိုယ့်သားသမီးကို

လိမ္မာတာပဲမြင်ချင်တာပေါ့။

အခုဟာကတစ်ရက်လည်းပြောမရ

တစ်လလည်းပြောမရ၊တစ်နှစ်လည်း

ပြောမရမှာချင်းအတူတူတော့

မြန်မြန်သေသွားအေးတာပေါ့ကွာ။

ဒါမှသူ့ကြည့်ပြီးစိတ်မချမ်းမြေ့ရတဲ့

ဘဝကလွတ်မှာကွ။

 

“ဟာ…အာရုံနောက်တယ်ဗျာ

သွားကြ အရက်ကိုအေးဆေး

မသောက်ရဘူး။

သွားကြသွားကြဗျာ ”

 

ကိုဘခက်ကမိဘနှစ်ပါးအား

အော်ဟစ်မောင်းထုတ်မှ ဦးတင့်နဲ့ဒေါ်ခင်နွယ်လည်း ကိုဘခက်

အနီးမှထွက်သွားကြသည်။

 

ကိုဘခက်လည်းခွေးသားတစ်တုံးပြီး

တစ်တုံးစားကာ အရက်ထိုင်သောက်

နေလိုက်သည်။

 

===================

 

“ဘခက်ရေ ဘခက်”

 

“ဟာ…မင်းနိုင်ပါလားကွ

ဟင်…လက်ထဲမှာလည်းခွေးမကြီးနဲ့ ”

 

“ဟုတ်တယ်ကွ

ငါ့အိမ်ကခွေးမနီတုတ်လေကွာ

မင်းကိုအကူအညီတောင်းစရာရှိလို့

ဆွဲလာခဲ့တာ။

 

“ဘာအကူအညီလဲ မင်းနိုင်ရ”

 

“ငါအရက်ဖိုးမရှိလို့ မင်းကိုငါ့အိမ်က

ခွေးကိုပြန်ရောင်းချင်လို့ကွာ။

ငါ့ကိုကြိုက်တဲ့စျေးပဲပေးပါ

ငါအရက်အရမ်းသောက်ချင်လို့ပါကွာ”

 

“ငါမင်းကို၂၀၀၀၀ပေးမယ်ဘယ်လိုလဲ”

 

“ဖြစ်တယ်ကွာ ဖြစ်တယ်”

 

“ဟဲ့သား ဘခက်

ခွေးကြီးကိုဘာလုပ်ဖို့ဝယ်နေတာလဲ”

 

“အမေကလည်းဗျာ

သိရဲ့သားနဲ့မေးနေတယ်၊ဝယ်မှတော့

သ တ်စားဖို့ပေါ့ဗျ။

 

“ဟေ…မ မလုပ်ပါနဲ့သားရယ်

ခွေးမကြီးကသားတွေနဲ့ဒီခွေးမကြီး

ကိုတော့လွှတ်ပေးလိုက်ပါသားရယ်။

မင်းနိုင်မင်းကလည်းကွယ်

ရောင်းစရာရှားလို့ ကိုယ့်အိမ်မှာမွေးထားတဲ့ ဗိုက်ကြီးကြီးနဲ့

ခွေးကိုမှလာရောင်းရသလား။

မင်းမိန်းမမိရီလှလည်း ဗိုက်ကြီးကြီးနဲ့ဆိုတာ မင်းမေ့နေပြီလား

ဝဋ်တွေငရဲတွေတော့ခံရတော့မှာပဲ။

 

“မမေ့ပါဘူး အန်တီခင်နွယ်ရာ

အခုလည်းသူမရှိတုန်းလာရောင်းတာဗျ။

ဝဋ်တွေငရဲတွေကနောက်မှခံရမှာ

အခုလောလောဆယ်တော့

အရက်သောက်စရာမရှိတာက

ကျုပ်အတွက်ငရဲပဲ အန်တီခင်နွယ်ရေ”

 

“ရော့မင်းနိုင် ၂၀၀၀၀

ငါမင်းခွေးမကိုသတ်ပြီးတာနဲ့

မင်းအတွက်အရက်နဲ့မြည်းဖို့

သပ်သပ်ပေးဦးမယ်၊ငါ့ကိုအခုလိုလာရောင်းတာ ကျေးဇူးပါကွာ…………”

 

“ကဲငါပြန်ဦးမယ် ဘခက်

ရော့ဒီမှာ ခွေးထားခဲ့ပြီ …”

 

“အေးအေး”

 

မင်းနိုင်လည်းငွေ၂၀၀၀၀ကို

ကိုင်ကာပြုံးပြုံးကြီးထွက်သွားလေသည်။

 

“သားအမေပြောတာနားထောင်စမ်းပါ

သားဒီခွေးမကိုမသတ်ပါနဲ့သားရယ်။

သူ့ဗိုက်ထဲမှာသားပေါက်တွေနဲ့

ငါ့သားဝဋ်ကြီးပါတယ်သားရယ်”

 

“အမေ့ ဘာတွေတရားလာချနေပြန်တာလဲဗျာ

သူ့ဟာသူသားပေါက်ပါရုံမကလို့

ဘာဖြစ်ဖြစ်ကျုပ်ကငွေချေပြီးပြီ

သ တ်ရမှာပဲ…”

 

“အမေ့စကားကို နည်းနည်းလေးတောင်

နားမထောင်တော့ဘူးလားသားရယ်”

 

“နားထောင်စရာအကြောင်းမှမရှိတာ

သတ္တဝါဆိုတာလူချွတ်မှကျွတ်တာဗျ။

ဒါကြောင့်ကျုပ်ကိုဘာမှထပ်မပြောနဲ့

ကျုပ်နားထောင်မှာမဟုတ်ဘူး။

 

“သားရယ်…”

 

ဒေါ်ခင်နွယ်လည်းပြောမရသည့်

သားအားကြည့်ပဲကြည့်နေရတော့

သည်။

 

ကိုဘခက်လည်းဗိုက်ကြီးကြီးနဲ့

ခွေးမနီတုတ်အားတိုင်၌ကြိုးချည်ပြီး

ထားလိုက်သည်။

ထို့နောက်အိမ်ထဲမှခွေးသတ်ရာတွင်

အသုံးပြုသောဓားမတစ်ချောင်းနှင့်

ဓားမြှောင်တစ်ချောင်းအားယူလာခဲ့

သည်။

 

နီတုတ်သည်လည်း အသတ်ခံရတော့မည်ကို သိနေ၍

မျက်ဝန်းအိမ်မှမျက်ရည်များ

သိသိသာသာကျဆင်းနေလေသည်။

နီတုတ်၏မျက်လုံးများက ကိုဘခက်ကို

မိမိအားမသတ်ရန်အတွက်တောင်းပန်

နေသည့်အလားသနားဖွယ်ကောင်းလွန်း

လှပေသည်။

 

အသည်းနှလုံးမရှိသည့်ကိုဘခက်

ကေတာ့ ဓားမျကီးအား အားပါးတရ

လွှဲကာနီတုတ်၏လည်ပင်းဆီသို့

ခုတ်ချလိုက်တော့သည်။

 

အားပါလှသည့်ဓားချက်

ထက်မြက်သည့်ဓားသွားကြောင့်

နီတုတ်ခင်မျာအော်ချိန်ပင်မရလိုက်ပဲ

ဇတ်မှာတိကနဲပြတ်သွားရလေသည်။

 

အိမ်နောက်ဘေး၌ သူတစ်ပါးအသက်ကိုအားပါးတရ

သတ်နေသောသားဖြစ်သူအား

ဒေါ်ခင်နွယ်တစ်ယောက်မျက်ရည်များ

ဖြင့်ကြည့်နေမိသည်။

မိမိကိုယ်တိုင်သည်လည်းမိခင်

တစ်ယောက်မို့ သေဆုံးသွားသည့်

နီတုတ်နှင့်နီတုတ်ဗိုက်ထဲမှ

ခွေးသားပေါက်လေးများကိုလည်း

စိတ်မကောင်းဖြစ်ရသည်။

ပါဏာတိပါတာကံကို မကျူးလွန်စေရန်

ပြောမရသည့်သားအတွက်လည်း

ဝမ်းနည်းနေမိသည်။

 

ကိုဘခက်လည်းနီတုတ်၏

ဝမ်းဗိုက်အားဓားမြှောင်ဖြင့်

ထိုးခွဲလိုက်သည်။

နီတုတ်ဗိုက်ထဲမှနီနီရဲရဲခွေးသားပေါက်

လေးများအားတစ်ကောင်ပြီးတစ်ကောင်

ထုတ်ယူကာဘေး၌ချထားလိုက်သည်။

နီတုတ်ဗိုက်ထဲမှအူများအသည်းများကို

ထုတ်ယူပြီးဇလုံထဲထည့်လိုက်သည်။

ထို့နောက်နီတုတ်၏ခြေလက်များအား

ခုတ်ထစ်လိုက်သည်။

ပြီးနောက်အသားတုံးလေးများစွာအား

ခုတ်ထစ်ကာတုံးထားလိုက်သည်။

 

================

 

“နီတုတ်ရေ နီတုတ်”

 

“တောက်တောက်တောက်”

 

“နီတုတ်ရေ ထမင်းစားမယ် လာလာလာ”

 

“ဒီခွေးမဘယ်တွေလျှောက်သွားနေသလဲမသိဘူး။

 

မရီလှလည်းနီတုတ်အားမတွေ့သဖြင့်

အော်ခေါ်ကာလိုက်လံရှာဖွေနေသည်။

 

“နီတုတ်ရေ နီတုတ်”

 

“မမမြင့်နီတုတ်ကိုတွေ့မိသေးလား”

 

“ဟင့်အင်းမတွေ့မိဘူး

ငါ့အိမ်ဘက်လည်းမလာဘူးအေ့”

 

“ဟုတ်လားနီတုတ်ပျောက်နေလို့

ခါတိုင်းဘယ်မှမသွားပဲအိမ်မှာပဲ

ရှိတာကိုဒီနေ့ကြမှဘယ်တွေလျှောက်

သွားနေလဲမသိဘူး။

 

“ဌေးဌေးတို့အိမ်ဘက်မေးကြည့်ပါလား

အဲဒီအိမ်ဘက်မှာတစ်ခါတလေ

ရှိနေတတ်တယ်။

 

“ဟုတ်ဟုတ် မမမြင့်

ကျွန်မသွားမေးကြည့်လိုက်ဦးမယ်”

 

မရီလှလည်းမဌေးဌေးအိမ်ဘက်သို့

ထွက်လာခဲ့သည်။

 

“မဌေးဌေး နီတုတ်များမဌေးဌေး

တို့အိမ်ဘက်လာသေးလားမသိဘူး”

 

“အေးအဲဒီကိစ္စညည်းကိုငါပြောမလို့

မနက်ကညည်းယောက်ျား မင်းနိုင်

နီတုတ်ကိုကြိုးနဲ့ဆွဲပြီးခေါ်သွားတာ

တွေ့လိုက်တယ်။

ဘယ်ခေါ်သွားသလဲတော့ငါလဲမသိဘူး

ဧကန္တရောင်းစားဖို့ခေါ်သွားတာလား

မသိဘူး”

 

“တောက်…လူယုတ်မာ

ဒင်းငါ့အကြောင်းသိရသေးတာပေါ့

အခုလိုပြောပြတာကျေးဇူးပါ မဌေးဌေး

ဟိုသေနာပြန်လာလို့ကတော့

သေဖို့သာပြင်ပေတော့။

ငါ့သမီးလေးကိုဘာလုပ်ပစ်သလဲမသိဘူး

ရောင်းစားလို့ကတော့ အသေပဲ။

သွားပြီမဌေးဌေးရေ …”

 

“အေးအေး ညည်းယောက်ျားကို

ငါကပြောတာလို့မပြောနဲ့နော် ”

 

“စိတ်ချမပြောပါဘူး”

 

မရီလှလည်းဒေါကြီးမောကြီးဖြင့်

အိမ်သို့ပြန်လာခဲ့သည်။

အိမ်ကကုလားထိုင်ပေါ်၌ ဝါးရင်းတုတ်

တစ်ချောင်းကိုကိုင်ကာ ကိုမင်းနိုင်

ပြန်အလာကိုစောင့်နေလိုက်သည်။

 

နာရီဝက်ခန့်ကြာတော့

ဒယီးဒယိုင်ဖြင့်အိမ်ထဲဝင်လာသော

ကိုမင်းနိုင်အားမြင်လိုက်ရသည်။

 

“ကိုမင်းနိုင်…”

 

“ဟာ ဖြည်းဖြည်းအော်ပါမိန်းမရာ

လန့်တုန်သွားတာပဲ”

 

“သေနာကြီး နင်ငါ့သမီးနီတုတ်ကို

ဘာလုပ်ပစ်လိုက်တာလဲ ပြောစမ်း

ငါ့ကိုပြော။

 

“ငါ ငါ ဘာမှမလုပ်ပါဘူး

သူအိမ်မှာမနေချင်လို့ထွက်သွားတာ

ဖြစ်မှာပေါ့ဟာ။

 

“တော်တိတ် နင်မပလီနဲ့

နင်မနက်ကနီတုတ်ကိုကြိုးနဲ့ဆွဲခေါ်သွားတာအကုန်လုံးမြင်လိုက်ကြတယ်တဲ့။

ငါ့သမီးကိုနင်ဘာလုပ်လိုက်တာလဲ

မှန်မှန်ပြော မပြောရင်လက်ထဲက

ဝါးရင်းတုတ်စာမိမယ်နော်”

 

မရီလှကဝါးရင်းတုတ်ဖြင့်

ချိန်းခြောက်သဖြင့် နဂိုကတည်းကမိန်းမာကိုကြောက်ရ

သော ကိုမင်းနိုင်လည်း

အမှန်အတိုင်းဝန်ခံလိုက်သည်။

 

“ငါ ငါ ဘခက်ဆီမှာသွားရောင်းလိုက်တာပါ.

 

“ဘာ ဘာပြောတယ်

ဘခက်ဆီမှာသွားရောင်းတယ်ဟုတ်လား

 

“ဟုတ် ဟုတ်တယ် ငါအရက်ဖိုးမရှိလို့

ရောင်းလိုက်ရတာပါဟာ၊ငါ့ကိုခွင့်လွှတ်

ပါ။

 

“သေနာကောင် နီတုတ်က

ကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတာ

နင်မသိဘူးလား

ကျက်သတုံးကောင်ရဲ့။

နင်အဲလောက်တောင် ငတ်နေရင်လည်း

ကိုယ့်ဟာကိုရှာသောက်ပါလား။

အခုတော့ငါတယုတယမွေးထားတဲ့

ခွေးကိုမှနင်ကခွေးသတ်သမားဆီ

ရောင်းစားရတယ်လို့ သေပေတော့”

 

“ကဲဟယ်”

 

“ဒုတ်”

 

“အား…ကွဲပါပြီဗျာ”

 

မရီလှကကိုမင်းနိုင်၏

ခေါင်းအားဝါးရင်းတုတ်ဖြင့်ရိုက်ချ

လိုက်ရာကိုမင်းနိုင်ခေါင်းမှ

သွေးများဖျာကနဲစီးကျလာတော့သည်။

 

“သေ သေ နင့်ကိုဖြစ်နိုင်ရင်

အသေပါသ တ်ပစ်လိုက်ချင်တာ”

 

“ငါ့ခွေးမကိုရက်ရက်စက်စက်

သ တ်စားပစ်တဲ့ ဘခက်လည်း

ငါ့သမီးနီတုတ်လို အသေဆိုးနဲ့

ခွေးလိုသေပါစေ။

ခွေးဝိုင်းဆွဲလို့သေပါစေ၊သေပြီးတာတောင်မှနင့်အလောင်းကို

ခွေးဖော်စားတာခံရပါစေ!

 

မရီလှလည်းနာကျည်းစွာဖြင့်

ကိုဘခက်အပေါ်အားကျိန်စာတိုက်

လိုက်လေသည်။

 

=================

 

“အဟွတ် အဟွတ်အဟွတ်”

 

“အော့”

 

“ဝေါ့”

 

“ဟယ်သားဘခက်သွေးတွေ

အန်နေပါလား၊ကိုတင့်ရေ ကိုတင့်

လာပါဦး”

 

“ဘာဖြစ်တာလဲမခင်နွယ်”

 

“ဒီမှာလေရှင့်သားသွေးတွေအန်နေလို့

 

“သားဘခက် ဘယ်လိုနေသေးလဲ

 

“ရတယ် ရတယ်ဘာမှမဖြစ်ဘူး

 

“ခက်တာပဲ ဒီလိုညကြီးအချိန်မတော်မှ

ဖြစ်ရတယ်လို့သားရယ်၊ဘယ်ဆေးခန်း

မှလည်းသွားလို့မရတော့ဘူး။

 

“သားနေသာရဲ့လားကွာ

မင်းကြည့်ရတာမဟန်ဘူးနော်”

 

“အဟွတ် အဟွတ်”

 

“ဝေါ့”

 

“သွေးတွေကမနည်းမနောပါလား

ဒီအတိုင်းထားရင်သေတော့မှာပဲ။

တစ်ခုခုလုပ်ပါဦးကိုတင့်ရေ။

 

“ဘာမှမလုပ်နဲ့ ကျုပ်ဘာမှမဖြစ်ဘူး

 

“ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲသားရယ်

 

“ရပါတယ်ဆိုဗျာ သွားခင်ဗျားတို့

သွားအိပ်ကြတော့ ကျုပ်ဘာမှမဖြစ်ဘူး”

 

“သားရတယ်ဆိုရင်ပြီးတာပါပဲ

 

မိဘများလည်းလှည့်ကြည့်လှည့်ကြည့်

လုပ်ပြီးမှထွက်သွားကြသည်။

 

အသက်ပြင်းသည့်ကိုဘခက်လည်း

ဘာမှမဖြစ်တော့ပဲ အိပ်ရာထဲလှဲနေ

လိုက်သည်။

 

မနက်လင်းတော့ရွာမှကျန်းမာရေးမှူးကိုအိမ်သို့ပင့်ကာသားဖြစ်သူ၏

ကျန်းမာရေးအားပြသကြသည်။

 

“အင်း…အမှန်အတိုင်းပြောရရင်

လူနာရဲ့အသည်းကလုံးဝမကောင်း

တော့ဘူး။

အရက်ကိုလုံးဝမသောက်ဖို့ပြောပါရစေ

ထပ်သောက်မယ်ဆိုရင်တော့

မြန်မြန်အသက်တိုမှာပါပဲ”

 

“သားလေးကိုဆေးရုံပို့ပြီး

ကုလို့မရဘူးလားဆရာ”

 

“ရတာကရပါတယ်

ဒါပေမယ့်အသည်းကလုံးဝမကောင်းဘူး

ပျက်စီးနေပြီဗျ။

ဆေးရုံ့ပို့ပြီးကုသရင်လည်း

အရှင်းကြီးပြန်ကောင်းလာမှာတော့

မဟုတ်ဘူးခင်ဗျ။

အရက်ကိုလုံးဝထပ်မသောက်ဖို့ပဲ

အထူးမှာချင်ပါတယ် ”

 

“ပြောလို့လည်းမရပါဘူးဆရာရယ်

ကျွန်မတို့လည်းပြောဆိုဆုံးမနေတာပါပဲ

သူကိုကခေါင်းမာလွန်းတာဆရာရေ။

 

“ကျွန်တော်ပြောသလိုပဲ

အရက်ထပ်သောက်ရင်တော့

မြန်မြန်အသက်ဆုံးရှုံးစေမှာပါ။

ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး”

 

“ကျွန်တော်လိုက်ပို့ပါရစေဆရာ

 

ဦးတင့်ကကျန်းမာရေးမှူအား

လိုက်လံပို့ဆောင်ပေးလေသည်။

 

“သားဘခက် ဆရာပြောသွားတာ

ကြားတယ်မလား၊အရက်သောက်ရင်

မင်းအသက်မြန်မြန်သေလိမ့်မယ်။

ဒါကြောင့်အရက်ကိုဖြတ်လိုက်ပါတော့”

 

“ဒီအချိန်ရောက်မှဖြတ်လည်း

ကျုပ်ကသေတော့မှာပဲလေ။

ဆက်သောက်ရင်လည်းသေမှာပဲ

ဒီတော့သောက်မြဲအတိုင်းသောက်မှာပဲ

ကျုပ်ကတော့။

 

“ငါ့သားရယ် မင်းအမေ့ဘက်ကို

နည်းနည်းလောက်တောက်မတွေးမိ

ဘူးလား။

အမေ့မှာမင်းကိုဆုံးရှုံးမှာကြောက်လို့

ဘယ်လောက်ထိစိုးရိမ်နေရသလဲ

ဆိုတာမင်းမသိဘူးလား။

အမေ့ရင်တွေပူလောင်နေတာ

မင်းလုံးဝမသိဘူးလားဟမ်”

 

“ကျုပ်မသေခင်မှာ ကိုယ်ကြိုက်တာကို

လုပ်ခွင့်ပြုပါအမေ ”

 

ဒေါ်ခင်နွယ်လည်းသားဖြစ်သူ၏

နောက်ဆုံးဆန္ဒအားလိုက်လျောရန်

သာရှိတော့သည်။

မလိုက်လျော၍လည်းမရပေ

သားဖြစ်သူဟာမိဘစကားကိုနားထောင်

သည့်လူစားမဟုတ်ပေ။

ထို့ကြောင့်လက်ပိုက်ကြည့်နေရုံမှ

တပါးအခြားမရှိတော့ပေ။

 

================

 

တစ်နေ့ကိုဘခက်တစ်ယောက်

ညနေစောင်းအချိန်အိမ်မှထွက်ကာ

အရက်ဆိုင်သို့လာခဲ့သည်။

ကျန်းမာရေးကမကောင်းသဖြင့်

ခြေလှမ်းများကလေးလံနေပေသည်။

အရက်သောက်ချင်စိတ်ဖြင့်

အားတင်းကာအရက်ဆိုင်သို့ လာခဲ့သည်။

 

“စိန်မြင့်ရေ ”

 

အားအင်မရှိသောအသံလေးဖြင့်

ကိုစိန်မြင့်အားခေါ်လိုက်သည်။

 

“ဟာဘခက် မင်းဘာလာလုပ်တာလဲကွာ

ကျန်းမာရေးကလည်းကောင်းတာမှ

မဟုတ်ပဲ။

 

“ငါအရက်သောက်ချင်လို့ လာခဲ့တာ

ငါ့ကိုအရက်တစ်ပုလင်းပေးပါ”

 

“မသောက်ပါနဲ့တော့ ဘခက်ရာ

မင်းသောက်ရင်မြန်မြန်သေလိမ့်မယ်ကွ။

 

“သေသေကွာ

အခုတော့ငါအရက်အရမ်းသောက်ချင်

နေပြီငါ့စိတ်ကိုငါထိန်းလို့မရလို့ပါကွာ။

ငါ့ကိုအရက်တစ်ပုလင်းပေးပါ စိန်မြင့်”

 

“မင်းကပြောရင်ဘယ်တော့မှ

နားထောင်တဲ့ကောင်စားမဟုတ်ဘူး

ပေးမယ်ကွာပေးမယ် ခဏစောင့်ဦး

ဟုတ်ပြီလား။

 

“အေး”

 

ကိုစိန်မြင့်လည်းအိမ်ထဲဝင်ပြီး

မကြာခင်အရက်တစ်ပုလင်းအား

ယူလာခဲ့သည်။

 

“ရော့ဒီမှာ အရက် အိမ်ပြန်နိုင်ရဲ့လား

ဘခက် ငါပြန်လိုက်ပို့ရဦးမလား။

တောလမ်းကလူပြတ်တယ် ဘခက်ရ”

 

“ပြန်နိုင်ပါတယ် စိန်မြင့်ရာ

င့ါအတွက်မပူပါနဲ့ ”

 

“ပြန်နိုင်ရင်ပြီးတာပါပဲ

ဂရုစိုက်သွားဦး။

 

ကိုဘခက်ကခေါင်းညိတ်ပြပြီး

အရက်ဆိုင်ထဲမှထွက်လာခဲ့တော့

သည်။

အရက်ကိုအိမ်ရောက်သည်အထိ

မစောင့်နိုင်ပဲ တောလမ်း၌

အဖုံးဖွင့်ကာသောက်လိုက်သည်။

 

“အား,အခုမှပဲနေသာထိုင်သာရှိ

တော့တယ်ကွာ ။

 

“ဝုတ် ဝုတ် ဝုတ်”

 

“ဟဲ့ခွေး သွားစမ်း

ငါသတ်မိတော့မယ် သွားစမ်း”

 

လူပြတ်သည့်တောလမ်းထဲမှ

ခွေးတစ်ကောင်ကကိုဘခက်အား

အသည်းအသန်ထိုးပြီးဟောင်နေ

လေသည်။

ထိုစဉ်ရွာထဲမှခွေးတချို့လည်း

တောလမ်းမှခွေးဟောင်သံကြားသဖြင့်

အချင်းချင်းချိတ်ဆက်ထားကြသည့်

အလားရွာထဲမှ ပြေးထွက်လာကြပြီး

ကိုဘခက်အားဝိုင်းဟောင်ကြလေသည်။

 

“ဟိတ်ခွေးတွေသွားကြစမ်း

သွား ရှူ း ရှူး ”

 

“ဝုတ် ဝုတ် ဝုတ်”

 

လူပြတ်လှသည့်တောလမ်းတွင်မို့

ခွေးများအားမောင်းထုတ်ပေးမည့်သူ

မရှိပေ။

ကိုဘခက်တစ်ယောက်အားအင်ချိနဲ့

နေသည့်အချိန်မို့ ခွေးများအားနိုင်အောင်

မောင်းမထုတ်နိုင်ပေ။

 

“ဝုတ် ဂီး”

 

“အား…”

 

ခွေးတစ်ကောင်ကိုဘခက်၏

ခြေသလုံးအားအလစ်ဝင်ကာ

ကိုက်လိုက်လေသည်။

ကိုဘခက်လည်းနာကျင်လွန်း၍

အားကနဲအော်လိုက်မိသည်။

ကိုဘခက်၏ခြေသလုံး၌သွေးများက

ရဲရဲတောက်စီးကျနေပေသည်။

 

“ဝုတ် ဝုတ် ဝုတ်”

 

“ဝူး ဝူ ဝုတ် ဝုတ်”

 

“သွားကြစမ်း သွားကြ

ငါကျန်းမာရေးမကောင်းတုန်းမလို့

မင်းတို့ကိုငါမသတ်နိုင်တာ။

သွားစမ်းခွေးစုတ်တွေ ”

 

“ဝုတ်”

 

“ဂီး ဂီး”

 

ခွေးများကအစွယ်များထုတ်ကာ

မာန်ဖီနေကြလေသည်။

ကိုဘခက်လည်းမြေပြင်၌ လဲကျနေရင်း

လက်တို့ဖြင့်အကြောက်အကန်

ခြောက်လှန့်နေတော့သည်။

 

“မလာနဲ့သွားကြ သွားကြ”

 

“ဝုတ် ဝုတ်”

 

“အား,အား”

 

ခွေးများကကိုဘခက်အား

အငြိုးကြီးစွာဖြင့်ဝိုင်းကိုက်ကြတော့သည်

ကိုဘခက်၏လက်များ၊ခြေထောက်များအား အားပါးတရကိုက်ဖြတ်ကြလေသည်။

ခွေးတစ်ကောင်ကကိုဘခက်၏

နားရွက်အားကိုက်ဆွဲလိုက်ရာ

နားရွက်အရင်းမှပြတ်ထွက်သွားလေ

သည်။

ကိုဘခက်တစ်ယောက်လည်း

တကိုယ်လုံးသွေးချင်းချင်းနီရဲနေသည်။

 

“ဂီး ”

 

“အ…အု အု”

 

ခွေးတစ်ကောင်ကကိုဘခက်၏

ငယ်ပါအားကိုက်ဖျက်ပစ်လေသည်။

ကျန်သည့်ခွေးများကကိုဘခက်၏

လည်မျိုအားဝိုင်းဝန်းကိုက်ဖြတ်ကြ

လေသည်။

 

ကိုဘခက်တစ်ယောက် လောကငရဲအား

အရှင်လတ်လတ်ခံရပြီးမှသေဆုံးသွားရ

လေသည်။

 

==================

 

“မခင်နွယ် မင့်သားနောက်ကျလှချေလား

အခုထိပြန်မလာသေးဘူး”

 

“ဟုတ်ပါ့တော်

ဘာတွေလုပ်နေလဲမသိဘူး ဒီကောင်လေး အရက်ဆိုင်မှာများ

အိပ်နေရော့သလား”

 

“တစ်ခါမှတော့အရက်ဆိုင်မှာ

မအိပ်ဖူးဘူး မင့်သားက၊လမ်းတစ်နေ

ရာရာမှမူးပြီးခွေလဲကျနေသလား

မသိဘူး။

 

“ရှင်နဲ့ကျွန်မလိုက်ကြည့်ကြမလား”

 

“အေးကွာ

ပြန်မလာသေးတာချင်းအတူတူတော့

လိုက်ကြည့်ကြတာပေါ့ကွာ။

 

ဦးတင့်နှင့်ဒေါ်ခင်နွယ်လည်း

ဓာတ်မီးတစ်လက်စီကိုယ်စီ

ကိုင်ကာအိမ်မှထွက်လာခဲ့ကြသည်။

 

“မိဘဆိုတော့လည်း

သားသမီးကောင်းတာမကောင်းတာ

အပထား၊သူတို့ကိုချစ်တော့ စိုးရိမ်ပူပန်နေရတာတော့ အမှန်ပဲ

မခင်နွယ်။

 

“ကျွန်မလည်းထို့အတူပါပဲရှင်

သားလေးကအလိုလိုက်ခံခဲ့ရတော့

ဘယ်လောက်ဆိုးဆိုး မိဘဆိုတော့

သည်းခံခွင့်လွှတ်ပြီးချစ်နေရတာပါပဲရှင်။

 

လင်မယားနှစ်ယောက် စကားတပြောပြောနှင့်လျှောက်လာခဲ့

ကြသည်။

 

“ဟင်ဟိုရှေ့မှာ လဲကျနေတာ

ဘယ်သူများပါလိမ့် ”

 

ဦးတင့်လည်းဓာတ်မီးဖြင့်အနီးကပ်

ထိုးပြီးကြည့်လိုက်ရာ……………

 

“ဟာ သား”

 

“သားလေး သားလေး တကိုယ်လုံးလည်း

စုတ်ပြတ်သက်လို့ပါလား။

ကိုတင့်သားလေးကိုစမ်းကြည့်ပါဦး

အသက်များရှိသေးရဲ့လားလို့ ”

 

ဦးတင့်လည်း သားဖြစ်သူဘခက်၏

နှာခေါင်းအားလက်ဖြင့်စမ်းသပ်

ကြည့်လိုက်သည်။

 

“ဟင်…သားအသက်မရှိတော့ဘူး

မခင်နွယ်…”

 

“ရှင်…ဖြစ်မှဖြစ်ရလေ သားရယ်”

 

အီးဟီးဟီး

 

“ငါတို့သားကို အစွယ်ပါတဲ့အကောင်တွေ

ဝိုင်းပြီးကိုက်ကြပုံပဲ၊တကိုယ်လုံးကိုက်ရာ

တွေနဲ့သေနေတာကွ။

 

“သားလေးအလောင်းကိုအိမ်ပြန်ပြီး

သယ်ရအောင်ကိုတင့်”

 

“ဖြစ်မှဖြစ်ရလေ ငါ့သားရာ

မင်းဘဝကဆိုးလိုက်ပါဘိ။

 

ဦးတင့်လည်းသားဖြစ်သူအလောင်းအား

မချီရင်းမျက်ရည်များကျဆင်းလာရ

သည်။

ကိုဘခက်၏အလောင်းမှာ လူရုပ်ပင်

မပေါ်တော့အောင်စုတ်ပြတ်သက်နေ

သည်။

 

ကိုဘခက်သေဆုံးသည့်ညတွင်

တစ်ညလုံးခွေးများထိုးအူကြလေ

သည်။

ကိုဘခက်သေဆုံးသွားသည်ကို

ခွေးများကဝမ်းသာနေသည့်အလား

အမြှီးများနှံ့ကာဆွဲဆွဲငင်ငင်အူနေကြ

တော့သည်။

 

“ဘခက်သေပြီတဲ့ မိရီလှ”

 

“ဟင်ဟုတ်လား မဌေး

ဘာလို့သေတာလဲ မဌေး”

 

“မနေ့ညကအရက်ဆိုင်ကအပြန်

တောလမ်းမှာခွေးတွေဝိုင်းကိုက်

တာတဲ့၊နဂိုကတည်းကရောဂါအခံ

ရှိတာရောခွေးတွေဝိုင်းကိုက်တာရော

ကြောင့်အသေဆိုးနဲ့သေသွားတာအေ့။

ခွေးတွေကသူ့ငယ်ပါကိုပါ ကိုက်ဖြတ်သွားတာတဲ့ ညည်းပဲစဉ်းစားကြည့်လေ ခွေးတွေကို

ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တော့

ခွေးတွေကသူ့ကိုမြင်တာနဲ့မုန်းနေကြ

တာလေ။

ပြန်မလုပ်နိုင်တဲ့နေ့ရောက်တော့

ဟောကြည့် အခုသူပြန်ခံလိုက်ရပြီလေ

ဝဋ်ကနောင်ဘဝတောင်မကူးလိုက်ဘူး

သူခံလိုက်ရတာ……”

 

“ကောင်းတယ် ကောင်းတယ်

ဒီလိုလူမျိုးဒီလိုပဲသေသင့်တယ်

ငါ့သမီးလေးကိုဗိုက်ကြီးကြီးနဲ့တောင်

မသနားပဲရက်ရက်စက်စက်

သတ်ပစ်တဲ့အကောင်အခုတော့

ဘယ့်နှယ့်ရှိစဝမ်းသာလိုက်တာ မဌေးရယ် ”

 

“ညည်းတင်မဟုတ်ဘူး

သူသေလို့သနားမဲ့သူ ၅ယောက်တောင်

မပြည့်ဘူး။

သူ့မိဘတွေကလွဲရင်ပေါ့”

 

“သူ့မိဘတွေလည်းဝဋ်ကျွတ်တာပေါ့

အလုပ်မရှိအကိုင်မရှိ မိဘပိုက်ဆံ

သုံးဖြုန်းပြီးသောက်စားသတ်ဖြတ်နေတဲ့

အကောင်လူ့ပြည်မှာမရှိသင့်ဘူး။

 

“အမှန်ပဲ မွေးကိုမွေးမလာသင့်တာပါအေ”

 

ရပ်ထဲရွာထဲမှ ကိုဘခက်အား

သနားသည့်သူမရှိလောက်အောင်

ကိုဘခက်သေဆုံးခြင်းအား

ဝမ်းသာနေကြလေသည်။

 

ညနေသုံးနာရီခန့် ကိုဘခက်နာရေးအားရွာထဲမှ

လူများကလိုက်လံပို့ဆောင်ကြလေ

သည်။

ဘခက်အားသနား၍လိုက်ပို့ကြသည်

တော့မဟုတ်ပေ၊မိဘနှစ်ပါး၏

မျက်နှာကြောင့်သာနာရေးအား

လိုက်လံပို့ဆောင်ကြခြင်းဖြစ်သည်။

 

ကိုဘခက်အားမြေမြှုပ်သင်္ဂြိုလ်တော့

ကိုဘခက်၏မိခင်လည်း သားဖြစ်သူအတွက် ယူကျုံးမရဖြစ်ကာ

ငိုကြွေးနေလေသည်။

ဖခင်ဖြစ်သူဦးတင့်ကတော့ အပူလုံးကို

ရင်ထဲမှာမြိုသိပ်ကာဖုံးဖိထားလေသည်။

 

မြေမြှုပ်ပြီးသည်နှင့်နာရေးအား

လိုက်ပို့ကြသည့်လူများအသျှိုသျှို

ပြန်သွားကြလေသည်။

သုဘရာဇာနှင့်ကိုဘခက်၏

မိဘနှစ်ပါးသာကျန်ခဲ့လေသည်။

 

ဦးတင့်လည်းဇနီးသည်အား

ဖြောင်းဖျပြောဆိုပြီး သုသာန်အတွင်းမှ

ပြန်ထွက်လာခဲ့ကြသည်။

 

နောက်တစ်နေ့မနက်ရောက်တော့

 

“ဦးတင့်ရေ ဦးတင့်”

 

“သုဘရာဇာကြီးပါလား

ဘာလာလုပ်တာလဲဗျာ,

ခင်ဗျားရွာထဲဝင်လာလို့ အပြောခံနေရပါဦးမယ်…”

 

“အရေးကြီးလို့လာပြောတာဗျ

ခင် ခင်ဗျားသား ဘခက် အလောင်းကို

မနေ့ညကခွေးတွေဝိုင်းတူးပြီး

စားပစ်လိုက်ကြတယ်ဗျ။

 

“ဘာ…”

 

“ရှင်…သားလေးအလောင်းကို

ခွေးတွေတူးဖော်ပြီးစားပစ်တယ်

ဟုတ်လား။

 

“ဟုတ်ပါတယ် ဒေါ်ခင်နွယ်

ကျုပ်လည်းခွေးတွေကိုခြောက်ပါသေး

တယ်။

ဒါပေမယ့်အကောင်ရေက မနည်းဘူးဗျ

အနည်းဆုံးအကောင်၃၀လောက်ရှိမယ်,

ကျုပ်ဘယ်လိုခြောက်ခြောက်

ဘခက်အလောင်းကိုတူးပြီးအရိုးပါမကျန်စားသွားကြတယ်ဗျာ။

ကျုပ်အံ့သြနေတာဗျာ

ဒီလောက်အခေါင်းရိုက်ထားပြီး

သေချာမြှုပ်ထားတာကို ဒီကောင်တွေ

တူးဖောက်ပြီးစားပစ်နိုင်ကြတယ်ဗျ။

 

“အင်း…အခုလိုလာပြောပြလို့

ကျေးဇူးပါပဲ သုဘရာဇာကြီးရယ်

သူပြုခဲ့တဲ့ကံတွေက သူ့နောက်ကို

လိုက်လာကြတယ်လို့ပဲသတ်မှတ်

ပါတယ်။

 

“သားလေးရယ် မင်းလုပ်ခဲ့တဲ့

လုပ်ရက်တွေကမင်းကိုဒဏ်ခက်

သွားလေရော့သလားကွယ်။

အီးဟီးဟီး

 

ခွေးသားကြိုက်သည့်

ကိုဘခက်၏အကြောင်းအား

တစ်ရွာလုံးပြောမဆုံးနိုင်အောင်

ဖြစ်ခဲ့ရတော့သည်။

သက်ရောက်မှုတိုင်းအတွက်

တန်ပြန်သက်ရောက်ခြင်းဆိုတဲ့

စကားဟာကိုဘခက်အတွက်ပင်

ထားခဲ့လေရော့သလား,

 

{ပြီးပါပြီ}အောင်ဓူဝံ

ဇာတ်လမ်းလေးအား ကြိုက်ပါက

လက်မလေးတွေနှိပ်ပြီး အားပေးပါ။

စာဖတ်သူ၏Likeတစ်ချက်ဟာ

စာရေးသူအတွက် ခွန်အားပါ။

 

#အောင်ဓူဝံ