ငပြေမရွာက မိန်းကလေးငယ်

ငပြေမရွာက မိန်းကလေးငယ်(စ/ဆုံး)

——————————-

နယ်မှာရှိတဲ့ ဆရာကြီး ဦးသန်းဖေက ဖုန်းဆက်ပြီး ပြောပါတယ် ..

ကလေးမလေးတစ်ယောက် စိတ်ဖောက်ပြီး သောင်းကျန်းနေလို့ ဆရာမဆီ ခေါ်လာပါရစေတဲ့ …

ဦးသန်းဖေ ကုကြည့်ဦးလေ .. လို့ပြောတော့ ..

“မရဘူး ဆရာမ .. ကလေးက သိပ်သောင်းကျန်းနေလို့ ကျွန်တော်လည်း ဆက်ပြီး မကုချင်တော့ဘူး ဒါကြောင့် မနက် သူတို့ကို ကျွန်တော် ခေါ်လာခဲ့တော့မယ် ဆရာမကုပေးပါ” လို့ တောင်းဆိုပါတယ် ..

 

ဆရာမလည်း “သိပ်ဆိုးနေလို့ ဦးသန်းဖေ မကုချင်တော့ဘူးဆိုလည်း ခေါ်လာခဲ့ပေါ့” လို့ပြောလိုက်တယ် ..

 

နောက်နေ့ ခပ်စောစောပဲ ရောက်လာကြပါတယ် ..

ဆရာမလက်ခံတာနဲ့ ညသင်္ဘောစီးပြီး လိုက်လာကြတာတဲ့ ..

 

ကောင်မလေးကို ကြည့်လိုက်တော့ တော်တော်ငယ်ငယ်လေးပါ ..

ငါးတန်းခြောက်တန်းအရွယ်လောက်ကလေး ..

ပိန်ပိန်ပါးပါးလေးနဲ့ ရုပ်ကလေးလည်း တော်တော် ချောချောလေး ..

သူ့မိဘနဲ့ အမျိုးတွေ အုပ်လိုက်ပါလာကြတယ် ..

 

ကလေးက သောင်းကျန်းတော့ မနိုင်မှာစိုးလို့ လိုက်လာကြတာပါတဲ့ ..

ရွာမှာဆို သူတစ်ခါတစ်ခါ သောင်းကျန်းရင် လူလေးငါးယောက် ဝိုင်းချုပ်တာမနိုင်ဘူးတဲ့ ..

ဆရာမက ဘယ်ကနေ ဘယ်လိုစဖြစ်တာလဲလို့မေးတော့ ..

 

“ရွာထဲမှာ နာမည်ကြီးတဲ့ ပညာသယ်မိန်းမနဲ့ ကလေးနဲ့ စကားပြော အဆင်မပြေဖြစ်ပြီး နောက်နေ့မနက်ကစပြီး ကလေးက စိတ်ဖောက်တော့တာပဲ” ..

ဘယ်လိုတွေ ဖောက်တာလဲဆိုတော့ ..

အော်ဟစ်သောင်းကျန်းတယ် ..

ရွာလမ်းပေါ်လျှောက်ပြေးတယ် ..

“တစ်ခါတစ်ခါ သောင်းကျန်းရင် ကလေးပေမယ့် အရမ်းကြမ်းတယ် ဆရာမ” လို့ရှင်းပြပါတယ် ..

 

ဆရာမက ကလေးကိုပဲ ဝင်ခိုင်းပြီး စစ်လိုက်တယ် ..

အားလုံးသိအောင်လို့ပါ ..

ကလေးကိုဝင်ပူးပြီးတော့ “မကျေနပ်လို့လုပ်တာ” လို့ပြောပါတယ် ..

ဘာကိုမကျေနပ်တာလဲ လို့ မေးတော့ ..

“သူ့ကို မခြေမငံပြန်ပြောတဲ့အတွက်ကြောင့် လုပ်တာ”

ဆရာမက “သေချာလို့လား” လို့ ပြန်မေးတော့ ..

“သေချာတယ် .. မိုက်ရိုင်းလို့လုပ်တာပဲ” ဆိုပြီး ပြန်ဖြေပါတယ် ..

 

ဆရာကြီးဦးသန်းဖေရော .. လိုက်ပါလာတဲ့ သူ့မိသားစုတွေ အားလုံးရော အားလုံးငြိမ်ပြီး ကြည့်နေကြတယ် ..

 

ဆရာမက “နင်ဟာ အမှန်မပြောဘဲ ငါ့ကို လာလိမ်နေပါလား” ဆိုတော့ ..

“မလိမ်ပါဘူး .. အမှန်ပြောတာ” တဲ့ ..

 

“နင်ဟာ ကလေးနဲ့ စကားပြော အဆင်မပြေတဲ့ ပညာသယ်ဟန်ဆောင်ပြီး ငါ့ကိုလာလိမ်နေတယ် .. တကယ်က ဟိုက ဘာမှလုပ်တာ မဟုတ်ဘဲ နင်က အဲ့မိန်းမ လုပ်သလိုပုံဖမ်းပြီး ရွာမှာရှိတဲ့ လူတွေရော .. ငါ့ကိုရော …. လာလိမ်နေပါလား .. နင်လိမ်တာ ငါမသိဘူး ထင်နေလား .. နင်ဟာ ပညာသယ် မိန်းမ မဟုတ်ဘဲ ယောကျ်ားကြီးလေ ..

နင် လူ့ဘဝတုန်းက ဆရာတစ်ယောက် ဖြစ်တာရယ် .. ဆရာဘဝ ကိုယ်ဆေးကုပေးတဲ့သူများမယားကို စော်ကားတာကမစ ငါသိတယ် .. ဟုတ်လား မဟုတ်ဘူးလား .. ပြော” လို့ဆိုတော့ ..

 

“ဟုတ်ပါတယ်” ..

 

“နင်ဟာ အသားဖြူဖြူ ပုပု ဝဝ ဗိုက်ပူပူနဲ့လေ .. အဲ့လိုတွေ နင့်ဘဝဖြစ်ခဲ့တော့ အခုဘဝပြောင်းတော့ သူရောင်ကြီး ဖြစ်နေတာ အားလုံး နင်ဝန်ခံမလား” ဆိုတော့ …

 

“ဝန်ခံပါတယ်” တဲ့ .

 

“အခုလည်း သူများ သမီးငယ်ငယ် နုနုထွဋ်ထွဋ်လေးကို နင်နှာဘူးထဖို့ ကြံစည်ပြန်ပြီ .. ပညာသယ်မိန်းမ ဟန်ဆောင်ပြီး မိန်းကလေးကို ဒုက္ခပေးဖို့ ကြံစည်တယ်ဆိုတာ ငါကောင်းကောင်းသိတယ် .. နင့်အပြစ်နင်သိလား” လို့ပြောတော့ ..

 

“သိပါတယ်” လို့ဖြေပါတယ် ..

 

“နင်သိရင် ကိုယ့်ဖာသာကိုယ် ကိုယ့်လမ်းကိုယ်သွားမလား .. ငါလုပ်ရမလား” ဆိုတော့ ..

 

“ကိုယ့်ဖာသာကိုယ် သွားပါမယ် မရှုပ်တော့ပါဘူး” လို့ ပြောပါတယ် ..

 

“ကိုင်း ဒါဆို နောက်နောင် မရှုပ်တော့ပါဘူးလို့ ကတိပေး သစ္စာရေ သောက်” ဆိုတော့ ..

 

“သောက်ပါ့မယ်” လို့ပြောပြီး ကတိပေး သစ္စာရေသောက်ပြီး ထွက်သွားပါတယ် ..

 

သူလည်း ထွက်သွားရော .. ကလေးမလေးဟာ ရက်အတော်ကြာကြာ နေ့မအိပ် ညမအိပ်တဲ့ ဒဏ်တွေကြောင့် .. ပုံရက်သား လဲသွားတော့တယ် ..

 

ဆရာမလည်း သူ့ကို သတိရအောင်လုပ်ပေးပြီး နွမ်းဖက်နေတဲ့သူ့ကို ရေမိုးချိုးခိုင်းပြီး ရေမန်းတိုက် ..

သူ့ကိုလည်း နောက်လာမရှုပ်နိုင်အောင် အကာအကွယ်တွေ လုပ်ပေးပြီး လှဲနေခိုင်းလိုက်ပါတယ် ..

 

မိဘတွေကိုလည်း ကလေးကို ဘုရားတရား များများလုပ်ခိုင်းဖို့ တိုက်တွန်းပေးရမယ်လို့ မှာရပါတယ် ..

သူ့မိဘတွေက သူလုပ်တယ် .. ကလေးကဉာဏ်အရမ်းကောင်းတာတဲ့ ..

အဘိဓမ္မာတွေ ဘာတွေလည်း တက်တယ် ..

အဘိဓမ္မာစာမေးပွဲတွေလည်း ဝင်ဖြေတာ အောင်တယ် .. ဆုတွေတောင် ရသေးတယ် လို့ပြောပါတယ် ..

 

ဆရာမက “ကောင်းပါတယ် .. အဘိဓမ္မာ တက်ထားတော့ တရားရဲ့ သဘောတရားတွေ သိတာပေါ့ .. ဆရာမတို့လည်း သင်တန်းတွေတက်ပါတယ် ..

အခုပြောနေတာက အားထုတ်ခိုင်းတာလေ .. စာသိ သိတာက သိတာပဲ .. ကိုယ့်ကိုယ်တိုင်အားထုတ်တာက အားထုတ်တာပဲ .. တကယ်အားထုတ်ဖို့ကို ပြောနေတာပါ .. ကလေးက စာသိတော့ရှိတယ် .. အားမထုတ်ဘူး …

ဘုရားတရား မလုပ် သရဏဂုံလေးမှ မတည်နိုင်ရင်တော့ ဒီလိုအကောင်တွေက အလွယ်တကူ ဝင်ရောက် နှောက်ယှက်တော့ ခံရတာပေါ့” လို့ ရှင်းပြရပါတယ် ..

 

လောကမှာ ငါစာသိပ်တတ်တယ် ..

ငါသိတယ် ဆိုပြီးလည်း ဘဝင်လေးတော့ မမြင့်လိုက်ကြပါနဲ့ ..

 

အားမထုတ်ရင် ဒါမျိုးလေးတွေလည်း ရှိတတ်ပါတယ် ..

ကြိုးစားအားထုတ်နိုင်ကြပါစေ ..

 

#အကြားအမြင်ဆရာမကြီးဒေါ်ထားထားလွင်

#အဘအောင်မင်းခေါင်အဖွဲ့

#ငပြေမရွာကမိန်းကလေးငယ်