ငဝန်မြစ်ထဲက ကဝေရုပ်

ငဝန်မြစ်ထဲက ကဝေရုပ် (စဆုံး)

—————————-

အချိန်အားဖြင့် ၁၉၉၇ ခုနစ်ခန့်၊ မြစ်ဝကျွန်းပေါ်တစ်နေရာတွင်ဖြစ်သည်။ ငဝန်မြစ်နံဘေးတွင် ရေလဲ၊ ဥသျှစ်ကုန်း၊ သောင်စု စသည့်ကျေးရွာကလေးများမှာ အစီအရီတည်ရှိနေကြသည်။ ကိုအောင်မောင်းမှာ ရေလဲရွာသားတစ်ဦးဖြစ်သည်။ ငဝန်မြစ်အတွင်း တံငါအလုပ်နှင့်အသက်မွေးလုပ်ကိုင်နေထိုင်နေသူတစ်ဦးဖြစ်သည့်အလျှောက် မနက်မိုးမလင်းမီပင် အိမ်မှလှေကလေးတစ်စီးဖြင့်ထွက်လာခဲ့လေသည်။

“အဖေရေ၊ သားလည်းလိုက်မယ်”

“အေးသားရေ၊ လိုက်ချင်ရင်လိုက်ခဲ့လေကွာ”

ဆယ်နှစ်အရွယ်သားဖြစ်သူ အောင်အောင်ကလည်း လိုက်ချင်သည်ဆိုသဖြင့်ခေါ်လာခဲ့ရသည်။ သားအဖနှစ်ယောက် ငဝန်မြစ်အတွင်းရောက်သည့်အခါ နံနက်ရောင်နီပျိုးစပြုနေပြီဖြစ်သည်။ ကိုအောင်မောင်းက လှေပေါ်တွင်ဖန်မီးအိမ်တစ်လုံးထွန်းလိုက်ပြီးနောက် ညအချိန်က ချထားခဲ့သည့်ပိုက်တန်းများဖော်ရန်အတွက် လှော်ခတ်လာခဲ့လေသည်။ ပိုက်တန်းများချထားသည့် နေရာရောက်သည့်အခါ လှေငယ်ကိုအသာကပ်ပြီး ပိုက်တန်းကိုအသေအချာစစ်ဆေးကာ ပိုက်ဖော်တော့သည်။ မြစ်ရိုးတစ်လျှောက် ကျက်စားကြသည့် ရေချိုငါးများမှာ ပိုက်တန်းတွင်ငြိနေကြလေရာ ကိုအောင်မောင်းက ပိုက်ကိုအသာဆွဲတင်ပြီး လှေဝမ်းထဲသို့ချပေးရသည်။ သားဖြစ်သူ အောင်အောင်မှာ ပိုက်တန်းတွင်ငြိနေသော ငါးများအား အလျှင်အမြန်ဖြုတ်ကာ ပုံးကြီးတစ်လုံးအတွင်းသို့ ထိုးထည့်ရလေသည်။

ယနေ့တော့ ကိုအောင်မောင်းစိတ်တိုင်းမကျဖြစ်နေရသည်။ ပိုက်တန်းသုံးတန်းဖော်ပြီးသည်အထိ ငါးများများစားစားမရသေးပေ၊ ပိုက်ဖော်ရင်း လက်နှင့်ရေက အမြဲထိတွေ့နေရသဖြင့် ကိုအောင်မောင်းလက်တွေအေးစက်လာခဲ့သည်။ ခါးပုံစကြားတွင်ညှပ်ထားသည့် ဆေးပေါ့လိပ်ကိုထုတ်လိုက်ပြီး ပါးစပ်တွင်တပ်လိုက်သည်။ မြစ်ပြင်ကိုတစ်ချက်ကြည့်လျှက်

“တောက်၊ ဒီငါးတွေ ဘယ်သွားသေနေသလဲမသိပါဘူး”

ကိုအောင်မောင်းက စိတ်ညစ်ညစ်နှင့်ရေရွတ်လိုက်ပြီး ခါးပုံစအတွင်းမှ မီးခြစ်ကိုထုတ်ကာ ခြစ်လိုက်သည်။ သို့သော် မီးခြစ်က တချက်နှစ်ချက်ခတ်၍ မီးမတောက်ပေ၊ ကိုအောင်မောင်းလည်း မီးခြစ်အားလှေနံရံဖြင့် တဒေါက်ဒေါက်ခေါက်လိုက်ပြီး ထပ်မံခြစ်သည်။ ဂတ်စ်ကုန်နေသည့် မီးခြစ်က မီးမတောက်တော့ပေ၊ ကိုအောင်မောင်းလည်း စိတ်ညစ်ညစ်နှင့် မီးခြစ်အားရေထဲလွှင့်ပစ်လိုက်တော့သည်။

“တောက်၊ ဒီမီးခြစ်ကတမျိုး”

“ဟာ၊ အဖေ၊ မီးခြစ်ကိုဘာလို့လွှင့်ပစ်လိုက်တာလဲ”

“မင့်မီးခြစ်က မီးမှမတောက်ပဲကွ”

“ဟာဗျာ၊ မီးမတောက်တာက ဂတ်ဆီကုန်နေလို့နေမှာဗျ၊ ဂတ်ဆီထည့်ရင် ခြစ်လို့ရမှာပါ၊ အဖေအခုလိုလွှင့်ပစ်လိုက်တော့ မီးခြစ်အသစ်ထပ်ဝယ်ရတော့မှာပေါ့”

“ဝယ်ဝယ်ပေါ့ကွာ”

“အမေကတော့ အဖေလွှင့်ပစ်လိုက်တာသိရင် ပြောတော့မှာပဲ၊ ဂတ်ဆီဖြည့်ရင် နှစ်ဆယ်ဖိုးဆိုရင် တစ်လလောက်သုံးရတယ်အဖေရ၊ မီးခြစ်က တစ်လုံးတစ်ရာ့ငါးဆယ်၊ နှစ်ရာရှိတယ်မဟုတ်လား”

သားဖြစ်သူပြောတော့မှ ကိုအောင်မောင်း မီးခြစ်လွှင့်ပစ်လိုက်သည်ကိုပင် နှမြောချင်ချင်ဖြစ်သွားသည်။ သို့နှင့် မီးမရှိသော ဆေးပေါ့လိပ်ကို ပါးစပ်တွင်ငုံခဲလိုက်ကာ

“ကဲလာကွာသားရာ၊ နောက်ဆုံးပိုက်တန်းသွားဖော်မယ်၊ အဲဒီမှာတော့ ငါးကောင်းကောင်းရမယ်ထင်ပါရဲ့ကွာ”

သားအဖနှစ်ယောက်မြစ်ရိုးအတိုင်းဆန်တက်လာခဲ့သည်။ မြစ်ကွေ့တစ်နေရာအရောက်တွင် မြစ်အတွင်းစီးဝင်နေသည့် မြစ်လက်တက်ကလေးအတွင်းသို့ဝင်သွားလိုက်သည်။ ထိုမြစ်လက်တက်နေရာသည် မြစ်ဆုံသဘောဖြစ်နေသဖြင့် ရေစီးကြမ်းကာ သောင်ထွန်းနေလေသည်၊ ထိုသောင်တွင်ငါးများတင်ကျန်နေလေ့ရှိသဖြင့် ကိုအောင်မောင်းက ငါးပိုက်တန်းချထားခြင်းဖြစ်သည်။ ထုံးစံအတိုင်းပိုက်တန်းဆီရောက်သောအခါ ကိုအောင်မောင်းက ပိုက်တန်းအားဆွဲတင်ပေးပြီး အောင်အောင်က ငါးဖြုတ်လေသည်။ မနက်ခင်းနေထွက်တော့မည်ဖြစ်သဖြင့်ကောင်းကင်တစ်ခုလုံး လင်းချင်းနေလေသည်။ ယခုပိုက်တန်းတွင်လည်း ငါးများများစားစားမမိပေ။

“အဖေရေ၊ အဖေ”

အောင်အောင်မှအလန့်တကြားအော်ဟစ်လိုက်သဖြင့် ပိုက်တန်းဖော်နေသည့် ကိုအောင်မောင်းပင် ထိတ်လန့်တကြားဖြစ်သွားရသည်။

“ဘာဖြစ်တာတုန်းသားရ”

“ဒီ၊ ဒီမှာ အရုပ်ကလေးတစ်ရုပ်ဗျ”

“အရုပ်ပါလာတာများ အဆန်းတကြယ်လုပ်လို့သားရယ်၊ မြစ်ထဲမြောလာတာဖြစ်မှာပေါ့”

“သားလိုချင်တယ်၊ ဒီအရုပ်ကိုသားယူမယ်နော်အဖေ”

ကိုအောင်မောင်းစိတ်ထဲတွေဝေသွားမိသည်။ တံငါသည်များ၏ ဆိုစကားအရ မြစ်အတွင်းမြောပါလာသည့်အရာများအနက် အရုပ်များ၊ အင်းအိုင်များကို ယူလေ့မရှိကြပေ၊ မြစ်ထဲပါလျှင် မြစ်ထဲကိုသာ ပြန်မျှောချရလေ့ရှိသည်။

“ပြစမ်းသား”

အောင်အောင်က အရုပ်ကလေးကိုလာပြသည်။ အရုပ်မှာ သစ်သားတစ်မျိုးဖြင့်ထွင်းထုထားခြင်းဖြစ်သည်။ အရုပ်တစ်ခုလုံးအနက်ရောင်ရှိကာ ရေတိုက်စားခံရသဖြင့် လူပုံမသဲကွဲတော့ပေ၊ အရုပ်ပုံစံမှာ လူတစ်ယောက်ဆောင့််ကြောင့်ထိုင်ကာ ဓါးထမ်းထားသည့်ပုံစံမျိုးဖြစ်သည်။ အရုပ်မှာ နှစ်လက်မ၊ သုံးလက်မခန့်သာရှိသည်။

“ပြန်မျှောလိုက်ပါသားရယ်”

“ပေးပေး၊ သားခဏကြည့်လိုက်အုံးမယ်အဖေ”

အောင်အောင်က အရုပ်ကိုပြန်ယူသွားသည်။ ကိုအောင်မောင်းလည်း ငါးဖမ်းမကောင်းသဖြင့် စိတ်ညစ်လျှက်ရှိသည်။ ငါးက သုံးပိဿပင်မရပေ၊ ထိုမျှမက ငါးမှာအကောင်သေးသေးမွှားမွှားကလေးများသာဖြစ်လေရာ သွားရောင်းပြန်လျှင်လည်း ဈေးရမည်မဟုတ်ပေ၊ ကိုအောင်မောင်းလည်း လှေကိုစိတ်ပျက်စွာဖြင့် အိမ်သို့လှော်ခတ်ခဲ့လေသည်။

(၂)

“ရှင့်ငါးက ဒါပဲလား ကိုအောင်မောင်း”

အိမ်ရောက်သည်နှင့် ဇနီးသည်ဖြစ်သူနှင့် စကားများရန်ဖြစ်ရတော့သည်။

“ရှင့်ငါးလို့မပြောနဲ့လေ၊ ငါက ငါးမှမဟုတ်တာကွ၊ မြစ်ထဲကငါးပဲ၊ ကံပါသလောက်ရမှာပေါ့ကွာ”

“ရှင်ကအမြဲတမ်းဒီလိုပဲပြောနေတာပဲ၊ ကိုသိန်းဇံတို့ဆိုရင် တစ်နေ့တစ်နေ့ ငါးကို ခြောက်ပိဿ၊ ဆယ်ပိဿအမြဲတမ်းရအောင်ရှာနိုင်တယ်၊ အခုတော့ ရှင်ရှာလာတာက သုံးပိဿတောင်မပြည့်ဘူး၊ ငါ့ပုံစံကြည့်တော့လည်း သေးသေးမွှားမွှားလေးတွေချည်းပဲ”

ကိုအောင်မောင်းဒေါသပေါက်ကွဲလာသည်။

“ဟဲ့၊ ငါကနင့်လင်၊ သိန်းဇံက နင့်လင်မဟုတ်ဘူး၊ နင်ဒီလောက်သိန်းဇံကိုကြိုက်နေရင် အစကတည်းက သိန်းဇံကိုယူလိုက်ပါလား”

အိမ်ပေါ်တွင် အဖေနှင့်အမေ ရန်ဖြစ်နေသည်မို့ အောင်အောင်က အိမ်ပေါ်သို့မတက်တော့ဘဲ ရွာထဲသို့ထွက်လာခဲ့သည်။ ရွာလမ်းတစ်နေရာတွင် ကလေးများက ကော်ရုပ်များကို ထောင်ပစ်နေကြလေသည်။ အောင်အောင်လည်း လက်ထဲမှအရုပ်ကိုပြလိုက်ပြီး

“ငါလည်းပါချင်တယ်ကွာ၊ ဟောဒီမှာ ငါ့အရုပ်”

“ဟာအောင်အောင်၊ မင်းအရုပ်က ကော်ရုပ်မှမဟုတ်တာကွ၊ သစ်သားရုပ်ကြိးပဲ၊ ဘယ်က ကောက်လာမှန်းလဲမသိဘူး၊ သွားသွား၊ လာမဆော့နဲ့”

“လုပ်စမ်းပါကွ၊ ငါဆော့ချင်လို့ပါ”

သို့သော် အောင်အောင်ကို ကလေးများက ဆော့ခွင့်မပေးပေ။

“ကိုကြီးအောင်အောင်၊ ကိုကြီးအောင်အောင်ဆော့ချင်ရင် အဲဒီအရုပ်နဲ့ ကော်အရုပ်နဲ့လဲမယ်”

သိန်းဇံသမီး စုခိုင်က လာပြောသည်။ အောင်အောင်လည်း ဆော့ချင်လွန်းလှသဖြင့် စုခိုင်အားထိုအရုပ်ပေးလိုက်ကာ စုခိုင်ထံမှ ကော်ရုပ်သုံးရုပ်နှင့် လဲလှယ်လိုက်လေသည်။ စုခိုင်က မိန်းကလေးမို့ ယောက်ျားလေးများကဲ့သို့ အရုပ်မပစ်ပေ၊ အရုပ်များကို လမ်းဘေးတစ်နေရာတွင် တန်းစီချထားလိုက်ပြီး ထမင်းဟင်းချက်တမ်း ဆော့ကစားလေသည်။ ရွံ့ဖြင့်ပြုလုပ်ထားသည့် အိုးခွက်ကလေးများတွင် ဆန်အဖြစ်သဲများထည့်ကာ ဟင်းအဖြစ် သစ်ရွက်၊ သစ်ခက်များကိုခူးထည့်ကာ ချက်ပြုတ်ကျော်လှော်နေသည်။

ပြီးနောက် တုတ်တစ်ချောင်းဖြင့် ကလော်လိုက်ကာ ထိုအရုပ်ကလေးများကို တန်းစီကာ ထမင်းခွံ့တော့သည်။ ဆော့ကစားပြီးသည့်အခါ အရုပ်များကိုသိမ်းဆည်းပြီး အိမ်သို့ပြန်လာခဲ့သည်။ သိန်းဇံနှင့် ကိုအောင်မောင်းတို့၏ အိမ်မှာ ခြေရင်းခေါင်းရင်းအိမ်ဖြစ်သည်။ သို့သော်လည်း ကျေးရွာရှိအိမ်များဖြစ်သည်မို့ တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေးလှသည်။ စုခိုင်က အရုပ်များအား အိမ်အောက်ရှိ ပုံးကြီးတစ်လုံးအတွင်းထည့်လိုက်ကာ အိမ်ပေါ်သို့ပြေးတက်ခဲ့သည်။

“သမီးလေးတောင်ပြန်လာပြီ၊ ဗိုက်ဆာနေပြီလား၊ ဟောဒီမှာသမီးအကြိုက် ငါးမြင်းချက်ထားတယ်”

သိန်းဇံတို့လင်မယား စားသောက်နေသည့်ထမင်းဝိုင်းတွင် စုလှိုင်က ဝင်ထိုင်လိုက်လေသည်။ ထို့နောက် အားရပါးရထမင်းဝင်စားတော့သည်။ ထမင်းစားသောက်ပြီးနောက် စုခိုင်မှာတစ်ရေးတစ်မောအိပ်သည်။ သိန်းဇံမှာ ညနေစောင်းလာသည့်အခါ ငါးဖမ်းပိုက်ချရန်အတွက် လှေဖြင့်ထွက်လာခဲ့တော့သည်။

“မိန်းမရေ၊ ငါပိုက်ချသွားတော့မယ်ဟေ့”

“ရှင်ပိုက်ဆံတွေယူသွားပြန်တယ်မဟုတ်လား၊ ထပ်ပြီးမူးမလာစေနဲ့နော်”

“စိတ်ချပါမိန်းမရာ၊ ငါက ငါ့လစ်မစ်ငါသိပါတယ်ဟ၊ ညဆိုချမ်းလို့ အချမ်းပြေရံ့ုလေးသောက်တာပါ”

သိန်းဇံတစ်ယောက် အိမ်အောက်မှလှေကိုဆွဲထုတ်လိုက်ပြီးနောက် အိမ်နောက်ဖေးမြောင်းထဲသို့ဆွဲချလိုက်ပြီး ထိုမှတဆင့် ငဝန်မြစ်ဆီသို့ လှော်ခတ်လာခဲ့သည်။ သူတို့ရွာကလေးမှာ မြစ်ဝကျွန်းပေါ်ရွာကလေးမို့ ကုန်းလမ်းတင်မကဘဲ ရေလမ်းဖြင့်ပါသွားလာနိုင်သည်။ ရွာထိပ်ချောင်းဖျားသို့အရောက်တွင် သိန်းဇံက တဲတစ်တဲအနီးတွင် လှေကိုကပ်လိုက်သည်။ ထိုအခါ တဲအတွင်းမှ မိန်းမတစ်ဦးထွက်လာသည်။

“ထုံးစံအတိုင်းပဲ အရက်တစ်လုံးနဲ့ ပဲကြီးလှော်နှစ်ဆယ်ဖိုးလောက် ထည့်ပေးစမ်းပါဗျာ”

ထိုတဲမှာ အရက်တဲဖြစ်သည်။ အရက်ကိုခွက်ပုန်းရောင်းသည့်ဆိုင်ဖြစ်ရာ မကြာမီမှာပင် ထိုအမျိုးသမီးက အရက်တစ်လုံးနှင့် စက္ကူနှင့်ထုတ်ပိုးထားသည့် ပဲကြီးလှော်လှမ်းပေးလိုက်သည်။ သိန်းဇံလည်း ကျသင့်ငွေပေးပြီးနောက် ချောင်းရိုးအတွင်းဆက်လက်လှော်ခတ်လာသည်။ လှေလှော်ရင်း အရက်တစ်ကျိုက်သောက်လိုက်ပြီးနောက် ပဲကြီးလှော်သုံးလေးစေ့ကို ကိုက်ဝါးလိုက်သည်။

“ဟူး၊ အခုမှပဲ နေလို့ကောင်းသွားတော့တယ်”

ချောင်းရိုးအတိုင်းဆက်လက်လှော်ခတ်လာရင်း မကြာမီတွင် ကိုအောင်မောင်းလှေနှင့်ဆုံတွေ့တော့သည်။

“ဗျို့၊ ကိုအောင်မောင်း စောလှချည်လားဗျ”

ကိုအောင်မောင်းလှေအနီးသို့ လှေနံချင်းထိလုမည့်ဆဲဆဲအထိ ကပ်လိုက်လေသည်။ ကိုအောင်မောင်းမှာ စိတ်ညစ်နေပုံပေါ်သည်။

“အေးဗျာ၊ ညက ငါးမရတော့ ကျုပ်မိန်းမက ပွစိပွစိလုပ်နေတာဗျ၊ အခုလည်း အိမ်မှာမနေချင်လို့ စောစောထွက်လာခဲ့တာ”

“ဒါပေါ့ဗျာ၊ ကျိုးစားဗျ၊ ကျုပ်တော့ မနက်က ကိုးပိဿတောင်ရတယ်ဗျာ၊ ငါးသလောက်ချည်းဘဲ နှစ်ပိဿလောက်ရလိုက်လို့ အိမ်ပြန်မျက်နှာပန်းလှသွားတာဗျို့”

“အင်းဗျာ၊ ကျုပ်ကိုလည်း ငါးများများရတဲ့နည်းလေးဘာလေးရှိရင် ပြောစမ်းပါအုံးဗျ”

“ဟာ၊ ကိုအောင်မောင်းကတော့၊ ကျုပ်က ဟင်းစားပေးဆိုပေးမယ်နော် ကွန်ချက်တော့ မပြဘူးဗျ၊ ခင်ဗျား၊ ဟား၊ ဟား”

နှစ်ယောက်သားရယ်မောပြီးနောက် သိန်းဇံမှာလှေကိုလှော်ထွက်လာခဲ့သည်။

(၃)

သိန်းဇံတစ်ယောက် အရက်သောက်လိုက်၊ ပိုက်တန်းချလိုက်လုပ်ရင်း ရေချိန်ကလည်းအတော်ကိုက်လာခဲ့ပြီဖြစ်သည်။ ညနေစောင်းပြီး နေလည်းဝင်သွားပြီ၊ နေဝင်သွားသည်နှင့် ကောင်းကင်မှာတဖြည်းဖြည်းမှောင်မိုက်လာခဲ့သည်။ သိန်းဇံက ငါးအခိုများသည့် ကိုင်းတောစပ်တစ်ခုအနီးတွင်ပိုက်တန်းချနေရင်း လှေပေါ်တွင် လူတစ်ယောက်ထိုင်နေသည်ကို ဗြုန်းခနဲတွေ့လိုက်ရလေသည်။

“ဟာ၊ ဘယ်သူတုန်း”

လှေဦးထိပ်နားတွင် မိန်းမတစ်ယောက်က ဆောင့်ကြောင့်ထိုင်နေလေသည်။ လူသူရှင်းသည့်နေရာဖြစ်သည်မို့ သိန်းဇံတစ်ယောက် အလွန်ထိတ်လန့်သွားကာ အမူးပင်ပြေချင်သွားသည်။

“ဟာ၊ ဟေ့၊ ခင်ဗျားဘယ်သူတုန်း၊ ကျုပ်လှေပေါ်လူမတင်ဘူး၊ ခင်ဗျားဆင်း”

ထိုမိန်းမမှာ အလွန်မာကျောခက်ထန်သည့်မျက်နှာဖြင့် သိန်းဇံအားကြည့်ရင်း

“ငါအရက်သောက်ချင်တယ်၊ ငါ့ကိုအရပ်တိုက်”

“ဟောဗျာ၊ ဒီအရက်က ကျုပ်သောက်ဖို့ဗျ၊ ကျုပ်တောင် နေ့တိုင်းသောက်ရတာမဟုတ်ဘူး၊ ကျုပ်မိန်းမစိတ်ကြည်တဲ့နေ့မှ သောက်ရတာဗျ”

“ငါ့ကိုအရက်တိုက်ရင် နင့်ကိုငါးများများပေးမယ်”

သိန်းဇံတွေဝေသွားသည်။ ဘေးဘီဝဲယာကိုကြည့်လိုက်တော့လည်း အခြားလှေမတွေ့ လူသူတစ်ဦးတစ်ယောက်မှမတွေ့၊ ထို့ကြောင့် လှေဦးတွင်ထိုင်နေသူမှာ လူမဟုတ်နိုင်ပေ၊ မြစ်စောင့်နတ်လေလား၊ ချောင်းစောင့်နတ်လေလားဟု သိန်းဇံတွေးနေမိသည်။ သို့နှင့် သူ့အနီးတွင်ချထားသည့် တစ်ပိုင်းခန့်ကျန်သည့်အရက်ပုလင်းကို ကောက်ယူလိုက်ကာ လှေဦးဆီသို့ လျှောက်လာခဲ့ပြီး ထိုမိန်းမဆီသို့ အရက်ပုလင်းကို လှမ်းပေးလိုက်သည်။

“ခင်ဗျားကတိတည်နော်”

ထိုမိန်းမမှာ အရက်ကို တစ်ကျိုက်တည်းနှင့်အကုန်မော့သောက်လိုက်ပြီးနောက် ပုလင်းကိုရေထဲသို့ပစ်ချလိုက်လေသည်။ သိန်းဇံမှာ ထိုမိန်းမအား ကြောက်ကြောက်နှင့််ကြည့်နေရလေသည်။ ထိုမိန်းမမှာ အသံကွဲကြီးဖြင့်

“နင်သတ္တိရှိရင် ညည့်နက်သန်းခောင် ဟောဒီနေရာကိုလာခဲ့၊ ငါနင့်ကို ငါးပေးမယ်”

သိန်းဇံက တစ်နေရာသို့ကြည့်လိုက်ပြီး ပြန်ကြည့်လိုက်သည့်အခါ ထိုမိန်းမကိုမတွေ့ရတော့ပေ၊ သို့သော် ထိုမိန်းမနေရာတွင်တော့ အရုပ်ကလေးတစ်ရုပ်ကိုတွေ့လိုက်ရသည်။ သိန်းဇံအတော်ပင်ကြောက်လန့်သွားလေသည်။

“ဒီအရုပ်ကများ စကားပြောတာလား၊ ဘာပဲဖြစ်ဖြစ် ငါ့အရက်တွေတော့ အကုန်သောက်သွားတာပဲ၊ ညသန်းခေါင် ငါဒီကိုလာရမယ်၊ ငါးသာမရလို့ကတော့ ဒင်းနဲ့ငါနဲ့တွေ့မယ်”

သိန်းဇံလည်း ပိုက်တန်းဆက်မချတော့ဘဲ ပဲကြီးလှော်များဝါးကာ အိမ်သို့ပြန်လာခဲ့တော့သည်။ ပုံမှန်အတိုင်းဆိုလျှင် သိန်းဇံမှာ ညည့်နက်သန်းခောင်ထသွားလေ့မရှိ၊ တစ်ညလုံးအိပ်ပြီး မနက်မိုးလင်းခါနီးမှ အေးအေးလူလူ ငါးပိုက်ပြန်တင်ရုံသာရှိသည်။ ယခုတော့ ညသန်းခေါင်အနားရောက်သည်နှင့် စိတ်အတွင်း မတင်မကျဖြစ်နေလေသည်။

“အိုကွာ၊ သွားကြည့်လိုက်တာ မမှားပါဘူး၊ ငါးရတော့အမြတ်ပေါ့၊ ငါးမရရင်တော့ ဟောဒီအရုပ်တော့ သွားပေရော့ပဲ”

သိန်းဇံအိပ်ရာမှထလိုက်ကာ လှေကိုထုတ်လိုက်သည်။ ထို့နောက် အိမ်အောက်မှလှေကိုထုတ်လိုက်ကာ အသာကလေးလှော်ခတ်လာခဲ့တော့သည်။ ကိုအောင်မောင်းတစ်ယောက်လည်း ညအိပ်နေစဉ် အိပ်မပျော်ပေ၊ ညနေက ချထားသည့်ပိုက်တန်းများအား ငါးတိုးပါ့မလား၊ သိန်းဇံတစ်ယောက် ငါးများများရနေသည့် လှို့ဝှက်ချက်ရှိနေသလားဟု တွေးတောနေမိသည်။ ထိုစဉ် သိန်းဇံအိမ်မှ လှုပ်ရှားသံများကိုကြားရသည်။ ရေစပ်စပ်တွင် တစွက်စွက်နှင့်သွားသည့် ခြေသံများကိုကြားလိုက်ရပြီးနောက် လှေလှော်သံကိုလည်းကြားလိုက်ရလေသည်။

“ဒီကောင်ဘာထလုပ်တာလဲ”

ကိုအောင်မောင်း အိပ်ရာထဲတွင် ငုတ်တုတ်ထထိုင်လိုက်သည်။

“မဟုတ်မှလွဲရော၊ ငါ့ပိုက်မှာမိနေတဲ့ငါးတွေကို ညသန်းခေါင်မှာ ခိုးဖြုတ်တာများလား”

အတွေးများထဲတွင် သံသယစိတ်က စိုးမိုးလာခဲ့သည်။

“ဟုတ်လောက်တယ်၊ အရင်ကဆို ငါ ငါးမရတဲ့နေ့တောင်မှ ငါးပိဿလောက်တော့ အသာကလေးရှာနိုင်တယ်၊ ခုတစ်လော ငါက ငါးအရနည်းနေပြီး ဒီကောင်ငါးတွေပိုရနေတယ်ဆိုတာ ဧကန္တ ငါ့ရဲ့ငါးတွေကိုခိုးဖြုတ်နေတာများလား”

ကိုအောင်မောင်းလည်း ဒေါသထွက်ထွက်ဖြင့် ငှက်ကြီးတောင်ဓါးကို ဆွဲကာ အိမ်ပေါ်မှဆင်းလာခဲ့သည်။ အိမ်အောက်တွင် လွန်းထိုးထားသည့် လှေကိုအသာကလေးထုတ်ယူလိုက်ပြီးနောက် မြောင်းထဲချကာ လှော်ခတ်လာခဲ့သည်။ လှေလှော်ရင်း စိတ်ထဲမှလည်း

“အေး၊ လုပ်ထားစမ်းပေါ့ သိန်းဇံရာ၊ မင်းသာ ငါ့ပိုက်ကိုထိလို့ကတော့ ငါ့ဓါးကမင်းလည်ပင်းကိုဖြတ်ပြီလို့သာ မှတ်လိုက်ပေတော့”

(၄)

သိန်းဇံမှာ လှေကိုလှော်ခတ်လာရင်း မြစ်အတွင်းသို့ဖြတ်ဝင်လိုက်သည်။ ရေနည်းနေပြီဖြစ်သဖြင့် မြစ်ပြင်ဘေးတစ်ဖက်တစ်ချက်တွင် သဲသောင်များထွန်းနေလေသည်။ လပြည့်နီးပြီမို့ လကထိန်ထိန်သာလျှက်ရှိရာ သဲသောင်ပြင်ကြီးက လရောင်ကြောင့် ဖွေးဖွေးဖြူနေတော့သည်။ အလားတူမြစ်ပြင်ကျယ်အတွင်းတွင်လည်း လရောင်က ဖြန့်ကျက်ထားသဖြင့် လှိုင်းကြက်ခွပ်ကလေးများမှာ တလက်လက်နှင့်ဝင်းပနေသည်။ မြစ်ရိုးတစ်လျှောက်ရှိ ရွာကလေးများမှာ မှောင်အတိကျနေလျှက် အိပ်မောကျနေပြီဖြစ်သည်။

ကိုင်းတောကြီးအနီးအရောက်တွင်တော့ ညအချိန်ကျက်စားသည့် ငှက်တစ်ချို့မှာ လန့်ဖြန့်ကာ ထွက်ပြေးသွားကြလေသည်။ သိန်းဇံလည်း လှေကိုရပ်လိုက်ကာ ဘေးဘယ်ညာကိုကြည့်နေမိသည်။

“ကဲ၊ ညသန်းခေါင်ရောက်ပြီဗျာ၊ ခင်ဗျားကတိအတိုင်း ကျုပ်ကိုငါးတွေပေးတော့”

မြစ်ပြင်မှာ ငြိမ်သက်နေလေသည်။ သိန်းဇံလည်းအလွန်စိတ်ပျက်သွားမိသည်။ ထိုစဉ် မြစ်ရေပြင်တစ်နေရာမှ ရေပွက်ကြီးတစ်ခုက ဗွမ်းခနဲပွက်တက်လာသည်။ ရေပွက်ပြီးသည်နှင့် တပြိုင်နက် ထိုရေပွက်အတွင်းမှ မြစ်ငါးတန်ကြီးတစ်ကောင်မှာ ခုန်ပေါက်ထွက်လာကာ လှေဝမ်းအတွင်းသို့ တန်းတန်းမတ်မတ်ဝင်လာလေသည်။ မြစ်ငါးတန်ကြီးမှာ ကြီးမားလွန်းသဖြင့် လူးလွန့်နေလေရာ သိန်းဇံက မြန်မြန်သေစေရန်အတွက် လှော်တက်ဖြင့်ရိုက်သတ်လိုက်ရလေသည်။

“ဟာ၊ အကြီးကြီးပဲ၊ ဒီတစ်ကောင်တင် ငါးပိဿလောက်ရှိလောက်တယ်”

ထိုစဉ် အခြားတစ်နေရာမှ ရေပွက်သွားပြီးနောက် ငါးကြင်းတစ်ကောင်မှာ လေပေါ်ပျံတက်လာကာ လှေဝမ်းအတွင်းသို့ကျပြန်သည်။ ရေအောက်မှလူတစ်ဦးဦးက ဖမ်းဆီးကာ လှေပေါ်သို့ပစ်တင်ပေးလိုက်သည့်နှယ် တန်းတန်းမတ်မတ်ကျလာခြင်းဖြစ်သည်။ သိန်းဇံမှာအလွန်ပျော်ရွှင်လျှက်

“ဟာ၊ ငါးကြင်းကြီးဟေ့၊ သုံးပိဿလောက်တော့ ရှိမယ်ထင်တာပဲ နိပ်ပဟ”

ထိုစဉ်လှေနံဘေးရှိ မြစ်ပြင်မှာ ပွက်တက်လာကာ ငါးသလောက်များ၊ ငါးဖမ်းမများ၊ ငါးဘတ်၊ ငါးဘိုးများမှာ လှေဝမ်းအတွင်းသို့ခုန်ဝင်လာကြရာ သိန်းဇံတစ်ယောက် ငါးများကိုပျော်ရွှင်စွာဖြင့် လိုက်ကောက်နေရလေသည်။ ထိုအဖြစ်ကို မြစ်ကွေ့တစ်နေရာ လမဲ့ပင်ကြီးအရိပ်အောက်မှ ချောင်းကြည့်နေသည့် ကိုအောင်မောင်းလည်း မြင်တွေ့လိုက်ရလေသည်။

“ဟာ၊ ဒီကောင်ငါးတွေရတာ ဒါ့ကြောင့်ကိုး၊ ဒီကောင့်မှာ ထူးဆန်းတာတစ်ခုခုတော့ ရှိနေပြီထင်ပါ့”

သိန်းဇံမှပျော်ရွှင်လျှက် လှေဦးတွင်ချထားသည့်အရုပ်ကလေးကို ကောက်ယူလိုက်ကာ နမ်းရှုံ့နေလေသည်။ ထို့နောက်လက်ဖဝါးပေါ်တွင်တင်ကာ တဖွဖွပြောနေလေရာ လရောင်နှင့်မို့အတိုင်းသားမြင်နေရသည်။ ကိုအောင်မောင်းလည်း စောင့်ဆိုင်းမနေတော့ဘဲ လှေကိုခပ်မြန်မြန်လှော်ခတ်ကာ သိန်းဇံဆီသို့ထွက်လာခဲ့လိုက်သည်။ သိန်းဇံမှာ ကိုအောင်မောင်းအားကျောပေးလျှက်သားဖြစ်နေသည့်အတွက် ကိုအောင်မောင်းလှေအားမမြင်လိုက်ပေ၊ လှေနံချင်းတိုက်သွားသည့်အခါမှသာ သိန်းဇံက အံ့သြသွားလေသည်။

“ဟေ့ သိန်းဇံပျော်လို့ရွှင်လို့ပါလားကွ”

“ဟာ၊ ကိုအောင်မောင်း”

“မင်းလက်ထဲက ဘာကလေးလဲကွ”

ထိုတော့မှ သိန်းဇံက လက်ကိုဝှက်လျှက်

“ဘာမှမဟုတ်ပါဘူး၊ ကိုအောင်မောင်းရာ”

“ဟေ့ကောင်ငါ့ကိုမညာနဲ့၊ ငါဟိုးနားက လမဲ့ပင်ကြီးအောက်ကစောင့််ကြည့်နေတာကွ၊ မင်းဖြစ်တာတွေအားလုံးမြင်လိုက်ရတယ်”

“ခင်ဗျားအမြင်မှားတာနေမှာပါ ကိုအောင်မောင်းရာ”

“ပြီးတော့ အဲဒီအရုပ်ကလေးကို ငါ့ကိုပြစမ်း”

သိန်းဇံက တွေဝေနေလေသည်။

“မင်းငါ့ကိုမပြဘူးဆိုရင် ဒီအကြောင်းတွေကို ငါရွာထဲလှည့်ပြီး ဖွလိုက်မယ်နော်ကွ”

“မ၊ မလုပ်ပါနဲ့ ကိုအောင်မောင်းရာ ဟောဒီမှာကြည့်ပါ”

ကိုအောင်မောင်းက လှေကိုအနီးသို့ကပ်လိုက်ပြီး ထိုအရုပ်ကလေးကိုကြည့်လိုက်သည်။

“ဟင်၊ ဒါ၊ ဒါ ငါ့အရုပ်ပဲ”

သိန်းဇံမှာဒေါသထွက်သွားပြီး

“ဟေ့လူ ခင်ဗျားမဟုတ်တာမပြောနဲ့၊ ဒီအရုပ်က ကျုပ်အရုပ်ဗျ၊ ကျုပ်လှေထဲကိုသူ့အလိုလိုရောက်နေတာ”

“ဖွီ၊ ဟေ့ကောင်သိန်းဇံ ဒီအရုပ်က ငါနဲ့ငါ့သားနဲ့မနက်က ပိုက်သိမ်းရင်း ပိုက်ထဲမှာပါလာတဲ့အရုပ်၊ ငါ့အရုပ်ကွ”

“ခင်ဗျားဖာသာဘယ်ကရရ၊ အခုကျုပ်လက်ထဲမှာဆိုတော့ ကျုပ်အရုပ်ပေါ့”

“အောင်မယ် ခွေးသားသိန်းဇံပေးစမ်း၊ ငါ့ကိုအဲဒီအရုပ်ပေးစမ်း”

“မပေးဘူးဟေ့လူ”

သိန်းဇံနှင့်ကိုအောင်မောင်းမှာ ရန်ဖြစ်ကြတော့သည်။ ကိုအောင်မောင်းက လှေဝမ်းထဲတွင်အသင့်ပါလာသည့် ငှက်ကြီးတောင်ဓါးကိုဆွဲလိုက်ပြီး တစ်ဖက်သိန်းဇံလှေပေါ်သို့ခုန်တက်လိုက်သည်။ သိန်းဇံမှာရုတ်ခြည်းမို့ ကာကွယ်ချိန်မရပေ၊ ကိုအောင်မောင်းက ဓါးချက်ကိုလွှဲ၍ခုတ်ချလိုက်ရာ သိန်းဇံ၏ လည်ပင်းအရင်းသို့ပိုင်းမိကာ သိန်းဇံတစ်ယောက်ခေါင်းပြတ်ကျသွားတော့သည်။ သို့သော်ခေါင်းက ယတိပြတ်၊ ပြတ်ကျမသွားဘဲ တန်းလန်းကြီးဖြစ်နေလေသည်။ ထို့နောက်လှေပေါ်သို့လဲကျသွားသည်။ ကိုအောင်မောင်းလည်း သိန်းဇံလက်ထဲမှအရုပ်ကိုဆွဲယူ၍ လှေပေါ်ပြန်တက်ခဲ့ကာ လှေကိုအားကုန်လှော်ခတ်ခဲ့တော့သည်။

မြစ်ကွေ့အရောက်မှ သတိရသွားတော့သည်။ ကိုအောင်မောင်းလည်း လှေကိုရပ်တန့်ပစ်လိုက်သည်။

“ငါ သိန်းဇံကိုဒီအတိုင်းထားလို့မဖြစ်ဘူး၊ ဒီကောင့်ဆီမှာကျန်နေခဲ့တာက ငါ့ဓါး၊ ငါ့ဓါးကိုတွေ့ရင်လူတွေက ငါသတ်တယ်ပဲထင်ကုန်ကြမယ်၊ မဖြစ်ဘူး၊ ပြန်လှည့်ပြီး ဓါးယူအုံးမှ”

ကိုအောင်မင်းတစ်ယောက် လှေကိုပြန်လှည့်ကာ ဓါးသွားပြန်ယူသည်၊ သိန်းဇံ၏လှေက ကိုင်းတောအစပ်တွင် ကမ်းကပ်နေချေပြီ၊ သိန်းဇံအလောင်းကောင်မှစီးကျနေသည့်သွေးများက လှေဝမ်းထဲရဲရဲနီနေလေသည်။ ကိုအောင်မောင်းလည်း သိန်းဇံ၏လှေပေါ်သို့တက်လိုက်ကာ သူ့ဓါးကိုပြန်ဆွဲယူလိုက်သည်။ လှေပေါ်မှပြန်ဆင်းခါနီးတွင် လှေဝမ်းအတွင်းရှိငါးကြီးများကို တစ်ချက်ကြည့်လိုက်ပြီး

“ငါးတွေက နှမြောစရာကြီးတွေပါလား၊ ဒီငါးတွေ ငါသယ်သွားပြီးတော့ မနက်ကျရင်သွားရောင်းလို့ရတာပဲ”

ကိုအောင်မောင်းလည်း ငါးကြီးများကိုသူ့လှေအတွင်းသို့ပြောင်းထည့်လိုက်ပြီးနောက် သိန်းဇံအလောင်းကြီးအားတစ်ချက်ကြည့်မိသည်။

“ဒီကောင့်အလောင်းကိုပါ ဖျောက်မှဖြစ်မယ်”

သို့နှင့်လှေကို ကိုင်းတောအတွင်းဖွက်လိုက်ပြီးနောက် သိန်းဇံအလောင်းအား ကိုင်းတောရေစပ်သို့ချထားလိုက်သည်။ ပြီးနောက် လှေကိုပြန်လှော်ကာ အေးအေးလူလူပင် ရွာသို့ပြန်လာခဲ့တော့သည်။ အချိန်ကား မနက်မိုးသောက်အလင်းရောက်တော့မည်။

ကိုအောင်မောင်းလှေဦးထိပ်တွင် မိန်းမတစ်ဦးဆောင့်ကြောင့်ထိုင်ကာ ပေါ်လာသဖြင့် ကိုအောင်မောင်းအလွန်ထိတ်လန့်သွားသည်။

“ခင်ဗျားဘယ်သူလဲ၊ ကျုပ်လှေပေါ်ကိုဘာတက်လုပ်တာလဲ”

“ဟဲ့၊ ငါ့ကိုနင်ပဲသူများဆီကလုယူခဲ့ပြီးတော့ အခုငါ့ကိုဘယ်သူလဲတဲ့”

“ခင်၊ ခင်ဗျားက အရုပ်စောင့်တစ္ဆေလား”

“ဟား၊ ဟား အရုပ်စောင့်တစ္ဆေမဟုတ်ဘူး၊ အရုပ်စောင့်ကဝေဟဲ့၊ နင်ရခဲ့တဲ့အရုပ်က ကဝေရုပ်တုပဲ”

“ဒါ၊ ဒါဆိုရင် ဟိုကောင့်ကို ငါးရအောင်ကူညီသလို၊ ကျုပ်ကိုလည်း ငါးရအောင်လုပ်ပေးစမ်းပါ”

“အေး၊ ငါးကြော်နှစ်ကောင်နဲ့ အရက်တစ်လုံးကို မနက်ဖြန်ညနေ လှေဦးမှာတင်ပေးစမ်း၊ ပြီးရင် မနက်ဖြန်ညသန်းခေါင်ကျတော့ ကိုင်းတောစပ်ကိုလာခဲ့၊ မပင်မပန်းနဲ့ ငါးရဖို့ကိုတော့ ငါ့တာဝန်သာထား”

“ဟုတ်၊ ဟုတ်ကဲ့”

ကိုအောင်မောင်းပြောဆိုနေစဉ်မှာပင် ထိုရုပ်တုမှာပျောက်ကွယ်သွားလေသည်။ သို့နှင့််ကိုအောင်မောင်းလည်း အိမ်သို့ပြန်လာခဲ့တော့သည်။

(၅)

“ဟယ်၊ ယောက်ျားငါးတွေအများကြီးရလာတာပါလား၊ ဝမ်းသာစရာကြီးနော်”

ကိုအောင်မောင်းမိန်းမက ဝမ်းသာသွားသော်လည်း ပါးစပ်ကိုလက်ဖြင့််ပိတ်လိုက်လေသည်။

“ဘာဖြစ်လို့တုန်းကွ၊ ဝမ်းသာတာများ ထအော်လိုက်ပေါ့ကွာ”

“အော်လို့မသင့်ဘူးရှင့််၊ ခေါင်းရင်းအိမ်မှာ အခြေအနေမကောင်းဘူး”

ကိုအောင်မောင်းက မသိဟန်ဆောင်လျှက်

“ဘာဖြစ်လို့လဲကွ”

“ရှင်က မြစ်ထဲရောက်နေလို့ မသိတာနေမှာ၊ ညက သိန်းဇံတစ်ယောက်ထွက်သွားတာ အခုထိအိမ်ကိုပြန်မရောက်သေးလို့တဲ့”

“ဟာကွာ၊ ပိုက်တန်းသွားဖော်နေတာဖြစ်မှာပေါ့”

“ပိုက်တန်းဖော်လည်း ဒီအချိန်ဆိုပြန်ရောက်သင့်ပြီမဟုတ်လား”

“ဒါဆိုရင်လည်း တစ်နေရာရာကို ခရီးလွန်နေလို့ဖြစ်မှာပေါ့ကွာ၊ ကဲ ထမင်းပြင်ကွာ၊ ငါဗိုက်ဆာပြီ”

“ရှင်ရလာတဲ့ငါးကြင်းဗိုက်ကိုဖောက်ပြီး ငါးချေးခါးကြော်ပေးမယ်တော်၊ ညနေကျ ရှင်အရက်နဲ့မြည်းပေါ့”

ကိုအောင်မောင်းလည်းပျော်ရွင်သွားမိသည်။ ငါးများများရသည့်အတွက် အိမ်တွင်မျက်နှာပန်းလှနေသည်။ ခဏနေသည့်အခါ မိန်းမဖြစ်သူက ငါးများကိုသယ်ဆောင်သွားကာ ဈေးရောင်းထွက်သွားတော့သည်။ ကိုအောင်မောင်းလည်း တစ်ညလုံးမအိပ်ၤရသဖြင့် အိပ်ချလိုက်တော့သည်။ အိပ်မက်ထဲတွင် ထိုအမျိုးသမီးကိုတွေ့သည်။ ထိုအမျိုးသမီးက ကိုအောင်မင်းအားလက်ညှိုးထိုးလျှက်

“နင် ငါ့ကိုကတိပေးထားတာကို မမေ့နဲ့”

ကိုအောင်မောင်းတစ်ယောက် လန့်နိုးသွားမိသည်။ မည်မျှကြာအောင်အိပ်ပျော်သွားသည်မသိ လန့်နိုးလာသည့်အခါ ညနေပင်စောင်းတော့မည်၊ အိမ်ရှေ့ထွက်ခဲ့သည့်အခါ ဇနီးဖြစ်သူက ပိုက်ဆံများကိုရေတွက်နေလေသည်။

“ယောက်ျားရေ၊ ရှင်သာနေ့တိုင်း ဒီလိုငါးရရင်ကျုပ်တို့တော့ မကြာခင်အကြွေးတွေကျေပြီး၊ စုမိဆောင်းမိတော့မှာတော့”

“အေးဟာ၊ လောလောဆယ်ငါ့ကိုအရက်ဖိုးပေးစမ်း”

“ရှင်အကျင့်မပျက်နဲ့နော်၊ ခုမှငါးကောင်းကောင်းတစ်ရက်ရယုံရှိသေးတာ”

“ပေးဆိုပေးစမ်းဟာ၊ နင်မရှည်နဲ့၊ နောက်တော့ ငါးကောင်းတွေချည်းရစေရမယ်ဟုတ်ပြီလား”

ဇနီးထံမှပိုက်ဆံယူခဲ့ကာ ထမင်းစားသောက်ပြီးနောက် ငါးပိုက်ထောင်ရန်ဆင်းခဲ့တော့သည်။ ရွာထိပ်ရောက်သည့်အခါ အရက်တဲတွင်လှေကိုကပ်လိုက်ပြီးနောက်

“ဟေ့၊ အရက်တစ်လုံးပေး၊ ပြီးတော့ ငါးပေါင်းကြော်တစ်ချပ်ပေးဟာ”

ကိုအောင်မောင်းက အရက်တစ်လုံးနှင့်် ငါးအသေးကလေးများကို မုန့်နှစ်နှင့်ကပ်ကြော်ထားသည့် ငါးပေါင်းကြော်တစ်ချပ်သယ်ချလာခဲ့သည်။ မြစ်ပြင်ရောက်သည့်အခါ လူသူရှင်းမရှင်းကိုကြည့်ပြီးနောက် လှေဦးတွင်အရုပ်ကလေးကိုချလိုက်ကာ ငါးပေါင်းကြော်မှ ငါးအသေးလေးနှစ်ကောင်ကို ဖဲ့ယူလိုက်ပြီး အရုပ်ရှေ့တွင်ချလိုက်သည်။ ထို့နောက် အိမ်မှအသင့်ယူလာသည့် လျက်ဆားပုလင်းအလွတ်ကိုဖွင့်လိုက်ကာ အရက်ပုလင်းအတွင်းမှ အရက်များကိုငှဲ့ထည့်လိုက်သည်။ လျက်ဆားပုလင်းမှာသေးငယ်လှသဖြင့်အရက်တစ်ငုံ၊ နှစ်ငုံစာလောက်ပင်ဝင်ဆန့်သည်။

“ကဲ ကဝေရှင်မရေ၊ ခင်ဗျားပြောတဲ့အတိုင်း ငါးကြော်နှစ်ကောင်နဲ့ အရက်တစ်လုံး ကြွေးပါတယ်၊ စားပါသောက်ပါ၊ ပြီးတော့ ကျုပ်ကိုငါးကြီးငါးကောင်းများ ဖမ်းပေးပါ၊ ဟဲ၊ ဟဲ”

ထိုညနေတော့ ကိုအောင်မောင်းတစ်ယောက်ပိုက်မချဘဲ လှေပေါ်တွင်အရက်နှင့် ငါးပေါင်းကြော်ဖဲ့ကာ အေးအေးလူလူဇိမ်ခံသောက်နေမိသည်။ ငဝန်မြစ်၏ ညနေခင်းအလှမှာ သာယာလွန်းသည်။ ကိုအောင်မောင်းလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး

“အင်း၊ အရင်ကဆိုရင် ဝမ်းရေးအတွက် ခက်ခက်ခဲခဲပိုက်ချနေရလို့၊ ဒီလိုသဘာဝအလှအပတွေကိုတောင် မခံစားနိုင်ခဲ့ဘူး”

ဟု ရေရွတ်လိုက်ကာ အရက်ကိုမော့သောက်လိုက်လေတော့သည်။

(၆)

“တောက်”

တောက်ခေါက်သံကြီးတစ်ချက်ကြောင့် ကိုအောင်မောင်းအိပ်ရာလန့်နိုးသွားသည်။ နာရီကိုကြည့်လိုက်သည့်အခါ ညဆယ့်တစ်နာရီကျော်နေပြီဖြစ်သည်။ ကိုအောင်မောင်းလည်း ငါးဖမ်းရန်အလို့ငှာအိမ်မှထွက်ခဲ့တော့သည်။ ကိုင်းတောဆီသွားရန် ဝန်လေးနေသော်လည်း ကဝေရှင်မက ကိုင်းတောသို့သာလာခိုင်းသဖြင့် လာခဲ့ရသည်။ စိတ်ထဲတွင်တော့ အတော်ထိတ်လန့်နေမိသည်။ ယမန်နေ့ညက လူသတ်ထားသည့် ငှက်ကြီးတောင်ဓါးကိုပင် နံဘေးတွင်ချကာ လှော်ခတ်လာခဲ့ရသည်။

အဖိတ်နေ့လက ညည့်နက်သည့်အချိန်မှ ပိုမိုသာနေလေတော့သည်။ မြစ်ပြင်ကြီးတစ်ခုလုံး ဖွေးဖွေးဖြူနေအောင် လရောင်ကလွမ်းခြုံထားသည်။ ကိုအောင်မောင်းလှေကိုလှော်ခတ်လာရင်း ကိုင်းတောအနီးသို့ရောက်လာခဲ့သည်။

“ကဲ၊ ကဝေရှင်မ၊ ခင်ဗျားကတိအတိုင်း ကျုပ်ကိုငါးပေးတော့နော်”

ကိုအောင်မောင်းကရေရွတ်လိုက်လေသည်။ ထိုအခါ မြစ်ပြင်တစ်ခွင်ရေပွက်များ ပွက်လာကြကာ လှေအတွင်းသို့ ငါးများခုန်ဝင်လာကြသည်။ သို့သော်ခုန်ဝင်လာသည့် ငါးများမှာ ငါးကြီး၊ ငါးကောင်းများမဟုတ်ဘဲ၊ ငါးခုံးမ၊ ငါးစင်ရိုင်း၊ ငါးဇရစ်၊ ငါးသံချိတ်ကဲ့သို့ ငါးသေးသေးလေးများသာဖြစ်သည်။ ထိုငါးသေးသေးလေးများမှာလှေဝမ်းအတွင်းခုန်ပေါက်နေကြလေသည်။ ကိုအောင်မောင်းမှာ ငါးများကိုကြည့်ရင်းစိတ်ပျက်နေမိသည်။

“ဟား၊ ဟား၊ ဟား”

ထိုစဉ် လှေဦးမှရယ်သံကြီးကိုကြားလိုက်မိသည်။ ကဝေရှင်မမှာ ဆောင့်ကြောင့်ထိုင်လျှက် တဟီးဟီး၊ တဟားဟားနှင့် ရယ်မောကျနေလေသည်။

“တောက်၊ ခင်ဗျားကျွေးခိုင်းတဲ့အတိုင်း ကျုပ်ကျွေးတယ်နော်”

“အေးလေ၊ ငါလည်းနင်ပေးသလောက်ပြန်ပေးတာပဲ”

ကိုအောင်မောင်းမှာဒေါသများထွက်လာခဲ့သည်။

“နင်ပေးသလောက် နင်ပြန်ရတာပဲ၊ နင့်ကိုယ်နင် တော်တော်လည်လှပြီလို့ ထင်နေတာလားဟဲ့၊ နင်က ငါ့ကိုလွယ်လွယ်နဲ့လှည့်စားလို့ရမယ်လို့ ထင်နေတာလား”

ကိုအောင်မောင်းဘာမှမပြောနိုင်တော့ပေ၊ ထိုတော့မှ လှေပေါ်တွင်ဒူးထောက်ထိုင်ချလျှက်

“ကျုပ်တောင်းပန်ပါတယ်ကဝေအရှင်မ၊ ကျုပ်စော်ကားခဲ့သလိုဖြစ်သွားတာ ခွင့်လွှတ်ပါ၊ ကျုပ်ကို ဒီည ငါးကြီးငါးကောင်းတွေသာပေးပါ၊ မနက်ဖြန်ကျတော့ အရက်နှစ်လုံး၊ ငါးကြီးလေးကောင်နဲ့ ရိုရိုသေသေတင်မြှောက်ပါမယ်”

“နင့်စကားကို ငါဘယ်လိုယုံရမလဲဟ၊ ထားပါတော့၊ ငါကနင့်ကိုခွင့်လွှတ်ပါတယ်အောင်မောင်းရဲ့၊ ဒါပေမယ့် သူကနင့်ကိုခွင့်မလွှတ်ဘူးတဲ့”

ကဝေအရှင်မက ကိုင်းတောအတွင်းသို့လက်ညှိုးထိုးပြလိုက်ရာ ကိုအောင်မောင်းမှာကိုင်းတောကိုတစ်ချက်လှမ်းကြည့်မိလိုက်သည်။ ထိုအခါ ကိုင်းတောအတွင်းမှ လှေကလေးတစ်စီးထွက်လာခဲ့သည်။ လှေကလေးအပေါ်တွင်တော့ ခေါင်းပြတ်သိန်းဇံက လှေကိုလှော်ခတ်လာလေသည်။ သိန်းဇံ၏ခေါင်းမှာပြတ်ထွက်နေပြီး လည်ပင်းတစ်ဖက်တွင် တွဲလောင်းကျနေလေသည်။ ကိုအောင်မောင်းမှာ ထိုအဖြစ်ကိုကြည့်ရင်း အလွန်ထိတ်လန့်လာခဲ့သည်။

“သိန်းဇံ၊ သိန်းဇံ၊ သူငယ်ချင်း”

သိန်းဇံလှေက ရုတ်ခြည်းပင် အနားသို့ရောက်လာခဲ့သည်။ တွဲလောင်းကျနေသည့်် သိန်းဇံခေါင်းမှပါးစပ်မှာပွင့်သွားပြီး

“ဘာသူငယ်ချင်းလည်း၊ အခုမှဘာသူငယ်ချင်းလည်း၊ ခင်ဗျားကျုပ်ကိုသတ်တယ်၊ ခင်ဗျားလူသတ်သမား၊ အခုကျုပ်ခင်ဗျားကိုပြန်သတ်မယ်”

သိန်းဇံမှာလှေပေါ်မှနေ၍ ကိုအောင်မောင်းအပေါ်သို့ခုန်တက်လိုက်သည်။ ကိုအောင်မောင်းလည်း သိန်းဇံအားပြန်လည်တွန်းကန်ခုခံရင်းနှစ်ယောက်သား လုံးထွေးပြီး ရေအောက်သို့ကျသွားတော့သည်။ ကိုအောင်မောင်းမှာ ခြေလက်များကိုအတင်းရုန်းကန်၍ ရေကူးခတ်နေသော်လည်း သိန်းဇံက ကိုအောင်မောင်းအားအတင်းဆွဲဖက်ထားသဖြင့် မရုန်းကန်သာတော့ဘဲ မြစ်ကြမ်းပြင်ဆီသို့ တစတစနစ်မြုပ်သွားလေတော့သည်။

သိန်းဇံနှင့် ကိုအောင်မောင်းတို့မှာ ရုတ်တရက်ပျောက်ကွယ်သွားကြရာ ရေလဲရွာကလေးမှလူများပင် အလန့်တကြားဖြစ်သွားရလေသည်။ ကိုင်းတောအနီးတွင် လှေကလေးနှစ်စင်းကိုတွေ့သော်လည်း ထိုနေရာတွင်အောက်ခြေရှုပ်သဖြင့် ရေငုပ်သမားများငုပ်၍ရှာဖွေသော်လည်း ရှာမတွေ့ခဲ့ပေ။ ထိုညတွင်ပင် အောင်မောင်း၏ သားဖြစ်သူ အောင်အောင်မှာ အိပ်မက်မြင်မက်လေသည်။ ကိုအောင်မောင်းမှာတစ်ကိုယ်လုံးရေများစိုရွှဲလျှက် အိမ်အောက်သို့ရောက်လာခဲ့သည်။

“သားရေ”

“ဟင်အဖေ”

“သားကိုအဖေလာမှတာသားရဲ့၊ အဖေ့လှေရဲ့လှေဦးပိုင်းမှာ အရုပ်ကလေးတစ်ရုပ်တွေ့တယ်မဟုတ်လားသား”

“တွေ့တယ်အဖေ၊ အဲဒီအရုပ်ကလေးက သားကောက်လာခဲ့တဲ့အရုပ်ကလေးမဟုတ်လား”

“အဲဒီအရုပ်ကလေးက ကောင်းတဲ့အရုပ်မဟုတ်ဘူးသား၊ ဒီအရုပ်ကလေးကို မြစ်ထဲပြန်မျှောလိုက်ပါကွယ်၊ တို့ဗမာအယူအဆအရ မကောင်းတဲ့အရာတွေကို မြစ်ထဲချောင်းထဲ မျှောလေ့ရှိလို့ မြစ်ထဲချောင်းထဲက ဘာအရုပ်တွေ့တွေ့မကောက်ရဘူးလို့ တံငါသည်တွေအချင်းချင်းမှာကြားထားတာပေါ့သားရဲ့၊ တကယ်လို့သားလည်း တစ်နေ့မြစ်ထဲကနေ အရုပ်တွေတွေ့ရင် မကောက်ပါနဲ့တော့သားရယ်”

ထိုသို့ပြောဆိုပြီး ကိုအောင်မောင်းမှာ ပျောက်ကွယ်သွားလေတော့သည်။

မကြာခင် ငဝန်မြစ်အတွင်းတွင် လူသေကောင်နှစ်ခုပေါ်လာခဲ့သည်။ တစ်ခုမှာတော့ ခေါင်းပြတ်နေသည့် သိန်းဇံအလောင်းဖြစ်ကာ နောက်အလောင်းမှာတော့ ကိုအောင်မောင်း၏အလောင်းဖြစ်သည်။ ထူးခြားသည်က အလောင်းနှစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက်တွယ်ဖက်ထားကြလေရာ သဂြိုဟ်သည့်သူများပင် မခွာနိုင်ဟုဆိုကြသည်။

ကိုအောင်မောင်းတို့ရက်လည်သည့်နေ့ပင် အောင်အောင်မှာ လှေငယ်ကလေးလှော်ခတ်လျှက် ငဝန်မြစ်အတွင်းသို့ဆင်းလာခဲ့သည်။ မြစ်ပြင်ကျယ်ကြီးကိုမြင်တွေ့လိုက်ရသည့်အတွက် အဖေဖြစ်သူကိုပင် တမ်းတလွမ်းဆွတ်မိကာ မျက်ရည်များပင်ကျလာခဲ့သည်။ အကျီအိတ်ထဲထည့်ယူဆောင်လာသည့် အရုပ်ကလေးကိုအသေအချာကြည့်လိုက်မိသည်။ ထိုစဉ် အောင်အောင်၏ နားထဲတွင် စကားပြောသံများ ကြားလာရသည်။

“မလွင့်ပစ်နဲ့ကောင်လေး၊ ငါမင်းလိုချင်တာမှန်သမျှ ရအောင်လုပ်ပေးမယ်”

အောင်အောင်မှာ အလွန်တုန်လှုပ်သွားပြီးနောက် အရုပ်ကလေးကို ခပ်လှမ်းလှမ်းသို့လွှင့်ပစ်ထည့်လိုက်သည်။ အရုပ်ကလေးမှာ သစ်သားရုပ်မို့ရေပေါ် ပေါ်လောပေါကာ ငဝန်မြစ်ရေစီးအတိုင်း တရွေ့ရွေ့နှင့်စီးဆင်းသွားလေတော့သည်။

ပြီးပါပြီ။
#အဂ္ဂဇော် #သရဲ #စုန်း #ဖြစ်ရပ်မှန်

#ညမဖတ်ရ

စာရေးသူအားလေးစားစွာဖြင့်creditငဝန်မြစ်ထဲက ကဝေရုပ် (စဆုံး)

(၁)

စာရေးသူအားလေးစားစွာဖြင့်credit