ငါမကျေနပ်ဘူး (စ/ဆုံး )
—————————-
သူနာမည်က မောင်လူလှ
ဒါပေမဲ့ လူကမလှပါ မျက်နှာမှာကျောက်ပေါက်မာတွေနဲ့
မျက်စိတစ်ဖက်ကတိမ်စွဲနေသေးတယ်။
အသက်က ၂၀ တော့ကျော်ဘီ ဒါပေမဲ့ကျပ်ကသိပ်မပြည့်ချင်။
မရှိခိုးနိူး မလှစုန်းမျိုး ဆိုတဲ့ မြန်မာစကားပုံအတိုင်း မိခင်က
မျက်နှာမှာမီးလောင်ထားတဲ့ဒဏ်ရာကြီးနဲ့ဆိုတော့
စုန်း ဆိုပီးရွာပြင်ထုတ်ထားကြတာ
အခုတော့ မိခင်ကြီးကဘဝတစ်ပါးပြောင်းသွားရှာလေတော့
လောကအလယ်မှာ မောင်လူလှတစ်ယောက်ထဲ ဘဝ
ဇာတ်ခုံပေါ်မှာ သူများပေးစာကမ်းစာနဲ့ကျင်လည်နေရပေပြီ။
ပေးစာကမ်းစာကလဲ အလကားမရ သူတို့ခိုင်းတာတွေ
လုပ်ပေးမှ စားရသောက်ရတာလေ။
” ကိုမောင်မြ အိမ်မှာရေမရှိတော့ဘူးတော့ ရေထမ်းပေးဦး ”
” ဟာ မင်းကလဲ ဒီမှာအရက်သောက်ရတာ ဇိမ်ပျက်လိုက်တာ ”
” လူလှကို ခေါ်ထမ်းခိုင်းလိုက် ”
” ပေးစရာပိုက်ဆံမရှိဘူးတော်ရေ့ ”
” ရှင့်မလည်း အဲ့အရည်တွေပဲ မျိုနေ သိလား ”
“အာ ဒီမိန်းမ သောက်စကားများဒါ ငါလုပ်ထည့်လ်ိုက်ရ ”
” ပိုက်ဆံမရှိလဲ ခိုင်းလို့ရတယ်ကွ ”
” လုပ်ကြည့်လိုက်လေ ရှင်လုပ်ရဲလုပ်ကြည့်လိုက်ပါလား ”
လင်မယား၂ယောက်ရန်ဖြစ်နေစဉ် ခြံရှေ့သို့ အေးအေးလူလူ
လမ်းလျှောက်လာတဲ့သူက ကံဆိုးသူ မောင်လူလှ ။
” ဟေ့ကောင် လူလှ ”
” ဗျာ ”
” ဗျာမနေနဲ့ လာဦး ”
” ဟုတ် ဟုတ်ကဲ့ ”
ကြောက်ကြောက်လန့်လန့်နဲ့ခြံဝိုင်းထဲ ဝင်လာတဲ့လူလှကို
” ဟိုမှာ ရေပုံးယူသွားပီး နောက်ဖေးကအိုးတွေထဲကို မင်းရေဖြည့့်ထားလိုက် ”
” သွားမြန်မြန်လုပ် ပီးရင် ငါ့မိန်းမထဲမှာပိုက်ဆံ ယူသွား ”
” ကြားလား ဟေ့ကောင် ”
ရေပုံးလေးယူပီးထွက်သွားသော လူလှကိုကြည့်ရင်း
သက်ပြင်းချလိုက်သူကကိုမောင်မြရဲ့မိန်းမ မလှတင်။
” အစ်ကို ရေဖြည့်ပြီးပြီဗျ ”
” အေး မလှတင်ဆီမှာ ပိုက်ဆံယူသွား ”
” ဟုတ်ကဲ့ ”
” အစ်မ အစ်မ ရေဖြည့်ပြီးပြီဗျ ”
” သြော် အေးအေး ”
” လူလှရေအစ်မမှာ ပိုက်ဆံမရှိတော့ဘူးကွဲ့ ”
” ဒါပေမဲ့ နင့်အတွက် ညနေစာလေးတော့ ယူသွားနော် ”
” ဟာ ရပါတယ်ဗျ ”
” ညနေစာရတာပေါ့ ”
မလှတင်ကမ်းပေးသော အထုပ်လေးကိုဆွဲပီး ထွက်သွားသော လူလှရဲ့ခြေလှမ်းတွေက သူ့အမေခေါင်းချခဲ့ရာ နေရာသို့ ။
မောင်လူလှကိုအဲ့လိုအနိူင်ကျင့်ခိုင်းပီး ပိုက်ဆံမပေးချင်တဲ့
သူက ကိုမောင်မြတစ်ယောက်ထဲတင်မကပါဘူး
ပြောရရင်တော့တစ်ရွာလုံးနီးပါးအပါအဝင်ပေါ့။
ဟီုကလဲ လူလှရေ ဒါလေးလုပ်ပေးပါဦး
ဒီကလဲ လူလှရေ ဟိုဟာလေးလုပ်ပေးပါဦးနဲ့
တစ်ရွာလုံးရဲ့ ခိုင်းဖတ် လူမလှပေမဲ့ စိတ်လှတဲ့
မောင်လူလှကတော့ တစ်ရွာလုံးကိုကြောက်ကြောက်နဲ့
ခိုင်းသမျှ လုပ်ပေးနေရတဲ့ဘဝကနေ ကျွတ်ချိန်တန်လာလေပြီ
မောင်လူလှတစ်ယောက် ဘဝပြောင်းဖို့ရာကံကြမ္မာက
တစ်နေ့
” ကိုဘမောင်ဒီနေ့ရှင် ဟိုဖက်ရွာသွားရမှာ နွားတွေကိုဘယ်လိုလုပ်မလဲ ”
” အေးကွာ မသွားမဖြစ်လို့သာသွားရမှာ ”
” ဟိုလေ တော် မောင်လူလှကိုဒီနေ့တစ်နေ့လောက်ခိုင်းလိုက်ပေါ့ ”
” ဟာ ဟုတ်တယ် ငါမေ့နေတာဟ ”
” အေးဟုတ်ပီ လူလှကိုပြောလိုက်မယ်ဟေ့ ”
” ဒါဆိုလဲ မြန်မြန်သွားတော် ”
” အေးပါကွာ ”
” ဒီကောင်ခုချိန်လောက်ဆ်ို သူ့အမေမြေပုံနားမှာပဲရှိလိမ့်မယ် ”
” အာ့ဆိုလဲ ရှင် သင်္ချိုင်းကုန်းပဲလိုက်သွားပေါ့ ”
ကိုဘမောင်တစ်ယောက် လူလှရှိရာ
သချိုင်းကုန်းဖက်သို့သွက်လက်သောခြေလှမ်းများဖြင့်ထွက်ခွာသွားလေတော့သည်။
ကိုဘမောင်သင်္ချိုင်းနားအရောက်တွင် သင်္ချိုင်းထဲမှထွက်လာသော လူလှနဲ့မျက်နှာချင်းဆိုင်
အဆင်သင့်တွေ့လေရာ
” ဟေ့ကောင် လူလှ ”
” ဗျာ ဦးလေးဘမောင် ”
” အတော်ပဲကွာ မင်းကိုလာရှာတာ ”
” ဘာကိစ္စ ရှိလို့လဲခင်ဗျ ”
” မနက်ဖြန်ကွာ ဟိုဖက် နှစ်ရွာကျော်ကို သွားစရာရှိလို့ ”
” အဲ့ဒါ မင်းကို ငါ့နွားတွေမနက်ဖြန်တစ်ရက် ကျောင်းပေးစမ်းပါကွာ ”
” ဟုတ်ကဲ့ ရပါတယ်ခင်ဗျ ”
” အေး အေး ဒါဆိုစိတ်ချမယ်ကွာ ”
ဦးဘမောင်လှည့်ထွက်သွားရာကိုကြည့်ပီး လူလှ
တစ်ယောက်ခေါင်းကုတ်ကာကျန်ခဲ့လေသည်။
” မနက်ဖြန်လဲ ပိုက်ဆံရမှာမဟုတ်ဘူး ”
” ဆရာတော်ကြီးအတွက် ကုတင်ဝယ်လှူဖို့ ကြာဦးမယ်ကွာ ”
ခေါင်းတစ်ယမ်းယမ်းဖြင့်ရွာဦးကျောင်းဖက်ထွက်သွားလေသည်။
နေ့သစ်တစ်နေ့အစ
လူလှတစ်ယောက် ဦးဘမောင်အိမ်သို့နှေးကွေးလေးလံစွာသွားနေလေသည်။အကြောင်းက ဒီနေ့ ဦးဘမောင်၏နွားတွေကို
သူ့အနေနဲ့သွားကျောင်းပေးရမှလေ။
ဒီလူကြီးက ကပ်စီးနှဲကြီး သူများတွေကို လုပ်ခသာမပေးချင်တာ
ခိုင်းစရာရှိရင်တော့ ပက်ပက်စက်စက်ခိုင်းတတ်တာမဟုတ်လား။
ဦးဘမောင်၏ခြံဝန်းထဲသို့ရောကသော်
” အရီးေရ အရီး ”
” ကျွန်တော်ရောက်ပီဗျ ”
” သြော်အေး မောင်လူလှရေ မင့်ဦးကြီးတော့သွားဘီကွဲ့ ”
” ရော့ ဒီမာထမင်းထုပ် စိတ်ချမယ်နော် မောင်လူလှရေ ”
” ခုတစ်လော နွားခိုးတွေသောင်းကျန်းနေလို့ မင့်ဦးကြီးက
စိတ်မချဘူးဖြစ်နေတာ ”
” ဟုတ်ကဲ့ ကျွန်တော် ဂရုစိုက်ပါ့မယ် အရီးရ ”
” အေး အေး သွားတော့ကောင်လေး သွားတော့ ”
ဦးဘမောင်မှာက နွား ၉ ကောင်ရှိတယ်။
နွားနီကြီးက ဦးဘမောင်နွားတိုက်ရန်မွေးထားခြင်းဖြစ်သည်
ဒါကြောင့် ဦးဘမောင်ကြီး စိတ်မချဖြစ်နေတာပင်။
သီချင်းလေး တစ်ကြော်ကြော်နဲ့နွားကျောင်းနေသော
လူလှမှ နေကပူ ထမင်းကလဲဆာလောင်လာသဖြင့်သစ်ပင်ရိပ်တစ်ခုကိုရွေးချယ်ကာ အကျအနထိုင်၍ထမင်းထုတ်ကိုဖြည်ကာ
” ရှီးးးးးး အားပါးးးး ”
” အရီးကသဘောကောင်းလိုက်တာ ”
” ငါးရံ့ခြောက်ဖုတ်ကလေးနဲ့ လူလှတို့စားရချည်သေးရဲ့ ”
အားရပါးရနဲ့လွေးလိုက်တာ ထမင်းလဲကုန် ပုဆိုးနဲ့လက်သုတ်
ပီးတာနဲ့ နွားတွေကိုနေရာကနေကြည့်လိုက်သေးတယ်
သစ်ပင်ရိပ်လေးကလဲအေးတာနဲ့ မျက်လုံးလေးကလဲစင်း
လာကာ မနေနိူင်တော့၍ သစ်ပင်ရိပ်မှာ
အိပ်ပျော်သွားလေတော့သည်။
” မိန်းမရေ ”
” သြော် ကိုဘမောင် တော်ပြန်လာဘီလား ”
” အေးကွာ ”
” အဆင်ပြေခဲ့ရဲ့လားတော့ ”
” မပြေပါဘူးကွာ သွားရတာပဲအဖတ်တင်တယ် ”
” သြော် ဒါနဲ့ လူလှတစ်ယောက်ပြန်မလာသေးဘူးလားကွ ”
” မှောင်နေဘီဟ ခုထိပြန်မလာသေးဘူးဆိုတော့ ”
” မဖြစ်သေးပါဘူး ငါလိုက်သွားဦးမှပါ ”
ပြောပြောဆိုဆို ဦးဘမောင်လဲ လက်စွဲတော် တုတ် ၁ချောင်းနဲ့
လူလှနောက်သို့ လိုက်သွားလေသည်။
” ဟင် ”
လူလှတစ်ယောက် ဆတ်ခနဲလန့်နိူးလာချိန် က
အတော်မှောင်နေသဖြင့် ရင်ထဲ ထိတ်ခနဲဖြစ်သွားလေသည်။
ကပြာကယာထ၍ နွားတွေကို ထပီးလိုက်ရှာကြည့်ရာ ၈ ကောင်သာတွေ့လေသည်။ ၁ ကောင်ပျောက်နေသဖြင့်
” ဝေးးးး ဝေးးးး ”
အော်သံပေးကာလိုက်ရှာနေသော်လည်း စိတ်ထဲမှာ
ကြောက်ရွံထိတ်လန့်မိနေသည်က မျက်နှာမှာဖုံးဖိမရ
အကြောင်းက ပျောက်နေသောနွားမှာ ဦးဘမောင်၏
လက်သတ်မွေးထားသော နွားဖြစ်နေသောကြောင့်
မဟုတ်ပါလား ။
အသံကြားရာဖက်သို့ လိုက်လာသော ဦးဘမောင်မှာလူလှရှိရာဖက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။
” ဟေ့ကောင် လူလှ နွားတွေသိမ်းတော့လေ ”
” ဟို ဟို ဦးရီးးးး ”
မောင်လူလှ စကားတွေက အထစ်ထစ်အငေါ့ငေါ့
” မင်းဘာဖြစ်နေတာလဲ မှောင်နေဘီလေကွာ ”
” နွားးးးးးနွား ၁ ကောင်ပျောက်နေလို့ပါ ဦးးးး ဦးးးးးရီးးး ”
“ဟေ ”
ထိုအခါမှ ဦးဘမောင်လဲ မျက်လုံးမျက်ဆံပြူးသွားကာ
နွားတွေကို သေချာလိုက်ကြည့်ပီး ပျောက်နေသောနွားက
မိမိ တသသ မွေးမြူထားသော နွားဖြစ်နေသည်ကို သိရှိရသောအခါ ဒေါသက ငယ်ထိပ်တက်စောင့်ပီး
” မင်းးးး မင်းးးးကွာ ငါအတန်တန်မှာထားတဲ့ကြားက
စောက်သုံးကို မကျဘူး ”
” ကဲကွာ ကဲကွာ ဒီလောက်အသုံးမကျဦး ”
စိတ်တိုတိုဖြင့် လက်ထဲပါလာသော တုတ်ဖြင့် မောင်လူလှအား
၃ ချက်ဆင့်ရာ ရိုက်ချလိုက်သည်။
ဦီးဘမောင် ရိုက်လိုက်သောအရှိန်ဖြင့် ယိုင်သွားသော
မောင်လူလှထံမှ
” အားးးး ”
” ခွပ် ”
ဆက်ရိုက်လိုက်သော ဦးဘမောင်၏ တုတ်မှာယိုင်သွားသော မောင်လူလှရဲ့ ဦးခေါင်းနောက်စေ့သို့
အမှတ်မထင်ရိုက်မိသွားသဖြင့် ၁ ချက်သာအော်နိူင်ပီး
ခွေကျသွားလေသည်။
” ဟာ လူလှ လူလှ ”
လူလှလဲကျသွားသဖြင့် ဦးဘမောင်၁ယောက် အသိဝင်လာကာ
အော်ခေါ်ပါသော်လည်း ဦးခေါင်းခွံကွဲသွားသော
မောင်လူလှ ၁ ယောက်ကတော့ဖြင့် လောကကြီးကို
နှုတ်ဆက်ထွက်ခွာသွားလေတော့သည်။
ဦးဘမောင်လဲ ရုတ်တရက်မို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသ်ိ
တော့ပေ။
ဒေါသကြောင့်အမှတ်မထင် လူသတ်မိပြီမဟုတ်ပါလား
လူလှအလောင်းဘေး၌ထိုင်ကာ အတန်ကြာ စဉ်းစား
တွေဝေနေပြီးနောက် တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချလိုက်
ဟန်ဖြင့် လူလှအလောင်းကိုပြန်ကြည့်ကာ မြောက်ဖက်က လျှိုထဲသို့ မိမိတုတ်အား လက်စဖျောက်လိုက်ကာ ရွာဖက်သို့
ခပ်သုတ်သုတ် ထွက်သွားလေသည်။
ရွာထဲသို့ မပြေးရုံတစ်မယ် ဝင်လာသော ဦးဘမောင်အားတွေ့လိုက်သော ကိုသိန်းက
” ဦးလေး အလောတစ်ကြီး ဘာဖြစ်လာတာလဲဗျ ”
” ဟာ မောင်သိန်းအတော်ပဲ မင်းကိုတွေ့တာ ”
” ရွာထဲက ကာလသားတွေအခုစုထားပေး ”
” ဘာဖြစ်လို့လဲဦးလေး ”
” မြောက်ဖက်က စားကျက်ကွင်းထဲမှာ လူလှတစ်ယောက်
ငါ့နွားတွေကျောင်းရင်းနဲ့ သေနေတာတွေ့ခဲ့တယ် ”
” ငါ အခုလူကြီးအိမ်သွားအကြောင်းကြားနေတုန်း
မင်းက လူငယ်တွေစုထားပေးကွာ ”
” ဗျာ လူလှသေနေတယ်ဟုတ်လား ”
” အေး”
” ကဲ သွားသွား မြန်မြန်လုပ် ”
ဦးဘမောင် လူကြီးအိမ်ဖက်ထွက်သွားလေသည်။
” ဘယ်နားမှာလဲ ဦးလေး ”
” ဟိုဖက်က ချောက်နားမှာကွ မြန် မြန်လာကြ ”
” ဟိုမှာ ဟေ့ ဟိုမှာ ”
” သွေးတွေကမြင်မကောင်းဘူးကွာ ”
” ဖြစ်ရလေ လူလှရာ ”
” ကဲ ကိုဘမောင် ဘယ်လိုဖြစ်ရတာလဲဗျ ”
” မသိပါဘူး လူကြီးရယ် ကျွန်တော် တစ်ခြားသွားစရာရှိလို့ ဒီနေ့ လူလှကို နွးကျောင်းခိုင်းထားတာ ”
” ကျုပ်ပြန်လာပီး ဒီချိန်ထိ သူ ပြန်မလာသေးလို့ လိုက်ရှာရင်း
အခုလိုတွေ့ရတာပါပဲဗျာ ”
” ပီးတော့ ကျုပ်နွားကြီးလဲ ပျောက်နေတယ်ဗျ ”
ကာလသားခေါင်း ကိုသိန်းမှဝင်၍
” နွားခိုးတွေ လက်ချက်များလားမသိဘူး ”
” ဖြစ်နိူင်တယ်ဗျ ”
” ဒီကောင်တွေကွာ နွားတင်မဟုတ်ဘူး အခု လူပါသတ်တဲ့အဆင့်ထိရောက်လာပြီ ”
” မိုက်ရိုင်းတာကွာ ”
ရွာလူကြီးမှနေ၍
” ဟေ့ ဟေ့ ဖိုးထူးတို့ အလောင်းသယ်ကြကွာ ”
” မောင်မြင့်တို့က ဝါးတွေ ခုတ်ကြ”
” အလောင်းကတော့ ရွာထဲသယ်လို့မရဘူး ”
” ဒါကြောင့် ရွာပြင်မှာ စင်နဲ့တင်ထားခဲ့ရမှာ ”
” မင်းတို့ထဲက လေးငါးယောက်လောက် ဒီကြစောင့်ကြ ”
” ကဲ အချိန်မနည်းတော့ဘူး လုပ်စရာ ရှိတာလုပ်ကြတော့ ”
” ကိုဘမောင် ကျုပ်တို့ပြန်ကြမယ် ဆရာတော်ကို လျှောက်ပီးစီစဉ်စရာရှိတာစီစဉ်ကြရအောင် ”
” အေးဗျာ ”
ရွာလူကြီးနှင့် ဦးဘမောင်တို့ ကာလသားများအလောင်းထမ်းသွားသောနောက်မှ လိုက်သွားနေစဉ်
သစ်ပင်အောက်၌ လူတစ်ယောက်ကျန်နေခဲ့သည်။
ထိုသူက ထွက်သွားသော ဦးဘမောင်၏နောက်ကျောသို့စိုက်ကြည့်နေသည်ကို မည်သူမှ သတိမထားမိပေ။
ထိုသူက ဘယ်သူလဲ ?????
မောင်လူလှ ရက်လည်ပီးနောက် ဦးဘမောင်မှာ မိမိကို
ဘယ်သူမှ သံသယမဝင်သည့်အတွက် အိနြေ္ဒမပျက်ပေ။
သို့သော် ရင်ထဲမှာကား ဘာကိုစိုးရိမ်ကြောက်လန့်နေသည်
မသိ စိုးတထိတ်ထိတ်နှင့်ဖြစ်နေပေသည်။
” အူးးးးးဝူးးးးဝူးးးး ”
ရွာထိပ်မှခွေးများ ဆွဲဆွဲငင်ငင် အူလိုက်သံက ဦးဘမောင်ကို
ပို၍ စိုးထိတ်စေသည်။
ခွေးအူသံများက ရွာထိပ်မှ ရွာလယ်ဆီသို့ တစ်ဖြည်းဖြည်း
ရောက်လာပီးနောက် ဦးဘမောင်ရဲ့ ခြံရှေ့တွင် ရပ်တန့်သွားသဖြင့်
ထရံကြားမှ ချောင်းကြည့်လိုက်ရာ လူတစ်ယောက်သည်
မိမိအိမ်သို့ကြည့်နေလေကိုတွေ့ရသဖြင့် ထွက်ပြောမည်ပြုရာ
ထိုသူမှ သူထံလက်ညိုးထိုးပီးထွက်သွားလေသည်။
” ဦးးးရီးးးဦးရီး ”
” ငါ မကျေနပ်ဘူး ”
” ဟင် လူလှ မင်းလူလှမဟုတ်လား ”
” သိပ်သေချာတာပေါ့ ခင်ဗျားကြီးသတ်လိုက်တဲ့ လူလှလေ
လူလှ ”
” ဦးရီးသမီး ယမုံလေးကလဲအရွယ်ရောက်လာပြီဆိုတော့
ကျုပ်နဲ့အဖော်ရအောင် လာခေါ်မယ် ”
” ဘာကြ ရာရာစစ ”
” မင်းက သေပြီလေ သွား သွား ငါ့နားမလာနဲ့ မလာနဲ့သွားးး ”
” ကိုဘမောင် ကိုဘမောင် ရှင်ဘာတွေအော်နေတာလဲ ”
” ဟင် ငါ ငါ ငါ ဘာတွေအော်နေလို့လဲကွ ”
” အိမ်မက် မက်နေတာလား ဟုတ်မယ် ”
” ဟူးးးးးးးးးးတော်ပါသေးရဲ့ကွာ အိမ်မက်မို့လို့ ”
” ဘာတော်တာလဲတော့ ”
” ဘာမှမဟုတ်ပါဘူးကွာ ပြန်အိပ်တော့ ပြန်အိပ်တော့ ”
အတွေးတစ်ဝက်နဲ့ ဦးဘမောင်တစ်ယောက် မိုးလင်းခါနီးမှပြန်အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့ ညနေ ရွာထဲကအပျိုတစ်သိုက် ရေခပ်ဆင်းကြရာ
ဦးဘမောင်ရဲ့သမီး ယမုံတစ်ယောက်လဲပါ၏။
ရေခပ်ပီးပြန်ကြရာ ယမုံက နောက်ဆုံးမှဖြစ်လေသည်။
” ဘုတ် ”
ခနဲ့အသံနဲ့အတူ ယမုံ၏ဘေးသို့ တစ်စုံတစ်ရာပြုတ်ကျ လာသဖြင့်
ယမုံမှာလန့်ပီးကြည့်လိုက်ရာ မိမိကိုသွားဖြဲပီး ရီပြနေသော
လူလှအားတွေ့လိုက်သဖြင့်
” ဟင် လူ လူ လူ လူလှ ”
ဟုဆိုကာ သတိမေ့ပီး လဲကျသွားလေသည်။
” ခြမ္း”
ရွက်လာသောရေအိုးမှာ တစ်စစီ ပြုတ်ကျကွဲကြေသွားလေသည်။
” ဟဲ့ ယမုံ ယမုံ ”
” အင် ဟင် ဟင် ”
” ဘာမှမဖြစ်ပါဘူး ခြေခေါက်လဲမိသွားတာပါ ”
” သြော် အေ ဖြစ်ရလေ လာလာ ငါ့ကိုတွဲပီး ပြန်ကြမယ် ”
” ရတယ် ရတယ် အေးဘုံ ငါဘာမှမဖြစ်တော့ဘူး ”
အိမ်ပြန်ရောက်သော်
” သမီး ဘာဖြစ်လို့လဲ ရေအိုးလဲပါမလာဘူး ”
” ခြေခေါက်လဲပီး ရေအိုးကွဲသွားလို့ ”
” ဒါဆိုလဲ ဆေးလေးဘာလေးလိမ်းထားလိုက်သမီး ”
” ဟုတ်ကဲ့အမေ ”
ယမုံ့အမေအိမ်နောက်သို့ထွက်သွားသောအခါ ယမုံသည်
ကွပ်ပျစ်၌ထိုင်နေသော ဖခင်ဖြစ်သူကို ခပ်စိမ်းစိမ်းစိုက်ကြည်နေ
သဖြင့် ဦးဘမောင် သူ့ဖက်သို့လှည့်လာသောအခါ
ဖခင်ဖြစ်သူကို ပြုံးပြပီး အိမ်ပေါ်သို့တက်သွားလေသည်။
ည ရောက်သော်
မိသားစုများထမင်းစားနေချိန်တွင် ယမုံတစ်ယောက်
ဟက်ဟက်ပက်ပက်သိပ်မစားချေ ။
” သမီး စားမကောင်းဘူးလား ”
” သမီးကြိုက်တဲ့ ငါးရံ့ခြောက်လေး အမေဖုတ်ပေးထားတာလေ ”
” ဟုတ်ကဲ့ အမေ ခေါင်းထဲငြီးစီစီဖြစ်နေလို့ပါ ”
” သမီး ဒီနေ့စောစောအိပ်ချင်တယ် ”
ထိုအခါ ဖခင်ဖြစ်သူ ဦးဘမောင်က ဝင်၍
” အေးအေး သမီး ညနေကလဲ ကန်ထိပ်မှာလဲထားတော့ ”
” အနာရှိန်ကြောင့် ခေါင်းမူးတာထင်တယ် ”
” ဒီနေ့ စောစောအိပ်လိုက်တော့ ”
” ဟုတ်ကဲ့ ”
” အောက် အီ အီးးအွတ် ”
” ကိုဘမောင် ရှင်ယာထဲသွားတော့မလား ”
” အေးကွာ ခဏနေသွားမယ် ”
” ကျုပ် ထားထားတဲ့ အမဲခြောက်မြှောင်းတွေ တော်တော်လေး
ပျောက်နေတယ် ကိုဘမောင်ရေ ”
” တောကြောင်တွေများ ဝင်ဝင်ဆွဲနေလားမသိဘူး ”
” ဟုတ်လားဟ တော်တော်များလား ”
” အသားချောင်း ၅ မြှောင်းလောက်လျော့နေတယ်တော့ ”
” တောကြောင်ဆိုလဲ အများဆုံး ၂ချောင်းပေါ့ကွာ ခုဟာက
၅ မြှောင်းတောင်ဆိုတော့ ”
” တောကြောင်မှ ဟုတ်ရဲ့လား ”
” ညကျရင် ငါထောင်ခြောက်တွေဆင်ထားလိုက်မယ် ”
” ဟဲ ဟဲ တောကြောင်သားမစားရတာကြာဘီ ”
” စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာပဲကွ ”
ပြောပြောဆိုဆို ယာထဲသွားရန် ဦးဘမောင်တစ်ယောက်ပြင်
ဆင်နေလေတော့သည်။
ဦးဘမောင်ယာထဲထွက်သွားပီးနောက် ယမုံအိပ်ယာကနိူးလာ
တော့သည်။
” အမေ ရွာအနောက်ဖက် အဘကိုအေးတို့အိမ်မှာ
နွားပေါ်တယ်လို့ ကြားတယ် ”
” အဲ့ဒါ အမဲသားနဲ့စားချင်လို့ ဝယ်ပေးပါလားဟင် ”
” ဟဲ့ ဘယ်သူကပြောတာတုန်း ငါလဲမကြားမ်ိပါဘူးအေ ”
” ဟုတ်ရင်ဝယ်ကျွေးမယ် ဟုတ်ပလား ”
” ဟဲ့ မောင်စိန် မောင်စိန် ငါ့တူဒီကိုလာပါဦး ”
” ကိုအေးတို့အိမ်မှာ နွားပေါ်တယ်တဲ့ အဲ့ဒါ အရီးကို ၁ ပိသာလောက်ပေးလိုက်ပါလို့ ”
” ဟုတ်ကဲ့အရီး ”
မကြာပါမောင်စိန် ၁ယောက်အမဲသားတွဲဆွဲ၍ပြန်လာနေသည်ကိုတွေ့ရသည်။
” ကျေးဇူးပါပဲ မောင်စိန်ရယ် မင်းညီမက
စားချင်တယ်ဆိုလို့ဟေ့ ”
အိမ်မှာ ဦးဘမောင်မရှိသဖြင့် သားမိ၂ယောက်သားနေ့လည်စာ
စားကြရာ ယမုံမှာ ထမင်းကိုနဲနဲသာစား၍
အမဲသားတွေချည်းသာစားနေသဖြင့် မိခင်ဖြစ်သူမှ
” သမီး ညည်းဟင်းတွေအဖေ့ဖို့ချန်ထားဦးနော် ”
” ဟင် အမေက သမီးစားတာငြိုငြင်လို့လား ”
” မငြိုငြင်ပါဘူးတော် မိဘပဲ သားသမီးကိုငြိုငြင်ပါ့မလား ”
နောက်တစ်နေ့ ဦးဘမောင် မိန်းမ အကြွေးသွားတောင်းသဖြင့် အိမ်မှာ ယမုံနဲ့ဦးဘမောင်သာကျန်ခဲ့သည်။
” အိမ်ပေါ်မှာတိတ်လှချည်လား သမီးရောရှိရဲ့လားမသိဘူး ”
” တက်ကြည့်ဦးမှပါ ”
” ပြတ် ပြတ် ပလပ် ပလပ် ”
အခန်းထဲက အစားအသောက်စားနေသလို အသံကြားရ၍အခန်းနားသို့ကပ်ကာ လိုက်ကာကိုအသာမ၍ကြည့်လိုက်စဉ်
တွေ့လိုက်ရသောမြင်ကွင်းက ယမုံ၁ယောက်အမဲသားခြောက်တွေကို
အမြှောင်းလိုက် ဝါးစားနေခြင်းပင်။
” ဟာ ”
ဦးဘမောင်အသံထွက်သွားသဖြင့် ယမုံကလှည့်ကြည့်လိုက်ရာ ဦးဘမောင်တစ်ယောက် နောက်သို့ပင် ခြေလှမ်းကိုဆုတ်လိုက်မိသည်။
” ဟားးဟား ဦးဘမောင်ကြောက်သွားသလား ”
ထွက်လာတာက ယောကျာင်္းသံ
” ငါ မကျေနပ်ဘူးနော် ဟင်းဟင်း ”
ထိုစဉ်
” ကိုဘမောင် ရှင်ဘာတွေကြည့်နေတာလဲ ”
” မင်းးးသမီး မင်းးးးးသမီးးးး ”
” ဟင် သမီးးးဘာဖြစ်လို့လဲ ”
” သမီး ဘာမှမဖြစ်ပါဘူး အမေ အဖေက အခန်းထဲက အမဲ
ခြောက်တွေ ပစ်ထည့်နေလို့ ”
” ဟာ ! မဟုတ်ဘူး မဟုတ်ဘူး ”
ဦးဘမောင် လက်တကာကာဖြင့်မိန်းမကိုရှင်းပြနေရသည်။
” လာ လာ မိန်းမ အောက်ဆင်းမယ် ”
အိမ်အောက်သို့ဆင်းသွားသော ဦးဘမောင်တ်ို့လင်မယား၏
နောက်ကျောကိုကြည့်ကာ ယမုံတစ်ယောက်ပြုံးလိုက်သည်ကိုတော့ဘယ်သူကမြင်တွေ့နိူင်ပါတော့မည်နည်း။
အိမ်အောက်ရောက်သော်
” မင်းသမီးကို ငါတယ်ပီးတော့ မသကာင်္ချင်ဘူးကွာ ”
” ယမုံကဘာဖြစ်နေလို့တုန်း တော့ ”
” ငါ့စိတ်ထင် အင်းးးးး ”
” ရှင်ပြောနေတာတွေ ကျွန်မဘာမှနားမလည်တော့ဘူးတော် ”
” ထားလိုက်ကွာ ငါ့ဘာသာပဲစီစဉ်တော့မယ် ”
နောက်နေ့မနက်စောစော မိန်းမမသိခင် ဦးဘမောင်အိမ်ကထွက်သွားလေသည်။
ညနေစောင်းအချိန်တွင် ဦးဘမောင်နဲ့အတူ လွယ်အိပ်လွယ်ထားသော လူတစ်ယောက်ပါလာလေသည်။
” မိန်းမရေ ဧည့်သည်ပါတယ်ဟေ့ ”
” သြော် ဧည့်သည်ပါလာတာကိုး အိမ်ပေါ်ကြွပါရှင် အိမ်ပေါ်ကြွပါ ”
အိမ်ပေါ်သို့ ဧည့်သည်သည် ရှေ့ဆုံးမှတက်လာစဉ်
” ဝှီးးးးးးး”
” ခွပ် ”
” အား ”
“မမှတ်မထင် ထာက်လသော ကြေးကွမ်းအစ်ကြီးသည်
ဧည့်သည်၏ နဖူးတည့်တည့်သို့ ထိမှန်ကာ
” ဒုန်းးးးဒုန်းးးဒုန်း ”
အောက်သို့ ဒလိမ့်ခေါက်ကွေ လိမ့်ကျသွားပီးနောက်
အလူးအလဲပြန်ထကာ
” ကျုပ် မနိူင်ဘူး ဦးဘမောင် ကျုပ်သွားဘီ ”
တစ်ခွန်းထဲပြောကာ ခြံပြင်သို့ မပြေးရုံတစ်မယ်ထွက်သွားလေသည်။
” သမီး ဘယ်လိုလုပ်လိုက်တာလဲကွယ် ဧည့်သည်ကို ”
” ဟင်းးးဟင်းးးဟွင်းးး ”
ယမုံကမိခင်ရဲ့အမေးကိုမဖြေပဲ ဦးဘမောင်ကိုကြည့်ကာ တဟင်းတဟင်းနဲ့ရီနေသဖြင့် ဦးဘမောင်မှာ မျက်စိမျက်နှာပျက်သွားလေသည်။
၂ရက်ခန့်ကြာသော်
ဦးဘမောင်နဲ့အတူလူတစ်ယောက်ထပ်ပါလာပြန်သည်။
ဦးဘမောင်ကတော့ စိတ်မလျှော့ချေ။
ထိုလူအတွက် ယမုံရဲ့လက်ဆောင်က
” ဝှီးးးးးးး”
ဧည့်သည်က ဦးဘမောင်ပြောပြထားသဖြင့် သတိနဲ့တက်လာကာအိမ်ထဲမှထွက်လာသော သနပ်ခါးတုံးအား အသာအယာ
ပင်ရှောင်တိမ်းလိုက်နိူင်ကာ အိမ်ပေါ်ထိတက်လာနိူင်တော့
သည်။
ယခုချိန်ထိ ယမုံက အိမ်ခန်းထဲကမထွက်
ထိုဧည့်သည်က ဘုရားဝတ်ပြုကာအိမ်ခန်းထဲမှ
ယမုံအားခေါ်ထုတ်လိုက်သည်။
” ကဲ ကဲ ထွက်လာခဲ့တော့ကွာ ”
ယမုံကဘာမှမပြောပဲ အိမ်ခန်းထဲမှထွက်လာပီးနောက် ကျုံ့ကျုံ့လေးထိုင်လိုက်သည်။
” မင်းက ဘယ်သူလဲ ”
” ဘာကြောင့် ရောက်နေရတာလဲ ”
ယမုံက မဖြေ ပြုံးရုံသာ ပြုံးနေလေသည်။
ဧည့်သည်က ယမုံမဖြေသဖြင့် ကြိမ်လုံးနဲ့ ကြမ်းပြင်ကိုရိုက်လိုက်ရာ
” ဖုန်းးး ”
ယမုံကတော့ မတုန်လှုပ် မျက်တောင်မခတ်ပင် ပြန်ကြည့်နေလိုက်သေးသည်။
ထိုဆရာလည်း ဒေါသထွက်ကာ ယမုံ့ကိုကြိမ်လုံးဖြင့်
လွှဲရိုက်လိုက်လေသည်။
” အမလေး သေပါပြီတော် ”
ထွက်လာတဲ့အသံက ယမုံ့ဆီကမဟုတ် သမီးကိုရိုက်သဖြင့်သူ့အမေက လန့်ကာအော်လိုက်ခြင်းပင်ဖြစ်သည်။
အဖြစ်အပျက်များက မြန်ဆန်လွန်းသည်။
” ဝှီးးး ”
” ဖတ် ”
ဆရာရိုက်လိုက်သောဒုတ်က ယမုံကိုမထိ
သူမ၏လက်နဲ့ဖမ်းထားခြင်းဖြစ်သည်။
” ဖောင်းးးးဖောင်းး ”
သူမ၏ကျန်တဲ့လက်နဲ့ ဆရာ့၏နားထင်အားဆင့်ကာရိုက်ချ
လိုက်သဖြင့် ဆရာ့မှာ ယိုင်လဲကျသွားသည်။
ယမုံက မတ်တတ်ရပ်က ဆရာ၏လည်ပင်းအား ခြေထောက်ဖြင့်နင်းကာ နင့်အသက်မသေချင်ရင် ချက်ချင်းထွက်သွားဟုပြောဆို
လိုက်ပြီး နင်းထားသော ခြေထောက်ကိုပြန်ရုတ်လိုက်ခါ
” ဟားးး ဟားးးးဟားးးဟားးးးဟားးးး”
ဝမ်းခေါင်းသံကြီးနဲ့ ရီမောနေလေသည်။
ရုတ်တရက် ဦးဘမောင်ဖက်လှည့်ကာ
” ခင်ဗျားကို ကျုပ်မကျေနပ်သေးဘူးနော် ”
” အခုတော့ သွားဘီ ”
” ယမုံ့အတွက်တော့စိတ်မကောင်းပါဘူး ”
ဆိုကာ ယမုံမှာပုံ၍ လဲကသွားလေသည်။
မကြာပါ ခဏလေးအတွင်း ယမုံ၏ခန္ဓာကိုယ်မှ အပုတ်နံ့များထွက်လာကာ ဖူးရောင် ပုတ်ပွလာလေတော့သည်။
မျက်စိရှေ့တွင်ဖြစ်ပျက်သွားသော အဖြစ်အပျက်များကိုမြင်လိုက်ရသည့် ဒေါ်စောမြမှာ
” အမလေး သမီးရေ သမီးးယမုံ ”
ဟုအော်ခေါ်ကာ ရင်ဝ၌ဆို့တက်၍ သတိလစ်သွားလေတော့
သည်။
ထိုအခါမှ ဦးဘမောင်မှာ
” မိန်းမ မိန်းမ ”
” သမီး သမီးး ”
ဘာလုပ်၍ဘာကိုင်ရမှန်းမသိ ဘယ်သူဖက်သွားရမလဲ လို့ပင် တွေတွေကြီးဖြစ်သွားလေသည်။
ထိုစဉ်
” ဦး ဘမောင် ဗျို့ ဦးဘမောင် ”
” ဒေါ်စောမြရေ ဒေါ်စောမြ ”
” ခင်ဗျားတို့ အိမ်ဖက်က အပုပ်နံ့ရလို့ဗျ ”
ထိုခါမှ ဦးဘမောင်လဲ သတိဝင်လာကာ
” အင်းးး လာခဲ့ကြပါဗျာ တက်ခဲ့ကြပါ အီးဟီးဟီး ”
ချူံးပွဲချ၍ငိုကြွေးလေတော့သည်။
အိမ်ပေါ်တက်လာသူတို့မှ အပုတ်နံ့ကပိုဆိုးလာသဖြင့်
နှာခေါင်းများကို လက်နဲ့အုပ်မိကြလေသည်။
အိမ်ပေါ်မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့်
” ဟာ ”
အာမေဋိတ်သံများ တစ်ပြိုင်ထဲထွက်ပေါ်လာလေတော့သည်။
အကျိုးအကြောင်းမေးမြန်းကြပီးနောက် ချက်ချင်းပင် စီစဉ်စရာရှိတာများကိုစီစဉ်လိုက်ကြပီး ယမုံ၏ခန္ဓာကိုယ်အား နေ့ချင်း မီးသဂြုင်္ိလ်လိုက်လေသည်။
ရက်လည်ည ၁၂ နာရီအကျော်
” ဝုန်းးးး ”
သစ်ပင်ပေါ်မှ ခုန်ချလိုက်သော အသံကြောင့်
အိပ်မပျော် သေးသောဦးဘမောင်မှာ လေးဂွကိုဆွဲ၍
အပြင်သို့ကြည့်လိုက်ရာ မဲမဲကောင်ကြီးတစ်ကောင်
ခြံဝမှာရပ်နေသဖြင့်
” ဟေ့ ဘယ်သူလဲကွ ”
” ဝှစ် ဝှစ် ”
လေးဂွနဲ့ ၂ ချက်ပစ်လိုက်ပီး အိမ်အောက်သို့ဆင်းသွားလိုက်သည်။
အိမ်အောက်ရောက်သော် ဘယ်သူမှ မရှိသဖြင့် ခြံဝသို့ထွက်လိုက်ရာဦးဘမောင်၏အမှားပင်ဖြစ်လေတော့သည်။
” ဘုန္း ”
ကျောကုန်းဆီမှ ပြင်းထံလှသောနာကျင်မှုနဲ့အတူမြေကြီးပေါ်သို့ မှောက်ရက်လဲကျသွားလေသည်။
ထိုစဉ်
” ကိုဘမောင် ကိုဘမောင် ရှင်ဘာဖြစ်တာလဲဟင် ”
ဒေါ်စောမြအသံကြောင့် မဲမဲကောင်ကြီးမှာ ဒေါ်စောမြ
ရှိရာဖက်သို့လှည့်လိုက်သည်။
မှောက်ရက်လဲနေသောဦးဘမောင်လဲ အားယူကုန်းထရာမရသဖြင့် ပက်လက်လေးလှန်ကာ
” မောင်လူလှ မင်းမောင်လူလှမှန်း ဦးလေးသိပါတယ်ကွာ ”
” ငါ့မိန်းမမှာ အပြစ်မရှိပါဘူး ငါပဲအပြစ်ရှိတာပါ ”
” သူ့ကိုချမ်းသာပေးလိုက်ပါကွာ ”
” ရှင် ဘာတွေပြောနေတာလဲ ကိုဘမောင် ”
” ဒီနားမှာ ဘယ်သူမှလဲ မရှိပဲနဲ့ ”
ဦးဘမောင်စကားကြောင့် မဲမဲကောင်ကြီးမှာ သူ့ဆီပြန်လှည့်လာကာမီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ဦးဘမောင်အားကြည့်ကာ ကြီးမားလှသောသူ၏ခြေထောက်ကြီးဖြင့် ဦးဘမောင်၏ လည်ပင်းကို တက်နင်းချလိုက်လေတော့သည်။
” ဂျွတ် ဗျစ် ဗျစ် ”
ဦးဘမောင်မှာအသံပင်မထွက်နိူင်တော့ပဲလောကကြီးမှထွက်ခွါသွားလေတော့သည်။
” ဟား ဟားး ဟားး ဟားးးးး ”
ရီသံကြီးမှာဝေး၍ဝေး၍
” အမလေး ကိုယ်ကျိုးတော့နည်းပါပြီ ကိုဘမောင်ရေ ”
” အီးးးးဟီးးးးဟီးးးးး ”
ထိုအချိန်တွင်
မဲမဲကောင်ကြီးမှာ ရွာဦးဘုန်းတော်ကြီးကျောင်းထဲသို့ဝင်ရောက်ရာ နောက်ပြန်လန်ကျလေသည်။
ပြန်ဝင်သည် မရ
ထပ်ဝင်သည်မရ
နောက်ဆုံးလက်လျှော့လိုက်ဟန် ဖြင့် ကျောင်းဝတွင်
ဒူးထောက်ထိုင်ချလိုက်ပီးနောက်
” ဆရာတော်ဘုရား ကယ်တော်မူပါဘုရား ”
” ဆရာတော်ဘုရား ကယ်တော်မူပါဘုရား ”
” ဆရာတော်ဘုရား ကယ်တော်မူပါဘုရား ”
၃ ကြိမ်တိုင်တိုင်ကျယ်လောင်စွာအော်ဟစ်ပါတော့သည်။
တရားထိုင်ပီး ကျိန်းဟန်ပြင်ဆင်နေသော
ဆရာတော်ကြီးမှာ နားထဲသို့ တိုးညှင်းလှစွာသောအသံကိုကြား
ရသဖြင့် ထပ်မံနားစွင့်ကြည့်ရာ အသံမှာပို၍ပို၍ တိုးသွားလေသည်။
ကျောင်း၌ ဦးပဇင်းနဲ့ကိုရင်ငယ်များကိုမနိူးတော့ပဲ
ကျောင်းဝသို့တစ်ပါးထဲကြွသွားလေတော့သည်။
သက်တော် ၇၀ ကျော် ၈၀ နီးပါးမျှရှိနေပြီဖြစ်သော
ဆရာတော်ကြီး တစ်ပါးထဲတုန်တုန်ချိချိ ကြွလာပုံကို ကျောင်းဝမှအကောင်ကြီးသည်အားမလိုအားမရဖြစ်ဟန်ဖြင့် လှုပ်လှုပ်ရွရွ ဂနာမငြိမ်ဖြစ်နေပေသည်။
မျက်လုံးကလဲသိပ်မကောင်း မှောင်ကလဲမှောင်နေတော့
ဆရာတော်ကြီးမှ
” ဟဲ့ ဘယ်သူတုန်းးး ”
” တပည့်တော် မောင်လူလှပါဘုရား ”
” ဟေ ”
” ဟဲ့ ကောင်လေး ဘဝပြောင်းတာကြာလှပေါ့ ”
” ဘာတွေများ စွဲလမ်းနေသလဲ ကလေးရယ် ”
” မှန်ပါဘုရာ့ ဆရာတော်ကြီးကို ကုတင်ဝယ်ပေးဖို့အတွက်
စုထားတဲ့ငွေလေး ဘုရားကျောင်းဆောင်အောက်အခန်းထဲက ပန်းအိုးအဟောင်းကြီးထဲမှာ သိမ်းထားပါတယ်ဘုရာ့ ”
” အဲ့ဒါလေးထုတ်ပီး ကုသိုလ်ပြုအမျှပေးပါ ဘုရား ”
” တပည့်တော် ဘဝ ဆရာတော်ကြီးသာ အားကိုးရာဖြစ်နေရပါပြီဘုရား ”
” အိမ်းးးးးအိမ်းးး ကောင်းပြီ ကောင်ကလေး ”
” ဘုန်းဘုန်းပြန်ကြွမယ်ကွဲ့ ”
ကျောင်းပေါ်သို့ ပြန်သွားသော ဆရာတော်ကြီးကိုကြည့်ရင်း
မဲမဲကောင်ကြီးက နေရာကမထချေ ။
ဆရာတော်ကြီး တက်သွားပြီးမကြာမှီ ကိုရင်လေး ၂ပါး အပေါ့စွန့်ဖို့ ဆင်းလာကြရာ လှေကားထိပ်အရောက်တွင် ကျောင်းရှေ့၌ ငုတ်တုတ်ထိုင်နေသောမဲမဲကြီးအားတွေ့သဖြင့် အပါ့မစွန့်တော့ပဲ ကျောင်းပေါ်ပြန်တက်ပြေးကြလေတော့သည်။
မနက်ခင်းရောက်သော် ရွာထဲ၌ ဇက်ကျိုးသေနေသော ဦးဘမောင် နာရေးသတင်းနှင့်အတူ ရွာလူကြီးများကို ဆရာတော်ကြီးမှခေါ်ခိုင်းသဖြင့် ကိုရင်ငယ်လေးများလိုက်ခေါ်နေကြသည်။
ရွာလူကြီးများ စုံကြပြ်ီဖြစ်သဖြင့် ဆရာတော်ကြီးမှ
” မောင်တင်မောင်ရေ ဘုရားကျောင်းဆောင်အောက်က
ပန်းအိုးအဟောင်းကြီးကို ထုတ်လိုက်ကွဲ့ ”
” တင်ပါ့ဘုရာ့ ”
ဦးတင်မောင် ပန်းအိုးထုတ်လာပြ်ီးနောက် ဆရာတော်ကြီးမှ
သွန်ချခိုင်းရာ ပိုက်ဆံအကြွေစေ့များ ဝေါခနဲထွက်ကျလာလေတော့သည်။
အားလုံးဝိုင်းရေတွက်ကြရာ ၃၅၀ ကျပ်ရရှိလေသည်။
ဆရာတော်ကြီးမှအကျဉ်းချုံးပြောကြားသဖြင့် ကုတင်ဝယ်ရန် လိုအပ်သောငွေကို ရွာသူရွာသားများမှ ဝိုင်းဝန်းလှူဒါန်းကြလေသည်။
နောက်တစ်နေ့ မနက်ခင်း
မောင်လူလှအသတ်ခံရသောနေရာ၌ အလှူရေစက်ချပွဲ ပြုလုပ်ရာတရားနာပရိတ်သတ်၏နောက်ဆုံး၌ မောင်လူလှ
တစ်ယောက် ဒူးထောက်ထိုင်နေသည်။
သူနဲ့မလှမ်းမကမ်းတွင်တော့ ထိုင်နေတာက ဦဘမောင်
” မောင်လူလှနဲ့တစ်ကွ ၃၁ ဘုံတွင်ကျင်လည်နေကြကုန်သောဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ များအားလုံး ”
” အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ”
” သာဓု သာဓု သာဓု ”
” အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ”
” သာဓု သာဓု သာဓု ”
” အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ”
” သာဓု သာဓု သာဓု ”
= = == == = = ပြီးပါပြီ = = == = = =
စာဖတ်ရင်း ဘဝအမောများပြေပျောက်ကြပါစေ။
လေသွေးညို
#credit