စိန်ဘယက်စွဲသောတစ္ဆေ

*စိန်ဘယက်စွဲသောတစ္ဆေ*📖📖📖
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;

**********************

ဒီဇတ်လမ်းကလုပ်ငန်းရှင်တစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကိုသူ၏အမျိူ းသမီးပြောပြသည့်အတိုင်းအဆင်ပြေအောင်ပြန်ရေးပါသည်။

လောကမှာလူချင်းတူသော်လည်းအကျိူ းပေးဘုန်းကံခြင်းမတူသည့်အတွက်သူတစ်ပါးပစ္စည်းကိုအချောင်လိုချင်သောလောဘသည်ပျက်စီးရာ၏

ဒီနေရာမှာသတ္တမအောင်ကျော်စံထားဆရာတော်၏သံဝေဂလေးကိုကြိုက်နှစ်သက်၍တင်ပေးလိုက်ပါသည်။

မာန်နတ်လိုလည်းမယုတ်မာနှင့်-ဒေဝဒတ်လိုလည်းမကြံစည်နှင့်-အဇာတသတ်လိုလည်းအပေါင်းမမှားနှင့်-အဂုလိမာလိုလည်းမရက်စက်နှင့်-ဒသဂီရိလိုလည်းအချစ်မကြီးနှင့်-စူဠသုဘဒ္ဒါလိုလည်းအငြိုးမကြီးနှင့်-စူစကာလိုလဲအစားမကြူးနှင့်-မဗျိူ င်းလိုလည်းဘဝမမေ့နှင့်

ထိုရှစ်ယောက်တို့သည်လောဘကြောင့်ဒေါသဖြစ်ဒေါသကြောင့်မောဟဖြစ်လိုချင်လေမရလေမရလေလိုချင်လေဖြစ်ကာပျက်စီးရာ၏

~~~~~~~~~~©~©~~~~~~~~

စိန်လောကမှာတော့စိန်မမကိုမသိသူမရှိစိန်အကြောင်းနောကျေနေကာစိန်အရောင်းအဝယ်လုပ်သူဖြစ်၏စိန်မမပြောနေကြစကားက

”””စိန်ဆိုရင်စိန်မမတို့လက်နဲ့ကိုင်လိုက်ရင်ပုလင်းကွဲတောင်စိန်ဖြစ်သွားနိုင်တယ်””’

ဟုဆို၏စိန်မမကတကယ်တော့အထည်ကြီးပျက်တစ်ယောက်ဖြစ်ကာသူများဆီကစိန်များကိုတစ်ဆင့်ယူရောင်းပေးတာဖြစ်သည်။

ဒါပေမဲ့အထက်တန်းလွှာကြားထဲဝင်ဆန့်သူဆိုတော့ဟိတ်ဟန်ကြီးသောစိန်မမကိုလူတွေကအထင်ကြီးကြသည်ကအဆန်းမဟုတ်သလိုသူမဆီတွင်စိန်ဝယ်လက်များ၏။

စိန်မမနေတာကရန်ကုန်မြို့၏သူဌေးရပ်ကွက်ဖြစ်သောဝင်ဒါမီယာကယောက္ခရဲ့အမွေဆိုင်တိုက်ကြီးပေါ်တွင်နေတာဆိုတော့အပြင်ပန်းအားဖြင့်အထင်ကြီးစရာပင်

သို့ပေမဲ့သူမ၏အသုံးမကျသောဆေးသမားသားကြောင့်ရှိသမျှပစ္စည်းများကုန်ခါရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဆိုသောအခြေအနေဖြစ်နေတာလူသိမခံရဲပေ

စိန်မမကိုယ်တိုင်ကလည်းအသုံးအဖြုံးကြီးသလိုစိန်ရောင်းသည့်နေရာတွင်အပြောကောင်းပေမဲ့အတွင်းစိတ်ကတော့မကောင်းလှပေ

တစ်ရက်တွင်စိန်မမထံသို့လုပ်ငန်းရှင်အမျိူးသားတစ်ယောက်ရောက်လာသည်။

””’ ဒေါ်စိန်မမရေကျွန်တော်ကကျွန်တော့်ရဲ့နှစ်ပတ်လည်မင်္ဂလာနေ့့အတွက်မိန်းမကို—-စိန်ဘယက်တစ်ကုံးလောက်လုပ်ပေးချင်တယ်ဗျာ”””

””’  ရတယ်လေစိန်အသန့်လိုချင်တာလား—–အဖြူရောင်လိုချင်သလား—-ခဲရောင်လိုချင်တာလား—–အစည်းလိုက်ဝယ်မလား—–လက်ရွှေးစင်လုံးကောက်ဝယ်မလား—ငွေလိုက်နိုင်မှု့အပေါ်မူတည်ပါတယ်”””

”’ ”’ကျွန်တော်ကတော့ဘယ်လောက်ကုန်ကုန်ပထမတန်းစားစိန်ကိုလိုချင်တယ်—–စိန်ကြိုက်တာနဲ့ဒေါ်စိန်မမကအကောင်းဆုံးစိန်ဆိုင်မှာအပ်ပေးထားပါ—–ကျွန်တော်ကအမျို းသမီးကိုမပြောသေးဘူး—-အဲဒီနေ့မှသူဝမ်းသာသွားအောင်ပြချင်တယ်”””

”””ok~ကျမတာဝန်ယူတယ်ရက်သာပြောထားခဲ့ပါ”””

စိန်မမနှင့်လုပ်ငန်းရှင်အဆင်ပြေသွားသည့်အတွက်သူမအလွန်ကျေနပ်သွားသည်

သူ့မအတွက်ဂွင်ကြီးကြီးရပြီမဟုတ်လားလက်လွတ်ခံ၍မဖြစ်ပေ

နောက်ရက်တွင်စိန်မမနှင့်လုပ်ငန်းရှင်စိန်အရောင်အဝယ်ဖြစ်ကာတန်ဖိုးအလွန်ကြီးသောစိန်ဘယက်တစ်ကုံးလက်ခံလိုက်သည်။

စိန်ဘယက်ကိုစိန်မမကသူမအသိပန်းထိမ်ဆိုင်တွင်အပ်ပေးလိုက်သည်။

ထိုအကြောင်းသည်ပင်လျှင်စိန်မမအတွက်ဘဝတစ်ဆစ်ချိူးပြောင်းသွားမည်ကိုကြိုတင်မသိရှိခဲ့ပါ

လုပ်ငန်းရှင်သည်စိန်လည်ဆွဲအပ်ပြီးတစ်ပတ်လောက်အကြာတွင်သ့့ူ့့လုပ်ငန်းများရှိရာနယ်သို့

ကိုယ်တိုင်ကားမောင်ကာသွားလေသည်ဖြစ်ချင်တော့မိုးတွင်းကာလမို့လမ်းတွင်မိုးရွာကာကားစလစ်ဖြစ်၍

ကားမှောက်၍နေရာတွင်ပင်ပွဲခြင်းပြီးဆုံးသွားလေသည်။

ထိုသတင်းကိုစိန်မမကြားတော့အကြံတစ်ခုရသွားလေသည်သေတဲ့သူကလည်းသေပြီ

စိန်ဘယက်ကိစ္စကသူနှင့်လုပ်ငန်းရှင်သာသိသည့်အတွက်သူမဖြောင်လိုက်ဖို့တွေးမိသည်။

အခုတစ်လောသူမငွေလိုနေသည်သူမရဲ့ဆေးသမားသားမိုက်ငွေဖြုန်းသောသားအတွက်ငွေကုန်ကျေးကျများကာ

အကြွေးတွေဝိုင်းနေသည်တစ်ချက်ခုတ်နှစ်ချက်ပြတ်သူမအတွက်ကံကောင်း၍စိန်ဘယက်ရသည်ဟုထင်ကာအပိုင်ကြံဖို့အတွေးများကချာချာလည်နေ၏

နောက်တစ်ရက်တွင်ပန်းထိန်ဆရာဆီကဖုန်းရသည်စိန်ဘယက်ပြီးသွားပြီတဲ့

လုပ်ငန်းရှင်ချိန်းထားသောရက်လည်းမနက်ဖန်ဆိုပြည့်ပြီတိုက်တိုက်ဆိုင်ဆိုင်လုပ်ငန်းရှင်ရက်လည်သောနေ့လည်းဖြစ်သည်သူမကစိန်ဘယက်အားသွားရွေးကာဟန်မပျက်ပင်နေလိုက်သည်။

ညဘက်ရောက်တော့သူမအိပ်မပျော်ပေတန်ဖိုးအလွန်ကြီးသောစိန်ဘယက်တစ်ကုံးအချောင်ရထားသည်မို့သဘောအကျ ကြီးကျကာ

စိတ်ကူးထဲအစီအစဉ်တွေဆွဲနေမိသည်စိန်ဘယက်ကိုစျေးကောင်းကောင်းနှင့်ပြန်ရောင်းရန်တွေးနေမိသည်

အတွေးရေယာဉ်ကျောတွင်မြောရင်ညသည်မှောင်သထက်မှောင်လာသည်သန်းခေါင်နားကပ်နေပြီ

ထိုအချိန်မှာပဲသူမခြံရှေ့မှခွေးတွေအူလိုက်သည်မှာစူးစူးဝါးဝါးဖြစ်နေသည်သူမခြံထဲမွေးထားသော

ခွေးကြီးနှစ်ကောင်သည်လည်းတစ်ခုခုကိုမြင်နေသလိုထိုးဟောင်နေသည်မှာတိတ်ဆိတ်နေသော

ညကိုဆူညံသွားလေသည်သူမလည်းအိပ်မပျော်၍အိပ်ခန်းဝရံတာမှထွက်ကာဘာများဖြစ်သလဲလို့အပြင်သို့ထွက်ကြည့်မိရာ

ခြံထဲကခွေးနှစ်ကောင်သည်ရှေ့တိုးလိုက်နောက်ဆုတ်လိုက်ဖြင့်

ခြံဝကိုကြည့်ကာအသဲအသန်ဟောင်နေကြလေသည်။သူမကြည့်နေရင်း

ခြံဝတွင်လူတစ်ယောက်ရပ်နေသည်ကိုမြင်ရ၏ထိုလူသည်ခြံတံခါးမဖွင့်ပါဘဲနှင့်လေထဲလွင့်လာသလိုခြံထဲရောက်လာ၏

်စိန်မမရှိရာအောက်ထပ်သို့ရောက်လာကာအပေါ်သို့မော့ကြည့်လိုက်လေသည်

စိန်မမသေသေချာချာကြည့်လိုက်တော့သေသွားသောလုပ်ငန်းပိုင်ရှင်ဖြစ်နေ၍အသဲများအေး၍သွားသည်။

စိန်မမအနည်းငယ်လန့်သွားသည်မဖြစ်နိုင်ဟုတွေးပေမဲ့ခွေးတွေကတော့ထိုအရာကိုမြင်နေသည့်အလား

အူလိုက်ဟောင်လိုက်နှင့်ဆူညံနေသည်စိန်မမဆက်မကြည့်တော့ရင်တုန်ပန်းဖြင့်အိပ်ယာထဲ ဝင်လိုက်သည်။

တံခါးများအသေအချာပိတ်လိုက်သည်ထိုညကဒေါ်စိန်မမအိမ်မက်ဆိုးတခုကိုမက်နေသည်သူမအိမ်မက်ထဲတွင်

လုပ်ငန်းရှင်သည်သွေးသံတရဲရဲဖြင့်သူ့ဆီရောက်လာကာ

”’ဒေါ်စိန်မမ—-ကျုပ်မိန်းမကိုခင်ဗျားဆီမှာစိန်ဘယက်အပ်ထားတာအိမ်မက်ပေးထားတယ်”——-အဲဒါခင်ဗျားဆီကစိန်ဘယက်ပေးလိုက်ပါ”””

”””အော်——-ဟုတ်ကဲ့____ဟုတ်ကဲ့””’

စိန်မမကကြောက်လန့်တကြားကတိပေးလိုက်ကာအိမ်မက်ကလန့်နိုးသွားသည်။

နောက်တစ်ပတ်တွင်တော့လုပ်ငန်းရှင်မိန်းမသည်စိန်မမဆီရောက်လာသည်။

”””’ဒေါ်စိန်မမရေကျွန်မယောင်္ကျားကအိမ်မက်ပေးနေတယ်သူစိန်ဘယက်တစ်ကုံးဒေါ်စိန်မမဆီမှာအပ်ထားတယ်တဲ့အဲဒါကျမလဲဒေါ်စိန်မမများသိနေသလားလို့ပါ”’

””’ကြံကြံဖန်ဖန်ရှင်—ရှင်နားကြားများလွဲသလား—–ကျမကစိန်ပဲလက်လွဲရောင်းတာကျန်တာရှုတ်ရှုတ်ရှက်ရှက်မလုပ်ဘူး——-ရှင်ပြောသလိုဆိုကျွန်မနံမည်ကိုလာဖျက်နေသလိုပဲ——စိန်မမသမိုင်းတော့အရိုင်းမခံဘူး——–အသေရေဖျက်မှု့နဲ့တရားစွဲရလိမ့်မယ်””’

စိန်မမကအကြောက်အကန်ငြင်းလိုက်တော့လက်ဆုပ်လက်ကိုင်မပြနိုင်သောလုပ်ငန်းရှင်မိန်းမသည်

မယုံနိုင်သလိုဖြစ်ကာသူမအိမ်မက်ကလည်းအလွန်ပင်ထင်ရှားလွန်းသည်သူမယောင်္ကျားကစိန်မမဆီမှာစိန်ဘယက်သွားယူရန်ပြောသည်ကိုမြင်ယောင်မိကာစိတ်မကောင်းဖြစ်သွားသည်

””’ကောင်းပြီလေမအပ်ခဲ့ဘူးဆိုတော့လဲမအပ်ခဲ့ဘူးပေါ့အကယ်၍အပ်ခဲ့တယ်ဆိုရင်လည်းကျွန်မယောင်္ကျားတမလွန်ကအသေဖြောင့်အောင်ရေစက်ချလူပါမယ်””’

ဒီိလိုနဲ့အဖိုးတန်စိန်ဘယက်တစ်ကုံးစိန်မမသိမ်းပိုက်လိုက်လေသည်။

နောက်ရက်တွေမှာတော့စိန်မမအိမ်မက်ဆိုးများမက်နေသည်အိမ်မက်ထဲတွင်လုပ်ငန်းရှင်က

သူမအားမကျေမနပ်ဖြစ်နေကာအံ့တကြိတ်ကြိတ်ကြည့်နေသည်ကိုတွေ့ရတော့စိန်မမမဲ့ပြုံးပြုံးမိသွားသည်။

သေသွားသူကသူမအားဘာများဒုက္ခပေးနိုင်မှာလည်းလို့ခပ်လွယ်လွယ်ပဲတွေးမိလေသည်။

သူမအတွေးသည်အလွန်မှားနေမှန်စိန်မမတဖြေးဖြေးသိလာသည်သူမနားတွင်လုပ်ငန်းရှင်ဝိညာဉ်ကအမြဲရှိနေသည်ဟုထင်နေမိသည်။

သူမအားစောင့်ကြည့်နေသလိုခံစားရကာအလိုလိုနေရင်းကြက်သီးများထ၍ကျောချမ်းသလိုဖြစ်နေသည်။

သူမသည်ညစဉ်ညတိုင်အိမ်မက်ဆိုးများခြောက်လှန့်နေသလိုဖြစ်၍အိပ်ရေးပျက်သောညများလည်းများလာသည်။

ညရောက်မှာစိုးရိမ်နေသလိုသူမညအိပ်ရမှာတောင်ကြောက်နေမိကာစိတ်မလုံသလိုခံစားနေရသည်။

အိပ်ဆေးများကလည်းသူမအတွက်ဆေးမတိုးတော့ညရောက်မှာကိုလန့်နေသည်။

်တစ်ညတွင်စိန်မမအိပ်နေရင်းအိမ်မက်ဆိုးများမက်နေပြန်သည်ဒီအချိန်မှာပဲသူမနားထဲ

”””စိန်မမ——စိန်မမ—-စိန်မမ””’

စိန်မမနားထဲသူမနံမည်ခေါ်နေသံကိုကြားနေရကာရုတ်တရက်အိမ်မက်မှလန့်နိုးသွားလေသည်။

သူမနိုး၍မျက်လုံးဖွင့်လိုက်မိသည်နှင့်သူမကုတင်ဘေးတွင်ရပ်နေသောလုပ်ငန်းရှင်အားတွေ့လိုက်ရာ

အလွန်ထိတ်လန့်တုန်လှုပ်စွာကုန်းအော်လိုက်မိလေသည်။

””’အားးးးးးးးသရဲ—-သရဲ——””’

စိန်မမအော်သံကိုဘယ်သူမှမကြားပါသူမယောင်္ကျားကသူမနှင့်တစ်အိမ်ထဲနေပေမဲ့စကားမပြောတာကြာပြီသူမနှင့်အတူမနေပဲအောက်ထပ်တွင်အိပ်သည်သူမသားကလည်းမရှိပေ

အိမ်ဖော်များလည်းအာက်ထပ်တွင်သာအိပ်ကြသည်မို့အပေါ်ထပ်တွင်စိန်မမတစ်ယောက်ထဲသာရှိနေသည်။

လုပ်ငန်းရှင်သည်သူမကိုယ်ပေါ်သိုတက်၍ဖိကာသူမလည်ပင်းအားညစ်ထားသည်။

ထိုအခါစိန်မမလဲရှိသမျှခွန်အားနှင့်အတင်းရုန်းကန်ပေမဲ့အရာမရောက်ပဲအသက်ရှုကျပ်၍လာသည်။

စိန်မမတစ်ကိုယ်လုံးကြောက်စိတ်များကာဖုံးလွှမ်းထားကာသူမသေရမည်ကိုအလွန်စိုးရိမ်လျှက်ရှိသည်။

ဒီအချိန်တွင်သူမရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြင့်ဘုရားအားသတိရသွားသည်။

ဘုရားစာကလဲဟုတ်တိပတ်တိမရသောအခါသူမရသောဗုဒ္ဓေါတလုံးကိုသာအဆက်မပြတ်ရွတ်ဆိုနေမိသည်။

””’ဗုဒ္ဓေါ—–ဗုဒ္ဓေါ————”””

ထိုအခါသူမပေါ်ဖိထားသောလုပ်ငန်းရှင်ဝိညာဉ်သည်တဖြေးဖြေးပျောက်၍သွားလေသည်။

စိန်မမကအသက်ဘေးမှကံကောင်း၍လွတ်ခဲ့ရသောမိမိအဖြစ်ကိုထိတ်လန့်ကာဇောချွေးများကသူမတစ်ကိုယ်လုံးရွဲလျှက်ရှိနေပေမဲ့မတော်လောဘစိတ်ကတော့စိန်ဘယက်ကိုစွန့်လွှတ်ဘို့စိတ်ကူးမရှိပေ

သို့ပေမဲ့အိမ်မြှောင်စုပ်ထိုးသံကြားမိတာတောင်သူမကလန့်၍သွေးလေခြောက်ခြားလျှက်ရှိသည်။

အဲဒီနောက်မှာတော့သူမလက်ထဲစိန်ဘယက်မထားရဲတော့ဒီစိန်ဘယက်ရှိနေသမျှသူမစိတ်ဒုက္ခရောက်နေမည်ဟု

တွေးမိသည်သူမလည်းစိတ်ခြောက်ခြားနေပြီစိန်ဘယက်အမြန်ရောင်းရန်အတွက်

ဝယ်လက်များဖြင့်ချိတ်ဆက်၍ရောင်းရန်အသဲအသန်ရှာရာအဆင်ပြေသွားသည်ဝယ်မည့်သူသည်တရုတ်သူဌေးတစ်ယောက်ဖြစ်သည်။

တစ်ရက်တွင်ဝယ်မည့်သူကသူမအားအိမ်သို့လာရန်ညနေပိုင်းချိန်းလိုက်သည့်အတွက်စိန်မမအလွန်ဝမ်းသာသွားသည်။

ဒါနဲ့စိန်မမပစ္စည်းယူကာလှေကားကအဆင်းတွင်အနောက်ဘက်မှခေါ်သံတစ်သံကြားလိုက်မိသည်

””စိန္မမ—”’

အက်ကွဲကွဲအသံသည်မကျယ်ပေမဲ့စိန်မမနားထဲမိုးကြိုးပစ်လိုက်သလိုတုန်လှုတ်၍သွားကာ

နောက်သိုရုတ်တရက်လှည့်ကြည့်လိုက်မိချိန်တွင်သူမနောက်နားတွင်ရပ်နေသော

သွေးသံရဲရဲဖြင်လုပ်ငန်းရှင်ကိုမြင်လိုက်ရသည့်အခါသွေးလည်ပတ်မှု့များပြောင်းပြန်ဖြစ်သွားသလားထင်မိလေသည်ဒီအချိန်မှာပဲသူမနောက်ကပြင်းထန်သောအင်အားတစ်ခုကသူမအားလှေကားပေါ်က

ဆောင့်တွန်းလိုက်သလိုလှေကားအောက်သို့့ဒလိမ့်ခေါက်ခွေးပြုတ်ကျ၍သွားလေသည်။

””အားးးးးးး””

စိန်မမရဲ့ငယ်သံပါအောင်အော်သံကြောင့်အိမ်မှလူများအပြေးလာကြည့်သော်

လှေကားအောက်ခြေကကြွေပြားနှင့်ခေါင်းရိုက်မိ၍သွေးအိုင်ထဲအသက်ထွက်နေသော

စိန်မမအလောင်အားတွေ့ကြရလေသည်စိန်မမဘေးတွင်ရတနာဗူးတစ်ခုကလွင့်ကျနေကာတဖျတ်ဖျတ်တောက်ပနေသောစိန်လည်ဆွဲတစ်ကုံးထွက်ကျနေသည်

စိန်မမမျက်လုံးများသည်ပြူးးကျယ်၍နေကာစိန်ဘယက်အားကြည့်နေသယောင်မြင်ကြရ၏

စိန်မမကိုကြည့်ချင်းအားဖြင့်သူမစိန်ဘယက်အားစိတ်မချနိုင်၍ဖြစ်ပေမည်။

လောကမှာသူတပါးပစ္စည်းအချောင်လိုချင်သူများမတရားသောနည်းဖြင့်သိမ်းပိုက်သူများအတွက်တော့

ပြန်လည်ပေးဆပ်မှု့သည်ကြီးမားမည်မှာအမှန်ဖြစ်သည်။

လောကမှာသူတစ်ပါးချမ်းသာသည်ကိုအတင်းလုယူ၍မရပါလူတစ်ယောက်နှင့်တစ်ယောက်ကံချင်းယှဉ်၍မရနိုင်ပါ

အတိတ်ကပြုလုပ်ခဲ့သောကုသိုလ်များအလိုက်ဆင်းရဲချမ်းသာကွဲပြားနေသည်ဖြစ်သည့်အတွက်

သူများချမ်းသာတိုင်းကိုယ်ချမ်းသာမည်မဟုတ်ပါကိုယ်ကံပါလာသလောက်သာခံစားရမည်ဖြစ်ပါသည်။

သူတစ်ပါးပစ္စည်းများအားမတော်ဘတက်နေသူများ၏လားလမ်းသည်မကောင်းနိုင်ပါ

D Moe Moe