စုန်းတိုက်မြွေ (စ/ဆုံး)

Unicode Version

စုန်းတိုက်မြွေ (စ/ဆုံး)
———————-
မဖတ်ရသေးသူများအတွက်အဟောင်လေးများပြန်တင်ပေးလိုက်သည်။
ခုတလောဒေါ်ငွေခင်ဟိုဘက်အိမ်ကမလေးမူဆိုသောမိန်းမကိုကြည့်မရထောင်လွှားနေတယ်ထင်မိလေသည်။
ရေစက်ပါလာတာကလဲနဲတာမဟုတ်ပေဒေါ်ငွေခင်နှင့်မလေးမူသည်အိမ်ချင်းကပ်လျှက်သာမဟုတ်
ဈေးထဲတွင်လဲအထည်ဆိုင်းချင်းကပ်လျှက်ဖြစ်သည်မလေးမူကနုတ်ချိုကာ
စိတ်သဘောထားဖြူစင်သူမို့သူ့ဆိုင်တွင်ဖောက်သယ်များကာရောင်းကောင်းသလောက်
ဒေါ်ငွေခင်ဆိုင်မှာတော့ဖောက်သယ်မရှိသလောက်ရှားလေသည်စိတ်ထားကလဲမကောင်းမနာလိုစိတ်ကလဲများသည်လေ
ဒေါ်ငွေခင်စီးပွားကတရိပ်ရိပ်ကျလာသလောက်မလေးမူတို့စီးပွားရေးကတရိပ်ရိပ်တက်လာသည်
ဒေါ်ငွေခင်တွင်သားတယောက်သမီးတယောက်ရှိကာမလေးမူမှာတော့သမီးကလေးနှစ်ယောက်ရှိလေသည်
ဒေါ်ငွေခင်သမီးနှင့်သားသည်ဆိုးသလောက်မလေးမူသမီးကလေးနှစ်ယောက်ကလိမ္မာရေးခြားရှိလေသည် ။
ဒီတော့ဒေါ်ငွေခင်မလေးမူတို့မိသားစုကိုမနာလိုမကောင်းကြံဘို့စိတ်ကူးလေသည်
ဒေါ်ငွေခင်ယောင်္ကျားသည်လူပျင်းဖြစ်ကာဘာမှမလုပ်မိန်းမလုပ်စာအခန့်သားထိုင်စားသည်။
မလေးမူယောင်္ကျားကကန်ထရိုက်လုပ်ငန်းလုပ်ကာဘုရားတရားမြဲလေသည။်
မနက်မိုးလင်းသည်နှင့်မလေးမူအိမ်ဘက်မှဘုရားသံတရားသံကြားရပေမဲ့
ဆန့်ကျင်ဘက်ဒေါ်ငွေခင့်အိမ်ဘက်မှာတော့ရန်ဖြစ်သံနှင့်အိုးခွက်ပန်းကန်လွှတ်ပစ်သံများဖြင့်ဆူညံနေစမြဲ
တနေ့ဒေါ်ငွေခင်လင်မယားနှင့်မလေးမူတို့မိသားစုတို့ခြံစည်းရိုးကာသော
ကိစ္စနှင့်စကားများလေသည်လောဘကြီးသောဒေါ်ငွေခင်လင်မယားက
မလေးမူတ့ိုမြေကြီးကိုခိုး၍ပိုယူသောကြောင့်ဖြစ်သည်သူခိုးကလူပြန်ဟစ်သညိပဲဆိုရမလို
ဒေါ်ငွေခင်ကလဲဆဲဆိုသလိုဒေါ်ငွေခင်ယောင်္ကျားကလဲလက်သီးလက်မောင်းတန်းကာ
ထိုးမယ်ကြိတ်မယ်ဖြစ်နေ၍ရှက်တတ်သောမလေးမူမိသားစုကအလျှေ့ာပေးလိုက်လေသည် ။
ထိုကိစ္စကရပ်ကွက်ရုံးရောက်သွားကာအကျယ်မဖြစ်ပေမဲ့သူတို့မိသားစုနှစ်စုအမုန်းပွားစရာဖြစ်သွားလေသည်။
ဒီတော့ဒေါ်ငွေခင်မလေးမူမိသားစုပျက်စီးရာပျက်စီးကြောင်းမကောင်းကြံဘို့အကြံပေါ်လာသည်။
အကောင်အထည်ဖေါ်ဖို့အစွမ်းထက်သောအောက်လမ်းဆရာတယောက်ကို
ဒေါ်ငွေခင်အသဲအသန်ရှာလေသည်နောက်ဆုံးမိတ်ဆွေတယောက်ပြောသောအောက်လမ်းဆရာအိမ်ကိုရောက်သွားလေသည။်
အောက်လမ်းဆရာကလူလတ်ပိုင်းအရွယ်သူ့အိမ်တွင်အစီအရင်များစွာပြုလုပ်ထားသည်ကိုတွေ့ရသည်။
နေတာကလဲမြို့ပြင်ဆိုတော့ခြံကျယ်သည်ခြံထဲတွင်အပင်ကြီးများအုပ်စိုင်းကာစိုက်ထားပြီး
အပင်များတွင်လဲအစီအရင်ကြိုးများချည်ထားသည်ကိုတွေ့ရသည်
ခြံထဲရောက်သည်ဆိုရင်ပဲအမျိုးအမည်မသိသောခံစားမှု့မျိုးဒေါ်ငွေခင်ရကာချမ်းစိမ့်စိမ့်ဖြစ်သွားလေသည် ။
ဒေါ်ငွေခင်ကအောက်လမ်းဆရာအား
””’ဆရာကျွန်မအိမ်ဘေးကမလေးမူတို့မိသားစုကိုစီးပွားပျက်အောင်————–အိမ်သားများဒုက္ခရောက်အောင်—————မိသားစုဝင်များသေအောင်———–အရပ်ထဲနလန်မထူအောင်——–လုပ်ပေးပါ——
———ငွေဘယ်လောက်ကုန်ကုန်ပေးမယ်——–ဒီမိသားစုပြောင်းလဲသွားမှကျွန်မစိတ်ချမ်းသာမယ်””””
ဟုဆိုလေသည်အောက်လမ်းဆရာပညာကိုလဲလက်တွေ့သိချင်မိသောကြောင့်
”””ဆရာကိုကျွန်မယုံပါတယ်ဆရာ့မစွမ်းကလေးသိပါရစေ”””
ဒီတော့အောက်လမ်းဆရာကသ့ူ့အစွမ်းကိုပြသည့်အနေဖြင့်ကြိုးတချောင်းကိုယူ၍မန်းမှုတ်ကာ
ဘာရေမှန်းမသိတဲ့ခွက်တခုထဲကရေနဲ့ကြိုးစကိုတောက်လိုက်တဲ့အခါမှာတော့
အလွန်အဆိပ်ပျင်းသောမဲနက်တောက်ပြောင်နေသည့်မြွေတကောင်ဖြစ်သွားလေသည်။
ထိုမြွေသည်ချက်ချင်းပါပျဉ်းထောင်လာသည့်အခါဒေါ်ငွေခင်အလွန့်လန်သွားလေသည။်
”’အမလေးလုပ်ပါအုံးဆရာ—–ကျွန်မလာပေါက်နေပါအုံးမယ်”””’
သူတစ်ပါးကိုဒုက္ခပေးမည့်သူကကိုယ်တိုင်ဒုက္ခရောက်မှာတော့အသေကြောက်တတ်ကြသည့်တစ်ဘို့ထဲသမားများဖြစ်သည်။
””’မပူပါနဲ့ကျူပ်အမိန့်ပေးမှ—-လူပ်ရှားမှာပါ—–””’
ဒေါ်ငွေခင်အောက်လမ်းဆရာအစွမ်းကိုအတော်သဘောကျသွားသည်။
ဒါါနဲ့ငွေတချို့တဝက်ကိုပေးကာအောက်လမ်းဆရာအားအသေအချာမှာကာပြောလိုက်သည် ။
”’ဒီမြွေနဲ့တိုက်ရင်လူသေနိုင်သလားကျွန်မကတော့သူတို့အိမ်သားတယောက်ယောက်သေမှဖြစ်မှာ——-
ဒါမှအလုပ်မလုပ်နိုင်စီးပွားပျက်ပြီးသောကရောက်မှာ——သေချာအောင်တော့လုပ်ပေးပါဆရာ——–လူသေရင်နောက်ထပ်ငွေလာပေးမယ်””
””စိတ်သာချကျူပ်ဒီအလုပ်လုပ်စားလာတာအန်တိုနေပြီဲီ——-မျိုးရိုးစဉ်ဆက်အောက်လမ်းဆရာလုပ်စားလာတာအိမ်လိပ်စာအတိအကျပြောခဲ့——-ကူျုပ်တပည့်ကိုတိုက်မြွေသွာားလွှတ်ခိုင်းလိုက်မယ်——ကံနိမ့်သူတယောက်ယောက်တော့သေကိုသေစေရမယ်””
ဒေါ်ငွေခင်ကျေနပ်သွားသည်အောက်လမ်းဆရာအားလိုအပ်သည်များမှာကြားကာပြန်သွားလေသည်။
သူ့မစိတ်ထဲတွင်မလေးမူတိုမိသားစုဒုခ္ခရောက်တော့မှာကိုတွေးပြီးဝမ်းသာနေမိသည်။
”””’ငွေခင်အကြောင်းသိစေရမယ်——ငွေခင်တဲ့တစ်ခင်ထဲရှိတယ်ဟေ့——”””
လို့လဲစိတ်ထဲကြိမ်းဝါးနေလေသည်ကြောက်ဆရာကောင်းသောစိတ်ဓတ်ပိုင်ရှင်တယောက်ဖြစ်သည် ။
ဒေါ်ငွေခင်အောက်လမ်းဆရာအိမ်ကပြန်လာပြီးကထဲကဟိုဘက်အိမ်ကိုမသိမသာအကဲခတ်နေလေသည်။
ဘာအမင်္ဂလာသတင်းများကြားရလိမ့်နိုးနိုးစောင့်မျှော်နေမိသည်သို့ပေမဲ့ဘာမှထူးမလာပါ
ပတ်လောက်ကြာတဲ့အခါမှာတေဒေါ်ငွေခင်အားကိုးသောသမီးသည်ခြံထဲဆင်းရင်းမြွေကိုက်၍သေလေသည။်
ဒီမှာတင်ဒေါ်ငွေခင့်ဒေါသသည်ငယ်ထိပ်သို့ရောက်ကာအောက်လမ်းဆရာအိမ်ရောက်သွားလေသည်
အောက်လမ်းဆရာကလဲသူးတပည့်ကိုခေါ်မေးရာအိမ်နံပတ်35နှင့်36ကိုမှားခဲ့ခြင်းဖြစ်သည်။
့ဒေါ်ငွေခင်အိမ်နံပါတ်35သည်ကံဆိုးချင်တော့5နေရာတွင်အစွန်းတခုပေ၍6ဖြစ်နေတာကြောင့်
အောက်လမ်းဆရာတပည့်သည်အစီအရင်အားဒေါ်ငွေခင်ခြံထဲပြစ်ခဲ့လေသည် ။
ဒေါ်ငွေခင်လဲအောက်လမ်းဆရာအားသူ့သမီးအသက်ပြန်ရှင်အောင်လုပ်ခိုင်းပေမဲ့အချိန်လွန်သွား၍
မရတော့ပေဒေါ်ငွေခင်ဆောက်တည်ရာမရဒါသဖြစ်ကာအောက်လမ်းဆရာအား
””’နင်ကဘာဆရာလဲ—–နင့်ကိုတရားစွဲမယ်—Sသုံးမကျတဲ့အလကားဆရာ—–အခုငါ့ငွေတွေပြန်ပေး——နင်စားခွက်ပျောက်အောင်ငါလုပ်ပြမယ်—–ငွေခင်တဲ့—-@#$@#$%&&””””
ဒေါ်ငွေခင်ကအော်ကျယ်ဟစ်ကျယ်အသံကုန်ဆဲဆိုကာအောက်လမ်းဆရာအိမ်က
ပစ္စည်းများကိုင်ပေါက်ဝိုင်းဒိုင်းကြဲကာပြန်လေသည်အောက်လမ်းဆရာအိမ်ရောက်နေသူများလဲ
အလျိူအလျိူ ပြန်ကုန်ကြလေသည်ထို့ကြောင့်အောက်လမ်းဆရာက
ဒေါ်ငွေခင်ကိုမျက်ထောင့်နီကြီးဖြင့်ကြည့်ကာကျန်ခဲ့လေသည် ။
အကုသိုလ်ဆိုတာအဖေါ်နဲ့အပေါင်းနဲလာစမြဲမို့သမီးသေပြီးတလလောက်အကြာမှာတော့
ဒေါ်ငွေခင်အလွန်ချစ်သောသားသည်ညဘက်အရက်မူးကာပြန်လာရင်းကားတိုက်၍သေပြန်လေသည် ။
သူများသားသမီးများအားသေစေချင်ခဲ့သောအတ္တအလွန်ကြီးသောဒေါ်ငွေခင်တို့လင်မယား
အရူးမီးဝိုင်းဖြစ်ကာအလွန်ဆိုးဝါးသောသောကများကိုခံစားရလေသည်
ဘယ်သူမပြုမိမိပြုသောမကောင်းမှု့သည်မိမိကိုပြန်အကျိုးပေးသည်ကိုဒေါ်ငွေခင်လက်မခံနိုင်
ပြင်းထန်သောမနာလိုစိတ်တွေကဒေါ်ငွေခင်စိတ်ကိုဖောက်ပြန်စေသည် ။
ထိုအခါအိမ်ထဲတွင်လဲမြွေတကောင်ကိုဟိုနေရာမှာတွေ့လိုက်ဒီနေရာမှာတွေ့လိုက်
ဒေါ်ငွေခင်တို့လင်မယားကျီးလန့်စာစားနေရသလိုနေမထိထိုင်မသာဖြစ်နေကာ
မြွေကိုသတ်ဖို့ကြိုးစားရာတွင်လဲမျက်စိရှေ့တွင်ပျောက်သွားပြန်သည်
ကြာတော့ဒေါ်ငွေခင်လင်မယားမြွေကိုက်သေမှာစိုးလာသည်သွေးပျက်လာသည် ။
မကျွတ်မလွတ်သောသမီးနှင့်သားကိုလဲမကြာမကြာတွေ့နေရာ
””’သမီးရေ—-အမေကိုတစ်ယောက်ထဲမထားခဲ့နဲ့နော်——သားရေအမေဆီလာပါအုံး”””’
ဒေါ်ငွေခင်တစ်ယောက်ထဲစကားတွေပြောရင်ရီလိုက်ငိုလိုက်ဖြင့်
စိတ်မခိုင်သောဒေါ်ငွေခင်တယောက်နောက်ဆုံးမှာတော့စိတ်ကျမ်းမာရေးဆေးရုံသို့ရောက်သွားလေသည် ။
မယုံမရှိနဲ့တကယ့်အဖြစ်အပျက်ပါ သူတစ်ပါးမကောင်းကြံကိုယ်သာခံရမည်ဖြစ်ပြီး
ဒီဘဝကောနောင်သံသရာပါမအေးချမ်းနိုင်သောအဖြစ်ပင်ဖြစ်ပါသည်။
ပြီး
D Moe Moe

Unicode Version

စုန္းတိုက္ေႁမြ (စ/ဆုံး)
———————-
မဖတ္ရေသးသူမ်ားအတြက္အေဟာင္ေလးမ်ားျပန္တင္ေပးလိုက္သည္။
ခုတေလာေဒၚေငြခင္ဟိုဘက္အိမ္ကမေလးမူဆိုေသာမိန္းမကိုၾကည့္မရေထာင္လႊားေနတယ္ထင္မိေလသည္။
ေရစက္ပါလာတာကလဲနဲတာမဟုတ္ေပေဒၚေငြခင္ႏွင့္မေလးမူသည္အိမ္ခ်င္းကပ္လွ်က္သာမဟုတ္
ေဈးထဲတြင္လဲအထည္ဆိုင္းခ်င္းကပ္လွ်က္ျဖစ္သည္မေလးမူကႏုတ္ခ်ိဳကာ
စိတ္သေဘာထားျဖဴစင္သူမို႔သူ႔ဆိုင္တြင္ေဖာက္သယ္မ်ားကာေရာင္းေကာင္းသေလာက္
ေဒၚေငြခင္ဆိုင္မွာေတာ့ေဖာက္သယ္မရွိသေလာက္ရွားေလသည္စိတ္ထားကလဲမေကာင္းမနာလိုစိတ္ကလဲမ်ားသည္ေလ
ေဒၚေငြခင္စီးပြားကတရိပ္ရိပ္က်လာသေလာက္မေလးမူတို႔စီးပြားေရးကတရိပ္ရိပ္တက္လာသည္
ေဒၚေငြခင္တြင္သားတေယာက္သမီးတေယာက္ရွိကာမေလးမူမွာေတာ့သမီးကေလးႏွစ္ေယာက္ရွိေလသည္
ေဒၚေငြခင္သမီးႏွင့္သားသည္ဆိုးသေလာက္မေလးမူသမီးကေလးႏွစ္ေယာက္ကလိမၼာေရးျခားရွိေလသည္ ။
ဒီေတာ့ေဒၚေငြခင္မေလးမူတို႔မိသားစုကိုမနာလိုမေကာင္းႀကံဘို႔စိတ္ကူးေလသည္
ေဒၚေငြခင္ေယာက်ၤားသည္လူပ်င္းျဖစ္ကာဘာမွမလုပ္မိန္းမလုပ္စာအခန႔္သားထိုင္စားသည္။
မေလးမူေယာက်ၤားကကန္ထ႐ိုက္လုပ္ငန္းလုပ္ကာဘုရားတရားၿမဲေလသည။္
မနက္မိုးလင္းသည္ႏွင့္မေလးမူအိမ္ဘက္မွဘုရားသံတရားသံၾကားရေပမဲ့
ဆန႔္က်င္ဘက္ေဒၚေငြခင့္အိမ္ဘက္မွာေတာ့ရန္ျဖစ္သံႏွင့္အိုးခြက္ပန္းကန္လႊတ္ပစ္သံမ်ားျဖင့္ဆူညံေနစၿမဲ
တေန႔ေဒၚေငြခင္လင္မယားႏွင့္မေလးမူတို႔မိသားစုတို႔ၿခံစည္း႐ိုးကာေသာ
ကိစၥႏွင့္စကားမ်ားေလသည္ေလာဘႀကီးေသာေဒၚေငြခင္လင္မယားက
မေလးမူတ့ိုေျမႀကီးကိုခိုး၍ပိုယူေသာေၾကာင့္ျဖစ္သည္သူခိုးကလူျပန္ဟစ္သညိပဲဆိုရမလို
ေဒၚေငြခင္ကလဲဆဲဆိုသလိုေဒၚေငြခင္ေယာက်ၤားကလဲလက္သီးလက္ေမာင္းတန္းကာ
ထိုးမယ္ႀကိတ္မယ္ျဖစ္ေန၍ရွက္တတ္ေသာမေလးမူမိသားစုကအေလွ်႕ာေပးလိုက္ေလသည္ ။
ထိုကိစၥကရပ္ကြက္႐ုံးေရာက္သြားကာအက်ယ္မျဖစ္ေပမဲ့သူတို႔မိသားစုႏွစ္စုအမုန္းပြားစရာျဖစ္သြားေလသည္။
ဒီေတာ့ေဒၚေငြခင္မေလးမူမိသားစုပ်က္စီးရာပ်က္စီးေၾကာင္းမေကာင္းႀကံဘို႔အႀကံေပၚလာသည္။
အေကာင္အထည္ေဖၚဖို႔အစြမ္းထက္ေသာေအာက္လမ္းဆရာတေယာက္ကို
ေဒၚေငြခင္အသဲအသန္ရွာေလသည္ေနာက္ဆုံးမိတ္ေဆြတေယာက္ေျပာေသာေအာက္လမ္းဆရာအိမ္ကိုေရာက္သြားေလသည။္
ေအာက္လမ္းဆရာကလူလတ္ပိုင္းအ႐ြယ္သူ႔အိမ္တြင္အစီအရင္မ်ားစြာျပဳလုပ္ထားသည္ကိုေတြ႕ရသည္။
ေနတာကလဲၿမိဳ႕ျပင္ဆိုေတာ့ၿခံက်ယ္သည္ၿခံထဲတြင္အပင္ႀကီးမ်ားအုပ္စိုင္းကာစိုက္ထားၿပီး
အပင္မ်ားတြင္လဲအစီအရင္ႀကိဳးမ်ားခ်ည္ထားသည္ကိုေတြ႕ရသည္
ၿခံထဲေရာက္သည္ဆိုရင္ပဲအမ်ိဳးအမည္မသိေသာခံစားမႈ႕မ်ိဳးေဒၚေငြခင္ရကာခ်မ္းစိမ့္စိမ့္ျဖစ္သြားေလသည္ ။
ေဒၚေငြခင္ကေအာက္လမ္းဆရာအား
””’ဆရာကြၽန္မအိမ္ေဘးကမေလးမူတို႔မိသားစုကိုစီးပြားပ်က္ေအာင္————–အိမ္သားမ်ားဒုကၡေရာက္ေအာင္—————မိသားစုဝင္မ်ားေသေအာင္———–အရပ္ထဲနလန္မထူေအာင္——–လုပ္ေပးပါ——
———ေငြဘယ္ေလာက္ကုန္ကုန္ေပးမယ္——–ဒီမိသားစုေျပာင္းလဲသြားမွကြၽန္မစိတ္ခ်မ္းသာမယ္””””
ဟုဆိုေလသည္ေအာက္လမ္းဆရာပညာကိုလဲလက္ေတြ႕သိခ်င္မိေသာေၾကာင့္
”””ဆရာကိုကြၽန္မယုံပါတယ္ဆရာ့မစြမ္းကေလးသိပါရေစ”””
ဒီေတာ့ေအာက္လမ္းဆရာကသ့ူ႔အစြမ္းကိုျပသည့္အေနျဖင့္ႀကိဳးတေခ်ာင္းကိုယူ၍မန္းမႈတ္ကာ
ဘာေရမွန္းမသိတဲ့ခြက္တခုထဲကေရနဲ႔ႀကိဳးစကိုေတာက္လိုက္တဲ့အခါမွာေတာ့
အလြန္အဆိပ္ပ်င္းေသာမဲနက္ေတာက္ေျပာင္ေနသည့္ေႁမြတေကာင္ျဖစ္သြားေလသည္။
ထိုေႁမြသည္ခ်က္ခ်င္းပါပ်ဥ္းေထာင္လာသည့္အခါေဒၚေငြခင္အလြန႔္လန္သြားေလသည။္
”’အမေလးလုပ္ပါအုံးဆရာ—–ကြၽန္မလာေပါက္ေနပါအုံးမယ္”””’
သူတစ္ပါးကိုဒုကၡေပးမည့္သူကကိုယ္တိုင္ဒုကၡေရာက္မွာေတာ့အေသေၾကာက္တတ္ၾကသည့္တစ္ဘို႔ထဲသမားမ်ားျဖစ္သည္။
””’မပူပါနဲ႔က်ဴပ္အမိန႔္ေပးမွ—-လူပ္ရွားမွာပါ—–””’
ေဒၚေငြခင္ေအာက္လမ္းဆရာအစြမ္းကိုအေတာ္သေဘာက်သြားသည္။
ဒါါနဲ႔ေငြတခ်ိဳ႕တဝက္ကိုေပးကာေအာက္လမ္းဆရာအားအေသအခ်ာမွာကာေျပာလိုက္သည္ ။
”’ဒီေႁမြနဲ႔တိုက္ရင္လူေသႏိုင္သလားကြၽန္မကေတာ့သူတို႔အိမ္သားတေယာက္ေယာက္ေသမွျဖစ္မွာ——-
ဒါမွအလုပ္မလုပ္ႏိုင္စီးပြားပ်က္ၿပီးေသာကေရာက္မွာ——ေသခ်ာေအာင္ေတာ့လုပ္ေပးပါဆရာ——–လူေသရင္ေနာက္ထပ္ေငြလာေပးမယ္””
””စိတ္သာခ်က်ဴပ္ဒီအလုပ္လုပ္စားလာတာအန္တိုေနၿပီဲီ——-မ်ိဳး႐ိုးစဥ္ဆက္ေအာက္လမ္းဆရာလုပ္စားလာတာအိမ္လိပ္စာအတိအက်ေျပာခဲ့——-ကူ်ဳပ္တပည့္ကိုတိုက္ေႁမြသြာားလႊတ္ခိုင္းလိုက္မယ္——ကံနိမ့္သူတေယာက္ေယာက္ေတာ့ေသကိုေသေစရမယ္””
ေဒၚေငြခင္ေက်နပ္သြားသည္ေအာက္လမ္းဆရာအားလိုအပ္သည္မ်ားမွာၾကားကာျပန္သြားေလသည္။
သူ႔မစိတ္ထဲတြင္မေလးမူတိုမိသားစုဒုခၡေရာက္ေတာ့မွာကိုေတြးၿပီးဝမ္းသာေနမိသည္။
”””’ေငြခင္အေၾကာင္းသိေစရမယ္——ေငြခင္တဲ့တစ္ခင္ထဲရွိတယ္ေဟ့——”””
လို႔လဲစိတ္ထဲႀကိမ္းဝါးေနေလသည္ေၾကာက္ဆရာေကာင္းေသာစိတ္ဓတ္ပိုင္ရွင္တေယာက္ျဖစ္သည္ ။
ေဒၚေငြခင္ေအာက္လမ္းဆရာအိမ္ကျပန္လာၿပီးကထဲကဟိုဘက္အိမ္ကိုမသိမသာအကဲခတ္ေနေလသည္။
ဘာအမဂၤလာသတင္းမ်ားၾကားရလိမ့္ႏိုးႏိုးေစာင့္ေမွ်ာ္ေနမိသည္သို႔ေပမဲ့ဘာမွထူးမလာပါ
ပတ္ေလာက္ၾကာတဲ့အခါမွာေတေဒၚေငြခင္အားကိုးေသာသမီးသည္ၿခံထဲဆင္းရင္းေႁမြကိုက္၍ေသေလသည။္
ဒီမွာတင္ေဒၚေငြခင့္ေဒါသသည္ငယ္ထိပ္သို႔ေရာက္ကာေအာက္လမ္းဆရာအိမ္ေရာက္သြားေလသည္
ေအာက္လမ္းဆရာကလဲသူးတပည့္ကိုေခၚေမးရာအိမ္နံပတ္35ႏွင့္36ကိုမွားခဲ့ျခင္းျဖစ္သည္။
့ေဒၚေငြခင္အိမ္နံပါတ္35သည္ကံဆိုးခ်င္ေတာ့5ေနရာတြင္အစြန္းတခုေပ၍6ျဖစ္ေနတာေၾကာင့္
ေအာက္လမ္းဆရာတပည့္သည္အစီအရင္အားေဒၚေငြခင္ၿခံထဲျပစ္ခဲ့ေလသည္ ။
ေဒၚေငြခင္လဲေအာက္လမ္းဆရာအားသူ႔သမီးအသက္ျပန္ရွင္ေအာင္လုပ္ခိုင္းေပမဲ့အခ်ိန္လြန္သြား၍
မရေတာ့ေပေဒၚေငြခင္ေဆာက္တည္ရာမရဒါသျဖစ္ကာေအာက္လမ္းဆရာအား
””’နင္ကဘာဆရာလဲ—–နင့္ကိုတရားစြဲမယ္—Sသုံးမက်တဲ့အလကားဆရာ—–အခုငါ့ေငြေတြျပန္ေပး——နင္စားခြက္ေပ်ာက္ေအာင္ငါလုပ္ျပမယ္—–ေငြခင္တဲ့—-@#$@#$%&&””””
ေဒၚေငြခင္ကေအာ္က်ယ္ဟစ္က်ယ္အသံကုန္ဆဲဆိုကာေအာက္လမ္းဆရာအိမ္က
ပစၥည္းမ်ားကိုင္ေပါက္ဝိုင္းဒိုင္းႀကဲကာျပန္ေလသည္ေအာက္လမ္းဆရာအိမ္ေရာက္ေနသူမ်ားလဲ
အလ်ိဴအလ်ိဴ ျပန္ကုန္ၾကေလသည္ထို႔ေၾကာင့္ေအာက္လမ္းဆရာက
ေဒၚေငြခင္ကိုမ်က္ေထာင့္နီႀကီးျဖင့္ၾကည့္ကာက်န္ခဲ့ေလသည္ ။
အကုသိုလ္ဆိုတာအေဖၚနဲ႔အေပါင္းနဲလာစၿမဲမို႔သမီးေသၿပီးတလေလာက္အၾကာမွာေတာ့
ေဒၚေငြခင္အလြန္ခ်စ္ေသာသားသည္ညဘက္အရက္မူးကာျပန္လာရင္းကားတိုက္၍ေသျပန္ေလသည္ ။
သူမ်ားသားသမီးမ်ားအားေသေစခ်င္ခဲ့ေသာအတၱအလြန္ႀကီးေသာေဒၚေငြခင္တို႔လင္မယား
အ႐ူးမီးဝိုင္းျဖစ္ကာအလြန္ဆိုးဝါးေသာေသာကမ်ားကိုခံစားရေလသည္
ဘယ္သူမျပဳမိမိျပဳေသာမေကာင္းမႈ႕သည္မိမိကိုျပန္အက်ိဳးေပးသည္ကိုေဒၚေငြခင္လက္မခံႏိုင္
ျပင္းထန္ေသာမနာလိုစိတ္ေတြကေဒၚေငြခင္စိတ္ကိုေဖာက္ျပန္ေစသည္ ။
ထိုအခါအိမ္ထဲတြင္လဲေႁမြတေကာင္ကိုဟိုေနရာမွာေတြ႕လိုက္ဒီေနရာမွာေတြ႕လိုက္
ေဒၚေငြခင္တို႔လင္မယားက်ီးလန႔္စာစားေနရသလိုေနမထိထိုင္မသာျဖစ္ေနကာ
ေႁမြကိုသတ္ဖို႔ႀကိဳးစားရာတြင္လဲမ်က္စိေရွ႕တြင္ေပ်ာက္သြားျပန္သည္
ၾကာေတာ့ေဒၚေငြခင္လင္မယားေႁမြကိုက္ေသမွာစိုးလာသည္ေသြးပ်က္လာသည္ ။
မကြၽတ္မလြတ္ေသာသမီးႏွင့္သားကိုလဲမၾကာမၾကာေတြ႕ေနရာ
””’သမီးေရ—-အေမကိုတစ္ေယာက္ထဲမထားခဲ့နဲ႔ေနာ္——သားေရအေမဆီလာပါအုံး”””’
ေဒၚေငြခင္တစ္ေယာက္ထဲစကားေတြေျပာရင္ရီလိုက္ငိုလိုက္ျဖင့္
စိတ္မခိုင္ေသာေဒၚေငြခင္တေယာက္ေနာက္ဆုံးမွာေတာ့စိတ္က်မ္းမာေရးေဆး႐ုံသို႔ေရာက္သြားေလသည္ ။
မယုံမရွိနဲ႔တကယ့္အျဖစ္အပ်က္ပါ သူတစ္ပါးမေကာင္းႀကံကိုယ္သာခံရမည္ျဖစ္ၿပီး
ဒီဘဝေကာေနာင္သံသရာပါမေအးခ်မ္းႏိုင္ေသာအျဖစ္ပင္ျဖစ္ပါသည္။
ၿပီး
D Moe Moe