”စုန်းထီးကြီးဦးဘသာနှင့် သဘက်ကြီးငညို”(စ/ဆုံး)

Unicode Version

”စုန်းထီးကြီးဦးဘသာနှင့် သဘက်ကြီးငညို”(စ/ဆုံး)
—————————————————————-

သဘက်ကြီးငညိုအကြောင်းပြောဖို့က ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြီးပြောရမှာမို့လို့ သူ့ကိုသပ်သပ်ပြောပြဖို့စီစဉ်လိုက်တာဗျ၊ ဒီအကြောင်းတွေပြောမယ်ဆိုရင် ကျုပ်အဘိုးခေတ်ကနေ စပြီးပြောရမှာပဲဗျ၊ ခင်ဗျားတို့ကို အရင်ကပြောခဲ့ဖူးသလို ကျုပ်တို့က သူကြီးမျိုးရိုးဗျ၊ ကျုပ်အဘိုးရဲ့အဖေကလည်း သူကြီးပဲ၊ ကျုပ်အဘိုးကလည်း သူကြီးပဲ၊ နောက်ပြီး ကျုပ်အဖေလည်း သူကြီးပေါ့ဗျာ၊ ကျုပ်အဘိုးရဲ့အဖေကတော့ ဗမာမင်းလက်ထက်ကို မီလိုက်တာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်တို့ရွာက ဖက်လိပ်ရွာဆိုတဲ့ ရွာကလေးပေါ့၊ နောက်ပြီး ကျုပ်အဘိုးကျတော့ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် နှစ်ခေတ်ကိုမီလိုက်တာပေါ့ဗျာ။

ကျုပ်အဖေကတော့ အသက်နှစ်ဆယ်လောက်ကတည်းက သူကြီးဖြစ်လာတဲ့အတွက်ကြောင့်ရယ်၊ အဖေက သမာသမတ်ကျတာကြောင့်ရယ် သူကြီးလေးဆိုပြီး ရွာကလူတွေတော်တော်များများက ချစ်ခင်ကြပေမယ့် ကျုပ်အဘိုးကိုကျတော့ တစ်ရွာလုံးက ကြောက်ရတယ်ဗျ၊ အခုထိ ရွာက တစ်ချို့လူတွေ အဖေ့ကိုအမြင်မကြည်တာက အဖေမကောင်းလို့မဟုတ်ဘူးဗျ၊ ကျုပ်အဘိုးရဲ့ အတိတ်ကလုပ်ရပ်တွေကြောင့် ကြည့်မရကြတာ။

ကျုပ်ကတော့ ကျုပ်အဘိုးကို အပြစ်မဆိုပါဘူးဗျာ၊ ဘာပဲဖြစ်ဖြစ် သူက သူကြီးကိုးဗျ၊ ဒီတော့လည်း အထက်က အစိုးရအရာရှိတွေခိုင်းတာ အကုန်လုပ်ပေးရတာပေါ့ဗျာ၊ ကျုပ်အဘိုးကို အစကတော့ ရွာခံတွေက ကျေနပ်ကြပေမယ့် အင်္ဂလိပ်ခေတ်နှောင်းပိုင်းရောက်တော့ ချစ်တီးကုလားတွေက ရွာတွေကိုငွေထုပ်ပိုက်ပြီး ဝင်လာကြပါရောဗျာ၊ အဲဒီမှာ ရွာသားတွေကလည်း ငွေတိုးတွေချေးယူ၊ နောက်တော့ ပြန်မဆပ်နိုင်ကြဘူးပေါ့ဗျာ၊ ဒီတော့ ချစ်တီးတွေက အင်္ဂလိပ်အရာရှိကြီးတွေကို တိုင်တန်းတယ်ဆိုပါတော့၊ နောက်ဆုံးရှင်းပေးရတယ့်လူကတော့ အဘိုးပါပဲ၊ အဘိုးက ရွာခံလည်းဖြစ်တယ်၊ အထက်က အမိန့်အရလည်းလုပ်ရတယ်ဆိုတော့ ချစ်တီးတွေက လယ်တွေ၊ အိမ်တွေ၊ နွားတွေ အကုန်သိမ်းတော့တာပါပဲ။

အဲဒီမှာ ရွာကလူတွေက အဘိုးကိုစပြီး ကြည့်မရတော့တာ၊ ရွာကလူတွေက အဘိုးကို ဓါးနဲ့တောင် လိုက်ခဲ့ကြလို့ ရွာကနေတောင် ထွက်ပြေးခဲ့ရတယ်ဆိုပဲ၊ နောက်တော့မှ အရေးပိုင်မင်းက အဘိုးကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆိုပြီး နှစ်လုံးပြူးသေနတ်ထုတ်ပေးတယ်၊ ပုလိပ်တွေလည်း ရွာကိုဝင်စီးပြီးတော့ရန်မူတဲ့လူတွေကို ထောင်ချပြီး နှိပ်ကွပ်လိုက်တော့မှ ရွာခံတွေ ငြိမ်သွားတာပေါ့ဗျာ၊ ဒါတောင်မှ အဘိုးကို အလစ်အငိုက်တိုက်လို့ အဘိုးက သေနတ်နဲ့ပြန်ပစ်တာ ခြောက်ယောက်တောင်သေသွားပါသေးတယ်ဗျာ။

(၂)

အင်္ဂလိပ်အပြေး၊ ဂျပန်အဝင်မှာ လူဆိုးဓါးပြတွေ သိပ်သောင်းကျန်းတာပေါ့ဗျာ၊ ဒါနဲ့ အဘိုးက ရွာမှာ လူယုံတွေမွေးတယ်ဗျာ၊ လူယုံတွေကိုလည်း အင်္ဂလိပ်တွေထားခဲ့တဲ့ သေနတ်တွေ၊ လုပ်သေနတ်တွေ တပ်ဆင်ပေးထားပြီး ရွာလုံခြုံရေးအတွက် လုပ်ခဲ့တာပေါ့ဗျာ။ မလုပ်လို့လည်းမရဘူးဗျ၊ အဲဒီခေတ်က ဓါးပြအုပ်ကြီးက ရွာတွေကိုဝိုင်းပြီး မီးရှို့တယ်၊ လူသတ်တယ်၊ အဲဒီအချိန်အုပ်ချုပ်မယ့်လူကလည်း မရှိသေးဘူးဆိုတော့ မင်းမဲ့တိုင်းပြည်ဖြစ်နေတာပေါ့ဗျာ။

ရွာထဲက ပုန်ကန်ချင်တဲ့မိသားစုတွေကို အဘိုးက ပြစ်ဒဏ်ပေးပြီး ရွာပြင်ကို နှင်ထုတ်ကြတာပေါ့ဗျာ၊ ရွာပြင်ကို အနှင်ခံရတဲ့သူဆိုတာ သေတာနဲ့အတူတူပဲပေါ့ဗျာ၊ ခေတ်ကပျက်နေတော့ လူတွေက တွေ့တာနဲ့ အချင်းချင်းသတ်တယ်၊ ရသမျှ လုတယ်ပေါ့။

ကျုပ်တို့ရွာမှာ အဲဒီတုန်းက ငတို နဲ့ ငညိုဆိုပြီး ညီအကိုနှစ်ယောက်ရှိတယ်ဗျ၊ သူတို့က ရိုးရိုးသားသား လယ်သမားတွေပါပဲ၊ ဖြစ်ချင်တော့ သူတို့ရဲ့အဖေက ကျုပ်အဘိုးကို လုံး၀ကြည့်မရတဲ့သူပေါ့၊ ချစ်တီးက အကြွေးပြန်မဆပ်နိုင်တဲ့လူတွေဆီကနေ ရသမျှသိမ်းတော့ သူတို့ဘ၀ပျက်သွားတာကိုးဗျ၊ အဘိုးကို သတ်တော့သတ်ချင်တယ်၊ ဒါပေမယ့် သေနတ်ရယ်၊ နောက်ပြီး အဘိုးရဲ့လူယုံတွေရယ်ကို ကြောက်နေရတာနဲ့ မသတ်ရဘူးပေါ့ဗျာ၊ အချိန်တိုင်းတော့ သတ်ဖို့ကြံစည်နေခဲ့တာ။

ကပ်ရောဂါတွေဖြစ်ပြီး ရွာရွေ့ပြီးတော့ ရွာက မခိုင်မခန့်ဘူးပေါ့ဗျာ၊ အဲဒီအချိန်မှာ သူ့အဖေက အဘိုးကိုချောင်းမြောင်းပြီး လုပ်ကြံတော့တာပါပဲ၊ ဒါပေမယ့် သတိရှိတဲ့အဘိုးက သေနတ်နဲ့ပစ်သတ်လိုက်တော့ အဲဒီလူကြီး ဦးခေါင်းပွင့်ပြီး သေသွားပါရောဗျာ၊ အဘိုးက လူမမည် ကျန်ခဲ့တဲ့ ငတိုနဲ့ ငညိုတို့ကို သနားလို့ သူတို့အဖေပိုင်တဲ့ ကျန်ခဲ့တဲ့လယ်တွေကို ပိုက်ဆံပေးပြီး ဝယ်လိုက်တယ်ဗျ၊ ဒါပေမယ့် ရွာထဲမှာတော့ အဘိုးက လယ်တွေကိုလိုချင်လို့ တမင်သတ်ပစ်တယ်ဆိုပြီး သတင်းထွက်နေတာပေါ့။ အဲဒီအချိန်ကတည်းက ငတိုနဲ့ ငညိုက ကျုပ်တို့ အဘိုးကို ရန်ငြိုးဖွဲ့နေခဲ့တာပေါ့။

ပိုဆိုးသွားတာကတော့ ကျုပ်တို့အဘိုး ယူလိုက်တဲ့မိန်းမပဲဗျ၊ ပြောရရင် ကျုပ်တို့အဘိုးက မိန်းမရှုပ်တယ်၊ မိန်းမကိုးယောက် ယူထားတာဗျ၊ ဒါနဲ့သူအသက်ငါးဆယ်လောက်ရောက်တော့ ရွာက ကွမ်းတောင်ကိုင် အလှဆုံး အချောဆုံး မိန်းကလေးကို ကောက်ယူလိုက်ပါရော၊ ကောင်မလေးက အသက်ဆယ့်ရှစ်နှစ်လောက်ပဲရှိသေးတာပါ၊ ဖြစ်ချင်တော့ အဲဒီကောင်မလေးက ငတိုနဲ့ ချစ်ကြိုက်နေတာတဲ့ဗျာ၊ တစ်ရွာလုံးလည်း သိတယ်ဆိုပဲ၊ ဒါပေမယ့် အဘိုးကလည်း အဲဒီကောင်မလေးကို လိုချင်တော့ လူကြီးစုံရာနဲ့ကောင်မလေးမိဘတွေဆီ လမ်းဖောက်တာပေါ့ဗျာ၊ ကောင်မလေးမိဘတွေက သူကြီးကိုလည်း ကြောက်တာရယ်၊ နောက်ပြီး သူကြီး ပိုက်ဆံရှိတာလည်းပါတော့ သူတို့သမီးကို ပေးစားလိုက်တာပေါ့ဗျာ။

မင်္ဂလာဆောင်တဲ့ရက်ရောက်တော့မှ ငတိုက ငှက်ကြီးတောင်ဓါးဆွဲပြီး မင်္ဂလာပွဲကို လာဖျက်တာတဲ့ဗျ၊ သူ့ဘက်က ကြည့်ရင်လည်း သူ့ရည်းစားကိုး၊ နောက်ပြီး လယ်တွေလိုချင်လို့ အဖေကိုသတ်ထားတယ်ဆိုတဲ့ စကားကလည်းခေါင်းထဲဝင်နေတော့ အခုလည်း တမင်သက်သက် သူ့ရည်းစားကို ယူတယ်ဆိုပြီးတော့ ငတို ပေါက်ကွဲတာပေါ့ဗျာ။

ဒါပေမယ့် ငတို အရှေ့မတိုးနိုင်ခဲ့ပါဘူး၊ အဘိုးရဲ့ လူယုံဆယ်ယောက်လောက်က ငတိုကို သေနတ်နဲ့ထိုးချိန်ထားတာကိုးဗျ၊ ငတိုလည်း သူသေမှာကြောက်တာနဲ့ ပြန်လှည့်ပြေးပါရော၊ အဲဒီမှာ ကျုပ်အဘိုးက ငတိုနဲ့ ငညို ညီအကိုနှစ်ယောက်ကို ရွာပြင်ကိုနှင်လိုက်ပါရော။ သူတို့အမေလည်း အဆစ်ပါသွားတာပေါ့ဗျာ။

ဒါနဲ့ သူတို့တွေ နေစရာမရှိတော့ ရွာကနေထွက်ပြီး ပေတောရွာကိုသွားတဲ့အလယ်က တောတန်းကလေးမှာ သွားနေကြတယ်၊ တောတန်းထဲမှာ တဲထိုးပြီးနေကြတာပေါ့ဗျာ၊ တစ်ရက်ကျတော့ ငတိုနဲ့ ငညို ညီအကိုနှစ်ယောက် ပေတောရွာကိုသွားပြီး သူတို့ပြောင်းရွှေ့နေဖို့ သွားတိုင်ပင်ကြပြီး ပြန်အလာမှာ၊ သူတို့အိမ်ကလေးကို အဖောက်ခံရပြီး သူတို့အမေလည်း သေနေပါရောဗျာ။

တစ်ချို့လူတွေကတော့ လုယက်တဲ့သူတွေ သတ်သွားတယ်လို့ ပြောကြပေမယ့်၊ သူတို့ညီအကိုကတော့ အဘိုးက တမင်လုပ်တယ်လို့ပဲထင်တာဗျ၊ ဒါနဲ့ သူတို့က အဲဒီနေရာမှာ လူမိုက်တွေစုပြိးတော့ ဓါးပြအဖွဲ့ထောင်လိုက်ပါရောဗျာ၊

အရင်က တန်းမြင့်ရွာဆိုတာ ရွာသိမ်ရွာငယ်ကလေးဗျ၊ နောက်ပိုင်း ကားလမ်းဖောက်လိုက်တော့မှ စည်ကားသွားတာ၊ အဲဒီအချိန်က ကျုပ်တို့ရွာကနေ ပေတောရွာကိုပဲ လှည်းလမ်းနဲ့သွားကြတာတဲ့ဗျာ၊ ဒီတော့ ငတိုနဲ့ငညိုက ကျုပ်တို့ရွာကနေ တက်လာသမျှ လှည်းတွေကို ဓါးပြတိုက်တော့တာပါပဲ၊ လှည်းတွေမှာ ဘာပါပါအကုန်ဓါးပြတိုက်တယ်၊ ပြီးတော့ အဘိုးတို့ ဆွေမျိုးတွေဆိုရင် အဲဒီဘေးနားက မုယားကြီးပင်ကြီးမှာ တွဲလောင်းဆွဲပြီးတော့ သတ်ထားတာပဲဗျာ။

နောက်ဆုံးတော့ ရွာကလူတွေ တစ်ခုခုသွားတော့မယ်ဆိုရင် အဘိုးရဲ့လူယုံတွေ၊ သေနတ်ကိုင်ထားတဲ့ လူတွေမပါရင် မသွားဝံ့တော့ဘူးဗျ၊ ငတို နဲ့ ငညိုတို့ခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့က တွေ့သမျှလူကိုဓါးပြတိုက်တယ်၊ ထုထောင်းရိုက်နှက်တယ်၊ ကျုပ်တို့အမျိုးဆိုရင် သတ်ပစ်တယ်ဆိုတော့ အတော်ကိုဆိုးနေတာပေါ့ဗျာ။

(၃)

ခေတ်ကလည်း ဂျပန်က အုပ်ချုပ်ထားတဲ့ခေတ်ဖြစ်နေပြီဆိုတော့ ဒီဓါးပြမှုအကြောင်းကို အထက်လူကြီးတွေ သိသွားတယ်ဗျ။ ဒါနဲ့ တစ်ချက်လွှတ်အမိန့်ထုတ်တယ်၊ သုံးလအတွင်း အဲဒီဓါးပြအဖွဲ့ကို နှိမ်နင်းဖို့နဲ့ မနှိမ်နင်းနိုင်ရင် သူကြီးရာထူးကနေ ဖြုတ်မယ်ဆိုပြီး အမိန့်ပေးတာပေါ့။

အဘိုးကလည်း သူကြီးဆိုတော့ အထက်ကပေးတဲ့တာဝန်တွေကို ဘယ်ငြင်းဆန်နိုင်ပါ့မလဲဗျာ၊ ဒါနဲ့သူ့လူယုံတွေနဲ့ လှည်းတစ်စီးအပေါ်ကို ပုပ်တောင်းကြီးတွေတင်ပြီးတော့ နေဝင်တရောအချိန် ရွာကနေထွက်လာတာပေါ့ဗျာ၊ ပုံမှန်ကြည့်ရင်တော့ တစ်ခုခုတင်သွားတဲ့ လှည်းပေါ့ဗျာ။ ဒီလိုနဲ့ ငတိုနဲ့ ငညိုတို့ကို မျှားခေါ်ထုတ်လာတာပေါ့ဗျာ။

ငတိုနဲ့ငညိုလည်း လှည်းတစ်စီးတွေ့ပြီဆိုပြီးတော့ ဓါးပြဆယ့်ငါးယောက်နဲ့ ဓါးပြတိုက်တာပေါ့ဗျာ၊ လှည်းအနားရောက်တော့မှ အဘိုးနဲ့သူ့လူတွေက သေနတ်တွေကိုကိုင်ပြီး ထွက်လာလိုက်တော့မှ ငညိုတို့က ဓါးပြတိုက်မှားပြီဆိုပြီး သိလိုက်တာပေါ့ဗျ၊ ဓါးပြတွေကို သေနတ်နဲ့ပစ်တော့ ဓါးပြတွေ တော်တော်သေတယ်ပြောတယ်၊ နောက်တော့ ငတိုကိုလည်း သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်၊ ငညိုကိုလည်; ဖမ်းမိသွားတယ်တဲ့ဗျာ။

ဒါနဲ့ မုယားကြီးပင်ကြီးမှာပဲ ဓါးပြတွေကိုကြိုးနဲ့ချည်ပြီးဖမ်းထားတာပေါ့ဗျာ၊ ဖမ်းပြီး အဲဒီညမှာပဲ ငတိုဆုံးပါးသွားတယ်၊ သူ့ကိုသေနတ်နဲ့ပစ်ဖမ်းတုန်းက သေနတ်ကျည်က ပေါင်ရင်းကိုဖောက်ထားတာဆိုတော့ သွေးထွက်များပြီး သေသွားတာဖြစ်မယ်ဗျ။

ငညိုကတော့ မသေသေးဘူးပေါ့၊ သုံးရက်လောက်ကြာတော့မှ ကင်ပေတိုင်တွေနဲ့ ဂျပန်တွေခန့်ထားတဲ့ အရာရှိတွေ ရွာကိုရောက်လာတယ်၊ မုယားကြီးပင်မှာချည်ထားတဲ့ ဓါးပြတွေကို စိတ်ကြိုက်နှိပ်စက်ရိုက်နှက်ပြီးတော့မှ အကုန်လုံးကို အဲဒီသစ်ပင်ကြီးအောက်မှာပဲ ပစ်သတ်လိုက်သတဲ့ဗျာ။

ဒါပေမယ့် ငညိုက မသေခင်တော့ အဘိုးကိုကြည့်ပြီးတော့ ကျိန်ဆဲသွားသဗျ။

“ဒီမယ်သူကြီး၊ ကျုပ်တို့တစ်မိသားစုလုံးကို ခင်ဗျားသတ်ခဲ့သလို ခင်ဗျားတို့ တစ်မိသားစုလုံးကို ကျုပ်ပြန်မသတ်ရမချင်း၊ ကျုပ်မကျေဘူးဗျ၊ ကျုပ်သရဲဖြစ်သွားရင်လည်း ခင်ဗျားတို့ တစ်မိသားစုလုံးကို သတ်ပြီးမှ ကျုပ်အမျှဝေတာခံမယ်ဗျို့ ဟား၊ ဟား”

သူလည်းပြောပြီးရော ကင်ပေတိုင်တစ်ယောက်က ငညိုနောက်စေ့ကို ကျည်ဆန်ပစ်သွင်းလိုက်တော့ ငညိုလည်း သေသွားပါရောဗျာ၊ အဲ . . လူသာ သေပေမယ့် ငတိုနဲ့ ငညိုနှစ်ယောက်က အဲဒီသစ်ပင်ကြိးကိုစွဲပြီး သရဲတွေဖြစ်နေကြတယ်တဲ့ဗျာ။ ခြောက်တာမှ နေ့ခင်းကြောင်တောင်ကြီးကို ချောက်တာဗျ၊ နောက်ပြီး ကျုပ်တ်ို့ဆွေမျိုးတွေဆိုရင် ပိုခြောက်သတဲ့၊ အဘိုးရဲ့မိန်းမတစ်ယောက်က ပေတောရွာကဗျ၊ တစ်ရက်တော့ ကလေးမွေးပြီး သူ့မိဘတွေကိုပြမယ်ဆိုပြီး ပေတောရွာကိုလှည်းနဲ့အသွားမှာ မုယားပင်ကြီးအောက်ရောက်တော့ သရဲကြီးနှစ်ကောင်က ဆင်းလာပြီး သားအမိနှစ်ယောက်စလုံးကို ဂုတ်ချိုးသတ်သွားပါရောလားဗျာ။

ဒီလိုအခြောက်အလှန့်ကြမ်းလွန်;လို့ ပေတောရွာကို ကျုပ်တို့ရွာသားတွေ သိပ်ပြီးမသွားကြတာ၊ အဲဒီအကြောင်းကြောင့်လည်း ပါတယ်ဗျ။ အဘိုးကလည်း အဖေတို့ကို အဲဒီကိုမသွားဖို့ မှာခဲ့သလို၊ အဖေကလည်း ကျုပ်တို့ကိုငယ်ငယ်ကတည်းက အဲဒီလမ်းက တစ်ယောက်ထဲမဖြတ်ဖို့ မှာထားပြီးသားဗျ၊ ဘာလို့လဲဆိုတော့ အဖေကိုယ်တိုင်လည်း အဲဒီသရဲကြီးနှစ်ကောင်သတ်တာ ခံရမလိုဖြစ်ခဲ့သေးတယ်ဆိုပဲဗျ။

(၄)

လွပ်လပ်ရေးရပြီးခါစ အဖေတို့က အသက်ဆယ့်ငါး၊ ဆယ့်ခြောက်လောက်ပေါ့ဗျာ။ လူငယ်တွေဆိုတော့လည်; အဲဒီခေတ်က အတွေးအခေါ်တွေ ခေါင်းထဲဝင်နေတာပေါ့၊ သရဲဆိုတာ တကယ်မရှိဘူး၊ လူတွေကြောက်အောင် တမင်ခြောက်ထားတာဆိုပြီး ထင်နေတာပေါ့ဗျာ။

ဒါနဲ့ပဲ ရွာမှာ လူငယ်နှစ်ဖွဲ့ကွဲသွားတယ်၊ တစ်ဖွဲ့က အဖေတို့လို စာတွေသင်၊ ကျောင်းတွေတက်ထားတဲ့လူငယ်တွေပေါ့၊ အဲဒီလူငယ်တွေက ဘာကိုမှ အယုံအကြည်မရှိကြဘူး၊ ဘာကိုမှ အကြောက်အလန့်မရှိကြဘူးပေါ့ဗျာ။

တစ်ဖွဲ့ကတော့ ကျောင်းစာတွေဘာတွေ မသင်ရတဲ့ ရွာက လူငယ်တစ်သိုက်ပေါ့ဗျာ၊ အဲဒီလူငယ်နှစ်ဖွဲ့က အမြဲတမ်း ကတောက်ကဆဖြစ်တယ်ဗျ၊ အတွေးအခေါ်ချင်း၊ အယူအဆချင်းမှ မတူတာလေဗျာ၊ တစ်ရက်တော့ အဲဒီလူငယ်နှစ်ဖွဲ့က စိန်ခေါ်ကြတယ်တဲ့။

“မင်းတို့တွေက သရဲဆိုတာ မရှိဘူးပြောနေတော့၊၊ ငါတို့တွေ အလောင်းအစားတစ်ခုလုပ်ကြမယ်”

နောက်တော့ အဖေ့ကိုလက်ညှိုးထိုးပြီး

“မင်းက မကြောက်တတ်ဘူး၊ သရဲဆိုတာ မယုံဘူးဆိုရင် ပေတောရွာသွားတဲ့လမ်းက မုယားပင်ကြီးကို ညဘက်တစ်ယောက်တည်းသွားရမယ်၊ မုယားပင်ကြီးကို ဓါးနဲ့သုံးချက်ထစ်ရမယ်၊ နောက်ပြီး ထုံးနဲ့ သုံးချက်တားရမယ်”
အဖေကလည်း အေး​ေအးဆေးဆေးပေါ့ဗျာ။

“တကယ်လို့ မင်းသာဘာမှမဖြစ်ဘူးဆိုရင် မင်းတို့အဖွဲ့ပြောသလို သရဲဆိုတာ မရှိဘူးလို့ ငါတို့ယုံပေးမယ်ကွာ”

ဒီလိုနဲ့ အဖေကလည်း လက်ခံလိုက်တယ်ဗျာ၊ ညရောက်တာနဲ့ လူငယ်နှစ်ဖွဲ့က ရွာပြင်မှာဆုံတယ်ဗျ၊ အဖေက ငှက်ကြီးတောင်ဓါးတစ်ချောင်းရယ်၊ နောက်ပြီး ထုံးဘူးကို ခါးပိုက်ဆောင်ထဲကို ထည့်ခဲ့ပြီးတော့ ဒီအတိုင်း ညအမှောင်ကြီးထဲကို တစ်ယောက်တည်းထွက်လာတာဗျ။

အဘိုးကသူ့ကိုမှာထားတယ်ဆိုပေမယ့် လူငယ်လည်းဖြစ်၊ စိန်ခေါ်ထားတာဆိုတော့လည်း အဖေကမကြောက်မရွံ့ တစ်ယောက်တည်း သွားတာပေါ့။

အဝေးကလှမ်းကြည့်လိုက်တာနဲ့ မုယားကြီးအပင်ကြီးက ကြောက်စရာကြီးတဲ့ဗျာ၊ အဖေလည်း အေးအေးဆေးဆေး သီချင်းလေးဆိုပြီးတော့ မုယားကြီးအပင်ကြီးဆီရောက်တာနဲ့ ပင်စည်ကို ဓါးနဲ့ထစ်လိုက်တာပေါ့ဗျာ၊ ပြီးတော့ ခါးပိုက်ဆောင်ထဲက ထုံးယူပြီး ပင်စည်မှာ ထုံးနဲ့တစ်ကြောင်းဆွဲလိုက်တယ်ဆိုရင်ပဲ သစ်ပင်ကြီးက တဝုန်းဝုန်းနဲ့ လှုပ်လာတယ်တဲ့ဗျာ။ အဖေကလည်း မကြောက်တတ်တော့။

“သရဲဆိုရင် လာခဲ့ဟေ့၊ အားလုံးကို ဓါးနဲ့ခုတ်ပြီး ကြော်စားပစ်လိုက်မယ်”

အဲဒီလိုတစ်ချက်အော်ပြီး သစ်ပင်ကြီးကို ဓါးနဲ့နောက်တစ်ထစ် ခုတ်ချလိုက်ရော သစ်ပင်ပေါ်ကနေ မည်းမည်းအကောင်ကြီးနှစ်ကောင် ခုန်ဆင်းလာပါရောဗျာ၊ တစ်ကိုယ်လုံးကို မည်းနက်ပြီးတော့ အမွှေးကြမ်းကြမ်းကြီးတွေလည်း ပေါက်နေတာပဲတဲ့၊ အရပ်ကလည်း လူတစ်ရပ်မက တော်တော်ရှည်တယ်ဆိုပဲဗျာ။

အဖေကလည်း လက်မနှေးဘူးဗျာ၊ သူ့အနောက်ကိုဆင်းလာတဲ့ သရဲကြီးကို ဓါးနဲ့လှည့်ပြီး ခုတ်လိုက်တာ၊ သရဲကြီးကိုယ်မှာ ဓါးက ကော်နဲ့ကပ်သလို ကပ်သွားတယ်တဲ့ဗျ၊ အားနဲ့ပြန်ဆွဲပေမယ့်လည်း ဓါးက မကွာဘူးတဲ့၊ ဒီအချိန်မှာပဲ နောက်ထပ်သရဲကြီးတစ်ကောင်က အဖေ့ကျောကို ပုတ်ထည့်လိုက်တာ အဖေလည်း မြေကြီးမှာ လိမ့်သွားတာပဲတဲ့ဗျာ၊ ဒါနဲ့ သရဲကြီးနှစ်ကောင်က အဖေ့ကို ရိုက်လိုက်၊ ပုတ်လိုက်နဲ့ လုပ်နေပြီးတော့မှ သရဲကြီးတစ်ကောင်က အဖေ့ကိုယ်လုံးပေါ်ကိုတက်ပြီး အဖေ့ကိုလည်ပင်းညှစ်ပါလေရောဗျာ၊ အဖေလည်း ရုန်းပေမယ့် အားကမမျှဘူးပေါ့၊ မကြာပါဘူး၊ အဖေလည်း အသက်ရှူကြပ်ပြီး မျက်လုံးတွေပြာလာတယ်၊ ဒီအချိန်မှာပဲ ပတ်ဝန်းကျင်က ဖြန်းခနဲလင်းသွားပြီးတော့ ဘုန်းကြီးတစ်ပါး ပေါ်လာတယ်တဲ့ဗျာ၊ အဲဒီဘုန်းကြီးကို အဖေလည်းမမြင်ဖူးဘူးတဲ့။

“မင်းတို့နှစ်ကောင် မဟုတ်တာတွေမလုပ်ကြနဲ့ ရပ်လိုက်စမ်း”

ဘုန်းကြီးက အဲဒီလိုပြောပြီး အနားကပ်လာတော့မှ သရဲကြီးနှစ်ကောင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ သစ်ပင်ပေါ်ကို ပြန်တက်ပြေးသွားကြတာ၊ အဖေလည်း အဲဒီနေရာကနေထပြီး ရွာကိုတစ်ချိုးတည်းပြေးတာပေါ့ဗျာ၊ ပြိုင်ထားတာလည်း ရှံI;တဲ့အပြင်၊ လူလည်း ဖျားနာပြီးတော့ အဘိုးသူကြီးရဲ့ ဆူတာရိုက်တာကိုလည်း အတော်ခံလိုက်ရတယ်ဆိုပဲဗျာ၊ အဖေက အဲဒီကစပြီးတော့ သရဲဆိုတာကို ယုံသွားတော့တာဗျ။

(၅)

ဒီလိုနဲ့ အချိန်တွေကြာလာတော့ သရဲကြီးငတိုက ပျောက်ကွယ်သွားတယ်ဗျ၊ သူများတွေပြောတာကတော့ ကျွတ်သွားတယ်ဆိုလားပဲ၊ ဒါပေမယ့် မကျွတ်ဘဲ အခုထိကျန်နေခဲ့တာကတော့ ငညိုဆိုတဲ့အကောင်ကြီးပေါ့ဗျာ။ သရဲကြီးတော့ သဘက်ဆိုသလို ငညိုကလည်း သဘက်ကြီးဖြစ်နေပြီပေါ့။

ငညိုနဲ့ကျုပ်နဲ့ သုံးလေးခါလောက်တော့ ဆုံဖူးတယ်ဗျ၊ ကျုပ်ကတော့ သဘက်ကြီးတွေ့ရင် အဝေးကနေ ထွက်ပြေးတာပဲ၊ နောက်ဆုံးတစ်ခါတော့ ကျုပ်သဘက်ကြီးကို ဆော်ခဲ့သေးတယ်လေ၊ အဲဒါကလည်း ဦးဘသာကြီးရဲ့ အကုန်နိုင်အင်း အစွမ်းနဲ့ပေါ့ဗျာ၊ ဒါနဲ့ နောက်ထပ်တစ်ခေါက် သဘက်ကြီးနဲ့ ထပ်ဆုံကြဖို့ အကြောင်းဖန်လာတယ် ဆိုပါရောဗျာ။

အဲဒီတုန်းက မြို့ကနေ အစိုးရဝန်ထမ်းတွေလာတယ်ဗျ။ စာရင်းကောက်တယ်ဆိုလား ဘာလားပဲဗျာ၊ စစ်ဗိုလ်တစ်ယောက်ရယ်၊ နောက်ပြီးတော့ တခြားဌာနက လူတွေလဲပါတယ်၊ စုစုပေါင်းခြောက်ယောက်ဗျ၊ သူတို့ ဂျစ်ကားကလေးနဲ့ ကျုပ်တို့ရွာကို ရောက်တော့ မနက်ခင်းပေါ့ဗျာ၊ ရွာမှာစာရင်းကောက်ပြီးတာနဲ့ ပေတောရွာကို သွားပြီးစာရင်းဆက်ကောက်ကြမယ်လို့ပြောတယ်၊ ဒါနဲ့ပဲ ရွာကနေ မွန်းလွဲချိန်လောက် ပေတောရွာကို လာခဲ့တာပေါ့ဗျာ။ ခက်တာက ပေတောရွာနဲ့ ကျုပ်တို့ရွာက ကားတစ်စီးမောင်းရလောက်အောင် လမ်းမကောင်းဘူးဗျ၊ တစ်ချို့နေရာကျတော့ လမ်းတွေက ကျဉ်းတယ်၊ ဒါနဲ့ပဲ လှည်းနဲ့သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်ဗျာ။

လှည်းတစ်စီးတည်းသွားတာဆိုတော့ အဲဒီဝန်ထမ်းခြောက်ယောက်ရယ်၊ အဖေရယ်၊ ကျုပ်က သူကြီးလက်ထောက်ဆိုတော့ လှည်းမောင်းပို့ရတာပေါ့ဗျာ၊ ဒီလိုနဲ့ ကျုပ်တို့ရွာကထွက်ပြီး ပေတောသွားတဲ့လမ်းပေါ်ကို တက်လိုက်တယ်ဆိုရင်ပဲ ကျုပ်စိတ်ထဲ ထင့်ပြီး၊ လေးလေးကြီးဖြစ်လာတာဗျ၊ ခင်ဗျားတို့ကိုတော့ အသေအချာပြန်မပြောပြတတ်ဘူး၊ ကျုပ်လိုဖြစ်ဖူးတဲ့သူတွေရှိရင် သိမှာပါ။ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းဆိုရင် လှည်းကိုပြန်လှည့်ချင်နေပေမယ့် အဖေရယ်၊ အရာရှိတွေရယ်ပါတော့ ကျုပ်လည်း ဆက်မောင်းခဲ့ရတာပေါ့ဗျာ။

မုယားကြီးပင် အုပ်အုပ်ကြီးကိုမြင်လိုက်တယ်ဆိုရင်ပဲ ကျုပ်အတော်လန့်သွားခဲ့တာဗျ၊ အရင်တစ်ခေါက်က သဘက်ကြီးငညိုနဲ့ လုံးထွေးခဲ့ပြိးပြီမဟုတ်လားဗျာ၊ သူ့ကိုနိုင်တယ်ဆိုတာကလည်း အကုန်နိုင်အင်းကြောင့်သာ နိုင်ခဲ့တာကိုး၊ အခုက ဘာအင်းမှလည်းမပါဘူးမဟုတ်လား။ ကျုပ်လည်း ဘုရားစာရွတ်ပြီး လှည်းဆက်မောင်းနေရင်း မုယားကြီးပင်အောက်ကိုရောက်တော့ ကြက်သီးတွေ တဖြန်းဖြန်းထပြီး နွားတွေကလည်း နှာတွေမှုတ်ပြီးတော့ ပေကပ်ကပ်ကြီးဖြစ်နေတာ၊ ကျုပ်ဖြင့် လှည်းကိုမနည်းတွန်းမောင်းရတယ်ဗျ။

နေ့လည်ခင်းဆိုတော့ ခြောက်လှန့်တာက ဒီလောက်ပဲဗျ၊ ကျုပ်က သိပေမယ့် မြို့ကလာတဲ့အရာရှိတွေထဲမှာ မိန်းမနှစ်ယောက်ပါတယ်ဆိုတော့ ကျုပ်လည်းဘာမှမပြောတော့ဘူးပေါ့ဗျာ၊ ဒါနဲ့ ကျုပ်တို့ ပေတောရွာရောက်တော့ သူကြီးနဲ့တွေ့ပြီး တိုင်ပင်ကြတယ်၊ သူတို့စာရင်းကောက်ဖို့ ဝိုင်းလုပ်ပေးကြရတာပေါ့ဗျာ။

ဒီလိုနဲ့ ညနေစောင်းသွားတာပေါ့၊ ပေတောရွာသူကြီးက သူတို့ရွာမှာ တစ်ညတည်းဖို့ အားလုံးပြင်ဆင်ထားပြီးသား၊ အရာရှိတွေစားဖို့လည်း ကြက်တွေသတ်ပြီးတော့ ဟင်းကောင်းချက်ထားပြီးသားဗျို့၊ အရာရှိတွေက ညနေစောင်းသွားတော့မှ ဒီရွာမှာ ညမအိပ်ဘူး၊ ပြန်ကြမယ်တဲ့ဗျာ။ ကျုပ်တို့လည်း မပြန်ဖို့ဝိုင်းပြောပါသေးတယ်၊ ဒါပေမယ့် သူတို့က ပြန်မှကိုဖြစ်မှာတဲ့ဗျာ၊ ကျုပ်တို့ရွာကိုပြန်ပြီး ညတွင်းချင်းပဲ ကားနဲ့ မြိုင်သာမြို့ရုံးကိုပြန်မှဖြစ်မယ်တဲ့၊ ကျုပ်တို့တားလည်းမရတာနဲ့ အရာရှိကြီးတွေကို ညစာစောစောကျွေးပြီးတော့ ပေတောကနေ ကျုပ်တို့ထွက်ခဲ့ကြတာပေါ့ဗျာ၊ ပေတောအထွက်တင် ညနေငါးနာရီခွဲပြီးနေပြီ။

ပေတောရွာနဲ့ ကျုပ်တို့ရွာက လှည်းနဲ့ဆို နှစ်နာရီကျော် သုံးနာရီနီးပါးသွားရတယ်၊ ကျုပ်လည်း နေမဝင်ခင် နွားတွေကို အသော့နှင်လာရတာပေါ့ဗျာ၊ မကြာပါပြီး မိုးက စုန်းစုန်းချုပ်သွားပြီဗျ၊ နွားတွေက အမှောင်ထဲတော့ စမ်းတဝါးဝါးသွားနေကြတာပေါ့၊ မုယားကြီးပင်နားကိုရောက်တော့ ညခုနစ်နာရီလောက်ရှိပြီပေါ့ဗျာ။

“ခင်ဗျား တို့သရဲကြောက်တတ်လား”

အဖေက အရာရှိတွေကိုမေးတယ်ဗျ၊ မိန်းကလေးနှစ်ယောက်ကတော့ သွေးပျက်သွားသလိုပဲဗျာ၊ လှည်းပေါ်မှာ ဖန်မီးအိမ်တွေတင်ပြီး မောင်းလာတာဆိုတော့ လင်းနေတာပေါ့ဗျာ။ မိန်းကလေးတွေ လန့်ပေမယ့် ယောက်ျားလေးတွေကတော့ သိပ်ပြီးမကြောက်တဲ့ပုံပဲ။

“ကျုပ်ကတော့ ကြောက်လဲမကြောက်ဘူး၊ ယုံလဲမယုံဘူး”

စစ်ဗိုလ်က အဲဒီလိုထပြောတာဗျ၊ အဖေကတော့ ဘာမှပြန်မပြောပါဘူးဗျာ၊ အေးအေးလူလူပဲ နေလိုက်တယ်၊ ဒါနဲ့ အဲဒီစစ်ဗိုလ်ဆိုတဲ့လူက လှည်းပေါ်မှာစီးလိုက်လာရင်း သူရှေ့တန်းထွက်တုန်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်တွေကိုပြန်ပြောတာပေါ့ဗျာ၊ ပုပ်ပွနေတဲ့အလောင်းကောင်တွေကြားမှာ စခန်းချခဲ့ရတဲ့အကြောင်းတွေ ဘာတွေပေါ့၊ သူကသာ အာပေါင်အာရင်းသန်သန်နဲ့ပြောနေတာ၊ ကျန်တဲ့လူတွေကြည့်ရတာ တော်တော်လန့်နေပြီဗျ။

“ကိုနေမျိုးရယ်၊ ဒီအကြောင်းတွေ ဆက်မပြောပါနဲ့လား”

အတူတူလိုက်လာတဲ့ မိန်းကလေးက ပြောတယ်ဗျ၊ ကိုနေမျိုးဆိုတဲ့ စစ်ဗိုလ်ကလည်း ရယ်မောပြီးတော့

“ဟား၊ ဟား၊ မသင်ဇာတို့ကတော့ ကြောက်တတ်တယ်ပေါ့၊ ဒါတွေက တကယ်မရှိပါဘူးဗျာ၊ သရဲခြောက်မယ်ဆိုရင် အလောင်းကောင်တွေနဲ့နေခဲ့တဲ့ကျုပ်ကပိုပြီး အခြောက်ခံရမပေါ့ဗျ”

ဒီလိုနဲ့ မုယားကြီးပင်ကြီးအောက် ရောက်ခဲ့ပြီပေါ့ဗျာ၊ အဖေက ကျုပ်ပုခုံးကို ပုတ်ပြီးတော့

“ငါ့သား အသာလေးမောင်းစမ်း”

ကျုပ်ကလည်း လှည်းကိုအရှိန်တင်လာတာ တော်တော်မြန်နေပြီဗျ၊ လှည်းပေါ်မှာ လူဘယ်လောက်ပါပါ၊ ဒီအချိန်၊ ဒီအပင်ကြီးအောက်က မဖြတ်ဝံ့ဘူးလေဗျာ၊ မြန်မြန်ဖြတ်မှ တော်ကာကျမယ်ဆိုပြီးတော့ လှည်းမောင်းနေတာပေါ့။

သစ်ပင်ကြီးအောက်ရောက်တော့ သစ်ကိုင်းတွေက တဖြန်းဖြန်းနဲ့ကို လှုပ်နေတာဗျ၊ လေတိုက်လို့လှုပ်တဲ့ပုံစံမဟုတ်ဘူးနော်၊ အသံတွေက ကျယ်လွန်းလို့ ဘေးနားက သစ်ပင်တွေမှာ အိပ်တန်းတက်နေတဲ့ ငှက်တွေတောင် လန့်ပြီးထပျံကုန်တယ်ဗျ။ လှည်းပေါ်ပါတဲ့လူတွေလည်း လန့်ဖျပ်ကုန်တာပေါ့ဗျာ၊ ကျုပ်လည်း ဘာပြောကောင်းမလဲဗျာ၊ နွားတွေကို ကြိမ်နဲ့ နာနာလေးဆက်တို့ပြီးတော့ လှည်းမောင်းနေတုန်း ဝုန်းဆိုပြီး သစ်ပင်ပေါ်က မည်းမည်းအကောင်ကြီးက လှည်းပေါ်ခုန်ချလာတာဗျ၊ သူခုန်တဲ့အရှိန်နဲ့ လှည်းဝင်ရိုးကလည်း ကျိုးကျပါရောဗျာ။

လှည်းပေါ်ပါတဲ့လူတွေဆို အော်လိုက်တာဗျာ ငယ်သံပါတယ်၊ နောက်တော့ အဲဒီသဘက်ကြီးက အဖေ့ကိုဝင်လုံးပြီး လှဲအောက်ဆွဲချသွားတာပဲဗျာ။ ဖုန်တွေကြားထဲမှာ အဖေနဲ့အဲဒီအကောင်ကြီးနဲ့ လုံးထွေးနေတာပဲဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ အဖေထိုင်နေတဲ့ ဘေးနားမှာချထားတဲ့ ဓါးကြီးဆွဲပြီး လှည်းပေါ်က ခုန်ချခဲ့တာပေါ့ဗျာ။ ကိုနေမျိုးဆိုတဲ့လူကတော့ လှည်းပေါ်မှာ ဖင်ပူးတောင်းထောင်ပြီး ဝပ်နေတာဗျ။

အဖေနဲ့ဒီကောင်ကြီးက လုံးနေရင်းနဲ့ နောက်တော့ ငညိုက အဖေ့အပေါ်ကို ခွထားတယ်ဗျ။ အဖေ့ကို လည်ပင်းညှစ်ထားတယ်ထင်ပါတယ်၊ ကျုပ်လည်း လက်ထဲက ဓါးကို အားကုန်လွှဲပြီးတော့ ငညိုရဲ့နောက်စေ့ကို ခုတ်ချထည့်လိုက်တော့တာပဲဗျာ။

ဓါးက ချွင်ခနဲအသံမြည်ပြီးတော့ ကျုပ်လက်ကနေ လွတ်ထွက်သွားတယ်ဗျ၊ မသိရင် ကျောက်တုံးကြီးကို ဓါးနဲ့အားကုန်လွှဲခုတ်လိုက်သလိုမျိုးပေါ့ဗျာ၊ ဓါးကို ကျစ်နေအောင်ကိုင်ထားတဲ့ ကျုပ်လက်တောင်မှ တော်တော်အောင့်သွားသေးတာ။

အဖေက အောက်ကနေ တအစ်အစ်နဲ့ဖြစ်နေပြီ၊ ကျုပ်လည်း ကြံရာမရတဲ့အဆုံး ငညိုကိုအနောက်ကနေ ဝင်ဖက်ပြီး ဆွဲလှဲချလိုက်တာပဲဗျာ၊ ငညိုလည်း အလစ်ခံလိုက်ရလို့ထင်ပါတယ်၊ ကျုပ်လှဲချလိုက်တော့ ပက်လက်ကြီးလဲကျသွားတယ်ဗျ၊ အဲဒီတော့မှ ငညိုနဲ့ကျုပ်နဲ့ အသားချင်းထိဖူးတာ၊ သူ့အသားက ဆူးဆူးကြီးဗျ၊ ချွန်ထက်နေတဲ့အဆူးတွေနဲ့ ထိုသလိုမဟုတ်ဘဲ ပိန္နဲသီးအစူးလို ပုံစံမျိုးဗျ၊ ပြီးတော့ အေးအေးစက်စက်နဲ့ ရေညှိလို ကျိကျိချွဲချွဲကြီးပေါ့ဗျာ။ ငညိုကြီးက ကျုပ်ကိုအတင်းပြန်လုပ်တာဗျ၊ ကျုပ်ကလည်း ကလေးတစ်ယောက်လို သူ့ကျောကုန်းကိုဖက်ထားရတာပေါ့ဗျာ၊ သူ့ကိုယ်ကလည်း အလေးကြီးဗျ၊ နောက်တော့ ငညိုက ကျုပ်ကျောကုန်းကို သူ့လက်နဲ့လှမ်းဖမ်းကိုင်ပြီး ကျုပ်ကိုအတင်းခွာပြီး လွှင့်ပစ်ထည့်လိုက်တော့ ကျုပ်လည်း လမ်းဘေးနားက ချုံပုတ်ထဲ ကျသွားတယ်ဗျ။

လှည်းပေါ်က လူတွေဆို တုတ်တုတ်တောင်မလှုပ်ရဲဘူးဗျို့၊ ဒီကောင်ကြီးက ကျုပ်ဆီကိုတစ်လှမ်းချင်းလျှောက်လာတာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒါပေမယ့် စိတ်ထဲကနေ ဦးဘသာကြီးရှိရင်ကောင်းမှာပဲ၊ ဦးသဘာကြီးက ဒီကောင်ကြီးကို နိုင်မှာလို့ ကျုပ်တွေးလိုက်မိတယ်။ ဒီအချိန်မှာပဲ နွားကြီးတစ်ကောင်က လမ်းအတိုင်းပြေးလာပြီးတော့ လမ်းမအလယ်ခေါင်ရောက်နေတဲ့ ငညိုကြီးကို ပြေးပြီးဝှေ့ထည့်လိုက်တာဗျို့၊ ငညိုကြီးက လွင့်ထွက်သွားပြီး လမ်းဘေးကိုကျသွားတာ။ ကျုပ်လည်း ချုံထဲကအနေ အတင်းတိုးထွက်ပြီး အဖေ့ကိုသွားဆွဲရတာပေါ့ဗျာ။

နွားကြီးက ကျုပ်တို့နွားတွေထက် နှစ်ဆလောက်ကို ကြီးတာဗျ၊ ဂျိုကြီးတွေဆိုလည်း ကားကားကြီးနဲ့ ချွန်ထက်နေတာဗျာ၊ ငညိုကြီးကို အလွတ်မပေးဘဲ လိုက်လိုက်ဝှေ့တယ်၊ နောက်တော့ သူ့ခွာတွေနဲ့ ပေါက်၊ ခြေထောက်တွေနဲ့ တက်နင်းတာ၊ ငညိုကြီးက တအုအုနဲ့ လှိမ့်ခံနေရတာဗျ၊

“အလတ်ကောင်၊ နွားတွေချွတ်စမ်း၊ ငါတို့ ရွာကိုပြေးမှဖြစ်မယ်”

ကျုပ်လည်း လှည်းဆီကိုသွားပြီး နွားတွေကိုဖြုတ်ပေးလိုက်တယ်ဆိုရင်ပဲ နွားနှစ်ကောင်က တန်းပြီးပြေးတော့တာပဲ၊ လှည်းပေါ်ကလူတွေကိုလည်း သူတို့အထုပ်အပိုးတွေယူပြီး ဆင်းခိုင်းတာပေါ့ဗျာ၊ နောက်တော့ ကျုပ်တို့သားအဖလည်း အဲဒီလူတွေနဲ့အတူတူ ရွာကိုပြေးလာခဲ့ကြတာပေါ့ဗျာ။

(၅)

ရွာတော်ရှင်နတ်ကွန်းကို ဖြတ်ပြီးတော့မှပဲ ကျုပ်တို့လည်း အသက်ရှူနိုင်တယ်ဗျာ၊ ပြေးလိုက်ရတာ မောလိုက်တာ ပြောမနေပါနဲ့၊ မိန်းကလေးနှစ်ယောက်ကတော့ အမောဆို့နေလို့ မနည်းနှာနှပ်ယူနေရတယ်ဗျ၊ ကျုပ်လည်းရွာထဲကလူတွေ ပြေးခေါ်တော့မှ လူတွေထွက်လာကြတာ။

ကျုပ်တို့အိမ်ကိုပြန်ရောက်တော့ နွားတွေကမရောက်သေးဘူးဗျ၊ နွားနဲ့လှည်းကတော့ မနက်မှလိုက်ရှာမယ်ဆိုပြီးတော့ နေလိုက်ရတာပေါ့ဗျာ၊ လူတွေက ဝိုင်းမေးမြန်းကြ စပ်စုကြတာပေါ့၊ အဲဒီညမှာပဲ သူကြီးနဲ့သူ့သား ငညိုကြီးနဲ့ နပမ်းလုံးတယ်ဆိုတဲ့ သတင်းက ရွာကိုပြန့်သွားပြီပေါ့ဗျာ။

“ကျုပ်လည်း ကြောင်ကြည့်နေမိလို့ဗျ၊ မဟုတ်ရင်တော့ အဲဒီသရဲကျုပ်လက်ချက်နဲ့ နာပြီသာမှတ်”

ကိုနေမျိုးက သူခိုးပြေးမှ ထိုးကွင်းထဆိုသလို လက်သီးလက်မောင်းတန်းပြီးတော့ ပြောတယ်ဗျ၊ ကျုပ်လည်း သူ့ကိုအမြင်ကပ်တာနဲ့

“ဒါဆိုလည်း ကိုနေမျိုးရာ ခင်ဗျားပါလိုက်ခဲ့၊ ကာလသားတွေစုပြိးတော့ ဒီကောင်ကြီးကို သွားရိုက်ကြတာပေါ့”

ကျုပ်ပြောလိုက်တော့ သူ့မျက်နှာကြီး ထိတ်လန့်သွားတာဗျ၊ မျက်လုံးကြီးကို ပြူးနေတာပဲ၊

“ဟာ၊ မရတော့ဘူးဗျ၊ ကျုပ်တို့ပြန်မှဖြစ်မယ်၊ ကျုပ်တို့မှာ သရဲထက်အရေးကြီးတဲ့ တာဝန်တွေရှိသေးတယ်”

ညတွင်းချင်းပဲ သူတို့အုပ်စု ကားလေးနဲ့ပြန်သွားကြပါတယ်။ လည်ပင်းတွေမှာရော လက်တွေမှာပါ ပရိတ်ချည်၊ ပရိတ်ကြိုးတွေဆွဲပေးလိုက်ရတယ်ဗျ၊ ကျုပ်တို့ရွာနဲ့ တန်းမြင့်ရွာကိုဆက်ထားတဲ့ လမ်းက ကောင်းတာမို့လို့ သူတို့ဂျစ်ကားလေးက ရိပ်ခနဲပြေးထွက်သွားတော့တာပေါ့ဗျာ။

နောက်နေ့မနက်ပဲ ကျုပ်တို့လူတွေစုပြီး နွားရယ် လှည်းရယ်သွားရှာကြပါတယ်၊ လှည်းကတော့ လမ်းဘေးမှာ တုံးလုံးကြီးလဲလို့ဗျ၊ ဖျက်ဆီးခံထားရတာလည်း ရစရာကိုမရှိဘူး။ ငညိုကြီးက လူကိုမကျေနပ်လို့များ လှည်းကိုတမင်ဖျက်ထားသလားပဲဗျာ၊ နွားတွေကိုရှာရင်း ရွာနားကိုရောက်တော့ တောတန်းအစပ်မှာ ဦးဘသာကြီးကို လှမ်းတွေ့ပါရောဗျာ။

“ဟေ့ အလတ်ကောင်၊ ဒီမှာ မင်းတို့နွားနှစ်ကောင်”

နွားနှစ်ကောင်က ဦးဘသာရဲ့နွားအုပ်ထဲမှာ အေးအေးလူလူရှိနေတာဗျ။

“ဒါနဲ့ ညက ဦးဘသာကြီး လုပ်လိုက်တာမဟုတ်လား”

ဦးဘသာက ပြုံးတယ်ဗျ။

“မင်းဘာပြောတာလဲ၊ ငါဘာမှ မလုပ်ပါဘူး”

“မဟုတ်တာဗျာ၊ ညက နွားကြီးတစ်ကောင်ထွက်လာပြီး ငညိုကြီးကိုခွေ့တာ ဦးဘသာကြီးလုပ်လိုက်တာမဟုတ်လား”

“ပေါက်ပေါက်ရှာရှာကွာ၊ ငါ့ဖာသာငါ အိမ်မှာအိပ်နေတာပါဟ”

ဦးဘသာကြီးက တောထဲတိုးသွားတာနဲ့ ကျုပ်လည်း နွားနှစ်ကောင်ကိုခေါ်ပြီး အိမ်ပြန်ခဲ့တယ်၊ ဦးဘသာကြီးက အမြဲအဲဒီလိုပဲဗျ။ သူကောင်းတာလုပ်ပြီးရင်လည်း သူလုပ်ပါတယ်လို့ ဝန်မခံချင်ဘူး၊ ဒါပေမယ့် ကျုပ်ကလည်း သူနဲ့ပေါင်းတာကြာတော့ သူ့စိတ်ကိုသိပြီးသားပါ၊ ကျုပ်တမ်းတလိုက်တဲ့အချိန်သူရောက်လာတာ၊ ရောက်လာတာကလည်း နွားကြီးကိုးဗျ၊

အခုတော့ မုယားကြီးပင်ကြီးလည်း မရှိတော့ပါဘူးဗျာ၊ ငညိုကြီးဘယ်လောက်ဆိုးဆိုး သစ်ခွဲတဲ့လူနဲ့တွေ့တော့လည်း ခံရတာပါပဲ၊ မုယားကြီးပင်ကိုခွဲတာ သစ်တော်တော်ရလိုက်တယ်ဆိုပဲဗျ၊ ကျေးရွာခြင်းဆက်တဲ့လမ်းဖောက်တော့လည်း အဲဒီနေရာကနေ မဖောက်ဘဲ နေရာအသစ်ကနေဖောက်လိုက်လို့ အဲဒီနေရာကြီးက အခုတော့ဖုန်းဆိုးတောကြီးဖြစ်နေပါပြီ၊ ဘယ်သူမှလည်းတကူးတက မသွားကြတော့ပါဘူး။

ဒါပေမယ့် ဒါပေမယ့် နွားကျောင်းတဲ့လူတို့၊ တောထဲထင်းရှာတဲ့လူတို့တော့ အဲဒီမုယားကြီးပင်အနားရောက်ရင် ငညိုကြိးကိုတွေ့ရသေးသတဲ့ဗျာ၊ သစ်ငုတ်ကြီးပေါ်မှာ ငုတ်တုတ်ထိုင်နေတတ်တယ်ဆိုပဲ၊ ဘယ်လိုချွတ်ချွတ်၊ ဘယ်လိုအမျှဝေဝေ မကျွတ်တဲ့အထဲမှာ အဲဒီ ငညိုကြီးလည်းပါတယ်ဗျ၊ ရွာဦးကျောင်းဆရာတော်က ပြောတာတော့

” ငညိုကြီးက သူ့စကားအတိုင်း သူကျိန်စာမိနေတာကွ၊ ဒီအတိုင်းဆို မင်းအဘိုး လူပြန်ဖြစ်ပြီးတော့ သူကပြန်မသတ်ရသေးခင်အထိ ပြိတ္တာဘဝနဲ့ နှစ်ပေါင်းဘယ်လောက်ကြာအောင် ကျင်လည်နေရမလဲ မသိပါဘူးကွာ ” တဲ့ဗျာ။

ပြီးပါပြီ။

Zawgyi Version

”စုန္းထီးႀကီးဦးဘသာႏွင့္ သဘက္ႀကီးငညိဳ”(စ/ဆုံး)
—————————————————————-

သဘက္ႀကီးငညိဳအေၾကာင္းေျပာဖို႔က ေရွးေဟာင္းေႏွာင္းျဖစ္ေတြကို ျပန္ၿပီးေျပာရမွာမို႔လို႔ သူ႔ကိုသပ္သပ္ေျပာျပဖို႔စီစဥ္လိုက္တာဗ်၊ ဒီအေၾကာင္းေတြေျပာမယ္ဆိုရင္ က်ဳပ္အဘိုးေခတ္ကေန စၿပီးေျပာရမွာပဲဗ်၊ ခင္ဗ်ားတို႔ကို အရင္ကေျပာခဲ့ဖူးသလို က်ဳပ္တို႔က သူႀကီးမ်ိဳး႐ိုးဗ်၊ က်ဳပ္အဘိုးရဲ႕အေဖကလည္း သူႀကီးပဲ၊ က်ဳပ္အဘိုးကလည္း သူႀကီးပဲ၊ ေနာက္ၿပီး က်ဳပ္အေဖလည္း သူႀကီးေပါ့ဗ်ာ၊ က်ဳပ္အဘိုးရဲ႕အေဖကေတာ့ ဗမာမင္းလက္ထက္ကို မီလိုက္တာေပါ့ဗ်ာ၊ အဲဒီတုန္းက က်ဳပ္တို႔႐ြာက ဖက္လိပ္႐ြာဆိုတဲ့ ႐ြာကေလးေပါ့၊ ေနာက္ၿပီး က်ဳပ္အဘိုးက်ေတာ့ အဂၤလိပ္ေခတ္၊ ဂ်ပန္ေခတ္ ႏွစ္ေခတ္ကိုမီလိုက္တာေပါ့ဗ်ာ။

က်ဳပ္အေဖကေတာ့ အသက္ႏွစ္ဆယ္ေလာက္ကတည္းက သူႀကီးျဖစ္လာတဲ့အတြက္ေၾကာင့္ရယ္၊ အေဖက သမာသမတ္က်တာေၾကာင့္ရယ္ သူႀကီးေလးဆိုၿပီး ႐ြာကလူေတြေတာ္ေတာ္မ်ားမ်ားက ခ်စ္ခင္ၾကေပမယ့္ က်ဳပ္အဘိုးကိုက်ေတာ့ တစ္႐ြာလုံးက ေၾကာက္ရတယ္ဗ်၊ အခုထိ ႐ြာက တစ္ခ်ိဳ႕လူေတြ အေဖ့ကိုအျမင္မၾကည္တာက အေဖမေကာင္းလို႔မဟုတ္ဘူးဗ်၊ က်ဳပ္အဘိုးရဲ႕ အတိတ္ကလုပ္ရပ္ေတြေၾကာင့္ ၾကည့္မရၾကတာ။

က်ဳပ္ကေတာ့ က်ဳပ္အဘိုးကို အျပစ္မဆိုပါဘူးဗ်ာ၊ ဘာပဲျဖစ္ျဖစ္ သူက သူႀကီးကိုးဗ်၊ ဒီေတာ့လည္း အထက္က အစိုးရအရာရွိေတြခိုင္းတာ အကုန္လုပ္ေပးရတာေပါ့ဗ်ာ၊ က်ဳပ္အဘိုးကို အစကေတာ့ ႐ြာခံေတြက ေက်နပ္ၾကေပမယ့္ အဂၤလိပ္ေခတ္ေႏွာင္းပိုင္းေရာက္ေတာ့ ခ်စ္တီးကုလားေတြက ႐ြာေတြကိုေငြထုပ္ပိုက္ၿပီး ဝင္လာၾကပါေရာဗ်ာ၊ အဲဒီမွာ ႐ြာသားေတြကလည္း ေငြတိုးေတြေခ်းယူ၊ ေနာက္ေတာ့ ျပန္မဆပ္ႏိုင္ၾကဘူးေပါ့ဗ်ာ၊ ဒီေတာ့ ခ်စ္တီးေတြက အဂၤလိပ္အရာရွိႀကီးေတြကို တိုင္တန္းတယ္ဆိုပါေတာ့၊ ေနာက္ဆုံးရွင္းေပးရတယ့္လူကေတာ့ အဘိုးပါပဲ၊ အဘိုးက ႐ြာခံလည္းျဖစ္တယ္၊ အထက္က အမိန႔္အရလည္းလုပ္ရတယ္ဆိုေတာ့ ခ်စ္တီးေတြက လယ္ေတြ၊ အိမ္ေတြ၊ ႏြားေတြ အကုန္သိမ္းေတာ့တာပါပဲ။

အဲဒီမွာ ႐ြာကလူေတြက အဘိုးကိုစၿပီး ၾကည့္မရေတာ့တာ၊ ႐ြာကလူေတြက အဘိုးကို ဓါးနဲ႔ေတာင္ လိုက္ခဲ့ၾကလို႔ ႐ြာကေနေတာင္ ထြက္ေျပးခဲ့ရတယ္ဆိုပဲ၊ ေနာက္ေတာ့မွ အေရးပိုင္မင္းက အဘိုးကို ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔ဆိုၿပီး ႏွစ္လုံးျပဴးေသနတ္ထုတ္ေပးတယ္၊ ပုလိပ္ေတြလည္း ႐ြာကိုဝင္စီးၿပီးေတာ့ရန္မူတဲ့လူေတြကို ေထာင္ခ်ၿပီး ႏွိပ္ကြပ္လိုက္ေတာ့မွ ႐ြာခံေတြ ၿငိမ္သြားတာေပါ့ဗ်ာ၊ ဒါေတာင္မွ အဘိုးကို အလစ္အငိုက္တိုက္လို႔ အဘိုးက ေသနတ္နဲ႔ျပန္ပစ္တာ ေျခာက္ေယာက္ေတာင္ေသသြားပါေသးတယ္ဗ်ာ။

(၂)

အဂၤလိပ္အေျပး၊ ဂ်ပန္အဝင္မွာ လူဆိုးဓါးျပေတြ သိပ္ေသာင္းက်န္းတာေပါ့ဗ်ာ၊ ဒါနဲ႔ အဘိုးက ႐ြာမွာ လူယုံေတြေမြးတယ္ဗ်ာ၊ လူယုံေတြကိုလည္း အဂၤလိပ္ေတြထားခဲ့တဲ့ ေသနတ္ေတြ၊ လုပ္ေသနတ္ေတြ တပ္ဆင္ေပးထားၿပီး ႐ြာလုံၿခဳံေရးအတြက္ လုပ္ခဲ့တာေပါ့ဗ်ာ။ မလုပ္လို႔လည္းမရဘူးဗ်၊ အဲဒီေခတ္က ဓါးျပအုပ္ႀကီးက ႐ြာေတြကိုဝိုင္းၿပီး မီးရႈိ႕တယ္၊ လူသတ္တယ္၊ အဲဒီအခ်ိန္အုပ္ခ်ဳပ္မယ့္လူကလည္း မရွိေသးဘူးဆိုေတာ့ မင္းမဲ့တိုင္းျပည္ျဖစ္ေနတာေပါ့ဗ်ာ။

႐ြာထဲက ပုန္ကန္ခ်င္တဲ့မိသားစုေတြကို အဘိုးက ျပစ္ဒဏ္ေပးၿပီး ႐ြာျပင္ကို ႏွင္ထုတ္ၾကတာေပါ့ဗ်ာ၊ ႐ြာျပင္ကို အႏွင္ခံရတဲ့သူဆိုတာ ေသတာနဲ႔အတူတူပဲေပါ့ဗ်ာ၊ ေခတ္ကပ်က္ေနေတာ့ လူေတြက ေတြ႕တာနဲ႔ အခ်င္းခ်င္းသတ္တယ္၊ ရသမွ် လုတယ္ေပါ့။

က်ဳပ္တို႔႐ြာမွာ အဲဒီတုန္းက ငတို နဲ႔ ငညိဳဆိုၿပီး ညီအကိုႏွစ္ေယာက္ရွိတယ္ဗ်၊ သူတို႔က ႐ိုး႐ိုးသားသား လယ္သမားေတြပါပဲ၊ ျဖစ္ခ်င္ေတာ့ သူတို႔ရဲ႕အေဖက က်ဳပ္အဘိုးကို လုံး၀ၾကည့္မရတဲ့သူေပါ့၊ ခ်စ္တီးက အေႂကြးျပန္မဆပ္ႏိုင္တဲ့လူေတြဆီကေန ရသမွ်သိမ္းေတာ့ သူတို႔ဘ၀ပ်က္သြားတာကိုးဗ်၊ အဘိုးကို သတ္ေတာ့သတ္ခ်င္တယ္၊ ဒါေပမယ့္ ေသနတ္ရယ္၊ ေနာက္ၿပီး အဘိုးရဲ႕လူယုံေတြရယ္ကို ေၾကာက္ေနရတာနဲ႔ မသတ္ရဘူးေပါ့ဗ်ာ၊ အခ်ိန္တိုင္းေတာ့ သတ္ဖို႔ႀကံစည္ေနခဲ့တာ။

ကပ္ေရာဂါေတြျဖစ္ၿပီး ႐ြာေ႐ြ႕ၿပီးေတာ့ ႐ြာက မခိုင္မခန႔္ဘူးေပါ့ဗ်ာ၊ အဲဒီအခ်ိန္မွာ သူ႔အေဖက အဘိုးကိုေခ်ာင္းေျမာင္းၿပီး လုပ္ႀကံေတာ့တာပါပဲ၊ ဒါေပမယ့္ သတိရွိတဲ့အဘိုးက ေသနတ္နဲ႔ပစ္သတ္လိုက္ေတာ့ အဲဒီလူႀကီး ဦးေခါင္းပြင့္ၿပီး ေသသြားပါေရာဗ်ာ၊ အဘိုးက လူမမည္ က်န္ခဲ့တဲ့ ငတိုနဲ႔ ငညိဳတို႔ကို သနားလို႔ သူတို႔အေဖပိုင္တဲ့ က်န္ခဲ့တဲ့လယ္ေတြကို ပိုက္ဆံေပးၿပီး ဝယ္လိုက္တယ္ဗ်၊ ဒါေပမယ့္ ႐ြာထဲမွာေတာ့ အဘိုးက လယ္ေတြကိုလိုခ်င္လို႔ တမင္သတ္ပစ္တယ္ဆိုၿပီး သတင္းထြက္ေနတာေပါ့။ အဲဒီအခ်ိန္ကတည္းက ငတိုနဲ႔ ငညိဳက က်ဳပ္တို႔ အဘိုးကို ရန္ၿငိဳးဖြဲ႕ေနခဲ့တာေပါ့။

ပိုဆိုးသြားတာကေတာ့ က်ဳပ္တို႔အဘိုး ယူလိုက္တဲ့မိန္းမပဲဗ်၊ ေျပာရရင္ က်ဳပ္တို႔အဘိုးက မိန္းမရႈပ္တယ္၊ မိန္းမကိုးေယာက္ ယူထားတာဗ်၊ ဒါနဲ႔သူအသက္ငါးဆယ္ေလာက္ေရာက္ေတာ့ ႐ြာက ကြမ္းေတာင္ကိုင္ အလွဆုံး အေခ်ာဆုံး မိန္းကေလးကို ေကာက္ယူလိုက္ပါေရာ၊ ေကာင္မေလးက အသက္ဆယ့္ရွစ္ႏွစ္ေလာက္ပဲရွိေသးတာပါ၊ ျဖစ္ခ်င္ေတာ့ အဲဒီေကာင္မေလးက ငတိုနဲ႔ ခ်စ္ႀကိဳက္ေနတာတဲ့ဗ်ာ၊ တစ္႐ြာလုံးလည္း သိတယ္ဆိုပဲ၊ ဒါေပမယ့္ အဘိုးကလည္း အဲဒီေကာင္မေလးကို လိုခ်င္ေတာ့ လူႀကီးစုံရာနဲ႔ေကာင္မေလးမိဘေတြဆီ လမ္းေဖာက္တာေပါ့ဗ်ာ၊ ေကာင္မေလးမိဘေတြက သူႀကီးကိုလည္း ေၾကာက္တာရယ္၊ ေနာက္ၿပီး သူႀကီး ပိုက္ဆံရွိတာလည္းပါေတာ့ သူတို႔သမီးကို ေပးစားလိုက္တာေပါ့ဗ်ာ။

မဂၤလာေဆာင္တဲ့ရက္ေရာက္ေတာ့မွ ငတိုက ငွက္ႀကီးေတာင္ဓါးဆြဲၿပီး မဂၤလာပြဲကို လာဖ်က္တာတဲ့ဗ်၊ သူ႔ဘက္က ၾကည့္ရင္လည္း သူ႔ရည္းစားကိုး၊ ေနာက္ၿပီး လယ္ေတြလိုခ်င္လို႔ အေဖကိုသတ္ထားတယ္ဆိုတဲ့ စကားကလည္းေခါင္းထဲဝင္ေနေတာ့ အခုလည္း တမင္သက္သက္ သူ႔ရည္းစားကို ယူတယ္ဆိုၿပီးေတာ့ ငတို ေပါက္ကြဲတာေပါ့ဗ်ာ။

ဒါေပမယ့္ ငတို အေရွ႕မတိုးႏိုင္ခဲ့ပါဘူး၊ အဘိုးရဲ႕ လူယုံဆယ္ေယာက္ေလာက္က ငတိုကို ေသနတ္နဲ႔ထိုးခ်ိန္ထားတာကိုးဗ်၊ ငတိုလည္း သူေသမွာေၾကာက္တာနဲ႔ ျပန္လွည့္ေျပးပါေရာ၊ အဲဒီမွာ က်ဳပ္အဘိုးက ငတိုနဲ႔ ငညိဳ ညီအကိုႏွစ္ေယာက္ကို ႐ြာျပင္ကိုႏွင္လိုက္ပါေရာ။ သူတို႔အေမလည္း အဆစ္ပါသြားတာေပါ့ဗ်ာ။

ဒါနဲ႔ သူတို႔ေတြ ေနစရာမရွိေတာ့ ႐ြာကေနထြက္ၿပီး ေပေတာ႐ြာကိုသြားတဲ့အလယ္က ေတာတန္းကေလးမွာ သြားေနၾကတယ္၊ ေတာတန္းထဲမွာ တဲထိုးၿပီးေနၾကတာေပါ့ဗ်ာ၊ တစ္ရက္က်ေတာ့ ငတိုနဲ႔ ငညိဳ ညီအကိုႏွစ္ေယာက္ ေပေတာ႐ြာကိုသြားၿပီး သူတို႔ေျပာင္းေ႐ႊ႕ေနဖို႔ သြားတိုင္ပင္ၾကၿပီး ျပန္အလာမွာ၊ သူတို႔အိမ္ကေလးကို အေဖာက္ခံရၿပီး သူတို႔အေမလည္း ေသေနပါေရာဗ်ာ။

တစ္ခ်ိဳ႕လူေတြကေတာ့ လုယက္တဲ့သူေတြ သတ္သြားတယ္လို႔ ေျပာၾကေပမယ့္၊ သူတို႔ညီအကိုကေတာ့ အဘိုးက တမင္လုပ္တယ္လို႔ပဲထင္တာဗ်၊ ဒါနဲ႔ သူတို႔က အဲဒီေနရာမွာ လူမိုက္ေတြစုၿပိးေတာ့ ဓါးျပအဖြဲ႕ေထာင္လိုက္ပါေရာဗ်ာ၊

အရင္က တန္းျမင့္႐ြာဆိုတာ ႐ြာသိမ္႐ြာငယ္ကေလးဗ်၊ ေနာက္ပိုင္း ကားလမ္းေဖာက္လိုက္ေတာ့မွ စည္ကားသြားတာ၊ အဲဒီအခ်ိန္က က်ဳပ္တို႔႐ြာကေန ေပေတာ႐ြာကိုပဲ လွည္းလမ္းနဲ႔သြားၾကတာတဲ့ဗ်ာ၊ ဒီေတာ့ ငတိုနဲ႔ငညိဳက က်ဳပ္တို႔႐ြာကေန တက္လာသမွ် လွည္းေတြကို ဓါးျပတိုက္ေတာ့တာပါပဲ၊ လွည္းေတြမွာ ဘာပါပါအကုန္ဓါးျပတိုက္တယ္၊ ၿပီးေတာ့ အဘိုးတို႔ ေဆြမ်ိဳးေတြဆိုရင္ အဲဒီေဘးနားက မုယားႀကီးပင္ႀကီးမွာ တြဲေလာင္းဆြဲၿပီးေတာ့ သတ္ထားတာပဲဗ်ာ။

ေနာက္ဆုံးေတာ့ ႐ြာကလူေတြ တစ္ခုခုသြားေတာ့မယ္ဆိုရင္ အဘိုးရဲ႕လူယုံေတြ၊ ေသနတ္ကိုင္ထားတဲ့ လူေတြမပါရင္ မသြားဝံ့ေတာ့ဘူးဗ်၊ ငတို နဲ႔ ငညိဳတို႔ေခါင္းေဆာင္တဲ့ ဓါးျပအဖြဲ႕က ေတြ႕သမွ်လူကိုဓါးျပတိုက္တယ္၊ ထုေထာင္း႐ိုက္ႏွက္တယ္၊ က်ဳပ္တို႔အမ်ိဳးဆိုရင္ သတ္ပစ္တယ္ဆိုေတာ့ အေတာ္ကိုဆိုးေနတာေပါ့ဗ်ာ။

(၃)

ေခတ္ကလည္း ဂ်ပန္က အုပ္ခ်ဳပ္ထားတဲ့ေခတ္ျဖစ္ေနၿပီဆိုေတာ့ ဒီဓါးျပမႈအေၾကာင္းကို အထက္လူႀကီးေတြ သိသြားတယ္ဗ်။ ဒါနဲ႔ တစ္ခ်က္လႊတ္အမိန႔္ထုတ္တယ္၊ သုံးလအတြင္း အဲဒီဓါးျပအဖြဲ႕ကို ႏွိမ္နင္းဖို႔နဲ႔ မႏွိမ္နင္းႏိုင္ရင္ သူႀကီးရာထူးကေန ျဖဳတ္မယ္ဆိုၿပီး အမိန႔္ေပးတာေပါ့။

အဘိုးကလည္း သူႀကီးဆိုေတာ့ အထက္ကေပးတဲ့တာဝန္ေတြကို ဘယ္ျငင္းဆန္ႏိုင္ပါ့မလဲဗ်ာ၊ ဒါနဲ႔သူ႔လူယုံေတြနဲ႔ လွည္းတစ္စီးအေပၚကို ပုပ္ေတာင္းႀကီးေတြတင္ၿပီးေတာ့ ေနဝင္တေရာအခ်ိန္ ႐ြာကေနထြက္လာတာေပါ့ဗ်ာ၊ ပုံမွန္ၾကည့္ရင္ေတာ့ တစ္ခုခုတင္သြားတဲ့ လွည္းေပါ့ဗ်ာ။ ဒီလိုနဲ႔ ငတိုနဲ႔ ငညိဳတို႔ကို မွ်ားေခၚထုတ္လာတာေပါ့ဗ်ာ။

ငတိုနဲ႔ငညိဳလည္း လွည္းတစ္စီးေတြ႕ၿပီဆိုၿပီးေတာ့ ဓါးျပဆယ့္ငါးေယာက္နဲ႔ ဓါးျပတိုက္တာေပါ့ဗ်ာ၊ လွည္းအနားေရာက္ေတာ့မွ အဘိုးနဲ႔သူ႔လူေတြက ေသနတ္ေတြကိုကိုင္ၿပီး ထြက္လာလိုက္ေတာ့မွ ငညိဳတို႔က ဓါးျပတိုက္မွားၿပီဆိုၿပီး သိလိုက္တာေပါ့ဗ်၊ ဓါးျပေတြကို ေသနတ္နဲ႔ပစ္ေတာ့ ဓါးျပေတြ ေတာ္ေတာ္ေသတယ္ေျပာတယ္၊ ေနာက္ေတာ့ ငတိုကိုလည္း ေသနတ္ဒဏ္ရာနဲ႔ ဖမ္းမိတယ္၊ ငညိဳကိုလည္; ဖမ္းမိသြားတယ္တဲ့ဗ်ာ။

ဒါနဲ႔ မုယားႀကီးပင္ႀကီးမွာပဲ ဓါးျပေတြကိုႀကိဳးနဲ႔ခ်ည္ၿပီးဖမ္းထားတာေပါ့ဗ်ာ၊ ဖမ္းၿပီး အဲဒီညမွာပဲ ငတိုဆုံးပါးသြားတယ္၊ သူ႔ကိုေသနတ္နဲ႔ပစ္ဖမ္းတုန္းက ေသနတ္က်ည္က ေပါင္ရင္းကိုေဖာက္ထားတာဆိုေတာ့ ေသြးထြက္မ်ားၿပီး ေသသြားတာျဖစ္မယ္ဗ်။

ငညိဳကေတာ့ မေသေသးဘူးေပါ့၊ သုံးရက္ေလာက္ၾကာေတာ့မွ ကင္ေပတိုင္ေတြနဲ႔ ဂ်ပန္ေတြခန္႔ထားတဲ့ အရာရွိေတြ ႐ြာကိုေရာက္လာတယ္၊ မုယားႀကီးပင္မွာခ်ည္ထားတဲ့ ဓါးျပေတြကို စိတ္ႀကိဳက္ႏွိပ္စက္႐ိုက္ႏွက္ၿပီးေတာ့မွ အကုန္လုံးကို အဲဒီသစ္ပင္ႀကီးေအာက္မွာပဲ ပစ္သတ္လိုက္သတဲ့ဗ်ာ။

ဒါေပမယ့္ ငညိဳက မေသခင္ေတာ့ အဘိုးကိုၾကည့္ၿပီးေတာ့ က်ိန္ဆဲသြားသဗ်။

“ဒီမယ္သူႀကီး၊ က်ဳပ္တို႔တစ္မိသားစုလုံးကို ခင္ဗ်ားသတ္ခဲ့သလို ခင္ဗ်ားတို႔ တစ္မိသားစုလုံးကို က်ဳပ္ျပန္မသတ္ရမခ်င္း၊ က်ဳပ္မေက်ဘူးဗ်၊ က်ဳပ္သရဲျဖစ္သြားရင္လည္း ခင္ဗ်ားတို႔ တစ္မိသားစုလုံးကို သတ္ၿပီးမွ က်ဳပ္အမွ်ေဝတာခံမယ္ဗ်ိဳ႕ ဟား၊ ဟား”

သူလည္းေျပာၿပီးေရာ ကင္ေပတိုင္တစ္ေယာက္က ငညိဳေနာက္ေစ့ကို က်ည္ဆန္ပစ္သြင္းလိုက္ေတာ့ ငညိဳလည္း ေသသြားပါေရာဗ်ာ၊ အဲ . . လူသာ ေသေပမယ့္ ငတိုနဲ႔ ငညိဳႏွစ္ေယာက္က အဲဒီသစ္ပင္ႀကိးကိုစြဲၿပီး သရဲေတြျဖစ္ေနၾကတယ္တဲ့ဗ်ာ။ ေျခာက္တာမွ ေန႔ခင္းေၾကာင္ေတာင္ႀကီးကို ေခ်ာက္တာဗ်၊ ေနာက္ၿပီး က်ဳပ္တ္ို႔ေဆြမ်ိဳးေတြဆိုရင္ ပိုေျခာက္သတဲ့၊ အဘိုးရဲ႕မိန္းမတစ္ေယာက္က ေပေတာ႐ြာကဗ်၊ တစ္ရက္ေတာ့ ကေလးေမြးၿပီး သူ႔မိဘေတြကိုျပမယ္ဆိုၿပီး ေပေတာ႐ြာကိုလွည္းနဲ႔အသြားမွာ မုယားပင္ႀကီးေအာက္ေရာက္ေတာ့ သရဲႀကီးႏွစ္ေကာင္က ဆင္းလာၿပီး သားအမိႏွစ္ေယာက္စလုံးကို ဂုတ္ခ်ိဳးသတ္သြားပါေရာလားဗ်ာ။

ဒီလိုအေျခာက္အလွန႔္ၾကမ္းလြန္;လို႔ ေပေတာ႐ြာကို က်ဳပ္တို႔႐ြာသားေတြ သိပ္ၿပီးမသြားၾကတာ၊ အဲဒီအေၾကာင္းေၾကာင့္လည္း ပါတယ္ဗ်။ အဘိုးကလည္း အေဖတို႔ကို အဲဒီကိုမသြားဖို႔ မွာခဲ့သလို၊ အေဖကလည္း က်ဳပ္တို႔ကိုငယ္ငယ္ကတည္းက အဲဒီလမ္းက တစ္ေယာက္ထဲမျဖတ္ဖို႔ မွာထားၿပီးသားဗ်၊ ဘာလို႔လဲဆိုေတာ့ အေဖကိုယ္တိုင္လည္း အဲဒီသရဲႀကီးႏွစ္ေကာင္သတ္တာ ခံရမလိုျဖစ္ခဲ့ေသးတယ္ဆိုပဲဗ်။

(၄)

လြပ္လပ္ေရးရၿပီးခါစ အေဖတို႔က အသက္ဆယ့္ငါး၊ ဆယ့္ေျခာက္ေလာက္ေပါ့ဗ်ာ။ လူငယ္ေတြဆိုေတာ့လည္; အဲဒီေခတ္က အေတြးအေခၚေတြ ေခါင္းထဲဝင္ေနတာေပါ့၊ သရဲဆိုတာ တကယ္မရွိဘူး၊ လူေတြေၾကာက္ေအာင္ တမင္ေျခာက္ထားတာဆိုၿပီး ထင္ေနတာေပါ့ဗ်ာ။

ဒါနဲ႔ပဲ ႐ြာမွာ လူငယ္ႏွစ္ဖြဲ႕ကြဲသြားတယ္၊ တစ္ဖြဲ႕က အေဖတို႔လို စာေတြသင္၊ ေက်ာင္းေတြတက္ထားတဲ့လူငယ္ေတြေပါ့၊ အဲဒီလူငယ္ေတြက ဘာကိုမွ အယုံအၾကည္မရွိၾကဘူး၊ ဘာကိုမွ အေၾကာက္အလန႔္မရွိၾကဘူးေပါ့ဗ်ာ။

တစ္ဖြဲ႕ကေတာ့ ေက်ာင္းစာေတြဘာေတြ မသင္ရတဲ့ ႐ြာက လူငယ္တစ္သိုက္ေပါ့ဗ်ာ၊ အဲဒီလူငယ္ႏွစ္ဖြဲ႕က အၿမဲတမ္း ကေတာက္ကဆျဖစ္တယ္ဗ်၊ အေတြးအေခၚခ်င္း၊ အယူအဆခ်င္းမွ မတူတာေလဗ်ာ၊ တစ္ရက္ေတာ့ အဲဒီလူငယ္ႏွစ္ဖြဲ႕က စိန္ေခၚၾကတယ္တဲ့။

“မင္းတို႔ေတြက သရဲဆိုတာ မရွိဘူးေျပာေနေတာ့၊၊ ငါတို႔ေတြ အေလာင္းအစားတစ္ခုလုပ္ၾကမယ္”

ေနာက္ေတာ့ အေဖ့ကိုလက္ညႇိဳးထိုးၿပီး

“မင္းက မေၾကာက္တတ္ဘူး၊ သရဲဆိုတာ မယုံဘူးဆိုရင္ ေပေတာ႐ြာသြားတဲ့လမ္းက မုယားပင္ႀကီးကို ညဘက္တစ္ေယာက္တည္းသြားရမယ္၊ မုယားပင္ႀကီးကို ဓါးနဲ႔သုံးခ်က္ထစ္ရမယ္၊ ေနာက္ၿပီး ထုံးနဲ႔ သုံးခ်က္တားရမယ္”
အေဖကလည္း ေအး​ေအးေဆးေဆးေပါ့ဗ်ာ။

“တကယ္လို႔ မင္းသာဘာမွမျဖစ္ဘူးဆိုရင္ မင္းတို႔အဖြဲ႕ေျပာသလို သရဲဆိုတာ မရွိဘူးလို႔ ငါတို႔ယုံေပးမယ္ကြာ”

ဒီလိုနဲ႔ အေဖကလည္း လက္ခံလိုက္တယ္ဗ်ာ၊ ညေရာက္တာနဲ႔ လူငယ္ႏွစ္ဖြဲ႕က ႐ြာျပင္မွာဆုံတယ္ဗ်၊ အေဖက ငွက္ႀကီးေတာင္ဓါးတစ္ေခ်ာင္းရယ္၊ ေနာက္ၿပီး ထုံးဘူးကို ခါးပိုက္ေဆာင္ထဲကို ထည့္ခဲ့ၿပီးေတာ့ ဒီအတိုင္း ညအေမွာင္ႀကီးထဲကို တစ္ေယာက္တည္းထြက္လာတာဗ်။

အဘိုးကသူ႔ကိုမွာထားတယ္ဆိုေပမယ့္ လူငယ္လည္းျဖစ္၊ စိန္ေခၚထားတာဆိုေတာ့လည္း အေဖကမေၾကာက္မ႐ြံ႕ တစ္ေယာက္တည္း သြားတာေပါ့။

အေဝးကလွမ္းၾကည့္လိုက္တာနဲ႔ မုယားႀကီးအပင္ႀကီးက ေၾကာက္စရာႀကီးတဲ့ဗ်ာ၊ အေဖလည္း ေအးေအးေဆးေဆး သီခ်င္းေလးဆိုၿပီးေတာ့ မုယားႀကီးအပင္ႀကီးဆီေရာက္တာနဲ႔ ပင္စည္ကို ဓါးနဲ႔ထစ္လိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့ ခါးပိုက္ေဆာင္ထဲက ထုံးယူၿပီး ပင္စည္မွာ ထုံးနဲ႔တစ္ေၾကာင္းဆြဲလိုက္တယ္ဆိုရင္ပဲ သစ္ပင္ႀကီးက တဝုန္းဝုန္းနဲ႔ လႈပ္လာတယ္တဲ့ဗ်ာ။ အေဖကလည္း မေၾကာက္တတ္ေတာ့။

“သရဲဆိုရင္ လာခဲ့ေဟ့၊ အားလုံးကို ဓါးနဲ႔ခုတ္ၿပီး ေၾကာ္စားပစ္လိုက္မယ္”

အဲဒီလိုတစ္ခ်က္ေအာ္ၿပီး သစ္ပင္ႀကီးကို ဓါးနဲ႔ေနာက္တစ္ထစ္ ခုတ္ခ်လိုက္ေရာ သစ္ပင္ေပၚကေန မည္းမည္းအေကာင္ႀကီးႏွစ္ေကာင္ ခုန္ဆင္းလာပါေရာဗ်ာ၊ တစ္ကိုယ္လုံးကို မည္းနက္ၿပီးေတာ့ အေမႊးၾကမ္းၾကမ္းႀကီးေတြလည္း ေပါက္ေနတာပဲတဲ့၊ အရပ္ကလည္း လူတစ္ရပ္မက ေတာ္ေတာ္ရွည္တယ္ဆိုပဲဗ်ာ။

အေဖကလည္း လက္မေႏွးဘူးဗ်ာ၊ သူ႔အေနာက္ကိုဆင္းလာတဲ့ သရဲႀကီးကို ဓါးနဲ႔လွည့္ၿပီး ခုတ္လိုက္တာ၊ သရဲႀကီးကိုယ္မွာ ဓါးက ေကာ္နဲ႔ကပ္သလို ကပ္သြားတယ္တဲ့ဗ်၊ အားနဲ႔ျပန္ဆြဲေပမယ့္လည္း ဓါးက မကြာဘူးတဲ့၊ ဒီအခ်ိန္မွာပဲ ေနာက္ထပ္သရဲႀကီးတစ္ေကာင္က အေဖ့ေက်ာကို ပုတ္ထည့္လိုက္တာ အေဖလည္း ေျမႀကီးမွာ လိမ့္သြားတာပဲတဲ့ဗ်ာ၊ ဒါနဲ႔ သရဲႀကီးႏွစ္ေကာင္က အေဖ့ကို ႐ိုက္လိုက္၊ ပုတ္လိုက္နဲ႔ လုပ္ေနၿပီးေတာ့မွ သရဲႀကီးတစ္ေကာင္က အေဖ့ကိုယ္လုံးေပၚကိုတက္ၿပီး အေဖ့ကိုလည္ပင္းညႇစ္ပါေလေရာဗ်ာ၊ အေဖလည္း ႐ုန္းေပမယ့္ အားကမမွ်ဘူးေပါ့၊ မၾကာပါဘူး၊ အေဖလည္း အသက္ရႉၾကပ္ၿပီး မ်က္လုံးေတြျပာလာတယ္၊ ဒီအခ်ိန္မွာပဲ ပတ္ဝန္းက်င္က ျဖန္းခနဲလင္းသြားၿပီးေတာ့ ဘုန္းႀကီးတစ္ပါး ေပၚလာတယ္တဲ့ဗ်ာ၊ အဲဒီဘုန္းႀကီးကို အေဖလည္းမျမင္ဖူးဘူးတဲ့။

“မင္းတို႔ႏွစ္ေကာင္ မဟုတ္တာေတြမလုပ္ၾကနဲ႔ ရပ္လိုက္စမ္း”

ဘုန္းႀကီးက အဲဒီလိုေျပာၿပီး အနားကပ္လာေတာ့မွ သရဲႀကီးႏွစ္ေကာင္လည္း ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ သစ္ပင္ေပၚကို ျပန္တက္ေျပးသြားၾကတာ၊ အေဖလည္း အဲဒီေနရာကေနထၿပီး ႐ြာကိုတစ္ခ်ိဳးတည္းေျပးတာေပါ့ဗ်ာ၊ ၿပိဳင္ထားတာလည္း ရွံI;တဲ့အျပင္၊ လူလည္း ဖ်ားနာၿပီးေတာ့ အဘိုးသူႀကီးရဲ႕ ဆူတာ႐ိုက္တာကိုလည္း အေတာ္ခံလိုက္ရတယ္ဆိုပဲဗ်ာ၊ အေဖက အဲဒီကစၿပီးေတာ့ သရဲဆိုတာကို ယုံသြားေတာ့တာဗ်။

(၅)

ဒီလိုနဲ႔ အခ်ိန္ေတြၾကာလာေတာ့ သရဲႀကီးငတိုက ေပ်ာက္ကြယ္သြားတယ္ဗ်၊ သူမ်ားေတြေျပာတာကေတာ့ ကြၽတ္သြားတယ္ဆိုလားပဲ၊ ဒါေပမယ့္ မကြၽတ္ဘဲ အခုထိက်န္ေနခဲ့တာကေတာ့ ငညိဳဆိုတဲ့အေကာင္ႀကီးေပါ့ဗ်ာ။ သရဲႀကီးေတာ့ သဘက္ဆိုသလို ငညိဳကလည္း သဘက္ႀကီးျဖစ္ေနၿပီေပါ့။

ငညိဳနဲ႔က်ဳပ္နဲ႔ သုံးေလးခါေလာက္ေတာ့ ဆုံဖူးတယ္ဗ်၊ က်ဳပ္ကေတာ့ သဘက္ႀကီးေတြ႕ရင္ အေဝးကေန ထြက္ေျပးတာပဲ၊ ေနာက္ဆုံးတစ္ခါေတာ့ က်ဳပ္သဘက္ႀကီးကို ေဆာ္ခဲ့ေသးတယ္ေလ၊ အဲဒါကလည္း ဦးဘသာႀကီးရဲ႕ အကုန္ႏိုင္အင္း အစြမ္းနဲ႔ေပါ့ဗ်ာ၊ ဒါနဲ႔ ေနာက္ထပ္တစ္ေခါက္ သဘက္ႀကီးနဲ႔ ထပ္ဆုံၾကဖို႔ အေၾကာင္းဖန္လာတယ္ ဆိုပါေရာဗ်ာ။

အဲဒီတုန္းက ၿမိဳ႕ကေန အစိုးရဝန္ထမ္းေတြလာတယ္ဗ်။ စာရင္းေကာက္တယ္ဆိုလား ဘာလားပဲဗ်ာ၊ စစ္ဗိုလ္တစ္ေယာက္ရယ္၊ ေနာက္ၿပီးေတာ့ တျခားဌာနက လူေတြလဲပါတယ္၊ စုစုေပါင္းေျခာက္ေယာက္ဗ်၊ သူတို႔ ဂ်စ္ကားကေလးနဲ႔ က်ဳပ္တို႔႐ြာကို ေရာက္ေတာ့ မနက္ခင္းေပါ့ဗ်ာ၊ ႐ြာမွာစာရင္းေကာက္ၿပီးတာနဲ႔ ေပေတာ႐ြာကို သြားၿပီးစာရင္းဆက္ေကာက္ၾကမယ္လို႔ေျပာတယ္၊ ဒါနဲ႔ပဲ ႐ြာကေန မြန္းလြဲခ်ိန္ေလာက္ ေပေတာ႐ြာကို လာခဲ့တာေပါ့ဗ်ာ။ ခက္တာက ေပေတာ႐ြာနဲ႔ က်ဳပ္တို႔႐ြာက ကားတစ္စီးေမာင္းရေလာက္ေအာင္ လမ္းမေကာင္းဘူးဗ်၊ တစ္ခ်ိဳ႕ေနရာက်ေတာ့ လမ္းေတြက က်ဥ္းတယ္၊ ဒါနဲ႔ပဲ လွည္းနဲ႔သြားဖို႔ ဆုံးျဖတ္လိုက္ၾကတယ္ဗ်ာ။

လွည္းတစ္စီးတည္းသြားတာဆိုေတာ့ အဲဒီဝန္ထမ္းေျခာက္ေယာက္ရယ္၊ အေဖရယ္၊ က်ဳပ္က သူႀကီးလက္ေထာက္ဆိုေတာ့ လွည္းေမာင္းပို႔ရတာေပါ့ဗ်ာ၊ ဒီလိုနဲ႔ က်ဳပ္တို႔႐ြာကထြက္ၿပီး ေပေတာသြားတဲ့လမ္းေပၚကို တက္လိုက္တယ္ဆိုရင္ပဲ က်ဳပ္စိတ္ထဲ ထင့္ၿပီး၊ ေလးေလးႀကီးျဖစ္လာတာဗ်၊ ခင္ဗ်ားတို႔ကိုေတာ့ အေသအခ်ာျပန္မေျပာျပတတ္ဘူး၊ က်ဳပ္လိုျဖစ္ဖူးတဲ့သူေတြရွိရင္ သိမွာပါ။ ကိုယ့္စိတ္ထဲရွိတဲ့အတိုင္းဆိုရင္ လွည္းကိုျပန္လွည့္ခ်င္ေနေပမယ့္ အေဖရယ္၊ အရာရွိေတြရယ္ပါေတာ့ က်ဳပ္လည္း ဆက္ေမာင္းခဲ့ရတာေပါ့ဗ်ာ။

မုယားႀကီးပင္ အုပ္အုပ္ႀကီးကိုျမင္လိုက္တယ္ဆိုရင္ပဲ က်ဳပ္အေတာ္လန႔္သြားခဲ့တာဗ်၊ အရင္တစ္ေခါက္က သဘက္ႀကီးငညိဳနဲ႔ လုံးေထြးခဲ့ၿပိးၿပီမဟုတ္လားဗ်ာ၊ သူ႔ကိုႏိုင္တယ္ဆိုတာကလည္း အကုန္ႏိုင္အင္းေၾကာင့္သာ ႏိုင္ခဲ့တာကိုး၊ အခုက ဘာအင္းမွလည္းမပါဘူးမဟုတ္လား။ က်ဳပ္လည္း ဘုရားစာ႐ြတ္ၿပီး လွည္းဆက္ေမာင္းေနရင္း မုယားႀကီးပင္ေအာက္ကိုေရာက္ေတာ့ ၾကက္သီးေတြ တျဖန္းျဖန္းထၿပီး ႏြားေတြကလည္း ႏွာေတြမႈတ္ၿပီးေတာ့ ေပကပ္ကပ္ႀကီးျဖစ္ေနတာ၊ က်ဳပ္ျဖင့္ လွည္းကိုမနည္းတြန္းေမာင္းရတယ္ဗ်။

ေန႔လည္ခင္းဆိုေတာ့ ေျခာက္လွန႔္တာက ဒီေလာက္ပဲဗ်၊ က်ဳပ္က သိေပမယ့္ ၿမိဳ႕ကလာတဲ့အရာရွိေတြထဲမွာ မိန္းမႏွစ္ေယာက္ပါတယ္ဆိုေတာ့ က်ဳပ္လည္းဘာမွမေျပာေတာ့ဘူးေပါ့ဗ်ာ၊ ဒါနဲ႔ က်ဳပ္တို႔ ေပေတာ႐ြာေရာက္ေတာ့ သူႀကီးနဲ႔ေတြ႕ၿပီး တိုင္ပင္ၾကတယ္၊ သူတို႔စာရင္းေကာက္ဖို႔ ဝိုင္းလုပ္ေပးၾကရတာေပါ့ဗ်ာ။

ဒီလိုနဲ႔ ညေနေစာင္းသြားတာေပါ့၊ ေပေတာ႐ြာသူႀကီးက သူတို႔႐ြာမွာ တစ္ညတည္းဖို႔ အားလုံးျပင္ဆင္ထားၿပီးသား၊ အရာရွိေတြစားဖို႔လည္း ၾကက္ေတြသတ္ၿပီးေတာ့ ဟင္းေကာင္းခ်က္ထားၿပီးသားဗ်ိဳ႕၊ အရာရွိေတြက ညေနေစာင္းသြားေတာ့မွ ဒီ႐ြာမွာ ညမအိပ္ဘူး၊ ျပန္ၾကမယ္တဲ့ဗ်ာ။ က်ဳပ္တို႔လည္း မျပန္ဖို႔ဝိုင္းေျပာပါေသးတယ္၊ ဒါေပမယ့္ သူတို႔က ျပန္မွကိုျဖစ္မွာတဲ့ဗ်ာ၊ က်ဳပ္တို႔႐ြာကိုျပန္ၿပီး ညတြင္းခ်င္းပဲ ကားနဲ႔ ၿမိဳင္သာၿမိဳ႕႐ုံးကိုျပန္မွျဖစ္မယ္တဲ့၊ က်ဳပ္တို႔တားလည္းမရတာနဲ႔ အရာရွိႀကီးေတြကို ညစာေစာေစာေကြၽးၿပီးေတာ့ ေပေတာကေန က်ဳပ္တို႔ထြက္ခဲ့ၾကတာေပါ့ဗ်ာ၊ ေပေတာအထြက္တင္ ညေနငါးနာရီခြဲၿပီးေနၿပီ။

ေပေတာ႐ြာနဲ႔ က်ဳပ္တို႔႐ြာက လွည္းနဲ႔ဆို ႏွစ္နာရီေက်ာ္ သုံးနာရီနီးပါးသြားရတယ္၊ က်ဳပ္လည္း ေနမဝင္ခင္ ႏြားေတြကို အေသာ့ႏွင္လာရတာေပါ့ဗ်ာ၊ မၾကာပါၿပီး မိုးက စုန္းစုန္းခ်ဳပ္သြားၿပီဗ်၊ ႏြားေတြက အေမွာင္ထဲေတာ့ စမ္းတဝါးဝါးသြားေနၾကတာေပါ့၊ မုယားႀကီးပင္နားကိုေရာက္ေတာ့ ညခုနစ္နာရီေလာက္ရွိၿပီေပါ့ဗ်ာ။

“ခင္ဗ်ား တို႔သရဲေၾကာက္တတ္လား”

အေဖက အရာရွိေတြကိုေမးတယ္ဗ်၊ မိန္းကေလးႏွစ္ေယာက္ကေတာ့ ေသြးပ်က္သြားသလိုပဲဗ်ာ၊ လွည္းေပၚမွာ ဖန္မီးအိမ္ေတြတင္ၿပီး ေမာင္းလာတာဆိုေတာ့ လင္းေနတာေပါ့ဗ်ာ။ မိန္းကေလးေတြ လန႔္ေပမယ့္ ေယာက္်ားေလးေတြကေတာ့ သိပ္ၿပီးမေၾကာက္တဲ့ပုံပဲ။

“က်ဳပ္ကေတာ့ ေၾကာက္လဲမေၾကာက္ဘူး၊ ယုံလဲမယုံဘူး”

စစ္ဗိုလ္က အဲဒီလိုထေျပာတာဗ်၊ အေဖကေတာ့ ဘာမွျပန္မေျပာပါဘူးဗ်ာ၊ ေအးေအးလူလူပဲ ေနလိုက္တယ္၊ ဒါနဲ႔ အဲဒီစစ္ဗိုလ္ဆိုတဲ့လူက လွည္းေပၚမွာစီးလိုက္လာရင္း သူေရွ႕တန္းထြက္တုန္း ေတြ႕ႀကဳံခဲ့ရတဲ့ အျဖစ္ေတြကိုျပန္ေျပာတာေပါ့ဗ်ာ၊ ပုပ္ပြေနတဲ့အေလာင္းေကာင္ေတြၾကားမွာ စခန္းခ်ခဲ့ရတဲ့အေၾကာင္းေတြ ဘာေတြေပါ့၊ သူကသာ အာေပါင္အာရင္းသန္သန္နဲ႔ေျပာေနတာ၊ က်န္တဲ့လူေတြၾကည့္ရတာ ေတာ္ေတာ္လန႔္ေနၿပီဗ်။

“ကိုေနမ်ိဳးရယ္၊ ဒီအေၾကာင္းေတြ ဆက္မေျပာပါနဲ႔လား”

အတူတူလိုက္လာတဲ့ မိန္းကေလးက ေျပာတယ္ဗ်၊ ကိုေနမ်ိဳးဆိုတဲ့ စစ္ဗိုလ္ကလည္း ရယ္ေမာၿပီးေတာ့

“ဟား၊ ဟား၊ မသင္ဇာတို႔ကေတာ့ ေၾကာက္တတ္တယ္ေပါ့၊ ဒါေတြက တကယ္မရွိပါဘူးဗ်ာ၊ သရဲေျခာက္မယ္ဆိုရင္ အေလာင္းေကာင္ေတြနဲ႔ေနခဲ့တဲ့က်ဳပ္ကပိုၿပီး အေျခာက္ခံရမေပါ့ဗ်”

ဒီလိုနဲ႔ မုယားႀကီးပင္ႀကီးေအာက္ ေရာက္ခဲ့ၿပီေပါ့ဗ်ာ၊ အေဖက က်ဳပ္ပုခုံးကို ပုတ္ၿပီးေတာ့

“ငါ့သား အသာေလးေမာင္းစမ္း”

က်ဳပ္ကလည္း လွည္းကိုအရွိန္တင္လာတာ ေတာ္ေတာ္ျမန္ေနၿပီဗ်၊ လွည္းေပၚမွာ လူဘယ္ေလာက္ပါပါ၊ ဒီအခ်ိန္၊ ဒီအပင္ႀကီးေအာက္က မျဖတ္ဝံ့ဘူးေလဗ်ာ၊ ျမန္ျမန္ျဖတ္မွ ေတာ္ကာက်မယ္ဆိုၿပီးေတာ့ လွည္းေမာင္းေနတာေပါ့။

သစ္ပင္ႀကီးေအာက္ေရာက္ေတာ့ သစ္ကိုင္းေတြက တျဖန္းျဖန္းနဲ႔ကို လႈပ္ေနတာဗ်၊ ေလတိုက္လို႔လႈပ္တဲ့ပုံစံမဟုတ္ဘူးေနာ္၊ အသံေတြက က်ယ္လြန္းလို႔ ေဘးနားက သစ္ပင္ေတြမွာ အိပ္တန္းတက္ေနတဲ့ ငွက္ေတြေတာင္ လန႔္ၿပီးထပ်ံကုန္တယ္ဗ်။ လွည္းေပၚပါတဲ့လူေတြလည္း လန႔္ဖ်ပ္ကုန္တာေပါ့ဗ်ာ၊ က်ဳပ္လည္း ဘာေျပာေကာင္းမလဲဗ်ာ၊ ႏြားေတြကို ႀကိမ္နဲ႔ နာနာေလးဆက္တို႔ၿပီးေတာ့ လွည္းေမာင္းေနတုန္း ဝုန္းဆိုၿပီး သစ္ပင္ေပၚက မည္းမည္းအေကာင္ႀကီးက လွည္းေပၚခုန္ခ်လာတာဗ်၊ သူခုန္တဲ့အရွိန္နဲ႔ လွည္းဝင္႐ိုးကလည္း က်ိဳးက်ပါေရာဗ်ာ။

လွည္းေပၚပါတဲ့လူေတြဆို ေအာ္လိုက္တာဗ်ာ ငယ္သံပါတယ္၊ ေနာက္ေတာ့ အဲဒီသဘက္ႀကီးက အေဖ့ကိုဝင္လုံးၿပီး လွဲေအာက္ဆြဲခ်သြားတာပဲဗ်ာ။ ဖုန္ေတြၾကားထဲမွာ အေဖနဲ႔အဲဒီအေကာင္ႀကီးနဲ႔ လုံးေထြးေနတာပဲဗ်၊ က်ဳပ္လည္း ဘာလုပ္ရမွန္းမသိတာနဲ႔ အေဖထိုင္ေနတဲ့ ေဘးနားမွာခ်ထားတဲ့ ဓါးႀကီးဆြဲၿပီး လွည္းေပၚက ခုန္ခ်ခဲ့တာေပါ့ဗ်ာ။ ကိုေနမ်ိဳးဆိုတဲ့လူကေတာ့ လွည္းေပၚမွာ ဖင္ပူးေတာင္းေထာင္ၿပီး ဝပ္ေနတာဗ်။

အေဖနဲ႔ဒီေကာင္ႀကီးက လုံးေနရင္းနဲ႔ ေနာက္ေတာ့ ငညိဳက အေဖ့အေပၚကို ခြထားတယ္ဗ်။ အေဖ့ကို လည္ပင္းညႇစ္ထားတယ္ထင္ပါတယ္၊ က်ဳပ္လည္း လက္ထဲက ဓါးကို အားကုန္လႊဲၿပီးေတာ့ ငညိဳရဲ႕ေနာက္ေစ့ကို ခုတ္ခ်ထည့္လိုက္ေတာ့တာပဲဗ်ာ။

ဓါးက ခြၽင္ခနဲအသံျမည္ၿပီးေတာ့ က်ဳပ္လက္ကေန လြတ္ထြက္သြားတယ္ဗ်၊ မသိရင္ ေက်ာက္တုံးႀကီးကို ဓါးနဲ႔အားကုန္လႊဲခုတ္လိုက္သလိုမ်ိဳးေပါ့ဗ်ာ၊ ဓါးကို က်စ္ေနေအာင္ကိုင္ထားတဲ့ က်ဳပ္လက္ေတာင္မွ ေတာ္ေတာ္ေအာင့္သြားေသးတာ။

အေဖက ေအာက္ကေန တအစ္အစ္နဲ႔ျဖစ္ေနၿပီ၊ က်ဳပ္လည္း ႀကံရာမရတဲ့အဆုံး ငညိဳကိုအေနာက္ကေန ဝင္ဖက္ၿပီး ဆြဲလွဲခ်လိုက္တာပဲဗ်ာ၊ ငညိဳလည္း အလစ္ခံလိုက္ရလို႔ထင္ပါတယ္၊ က်ဳပ္လွဲခ်လိုက္ေတာ့ ပက္လက္ႀကီးလဲက်သြားတယ္ဗ်၊ အဲဒီေတာ့မွ ငညိဳနဲ႔က်ဳပ္နဲ႔ အသားခ်င္းထိဖူးတာ၊ သူ႔အသားက ဆူးဆူးႀကီးဗ်၊ ခြၽန္ထက္ေနတဲ့အဆူးေတြနဲ႔ ထိုသလိုမဟုတ္ဘဲ ပိႏၷဲသီးအစူးလို ပုံစံမ်ိဳးဗ်၊ ၿပီးေတာ့ ေအးေအးစက္စက္နဲ႔ ေရညႇိလို က်ိက်ိခြၽဲခြၽဲႀကီးေပါ့ဗ်ာ။ ငညိဳႀကီးက က်ဳပ္ကိုအတင္းျပန္လုပ္တာဗ်၊ က်ဳပ္ကလည္း ကေလးတစ္ေယာက္လို သူ႔ေက်ာကုန္းကိုဖက္ထားရတာေပါ့ဗ်ာ၊ သူ႔ကိုယ္ကလည္း အေလးႀကီးဗ်၊ ေနာက္ေတာ့ ငညိဳက က်ဳပ္ေက်ာကုန္းကို သူ႔လက္နဲ႔လွမ္းဖမ္းကိုင္ၿပီး က်ဳပ္ကိုအတင္းခြာၿပီး လႊင့္ပစ္ထည့္လိုက္ေတာ့ က်ဳပ္လည္း လမ္းေဘးနားက ခ်ဳံပုတ္ထဲ က်သြားတယ္ဗ်။

လွည္းေပၚက လူေတြဆို တုတ္တုတ္ေတာင္မလႈပ္ရဲဘူးဗ်ိဳ႕၊ ဒီေကာင္ႀကီးက က်ဳပ္ဆီကိုတစ္လွမ္းခ်င္းေလွ်ာက္လာတာဗ်၊ က်ဳပ္လည္း ဘာလုပ္ရမွန္းမသိေတာ့ဘူး၊ ဒါေပမယ့္ စိတ္ထဲကေန ဦးဘသာႀကီးရွိရင္ေကာင္းမွာပဲ၊ ဦးသဘာႀကီးက ဒီေကာင္ႀကီးကို ႏိုင္မွာလို႔ က်ဳပ္ေတြးလိုက္မိတယ္။ ဒီအခ်ိန္မွာပဲ ႏြားႀကီးတစ္ေကာင္က လမ္းအတိုင္းေျပးလာၿပီးေတာ့ လမ္းမအလယ္ေခါင္ေရာက္ေနတဲ့ ငညိဳႀကီးကို ေျပးၿပီးေဝွ႔ထည့္လိုက္တာဗ်ိဳ႕၊ ငညိဳႀကီးက လြင့္ထြက္သြားၿပီး လမ္းေဘးကိုက်သြားတာ။ က်ဳပ္လည္း ခ်ဳံထဲကအေန အတင္းတိုးထြက္ၿပီး အေဖ့ကိုသြားဆြဲရတာေပါ့ဗ်ာ။

ႏြားႀကီးက က်ဳပ္တို႔ႏြားေတြထက္ ႏွစ္ဆေလာက္ကို ႀကီးတာဗ်၊ ဂ်ိဳႀကီးေတြဆိုလည္း ကားကားႀကီးနဲ႔ ခြၽန္ထက္ေနတာဗ်ာ၊ ငညိဳႀကီးကို အလြတ္မေပးဘဲ လိုက္လိုက္ေဝွ႔တယ္၊ ေနာက္ေတာ့ သူ႔ခြာေတြနဲ႔ ေပါက္၊ ေျခေထာက္ေတြနဲ႔ တက္နင္းတာ၊ ငညိဳႀကီးက တအုအုနဲ႔ လွိမ့္ခံေနရတာဗ်၊

“အလတ္ေကာင္၊ ႏြားေတြခြၽတ္စမ္း၊ ငါတို႔ ႐ြာကိုေျပးမွျဖစ္မယ္”

က်ဳပ္လည္း လွည္းဆီကိုသြားၿပီး ႏြားေတြကိုျဖဳတ္ေပးလိုက္တယ္ဆိုရင္ပဲ ႏြားႏွစ္ေကာင္က တန္းၿပီးေျပးေတာ့တာပဲ၊ လွည္းေပၚကလူေတြကိုလည္း သူတို႔အထုပ္အပိုးေတြယူၿပီး ဆင္းခိုင္းတာေပါ့ဗ်ာ၊ ေနာက္ေတာ့ က်ဳပ္တို႔သားအဖလည္း အဲဒီလူေတြနဲ႔အတူတူ ႐ြာကိုေျပးလာခဲ့ၾကတာေပါ့ဗ်ာ။

(၅)

႐ြာေတာ္ရွင္နတ္ကြန္းကို ျဖတ္ၿပီးေတာ့မွပဲ က်ဳပ္တို႔လည္း အသက္ရႉႏိုင္တယ္ဗ်ာ၊ ေျပးလိုက္ရတာ ေမာလိုက္တာ ေျပာမေနပါနဲ႔၊ မိန္းကေလးႏွစ္ေယာက္ကေတာ့ အေမာဆို႔ေနလို႔ မနည္းႏွာႏွပ္ယူေနရတယ္ဗ်၊ က်ဳပ္လည္း႐ြာထဲကလူေတြ ေျပးေခၚေတာ့မွ လူေတြထြက္လာၾကတာ။

က်ဳပ္တို႔အိမ္ကိုျပန္ေရာက္ေတာ့ ႏြားေတြကမေရာက္ေသးဘူးဗ်၊ ႏြားနဲ႔လွည္းကေတာ့ မနက္မွလိုက္ရွာမယ္ဆိုၿပီးေတာ့ ေနလိုက္ရတာေပါ့ဗ်ာ၊ လူေတြက ဝိုင္းေမးျမန္းၾက စပ္စုၾကတာေပါ့၊ အဲဒီညမွာပဲ သူႀကီးနဲ႔သူ႔သား ငညိဳႀကီးနဲ႔ နပမ္းလုံးတယ္ဆိုတဲ့ သတင္းက ႐ြာကိုျပန႔္သြားၿပီေပါ့ဗ်ာ။

“က်ဳပ္လည္း ေၾကာင္ၾကည့္ေနမိလို႔ဗ်၊ မဟုတ္ရင္ေတာ့ အဲဒီသရဲက်ဳပ္လက္ခ်က္နဲ႔ နာၿပီသာမွတ္”

ကိုေနမ်ိဳးက သူခိုးေျပးမွ ထိုးကြင္းထဆိုသလို လက္သီးလက္ေမာင္းတန္းၿပီးေတာ့ ေျပာတယ္ဗ်၊ က်ဳပ္လည္း သူ႔ကိုအျမင္ကပ္တာနဲ႔

“ဒါဆိုလည္း ကိုေနမ်ိဳးရာ ခင္ဗ်ားပါလိုက္ခဲ့၊ ကာလသားေတြစုၿပိးေတာ့ ဒီေကာင္ႀကီးကို သြား႐ိုက္ၾကတာေပါ့”

က်ဳပ္ေျပာလိုက္ေတာ့ သူ႔မ်က္ႏွာႀကီး ထိတ္လန႔္သြားတာဗ်၊ မ်က္လုံးႀကီးကို ျပဴးေနတာပဲ၊

“ဟာ၊ မရေတာ့ဘူးဗ်၊ က်ဳပ္တို႔ျပန္မွျဖစ္မယ္၊ က်ဳပ္တို႔မွာ သရဲထက္အေရးႀကီးတဲ့ တာဝန္ေတြရွိေသးတယ္”

ညတြင္းခ်င္းပဲ သူတို႔အုပ္စု ကားေလးနဲ႔ျပန္သြားၾကပါတယ္။ လည္ပင္းေတြမွာေရာ လက္ေတြမွာပါ ပရိတ္ခ်ည္၊ ပရိတ္ႀကိဳးေတြဆြဲေပးလိုက္ရတယ္ဗ်၊ က်ဳပ္တို႔႐ြာနဲ႔ တန္းျမင့္႐ြာကိုဆက္ထားတဲ့ လမ္းက ေကာင္းတာမို႔လို႔ သူတို႔ဂ်စ္ကားေလးက ရိပ္ခနဲေျပးထြက္သြားေတာ့တာေပါ့ဗ်ာ။

ေနာက္ေန႔မနက္ပဲ က်ဳပ္တို႔လူေတြစုၿပီး ႏြားရယ္ လွည္းရယ္သြားရွာၾကပါတယ္၊ လွည္းကေတာ့ လမ္းေဘးမွာ တုံးလုံးႀကီးလဲလို႔ဗ်၊ ဖ်က္ဆီးခံထားရတာလည္း ရစရာကိုမရွိဘူး။ ငညိဳႀကီးက လူကိုမေက်နပ္လို႔မ်ား လွည္းကိုတမင္ဖ်က္ထားသလားပဲဗ်ာ၊ ႏြားေတြကိုရွာရင္း ႐ြာနားကိုေရာက္ေတာ့ ေတာတန္းအစပ္မွာ ဦးဘသာႀကီးကို လွမ္းေတြ႕ပါေရာဗ်ာ။

“ေဟ့ အလတ္ေကာင္၊ ဒီမွာ မင္းတို႔ႏြားႏွစ္ေကာင္”

ႏြားႏွစ္ေကာင္က ဦးဘသာရဲ႕ႏြားအုပ္ထဲမွာ ေအးေအးလူလူရွိေနတာဗ်။

“ဒါနဲ႔ ညက ဦးဘသာႀကီး လုပ္လိုက္တာမဟုတ္လား”

ဦးဘသာက ၿပဳံးတယ္ဗ်။

“မင္းဘာေျပာတာလဲ၊ ငါဘာမွ မလုပ္ပါဘူး”

“မဟုတ္တာဗ်ာ၊ ညက ႏြားႀကီးတစ္ေကာင္ထြက္လာၿပီး ငညိဳႀကီးကိုေခြ႕တာ ဦးဘသာႀကီးလုပ္လိုက္တာမဟုတ္လား”

“ေပါက္ေပါက္ရွာရွာကြာ၊ ငါ့ဖာသာငါ အိမ္မွာအိပ္ေနတာပါဟ”

ဦးဘသာႀကီးက ေတာထဲတိုးသြားတာနဲ႔ က်ဳပ္လည္း ႏြားႏွစ္ေကာင္ကိုေခၚၿပီး အိမ္ျပန္ခဲ့တယ္၊ ဦးဘသာႀကီးက အၿမဲအဲဒီလိုပဲဗ်။ သူေကာင္းတာလုပ္ၿပီးရင္လည္း သူလုပ္ပါတယ္လို႔ ဝန္မခံခ်င္ဘူး၊ ဒါေပမယ့္ က်ဳပ္ကလည္း သူနဲ႔ေပါင္းတာၾကာေတာ့ သူ႔စိတ္ကိုသိၿပီးသားပါ၊ က်ဳပ္တမ္းတလိုက္တဲ့အခ်ိန္သူေရာက္လာတာ၊ ေရာက္လာတာကလည္း ႏြားႀကီးကိုးဗ်၊

အခုေတာ့ မုယားႀကီးပင္ႀကီးလည္း မရွိေတာ့ပါဘူးဗ်ာ၊ ငညိဳႀကီးဘယ္ေလာက္ဆိုးဆိုး သစ္ခြဲတဲ့လူနဲ႔ေတြ႕ေတာ့လည္း ခံရတာပါပဲ၊ မုယားႀကီးပင္ကိုခြဲတာ သစ္ေတာ္ေတာ္ရလိုက္တယ္ဆိုပဲဗ်၊ ေက်း႐ြာျခင္းဆက္တဲ့လမ္းေဖာက္ေတာ့လည္း အဲဒီေနရာကေန မေဖာက္ဘဲ ေနရာအသစ္ကေနေဖာက္လိုက္လို႔ အဲဒီေနရာႀကီးက အခုေတာ့ဖုန္းဆိုးေတာႀကီးျဖစ္ေနပါၿပီ၊ ဘယ္သူမွလည္းတကူးတက မသြားၾကေတာ့ပါဘူး။

ဒါေပမယ့္ ဒါေပမယ့္ ႏြားေက်ာင္းတဲ့လူတို႔၊ ေတာထဲထင္းရွာတဲ့လူတို႔ေတာ့ အဲဒီမုယားႀကီးပင္အနားေရာက္ရင္ ငညိဳႀကိးကိုေတြ႕ရေသးသတဲ့ဗ်ာ၊ သစ္ငုတ္ႀကီးေပၚမွာ ငုတ္တုတ္ထိုင္ေနတတ္တယ္ဆိုပဲ၊ ဘယ္လိုခြၽတ္ခြၽတ္၊ ဘယ္လိုအမွ်ေဝေဝ မကြၽတ္တဲ့အထဲမွာ အဲဒီ ငညိဳႀကီးလည္းပါတယ္ဗ်၊ ႐ြာဦးေက်ာင္းဆရာေတာ္က ေျပာတာေတာ့

” ငညိဳႀကီးက သူ႔စကားအတိုင္း သူက်ိန္စာမိေနတာကြ၊ ဒီအတိုင္းဆို မင္းအဘိုး လူျပန္ျဖစ္ၿပီးေတာ့ သူကျပန္မသတ္ရေသးခင္အထိ ၿပိတၱာဘဝနဲ႔ ႏွစ္ေပါင္းဘယ္ေလာက္ၾကာေအာင္ က်င္လည္ေနရမလဲ မသိပါဘူးကြာ ” တဲ့ဗ်ာ။

ၿပီးပါၿပီ။