“စုန်းထီးကြီးဦးဘသာနှင့် သူတော်ကြောင်ရသေ့ကြီး”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် သူတော်ကြောင်ရသေ့ကြီး”(စ/ဆုံး)
—————————————————————————-
အတွဲ(၃) စာစဉ် (၂)

(၁)

အနောက်ဘက်က လွမ်းစေတီကလေးရှိတဲ့ တောတန်းထဲမှာ ရောက်နေတဲ့ရသေ့ကြီး က ရိုးမှရိုးရဲ့လားလို့၊ ဦးဘသာကပြောတော့မှ ကျုပ်လည်းစဉ်းစားမိတယ်ဗျ၊ ရသေ့ကြီးက ရသေ့လို့သာဆိုတယ် ဘာမှကြည်ညိုစရာမရှိဘူး၊ ဖန်ရည်ဆိုးထားတဲ့ သင်္ကန်းဝတ်ထားတာပဲရှိတာမဟုတ်လား၊ ပြီးတော့ ကျုပ်နဲ့ မောင်သိန်းနဲ့ စားစရာတွေသွားလှူပြီးတော့ ထိုင်ကန်တော့တာတောင်မှ ဘာမှမပြောဘူးလေ၊ အမှန်ဆို ဒီရသေ့ကြီးက ကျုပ်တို့ရွာက ဦးဇင်းတွေလို ဆုတွေမပေးတတ်ဘူးဆိုရင်တောင်မှ လူကြီးတွေလိုတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေလောက်တော့ ဆုပေးရမယ်မဟုတ်လား။

နောက်ပြီးတော့ ထူးဆန်းတာက တူရွင်းတစ်လက်နဲ့ တူးဆွနေတာပဲဗျာ၊ ကျုပ်မေးလိုက်တော့လည်း သစ်ပင်စိုက်မလို့လို့ ပြောသေးတယ်မဟုတ်လား၊ ဒီလောက်သစ်ပင်တွေအလေ့ကျပေါက်နေတဲ့တောထဲမှာ သူက ဘာအပင်စိုက်ချင်တာလဲဗျ၊ ကျုပ်လည်းအဲဒီတုန်းက ဒီအတိုင်းပဲခေါင်းညိတ်လိုက်ပေမယ့် သူ့စကားက သေချာစဉ်းစားလေလေ လုံး၀အဓိပါယ်မရှိလေပဲဗျာ။ ကျုပ်လည်း စဉ်းစားရခက်နေတာနဲ့ ကွမ်းထိုင်ဝါးရင်း ကွင်းပြင်ကိုငေးကြည့်နေတဲ့ ဦးဘသာကြီးကိုပဲ မေးလိုက်ရတာပေါ့ဗျာ။

“ဦးဘသာ တစ်ခုခုပြောပါအုံးဗျ၊ ဒါဆို ဒီရသေ့ကြီးက မောင်သိန်းပြောသလို ဆေးတွေဖော်စပ်နေတဲ့ ဆေးဝိဇ္ဇာရသေ့ကြီး မဟုတ်ဘူးလား”

ကျုပ်ပြောတာကိုတောင် ဦးဘသာက ကြားပုံမပေါ်ဘူးဗျ၊ ကွင်းထဲကို တွေတွေကြီးကြည့်နေတာ၊ ခင်ဗျားတို့စဉ်းစားကြည့်ဗျာ၊ လယ်စောင့်တဲထဲမှာ သူရယ်ကျုပ်ရယ် နှစ်ယောက်မျက်နှာချင်းဆိုင်ပြီး စကားပြောနေတာကို ကျုပ်ကိုမကြည့်တဲ့အပြင် ကျုပ်ပြောနေတာကိုလည်း မကြားဘူးဗျ။ ဒါနဲ့ ကျုပ်လည်း ဦးဘသာကြီး ငုတ်တုတ်ကြီးမေ့နေတာများလားဆိုပြီး သူ့မျက်လုံးအရှေ့ကိုလက်ဝါးနဲ့ ဖြတ်ကြည့်တော့မှ ဦးဘသာက မျက်တောင်တွေခတ်လာတယ်ဗျ။

“ဘာလုပ်တာလဲကွာ”

“ဟာ၊ ဦးဘသာကြီးက လွန်နေပြီနော်၊ ကျုပ်တစ်ယောက်လုံးပြောနေတာ မကြားရအောင် ဦးဘသာကြီး ဘာတွေတွေးနေတာတုန်းဗျ”

“ဪ၊ ဘာမှ မဟုတ်ပါဘူးကွာ၊ ဒီနှစ်တော့ စပါးကိုဘယ်လိုစိုက်မလဲလို့တွေးရင်း အတွေးလွန်သွားတာပါဗျာ”

ကျုပ်လည်းအတော်စိတ်ညစ်သွားတာပေါ့။

“ဦးဘသာရာ၊ ကျုပ်တို့ရသေ့ကြီးအကြောင်းပြောနေရာကနေ ဘယ်လိုလုပ်ပြီးတော့ စပါးခင်းကို စိတ်ရောက်သွားရတာလဲ”

“အိုကွာ၊ အသက်ကြီးပြီကွ၊ အသက်ကြီးတော့ ဒီလိုပဲတွေးချင်ရာတွေ တွေးနေတာပေါ့၊ ဒါနဲ့ မင်းခုနက ဘာပြောတာလဲ”

“တောထဲရောက်နေတဲ့ ရသေ့ကြီးလေဗျာ၊ သူက မရိုးဘူးဆိုတာ ဘာများလဲ၊ ပြီးတော့ ဒီရသေ့ကြီးက မောင်သိန်းပြောသလို ဆေးဝါးတွေဖော်စပ်နေတဲ့ ဆေးဝိဇ္ဇာ ရသေ့ကြီးမဟုတ်ဘူးလား”

ဦးဘသာက ခေါင်းခါလိုက်တယ်။

“သစ်ကောက်ဝါးကောက်သာမြင်ရတယ်တဲ့၊ လူ့အတွင်းစိတ်ကို သိဖို့ခက်တယ်လို့ ဆိုတာပဲမဟုတ်လားအလတ်ကောင်ရာ၊ ငါလည်း သေသေချာချာမသိပါဘူး၊ ထင်တာပြောတာပါ”

“ဘယ်လိုထင်လို့တုန်းဗျ”

“အိုကွာ၊ လူသေပါးက သနပ်ခါးကို ဆေးဖော်မယ်ဆိုပြီး ခြစ်ခိုင်းတဲ့လူက ကောင်းတဲ့လူဖြစ်မလားကွ”

“ဟာဗျာ၊ ဒါပေမယ့် သူက ရသေ့ကြီးနော်၊ ဖန်ရေဆိုးတဲ့သင်္ကန်းကိုလည်းဝတ်ဆင်ထားတာ၊ နေတာတောင်မှ တစ်ပါးတည်း ကျောင်းသင်္ခန်းလေးနဲ့ နေတဲ့သူနော်”

ဦးဘသာက ရယ်တယ်ဗျ။

“ဟား၊ ဟား ဘာသာရေးတွေအကြောင်းတော့ ငါ့ထက်မင်းအဖေက ပိုသိမှာပေါ့ကွာ၊ ရသေ့တွေကောင်းမကောင်းဆိုတာ မင်းအဖေကိုသွားမေးပေါ့ကွာ၊ ကဲ . . . သွားပြီဟေ့”

ဦးဘသာက ကွမ်းအစ်ပိုက်ပြီးတော့ ကျုပ်တို့လယ်စောင့်တဲထဲကနေထွက်သွားတယ်၊ ကျုပ်လည်း တစ်ယောက်တည်း အတွေးနယ်ချဲ့ရင်း ကျန်ခဲ့တာပေါ့ဗျာ။

(၂)

ညနေရောက်တော့ နွားတွေသိမ်းပြီး အိမ်ပြန်လာကြတယ်၊ မိုးကမှန်နေပြီဆိုတော့ စပါးစိုက်တဲ့လယ်သမားတွေက မအားမလပ်ဖြစ်နေကြပြီပေါ့ဗျာ။

အိမ်ရောက်တော့ အဖေက အိမ်ရှေ့ခုံတန်းမှာထိုင်နေတာနဲ့ ကျုပ်လည်း အဖေ့ဘေးနားသွားထိုင်လိုက်တယ်။

“အဖေ၊ ရသေ့တွေက မကောင်းဘူးဆိုဗျ”

အဖေက ကျုပ်ကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်ရင်း

“မကောင်းဘူးလို့ မင်းကိုဘယ်သူပြောလိုက်တာလဲ”

“ဒါဆိုကောင်းတယ်ပေါ့”

ကျုပ်ပြောတော့လည်း အဖေက စဉ်းစားပြီး ခေါင်းခါပြတော့ ကျုပ်စိတ်ရှုပ်သွားတာပေါ့ဗျာ။

“အဖေ့အဖြေက ဘာလဲဗျ၊ မကောင်းဘူးလားဆိုတော့ ကောင်းတယ်တဲ့၊ ကောင်းသလားဆိုတော့လည်း မကောင်းဘူးတဲ့ အဖေ့အဖြေက ဘာကြီးလဲ”

အဖေက စားပွဲပေါ်မှာချထားတဲ့ မြေပဲဆန်ကြော်ပန်းကန်ထဲက မြေပဲစေ့ တစ်စေ့နှစ်စေ့ကိုဝါးလိုက်တယ်ဗျ။
“လောကမှာ ဘယ်အရာမှ ကောင်းတယ်ဆိုတာချည်း ပုံသေတွက်လို့မရသလို၊ ဘယ်အရာကိုမှလည်း မကောင်းဘူးလို့ ပုံသေတွက်လို့မရဘူးအလတ်ကောင်”

“ရသေ့ဆိုတာမျိုးက ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံနေတဲ့လူတွေကိုခေါ်တာ၊ ရသေ့တို့ ရဟန်းတို့ဆိုတာက တို့ကိုးကွယ်တဲ့ ဘုန်းကြီးသံဃာတွေလိုမဟုတ်ဘူးကွ”

“ဟင်၊ ဒါဆို ရဟန်းနဲ့ သံဃာနဲ့က မတူဘူးလား”

“သေချာပြောရင်တော့မတူဘူး၊ သံဃာဆိုတာ ဘုရားရှင်တည်ထောင်ပေးလိုက်တဲ့ သံဃာအစုအဖွဲ့ပဲ၊ ဘုရားရှင်ရဲ့ တရားတော်တွေအတိုင်း လိုက်နာကျင့်ကြံရသလို၊ ဘုရားရှင်ချမှတ်ထားတဲ့ ဝိနည်းတွေကိုလည်း တလေးတစားလိုက်နာကြရတယ်၊ ရဟန်းဆိုတာကတော့ ရသေ့တွေလိုပဲ ကျင့်စဉ်တစ်ခုခုကျင့်နေတဲ့လူတွေကိုဆိုလိုချင်တာ၊ သူတို့ကျင့်စဉ်အရ တစ်မျိုးမျိုးကျင့်ကြံနေကြပေမယ့် သံဃာတော်တွေလိုမျိုး ဝိနည်းနဲ့အညီနေကြတာမဟုတ်ဘူး”

“ဪ၊ ကျုပ်နည်းနည်း နားလည်သလိုတော့ရှိလာပြီ”

“အေး၊ ရဟန်းတွေဆိုတာ ဘုရားမပွင့်ခင်ကတည်းက ပေါ်ခဲ့ပြီးသား၊ ဘုရားရှင်ပွင့်တော့လည်း အယူဝါဒအမျိုးမျိုးရှိကြတာပဲမဟုတ်လား၊ အဲဒီလူတွေကို ရဟန်းတွေလို့ ခြုံငုံပြီးခေါ်တာ၊ ဒေ၀ဒတ်တို့ဆိုရင် ဘုရားရှင်ကို နှိမ်ချချင်လို့ ရဟန်းကြီးဂေါတမလို့ခေါ်တယ်မဟုတ်လား”

ကျုပ်လည်းအဖေပြောမှ ရှင်းသွားတော့တယ်။

“အဲဒီတော့ ရဟန်းဆိုတာ သာသနာပြင်ပမှာလည်း ရှိနေနိုင်တယ်၊ သံဃာဆိုတာကတော့ သာသနာတော်အတွင်းမှာပဲ ရှိနိုင်တယ်၊ ဒီလိုကွဲတာပေါ့ကွာ၊ ဒါကြောင့်မို့ ဟိုတစ်နှစ်က မြိုင်သာမှာ ဘုရားအလောင်းဇာတ် ခင်းတော့ ပြဿနာတွေတက်ကြတာပေါ့”

“ဘယ်လိုပြဿနာတက်တာလဲဗျ”

“ဒီလိုကွ၊ ဘုရားမဖြစ်ခင် နိမိတ်ကြီးလေးပါးမှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုပြီးရှိတယ်မဟုတ်လား၊ အဲဒီတွေကို ဇာတ်ပွဲကတော့ အလွယ်ပဲ ရဟန်းနေရာမှာ ဘုန်းကြီးပုံဝတ်၊ သပိတ်လွယ်၊ ယပ်တောင်ထောင်ပြီးတော့ သရုပ်ဆောင်တယ်လေ၊ ဒါကို မြိုင်သာက ဆရာတော်ကြီးတွေက ကန့်ကွက်တာပေါ့၊ အမှန်ဆိုရင် အဲဒီအချိန်က ဘုရားမပွင့်သေးဘူးဆိုတော့ ရဟန်းနေရာမှာ ရသေ့လိုပုံစံမျိုးထည့်ရမှာ၊ ဒီလိုကပြလိုက်ရင် နှောင်းလူတွေက ဘုရားတောင်မပွင့်သေးဘူး သံဃာတွေ ရှိနေပြီလားလို့ အထင်မှားသွားကြလိမ့်မယ်လို့ ပြောဆိုတာပေါ့၊ ဒါနဲ့ ဇာတ်အဖွဲ့လည်း ဆရာတော်တွေကို ပြန်တောင်းပန်ရတာပေါ့၊ နောက်ကျရင် အဲဒီလိုပုံစံမျိုး မကတော့ပါဘူးပေါ့ကွာ”

“အင်း၊ ဆရာတော်ကြီးတွေပြောတာလည်း ဟုတ်တာပဲ၊ ဒါနဲ့ ရသေ့တွေမကောင်းဘူးဆိုတာကရော”

“အဲဒီလိုတော့ သိမ်းကြုံးမပြောချင်ဘူးကွ၊ ဒါပေမယ့် ရသေ့ဆိုတာ သံဃာအဖြစ်မဝတ်ချင်လို့၊ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဝိနည်းအာပတ်တွေကို မလိုက်နာနိုင်လို့ ရသေ့တို့၊ ဦးသူတော်တို့ဝတ်ပြီး အားထုတ်ကြတာပေါ့၊ တစ်ခါ လောကီပညာတွေလိုက်စားတဲ့ သူတွေဆိုရင်လည်း သံဃာမဝတ်ဘဲနဲ့ ရသေ့ဝတ်ကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့လိုက်စားတဲ့လောကီပညာက ဝိနည်းနဲ့မညီဘူးကိုး”

“အကျင့်တစ်ခုခုကိုကျင့်နေတာဖြစ်လို့ အဲဒီအကျင့်၊ ကျင့်စဉ်က ကောင်းတယ်၊ ဆိုးတယ်ဆိုတာအပေါ်မူတည်ပြီး အကောင်းအဆိုးကွဲပြားတာပေါ့ကွာ၊ ငါပြောချင်တာက အဲဒါပဲ၊ ဘာလဲ . . . မင်းက ရသေ့အကြောင်းသိချင်တယ်ဆိုတော့ ရွာပြင်တောတန်းမှာ တရားကျင့်နေတဲ့ ရသေ့ကြီးဆိုတာနဲ့ ပတ်သက်ပြီး သိချင်တာမဟုတ်လား”

အဖေက ကျုပ်စိတ်ကိုကြိုသိသလိုပဲဗျ။ ကျုပ်လည်းခေါင်းညိတ်ပြီး

“ဟုတ်တာပေါ့အဖေရာ၊ ဒီရသေ့ကြီးက မောင်သိန်းကိုပီယဆေးဖော်ပေးမယ်ဆိုပြီးတော့ ပိုးဖြူအလောင်းက သနပ်ခါးခြစ်ခိုင်းလိုက်လို့ မောင်သိန်းသေမလိုဖြစ်တာမဟုတ်လား၊ ဒီတော့ ဒီရသေ့ကြီးက လူကောင်းလား၊ လူဆိုးလားဆိုတာ သိချင်လို့ပါ”

“ဒါကတော့ ဘုရားရှင်ဟောထားတဲ့ ကာလာမသုတ်လိုပေါ့၊ သူများပြောတိုင်းလည်းမယုံနဲ့၊ ကိုယ်ကိုယ်တိုင်တွေ့ကြုံပြီးတော့ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ချင့်ချိန်ပြီးယုံပေါ့ကွာ၊ လူတစ်ယောက်မကောင်းတာနဲ့ပဲ ဒီလူတွေအကုန်မကောင်းဘူးလို့တော့သိမ်းကြုံးပြီး ပြောလို့မရဘူးပေါ့”

“ကျုပ်နားလည်ပါပြီအဖေ”

“ရသေ့ထဲမှာ ငါးပါးသီလတောင် မစောင့်တဲ့ရသေ့ရှိသလို၊ အမဲလိုက်တဲ့ရသေ့လဲရှိတာပဲ၊ ပြီးတော့ လောကီပညာရပ်ဆည်းပူးနေတဲ့ရသေ့တွေလည်းရှိတတ်တာပဲ၊ ဒါပေမယ့် တကယ်သာသနာပြုနေတဲ့ ရသေ့ကြီး ဦးခန္တီလို သူတော်စင်ရသေ့ကြီးတွေလည်းရှိတာပဲကွ၊ ဒါကြောင့် သိမ်းကြုံးပြောလို့မရဘူးလို့ပြောတာ”

“ဒါပေမယ့် တစ်ခုတော့ပြောချင်တယ်၊ တစ်ခါတစ်လေကျရင် လူတွေက ဖုံးကွယ်တတ်သတဲ့ကွ၊ ပညာမတတ်တဲ့လူက ပညာတတ်ယောင်ယောင်နဲ့ လူပုံအလယ်မှာ ကြွားဝါတတ်တယ်၊ မချမ်းသာတဲ့လူက တကယ်ချမ်းသာသယောင်ယောင် အတုအယောင်တွေ လုပ်ပြတတ်တယ်၊ ပြီးတော့ သူဆိုး၊ သူညံ့တွေကလည်း သူတို့အဖြစ်မှန်ကို လူသိမှာစိုးလို့ သူတော်ကောင်းလိုလို ဟန်ဆောင်တတ်ကြတယ်၊ ဖုံးကွယ်တတ်ကြတယ်ငါ့သား”

“ဒါဆိုအဖေပြောချင်တာက ဒီရသေ့ကြီးက မကောင်းတဲ့လူလို့ဆိုချင်တာလား”

“ဒါကတော့ ခုနက မင်းကိုပြောထားပြီးသားပဲကွာ၊ ကိုယ့်ဖာကိုယ် ချင့်ချိန်ပေါ့ကွ”

ညနေကလည်း အတော်စောင်းပြီ၊ မကြာခင် ထမင်းစားတော့မှာဆိုတော့ ကျုပ်လည်းအဖေနဲ့ပြောနေတဲ့စကားစကိုဖြတ်လိုက်ပြီးတော့ ရေမိုးချိုးဖို့ပြင်ရတာပေါ့ဗျာ၊ ကျုပ်မှာ ရေသာချိုးနေရတယ်၊ အဲဒီရသေ့ကြီးအကြောင်းက ခေါင်းထဲကကို မထွက်ဘူးဗျ။

(၃)

အကောင်းဆုံးကတော့ နောက်တစ်ခေါက်သွားကြည့်ဖို့ပဲဗျ၊ ရသေ့ကြီးမသိအောင် သူဘာလုပ်နေသလဲဆိုတာကို ချောင်းကြည့်ပြီးတော့ ဆုံးဖြတ်ရမယ်၊ အဖေကတော့ သူကလူဆိုးပါလို့ တိုက်ရိုက်တော့မပြောဘူး၊ ဦးဘသာကလည်း လူသေပါးကသနပ်ခါးနဲ့ ဆေးဖော်မယ်ဆိုကတည်းက ကောင်းတဲ့လူဖြစ်ပါ့မလားလို့ ပြောတယ်ဆိုတော့ ကျုပ်လည်းသိချင်တာပေါ့ဗျာ။

နောက်နေ့တော့ ကျုပ်မောင်သိန်းကိုအဖော်သွားစပ်တယ်၊ မောင်သိန်းက သူမလိုက်ရဲတော့ဘူးတဲ့ဗျာ၊ အရင်ကတော့ လူတွေမသိအောင်လို့ တစ်နေ့တစ်ခါ ထမင်းဟင်းသွားသွားပို့နေတဲ့သူက အခုတော့မလိုက်ရဲဘူးတဲ့၊ ရွာကလူတွေကလည်း အဲဒီဖက်ကို မသွားရဲတာအမှန်ပဲဗျ၊ အရင်ကတည်းက အဲဒီအနောက်ဘက်တောတန်းက သုဿန်အဟောင်းကြီးကိုး၊ သရဲဆိုတာလည်း အင်မတန်ခြောက်တာမဟုတ်လား။

အဖော်စပ်မရရင် ကျုပ်တစ်ယောက်တည်းသွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်၊ ဒါနဲ့ လယ်ထဲဆင်းခဲ့တယ်၊ အငယ်ကောင်နဲ့ ကျုပ်ညီမတွေကတော့ စပါးစိုက်ဖို့ ပျိုးခင်းတွေပျိုးနေကြပြီ၊ ကျုပ်လည်း လယ်ထဲမှာ ဟိုလုပ်ဒီလုပ်နဲ့ ဆယ့်ငါးမိနစ်လောက်လုပ်ပြီးတော့ ဓါးမတစ်ချောင်းခါးကြားထိုးပြီး အနောက်ဘက်တောတန်းဘက်ကို ထွက်လာတာပေါ့ဗျာ။

အနောက်ဘက်တောတန်းကို တစ်ယောက်တည်းလာရတာလည်း ခပ်ကြောက်ကြောက်ပဲဗျ၊ တောတန်းရဲ့ တောင်ဘက်နားမှာလူစားတဲ့ရေတွင်းကြီးလည်း ရှိသေးတယ်မဟုတ်လား၊ ပြီးတော့ အဲဒီတောတန်းအစပ်ဆိုတာကလည်း အရင်ရွာဟောင်းရဲ့ သုဿန်မြေကြီး၊ တောတန်းထဲကနေ ဆက်ပြီးသွားရင် အရင်ဖက်လိပ်ရွာဟောင်းကြီးရဲ့ မြေနေရာကြီးဗျ၊ ဖက်လိပ်ရွာက သရဲတွေကြမ်းပုံကို အရင်တုန်းက ကျုပ်ပြောပြခဲ့ဖူးတယ်မဟုတ်လား၊

ကျုပ်လည်း ကြောက်တယ်ဆိုပေမယ့် သိချင်စိတ်က မောင်းနှင်နေတာဆိုတော့ မကြောက်မရွံ့ပေါ့ဗျာ၊ အချိန်ကလည်း နေ့လည်ဆယ်နာရီလောက်ရှိသေးတာ၊ မိုးမအုံ့တော့ နေကလည်း ခြစ်ခြစ်တောက်ပူနေတာကိုး၊ ဒီတော့ နေ့ခင်းကြီးဆိုပြီး ကြောက်စိတ်က တစ်ဝက်လောက် လျော့နေတာလည်းပါတယ်။

မောင်သိန်းနဲ့သွားတဲ့လမ်းက လူသွားလမ်းကလေးရှိတယ်ဗျ၊ တောထဲကို တစ်ခါတစ်လေကျရင် မှိုရှာမျှစ်ရှာတဲ့လူတွေ၊ နောက်ပြီးတော့ ငှက်ပစ်၊ သားကောင်ပစ်တဲ့လူတွေ လာတတ်ကြတော့ လူသွားလမ်းကလေးလိုလိုဖြစ်နေတာပေါ့ဗျာ၊ ကျုပ်က ချောင်းမှာဆိုတော့ အဲဒီလူသွားလမ်းကမဟုတ်ဘဲနဲ့ တောတန်းကလေးကိုပတ်ပြီး အနောက်ဘက်ကနေတိုးခဲ့တာပေါ့ဗျာ။

တောစံပယ်ချုံတွေကို တိုးရင်း မကြာပါဘူး လွမ်းစေတီကလေးအနားကိုရောက်လာပါရောဗျာ၊ အဲဒီအနားမှာ ထန်းလက်တွေမိုးထားတဲ့ တဲကလေးလည်းရှိတယ်မဟုတ်လား၊ ကျုပ်လည်း တဲကလေးထဲမှာ လူရှိသလားဆိုပြီးတော့ ချောင်းတာပေါ့ဗျာ၊ မလုံ့တလုံကာထားတဲ့တဲကလေးကို အသာချောင်းလိုက်တော့ လူတစ်ယောက်မှမရှိဘူးဗျ၊

“ရသေ့ကြီး တစ်နေရာထွက်သွားတာပဲဖြစ်မယ်”

ကျုပ်လည်း ရေရွတ်လိုက်ပြီးတော့ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တယ်ဗျ၊ ပတ်ဝန်းကျင်က မြေပြင်တွေမှာ တွင်းတွေဆိုတာ မွစာကျဲနေတာပဲဗျာ၊ ဒါပေမယ့် တွင်းပက်လက်ကြီးတွေတော့မဟုတ်ဘူးဗျ၊ တူးပြီးတော့ ပြန်ပြန်ဖို့ထားတဲ့ပုံပဲ၊ သေချာပြန်မဖို့ထားတော့ မြေပုံလေးတွေဖြစ်နေတာပေါ့ဗျာ။

တစ်နေရာသွားကြည့်ရင်း တူရွင်းတစ်ခုက မြေမှာတန်းလန်းကြီးစိုက်နေတာကို တွေ့တယ်ဗျ။ ကျုပ်လည်း အဲဒီအနားကို အသာသွားကြည့်တာပေါ့၊ ရသေ့ကြီးပြန်လာမှာလည်း ကြောက်တာနဲ့မတ်တပ်မသွားရဲဘူးဗျာ၊ ချုံပုတ်တွေအကာအကွယ်ယူပြီးတော့ ထိုင်ပြီးတော့ ဘဲသွားသွားရတာပေါ့၊ အဲဒီတူရွင်းနားရောက်တော့ တစ်ပေပတ်လည်လောက် တွင်းကလေးတွေ့တယ်ဗျ၊ အဲဒီတွင်းထဲကိုက မြေစာတွေကို ကျုပ်လည်း လက်နဲ့ဖယ်လိုက်တာပေါ့။

“အောင်မယ်လေး”

ကျုပ်လန့်ပြီးအော်လိုက်မိတယ်ဗျ၊ မြေစာတွေအောက်ကနေ လူအရိုးခေါင်းကြီးထွက်လာတာဗျ။ သွားတွေဆိုရင်ဖွေးနေတာပဲ၊ ကျုပ်လည်း အရိုးခေါင်းကြီးကိုကြည့်ရင်း ကြက်သီးထလာတယ်၊ ဒီနေရာက သုဿန်ဟောင်းကြီးဆိုamတ့ အရင်က မြှုပ်ခဲ့တဲ့ လူတွေရှိမှာပေါ့ဗျာ။

ကျုပ်လည်း ကြောက်ကြောက်နဲ့ထွက်လာခဲ့တယ်၊ ထွက်ပြေးဖို့အလုပ်မှာ သူ့တဲကလေးထဲမှာ ဘာတွေရှိသလဲဆိုတာ သိချင်တာနဲ့ တဲကလေးဆီကိုလာခဲ့တာပေါ့ဗျာ၊ တဲကလေးက ခြေတံရှည်လေးဆောက်ထားတာဗျ၊ တဲကြမ်းခင်းကိုတော့ ဝါးခြမ်းတွေခင်းထားတာပေါ့ဗျာ၊ တဲအပေါ်မှာ ဘာမှထွေထွေထူးထူးမရှိပါဘူး၊ စားအိုးစားခွက်တွေလောက်ပဲရှိတာ၊ တဲအလယ်နားမှာတော့ အိပ်ရာတစ်ခုခင်းထားတယ်ဗျ၊ ဖျာပေါ်မှာ စောင်တစ်ထည်ကိုဖြန့်ခင်းထားတဲ့၊ ချည်သားစောင်အပါးကလေးပေါ့ဗျာ၊ စောင်အောက်မှာတော့ ခိုးလိုးခုလုလေးတွေဖြစ်နေတယ်ဗျ၊ ကျုပ်လည်း ဘာတွေလည်းဆိုတာသိချင်တာနဲ့ တဲပေါ်ကိုအသာတက်လိုက်တာပေါ့ဗျာ။

ကျုပ်တက်လိုက်တော့ တဲက သိမ့်ခနဲဖြစ်သွားတယ်၊ ကျုပ်လည်းခပ်မြန်မြန်သွားပြီးတော့ စောင်ကိုလှန်ကြည့်လိုက်တယ်ဆိုရင်ပဲ အရိုးတွေက ဖျောခနဲစောင်အောက်ကနေထွက်လာတာဗျ။

အရိုးလေးတွေက လက်တစ်ဆစ်လောက်အရွယ်အစားကနေပြီးတော့ ဒူးရိုးလို၊ ခုံညင်းရိုးလို အရိုးတွေကနေ ပေါင်ရိုးတွေအထိပါတယ်ဗျ။ ကျုပ်လည်းအရိုးတွေကို ထူးဆန်းပြီးကြည့်နေလိုက်တယ်၊ ရသေ့ကြီးက ဘာအရိုးတွေများစုနေပါလိမ့်ပေါ့ဗျာ။

“ဖောက် . . . ဖောက်”

ကျုပ်တွေးနေတုန်း ကျောက်တုံးနှစ်လုံးက တဲခေါင်မိုးကိုလာထိတယ်ဗျ၊ ရသေ့ကြီးပြန်လာပြီအထင်နဲ့ ကျုပ်လည်းတဲအောက်ကိုခုန်ဆင်းခဲ့တာပေါ့ဗျာ၊ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လူရိပ်လူယောင်တောင် မမြင်ရဘူးဗျ။

ဒါပေမယ့် ဘုရားပျက်အနောက်က ချုံထဲကနေပြီးတော့ ကျောက်တုံးတွေပျံထွက်လာတယ်ဗျ၊ ကျုပ်ဆီတန်းတန်းမတ်မတ်လာတာနဲ့ ကျုပ်လည်း ထိုင်ချလိုက်တာပေါ့ဗျာ၊ လက်သီးဆုပ်လောက်ရှိတဲ့ ကျောက်တုံးကြီးသုံးလုံးက ကျုပ်ခေါင်းပေါ်ကနေ ဝှီးခနဲ ဝှီးခနဲ ဖြတ်ပျံ့သွားပြီး သစ်ပင်တွေကြားကျသွားတယ်ဗျာ၊ ကျုပ်ဖြင့်ကြောက်လိုက်တာဗျာ၊ အဲဒီကျောက်ခဲကြီးတစ်လုံးလောက်သာ ကျုပ်ခေါင်းကိုထိလိုက်ရင် ကျုပ်သေမှာဗျ။

ကျုပ်လည်းအမြန်ထပြီးကြည့်လိုက်တော့ နောက်ထပ်ကျောက်ခဲတွေပျံလာတယ်ဗျ၊ လူတော့လုံး၀မတွေ့ဘူး၊ ကျုပ်ကတော့ သရဲပေါက်တယ်လို့ပဲထင်တာ၊ ဒါနဲ့ပဲ အမြန်လှည့်ပြေးတာပေါ့ဗျာ၊ ဒါတောင်မှ ကွမ်းသီးလောက်ရှိတဲ့ကျောက်ခဲတွေက နောက်စေ့နားကိုတစ်ချက်၊ ခါးလယ်ကိုတစ်ချက် ဖြတ်မှန်သေးတာ၊ နောက်ဆုံးတောအုပ်အထွက်ရောက်တော့မှ လက်သီးဆုပ်လောက်ရှိတဲ့ကျောက်ခဲကြီးက ကျုပ်ရဲ့ဒူးခေါက်ကွေးကိုမှန်လို့ ထော့ကျိုးကြီးထွက်ပြေးရတာပေါ့ဗျာ။ တောတန်းထဲကထွက်လာပြီးတော့မှ အနောက်ကိုလှည့်ကြည့်မိတယ်ဆိုရင်ပဲ တောတန်းကလေးထဲမှာ လူတွေမနည်းဘူးဗျ၊ ချံ့Kပင်တွေနဲ့ကွယ်နေတာဆိုတော့ ခေါင်းတွေနဲ့ ရင်ညွန့်လောက်အထိပဲမြင်ရတာမဟုတ်လား။

“ဟေ့ကောင်၊ ဘယ်လိုဖြစ်လာတာလဲကွ”

အမောတကောနဲ့ ပြေးလာတဲ့ကျုပ်ကိုတွေ့တော့ ဦးဘသာက ဆီးမေးတယ်ဗျ၊ ကျုပ်လည်း လယ်တဲထဲကိုဝင်ထိုင်လိုက်တာပေါ့ဗျာ၊ ဦးဘသာလည်း နွားတွေကိုချည်ထားပြီး တဲထဲကိုလိုက်ဝင်လာတာပေါ့။ ကျုပ်လည်းမောမောနဲ့ ရေနွေးတောင်မသောက်နိုင်ဘဲ သောက်ရေအိုးစငက ရေကို လေးငါးခွက် ခပ်သောက်လိုက်တာပေါ့ဗျာ။

“ဘာဖြစ်လာတာလဲ အကိုလတ်၊ အမောတကောနဲ့”

ညီမငယ်က မေးတယ်၊ ကျုပ်လည်းပြန်မဖြေအားပါဘူးဗျာ၊ မောနေလို့ အတော်အမောဖြေနေရတယ်။ ဦးဘသာက ကျုပ်အနားရောက်လာပြီးတော့ ကျုပ်ကိုခါးထောက်ပြီးကြည့်တယ်။

“နင်တို့အကိုကြည့်ရတာ၊ နေ့ခင်းကြောင်တောင်၊ သရဲနဲ့တွေ့လာခဲ့တဲ့ပုံပဲ”

ဦးဘသာဘယ်လိုသိသလဲတော့မသိဘူးဗျာ၊ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။

“ဟုတ်၊ ဟုတ်တယ် ဦးဘသာ၊ ကျုပ် . . . ကျုပ်အနောက်ဘက် တောတန်းထဲကိုသွားခဲ့တာ”

ကျုပ်ပြောလိုက်တော့ အငယ်ကောင်ရော၊ အငယ်မတွေရော ကျုပ်အနားမှာစုလာကြတယ်ဗျ။

“နေစမ်းပါအုံး အကိုလတ်က အဲဒီတောတန်းထဲကို ဘာသွားလုပ်တာလဲ”

“ငါ ဟိုနေ့က ရသေ့ကြီးကိုသွားရှာတာဟ”

“အကိုလတ်ကတော့ လုပ်တော့မယ်၊ ဒီလောက်သရဲခြောက်တဲ့နေရာကို တစ်ယောက်တည်းသွားရသလား၊ မသေတာကံကောင်း”

“ငါပြောတာဆုံးအောင်နားထောင်ပါအုံးဟာ”

ကျုပ်လည်း ဦးဘသာဘက်ကိုလှည့်လိုက်ပြီးတော့

“ဦးဘသာ၊ ဦးဘသာထင်တာမှန်တယ်ဗျ၊ ဒီရသေ့ကြီးက မရိုးသားဘူး”

“ဘာတွေမရိုးသားတာလဲကွ”

“သူက တောတန်းထဲမှာ တရားအားထုတ်နေသလိုလို ဘာလိုလိုလုပ်နေတာဗျ၊ တကယ်တမ်းကတော့ တောတန်းထဲမှာ ကျင်းတွေတူးပြီး လူရိုးတွေဖော်နေတာဗျ”

“သေချာလို့လားကွာ”

“သေချာပါတယ်ဗျာ၊ ကျုပ်မောင်သိန်းနဲ့လိုက်သွားတဲ့နေ့တုန်းကလည်း တူရွင်းတစ်ချောင်းနဲ့ ဟိုတူးဒီတူးလုပ်နေတာနဲ့ ကျုပ်ကမေးမိတော့ အပင်စိုက်မလို့တူးနေတာတဲ့လေဗျာ”

“မင်းကွာ၊ တောအုပ်ထဲမှာ အပင်စိုက်မယ်လို့ပြောတာကို မင်းမို့ယုံရသလား”

“မယုံလို့ အခုသွားကြည့်တာပေါ့ဗျ၊ သွားကြည့်တော့ ကျင်းတေတူးလိုက် ပြန်မြှုပ်လိုက်နဲ့လုပ်နေတာဗျ၊ ကျုပ်လည်း သူတူးလက်စကျင်းကြီးကို သွားကြည့်လိုက်တော့ အောက်ကလူရိုးခေါင်းကြီးထွက်လာတယ်ဗျ”

ကျုပ်ပြောတာကို ဦးဘသာက မျက်မှောင်ကြုတ်ပြီး သေသေချာချာနားထောင်တယ်ဗျ။

“ဒါတင်မကသေးဘူး၊ သူ့တဲကလေးထဲမှာလည်း ဖျာပေါ်မှာအရိုးတွေခင်းပြီး စောင်နဲ့အုပ်ထားတာဗျာ၊ အရိုးတွေကတော့ တော်တော်များတယ်၊ ကြီးကြီးတွေရော သေးသေးလေးတွေရော စုံလို့ပဲဗျ”

ဦးဘသာက မုတ်ဆိတ်မွှေး ကျဲကျဲပေါက်နေတဲ့ သူ့ရဲ့မေးစေ့ကိုပွတ်နေတယ်ဗျ။ ကျုပ်လည်း ဆက်ပြောတာပေါ့ဗျာ။

“အဲဒီအချိန်မှာပဲ ချုံပင်တွေကြားကနေ ကျုပ်ကိုခဲတွေနဲ့လှမ်းပေါက်တာဗျ၊ ခဲလုံးကလည်း အကြီးကြီးတွေပဲ၊ ကျုပ်လည်းသေချာကြည့်ပေမယ့် ပေါက်တဲ့သူကိုမတွေ့ရဘူးဗျ၊ အဲဒါနဲ့ ထွက်ပြေးရင်း ဟောဒီဂုတ်နားကိုတစ်ချက်၊ ဟောဒီခါးမှာတစ်ချက်၊ ဒူးခေါက်ကွေးကိုလည်းမှန်တယ်ဗျာ၊ နည်းတဲ့ကျောက်တုံးကြီးမဟုတ်ဘူး”

ကျုပ်လည်းပြောရင်းပြောရင်းနဲ့ ခြေထောက်ကိုပြလိုက်တော့ ကျုပ်မျက်လုံးတောင်ကျုပ်မယုံနိုင်ဘူးဗျာ၊ ကျုပ်ဘယ်ဖက်ခြေထောက် ဒူးအောက်ပိုင်းကစပြီး ခြေထောက်ကြီးက ယောင်ပြီးတော့ ဖောင်းတင်းလာတာဗျ။ သွေးခြေဥသလို ညိုမဲမဲကြီးဖြစ်နေပြီးတော့ ခြေထောက်ကြီးကလည်း မသိရင်ဆင်ခြေထောက်ရောဂါရတဲ့လူလိုမျိုး ဖောင်းကားယောင်ကိုင်းလာတော့တာပဲ။

“အကိုလတ်၊ ဂုတ် . . . ဂုတ်မှာ”

အငယ်မပြောလို့ကျုပ်လည်း ဂုတ်ကိုစမ်းလိုက်တော့ ဂုတ်က ကျောက်တုံးထိတဲ့နေရာမှာ ဘုကြီးတစ်ခုထနေတာဗျ၊ အာလူးဖုကြီးလို ဖောင်းဖောင်းတင်းတင်းကြီး၊ ကျုပ်လဲ ကြောက်သွားပြီးတော့ အင်္ကျီလှန်လိုက်တော့ ခါးမှာလည်း ဖုကြီးတစ်ဖုဗျာ။

“အကိုလတ်တော့ သရဲကိုင်ခံရပြီထင်တယ်”

အငယ်ကောင်ပြောတော့ ကျုပ်လည်း ဦးဘသာကို အားကိုးတကြီးနဲ့မော့ကြည့်လိုက်တယ်ဗျ၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“ဟဲ့ အငယ်မ နင်တို့ဆီမှာ ထုံးရှိလား”

ကျုပ်တို့လယ်တဲမှာ ထုံးဘယ်ရှိပါ့မလဲဗျာ၊ ကွမ်းစားတတ်တဲ့လူမှ မရှိတာပဲ၊ ဒါနဲ့ နို့ညှာညီမက ဦးဘသာလယ်တဲကနေ ကွမ်းအစ်ပြေးယူပေးရတယ်၊ ကွမ်းအစ်ရတာနဲ့ ဦးဘသာကြီးက ထုံးတွေကော်ပြီး သူ့လက်ဝါးထဲထည့်တယ်။ ပြီးတော့ ဆေးရွက်ကြီးတွေ ဖဲ့ထဲ့ပြီးတော့ လက်ထဲမှာချေနေတယ်ဗျ၊ တံတွေးတွေလည်း ထွေးထွေးထည့်သေးတာ။ ကျုပ်ခြေထောက်ကြီးက ပိုပိုပြီးကြီးလာတယ်ဗျာ၊ ဂုတ်ကိုဆိုရင်လည်း တစ်ယောက်ယောက်က ဆွဲကိုင်ထားသလိုမျိုး တင်းတင်းကြီးဖြစ်နေတော့တာ။

“ဦးဘသာ၊ ကျုပ် . . ကျုပ်ကိုသရဲကဖမ်းတာလား”

“ဘာမှမဖြစ်ပါဘူးကွာ၊ ပူမနေစမ်းပါနဲ့၊ ခဲမှန်လို့ ညိုမဲစွဲတာပါကွ၊ ပြစမ်း”

ဦးဘသာက ကျုပ်ဂုတ်ကအဖုကြီးကို ခုနက ထုံးနဲ့ဆေးရွက်ကြီးရောထားတာနဲ့ ပွတ်ပေးတယ်ဗျ၊ ထုံးပါလို့လားတော့မသိဘူး ပူလိုက်တာမှဗျာ၊ မသိရင် မီးစနဲ့ထိုးသလိုပဲ၊ တစ်ခါ ခါးက ဖုကြီးကိုလည်း လူးပြန်ရောဗျို့၊ ခါးမှာလည်း ပူစပ်ပူလောင်ကြီးဖြစ်သွားတာ၊ ကျန်တဲ့ထုံးတွေနဲ့ ခြေထောက်ကို လိမ်းပြီးတော့ ဒူးကနေအောက်ကို ပွတ်သပ်ချတယ်ဗျ။ ခြေထောက်တစ်ချောင်းလုံး တဖြင်းဖြင်းနဲ့ မသိရင်ပုရွက်ဆိတ်အကောင်တွေ ဆင်းပြေးသွားသလိုမျိုး ယားကျိကျိကြီးဖြစ်ပြီး ကျန်နေခဲ့တာပဲဗျာ။ ဦးဘသာက ကျုပ်ကိုကြည့်ပြီးတော့

“ကောင်းသွားမှာပါကွာ၊ ကဲ . . . ငါလည်းထမင်းစားတော့မယ်ဟေ့”

ကျုပ်တို့တွေ ထမင်းစုပြီးစားလိုက်ကြတယ်၊ လူငယ်တွေချည်းပဲမို့ ဦးဘသာကိုကြောက်တာဘာညာတော့ သိပ်မရှိပါဘူးဗျာ၊ ဒီလိုနဲ့ ကျုပ်လည်း အလုပ်သိပ်မလုပ်နိုင်ဘူးပေါ့ဗျာ။ ညနေရောက်တော့ ကျုပ်တို့တွေပြန်လာခဲ့တာပေါ့၊ ကျုပ်ခြေထောက်လည်း ညနေမရောက်ခင်မှာပဲ အယောင်ပြန်ကျသွားတယ်ဗျ၊ ဂုတ်နဲ့ ခါးက ဖုတွေဆိုရင်လည်း ဖုတယ်ဆိုရုံကလေးပဲရှိတော့တာ။

အိမ်ပြန်လာတော့ လမ်းမှာ ဦးဘသာက ကျုပ်ကိုလှမ်းခေါ်တယ်ဗျ။

“အလတ်ကောင် သက်သာရဲ့လား”

“သက်သာပါတယ်ဗျာ၊ ခြေထောက်တော်တော်အယောင်ကျသွားပြီ”

ကျုပ်လည်း ခြေထောက်ကိုပြလိုက်တာပေါ့ဗျာ၊ ဦးဘသာက ကျုပ်စီးထားတဲ့ဖိနပ်ကို အသေအချာကြည့်လိုက်ပြီးတော့

“အောင်မာ၊ မင်းဖိနပ်က ကောင်းလှချည်လား၊ ငါ့ကိုပေးစိးပါလား”

ကျုပ်လည်း အံ့ဩသွားတာပေါ့ဗျာ၊ ကျုပ်ဖိနပ်က ဒီလောက်ကောင်းတယ်လည်း မဟုတ်ပါဘူးဗျာ၊ ကားတာယာအဟောင်းတွေကို လှီးပြီးပြန်ချုပ်ထားတဲ့ တာယာဖိနပ်ကြီးပါ၊ ဦးဘသာကတော့ သရက်သားကို ခုတ်ထားပြီး တာယာနဲ့ကွင်းတပ်ထားတဲ့ ခုံဖိနပ်ကြီးပဲစီးတာမဟုတ်လား။

“ဟာဗျာ၊ ဦးဘသာခြေထောက်နဲ့ ကျုပ်ခြေထောက်နဲ့ ဆိုဒ်ချင်းတူမှမတူတာဗျ၊ စီးချင်ရင် ကျုပ်ဝယ်ပေးမယ်”

“မရတော့ဘူး၊ ငါက အခုစီးချင်တာကွ၊ လုပ်စမ်းပါ၊ တာယာဖိနပ်စီးကောင်းရင် ငါလည်းဝယ်စီးချင်လို့၊ ငါ့ကိုတစ်ရက်လောက်ပေးစီး ဟုတ်ပြီလား”

ကျုပ်လည်းခေါင်းကုတ်ပြီးတော့ ဖိနပ်ချွတ်ပေးလိုက်တယ်၊ ဦးဘသာကလည်း သူ့ခုံဖိနပ်ကိုချွတ်ပြီးတော့ ကျုပ်ကိုပေးစီးတာပေါ့ဗျာ၊ သူ့ခုံဖိနပ်က ကျုပ်ခြေထောက်နဲ့ဆိုရင် သေးနေတယ်ဗျ၊ ကျုပ်ဖနောင့်က အနောက်ကို လက်နှစ်လုံးလောက်ထွက်နေပါရော၊ ဦးဘသာကလည်း ခပ်တည်တည်ပဲဗျ၊ ကျုပ်ရဲ့တာယာဖိနပ်ကြီးကို မတော်မတည့်နဲ့ စီးချသွားပါရောလားဗျာ။

(၄)

ညရောက်တော့ တစ်ရွာလုံးခွေးတွေအူချက်ဗျာ၊ ညခုနစ်နာရီလောက်ကနေစပြီးတော့ ဆွဲဆွဲငင်ငင်ကိုအူတာဗျ၊ ရွာလူတွေဆို သိပ်ကြောက်ကြတာပေါ့ဗျာ၊ ပိုးဖြူသေတုန်းက အူတာထက် ပိုပြီးဆိုးဆိုးရွားရွားအူတော့တာပဲ။

အဖေနဲ့ကျုပ်လည်း အခြေအနေစောင့်ကြည့်နေတာပေါ့ဗျာ၊ ဘယ်အိမ်က ဘာများဖြစ်မလဲပေါ့ဗျာ၊ နောက်တော့ ခွေးတွေက အူနေရာကနေပြီး ထိုးဟောင်တော့တာပဲ၊ နာရီဝက်လောက်ကြာတော့မှ အားလုံးတိတ်ဆိတ်သွားတယ်ဗျ။ မကြာပါဘူး၊ ရွာသားတစ်ယောက်က ပြေးလာတယ်။

“သူကြီးရေ ရွာထိပ်မှာ ရသေ့ကြီးတစ်ယောက် ရွာကိုအော်ဆဲနေတယ်ဗျ”

အဖေလည်းအိမ်ပေါ်ကဆင်းရော ကျုပ်လည်း ငှက်ကြီးတောင်ဓါးဆွဲပြီး အနောက်ကနေဆင်းတာပေါ့ဗျာ၊ ရွာထိပ်ကိုပြေးသွားကြတော့ ရွာထိပ်မှာ လူတွေတောင်တော်တော်စုံနေပြီဗျ၊ ရသေ့ကြီးက ကျုပ်တွေ့ခဲ့တဲ့ရသေ့ကြီးပါပဲဗျာ၊ ရွာကိုလက်ညှိုးထိုးပြီးတော့ အမျိုးစုံအောင်ဆဲဆိုနေတော့တာ၊ ဒါနဲ့ အဖေက အရှေ့ကိုတက်သွားပြီးတော့

“ရသေ့ကြီး၊ ကျုပ်တို့ရွာကို ဘာများမကျေနပ်တာရှိလို့ လာပြီးဆဲဆိုနေတာပါလဲ”

ရသေ့ကြီးက ဘာမှမပြောဘဲ ဆဲသာဆဲနေတော့တာ၊

“ရသေ့ကြီး ဒီလိုသာဆက်ဆဲနေမယ်ဆိုရင်တော့ ရပ်ရွာဆူပူမှုနဲ့ ရသေ့ကြီးကိုအရေးယူရမယ်”

အဖေပြောတော့ ရသေ့ကြီးက အဖေ့ကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတာဗျ၊ ပြီးတော့ အဖေ့ဘေးမှာရပ်နေတဲ့ကျုပ်ကိုကြည့်တယ်၊ သူ့အကြည့်က ဒေါသတွေဖုံးနေပြီးတော့ မျက်လုံးကလည်း ကြောက်စရာကြီးဗျာ။

“မင်းတို့တစ်ရွာလုံး ငါနဲ့တွေ့မယ်ကွ”

အဲဒီလိုအော်ကြိမ်းပြီးတော့ တောတန်းဘက်ကိုလျှောက်သွားတော့တာပါပဲဗျာ။ ရသေ့ကြီးအကြောင်းကို မောင်သိန်းကိစ္စမှာ တစ်ရွာလုံးနီးပါးသိထားကြတာဆိုတော့ ရသေ့ကြီးတစ်ခုခုလုပ်မှာကို စိုးရိမ်ကြတာပေါ့။

“သူကြီး၊ ဒီရသေ့ကြီး ရွာကိုတစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ”

အဖေလည်း ဆုံးဖြတ်ရခက်နေတယ်။

“သူ တစ်ခုခုမလုပ်ခင် သူ့ကိုကျုပ်တို့ သွားနှင်ထုတ်ရအောင်ဗျာ”

“ဒီလိုလည်း လုပ်လို့မရဘူးကွ၊ သူနေတဲ့နေရာက ဘယ်သူမှမပိုင်တဲ့နေရာမဟုတ်လား၊ သူ့ကိုသွားမောင်းထုတ်တာ ဘသာ၀မကျဘူးလေ၊ နောက်ပြီးတော့ သူ့ကိုမောငးထုတ်မှ သူကပိုပြီးစိတ်ဆိုးရင် မကောင်းတာတွေဖြစ်နိုင်တယ်”

အဖေ့စကားကို အားလုံးကထောက်ခံတယ်ဗျ။

“အားလုံး ဒီရက်ပိုင်းထဲ သတိဝီရိယနဲ့ နေကြပေါ့ဗျာ”

အဖေပြောလိုက်ပြီးတော့ တစ်ရွာလုံးကလူတွေက ပြန်သွားကြတာပေါ့ဗျာ၊ ကျုပ်လည်း လိုက်ပြန်လာရင်း ဦးဘသာနဲ့လမ်းမှာတွေ့တယ်၊ ဦးဘသာက ကျုပ်လက်ကိုကုပ်ကိုင်ပြီးတော့

“အလတ်ကောင်ရေ၊ မင်းကိုသူက မကျေနပ်ဘူးကွ”

“ကျုပ်က သူ့ကိုဘာလုပ်လို့လဲဗျ”

“သူ့အစီအရင်တွေ မင်းကိုင်ခဲ့သေးသလား”

ကျုပ်သေသေချာချာပြန်စဉ်းစားတော့မှ ဖျာပေါ်က စောင်ကြီးကိုဆွဲထုတ်လိုက်တဲ့အခါ အရိုးတွေက ၀ရောခနဲကျသွားတာကို မှတ်မိသွားတယ်။ ဒါနဲ့ ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်။

“ငါထင်ပါတယ်ကွာ၊ ဒါကြောင့် မင်းကိုသူက သတ်မလို့ သူ့ကောင်တွေ လွှတ်လိုက်တာကွ”
“ဗျာ . . . သူ့ကောင်တွေတဲ့လား”

“သူက အပြင်သွားနေတဲ့အချိန် စည်းတားခဲ့ပုံရတယ်ကွ၊ မင်းက သူ့စည်းကိုဖောက်သွားတာကိုး၊ ဒါကြောင့် ငါလည်းမသင်္ကာတာနဲ့ မင်းဖိနပ်ကိုယူထားလိုက်တာကွ၊ ထင်တဲ့အတိုင်းပဲဟေ့၊ ညနေကပဲ သရဲကြီးငါးကောင် ငါ့အိမ်ရှေ့ကိုရောက်လာပါရော။

ကျုပ်လည်း အဲဒီတော့မှ ကြောက်သွားတာဗျ။

“သရဲကြီးငါးကောင်က မင်းဖိနပ်က ခြေရာအတိုင်းလိုက်လာတာကွ၊ ရသေ့ကြီးဆွဲထားခဲ့တဲ့ စည်းဝိုင်းကိုမင်းဖောက်လိုက်တော့ မင်းအနောက်ကိုခြေရာကြည့်ပြီး လိုက်တာပေါ့ကွာ၊ ဒါနဲ့ ငါလည်း အဲဒီငါးကောင်ကို ဆော်ပလော်တီးပေးလိုက်တော့ အဲဒီကောင်တွေ အော်ဟစ်ပြီး ပြေးကြတာပဲ”

“ဪ၊ ဒါကြောင့် ရသေ့ကြီးက မကျေနပ်တာကိုး”

“သူ့ကောင်တွေအဆော်ခံလိုက်ရတယ်ဆိုတော့ မကျေနပ်ဘူးပေါ့ကွာ၊ ငါထင်တာမမှားဘူးဆိုရင်တော့ ဒီရသေ့ကြီးက သူတော်ကြောင်ကြီးကွ”

“ဖြစ်နိုင်တယ်ဗျ”

“သူလုပ်နေတဲ့အစီအရင်ကလည်း သိပ်အစွမ်းထက်တဲ့အစီအရင်ပဲ”

“ဘာအစီအရင်လဲဗျ၊ လူရိုးအစီအရင်လား”

ဦးဘသာက ခေါင်းညိတ်တယ်ဗျ။

“စုန်းမျိုးတစ်ရာ မောင်မဲဇာဆိုတဲ့အစီအရင်ပဲကွ”

“ဗျာ . . . စုန်းမျိုးတစ်ရာတဲ့လား”

“အေး၊ အစီအရင်ကတော့ စုန်းလို့ယူဆပြီးတော့ သေသွားခဲ့တဲ့ လူသေအလောင်းတွေရဲ့ အရိုးတွေကို အစီအရင်လုပ်ပြီး ပြန်တူးထုတ်ရတာပဲ၊ စုန်းပေါင်းတစ်ရာတိတိရဲ့အရိုးကို လိုက်ဖော်ရတာပေါ့ကွာ”

“ဒါဆို အဲဒီသေသွားတဲ့လူက စုန်းဆိုတာကို ဘယ်လိုလုပ်ပြီးသိမလဲဗျ”

“ဒါကလည်း ပညာနဲ့ခန့်မှန်းတာပေါ့ကွာ၊ အဲဒီစုန်းဆိုတဲ့လူသေက ဘယ်နားမြှုပ်ထားလဲဆိုတာ ခန့်မှန်းပြီး ဟုတ်မဟုတ်တူးရတာပေါ့”

“ဒါဆို ဘာဆက်ဖြစ်နိုင်သလဲဗျာ”

ဦးဘသာက ကျုပ်ကိုသေသေချာချာကြည့်ပြီး

“မင်းတွေ့ခဲ့တာ အရိုးတွေများသလားကွ”

“များတယ်၊ များတာတော့ တော်တော်များတာ၊ ဖျာတစ်ချပ်ပေါ်မှာအပြည့်ခင်းထားတာ”

“အရိုးကလည်း များနေပြီ၊ နောက်ပြီး သူ့သရဲငါးကောင်ကို ဆော်ထည့်လိုက်တဲ့လူရှိတာကိုတောင်မှ တစ်ရွာလုံးကို စိန်ခေါ်တယ်ဆိုရင် ငါထင်တာတော့ သူ့အစီအရင်ပြီးတော့မယ့်ပုံပဲကွ”

“အစီအရင်ပြီးရင် ဘာဖြစ်မလဲဗျာ”

“အဲဒီစုန်းရိုးတွေကို လူသေတစ်ကောင်ရဲ့ဝမ်းဗိုက်ထဲကိုထည့်ရတယ်၊ သေသွားတဲ့အလောင်းကြီးကို မန်းမှုတ်ပြီးတော့ စုန်းရိုးတွေဆီက ပညာတွေနှိုးရတာပေါ့ကွာ၊ အဲဒီအခါ သေသွားတဲ့အကောင်ကြီးက မောင်မဲဇာကြီးဖြစ်သွားတာပဲ၊ ကိုယ်ပျောက်နိုင်တယ်၊ သစ်ပင်ကြီးတွေကို အမြစ်ကဆွဲနှုတ်နိုင်တယ်၊ ပြီးတော့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကိုတောင် ဇောက်ထိုးလှန်နိုင်သတဲ့”

“ဒါနဲ့ ပိုးဖြူသေတာနဲ့ ဘာဆိုင်သလဲဗျ”

“ငါ့စိတ်ထင်တော့ သူ့အရိုးတွေက ပြည့်နေလောက်ပြီကွ၊ ဒီတော့ရွာကတစ်ယောက်ယောက်ကို သူကသတ်မှာပဲ၊ အဲဒီလူသေပြီးတော့ မြေချရင် သူကအလောင်းပြန်ဖော်ပြီးတော့ အဲဒီအလောင်းထဲကို အရိုးတွေထည့်ဖို့ကြံထားတာပေါ့ကွာ၊ နောက်ပြီးတော့ တစ်ခုထူးဆန်းတာက လူတွေမှာလည်းအဆိပ်ရှိတယ်ကွ၊ မြွေက လူတစ်ယောက်ကိုပေါက်လိုက်ပြီးရင် တော်ရုံနဲ့ထွက်မပြေးနိုင်ဘူးမဟုတ်လား၊ အခုက မြွေပေါက်တယ်သာပြောတယ်၊ ပေါက်လိုက်တဲ့မြွေကိုလည်း ဖမ်းမမိလိုက်ဘူး၊ မြွေပေါက်ခံရတာတောင်မှ မြွေပွေးပြောလိုက်၊ မြွေဟောက်လိုလိုပြောလိုက်နဲ့၊ သေတာကလည်း မြွေဆိပ်တက်ပြီးသေတာမျိုးမှမဟုတ်တာ”

ကျုပ်လည်း သေချာပြန်စဉ်းစားလိုက်တော့ ဟုတ်တယ်ဗျ၊ ပိုးဖြူသေနေတာကိုတောင် ကျုပ်ကကြည့်ပြီး သူကဘာလို့ ဒီမှာအိပ်နေတာလဲဆိုပြီး ပြန်မေးခဲ့တယ်မဟုတ်လား။

“ဒါဆို ဒီလူကြီး တော်တော်ယုတ်မာတာပဲဗျာ၊ ဒါနဲ့ အဲဒီမောင်မဲဇာက တော်တော်စွမ်းသလား၊ ဦးဘသာရော မနိုင်လောက်ဘူးလား”

“မောင်မဲဇာစွမ်းမစွမ်း၊ ငါနိုင်မနိုင်ကတော့ ငါလည်းမပြောတတ်ဘူးကွာ၊ ဘာလို့လဲဆိုတော့ ငါ့ဘ၀တစ်လျှောက်လုံး မောင်မဲဇာနဲ့မတွေ့ဖူးခဲ့ဘူး၊ နောက်ပြီးတစ်ခုရှိတာက မောင်မဲဇာစွမ်းမစွမ်းထက် မောင်မဲဇာကြီးနိုးထမလာဖို့အရေးကြီးတယ်၊ ပိုးဖြူအလောင်းကို ငါတို့ကမီးရှို့လိုက်တော့ ရသေ့ကြီးဆီမှာ သုံးစရာအလောင်းမရှိဘူးမဟုတ်လား။ ရွာမှာလည်း လောလောလတ်လတ်သေထားတဲ့လူကမရှိဘူးဆိုတော့ သူကြိမ်းသေပေါက် လူထပ်သတ်မှာပဲ”

“အဲဒီတော့ ဘယ်လိုလုပ်မလဲဦးဘသာ”

“ရွာကလူတွေကို တပ်လှန့်ထားလိုက်ကွာ၊ အခုလည်း သူတို့ကို ရသေ့ကြီးက ကြိမ်းသွားတယ်ဆိုတော့ သူတို့တော်တော်ကြောက်နေလောက်ပါပြီ၊ အဓိက ကတော့ ဘယ်သူ့ကိုမှ ထပ်မသေစေချင်ဘူး”

“ဟုတ်ကဲ့ပါ ဦးဘသာ”

“ပြီးတော့ အခုညပဲ ငါသူ့ဆီလိုက်သွားမယ်”

“ဖြစ်ပါ့မလားဦးဘသာရဲ့ ညဆယ်နာရီထိုးတော့မယ်နော်”

“သူ့ထက်ငါတို့ အရင်လက်ဦးထားမှဖြစ်မယ်အလတ်ကောင်”

ကျုပ်လည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး

“ဒါဖြင့် အခုပဲ သွားကြပါစို့ဗျာ”

ဦးဘသာကခေါင်းညိတ်ပြီးတော့

“အေးအေး၊ နေအုံး ငါ့လွယ်အိတ်သွားယူလိုက်အုံးမယ်၊ မင်းဒီကနေ ငါ့ကိုစောင့်နေ”

ဦးဘသာကြီးလှည့်ထွက်သွားတော့ ကျုပ်လည်း ရွာထိပ်နားမှာစောင့်နေလိုက်တာပေါ့ဗျာ၊ မကြာပါဘူး၊ ဦးသာက ခြေလှမ်းကျဲကြီးနဲ့ လွယ်အိတ်တစ်လုံးစလွယ်သိုင်းပြီး ပြန်ထွက်လာတယ်၊ ကျုပ်လည်း သူ့အနောက်လိုက်ခဲ့တာပေါ့ဗျာ၊ ကျုပ်ကျောမှာလည်း အဖေ့လက်စွဲတော် ဓါးကြီးလွယ်လို့ဗျ။

ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ သူေတာ္ေၾကာင္ရေသ့ႀကီး”(စ/ဆုံး)
—————————————————————————-
အတြဲ(၃) စာစဥ္ (၂)

(၁)

အေနာက္ဘက္က လြမ္းေစတီကေလးရွိတဲ့ ေတာတန္းထဲမွာ ေရာက္ေနတဲ့ရေသ့ႀကီး က ႐ိုးမွ႐ိုးရဲ႕လားလို႔၊ ဦးဘသာကေျပာေတာ့မွ က်ဳပ္လည္းစဥ္းစားမိတယ္ဗ်၊ ရေသ့ႀကီးက ရေသ့လို႔သာဆိုတယ္ ဘာမွၾကည္ညိဳစရာမရွိဘူး၊ ဖန္ရည္ဆိုးထားတဲ့ သကၤန္းဝတ္ထားတာပဲရွိတာမဟုတ္လား၊ ၿပီးေတာ့ က်ဳပ္နဲ႔ ေမာင္သိန္းနဲ႔ စားစရာေတြသြားလႉၿပီးေတာ့ ထိုင္ကန္ေတာ့တာေတာင္မွ ဘာမွမေျပာဘူးေလ၊ အမွန္ဆို ဒီရေသ့ႀကီးက က်ဳပ္တို႔႐ြာက ဦးဇင္းေတြလို ဆုေတြမေပးတတ္ဘူးဆိုရင္ေတာင္မွ လူႀကီးေတြလိုေတာ့ က်န္းမာပါေစ၊ ခ်မ္းသာပါေစေလာက္ေတာ့ ဆုေပးရမယ္မဟုတ္လား။

ေနာက္ၿပီးေတာ့ ထူးဆန္းတာက တူ႐ြင္းတစ္လက္နဲ႔ တူးဆြေနတာပဲဗ်ာ၊ က်ဳပ္ေမးလိုက္ေတာ့လည္း သစ္ပင္စိုက္မလို႔လို႔ ေျပာေသးတယ္မဟုတ္လား၊ ဒီေလာက္သစ္ပင္ေတြအေလ့က်ေပါက္ေနတဲ့ေတာထဲမွာ သူက ဘာအပင္စိုက္ခ်င္တာလဲဗ်၊ က်ဳပ္လည္းအဲဒီတုန္းက ဒီအတိုင္းပဲေခါင္းညိတ္လိုက္ေပမယ့္ သူ႔စကားက ေသခ်ာစဥ္းစားေလေလ လုံး၀အဓိပါယ္မရွိေလပဲဗ်ာ။ က်ဳပ္လည္း စဥ္းစားရခက္ေနတာနဲ႔ ကြမ္းထိုင္ဝါးရင္း ကြင္းျပင္ကိုေငးၾကည့္ေနတဲ့ ဦးဘသာႀကီးကိုပဲ ေမးလိုက္ရတာေပါ့ဗ်ာ။

“ဦးဘသာ တစ္ခုခုေျပာပါအုံးဗ်၊ ဒါဆို ဒီရေသ့ႀကီးက ေမာင္သိန္းေျပာသလို ေဆးေတြေဖာ္စပ္ေနတဲ့ ေဆးဝိဇၨာရေသ့ႀကီး မဟုတ္ဘူးလား”

က်ဳပ္ေျပာတာကိုေတာင္ ဦးဘသာက ၾကားပုံမေပၚဘူးဗ်၊ ကြင္းထဲကို ေတြေတြႀကီးၾကည့္ေနတာ၊ ခင္ဗ်ားတို႔စဥ္းစားၾကည့္ဗ်ာ၊ လယ္ေစာင့္တဲထဲမွာ သူရယ္က်ဳပ္ရယ္ ႏွစ္ေယာက္မ်က္ႏွာခ်င္းဆိုင္ၿပီး စကားေျပာေနတာကို က်ဳပ္ကိုမၾကည့္တဲ့အျပင္ က်ဳပ္ေျပာေနတာကိုလည္း မၾကားဘူးဗ်။ ဒါနဲ႔ က်ဳပ္လည္း ဦးဘသာႀကီး ငုတ္တုတ္ႀကီးေမ့ေနတာမ်ားလားဆိုၿပီး သူ႔မ်က္လုံးအေရွ႕ကိုလက္ဝါးနဲ႔ ျဖတ္ၾကည့္ေတာ့မွ ဦးဘသာက မ်က္ေတာင္ေတြခတ္လာတယ္ဗ်။

“ဘာလုပ္တာလဲကြာ”

“ဟာ၊ ဦးဘသာႀကီးက လြန္ေနၿပီေနာ္၊ က်ဳပ္တစ္ေယာက္လုံးေျပာေနတာ မၾကားရေအာင္ ဦးဘသာႀကီး ဘာေတြေတြးေနတာတုန္းဗ်”

“ဪ၊ ဘာမွ မဟုတ္ပါဘူးကြာ၊ ဒီႏွစ္ေတာ့ စပါးကိုဘယ္လိုစိုက္မလဲလို႔ေတြးရင္း အေတြးလြန္သြားတာပါဗ်ာ”

က်ဳပ္လည္းအေတာ္စိတ္ညစ္သြားတာေပါ့။

“ဦးဘသာရာ၊ က်ဳပ္တို႔ရေသ့ႀကီးအေၾကာင္းေျပာေနရာကေန ဘယ္လိုလုပ္ၿပီးေတာ့ စပါးခင္းကို စိတ္ေရာက္သြားရတာလဲ”

“အိုကြာ၊ အသက္ႀကီးၿပီကြ၊ အသက္ႀကီးေတာ့ ဒီလိုပဲေတြးခ်င္ရာေတြ ေတြးေနတာေပါ့၊ ဒါနဲ႔ မင္းခုနက ဘာေျပာတာလဲ”

“ေတာထဲေရာက္ေနတဲ့ ရေသ့ႀကီးေလဗ်ာ၊ သူက မ႐ိုးဘူးဆိုတာ ဘာမ်ားလဲ၊ ၿပီးေတာ့ ဒီရေသ့ႀကီးက ေမာင္သိန္းေျပာသလို ေဆးဝါးေတြေဖာ္စပ္ေနတဲ့ ေဆးဝိဇၨာ ရေသ့ႀကီးမဟုတ္ဘူးလား”

ဦးဘသာက ေခါင္းခါလိုက္တယ္။

“သစ္ေကာက္ဝါးေကာက္သာျမင္ရတယ္တဲ့၊ လူ႔အတြင္းစိတ္ကို သိဖို႔ခက္တယ္လို႔ ဆိုတာပဲမဟုတ္လားအလတ္ေကာင္ရာ၊ ငါလည္း ေသေသခ်ာခ်ာမသိပါဘူး၊ ထင္တာေျပာတာပါ”

“ဘယ္လိုထင္လို႔တုန္းဗ်”

“အိုကြာ၊ လူေသပါးက သနပ္ခါးကို ေဆးေဖာ္မယ္ဆိုၿပီး ျခစ္ခိုင္းတဲ့လူက ေကာင္းတဲ့လူျဖစ္မလားကြ”

“ဟာဗ်ာ၊ ဒါေပမယ့္ သူက ရေသ့ႀကီးေနာ္၊ ဖန္ေရဆိုးတဲ့သကၤန္းကိုလည္းဝတ္ဆင္ထားတာ၊ ေနတာေတာင္မွ တစ္ပါးတည္း ေက်ာင္းသခၤန္းေလးနဲ႔ ေနတဲ့သူေနာ္”

ဦးဘသာက ရယ္တယ္ဗ်။

“ဟား၊ ဟား ဘာသာေရးေတြအေၾကာင္းေတာ့ ငါ့ထက္မင္းအေဖက ပိုသိမွာေပါ့ကြာ၊ ရေသ့ေတြေကာင္းမေကာင္းဆိုတာ မင္းအေဖကိုသြားေမးေပါ့ကြာ၊ ကဲ . . . သြားၿပီေဟ့”

ဦးဘသာက ကြမ္းအစ္ပိုက္ၿပီးေတာ့ က်ဳပ္တို႔လယ္ေစာင့္တဲထဲကေနထြက္သြားတယ္၊ က်ဳပ္လည္း တစ္ေယာက္တည္း အေတြးနယ္ခ်ဲ႕ရင္း က်န္ခဲ့တာေပါ့ဗ်ာ။

(၂)

ညေနေရာက္ေတာ့ ႏြားေတြသိမ္းၿပီး အိမ္ျပန္လာၾကတယ္၊ မိုးကမွန္ေနၿပီဆိုေတာ့ စပါးစိုက္တဲ့လယ္သမားေတြက မအားမလပ္ျဖစ္ေနၾကၿပီေပါ့ဗ်ာ။

အိမ္ေရာက္ေတာ့ အေဖက အိမ္ေရွ႕ခုံတန္းမွာထိုင္ေနတာနဲ႔ က်ဳပ္လည္း အေဖ့ေဘးနားသြားထိုင္လိုက္တယ္။

“အေဖ၊ ရေသ့ေတြက မေကာင္းဘူးဆိုဗ်”

အေဖက က်ဳပ္ကိုမ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္လိုက္ရင္း

“မေကာင္းဘူးလို႔ မင္းကိုဘယ္သူေျပာလိုက္တာလဲ”

“ဒါဆိုေကာင္းတယ္ေပါ့”

က်ဳပ္ေျပာေတာ့လည္း အေဖက စဥ္းစားၿပီး ေခါင္းခါျပေတာ့ က်ဳပ္စိတ္ရႈပ္သြားတာေပါ့ဗ်ာ။

“အေဖ့အေျဖက ဘာလဲဗ်၊ မေကာင္းဘူးလားဆိုေတာ့ ေကာင္းတယ္တဲ့၊ ေကာင္းသလားဆိုေတာ့လည္း မေကာင္းဘူးတဲ့ အေဖ့အေျဖက ဘာႀကီးလဲ”

အေဖက စားပြဲေပၚမွာခ်ထားတဲ့ ေျမပဲဆန္ေၾကာ္ပန္းကန္ထဲက ေျမပဲေစ့ တစ္ေစ့ႏွစ္ေစ့ကိုဝါးလိုက္တယ္ဗ်။
“ေလာကမွာ ဘယ္အရာမွ ေကာင္းတယ္ဆိုတာခ်ည္း ပုံေသတြက္လို႔မရသလို၊ ဘယ္အရာကိုမွလည္း မေကာင္းဘူးလို႔ ပုံေသတြက္လို႔မရဘူးအလတ္ေကာင္”

“ရေသ့ဆိုတာမ်ိဳးက က်င့္စဥ္တစ္ခုခုကို က်င့္ႀကံေနတဲ့လူေတြကိုေခၚတာ၊ ရေသ့တို႔ ရဟန္းတို႔ဆိုတာက တို႔ကိုးကြယ္တဲ့ ဘုန္းႀကီးသံဃာေတြလိုမဟုတ္ဘူးကြ”

“ဟင္၊ ဒါဆို ရဟန္းနဲ႔ သံဃာနဲ႔က မတူဘူးလား”

“ေသခ်ာေျပာရင္ေတာ့မတူဘူး၊ သံဃာဆိုတာ ဘုရားရွင္တည္ေထာင္ေပးလိုက္တဲ့ သံဃာအစုအဖြဲ႕ပဲ၊ ဘုရားရွင္ရဲ႕ တရားေတာ္ေတြအတိုင္း လိုက္နာက်င့္ႀကံရသလို၊ ဘုရားရွင္ခ်မွတ္ထားတဲ့ ဝိနည္းေတြကိုလည္း တေလးတစားလိုက္နာၾကရတယ္၊ ရဟန္းဆိုတာကေတာ့ ရေသ့ေတြလိုပဲ က်င့္စဥ္တစ္ခုခုက်င့္ေနတဲ့လူေတြကိုဆိုလိုခ်င္တာ၊ သူတို႔က်င့္စဥ္အရ တစ္မ်ိဳးမ်ိဳးက်င့္ႀကံေနၾကေပမယ့္ သံဃာေတာ္ေတြလိုမ်ိဳး ဝိနည္းနဲ႔အညီေနၾကတာမဟုတ္ဘူး”

“ဪ၊ က်ဳပ္နည္းနည္း နားလည္သလိုေတာ့ရွိလာၿပီ”

“ေအး၊ ရဟန္းေတြဆိုတာ ဘုရားမပြင့္ခင္ကတည္းက ေပၚခဲ့ၿပီးသား၊ ဘုရားရွင္ပြင့္ေတာ့လည္း အယူဝါဒအမ်ိဳးမ်ိဳးရွိၾကတာပဲမဟုတ္လား၊ အဲဒီလူေတြကို ရဟန္းေတြလို႔ ၿခဳံငုံၿပီးေခၚတာ၊ ေဒ၀ဒတ္တို႔ဆိုရင္ ဘုရားရွင္ကို ႏွိမ္ခ်ခ်င္လို႔ ရဟန္းႀကီးေဂါတမလို႔ေခၚတယ္မဟုတ္လား”

က်ဳပ္လည္းအေဖေျပာမွ ရွင္းသြားေတာ့တယ္။

“အဲဒီေတာ့ ရဟန္းဆိုတာ သာသနာျပင္ပမွာလည္း ရွိေနႏိုင္တယ္၊ သံဃာဆိုတာကေတာ့ သာသနာေတာ္အတြင္းမွာပဲ ရွိႏိုင္တယ္၊ ဒီလိုကြဲတာေပါ့ကြာ၊ ဒါေၾကာင့္မို႔ ဟိုတစ္ႏွစ္က ၿမိဳင္သာမွာ ဘုရားအေလာင္းဇာတ္ ခင္းေတာ့ ျပႆနာေတြတက္ၾကတာေပါ့”

“ဘယ္လိုျပႆနာတက္တာလဲဗ်”

“ဒီလိုကြ၊ ဘုရားမျဖစ္ခင္ နိမိတ္ႀကီးေလးပါးမွာ သူအို၊ သူနာ၊ သူေသ၊ ရဟန္းဆိုၿပီးရွိတယ္မဟုတ္လား၊ အဲဒီေတြကို ဇာတ္ပြဲကေတာ့ အလြယ္ပဲ ရဟန္းေနရာမွာ ဘုန္းႀကီးပုံဝတ္၊ သပိတ္လြယ္၊ ယပ္ေတာင္ေထာင္ၿပီးေတာ့ သ႐ုပ္ေဆာင္တယ္ေလ၊ ဒါကို ၿမိဳင္သာက ဆရာေတာ္ႀကီးေတြက ကန႔္ကြက္တာေပါ့၊ အမွန္ဆိုရင္ အဲဒီအခ်ိန္က ဘုရားမပြင့္ေသးဘူးဆိုေတာ့ ရဟန္းေနရာမွာ ရေသ့လိုပုံစံမ်ိဳးထည့္ရမွာ၊ ဒီလိုကျပလိုက္ရင္ ေႏွာင္းလူေတြက ဘုရားေတာင္မပြင့္ေသးဘူး သံဃာေတြ ရွိေနၿပီလားလို႔ အထင္မွားသြားၾကလိမ့္မယ္လို႔ ေျပာဆိုတာေပါ့၊ ဒါနဲ႔ ဇာတ္အဖြဲ႕လည္း ဆရာေတာ္ေတြကို ျပန္ေတာင္းပန္ရတာေပါ့၊ ေနာက္က်ရင္ အဲဒီလိုပုံစံမ်ိဳး မကေတာ့ပါဘူးေပါ့ကြာ”

“အင္း၊ ဆရာေတာ္ႀကီးေတြေျပာတာလည္း ဟုတ္တာပဲ၊ ဒါနဲ႔ ရေသ့ေတြမေကာင္းဘူးဆိုတာကေရာ”

“အဲဒီလိုေတာ့ သိမ္းႀကဳံးမေျပာခ်င္ဘူးကြ၊ ဒါေပမယ့္ ရေသ့ဆိုတာ သံဃာအျဖစ္မဝတ္ခ်င္လို႔၊ ဘုရားရွင္ခ်မွတ္ခဲ့တဲ့ ဝိနည္းအာပတ္ေတြကို မလိုက္နာႏိုင္လို႔ ရေသ့တို႔၊ ဦးသူေတာ္တို႔ဝတ္ၿပီး အားထုတ္ၾကတာေပါ့၊ တစ္ခါ ေလာကီပညာေတြလိုက္စားတဲ့ သူေတြဆိုရင္လည္း သံဃာမဝတ္ဘဲနဲ႔ ရေသ့ဝတ္ၾကတယ္၊ ဘာလို႔လဲဆိုေတာ့ သူတို႔လိုက္စားတဲ့ေလာကီပညာက ဝိနည္းနဲ႔မညီဘူးကိုး”

“အက်င့္တစ္ခုခုကိုက်င့္ေနတာျဖစ္လို႔ အဲဒီအက်င့္၊ က်င့္စဥ္က ေကာင္းတယ္၊ ဆိုးတယ္ဆိုတာအေပၚမူတည္ၿပီး အေကာင္းအဆိုးကြဲျပားတာေပါ့ကြာ၊ ငါေျပာခ်င္တာက အဲဒါပဲ၊ ဘာလဲ . . . မင္းက ရေသ့အေၾကာင္းသိခ်င္တယ္ဆိုေတာ့ ႐ြာျပင္ေတာတန္းမွာ တရားက်င့္ေနတဲ့ ရေသ့ႀကီးဆိုတာနဲ႔ ပတ္သက္ၿပီး သိခ်င္တာမဟုတ္လား”

အေဖက က်ဳပ္စိတ္ကိုႀကိဳသိသလိုပဲဗ်။ က်ဳပ္လည္းေခါင္းညိတ္ၿပီး

“ဟုတ္တာေပါ့အေဖရာ၊ ဒီရေသ့ႀကီးက ေမာင္သိန္းကိုပီယေဆးေဖာ္ေပးမယ္ဆိုၿပီးေတာ့ ပိုးျဖဴအေလာင္းက သနပ္ခါးျခစ္ခိုင္းလိုက္လို႔ ေမာင္သိန္းေသမလိုျဖစ္တာမဟုတ္လား၊ ဒီေတာ့ ဒီရေသ့ႀကီးက လူေကာင္းလား၊ လူဆိုးလားဆိုတာ သိခ်င္လို႔ပါ”

“ဒါကေတာ့ ဘုရားရွင္ေဟာထားတဲ့ ကာလာမသုတ္လိုေပါ့၊ သူမ်ားေျပာတိုင္းလည္းမယုံနဲ႔၊ ကိုယ္ကိုယ္တိုင္ေတြ႕ႀကဳံၿပီးေတာ့ ဟုတ္တယ္မဟုတ္ဘူးဆိုတာ ခ်င့္ခ်ိန္ၿပီးယုံေပါ့ကြာ၊ လူတစ္ေယာက္မေကာင္းတာနဲ႔ပဲ ဒီလူေတြအကုန္မေကာင္းဘူးလို႔ေတာ့သိမ္းႀကဳံးၿပီး ေျပာလို႔မရဘူးေပါ့”

“က်ဳပ္နားလည္ပါၿပီအေဖ”

“ရေသ့ထဲမွာ ငါးပါးသီလေတာင္ မေစာင့္တဲ့ရေသ့ရွိသလို၊ အမဲလိုက္တဲ့ရေသ့လဲရွိတာပဲ၊ ၿပီးေတာ့ ေလာကီပညာရပ္ဆည္းပူးေနတဲ့ရေသ့ေတြလည္းရွိတတ္တာပဲ၊ ဒါေပမယ့္ တကယ္သာသနာျပဳေနတဲ့ ရေသ့ႀကီး ဦးခႏၲီလို သူေတာ္စင္ရေသ့ႀကီးေတြလည္းရွိတာပဲကြ၊ ဒါေၾကာင့္ သိမ္းႀကဳံးေျပာလို႔မရဘူးလို႔ေျပာတာ”

“ဒါေပမယ့္ တစ္ခုေတာ့ေျပာခ်င္တယ္၊ တစ္ခါတစ္ေလက်ရင္ လူေတြက ဖုံးကြယ္တတ္သတဲ့ကြ၊ ပညာမတတ္တဲ့လူက ပညာတတ္ေယာင္ေယာင္နဲ႔ လူပုံအလယ္မွာ ႂကြားဝါတတ္တယ္၊ မခ်မ္းသာတဲ့လူက တကယ္ခ်မ္းသာသေယာင္ေယာင္ အတုအေယာင္ေတြ လုပ္ျပတတ္တယ္၊ ၿပီးေတာ့ သူဆိုး၊ သူညံ့ေတြကလည္း သူတို႔အျဖစ္မွန္ကို လူသိမွာစိုးလို႔ သူေတာ္ေကာင္းလိုလို ဟန္ေဆာင္တတ္ၾကတယ္၊ ဖုံးကြယ္တတ္ၾကတယ္ငါ့သား”

“ဒါဆိုအေဖေျပာခ်င္တာက ဒီရေသ့ႀကီးက မေကာင္းတဲ့လူလို႔ဆိုခ်င္တာလား”

“ဒါကေတာ့ ခုနက မင္းကိုေျပာထားၿပီးသားပဲကြာ၊ ကိုယ့္ဖာကိုယ္ ခ်င့္ခ်ိန္ေပါ့ကြ”

ညေနကလည္း အေတာ္ေစာင္းၿပီ၊ မၾကာခင္ ထမင္းစားေတာ့မွာဆိုေတာ့ က်ဳပ္လည္းအေဖနဲ႔ေျပာေနတဲ့စကားစကိုျဖတ္လိုက္ၿပီးေတာ့ ေရမိုးခ်ိဳးဖို႔ျပင္ရတာေပါ့ဗ်ာ၊ က်ဳပ္မွာ ေရသာခ်ိဳးေနရတယ္၊ အဲဒီရေသ့ႀကီးအေၾကာင္းက ေခါင္းထဲကကို မထြက္ဘူးဗ်။

(၃)

အေကာင္းဆုံးကေတာ့ ေနာက္တစ္ေခါက္သြားၾကည့္ဖို႔ပဲဗ်၊ ရေသ့ႀကီးမသိေအာင္ သူဘာလုပ္ေနသလဲဆိုတာကို ေခ်ာင္းၾကည့္ၿပီးေတာ့ ဆုံးျဖတ္ရမယ္၊ အေဖကေတာ့ သူကလူဆိုးပါလို႔ တိုက္႐ိုက္ေတာ့မေျပာဘူး၊ ဦးဘသာကလည္း လူေသပါးကသနပ္ခါးနဲ႔ ေဆးေဖာ္မယ္ဆိုကတည္းက ေကာင္းတဲ့လူျဖစ္ပါ့မလားလို႔ ေျပာတယ္ဆိုေတာ့ က်ဳပ္လည္းသိခ်င္တာေပါ့ဗ်ာ။

ေနာက္ေန႔ေတာ့ က်ဳပ္ေမာင္သိန္းကိုအေဖာ္သြားစပ္တယ္၊ ေမာင္သိန္းက သူမလိုက္ရဲေတာ့ဘူးတဲ့ဗ်ာ၊ အရင္ကေတာ့ လူေတြမသိေအာင္လို႔ တစ္ေန႔တစ္ခါ ထမင္းဟင္းသြားသြားပို႔ေနတဲ့သူက အခုေတာ့မလိုက္ရဲဘူးတဲ့၊ ႐ြာကလူေတြကလည္း အဲဒီဖက္ကို မသြားရဲတာအမွန္ပဲဗ်၊ အရင္ကတည္းက အဲဒီအေနာက္ဘက္ေတာတန္းက သုႆန္အေဟာင္းႀကီးကိုး၊ သရဲဆိုတာလည္း အင္မတန္ေျခာက္တာမဟုတ္လား။

အေဖာ္စပ္မရရင္ က်ဳပ္တစ္ေယာက္တည္းသြားမယ္ဆိုၿပီး ဆုံးျဖတ္လိုက္တယ္၊ ဒါနဲ႔ လယ္ထဲဆင္းခဲ့တယ္၊ အငယ္ေကာင္နဲ႔ က်ဳပ္ညီမေတြကေတာ့ စပါးစိုက္ဖို႔ ပ်ိဳးခင္းေတြပ်ိဳးေနၾကၿပီ၊ က်ဳပ္လည္း လယ္ထဲမွာ ဟိုလုပ္ဒီလုပ္နဲ႔ ဆယ့္ငါးမိနစ္ေလာက္လုပ္ၿပီးေတာ့ ဓါးမတစ္ေခ်ာင္းခါးၾကားထိုးၿပီး အေနာက္ဘက္ေတာတန္းဘက္ကို ထြက္လာတာေပါ့ဗ်ာ။

အေနာက္ဘက္ေတာတန္းကို တစ္ေယာက္တည္းလာရတာလည္း ခပ္ေၾကာက္ေၾကာက္ပဲဗ်၊ ေတာတန္းရဲ႕ ေတာင္ဘက္နားမွာလူစားတဲ့ေရတြင္းႀကီးလည္း ရွိေသးတယ္မဟုတ္လား၊ ၿပီးေတာ့ အဲဒီေတာတန္းအစပ္ဆိုတာကလည္း အရင္႐ြာေဟာင္းရဲ႕ သုႆန္ေျမႀကီး၊ ေတာတန္းထဲကေန ဆက္ၿပီးသြားရင္ အရင္ဖက္လိပ္႐ြာေဟာင္းႀကီးရဲ႕ ေျမေနရာႀကီးဗ်၊ ဖက္လိပ္႐ြာက သရဲေတြၾကမ္းပုံကို အရင္တုန္းက က်ဳပ္ေျပာျပခဲ့ဖူးတယ္မဟုတ္လား၊

က်ဳပ္လည္း ေၾကာက္တယ္ဆိုေပမယ့္ သိခ်င္စိတ္က ေမာင္းႏွင္ေနတာဆိုေတာ့ မေၾကာက္မ႐ြံ႕ေပါ့ဗ်ာ၊ အခ်ိန္ကလည္း ေန႔လည္ဆယ္နာရီေလာက္ရွိေသးတာ၊ မိုးမအုံ႔ေတာ့ ေနကလည္း ျခစ္ျခစ္ေတာက္ပူေနတာကိုး၊ ဒီေတာ့ ေန႔ခင္းႀကီးဆိုၿပီး ေၾကာက္စိတ္က တစ္ဝက္ေလာက္ ေလ်ာ့ေနတာလည္းပါတယ္။

ေမာင္သိန္းနဲ႔သြားတဲ့လမ္းက လူသြားလမ္းကေလးရွိတယ္ဗ်၊ ေတာထဲကို တစ္ခါတစ္ေလက်ရင္ မႈိရွာမွ်စ္ရွာတဲ့လူေတြ၊ ေနာက္ၿပီးေတာ့ ငွက္ပစ္၊ သားေကာင္ပစ္တဲ့လူေတြ လာတတ္ၾကေတာ့ လူသြားလမ္းကေလးလိုလိုျဖစ္ေနတာေပါ့ဗ်ာ၊ က်ဳပ္က ေခ်ာင္းမွာဆိုေတာ့ အဲဒီလူသြားလမ္းကမဟုတ္ဘဲနဲ႔ ေတာတန္းကေလးကိုပတ္ၿပီး အေနာက္ဘက္ကေနတိုးခဲ့တာေပါ့ဗ်ာ။

ေတာစံပယ္ခ်ဳံေတြကို တိုးရင္း မၾကာပါဘူး လြမ္းေစတီကေလးအနားကိုေရာက္လာပါေရာဗ်ာ၊ အဲဒီအနားမွာ ထန္းလက္ေတြမိုးထားတဲ့ တဲကေလးလည္းရွိတယ္မဟုတ္လား၊ က်ဳပ္လည္း တဲကေလးထဲမွာ လူရွိသလားဆိုၿပီးေတာ့ ေခ်ာင္းတာေပါ့ဗ်ာ၊ မလုံ႔တလုံကာထားတဲ့တဲကေလးကို အသာေခ်ာင္းလိုက္ေတာ့ လူတစ္ေယာက္မွမရွိဘူးဗ်၊

“ရေသ့ႀကီး တစ္ေနရာထြက္သြားတာပဲျဖစ္မယ္”

က်ဳပ္လည္း ေရ႐ြတ္လိုက္ၿပီးေတာ့ ပတ္ဝန္းက်င္ကိုတစ္ခ်က္ၾကည့္လိုက္တယ္ဗ်၊ ပတ္ဝန္းက်င္က ေျမျပင္ေတြမွာ တြင္းေတြဆိုတာ မြစာက်ဲေနတာပဲဗ်ာ၊ ဒါေပမယ့္ တြင္းပက္လက္ႀကီးေတြေတာ့မဟုတ္ဘူးဗ်၊ တူးၿပီးေတာ့ ျပန္ျပန္ဖို႔ထားတဲ့ပုံပဲ၊ ေသခ်ာျပန္မဖို႔ထားေတာ့ ေျမပုံေလးေတြျဖစ္ေနတာေပါ့ဗ်ာ။

တစ္ေနရာသြားၾကည့္ရင္း တူ႐ြင္းတစ္ခုက ေျမမွာတန္းလန္းႀကီးစိုက္ေနတာကို ေတြ႕တယ္ဗ်။ က်ဳပ္လည္း အဲဒီအနားကို အသာသြားၾကည့္တာေပါ့၊ ရေသ့ႀကီးျပန္လာမွာလည္း ေၾကာက္တာနဲ႔မတ္တပ္မသြားရဲဘူးဗ်ာ၊ ခ်ဳံပုတ္ေတြအကာအကြယ္ယူၿပီးေတာ့ ထိုင္ၿပီးေတာ့ ဘဲသြားသြားရတာေပါ့၊ အဲဒီတူ႐ြင္းနားေရာက္ေတာ့ တစ္ေပပတ္လည္ေလာက္ တြင္းကေလးေတြ႕တယ္ဗ်၊ အဲဒီတြင္းထဲကိုက ေျမစာေတြကို က်ဳပ္လည္း လက္နဲ႔ဖယ္လိုက္တာေပါ့။

“ေအာင္မယ္ေလး”

က်ဳပ္လန႔္ၿပီးေအာ္လိုက္မိတယ္ဗ်၊ ေျမစာေတြေအာက္ကေန လူအ႐ိုးေခါင္းႀကီးထြက္လာတာဗ်။ သြားေတြဆိုရင္ေဖြးေနတာပဲ၊ က်ဳပ္လည္း အ႐ိုးေခါင္းႀကီးကိုၾကည့္ရင္း ၾကက္သီးထလာတယ္၊ ဒီေနရာက သုႆန္ေဟာင္းႀကီးဆိုamတ့ အရင္က ျမႇဳပ္ခဲ့တဲ့ လူေတြရွိမွာေပါ့ဗ်ာ။

က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ထြက္လာခဲ့တယ္၊ ထြက္ေျပးဖို႔အလုပ္မွာ သူ႔တဲကေလးထဲမွာ ဘာေတြရွိသလဲဆိုတာ သိခ်င္တာနဲ႔ တဲကေလးဆီကိုလာခဲ့တာေပါ့ဗ်ာ၊ တဲကေလးက ေျခတံရွည္ေလးေဆာက္ထားတာဗ်၊ တဲၾကမ္းခင္းကိုေတာ့ ဝါးျခမ္းေတြခင္းထားတာေပါ့ဗ်ာ၊ တဲအေပၚမွာ ဘာမွေထြေထြထူးထူးမရွိပါဘူး၊ စားအိုးစားခြက္ေတြေလာက္ပဲရွိတာ၊ တဲအလယ္နားမွာေတာ့ အိပ္ရာတစ္ခုခင္းထားတယ္ဗ်၊ ဖ်ာေပၚမွာ ေစာင္တစ္ထည္ကိုျဖန႔္ခင္းထားတဲ့၊ ခ်ည္သားေစာင္အပါးကေလးေပါ့ဗ်ာ၊ ေစာင္ေအာက္မွာေတာ့ ခိုးလိုးခုလုေလးေတြျဖစ္ေနတယ္ဗ်၊ က်ဳပ္လည္း ဘာေတြလည္းဆိုတာသိခ်င္တာနဲ႔ တဲေပၚကိုအသာတက္လိုက္တာေပါ့ဗ်ာ။

က်ဳပ္တက္လိုက္ေတာ့ တဲက သိမ့္ခနဲျဖစ္သြားတယ္၊ က်ဳပ္လည္းခပ္ျမန္ျမန္သြားၿပီးေတာ့ ေစာင္ကိုလွန္ၾကည့္လိုက္တယ္ဆိုရင္ပဲ အ႐ိုးေတြက ေဖ်ာခနဲေစာင္ေအာက္ကေနထြက္လာတာဗ်။

အ႐ိုးေလးေတြက လက္တစ္ဆစ္ေလာက္အ႐ြယ္အစားကေနၿပီးေတာ့ ဒူး႐ိုးလို၊ ခုံညင္း႐ိုးလို အ႐ိုးေတြကေန ေပါင္႐ိုးေတြအထိပါတယ္ဗ်။ က်ဳပ္လည္းအ႐ိုးေတြကို ထူးဆန္းၿပီးၾကည့္ေနလိုက္တယ္၊ ရေသ့ႀကီးက ဘာအ႐ိုးေတြမ်ားစုေနပါလိမ့္ေပါ့ဗ်ာ။

“ေဖာက္ . . . ေဖာက္”

က်ဳပ္ေတြးေနတုန္း ေက်ာက္တုံးႏွစ္လုံးက တဲေခါင္မိုးကိုလာထိတယ္ဗ်၊ ရေသ့ႀကီးျပန္လာၿပီအထင္နဲ႔ က်ဳပ္လည္းတဲေအာက္ကိုခုန္ဆင္းခဲ့တာေပါ့ဗ်ာ၊ ပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့ လူရိပ္လူေယာင္ေတာင္ မျမင္ရဘူးဗ်။

ဒါေပမယ့္ ဘုရားပ်က္အေနာက္က ခ်ဳံထဲကေနၿပီးေတာ့ ေက်ာက္တုံးေတြပ်ံထြက္လာတယ္ဗ်၊ က်ဳပ္ဆီတန္းတန္းမတ္မတ္လာတာနဲ႔ က်ဳပ္လည္း ထိုင္ခ်လိုက္တာေပါ့ဗ်ာ၊ လက္သီးဆုပ္ေလာက္ရွိတဲ့ ေက်ာက္တုံးႀကီးသုံးလုံးက က်ဳပ္ေခါင္းေပၚကေန ဝွီးခနဲ ဝွီးခနဲ ျဖတ္ပ်ံ႕သြားၿပီး သစ္ပင္ေတြၾကားက်သြားတယ္ဗ်ာ၊ က်ဳပ္ျဖင့္ေၾကာက္လိုက္တာဗ်ာ၊ အဲဒီေက်ာက္ခဲႀကီးတစ္လုံးေလာက္သာ က်ဳပ္ေခါင္းကိုထိလိုက္ရင္ က်ဳပ္ေသမွာဗ်။

က်ဳပ္လည္းအျမန္ထၿပီးၾကည့္လိုက္ေတာ့ ေနာက္ထပ္ေက်ာက္ခဲေတြပ်ံလာတယ္ဗ်၊ လူေတာ့လုံး၀မေတြ႕ဘူး၊ က်ဳပ္ကေတာ့ သရဲေပါက္တယ္လို႔ပဲထင္တာ၊ ဒါနဲ႔ပဲ အျမန္လွည့္ေျပးတာေပါ့ဗ်ာ၊ ဒါေတာင္မွ ကြမ္းသီးေလာက္ရွိတဲ့ေက်ာက္ခဲေတြက ေနာက္ေစ့နားကိုတစ္ခ်က္၊ ခါးလယ္ကိုတစ္ခ်က္ ျဖတ္မွန္ေသးတာ၊ ေနာက္ဆုံးေတာအုပ္အထြက္ေရာက္ေတာ့မွ လက္သီးဆုပ္ေလာက္ရွိတဲ့ေက်ာက္ခဲႀကီးက က်ဳပ္ရဲ႕ဒူးေခါက္ေကြးကိုမွန္လို႔ ေထာ့က်ိဳးႀကီးထြက္ေျပးရတာေပါ့ဗ်ာ။ ေတာတန္းထဲကထြက္လာၿပီးေတာ့မွ အေနာက္ကိုလွည့္ၾကည့္မိတယ္ဆိုရင္ပဲ ေတာတန္းကေလးထဲမွာ လူေတြမနည္းဘူးဗ်၊ ခ်ံ႕Kပင္ေတြနဲ႔ကြယ္ေနတာဆိုေတာ့ ေခါင္းေတြနဲ႔ ရင္ၫြန႔္ေလာက္အထိပဲျမင္ရတာမဟုတ္လား။

“ေဟ့ေကာင္၊ ဘယ္လိုျဖစ္လာတာလဲကြ”

အေမာတေကာနဲ႔ ေျပးလာတဲ့က်ဳပ္ကိုေတြ႕ေတာ့ ဦးဘသာက ဆီးေမးတယ္ဗ်၊ က်ဳပ္လည္း လယ္တဲထဲကိုဝင္ထိုင္လိုက္တာေပါ့ဗ်ာ၊ ဦးဘသာလည္း ႏြားေတြကိုခ်ည္ထားၿပီး တဲထဲကိုလိုက္ဝင္လာတာေပါ့။ က်ဳပ္လည္းေမာေမာနဲ႔ ေရေႏြးေတာင္မေသာက္ႏိုင္ဘဲ ေသာက္ေရအိုးစငက ေရကို ေလးငါးခြက္ ခပ္ေသာက္လိုက္တာေပါ့ဗ်ာ။

“ဘာျဖစ္လာတာလဲ အကိုလတ္၊ အေမာတေကာနဲ႔”

ညီမငယ္က ေမးတယ္၊ က်ဳပ္လည္းျပန္မေျဖအားပါဘူးဗ်ာ၊ ေမာေနလို႔ အေတာ္အေမာေျဖေနရတယ္။ ဦးဘသာက က်ဳပ္အနားေရာက္လာၿပီးေတာ့ က်ဳပ္ကိုခါးေထာက္ၿပီးၾကည့္တယ္။

“နင္တို႔အကိုၾကည့္ရတာ၊ ေန႔ခင္းေၾကာင္ေတာင္၊ သရဲနဲ႔ေတြ႕လာခဲ့တဲ့ပုံပဲ”

ဦးဘသာဘယ္လိုသိသလဲေတာ့မသိဘူးဗ်ာ၊ က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္။

“ဟုတ္၊ ဟုတ္တယ္ ဦးဘသာ၊ က်ဳပ္ . . . က်ဳပ္အေနာက္ဘက္ ေတာတန္းထဲကိုသြားခဲ့တာ”

က်ဳပ္ေျပာလိုက္ေတာ့ အငယ္ေကာင္ေရာ၊ အငယ္မေတြေရာ က်ဳပ္အနားမွာစုလာၾကတယ္ဗ်။

“ေနစမ္းပါအုံး အကိုလတ္က အဲဒီေတာတန္းထဲကို ဘာသြားလုပ္တာလဲ”

“ငါ ဟိုေန႔က ရေသ့ႀကီးကိုသြားရွာတာဟ”

“အကိုလတ္ကေတာ့ လုပ္ေတာ့မယ္၊ ဒီေလာက္သရဲေျခာက္တဲ့ေနရာကို တစ္ေယာက္တည္းသြားရသလား၊ မေသတာကံေကာင္း”

“ငါေျပာတာဆုံးေအာင္နားေထာင္ပါအုံးဟာ”

က်ဳပ္လည္း ဦးဘသာဘက္ကိုလွည့္လိုက္ၿပီးေတာ့

“ဦးဘသာ၊ ဦးဘသာထင္တာမွန္တယ္ဗ်၊ ဒီရေသ့ႀကီးက မ႐ိုးသားဘူး”

“ဘာေတြမ႐ိုးသားတာလဲကြ”

“သူက ေတာတန္းထဲမွာ တရားအားထုတ္ေနသလိုလို ဘာလိုလိုလုပ္ေနတာဗ်၊ တကယ္တမ္းကေတာ့ ေတာတန္းထဲမွာ က်င္းေတြတူးၿပီး လူ႐ိုးေတြေဖာ္ေနတာဗ်”

“ေသခ်ာလို႔လားကြာ”

“ေသခ်ာပါတယ္ဗ်ာ၊ က်ဳပ္ေမာင္သိန္းနဲ႔လိုက္သြားတဲ့ေန႔တုန္းကလည္း တူ႐ြင္းတစ္ေခ်ာင္းနဲ႔ ဟိုတူးဒီတူးလုပ္ေနတာနဲ႔ က်ဳပ္ကေမးမိေတာ့ အပင္စိုက္မလို႔တူးေနတာတဲ့ေလဗ်ာ”

“မင္းကြာ၊ ေတာအုပ္ထဲမွာ အပင္စိုက္မယ္လို႔ေျပာတာကို မင္းမို႔ယုံရသလား”

“မယုံလို႔ အခုသြားၾကည့္တာေပါ့ဗ်၊ သြားၾကည့္ေတာ့ က်င္းေတတူးလိုက္ ျပန္ျမႇဳပ္လိုက္နဲ႔လုပ္ေနတာဗ်၊ က်ဳပ္လည္း သူတူးလက္စက်င္းႀကီးကို သြားၾကည့္လိုက္ေတာ့ ေအာက္ကလူ႐ိုးေခါင္းႀကီးထြက္လာတယ္ဗ်”

က်ဳပ္ေျပာတာကို ဦးဘသာက မ်က္ေမွာင္ၾကဳတ္ၿပီး ေသေသခ်ာခ်ာနားေထာင္တယ္ဗ်။

“ဒါတင္မကေသးဘူး၊ သူ႔တဲကေလးထဲမွာလည္း ဖ်ာေပၚမွာအ႐ိုးေတြခင္းၿပီး ေစာင္နဲ႔အုပ္ထားတာဗ်ာ၊ အ႐ိုးေတြကေတာ့ ေတာ္ေတာ္မ်ားတယ္၊ ႀကီးႀကီးေတြေရာ ေသးေသးေလးေတြေရာ စုံလို႔ပဲဗ်”

ဦးဘသာက မုတ္ဆိတ္ေမႊး က်ဲက်ဲေပါက္ေနတဲ့ သူ႔ရဲ႕ေမးေစ့ကိုပြတ္ေနတယ္ဗ်။ က်ဳပ္လည္း ဆက္ေျပာတာေပါ့ဗ်ာ။

“အဲဒီအခ်ိန္မွာပဲ ခ်ဳံပင္ေတြၾကားကေန က်ဳပ္ကိုခဲေတြနဲ႔လွမ္းေပါက္တာဗ်၊ ခဲလုံးကလည္း အႀကီးႀကီးေတြပဲ၊ က်ဳပ္လည္းေသခ်ာၾကည့္ေပမယ့္ ေပါက္တဲ့သူကိုမေတြ႕ရဘူးဗ်၊ အဲဒါနဲ႔ ထြက္ေျပးရင္း ေဟာဒီဂုတ္နားကိုတစ္ခ်က္၊ ေဟာဒီခါးမွာတစ္ခ်က္၊ ဒူးေခါက္ေကြးကိုလည္းမွန္တယ္ဗ်ာ၊ နည္းတဲ့ေက်ာက္တုံးႀကီးမဟုတ္ဘူး”

က်ဳပ္လည္းေျပာရင္းေျပာရင္းနဲ႔ ေျခေထာက္ကိုျပလိုက္ေတာ့ က်ဳပ္မ်က္လုံးေတာင္က်ဳပ္မယုံႏိုင္ဘူးဗ်ာ၊ က်ဳပ္ဘယ္ဖက္ေျခေထာက္ ဒူးေအာက္ပိုင္းကစၿပီး ေျခေထာက္ႀကီးက ေယာင္ၿပီးေတာ့ ေဖာင္းတင္းလာတာဗ်။ ေသြးေျခဥသလို ညိဳမဲမဲႀကီးျဖစ္ေနၿပီးေတာ့ ေျခေထာက္ႀကီးကလည္း မသိရင္ဆင္ေျခေထာက္ေရာဂါရတဲ့လူလိုမ်ိဳး ေဖာင္းကားေယာင္ကိုင္းလာေတာ့တာပဲ။

“အကိုလတ္၊ ဂုတ္ . . . ဂုတ္မွာ”

အငယ္မေျပာလို႔က်ဳပ္လည္း ဂုတ္ကိုစမ္းလိုက္ေတာ့ ဂုတ္က ေက်ာက္တုံးထိတဲ့ေနရာမွာ ဘုႀကီးတစ္ခုထေနတာဗ်၊ အာလူးဖုႀကီးလို ေဖာင္းေဖာင္းတင္းတင္းႀကီး၊ က်ဳပ္လဲ ေၾကာက္သြားၿပီးေတာ့ အက်ႌလွန္လိုက္ေတာ့ ခါးမွာလည္း ဖုႀကီးတစ္ဖုဗ်ာ။

“အကိုလတ္ေတာ့ သရဲကိုင္ခံရၿပီထင္တယ္”

အငယ္ေကာင္ေျပာေတာ့ က်ဳပ္လည္း ဦးဘသာကို အားကိုးတႀကီးနဲ႔ေမာ့ၾကည့္လိုက္တယ္ဗ်၊ ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း

“ဟဲ့ အငယ္မ နင္တို႔ဆီမွာ ထုံးရွိလား”

က်ဳပ္တို႔လယ္တဲမွာ ထုံးဘယ္ရွိပါ့မလဲဗ်ာ၊ ကြမ္းစားတတ္တဲ့လူမွ မရွိတာပဲ၊ ဒါနဲ႔ ႏို႔ညႇာညီမက ဦးဘသာလယ္တဲကေန ကြမ္းအစ္ေျပးယူေပးရတယ္၊ ကြမ္းအစ္ရတာနဲ႔ ဦးဘသာႀကီးက ထုံးေတြေကာ္ၿပီး သူ႔လက္ဝါးထဲထည့္တယ္။ ၿပီးေတာ့ ေဆး႐ြက္ႀကီးေတြ ဖဲ့ထဲ့ၿပီးေတာ့ လက္ထဲမွာေခ်ေနတယ္ဗ်၊ တံေတြးေတြလည္း ေထြးေထြးထည့္ေသးတာ။ က်ဳပ္ေျခေထာက္ႀကီးက ပိုပိုၿပီးႀကီးလာတယ္ဗ်ာ၊ ဂုတ္ကိုဆိုရင္လည္း တစ္ေယာက္ေယာက္က ဆြဲကိုင္ထားသလိုမ်ိဳး တင္းတင္းႀကီးျဖစ္ေနေတာ့တာ။

“ဦးဘသာ၊ က်ဳပ္ . . က်ဳပ္ကိုသရဲကဖမ္းတာလား”

“ဘာမွမျဖစ္ပါဘူးကြာ၊ ပူမေနစမ္းပါနဲ႔၊ ခဲမွန္လို႔ ညိဳမဲစြဲတာပါကြ၊ ျပစမ္း”

ဦးဘသာက က်ဳပ္ဂုတ္ကအဖုႀကီးကို ခုနက ထုံးနဲ႔ေဆး႐ြက္ႀကီးေရာထားတာနဲ႔ ပြတ္ေပးတယ္ဗ်၊ ထုံးပါလို႔လားေတာ့မသိဘူး ပူလိုက္တာမွဗ်ာ၊ မသိရင္ မီးစနဲ႔ထိုးသလိုပဲ၊ တစ္ခါ ခါးက ဖုႀကီးကိုလည္း လူးျပန္ေရာဗ်ိဳ႕၊ ခါးမွာလည္း ပူစပ္ပူေလာင္ႀကီးျဖစ္သြားတာ၊ က်န္တဲ့ထုံးေတြနဲ႔ ေျခေထာက္ကို လိမ္းၿပီးေတာ့ ဒူးကေနေအာက္ကို ပြတ္သပ္ခ်တယ္ဗ်။ ေျခေထာက္တစ္ေခ်ာင္းလုံး တျဖင္းျဖင္းနဲ႔ မသိရင္ပု႐ြက္ဆိတ္အေကာင္ေတြ ဆင္းေျပးသြားသလိုမ်ိဳး ယားက်ိက်ိႀကီးျဖစ္ၿပီး က်န္ေနခဲ့တာပဲဗ်ာ။ ဦးဘသာက က်ဳပ္ကိုၾကည့္ၿပီးေတာ့

“ေကာင္းသြားမွာပါကြာ၊ ကဲ . . . ငါလည္းထမင္းစားေတာ့မယ္ေဟ့”

က်ဳပ္တို႔ေတြ ထမင္းစုၿပီးစားလိုက္ၾကတယ္၊ လူငယ္ေတြခ်ည္းပဲမို႔ ဦးဘသာကိုေၾကာက္တာဘာညာေတာ့ သိပ္မရွိပါဘူးဗ်ာ၊ ဒီလိုနဲ႔ က်ဳပ္လည္း အလုပ္သိပ္မလုပ္ႏိုင္ဘူးေပါ့ဗ်ာ။ ညေနေရာက္ေတာ့ က်ဳပ္တို႔ေတြျပန္လာခဲ့တာေပါ့၊ က်ဳပ္ေျခေထာက္လည္း ညေနမေရာက္ခင္မွာပဲ အေယာင္ျပန္က်သြားတယ္ဗ်၊ ဂုတ္နဲ႔ ခါးက ဖုေတြဆိုရင္လည္း ဖုတယ္ဆို႐ုံကေလးပဲရွိေတာ့တာ။

အိမ္ျပန္လာေတာ့ လမ္းမွာ ဦးဘသာက က်ဳပ္ကိုလွမ္းေခၚတယ္ဗ်။

“အလတ္ေကာင္ သက္သာရဲ႕လား”

“သက္သာပါတယ္ဗ်ာ၊ ေျခေထာက္ေတာ္ေတာ္အေယာင္က်သြားၿပီ”

က်ဳပ္လည္း ေျခေထာက္ကိုျပလိုက္တာေပါ့ဗ်ာ၊ ဦးဘသာက က်ဳပ္စီးထားတဲ့ဖိနပ္ကို အေသအခ်ာၾကည့္လိုက္ၿပီးေတာ့

“ေအာင္မာ၊ မင္းဖိနပ္က ေကာင္းလွခ်ည္လား၊ ငါ့ကိုေပးစိးပါလား”

က်ဳပ္လည္း အံ့ဩသြားတာေပါ့ဗ်ာ၊ က်ဳပ္ဖိနပ္က ဒီေလာက္ေကာင္းတယ္လည္း မဟုတ္ပါဘူးဗ်ာ၊ ကားတာယာအေဟာင္းေတြကို လွီးၿပီးျပန္ခ်ဳပ္ထားတဲ့ တာယာဖိနပ္ႀကီးပါ၊ ဦးဘသာကေတာ့ သရက္သားကို ခုတ္ထားၿပီး တာယာနဲ႔ကြင္းတပ္ထားတဲ့ ခုံဖိနပ္ႀကီးပဲစီးတာမဟုတ္လား။

“ဟာဗ်ာ၊ ဦးဘသာေျခေထာက္နဲ႔ က်ဳပ္ေျခေထာက္နဲ႔ ဆိုဒ္ခ်င္းတူမွမတူတာဗ်၊ စီးခ်င္ရင္ က်ဳပ္ဝယ္ေပးမယ္”

“မရေတာ့ဘူး၊ ငါက အခုစီးခ်င္တာကြ၊ လုပ္စမ္းပါ၊ တာယာဖိနပ္စီးေကာင္းရင္ ငါလည္းဝယ္စီးခ်င္လို႔၊ ငါ့ကိုတစ္ရက္ေလာက္ေပးစီး ဟုတ္ၿပီလား”

က်ဳပ္လည္းေခါင္းကုတ္ၿပီးေတာ့ ဖိနပ္ခြၽတ္ေပးလိုက္တယ္၊ ဦးဘသာကလည္း သူ႔ခုံဖိနပ္ကိုခြၽတ္ၿပီးေတာ့ က်ဳပ္ကိုေပးစီးတာေပါ့ဗ်ာ၊ သူ႔ခုံဖိနပ္က က်ဳပ္ေျခေထာက္နဲ႔ဆိုရင္ ေသးေနတယ္ဗ်၊ က်ဳပ္ဖေနာင့္က အေနာက္ကို လက္ႏွစ္လုံးေလာက္ထြက္ေနပါေရာ၊ ဦးဘသာကလည္း ခပ္တည္တည္ပဲဗ်၊ က်ဳပ္ရဲ႕တာယာဖိနပ္ႀကီးကို မေတာ္မတည့္နဲ႔ စီးခ်သြားပါေရာလားဗ်ာ။

(၄)

ညေရာက္ေတာ့ တစ္႐ြာလုံးေခြးေတြအူခ်က္ဗ်ာ၊ ညခုနစ္နာရီေလာက္ကေနစၿပီးေတာ့ ဆြဲဆြဲငင္ငင္ကိုအူတာဗ်၊ ႐ြာလူေတြဆို သိပ္ေၾကာက္ၾကတာေပါ့ဗ်ာ၊ ပိုးျဖဴေသတုန္းက အူတာထက္ ပိုၿပီးဆိုးဆိုး႐ြား႐ြားအူေတာ့တာပဲ။

အေဖနဲ႔က်ဳပ္လည္း အေျခအေနေစာင့္ၾကည့္ေနတာေပါ့ဗ်ာ၊ ဘယ္အိမ္က ဘာမ်ားျဖစ္မလဲေပါ့ဗ်ာ၊ ေနာက္ေတာ့ ေခြးေတြက အူေနရာကေနၿပီး ထိုးေဟာင္ေတာ့တာပဲ၊ နာရီဝက္ေလာက္ၾကာေတာ့မွ အားလုံးတိတ္ဆိတ္သြားတယ္ဗ်။ မၾကာပါဘူး၊ ႐ြာသားတစ္ေယာက္က ေျပးလာတယ္။

“သူႀကီးေရ ႐ြာထိပ္မွာ ရေသ့ႀကီးတစ္ေယာက္ ႐ြာကိုေအာ္ဆဲေနတယ္ဗ်”

အေဖလည္းအိမ္ေပၚကဆင္းေရာ က်ဳပ္လည္း ငွက္ႀကီးေတာင္ဓါးဆြဲၿပီး အေနာက္ကေနဆင္းတာေပါ့ဗ်ာ၊ ႐ြာထိပ္ကိုေျပးသြားၾကေတာ့ ႐ြာထိပ္မွာ လူေတြေတာင္ေတာ္ေတာ္စုံေနၿပီဗ်၊ ရေသ့ႀကီးက က်ဳပ္ေတြ႕ခဲ့တဲ့ရေသ့ႀကီးပါပဲဗ်ာ၊ ႐ြာကိုလက္ညႇိဳးထိုးၿပီးေတာ့ အမ်ိဳးစုံေအာင္ဆဲဆိုေနေတာ့တာ၊ ဒါနဲ႔ အေဖက အေရွ႕ကိုတက္သြားၿပီးေတာ့

“ရေသ့ႀကီး၊ က်ဳပ္တို႔႐ြာကို ဘာမ်ားမေက်နပ္တာရွိလို႔ လာၿပီးဆဲဆိုေနတာပါလဲ”

ရေသ့ႀကီးက ဘာမွမေျပာဘဲ ဆဲသာဆဲေနေတာ့တာ၊

“ရေသ့ႀကီး ဒီလိုသာဆက္ဆဲေနမယ္ဆိုရင္ေတာ့ ရပ္႐ြာဆူပူမႈနဲ႔ ရေသ့ႀကီးကိုအေရးယူရမယ္”

အေဖေျပာေတာ့ ရေသ့ႀကီးက အေဖ့ကိုစိမ္းစိမ္းႀကီးစိုက္ၾကည့္ေနတာဗ်၊ ၿပီးေတာ့ အေဖ့ေဘးမွာရပ္ေနတဲ့က်ဳပ္ကိုၾကည့္တယ္၊ သူ႔အၾကည့္က ေဒါသေတြဖုံးေနၿပီးေတာ့ မ်က္လုံးကလည္း ေၾကာက္စရာႀကီးဗ်ာ။

“မင္းတို႔တစ္႐ြာလုံး ငါနဲ႔ေတြ႕မယ္ကြ”

အဲဒီလိုေအာ္ႀကိမ္းၿပီးေတာ့ ေတာတန္းဘက္ကိုေလွ်ာက္သြားေတာ့တာပါပဲဗ်ာ။ ရေသ့ႀကီးအေၾကာင္းကို ေမာင္သိန္းကိစၥမွာ တစ္႐ြာလုံးနီးပါးသိထားၾကတာဆိုေတာ့ ရေသ့ႀကီးတစ္ခုခုလုပ္မွာကို စိုးရိမ္ၾကတာေပါ့။

“သူႀကီး၊ ဒီရေသ့ႀကီး ႐ြာကိုတစ္ခုခုလုပ္ရင္ ဘယ္လိုလုပ္မလဲ”

အေဖလည္း ဆုံးျဖတ္ရခက္ေနတယ္။

“သူ တစ္ခုခုမလုပ္ခင္ သူ႔ကိုက်ဳပ္တို႔ သြားႏွင္ထုတ္ရေအာင္ဗ်ာ”

“ဒီလိုလည္း လုပ္လို႔မရဘူးကြ၊ သူေနတဲ့ေနရာက ဘယ္သူမွမပိုင္တဲ့ေနရာမဟုတ္လား၊ သူ႔ကိုသြားေမာင္းထုတ္တာ ဘသာ၀မက်ဘူးေလ၊ ေနာက္ၿပီးေတာ့ သူ႔ကိုေမာငးထုတ္မွ သူကပိုၿပီးစိတ္ဆိုးရင္ မေကာင္းတာေတြျဖစ္ႏိုင္တယ္”

အေဖ့စကားကို အားလုံးကေထာက္ခံတယ္ဗ်။

“အားလုံး ဒီရက္ပိုင္းထဲ သတိဝီရိယနဲ႔ ေနၾကေပါ့ဗ်ာ”

အေဖေျပာလိုက္ၿပီးေတာ့ တစ္႐ြာလုံးကလူေတြက ျပန္သြားၾကတာေပါ့ဗ်ာ၊ က်ဳပ္လည္း လိုက္ျပန္လာရင္း ဦးဘသာနဲ႔လမ္းမွာေတြ႕တယ္၊ ဦးဘသာက က်ဳပ္လက္ကိုကုပ္ကိုင္ၿပီးေတာ့

“အလတ္ေကာင္ေရ၊ မင္းကိုသူက မေက်နပ္ဘူးကြ”

“က်ဳပ္က သူ႔ကိုဘာလုပ္လို႔လဲဗ်”

“သူ႔အစီအရင္ေတြ မင္းကိုင္ခဲ့ေသးသလား”

က်ဳပ္ေသေသခ်ာခ်ာျပန္စဥ္းစားေတာ့မွ ဖ်ာေပၚက ေစာင္ႀကီးကိုဆြဲထုတ္လိုက္တဲ့အခါ အ႐ိုးေတြက ၀ေရာခနဲက်သြားတာကို မွတ္မိသြားတယ္။ ဒါနဲ႔ က်ဳပ္လည္း ေခါင္းညိတ္လိုက္တယ္။

“ငါထင္ပါတယ္ကြာ၊ ဒါေၾကာင့္ မင္းကိုသူက သတ္မလို႔ သူ႔ေကာင္ေတြ လႊတ္လိုက္တာကြ”
“ဗ်ာ . . . သူ႔ေကာင္ေတြတဲ့လား”

“သူက အျပင္သြားေနတဲ့အခ်ိန္ စည္းတားခဲ့ပုံရတယ္ကြ၊ မင္းက သူ႔စည္းကိုေဖာက္သြားတာကိုး၊ ဒါေၾကာင့္ ငါလည္းမသကၤာတာနဲ႔ မင္းဖိနပ္ကိုယူထားလိုက္တာကြ၊ ထင္တဲ့အတိုင္းပဲေဟ့၊ ညေနကပဲ သရဲႀကီးငါးေကာင္ ငါ့အိမ္ေရွ႕ကိုေရာက္လာပါေရာ။

က်ဳပ္လည္း အဲဒီေတာ့မွ ေၾကာက္သြားတာဗ်။

“သရဲႀကီးငါးေကာင္က မင္းဖိနပ္က ေျခရာအတိုင္းလိုက္လာတာကြ၊ ရေသ့ႀကီးဆြဲထားခဲ့တဲ့ စည္းဝိုင္းကိုမင္းေဖာက္လိုက္ေတာ့ မင္းအေနာက္ကိုေျခရာၾကည့္ၿပီး လိုက္တာေပါ့ကြာ၊ ဒါနဲ႔ ငါလည္း အဲဒီငါးေကာင္ကို ေဆာ္ပေလာ္တီးေပးလိုက္ေတာ့ အဲဒီေကာင္ေတြ ေအာ္ဟစ္ၿပီး ေျပးၾကတာပဲ”

“ဪ၊ ဒါေၾကာင့္ ရေသ့ႀကီးက မေက်နပ္တာကိုး”

“သူ႔ေကာင္ေတြအေဆာ္ခံလိုက္ရတယ္ဆိုေတာ့ မေက်နပ္ဘူးေပါ့ကြာ၊ ငါထင္တာမမွားဘူးဆိုရင္ေတာ့ ဒီရေသ့ႀကီးက သူေတာ္ေၾကာင္ႀကီးကြ”

“ျဖစ္ႏိုင္တယ္ဗ်”

“သူလုပ္ေနတဲ့အစီအရင္ကလည္း သိပ္အစြမ္းထက္တဲ့အစီအရင္ပဲ”

“ဘာအစီအရင္လဲဗ်၊ လူ႐ိုးအစီအရင္လား”

ဦးဘသာက ေခါင္းညိတ္တယ္ဗ်။

“စုန္းမ်ိဳးတစ္ရာ ေမာင္မဲဇာဆိုတဲ့အစီအရင္ပဲကြ”

“ဗ်ာ . . . စုန္းမ်ိဳးတစ္ရာတဲ့လား”

“ေအး၊ အစီအရင္ကေတာ့ စုန္းလို႔ယူဆၿပီးေတာ့ ေသသြားခဲ့တဲ့ လူေသအေလာင္းေတြရဲ႕ အ႐ိုးေတြကို အစီအရင္လုပ္ၿပီး ျပန္တူးထုတ္ရတာပဲ၊ စုန္းေပါင္းတစ္ရာတိတိရဲ႕အ႐ိုးကို လိုက္ေဖာ္ရတာေပါ့ကြာ”

“ဒါဆို အဲဒီေသသြားတဲ့လူက စုန္းဆိုတာကို ဘယ္လိုလုပ္ၿပီးသိမလဲဗ်”

“ဒါကလည္း ပညာနဲ႔ခန႔္မွန္းတာေပါ့ကြာ၊ အဲဒီစုန္းဆိုတဲ့လူေသက ဘယ္နားျမႇဳပ္ထားလဲဆိုတာ ခန႔္မွန္းၿပီး ဟုတ္မဟုတ္တူးရတာေပါ့”

“ဒါဆို ဘာဆက္ျဖစ္ႏိုင္သလဲဗ်ာ”

ဦးဘသာက က်ဳပ္ကိုေသေသခ်ာခ်ာၾကည့္ၿပီး

“မင္းေတြ႕ခဲ့တာ အ႐ိုးေတြမ်ားသလားကြ”

“မ်ားတယ္၊ မ်ားတာေတာ့ ေတာ္ေတာ္မ်ားတာ၊ ဖ်ာတစ္ခ်ပ္ေပၚမွာအျပည့္ခင္းထားတာ”

“အ႐ိုးကလည္း မ်ားေနၿပီ၊ ေနာက္ၿပီး သူ႔သရဲငါးေကာင္ကို ေဆာ္ထည့္လိုက္တဲ့လူရွိတာကိုေတာင္မွ တစ္႐ြာလုံးကို စိန္ေခၚတယ္ဆိုရင္ ငါထင္တာေတာ့ သူ႔အစီအရင္ၿပီးေတာ့မယ့္ပုံပဲကြ”

“အစီအရင္ၿပီးရင္ ဘာျဖစ္မလဲဗ်ာ”

“အဲဒီစုန္း႐ိုးေတြကို လူေသတစ္ေကာင္ရဲ႕ဝမ္းဗိုက္ထဲကိုထည့္ရတယ္၊ ေသသြားတဲ့အေလာင္းႀကီးကို မန္းမႈတ္ၿပီးေတာ့ စုန္း႐ိုးေတြဆီက ပညာေတြႏႈိးရတာေပါ့ကြာ၊ အဲဒီအခါ ေသသြားတဲ့အေကာင္ႀကီးက ေမာင္မဲဇာႀကီးျဖစ္သြားတာပဲ၊ ကိုယ္ေပ်ာက္ႏိုင္တယ္၊ သစ္ပင္ႀကီးေတြကို အျမစ္ကဆြဲႏႈတ္ႏိုင္တယ္၊ ၿပီးေတာ့ အိမ္ေတြ၊ ဘုန္းႀကီးေက်ာင္းေတြကိုေတာင္ ေဇာက္ထိုးလွန္ႏိုင္သတဲ့”

“ဒါနဲ႔ ပိုးျဖဴေသတာနဲ႔ ဘာဆိုင္သလဲဗ်”

“ငါ့စိတ္ထင္ေတာ့ သူ႔အ႐ိုးေတြက ျပည့္ေနေလာက္ၿပီကြ၊ ဒီေတာ့႐ြာကတစ္ေယာက္ေယာက္ကို သူကသတ္မွာပဲ၊ အဲဒီလူေသၿပီးေတာ့ ေျမခ်ရင္ သူကအေလာင္းျပန္ေဖာ္ၿပီးေတာ့ အဲဒီအေလာင္းထဲကို အ႐ိုးေတြထည့္ဖို႔ႀကံထားတာေပါ့ကြာ၊ ေနာက္ၿပီးေတာ့ တစ္ခုထူးဆန္းတာက လူေတြမွာလည္းအဆိပ္ရွိတယ္ကြ၊ ေႁမြက လူတစ္ေယာက္ကိုေပါက္လိုက္ၿပီးရင္ ေတာ္႐ုံနဲ႔ထြက္မေျပးႏိုင္ဘူးမဟုတ္လား၊ အခုက ေႁမြေပါက္တယ္သာေျပာတယ္၊ ေပါက္လိုက္တဲ့ေႁမြကိုလည္း ဖမ္းမမိလိုက္ဘူး၊ ေႁမြေပါက္ခံရတာေတာင္မွ ေႁမြေပြးေျပာလိုက္၊ ေႁမြေဟာက္လိုလိုေျပာလိုက္နဲ႔၊ ေသတာကလည္း ေႁမြဆိပ္တက္ၿပီးေသတာမ်ိဳးမွမဟုတ္တာ”

က်ဳပ္လည္း ေသခ်ာျပန္စဥ္းစားလိုက္ေတာ့ ဟုတ္တယ္ဗ်၊ ပိုးျဖဴေသေနတာကိုေတာင္ က်ဳပ္ကၾကည့္ၿပီး သူကဘာလို႔ ဒီမွာအိပ္ေနတာလဲဆိုၿပီး ျပန္ေမးခဲ့တယ္မဟုတ္လား။

“ဒါဆို ဒီလူႀကီး ေတာ္ေတာ္ယုတ္မာတာပဲဗ်ာ၊ ဒါနဲ႔ အဲဒီေမာင္မဲဇာက ေတာ္ေတာ္စြမ္းသလား၊ ဦးဘသာေရာ မႏိုင္ေလာက္ဘူးလား”

“ေမာင္မဲဇာစြမ္းမစြမ္း၊ ငါႏိုင္မႏိုင္ကေတာ့ ငါလည္းမေျပာတတ္ဘူးကြာ၊ ဘာလို႔လဲဆိုေတာ့ ငါ့ဘ၀တစ္ေလွ်ာက္လုံး ေမာင္မဲဇာနဲ႔မေတြ႕ဖူးခဲ့ဘူး၊ ေနာက္ၿပီးတစ္ခုရွိတာက ေမာင္မဲဇာစြမ္းမစြမ္းထက္ ေမာင္မဲဇာႀကီးႏိုးထမလာဖို႔အေရးႀကီးတယ္၊ ပိုးျဖဴအေလာင္းကို ငါတို႔ကမီးရႈိ႕လိုက္ေတာ့ ရေသ့ႀကီးဆီမွာ သုံးစရာအေလာင္းမရွိဘူးမဟုတ္လား။ ႐ြာမွာလည္း ေလာေလာလတ္လတ္ေသထားတဲ့လူကမရွိဘူးဆိုေတာ့ သူႀကိမ္းေသေပါက္ လူထပ္သတ္မွာပဲ”

“အဲဒီေတာ့ ဘယ္လိုလုပ္မလဲဦးဘသာ”

“႐ြာကလူေတြကို တပ္လွန႔္ထားလိုက္ကြာ၊ အခုလည္း သူတို႔ကို ရေသ့ႀကီးက ႀကိမ္းသြားတယ္ဆိုေတာ့ သူတို႔ေတာ္ေတာ္ေၾကာက္ေနေလာက္ပါၿပီ၊ အဓိက ကေတာ့ ဘယ္သူ႔ကိုမွ ထပ္မေသေစခ်င္ဘူး”

“ဟုတ္ကဲ့ပါ ဦးဘသာ”

“ၿပီးေတာ့ အခုညပဲ ငါသူ႔ဆီလိုက္သြားမယ္”

“ျဖစ္ပါ့မလားဦးဘသာရဲ႕ ညဆယ္နာရီထိုးေတာ့မယ္ေနာ္”

“သူ႔ထက္ငါတို႔ အရင္လက္ဦးထားမွျဖစ္မယ္အလတ္ေကာင္”

က်ဳပ္လည္း လက္သီးကိုက်စ္က်စ္ပါေအာင္ဆုတ္လိုက္ၿပီး

“ဒါျဖင့္ အခုပဲ သြားၾကပါစို႔ဗ်ာ”

ဦးဘသာကေခါင္းညိတ္ၿပီးေတာ့

“ေအးေအး၊ ေနအုံး ငါ့လြယ္အိတ္သြားယူလိုက္အုံးမယ္၊ မင္းဒီကေန ငါ့ကိုေစာင့္ေန”

ဦးဘသာႀကီးလွည့္ထြက္သြားေတာ့ က်ဳပ္လည္း ႐ြာထိပ္နားမွာေစာင့္ေနလိုက္တာေပါ့ဗ်ာ၊ မၾကာပါဘူး၊ ဦးသာက ေျခလွမ္းက်ဲႀကီးနဲ႔ လြယ္အိတ္တစ္လုံးစလြယ္သိုင္းၿပီး ျပန္ထြက္လာတယ္၊ က်ဳပ္လည္း သူ႔အေနာက္လိုက္ခဲ့တာေပါ့ဗ်ာ၊ က်ဳပ္ေက်ာမွာလည္း အေဖ့လက္စြဲေတာ္ ဓါးႀကီးလြယ္လို႔ဗ်။

ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ