”စုန်းထီးကြီးဦးဘသာနှင့်ကဝေကျွေးတဲ့ ထမင်းဝိုင်း'(စ/ဆုံး)

Unicode Version

”စုန်းထီးကြီးဦးဘသာနှင့်ကဝေကျွေးတဲ့ ထမင်းဝိုင်း'(စ/ဆုံး)
—————————————————————————-

(၁)

ကျုပ်တို့ခရီးဆက်လာရင်း လမ်းတစ်လျှောက်မှာတော့ အေးရာအေးကြောင်းပါပဲဗျာ၊ နောက်တော့ တောင်ကြီးတွေကို ဖြတ်လာရတယ်ဗျ၊ ကားလမ်းကလမ်း တောင်ဆင်းတောင်တက်နဲ့ ကျုပ်ဖြင့် အညာလို့ကိုမထင်ဘဲ ရှမ်းပြည်ဘက်ကို လမ်းမှားပြီး ရောက်လာသလားလို့ထင်မိတာ၊ ကျုပ်တို့ဒေသနဲ့ဘာမှမဆိုင်ဘူးဗျာ၊ သစ်တောကြီးတွေ၊ တောင်တန်းကြီးတွေနဲ့ နွေရာသီမှာတောင် သစ်တောတွေက စိမ်းစိုနေတာဗျ။ ကျုပ်လည်း ကားစီးလာရင်း ဆရာကြီးရှိန်ကို လက်တို့ပြီးတော့ မေးရတာပေါ့ဗျာ။

“ဆရာကြီး၊ ကျုပ်တို့ကားမှားစီးလာပြီး ရှမ်းပြည်ကိုများရောက်နေတာလား၊ အခုတောင်တွေပေါ်ကိုချည်းရောက်နေတာနော်ဗျ”

ဦးအောင်ရှိန်က ကျုပ်ပြောတော့ အသံထွက်ပြီးတော့ပါရယ်တယ်ဗျ။

“မမှားပါဘူးငါ့တူရာ၊ ဒီလမ်းက ငါတို့သွားနေကြပါကွ”

“မမှားဘူးဆိုတော့လည်း တော်သေးတာပေါ့ဗျာ၊ ကျုပ်ဖြင့် တစ်မှေးမှေးပြီး နိုးလာတော့ ရှမ်းပြည်တက်နေတယ်လို့ထင်သွားမိတာ”

“ဟား၊ ဟား ဒါရှမ်းပြည်မဟုတ်ပါဘူးကွ၊ ငါတို့ရဲ့ ယောနယ်ကိုရောက်လာတာပါ”

“ယောနယ်ကလည်း တောင်တွေချည်းဘဲနော်ဗျ”

ကျုပ်လည်းမေးရင်း ပြတင်းပေါက်ကနေငေးကြည့်လာတာပေါ့ဗျာ၊ မြင်မြင်သမျှ တောင်တန်းတွေ သစ်တောတွေပဲ မြင်နေရတာကိုးဗျ။ ဦးအောင်ရှိန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့

“တို့ရောနယ်မှာ တောင်ကြီးဆယ့်တစ်တောင်၊ တောင်ငယ်နှစ်ဆယ်ရှိတယ်ကွ၊ တောင်ကြီးတွေကတော့ ပုံတောင်၊ ပုံညာ၊ ဒညင်း၊ ပေါင်မင်း၊ ဆေးကြီး၊ မောင်နှမ၊ နွားမ၊ ခွေးခေါ်၊ ဆင်လဲ၊ တောင်တော်တဲ့ကွ”

ဦးအောင်ရှိန်ဘာတွေရွတ်နေမှန်းမသိလို့ ကျုပ်လည်းခေါင်းကုပ်နေမိတာပေါ့ဗျာ၊ နောက်တော့ ဦးအောင်ရှိန်ကြီးက ရှင်းပြတယ်ဗျ။

“ဒီစာဆိုအရဆိုရင် ပုံတောင်ရယ်၊ ပုံညာတောင်ရယ်၊ ဒညင်းတောင်၊ ပေါင်မင်းတောင်၊ ဆေးကြီးတောင်၊ မောင်နှမဆိုတာကတော့ မောင်တော်တောင်၊ နှမတော်တောင်၊ နွားမတောင်၊ ခွေးခေါ်တောင်၊ ဆင်လဲတောင်နဲ့ တောင်တော်ဆိုပြီးတော့ တောင်ကြီး ဆယ့်တစ်လုံးရှိတယ်”

ကျုပ်လည်း ဒီတော့မှသဘောပေါက်တာဗျ။ ဒီဒေသမှာ တောင်တွေလည်း သိပ်ပေါတာကိုးဗျ။

“ဒါနဲ့ တောင်နာမည်တွေကလည်း အဆန်းတွေပါလား”

“အေး၊ ဒီတောင်တွေမှာ သူ့တောင်နဲ့သူ ဇာတ်ကြောင်းရာဇဝင်တွေရှိတယ်ကွ၊ အဲဒီတောင်တွေမှာ အမှီပြုပြီးနေကြတဲ့ ရွာသားတွေဆိုရင် တောင်ပိုင်တွေကို သေလုအောင်ကြောက်ရသတဲ့၊ နီးစပ်တာကိုပြောပြရရင် တောင်တော်တောင်ကို ဘယ်သူမှခြေဆင်းပြီးမအိပ်ရဲကြဘူး၊ တောင်ကြီးရှိရာကိုပဲ ခေါင်းထိုးပြီးအိပ်ကြရတယ်”

“မအိပ်ရင်ရော ဘာဖြစ်သလဲဗျ”

“မင်းကတော့ ပေါက်ပေါက်ရှာရှာမေးပြန်ပြီ၊ မယုံကြည်လို့ ခြေဆင်းအိပ်တဲ့လူတွေက ခေါင်းခဲတာ၊ ခေါင်းကိုက်တာ၊ အပြင်းဖျားတာဖြစ်တယ်၊ နောက်ပြီး တောင်တော်သခင်မ ငြိုးတာခံရတတ်တယ်တဲ့၊ ဒါကြောင့် ရွာခံတွေလည်း မအိပ်ကြသလို၊ ဧည့်သည်တွေကိုလည်း မအိပ်ခိုင်းကြဘူး”

“အင်း၊ ထူးဆန်းလိုက်တာနော်ဗျ”

“ဒါ့ထက်ထူးဆန်းတာတွေ တစ်ပုံကြီးရှိပါသေးတယ်ကွာ၊ ကဲ ဒီတောင်ကြီးကိုကျော်ပြီးရင်တော့ ဂန့်ဂေါရောက်တော့မယ်ဟေ့၊ ငါလည်း ခနမှေးလိုက်အုံးမယ်”

ဦးအောင်ရှိန်က ဦးဘသာလို လေမရှည်ဘူးဗျ၊ ကျုပ်ကလည်း တစ်ခုခုဆိုသိချင်လာရင် ခရေစေ့တွင်းကျ လိုက်မေးတတ်တဲ့ကောင်ဆိုတော့ သူကလည်း ကျုပ်နဲ့သိပ်စကားပြောချင်ပုံမရဘူးပေါ့ဗျာ။

“ဂန့်ဂေါမြို့မှ ကြိုဆိုပါ၏”

မြို့အဝင်နားရောက်တော့ ဆိုင်းဘုတ်ကိုကျုပ်အသံထွက်ပြီးဖတ်လိုက်တယ်၊ လမ်းကနည်းနည်းကြမ်းတော့ ကားကလည်းဆောင့်တယ်ဗျ၊ ဦးဘသာကြီးနဲ့ ဦးအောင်ရှိန်ကတော့ တစ်လမ်းလုံးမှေးပြီး လိုက်လာခဲ့ကြတာပဲဗျာ၊ ကျုပ်ဘေးက ရင်မောင်ကတော့ ထုံးစံအတိုင်း ပါးစပ်ကို ပွစိပွစိလုပ်ပြီး ပုတီးစိပ်နေတာပေါ့ဗျာ။

(၂)

ဂန့်ဂေါမြို့ထဲက ကားဂိတ်မှာ ကားရပ်လိုက်လို့ ကျုပ်တို့ကားပေါ်ကဆင်းလာတယ်ဆိုရင်ပဲ လူကြီးတစ်ယောက်က ပြေးထွက်လာပြီးတော့ ဦးအောင်ရှိန်အရှေ့မှာ လက်အုပ်ချီတယ်ဗျ။

“ဆရာကြီးတို့ ဘယ်ကကြွလာတာလဲ”

“အေးကွ၊ အရှေ့ဖက်က ရွာတွေဆီခဏလှည့်နေတာ၊ မင်းရော အဆင်ပြေရဲ့လား”

“လုပ်ငန်းကိုင်ခန်းတွေ အားလုံးအဆင်ပြေပါတယ်ဆရာကြီး၊ ဒါနဲ့ ဆရာကြီးတို့ ဘာစားပြီးပြီလဲ ကျွန်တော် ဆရာကြီးတို့ကို နေ့လည်စာကျွေးပါရစေ”

အဲဒီလူကပြောတော့ ကျုပ်လည်း ဗိုက်ဆာဆာနဲ့စားရပြီလို့ထင်လိုက်တာပေါ့ကွာ၊ ဒါပေမယ့် ဦးအောင်ရှိန်က ခေါင်းခါတယ်ဗျ။

“ဒီတစ်ခါတော့ ငါတို့သွားစရာရှိသေးလို့ မစားတော့ပါဘူးကွာ”

“ဟုတ်ကဲ့ပါဆရာကြီး၊ ဆရာကြီးတို့ ကျွန်တော့်ကားကို စီးလာခဲ့တာပဲ၊ ကျွန်တော် ကားခပြန်ပေးပါ့မယ်”

“နေပါစေကွာ၊ ရပါတယ်၊ ကဲ . . ငါတို့သွားပြီဟေ့”

စားသောက်ရမည့်ပွဲကို လွဲသွားတော့ ကျုပ်လည်း စိတ်တိုသွားတာပေါ့ဗျာ။ နေကလည်းမွန်းတည့်တော့မယ်ဗျ၊ ကျုပ်တို့လည်းဆာလှပြီကိုး၊ ဦးအောင်ရှိန်ကြီးက ကျုပ်ကိုပြုံးရင်းကြည့်တယ်ဗျ။

“ငါ့တူကြီး ဗိုက်ဆာနေပြီလားကွ၊ နေစမ်းပါအုံးကွာ၊ ဖြည်းဖြည်းပေါ့၊ အစောကြီးရှိသေးတာပဲမဟုတ်လား”

ဦးဘသာကြီးကလည်း ခေါင်းညိတ်တယ်၊ ဒါနဲ့ ကျုပ်လည်း ဘာမှမပြောတော့ဘဲ အဝတ်ထုတ်ကြီးနှစ်ထုတ်ဆွဲပြီး သူတို့အနောက်ကနေ လိုက်လာခဲ့တာပေါ့။

ဦးအောင်ရှိန်ကြီးက လူချစ်လူခင်တော့ပေါတယ်ဗျ၊ လူချစ်လူခင်တာထက်စာရင် လူတွေက သူ့ကိုလေးစားကြတယ်လို့ဆိုရမယ်၊ ကျုပ်တို့လမ်းလျှောက်လာတော့ တစ်လမ်းလုံးမှာ တွေ့သမျှလူတွေက သူ့ကိုဆရာကြီး၊ ဆရာကြီးဆိုပြီး လက်အုပ်ချီပြီးနှုတ်ဆက်ကြတာဗျ။ တစ်ချို့ကျတော့ နှုတ်ဆက်ရုံတင်ဘယ်ကမလဲ ဆရာကြီးထမင်းစားသွားပါ၊ လက်ဖက်ရည်သောက်သွားပါနဲ့ ဖိတ်ကြတယ်ဗျ၊ ကျုပ်ဖြင့် ဦးအောင်ရှိန် တစ်အိမ်အိမ်တော့ ဝင်စားပြီလို့ထင်နေတာ၊ ဘယ်ဟုတ်မလဲဗျာ၊ သူက သူ့ကိုဖိတ်တဲ့လူတိုင်းကို ငြင်းငြင်းလွှတ်နေတော့တာပဲ။

ဂန့်ဂေါမြို့က ကျုပ်တို့မြိုင်သာမြို့ထက်စာရင်တော့ အတော်ကိုကြီးတာဗျ၊ ဆိုင်တွေဆိုတာလည်း တခမ်းတနားပဲဗျာ၊ များသောအားဖြင့်ကတော့ အထည်အလိပ်တွေလုပ်ကြတယ်၊ ဟိုတယ်၊ ဆေးရုံ၊ ရုပ်ရှင်ရုံနဲ့ စည်ကားနေတာပေါ့ဗျာ၊ မကြာပါဘူး မြို့ထဲကိုရောက်လာပါရော၊ ဒီအခါ ဦးအောင်ရှိန်ကို တရုတ်ကြီးတစ်ယောက်က နှုတ်ဆက်တယ်ဗျ။

“ဆရာကီး၊ မတွေ့တာတောင်ကြာနေပြီ”

“အေးကွ၊ ခရီးတွေချည်းထွက်နေတော့ ဒီကိုတောင်မရောက်တာ ကြာလှပေါ့”

တရုတ်ကြီးက ကျုပ်တို့ကိုတစ်ချက်ငဲ့ကြည့်တယ်ဗျ၊ နောက်တော့

“ဆရာကီးတို့ ထမင်းစားပြီးကြပြီလား၊ မစားရတေးဘူးဆိုရင် ၀ဆီမှာ စားသွားပါလား”

ကျုပ်လည်း ဦးအောင်ရှိန်များ ငြင်းအုံးမလားဆိုပြီး ထိတ်လန့်နေတာပေါ့ဗျာ၊ လူတစ်ကိုယ်လုံးလည်း ချွေးတွေထွက်ပြီး ပေစုပ်နေတာပဲ၊ ဦးအောင်ရှိန်က ကျုပ်ကိုကြည့်ပြီးတော့ ပြုံးတယ်ဗျ။

“မင်းတို့ဆာပြီထင်တယ်၊ ကောင်းပြီလေတရုတ်ကြီး မင်းဆီမှာပဲ နေ့လည်စာစားသွားတာပေါ့၊ ငါတို့လေးယောက်စားဖို့ အဆင်ပြေတယ်မဟုတ်လား”

တရုတ်ကြီးက ရွှေသွားကြီးပေါ်အောင်ပြုံးလိုက်ပြီးတော့

“ပြေတာပေါ့ ဆရာကီးရယ်၊ ၀ဆီမှာ ဆရာကီးတို့လေးယောက်မပြောနဲ့၊ လူလေးဆယ်လာရင်တောင် စားလောက်ပါရဲ့၊ လာပါ ဆရာကီးတို့ ကြွပါ”

တရုတ်ကြီးက စတိုးဆိုင်ကြီးတစ်ခုထဲကို ဝင်သွားတယ်ဗျ၊ စတိုးဆိုင်ဘေးနားမှာတော့ အပေါင်ဆိုင်တစ်ခခုရှိတယ်၊ ကျုပ်လည်း သူတို့ဆိုင်ကြီးမှာတင်ထားတဲ့ နိုင်ငံခြားဖြစ်ကုန်စည်တွေကို ငေးပြီးတော့ကြည့်နေတာပေါ့ဗျာ၊ နောက်တော့ ဆိုင်နောက်ဖက်ကို တရုတ်ကြီးက ခေါ်သွားတာနဲ့လိုက်သွားတာပေါ့။

တရုတ်ကြီးအိမ်က ခမ်းခမ်းနားနားကြီးဗျ၊ မြိုင်သာမြို့က ကုလားမကြီးမာယာတို့ချမ်းသာတာက ဒီတရုတ်ကြီးနဲ့ယှဉ်ရင် ပမွှားလေးပါဗျ။ တရုတ်ကြီးအိမ်ထဲမှာ ကြွေပြားတွေခင်းထားပြီးတော့ တီဗွီအကြီးကြီးလည်းရှိသေးတယ်၊ အိမ်ထောင်ပရိဘောဂတွေဆိုလည်း အစုံပဲဗျာ၊ ကျုပ်တို့မမြင်ဖူးတဲ့ဟာတွေတောင် အများကြီးပဲ၊ အိမ်နောက်ဖက်နားမှာ ထမင်းစားခန်းရှိတယ်ဗျ၊ ထမင်းစားပွဲကြီးကိုမြင်တော့ ကျုပ်ဖြင့် ဟိုတယ်ကြီးထဲရောက်သွားသလားလို့ထင်ရတာ၊ စားပွဲဝိုင်းအကြီးကြီးကိုမှ ဆုံလည်လုပ်ထားတာဗျ၊ စားပွဲကြီးကလည်း မဟော်ဂနီရောင် တောက်နေတာပဲ။

“ဆရာကီးတို့ထိုင်ပါ၊ ၀စားဖို့သောက်ဖို့ စီစဉ်လိုက်အုံးမယ်”

တရုတ်ကြီးက မီးဖိုထဲကိုဝင်သွားတယ်ဗျ၊ ပြီးတော့ ပြန်ထွက်လာပြီး လက်ထဲမှာလည်း ပုလင်းစိမ်းစိမ်းကလေးတွေကိုင်ထားတယ်၊ ကျုပ်တို့အနားရောက်တော့ ပုလင်းဖောက်တံနဲ့ဖောက်လိုက်တဲ့အခါ ပုလင်းထဲကနေ စီခနဲမြည်သွားပြီးတော့ အမြှုပ်တွေတက်လာတာပေါ့ဗျာ။ နောက်တော့ ပိုက်ချောင်းလေးတွေတပ်တယ်ဗျ။

“ဒါ . . ဒါ ပုလင်းဘိလပ်ရည်မဟုတ်လား”

ကျုပ်က အံ့ဩပြီးမေးလိုက်တာပေါ့၊ အဲဒီခေတ်က ဘိလပ်ရည်ဆိုရင် လက်ဖျော်တွေများတယ်၊ အခုလို ပုလင်းပိတ်ထားတဲ့ဟာက သူဌေးတွေမှသောက်နိုင်တာဗျ၊ ကျုပ်လည်း မောမောနဲ့တစ်ချက်စုပ်သောက်လုက်တော့ အားပါးပါး အေးပြီးချိုမွှေးပြီး လည်ချောင်းထဲကို ဆင်းသွားတာပဲဗျာ။

နောက်တော့ စားသောက်ဖွယ်ရာတွေလာချတယ်၊ ထမင်းနဲ့ အရွက်တွေ၊ အသီးတွေ၊ အသားတွေကို ကြော်ထား၊ ပြုတ်ထားတာ စုံလို့ဗျာ။ တရုတ်ကြီးကလည်း ကျုပ်တို့နဲ့တစ်ခါတည်းဝင်ထိုင်တယ်၊ နောက်တော့ အိမ်ထဲကိုကြည့်ပြီး

“ခင်ရေ . . . လာလေကွာ၊ ထမင်းတခါတည်းလာစားပါအုံး”

အဲဒီအခါ အိမ်ပေါ်ကနေ မိန်းမတစ်ယောက်ဆင်းလာတယ်ဗျ၊ တရုတ်မိန်းမဆိုပေမယ့် တရုတ်မမဟုတ်ပါဘူး၊ ဖြူဖြူချောချောမိန်းမတစ်ယောက်ပါ၊ ဆံပင်ကို လိပ်ကောက်ထားပြီးတော့ နိုင်ငံခြားဖြစ်အထည်တွေဝတ်ထားတာဗျာ၊ ရွှေတွေစိန်တွေလည်း ဝတ်လို့၊ လည်ပင်းက စိန်လော့ကတ်သီးကြီးဆိုရင် အတော်ကြီးတာဗျာ၊ နေရောင်ထဲမှာဆို ဝင်းခနဲလက်ခနဲပဲ။

ဒါပေမယ့် အဲဒီမိန်းမက မလာချင်လာချင်နဲ့ဗျာ။ တရုတ်ကြီးဘေးနားမှာ ဝင်ထိုင်လိုက်ပြီးတော့

“ခင် ထမင်းမစားချင်သေးဘူး အကိုကြီး”

“မလုပ်ပါနဲ့ခင်ရာ၊ ထမင်းမစားချင်လည်း ဟင်းချိုသောက်ပေါ့”

အဲဒီမိန်းမက ကျုပ်တို့ကို အသေအချာစိုက်ကြည့်တယ်ဗျ၊ နောက်ပြီးတော့ ဦးအောင်ရှိန်ကြီးကိုလည်း မျက်စောင်းလှမ်းထိုးတယ်၊ သူ့မျက်လုံးတွေက အရည်လဲ့ပြီးတော့ ဝင်းလဲ့နေတာပဲဗျာ။

“မစားချင်ပါဘူးဆို အကိုကြီးကလည်း”

“ခင်ရာ ဧည့်သည်တွေရှေ့မှာ အားနာစရာဖြစ်နေပါပြီ၊ ခင်နဲ့မိတ်ဆက်ပေးချင်လို့ ဟောဒါက ဘုရားပျံ ဦးအောင်ရှိန်တဲ့”

တရုတ်ကြီးကပြောလိုက်တော့ အဲဒီခင်ဆိုတဲ့မိန်းမက ဦးအောင်ရှိန်ကို မျက်စောင်းထိုးကြည့်ပြီး

“သိသားပဲ”

ခပ်ပြတ်ပြတ်ပြောတယ်ဗျ၊ တရုတ်ကြီးလည်း အံ့ဩသွားတယ်။

“အံမာ၊ ခင်က အိမ်ထဲမှာပဲနေပြီး ဆရာကီးကို ဘယ်လိုသိသွားတာလဲ”

“အို သူက ဒီလောက်နာမည်ကြီးတာ ခင်ကစီးပွားရေးလုပ်နေတဲ့လူပဲ သိတာပေါ့”

တရုတ်ကြီးက ဖော်ရွေသလောက် သူ့မိန်းမကတော့ မျက်နှာထားတင်းလိုက်တာဗျာ၊ ထမင်းကုန်းစားနေတဲ့ကျုပ်တောင်မှ သူ့မျက်နှာကြည့်ပြီး ထမင်းစားချင်စိတ်ပျက်တယ်၊ ဟုတ်တယ်လေဗျာ။ စားနေတဲ့သူကို မသထာသလိုလိုနဲ့စူးစိုက်ကြည့်နေတာဆိုတော့ ခင်ဗျားတို့ဆိုရင်ရော စားဝင်ပါ့မလားဗျ။

(၃)

နောက်မှ ကျုပ်သတိထားမိတော့ ထမင်းအစားဆုံးက ကျုပ်နဲ့ တရုတ်ကြီးပဲဗျ၊ ဦးအောင်ရှိန်ကြီးကလည်း ဟင်းကို တစ်ဖတ်နှစ်ဖတ်ပဲဝါးတယ်၊ သူ့တပည့် ရင်မောင်ကလည်း ထမင်းမစားဘူးဗျ၊ အအေးပဲသောက်တယ်၊ နောက်ပြီးထမင်းစားနေတဲ့ကျုပ်ကိုလည်း ရင်မောင်က ခြေထောက်နဲ့လှမ်းလှမ်းတို့တယ်၊ ကျုပ်ကလည်း အစကတော့ မတော်တဆထိမိတာပဲထင်နေတာ၊ နောက်တော့မှ သူတို့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ကျုပ်ထိတ်လန့်သွားတယ်။

သူတို့ဘာလို့ ထမင်းမစားကြတာလဲ၊ ဦးဘသာကြီးဆို ထမင်းပန်းကန်ထဲလက်နှိုက်ပြီး ငြိမ်နေတာ၊ ကျုပ်လည်း အဲဒီတော့မှ ကြောက်ကြောက်နဲ့ ထမင်းထပ်မစားတော့တာပဲ၊ ခင်ဆိုတဲ့ မိန်းမက ကျုပ်တို့ကိုကြည့်ပြီးတော့ တောက်တစ်ချက်ထခေါက်တယ်ဗျ၊ သူတောက်ခေါက်လိုက်တာနဲ့ ထမင်းစားနေတဲ့တရုတ်ကြီးက ခွေခနဲလဲပြီး စားပွဲပေါ်မှောက်ကျသွားတယ်။ ကျုပ်လည်း ခေါင်းတွေထိုးကိုက်လာပြီးတော့ ချာချာလည်ပြီး မေ့လဲမလိုဖြစ်သွားတဲ့အချိန်မှာ ဦးဘသာကြီးက ကျုပ်ဇက်ပိုးကို ဖြောင်းခနဲအုပ်ထည့်လိုက်တော့ ကျုပ်အကောင်းအတိုင်းပြန်ဖြစ်သွားတယ်။

ဦးအောင်ရှိန်က ထမင်းစားသောက်ပြီးတော့ လက်သုတ်ပုဝါနဲ့ သူ့ပါးစပ်ကိုသုတ်လိုက်တယ်ဗျ၊ ပြီးတော့ သူကိုင်ထားတဲ့လက်သုတ်ပုဝါကိုဖြန့်လိုက်တော့ လက်သုတ်ပုဝါထဲမှာ ဆံပင်ချည်တွေ၊ ကျောက်တုံးတွေ အခဲလိုက်ပဲဗျာ၊ ဦးအောင်ရှိန်က ရယ်မောရင်းနဲ့ အဲဒီလက်သုတ်ပုဝါကို စားပွဲပေါ်ကိုပစ်တင်လိုက်တယ်။

“အိမ်ရှင်က ဧည့်ခံတယ်ဆိုတော့လည်း ဒါနမြောက်အောင် စားပေးရတာပေါ့၊ ဟဲ့ကောင်မ ညည်းအစွမ်းလောက်နဲ့ ငါ့ကိုလုပ်နိုင်မယ်လို့များထင်လို့လား”

ဦးအောင်ရှိန်ဆီက ဆံပင်ချည်တွေထွက်လာတော့မှ အစားအစာတွေထဲမှာ အောက်လမ်းနည်းနဲ့လုပ်ထားတယ်ဆိုတာကို ကျုပ်သိလိုက်တာဗျာ၊ ကျုပ်လည်း တော်တော်ကြောက်လန့်သွားတာ၊ ဘာလို့လဲဆိုတော့ ဒီအစာတွေကို အစားဆုံးက ကျုပ်ကိုးဗျ။ ကျုပ်ကြောက်နေတဲ့အချိန်မှာပဲ ခင်ဆိုတဲ့မိန်းမက အသံစူးစူးနဲ့ရယ်တယ်။

“ဟား၊ ဟား ရှင့်ကိုယ်ရှင် သိပ်တတ်လှပြီလို့ ထင်နေတာလား အဘိုးကြီး”

“အောင်မာ၊ နင့်လို အောက်လမ်းစုန်းမက ငါ့ကိုအထက်လမ်းကို လုပ်နိုင်မယ်လို့ရော နင်ထင်နေတာလား”

အခြေအနေတွေက ချက်ချင်းတင်းမာကုန်ပြီဗျ၊ ဦးအောင်ရှိန်ကြီးက မတ်တပ်ရပ်မယ်ပြင်လိုက်တော့ ခင်က

“ရှင်စည်းကိုဖောက်လို့မရဘူးနော်အဘိုးကြီး၊ ဒါကျုပ်ရဲ့ပိုင်နက်၊ ကျုပ်ပိုင်နက်ထဲမှာ ကျုပ်ကိုရန်ပြုရင် တစ်လောကလုံးက စုန်းတွေကရှင့်ကိုဝိုင်းငြိုးလိမ့်မယ်”

ဦးအောင်ရှိန်ကြီးကလည်း ထိုင်ခုံမှာပြန်ထိုင်လိုက်တယ်။

“ကောင်းပြီ၊ နင့်ကို ငါရန်မပြုချင်ဘူး၊ ငါကလည်း နင့်လင်တရုတ်ကြီးပင့်လို့ လိုက်လာခဲ့တာ၊ ဒီတော့ နင်လုပ်ထားတာတွေ နင်ပြန်သိမ်း၊ ငါတို့လည်းသွားမယ်”

ခင်က ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်ဗျ။

“ရှင့်ကို ကျွန်မလုပ်လို့မှမရတာ၊ ရှင်သွားချင်ရင်သွားလို့ရပြီ”

ဦးအောင်ရှိန်က ဒေါသထွက်သွားပြီးတော့ ကျုပ်ကိုလက်ညှိုးထိုးတယ်ဗျ။

“ဒါဆို ဒီကောင်လေးကို လုပ်ထားတာတွေကိုရော နင်ပြန်သိမ်းပေးပါ”

“ဒါကတော့ ဆောရီးပါပဲ၊ ကျွန်မပြန်မသိမ်းပေးနိုင်ဘူး”

ဦးအောင်ရှိန်ကြီး တော်တော်ဒေါသထွက်နေတာဗျ။ သူတို့ဂိုဏ်းပညာတွေမှာလည်း သူတို့စည်းနဲ့သူတို့ရှိမှာပေါ့ဗျာ။ ဒေါသထွက်နေတဲ့ ဦးအောင်ရှိန်ကြီးကို ဦးဘသာက လက်ကိုဆွဲလိုက်ပြီး အသာနေခိုင်းလိုက်တယ်၊ နောက်တော့ ဦးဘသာကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး

“နင်သူ့ကိုလုပ်ထားတာကို ပြန်သိမ်းရင်သိမ်း၊ မသိမ်းရင်တော့ နင်နဲ့ငါနဲ့တွေ့မယ်”

“အောင်မာ၊ အဘိုးကြီးက လေကျယ်လို့၊ ဒါကျုပ်ပိုင်နက် စုန်းတစ်ယောက်ကို သူ့ပိုင်နက်ထဲမှာ ဘယ်အထက်လမ်းဆရာက စော်ကားရဲလို့လဲ”

ဦးဘသာကြီးက ရယ်တယ်ဗျ။

“နင့်ကိုသူလုပ်လို့မရပေမယ့်၊ ငါလုပ်လို့ရတယ်၊ ဘာလို့လဲဆိုတော့ ငါကနင့်လိုစုန်းပဲလေ”

ခင်ဆိုတဲ့မိန်းမက မျက်မှောင်ကြုတ်လိုက်တယ်၊ ပြီးတော့မှ အသံသေးသေးကလေးနဲ့ရယ်တယ်။

“ကောင်းတာပေါ့အဘိုးကြီးရယ်၊ ကျုပ်လည်း ပညာမပြိုင်ရတာကြာနေပြီ”

ခင်က ထမင်းစားပွဲကို လက်နဲ့ပုတ်ချလိုက်တာနဲ့ ထမင်းစားပွဲပေါ်က ထမင်းပန်းကန်တွေ၊ ဟင်းပန်းကန်တွေအကုန်လုံး လေပေါ်ကိုမြောက်တက်သွားပြီးတော့ တစ်စစီပြန့်ကျဲကုန်တာပေါ့ဗျာ၊ ဦးဘသာကြီးကလည်း ထိုင်လျှက်သားနဲ့ စားပွဲကို လက်နဲ့တစ်ချက်ပုတ်ထည့်လိုက်တော့ အဲဒီထမင်းပန်းကန်၊ ဟင်းပန်းကန်တွေက စားပွဲပေါ်ကိုပြန်ကျပြီးတော့ ထမင်းစေ့တွေ၊ ဟင်းဖတ်တွေက သူ့ပန်းကန်ထဲကိုသူ အလျှိုလျှိုပြန်ပြုတ်ကျကုန်တာဗျာ၊ အားလုံး ခုနကအတိုင်း ပြန်ဖြစ်သွားတော့တာပဲ။

ခင်က စားပွဲကိုလက်နဲ့သပ်ချလိုက်တော့ စားပွဲပေါ်မှရှိတဲ့ပန်းကန်တွေက ဘေးကိုအကုန်စုသွားတယ်၊ ဦးဘသာနဲ့ သူက မျက်စောင်းထိုးထိုင်နေတာဆိုတော့ သူတို့အရှေ့မှာ စားပွဲအလွတ်ဖြစ်သွားတာပေါ့ဗျာ၊ ခင်က သူ့ရှေ့က ရေထည့်ထားတဲ့ ဖန်ခွက်ကို လက်နဲ့အုပ်ကိုင်ပြီး တစ်ခုခုကိုရေရွတ်လိုက်တော့ အဲဒီခွက်ထဲက ရေတွေက ဝါကျင်ကျင်အရည်တွေဖြစ်သွားတာပေါ့ဗျာ။

“ရော့ စုန်းထီးကြီး၊ ကျုပ်သေးသောက်စမ်း”

ခင်က ဦးဘသာကြီးဆီကို လှမ်းတွန်းပေးလိုက်တော့ ဖန်ခွက်က စားပွဲအပေါ်မှလျှောတိုက်ရွေ့လျားပြီး ဦးဘသာကြီးဆီကို တန်းတန်းမတ်မတ်လာပါရော၊ ဦးဘသာကြီးကလည်း ဟိတ် လို့အော်လိုက်တာနဲ့ အဲဒီဖန်ခွက်က စားပွဲအလယ်မှာ တန့်သွားပါရောဗျာ။

ခင်က စားပွဲပေါ်ကို လက်တစ်ဖက်တင်ပြီးတော့ အားစိုက်ထုတ်လိုက်တယ်ဗျ၊ ဖန်ခွက်က ဦးဘသာဘက်သို့ ရွေ့သွားတာပေါ့။ ဦးဘသာကလည်း စားပွဲပေါ်ကို လက်ဝါးနဲ့ဖြန်းခနဲရိုက်ချပြီး ပြန်အားစိုက်ထားတယ်၊ ဒီတော့ ခွက်က သူ့ဘက်ကိုဆက်မရွေ့တော့ဘဲ ရပ်တန့်သွားပြန်ရော။

ဦးဘသာရော၊ ခင်ရော နဖူးမှာချွေးတွေစို့လာတယ်ဗျ၊ ခင်ဆိုရင် လည်ပင်းကြောကြီးတွေပါထောင်ထလာတယ်၊ ဦးဘသာကြီးဆိုရင်လည်း မျက်မှောင်ကြီးကြုတ်ထားတာ နဖူးကြောကြီးတွေကို တင်းလို့ဗျ။ ဘေးကကြည့်နေတဲ့ကျုပ်တောင် သူတို့နှစ်ယောက် ဘယ်လောက်ပြင်းပြင်းထန်ထန်ပြိုင်သလဲဆိုတာ သိနိုင်တယ်ဗျ၊

နောက်တော့ ခင်က တစ်ချက် အား ခနဲအော်ပြီး စားပွဲပေါ်လက်ထောက်ကျသွားတယ်ဗျ၊ သူရှုံးသွားပြီထင်တာပါပဲ၊ နောက်တော့ စားပွဲပေါ်ကိုတစ်ကိုယ်လုံးမှောက်ကျပြီး ကုန်းကုန်းကြီးဖြစ်နေတယ်၊ ခင်ရဲ့ပါးစပ်ကြီးကလည်း သူ့အလိုလိုဟသွားတယ်ဗျ၊ ခင်ရဲ့မျက်လုံးကြီးတွေဆို ပြူးနေတာပဲဗျာ။

ဦးဘသာက ခပ်ရေးရေးပြုံးလိုက်တော့ ကျုပ်လည်း ဦးဘသာနိုင်နေပြီမှန်းသိလိုက်ပြီပေါ့ဗျာ၊ အဲဒီအချိန်မှာပဲ ခင်ရဲ့ကျင်ငယ်ရည်တွေထည့်ထားတဲ့ ဖန်ခွက်က ခင့်ဆီကို တဖြည်းဖြည်းရွေ့လျားနေတယ်ဗျ။ ခင်က စားပွဲပေါ်ကျလျက်သား ပါးစပ်ကြီးကလည်း ဟလျက်သားဆိုတော့ အဆင်သင့်ပဲပေါ့ဗျာ၊ သူက အကြောက်အကန်ုနဲ့ ရုန်းနေပေမယ့် တစ်ယောက်ယောက်က ဖမ်းချုပ်ထားသလိုမျိုး လှုပ်မရဘူးဖြစ်နေတာ၊ မျက်လုံးကြီးပြူးပြီး ခေါင်းကတဆတ်ဆတ်နဲ့တုန်နေတာပေါ့။

“ဟဲ့စုန်းမ၊ နင့်သေးကိုနင်ပြန်သောက်ကြည့်စမ်းပါ၊ ချိုသလားလို့”

ဦးဘသာကြီးက ကြိမ်းဝါးလိုက်တော့ ဖန်ခွက်က ခင်ရဲ့ပါးစပ်အနားကို တိုးသွားပြီးတော့ ပါးစပ်နားရောက်တော့ ဖန်ခွက်ကလဲသွားပြီး အထဲက အရည်တွေက ခင်ရဲ့မျက်နှာကို ပက်ခနဲစင်သွားတာဗျ၊ ပါးစပ်ကြီးက ပြဲနေတာဆိုတော့ ပါးစပ်ထဲကိုလည်း ဝင်သွားသလို၊ မျက်လုံးတွေ၊ ဆံပင်တွေကိုလည်း စိုသွားသေးတယ်။

ပါးစပ်ထဲကို သူ့သေးတွေဝင်သွားတော့မှ ခင်က ရုန်းထပြီးတော့ တဝေါ့ဝေါ့နဲ့ထိုးအန်နေတာပဲဗျာ၊ နောက်တော့ သူ့တစ်ကိုယ်လုံး ငှက်ဖျားတက်သလို ချမ်းတုန်တက်လာတယ်၊၊ ဒါနဲ့ခင်က သူ့ထဘီကိုချွတ်တယ်ဗျ၊ ပြီးတော့ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ကိုယ်သူထမီနဲ့ခြုံလိုက်တော့ ချက်ချင်းလင်းတကြီးတစ်ကောင်အဖြစ်ပြောင်းသွားတော့တာပဲဗျာ။ လင်းတကြီးလည်းဖြစ်သွားရော အိမ်ပြင်ကိုပျံပြီး ပြေးထွက်သွားပါရော။

“မလိုက်နဲ့တော့ ဘသာ”

ဦးအောင်ရှိန်က ဝင်တားတော့မှ ဦးဘသာကြီးကရပ်လိုက်တယ်၊ နောက်တော့ တရုတ်ကြီးနိုးမလာခင် ကျုပ်တို့အကုန်လုံး သူ့အိမ်ထဲကနေ ထွက်လာခဲ့ကြတာပေါ့ဗျာ။ ပြီးတော့ ဘုန်းကြီးကျောင်းတစ်ခုအရှေ့က ညောင်ပင်ရိပ်မှာ ခဏနားနေကြတာပေါ့ဗျာ။

“ဦးဘသာ၊ ကျုပ်ကိုအပင်းတွေထည့်သွားတာ ထုတ်ပေးစမ်းပါအုံး”

ကျုပ်လည်းပြောရတာပေါ့၊ ဦးဘသာက ကျုပ်ကျောကိုလက်နဲ့သပ်ချတယ်၊ နောက်ပြီးတော့ ခေါင်းခါပြတယ်ဗျ။

“ဒီအတိုက်က အဆင့်မြင့်တယ်ဟ၊ ငါလည်းထုတ်မရဘူး”

ဦးအောင်ရှိန်က ထလာပြီး ကျုပ်ကိုစမ်းသပ်ကြည့်တယ်။

“ဘသာပြောတာမှန်တယ်၊ ဒီအတိုက်က အဆင့်မြင့်တဲ့အတိုက်ပဲ၊ ဘုရားတိုက် တိုက်ထားတာ”

“ဒါဆို ဆရာကြီးရော ထုတ်လို့မတတ်ဘူးလား”

“ထုတ်မရတာတော့မဟုတ်ပါဘူး၊ ထုတ်လို့တော့ရပါတယ်၊ ဒါပေမယ့် ဒီနေရာမှာလုပ်လို့မဖြစ်ဘူးကွ”

“ဒါဖြင့် ဘယ်မှာလုပ်ရမှာလဲ”

“တို့ရွာကိုရောက်တော့မှာပါ၊ အဲဒီရောက်မှ ထုတ်လို့ရနိုင်မယ်၊ ကဲ သွားကြစို့ဟေ့”

ဦးအောင်ရှိန်ကြည့်ရတာ လောနေတဲ့ပုံပဲဗျ၊ ကျုပ်လည်း သူ့နောက်ကပြေးလိုက်လာတာပေါ့၊ ဂန့်ဂေါမြို့အလယ်နားရောက်တော့ မြစ်ကြီးတစ်ခုရှိတယ်၊ မြစ်ဆိပ်မှာဆင်းပြီးတော့ လှေတစ်စင်းငှားရတာပေါ့။

“တို့တွေ မြောက်ဘက်ကိုစုန်လိုက်ရင် မြင်းဇာရွာကိုရောက်မယ်၊ အဲဒါ ငါတို့ရွာပဲသူငယ်ချင်း”

“ဟာဗျာ၊ တောက်တီးတောက်တဲ့၊ မြစ်ဆိုတာ မြောက်ကနေတောင်ကို စီးဆင်းတာမဟုတ်လား၊ မြောက်ဘက်ဆိုတော့ အစုန်ဘယ်ဟုတ်မလဲဗျ၊ အဆန်ပေါ့”

ကျုပ်လည်း ကျုပ်ကြားဖူးနား၀နဲ့ ထငြင်းတာပဲ၊ ဦးအောင်ရှိန်က ရယ်မောပြီးတော့

“ဒီမြစ်က မင်းတွေ့ဖူးတဲ့မြစ်တွေလိုမဟုတ်ဘူးကွ၊ မြစ်သာမြစ်ဆိုတာ မြောက်ကနေတောင်ကို စီးဆင်းတာမဟုတ်ဘဲ တောင်ကနေ မြောက်ကိုစီးဆင်းတာကွ”

ထူးဆန်းပါပေ့ဗျာ၊ ကျုပ်တို့သိသလောက်တော့ မြစ်ဆိုတာ မြောက်ကနေတောင်ကို စီးတာမဟုတ်လား၊ ဒါနဲ့လှေကိုလှော်ခဲ့တော့လည်း တကယ်ပဲဗျာ၊ ကျုပ်တို့သွားနေတာ ရေစုန်ကြီးဗျ။

လှေစီးနေတုန်းမှာပဲ ကျုပ်တစ်ကိုယ်လုံး ပူစပ်ပူလောင်ကြီးဖြစ်လာတယ်ဗျ။ နောက်ပြီး အရေပြားတွေကိုလည်း အပ်အစင်းတစ်ထောင်လောက်နဲ့ ထိုးစိုက်သလိုမျိုး စူးခနဲ စူးခနဲဖြစ်နေပါရော၊ ပိုပြီးဆိုးတာက ကျုပ်လည်ပင်းမှာ ပူလာတာဗျ၊ မသိရင် သွေးတွေအကုန်လုံး ဆူပွက်ပြီး အငွေ့ပျံသလိုကို ပူလာတာ၊ ကျုပ်လည်းမဟန်တော့တာနဲ့ လှေပေါ်မှာလှဲချလိုက်ပြီး လိမ့်နေတော့တာပဲ။

“အလတ်ကောင်၊ သတိထားစမ်း”

ကျုပ်နားထဲမှာ ဦးဘသာအသံကို ကြားနေရတယ်ဆိုပေမယ့် ကျုပ်မျက်လုံးက ဘာကိုမှမမြင်တော့ဘူးဗျာ၊ အဖြူတွေ၊ အပြာတွေ၊ အနီတွေကိုပဲ မြင်တော့တာ။ ပြီးတော့ ကျုပ်လည်းလောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတော့တာပါပဲဗျာ။ လှေကလေးကလည်း မြစ်သာမြစ်အတိုင်း မြောက်ဘက်ကိုစုန်ဆင်းရင်းနဲ့ ဦးအောင်ရှိန်တို့ရဲ့ မွေးရပ်မြေ မြင်းဇာရွာကို ဦးတည်လှော်ခတ်သွားတာပေါ့ဗျာ။

(၄)

မြင်းဇာရွာဆိုတာ မြစ်ကမ်းဘေးနားက ရွာကလေးဗျ၊ ဦးအောင်ရှိန်တို့ လှေဆိုက်တယ်ဆိုရင်ပဲ ကျုပ်ကို ရင်မောင်က ချီပိုးပြီးတော့ ဦးအောင်ရှိန်ရဲ့အိမ်ကို ပြေးတော့တာပဲတဲ့၊ ဒီအဖြစ်တွေက ကျုပ်ကိုနောက်မှ ပြောပြလို့သိရတာ၊ ကျုပ်ကတော့ သတိလစ်နေတာပေါ့ဗျာ။

ဦးအောင်ရှိန်တို့အိမ်က ခြံဝိုင်းအကျယ်ကြီးနဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဗျ၊ အိမ်အပေါ်ထပ် အရှေ့ခန်းတစ်ခန်းလုံးက ဘုရားစင်ကြီးပေါ့၊ ဘုရားစင်ပေါ်မှာ ဘုရားလေးဆူတင်ထားပြီး ကိုးကွယ်တာပေါ့ဗျာ။

ကျုပ်လည်းရောက်သွားရော ဖျာတစ်ချပ်ခင်းပြီး ဘုရားကျောင်းဆောင်အရှေ့မှာ ထိုင်ထားစေတယ်၊ ရင်မောင်က ကျုပ်ကိုအနောက်ကနေပြီး ကျားကန်တွန်းထားပေးတာပေါ့ဗျာ၊ နောက်ပြီးကျုပ်လက်ထဲကိုလည်း အဖြူရောင်သစ်သားနဲ့ထုလုပ်ထားတဲ့ ဘုရားဆင်းတုကလေးတစ်ဆူကို ကိုင်ထားခိုင်းတယ်တဲ့၊ ပြီးတာနဲ့ ဦးအောင်ရှိန်က အထက်ပုဂ္ဂိုလ် တွေကိုခေါ်ပင့်ပြီးတော့ ကျုပ်လည်ပင်းကို ပုတီးကိုးကုံးနဲ့ တစ်ကုံးချင်းစီ စွပ်တော့တာပဲတဲ့ဗျာ။

ဘုရားတိုက်ဆိုတာ တော်တော်မလွယ်တဲ့အတိုက်တဲ့ဗျာ၊ အလွန်အောက်တန်းကျသလို ယုတ်ညံ့လွန်းတဲ့အတိုက်တဲ့၊ အတိုက်စီရင်တဲ့လူတောင်မှ အဲဒီအတိုက်ကို မဖြေနိုင်ဘူးတဲ့ဗျာ၊ ကျုပ်ကို ပုတီးကိုးကုံးစွပ်ပြီး ဦးအောင်ရှိန်က အတိုက်ထုတ်တော့ ပုတီးကုံးတွေဆိုတာ တစ်ကုံးပြီးတစ်ကုံး သူ့အလိုလို ပြုတ်ထွက်ပြီး ပုတီးစေ့တွေဆိုတာ ပြန့်ကျဲနေတာပဲတဲ့၊ လုပ်ထုံးလုပ်နည်းအရ ပုတီးကိုးကုံးစလုံးပြတ်ရင် အဲဒီလူကို အတိုက်ထုတ်လို့မရဘဲ သေရောတဲ့၊ ကျုပ်ကိုအတိုက်ထုတ်နေရင်း ပုတီးတွေ တစ်ကုံးပြီးတစ်ကုံးပြတ်ကုန်တာ၊ ငါးကုံးမြောက်ပြတ်ထွက်သွားတော့ ဦးအောင်ရှိန်က မျက်နှာမကောင်းတော့ဘူးတဲ့ဗျာ။ နောက်ဆုံးလေးကုံးပဲ ကျန်တော့တာကိုး။

အဲဒီလေးကုံးကလည်း မျက်စိရှေ့မှာတင် ဖြောင်းခနဲ ဖြောင်းခနဲပြတ်ရင်း ခုနစ်ကုံးမြောက် ပြတ်အပြီးမှာ ဆက်မပြတ်တော့ဘူးတဲ့၊ ဦးအောင်ရှိန်တို့လည်း သေချာအောင် ဆယ့်ငါးမိနစ်လောက် စောင့်ကြည့်နေတသေးတယ်ဆိုပဲဗျ၊ သေချာသွားမှ သူတို့လည်း သက်ပြင်းချနိုင်တော့တာပဲ။

ကျုပ်နိုးလာတော့ နောက်တစ်နေ့မနက်ရောက်နေပြီဗျ၊ ကျုပ်တစ်ကိုယ်လုံး ပေါ့ပါးနေပြီး ဘာမှမဖြစ်တော့ဘူး၊ ကျုပ်သတိရလာတာနဲ့ ရင်မောင်က ကျုပ်ဖြစ်ခဲ့တာတွေကိုပြန်ပြောပြတယ်၊ ဦးဘသာကတော့ ဘုရားခန်းရှေ့မတက်ရဲဘူးတဲ့။ ကျုပ်လည်း နိုးနိုးခြင်း ဆရာကြီးဦးအောင်ရှိန်ကို ကုန်းကုန်းပြီးကန်တော့တာပဲဗျာ၊ ဘယ်နှကြိမ်မှန်းတောင်မသိပါဘူး၊ ကျုပ်ဆရာကြီးကို အရမ်းကျေးဇူးတင်တယ်၊ ကျုပ်မှာ ဆရာကြီးပေးတဲ့အသက်ပဲ ရှိတော့တာမဟုတ်လား။

“ဘုရားတိုက်ဆိုတာ တော်တော်အောက်တမ်းကျတာကွ၊ မင်းကိုအထည့်ခံရမှန်းသိလို့သာပေါ့။ ပုံမှန်ဘုရားတိုက်ဆို ပယောဂစစ်ရင်မပေါ်ဘူး”

“ဒါဆို ဘယ်လိုများတိုက်ပါလိမ့် ဆရာကြီးရယ်”

“ခုလုပ်နည်းကို အကြေတိုက်လို့ခေါ်တယ်၊ အနေကဇာတင်ထားတဲ့ ဘုရားဆင်းတုအသားရယ်၊ ဘုရားအုတ်ကျိုး၊ သိမ်ဝင်သပိတ်ကွဲ နဲ့ စီရင်ထားတာဖြစ်မယ်၊ ဒီလိုလုပ်တဲ့လူက သေရင် ငရဲအိုး ချိုးကပ်မှာပဲ”

ဦးဘသာကြီးက ဘုရားရှေ့မတက်ရဲဘူးဆိုတော့ ဦးအောင်ရှိတို့ခြံဝိုင်းထောင့်က တဲကလေးမှာ နှစ်ယောက်အတူတူနေလိုက်ကြတယ်၊ အဲဒီတဲကလေးက အစတုန်းက ဦးအောင်ရှိန်ရဲ့သမီးက စက်ချုပ်ဆိုင်ဖွင့်တဲ့ တဲကလေးတဲ့ဗျ၊ တဲက ဆယ်ပေပတ်လည်လောက်ပဲ ရှိပေမယ့် ကျုပ်နဲ့ဦးဘသာ နေလို့လောက်ပါတယ်ဗျာ၊ ဒီလိုနဲ့ပဲ အဲဒီအိမ်ကလေးမှာနေရင်း ဦးအောင်ရှိန်တို့ရွာမှာ ပျော်သလောက်နေဖြစ်တယ်ဆိုပါစို့ဗျာ။

တရုတ်ကြီးရဲ့မိန်းမက မခင်လှတဲ့ဗျာ၊ ခင်ဗျားတို့ထူးဆန်းမနေဘူးလား၊ မင်းရွာမှာ တွေ့ခဲ့ရတာကကျတော့ မခင်မြလေ၊ ဒါပေမယ့် စုံစမ်းကြည့်လိုက်တော့ ကျုပ်တို့ထင်ထားတဲ့အတိုင်းပါပဲဗျာ၊ မခင်လှနဲ့ မခင်မြက ညီအမတွေတော်တယ်၊ သွေးသားတော်စပ်တာမဟုတ်ပေမယ့် ခုနစ်စင်ကြယ်ညီအမအဖွဲ့မှာ မခင်လှက အကြီး၊ မခင်မြက အငယ်တဲ့ဗျာ။

မခင်လှက တရုတ်ကြီးရဲ့အပေါင်ဆိုင်မှာ အပေါင်ပစ္စည်းတွေ ပြန်ရွေးနိုင်ရုံတင်မကဘဲ နောက်ထပ်လည်း ပစ္စည်းတွေ လာစုအောင်လို့ အောက်လမ်းနီးနဲ့ လုပ်ပေးထားတယ်တဲ့ဗျ။ ဒါကြောင့် ရှေးလူကြီးတွေက အပေါင်ဆိုင်နဲ့ မပတ်သက်နဲ့လို့ပြောတာနေမှာ။ အပေါင်ဆိုင်တစ်ခါရောက်ဖူးရင် ကဒီးကဒီးသွားရတတ်သတဲ့။ ခုလည်း မခင်လှက တရုတ်ကြီးကို အောက်လမ်းနည်းတွေသုံးပြီး စီးပွားရှာပေးနေပုံပါပဲ။ ဒီအကြောင်းတွေ ထပ်ပြောရင် ဇာတ်လမ်းတစ်ပုဒ်စာရတယ်။

ကဲဒီနေ့တော့ နားပြီဗျာ၊ နောက်နေ့မှာပဲ မြင်းဇာရွာမှာ ဘာတွေထူးထူးဆန်းဆန်းဖြစ်ခဲ့သလဲဆိုတာကို ဆက်ပြောကြအုံးစို့ဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

”စုန္းထီးႀကီးဦးဘသာႏွင့္ကေဝေကြၽးတဲ့ ထမင္းဝိုင္း'(စ/ဆုံး)
—————————————————————————-

(၁)

က်ဳပ္တို႔ခရီးဆက္လာရင္း လမ္းတစ္ေလွ်ာက္မွာေတာ့ ေအးရာေအးေၾကာင္းပါပဲဗ်ာ၊ ေနာက္ေတာ့ ေတာင္ႀကီးေတြကို ျဖတ္လာရတယ္ဗ်၊ ကားလမ္းကလမ္း ေတာင္ဆင္းေတာင္တက္နဲ႔ က်ဳပ္ျဖင့္ အညာလို႔ကိုမထင္ဘဲ ရွမ္းျပည္ဘက္ကို လမ္းမွားၿပီး ေရာက္လာသလားလို႔ထင္မိတာ၊ က်ဳပ္တို႔ေဒသနဲ႔ဘာမွမဆိုင္ဘူးဗ်ာ၊ သစ္ေတာႀကီးေတြ၊ ေတာင္တန္းႀကီးေတြနဲ႔ ေႏြရာသီမွာေတာင္ သစ္ေတာေတြက စိမ္းစိုေနတာဗ်။ က်ဳပ္လည္း ကားစီးလာရင္း ဆရာႀကီးရွိန္ကို လက္တို႔ၿပီးေတာ့ ေမးရတာေပါ့ဗ်ာ။

“ဆရာႀကီး၊ က်ဳပ္တို႔ကားမွားစီးလာၿပီး ရွမ္းျပည္ကိုမ်ားေရာက္ေနတာလား၊ အခုေတာင္ေတြေပၚကိုခ်ည္းေရာက္ေနတာေနာ္ဗ်”

ဦးေအာင္ရွိန္က က်ဳပ္ေျပာေတာ့ အသံထြက္ၿပီးေတာ့ပါရယ္တယ္ဗ်။

“မမွားပါဘူးငါ့တူရာ၊ ဒီလမ္းက ငါတို႔သြားေနၾကပါကြ”

“မမွားဘူးဆိုေတာ့လည္း ေတာ္ေသးတာေပါ့ဗ်ာ၊ က်ဳပ္ျဖင့္ တစ္ေမွးေမွးၿပီး ႏိုးလာေတာ့ ရွမ္းျပည္တက္ေနတယ္လို႔ထင္သြားမိတာ”

“ဟား၊ ဟား ဒါရွမ္းျပည္မဟုတ္ပါဘူးကြ၊ ငါတို႔ရဲ႕ ေယာနယ္ကိုေရာက္လာတာပါ”

“ေယာနယ္ကလည္း ေတာင္ေတြခ်ည္းဘဲေနာ္ဗ်”

က်ဳပ္လည္းေမးရင္း ျပတင္းေပါက္ကေနေငးၾကည့္လာတာေပါ့ဗ်ာ၊ ျမင္ျမင္သမွ် ေတာင္တန္းေတြ သစ္ေတာေတြပဲ ျမင္ေနရတာကိုးဗ်။ ဦးေအာင္ရွိန္က ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ၿပီးေတာ့

“တို႔ေရာနယ္မွာ ေတာင္ႀကီးဆယ့္တစ္ေတာင္၊ ေတာင္ငယ္ႏွစ္ဆယ္ရွိတယ္ကြ၊ ေတာင္ႀကီးေတြကေတာ့ ပုံေတာင္၊ ပုံညာ၊ ဒညင္း၊ ေပါင္မင္း၊ ေဆးႀကီး၊ ေမာင္ႏွမ၊ ႏြားမ၊ ေခြးေခၚ၊ ဆင္လဲ၊ ေတာင္ေတာ္တဲ့ကြ”

ဦးေအာင္ရွိန္ဘာေတြ႐ြတ္ေနမွန္းမသိလို႔ က်ဳပ္လည္းေခါင္းကုပ္ေနမိတာေပါ့ဗ်ာ၊ ေနာက္ေတာ့ ဦးေအာင္ရွိန္ႀကီးက ရွင္းျပတယ္ဗ်။

“ဒီစာဆိုအရဆိုရင္ ပုံေတာင္ရယ္၊ ပုံညာေတာင္ရယ္၊ ဒညင္းေတာင္၊ ေပါင္မင္းေတာင္၊ ေဆးႀကီးေတာင္၊ ေမာင္ႏွမဆိုတာကေတာ့ ေမာင္ေတာ္ေတာင္၊ ႏွမေတာ္ေတာင္၊ ႏြားမေတာင္၊ ေခြးေခၚေတာင္၊ ဆင္လဲေတာင္နဲ႔ ေတာင္ေတာ္ဆိုၿပီးေတာ့ ေတာင္ႀကီး ဆယ့္တစ္လုံးရွိတယ္”

က်ဳပ္လည္း ဒီေတာ့မွသေဘာေပါက္တာဗ်။ ဒီေဒသမွာ ေတာင္ေတြလည္း သိပ္ေပါတာကိုးဗ်။

“ဒါနဲ႔ ေတာင္နာမည္ေတြကလည္း အဆန္းေတြပါလား”

“ေအး၊ ဒီေတာင္ေတြမွာ သူ႔ေတာင္နဲ႔သူ ဇာတ္ေၾကာင္းရာဇဝင္ေတြရွိတယ္ကြ၊ အဲဒီေတာင္ေတြမွာ အမွီျပဳၿပီးေနၾကတဲ့ ႐ြာသားေတြဆိုရင္ ေတာင္ပိုင္ေတြကို ေသလုေအာင္ေၾကာက္ရသတဲ့၊ နီးစပ္တာကိုေျပာျပရရင္ ေတာင္ေတာ္ေတာင္ကို ဘယ္သူမွေျခဆင္းၿပီးမအိပ္ရဲၾကဘူး၊ ေတာင္ႀကီးရွိရာကိုပဲ ေခါင္းထိုးၿပီးအိပ္ၾကရတယ္”

“မအိပ္ရင္ေရာ ဘာျဖစ္သလဲဗ်”

“မင္းကေတာ့ ေပါက္ေပါက္ရွာရွာေမးျပန္ၿပီ၊ မယုံၾကည္လို႔ ေျခဆင္းအိပ္တဲ့လူေတြက ေခါင္းခဲတာ၊ ေခါင္းကိုက္တာ၊ အျပင္းဖ်ားတာျဖစ္တယ္၊ ေနာက္ၿပီး ေတာင္ေတာ္သခင္မ ၿငိဳးတာခံရတတ္တယ္တဲ့၊ ဒါေၾကာင့္ ႐ြာခံေတြလည္း မအိပ္ၾကသလို၊ ဧည့္သည္ေတြကိုလည္း မအိပ္ခိုင္းၾကဘူး”

“အင္း၊ ထူးဆန္းလိုက္တာေနာ္ဗ်”

“ဒါ့ထက္ထူးဆန္းတာေတြ တစ္ပုံႀကီးရွိပါေသးတယ္ကြာ၊ ကဲ ဒီေတာင္ႀကီးကိုေက်ာ္ၿပီးရင္ေတာ့ ဂန႔္ေဂါေရာက္ေတာ့မယ္ေဟ့၊ ငါလည္း ခနေမွးလိုက္အုံးမယ္”

ဦးေအာင္ရွိန္က ဦးဘသာလို ေလမရွည္ဘူးဗ်၊ က်ဳပ္ကလည္း တစ္ခုခုဆိုသိခ်င္လာရင္ ခေရေစ့တြင္းက် လိုက္ေမးတတ္တဲ့ေကာင္ဆိုေတာ့ သူကလည္း က်ဳပ္နဲ႔သိပ္စကားေျပာခ်င္ပုံမရဘူးေပါ့ဗ်ာ။

“ဂန႔္ေဂါၿမိဳ႕မွ ႀကိဳဆိုပါ၏”

ၿမိဳ႕အဝင္နားေရာက္ေတာ့ ဆိုင္းဘုတ္ကိုက်ဳပ္အသံထြက္ၿပီးဖတ္လိုက္တယ္၊ လမ္းကနည္းနည္းၾကမ္းေတာ့ ကားကလည္းေဆာင့္တယ္ဗ်၊ ဦးဘသာႀကီးနဲ႔ ဦးေအာင္ရွိန္ကေတာ့ တစ္လမ္းလုံးေမွးၿပီး လိုက္လာခဲ့ၾကတာပဲဗ်ာ၊ က်ဳပ္ေဘးက ရင္ေမာင္ကေတာ့ ထုံးစံအတိုင္း ပါးစပ္ကို ပြစိပြစိလုပ္ၿပီး ပုတီးစိပ္ေနတာေပါ့ဗ်ာ။

(၂)

ဂန႔္ေဂါၿမိဳ႕ထဲက ကားဂိတ္မွာ ကားရပ္လိုက္လို႔ က်ဳပ္တို႔ကားေပၚကဆင္းလာတယ္ဆိုရင္ပဲ လူႀကီးတစ္ေယာက္က ေျပးထြက္လာၿပီးေတာ့ ဦးေအာင္ရွိန္အေရွ႕မွာ လက္အုပ္ခ်ီတယ္ဗ်။

“ဆရာႀကီးတို႔ ဘယ္ကႂကြလာတာလဲ”

“ေအးကြ၊ အေရွ႕ဖက္က ႐ြာေတြဆီခဏလွည့္ေနတာ၊ မင္းေရာ အဆင္ေျပရဲ႕လား”

“လုပ္ငန္းကိုင္ခန္းေတြ အားလုံးအဆင္ေျပပါတယ္ဆရာႀကီး၊ ဒါနဲ႔ ဆရာႀကီးတို႔ ဘာစားၿပီးၿပီလဲ ကြၽန္ေတာ္ ဆရာႀကီးတို႔ကို ေန႔လည္စာေကြၽးပါရေစ”

အဲဒီလူကေျပာေတာ့ က်ဳပ္လည္း ဗိုက္ဆာဆာနဲ႔စားရၿပီလို႔ထင္လိုက္တာေပါ့ကြာ၊ ဒါေပမယ့္ ဦးေအာင္ရွိန္က ေခါင္းခါတယ္ဗ်။

“ဒီတစ္ခါေတာ့ ငါတို႔သြားစရာရွိေသးလို႔ မစားေတာ့ပါဘူးကြာ”

“ဟုတ္ကဲ့ပါဆရာႀကီး၊ ဆရာႀကီးတို႔ ကြၽန္ေတာ့္ကားကို စီးလာခဲ့တာပဲ၊ ကြၽန္ေတာ္ ကားချပန္ေပးပါ့မယ္”

“ေနပါေစကြာ၊ ရပါတယ္၊ ကဲ . . ငါတို႔သြားၿပီေဟ့”

စားေသာက္ရမည့္ပြဲကို လြဲသြားေတာ့ က်ဳပ္လည္း စိတ္တိုသြားတာေပါ့ဗ်ာ။ ေနကလည္းမြန္းတည့္ေတာ့မယ္ဗ်၊ က်ဳပ္တို႔လည္းဆာလွၿပီကိုး၊ ဦးေအာင္ရွိန္ႀကီးက က်ဳပ္ကိုၿပဳံးရင္းၾကည့္တယ္ဗ်။

“ငါ့တူႀကီး ဗိုက္ဆာေနၿပီလားကြ၊ ေနစမ္းပါအုံးကြာ၊ ျဖည္းျဖည္းေပါ့၊ အေစာႀကီးရွိေသးတာပဲမဟုတ္လား”

ဦးဘသာႀကီးကလည္း ေခါင္းညိတ္တယ္၊ ဒါနဲ႔ က်ဳပ္လည္း ဘာမွမေျပာေတာ့ဘဲ အဝတ္ထုတ္ႀကီးႏွစ္ထုတ္ဆြဲၿပီး သူတို႔အေနာက္ကေန လိုက္လာခဲ့တာေပါ့။

ဦးေအာင္ရွိန္ႀကီးက လူခ်စ္လူခင္ေတာ့ေပါတယ္ဗ်၊ လူခ်စ္လူခင္တာထက္စာရင္ လူေတြက သူ႔ကိုေလးစားၾကတယ္လို႔ဆိုရမယ္၊ က်ဳပ္တို႔လမ္းေလွ်ာက္လာေတာ့ တစ္လမ္းလုံးမွာ ေတြ႕သမွ်လူေတြက သူ႔ကိုဆရာႀကီး၊ ဆရာႀကီးဆိုၿပီး လက္အုပ္ခ်ီၿပီးႏႈတ္ဆက္ၾကတာဗ်။ တစ္ခ်ိဳ႕က်ေတာ့ ႏႈတ္ဆက္႐ုံတင္ဘယ္ကမလဲ ဆရာႀကီးထမင္းစားသြားပါ၊ လက္ဖက္ရည္ေသာက္သြားပါနဲ႔ ဖိတ္ၾကတယ္ဗ်၊ က်ဳပ္ျဖင့္ ဦးေအာင္ရွိန္ တစ္အိမ္အိမ္ေတာ့ ဝင္စားၿပီလို႔ထင္ေနတာ၊ ဘယ္ဟုတ္မလဲဗ်ာ၊ သူက သူ႔ကိုဖိတ္တဲ့လူတိုင္းကို ျငင္းျငင္းလႊတ္ေနေတာ့တာပဲ။

ဂန႔္ေဂါၿမိဳ႕က က်ဳပ္တို႔ၿမိဳင္သာၿမိဳ႕ထက္စာရင္ေတာ့ အေတာ္ကိုႀကီးတာဗ်၊ ဆိုင္ေတြဆိုတာလည္း တခမ္းတနားပဲဗ်ာ၊ မ်ားေသာအားျဖင့္ကေတာ့ အထည္အလိပ္ေတြလုပ္ၾကတယ္၊ ဟိုတယ္၊ ေဆး႐ုံ၊ ႐ုပ္ရွင္႐ုံနဲ႔ စည္ကားေနတာေပါ့ဗ်ာ၊ မၾကာပါဘူး ၿမိဳ႕ထဲကိုေရာက္လာပါေရာ၊ ဒီအခါ ဦးေအာင္ရွိန္ကို တ႐ုတ္ႀကီးတစ္ေယာက္က ႏႈတ္ဆက္တယ္ဗ်။

“ဆရာကီး၊ မေတြ႕တာေတာင္ၾကာေနၿပီ”

“ေအးကြ၊ ခရီးေတြခ်ည္းထြက္ေနေတာ့ ဒီကိုေတာင္မေရာက္တာ ၾကာလွေပါ့”

တ႐ုတ္ႀကီးက က်ဳပ္တို႔ကိုတစ္ခ်က္ငဲ့ၾကည့္တယ္ဗ်၊ ေနာက္ေတာ့

“ဆရာကီးတို႔ ထမင္းစားၿပီးၾကၿပီလား၊ မစားရေတးဘူးဆိုရင္ ၀ဆီမွာ စားသြားပါလား”

က်ဳပ္လည္း ဦးေအာင္ရွိန္မ်ား ျငင္းအုံးမလားဆိုၿပီး ထိတ္လန႔္ေနတာေပါ့ဗ်ာ၊ လူတစ္ကိုယ္လုံးလည္း ေခြၽးေတြထြက္ၿပီး ေပစုပ္ေနတာပဲ၊ ဦးေအာင္ရွိန္က က်ဳပ္ကိုၾကည့္ၿပီးေတာ့ ၿပဳံးတယ္ဗ်။

“မင္းတို႔ဆာၿပီထင္တယ္၊ ေကာင္းၿပီေလတ႐ုတ္ႀကီး မင္းဆီမွာပဲ ေန႔လည္စာစားသြားတာေပါ့၊ ငါတို႔ေလးေယာက္စားဖို႔ အဆင္ေျပတယ္မဟုတ္လား”

တ႐ုတ္ႀကီးက ေ႐ႊသြားႀကီးေပၚေအာင္ၿပဳံးလိုက္ၿပီးေတာ့

“ေျပတာေပါ့ ဆရာကီးရယ္၊ ၀ဆီမွာ ဆရာကီးတို႔ေလးေယာက္မေျပာနဲ႔၊ လူေလးဆယ္လာရင္ေတာင္ စားေလာက္ပါရဲ႕၊ လာပါ ဆရာကီးတို႔ ႂကြပါ”

တ႐ုတ္ႀကီးက စတိုးဆိုင္ႀကီးတစ္ခုထဲကို ဝင္သြားတယ္ဗ်၊ စတိုးဆိုင္ေဘးနားမွာေတာ့ အေပါင္ဆိုင္တစ္ခခုရွိတယ္၊ က်ဳပ္လည္း သူတို႔ဆိုင္ႀကီးမွာတင္ထားတဲ့ ႏိုင္ငံျခားျဖစ္ကုန္စည္ေတြကို ေငးၿပီးေတာ့ၾကည့္ေနတာေပါ့ဗ်ာ၊ ေနာက္ေတာ့ ဆိုင္ေနာက္ဖက္ကို တ႐ုတ္ႀကီးက ေခၚသြားတာနဲ႔လိုက္သြားတာေပါ့။

တ႐ုတ္ႀကီးအိမ္က ခမ္းခမ္းနားနားႀကီးဗ်၊ ၿမိဳင္သာၿမိဳ႕က ကုလားမႀကီးမာယာတို႔ခ်မ္းသာတာက ဒီတ႐ုတ္ႀကီးနဲ႔ယွဥ္ရင္ ပမႊားေလးပါဗ်။ တ႐ုတ္ႀကီးအိမ္ထဲမွာ ေႂကြျပားေတြခင္းထားၿပီးေတာ့ တီဗြီအႀကီးႀကီးလည္းရွိေသးတယ္၊ အိမ္ေထာင္ပရိေဘာဂေတြဆိုလည္း အစုံပဲဗ်ာ၊ က်ဳပ္တို႔မျမင္ဖူးတဲ့ဟာေတြေတာင္ အမ်ားႀကီးပဲ၊ အိမ္ေနာက္ဖက္နားမွာ ထမင္းစားခန္းရွိတယ္ဗ်၊ ထမင္းစားပြဲႀကီးကိုျမင္ေတာ့ က်ဳပ္ျဖင့္ ဟိုတယ္ႀကီးထဲေရာက္သြားသလားလို႔ထင္ရတာ၊ စားပြဲဝိုင္းအႀကီးႀကီးကိုမွ ဆုံလည္လုပ္ထားတာဗ်၊ စားပြဲႀကီးကလည္း မေဟာ္ဂနီေရာင္ ေတာက္ေနတာပဲ။

“ဆရာကီးတို႔ထိုင္ပါ၊ ၀စားဖို႔ေသာက္ဖို႔ စီစဥ္လိုက္အုံးမယ္”

တ႐ုတ္ႀကီးက မီးဖိုထဲကိုဝင္သြားတယ္ဗ်၊ ၿပီးေတာ့ ျပန္ထြက္လာၿပီး လက္ထဲမွာလည္း ပုလင္းစိမ္းစိမ္းကေလးေတြကိုင္ထားတယ္၊ က်ဳပ္တို႔အနားေရာက္ေတာ့ ပုလင္းေဖာက္တံနဲ႔ေဖာက္လိုက္တဲ့အခါ ပုလင္းထဲကေန စီခနဲျမည္သြားၿပီးေတာ့ အျမႇဳပ္ေတြတက္လာတာေပါ့ဗ်ာ။ ေနာက္ေတာ့ ပိုက္ေခ်ာင္းေလးေတြတပ္တယ္ဗ်။

“ဒါ . . ဒါ ပုလင္းဘိလပ္ရည္မဟုတ္လား”

က်ဳပ္က အံ့ဩၿပီးေမးလိုက္တာေပါ့၊ အဲဒီေခတ္က ဘိလပ္ရည္ဆိုရင္ လက္ေဖ်ာ္ေတြမ်ားတယ္၊ အခုလို ပုလင္းပိတ္ထားတဲ့ဟာက သူေဌးေတြမွေသာက္ႏိုင္တာဗ်၊ က်ဳပ္လည္း ေမာေမာနဲ႔တစ္ခ်က္စုပ္ေသာက္လုက္ေတာ့ အားပါးပါး ေအးၿပီးခ်ိဳေမႊးၿပီး လည္ေခ်ာင္းထဲကို ဆင္းသြားတာပဲဗ်ာ။

ေနာက္ေတာ့ စားေသာက္ဖြယ္ရာေတြလာခ်တယ္၊ ထမင္းနဲ႔ အ႐ြက္ေတြ၊ အသီးေတြ၊ အသားေတြကို ေၾကာ္ထား၊ ျပဳတ္ထားတာ စုံလို႔ဗ်ာ။ တ႐ုတ္ႀကီးကလည္း က်ဳပ္တို႔နဲ႔တစ္ခါတည္းဝင္ထိုင္တယ္၊ ေနာက္ေတာ့ အိမ္ထဲကိုၾကည့္ၿပီး

“ခင္ေရ . . . လာေလကြာ၊ ထမင္းတခါတည္းလာစားပါအုံး”

အဲဒီအခါ အိမ္ေပၚကေန မိန္းမတစ္ေယာက္ဆင္းလာတယ္ဗ်၊ တ႐ုတ္မိန္းမဆိုေပမယ့္ တ႐ုတ္မမဟုတ္ပါဘူး၊ ျဖဴျဖဴေခ်ာေခ်ာမိန္းမတစ္ေယာက္ပါ၊ ဆံပင္ကို လိပ္ေကာက္ထားၿပီးေတာ့ ႏိုင္ငံျခားျဖစ္အထည္ေတြဝတ္ထားတာဗ်ာ၊ ေ႐ႊေတြစိန္ေတြလည္း ဝတ္လို႔၊ လည္ပင္းက စိန္ေလာ့ကတ္သီးႀကီးဆိုရင္ အေတာ္ႀကီးတာဗ်ာ၊ ေနေရာင္ထဲမွာဆို ဝင္းခနဲလက္ခနဲပဲ။

ဒါေပမယ့္ အဲဒီမိန္းမက မလာခ်င္လာခ်င္နဲ႔ဗ်ာ။ တ႐ုတ္ႀကီးေဘးနားမွာ ဝင္ထိုင္လိုက္ၿပီးေတာ့

“ခင္ ထမင္းမစားခ်င္ေသးဘူး အကိုႀကီး”

“မလုပ္ပါနဲ႔ခင္ရာ၊ ထမင္းမစားခ်င္လည္း ဟင္းခ်ိဳေသာက္ေပါ့”

အဲဒီမိန္းမက က်ဳပ္တို႔ကို အေသအခ်ာစိုက္ၾကည့္တယ္ဗ်၊ ေနာက္ၿပီးေတာ့ ဦးေအာင္ရွိန္ႀကီးကိုလည္း မ်က္ေစာင္းလွမ္းထိုးတယ္၊ သူ႔မ်က္လုံးေတြက အရည္လဲ့ၿပီးေတာ့ ဝင္းလဲ့ေနတာပဲဗ်ာ။

“မစားခ်င္ပါဘူးဆို အကိုႀကီးကလည္း”

“ခင္ရာ ဧည့္သည္ေတြေရွ႕မွာ အားနာစရာျဖစ္ေနပါၿပီ၊ ခင္နဲ႔မိတ္ဆက္ေပးခ်င္လို႔ ေဟာဒါက ဘုရားပ်ံ ဦးေအာင္ရွိန္တဲ့”

တ႐ုတ္ႀကီးကေျပာလိုက္ေတာ့ အဲဒီခင္ဆိုတဲ့မိန္းမက ဦးေအာင္ရွိန္ကို မ်က္ေစာင္းထိုးၾကည့္ၿပီး

“သိသားပဲ”

ခပ္ျပတ္ျပတ္ေျပာတယ္ဗ်၊ တ႐ုတ္ႀကီးလည္း အံ့ဩသြားတယ္။

“အံမာ၊ ခင္က အိမ္ထဲမွာပဲေနၿပီး ဆရာကီးကို ဘယ္လိုသိသြားတာလဲ”

“အို သူက ဒီေလာက္နာမည္ႀကီးတာ ခင္ကစီးပြားေရးလုပ္ေနတဲ့လူပဲ သိတာေပါ့”

တ႐ုတ္ႀကီးက ေဖာ္ေ႐ြသေလာက္ သူ႔မိန္းမကေတာ့ မ်က္ႏွာထားတင္းလိုက္တာဗ်ာ၊ ထမင္းကုန္းစားေနတဲ့က်ဳပ္ေတာင္မွ သူ႔မ်က္ႏွာၾကည့္ၿပီး ထမင္းစားခ်င္စိတ္ပ်က္တယ္၊ ဟုတ္တယ္ေလဗ်ာ။ စားေနတဲ့သူကို မသထာသလိုလိုနဲ႔စူးစိုက္ၾကည့္ေနတာဆိုေတာ့ ခင္ဗ်ားတို႔ဆိုရင္ေရာ စားဝင္ပါ့မလားဗ်။

(၃)

ေနာက္မွ က်ဳပ္သတိထားမိေတာ့ ထမင္းအစားဆုံးက က်ဳပ္နဲ႔ တ႐ုတ္ႀကီးပဲဗ်၊ ဦးေအာင္ရွိန္ႀကီးကလည္း ဟင္းကို တစ္ဖတ္ႏွစ္ဖတ္ပဲဝါးတယ္၊ သူ႔တပည့္ ရင္ေမာင္ကလည္း ထမင္းမစားဘူးဗ်၊ အေအးပဲေသာက္တယ္၊ ေနာက္ၿပီးထမင္းစားေနတဲ့က်ဳပ္ကိုလည္း ရင္ေမာင္က ေျခေထာက္နဲ႔လွမ္းလွမ္းတို႔တယ္၊ က်ဳပ္ကလည္း အစကေတာ့ မေတာ္တဆထိမိတာပဲထင္ေနတာ၊ ေနာက္ေတာ့မွ သူတို႔မ်က္ႏွာရိပ္မ်က္ႏွာကဲကိုၾကည့္ၿပီး က်ဳပ္ထိတ္လန႔္သြားတယ္။

သူတို႔ဘာလို႔ ထမင္းမစားၾကတာလဲ၊ ဦးဘသာႀကီးဆို ထမင္းပန္းကန္ထဲလက္ႏႈိက္ၿပီး ၿငိမ္ေနတာ၊ က်ဳပ္လည္း အဲဒီေတာ့မွ ေၾကာက္ေၾကာက္နဲ႔ ထမင္းထပ္မစားေတာ့တာပဲ၊ ခင္ဆိုတဲ့ မိန္းမက က်ဳပ္တို႔ကိုၾကည့္ၿပီးေတာ့ ေတာက္တစ္ခ်က္ထေခါက္တယ္ဗ်၊ သူေတာက္ေခါက္လိုက္တာနဲ႔ ထမင္းစားေနတဲ့တ႐ုတ္ႀကီးက ေခြခနဲလဲၿပီး စားပြဲေပၚေမွာက္က်သြားတယ္။ က်ဳပ္လည္း ေခါင္းေတြထိုးကိုက္လာၿပီးေတာ့ ခ်ာခ်ာလည္ၿပီး ေမ့လဲမလိုျဖစ္သြားတဲ့အခ်ိန္မွာ ဦးဘသာႀကီးက က်ဳပ္ဇက္ပိုးကို ေျဖာင္းခနဲအုပ္ထည့္လိုက္ေတာ့ က်ဳပ္အေကာင္းအတိုင္းျပန္ျဖစ္သြားတယ္။

ဦးေအာင္ရွိန္က ထမင္းစားေသာက္ၿပီးေတာ့ လက္သုတ္ပုဝါနဲ႔ သူ႔ပါးစပ္ကိုသုတ္လိုက္တယ္ဗ်၊ ၿပီးေတာ့ သူကိုင္ထားတဲ့လက္သုတ္ပုဝါကိုျဖန႔္လိုက္ေတာ့ လက္သုတ္ပုဝါထဲမွာ ဆံပင္ခ်ည္ေတြ၊ ေက်ာက္တုံးေတြ အခဲလိုက္ပဲဗ်ာ၊ ဦးေအာင္ရွိန္က ရယ္ေမာရင္းနဲ႔ အဲဒီလက္သုတ္ပုဝါကို စားပြဲေပၚကိုပစ္တင္လိုက္တယ္။

“အိမ္ရွင္က ဧည့္ခံတယ္ဆိုေတာ့လည္း ဒါနေျမာက္ေအာင္ စားေပးရတာေပါ့၊ ဟဲ့ေကာင္မ ညည္းအစြမ္းေလာက္နဲ႔ ငါ့ကိုလုပ္ႏိုင္မယ္လို႔မ်ားထင္လို႔လား”

ဦးေအာင္ရွိန္ဆီက ဆံပင္ခ်ည္ေတြထြက္လာေတာ့မွ အစားအစာေတြထဲမွာ ေအာက္လမ္းနည္းနဲ႔လုပ္ထားတယ္ဆိုတာကို က်ဳပ္သိလိုက္တာဗ်ာ၊ က်ဳပ္လည္း ေတာ္ေတာ္ေၾကာက္လန႔္သြားတာ၊ ဘာလို႔လဲဆိုေတာ့ ဒီအစာေတြကို အစားဆုံးက က်ဳပ္ကိုးဗ်။ က်ဳပ္ေၾကာက္ေနတဲ့အခ်ိန္မွာပဲ ခင္ဆိုတဲ့မိန္းမက အသံစူးစူးနဲ႔ရယ္တယ္။

“ဟား၊ ဟား ရွင့္ကိုယ္ရွင္ သိပ္တတ္လွၿပီလို႔ ထင္ေနတာလား အဘိုးႀကီး”

“ေအာင္မာ၊ နင့္လို ေအာက္လမ္းစုန္းမက ငါ့ကိုအထက္လမ္းကို လုပ္ႏိုင္မယ္လို႔ေရာ နင္ထင္ေနတာလား”

အေျခအေနေတြက ခ်က္ခ်င္းတင္းမာကုန္ၿပီဗ်၊ ဦးေအာင္ရွိန္ႀကီးက မတ္တပ္ရပ္မယ္ျပင္လိုက္ေတာ့ ခင္က

“ရွင္စည္းကိုေဖာက္လို႔မရဘူးေနာ္အဘိုးႀကီး၊ ဒါက်ဳပ္ရဲ႕ပိုင္နက္၊ က်ဳပ္ပိုင္နက္ထဲမွာ က်ဳပ္ကိုရန္ျပဳရင္ တစ္ေလာကလုံးက စုန္းေတြကရွင့္ကိုဝိုင္းၿငိဳးလိမ့္မယ္”

ဦးေအာင္ရွိန္ႀကီးကလည္း ထိုင္ခုံမွာျပန္ထိုင္လိုက္တယ္။

“ေကာင္းၿပီ၊ နင့္ကို ငါရန္မျပဳခ်င္ဘူး၊ ငါကလည္း နင့္လင္တ႐ုတ္ႀကီးပင့္လို႔ လိုက္လာခဲ့တာ၊ ဒီေတာ့ နင္လုပ္ထားတာေတြ နင္ျပန္သိမ္း၊ ငါတို႔လည္းသြားမယ္”

ခင္က ဟက္ဟက္ပက္ပက္ရယ္လိုက္တယ္ဗ်။

“ရွင့္ကို ကြၽန္မလုပ္လို႔မွမရတာ၊ ရွင္သြားခ်င္ရင္သြားလို႔ရၿပီ”

ဦးေအာင္ရွိန္က ေဒါသထြက္သြားၿပီးေတာ့ က်ဳပ္ကိုလက္ညႇိဳးထိုးတယ္ဗ်။

“ဒါဆို ဒီေကာင္ေလးကို လုပ္ထားတာေတြကိုေရာ နင္ျပန္သိမ္းေပးပါ”

“ဒါကေတာ့ ေဆာရီးပါပဲ၊ ကြၽန္မျပန္မသိမ္းေပးႏိုင္ဘူး”

ဦးေအာင္ရွိန္ႀကီး ေတာ္ေတာ္ေဒါသထြက္ေနတာဗ်။ သူတို႔ဂိုဏ္းပညာေတြမွာလည္း သူတို႔စည္းနဲ႔သူတို႔ရွိမွာေပါ့ဗ်ာ။ ေဒါသထြက္ေနတဲ့ ဦးေအာင္ရွိန္ႀကီးကို ဦးဘသာက လက္ကိုဆြဲလိုက္ၿပီး အသာေနခိုင္းလိုက္တယ္၊ ေနာက္ေတာ့ ဦးဘသာႀကီးက ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ၿပီး

“နင္သူ႔ကိုလုပ္ထားတာကို ျပန္သိမ္းရင္သိမ္း၊ မသိမ္းရင္ေတာ့ နင္နဲ႔ငါနဲ႔ေတြ႕မယ္”

“ေအာင္မာ၊ အဘိုးႀကီးက ေလက်ယ္လို႔၊ ဒါက်ဳပ္ပိုင္နက္ စုန္းတစ္ေယာက္ကို သူ႔ပိုင္နက္ထဲမွာ ဘယ္အထက္လမ္းဆရာက ေစာ္ကားရဲလို႔လဲ”

ဦးဘသာႀကီးက ရယ္တယ္ဗ်။

“နင့္ကိုသူလုပ္လို႔မရေပမယ့္၊ ငါလုပ္လို႔ရတယ္၊ ဘာလို႔လဲဆိုေတာ့ ငါကနင့္လိုစုန္းပဲေလ”

ခင္ဆိုတဲ့မိန္းမက မ်က္ေမွာင္ၾကဳတ္လိုက္တယ္၊ ၿပီးေတာ့မွ အသံေသးေသးကေလးနဲ႔ရယ္တယ္။

“ေကာင္းတာေပါ့အဘိုးႀကီးရယ္၊ က်ဳပ္လည္း ပညာမၿပိဳင္ရတာၾကာေနၿပီ”

ခင္က ထမင္းစားပြဲကို လက္နဲ႔ပုတ္ခ်လိုက္တာနဲ႔ ထမင္းစားပြဲေပၚက ထမင္းပန္းကန္ေတြ၊ ဟင္းပန္းကန္ေတြအကုန္လုံး ေလေပၚကိုေျမာက္တက္သြားၿပီးေတာ့ တစ္စစီျပန႔္က်ဲကုန္တာေပါ့ဗ်ာ၊ ဦးဘသာႀကီးကလည္း ထိုင္လွ်က္သားနဲ႔ စားပြဲကို လက္နဲ႔တစ္ခ်က္ပုတ္ထည့္လိုက္ေတာ့ အဲဒီထမင္းပန္းကန္၊ ဟင္းပန္းကန္ေတြက စားပြဲေပၚကိုျပန္က်ၿပီးေတာ့ ထမင္းေစ့ေတြ၊ ဟင္းဖတ္ေတြက သူ႔ပန္းကန္ထဲကိုသူ အလွ်ိဳလွ်ိဳျပန္ျပဳတ္က်ကုန္တာဗ်ာ၊ အားလုံး ခုနကအတိုင္း ျပန္ျဖစ္သြားေတာ့တာပဲ။

ခင္က စားပြဲကိုလက္နဲ႔သပ္ခ်လိုက္ေတာ့ စားပြဲေပၚမွရွိတဲ့ပန္းကန္ေတြက ေဘးကိုအကုန္စုသြားတယ္၊ ဦးဘသာနဲ႔ သူက မ်က္ေစာင္းထိုးထိုင္ေနတာဆိုေတာ့ သူတို႔အေရွ႕မွာ စားပြဲအလြတ္ျဖစ္သြားတာေပါ့ဗ်ာ၊ ခင္က သူ႔ေရွ႕က ေရထည့္ထားတဲ့ ဖန္ခြက္ကို လက္နဲ႔အုပ္ကိုင္ၿပီး တစ္ခုခုကိုေရ႐ြတ္လိုက္ေတာ့ အဲဒီခြက္ထဲက ေရေတြက ဝါက်င္က်င္အရည္ေတြျဖစ္သြားတာေပါ့ဗ်ာ။

“ေရာ့ စုန္းထီးႀကီး၊ က်ဳပ္ေသးေသာက္စမ္း”

ခင္က ဦးဘသာႀကီးဆီကို လွမ္းတြန္းေပးလိုက္ေတာ့ ဖန္ခြက္က စားပြဲအေပၚမွေလွ်ာတိုက္ေ႐ြ႕လ်ားၿပီး ဦးဘသာႀကီးဆီကို တန္းတန္းမတ္မတ္လာပါေရာ၊ ဦးဘသာႀကီးကလည္း ဟိတ္ လို႔ေအာ္လိုက္တာနဲ႔ အဲဒီဖန္ခြက္က စားပြဲအလယ္မွာ တန႔္သြားပါေရာဗ်ာ။

ခင္က စားပြဲေပၚကို လက္တစ္ဖက္တင္ၿပီးေတာ့ အားစိုက္ထုတ္လိုက္တယ္ဗ်၊ ဖန္ခြက္က ဦးဘသာဘက္သို႔ ေ႐ြ႕သြားတာေပါ့။ ဦးဘသာကလည္း စားပြဲေပၚကို လက္ဝါးနဲ႔ျဖန္းခနဲ႐ိုက္ခ်ၿပီး ျပန္အားစိုက္ထားတယ္၊ ဒီေတာ့ ခြက္က သူ႔ဘက္ကိုဆက္မေ႐ြ႕ေတာ့ဘဲ ရပ္တန႔္သြားျပန္ေရာ။

ဦးဘသာေရာ၊ ခင္ေရာ နဖူးမွာေခြၽးေတြစို႔လာတယ္ဗ်၊ ခင္ဆိုရင္ လည္ပင္းေၾကာႀကီးေတြပါေထာင္ထလာတယ္၊ ဦးဘသာႀကီးဆိုရင္လည္း မ်က္ေမွာင္ႀကီးၾကဳတ္ထားတာ နဖူးေၾကာႀကီးေတြကို တင္းလို႔ဗ်။ ေဘးကၾကည့္ေနတဲ့က်ဳပ္ေတာင္ သူတို႔ႏွစ္ေယာက္ ဘယ္ေလာက္ျပင္းျပင္းထန္ထန္ၿပိဳင္သလဲဆိုတာ သိႏိုင္တယ္ဗ်၊

ေနာက္ေတာ့ ခင္က တစ္ခ်က္ အား ခနဲေအာ္ၿပီး စားပြဲေပၚလက္ေထာက္က်သြားတယ္ဗ်၊ သူရႈံးသြားၿပီထင္တာပါပဲ၊ ေနာက္ေတာ့ စားပြဲေပၚကိုတစ္ကိုယ္လုံးေမွာက္က်ၿပီး ကုန္းကုန္းႀကီးျဖစ္ေနတယ္၊ ခင္ရဲ႕ပါးစပ္ႀကီးကလည္း သူ႔အလိုလိုဟသြားတယ္ဗ်၊ ခင္ရဲ႕မ်က္လုံးႀကီးေတြဆို ျပဴးေနတာပဲဗ်ာ။

ဦးဘသာက ခပ္ေရးေရးၿပဳံးလိုက္ေတာ့ က်ဳပ္လည္း ဦးဘသာႏိုင္ေနၿပီမွန္းသိလိုက္ၿပီေပါ့ဗ်ာ၊ အဲဒီအခ်ိန္မွာပဲ ခင္ရဲ႕က်င္ငယ္ရည္ေတြထည့္ထားတဲ့ ဖန္ခြက္က ခင့္ဆီကို တျဖည္းျဖည္းေ႐ြ႕လ်ားေနတယ္ဗ်။ ခင္က စားပြဲေပၚက်လ်က္သား ပါးစပ္ႀကီးကလည္း ဟလ်က္သားဆိုေတာ့ အဆင္သင့္ပဲေပါ့ဗ်ာ၊ သူက အေၾကာက္အကႏ္ုနဲ႔ ႐ုန္းေနေပမယ့္ တစ္ေယာက္ေယာက္က ဖမ္းခ်ဳပ္ထားသလိုမ်ိဳး လႈပ္မရဘူးျဖစ္ေနတာ၊ မ်က္လုံးႀကီးျပဴးၿပီး ေခါင္းကတဆတ္ဆတ္နဲ႔တုန္ေနတာေပါ့။

“ဟဲ့စုန္းမ၊ နင့္ေသးကိုနင္ျပန္ေသာက္ၾကည့္စမ္းပါ၊ ခ်ိဳသလားလို႔”

ဦးဘသာႀကီးက ႀကိမ္းဝါးလိုက္ေတာ့ ဖန္ခြက္က ခင္ရဲ႕ပါးစပ္အနားကို တိုးသြားၿပီးေတာ့ ပါးစပ္နားေရာက္ေတာ့ ဖန္ခြက္ကလဲသြားၿပီး အထဲက အရည္ေတြက ခင္ရဲ႕မ်က္ႏွာကို ပက္ခနဲစင္သြားတာဗ်၊ ပါးစပ္ႀကီးက ၿပဲေနတာဆိုေတာ့ ပါးစပ္ထဲကိုလည္း ဝင္သြားသလို၊ မ်က္လုံးေတြ၊ ဆံပင္ေတြကိုလည္း စိုသြားေသးတယ္။

ပါးစပ္ထဲကို သူ႔ေသးေတြဝင္သြားေတာ့မွ ခင္က ႐ုန္းထၿပီးေတာ့ တေဝါ့ေဝါ့နဲ႔ထိုးအန္ေနတာပဲဗ်ာ၊ ေနာက္ေတာ့ သူ႔တစ္ကိုယ္လုံး ငွက္ဖ်ားတက္သလို ခ်မ္းတုန္တက္လာတယ္၊၊ ဒါနဲ႔ခင္က သူ႔ထဘီကိုခြၽတ္တယ္ဗ်၊ ၿပီးေတာ့ ၾကမ္းျပင္ေပၚ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး သူ႔ကိုယ္သူထမီနဲ႔ၿခဳံလိုက္ေတာ့ ခ်က္ခ်င္းလင္းတႀကီးတစ္ေကာင္အျဖစ္ေျပာင္းသြားေတာ့တာပဲဗ်ာ။ လင္းတႀကီးလည္းျဖစ္သြားေရာ အိမ္ျပင္ကိုပ်ံၿပီး ေျပးထြက္သြားပါေရာ။

“မလိုက္နဲ႔ေတာ့ ဘသာ”

ဦးေအာင္ရွိန္က ဝင္တားေတာ့မွ ဦးဘသာႀကီးကရပ္လိုက္တယ္၊ ေနာက္ေတာ့ တ႐ုတ္ႀကီးႏိုးမလာခင္ က်ဳပ္တို႔အကုန္လုံး သူ႔အိမ္ထဲကေန ထြက္လာခဲ့ၾကတာေပါ့ဗ်ာ။ ၿပီးေတာ့ ဘုန္းႀကီးေက်ာင္းတစ္ခုအေရွ႕က ေညာင္ပင္ရိပ္မွာ ခဏနားေနၾကတာေပါ့ဗ်ာ။

“ဦးဘသာ၊ က်ဳပ္ကိုအပင္းေတြထည့္သြားတာ ထုတ္ေပးစမ္းပါအုံး”

က်ဳပ္လည္းေျပာရတာေပါ့၊ ဦးဘသာက က်ဳပ္ေက်ာကိုလက္နဲ႔သပ္ခ်တယ္၊ ေနာက္ၿပီးေတာ့ ေခါင္းခါျပတယ္ဗ်။

“ဒီအတိုက္က အဆင့္ျမင့္တယ္ဟ၊ ငါလည္းထုတ္မရဘူး”

ဦးေအာင္ရွိန္က ထလာၿပီး က်ဳပ္ကိုစမ္းသပ္ၾကည့္တယ္။

“ဘသာေျပာတာမွန္တယ္၊ ဒီအတိုက္က အဆင့္ျမင့္တဲ့အတိုက္ပဲ၊ ဘုရားတိုက္ တိုက္ထားတာ”

“ဒါဆို ဆရာႀကီးေရာ ထုတ္လို႔မတတ္ဘူးလား”

“ထုတ္မရတာေတာ့မဟုတ္ပါဘူး၊ ထုတ္လို႔ေတာ့ရပါတယ္၊ ဒါေပမယ့္ ဒီေနရာမွာလုပ္လို႔မျဖစ္ဘူးကြ”

“ဒါျဖင့္ ဘယ္မွာလုပ္ရမွာလဲ”

“တို႔႐ြာကိုေရာက္ေတာ့မွာပါ၊ အဲဒီေရာက္မွ ထုတ္လို႔ရႏိုင္မယ္၊ ကဲ သြားၾကစို႔ေဟ့”

ဦးေအာင္ရွိန္ၾကည့္ရတာ ေလာေနတဲ့ပုံပဲဗ်၊ က်ဳပ္လည္း သူ႔ေနာက္ကေျပးလိုက္လာတာေပါ့၊ ဂန႔္ေဂါၿမိဳ႕အလယ္နားေရာက္ေတာ့ ျမစ္ႀကီးတစ္ခုရွိတယ္၊ ျမစ္ဆိပ္မွာဆင္းၿပီးေတာ့ ေလွတစ္စင္းငွားရတာေပါ့။

“တို႔ေတြ ေျမာက္ဘက္ကိုစုန္လိုက္ရင္ ျမင္းဇာ႐ြာကိုေရာက္မယ္၊ အဲဒါ ငါတို႔႐ြာပဲသူငယ္ခ်င္း”

“ဟာဗ်ာ၊ ေတာက္တီးေတာက္တဲ့၊ ျမစ္ဆိုတာ ေျမာက္ကေနေတာင္ကို စီးဆင္းတာမဟုတ္လား၊ ေျမာက္ဘက္ဆိုေတာ့ အစုန္ဘယ္ဟုတ္မလဲဗ်၊ အဆန္ေပါ့”

က်ဳပ္လည္း က်ဳပ္ၾကားဖူးနား၀နဲ႔ ထျငင္းတာပဲ၊ ဦးေအာင္ရွိန္က ရယ္ေမာၿပီးေတာ့

“ဒီျမစ္က မင္းေတြ႕ဖူးတဲ့ျမစ္ေတြလိုမဟုတ္ဘူးကြ၊ ျမစ္သာျမစ္ဆိုတာ ေျမာက္ကေနေတာင္ကို စီးဆင္းတာမဟုတ္ဘဲ ေတာင္ကေန ေျမာက္ကိုစီးဆင္းတာကြ”

ထူးဆန္းပါေပ့ဗ်ာ၊ က်ဳပ္တို႔သိသေလာက္ေတာ့ ျမစ္ဆိုတာ ေျမာက္ကေနေတာင္ကို စီးတာမဟုတ္လား၊ ဒါနဲ႔ေလွကိုေလွာ္ခဲ့ေတာ့လည္း တကယ္ပဲဗ်ာ၊ က်ဳပ္တို႔သြားေနတာ ေရစုန္ႀကီးဗ်။

ေလွစီးေနတုန္းမွာပဲ က်ဳပ္တစ္ကိုယ္လုံး ပူစပ္ပူေလာင္ႀကီးျဖစ္လာတယ္ဗ်။ ေနာက္ၿပီး အေရျပားေတြကိုလည္း အပ္အစင္းတစ္ေထာင္ေလာက္နဲ႔ ထိုးစိုက္သလိုမ်ိဳး စူးခနဲ စူးခနဲျဖစ္ေနပါေရာ၊ ပိုၿပီးဆိုးတာက က်ဳပ္လည္ပင္းမွာ ပူလာတာဗ်၊ မသိရင္ ေသြးေတြအကုန္လုံး ဆူပြက္ၿပီး အေငြ႕ပ်ံသလိုကို ပူလာတာ၊ က်ဳပ္လည္းမဟန္ေတာ့တာနဲ႔ ေလွေပၚမွာလွဲခ်လိုက္ၿပီး လိမ့္ေနေတာ့တာပဲ။

“အလတ္ေကာင္၊ သတိထားစမ္း”

က်ဳပ္နားထဲမွာ ဦးဘသာအသံကို ၾကားေနရတယ္ဆိုေပမယ့္ က်ဳပ္မ်က္လုံးက ဘာကိုမွမျမင္ေတာ့ဘူးဗ်ာ၊ အျဖဴေတြ၊ အျပာေတြ၊ အနီေတြကိုပဲ ျမင္ေတာ့တာ။ ၿပီးေတာ့ က်ဳပ္လည္းေလာကႀကီးနဲ႔ အဆက္အသြယ္ျပတ္သြားေတာ့တာပါပဲဗ်ာ။ ေလွကေလးကလည္း ျမစ္သာျမစ္အတိုင္း ေျမာက္ဘက္ကိုစုန္ဆင္းရင္းနဲ႔ ဦးေအာင္ရွိန္တို႔ရဲ႕ ေမြးရပ္ေျမ ျမင္းဇာ႐ြာကို ဦးတည္ေလွာ္ခတ္သြားတာေပါ့ဗ်ာ။

(၄)

ျမင္းဇာ႐ြာဆိုတာ ျမစ္ကမ္းေဘးနားက ႐ြာကေလးဗ်၊ ဦးေအာင္ရွိန္တို႔ ေလွဆိုက္တယ္ဆိုရင္ပဲ က်ဳပ္ကို ရင္ေမာင္က ခ်ီပိုးၿပီးေတာ့ ဦးေအာင္ရွိန္ရဲ႕အိမ္ကို ေျပးေတာ့တာပဲတဲ့၊ ဒီအျဖစ္ေတြက က်ဳပ္ကိုေနာက္မွ ေျပာျပလို႔သိရတာ၊ က်ဳပ္ကေတာ့ သတိလစ္ေနတာေပါ့ဗ်ာ။

ဦးေအာင္ရွိန္တို႔အိမ္က ၿခံဝိုင္းအက်ယ္ႀကီးနဲ႔ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီးဗ်၊ အိမ္အေပၚထပ္ အေရွ႕ခန္းတစ္ခန္းလုံးက ဘုရားစင္ႀကီးေပါ့၊ ဘုရားစင္ေပၚမွာ ဘုရားေလးဆူတင္ထားၿပီး ကိုးကြယ္တာေပါ့ဗ်ာ။

က်ဳပ္လည္းေရာက္သြားေရာ ဖ်ာတစ္ခ်ပ္ခင္းၿပီး ဘုရားေက်ာင္းေဆာင္အေရွ႕မွာ ထိုင္ထားေစတယ္၊ ရင္ေမာင္က က်ဳပ္ကိုအေနာက္ကေနၿပီး က်ားကန္တြန္းထားေပးတာေပါ့ဗ်ာ၊ ေနာက္ၿပီးက်ဳပ္လက္ထဲကိုလည္း အျဖဴေရာင္သစ္သားနဲ႔ထုလုပ္ထားတဲ့ ဘုရားဆင္းတုကေလးတစ္ဆူကို ကိုင္ထားခိုင္းတယ္တဲ့၊ ၿပီးတာနဲ႔ ဦးေအာင္ရွိန္က အထက္ပုဂၢိဳလ္ ေတြကိုေခၚပင့္ၿပီးေတာ့ က်ဳပ္လည္ပင္းကို ပုတီးကိုးကုံးနဲ႔ တစ္ကုံးခ်င္းစီ စြပ္ေတာ့တာပဲတဲ့ဗ်ာ။

ဘုရားတိုက္ဆိုတာ ေတာ္ေတာ္မလြယ္တဲ့အတိုက္တဲ့ဗ်ာ၊ အလြန္ေအာက္တန္းက်သလို ယုတ္ညံ့လြန္းတဲ့အတိုက္တဲ့၊ အတိုက္စီရင္တဲ့လူေတာင္မွ အဲဒီအတိုက္ကို မေျဖႏိုင္ဘူးတဲ့ဗ်ာ၊ က်ဳပ္ကို ပုတီးကိုးကုံးစြပ္ၿပီး ဦးေအာင္ရွိန္က အတိုက္ထုတ္ေတာ့ ပုတီးကုံးေတြဆိုတာ တစ္ကုံးၿပီးတစ္ကုံး သူ႔အလိုလို ျပဳတ္ထြက္ၿပီး ပုတီးေစ့ေတြဆိုတာ ျပန႔္က်ဲေနတာပဲတဲ့၊ လုပ္ထုံးလုပ္နည္းအရ ပုတီးကိုးကုံးစလုံးျပတ္ရင္ အဲဒီလူကို အတိုက္ထုတ္လို႔မရဘဲ ေသေရာတဲ့၊ က်ဳပ္ကိုအတိုက္ထုတ္ေနရင္း ပုတီးေတြ တစ္ကုံးၿပီးတစ္ကုံးျပတ္ကုန္တာ၊ ငါးကုံးေျမာက္ျပတ္ထြက္သြားေတာ့ ဦးေအာင္ရွိန္က မ်က္ႏွာမေကာင္းေတာ့ဘူးတဲ့ဗ်ာ။ ေနာက္ဆုံးေလးကုံးပဲ က်န္ေတာ့တာကိုး။

အဲဒီေလးကုံးကလည္း မ်က္စိေရွ႕မွာတင္ ေျဖာင္းခနဲ ေျဖာင္းခနဲျပတ္ရင္း ခုနစ္ကုံးေျမာက္ ျပတ္အၿပီးမွာ ဆက္မျပတ္ေတာ့ဘူးတဲ့၊ ဦးေအာင္ရွိန္တို႔လည္း ေသခ်ာေအာင္ ဆယ့္ငါးမိနစ္ေလာက္ ေစာင့္ၾကည့္ေနတေသးတယ္ဆိုပဲဗ်၊ ေသခ်ာသြားမွ သူတို႔လည္း သက္ျပင္းခ်ႏိုင္ေတာ့တာပဲ။

က်ဳပ္ႏိုးလာေတာ့ ေနာက္တစ္ေန႔မနက္ေရာက္ေနၿပီဗ်၊ က်ဳပ္တစ္ကိုယ္လုံး ေပါ့ပါးေနၿပီး ဘာမွမျဖစ္ေတာ့ဘူး၊ က်ဳပ္သတိရလာတာနဲ႔ ရင္ေမာင္က က်ဳပ္ျဖစ္ခဲ့တာေတြကိုျပန္ေျပာျပတယ္၊ ဦးဘသာကေတာ့ ဘုရားခန္းေရွ႕မတက္ရဲဘူးတဲ့။ က်ဳပ္လည္း ႏိုးႏိုးျခင္း ဆရာႀကီးဦးေအာင္ရွိန္ကို ကုန္းကုန္းၿပီးကန္ေတာ့တာပဲဗ်ာ၊ ဘယ္ႏွႀကိမ္မွန္းေတာင္မသိပါဘူး၊ က်ဳပ္ဆရာႀကီးကို အရမ္းေက်းဇူးတင္တယ္၊ က်ဳပ္မွာ ဆရာႀကီးေပးတဲ့အသက္ပဲ ရွိေတာ့တာမဟုတ္လား။

“ဘုရားတိုက္ဆိုတာ ေတာ္ေတာ္ေအာက္တမ္းက်တာကြ၊ မင္းကိုအထည့္ခံရမွန္းသိလို႔သာေပါ့။ ပုံမွန္ဘုရားတိုက္ဆို ပေယာဂစစ္ရင္မေပၚဘူး”

“ဒါဆို ဘယ္လိုမ်ားတိုက္ပါလိမ့္ ဆရာႀကီးရယ္”

“ခုလုပ္နည္းကို အေၾကတိုက္လို႔ေခၚတယ္၊ အေနကဇာတင္ထားတဲ့ ဘုရားဆင္းတုအသားရယ္၊ ဘုရားအုတ္က်ိဳး၊ သိမ္ဝင္သပိတ္ကြဲ နဲ႔ စီရင္ထားတာျဖစ္မယ္၊ ဒီလိုလုပ္တဲ့လူက ေသရင္ ငရဲအိုး ခ်ိဳးကပ္မွာပဲ”

ဦးဘသာႀကီးက ဘုရားေရွ႕မတက္ရဲဘူးဆိုေတာ့ ဦးေအာင္ရွိတို႔ၿခံဝိုင္းေထာင့္က တဲကေလးမွာ ႏွစ္ေယာက္အတူတူေနလိုက္ၾကတယ္၊ အဲဒီတဲကေလးက အစတုန္းက ဦးေအာင္ရွိန္ရဲ႕သမီးက စက္ခ်ဳပ္ဆိုင္ဖြင့္တဲ့ တဲကေလးတဲ့ဗ်၊ တဲက ဆယ္ေပပတ္လည္ေလာက္ပဲ ရွိေပမယ့္ က်ဳပ္နဲ႔ဦးဘသာ ေနလို႔ေလာက္ပါတယ္ဗ်ာ၊ ဒီလိုနဲ႔ပဲ အဲဒီအိမ္ကေလးမွာေနရင္း ဦးေအာင္ရွိန္တို႔႐ြာမွာ ေပ်ာ္သေလာက္ေနျဖစ္တယ္ဆိုပါစို႔ဗ်ာ။

တ႐ုတ္ႀကီးရဲ႕မိန္းမက မခင္လွတဲ့ဗ်ာ၊ ခင္ဗ်ားတို႔ထူးဆန္းမေနဘူးလား၊ မင္း႐ြာမွာ ေတြ႕ခဲ့ရတာကက်ေတာ့ မခင္ျမေလ၊ ဒါေပမယ့္ စုံစမ္းၾကည့္လိုက္ေတာ့ က်ဳပ္တို႔ထင္ထားတဲ့အတိုင္းပါပဲဗ်ာ၊ မခင္လွနဲ႔ မခင္ျမက ညီအမေတြေတာ္တယ္၊ ေသြးသားေတာ္စပ္တာမဟုတ္ေပမယ့္ ခုနစ္စင္ၾကယ္ညီအမအဖြဲ႕မွာ မခင္လွက အႀကီး၊ မခင္ျမက အငယ္တဲ့ဗ်ာ။

မခင္လွက တ႐ုတ္ႀကီးရဲ႕အေပါင္ဆိုင္မွာ အေပါင္ပစၥည္းေတြ ျပန္ေ႐ြးႏိုင္႐ုံတင္မကဘဲ ေနာက္ထပ္လည္း ပစၥည္းေတြ လာစုေအာင္လို႔ ေအာက္လမ္းနီးနဲ႔ လုပ္ေပးထားတယ္တဲ့ဗ်။ ဒါေၾကာင့္ ေရွးလူႀကီးေတြက အေပါင္ဆိုင္နဲ႔ မပတ္သက္နဲ႔လို႔ေျပာတာေနမွာ။ အေပါင္ဆိုင္တစ္ခါေရာက္ဖူးရင္ ကဒီးကဒီးသြားရတတ္သတဲ့။ ခုလည္း မခင္လွက တ႐ုတ္ႀကီးကို ေအာက္လမ္းနည္းေတြသုံးၿပီး စီးပြားရွာေပးေနပုံပါပဲ။ ဒီအေၾကာင္းေတြ ထပ္ေျပာရင္ ဇာတ္လမ္းတစ္ပုဒ္စာရတယ္။

ကဲဒီေန႔ေတာ့ နားၿပီဗ်ာ၊ ေနာက္ေန႔မွာပဲ ျမင္းဇာ႐ြာမွာ ဘာေတြထူးထူးဆန္းဆန္းျဖစ္ခဲ့သလဲဆိုတာကို ဆက္ေျပာၾကအုံးစို႔ဗ်ာ။

ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ